အဆုံးမရှိတန်ခိုးထွားလှပါသောအမ...

dream_n99

216K 25.5K 181

Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... Еще

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113

Chapter 52

1.8K 225 1
dream_n99

Chapter 52 – မြစ်ထဲကငါး

.

" ငါ့အဝတ်တွေလျှော်ပေးပါလား?"

ယဉ်ကျေးမှုစိုးစဉ်မရှိပဲ သူမကိုထိုစကားတွေပြောလာသည့်လူကိုကြည့်ရင်း လုရှပြောစရာစကားပျောက်ရှသွားသည်။ သူမကိုဒီလိုမျိုးပြောဖို့ သူမ(ချန်ယွီကျောင်း)ကိုဘယ်သူကသတ္တိတွေပေးလိုက်တာလဲ? သူမကလုရှဆိုတဲ့သူမကို အစေခံတစ်ယောက်လို့များထင်နေတာလား?

ရယ်စရာကောင်းလိုက်တာမှ!

လုရှမျက်နှာထားအေးစက်သွားပြီး ခပ်ပြတ်ပြတ်ငြင်းလိုက်သည်။
" မလုပ်ပေးနိုင်ဘူး!"

သူမရဲ့တည့်တိုးငြင်းဆန်မှုကြောင့် အံ့အားသင့်သွားပုံရပြီး ချန်ယွီကျောင်းသည်ခဏလောက်တုံ့ဆိုင်းသွားပေမဲ့ လက်မလျှော့ခဲ့ပေ။
" ငါနင့်ကိုအလကားမခိုင်းပါဘူး ဆယ်ဆင့်ပေးမှာပါ!"

ဒါပေမဲ့ လုရှကငြင်းဆန်လိုက်တုန်းပါပဲ။
" မလိုဘူး တခြားသူကိုသွားရှာလိုက်"

ထို့နောက် သူမသည်ခပ်ရှင်းရှင်းပဲထွက်သွားသည်။ ဒါကချန်ယွီကျောင်းကိုဒေါသပေါက်ကွဲလုမတတ်ဖြစ်သွားစေသည်။

ဒါပေမဲ့ နေ့လည်စာစားချိန်အတွင်း ရာသီဥတုပူတာကြောင့် အမျိုးသမီးပညာတတ်လူငယ်များသည် အဝတ်လျှော်ရန်မြစ်ကမ်းဘေးသို့ ထွက်လာကြတော့ ယွီဖန်းသည်ချန်ယွီကျောင်းရဲ့အဝတ်အစားတွေလျှော်နေပြီး မနက်ကသူမဝတ်ဆင်ခဲ့တဲ့တူညီတဲ့ဝတ်စုံကိုသတိပြုမိလိုက်ကြသည်။

ဒါကိုမြင်လိုက်ရတော့ လုရှမျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ ကြည့်ရတာလုရှဆီမှအငြင်းခံရပြီးနောက်မှာ ချန်ယွီ‌ကျောင်းသည်ယွီဖန်းဆီမှအကူအညီသွားတောင်းခဲ့ပုံရသည်။ အင်းလေ ဒါကယုတ္တိတော့ရှိပါတယ်။ အဝတ်လျှော်ပေးရုံလေးအတွက်နဲ့ ဆယ်ဆင့်ကမ်းလှမ်းထားသဖြင့် ယွီဖန်းသဘောတူခဲ့တာမဆန်းပါဘူး။ ချန်ယွီကျောင်းကလွယ်ကူတဲ့ပစ်မှတ်ကို သူမဘာသာသူမရှာတွေ့ခဲ့တာပဲ။

လုရှငြင်းပယ်ရတဲ့အကြောင်းရင်းနှစ်ခုရှိသည်။ ပထမက သူမမှာငွေမလိုဘူး။ ဒုတိယက ပြဿနာတွေဆွဲဆောင်နိုင်ပုံရတဲ့ ချန်ယွီကျောင်းနဲ့သိပ်ပြီး ပတ်သတ်မှုများများစားစားမရှိချင်ဘူး။ ထို့ကြောင့် လုရှခေါင်းခါပြီး ဒီအကြောင်းတွေးနေတာရပ်လိုက်သည်။

သူမခေါင်းမော့ကာ အရှေ့ကမြစ်ငယ်လေးကိုကြည့်လိုက်သည်။ မြစ်သည်မကြီးပေမဲ့ မသေးလည်းမသေးပေ။ နှစ်ဆယ် သုံးဆယ်မီတာအကျယ်ရှိလောက်ပြီး သိပ်မနက်ပေ။ မြစ်ရဲ့အနက်ရှိုင်းဆုံးအပိုင်းက သူမပေါင်လောက်ပဲရှိမယ်လို့ လုရှခန့်မှန်းမိသည်။

ထိုမြစ်ထဲမှာငါးရှိမလားလို့ သူမသိချင်မိသွားသည်။

ထိုအတွေးဖြင့် သူမဘေးမှာရှိနေတဲ့ရှန်ချင်းချင်းကို တိုက်ရိုက်မေးလိုက်သည်။

ရှန်ချင်းချင်း ခဏလောက်စဉ်းစားပြီး " ရှိလောက်ပါတယ် ရွာထဲကကလေးတွေနည်းနည်းပါးပါးဖမ်းတာကိုမြင်ဖူးတယ် ဒါပေမဲ့ သေးသေးလေးတွေပါ"

ဒီစကားကြားလိုက်ရတော့ လုရှအားရကျေနပ်သွားသည်။ သူမမြစ်ထဲသေသေချာချာကြည့်လိုက်ရာ သူမရဲ့လက်မအရွယ်လောက်ငါးတစ်အုပ် ကူးခတ်သွားတာကိုမြင်လိုက်ရသည်။ မြစ်ထဲမှာထိုငါးလေးတွေအများအပြားရှိပြီး အုပ်စုလိုက်ကူးခတ်နေကြသည်။

" ဒီငါးတွေလား?"
လုရှမေးလိုက်သည်။

ရှန်ချင်းချင်းခေါင်းခါလိုက်တယ်။
" မဟုတ်ဘူး ဒါလေးတွေကကြိုးငါးလေးတွေ သူတို့ကအရမ်းသေးလွန်းတယ် ပိုက်ကွန်မပါပဲသူတို့ကိုဖမ်းနိုင်မှာမဟုတ်သလို ရွာထဲကဘယ်သူ့မှာမှပိုက်ကွန်မရှိဘူး ပြီးတော့ ဒီငါးလေးတွေကအသားနည်းနည်းပဲရှိတာ ညီမမြင်ခဲ့တာကပိုကြီးတဲ့ငါးမျိုး လက်ဖဝါးအရွယ်လောက်ရှိတယ် ဘယ်လိုခေါ်သလဲတော့မသိပေမဲ့ ပိုကြီး‌တာတော့သေချာတယ်"

" အဲ့ဒီလောက်ကြီးတာလား?"
လုရှ အံ့အားသင့်စွာပြောလိုက်သည်။
" မြစ်ကဒီလောက်တိမ်တိမ်လေးလေးကို ငါးကြီးကြီးတွေရှိနေတာ အံ့ဩစရာပဲ"

ရှန်ချင်းချင်းရယ်လိုက်ပြီး " မြစ်ရဲ့ဒီအပိုင်းကတိမ်ပုံရပေမဲ့ မြစ်အထက်ပိုင်းနဲ့အောက်ပိုင်းနေရာတွေကတော့နက်တယ် အရင်ကဆိုအဲ့ဒီမှာလူတွေရေနစ်ဖူးတယ်လို့ ကြားမိတယ်"

သူမကပြောပြရင်းနဲ့ လုရှကြောက်သွားမည်ကိုစိုးရိမ်တာကြောင့် အလျင်အမြန်စကားအကြောင်းအရာပြောင်းလိုက်သည်။
" မြစ်အထက်ပိုင်းရဲ့အနက်ဆုံးအပိုင်းမှာ ငါးကြီးတွေရှိတယ်လို့ ကြားဖူးပေမဲ့ ဘယ်သူမှသွားမဖမ်းဖူးဘူး"

လုရှသည်တွေးတွေးဆဆအမူအရာနဲ့ နားထောင်နေသည်။ သူမမှာဇာတ်လိုက်ရောက်ဝါမရှိလို့ တောင်တွေထဲမသွားရဲပေမဲ့ မြစ်ထဲမှာတော့အန္တရာယ်ကင်းလောက်သည်။ ဘာပဲဖြစ်ဖြစ် သူမကရေကူးတတ်သည်လေ။

သူမမှာအခွင့်အရေးရှိတဲ့အခါကျရင် စားသောက်မှုပုံစံကိုမြှင့်တင်ဖို့ ငါးတစ်ကောင်လောက်သွားဖမ်းကြည့်လို့ရတာပဲ။ ပညာတတ်လူငယ်များနေရာမှာ နေ့တိုင်းတူညီတဲ့အစားအသောက်တစ်မျိုးတည်းကိုပဲစားနေရတာ သူမပါးစပ်ကအရသာပျက်လာပြီ။ နေရာလွတ်ထဲမှာသိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေတောင် ကုန်လုနီးပါးဖြစ်နေပြီ။

သူမအသားစားချင်တယ်လို့!!

နေရာလွတ်ထဲမှာ ဝက်သားနည်းနည်းရှိပေမဲ့ သိပ်မများဘူး။ ကီလိုဂရမ်အနည်းငယ်ပဲရှိသည်။ ထိုအသားတွေကို သူမလောလောဆယ်စားဖို့ဆန္ဒမရှိသေးပေမဲ့ အခုတော့သူမအာရုံကမြစ်ထဲကငါးဆီပြောင်းသွားသည်။ လုရှသည်သူမအကြံထိုမျှမြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။

သူမတို့ရဲ့ပေါင်းပင်နှုတ်တဲ့အလုပ်က နောက်ဆုံးမှာပြီးဆုံးသွားတာကြောင့် နောက်တစ်နေ့တွင် ဝက်စာမြက်သွားဖြတ်တဲ့ စူးမန့်နဲ့ချန်ယွီကျောင်းကလွဲရင် ကျန်သူများသည်သောင်းပြောင်းအလုပ်အမျိုးမျိုး တာဝန်ပေးခံရသည်။

အမျိုးသားတွေက ကာယပိုင်းခွန်အားလိုအပ်တဲ့ လယ်ကွင်းတွေကို ရေခပ်လောင်းတာလိုမျိုး တာဝန်ပေးခံရပြီး အမျိုးသမီးတွေကတော့ စုပေါင်းဟင်းသီးဟင်းရွက်စိုက်ခင်းမှာ စိုက်ပျိုးပြီးအပင်တွေအစီစဉ်တကျကူလုပ်ပေးဖို့ တာဝန်ပေးခံရသည်။

အလုပ်ပမာဏကမများပြားပဲ သူတို့ပြီးသွားကြချိန်တွင် တခြားသိပ်များများစားစားလုပ်စရာမရှိတော့ပေ။ နေ့လည်ခင်းတွင် စောစောစီးစီးအလုပ်ပြီးသွားကြပြီး တစ်ချို့ကပညာတတ်လူငယ်များနေရာက ကိုယ့်အခန်းတွေမှာကိုယ်ပြန်နားကြကာ တချို့ကလမ်းလျှောက်ထွက်သွားကြသည်။ လုရှလည်းသူမအကြံအစည်ကိုသတိရလိုက်ပြီး လမ်းလျှောက်ထွက်ရန် ထွက်လာခဲ့သည်။

Zawgyi

Chapter 52  ျမစ္ထဲကငါး

.

" ငါ့အဝတ္ေတြေလွ်ာ္ေပးပါလား?"

ယဥ္ေက်းမႈစိုးစဥ္မရွိပဲ သူမကိုထိုစကားေတြေျပာလာသည့္လူကိုၾကည့္ရင္း လုရွေျပာစရာစကားေပ်ာက္ရွသြားသည္။ သူမကိုဒီလိုမ်ိဳးေျပာဖို႔ သူမ(ခ်န္ယြီေက်ာင္း)ကိုဘယ္သူကသတၱိေတြေပးလိုက္တာလဲ? သူမကလုရွဆိုတဲ့သူမကို အေစခံတစ္ေယာက္လို႔မ်ားထင္ေနတာလား?

ရယ္စရာေကာင္းလိုက္တာမွ!

လုရွမ်က္ႏွာထားေအးစက္သြားၿပီး ခပ္ျပတ္ျပတ္ျငင္းလိုက္သည္။
" မလုပ္ေပးနိုင္ဘူး!"

သူမရဲ႕တည့္တိုးျငင္းဆန္မႈေၾကာင့္ အံ့အားသင့္သြားပုံရၿပီး ခ်န္ယြီေက်ာင္းသည္ခဏေလာက္တုံ႕ဆိုင္းသြားေပမဲ့ လက္မေလွ်ာ့ခဲ့ေပ။
" ငါနင့္ကိုအလကားမခိုင္းပါဘူး ဆယ္ဆင့္ေပးမွာပါ!"

ဒါေပမဲ့ လုရွကျငင္းဆန္လိုက္တုန္းပါပဲ။
" မလိုဘူး တျခားသူကိုသြားရွာလိုက္"

ထို႔ေနာက္ သူမသည္ခပ္ရွင္းရွင္းပဲထြက္သြားသည္။ ဒါကခ်န္ယြီေက်ာင္းကိုေဒါသေပါက္ကြဲလုမတတ္ျဖစ္သြားေစသည္။

ဒါေပမဲ့ ေန႕လည္စာစားခ်ိန္အတြင္း ရာသီဥတုပူတာေၾကာင့္ အမ်ိဳးသမီးပညာတတ္လူငယ္မ်ားသည္ အဝတ္ေလွ်ာ္ရန္ျမစ္ကမ္းေဘးသို႔ ထြက္လာၾကေတာ့ ယြီဖန္းသည္ခ်န္ယြီေက်ာင္းရဲ႕အဝတ္အစားေတြေလွ်ာ္ေနၿပီး မနက္ကသူမဝတ္ဆင္ခဲ့တဲ့တူညီတဲ့ဝတ္စုံကိုသတိျပဳမိလိုက္ၾကသည္။

ဒါကိုျမင္လိုက္ရေတာ့ လုရွမ်က္ခုံးတစ္ဖက္ပင့္လိုက္သည္။ ၾကည့္ရတာလုရွဆီမွအျငင္းခံရၿပီးေနာက္မွာ ခ်န္ယြီေက်ာင္းသည္ယြီဖန္းဆီမွအကူအညီသြားေတာင္းခဲ့ပုံရသည္။ အင္းေလ ဒါကယုတၱိေတာ့ရွိပါတယ္။ အဝတ္ေလွ်ာ္ေပး႐ုံေလးအတြက္နဲ႕ ဆယ္ဆင့္ကမ္းလွမ္းထားသျဖင့္ ယြီဖန္းသေဘာတူခဲ့တာမဆန္းပါဘူး။ ခ်န္ယြီေက်ာင္းကလြယ္ကူတဲ့ပစ္မွတ္ကို သူမဘာသာသူမရွာေတြ႕ခဲ့တာပဲ။

လုရွျငင္းပယ္ရတဲ့အေၾကာင္းရင္းႏွစ္ခုရွိသည္။ ပထမက သူမမွာေငြမလိုဘူး။ ဒုတိယက ျပႆနာေတြဆြဲေဆာင္နိုင္ပုံရတဲ့ ခ်န္ယြီေက်ာင္းနဲ႕သိပ္ၿပီး ပတ္သတ္မႈမ်ားမ်ားစားစားမရွိခ်င္ဘူး။ ထို႔ေၾကာင့္ လုရွေခါင္းခါၿပီး ဒီအေၾကာင္းေတြးေနတာရပ္လိုက္သည္။

သူမေခါင္းေမာ့ကာ အေရွ႕ကျမစ္ငယ္ေလးကိုၾကည့္လိုက္သည္။ ျမစ္သည္မႀကီးေပမဲ့ မေသးလည္းမေသးေပ။ ႏွစ္ဆယ္ သုံးဆယ္မီတာအက်ယ္ရွိေလာက္ၿပီး သိပ္မနက္ေပ။ ျမစ္ရဲ႕အနက္ရွိုင္းဆုံးအပိုင္းက သူမေပါင္ေလာက္ပဲရွိမယ္လို႔ လုရွခန႔္မွန္းမိသည္။

ထိုျမစ္ထဲမွာငါးရွိမလားလို႔ သူမသိခ်င္မိသြားသည္။

ထိုအေတြးျဖင့္ သူမေဘးမွာရွိေနတဲ့ရွန္ခ်င္းခ်င္းကို တိုက္ရိုက္ေမးလိုက္သည္။

ရွန္ခ်င္းခ်င္း ခဏေလာက္စဥ္းစားၿပီး " ရွိေလာက္ပါတယ္ ႐ြာထဲကကေလးေတြနည္းနည္းပါးပါးဖမ္းတာကိုျမင္ဖူးတယ္ ဒါေပမဲ့ ေသးေသးေလးေတြပါ"

ဒီစကားၾကားလိုက္ရေတာ့ လုရွအားရေက်နပ္သြားသည္။ သူမျမစ္ထဲေသေသခ်ာခ်ာၾကည့္လိုက္ရာ သူမရဲ႕လက္မအ႐ြယ္ေလာက္ငါးတစ္အုပ္ ကူးခတ္သြားတာကိုျမင္လိုက္ရသည္။ ျမစ္ထဲမွာထိုငါးေလးေတြအမ်ားအျပားရွိၿပီး အုပ္စုလိုက္ကူးခတ္ေနၾကသည္။

" ဒီငါးေတြလား?"
လုရွေမးလိုက္သည္။

ရွန္ခ်င္းခ်င္းေခါင္းခါလိုက္တယ္။
" မဟုတ္ဘူး ဒါေလးေတြကႀကိဳးငါးေလးေတြ သူတို႔ကအရမ္းေသးလြန္းတယ္ ပိုက္ကြန္မပါပဲသူတို႔ကိုဖမ္းနိုင္မွာမဟုတ္သလို ႐ြာထဲကဘယ္သူ႕မွာမွပိုက္ကြန္မရွိဘူး ၿပီးေတာ့ ဒီငါးေလးေတြကအသားနည္းနည္းပဲရွိတာ ညီမျမင္ခဲ့တာကပိုႀကီးတဲ့ငါးမ်ိဳး လက္ဖဝါးအ႐ြယ္ေလာက္ရွိတယ္ ဘယ္လိုေခၚသလဲေတာ့မသိေပမဲ့ ပိုႀကီးတာေတာ့ေသခ်ာတယ္"

" အဲ့ဒီေလာက္ႀကီးတာလား?"
လုရွ အံ့အားသင့္စြာေျပာလိုက္သည္။
" ျမစ္ကဒီေလာက္တိမ္တိမ္ေလးေလးကို ငါးႀကီးႀကီးေတြရွိေနတာ အံ့ဩစရာပဲ"

ရွန္ခ်င္းခ်င္းရယ္လိုက္ၿပီး " ျမစ္ရဲ႕ဒီအပိုင္းကတိမ္ပုံရေပမဲ့ ျမစ္အထက္ပိုင္းနဲ႕ေအာက္ပိုင္းေနရာေတြကေတာ့နက္တယ္ အရင္ကဆိုအဲ့ဒီမွာလူေတြေရနစ္ဖူးတယ္လို႔ ၾကားမိတယ္"

သူမကေျပာျပရင္းနဲ႕ လုရွေၾကာက္သြားမည္ကိုစိုးရိမ္တာေၾကာင့္ အလ်င္အျမန္စကားအေၾကာင္းအရာေျပာင္းလိုက္သည္။
" ျမစ္အထက္ပိုင္းရဲ႕အနက္ဆုံးအပိုင္းမွာ ငါးႀကီးေတြရွိတယ္လို႔ ၾကားဖူးေပမဲ့ ဘယ္သူမွသြားမဖမ္းဖူးဘူး"

လုရွသည္ေတြးေတြးဆဆအမူအရာနဲ႕ နားေထာင္ေနသည္။ သူမမွာဇာတ္လိုက္ေရာက္ဝါမရွိလို႔ ေတာင္ေတြထဲမသြားရဲေပမဲ့ ျမစ္ထဲမွာေတာ့အႏၱရာယ္ကင္းေလာက္သည္။ ဘာပဲျဖစ္ျဖစ္ သူမကေရကူးတတ္သည္ေလ။

သူမမွာအခြင့္အေရးရွိတဲ့အခါက်ရင္ စားေသာက္မႈပုံစံကိုျမႇင့္တင္ဖို႔ ငါးတစ္ေကာင္ေလာက္သြားဖမ္းၾကည့္လို႔ရတာပဲ။ ပညာတတ္လူငယ္မ်ားေနရာမွာ ေန႕တိုင္းတူညီတဲ့အစားအေသာက္တစ္မ်ိဳးတည္းကိုပဲစားေနရတာ သူမပါးစပ္ကအရသာပ်က္လာၿပီ။ ေနရာလြတ္ထဲမွာသိုေလွာင္ထားတဲ့ စားနပ္ရိကၡာေတြေတာင္ ကုန္လုနီးပါးျဖစ္ေနၿပီ။

သူမအသားစားခ်င္တယ္လို႔!!

ေနရာလြတ္ထဲမွာ ဝက္သားနည္းနည္းရွိေပမဲ့ သိပ္မမ်ားဘူး။ ကီလိုဂရမ္အနည္းငယ္ပဲရွိသည္။ ထိုအသားေတြကို သူမေလာေလာဆယ္စားဖို႔ဆႏၵမရွိေသးေပမဲ့ အခုေတာ့သူမအာ႐ုံကျမစ္ထဲကငါးဆီေျပာင္းသြားသည္။ လုရွသည္သူမအႀကံထိုမွ်ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေပၚလာမယ္လို႔ မေမွ်ာ္လင့္ထားခဲ့မိဘူး။

သူမတို႔ရဲ႕ေပါင္းပင္ႏႈတ္တဲ့အလုပ္က ေနာက္ဆုံးမွာၿပီးဆုံးသြားတာေၾကာင့္ ေနာက္တစ္ေန႕တြင္ ဝက္စာျမက္သြားျဖတ္တဲ့ စူးမန႔္နဲ႕ခ်န္ယြီေက်ာင္းကလြဲရင္ က်န္သူမ်ားသည္ေသာင္းေျပာင္းအလုပ္အမ်ိဳးမ်ိဳး တာဝန္ေပးခံရသည္။

အမ်ိဳးသားေတြက ကာယပိုင္းခြန္အားလိုအပ္တဲ့ လယ္ကြင္းေတြကို ေရခပ္ေလာင္းတာလိုမ်ိဳး တာဝန္ေပးခံရၿပီး အမ်ိဳးသမီးေတြကေတာ့ စုေပါင္းဟင္းသီးဟင္း႐ြက္စိုက္ခင္းမွာ စိုက္ပ်ိဳးၿပီးအပင္ေတြအစီစဥ္တက်ကဴလုပ္ေပးဖို႔ တာဝန္ေပးခံရသည္။

အလုပ္ပမာဏကမမ်ားျပားပဲ သူတို႔ၿပီးသြားၾကခ်ိန္တြင္ တျခားသိပ္မ်ားမ်ားစားစားလုပ္စရာမရွိေတာ့ေပ။ ေန႕လည္ခင္းတြင္ ေစာေစာစီးစီးအလုပ္ၿပီးသြားၾကၿပီး တစ္ခ်ိဳ႕ကပညာတတ္လူငယ္မ်ားေနရာက ကိုယ့္အခန္းေတြမွာကိုယ္ျပန္နားၾကကာ တခ်ိဳ႕ကလမ္းေလွ်ာက္ထြက္သြားၾကသည္။ လုရွလည္းသူမအႀကံအစည္ကိုသတိရလိုက္ၿပီး လမ္းေလွ်ာက္ထြက္ရန္ ထြက္လာခဲ့သည္။

Продолжить чтение

Вам также понравится

1.6M 108K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
255K 12.6K 60
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
37.3K 570 15
DELULU & GUILT PLEASURE
893K 30.6K 109
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...