CHANDLER { Ongoing }

By Xylo_19

173K 6.7K 328

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 14 U

3.8K 190 4
By Xylo_19

အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံးနှစ်ယောက်လုံးဘာစကားမှမပြောကြ ငြိမ်သတ်စွာလိုက်ပါနေမိသည်။ပေါင်ပေါ်တင်ထားသည့် ယိမ်းယိုင်ရဲ့လက်ဖဝါးနုနုလေးတွေဟာလည်း နီကျဉ်ကျဉ်။အသားဖြူတဲ့ထဲတွင်ပါဝင်ကာ ချန်ဒလာနှင့်မတိမ်းမယိမ်းပင်။ချန်ဒလာကလည်း နိုင်ငံခြားသွေးပါသည့်အတွက်အသားဖြူကာ နိုင်ငံခြားရုပ်လည်းပေါက်လေသည်။

ကားအတွင်းခန်းတစ်ခုလုံး အသံသေးသေးလေးတောင်မကြားရတော့ ကြာလာသည်နှင့်အမျှ ယိမ်းယိုင်တောင်ပျင်းငိုက်လာသည်။

"" ချန်ဒလာ Radio ဖွင့်ပါလား ""

ကား‌မောင်းနေရင်းမှသူ့ဘက်ကိုမျက်‌ထောင့်နီဖြင့်တစ်ချက်လှည့်ကြည့်လာကာ ..

"" နားမုဒိန်းကျင့်အောင်မဖွင့်နဲ့ နားငြီးတယ် ""

"" မဖွင့်နဲ့ဆိုလည်းရပါတယ် လျှာကတိုင်ပတ်အောင်ရှည်တယ် ""

"" ခင်ဗျားကျုပ်ကို ခနခနပြန်ပြောနေတယ် !!
ဘာလဲယောကျာ်းကောင်းရထားတယ်ဆိုပြီး အသံကောင်းဟစ်နေတာလား ""

"" လဲသေလေ ""

"" သေလို့မရသေးဘူး ခင်ဗျားကိုကျုပ် ၁ ခါပဲလုပ်ရသေးတယ်။ကျုပ်ကသေခါနီးအခေါင်းထဲဝင်တဲ့အထိလုပ်သွားချင်တာ ! ""

"" မင်း အယုတ်တမာကောင် ""

"" ခင်ဗျားပြောတဲ့အယုတ်တမာကောင်က ဘယ်အတိုင်းအတာထိယုတ်မာနိုင်တယ်ဆိုတာသိတယ်မလား !! ""

စကား‌တွေထပ်ပြောနေရင်ထပ်ပြီးပြသနာပဲတတ်ရလိမ့်မယ်။သူ့ကိုအရွဲ့တိုက်ဖို့များချန်ဒလာဟာမွေးဖွားလာလေသလား။သူ့ရှေ့ရောက်ရင်အလိုလို ပါးစပ်ပိတ်သွားတတ်သည့်သူ့ကိုလည်းအားမရ။အရာရာဟာသူ့စိတ်သူ့သဘောကျ အရင်ချန်ဒလာနှင့်မတူစွာခုချန်ဒလာဟာအများကြီးပြောင်းလဲနေခဲ့ပြီ။

"" မင်းမျက်မှန်တပ်စရာမလိုတော့ဘူးလား ""

"" ခနနေအိမ်ပြန်ရောက်ရင် ခင်ဗျားအတွက် သတင်းကောင်းရှိတယ် ""

စကားလွှဲလိုက်တာ သိသိသာသာကိုစကားလွှဲလိုက်တာ။

"" ငါမေးတာဖြေ ! ""

"" ကျုပ်စပ်စုတာမကြိုက်ဘူး ခင်ဗျားဘက်ကလည်းဆက်မမေးရင်ကောင်းမယ် ""

"" ဘာလို့လဲ ... ချန်ဒလာ ""

ချန်ဒလာ၏စိတ်ဟာခန့်မှန်းမရ‌အောင်ပင်လိုပင်အပြောင်းအလဲမြန်လွန်းသည်။ခုချိန်ကြင်နာပြလျှင်တောင်အများကြီးမပျော်ဝင်ရဲ။ခနနေစိတ်ဆက်သည့်လူအနေနှင့်ပြောင်းလဲသွားပြန်သည်။ဘယ်ဟာကချန်ဒလာ့ရဲ့အစစ်အမှန်လဲ။ဘာတွေကများချန်ဒလာ့ကိုပုံစံ၂မျိုးဖြစ်အောင်လုပ်နေရတာလဲ။သူနားမလည်နိုင်ခဲ့သည့်အရာရာတိုင်းတွင် ချန်ဒလာ့ရဲ့စိတ်ဟာပထမဆုံးနေရာယူထားတာ..

"" ကျုပ်ကားမောင်းရင်အာရုံသိပ်နှောက်တာကိုသိပ်မုန်းတယ်။ ခင်ဗျားပါးစပ်အားနေရင်စုပ်စရာတစ်ခုခုပေးထားလိုက်မယ် ! ""

ချက်ချင်းငြိမ်ကျသွားသည့် ဘေးရှိလူကိုတစ်ချက်လှမ်းကြည့်လိုက်သည်။သက်ပြင်းရှည်ကြီးချကာကားမှန်ဘက်ကိုသာလှည့်ကာမျက်လုံးတို့ကိုစုံမှိတ်ထားသည်။တစ်ချိန်ကျရင် တစ်ယောက်တစ်လှမ်းစီလျှောက်လှမ်းရမည်ဖြစ်၍အများကြီးပေးသိစရာမလို။ သူ့ဘက်က အရာရာတိုင်းဟာလည်း ယိမ်းယိုင်မှိုင်းရဲ့အဘိုးနှင့်သူ၏ကစားပွဲကြောင့်ဖြစ်တည်လာမယ့်အရာတွေ။သူ့ဘာသာကိုယ့်စီမှာ ပျော်‌ဝင်နေရင်လည်းကိုယ့်အတွက်အရှုံးမှမရှိနိုင်တာ။

ကားအတွင်းထဲရှိအပူချိန်ဟာချက်ချင်းဆိုသလိုနိမ့်ကျသွားကာ အပူဓါတ်အစားအ‌အေးဓါတ်ကသာအစားထိုးဝင်ရောက်လာသည်။ဒီနေ့မှအိမ်မြန်နောက်ကျနေသလားထင်ရလောက်အောင်ကားဟာတစ်ဘီးချင်းလှိမ့်နေကာနှေးကွေးလွန်းလှသည်။

မြန်မြန်ရောက်ချင်ပြီဖြစ်နိုင်ရင်သူနဲ့ခနလေးတောင်မနေချင်တော့။

ကားမှန်အပြင်ဘက်မှာမြင်နေရသည့်တိုက်ကြီူတာကြီးတွေရဲ့အလှတွေကိုတောင်သူ့မှာမကြည့်နိုင်တော့။မျက်လုံးကိုစုံမှိတ်ထားကာ ကားမှန်ကိုသာမှီ‌နေလိုက်သည်။သူအနားပေးဖို့လိုလေပြီ။‌ လူတွေအကြောင်းပိုသိလာ‌လေစိတ်ကောခန္ဓာကိုယ်ကောပိုပင်ပန်းလှသည်။တစ်ခါတစ်‌လေဒီကမ္ဘာ‌မြေပေါ်၌အတိတ်ငယ်ရွယ်စဉ်တုန်းက ကံကြမ္မာဟာကျီစယ်ကာစနောက်သည်။အရွယ်ရောက်သည့်အခါ၌လည်းဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကိုဦးစားပေးခဲ့ရသည်။အနာဂတ်ကျရင်လည်း ဘယ်လိုလာအုန်းမလည်း သမိုင်းကိုအကောင်းဆုံးရေးဖို့ ပုံစံကွက်တွေကြားနေထိုင်ရအုန်းမလား ...

မျက်လုံးတွေမှိတ်ထားသော်ငြားသူအိပ်မပျော်လှ။ချန်ဒလာ၏စီယာတိုင်ကိုတစ်တောက်တောက်ခေါက်သံတွေဟာခုမှကျယ်လောင်နေသယောင်။သူပဲအာရုံစိုက်ထားနေလို့လားအနှောင့်အယှက်ဖြစ်လာသည်။ခေါင်းဘယ်ညာယိမ်းကာအာရုံမစိုက်ပဲနေသော်လည်းမရတော့ထို့ကြောင့် မျက်ဝန်းတို့အနည်းငယ်ဖွင့်ကာ ချန်ဒလာ့ဘက်သိုခေါင်းစောင်းလိုက်သည်။

ချန်ဒလာ၏မျက်နှာတစ်ခွင်၌သူသိပ်ထိတွေ့ချင်သည့်မျက်တောင်စင်းစင်းလေး။နောက်ပြီးညာဘက်မျက်ဝန်းအောက်ကမှည့်နက်လေး။ နေရောက်ခြည်တွေကျနေသည့် ချန်ဒလာမျက်နှာဟာ နေမင်းကြီးရဲ့အလင်းနှင့်အပြိုင်ထွန်းလင်းတောက်‌ပနေခဲ့သည်။ ပထမဆုံးအကြိမ် ဒီကောင်လေးကိုစမြင်ခဲ့ရသည့်အချိန်နှင့်တစ်ထေရာထဲ။နောက်ပြီး, နောက်ပြီး ဒီကောင့်လေးအနားရောက်ဖို့စ‌လှမ်းခဲ့ရသည့်ခြေလှမ်းတွေရဲ့ အကြောင်းပြချက်တွေ ၊ ချန်ဒလာနဲ့သူနဲ့တွေ့ဆုံမှုတိုင်းဟာဘယ်ဟာမှတိုက်ဆိုင်မှုမဟုတ်ခဲ့ သူ့ဘက်ကသာတစ်ဖတ်သတ်လုပ်ယူထားသည့်အရာများသာ ...

"" ဟေး ကျုပ်ကိုဘာတွေငေးနေတာလဲ အိမ်ရောက်နေပြီ ! ""

မျက်နှာရှေ့လက်ကိုဘယ်ညာဝေ့ကာယမ်းပြနေမှသာသူ့မှာအသိစိတ်တို့ပြန်ဝင်လာခဲ့သည်။

သူဘယ်လောက်တောင်ကြာကြာငေးနေမိလို့ အိမ်ရောက်တာတောင်မသိရတာလဲ ...

"" အာ .. ဘာမှမဟုတ်ဘူး ""

"" မဟုတ်ရင် ကားပေါ်ကဆင်း ""

ယိမ်းယိုင်ကားပေါ်မှဆင်းလိုက်သည်နှင့် ခြံထဲတွင်ဟယ်ရီ့ရဲ့ကားပါရောက်နေသည်ကိုမြင်လိုက်ရသည်။ဟယ်ရီကညနေဘက်ဆိုသိပ်မလာတတ်မနက်ပိုင်းတွေမှသာအလာများသူဖြစ်သောကြောင့် ဒီအချိန်ကြီးဘာလို့ရောက်နေသလဲဆိုတာသူတောင်တွေးဆဆဖြစ်သွားရသည်။

နှစ်ယောက်လုံးဧည့်ခန်းထဲဝင်လိုက်သည်နှင့် ဟယ်ရီကခွေးကြီးကြီးတစ်ကောင်ကိုပွေ့ထားကာသူတို့ကိုလှမ်းကြည့်နေသည်။ ခွေးကလျှာတစ်လစ်,တစ်လစ်နှင့် တကယ်ကိုချစ်စရာလေး။ပါးစပ်ကပါဟနေသောကြောင့် သွားစွယ်လေးကိုပါမြင်နေရသည်။ချွန်ထက်နေလိုက်ပုံများ လက်ကလေးနဲ့အနည်းငယ်မျှထိလိုက်ရုံဖြင့်ပေါက်ထွက်သွားမည့်ပုံ။ခွေးဟာလည်း သူတို့ကိုမြင်တာနဲ့ဟောင်နေတော့သည်။သူတို့ကိုမြင်တာထက်ချန်ဒလာ့ကိုမြင်တာဆိုပိုမှန်လိမ့်မည်။

ဝုတ် ! ဝုတ် !

ဟယ်ရီ့လက်ထဲက လှမ်းဟောင်နေသည့်ခွေးကြီးရဲ့အစွယ်တွေကိုမြင်တော့သူ့ကိုဘုဂလန့်ခနခနပြောတတ်သည့်ချန်ဒလာ၏သွားတတ်တွေကိုပြေးမြင်လိုက်ရသည်။တကယ်ကို ခွေးကြီးနှင့်ချန်ဒလာဟာတစ်ပုံထဲ။ ..

"" ဟယ်ရီ ခွေးကမင်းမွေးမို့လား ""

"" မဟုတ်ပါဘူး။သခင်လေးဝယ်ထားတာ ""

"" ဟင် ""

ယိမ်းယိုင် သူ့ထက်တစ်ပြန်စာရှည်သည့်အရပ်ကြီးကိုမော့ကြည့်လိုက်သည်နှင့် အမေးစကားမလိုအဖြေစကားဟာတန်းခနဲ သူ့ရဲ့စိတ်တွေကိုသိနေသည့်အလား...

"" ခင်ဗျားပျင်းနေမှာ စိုးလို့ "" ပါတဲ့လေ။

"" ငါခေါ်ကြည့်မယ် ""

"" ခေါ်လေ ""

ချန်ဒလာ့ဆီကခွင့်ပြုချက်ရသည်နှင့်ဟယ်ရီ့လက်ထဲကခွေးကြီးကိုလက်လွှဲယူလိုက်သည်။တကယ်ပါခွေးကြီးကိုချီလိုက်သည်နှင့် သူ့မှာအင့်ခနဲ။ ခွေးကငြိမ်ကာရန်ပြုခြင်းလည်းမရှိခွေးလိမ္မာလေးပဲနေမှာ။

"" ဟယ်ရီ ခွေးကအရမ်းလိမ္မာတယ်နော် ""

"" ဗျာ!! အဲ့ခွေးကိုလိမ္မာတယ်လို့အစ်ကိုလေးပဲပြော။
အဲ့ခွေးကိုဒီလိုဖြစ်ဖို့ သခင်လေးက ... !! ""

"" ဟယ်ရီ !! အခုချက်ချင်းတိတ်စမ်း !! ""

ယိမ်းယိုင်ခွေးကို ချီထားရက်နှင့်မျက်ဖြူတစ်ချက်လှန်ကြည့်လိုက်သည်။ဟယ်ရီပြောမည့်စကားတွေကို သူ‌နားထောင်ချင်သေးသည်လေ..

"" ဟားး ဟားး ယားတယ်။ ""

လည်ပင်းတွေအကြားလျှာနဲ့အတင်းလိုက်လျက်နေသောခွေးကြောင့် သူ့မှာတကယ်ကိုယားလာပြီဖြစ်သည်။သူများတွေက နားတွေဘာတွေယားတတ်ပေမယ့် သူကတစ်မျိုး ပုခုံးပေါ်လက်ကလေးတင်လိုက်တာနဲ့တွန့်လိမ်နေအောင်ယားတတ်တာပင်။လည်ပင်းသားဆိုပိုဆိုး..

"" မလုပ်နဲ့ ဟား ယားတယ်ဟ ""

ဟယ်ရီအပါအဝင်ချန်ဒလာပါ ယိမ်းယိုင်ကိုစိုက်ကြည့်နေကြသည်။အပျော်တွေဟာတစ်ယောက်နှင့်တစ်ယောက်ကူးစက်တတ်သည်ဆိုတာမှန်သလား။
ဂိုဏ်းနှင့်အိမ်၊ အိမ်နှင့်အလုပ် သံသရာပတ်လည်,လည်နေသည့်အပြင် အရယ်အပြုံးရှားလှသည့် သူ့ရဲ့သခင်လေးချန်ဒလာကြောင့် သူ့မှာတစ်နေ့တစ်ခြားပျင်းရိလာသည်။ရေ့စ်ချက်ဂိုဏ်းကလူတွေဟာလည်း ချန်ဒလာရဲ့အမွေကိုဆက်ခံသလားမှတ်ရအောင်ရုပ်တည်ကြီး။‌ဟယ်ရီက အရင်ကတည်းကရွှတ်နောက်နောက်ပုံစံနှင့်မို့သူတို့နှင့်ကီးမကိုက်။ရောက်ရာအရပ်မှာပျော်သလိုသာနေဆိုတဲ့အတိုင်းသူ့မှာသူများရုပ်တည်နေရင်သူပါရုပ်လိုက်တည်ရတာခက်သား။ခုတော့သူ့လိုပျော်ပျော်နေ,နေသည့်အစ်ကိုလေးကြောင့် သူနည်းနည်းတော့အားရမိသည်။

"" အစ်ကိုလေး ခွေးကိုဘာနာမည်ပေးမလဲ ""

"" ခွေးပါဆို ခွေးပေါ့ ""

ယိမ်းယိုင်က ခွေးကြီးကိုချီမကာ ဧည့်ခန်းဆိုဖာဒေါင့်၌ဝင်ထိုင်လိုက်သည်။သူ့ရဲ့နောက်မှတပ်ကြပ်မကွာကော်ကပ်သလိုလိုက်နေသူကတော့ဟယ်ရီသာ ..

"" ဟာ အစ်ကိုလေးကမမိုက်ဘူးဗျာ !
ခွေးကိုခေါ်လို့ကောင်းအောင်နာမည်တစ်ခုခုပေးပါအုန်း ! ""

"" ငါ .. ငါမပေးတတ်ဘူးဟ ""

"" ဒါဆို အစ်ကိုလေးနာမည်ရယ်သခင်လေးနာမည်ပါအောင်မှည့်ရင်ကော ! ""

အားတတ်သရော်ပြော‌နေသောဟယ်ရီ့ရဲ့( ကတုံး)ခေါင်းတုံးကို ချန်ဒလာနောက်ကနေ,နရင်းတစ်ချက်အုပ်ချလိုက်၏။

"" လီးကို ငါ့နာမည်ပါအောင်ပေး ! ကလေးမွေးထားတာလည်းမဟုတ်ဘူး လီးကိုနာမည်စပ်ပေး ! ""

အပြောထက်လက်ကအရင်မြန်နေသူ။လက်သံပြောင်လှသည့်အတွက် ဂုတ်တစ်ခုလုံး‌အီစလန်ဝေသွားရသည်။နာမည်ပေးရင် အဖေ၊အမေနာမည်စပ်ပေးရသည်လို့ကြားဖူးသည်။သခင်လေးတို့နှစ်ယောက်ကလည်း‌ခွေးလေးကိုမွေးစားလိုက်တော့ သူတို့ကမိဘဖြစ်ပြီလေ ...

"" ဒါဆိုဘာပေးရမှာလည်း ""

ဟယ်ရီ့နည်းတူယိမ်းယိုင်ကလည်းသူ့ကိုသိလိုစိတ်တွေနှင့်မော့ကြည့်နေ၏။

"" မင်းနာမည်ဘယ်လိုခေါ်လေ ""

"" ဟယ်ရီလေ ""

"" အေးနောက်ကမင်းနာမည်တစ်လုံးယူပြီး ခွေးနာမည် ရီ လို့ပေးလိုက် ! ""

"" ကောင်းတယ် , ကောင်းတယ် ""

နောက်ကနေ ယိမ်းယိုင်ကခေါင်းတစ်ငြိမ့်ငြိမ့်နှင့်ထောက်ခံ‌နေ၏။မထောက်ခံနိုင်သူကဟယ်ရီတစ်ယောက်ထဲ။သူကိုကမှားတာ အစကတည်းကအမည်စပ်ပြီးပေးရမယ်လို့သွားကိုမပြောသင့်တာ။လျှာရှည်လိုက်တဲ့ပါးစပ်။

"" ရီ ! ""

ဝုတ် ! ဝုတ် !

သူ့မျက်နှာလေးကိုလျှာလေးနဲ့လျက်ကာ ဟောင်ပြနေသည်။ဒါဆိုသူလည်းဒီနာမည်ကိုသဘောကျတယ်လို့ပြောနေတာပေါ့ ...

"" ချန်ဒလာ ခေါ်ကြည့် ရီ လို့ ""

"" မခေါ်ချင်ဘူး ! "" ဟုပြောကာမျက်နှာကိုတစ်ဖက်သို့လွှဲလိုက်သည်။

"" ခေါ်ကြည့်ပါကွာ။သူလည်းမင်းခေါ်ချင်တာခံချင်မှာပေါ့ နော့် ""

"" ... ""

"" ခေါ်ကြည့်လို့ ! ""

ကျစ် !!

"" ရီ ! ""

ဝုတ် ! ဝုတ် ! ဂီးး ! ဝုတ် !

ချန်ဒလာခေါ်နေသည်နှင့်မာန်ဖီနေသည့်ခွေးကြောင့်သူအံ့ဩသွားရတော့သည်။ဘာလို့လဲ ‌ခွေးလေးကချန်ဒလာ့ခေါ်သံကြီးကိုမကြိုက်လို့လား...

ဘယ်နှယ့် သူခေါ်တဲ့ခါကျဘာလို့မာန်ဖီနေရတာလည်း။ယိမ်းယိုင်မှိုင်းခေါ်တုန်းကတောင်အကောင်းလေ ခွေးတွေများမျက်နှာလိုက်ချက်။သခင်ချင်းတူတာတောင် ဘက်လိုက်လွန်းသည်လို့မြင်မိသည်။တကယ်ဆိုသူနဲ့အရင်တွေ့ပြီးသူကပဲ‌အားတဲ့ချိန်တိုင်းအပြည့်အဝလေ့ကျင့်ပေးခဲ့ရတာလေ။ သူကမွေးမှသာဒီ‌အိမ်ကိုရောက်လာရတာကိုများစောက်ခွေး။

"" တွေ့လား သခင်လေးကိုလူမပြောနဲ့ ခွေးတောင်မကြည်ဘူး !! ""

ဝုတ် ! ဝုတ် ! ဝုတ် !

ရီကပါဟယ်ရီ့စကားကိုထောက်ခံသည့်အလားထိုးဟောင်တော့သည်။

"" ဟယ်ရီ !! စောက်ခွေး ! ""

•~•~•~•~•~•~•~•~

"" သခင်လေး ""

"" ပြော ""

ဟယ်ရီခုချိန်ထိအိမ်မပြန်သေးပဲသခင်လေးအလုပ်ခန်းထဲဝင်ကာ အစ်ကိုလေးယိမ်းယိုင်လုပ်ရမည့်အလုပ်တွေကို တင်ပြရမည်ဖြစ်သည်။ဒီတစ်ခါ Project အတွက် ဟယ်ရီကတာဝန်ခံကာ သူ့နေရာနှင့်သူတာဝန်ပေးရမည်ဖြစ်သည်။နောက်ဆုံးကျန်နေသည့်ဈေးကွက်ကိုထိုးဖောက်နိုင်လေအမြတ်ကြီးလှသည့် အခက်ခဲဆုံး Project ကိုအစ်ကိုလေးယိမ်းယိုင်ကိုပေးဖို့စီစဉ်ထားတာပင်။

"" အစ်ကိုလေးယိမ်းယိုင်က ဒီတစ်ခါလုပ်နိုင်ပါ့မလား ""

"" သူလုပ်နိုင်မလုပ်နိုင်က ငါ့ကိစ္စမဟုတ်ဘူး ""

"" ဒါပေမယ့် ... ""

"" ဟယ်ရီ ရော့ရေဘူး။ ဒီထဲကရေတွေမင်းပါးစပ်ထဲထည့်ငုံထား ""

ကမ်းပေးလာသည့်ရေဘူးရဲ့ရေတစ်ဝက်ခန့်ကိုပါးစပ်ထဲဝင်သလောက်ငုံထားလိုက်သည်။ ဒါကချန်ဒလာစိတ်မရှည်တိုင်းနှုတ်ပိတ်နေကြနည်းတစ်မျိုးပင်။ရေငုံနှုတ်ပိတ်ဆိုတာမျိုးပေါ့ ...

"" ငါနဲ့ ယိမ်းယိုင်မှိုင်းက တစ်ချိန်ကျကိုယ့်လမ်းကိုယ်လျှောက်ရမယ့်လူတွေ။ တစ်နှစ်ပြည့်တာနဲ့ငါကလည်းဘီဘီနဲ့လက်ထပ်ယူရမယ့်လူ။ယိမ်းယိုင်မှိုင်းကို ငါလက်ထပ်ရတာကလည်း ဦးရိုးရာမင်းရဲ့သွေးသားဖြစ်‌နေလို့ပဲ။သူရဲ့အဆင်မ‌ပြေမှုတွေကိုလိုက်ခံစားနေရအောင်ငါ့အဲ့‌လောက်အားမနေဘူးဟယ်ရီ၊သွေးကြွေးကိုသွေးကြွေးနဲ့ပြန်ယူနိုင်ဖို့ ဝံပုလွေအသွင်ကနေသိုးအသွင်ပြောင်းရမယ်ဆိုလည်းငါ့ရဲ့စရိုက်တွေကိုလွှမ်းခြုံထားနိုင်တဲ့ဟန်ဆောင်ခြင်းဆိုတဲ့အရာနဲ့ဖုံးဖိထားရလိမ့်မယ်။ ""

"" ... ""

"" နောက်ပြီးမင်းမျိုးပင်မှိုင်းကို လိုက်နေတာတွေအချိန်တစ်ခုကျရင်ရပ်တန့်ရမှာပဲ ! ""

ဟယ်ရီ ပါးစပ်ထဲထည့်ငုံထားသည့်ရေတွေမြိုချလိုက်ကာ

"" ကျွန်တော်က,ကစားပွဲမဟုတ်ဘူး။အချစ် ကျွန်တော့်ရင်ထဲကလာတဲ့အချစ် ! ""

"" အဟက် !! အချစ်ဆိုတာ ငါဝါးပြီးထွေးထုတ်လိုက်တဲ့ပီကေတစ်ခုလိုပဲဘာစောက်တန်ဖိုးမှမရှိဘူး ! ""

"" ဒါက သခင်လေးအယူအဆလေ ""

"" ဟယ်ရီ,ဟယ်ရီ မင်းမမေ့နဲ့ မျိုးပင်မှိုင်းမှာကောင်မလေးရှိတာ မျိုးပင်မှိုင်းကသူ့ကောင်မလေးကိုပစ်ပြီးမင်းကိုလွယ်လွယ်ရွေးချယ်လိမ့်မယ်ထင်နေလား .. ""

"" ... ""

ချန်ဒလာ ဆုံလည်‌ခုံပေါ်မှထာကာ ဟယ်ရီ့ရှေ့အလုပ်စားပွဲခုံကိုမှီကာမတ်တပ်ရပ်လျှက်လက်ပိုက်ကာကြည့်နေလိုက်သည်။

"" မျိုးပင်မှိုင်းအဲ့ကောင်မလေးကို ပစ်ပြီးမင်းဆီရောက်အောင်ငါလုပ်ပေးနိုင်တယ် ""

ထိုအခါမှ ဟယ်ရီ့မျက်နှာဟာပြန်လည်မော့လာတော့သည်။မယုံကြည့်နိုင်သည့်အကြည့်မျိုးတွေနှင့် ချန်ဒလာ့ကိုစိုက်ကြည့်နေသည်။တကယ်ပဲလုပ်လို့ရနိုင်သလား။ထိုအမျိုးသမီးကို မျိူးပင်မှိုင်းအနားကဖယ်ခွါထုတ်လိုက်တာနဲ့ တကယ်ကြီးမျိုးပင်မှိုင်းကသူ့အနားရောက်လာလေမလား ...

"" ငါတို့ကမသေသေးလို့သာ ဒီကမ္ဘာမှာနေနေတာ
ငါ့တို့အတွက်ပျော်ရွှင်မှုဆိုတာတစ်ခုမှမရှိခဲ့ဘူး။
ပျော်ရွှင်မှုတွေကိုငါတို့ဘာသာဖန်တီးယူရလိမ့်မယ် ဟယ်ရီ ""

•~•~•~•~•~

ဟယ်ရီပြန်ထွက်သွားသည့်တိုင် ချန်ဒလာအလုပ်ခန်းထဲ၌သာတစ်ယောက်ထဲကျန်ရှိနေခဲ့သည်။လုပ်ရမည့်အလုပ်တွေအပေါ်ကိုလည်းစိတ်မနှစ်နိုင် ဘောပင်ကိုသာတစ်တောက်တောက်ခေါက်နေမိသည်။‌စိတ်ညစ်လာရင် လုပ်နေကြအရာအတိုင်းဘောင်းဘီအိတ်ကပ်ထဲမှဆေးလိပ်ကိုထုတ်,မြီးခြစ်ကာ အငွေ့တို့ကိုရှုရှိုက်လိုက်ပြန်ထုတ်လိုက်အရသာခံခံသောက်နေမိသည်။

ဒေါက် ! ဒေါက် !

"" သခင်လေး အဘစံပါ ""

"" ဝင်ခဲ့ ! ""

အခန်းထဲဝင်လာသည့် အဘစံရဲ့လက်ထဲမှာနွားနို့တစ်ခွက်ဟာလည်းမပါမဖြစ်။

"" ဆေးတွေရောကျိတ်ပြီးတိုက်နေတုန်းပဲလား ""

"" ဒါက သခင်လေးရဲ့ကျန်းမာရေးအတွက်လေ သခင်ကြီးကအမိန့်ချထားတော့လည်း ဟောဒီကအဘစံကမလုပ်မဖြစ်လုပ်ရတာပေါ့ ""

"" ဒီဆေးတွေကြောင့်ကျွန်တော့်မှတ်ဉာဏ်တော်တော်များများမမှတ်မိနိုင်တာလေ ! ပြန်ယူသွားမသောက်ချင်ဘူး !! ""

အဘစံသက်ပြင်းရှည်ကြီးချလိုက်သည်။ဒီဆေးတွေကြောင့်သာသခင်လေးရဲ့စိတ်တို့ဟာတည်ငြိမ်နေတာလေ။ စိတ်နှစ်မျိုးကို ငယ်စဉ်ကတည်းကလက်ဝယ်ရထားသည့်ဒီကလေးကိုအဘစံသနားလှသည်။ချန်ဒလာ၏တစ်ဖက်ခြမ်းကိုမမြင်ရဖူး‌သခင်ကြီးဝသုန်
ဟေဒန်တို့က‌တော့မြင်ဖူးသည်။ဒါပေမယ့်တစ်ချို့အရာတွေက သူတို့နားမလည်တာတွေအများကြီးရှိသည်။မျက်စိမှိတ်၊နားပိတ်လုပ်လိုက်တာတွေကသူတို့အတွက်အ‌ကောင်းဆုံးအရာတွေပင်။ဒီစံအိမ်၊ နောက်ပြီးသူ့ရှေ့ရှိကောင်ကလေး လျှို့ဝှက်ချက်တွေကိုယ်စီနှင့် တည်ရှိနေကြသည်။

"" သောက်လိုက်ပါ သခင်လေးရယ် ""

"" ငါမသောက်ဘူးပြောနေတယ် ! ""

ခွမ်း !!

အဘစံလက်ထဲမှခွက်ကိုယူလိုက်ကာ နံရံသို့ပစ်ပေါက်ချလိုက်သည်။နံရံနှင့်တိုက်မိသည့်ဖန်ကွဲစတွေဟာလည်း မြေပြင်ပေါ်၌ကြွေမွပျက်စီးနေကြသည်။နွားနို့ တွေဟာလည်း နံရံကိုဆေးသုတ်လိုက်သည့်အလားရှဲနှစ်လို့ ..

"" ဟင်းး ... အဘစံနောက်တစ်ခွက်ထပ်ယူလာခဲ့ပါ့မယ် ""

"" ဟာကွာ !! ""

အဘစံထွက်သွားသည်နှင့် စားပွဲပေါ်မှာရှိနေသည့်စာရွက်တွေကိုလက်ဖြင့်တိုက်ချလိုက်သည်။စိတ်ပျက်ဖို့ကောင်းတယ်၊ သူ့ကိုဘယ်အချိန်ထိ လိုက်ချုပ်ချယ်နေအုန်းမှာလည်း ... ဝသုန်ဟေဒန်ရဲ့တစ်ချက်လွှတ်စကားမို့ သူမလွန်ဆန်နိုင်။သူလေးစားရသည့်လူရဲ့စကားများကိုလည်း သူမပယ်ချလို။
.
.
"" အဘစံ သခင်လေးအော်လွှတ်လိုက်တာလား ""

တတိယထပ်မှ ဆင်းလာသည့်အဘစံ၏မျက်နှာဟာ မကောင်းလှ။ မိပုအောက်မှစောင့်နေရင်းလည်တစ်‌ မျှော်မျှော်နှင့်ပင်။ဝုန်းဒိုင်းအသံတွေကိုကြားနေရကတည်းကသူ့မှာပူနေရတာ .. တော်ပါသေးအဘစံကိုတစ်ခုခုမလုပ်လိုက်လို့။

"" မိပုထပ်သွားဖျော်လိုက်! ""

"" အဘစံရယ်တစ်နေ့တော့လွှတ်ထားလိုက်ပါ။သခင်လေးဒီနေ့တော့စိတ်မကြည်ဘူးထင်ပါတယ်။ ""

"" တော် ! ငါသွားဖျော်ခိုင်းရင်ဖျော်လိုက်။အတွန့်မတတ်နဲ့။ငါတို့အလုပ်က ခိုင်းသမျှတစ်တွေမသိမ်းလိုက်လုပ်ဖို့ပဲ ""

"" ဟုတ် ဟုတ် ""

မိပုလည်း နွားနို့ကို ပြန်ဖျော်ပေးဖို့ အောက်ထပ်ဆင်းမည်အလုပ် ..

"" အစ်ကိုလေး ယိမ်းယိုင်ကော မိပု ! ""

"" သူကအောက်ထပ်မှာလေ ခွေးနဲ့ ""

"" ကောင်းပြီ အစ်ကိုလေး မသိစေနဲ့ငါပြောတာနားလည်လား။ သူသာသိကြည့် နင့်ကိုသခင်လေးကလျှာဖြတ်လိမ့်မယ် ! ""

"" ဟုတ်ကဲ့ပါတော် ""

မိပုလည်း စကားစဖြတ်ကာအောက်ထပ်သို့မြန်မြန်ဆင်းလာလိုက်သည်။ မီးဖိုချောင်ထဲမဝင်ခင် အစ်ကိုလည်းယိမ်းယိုင်ကိုလှမ်းကြည့်ဖို့လည်းမမေ့။တော်ပါသေးအစ်ကိုလေးက ခွေးနှင့် ဘောလုံးကိုဟိုပစ်ဒီပစ်ဆော့နေလိုသာ။‌ ခွေးခန္ဓာကိုယ်ကခပ်ကြီး,ကြီးရယ်၊ဒီခွေးကို မွေးဖို့ဘယ်လိုစိတ်များဝင်ကြလည်းမိပုလည်းနားမလည်နိုင်တော့ ..

‌အကုန်ဖျော်ပြီးသည်နှင့် သူတို့လက်ထဲအပ်ထားသည့်ဆေးကို ကျိတ်၊ပြီးရင်နွားနို့ခွက်ထဲထည့် နှံ့နေအောင်မွှေကာအနံ့ကိုလည်းခံကြည့်လိုက်ရသည်။နို့နံ့ခပ်ညှင်းညှင်းလေးရမှသာ ခွက်ကိုဗန်းထဲထည့်ကာ အိမ်ပေါ်ထပ်ရှိ အဘစံဆီပေးရအုန်းမည်။

' ဒီတစ်ခါတော့ရိုက်မခွဲပါနဲ့တော့သခင်လေးရယ် မိပုတတိယထပ်တတ်သန့်ရှင်းရေးလုပ်ရမှာကြောက်လို့ပါ '

"" မိပု ဒါဘယ်လဲ ! ""

"" အမလေး ဘုရား အနိစ္စ ဒုက္ခ သခင်လေးရယ်နွားနို့သောက် ! ""

စိတ်ထဲတွင်ခနခနပြောနေသည့်စကားတို့က နောက်နေအလန့်တကြားခေါ်လိုက်သံကြောင့် လွှတ်ခနဲထွက်သွားရသည်။

"" သခင်လေးဖို့လေ နွားနို့ ! ""

"" ငါသွားပို့ပေးမယ် .. ""

"" အမလေး မလုပ်ပါနဲ့အစ်ကိုလေးရယ် အဘစံသာပို့ပါစေ ! ""

အစ်ကိုလေးကိုတကယ်ကိုမသွားစေလို။ဟိုကဒေါသကခပ်ကြီးကြီး တော်ကြာနေဒေါသထွက်နေသည့်သခင်လေးက အစ်ကိုလေးကို ခွက်တွေဖြင့်ပိတ်ပေါက်လို့ တစ်ခုခုဖြစ်သွားမှဖြင့်မိပုဖြင့်မတွေးရဲလှပါ။ရင်လေးလှချည်ရဲ့ အဘစံကတော့ဘာမှမဖြစ်သေခါနီး ခွက်နဲ့ပိတ်ပေါက်လို့နဖူးကွဲရုံကလွဲ ဘာမှမဖြစ် ဖြစ်လည်းသူ့ကိစ္စ‌လေ အစ်ကိုလေးကနုနုနယ်နယ်လေး အမလေး မဖြစ်, မဖြစ်။

"" ရတယ် ! ကျွန်တော် သွားပေးမယ် ""

"" မရဘူးတော် မရဘူး အဘစံပဲပေးခိုင်းမယ် ""

"" မိပု ! ""

"" အစ်ကိုလေး !! ""

"" ဟော ဘာဖြစ်တာလဲမိပုရယ်လာမှလာပါအုန်းမလားလို့ ! ""

"" ဒီမှာပေါ့ အစ်ကိုလေး နွားနို့သူသွားပို့မယ်ဆိုပြီးလုနေတယ်အဘစံ ""

မိပုကတော့ကလေးတွေတိုင်သလို အဘစံကိုလှမ်းတိုင်နေပြန်သည်။

"" ကျွန်တော်ပဲပို့ပါ့မယ်အစ်ကိုလေးရယ်။သခင်လေးကဒေါသထွက်နေတယ်ထင်တယ် .. ""

"" အဲ့တာကြောင့် ကျွန်တော်သွားပို့မယ်ပြောတာပေါ့။ခုနကတည်းကဒုန်းခွမ်းအသံတွေကြားပါတယ် ..
နွားနို့တစ်ခွက်လေးသွားပို့တာ ဘာဖြစ်လို့လဲ ""

"" အစ်ကိုလေးမသိဘူးနော် ဒီနွားနို့ခွက်ထဲမှာလေ ... ""

"" မိပု !! ""

အဘစံက မိပုစကားကုန်အောင်မပြောခင်မှာပင်ဟန့်သည်။ထမင်းကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့ဆိုတာ သင်ပေးရအုန်းမယ်အလိုက်ကန်းဆိုးမသိချက် !

""အဲ့နွားနို့ခွက်ထဲ ဘာတွေပါလို့လည်းပြော မိပု ..""

"" မိပုရဲ့အချစ်တွေ ပါလို့လေဟီးဟီး ""

"" တယ်! ဒီကောင်မငါလုပ်လိုက်ရင်ဖြင့် .. ""

ပြောတာသာနောက်ကျနေသေးတာပါတော် လက်ကရွယ်ပြီးနေပါပြီ။

"" ပေး ကျွန်တော်သွားပို့မယ် !! ""

"" အစ်ကိုလေး ""

"" အဘစံ တားနေလည်းအပိုပဲ။အခန်းကိုသာပြောလိုက်ပါ ""

မိပုလက်ထဲမှ ‌ဗန်းကိုလက်လွှဲယူလိုက်ကာအဘစံကိုကြည့်လိုက်သည်။သူ့ကိုမတားနဲ့ရအောင်လုပ်မည်ဆိုတဲ့အကြည့်မျိုး ယိမ်းယိုင်မျက်ဝန်းတို့၌လည်းပျော်ဝင်နေလေသည်။

"" ဟင်း .. တတိယထပ်ဒုတိယမြောက်ခန်းအစ်ကိုလေး ""

ယိမ်းယိုင်ခေါင်းတစ်ချက်ငြိမ့်ပြကာထွက်လာခဲ့လိုက်သည်။ ဒုတိယထပ်ကိုကျော်ဖြတ်ပြီးတတိယထပ်သို့တတ်သည့်လှေကားထစ်သို့ရောက်သည်နှင့် ခြေလှမ်းတို့ဟာတုန်လာသည်။ရင်ခုန်သည်၊ချန်ဒလာ၏တစ်ဖက်ခြမ်းကို မြင်တွေ့ရဖို့ရင်ခုန်သည်။

အခန်းရှေ့ရောက်သည်နှင့် သူတန်းမဝင်သေးအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဒေါက် ! ဒေါက် !

ပြန်ဆိုသံမကြားရ။တိတ်ဆိတ်ငြိမ်သက်နေသောကြောင့်တံခါး၏လက်ကိုင်ကို,ကိုင်ကာအခန်းတံခါးကိုဖွင့်လိုက်သည်နှင့်ဖိုင်တွဲလို့ထင်ရသည့်အရာတစ်ခုက သူ့မျက်နှာနားသို့ဝဲပျံလာ‌ခဲ့သည်။

ဖုန်း !!

ဘယ်လောက်အားပြင်းလိုက်လည်းမသိ ဖိုင်တွဲရဲ့ရိုက်ခက်သံဟာတောင်အသံကျယ်လွန်းလှသည်။မျက်နှာနားဖြတ်‌ ပြေးသွား‌ သောကြောင့်မထိသော်ငြား မျက်စိစုံမှတ်ခြေထောက်တွေကိုကုတ်ထားလိုက်မိသည်။ကံကောင်းလို့ပေါ့ သူ့ကိုမထိလို့ပေါ့ သူ့ကိုသာထိမိရင်မလွယ်။

"" မင်းက ဒီခန်းထဲဘယ်လိုရောက်နေတာလဲယိမ်းယိုင် ခုထွက်သွားစမ်း !! ""

"" မောင် ~~ ""

"" မခေါ်စမ်းနဲ့ ထွက်သွားစမ်း !! ""

သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောနေသူ၏မျက်ဝန်းတို့ဟာမီးရောင်ခပ်ပြပြထွန်းထားသည့်အခန်းထဲတွင်ထွန်းလင်းနေလေသည်။သူအငြင်းချင်တော့ သူမျက်နှာဘယ်လောက်လွှဲထားလွှဲထား ပြန်ပြန်ငေးကြည့်ခဲ့ရသည့် အကြောင်းပြချက်က ထိုမျက်ဝန်းတွေ ၊ ထိုမျက်ဝန်းတွေပေါ့ ...

"" ဘာဖြစ်လို့လည်း မောင် .. ""

"" ထွက်သွား ! မင်းထွက်သွား ! ""

ယိမ်းယိုင်, ချန်ဒလာနားမြန်ဆန်သောခြေလှမ်းတွေနှင့်တိုးကပ်သွားကာ ..

"" ချန်ဒလာ မင်းဘာဖြစ်နေတာလဲငါ့ကိုပြော ""

ဆေးတွေသူမသောက်ချင်ဘူး။သူဆေးမသောက်တာနဲ့ဝသုန်ဟေဒန်နားထဲပြန်ရောက်မယ်ဆိုတာသိလည်းသူမလုပ်ချင်တော့။ဒီနေ့မှစိတ်ရှုပ်နေသလိုဖြစိကာဒေါသထွက်လည်းလွယ်နေသည်။

နွားနို့ဗန်းကြီးကိုင်ကာတစ်ဖြေးဖြေးသူ့နားကပ်လာသည့်ကောင်လေးကြောင့် သူ့ရဲ့ဒေါသစိတ်တို့ဟာပို၍ထကြွလာလေသည်။မသိစိတ်နှင့်သိတ်စိတ်ဟာသူ့ခေါင်းထဲ ပြိုင်တူလွန်ဆွဲနေသည်။

' လည်ပင်းညစ်ပြီး သတ်ချပလိုက်ချန်ဒလာ၊မင်းရဲ့မိဘတွေကိုသူတို့မိသားစုကသတ်ခဲ့တာချန်ဒလာသတ်ပစ်။ သူတို့မိသားစုကသေသင့်တဲ့မိသားစုကွ သတ်ပစ်ချန်ဒလာ သတ်ပစ် '

ဟားး !!

ခွမ်း !!

ဒေါသတွေပြည့်နှက်နေသည့်မျက်ဝန်းတွေနဲ့စိုက်ကြည့်ကာ သူ့လည်ပင်းကိုဝရုန်းသုန်းကားညစ်လာသူကြောင့်သူ့မှာရှောင်ချိန်တောင်မရလိုက်။ လက်ထဲမှာကိုင်ထားသည့်ခွက်ဟာလည်းမြေပြင်ပေါ်သို့ခစားသွားပြီဖြစ်သည်။ မျက်ဝန်းတွေမီးပမာတောက်လောင်လေ လက်ကညစ်အားဟာလည်းပို၍ပြင်းလာလေဖြစ်သည်။တစ်ဖြေးဖြေးအက်ရှူတွေကျပ်လာကာခြေချောင်းတွေပါကုတ်လာမိသည်။

ယိမ်းယိုင် , ချန်ဒလာ့ရဲ့လက်တွေကို,ကိုင်ကာ

"" ဟ့ ချန် ဒ လာ .. လွှတ် .. လွှတ် ! ""

"" သေ ! သေ ! '"'

""ငါ .. ငါ .. တောင်း .. ပန်.. ပါ တယ် ""

တကယ်မခံနိုင်တော့ ယိမ်းယိုင်တကယ်မခံနိုင်တော့ပေ။ ချန်ဒလာက ဘယ်လိုမှလွှတ်ပေးမည့်ပုံမပေါ်။
လက်တွေကို တစ်ဗြန်းဗြန်းရိုက်လည်းနည်းနည်းလေးတောင်လွှတ်မပေးချင်။မျက်ဝန်းအိမ်တို့ကို မှိတ်လိုက်သည်နှင့်မျက်ရည်ကြည်စတို့ကို သူ့ပါးပြင်ပေါ်သို့လှိမ့်ခနဲဖြတ်သန်းသွားရသည်။

ယိမ်းယိုင်ရဲ့မျက်ရည်စတို့ကိုတွေ့သည်နှင့်ချန်ဒလာဟာသားရိုင်းကနေယုန်သူငယ်ပမာချက်ချင်းငြိမ်ကျသွားကာအသိစိတ်ပြန်ဝင်လာရသည်။ နောက်ဆုံးသူ့ကိုယ်သူမယုံကြည်ခြင်းတွေနှင့်အတူယိမ်းယိုင်ရဲ့ပုံကိုကြည့်ကာ လက်ကိုတစ်ဖြေးဖြေးလွှတ်ချလိုက်ရသည်။

ယိမ်းယိုင်ကတော့ကိုယ့်ကိုယ်ကိုမထိန်းနိုင်စွာ ဖန်ကွဲစတွေကြားပုံရက်သား ...

"" မင်းကို ငါမလာဖို့ပြောတယ် ထွက်သွားယိမ်းယိုင် ထွက်သွား ! ""

"" မောင် ~~ ""

အ့ !

မတ်တပ်ထရပ်လိုက်တော့ အောက်ကဖန်ကွဲစတွေကိုသတိမမူမိ ဘယ်ဘက်ခြေထောက်ကရှမိသွားသည်ထင် အနည်းငယ်မျှစပ်ဖျင်းဖျင်းဖြစ်သွားရသည်။သူ့ရဲ့အော်သံကိုကြားသော်လည်းချန်ဒလာကတော့လုံးဝလှည့်မလာချေ။ သူကပဲ ကျောခိုင်းထားသည့်ထိုကျောပြင်ကျယ်ကြီးနား တစ်ဖြေး‌ဖြေးအားယူကာတိုးကပ်သွားလိုက်သည်။

အနားရောက်သည်နှင့် ချန်ဒလာ့ရဲ့ခါးနားတစ်ဝိုက်ကို
လက်တွေနှင့်ရင်ပတ်ကာဖတ်ထားလိုက်သည်။ထို့နောက်ထိုကျောပြင်ကျယ်ကြီးရဲ့အလည်တည့်တည့်ကိုနှုတ်ခမ်းတို့ဖြင့်အနမ်းဖွဖွပေးလိုက်ကာ..

"" မောင် ဘယ်လိုဖြစ်ဖြစ်ငါမောင့်ဘက်မှာရှိတယ်လေ ""

ချန်ဒလာကဘာမှတော့ပြန်မပြောလာသူကပဲဖက်တွယ်ထားသည့်လက်တွေကိုပိုမိုတိုးဖက်လိုက်ကာ..

"" ပါဠိစကားနဲ့ဆို ဧဟိ ပဿိကောတဲ့။ ဖိတ်ခေါ်ထိုက်ခြင်း၊အစမ်းသပ်နိုင်ခြင်းဆိုတဲ့ဂုဏ်ကိုဆောင်တာ မင်းသိတယ်မလား။ ""

"" .... ""

"" မင်းကိုငါ့ရင်ထဲဝင်လာခဲ့ဖို့ဖိတ်ခေါ်တယ်‌မောင်။
ခနလေးပဲဖြစ်ဖြစ်ဝင်ကြည့်လှည့်ပါ ငါ့မှာ‌မောင့်အတွက်မေတ္တာနဲ့ချစ်ခြင်းတရားတွေအပြည့်ရှိနေတယ်ဆိုတာ မောင်မြင်ရလိမ့်မယ် ""

သူဝန်ခံပါသည်။အတိတ်ကကော လက်ရှိပစ္စုပ္ပန်မှာကော ချန်ဒလာတစ်ဦးထဲကသာသူ့နှစ်လုံးသားကို,ကိုင်လှုပ်နိုင်ခဲ့သူ။ တစ်ချိန်ကရင်ခုန်ခဲ့ရသည့်မျက်ဝန်းတွေ အခုချိန်မှာတော့သူ့အပိုင်ဖြစ်လာခဲ့ပြီ။ လက်မလွှတ်လိုက်ရပါ‌စေနဲ့ချန်ဒလာ။နှုတ်ဆက်ခဲ့သည့်အချိန်မှာကော ပြန်တွေ့ခဲ့သည့်အချိန်မှာကောမသိကျေးကျွန်ပြုခဲ့မိတာတွေအတွက်ပေးဆပ်ချင်သေးသည်။ထိုအရာတွေကိုပေးဆပ်‌ချင်သေးတာမို့ ငါ့အနားမှာ‌ရှိနေပေးပါ။မင်းပင်ပန်းတဲ့အချိန်တိုင်းမင်းရဲ့အနားရှိနေချင်တယ်။မင်းရဲ့ဝမ်းနည်းပင်ပန်းမှုတွေကိုမျှ‌ဝေခံစားချင်မိသေးတယ်။

•~•~•~•~•~•~•~•~•~•~•~

13 • 2 • 2024 •
Xylo

{ A/N Update ကလေ သုံးရက်ပြည့်လေးရက်မြောက်ညတိုင်းပါနော်။ Update ပိုင်းက‌တော့မှန်ကိုမှန်‌နေစေရမယ်လို့အာမခံပါတယ်ရှင်။ နောက်ပြီးခေတ်ကာလက အခုမှထမကောင်းတာမဟုတ်ပေမယ့် အသွားအလာလေးတွေဂရုစိုက်ကြပါ‌အုန်းနော်။ ကိုယ့်ဘက်ကလည်း ဂရုစိုက်ကြပါကလွဲ ဘာမှလည်းမပြောနိုင်တာမို့အားလည်းနာရပါတယ်။ သတင်းအတုအမှား၊အမှန်လေးတွေလည်း‌ခွဲခြားပြီး ချင့်ချိန်ယုံကြပါအုန်းနော် ခုချိန်က Attention ရချင်တာနဲ့ မဟုတ်မှန်မှန်သတင်းတွေတင်နေကြတာ ခပ်များများရယ်။ သတင်းတစ်ခုတွေ့တိုင်း အရမ်းကြီးမကြောက်လန့်ပါနဲ့ ကိုယ့်ရဲ့ Rule လေးအတိုင်းသွားကြရအောင်ရှင်။
ကဲအားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ဒီအခက်အခဲကြီးကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေရှင်။ အဓိကအချက် : ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့မမေ့ရဘူးနော် }








Continue Reading

You'll Also Like

9.5K 684 22
တချိန်က ဘယ်အရာကိုမှဂရုမစိုက်စွာပြုံးပျော်နေခဲ့သော ရှားပိုင်ဇေဟူသည့် လူရွယ်လေးသည် သူသိပ်ချစ်လှပါသောမောင့်ကိုတွေ့ခဲ့ချိန်မှစ၍ သူ့၏ဘဝသည် ကပြောင်းကပြန်ဖြ...
159K 4.5K 12
(COMPLETE) Grab your favorite drink and curl up to a quick romance! So, get ready to follow the adventure to finding love of Monica and Noah as they...
12.5K 625 43
darkness is all that he sees: for he's a boy with broken dreams. •• in which a homeless boy goes to audition for an entertainment company, and there...
686 98 4
وەن شۆت ( کورتە چیرۆک ) بۆ هەموو کەیپۆپ و ئەکتەر و هەرچیەک بتانەوێت🤍 چیرۆکەکان موڵکی خۆمن بردن و کۆپیکردنی لاوازیت دەسەلمێنێت جا خۆت ریپۆرت باران مە...