Chapter 49 – ကူးပြောင်းလာခြင်းလား ပြန်လည်မွေးဖွားလာခြင်းလား
.
ဒါပေမဲ့ ထိုညမှာလူတိုင်းသည် ခက်ခက်ခဲခဲအိပ်ခဲ့ကြရသည်။
မူလက ခန်တစ်ခုအပေါ်မှာလူလေးယောက်အိပ်ခြင်းက ကျပ်ညှပ်နေပြီးသားဖြစ်ရာ အခုငါးယောက်ဆိုတော့ ပို၍ပင်မသက်မသာဖြစ်သွားသည်။ လုရှသည်ဟိုဖက်ဒီဖက်စောင်းဖို့ပင် ခက်ခဲသလိုခံစားရပြီး အရင်ကစူးမန့်ရဲ့ကမ်းလှမ်းမှုက်ိုငြင်းပယ်ခဲ့မိလို့ နောင်တရသွားသည်။
ဒီနေ့ပေါ်လာခဲ့တဲ့ချန်ယွီကျောင်းအကြောင်းကိုလည်းတွေးလိုက်မိပြီး သူမရဲ့စိတ်ရှုပ်ထွေးမှုတွေကြီးထွားလာသည်။ စာအုပ်ထဲမှာ ချန်ယွီကျောင်းက ဇာတ်ပို့တစ်ဦးထက်ဘာမှမပိုပဲ အထင်ရှားဆုံးဗီလိန်ဖြစ်တာကြောင့်ပါပဲ။ ဒါပေမဲ့ သူမကစာအုပ်အလယ်နဲ့နောက်ဆုံးအပိုင်းတွေမှာ ပေါ်လာခဲ့ပါသည်။
အဲ့ဒါကဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီးနောက် ပေကျင်းကိုပြန်လာပြီးနောက်မှာဖြစ်သည်။
ချန်ယွီကျောင်းသည်ကုရှန့်နန်ရဲ့အိမ်နီးချင်းညီမလေးဖြစ်ပေမဲ့ ငယ်သူငယ်ချင်းတွေလည်းဖြစ်သည်။ ကလေးဘဝတည်းကအရွယ်ရောက်တဲ့အထိ ချန်ယွီကျောင်းသည်ကုရှန့်နန်အနောက်တကောက်ကောက်လိုက်ကာ သူနဲ့ကစားရတာကိုကြိုက်သည်။ သူမကိုကုရှန့်နန်ရဲ့ဇနီးလေးဟု သူတို့မိဘတွေကမကြာခဏစနောက်တတ်ကြသည်။
ထိုအချိန်က ကုရှန့်နန်သည်သတိမမူမိတာကြောင့် စိတ်ထဲမထားခဲ့ပေ။ ဒါပေမဲ့ ချန်ယွီကျောင်းသည်အလေးအနက်မှတ်ယူခဲ့ပြီး ကြီးလာတဲ့အခါ ကုရှန့်နန်နဲ့လက်ထပ်ရမယ်လို့ အမြဲတမ်းယုံကြည်ထားခဲ့သည်။
နောက်တော့ ကုရှန့်နန်သည်ကျေးလက်သို့ထွက်သွားပြီး ချန်ယွီကျောင်းသည်ယဉ်ကျေးမှုအဖွဲ့ထဲဝင်ခဲ့သည်။ သူမကသူပြန်လာမှာကိုစောင့်နေရင်း ဘယ်သူနဲ့မှလုံးဝချိန်းမတွေ့ခဲ့ပေ။
ဒါပေမဲ့ သူမကလေးနှစ်တာစောင့်ဆိုင်းခဲ့ပြီး သူပြန်လာတာကိုကြိုဆိုခဲ့ပေမဲ့ သူနဲ့အတူကျေးလက်မှာတုန်းက လက်ထပ်ဖို့သူသီးသန့်ကတိပြုခဲ့တဲ့ တခြားအမျိုးသမီးပညာတတ်လူငယ်အမျိုးသမီးတစ်ယောက်ပါလာခဲ့သည်။ ထိုအမျိုးသမီးကစူးမန့်ပါပဲ။
စူးမန့်သည်ကုရှန့်နန်မြင်မြင်ချင်းချစ်ကျွမ်းဝင်သွားတဲ့ မိန်းကလေးဖြစ်သည်။ သူတို့တွဲသွားကြတဲ့နောက်မှာ သူ့မိဘတွေကိုဒီအကြောင်းအသိပေးခဲ့ပေမဲ့ ကုမိသားစုကစူးမန့်ရဲ့မိသားစုနောက်ခံအကြာင်း သိသွားကြပြီးနောက် အကုန်လုံးကကန့်ကွက်ခဲ့ကြသည်။ ရလာဒ်အနေနဲ့ သူတို့ကလုံးဝလက်မထပ်ခဲ့ကြပေ။
ထို့ပြင် စူးမန့်ကမာနကြီးပြီး ကုရှန့်နန်မိဘတွေဆီက အထင်သေးမခံချင်ပေ။ နှစ်အနည်းငယ်ကြာရင် သူမသည်ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမည်ဆိုတာ သိထားတာကြောင့် တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် သူ့မိဘတွေကိုသွားတွေ့ရန်စီစဉ်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားတစ်ယောက်သာဆိုရင် သူတို့ကသူမကိုလက်ခံကြပေမည်။ ထို့ကြောင့် နှစ်ယောက်သားကကျေးလက်မှာရှိနေစဉ်အတွင်း ဘယ်တုန်းကမှလက်မထပ်ဖြစ်ခဲ့ကြပေ။
ကောလိပ်ဝင်ခွင့်စာမေးပွဲကိုအောင်မြင်ပြီး ပေကျင်းကိုပြန်လာပြီးနောက်တွင် ကုမိသားစုသည်စူးမန့်နဲ့ကုရှန့်နန်တို့ကြိုက်နေကြတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တာကို သိခဲ့ကြပြီး စူးမန့်ရဲ့အထောက်အထားက တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် တန်ဖိုးမြင့်တတ်သွားတာကြောင့် နောက်ဆုံးမှာသူမကိုမိသားစုထဲ ဝင်ခွင့်ပြုရန်သဘောတူခဲ့ကြသည်။
ဒါပေမဲ့ သိပ်ကြာကြာမပျော်ရွှင်နိုင်ခင်မှာပဲ ချန်ယွီကျောင်းပေါ်လာခဲ့သည်။
သူမလေးနှစ်တာစိတ်အားထက်သန်စွာစောင့်ဆိုင်းခဲ့ရတဲ့လူက လက်ထပ်ဖို့ပြန်လာကြောင်း သူမသိရှိသွားခဲ့သည်။ ဒါကသူမကိုနောက်ဆုံးမှာ ဗီလိန်အဖြစ်ပြောင်းသွားစေခဲ့သည်။
ထို့နောက်မှာ ချန်ယွီကျောင်းသည်သူတို့နှစ်ယောက်ကိုခွဲဖို့ ကိစ္စတွေအများအပြားလုပ်ရင်း ဗီလိန်ရဲ့ဇာတ်ရုပ်ကို အပြည့်အဝသရုပ်ဖော်တော့လေသည်။ ဒီလုပ်ရပ်တွေမှာ စူးမန့်ကိုအသရေဖျက်တာ၊ သူမကိုနှောင့်ယှက်ဖို့လူရမ်းကားတွေငှားတာ၊ သူမကိုရောင်းစားဖို့ လူကုန်ကူးသူတွေရှာတာပင်ပါဝင်သည်။
ဒါပေမဲ့ ဒီအကြံအစည်တွေတစ်ခုမှမအောင်မြင်ခဲ့ပါဘူး။ စူးမန့်သည်ကံကောင်းခြင်းတွေပိုင်ဆိုင်ထားသည့်အလား အမြဲတမ်းကံဆိုးမှုကို ကံကောင်းမှုအဖြစ်ပြောင်းနိုင်ခဲ့သည်။
ပြီးတော့ အကြိမ်တိုင်းမှာ သူမရဲ့အကြံအစည်တွေဖော်ထုတ်ခံရကာ ကုမိသားစုနဲ့ကုရှန့်နန်ရဲ့မျက်လုံးထဲက ချန်ယွီကျောင်းရဲ့ပုံရိပ်ကို ကျဆင်းသွားစေခဲ့သည်။ အဆုံးသတ်တွင် ကုမိသားစုသည်သူမနဲ့ ပတ်သတ်ဆက်ဆံတာရပ်လိုက်ပြီး မိသားစုနှစ်ခုသည်ဝေးကွာသွားကြသည်။
ဒါပေမဲ့ ဇာတ်လိုက်မကိုဆန့်ကျင်ခဲ့တဲ့သူတစ်ယောက်က အလွယ်တကူလွတ်မြောက်သွားမှာတဲ့လား?
သေချာပေါက်မဟုတ်ဘူးပေါ့!
အဆုံးတွင် ချန်ယွီကျောင်းသည်အလုပ်အထုတ်ခံခဲ့ရပြီး ချန်မိသားစုသည်လည်း ဇာတ်လိုက်မကယ်တင်ခဲ့တဲ့လူဆီမှ ကျေးဇူးတုံ့ပြန်မှုနဲ့လက်စားချေမှုကို ရင်ဆိုင်ခဲ့ကြရသည်။ မိသားစုဝင်တစ်ချို့သာအဆုံးသတ်ကောင်းခဲ့ပြီး ခြေထောက်ကြားမှာအမြီးကုပ်ကာ မြို့တော်မှထွက်သွားခဲ့ကြရလေသည်။
ချန်ယွီကျောင်းရဲ့ဇာတ်ကောင်က ဇာတ်လိုက်မကိုကုမိသားစုက အနာဂတ်ချွေးမလောင်းအဖြစ် ပိုသဘောကျလာစေပြီး ဇာတ်လိုက်နဲ့ဇာတ်လိုက်မကြားကဆက်ဆံရေးအတွက် အထောက်အကူတစ်ခုလို့ ပြောနိုင်သည်။
ဒါပေမဲ့ လုရှကိုပဟေဠိဖြစ်စေတာက ဒီနေရာမှာမပေါ်လာသင့်တဲ့လူက ဘာကြောင့်ရုတ်တရက်ကြီး ကျေးလက်ကိုထွက်လာခဲ့ရတာလဲ?
ပြီးတော့ ဒီနေ့သူမရဲ့ထူးဆန်းတဲ့အပြုအမူ၊ သူမရဲ့အဆင့်အတန်းကိုအခိုင်အမာပြသနေသကဲ့သို့ ကုရှန့်နန်နဲ့တမင်တကာတရင်းတနှီးနေပြတာ။ ဒီညစူးမန့်အပေါ်ကြည့်တဲ့ သူမရဲ့အကြည့်တွေနဲ့ပေါင်းလိုက်တော့ လုရှသည်ထင်ကြေးမပေးမိပဲမနေနိုင်ပေ။
ချန်ယွီကျောင်းကသူမလိုပဲကူးပြောင်းလာတာလား?
ဒါပေမဲ့ ကုရှန့်နန်အပေါ်သူမရဲ့ပိုင်စိုးပိုင်နင်းဆန်မှုတွေက သူမကချန်ယွီကျောင်းအစစ်ပဲလို့ သူမကိုသံသယဖြစ်စေသည်။
ဆိုတော့ သူမကပြန်လည်မွေးဖွားလာတာလား?
လုရှသည်ထိုအကြောင်းတွေးလေ ဖြစ်နိုင်ချေပိုများတဲ့ပုံပင်။ မဟုတ်ရင် သူမသည်ချန်ယွီကျောင်းကဘာလို့ကျေးလက်ကို ရုတ်တရက်ထွက်လာတာလဲဆိုတာ နားမလည်နိုင်ပေ။
*
Zawgyi
Chapter 49 ကူးေျပာင္းလာျခင္းလား ျပန္လည္ေမြးဖြားလာျခင္းလား
.
ဒါေပမဲ့ ထိုညမွာလူတိုင္းသည္ ခက္ခက္ခဲခဲအိပ္ခဲ့ၾကရသည္။
မူလက ခန္တစ္ခုအေပၚမွာလူေလးေယာက္အိပ္ျခင္းက က်ပ္ညွပ္ေနၿပီးသားျဖစ္ရာ အခုငါးေယာက္ဆိုေတာ့ ပို၍ပင္မသက္မသာျဖစ္သြားသည္။ လုရွသည္ဟိုဖက္ဒီဖက္ေစာင္းဖို႔ပင္ ခက္ခဲသလိုခံစားရၿပီး အရင်ကစူးမန့်ရဲ့ကမ်းလှမ်းမှုက်ိုငြင်းပယ်ခဲ့မိလို့ ေနာင္တရသြားသည္။
ဒီေန႕ေပၚလာခဲ့တဲ့ခ်န္ယြီေက်ာင္းအေၾကာင္းကိုလည္းေတြးလိုက္မိၿပီး သူမရဲ႕စိတ္ရႈပ္ေထြးမႈေတြႀကီးထြားလာသည္။ စာအုပ္ထဲမွာ ခ်န္ယြီေက်ာင္းက ဇာတ္ပို႔တစ္ဦးထက္ဘာမွမပိုပဲ အထင္ရွားဆုံးဗီလိန္ျဖစ္တာေၾကာင့္ပါပဲ။ ဒါေပမဲ့ သူမကစာအုပ္အလယ္နဲ႕ေနာက္ဆုံးအပိုင္းေတြမွာ ေပၚလာခဲ့ပါသည္။
အဲ့ဒါကဇာတ္လိုက္နဲ႕ဇာတ္လိုက္မတို႔ ေကာလိပ္ဝင္ခြင့္စာေမးပြဲေအာင္ျမင္ၿပီးေနာက္ ေပက်င္းကိုျပန္လာၿပီးေနာက္မွာျဖစ္သည္။
ခ်န္ယြီေက်ာင္းသည္ကုရွန့္နန္ရဲ႕အိမ္နီးခ်င္းညီမေလးျဖစ္ေပမဲ့ ငယ္သူငယ္ခ်င္းေတြလည္းျဖစ္သည္။ ကေလးဘဝတည္းကအ႐ြယ္ေရာက္တဲ့အထိ ခ်န္ယြီေက်ာင္းသည္ကုရွန႔္နန္အေနာက္တေကာက္ေကာက္လိုက္ကာ သူနဲ႕ကစားရတာကိုႀကိဳက္သည္။ သူမကိုကုရွန႔္နန္ရဲ႕ဇနီးေလးဟု သူတို႔မိဘေတြကမၾကာခဏစေနာက္တတ္ၾကသည္။
ထိုအခ်ိန္က ကုရွန႔္နန္သည္သတိမမူမိတာေၾကာင့္ စိတ္ထဲမထားခဲ့ေပ။ ဒါေပမဲ့ ခ်န္ယြီေက်ာင္းသည္အေလးအနက္မွတ္ယူခဲ့ၿပီး ႀကီးလာတဲ့အခါ ကုရွန႔္နန္နဲ႕လက္ထပ္ရမယ္လို႔ အၿမဲတမ္းယုံၾကည္ထားခဲ့သည္။
ေနာက္ေတာ့ ကုရွန႔္နန္သည္ေက်းလက္သို႔ထြက္သြားၿပီး ခ်န္ယြီေက်ာင္းသည္ယဥ္ေက်းမႈအဖြဲ႕ထဲဝင္ခဲ့သည္။ သူမကသူျပန္လာမွာကိုေစာင့္ေနရင္း ဘယ္သူနဲ႕မွလုံးဝခ်ိန္းမေတြ႕ခဲ့ေပ။
ဒါေပမဲ့ သူမကေလးႏွစ္တာေစာင့္ဆိုင္းခဲ့ၿပီး သူျပန္လာတာကိုႀကိဳဆိုခဲ့ေပမဲ့ သူနဲ႕အတူေက်းလက္မွာတုန္းက လက္ထပ္ဖို႔သူသီးသန႔္ကတိျပဳခဲ့တဲ့ တျခားအမ်ိဳးသမီးပညာတတ္လူငယ္အမ်ိဳးသမီးတစ္ေယာက္ပါလာခဲ့သည္။ ထိုအမ်ိဳးသမီးကစူးမန႔္ပါပဲ။
စူးမန႔္သည္ကုရွန႔္နန္ျမင္ျမင္ခ်င္းခ်စ္ကြၽမ္းဝင္သြားတဲ့ မိန္းကေလးျဖစ္သည္။ သူတို႔တြဲသြားၾကတဲ့ေနာက္မွာ သူ႕မိဘေတြကိုဒီအေၾကာင္းအသိေပးခဲ့ေပမဲ့ ကုမိသားစုကစူးမန႔္ရဲ႕မိသားစုေနာက္ခံအၾကာင္း သိသြားၾကၿပီးေနာက္ အကုန္လုံးကကန႔္ကြက္ခဲ့ၾကသည္။ ရလာဒ္အေနနဲ႕ သူတို႔ကလုံးဝလက္မထပ္ခဲ့ၾကေပ။
ထို႔ျပင္ စူးမန႔္ကမာနႀကီးၿပီး ကုရွန႔္နန္မိဘေတြဆီက အထင္ေသးမခံခ်င္ေပ။ ႏွစ္အနည္းငယ္ၾကာရင္ သူမသည္ေကာလိပ္ဝင္ခြင့္စာေမးပြဲေျဖရမည္ဆိုတာ သိထားတာေၾကာင့္ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္အျဖစ္ သူ႕မိဘေတြကိုသြားေတြ႕ရန္စီစဥ္ခဲ့သည္။
တကၠသိုလ္ေက်ာင္းသားတစ္ေယာက္သာဆိုရင္ သူတို႔ကသူမကိုလက္ခံၾကေပမည္။ ထို႔ေၾကာင့္ ႏွစ္ေယာက္သားကေက်းလက္မွာရွိေနစဥ္အတြင္း ဘယ္တုန္းကမွလက္မထပ္ျဖစ္ခဲ့ၾကေပ။
ေကာလိပ္ဝင္ခြင့္စာေမးပြဲကိုေအာင္ျမင္ၿပီး ေပက်င္းကိုျပန္လာၿပီးေနာက္တြင္ ကုမိသားစုသည္စူးမန႔္နဲ႕ကုရွန႔္နန္တို႔ႀကိဳက္ေနၾကတာ ႏွစ္ေပါင္းမ်ားစြာၾကာေနၿပီျဖစ္တာကို သိခဲ့ၾကၿပီး စူးမန႔္ရဲ႕အေထာက္အထားက တကၠသိုလ္ေက်ာင္းသားတစ္ေယာက္အျဖစ္ တန္ဖိုးျမင့္တတ္သြားတာေၾကာင့္ ေနာက္ဆုံးမွာသူမကိုမိသားစုထဲ ဝင္ခြင့္ျပဳရန္သေဘာတူခဲ့ၾကသည္။
ဒါေပမဲ့ သိပ္ၾကာၾကာမေပ်ာ္႐ႊင္နိုင္ခင္မွာပဲ ခ်န္ယြီေက်ာင္းေပၚလာခဲ့သည္။
သူမေလးႏွစ္တာစိတ္အားထက္သန္စြာေစာင့္ဆိုင္းခဲ့ရတဲ့လူက လက္ထပ္ဖို႔ျပန္လာေၾကာင္း သူမသိရွိသြားခဲ့သည္။ ဒါကသူမကိုေနာက္ဆုံးမွာ ဗီလိန္အျဖစ္ေျပာင္းသြားေစခဲ့သည္။
ထို႔ေနာက္မွာ ခ်န္ယြီေက်ာင္းသည္သူတို႔ႏွစ္ေယာက္ကိုခြဲဖို႔ ကိစၥေတြအမ်ားအျပားလုပ္ရင္း ဗီလိန္ရဲ႕ဇာတ္႐ုပ္ကို အျပည့္အဝသ႐ုပ္ေဖာ္ေတာ့ေလသည္။ ဒီလုပ္ရပ္ေတြမွာ စူးမန႔္ကိုအသေရဖ်က္တာ၊ သူမကိုႏွောင့္ယွက္ဖို႔လူရမ္းကားေတြငွားတာ၊ သူမကိုေရာင္းစားဖို႔ လူကုန္ကူးသူေတြရွာတာပင္ပါဝင္သည္။
ဒါေပမဲ့ ဒီအႀကံအစည္ေတြတစ္ခုမွမေအာင္ျမင္ခဲ့ပါဘူး။ စူးမန႔္သည္ကံေကာင္းျခင္းေတြပိုင္ဆိုင္ထားသည့္အလား အၿမဲတမ္းကံဆိုးမႈကို ကံေကာင္းမႈအျဖစ္ေျပာင္းနိုင္ခဲ့သည္။
ၿပီးေတာ့ အႀကိမ္တိုင္းမွာ သူမရဲ႕အႀကံအစည္ေတြေဖာ္ထုတ္ခံရကာ ကုမိသားစုနဲ႕ကုရွန႔္နန္ရဲ႕မ်က္လုံးထဲက ခ်န္ယြီေက်ာင္းရဲ႕ပုံရိပ္ကို က်ဆင္းသြားေစခဲ့သည္။ အဆုံးသတ္တြင္ ကုမိသားစုသည္သူမနဲ႕ ပတ္သတ္ဆက္ဆံတာရပ္လိုက္ၿပီး မိသားစုႏွစ္ခုသည္ေဝးကြာသြားၾကသည္။
ဒါေပမဲ့ ဇာတ္လိုက္မကိုဆန႔္က်င္ခဲ့တဲ့သူတစ္ေယာက္က အလြယ္တကူလြတ္ေျမာက္သြားမွာတဲ့လား?
ေသခ်ာေပါက္မဟုတ္ဘူးေပါ့!
အဆုံးတြင္ ခ်န္ယြီေက်ာင္းသည္အလုပ္အထုတ္ခံခဲ့ရၿပီး ခ်န္မိသားစုသည္လည္း ဇာတ္လိုက္မကယ္တင္ခဲ့တဲ့လူဆီမွ ေက်းဇူးတုံ႕ျပန္မႈနဲ႕လက္စားေခ်မႈကို ရင္ဆိုင္ခဲ့ၾကရသည္။ မိသားစုဝင္တစ္ခ်ိဳ႕သာအဆုံးသတ္ေကာင္းခဲ့ၿပီး ေျခေထာက္ၾကားမွာအၿမီးကုပ္ကာ ၿမိဳ႕ေတာ္မွထြက္သြားခဲ့ၾကရေလသည္။
ခ်န္ယြီေက်ာင္းရဲ႕ဇာတ္ေကာင္က ဇာတ္လိုက္မကိုကုမိသားစုက အနာဂတ္ေခြၽးမေလာင္းအျဖစ္ ပိုသေဘာက်လာေစၿပီး ဇာတ္လိုက္နဲ႕ဇာတ္လိုက္မၾကားကဆက္ဆံေရးအတြက္ အေထာက္အကူတစ္ခုလို႔ ေျပာနိုင္သည္။
ဒါေပမဲ့ လုရွကိုပေဟဠိျဖစ္ေစတာက ဒီေနရာမွာမေပၚလာသင့္တဲ့လူက ဘာေၾကာင့္႐ုတ္တရက္ႀကီး ေက်းလက္ကိုထြက္လာခဲ့ရတာလဲ?
ၿပီးေတာ့ ဒီေန႕သူမရဲ႕ထူးဆန္းတဲ့အျပဳအမူ၊ သူမရဲ႕အဆင့္အတန္းကိုအခိုင္အမာျပသေနသကဲ့သို႔ ကုရွန႔္နန္နဲ႕တမင္တကာတရင္းတႏွီးေနျပတာ။ ဒီညစူးမန႔္အေပၚၾကည့္တဲ့ သူမရဲ႕အၾကည့္ေတြနဲ႕ေပါင္းလိုက္ေတာ့ လုရွသည္ထင္ေၾကးမေပးမိပဲမေနနိုင္ေပ။
ခ်န္ယြီေက်ာင္းကသူမလိုပဲကူးေျပာင္းလာတာလား?
ဒါေပမဲ့ ကုရွန႔္နန္အေပၚသူမရဲ႕ပိုင္စိုးပိုင္နင္းဆန္မႈေတြက သူမကခ်န္ယြီေက်ာင္းအစစ္ပဲလို႔ သူမကိုသံသယျဖစ္ေစသည္။
ဆိုေတာ့ သူမကျပန္လည္ေမြးဖြားလာတာလား?
လုရွသည္ထိုအေၾကာင္းေတြးေလ ျဖစ္နိုင္ေခ်ပိဳမ်ားတဲ့ပုံပင္။ မဟုတ္ရင္ သူမသည္ခ်န္ယြီေက်ာင္းကဘာလို႔ေက်းလက္ကို ႐ုတ္တရက္ထြက္လာတာလဲဆိုတာ နားမလည္နိုင္ေပ။
*