Chapter 48 – မကောင်းတဲ့ရည်ရွယ်ချက်များ
.
ညစာစားစဉ်အတွင်း ကုရှန့်နန်သည်ချန်ယွီကျောင်းကို ကိုယ့်ဘာသာကိုယ်မိတ်ဆက်ရန်ပြောခဲ့သည်။
သူက " ယွီကျောင်းက ကျွန်တော့အိမ်နီးချင်းညီမလေးပါ ငယ်ငယ်လေးထဲကအလိုလိုက်ခံထားရတော့ သူတစ်ခုခုအမှားလုပ်မိတာရှိရင် ကျေးဇူးပြုပြီးသည်းခံပေးကြပါအုံး"
လူသည်ဒီစကားကြားလိုက်ရတော့ သူမကိုဂရုစိုက်ပေးရန် လိုလားမှုကိုထုတ်ဖော်ပြသလိုက်ကြသည်။ ဒါပေမဲ့ သူတို့ရင်ထဲမှာတော့ သိလိုစိတ်ဖြစ်သွားတယ်။ သူတို့နှစ်ယောက်ကဒီတိုင်းအိမ်နီးချင်းသက်သက်ပဲလား? အဲ့ဒီလိုသာဆို သူမကဒီလိုကောင်းမွန်တဲ့အလုပ်ကိုလက်လျှော့ပြီး သူ့နောက်ကနေကျေးလက်ကို ဘာလို့လိုက်လာတာလဲ?
ဒါပေမဲ့ ဘယ်သူကမှဆက်မမေးမြန်းခဲ့ကြပေ။
ထိုအချိန်တွင် ချန်ယွီကျောင်းသည်လက်ဦးမှုယူကာပြောလိုက်သည်။
" ကျွန်မကအစ်ကိုရှန့်နန်ရဲ့အိမ်နီးချင်းညီမလေးဖြစ်ရုံတင်မကဘူး အစ်ကို့ရဲ့ကလေးဘဝတည်းကသတို့သမီးလောင်းလည်းဟုတ်ပါတယ် ကျွန်မတို့မိသားစုတွေက ကျွန်မတို့မွေးကတည်းက စေ့စပ်ကြောင်းလမ်းပေးထားတာပါ!"
သူမစကားတွေကိုကြားလိုက်ရတဲ့အခါ လူတိုင်းသည်ချက်ချင်းနားလည်သွားကြသည်။ အမှန်ပဲ သူမကသူ့ရဲ့စေ့စပ်ထားတဲ့သူကိုး။ မဆန်းတော့ပါဘူး။
ဒါပေမဲ့ သူတို့အားမကျမိပဲမနေနိုင်ပေ။ ကုရှန့်နန်ရဲ့စေ့စပ်ထားသူက သူ့အတွက်အများကြီးလုပ်ပေးဖို့ဆန္ဒရှိပြီး သူ့ကိုအဖော်ပြုပေးရန် သူမအလုပ်ကိုပင်စွန့်လွှတ်ခဲ့သည်။ ဒါကအတော်လေးကို ရင်ထဲထိစရာပဲ။
ဒါပေမဲ့ ကုရှန့်နန်သည်သူမပြောတာကြားလိုက်ရတော့ မသိစိတ်နဲ့အလိုလိုမျက်မှောင်ကျုံ့သွားပြီး " ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ? ဒါကငါတို့ကလေးတုန်းက လူကြီးတွေစခဲ့တဲ့ဟာသတစ်ခုသက်သက်ပဲ ဒါကိုအလေးအနက်မမှတ်ယူခဲ့ကြပါဘူး"
သူကစကားပြောရင်းနဲ့ စူးမန့်ကိုတစ်ချက်လှမ်းကြည့်လိုက်ပေမဲ့ စူးမန့်ကသူ့ကိုမကြည့်လာခဲ့ပေ။
ချန်ယွီကျောင်းသည် စူးမန့်အပေါ်ကုရှန့်နန်ရဲ့အကြည့်တွေကို သတိထားမိပြီး မျက်နှာထားရုတ်တရက်ပျက်ယွင်းသွားသည်။ ဒါပေမဲ့ သူမရဲ့အပြစ်ကင်းစင်တဲ့ပုံလေး အလျင်မြန်ပြန်ဖြစ်သွားသည်။
" ဒါပေမဲ့ ညီမကတော့အလေးအနက်သဘောထားခဲ့တာပါ ညီမငယ်ငယ်လေးထဲကကြီးလာတဲ့အခါ အစ်ကိုရှန့်နန်ကိုလက်ထပ်ချင်တယ်လို့ ပြောလာခဲ့တာလေ"
ကုရှန့်နန်သည်သူများတွေအထင်လွဲသွားမှာ ကြောက်နေသည့်အလား မျက်မှောင်တွေပိုနက်ရှိုင်းသွားပြီး ပြောရင်းနဲ့သူ့လေသံကပိုပိုလေးနက်လာသည်။
" အဲ့ဒီကိစ္စတွေဆက်မပြောနဲ့တော့ ငါမင်းကိုညီမလေးတစ်ယောက်အဖြစ်ပဲမြင်တယ်"
သူ့စကားတွေကြားလိုက်ရတဲ့အခါ ချန်ယွီကျောင်းမျက်လုံးတွေနီရဲသွားပြီး မျက်ရည်မကျမိအောင်ထိန်းထားရပုံပေါက်နေသည်။
တခြားသူတွေသည်တစ်ခုခုမှားယွင်းနေမှန်းခံစားမိလိုက်ကြပြီး ဘာမှမပြောကြတော့ပေ။ ညစာကိုအလျင်အမြန်လက်စသတ်လိုက်ကြသည်။
စူးမန့်သည်ဒီနေ့မှာအတော်လေးတိတ်ဆိတ်နေပြီး ကုရှန့်နန်ကိုအကြည့်လေးတစ်ချက်ပင်မစွန့်ကြဲပဲ ညစာစားပြီးနောက် အခန်းဆီတန်းပြန်သွားသည်။ လုရှသည်သူမအနောက်မှလိုက်သွားပြီး စူးမန့်မလှုပ်မရှက်နဲ့တံခါးဝမှာ မတ်တပ်ရပ်နေတာမြင်လိုက်ရတော့ သူမအကြည့်တွေနောက်လိုက်ကာကြည့်လိုက်ရာ အခန်းအတွင်းကပစ္စည်းတွေအပုံလိုက်ကို သတိပြုမိသွားသည်။
ချန်ယွီကျောင်းသည်ပစ္စည်းပစ္စယအတော်များများယူလာခဲ့ပြီး ခရီးဆောင်သေတ္တာအပြင် အိတ်ကြီးနှစ်လုံးလည်းရှိသည်။ အတွင်းမှာဘာတွေပါမှန်းတော့မသိရပေမဲ့ သူမကအိတ်တွေကိုကြမ်းပြင်ပေါ်မှာ ဒီအတိုင်းချထားခဲ့ပြီး အခန်းထဲဝင်မဲ့လမ်းကိုပိတ်ဆို့ထားသည်။
နှစ်ယောက်သားအကြည့်ချင်းဖလှယ်လိုက်ပြီး ချန်ယွီကျောင်းကိုအိတ်တွေရွှေ့ပေးရန်သွားပြောဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ ချန်ယွီကျောင်းကပြုံးပြီး အထဲဝင်လာသည်။
" အိုး ကျွန်မရှင်တို့လမ်းကိုပိတ်ထားမိတာလား? တကယ်တောင်းပန်ပါတယ်နော် အားလုံးကကျွန်မမိသားစုကြောင့်ပဲပေါ့ သူတို့ကကျွန်မအတွက်ဆိုပြီးပစ္စည်းတွေအများကြီးထုတ်ပိုးပေးလိုက်ကြတာလေ ကျွန်မမိသားစုတင်မကဘူး ကုရှန့်နန်ရဲ့အမေနဲ့အဖေကကလည်း ကျွန်မကုရှန့်နန်ကိုသွားရှာမယ်ဆိုတာကြားသွားတော့ ပစ္စည်းတွေအများကြီးပို့ပေးခဲ့တာ ကျွန်မကိုကောင်းကောင်းဂရုစိုက်ပေးခိုင်းဖို့ သူ့အတွက်စာတစ်စောင်တောင်အထူးတလည်ရေးပေးလိုက်ကြသေးတယ်"
သူမကပြောဆိုရင်းနဲ့ စူးမန့်ကိုဂုဏ်ယူဝင့်ကြွားတဲ့မျက်နှာထားနဲ့ ကြည့်လိုက်သည်။
လုရှမျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သာမာန်သိစိတ်အရ ဒါကတစ်ဖက်လူကစူးမန့်ကိုတွေ့ဖူးတဲ့ပထမဆုံးအကြိမ်ပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် သူမသည်စူးမန့်ကိုတကယ်မနှစ်သက်ဘူးဆိုတာ လုရှခံစားမိသည်။ စူးမန့်ကိုသူမကြည့်တဲ့ပုံက မကောင်းတဲ့ရည်ရွယ်ချက်တို့ပြည့်နေသည်။
စူးမန့်သည်သတိပြုမိပုံမရသလို သူမစကားတွေကိုအာရုံထဲမထည့်ပဲ အဲ့ဒီအစား တည့်တိုးပြောလိုက်သည်။
" နင့်ရဲ့ပစ္စည်းတွေကိုဖယ်ပေးနိုင်မလား? လမ်းပိတ်နေတယ်"
သူမရဲ့တုံ့ပြန်မှုကြောင့်စိတ်ပျက်သွားပုံရပြီး ချန်ယွီကျောင်း နှုတ်ခမ်းခမ်းစူသွားပေမဲ့ ပစ္စည်းတွေကိုဖယ်ပြီး လမ်းလုပ်ပေးလိုက်ပါသေးသည်။ ဒါပေမဲ့ သူမစူးမန့်ကိုကြည့်တဲ့ပုံက ထူးဆန်းတဲ့အဓိပ္ပါယ်တွေအပြည့်ပင်။ အခန်းထဲဝင်လာပြီးနောက်တွင် လုရှနဲ့စူးမန့်တို့နှစ်ယောက်စလုံး ကြက်သေသေသွားကြသည်။
ချန်ယွီကျောင်းသည် ခန်ရဲ့ထိပ်ပိုင်းမှာတိုက်ရိုက်နေရာယူထားပြီး သူမအိပ်ရာခင်းကအရမ်းကျယ်ပြန့်သည်။ သူမကသူများတွေရဲ့အိပ်ရာခင်းတွေကိုတောင် ဘေးတွန်းထုတ်ထားပြီး အားလုံးကိုအစွန်အဖျားလေးမှာ တိုးဝှေ့ပူးကပ်ထားသည်။
လုရှသည်ခဏလောက်ပြောစရာစကားပျောက်ရှသွားပေမဲ့ အားလုံးရဲ့နေရာတွေကို နေရာပြန်ချပေးလိုက်ပါသေးသည်။
ကျွမ်းဟုန်မိန်နဲ့ယွီဖန်းတို့ပြန်လာပြီး နေရာယူထားတဲ့ခန်ရဲ့ထိပ်ပိုင်းကိုမြင်လိုက်ရတော့ မျက်နှာထားတွေကြည့်ရဆိုးသွားကြသည်။ ယွီဖန်းသည်အတော်လေးနှုတ်ဆိတ်နေပြီး အတိအလင်းမပြသခဲ့ပေမဲ့ ကျွမ်းဟုန်မိန်ကတော့ သူမမျက်နှာပေါ်ကမကျေနပ်မှုကို တိုက်ရိုက်ပြသလိုက်သည်။
အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကိုကြောက်ရွံ့တဲ့လူတွေရဲ့ထုံးစံအတိုင်း သူမကအေးစက်စက်မျက်နှာဖြင့် ချန်ယွီကျောင်းကိုစက်ဆုပ်တဲ့အကြည့်တစ်ချက်ပေးလိုက်ပေမဲ့ ဘာမှတော့မပြောခဲ့ပါဘူး။
Zawgyi
Chapter 48 မေကာင္းတဲ့ရည္႐ြယ္ခ်က္မ်ား
.
ညစာစားစဥ္အတြင္း ကုရွန႔္နန္သည္ခ်န္ယြီေက်ာင္းကို ကိုယ့္ဘာသာကိုယ္မိတ္ဆက္ရန္ေျပာခဲ့သည္။
သူက " ယြီေက်ာင္းက ကြၽန္ေတာ့အိမ္နီးခ်င္းညီမေလးပါ ငယ္ငယ္ေလးထဲကအလိုလိုက္ခံထားရေတာ့ သူတစ္ခုခုအမွားလုပ္မိတာရွိရင္ ေက်းဇူးျပဳၿပီးသည္းခံေပးၾကပါအုံး"
လူသည္ဒီစကားၾကားလိုက္ရေတာ့ သူမကိုဂ႐ုစိုက္ေပးရန္ လိုလားမႈကိုထုတ္ေဖာ္ျပသလိုက္ၾကသည္။ ဒါေပမဲ့ သူတို႔ရင္ထဲမွာေတာ့ သိလိုစိတ္ျဖစ္သြားတယ္။ သူတို႔ႏွစ္ေယာက္ကဒီတိုင္းအိမ္နီးခ်င္းသက္သက္ပဲလား? အဲ့ဒီလိုသာဆို သူမကဒီလိုေကာင္းမြန္တဲ့အလုပ္ကိုလက္ေလွ်ာ့ၿပီး သူ႕ေနာက္ကေနေက်းလက္ကို ဘာလို႔လိုက္လာတာလဲ?
ဒါေပမဲ့ ဘယ္သူကမွဆက္မေမးျမန္းခဲ့ၾကေပ။
ထိုအခ်ိန္တြင္ ခ်န္ယြီေက်ာင္းသည္လက္ဦးမႈယူကာေျပာလိုက္သည္။
" ကြၽန္မကအစ္ကိုရွန့္နန္ရဲ႕အိမ္နီးခ်င္းညီမေလးျဖစ္႐ုံတင္မကဘူး အစ္ကို႔ရဲ႕ကေလးဘဝတည္းကသတို႔သမီးေလာင္းလည္းဟုတ္ပါတယ္ ကြၽန္မတို႔မိသားစုေတြက ကြၽန္မတို႔ေမြးကတည္းက ေစ့စပ္ေၾကာင္းလမ္းေပးထားတာပါ!"
သူမစကားေတြကိုၾကားလိုက္ရတဲ့အခါ လူတိုင္းသည္ခ်က္ခ်င္းနားလည္သြားၾကသည္။ အမွန္ပဲ သူမကသူ႕ရဲ႕ေစ့စပ္ထားတဲ့သူကိုး။ မဆန္းေတာ့ပါဘူး။
ဒါေပမဲ့ သူတို႔အားမက်မိပဲမေနနိုင္ေပ။ ကုရွန႔္နန္ရဲ႕ေစ့စပ္ထားသူက သူ႕အတြက္အမ်ားႀကီးလုပ္ေပးဖို႔ဆႏၵရွိၿပီး သူ႕ကိုအေဖာ္ျပဳေပးရန္ သူမအလုပ္ကိုပင္စြန႔္လႊတ္ခဲ့သည္။ ဒါကအေတာ္ေလးကို ရင္ထဲထိစရာပဲ။
ဒါေပမဲ့ ကုရွန႔္နန္သည္သူမေျပာတာၾကားလိုက္ရေတာ့ မသိစိတ္နဲ႕အလိုလိုမ်က္ေမွာင္က်ဳံ႕သြားၿပီး " ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ? ဒါကငါတို႔ကေလးတုန္းက လူႀကီးေတြစခဲ့တဲ့ဟာသတစ္ခုသက္သက္ပဲ ဒါကိုအေလးအနက္မမွတ္ယူခဲ့ၾကပါဘူး"
သူကစကားေျပာရင္းနဲ႕ စူးမန႔္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္ေပမဲ့ စူးမန႔္ကသူ႕ကိုမၾကည့္လာခဲ့ေပ။
ခ်န္ယြီေက်ာင္းသည္ စူးမန႔္အေပၚကုရွန႔္နန္ရဲ႕အၾကည့္ေတြကို သတိထားမိၿပီး မ်က္ႏွာထား႐ုတ္တရက္ပ်က္ယြင္းသြားသည္။ ဒါေပမဲ့ သူမရဲ႕အျပစ္ကင္းစင္တဲ့ပုံေလး အလ်င္ျမန္ျပန္ျဖစ္သြားသည္။
" ဒါေပမဲ့ ညီမကေတာ့အေလးအနက္သေဘာထားခဲ့တာပါ ညီမငယ္ငယ္ေလးထဲကႀကီးလာတဲ့အခါ အစ္ကိုရွန့္နန္ကိုလက္ထပ္ခ်င္တယ္လို႔ ေျပာလာခဲ့တာေလ"
ကုရွန႔္နန္သည္သူမ်ားေတြအထင္လြဲသြားမွာ ေၾကာက္ေနသည့္အလား မ်က္ေမွာင္ေတြပိုနက္ရွိုင္းသြားၿပီး ေျပာရင္းနဲ႕သူ႕ေလသံကပိုပိုေလးနက္လာသည္။
" အဲ့ဒီကိစၥေတြဆက္မေျပာနဲ႕ေတာ့ ငါမင္းကိုညီမေလးတစ္ေယာက္အျဖစ္ပဲျမင္တယ္"
သူ႕စကားေတြၾကားလိုက္ရတဲ့အခါ ခ်န္ယြီေက်ာင္းမ်က္လုံးေတြနီရဲသြားၿပီး မ်က္ရည္မက်မိေအာင္ထိန္းထားရပုံေပါက္ေနသည္။
တျခားသူေတြသည္တစ္ခုခုမွားယြင္းေနမွန္းခံစားမိလိုက္ၾကၿပီး ဘာမွမေျပာၾကေတာ့ေပ။ ညစာကိုအလ်င္အျမန္လက္စသတ္လိုက္ၾကသည္။
စူးမန႔္သည္ဒီေန႕မွာအေတာ္ေလးတိတ္ဆိတ္ေနၿပီး ကုရွန့္နန္ကိုအၾကည့္ေလးတစ္ခ်က္ပင္မစြန႔္ႀကဲပဲ ညစာစားၿပီးေနာက္ အခန္းဆီတန္းျပန္သြားသည္။ လုရွသည္သူမအေနာက္မွလိုက္သြားၿပီး စူးမန႔္မလႈပ္မရွက္နဲ႕တံခါးဝမွာ မတ္တပ္ရပ္ေနတာျမင္လိုက္ရေတာ့ သူမအၾကည့္ေတြေနာက္လိုက္ကာၾကည့္လိုက္ရာ အခန္းအတြင္းကပစၥည္းေတြအပုံလိုက္ကို သတိျပဳမိသြားသည္။
ခ်န္ယြီေက်ာင္းသည္ပစၥည္းပစၥယအေတာ္မ်ားမ်ားယူလာခဲ့ၿပီး ခရီးေဆာင္ေသတၱာအျပင္ အိတ္ႀကီးႏွစ္လုံးလည္းရွိသည္။ အတြင္းမွာဘာေတြပါမွန္းေတာ့မသိရေပမဲ့ သူမကအိတ္ေတြကိုၾကမ္းျပင္ေပၚမွာ ဒီအတိုင္းခ်ထားခဲ့ၿပီး အခန္းထဲဝင္မဲ့လမ္းကိုပိတ္ဆို႔ထားသည္။
ႏွစ္ေယာက္သားအၾကည့္ခ်င္းဖလွယ္လိုက္ၿပီး ခ်န္ယြီေက်ာင္းကိုအိတ္ေတြေ႐ႊ႕ေပးရန္သြားေျပာဖို႔ ျပင္လိုက္သည္။ ဒါေပမဲ့ ခ်န္ယြီေက်ာင္းကၿပဳံးၿပီး အထဲဝင္လာသည္။
" အိုး ကြၽန္မရွင္တို႔လမ္းကိုပိတ္ထားမိတာလား? တကယ္ေတာင္းပန္ပါတယ္ေနာ္ အားလုံးကကြၽန္မမိသားစုေၾကာင့္ပဲေပါ့ သူတို႔ကကြၽန္မအတြက္ဆိုၿပီးပစၥည္းေတြအမ်ားႀကီးထုတ္ပိုးေပးလိုက္ၾကတာေလ ကြၽန္မမိသားစုတင္မကဘူး ကုရွန႔္နန္ရဲ႕အေမနဲ႕အေဖကကလည္း ကြၽန္မကုရွန႔္နန္ကိုသြားရွာမယ္ဆိုတာၾကားသြားေတာ့ ပစၥည္းေတြအမ်ားႀကီးပို႔ေပးခဲ့တာ ကြၽန္မကိုေကာင္းေကာင္းဂ႐ုစိုက္ေပးခိုင္းဖို႔ သူ႕အတြက္စာတစ္ေစာင္ေတာင္အထူးတလည္ေရးေပးလိုက္ၾကေသးတယ္"
သူမကေျပာဆိုရင္းနဲ႕ စူးမန႔္ကိုဂုဏ္ယူဝင့္ႂကြားတဲ့မ်က္ႏွာထားနဲ႕ ၾကည့္လိုက္သည္။
လုရွမ်က္ခုံးတစ္ဖက္ပင့္လိုက္သည္။ သာမာန္သိစိတ္အရ ဒါကတစ္ဖက္လူကစူးမန႔္ကိုေတြ႕ဖူးတဲ့ပထမဆုံးအႀကိမ္ေပမဲ့ အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ သူမသည္စူးမန႔္ကိုတကယ္မႏွစ္သက္ဘူးဆိုတာ လုရွခံစားမိသည္။ စူးမန႔္ကိုသူမၾကည့္တဲ့ပုံက မေကာင္းတဲ့ရည္႐ြယ္ခ်က္တို႔ျပည့္ေနသည္။
စူးမန႔္သည္သတိျပဳမိပုံမရသလို သူမစကားေတြကိုအာ႐ုံထဲမထည့္ပဲ အဲ့ဒီအစား တည့္တိုးေျပာလိုက္သည္။
" နင့္ရဲ႕ပစၥည္းေတြကိုဖယ္ေပးနိုင္မလား? လမ္းပိတ္ေနတယ္"
သူမရဲ႕တုံ႕ျပန္မႈေၾကာင့္စိတ္ပ်က္သြားပုံရၿပီး ခ်န္ယြီေက်ာင္း ႏႈတ္ခမ္းခမ္းစူသြားေပမဲ့ ပစၥည္းေတြကိုဖယ္ၿပီး လမ္းလုပ္ေပးလိုက္ပါေသးသည္။ ဒါေပမဲ့ သူမစူးမန႔္ကိုၾကည့္တဲ့ပုံက ထူးဆန်းတဲ့အဓိပ္ပါယ်တွေအပြည့်ပင်။ အခန္းထဲဝင္လာၿပီးေနာက္တြင္ လုရွနဲ႕စူးမန႔္တို႔ႏွစ္ေယာက္စလုံး ၾကက္ေသေသသြားၾကသည္။
ခ်န္ယြီေက်ာင္းသည္ ခန္ရဲ႕ထိပ္ပိုင္းမွာတိုက္ရိုက္ေနရာယူထားၿပီး သူမအိပ္ရာခင္းကအရမ္းက်ယ္ျပန့္သည္။ သူမကသူမ်ားေတြရဲ႕အိပ္ရာခင္းေတြကိုေတာင္ ေဘးတြန္းထုတ္ထားၿပီး အားလုံးကိုအစြန္အဖ်ားေလးမွာ တိုးေဝွ႕ပူးကပ္ထားသည္။
လုရွသည္ခဏေလာက္ေျပာစရာစကားေပ်ာက္ရွသြားေပမဲ့ အားလုံးရဲ႕ေနရာေတြကို ေနရာျပန္ခ်ေပးလိုက္ပါေသးသည္။
ကြၽမ္းဟုန္မိန္နဲ႕ယြီဖန္းတို႔ျပန္လာၿပီး ေနရာယူထားတဲ့ခန္ရဲ႕ထိပ္ပိုင္းကိုျမင္လိုက္ရေတာ့ မ်က္ႏွာထားေတြၾကည့္ရဆိုးသြားၾကသည္။ ယြီဖန္းသည္အေတာ္ေလးႏႈတ္ဆိတ္ေနၿပီး အတိအလင္းမျပသခဲ့ေပမဲ့ ကြၽမ္းဟုန္မိန္ကေတာ့ သူမမ်က္ႏွာေပၚကမေက်နပ္မႈကို တိုက္ရိုက္ျပသလိုက္သည္။
အားနည္းသူကိုအနိုင္က်င့္ၿပီး အားႀကီးသူကိုေၾကာက္႐ြံ႕တဲ့လူေတြရဲ႕ထုံးစံအတိုင္း သူမကေအးစက္စက္မ်က္ႏွာျဖင့္ ခ်န္ယြီေက်ာင္းကိုစက္ဆုပ္တဲ့အၾကည့္တစ္ခ်က္ေပးလိုက္ေပမဲ့ ဘာမွေတာ့မေျပာခဲ့ပါဘူး။