သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-169/170

264 19 1
By Miracle_Phyu97

ဖေးချမ့် 169+170

အခန်း(၁၆၉) ဂြိုဟ်ကောင်တစ်ကောင်တော့ရှိနေပြီ

"ခင်ဗျား... စျေးစစ်လိုက်တာလား" ဖေးချမ့် မေးလိုက်သည်။

လက်ထောက်ရှင်းက ပြုံးလိုက်၏။ "ကျွန်မ စစ်ချင်ပါတယ် ဘော့စ်ဖေး။ နောက်ဆုံးတော့ ကျွန်မ ဘာမှပြောဖို့တောင်မလိုခဲ့ဘူး။ မန်နေဂျာကျန်းက ဦးဆောင်ပြီး အဲ့အကြောင်းကို ပြောလာတာပါ"

ဖေးချမ့် အနည်းငယ် မူးလာသည်ဟု ခံစားနေရပါသည်။ အဓိပ္ပာယ်တော့ရှိသည်။ လက်ထောက်ရှင်းက ဘယ်လောက်ပဲ အပြောကောင်းပါစေ ဘယ်လိုလုပ် ငှားရမ်းခကို ဒီလောက် နိမ့်သွားအောင် စျေးစစ်နိုင်မှာလဲ။

ဒီကိစ္စက ထင်ရတာထက် လေးနက်နေပြီ။

မန်နေဂျာကျန်းက ရှန််းဟွာဗျူး၏ မန်နေဂျာသာသာ ဖြစ်သည်။ စရန်တွေကို ချေပြီး ငှားခတွေကို လျှော့ပေးလောက်ရတဲ့အထိ ဘယ်က အာဏာတွေ အများကြီး ရနိုင်မှာလဲ။

၄ ယွမ်က ပုံမှန်ဆိုလျှင် ၃.၅ ယွမ်သို့ လျှော့ချလိုက်ခြင်းက သိပ်မဆိုးလှဘဲ ၃ ယွမ်သို့လျှော့ချလိုက်ရင်တောင် တော်တော်လေး ရက်ရောသော ဒစ်စကောင့် ဖြစ်နေပါပြီ။ သို့သော်လည်း သူတို့က ၁ စတုရန်းပေကို ၁.၅ ယွမ်အထိ လျှော့ပေးကြလိုက်တယ်တဲ့လား။

လာနောက်နေကြတာလား။

ရုတ်ခြည်းဆိုသလို တစ်လကို ၇၀၀,၀၀၀ လျော့သွားပြီ။ မန်နေဂျာကျန်းမှာသာ ဒီလို လုပ်ပိုင်ခွင့်မျိုး ရှိပါက ဒီအဆောက်အဦးရဲ့ မန်နေဂျာလုပ်တာထက် ပိုကောင်းတာ တစ်ခုခုကို လုပ်နေလောက်ပြီမဟုတ်လား။

ဒီဖြစ်ရပ်နောက်ကွယ်မှာ တစ်ခုခုတော့ရှိရမယ်။

တခြားတစ်ယောက်ယောက်သာဆို ပျော်ပျော်ကြီး ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဖြစ်သည်။

ဖေးချမ့်ကတော့ လက်မခံနိုင်ပါ။

ပမာဏ သေးသေးလေး လျှော့လိုက်တာ ကိစ္စမရှိပါ။ ဒီအသုတ် အချိန်မပြည့်ခင် တစ်ခုခုလုပ်ဖို့ ဖေးချမ့် ကြိုးစားကြည့်နိုင်သေးသည်။ အဓိကအချက်က အတော်လေးကို များပြားသည့် ပမာဏဖြစ်နေပြီး သူ့အတွက် ဧရာမ ပြဿနာကြီး ဖြစ်လာပါသည်။

ဒီတစ်ခေါက်က ငှားခ လျှော့ချပေးခြင်းဆိုရင် နောက်တစ်ခေါက် ဘာများထပ်လာဦးမှာလဲ။

ပိုဆိုးတာ တစ်ခုခု ဖြစ်လာနိုင်သည်။

ထို့ကြောင့် ဖေးချမ့်က အဓိကတရားခံကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားသည်။ သူ့ရန်သူကို သိရပါက ဘယ်လိုတိုက်ခိုက်ပြီး ကျော်လွှားရမလဲဆိုတာကို သူသိပါပြီ။ နောက်တစ်ခေါက် အရှုံးကို တွက်ချက်ရာတွင် ဒီလို မသေချာသည့် ကိန်းဂဏန်းများကို ထည့်တွက်နိုင်လိမ့်မည်။ မဟုတ်ပါက ခြေလှမ်းတစ်ခုမှားတာနဲ့ နောက်ဆုံး ထွက်သက်အဆင့်အထိ ရောက်သွားနိုင်သည်။

ဖေးချမ့် ခေတ္တစဥ်းစားလိုက်သည်။ "မန်နေဂျာကျန်းကို သွားတွေ့ဖို့ ကျွန်တော့်ကို လိုက်ပို့ပါ။"

လက်ထောက်ရှင်းက ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ ကျွန်မလည်း အဲ့လိုပဲထင်တယ်။ ဘော့စ်ဖေးကိုယ်တိုင် သွားလည်သင့်တယ်။"

လက်ထောက်ရှင်းလည်း တစ်ခုခု သံသယ ဖြစ်စရာ ရှိနေသည်ဟု ထင်မိနေတာလား။။ ဒီကိစ္စကို စုံစမ်းဖို့လိုတယ်လို့ ထင်နေတာမဟုတ်လား။ အမှန်ပင်။ ဉာဏ်ကြီးရှင်များက အတွေးချင်း တူကြသည်။

ဖေးချမ့်လည်း ဒီလိုတွေးမိပါသည်။

စီမံရေးလက်ထောက်က လက်ထောက်ရှင်းကို သစ်သီးတစ်အိတ် ပေးနေစဥ် တံခါးခေါက်သံ ထွက်ပေါ်လာပါသည်။

ဖေးချမ့် "???"

လက်ထောက်ရှင်းက ပြောလိုက်၏။ "မန်နေဂျာကျန်းက အရမ်းရက်ရောပြီး ငှားခကို ဒီလောက် လျှော့ချပေးလိုက်တာ။ ဘော့စ်ဖေးကိုယ်တိုင် သူ့ဆီသွားလည်ပြီး ကျေးဇူးတင်သင့်တယ်လို့ ကျွန်မထင်လို့ပါ။ တစ်ယောက်ယောက်ကို လက်ဆောင်ယူသွားဖို့ သစ်သီးတွေ ဝယ်ခိုင်းပြီးပြီ။"

ဖေးချမ့် "???"

မန်နေဂျာကျန်းကို သွားတွေ့မယ်ဆိုတာ ငါ ဒါကို ဆိုလိုတာလား။ သူ့ကို ကျေးဇူးတင်မယ်လို့ ဘယ်သူပြောလဲ။

သို့သော်လည်း လက်ထောက်ရှင်းက သစ်သီးများကို ကိုင်ထားပြီး သူ့ကိုစောင့်နေတာကို မြင်သဖြင့် ဖေးချမ့်ဆွံ့အကာ မတ်တပ်ရပ်လိုက်ပါသည်။ "ဒါဆိုလည်း သွားကြတာပေါ့။"

သူတို့နှစ်ယောက် မန်နေဂျာကျန်း၏ ရုံးသို့ သွားကြပါသည်။

တံခါးကဟနေပြီး မန်နေဂျာကျန်းက အလုပ်ရှုပ်နေသည်။

ဖေးချမ့်က မန်နေဂျာကျန်းကို အသိပေးဖို့ တံခါးခေါက်ဖို့ ကြံရုံရှိသေးသည်။ မန်နေဂျာကျန်းက ဖေးချမ့်ကိုမြင်သွားပြီး မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။ "ဘော့စ်ဖေးပါလား၊ ဘာကိစ္စရှိလို့လဲ။ ကျေးဇူးပြုပြီး အထဲဝင်ထိုင်ဦးလေ။"

ဖေးချမ့် အနည်းငယ် မှင်သက်သွားသည်။

တစ်ခုခုတော့ တကယ်လွဲနေပါပြီ။

အရင်တစ်ခေါက်က မန်နေဂျာကျန်း ဒီလိုပုံစံ မဟုတ်ပါ။

အရင်တစ်ခေါက်က မန်နေဂျာကျန်းက ယဥ်ကျေးမှုရှိသော်လည်း သူ့ဝန်ဆောင်မှုကြောင့် လုပ်ငန်းသဘောအရသာ ဖြစ်ပါသည်။ ဒီအဆာက်အဦးထဲက ကုမ္ပဏီများ၏ ဘော့စ်များကို မန်နေဂျာကျန်း စကားပြောတိုင်း ယဥ်ယဥ်ကျေးကျေး ကျိုးကျိုးနွံနွံ ဆက်ဆံရသည်။

ဒီတစ်ခေါက်တော့ မန်နေဂျာကျန်း၏ အပြုအမူက ပို၍ လေးစားသမှုရှိသည်။ အထက်လူကြီးကို တစ်ယောက်ယောက်က ဆက်ဆံနေသလိုမျိုးပင်။

ဖေးချမ့် သံသယကြီးစွာဖြင့် ထိုင်လိုက်ပါသည်။

"မန်နေဂျာကျန်းက ထန်းတာ့ရဲ့ အထပ် ငှားရမ်းခအတွက် လျှော့စျေး အကြီးကြီး ချပေးလိုက်တာပဲ။ ဘော့စ်ဖေးကိုယ်တိုင် ကျေးဇူးတင်ကြောင်း လာပြတာပါ" ရှင်းဟိုက်လူက သစ်သီးများကို စားပွဲပေါ်မှာ တင်ထားလိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။

ဖေးချမ့်လည်း မချိတင်ကဲ အတင်းပြုံးလိုက်ပါသည်။ "အင်း... ဟုတ်ပါတယ်။"

မန်နေဂျာကျန်းက ယဥ်ကျေးစွာဖြင့် အမြန်ပြောလိုက်သည်။ "ဟူး ဘော့စ်ဖေး ကျွန်တော်တို့ကို ယဥ်ကျေးပြစရာမလိုပါဘူး။ ထန်းတာ့က ရှန်းဟွာဗျူးမှာ လာပြီးအခြေချတာကပဲ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ဂရုစိုက်ရမှာ ကျွန်တော့်အလုပ်ပဲလေ။ လက်ဆောင်ပေးစရာမလိုပါဘူးဗျာ။ တကယ်တော့ ကျွန်တော်က ဘော့စ်ဖေးဆီကို လာလည်ရမှာ။”

ဖေးချမ့် ဆွံ့အသွားပါသည်။

တစ်ခုခုတော့ လွဲနေပြီ။ တစ်ခုခုတော့ တကယ်လွဲနေပြီ။

သူ့နောက်ကယ်မှာ သူ မသိတဲ့ကိစ္စတွေ တကယ်ဖြစ်နေမှန်း ဖေးချမ့် ပိုပိုပြီး သေချာလာပါသည်။ အရေးကြီးသည့် သက်သေများလည်း ရှိသည်။

ဖေးချမ့်က လိုရင်းပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။

"မန်နေဂျာကျန်း အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောကြရအောင်ဗျာ။ တစ်စတုရန်းပေကို ၁.၅ ယွမ်အထိတောင် လျှော့ပေးလိုက်တာက... အဲ့ဆုံးဖြတ်ချက်ကို ချတာ ခင်ဗျား မဟုတ်ဘူးမလား။ ဒီကိစ္စအတွက် ကျွန်တော် တကယ်ကျေးဇူးတင်ပြီး ဘယ်လိုစေတနာရှင်က ထန်းတာ့ကို ကောင်းချီးပေးခဲ့သလဲဆိုတာ သိချင်လို့ပါ။ တစ်နေ့ကျရင် ကျေးဇူးပြန်ဆပ်ချင်လို့ပါဗျာ။"

ဖေးချမ့်က အလွန်စေတနာပါသည်။

"အာာာ... အဲ့တာကလေ..." မန်နေဂျာကျန်းက အနည်းငယ် တွန့်ဆုတ်နေပါသည်။

အမှန်ပင်။ ငှားခကို ဒီလောက်အများကြီး လျှော့ချတာမျိုးမှာ သူ့လိုမန်နေဂျာသာသာက ဆုံးဖြတ်နိုင်တာမျိုး မဟုတ်ပါ။ သေချာပေါက် အထက်လူကြီးများ၏ သဘောတူညီမှုကို လိုအပ်သည်။

ဘော့စ်ဖေးကလည်း ငတုံး မဟုတ်ပါ။ အဲ့လိုမျိုးမရှိပါဘူးလို့ မန်နေဂျာကျန်းပြောလိုက်ပါက ဘော့စ်ဖေး မယုံကြည်မှာကို သူ သိနေသည်။

ထို့အပြင် ဘော့စ်ဖေးက ပြဿနာရှာဖို့၊ သို့မဟုတ် ကလဲ့စားချေဖို့ သိချင်တာလည်း မဟုတ်ပါ။ ကျေးဇူးပြန်ဆပ်နိုင်ဖို့ သိချင်ခြင်းသာ ဖြစ်သည်။

ဘာမှ ဖုံးကွယ်ထားဖို့ မလိုဘူးဟု ခံစားမိပါသည်။

ပြဿနာက... မန်နေဂျာကျန်းကိုယ်တိုင်လည်း ဒီအမိန့် ဘယ်ကလာမှန်း သေချာ မသိခြင်းပင်။

မန်နေဂျာကျန်း အကျပ်ရိုက်နေသည်။ သူပြုံးကာ ပြောလိုက်သည်။ "ဘော့စ်ဖေး ကျွန်တော်က အမိန့်အတိုင်း လုပ်ရတာပါ။ ကျွန်တော့်အတွက် ခက်ခဲအောင် မလုပ်ပါနဲ့ဗျာ။ တကယ်တော့ ကျွန်တော်လည်း ဘာတွေဖြစ်နေလဲဆိုတာ သေချာမသိပါဘူး။ ဒါက ရှန်းဟွာအိမ်ခြံမြေထဲက အထက်လူကြီးတစ်ယောက်ဆီက တိုက်ရိုက်လာတဲ့ အမိန့်တစ်ခုဗျ။ ဘယ်ဘော့စ်က ဒီဆုံးဖြတ်ချက်ကို ချလိုက်တာလဲဆိုတာတော့... ကျွန်တော်လည်း တကယ်မသိပါဘူး။”

ရှန်းဟွာအိမ်ခြံမြေရဲ့ အထက်လူကြီးဆီက တိုက်ရိုက်လာတဲ့ အမိန့် ဟုတ်လား။

တစ်ခုခုတော့ မှားနေပြီ။ တစ်ခုခုတော့ ဆိုးဆိုးရွားရွားကို မှားနေပြီ။ ဘာလို့ ရှန်းဟွာအိမ်ခြံမြေရဲ့ အထက်လူကြီးတစ်ယောက်ယောက်က ထန်းတာ့ဂိမ်းအကြောင်း သိနေမှာလဲ။ သူတို့ ထန်းတာ့ဂိမ်းတွေ ကစားကြလို့လား။ ဘာတွေ တွေးနေတာလဲ။ မဖြစ်နိုင်တာ။

မန်နေဂျာကျန်း၏ မျက်နှာကိုမြင်ပြီး သူလည်း တကယ်ဘယ်သူအမိန့်ပေးမှန်း မသိတာ အမှန်ဖြစ်လောက်ပါသည်။ ဖေးချမ့် အရှုံးပေးပြီး ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ကာ ပြန်လာခဲ့ပါသည်။

ရှန်းဟွာဗျူးမှာ ထန်းတာ့နောက်ပိုင်း ပြဿနာတစ်ခုခုပေါ်လာပါက ဖေးချမ့်သူ့ကိုချက်ချင်း အသိပေးရမည်ဖြစ်ပြီး သူ့ကိုခက်ခဲအောင်လည်း မလုပ်ဖို့ မန်နေဂျာကျန်းက ထပ်ခါထပ်ခါ ပြောခဲ့ပါသည်။

သူ့ရုံးခန်းကို ပြန်ရောက်သောအခါ ဖေးချမ့်က သူ့ကွန်ပျူတာရှေ့ တိတ်တိတ်ဆိတ်ဆိတ် ထိုင်လိုက်ပြီး အကူအညီအတွက် ချမ့်သု ရှာဖွေရေးကို အားကိုးဖို့ ပြင်လိုက်ပါသည်။

ရှန်းဟွာအိမ်ခြံမြေက ရှန်းဟွာကော်ပိုရေးရှင်း၏ လက်အောက်က ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပိုင်းများတွင် အိမ်ယာခြံမြေလုပ်ငန်းများက အတော်လေး ရေပန်းစားနေသဖြင့် ရှန််းဟွာကော်ပိုရေးရှင်းကလည်း အိမ်ယာခြံမြေ ပရောဂျက်တစ်ခုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ရှန်းဟွာကော်ပိုရေးရှင်း၏ ဘဏ္ဍာရေး ခွန်အားအရ နိုင်ငံတော်တွင် ဝင်ငွေအကောင်းဆုံး နံပါတ် ၁ နံပါတ် ၂ မဟုတ်သော်လည်း ရှန်းဟွာအိမ်ခြံမြေက နိုင်ငံတော်ထဲက ရှေ့ဆောင်လမ်းပြတစ်ခု ဖြစ်လာခဲ့ပါသည်။

ရှန်းဟွာဗျူးကလည်း ကျင်းကျိုးမြို့တွင် ရှန်းဟွာအိမ်ခြံမြေပိုင်ဆိုင်သည့် အိမ်ယာများစွာထဲက တစ်ခုဖြစ်ပါသည်။

ရှန်းဟွာအိမ်ခြံမြေ၏ ဥက္ကဌက ရှန်းဟွာကော်ပိုရေးရှင်း၏ ဥက္ကဌကြီး လင်းကျန်းနန်၏ ဒုတိယသား လင်းကျိုး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်းများတွင် ရှန်းဟွာ အိမ်ယာခြံမြေကို အပြည့်အဝ တာဝန်လွှဲပြောင်းယူနိုင်ခဲ့ပြီး ကုမ္ပဏီကို လူငယ်များ၏ နေထိုင်မှုဘဝနဲ့ ပိုပြိးကိုက်ညီမှုရှိသည့် ခေတ်သစ် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာအောင် ပြောင်းလဲခဲ့ပါသည်။

"လင်းကျိုးတဲ့လား။"

ဒီနာမည်ကို ကြားဖူးသလိုလို ရှိသည်ဟု ဖေးချမ့် ခံစားမိသည်။ လင်းကျိုး၏ ပုံတစ်ပုံကို ကြည့်ကြည့်တော့လည်း မျက်နှာကို မြင်ဖူးနေသည်။

"ငါတို့ ကုမ္ပဏီမှာလည်း မျိုးရိုးနာမည် လင်းနဲ့... ဒုတိယမျိုးဆက် သခင်မလေးတစ်ယောက်ရှိတယ် မဟုတ်လား။"

ဖေးချမ့် ရင်ဘတ်ထဲ အောင့်သွားသည်။

မဟုတ်မှလွဲရော...

ဖေးချမ့်က ချမ့်သု တွင် 'လင်းဝမ်'ဟု ရှာကြည့်သည်။ သို့သော် ဘာမှ ရှာမရခဲ့ပေ။ သို့သော်လည်း သူ ပိုပြီး စဥ်းစားကြည့်လေလေ တစ်ခုခု မှားယွင်းနေကြောင်း ပိုပြီး ထင်မိလာလေလေ ဖြစ်သည်။

လင်းဝမ် ပထမဆုံးအကြိမ် အင်တာဗျူးတွင် ဝတ်လာသည့် ဂါဝန်က ယွမ်သောင်းချီတန်သည်ဟု လက်ထောက်ရှင်း ပြောပြီးကတည်းက ဖေးချမ့်တစ်ယောက် လင်းဝမ်ကို သတိထားမိပြီးသား ဖြစ်သည်။

လင်းဝမ်က အလုပ်အတွေ့အကြုံလည်း ဘာမှ မရှိ၊ ကမ္ဘာကြီးအကြောင်းလည်း ဘာမှ မသိသည့် ရိုးရိုးသားသား ချိုချိုမြိန်မြိန် ကောင်မလေးတစ်ယောာက်နဲ့ တူခဲ့သည်။ ထိုအချိန်တုန်းက ဝန်ထမ်း ၁ ယောက်တိုး ၁ ယောက် လျော့တာလောက်ကို ဖေးချမ့် စိတ်မဝင်စားသဖြင့် သူမကို ဝင်ခွင့်ပေးခဲ့သည်။

ထို့နောက် လင်းဝမ်က ဆန်းစထရိုက်ခ်စတူဒီယိုမှာ အလုပ်လုပ်ခဲ့စဥ်က ရခဲ့သည့် သူမ၏ အဆက်အသွယ်များကိုသုံးပြီး FPS ဝါရင့်ဂိမ်မာများကို အကူအညီတောင်းခဲ့သည်။ ထိုလူများက သမုဒ္ဒရာရဲတိုက်ကို ပထမဆုံး ကြော်ညာဖို့အတွက် ကူညီပေးခဲ့ကြသည်။

သို့သော်လည်း ဒီကိစ္စကို ဖေးချမ့် ဘာမှ သတိကြီးကြီး မထားခဲ့ပါ။ ဘာပဲဖြစ်ဖြစ်  ဒီတာဝန်ကို ယူထားသူတိုင်းက ထိုဂိမ်မာများနဲ့ ဆက်သွယ်နိုင်လိမ့်မည်။ လင်းဝမ်က ထူးထူးခြားခြား သရုပ်မျိုးရှိသည်ဟုလည်း ဖေးချမ့် မထင်ခဲ့ဘဲ သူမကို ရိုးရိုးတန်းတန်း ဒုတိယမျိုးဆက် သူဌေးသမီးတစ်ယောက်ဖြစ်သည်ဟုသာ ထင်ထားခဲ့သည်။

ထို့နောက် လင်းဝမ်ကို ကုမ္ပဏီထြက ရိုးရှင်းသည့် တာဝန်တချို့အား ပေးအပ်ခဲ့သည်။ သူမက တာဝန်ကျေပွန်ပြီး စိတ်အားထက်သန်မှုလည်းရှိကာ ဇာတ််နိမ့်နေခဲ့သည်။ သူမ ထူးချွန်တာ ဘာမှ မလုပ်ခဲ့ဖူးပါ။ ထို့ကြောင့် ဖေးချမ့်လည်း သူမကို သတိမထားမိပါ။

သို့သော်လည်း အခုတော့ သူ အမှားကြီး မှားခဲ့တာကို ဖေးချမ့် သိလိုက်ရပါပြီ။

ဒုတိယမျိုးဆက်သူဌေးသမီးများအကြား ခြားနားမှု ရှိသည်။ တချို့က ဒီတိုင်း ပြည့်စုံကြတာသာဖြစ်ပြီး တချို့ကတော့ ဘော့စ်ဖေး၏ လစဥ် အထပ်ငှားစရိတ်ကို ဖုန်းတစ်ချက် ဆက်လိုက်ရုံနဲ့ သိန်းနဲ့ ချီပြီး လျှော့ချပစ်လိုက်နိုင်သည်။

ဖေးချမ့် ရူးသွပ်သွားသည်။

ဂြိုဟ်ကောင်တစ်ကောင် ရှိနေတယ်။

ဂြိုဟ်ကောင်က ကုမ္ပဏီထခဲမှာ လပေါင်းများစွာ ပုန်းခိုနေခဲ့ပြီး သူ လုံးဝ သတိမထားမိခဲ့ပါ။

ငါ ဘာလုပ်ရမလဲ။ ဘယ်လိုကိုင်တွယ်ရမလဲ။

ဒါကို အထပ်ထပ် အခါခါ စဥ်းစားသော်လည်း ဘာအကြံမှ မရပါ။

ခက်ခဲလွန်းသည်။

"စိတ်အေးအေးထားစမ်း။ ငါအခု သူ့အကြောင်း ဘာမှ မသိသေးလို့ ဘာလုပ်ရမှန်း မသိသေးတာ။ ငါ တိုက်ပွဲကို အနိုင်မရခင် ရန်သူအကြောင်းသိထားဖို့လိုတယ်။ လင်းဝမ်က အကြောင်းပြချက် မရှိဘဲ ငါ့ဆီမှာ အလုပ်လာလုပ်မှာ မဟုတ်ဘူး။"

"ဒါကိုသာ သိရရင် သူ့ဆုံးဖြတ်ချက်ကို ပြန်စဥ်းစားခိုင်းပြီး သူ့ရဲ့ ပိုင်ဆိုင်မှု မီလီယံ၊ ဘီလီယံတွေကို ဆက်ခံဖို့ ထွက်သွားခိုင်းလို့ရနိုင်မယ်ထင်တယ်။"

"သူ့ကို ထွက်သွားအောင် မလုပ်နိုင်ရင်တောင် အဖိုးတန်တဲ့ အချက်အလက်တချို့တော့ ရမှာပါ။"

ထိုသို့စဥ်းစားရင်း ဖေးချမ့် ဆန်းစထရိုက်ခ် စတူဒီယိုမှ ကျိုးမူယန်ထံသို့ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ကျိုးမူယန်တော့ သေချာပေါက် တစ်ခုခုကို သိထားလောက်မည်။

အခန်း(၁၇၀) လင်းဝမ် + ရှန်းယန် = ?

"ဘော့စ်ဖေ ဘာများဆောင်ရွက်ပေးရမလဲခင်ဗျာ..."

ဖုန်းထဲတွင် ကျိုးမူယန်၏ အသံက အသက်မဲ့နေသလိုလို။ အရင်တစ်ခေါက် မနှစ်က ကွမ်ကျိုးမှာ တွေ့ခဲ့ကြပြီးကတည်းက ဖေးချမ့်နဲ့ ကျိုးမူယန်တို့ အဆက်အသွယ် မရှိခဲ့ကြပါ။

သမုဒ္ဒရာရဲတိုက်နဲ့ Bullet Hole တို့၏ ရလဒ်များက အတော်လေး ကွာခြားနေသဖြင့် နဂိုကတည်းက ကျိုးပဲ့လွယ်သည့် သူတို့နှစ်ယောက် ဆက်ဆံရေး ပိုဆိုးသွားခဲ့ပါသည်။

သမုဒ္ဒရာရဲတိုက်က ကစားသူပေါင်းများစွာ ရှိသည့် ပြည်တွင်းထုတ် FPS ဂိမ်းများ၏ နံပါတ် ၁ ဖြစ်လာခဲ့ကာ ဆက်လက်တိုးချဲ့နေဆဲ ဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ကလည်း တခြား ပြည်တွင်းထုတ်ဂိမ်းမှ Counter Strike အဖြစ် ပြောင်းလဲသွားခဲ့ပါသည်။

တစ်ဖက်မှာတော့ Bullet Hole ၏ရေပန်းစားမှုက ပထမ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာမှုကြောင့် စဦးပိုင်းသာ အောင်မြင်မှုရပြီး တဖြည်းဖြည်းချင်း ကျလာခဲ့သည်။

အမှောင်ထဲမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ကာ အဆင်ပြေနေသော်လည်း ကျိုးမူယန်၏ မူလ ပန်းတိုင်နဲ့ မျှော်လင့်ချက်များကို မပြည့်မှီခဲ့တာတော့ သိသာပါသည်။ ပိုမို ကျဆင်းနေပြီး သမုဒ္ဒရာရဲတိုက်၏ နောက်ကို ပိုပိုပြီး ရောက်လာပါပြီ။

ဂိမ်းနှစ်ခု၏ ဒီဇိုင်း အကြောင်းအရာက တော်တော်လေးကို ခြားနားသည်။ ထန်းတာ့မှ ဆန်းစထရိုက်ခ် စတူဒီယိုကို ပညာသင်သွားတုန်းက အားလုံးကို ကျိုးမူယန်က Bullet Hole ၏ ဒီဇိုင်း အကြောင်းအရာအား ဝံ့ကြွားစွာ မျှဝေခဲ့ပါသည်။

ထိုအချိန်တုန်းကတော့ ကျိုးမူယန်က ယုံကြည်မှုများဖြင့် တောက်ပလျက် ရှိသည်။

ဖေးချမ့်ကတော့ ပရိတ်သတ်ထဲမှာသာ ပြုံးပြုံးကြီး ထိုင်နေပြီး သဘောတူညီမှုများ ပြည့်ဝနေသော မျက်လုံးများဖြင့် ဆက်တိုက် ခေါင်းငြိမ့်နေခဲ့သည်။

သို့သော်လည်း အဲ့တုန်းက ဘော့စ်ဖေး ဘာလို့ အဲ့လိုပြုမူနေခဲ့သလဲဆိုတာ ကျိုးမူယန် အခုတော့ သိသွာားပါပြီ။

သမုဒ္ဒရာရဲတိုက်ကို ပထမဆုံး ထုတ်လွှင့်လိုက်တုန်းက ကျိုးမူယန်သိပ်ပြီးတော့ အာရုံမစိုက်ခဲ့ပါ။ သို့သော်လည်း ၎င်း၏ ရေပန်းစားမှုက ဆက်တိုက် မြင့်တက်လာသည်။ နောက်ဆုံးတော့ တစ်ခုခုလွဲနေသည်ဟု ကျိုးမူယန် စတင်ခံစားလာမိပါသည်။

သူ အနည်းငယ် စုံစမ်းကြည့်သောအခါ သမုဒ္ဒရာရဲတိုက်၏ ထုတ်လုပ်ရေးက Bullet Hole နဲ့ တူညီသလောက်ရှိသည်။ ထန်းတာ့ ဆန်းစထရိုက်ခ် စတူဒီယိုကို လာလည်တုန်းက သမုဒ္ဒရာရဲတိုက်ကို အဆင့်တစ်ခုအထိ ထုတ်လုပ်ဖန်တီးပြီးသား ဖြစ်ပါသည်။

ကျိုးမူယန်၏ နှလုံးသား အေးစက်သွားသည်။

Bullet Hole ရဲ့ ပြဿနာတွေကို ဘော့စ်ဖေးက သိပြီးသား ဖြစ်သော်လည်း ပရိတ်သတ်ထဲမှာ ဘာမှ မဖြစ်သလိုမျိုး ခေါင်းသာ ငြိမ့်ပြနေခဲ့သည်။

ဉာဏ်နီဉာဏ်နက် များလိုက်တာ…

ထိုအချိန်ကတည်းက ဖေးချမ့်ဘက်က ကျိုးမူယန်ကို တစ်ခါမှ မဆက်သွယ်ခဲ့ပါ။ သူ ကြွားနေသည်ဟု ကျိုးမူယန် ထင်သွားမှာကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။ ကျိုးမူယန်ကတော့ ဖေးချမ့်ကို ဘယ်လိုမှ ဆက်သွယ်မှာ မဟုတ်ပါ။ သူနဲ့ ဘာမှ မပတ်သတ်ချင်ပေ။

ထို့ကြောင့် သူတို့နှစ်ယောက် အချိန်အတော်ကြာမှ နောက်ဆုံးတော့ ပြန်လည်ဆက်သွယ်မိခဲ့ကြသည်။

ကျိုးမူယန် ဘာကြောင့် ဖုန်းကိုင်တာလဲ ဆိုတာကတော့...

သူ ရွေးချယ်စရာမရှိလို့ပဲ ဖြစ်သည်။ ဘော့စ်ဖေးကို မျက်နှာသာတော့ ပေးရပါမည်။

ဘာပဲဖြစ်ဖြစ် အခုဆို ထန်းတာ့ကို တရားဝင် ဂိမ်းပလက်ဖောင်းကပင် ချီးကျူးကာ ထောက်ခံပေးနေပြီဖြစ်သည်။ သူတို့က တစ်လောကသားချင်း ဖြစ်သဖြင့် ကျိုးမူယန်က ဘော့စ်ဖေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လို့ မရပါ။

သို့သော်လည်း ဖေးချမ့်ကို စကားပြောဖို့တော့ သိပ်စိတ်မပါပေ။

ဖေးချမ့်လည်း ကျိုးမူယန်၏ အငြှိုးထားသော ခံစားချက်များကို ခံစားမိပြီး စကားပြော မှားယွင်းကာ ကျိုးမူယန်၏ ကျိုးပဲ့လွယ်သော စိတ်ဓာတ်ကို ရန်စမိသလို ဖြစ်သွားမှာ စိတ်ပူနေပါသည်။

ထို့ကြောင့် လိုရင်းသာ ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ဘော့စ်ကျိုး နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ မေးချင်တာလေးရှိလို့ပါ။ လင်းဝမ်ဆိုတာ ဘယ်သူလဲ ခင်ဗျား သိလား။"

ကျိုးမူယန် ခေတ္တ ကြောင်သွားသည်။

ဒါပေါ့။ လင်းဝမ်ဆိုတာ ဘယ်သူလဲ သူ သိတာပေါ့။ လင်းဝမ် ဆန်းစထရိုက်ခ်စတူဒီယိုမှာ အလုပ်လုပ်တဲ့ ၂ ရက်မြောက်နေ့မှာ ရှန်းဟွာကော်ပိုရေးရှင်း၏ ဥက္ကဌရုံးခန်းမှ ကျိုးမူယန်ဆီသို့ တိုက်ရိုက်ဖုန်းခေါ်ခဲ့သည်။ သူ မှတ်မိတာသာ မမှားပါက လင်းဝမ် ထန်းတာ့ကို ဝင်ခဲ့တာ လ အနည်းငယ် ကြာလောက်ပါပြီ။

ဒါတောင် ဘော့စ်ဖေးက လင်းဝမ် ဘယ်သူဆိုတာကို မသိသေးတာလား။

မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။

ကျိုးမူယန် အနည်းငယ် ကြောင်စီစီဖြစ်နေသည်။ သူ ပြန်မေးလိုက်သည်။ "ဘော့စ်ဖေး မသိဘူးလား။"

ဖေးချမ့်၏ ရင်ထဲ ပိုပြီးတောင် အေးစက်သွားပါသည်။ ကျိုးမူယန်၏ စကားကိုကြည့်ခြင်းအားဖြင့် လင်းဝမ်က ထူးခြားတဲ့လူတစ်ယောက်ဆိုတာကို သက်သေပြနေသလိုပင်။ ဖေးချမ့်က ခပ်ပါးပါး ချောင်းဆိုးလိုက်သည်။ "ဘော့စ်ကျိုး ရိုးရိုးသားသားပြောရရင် ကျွန်တော် အခု ပြဿနာလေး နည်းနည်းနဲ့ ရင်ဆိုင်နေရလို့ပါ။ ကျွန်တော့်ကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် တစ်သက်လုံး ကျေးဇူးတင်အမှတ်ရနေမှာပါ။"

ကျိုးမူယန်က အမြန်ပြန်ဖြေလိုက်ပါသည်။ "ဘော့စ်ဖေး ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့ဗျာ။ မေးစရာရှိတာသာ မေးလိုက်ပါ။ ကျွန်တော် ဖြေနိုင်တာဆိုရင် သေချာပေါက် ပြန်ဖြေပေးပါ့မယ်။"

ဖေးချမ့်က မေးလိုက်သည်။ "လင်းဝမ်နဲ့ သူ့မိသားစုကြားက ပြဿနာရယ်၊ ဘာကြောင့် သူက ဂိမ်းလောကထဲ ဝင်လာတာလဲဆိုတာကို.... အသေးစိတ် ဘော့စ်ကျိုး ရှင်းပြပေးလို့ ရမလားဗျ။"

ကျိုးမူယန် အနည်းငယ် မှင်သက်သွားသည်။ မဟုတ်မှလွဲရော ဘော့စ်ဖေးက ဒါတောင် မသိတာလား။ ရှန်းဟွာကော်ပိုရေးရှင်း ဥက္ကဌ ရုံးခန်းက ဘော့စ်ဖေးကို ဖုန်းမခေါ်ဘူးလား။

တစ်ခုခုတော့ သံသယဖြစ်ဖွယ်ကောင်းနေပါပြီ။

သို့သော်လည်း ကျိုးမူယန်က များများစားစား မစဥ်းစားဘဲ လင်းဝမ်အကြောင်း သူ သိသမျှကို ဖေးချမ့်အား ပြောလိုက်ပါသည်။

လင်းဝမ်က ရှန်းဟွာ ကော်ပိုရေးရှင်း ဥက္ကဌ၏ အငယ်ဆုံး သမီး ဖြစ်သည်။ သူမမှာ  အစ်မတစ်ယောက်နဲ့ အစ်ကိုနှစ်ယောက် ရှိသည်၊။ သူမက ဂိမ်းလောကကို စိတ်အားထက်သန်မှု ရှိသဖြင့် သူမကိုယ်တိုင် ဆန်းစထရိုက်ခ်စတူဒီယိုမှာ အလုပ်လာလုပ်ခြင်း ဖြစ်သည်။

သို့သော်လည်း လင်းကျန်းနန်က လင်းဝမ် ဂိမ်းလောကထဲ ဝင်တာကို သိသိသာသာကြီး အားမပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လင်းဝမ်က ခေါင်းမာပြီး လင်းကျန်းနန်ကလည်း သူမနဲ့ ဆက်ဆံရေး မပျက်ပြားစေချင်သဖြင့် ကျိုးမူယန်ကို ဖုန်းဆက်ကာ လင်းဝမ်၏ ဂိမ်းလောက အိပ်မက်ကို ဖျက်ဆီးနိုင်ဖို့ မျှော်လင့်ခဲ့သည်။ ဒါမှ ရှန်းဟွာကော်ပိုရေးရှင်းမှာ သူမ အလုပ်ပြန်လာလုပ်မှာ ဖြစ်ပါသည်။

"အဲ့လိုပါပဲ ဘော့စ်ဖေး။ ကျန်တာ ကျွန်တော် ဘာမှ မသိပါဘူး" ကျိုးမူယန်က စိတ်အားထက်သန်စွာ ပြောလိုက်ပါသည်။ "ခင်ဗျားကို ဘာလို့ ဖုန်းမဆက်တာလဲဆိုတာကိုတော့... ကျွန်တော်လည်း မသိဘူး။"

ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားသည်။ "ရှန်းဟွာအိမ်ယာခြံမြေရဲ့ ဥက္ကဌ သူ့အစ်ကို လင်းကျိုးနဲ့ လင်းဝမ်တို့ရဲ့ ဆက်ဆံရေးကကော..."

ကျိုးမူယန်က ပြန်ပြောလိုက်သည်။ "သူက သူ့အဖေနဲ့ပဲ နည်းနည်း တင်းမာမှုရှိတာလို့ ပြောတယ်။ သူ့အစ်ကို လင်းကျိုးနဲ့ ဆက်ဆံရေးကတော့ မဆိုးဘူးပဲ။"

ဖေးချမ့်ရင်ထဲ ပိုပြီး အေးစက်လာသည်။

ဟုတ်ပြီ... အခုတော့ အကုန်လုံး အဓိပ္ပာယ်ရှိသွားပြီ။

လင်းဝမ်က သူမ၏ အစ်ကိုဖြစ်သူ လင်းကျိုးကို ထန်းတာ့အား ငှားရမ်းခ လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြောင်း သေချာနိုင်ပါပြီ။ တခြား ရှင်းလင်းချက် မရှိတော့ပါ။

"အဲ့တာဆို... ဘော့စ်ကျိုး လင်းဝမ်ကို ဂိမ်းလောကထဲက ထွက်သွားပြီး သူ့မိသားစုရဲ့ အမွေကို ဆက်ခံအောင် ဘယ်လိုလုပ်ရမလဲ" ဖေးချမ့်က လေးလေးနက်နက် မေးလိုက်လေသည်။

ကျိုးမူယန် ခေတ္တ စဥ်းစားလိုက်၏။ "သူ့ကို ဂိမ်းလောကအပေါ် ဆိုးဆိုးရွားရွား စိတ်ကုန်သွားအောင် လုပ်ရမယ်ထင်တယ်။"

ဖေးချမ့် တိတ်ဆိတ်သွားသည်။

အဲ့တာ နည်းနည်း မခက်လွန်းဘူးလား။

ဖေးချမ့် လုပ်နေတာနဲ့ လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေပါသည်။

ဖေးချမ့်က ငွေပိုဆုံးရှုံးချင်သဖြင့် သူ့ဝန်ထမ်းများကို အကျိုးခံစားခွင့်များ ပိုပေးသည်။ သို့သော်လည်း လင်းဝမ်ကတော့ ထန်းတာ့မှာ အလွန်ကောင်းမွန်ပြီး ထူးခြားသော ကုမ္ပဏီဖြစ်သည်ဟု ထင်သွားသည်။ သူမ ထွက်သွားမှာ မဟုတ်ပါ။

ဒါ ချောင်ပိတ်မိတာ မဟုတ်လား။ ဒီတစ်ခေါက်က အထပ် ငှားရမ်းခ လျှော့ချရုံပဲဆိုပေမယ့် ဒီသူဌေးသမီး နောက်တစ်ခေါက် ဘာတွေ ထပ်အကွက်ရွှေ့ဦးမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။

"ကျေးဇူးအများကြီးတင်ပါတယ် ဘော့စ်ကျိုး။ တစ်နေ့ကျရင် ကုမ္ပဏီတွေ့ဆုံပွဲ နောက်တစ်ခု ထပ်ဖန်တီးပေးပါ့မယ်။ သေချာပေါက် ကျွန်တော်တို့ ကွမ်ကျိုးကို လာခဲ့မှာပါ။ အဲ့ကျမှပဲ လူကိုယ်တိုင် ကျေးဇူးတင်တော့မယ်ဗျာ။"

ဒီအချက်အလက်ကို ကျိုးကြီးက အလွန် စေတနာပါပါဖြင့် ပေးသည်ဟု ဖေးချမ့် ထင်မိပါသည်။ သူ့အတွက် အလွန်အသုံးဝင်သည်။

ကျိုးမူယန် အနည်းငယ် ဆွံ့အသွားသည်။

ဒီကောင်လာဦးမယ်တဲ့လား။ ငါ့အလောင်းကို ကြာပွတ်နဲ့ လာရိုက်ဦးမလို့လား။

"ဘော့စ်ဖေး ကျွန်တော် တစ်ခုလောက် မေးပါရစေ။ လင်းဝမ်က ထန်းတာ့မှာ ခွင့်မလွှတ်နိုင်စရာ ကိစ္စ တစ်ခုခုများ လုပ်ခဲ့လို့လား..."

ဖေးချမ့် တိတ်ဆိတ်သွားသည်။ ဒီမေးခွန်းကို သူ ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပါ။

တစ်ဖက်ကကြည့်ရင် ကျိုးမူယန်က လုံးဝ ရိုးသားစွာဖြင့် ဖေးချမ့်ကို ကူညီပေးခဲ့သည်။ သူက ဖေးချမ့်ကို ဒီမေးခွန်းလေးတစ်ခုသာ ပြန်မေးခြင်း ဖြစ်သည်။ ဖေးချမ့်သာ ဒီမေးခွန်းကို ရှောင်လိုက်ပါက၊ သို့မဟုတ် ပယ်ချခြင်း လိမ်ညာခြင်းများ ပြုလုပ်လိုက်ပါက သင့်တော်မည့်ပုံမပေါ်ပါ။

ဖေးချမ့် ခေတ္တတော့ ရပ်တန့်သွားရသည်။

"သူက.. ကျွန်တော်တို့ အထပ် ငှားရမ်းခကို ၁စတုရန်းပေ ၄ ယွမ်ကနေ ၁.၅ ယွမ်ဖြစ်အောင် လျှော့ချပစ်လိုက်တယ်။"

ကျိုးမူယန် "???"

ဖုန်းချပြီးနောက် ဖေးချမ့်တစ်ယောက် တစ်ခါမှ မကြုံစဖူး အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်လာရပြီဟု ခံစားလိုက်ရသည်။ ဖေးချမ့် ယွီအင်တာနက်ကဖေး၏ ငှားရမ်းစာချုပ်ကို ချက်ချင်းပဲ စစ်ကြည့်လိုက်ပါသည်။ ရှန်းဟွာ အိမ်ယာခြံမြေနဲ့ ပတ်သတ်ဆက်နွယ်မှု ဘာမှ မရှိသဖြင့် သူအသက်ရှူမှန်သွားပါသည်။

တော်သေးတာပေါ့။

ထိုယွီအင်တာနက်ကဖေးဆိုင်များ၏ တည်နေရာများက အတော်လေး လူသူကင်းမဲ့သည်။ ထိုနေရာများကလည်း သီးခြား အဆောက်အဦးများ ဖြစ်ကြသည်။

တစ်ဖက်မှာတော့ ရှန်းဟွာဗျူးက မြို့တော်ထဲက လူစည်ကားသည့် စီးပွားရေးနယ်မြေများတွင်သာ မြေဝယ်ဖို့ စိတ်ဝင်စားပါသည်။ အများစုက အဆင့်မြင့် အိမ်ယာ သို့မဟုတ် ရုံးအဆောက်အဦးများ ဖြစ်သည်။

ယွီအင်တာနက်ကဖေး၏ တည်နေရာများက ရှန််းဟွာ၏ မြင်ကွင်းမှ လုံးလုံးပျောက်ကွယ်နေပါသည်။ ယွီအင်တာနက်ကဖေး၏ ဆိုင်ငှားခများပါ လျှော့ကျသွားလျှင် ဖေးချမ့် သွေးအန်ထွက်ပါတော့မည်။

အခု ပြဿနာက လင်းဝမ်ကို ဘယ်လိုရှင်းရမလဲဆိုတာပင်။

သူမကို လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားလို့ မရပါ။ သူမက ချိန်ကိုက်ဗုံး တစ်လုံး ဖြစ်သည်။

သူမကို မောင်းထုတ်ဖို့ အလွန်အမင်း အတင်းအကျပ်ဆန်သည့် နည်းလမ်းများလည်း သုံးလို့ မရပါ။ သူ တဲ့တိုးကြီး လုပ်လိုက်ပါက တခြားသူတွေ သတိထားမိသွားလောက်သည်။

ရှန်းဟွာကော်ပိုရေးရှင်း၏ ဥက္ကဌ၊ လင်းဝမ်၏ အဖေဖြစ်သူ လင်းကျန်းနန်ကတောင်... သူမကို ဘာမှ မလုပ်နိုင်သဖြင့် ဖေးချမ့်လည်း ဘာအကြံကောင်းကောင်းမှ မစဥ်းစားမိနိုင်ပေ။ လင်းဝမ်သာ ခေါင်းမာလာပါက ကိစ္စတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနိုင်သည်။

သူ့ရဲ့ တစ်ခုတည်းသော ဖြေရှင်းချက်က ကျိုးမူယန်ပြောသလိုပင်။ လင်းဝမ်ကို ဂိမ်းလောကကို စိတ်ပျက်ကာ စိတ်ဝင်စားမှု လျှော့ကျသွားစေရန် သူ အကောင်းဆုံး ကြိုးစားရမည်။

ထန်းတာ့တွင် လင်းဝန်၏ လုပ်ပုံကိုင်ပုံ ပြုမူပုံတို့ကို ကြည့်ခြင်းအားဖြင့် သူမက ဒုတိယမျိုးဆက် သူဌေးသမီးများ၏ ဉာဏ်အားနည်းသော၊ အမြော်အမြင်ရှိသော်လည်း မတော်သော လူမျိုး မဟုတ်လောက်ပေ။

ဒီလိုလူမျိုးက သူမ ဆုံးဖြတ်ထားသည့် လမ်းစဥ်ကို လုံးဝ စိတ်ပြတ်သားမှု ရှိသည်။

သူမကို ကျရှုံးသွားအောင် ပြင်ပ အရာ တစ်ခုခုက လုပ်လိုက်ပါက သူမ၏ စိတ်အားထက်သန်မှုကို ငြှိမ်းသက်ဖို့ မလုံလောက်နိုင်ပေ။ သူမကို ထပ်ကြိုးစားစေဖို့ ဖိအားပေးသလိုသာ ဖြစ်ပါလိမ့်မည်။

အတော်လေး အကျပ်ရိုက်သော အခြေအနေ ဖြစ်လာသည်။

ဖေးချမ့် အကြာကြီး စဥ်းစားခဲ့သည်။

ရုတ်တရက် သူ အကြံကောင်းတစ်ခုကို စဥ်းစားမိလိုက်သည်။ ကြည့်ရတာ... သူ ဝယ်ထားတဲ့ အမှိုက်သရိုက် ရှန်းယန်ဂိမ်းက နောက်ဆုံးတော့ အသုံးဝင်တော့မယ်ထင်တယ်...။

အခုချိန်ထိ ရှန်းယန်ဂိမ်းက ၎င်း၏ မူလ အခြေအနေများကို ဆက်လက် ထိန်းသိမ်းနေနိုင်ဆဲ ဖြစ်သည်။ ထို့အပြင် လက်ရှိ လည်ပတ်နေသည့် အခြေအနေများကို ကြည့်ခြင်းအားဖြင့် အရှုံးပေါ်နေဆဲ ဖြစ်သည်။

လင်းဝမ်ကို ဒီလို သေချာပေါက် ကျရှုံးမည့် ဂိမ်းပရောဂျက်၏ တာဝန်ရှိသူအဖြစ် ခန့်အပ်လိုက်ပါက... ဂိမ်း တကယ် ကျရှုံးသွားသည့်အခါ သူမ၏ ကိုယ်ပိုင်အစွမ်းအစကိုကော၊ ဂိမ်းလောကတစ်ခုလုံးကိုပါ သံသယ စတင်ဝင်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ဘော့စ်ဖေးက ပျော်ပျော်ကြီး ငွေဆက်ဖြုန်းနိုင်ပြီး လင်းဝမ်ကတော့  သူမ မိသားစု၏ အမွေကိုဆက်ခံဖို့ ပြန်သွားပါလိမ့်မည်။ အဲ့တာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကောင်းဆုံးပဲ မဟုတ်လား။

ဒါက အကြံကောင်းဖြစ်သည်ဟု ဖေးချမ့် ခံစားမိပါသည်။

ဟုတ်တယ်။ ကိစ္စတွေအများကြီးကို မတော်တဆ အစီအစဥ်ချပြီး ဆုံးဖြတ်ချက်ချနိုင်တယ်။

Zawgyi

ေဖးခ်မ့္ 169+170

အခန္း(၁၆၉) ၿဂိဳဟ္ေကာင္တစ္ေကာင္ေတာ့႐ွိေနၿပီ

"ခင္ဗ်ား... ေစ်းစစ္လိုက္တာလား" ေဖးခ်မ့္ ေမးလိုက္သည္။

လက္ေထာက္႐ွင္းက ျပဳံးလိုက္၏။ "ကြၽန္မ စစ္ခ်င္ပါတယ္ ေဘာ့စ္ေဖး။ ေနာက္ဆုံးေတာ့ ကြၽန္မ ဘာမွေျပာဖို႔ေတာင္မလိုခဲ့ဘူး။ မန္ေနဂ်ာက်န္းက ဦးေဆာင္ၿပီး အဲ့အေၾကာင္းကို ေျပာလာတာပါ"

ေဖးခ်မ့္ အနည္းငယ္ မူးလာသည္ဟု ခံစားေနရပါသည္။ အဓိပၸာယ္ေတာ့႐ွိသည္။ လက္ေထာက္႐ွင္းက ဘယ္ေလာက္ပဲ အေျပာေကာင္းပါေစ ဘယ္လိုလုပ္ ငွားရမ္းခကို ဒီေလာက္ နိမ့္သြားေအာင္ ေစ်းစစ္ႏိုင္မွာလဲ။

ဒီကိစၥက ထင္ရတာထက္ ေလးနက္ေနၿပီ။

မန္ေနဂ်ာက်န္းက ႐ွန္္းဟြာဗ်ဴး၏ မန္ေနဂ်ာသာသာ ျဖစ္သည္။ စရန္ေတြကို ေခ်ၿပီး ငွားခေတြကို ေလွ်ာ့ေပးေလာက္ရတဲ့အထိ ဘယ္က အာဏာေတြ အမ်ားႀကီး ရႏိုင္မွာလဲ။

၄ ယြမ္က ပုံမွန္ဆိုလွ်င္ ၃.၅ ယြမ္သို႔ ေလွ်ာ့ခ်လိုက္ျခင္းက သိပ္မဆိုးလွဘဲ ၃ ယြမ္သို႔ေလွ်ာ့ခ်လိုက္ရင္ေတာင္ ေတာ္ေတာ္ေလး ရက္ေရာေသာ ဒစ္စေကာင့္ ျဖစ္ေနပါၿပီ။ သို႔ေသာ္လည္း သူတို႔က ၁ စတုရန္းေပကို ၁.၅ ယြမ္အထိ ေလွ်ာ့ေပးၾကလိုက္တယ္တဲ့လား။

လာေနာက္ေနၾကတာလား။

႐ုတ္ျခည္းဆိုသလို တစ္လကို ၇၀၀,၀၀၀ ေလ်ာ့သြားၿပီ။ မန္ေနဂ်ာက်န္းမွာသာ ဒီလို လုပ္ပိုင္ခြင့္မ်ိဳး ႐ွိပါက ဒီအေဆာက္အဦးရဲ႕ မန္ေနဂ်ာလုပ္တာထက္ ပိုေကာင္းတာ တစ္ခုခုကို လုပ္ေနေလာက္ၿပီမဟုတ္လား။

ဒီျဖစ္ရပ္ေနာက္ကြယ္မွာ တစ္ခုခုေတာ့႐ွိရမယ္။

တျခားတစ္ေယာက္ေယာက္သာဆို ေပ်ာ္ေပ်ာ္ႀကီး ဒီကမ္းလွမ္းခ်က္ကို လက္ခံလိုက္မည္ျဖစ္သည္။

ေဖးခ်မ့္ကေတာ့ လက္မခံႏိုင္ပါ။

ပမာဏ ေသးေသးေလး ေလွ်ာ့လိုက္တာ ကိစၥမ႐ွိပါ။ ဒီအသုတ္ အခ်ိန္မျပည့္ခင္ တစ္ခုခုလုပ္ဖို႔ ေဖးခ်မ့္ ႀကိဳးစားၾကည့္ႏိုင္ေသးသည္။ အဓိကအခ်က္က အေတာ္ေလးကို မ်ားျပားသည့္ ပမာဏျဖစ္ေနၿပီး သူ႕အတြက္ ဧရာမ ျပႆနာႀကီး ျဖစ္လာပါသည္။

ဒီတစ္ေခါက္က ငွားခ ေလွ်ာ့ခ်ေပးျခင္းဆိုရင္ ေနာက္တစ္ေခါက္ ဘာမ်ားထပ္လာဦးမွာလဲ။

ပိုဆိုးတာ တစ္ခုခု ျဖစ္လာႏိုင္သည္။

ထို႔ေၾကာင့္ ေဖးခ်မ့္က အဓိကတရားခံကို ႐ွာေဖြဖို႔ စိတ္ဆုံးျဖတ္ထားသည္။ သူ႕ရန္သူကို သိရပါက ဘယ္လိုတိုက္ခိုက္ၿပီး ေက်ာ္လႊားရမလဲဆိုတာကို သူသိပါၿပီ။ ေနာက္တစ္ေခါက္ အ႐ႈံးကို တြက္ခ်က္ရာတြင္ ဒီလို မေသခ်ာသည့္ ကိန္းဂဏန္းမ်ားကို ထည့္တြက္ႏိုင္လိမ့္မည္။ မဟုတ္ပါက ေျခလွမ္းတစ္ခုမွားတာနဲ႔ ေနာက္ဆုံး ထြက္သက္အဆင့္အထိ ေရာက္သြားႏိုင္သည္။

ေဖးခ်မ့္ ေခတၱစဥ္းစားလိုက္သည္။ "မန္ေနဂ်ာက်န္းကို သြားေတြ႕ဖို႔ ကြၽန္ေတာ့္ကို လိုက္ပို႔ပါ။"

လက္ေထာက္႐ွင္းက ေခါင္းၿငိမ့္လိုက္ပါသည္။ "ဟုတ္ကဲ့ ကြၽန္မလည္း အဲ့လိုပဲထင္တယ္။ ေဘာ့စ္ေဖးကိုယ္တိုင္ သြားလည္သင့္တယ္။"

လက္ေထာက္႐ွင္းလည္း တစ္ခုခု သံသယ ျဖစ္စရာ ႐ွိေနသည္ဟု ထင္မိေနတာလား။။ ဒီကိစၥကို စုံစမ္းဖို႔လိုတယ္လို႔ ထင္ေနတာမဟုတ္လား။ အမွန္ပင္။ ဉာဏ္ႀကီး႐ွင္မ်ားက အေတြးခ်င္း တူၾကသည္။

ေဖးခ်မ့္လည္း ဒီလိုေတြးမိပါသည္။

စီမံေရးလက္ေထာက္က လက္ေထာက္႐ွင္းကို သစ္သီးတစ္အိတ္ ေပးေနစဥ္ တံခါးေခါက္သံ ထြက္ေပၚလာပါသည္။

ေဖးခ်မ့္ "???"

လက္ေထာက္႐ွင္းက ေျပာလိုက္၏။ "မန္ေနဂ်ာက်န္းက အရမ္းရက္ေရာၿပီး ငွားခကို ဒီေလာက္ ေလွ်ာ့ခ်ေပးလိုက္တာ။ ေဘာ့စ္ေဖးကိုယ္တိုင္ သူ႕ဆီသြားလည္ၿပီး ေက်းဇူးတင္သင့္တယ္လို႔ ကြၽန္မထင္လို႔ပါ။ တစ္ေယာက္ေယာက္ကို လက္ေဆာင္ယူသြားဖို႔ သစ္သီးေတြ ဝယ္ခိုင္းၿပီးၿပီ။"

ေဖးခ်မ့္ "???"

မန္ေနဂ်ာက်န္းကို သြားေတြ႕မယ္ဆိုတာ ငါ ဒါကို ဆိုလိုတာလား။ သူ႕ကို ေက်းဇူးတင္မယ္လို႔ ဘယ္သူေျပာလဲ။

သို႔ေသာ္လည္း လက္ေထာက္႐ွင္းက သစ္သီးမ်ားကို ကိုင္ထားၿပီး သူ႕ကိုေစာင့္ေနတာကို ျမင္သျဖင့္ ေဖးခ်မ့္ဆြံ႕အကာ မတ္တပ္ရပ္လိုက္ပါသည္။ "ဒါဆိုလည္း သြားၾကတာေပါ့။"

သူတို႔ႏွစ္ေယာက္ မန္ေနဂ်ာက်န္း၏ ႐ုံးသို႔ သြားၾကပါသည္။

တံခါးကဟေနၿပီး မန္ေနဂ်ာက်န္းက အလုပ္႐ႈပ္ေနသည္။

ေဖးခ်မ့္က မန္ေနဂ်ာက်န္းကို အသိေပးဖို႔ တံခါးေခါက္ဖို႔ ၾကံ႐ုံ႐ွိေသးသည္။ မန္ေနဂ်ာက်န္းက ေဖးခ်မ့္ကိုျမင္သြားၿပီး မတ္တပ္ရပ္ကာ ေျပာလိုက္ပါသည္။ "ေဘာ့စ္ေဖးပါလား၊ ဘာကိစၥ႐ွိလို႔လဲ။ ေက်းဇူးျပဳၿပီး အထဲဝင္ထိုင္ဦးေလ။"

ေဖးခ်မ့္ အနည္းငယ္ မွင္သက္သြားသည္။

တစ္ခုခုေတာ့ တကယ္လြဲေနပါၿပီ။

အရင္တစ္ေခါက္က မန္ေနဂ်ာက်န္း ဒီလိုပုံစံ မဟုတ္ပါ။

အရင္တစ္ေခါက္က မန္ေနဂ်ာက်န္းက ယဥ္ေက်းမႈ႐ွိေသာ္လည္း သူ႕ဝန္ေဆာင္မႈေၾကာင့္ လုပ္ငန္းသေဘာအရသာ ျဖစ္ပါသည္။ ဒီအဆာက္အဦးထဲက ကုမၸဏီမ်ား၏ ေဘာ့စ္မ်ားကို မန္ေနဂ်ာက်န္း စကားေျပာတိုင္း ယဥ္ယဥ္ေက်းေက်း က်ိဳးက်ိဳးႏြံႏြံ ဆက္ဆံရသည္။

ဒီတစ္ေခါက္ေတာ့ မန္ေနဂ်ာက်န္း၏ အျပဳအမူက ပို၍ ေလးစားသမႈ႐ွိသည္။ အထက္လူႀကီးကို တစ္ေယာက္ေယာက္က ဆက္ဆံေနသလိုမ်ိဳးပင္။

ေဖးခ်မ့္ သံသယႀကီးစြာျဖင့္ ထိုင္လိုက္ပါသည္။

"မန္ေနဂ်ာက်န္းက ထန္းတာ့ရဲ႕ အထပ္ ငွားရမ္းခအတြက္ ေလွ်ာ့ေစ်း အႀကီးႀကီး ခ်ေပးလိုက္တာပဲ။ ေဘာ့စ္ေဖးကိုယ္တိုင္ ေက်းဇူးတင္ေၾကာင္း လာျပတာပါ" ႐ွင္းဟိုက္လူက သစ္သီးမ်ားကို စားပြဲေပၚမွာ တင္ထားလိုက္ၿပီး ျပဳံးကာ ေျပာလိုက္ပါသည္။

ေဖးခ်မ့္လည္း မခ်ိတင္ကဲ အတင္းျပဳံးလိုက္ပါသည္။ "အင္း... ဟုတ္ပါတယ္။"

မန္ေနဂ်ာက်န္းက ယဥ္ေက်းစြာျဖင့္ အျမန္ေျပာလိုက္သည္။ "ဟူး ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔ကို ယဥ္ေက်းျပစရာမလိုပါဘူး။ ထန္းတာ့က ႐ွန္းဟြာဗ်ဴးမွာ လာၿပီးအေျခခ်တာကပဲ ကြၽန္ေတာ္တို႔အတြက္ ဂုဏ္ယူစရာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ေဖာက္သည္ေတြကို ဂ႐ုစိုက္ရမွာ ကြၽန္ေတာ့္အလုပ္ပဲေလ။ လက္ေဆာင္ေပးစရာမလိုပါဘူးဗ်ာ။ တကယ္ေတာ့ ကြၽန္ေတာ္က ေဘာ့စ္ေဖးဆီကို လာလည္ရမွာ။”

ေဖးခ်မ့္ ဆြံ႕အသြားပါသည္။

တစ္ခုခုေတာ့ လြဲေနၿပီ။ တစ္ခုခုေတာ့ တကယ္လြဲေနၿပီ။

သူ႕ေနာက္ကယ္မွာ သူ မသိတဲ့ကိစၥေတြ တကယ္ျဖစ္ေနမွန္း ေဖးခ်မ့္ ပိုပိုၿပီး ေသခ်ာလာပါသည္။ အေရးႀကီးသည့္ သက္ေသမ်ားလည္း ႐ွိသည္။

ေဖးခ်မ့္က လိုရင္းေျပာဖို႔ ဆုံးျဖတ္လိုက္ပါသည္။

"မန္ေနဂ်ာက်န္း အခ်င္းခ်င္း ပြင့္ပြင့္လင္းလင္း ေျပာၾကရေအာင္ဗ်ာ။ တစ္စတုရန္းေပကို ၁.၅ ယြမ္အထိေတာင္ ေလွ်ာ့ေပးလိုက္တာက... အဲ့ဆုံးျဖတ္ခ်က္ကို ခ်တာ ခင္ဗ်ား မဟုတ္ဘူးမလား။ ဒီကိစၥအတြက္ ကြၽန္ေတာ္ တကယ္ေက်းဇူးတင္ၿပီး ဘယ္လိုေစတနာ႐ွင္က ထန္းတာ့ကို ေကာင္းခ်ီးေပးခဲ့သလဲဆိုတာ သိခ်င္လို႔ပါ။ တစ္ေန႔က်ရင္ ေက်းဇူးျပန္ဆပ္ခ်င္လို႔ပါဗ်ာ။"

ေဖးခ်မ့္က အလြန္ေစတနာပါသည္။

"အာာာ... အဲ့တာကေလ..." မန္ေနဂ်ာက်န္းက အနည္းငယ္ တြန္႔ဆုတ္ေနပါသည္။

အမွန္ပင္။ ငွားခကို ဒီေလာက္အမ်ားႀကီး ေလွ်ာ့ခ်တာမ်ိဳးမွာ သူ႕လိုမန္ေနဂ်ာသာသာက ဆုံးျဖတ္ႏိုင္တာမ်ိဳး မဟုတ္ပါ။ ေသခ်ာေပါက္ အထက္လူႀကီးမ်ား၏ သေဘာတူညီမႈကို လိုအပ္သည္။

ေဘာ့စ္ေဖးကလည္း ငတုံး မဟုတ္ပါ။ အဲ့လိုမ်ိဳးမ႐ွိပါဘူးလို႔ မန္ေနဂ်ာက်န္းေျပာလိုက္ပါက ေဘာ့စ္ေဖး မယုံၾကည္မွာကို သူ သိေနသည္။

ထို႔အျပင္ ေဘာ့စ္ေဖးက ျပႆနာ႐ွာဖို႔၊ သို႔မဟုတ္ ကလဲ့စားေခ်ဖို႔ သိခ်င္တာလည္း မဟုတ္ပါ။ ေက်းဇူးျပန္ဆပ္ႏိုင္ဖို႔ သိခ်င္ျခင္းသာ ျဖစ္သည္။

ဘာမွ ဖုံးကြယ္ထားဖို႔ မလိုဘူးဟု ခံစားမိပါသည္။

ျပႆနာက... မန္ေနဂ်ာက်န္းကိုယ္တိုင္လည္း ဒီအမိန္႔ ဘယ္ကလာမွန္း ေသခ်ာ မသိျခင္းပင္။

မန္ေနဂ်ာက်န္း အက်ပ္႐ိုက္ေနသည္။ သူျပဳံးကာ ေျပာလိုက္သည္။ "ေဘာ့စ္ေဖး ကြၽန္ေတာ္က အမိန္႔အတိုင္း လုပ္ရတာပါ။ ကြၽန္ေတာ့္အတြက္ ခက္ခဲေအာင္ မလုပ္ပါနဲ႔ဗ်ာ။ တကယ္ေတာ့ ကြၽန္ေတာ္လည္း ဘာေတြျဖစ္ေနလဲဆိုတာ ေသခ်ာမသိပါဘူး။ ဒါက ႐ွန္းဟြာအိမ္ျခံေျမထဲက အထက္လူႀကီးတစ္ေယာက္ဆီက တိုက္႐ိုက္လာတဲ့ အမိန္႔တစ္ခုဗ်။ ဘယ္ေဘာ့စ္က ဒီဆုံးျဖတ္ခ်က္ကို ခ်လိုက္တာလဲဆိုတာေတာ့... ကြၽန္ေတာ္လည္း တကယ္မသိပါဘူး။”

႐ွန္းဟြာအိမ္ျခံေျမရဲ႕ အထက္လူႀကီးဆီက တိုက္႐ိုက္လာတဲ့ အမိန္႔ ဟုတ္လား။

တစ္ခုခုေတာ့ မွားေနၿပီ။ တစ္ခုခုေတာ့ ဆိုးဆိုး႐ြား႐ြားကို မွားေနၿပီ။ ဘာလို႔ ႐ွန္းဟြာအိမ္ျခံေျမရဲ႕ အထက္လူႀကီးတစ္ေယာက္ေယာက္က ထန္းတာ့ဂိမ္းအေၾကာင္း သိေနမွာလဲ။ သူတို႔ ထန္းတာ့ဂိမ္းေတြ ကစားၾကလို႔လား။ ဘာေတြ ေတြးေနတာလဲ။ မျဖစ္ႏိုင္တာ။

မန္ေနဂ်ာက်န္း၏ မ်က္ႏွာကိုျမင္ၿပီး သူလည္း တကယ္ဘယ္သူအမိန္႔ေပးမွန္း မသိတာ အမွန္ျဖစ္ေလာက္ပါသည္။ ေဖးခ်မ့္ အ႐ႈံးေပးၿပီး ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္ကာ ျပန္လာခဲ့ပါသည္။

႐ွန္းဟြာဗ်ဴးမွာ ထန္းတာ့ေနာက္ပိုင္း ျပႆနာတစ္ခုခုေပၚလာပါက ေဖးခ်မ့္သူ႕ကိုခ်က္ခ်င္း အသိေပးရမည္ျဖစ္ၿပီး သူ႕ကိုခက္ခဲေအာင္လည္း မလုပ္ဖို႔ မန္ေနဂ်ာက်န္းက ထပ္ခါထပ္ခါ ေျပာခဲ့ပါသည္။

သူ႕႐ုံးခန္းကို ျပန္ေရာက္ေသာအခါ ေဖးခ်မ့္က သူ႕ကြန္ပ်ဴတာေ႐ွ႕ တိတ္တိတ္ဆိတ္ဆိတ္ ထိုင္လိုက္ၿပီး အကူအညီအတြက္ ခ်မ့္သု ႐ွာေဖြေရးကို အားကိုးဖို႔ ျပင္လိုက္ပါသည္။

႐ွန္းဟြာအိမ္ျခံေျမက ႐ွန္းဟြာေကာ္ပိုေရး႐ွင္း၏ လက္ေအာက္က ကုမၸဏီတစ္ခုျဖစ္ပါသည္။ လြန္ခဲ့သည့္ ႏွစ္ပိုင္းမ်ားတြင္ အိမ္ယာျခံေျမလုပ္ငန္းမ်ားက အေတာ္ေလး ေရပန္းစားေနသျဖင့္ ႐ွန္္းဟြာေကာ္ပိုေရး႐ွင္းကလည္း အိမ္ယာျခံေျမ ပေရာဂ်က္တစ္ခုကို ေဆာင္႐ြက္ဖို႔ ဆုံးျဖတ္ခဲ့သည္။ ႐ွန္းဟြာေကာ္ပိုေရး႐ွင္း၏ ဘ႑ာေရး ခြန္အားအရ ႏိုင္ငံေတာ္တြင္ ဝင္ေငြအေကာင္းဆုံး နံပါတ္ ၁ နံပါတ္ ၂ မဟုတ္ေသာ္လည္း ႐ွန္းဟြာအိမ္ျခံေျမက ႏိုင္ငံေတာ္ထဲက ေ႐ွ႕ေဆာင္လမ္းျပတစ္ခု ျဖစ္လာခဲ့ပါသည္။

႐ွန္းဟြာဗ်ဴးကလည္း က်င္းက်ိဳးၿမိဳ႕တြင္ ႐ွန္းဟြာအိမ္ျခံေျမပိုင္ဆိုင္သည့္ အိမ္ယာမ်ားစြာထဲက တစ္ခုျဖစ္ပါသည္။

႐ွန္းဟြာအိမ္ျခံေျမ၏ ဥကၠဌက ႐ွန္းဟြာေကာ္ပိုေရး႐ွင္း၏ ဥကၠဌႀကီး လင္းက်န္းနန္၏ ဒုတိယသား လင္းက်ိဳး ျဖစ္သည္။ လြန္ခဲ့သည့္ ႏွစ္ပိုင္းမ်ားတြင္ ႐ွန္းဟြာ အိမ္ယာျခံေျမကို အျပည့္အဝ တာဝန္လႊဲေျပာင္းယူႏိုင္ခဲ့ၿပီး ကုမၸဏီကို လူငယ္မ်ား၏ ေနထိုင္မႈဘဝနဲ႔ ပိုၿပိးကိုက္ညီမႈ႐ွိသည့္ ေခတ္သစ္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ျဖစ္လာေအာင္ ေျပာင္းလဲခဲ့ပါသည္။

"လင္းက်ိဳးတဲ့လား။"

ဒီနာမည္ကို ၾကားဖူးသလိုလို ႐ွိသည္ဟု ေဖးခ်မ့္ ခံစားမိသည္။ လင္းက်ိဳး၏ ပုံတစ္ပုံကို ၾကည့္ၾကည့္ေတာ့လည္း မ်က္ႏွာကို ျမင္ဖူးေနသည္။

"ငါတို႔ ကုမၸဏီမွာလည္း မ်ိဳး႐ိုးနာမည္ လင္းနဲ႔... ဒုတိယမ်ိဳးဆက္ သခင္မေလးတစ္ေယာက္႐ွိတယ္ မဟုတ္လား။"

ေဖးခ်မ့္ ရင္ဘတ္ထဲ ေအာင့္သြားသည္။

မဟုတ္မွလြဲေရာ...

ေဖးခ်မ့္က ခ်မ့္သု တြင္ 'လင္းဝမ္'ဟု ႐ွာၾကည့္သည္။ သို႔ေသာ္ ဘာမွ ႐ွာမရခဲ့ေပ။ သို႔ေသာ္လည္း သူ ပိုၿပီး စဥ္းစားၾကည့္ေလေလ တစ္ခုခု မွားယြင္းေနေၾကာင္း ပိုၿပီး ထင္မိလာေလေလ ျဖစ္သည္။

လင္းဝမ္ ပထမဆုံးအႀကိမ္ အင္တာဗ်ဴးတြင္ ဝတ္လာသည့္ ဂါဝန္က ယြမ္ေသာင္းခ်ီတန္သည္ဟု လက္ေထာက္႐ွင္း ေျပာၿပီးကတည္းက ေဖးခ်မ့္တစ္ေယာက္ လင္းဝမ္ကို သတိထားမိၿပီးသား ျဖစ္သည္။

လင္းဝမ္က အလုပ္အေတြ႕အၾကဳံလည္း ဘာမွ မ႐ွိ၊ ကမ႓ာႀကီးအေၾကာင္းလည္း ဘာမွ မသိသည့္ ႐ိုး႐ိုးသားသား ခ်ိဳခ်ိဳၿမိန္ၿမိန္ ေကာင္မေလးတစ္ေယာာက္နဲ႔ တူခဲ့သည္။ ထိုအခ်ိန္တုန္းက ဝန္ထမ္း ၁ ေယာက္တိုး ၁ ေယာက္ ေလ်ာ့တာေလာက္ကို ေဖးခ်မ့္ စိတ္မဝင္စားသျဖင့္ သူမကို ဝင္ခြင့္ေပးခဲ့သည္။

ထို႔ေနာက္ လင္းဝမ္က ဆန္းစထ႐ိုက္ခ္စတူဒီယိုမွာ အလုပ္လုပ္ခဲ့စဥ္က ရခဲ့သည့္ သူမ၏ အဆက္အသြယ္မ်ားကိုသုံးၿပီး FPS ဝါရင့္ဂိမ္မာမ်ားကို အကူအညီေတာင္းခဲ့သည္။ ထိုလူမ်ားက သမုဒၵရာရဲတိုက္ကို ပထမဆုံး ေၾကာ္ညာဖို႔အတြက္ ကူညီေပးခဲ့ၾကသည္။

သို႔ေသာ္လည္း ဒီကိစၥကို ေဖးခ်မ့္ ဘာမွ သတိႀကီးႀကီး မထားခဲ့ပါ။ ဘာပဲျဖစ္ျဖစ္  ဒီတာဝန္ကို ယူထားသူတိုင္းက ထိုဂိမ္မာမ်ားနဲ႔ ဆက္သြယ္ႏိုင္လိမ့္မည္။ လင္းဝမ္က ထူးထူးျခားျခား သ႐ုပ္မ်ိဳး႐ွိသည္ဟုလည္း ေဖးခ်မ့္ မထင္ခဲ့ဘဲ သူမကို ႐ိုး႐ိုးတန္းတန္း ဒုတိယမ်ိဳးဆက္ သူေဌးသမီးတစ္ေယာက္ျဖစ္သည္ဟုသာ ထင္ထားခဲ့သည္။

ထို႔ေနာက္ လင္းဝမ္ကို ကုမၸဏီၾထက ႐ိုး႐ွင္းသည့္ တာဝန္တခ်ိဳ႕အား ေပးအပ္ခဲ့သည္။ သူမက တာဝန္ေက်ပြန္ၿပီး စိတ္အားထက္သန္မႈလည္း႐ွိကာ ဇာတ္္နိမ့္ေနခဲ့သည္။ သူမ ထူးခြၽန္တာ ဘာမွ မလုပ္ခဲ့ဖူးပါ။ ထို႔ေၾကာင့္ ေဖးခ်မ့္လည္း သူမကို သတိမထားမိပါ။

သို႔ေသာ္လည္း အခုေတာ့ သူ အမွားႀကီး မွားခဲ့တာကို ေဖးခ်မ့္ သိလိုက္ရပါၿပီ။

ဒုတိယမ်ိဳးဆက္သူေဌးသမီးမ်ားအၾကား ျခားနားမႈ ႐ွိသည္။ တခ်ိဳ႕က ဒီတိုင္း ျပည့္စုံၾကတာသာျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ေဘာ့စ္ေဖး၏ လစဥ္ အထပ္ငွားစရိတ္ကို ဖုန္းတစ္ခ်က္ ဆက္လိုက္႐ုံနဲ႔ သိန္းနဲ႔ ခ်ီၿပီး ေလွ်ာ့ခ်ပစ္လိုက္ႏိုင္သည္။

ေဖးခ်မ့္ ႐ူးသြပ္သြားသည္။

ၿဂိဳဟ္ေကာင္တစ္ေကာင္ ႐ွိေနတယ္။

ၿဂိဳဟ္ေကာင္က ကုမၸဏီထခဲမွာ လေပါင္းမ်ားစြာ ပုန္းခိုေနခဲ့ၿပီး သူ လုံးဝ သတိမထားမိခဲ့ပါ။

ငါ ဘာလုပ္ရမလဲ။ ဘယ္လိုကိုင္တြယ္ရမလဲ။

ဒါကို အထပ္ထပ္ အခါခါ စဥ္းစားေသာ္လည္း ဘာအၾကံမွ မရပါ။

ခက္ခဲလြန္းသည္။

"စိတ္ေအးေအးထားစမ္း။ ငါအခု သူ႕အေၾကာင္း ဘာမွ မသိေသးလို႔ ဘာလုပ္ရမွန္း မသိေသးတာ။ ငါ တိုက္ပြဲကို အႏိုင္မရခင္ ရန္သူအေၾကာင္းသိထားဖို႔လိုတယ္။ လင္းဝမ္က အေၾကာင္းျပခ်က္ မ႐ွိဘဲ ငါ့ဆီမွာ အလုပ္လာလုပ္မွာ မဟုတ္ဘူး။"

"ဒါကိုသာ သိရရင္ သူ႕ဆုံးျဖတ္ခ်က္ကို ျပန္စဥ္းစားခိုင္းၿပီး သူ႕ရဲ႕ ပိုင္ဆိုင္မႈ မီလီယံ၊ ဘီလီယံေတြကို ဆက္ခံဖို႔ ထြက္သြားခိုင္းလို႔ရႏိုင္မယ္ထင္တယ္။"

"သူ႕ကို ထြက္သြားေအာင္ မလုပ္ႏိုင္ရင္ေတာင္ အဖိုးတန္တဲ့ အခ်က္အလက္တခ်ိဳ႕ေတာ့ ရမွာပါ။"

ထိုသို႔စဥ္းစားရင္း ေဖးခ်မ့္ ဆန္းစထ႐ိုက္ခ္ စတူဒီယိုမွ က်ိဳးမူယန္ထံသို႔ ဖုန္းဆက္ဖို႔ ဆုံးျဖတ္လိုက္ပါသည္။

က်ိဳးမူယန္ေတာ့ ေသခ်ာေပါက္ တစ္ခုခုကို သိထားေလာက္မည္။

အခန္း(၁၇၀) လင္းဝမ္ + ႐ွန္းယန္ = ?

"ေဘာ့စ္ေဖ ဘာမ်ားေဆာင္႐ြက္ေပးရမလဲခင္ဗ်ာ..."

ဖုန္းထဲတြင္ က်ိဳးမူယန္၏ အသံက အသက္မဲ့ေနသလိုလို။ အရင္တစ္ေခါက္ မႏွစ္က ကြမ္က်ိဳးမွာ ေတြ႕ခဲ့ၾကၿပီးကတည္းက ေဖးခ်မ့္နဲ႔ က်ိဳးမူယန္တို႔ အဆက္အသြယ္ မ႐ွိခဲ့ၾကပါ။

သမုဒၵရာရဲတိုက္နဲ႔ Bullet Hole တို႔၏ ရလဒ္မ်ားက အေတာ္ေလး ကြာျခားေနသျဖင့္ နဂိုကတည္းက က်ိဳးပဲ့လြယ္သည့္ သူတို႔ႏွစ္ေယာက္ ဆက္ဆံေရး ပိုဆိုးသြားခဲ့ပါသည္။

သမုဒၵရာရဲတိုက္က ကစားသူေပါင္းမ်ားစြာ ႐ွိသည့္ ျပည္တြင္းထုတ္ FPS ဂိမ္းမ်ား၏ နံပါတ္ ၁ ျဖစ္လာခဲ့ကာ ဆက္လက္တိုးခ်ဲ႕ေနဆဲ ျဖစ္သည္။ ၎၏ ၿပိဳင္ဘက္ကလည္း တျခား ျပည္တြင္းထုတ္ဂိမ္းမွ Counter Strike အျဖစ္ ေျပာင္းလဲသြားခဲ့ပါသည္။

တစ္ဖက္မွာေတာ့ Bullet Hole ၏ေရပန္းစားမႈက ပထမ က်ယ္က်ယ္ျပန္႔ျပန္႔ ေၾကာ္ျငာမႈေၾကာင့္ စဦးပိုင္းသာ ေအာင္ျမင္မႈရၿပီး တျဖည္းျဖည္းခ်င္း က်လာခဲ့သည္။

အေမွာင္ထဲမွာ ဆက္လက္လည္ပတ္ေနဆဲျဖစ္ကာ အဆင္ေျပေနေသာ္လည္း က်ိဳးမူယန္၏ မူလ ပန္းတိုင္နဲ႔ ေမွ်ာ္လင့္ခ်က္မ်ားကို မျပည့္မွီခဲ့တာေတာ့ သိသာပါသည္။ ပိုမို က်ဆင္းေနၿပီး သမုဒၵရာရဲတိုက္၏ ေနာက္ကို ပိုပိုၿပီး ေရာက္လာပါၿပီ။

ဂိမ္းႏွစ္ခု၏ ဒီဇိုင္း အေၾကာင္းအရာက ေတာ္ေတာ္ေလးကို ျခားနားသည္။ ထန္းတာ့မွ ဆန္းစထ႐ိုက္ခ္ စတူဒီယိုကို ပညာသင္သြားတုန္းက အားလုံးကို က်ိဳးမူယန္က Bullet Hole ၏ ဒီဇိုင္း အေၾကာင္းအရာအား ဝံ့ႂကြားစြာ မွ်ေဝခဲ့ပါသည္။

ထိုအခ်ိန္တုန္းကေတာ့ က်ိဳးမူယန္က ယုံၾကည္မႈမ်ားျဖင့္ ေတာက္ပလ်က္ ႐ွိသည္။

ေဖးခ်မ့္ကေတာ့ ပရိတ္သတ္ထဲမွာသာ ျပဳံးျပဳံးႀကီး ထိုင္ေနၿပီး သေဘာတူညီမႈမ်ား ျပည့္ဝေနေသာ မ်က္လုံးမ်ားျဖင့္ ဆက္တိုက္ ေခါင္းၿငိမ့္ေနခဲ့သည္။

သို႔ေသာ္လည္း အဲ့တုန္းက ေဘာ့စ္ေဖး ဘာလို႔ အဲ့လိုျပဳမူေနခဲ့သလဲဆိုတာ က်ိဳးမူယန္ အခုေတာ့ သိသြာားပါၿပီ။

သမုဒၵရာရဲတိုက္ကို ပထမဆုံး ထုတ္လႊင့္လိုက္တုန္းက က်ိဳးမူယန္သိပ္ၿပီးေတာ့ အာ႐ုံမစိုက္ခဲ့ပါ။ သို႔ေသာ္လည္း ၎၏ ေရပန္းစားမႈက ဆက္တိုက္ ျမင့္တက္လာသည္။ ေနာက္ဆုံးေတာ့ တစ္ခုခုလြဲေနသည္ဟု က်ိဳးမူယန္ စတင္ခံစားလာမိပါသည္။

သူ အနည္းငယ္ စုံစမ္းၾကည့္ေသာအခါ သမုဒၵရာရဲတိုက္၏ ထုတ္လုပ္ေရးက Bullet Hole နဲ႔ တူညီသေလာက္႐ွိသည္။ ထန္းတာ့ ဆန္းစထ႐ိုက္ခ္ စတူဒီယိုကို လာလည္တုန္းက သမုဒၵရာရဲတိုက္ကို အဆင့္တစ္ခုအထိ ထုတ္လုပ္ဖန္တီးၿပီးသား ျဖစ္ပါသည္။

က်ိဳးမူယန္၏ ႏွလုံးသား ေအးစက္သြားသည္။

Bullet Hole ရဲ႕ ျပႆနာေတြကို ေဘာ့စ္ေဖးက သိၿပီးသား ျဖစ္ေသာ္လည္း ပရိတ္သတ္ထဲမွာ ဘာမွ မျဖစ္သလိုမ်ိဳး ေခါင္းသာ ၿငိမ့္ျပေနခဲ့သည္။

ဉာဏ္နီဉာဏ္နက္ မ်ားလိုက္တာ…

ထိုအခ်ိန္ကတည္းက ေဖးခ်မ့္ဘက္က က်ိဳးမူယန္ကို တစ္ခါမွ မဆက္သြယ္ခဲ့ပါ။ သူ ႂကြားေနသည္ဟု က်ိဳးမူယန္ ထင္သြားမွာကို စိုးရိမ္ေသာေၾကာင့္ ျဖစ္ပါသည္။ က်ိဳးမူယန္ကေတာ့ ေဖးခ်မ့္ကို ဘယ္လိုမွ ဆက္သြယ္မွာ မဟုတ္ပါ။ သူနဲ႔ ဘာမွ မပတ္သတ္ခ်င္ေပ။

ထို႔ေၾကာင့္ သူတို႔ႏွစ္ေယာက္ အခ်ိန္အေတာ္ၾကာမွ ေနာက္ဆုံးေတာ့ ျပန္လည္ဆက္သြယ္မိခဲ့ၾကသည္။

က်ိဳးမူယန္ ဘာေၾကာင့္ ဖုန္းကိုင္တာလဲ ဆိုတာကေတာ့...

သူ ေ႐ြးခ်ယ္စရာမ႐ွိလို႔ပဲ ျဖစ္သည္။ ေဘာ့စ္ေဖးကို မ်က္ႏွာသာေတာ့ ေပးရပါမည္။

ဘာပဲျဖစ္ျဖစ္ အခုဆို ထန္းတာ့ကို တရားဝင္ ဂိမ္းပလက္ေဖာင္းကပင္ ခ်ီးက်ဴးကာ ေထာက္ခံေပးေနၿပီျဖစ္သည္။ သူတို႔က တစ္ေလာကသားခ်င္း ျဖစ္သျဖင့္ က်ိဳးမူယန္က ေဘာ့စ္ေဖးကို ရည္႐ြယ္ခ်က္႐ွိ႐ွိ တိုက္ခိုက္လို႔ မရပါ။

သို႔ေသာ္လည္း ေဖးခ်မ့္ကို စကားေျပာဖို႔ေတာ့ သိပ္စိတ္မပါေပ။

ေဖးခ်မ့္လည္း က်ိဳးမူယန္၏ အၿငႇိဳးထားေသာ ခံစားခ်က္မ်ားကို ခံစားမိၿပီး စကားေျပာ မွားယြင္းကာ က်ိဳးမူယန္၏ က်ိဳးပဲ့လြယ္ေသာ စိတ္ဓာတ္ကို ရန္စမိသလို ျဖစ္သြားမွာ စိတ္ပူေနပါသည္။

ထို႔ေၾကာင့္ လိုရင္းသာ ေျပာဖို႔ ဆုံးျဖတ္လိုက္သည္။

"ေဘာ့စ္က်ိဳး ေႏွာင့္ယွက္မိတာ ေတာင္းပန္ပါတယ္။ ေမးခ်င္တာေလး႐ွိလို႔ပါ။ လင္းဝမ္ဆိုတာ ဘယ္သူလဲ ခင္ဗ်ား သိလား။"

က်ိဳးမူယန္ ေခတၱ ေၾကာင္သြားသည္။

ဒါေပါ့။ လင္းဝမ္ဆိုတာ ဘယ္သူလဲ သူ သိတာေပါ့။ လင္းဝမ္ ဆန္းစထ႐ိုက္ခ္စတူဒီယိုမွာ အလုပ္လုပ္တဲ့ ၂ ရက္ေျမာက္ေန႔မွာ ႐ွန္းဟြာေကာ္ပိုေရး႐ွင္း၏ ဥကၠဌ႐ုံးခန္းမွ က်ိဳးမူယန္ဆီသို႔ တိုက္႐ိုက္ဖုန္းေခၚခဲ့သည္။ သူ မွတ္မိတာသာ မမွားပါက လင္းဝမ္ ထန္းတာ့ကို ဝင္ခဲ့တာ လ အနည္းငယ္ ၾကာေလာက္ပါၿပီ။

ဒါေတာင္ ေဘာ့စ္ေဖးက လင္းဝမ္ ဘယ္သူဆိုတာကို မသိေသးတာလား။

မျဖစ္ႏိုင္ပါဘူး ဟုတ္တယ္မလား။

က်ိဳးမူယန္ အနည္းငယ္ ေၾကာင္စီစီျဖစ္ေနသည္။ သူ ျပန္ေမးလိုက္သည္။ "ေဘာ့စ္ေဖး မသိဘူးလား။"

ေဖးခ်မ့္၏ ရင္ထဲ ပိုၿပီးေတာင္ ေအးစက္သြားပါသည္။ က်ိဳးမူယန္၏ စကားကိုၾကည့္ျခင္းအားျဖင့္ လင္းဝမ္က ထူးျခားတဲ့လူတစ္ေယာက္ဆိုတာကို သက္ေသျပေနသလိုပင္။ ေဖးခ်မ့္က ခပ္ပါးပါး ေခ်ာင္းဆိုးလိုက္သည္။ "ေဘာ့စ္က်ိဳး ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ အခု ျပႆနာေလး နည္းနည္းနဲ႔ ရင္ဆိုင္ေနရလို႔ပါ။ ကြၽန္ေတာ့္ကို အကူအညီေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္ တစ္သက္လုံး ေက်းဇူးတင္အမွတ္ရေနမွာပါ။"

က်ိဳးမူယန္က အျမန္ျပန္ေျဖလိုက္ပါသည္။ "ေဘာ့စ္ေဖး ေက်းဇူးျပဳၿပီး အဲ့လိုမေျပာပါနဲ႔ဗ်ာ။ ေမးစရာ႐ွိတာသာ ေမးလိုက္ပါ။ ကြၽန္ေတာ္ ေျဖႏိုင္တာဆိုရင္ ေသခ်ာေပါက္ ျပန္ေျဖေပးပါ့မယ္။"

ေဖးခ်မ့္က ေမးလိုက္သည္။ "လင္းဝမ္နဲ႔ သူ႕မိသားစုၾကားက ျပႆနာရယ္၊ ဘာေၾကာင့္ သူက ဂိမ္းေလာကထဲ ဝင္လာတာလဲဆိုတာကို.... အေသးစိတ္ ေဘာ့စ္က်ိဳး ႐ွင္းျပေပးလို႔ ရမလားဗ်။"

က်ိဳးမူယန္ အနည္းငယ္ မွင္သက္သြားသည္။ မဟုတ္မွလြဲေရာ ေဘာ့စ္ေဖးက ဒါေတာင္ မသိတာလား။ ႐ွန္းဟြာေကာ္ပိုေရး႐ွင္း ဥကၠဌ ႐ုံးခန္းက ေဘာ့စ္ေဖးကို ဖုန္းမေခၚဘူးလား။

တစ္ခုခုေတာ့ သံသယျဖစ္ဖြယ္ေကာင္းေနပါၿပီ။

သို႔ေသာ္လည္း က်ိဳးမူယန္က မ်ားမ်ားစားစား မစဥ္းစားဘဲ လင္းဝမ္အေၾကာင္း သူ သိသမွ်ကို ေဖးခ်မ့္အား ေျပာလိုက္ပါသည္။

လင္းဝမ္က ႐ွန္းဟြာ ေကာ္ပိုေရး႐ွင္း ဥကၠဌ၏ အငယ္ဆုံး သမီး ျဖစ္သည္။ သူမမွာ  အစ္မတစ္ေယာက္နဲ႔ အစ္ကိုႏွစ္ေယာက္ ႐ွိသည္၊။ သူမက ဂိမ္းေလာကကို စိတ္အားထက္သန္မႈ ႐ွိသျဖင့္ သူမကိုယ္တိုင္ ဆန္းစထ႐ိုက္ခ္စတူဒီယိုမွာ အလုပ္လာလုပ္ျခင္း ျဖစ္သည္။

သို႔ေသာ္လည္း လင္းက်န္းနန္က လင္းဝမ္ ဂိမ္းေလာကထဲ ဝင္တာကို သိသိသာသာႀကီး အားမေပးပါ။ ဘယ္လိုပဲျဖစ္ျဖစ္ လင္းဝမ္က ေခါင္းမာၿပီး လင္းက်န္းနန္ကလည္း သူမနဲ႔ ဆက္ဆံေရး မပ်က္ျပားေစခ်င္သျဖင့္ က်ိဳးမူယန္ကို ဖုန္းဆက္ကာ လင္းဝမ္၏ ဂိမ္းေလာက အိပ္မက္ကို ဖ်က္ဆီးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့သည္။ ဒါမွ ႐ွန္းဟြာေကာ္ပိုေရး႐ွင္းမွာ သူမ အလုပ္ျပန္လာလုပ္မွာ ျဖစ္ပါသည္။

"အဲ့လိုပါပဲ ေဘာ့စ္ေဖး။ က်န္တာ ကြၽန္ေတာ္ ဘာမွ မသိပါဘူး" က်ိဳးမူယန္က စိတ္အားထက္သန္စြာ ေျပာလိုက္ပါသည္။ "ခင္ဗ်ားကို ဘာလို႔ ဖုန္းမဆက္တာလဲဆိုတာကိုေတာ့... ကြၽန္ေတာ္လည္း မသိဘူး။"

ေဖးခ်မ့္ ေခတၱ တိတ္ဆိတ္သြားသည္။ "႐ွန္းဟြာအိမ္ယာျခံေျမရဲ႕ ဥကၠဌ သူ႕အစ္ကို လင္းက်ိဳးနဲ႔ လင္းဝမ္တို႔ရဲ႕ ဆက္ဆံေရးကေကာ..."

က်ိဳးမူယန္က ျပန္ေျပာလိုက္သည္။ "သူက သူ႕အေဖနဲ႔ပဲ နည္းနည္း တင္းမာမႈ႐ွိတာလို႔ ေျပာတယ္။ သူ႕အစ္ကို လင္းက်ိဳးနဲ႔ ဆက္ဆံေရးကေတာ့ မဆိုးဘူးပဲ။"

ေဖးခ်မ့္ရင္ထဲ ပိုၿပီး ေအးစက္လာသည္။

ဟုတ္ၿပီ... အခုေတာ့ အကုန္လုံး အဓိပၸာယ္႐ွိသြားၿပီ။

လင္းဝမ္က သူမ၏ အစ္ကိုျဖစ္သူ လင္းက်ိဳးကို ထန္းတာ့အား ငွားရမ္းခ ေလွ်ာ့ခ်ေပးဖို႔ ေတာင္းဆိုခဲ့ေၾကာင္း ေသခ်ာႏိုင္ပါၿပီ။ တျခား ႐ွင္းလင္းခ်က္ မ႐ွိေတာ့ပါ။

"အဲ့တာဆို... ေဘာ့စ္က်ိဳး လင္းဝမ္ကို ဂိမ္းေလာကထဲက ထြက္သြားၿပီး သူ႕မိသားစုရဲ႕ အေမြကို ဆက္ခံေအာင္ ဘယ္လိုလုပ္ရမလဲ" ေဖးခ်မ့္က ေလးေလးနက္နက္ ေမးလိုက္ေလသည္။

က်ိဳးမူယန္ ေခတၱ စဥ္းစားလိုက္၏။ "သူ႕ကို ဂိမ္းေလာကအေပၚ ဆိုးဆိုး႐ြား႐ြား စိတ္ကုန္သြားေအာင္ လုပ္ရမယ္ထင္တယ္။"

ေဖးခ်မ့္ တိတ္ဆိတ္သြားသည္။

အဲ့တာ နည္းနည္း မခက္လြန္းဘူးလား။

ေဖးခ်မ့္ လုပ္ေနတာနဲ႔ လုံးဝ ဆန္႔က်င္ဖက္ ျဖစ္ေနပါသည္။

ေဖးခ်မ့္က ေငြပိုဆုံး႐ႈံးခ်င္သျဖင့္ သူ႕ဝန္ထမ္းမ်ားကို အက်ိဳးခံစားခြင့္မ်ား ပိုေပးသည္။ သို႔ေသာ္လည္း လင္းဝမ္ကေတာ့ ထန္းတာ့မွာ အလြန္ေကာင္းမြန္ၿပီး ထူးျခားေသာ ကုမၸဏီျဖစ္သည္ဟု ထင္သြားသည္။ သူမ ထြက္သြားမွာ မဟုတ္ပါ။

ဒါ ေခ်ာင္ပိတ္မိတာ မဟုတ္လား။ ဒီတစ္ေခါက္က အထပ္ ငွားရမ္းခ ေလွ်ာ့ခ်႐ုံပဲဆိုေပမယ့္ ဒီသူေဌးသမီး ေနာက္တစ္ေခါက္ ဘာေတြ ထပ္အကြက္ေ႐ႊ႕ဦးမလဲဆိုတာ ဘယ္သူ သိႏိုင္မွာလဲ။

"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဘာ့စ္က်ိဳး။ တစ္ေန႔က်ရင္ ကုမၸဏီေတြ႕ဆုံပြဲ ေနာက္တစ္ခု ထပ္ဖန္တီးေပးပါ့မယ္။ ေသခ်ာေပါက္ ကြၽန္ေတာ္တို႔ ကြမ္က်ိဳးကို လာခဲ့မွာပါ။ အဲ့က်မွပဲ လူကိုယ္တိုင္ ေက်းဇူးတင္ေတာ့မယ္ဗ်ာ။"

ဒီအခ်က္အလက္ကို က်ိဳးႀကီးက အလြန္ ေစတနာပါပါျဖင့္ ေပးသည္ဟု ေဖးခ်မ့္ ထင္မိပါသည္။ သူ႕အတြက္ အလြန္အသုံးဝင္သည္။

က်ိဳးမူယန္ အနည္းငယ္ ဆြံ႕အသြားသည္။

ဒီေကာင္လာဦးမယ္တဲ့လား။ ငါ့အေလာင္းကို ၾကာပြတ္နဲ႔ လာ႐ိုက္ဦးမလို႔လား။

"ေဘာ့စ္ေဖး ကြၽန္ေတာ္ တစ္ခုေလာက္ ေမးပါရေစ။ လင္းဝမ္က ထန္းတာ့မွာ ခြင့္မလႊတ္ႏိုင္စရာ ကိစၥ တစ္ခုခုမ်ား လုပ္ခဲ့လို႔လား..."

ေဖးခ်မ့္ တိတ္ဆိတ္သြားသည္။ ဒီေမးခြန္းကို သူ ဘယ္လို ျပန္ေျဖရမွန္း မသိေတာ့ပါ။

တစ္ဖက္ကၾကည့္ရင္ က်ိဳးမူယန္က လုံးဝ ႐ိုးသားစြာျဖင့္ ေဖးခ်မ့္ကို ကူညီေပးခဲ့သည္။ သူက ေဖးခ်မ့္ကို ဒီေမးခြန္းေလးတစ္ခုသာ ျပန္ေမးျခင္း ျဖစ္သည္။ ေဖးခ်မ့္သာ ဒီေမးခြန္းကို ေ႐ွာင္လိုက္ပါက၊ သို႔မဟုတ္ ပယ္ခ်ျခင္း လိမ္ညာျခင္းမ်ား ျပဳလုပ္လိုက္ပါက သင့္ေတာ္မည့္ပုံမေပၚပါ။

ေဖးခ်မ့္ ေခတၱေတာ့ ရပ္တန္႔သြားရသည္။

"သူက.. ကြၽန္ေတာ္တို႔ အထပ္ ငွားရမ္းခကို ၁စတုရန္းေပ ၄ ယြမ္ကေန ၁.၅ ယြမ္ျဖစ္ေအာင္ ေလွ်ာ့ခ်ပစ္လိုက္တယ္။"

က်ိဳးမူယန္ "???"

ဖုန္းခ်ၿပီးေနာက္ ေဖးခ်မ့္တစ္ေယာက္ တစ္ခါမွ မၾကဳံစဖူး အက်ပ္အတည္းမ်ိဳးနဲ႔ ရင္ဆိုင္လာရၿပီဟု ခံစားလိုက္ရသည္။ ေဖးခ်မ့္ ယြီအင္တာနက္ကေဖး၏ ငွားရမ္းစာခ်ဳပ္ကို ခ်က္ခ်င္းပဲ စစ္ၾကည့္လိုက္ပါသည္။ ႐ွန္းဟြာ အိမ္ယာျခံေျမနဲ႔ ပတ္သတ္ဆက္ႏြယ္မႈ ဘာမွ မ႐ွိသျဖင့္ သူအသက္႐ွဴမွန္သြားပါသည္။

ေတာ္ေသးတာေပါ့။

ထိုယြီအင္တာနက္ကေဖးဆိုင္မ်ား၏ တည္ေနရာမ်ားက အေတာ္ေလး လူသူကင္းမဲ့သည္။ ထိုေနရာမ်ားကလည္း သီးျခား အေဆာက္အဦးမ်ား ျဖစ္ၾကသည္။

တစ္ဖက္မွာေတာ့ ႐ွန္းဟြာဗ်ဴးက ၿမိဳ႕ေတာ္ထဲက လူစည္ကားသည့္ စီးပြားေရးနယ္ေျမမ်ားတြင္သာ ေျမဝယ္ဖို႔ စိတ္ဝင္စားပါသည္။ အမ်ားစုက အဆင့္ျမင့္ အိမ္ယာ သို႔မဟုတ္ ႐ုံးအေဆာက္အဦးမ်ား ျဖစ္သည္။

ယြီအင္တာနက္ကေဖး၏ တည္ေနရာမ်ားက ႐ွန္္းဟြာ၏ ျမင္ကြင္းမွ လုံးလုံးေပ်ာက္ကြယ္ေနပါသည္။ ယြီအင္တာနက္ကေဖး၏ ဆိုင္ငွားခမ်ားပါ ေလွ်ာ့က်သြားလွ်င္ ေဖးခ်မ့္ ေသြးအန္ထြက္ပါေတာ့မည္။

အခု ျပႆနာက လင္းဝမ္ကို ဘယ္လို႐ွင္းရမလဲဆိုတာပင္။

သူမကို လုပ္ခ်င္တိုင္း လုပ္ခြင့္ေပးထားလို႔ မရပါ။ သူမက ခ်ိန္ကိုက္ဗုံး တစ္လုံး ျဖစ္သည္။

သူမကို ေမာင္းထုတ္ဖို႔ အလြန္အမင္း အတင္းအက်ပ္ဆန္သည့္ နည္းလမ္းမ်ားလည္း သုံးလို႔ မရပါ။ သူ တဲ့တိုးႀကီး လုပ္လိုက္ပါက တျခားသူေတြ သတိထားမိသြားေလာက္သည္။

႐ွန္းဟြာေကာ္ပိုေရး႐ွင္း၏ ဥကၠဌ၊ လင္းဝမ္၏ အေဖျဖစ္သူ လင္းက်န္းနန္ကေတာင္... သူမကို ဘာမွ မလုပ္ႏိုင္သျဖင့္ ေဖးခ်မ့္လည္း ဘာအၾကံေကာင္းေကာင္းမွ မစဥ္းစားမိႏိုင္ေပ။ လင္းဝမ္သာ ေခါင္းမာလာပါက ကိစၥေတြ ထိန္းမႏိုင္ သိမ္းမရ ျဖစ္လာႏိုင္သည္။

သူ႕ရဲ႕ တစ္ခုတည္းေသာ ေျဖ႐ွင္းခ်က္က က်ိဳးမူယန္ေျပာသလိုပင္။ လင္းဝမ္ကို ဂိမ္းေလာကကို စိတ္ပ်က္ကာ စိတ္ဝင္စားမႈ ေလွ်ာ့က်သြားေစရန္ သူ အေကာင္းဆုံး ႀကိဳးစားရမည္။

ထန္းတာ့တြင္ လင္းဝန္၏ လုပ္ပုံကိုင္ပုံ ျပဳမူပုံတို႔ကို ၾကည့္ျခင္းအားျဖင့္ သူမက ဒုတိယမ်ိဳးဆက္ သူေဌးသမီးမ်ား၏ ဉာဏ္အားနည္းေသာ၊ အေျမာ္အျမင္႐ွိေသာ္လည္း မေတာ္ေသာ လူမ်ိဳး မဟုတ္ေလာက္ေပ။

ဒီလိုလူမ်ိဳးက သူမ ဆုံးျဖတ္ထားသည့္ လမ္းစဥ္ကို လုံးဝ စိတ္ျပတ္သားမႈ ႐ွိသည္။

သူမကို က်႐ႈံးသြားေအာင္ ျပင္ပ အရာ တစ္ခုခုက လုပ္လိုက္ပါက သူမ၏ စိတ္အားထက္သန္မႈကို ၿငႇိမ္းသက္ဖို႔ မလုံေလာက္ႏိုင္ေပ။ သူမကို ထပ္ႀကိဳးစားေစဖို႔ ဖိအားေပးသလိုသာ ျဖစ္ပါလိမ့္မည္။

အေတာ္ေလး အက်ပ္႐ိုက္ေသာ အေျခအေန ျဖစ္လာသည္။

ေဖးခ်မ့္ အၾကာႀကီး စဥ္းစားခဲ့သည္။

႐ုတ္တရက္ သူ အၾကံေကာင္းတစ္ခုကို စဥ္းစားမိလိုက္သည္။ ၾကည့္ရတာ... သူ ဝယ္ထားတဲ့ အမိႈက္သ႐ိုက္ ႐ွန္းယန္ဂိမ္းက ေနာက္ဆုံးေတာ့ အသုံးဝင္ေတာ့မယ္ထင္တယ္...။

အခုခ်ိန္ထိ ႐ွန္းယန္ဂိမ္းက ၎၏ မူလ အေျခအေနမ်ားကို ဆက္လက္ ထိန္းသိမ္းေနႏိုင္ဆဲ ျဖစ္သည္။ ထို႔အျပင္ လက္႐ွိ လည္ပတ္ေနသည့္ အေျခအေနမ်ားကို ၾကည့္ျခင္းအားျဖင့္ အ႐ႈံးေပၚေနဆဲ ျဖစ္သည္။

လင္းဝမ္ကို ဒီလို ေသခ်ာေပါက္ က်႐ႈံးမည့္ ဂိမ္းပေရာဂ်က္၏ တာဝန္႐ွိသူအျဖစ္ ခန္႔အပ္လိုက္ပါက... ဂိမ္း တကယ္ က်႐ႈံးသြားသည့္အခါ သူမ၏ ကိုယ္ပိုင္အစြမ္းအစကိုေကာ၊ ဂိမ္းေလာကတစ္ခုလုံးကိုပါ သံသယ စတင္ဝင္လာလိမ့္မည္။ ထိုအခ်ိန္က်လွ်င္ ေဘာ့စ္ေဖးက ေပ်ာ္ေပ်ာ္ႀကီး ေငြဆက္ျဖဳန္းႏိုင္ၿပီး လင္းဝမ္ကေတာ့  သူမ မိသားစု၏ အေမြကိုဆက္ခံဖို႔ ျပန္သြားပါလိမ့္မည္။ အဲ့တာ ႏွစ္ဦးႏွစ္ဖက္စလုံးအတြက္ အေကာင္းဆုံးပဲ မဟုတ္လား။

ဒါက အၾကံေကာင္းျဖစ္သည္ဟု ေဖးခ်မ့္ ခံစားမိပါသည္။

ဟုတ္တယ္။ ကိစၥေတြအမ်ားႀကီးကို မေတာ္တဆ အစီအစဥ္ခ်ၿပီး ဆုံးျဖတ္ခ်က္ခ်ႏိုင္တယ္။

Continue Reading

You'll Also Like

148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021
493K 43.7K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung