သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-161/162

160 11 0
By Miracle_Phyu97

ဖေးချမ့် 161+162

အခန်း(၁၆၁) မာကြီးရဲ့ စိတ်အားထက်သန်မှုကို ပြန်လည်ထွန်းညှိပေးခြင်း

ယွီအင်တာနက်ကဖေးမှ ထွက်လာသောအခါ ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။ သူက သေချာပေါက် မီးနဲ့ ကစားနေခြင်း ဖြစ်သည်။

ငါ့အတွက် တော်တော်ခက်ခဲပါလား။

ဒီနေ့ဖြစ်ပျက်ခဲ့သည့်အရာများကို ဖေးချမ့် ပြန်တွေးကြည့်လိုက်သည်။ သူ နောက်တစ်ပတ် နှစ်ပတ်လောက်မှ သိရမည်ဆိုလျှင် အခြေအနေက ထိန်းမနိုင် သိမ်းမရ ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်လာသည့်အခါ ယွီအင်တာနက်ကဖေးမှာသာ ပြဿနာများဖြစ်လာနိုင်ရုံမကဘဲ တခြား ပရောဂျက်များအတွက် အားစိုက်ထုတ်ထားတာတွေပါ အလကားဖြစ်သွားနိုင်ပါသည်။

"ကံကောင်းလို့ အဆိုးဆုံးဖြစ်မသွားခင် အခြေအနေတွေကို ရှင်းပြီး ငါ့ထိန်းချုပ်မှုအောက်ထဲ ပြန်ရောက်အောင်လုပ်နိုင်ခဲ့ပေလို့ပဲပေါ့။ မာကြီးကို နှစ်သိမ့်တာလည်း အောင်မြင်တယ်။။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုပါ ရှင်းလင်းထားပြီးသား ဖြစ်သွားတယ်။ ဒါက အခြေအနေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံး ဗျူဟာ တစ်ခုပဲ။”

"ငါကတော့ တကယ့် ဉာဏ်ကြီးရှင်ပဲ။"

ဒီပြဿနာက မာယန်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေပြီး နလန်ပြန်မထူနိုင်တော့မှာကို ဖေးချမ့် စိုးရိမ်ခဲ့မိသည်။ ထို့ကြောင့် အဆုံးတွင် မာယန်အတွက် သူ လေထဲက ရဲတိုက်တစ်လုံး ဆောက်ပေးခဲ့ပါသည်။

အမှန်ပင်။ ဖေးချမ့်၏ စကားလုံးများက အလုံးစုံ မှန်ကန်နေတာတော့ မဟုတ်ပေ။ သို့သော်လည်း မာယန်အတွက် သူ ဆောက်လုပ်ပေးထားသည့် ရဲတိုက်မှာ တခြား ဘော့စ်တွေ ပြောတာနဲ့တော့ ခြားနားပါသည်။

တခြားဘော့စ်များ ပြောသည့် လေထဲက ရဲတိုက်များက လုံးဝ အလိမ်အညာများသာ ဖြစ်ကြသည်။ သို့သော်လည်း ဖေးချမ့်ကတော့ မတူပေ။ သူ့ကတိကို လိုက်နာဖို့ တကယ်ပဲ စီစဥ်ထားပါသည်။

မာယန်၏ လုပ်ရပ်များကြောင့် ဖေးချမ့်ကို ပြန်လည် သတိဝင်လာစေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းများအကြောင်းကို တွေးမိစေခဲ့၏။

နောက်နှစ်အနည်းငယ်အတွင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုများမှာ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများ ဖြစ်လာမှာကို ဖေးချမ့် သိပါသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများ အကြား တိုက်ပွဲများ မကြာခင် ပြင်းထန်လာလိမ့်မည်။ လူတွေရဲ့ ဘဝနေထိုင်မှုပုံစံများလည်း အများအပြား ပြောင်းလဲသွားလိမ့်မည်။

သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတိုင်း အမြတ်ရနိုင်မည်ဟု ဘယ်သူက အာမခံမည်နည်း။

မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကို ရွေးချယ်ခြင်းက စီးပွားရေး အင်ပါယာကြီး တစ်ခုကို တည်ဆောက်နိုင်လောက်အောင် အကူအညီ ဖြစ်စေမည်။ သို့သော်လည်း ငွေရေးကြေးရေး တိုက်ပွဲများထဲ ပြာကျသွားသည့်အထိ လောင်ကျွမ်းသွားနိုင်သော အခွင့်အရေးက ပိုများသည်။ နောက်ဆုံးမှာတော့ လူအများစုက စိတ်ဓာတ်ကျဆင်းစွာဖြင့် ဒီလောကထဲမှ ထွက်သွားပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် တခြားသူများကလည်း အကန်း မဟုတ်ပါ။ ဒီလို ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးမျိုးကို တစ်ယောက် မြင်နိုင်ပါက တခြားသူများလည်း မြင်နိုင်လိမ့်မည်။

အင်တာနက်ခေတ်တွင် လူတစ်ယောက်၏ ငွေရေးကြေးရေးစွမ်းအားက ဒီရင်းနှီးမြှပ်နှံမှု အခွင့်အရေးကို အနိုင်ယူနိုင်ခြင်း မယူနိုင်ခြင်းအား ဆုံးဖြတ်ပေးသည်။

ကုမ္ပဏီများစွာက သန်းရာနဲ့ချီပြီး ငွေတွေ ဆုံးရှုံးနိုင်သည်။ ဖေးချမ့်က သူလည်း ငွေတွေ ဆုံးရှုံးချင်သလားဟု မေးခွန်းထုတ်မိသည်။ သူ့ရင်ထဲက အဖြေကတော့ ခေါင်းငြိမ့်နေ၏။ သို့သော် အဓိက ပြဿနာက သူဆုံးရှုံးရအောင် ထန်းတာ့မှာ ငွေလုံလုံလောက်လောက် ရှိမနေခြင်း ဖြစ်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် အရေးအကြီးဆုံးအရာကတော့ သူ ငွေဆုံးရှုံးမှ ဖြစ်ပါမည်။

ကုမ္ပဏီများ ဆက်တိုက် ငွေအရှုံးပေါ်သောဖြစ်ရပ်များစွာကို ဖေးချမ့်သိပါသည်။

ofo အဝါရောင်စက်ဘီးများ (စက်ဘီးငှားဝန်ဆောင်မှု)၊ ထိထိချူးရှင်း(ယာဥ်အငှားဝန်ဆောင်မှု) ၊ မိန့်ချွမ်အစားအစာ ပို့ဆောင်ရေး၊ ပန်ဒါတီဗီ(တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း)၊ JD ထောက်ပံ့ပို့ဆောင်ရေးများ....။

ဒါတွေအားလုံးက ငွေအရှုံးပေါ်တဲ့ သာဓကကောင်းတွေပဲ မဟုတ်ပေဘူးလား။

ဒီလိုဖြစ်ရပ်တွေထဲတစ်ခုကိုသာ ရွေးချယ်ပြီး ပုံတူကူးလိုက်ပါက သူလည်း ငွေတွေ ဆက်တိုက် အရှုံးပေါ်လိမ့်မည်ဟု ဖေးချမ့်ခံစားမိပါသည်။ ထို့နောက် စနစ်၏ ငွေကိုသုံးပြီး ငွေတွင်းကြီးကို ဖြည့်နိုင်သည်၊။ ဒါဆို မကောင်းဘူးလာား။

ဖေးချမ့်က ဒါတွေကို အရင်တုန်းက မလုပ်ခဲ့ရခြင်းမှာ ထိုလောကများထဲ ဝင်ရောက်ဖို့ လိုအပ်ချက် တချို့ ရှိနေသောကြောင့် ဖြစ်ပါသည်။ ထိုပရောဂျက်များအတွက် အကာအရံကို တည်ဆောက်ဖို့ ပိုက်ဆံတောင် မရှိသေးပါ။ လည်ပတ်ဖို့ ကုန်ကျစရိတ်များဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပေ။

သို့သော်လည်း ဒီအချိန်တောအတွင်း သူ့ပန်းတိုင်က တဖြည်းဖြည်းနဲ့ ငွေ သန်းဆယ်နဲ့ချီပြီး ဆုံးရှုံးဖို့ ဖြစ်လာတာကို ဖေးချမ့် သတိထားမိလိုက်ပါသည်။ ထို့ကြောင့် သူ့စိတ်ထဲမှာ သတ်မှတ်ထားသည့် ပမာဏအတိုင်း အရှုံးပေါ်စေဖို့ သူ့ပရောဂျက်များကို စီစဥ်မည်ဖြစ်သည်။

အမှန်ပင်။ အသေးစိတ် ဗျူဟာများကိုတော့ ထပ်ပြီး စဥ်းစားရပါဦးမည်။

ဘာပဲဖြစ်ဖြစ် သူ့မှာ မပြီးပြတ်သေးသည့် ထုတ်ကုန်များ ရှိပါက ငွေစာရင်းရှင်းချိန်ကို နောက်ဆုတ်သွားမည်ဟု စနစ်က ဖော်ပြထားခြင်းကြောင့် ဖြစ်ပါသည်။

ဖေးချမ့်သာ လုပ်ငန်း တစ်ခုခုကို မပြင်မဆင်ဘဲ ဝင်ရောက်လိုက်ပြီး သူ့အရင်းအနှီး ချိတ်ဆက်မှုက ထုတ်လုပ်မှုအဆင့်များမှာသာ ပြတ်တောက်သွားလျှင် ငွေစာရင်းရှင်းချိန်ကို ကြုံရတော့မှာ မဟုတ်ပေ။ သူ့ထုတ်ကုန်ကို ဆက်လက်လုပ်ဆောင်ဖို့လည်း ငွေလုံလုံလောက်လောက်ရှိတော့မှာ မဟုတ်ပါ။ ထိုအခါ ဟိုမရောက် ဒီမရောက် အခြေအနေထဲတွင် ပိတ်မိနေပါလိမ့်မည်။

ဒီနှစ်သုတ်အတွင်း ငွေများကို အောင်မြင်စွာ အရှုံးပေါ်နိုင်ပါက ဒီလုပ်ငန်းများကို လောလောဆယ် မဝင်ရောက်သေးဖို့ ရွေးချယ်ပါမည်။

ဘာကြောင့်မှန်းမသိဘဲ နောက်တစ်ခါသာ အကျိုးအမြတ်များ ထပ်ရလာပါက... ငွေများ စွန့်ကြဲခြင်းတွင် ပြန်လမ်းမရှိသော လမမ်းကို ဘော့စ်ဖေး လျှောက်လှမ်းမိသွားပါလိမ့်မည်။

ရွေးချယ်မှုများစွာထဲ တိုက်ရိုက်ထုတ်လွှင့်မှုက ရွေးချယ်မှုကောင်းတစ်ခုဖြစ်ပုံရသည်။ မာယန်ဘယ်လောက် ဝမ်းနည်းနေလဲဆိုတာကိုမြင်ပြီး ဖေးချမ့် နှစ်သိမ့်ပေးချင်ခဲ့မိ၏။ ထို့ကြေင့် မာယန်ကို ယွီတီဗီ၏ စီအီးအိုဟူသော ဘွဲ့ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ယွီတီဗီဟူသည့် အိုင်ဒီယာက မာယန် ယွီအင်တာနက်ကဖေးတွင် တပ်ဆင်ထားသော ဖန်သားပြင်စခရင်ကြောင့် ရလာသည်ဟုလည်း ပြောခဲ့ပါသေးသည်။

ဇွန်လ ၃ ရက်နေ့...

တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲနှစ်ခုလုံးလည်း ဖွင့်လှစ်လိုက်ပါပြီ။ ဖေးချမ့်ကိုယ်တိုင် ရှိနေ၏။ ဆိုင်နှစ်ဆိုင် ဘယ်လောက်တောင် ချောက်ကပ်နေလဲဆိုတာကို မျက်စိနဲ့ တပ်အပ်မြင်ပြီးမှ စိတ်အေးသွားပါတော့သည်။

မာယန်နဲ့ ကျန်းယွမ်တို့လည်း ရှိနေကြသည်။ သို့သော် မာယန်က အနည်းငယ် စိတ်ရှုပ်ထွေးကာ စိတ်ဓာတ်ကျနေသည့်ပုံစံပင်။

ဖေးချမ့်က ကျန်းယွမ်ကို တိုးတိုးတိတ်တိတ် တစ်နေရာသို့ ဆွဲခေါ်သွားလိုက်ပါသည်။ "မာကြီးက နည်းနည်း စိတ်နဲ့လူနဲ့မကပ်သလိုပဲ။”

ကျန်းယွမ်ကလည်း အမှန်တိုင်း ပြန်ပြောလိုက်ပါသသည်။ "ရပါတယ်ဘော့စ်ဖေးရယ်။ ညီအစ်ကိုမာက သူ့ပန်းတိုင်တွေယာယီ ပျောက်ဆုံးသွားလို့ပါ။ အဲ့တာကြောင့် တစ်ခါတစ်လေ စိတ်ဓာတ်ကျနေတဲ့ပုံပေါက်နေတာ။ ဒါပေမယ့် အစားအသောက်တော့ မပျက်ရှာဘူး။ သူ့စားတာ ပိုတောင်များလာသလိုပဲ။”

ဖေးချမ့်က စဥ်းစားလိုက်ပါသည်။ "ဒါမှ မာကြီးပေါ့။ သူက စိတ်ပိုင်းဆိုင်ရာအရမှာ တော်တော့်ကို သန်မာတယ်။ဒီလောက် ပြင်းပြင်းထန်ထန် ထိခိုက်ပြီးတာတောင် သူ့စားချင်သောက်ချင်စိတ်ကို လုံးဝ အထိအခိုက်မရှိဘူး။”

"မူရင်းဆိုင်အခြေအနေ ဘယ်လိုလဲ။"

ကျန်းယွမ်က ပြန်ပြောလိုက်သည်။ "လုပ်ငန်းက အဆင်ပြေပါတယ်။ ချန်းလျဲ့ ထွက်သွာားတော့ ကျွန်တော်တို့ဆိုင်က အဆိုတော်အသစ်တစ်ယောက်ကို ရှာခဲ့တယ်။ တစ်ခါတစ်လေ လက်ဆောင်တွေ ပေးကြတာတော့ ရှိပေမယ့် ပရိတ်သတ်က တဖြည်းဖြည်းနဲ့ နည်းလာပြီဗျာ။”

"ကျွန်တော်တို့ အဆိုတော်ကို ကော်မရှင်ခ ပေးပါသေးတယ်။ အစတုန်းကထက်တော့ ဝင်ငွေက ပိုကောင်းလာပါတယ်။ ဒါပေမယ့် အရှုံးကို အမြတ်အဖြစ် ပြောင်းနိုင်ဖို့ကတော့ ဘယ်လောက်တောင် ကြာဦးမလဲဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ နောက်ဆုံးတော့ သူ စိတ်ပူနေတာတွေကို လျှော့ချလိုက်လို့ရပါပြီ။

စတိုးဆိုင်က အရှုံးမှ အမြတ်အဖြစ် မပြောင်းသေးသရွေ့ အားလုံး အဆင်ပြေသည်။

သို့သော်လည်း ဆိုင်ကို စစဖွင့်တုန်းကထက် ဘာကြောင့် အခု ဝင်ငွေတွေ ပိုကောင်းလာရတာလဲ။ ဒါက အရက် မှာယူသည့် နှုန်းထားအပေါ် မူတည်ပြီး ကော်မရှင်ခများပေးခြင်းက အသုံးဝင်သည့် ပုံစံတစ်ခုဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ သူလည်း အမြတ်ရစေသည်။ ထို့ကြောင့် ဒါက အန္တရာယ်တစ်ခုဖြစ်နေဆဲဖြစ်ပါသည်။

ဖေးချမ့်က စိတ်ဓာတ်ကျအုံ့မှိုင်းနေသော မာယန်ကိုကြည့်ရင်း ရုတ်တရက် အကြံတစ်ခု ရလိုက်ပါသည်။

ယွီအင်တာနက်ကဖေးက အရက်ကော်မရှင်ပြဿနာကိုဖြေရှင်းရင်း မာယန်အတွက်လည်း စိတ်ဓာတ်ပြန်တက်လာအောင် လုပ်ပေးနိုင်တာ တစ်ခုခု ရှိလား။

ဖေးချမ့်၏ အာရုံထဲတွင် အိုင်ဒီယာတစ်ခု ပေါ်လာခဲ့ပါသည်။

ငွေဆုံးရှုံးသွားသည့် နာမည်ကြီးဖြစ်ရပ်တချို့က အလုပ်ဖြစ်ဖို့ သန်းရာနဲ့ချီပြီး လိုအပ်သည်။ လောလောဆယ် သူ မတတ်နိုင်သေးပါ။ သို့သော်လည်း တချို့ပရောဂျက်များက စတင်လည်ပတ်ဖို့ အရင်းအနှီး အများကြီး သိပ်မလိုအပ်ပေ။

ဥပမာ... အစားအသောက် ဒလီဗာရီဝန်ဆောင်မှုကဲ့သို့မျိုးဖြစ်၏။

ယွီအင်တာနက်ကဖေးက ဆိုင်ခွဲမန်နေဂျာတစ်ယောက်မှာ စားဖိုမှူးဖြစ်မှန်း ဖေးချမ့် သတိထားမိသည်။ ဆိုင်ခွဲမန်နေဂျာ ရွေးချယ်ပွဲတွင် စားပွဲထိုး ၄ ယောက်အပြင် လက်ထောင်ခဲ့သည့် စားဖိုမှူးတစ်ယောက်လည်း ရှိသည်။ သူလည်း ဆိုင်ခွဲမန်နေဂျာတစ်ယောက် ဖြစ်လာခဲ့ပါသည်။

သူက သင့်တော်သည့်သူ ဖြစ်လာခဲ့သည်။

"ကျန်းယွမ် ဒီဆိုင်ရဲ့ ဆိုင်ခွဲမန်နေဂျာကို ခေါ်လိုက်စမ်း။ မာယန်ကိုလည်း ခေါ်လိုက်၊ မင်းတို့တွေကို တာဝန်အသစ် ပေးစရာ ရှိတယ်။”

လူလေးယောက်သား ကော်ဖီနယ်မြေတွင် ထိုင်လိုက်ကြပါသည်။

မာယန်၊ ကျန်းယွမ်တို့က ဒါကို အသားကျနေပြီဖြစ်သော်လည်း အသစ်ခန့်အပ်ထားသော ဆိုင်ခွဲမန်နေဂျာ သို့မဟုတ် စားဖိုမှူးက သူ့ရာထူး ပြောင်းလဲမှုကို အသားမကျသေးပါ။ သူက အနည်းငယ် စိတ်မသက်သာဖြစ်ကာ ဂနာမငြိမ်လည်းဖြစ်နေသည့်ပုံပင်။

"ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ဆိုင်ခွဲမန်နေဂျာ" ဖေးချမ့်က မေးလိုက်၏။

ဆိုင်ခွဲမန်နေဂျာများ၏ နာမည်ကို သူ တစ်ခါမှ စိတ်မဝင်စားဖူးပါ။ သူတို့က သူ့အတွက် အသုံးချခံ လူသားများသာ ဖြစ်သည်။ သူတို့နာမည်က ဘာဖြစ်ဖြစ် အရေးမကြီးပေ။

နောက်ထပ်ရှုထောင့်တစ်ခုက စဥ်းစားကြည့်ရင် ဒါက ကောင်းသော အရာ ဖြစ်ပါသည်။ အသုံးချခံလူသားတစ်ယောက်၏ နာမည်ကို သူသိပါက ထိုအသုံးချခံလူသားမှာ အလုပ်တွင် ထူးချွန်သည့် သဘော ဖြစ်သည်။ ဒါက ဖေးချမ့်အတွက် သတင်းဆိုး ဖြစ်ပါသည်။

အသစ် ခန့်အပ်ထားသည့် မန်နေဂျာ (သို့) စားဖိုမှူးမှာ အသက် ၄၀ ဝန်းကျင် ရှိလောက်သည်ဟု ထင်ရပါသည်။ သူက သက်လတ်ပိုင်း အမျိုးသား အများစုလို ကြမ်းတမ်းသည့် ပုံစံ မပေါ်ပါ။ တကယ်တော့ သူက သန်မာသည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့ကိုယ်သူလည်း ဂရုစိုက်သည့်ပုံစံပင်။

ဘော့စ်ဖေး၏ မေးခွန်းကို ကြားပြီးနောက် ဆိုင်ခွဲမန်နေဂျာက အမြန်ပြန်ဖြေလိုက်ပါသည်။ "ကျွန်တော်က လင်းခန်ရုံပါ။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ သူ့မျိုးရိုးနာမည်က လင်းဆိုတာကိုသာ မှတ်ထားလိုက်ပါသည်။

"မာကြီး ခုတလော မင်းပန်းတိုင်တွေ ပျောက်နေသလိုပဲ။ ရပါတယ်။ ဘာလို့လဲဆိုတော့ ငါ့မှာ မင်းကိုပေးဖို့ အရမ်းအရေးကြီးပြီး အသစ်အဆန်းဖြစ်တဲ့ တာဝန်တစ်ခု ရှိတယ်။ ဒါက ငါတို့ယွီအင်တာနက်ကဖေးရဲ့ ပုံကြမ်းကို ထပ်ပြီး ကျယ်ပြန့်သွားစေလိမ့်မယ်။ ဒါက ထန်းတာ့ရဲ့ စီးပွားရေးအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းပဲ။”

"အဲ့ဒီတာဝန်ကို ယူဖို့ မင်းမှာ ယုံကြည်ချက် ရှိလား။"

ဖေးချမ့်က မာယန်ကို အားပေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။

မာယန်က ချက်ချင်း အားအင်ပြည့်ဝသွားသည်။ "ညီအစ်ကိုချမ့် ငါ့ကိုအကုန်ပြောပြပါ။ ငါ့ပါရမီကို ထုတ်ပြနိုင်ဖို့ အခွင့်အရေး မရတော့မှာကို စိတ်ပူနေတာကွ။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ ထင်ထားသည့်အတိုင်း ရိုးရှင်းသည့် တာဝန်လေးတစ်ခုနဲ့ မာယန်၏ နှလုံးသားမီးတောက်ကို ပြန်ထွန်းညှိဖို့ လုံလောက်ပါသည်။

"ငါတို့...F&B လုပ်ငန်းကို ဆက်ပြီး တိုးချဲ့ကြမယ်။"

မာယန်၊ ကျန်းယွမ်နဲ့ လင်းခိုင်ရုံတို့အားလုံး အချင်းချင်း ပြန်ကြည့်လိုက်သည်။

F&B လုပ်ငန်းကို တိုးချဲ့ကြမယ်ဟုတ်လား။

အမှန်ပင်။ ယွီအင်တာနက်ကဖေးနဲ့ သူတို့ခရီးလမ်းကို စတင်ခဲ့ကြပြီးပြီ။ ယွီအင်တာနက်ကဖေးတွင် စားသောက်စရာများ ဝန်ဆောင်မှုပေးသည်။ ၎င်း၏ မီနူးတွင် တစ်ဖက်က နိုင်ငံခြားဝိုင်များရှိကာ တစ်ဖက်မှာတော့ အိမ်ချက်ဟင်းလျာများ ရှိပါသည်။

ယခင် ယွီအင်တာနက်ကဖေးတွင် စားဖိုမှူးလင်း၏ အလုပ်က ရေသာခိုဖို့- အဲ - ကတ်စတမ်မာများအတွက် ချက်ပြုတ်ပေးဖို့ ဖြစ်ပါသည်။ သို့သော်လည်း ယွီအင်တာနက်ကဖေး၏ ကတ်စတမ်မာအများစုက အစားအသောက်များ မမှာယူကြပါ။ ထို့ကြောင့် နေ့တိုင်း စားဖိုမှူးလင်က ရေသာခိုနေရသလိုပင်။

ဖေးချမ့်က အဲ့တာတောင် သူ့ခရီးလမ်းကို ဆက်တိုးချဲ့မယ်တဲ့လား။

အခန်း(၁၆၂) အလှပဆုံး အစားအသောက် ဒလီဗာရီ

အားလုံး ဇဝေဇဝါ ဖြစ်ကုန်သည်။ အထူးသဖြင့် လင်းခန်ရုံဖြစ်၏။ သူ့အကြည့်က စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ တခြားသူတွေက ယွီအင်တာနက်ကဖေး၏ အခြေအနေကို ကောင်းကောင်း မသိနိုင်သော်လည်း သူကတော့ ကောင်းကောင်း သိပါသည်။

ထိုဆိုင်မှာ ဘာမှကို လုပ်စရာ မရှိပါ။

နေ့တိုင်း သူ ချက်ပြုတ်ရသည့် ဟင်းလျာက ဆယ်ပွဲ မပြည့်ပေ။

စဥ်းစားကြည့်လျှင်တော့ ပုံမှန်ပဲ ဖြစ်ပါသည်။ ယွီအင်တာနက်ကဖေးက အလွန်စတိုင်ကျပြီး အဆင့်မြင့်သည်။ ဘယ်သူက အဲ့လိုနေရာမျိုးမှာ အိမ်ချက်ဟင်းလျာတွေ မှာချင်မှာလဲ။

စားပွဲတစ်လုံးက မိန်းမလှလေးတစ်ယောက်က ကော့တေးလှလှတစ်ခွက်ကို မှာလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်က ရှုခင်းများကို ကြည့်ရင်း ဝိုင်ကို အရသာခံသောက်နေ၏။ သူမ ဆယ်ဖီရိုက်လိုက်ပြီး သူမ၏ WeChat တွင် တန်းတင်လိုက်မည်။

ထိုအခါ အနောက်တွင် ပါလာသည့် စားပွဲက လူက ကြက်ဥခရမ်းချဥ်သီးမွှေကြော်တွေ ထိုင်စားနေတာ ဖြစ်သင့်ရဲ့လား။

အဓိပ္ပာယ် မရှိပါ။

တကယ်တမ်း ထိုဟင်းများကို မှာယူလိုက်လျှင် ဟင်းရနံ့များက ကော်ဖီနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မည်။ လူသတ်ခွင့်သာ ရှိလျှင် ထိုလူမှာ အနားကလူတွေ သတ်ဖြတ်တာ အခါ ၁၀၀လောက် ခံရနိုင်ပါသည်။

ထို့ကြောင့် ဘယ်သူမှ ဟင်းလျာများကို မမှာယူကြပါ။ စားဖိုမှူးလင်းက နေ့တိုင်းတာဝန်အရသာ မီးဖိုချောင်ထဲတွင် မတ်တပ်ရပ်နေရသည်။။ သူ တော်တော်လေးကို ပျင်းရိနေပါသည်။

အချိန်အတော်ကြာသောအခါ အခြေအနေက တိုးတက်လာခဲ့၏။

ဝန်ထမ်းများကို ပြုစုဖို့အတွက‌ေ ဖေးချမ့်က ယွီအင်တာနက်ကဖေးကို သူတို့အားလုံးအတွက် နေ့လည်စာ ပို့ပေးစေချင်သည်။ ထို့ကြောင့် နေ့လည်ခင်းမှာတော့ စားဖိုမှူးလင်းက အလုပ်များလာသည်။ သို့သော်လည်း သူ့အလုပ်က အလွန်အားလပ်နေဆဲ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယွီအင်တာနက်ကဖေးက စားဖိုမှူးနှစ်ယောက်ကို ထပ်မံ ခန့်အပ်လိုက်သောကြောင့် ဖြစ်ပါသည်။ သာမန်စားသောက်ဆိုင်များနဲ့ ယှဥ်လျှင် ဒီက အလုပ်ဝန်ထုပ်ဝန်ပိုးက အပန်းဖြေခရီးတစ်ခု ထွက်လာသလိုသာ ဖြစ်နေပါသည်။

ထို့ကြောင့် အခုချိန်အထိ ယွီအင်တာနက်ကဖေး၏ F&B ကဏ္ဍမှာ မရှိသလိုတောင် ဖြစ်နေပါသည်။

အကျိုးအမြတ် မရရုံတင်မကဘဲ ဖောက်သည်တောင် မရှိပါ။ ကြည့်ရတာ ထန်းတာ့၏ ဝန်ထမ်းများအတွက် သီးသန့်ဖွင့်ထားသော စားသောက်ဆိုင်နဲ့ပင် ပိုတူလာခဲ့ပါသည်။

အဲ့တာကို ဘာလို့ ဆက်ပြီး တိုးချဲ့ဦးမှာလဲ။ ရှိသမျှ အကုန်ပြောင်သွားမှာကို မကြောက်ဘူးလား။

စားဖိုမှူးလင်းတော့ သူတို့ ဘယ်လို ဆက်ပြီး တိုးချဲ့နိုင်ဦးမလဲ မတွေးတတ်တော့ပါ။

မျက်လုံး သုံးစုံက ဖေးချမ့်ကို စိုက်ကြည့်နေကြပြီး အထင်ကြီးစရာ ကောင်းသည့် သူ့အထင်အမြင်များကို စောင့်မျှော်နေကြပါသသည်။

ဖေးချမ့်က နှစ်ချက်လောက် ချောင်းဆိုးလိုက်ပြီး တည်တံ့စွာ ပြောလိုက်ပါသည်။ "ဆိုရိုးစကား ရှိတယ်။ အစားအသောက်နဲ့ လိင်ကိစ္စဆိုတာ လူသားသဘာဝတွေပဲတဲ့။ F&B လုပ်ငန်းက ငါတို့ နေ့စဥ်ဘဝနဲ့ ဆက်နွယ်နေတာ။ ဘယ်တော့မှ ဒိတ်အောက်လာတယ်ဆိုတာရှိမှာ မဟုတ်ဘူး။ အခုချိန်ထိ ယွီအင်တာနက်ကဖေးရဲ့ အာဟာရတန်ဖိုး မြင့်မားပြီး အရသာရှိတဲ့ အိမ်ချက်ဟင်းလျာတွေကြောင့် အားပေးသူတွေ အများကြီး ရရှိခဲ့တယ်။”

"အဲ့တာကြောင့် ငါတို့ ဒီအားသာချက်ကို အသုံးချပြီး ထပ်ပြီး တိုးချဲ့ရမယ်။ ယွီအင်တာနက်ကဖေးကို မလာနိုင်တဲ့လူတွေကိုလည်း အိမ်မှာ ငါတို့ရဲ့ အရသာရှိတဲ့ အစားအသောက်တွေကို စားနိုင်အောင် ဆောင်ရွက်ပေးရမယ်။”

မာယန်၏ မျက်လုံးထဲက စိတ်အားထက်သန်မှုများ တဖြည်းဖြည်းနဲ့ ပြန်ငြိမ်ကျသွားပါသည်။ ဖေးချမ့်ကို ဇဝေဇဝါဖြစ်စွာဖြင့် သူကြည့်လိုက်၏။ "ညီအစ်ကိုချမ့် မင်းပြောတဲ့အတိုင်းဆို ယွီအင်တာနက်ကဖေးကို အစားအသောက် ဒလီဗာရီဝန်ဆောင်မှုပါ ပေးဖို့ စီစဥ်နေတာလား။”

"ဘာလို့ အရမ်း ရှုပ်ထွေးအောင် ပြောနေတာလဲ။ ယွီအင်တာနက်ကဖေးက နောက်ကို ဒလီဗာရီဝန်ဆောင်မှုပါ ပေးမယ်လို့ ပြောလိုက်ရင် ပြီးနေတာပဲကို..."

ဟမ်... ဒီငတုံးကောင်က ငါ့စကားကို ကောင်းကောင်း နားလည်သားပဲ။ ငါ့အစီအစဥ်က တကယ်ပဲ ဒလီဗာရီဝန်ဆောင်မှုပေးဖို့ပဲ။ ဒါပေမယ့် သာမန်ဒလီဗာရီဝန်ဆောင်မှုတော့ မဟုတ်ဘူးကွ။

ဖေးချမ့်၏ မျက်နှာက တည်တံ့နေသည်။ "မာကြီး ဒါက မင်းဒီလို သဘောထာမျိုး မရှိသင့်ဘူး။ ဥပမာအားဖြင့် အဆိုပညာအရဆို မင်းက အသုဘအဆိုတော်လိုဖြစ်နေပြီး ချန်းလဲ့ကတော့ နတ်ဘုရားက ကောင်းချီးပေးထားတဲ့အသံမျိုး ဖြစ်နေမှာလေ။ မင်းတို့နှစ်ယောက်က တူမလား။”

"မင်းကိစ္စတွေကို အဆုံးစွန်ထိဖြစ်အောင် လုပ်နိုင်သရွေ့ မင်းလုပ်သမျှက ခမ်းနားကြီးကျယ်တဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ အစ ဖြစ်လာနိုင်တာပဲ။"

"မင်း စဥ်းစားကြည့်လိုက်စမ်းပါ။ နောက်ဆိုရင် ငါတို့ အစားအသောက် ဒလီဗာရီဝန်ဆောင်မှုက ကျင်းကျိုးမြို့ကနေ ထွက်ပြီး နိုင်ငံတော်ထဲက တခြား မြို့ကြီးပြကြီးတွေအထိပါ တိုးချဲ့သွားနိုင်မယ်။ လူတွေရဲ့ နေထိုင်မှုဘဝကိုပါ ကြီးကြီးမားမား ပြောင်းလဲနိုင်လိမ့်မယ်။ အဲ့တာဆို ရိုးရိုးရှင်းရှင်း ဒလီဗာရီဝန်ဆောင်မှုလို့ ခေါ်နိုင်ဦးမှာလား။”

"မိုင်တစ်သောင်းခရီးကိုလည်း ခြေတစ်လှမ်းနဲ့ပဲ စတင်ရတာပါပဲ။ ငါတို့က အခု အရေးအကြီးဆုံး ခြေလှမ်းကို လှမ်းကြတော့မှာလေကွ။”

ဖေးချမ့်၏ စကားကိုကြားပြီးနောက် မာယန််၊ ကျန်းယွမ်နဲ့ လင်းခန်ရုံတို့၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲသွားကြသည်။ သဘောမတူမှုမှ နားလည်မှု၊ ယုံကြည်မှုတို့အဖြစ် ပြောင်းလဲသွားကြသည်။

လင်းခန်ရုံလည်း စိတ်ကူးယဥ်ဆန်သွားမိပါသည်။

ဟုတ်တာပေါ့။ ဒါက အမြင်ချင်း ခြားနားတဲ့ ရလဒ်ပဲ။

ဘော့စ်ဖေးက ရိုးရိုးရှင်းရှင်း အစားအသောက် ဒလီဗာရီဝန်ဆောင်မှုလေးကနေ အနာဂတ် စီးပွားရေးအင်ပါယာကြီးတစ်ခုတောင် တည်ဆောက်ပြနိုင်တယ်။ အစားအသောက် ဒလီဗာရီဝန်ဆောင်မှုက ဘဝရဲ့ နည်းလမ်း တစ်ခု ဖြစ်လာတာနဲ့ လူတွေရဲ့ ဘဝနေထိုင်မှု ပြောင်းလဲလာမှာကိုလည်း မြင်နိုင်တယ်။

သူက တကယ့်ကို အမြော်အမြင်ရှိတာပဲ။

ထို့ကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ ကုမ္ပဏီဥက္ကဌ ဖြစ်လာနိုင်ခြင်း ဖြစ်လေသည်။ လင်းခန်ရုံက သူ့ပါရမီကို လေးစားနိုင်ရုံသာ ရှိတော့သည်။

မာယန်လည်း သူ့ သဘောမတူသည့် သဘောထားမှ ပြောင်းလဲသွားခဲ့ပါသည်။ သူ့ စိတ်ပါဝင်စားမှုကို ဖေးချမ့်က ထပ်ပြီး ထွန်းညှိပေးခဲ့ပြန်သည်။ "ညီအစ်ကိုချမ့် ငါတို့ကို မြန်မြန်ပြောပါ။ ငါတို့ဘာလုပ်ရမလဲ။”

"အစားအသောက် ဒလီဗာရီဝန်ဆောင်မှု ဝက်ဘ်ဆိုက်တ်စခု တည်ထောင်ရင်ကော။ ငါတို့ ကျင်းကျိုးမြို့က ရောင်းချသူတွေနဲ့ တွဲလုပ်ပြီး အွန်လိုင်း အစားအသောက် ဒလီဗာရီဝန်ဆောင်မှု ပလက်ဖောင်းတစ်ခုကို တည်ဆောက်လို့ ရတယ်လေ။”

မာယန်နဲ့ ကျန်းယွမ်တို့က ကိုယ်ပိုင်အိုင်ဒီယာများကို ထုတ်ပြောလာပါသည်။ လင်းခန်ရုံက သူတို့အိုင်ဒီယာများကို အကြံဉာဏ်တစ်ချို့ဖြင့် ဖြည့်စွက်ပေးနေ၏။

ဖေးချမ့်ကတော့ တစ်ခွန်းမှ မပြောဘဲ ပြုံးသာ ပြုံးနေပါသည်။

မာယန်တို့ ဒီလို အကြံများ ထွက်လာတာ ပုံမှန်ပဲ ဖြစ်ပါသည်။

၂၀၁၀ တွင် PC အင်တာနက် ဖွံ့ဖြိုးမှုက နှောင့်နှေးလာပြီး မိုဘိုင်းအင်တာနက်ဖွံ့ဖြိုးမှုက မြန်ဆန်လာသည်။ ဖေးချမ့် မှတ်မိသလောက်တော့ မိုဘိုင်းအင်တာနက် အသုံးပြုသူ ဦးရေ ရာခိုင်နှုန်းက ၇၄.၅ ရာခိုင်နှုန်းအထိ ရောက်သွားပါသည်။ PC အင်တာနက် အသုံးပြုသူ ၇၀.၆ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့သည်။ ဒါက ၂ နှစ်အတွင်း ဖြစ်လာပါလိမ့်မည်။

ဒီလောကမှာတော့ ဆဲလ်ဖုန်းလောကက သူ မှတ်မိတာထက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်နေသဖြင့် မိုဘိုင်းအင်တာနက်ခေတ်ကလည်း ပိုပြီး စောစောရောက်လာခဲ့ပါသည်။

သို့သော်လည်း အခုချိန်ထိ အွန်လိုင်း အစားအသောက် ဒလီဗာရီဝန်ဆောင်မှုများကို လုပ်ငန်းကြီးကြီးမားမားများက လက်ဝါးကြီး မအုပ်ကြသေးပါ။ ထိုလုပ်ငန်းကြီးများက တခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးဖြစ်သည့် Group Buying ကိုသာ အာရုံစိုက်နေကြဆဲ ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်၏ နွေဦးရာသီကစလို့ စီးပွားရေးလုပ်ငန်းရှင်အများစုက Groupon ၏ Group Buying ဗျူဟာ ရေပန်းစားမှုကို မြင်လာခဲ့ကြသည်။ မကြာမီ Groupon 100 စစ်ပွဲနဲ့ Groupons 1000 တိုက်ပွဲများ ပြင်းထန်လာခဲ့၏။ ကုမ္ပဏီများစွာက Group-Buying လုပ်ငန်းတွင် နေ့တိုင်း ပေါ်ထွက်လာသည်။

ဒီလိုပြင်းထန်သည့် အခြေအနေမျိုးထဲတွင် အစားအသောက် ဒလီဗာရီဝန်ဆောင်မှုကို လျစ်လျူသာ ရှုထားခဲ့ကြပါသည်။ တစ်နှစ် နှစ်နှစ်လောက်ကြာမှသာ ဒီလုပ်ငန်းက မြင့်တက်လာပြီး စျေးကွက်ကစားသမား၏ မျက်လုံးထဲ ရေပန်းစားသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ဖြစ်လာနိုင်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် စားသောက်ဆိုင်များစွာက အခုတောာင် အစားအသောက် ဒလီဗာရီဝန်ဆောင်မှုများကို မှာယူသုံးစွဲနေပါပြီ။ သို့သော်လည်း ဒလီဗာရီဝန်ဆောင်မှုများကို အများအားဖြင့် ဖုန်းဖြင့်သာ ဆောင်ရွက်ကြသည်။ အလွန် ခေတ်နောက်ကျကာ ဒလီဗာရီ နောက်ကျခြင်း၊ မှားယွင်းခြင်း အစရှိသော ပြဿနာများစွာ ပေါ်လာနိုင်ပါသည်။

ထို့ကြောင့် သာမန်လူတွေကတော့ ရောင်းချသူတွေမှာ ရှိသည့် ကုန်စည်အားလုံးကို ပလက်ဖောင်းတစ်ခုပေါ် စုစည်းလိုက်ပြီး ကတ်စတမ်မာများက ဒလီဗာရီစီစဥ်မှုများကို အွန်လိုင်းပေါ်က လုပ်နိုင်ဖို့ တွေးမိလိမ့်မည်။

သို့သော်လည်း ဖေးချမ့်ကတော့ ဒီလိုလုပ်ဖို့ အစီအစဥ် မရှိပါ။

"မင်းတို့တွေက လောလွန်းတယ်။"

"ငါတို့အစားစားရင် တစ်ဇွန်းစီ စားသလိုမျိုး ငါတို့အစီအစဥ်ကိုလည်း တစ်ဆင့်ချင်းစီ ဆောင်ရွက်ရမှာပေါ့ကွ။ လောလောဆယ် လူတွေမှာ တူညီတဲ့ အကျင့်စရိုက်တွေ မရှိကြသေးဘူး။ ငါတို့ ယွီအင်တာနက်ကဖေးကလည်း သီးသန့် F&B ဘရန်း မဟုတ်သလို  နာမည်လည်း ရမလာသေးဘူး။ ငါတို့ ဝက်ဘ်ဆိုက်ကို အောင်မြင်စွာနဲ့ ဖန်တီးလိုက်ပြီပဲထားဦး။ ဘယ်လိုကြော်ငြာမှာလဲ။ ဝက်ဘ်ဆိုက်က ငါတို့ထင်ထားသလို ဖြစ်လာမယ်လို့ ဘယ်လို အာမခံနိုင်မှာလဲ။”

"ပြီးတော့လည်း ဒီလိုလုပ်ငန်းတွေရဲ့ အကြီးမားဆုံး ပြဿနာက ကြော်ငြာဖို့ မဟုတ်ဘူး။  စျေးကွက်ထဲမှာ ဦးဆောင်နိုင်ဖို့ မဟုတ်ဘူး။ စစ်ဆေးနိုင်ဖို့ မဟုတ်ဘူး။ အစားအသောက်က အရမ်း အရေးကြီးတယ်။ လမ်းဘေးက မသန့်ရှင်းတဲ့ စားသောက်ဆိုင်တွေ ငါတို့ဆီရောက်လာပြီး မသန့်ရှင်းတဲ့ အစားအစာတွေ ရောင်းချတာကြောင့် ကတ်စတမ်မာတွေ အစာအဆိပ်သင့်ကုန်ရင် ငါတို့က ကြားခံပလက်ဖောင်းဖြစ်လို့ အကုန်တာဝန်ယူရလိမ့်မယ်။”

"မင်းတို့ရဲ့ ပလက်ဖောင်းတစ်ခု တည်ဆောက်မယ့် အကြံက အရမ်းလွယ်တဲ့ပုံပေါက်ပေမယ့် အဲ့လိုပြဿနာတွေဖြစ်လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကော စဥ်းစားဖူးရဲ့လား။"

ဖေးချမ့်၏ မေးခွန်းများက မာယန်ကို ဆွံ့အသွားစေခဲ့သည်။

ဟုတ်တယ်။ ဒီအိုင်ဒီယာက နည်းနည်း လက်တွေ့မဆန်တဲ့ပုံစံပဲ။ ဒါပေမယ့်.... အဲ့လို မလုပ်ရင် ငါတို့ဘယ်လိုလုပ်နိုင်ဦးမှာလဲ။

သုံးယောက်သား ဖေးချမ့်ကို ကြည့်လိုက်ကြသည်။

ဖေးချမ့်က ပြုံးကာ ပြောလိုက်၏။ "အေးဆေးပေါ့။ ငါတို့ တစ်ဆင့်ချင်းစီ သွားကြမယ်။”

"ပထမဆုံးအနေနဲ့ ငါတို့ကိုယ်ပိုင်  F&B ဘရန်းတစ်ခု နာမည်ရလာအောင် လုပ်ရမယ်။ ငါတို့  ရိုးရိုးရှင်းရှင်း အစားအသောက်မှာယူခြင်း App လေးတစ်ခု လုပ်ကြမယ်။ ဒါပေမယ့် အဲ့ဒီ App က ငါတို့စားသောက်ဆိုင်နဲ့ပဲ ချိတ်ဆက်မှာနော်။ ငါတို့စားဖိုမှူးတွေက ထိပ်တန်းအဆင့်တွေချည်းပဲ။ ငါတို့ ဟင်းချက် ပါဝင်ပစ္စည်းတွေကလည်း လတ်ဆတ်ပြီး သန့်ရှင်းတယ်။ သေချာပေါက် ပြဿနာ ရှိလာမှာ မဟုတ်ဘူး။"

"ငါတို့ အဆင့်မြင့်စျေးကွက်ကို သိမ်းပိုက်မယ်။ ငါတို့ ဘရန်းနာမည်ကို တည်ဆောက်ပြီး ငါတို့ရဲ့ လွှမ်းမိုးမှုကို ကျင်းကျိုးမြို့က စလို့ နိုင်ငံတော်တစ်ခုလုံးအထိ တိုးချဲ့သွားကြမယ်။"

သုံးယောက်သား အချင်းချင်း ကြည့်လိုက်ကြသည်။ ဒီအစီအစဥ်က ဖြစ်နိုင်ပေသည်။

ဒါပေမယ့်...

အစီအစဥ်က ကောင်းမွန်သော်လည်း တစ်ခုခု ထူးဆန်းနေသလိုပင်။

"ဒါဆို ငါတို့ F&B ဘရန်းနာမည်က ဘာတဲ့လဲ" မာယန်က မေးလိုက်သည်။

ဖေးချမ့်က ပြုံးကာ ပြန်ဖြေလိုက်၏။ "ယွီသရေစာ"

လင်းခန်ရုံက ဇဝေဇဝါဖြစ်သွားသည့်ပုံပင်။ "ဒါပေမယ့် ဘော့စ်ဖေး အခု သရေစာ စားသောက်ဆိုင် တော်တော်များများက ရှိပြီးသားလေ။ နာမည် သိပ်မရှိတဲ့ စာသောက်ဆိုင်တွေကတောင် အစားအသောက် ဒလီဗာရီဝန်ဆောင်မှုကို ကျင့်သုံးကြတယ်။ ကျွန်တော်တို့ အစားအသောက်တွေက အရသာရှိပေမယ့် အိမ်ချက်ဟင်းလျာသာသာပဲရှိတာလေဗျ။ တခြား စားသောက်ဆိုင်တွေထက် သိပ်ပြီး ထူးကဲနေမယ် မထင်ဘူး။ ကြော်ငြာနဲ့ စျေးနှုန်းလည်း ရှိသေးတယ်..."

အမှန်ပင်။ စားဖိုမှူးတစ်ယောက်အနေဖြင့် အစီအစဥ်၏ အားနည်းချက်တစ်ခုကို ချက်ချင်း ထုတ်ပြလိုက်ပါသည်။

ဖေးချမ့်က နူးညံ့စွာ ပြုံးလိုက်ပါသည်။ "အဲ့တာကြောင့် ငါတို့က အဆင့်မြင့်စျေးကွက်ကို သိမ်းပိုက်မယ်လို့ ပြောတာပေါ့။”

"တခြားသူတွေက သူတို့ အစားအသောက်ကို ထုတ်ပိုးဖို့ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ဗူးတွေကို သုံးကြတယ်။ အဲ့တာ အရမ်း သန့်ရှင်းမှု မရှိသလို ကြည့်ရတာလည်း မလှမပ ဖြစ်စေတယ်။ အဲ့တာကြောင့် လူတွေက အစားအသောက် ဒလီဗာရီ မှာယူမယ့်အစား ကိုယ့်ဖာသာကိုယ်ပဲ လာစားကြတာကို ပိုအားပေးတာကွ။”

"တကယ်တော့ အထဲက အစားအသောက်က အတူတူပါပဲ။ တစ်ခုတည်းသော ခြားနားချက်က ထုတ်ပိုးမှုပဲ။ အဲ့တာက လူသားတွေက အမြင်နဲ့ ဆုံးဖြတ်တတ်တဲ့ သတ္တဝါတွေဖြစ်ကြောင်း ပြသနေတာပဲ။ သူတို့က အစားအသောက်ရဲ့ အရသာထက် အလှအပကိုပဲ ပိုကြည့်ကြတယ်။”

"ငါတို့ အစားအသောက်တွေ အကုန်လုံးကို စိတ်ကြိုက်ပြုလုပ်ထားသည့် ကြွေထည် အိုးခွက်ပန်းကန်တွေနဲ့ ဝယ်သူရဲ့ တံခါးရှေ့အထိ သတ်မှတ်ထားတဲ့ ဒလီဗာရီ ဒရိုင်ဘာတွေက ပို့ဆောင်ပေးလိမ့်မယ်။ ငါတို့ သတ်မှတ်ထားတဲ့အချိန်မှာ ပန်းကန်တွေ ဘာတွေကို ပြန်သိမ်းဆည်းကြမယ်။ အနီးအနားက စားသောက်ဆိုင်တွေကို ငါတို့ရဲ့ ပန်းကန်ခွက်ယောက်တွေနဲ့တင် ဖျက်ဆီးပြမယ်။"

ဖေးချမ့်က အလွန် ယုံကြည်ချက် ပြည့်ဝနေသည့်ပုံပင်။ သူ့စကားကြောင့် သူတောင် ယုံကြည်မှုရှိလာသလိုလိုဖြစ်သည်။

မာယန်က ဖေးချမ့်၏ စကားကြောင့် စိတ်လှုပ်ရှားသွားတာ သိသာပါသည်။ သူ့မျက်လုံးထဲက မီးတောက်များ ပြန်လည်တောက်ပလာ၏။

ထိုအချိန်တွင် လင်းခိုင်ရုံက ကျန်းယွမ်ကိုကြည့်လိုက်သည်။ တစ်ယောက်မျက်လုံးထဲက စိတ်ရှုပ်မှုကို နောက်တစ်ယောက် မြင်လိုက်ရသည်။

သူတို့နားမလည်ပါ။ ဘယ်လို အလုပ်ဖြစ်မည်နည်း။

ဘော့စ်ဖေးရဲ့ အကြံကပဲ အရမ်းဆန်းသစ်နေတာလား။ သူတို့အကြံတွေကပဲ အရမ်းဒိတ်အောက်နေတာလား။

Zawgyi

ေဖးခ်မ့္ 161+162

အခန္း(၁၆၁) မာႀကီးရဲ႕ စိတ္အားထက္သန္မႈကို ျပန္လည္ထြန္းညႇိေပးျခင္း

ယြီအင္တာနက္ကေဖးမွ ထြက္လာေသာအခါ ေဖးခ်မ့္ စိတ္ေအးစြာ သက္ျပင္းခ်လိုက္ပါသည္။ သူက ေသခ်ာေပါက္ မီးနဲ႔ ကစားေနျခင္း ျဖစ္သည္။

ငါ့အတြက္ ေတာ္ေတာ္ခက္ခဲပါလား။

ဒီေန႔ျဖစ္ပ်က္ခဲ့သည့္အရာမ်ားကို ေဖးခ်မ့္ ျပန္ေတြးၾကည့္လိုက္သည္။ သူ ေနာက္တစ္ပတ္ ႏွစ္ပတ္ေလာက္မွ သိရမည္ဆိုလွ်င္ အေျခအေနက ထိန္းမႏိုင္ သိမ္းမရ ျဖစ္လာႏိုင္သည္။ ထိုသို႔ျဖစ္လာသည့္အခါ ယြီအင္တာနက္ကေဖးမွာသာ ျပႆနာမ်ားျဖစ္လာႏိုင္႐ုံမကဘဲ တျခား ပေရာဂ်က္မ်ားအတြက္ အားစိုက္ထုတ္ထားတာေတြပါ အလကားျဖစ္သြားႏိုင္ပါသည္။

"ကံေကာင္းလို႔ အဆိုးဆုံးျဖစ္မသြားခင္ အေျခအေနေတြကို ႐ွင္းၿပီး ငါ့ထိန္းခ်ဳပ္မႈေအာက္ထဲ ျပန္ေရာက္ေအာင္လုပ္ႏိုင္ခဲ့ေပလို႔ပဲေပါ့။ မာႀကီးကို ႏွစ္သိမ့္တာလည္း ေအာင္ျမင္တယ္။။ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြကိုပါ ႐ွင္းလင္းထားၿပီးသား ျဖစ္သြားတယ္။ ဒါက အေျခအေနကို ေျဖ႐ွင္းဖို႔အတြက္ အေကာင္းဆုံး ဗ်ဴဟာ တစ္ခုပဲ။”

"ငါကေတာ့ တကယ့္ ဉာဏ္ႀကီး႐ွင္ပဲ။"

ဒီျပႆနာက မာယန္ကို ျပင္းျပင္းထန္ထန္ ထိခိုက္သြားေစၿပီး နလန္ျပန္မထူႏိုင္ေတာ့မွာကို ေဖးခ်မ့္ စိုးရိမ္ခဲ့မိသည္။ ထို႔ေၾကာင့္ အဆုံးတြင္ မာယန္အတြက္ သူ ေလထဲက ရဲတိုက္တစ္လုံး ေဆာက္ေပးခဲ့ပါသည္။

အမွန္ပင္။ ေဖးခ်မ့္၏ စကားလုံးမ်ားက အလုံးစုံ မွန္ကန္ေနတာေတာ့ မဟုတ္ေပ။ သို႔ေသာ္လည္း မာယန္အတြက္ သူ ေဆာက္လုပ္ေပးထားသည့္ ရဲတိုက္မွာ တျခား ေဘာ့စ္ေတြ ေျပာတာနဲ႔ေတာ့ ျခားနားပါသည္။

တျခားေဘာ့စ္မ်ား ေျပာသည့္ ေလထဲက ရဲတိုက္မ်ားက လုံးဝ အလိမ္အညာမ်ားသာ ျဖစ္ၾကသည္။ သို႔ေသာ္လည္း ေဖးခ်မ့္ကေတာ့ မတူေပ။ သူ႕ကတိကို လိုက္နာဖို႔ တကယ္ပဲ စီစဥ္ထားပါသည္။

မာယန္၏ လုပ္ရပ္မ်ားေၾကာင့္ ေဖးခ်မ့္ကို ျပန္လည္ သတိဝင္လာေစခဲ့သည္။ တိုက္႐ိုက္ထုတ္လႊင့္မႈလုပ္ငန္းမ်ားအေၾကာင္းကို ေတြးမိေစခဲ့၏။

ေနာက္ႏွစ္အနည္းငယ္အတြင္းတြင္ တိုက္႐ိုက္ထုတ္လႊင့္မႈမ်ားမွာ တန္ဖိုး႐ွိသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အေရးမ်ား ျဖစ္လာမွာကို ေဖးခ်မ့္ သိပါသည္။ တိုက္႐ိုက္ထုတ္လႊင့္မႈ ပလက္ေဖာင္းမ်ား အၾကား တိုက္ပြဲမ်ား မၾကာခင္ ျပင္းထန္လာလိမ့္မည္။ လူေတြရဲ႕ ဘဝေနထိုင္မႈပုံစံမ်ားလည္း အမ်ားအျပား ေျပာင္းလဲသြားလိမ့္မည္။

သို႔ေသာ္လည္း ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အေရးတိုင္း အျမတ္ရႏိုင္မည္ဟု ဘယ္သူက အာမခံမည္နည္း။

မွန္ကန္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အေရးကို ေ႐ြးခ်ယ္ျခင္းက စီးပြားေရး အင္ပါယာႀကီး တစ္ခုကို တည္ေဆာက္ႏိုင္ေလာက္ေအာင္ အကူအညီ ျဖစ္ေစမည္။ သို႔ေသာ္လည္း ေငြေရးေၾကးေရး တိုက္ပြဲမ်ားထဲ ျပာက်သြားသည့္အထိ ေလာင္ကြၽမ္းသြားႏိုင္ေသာ အခြင့္အေရးက ပိုမ်ားသည္။ ေနာက္ဆုံးမွာေတာ့ လူအမ်ားစုက စိတ္ဓာတ္က်ဆင္းစြာျဖင့္ ဒီေလာကထဲမွ ထြက္သြားပါလိမ့္မည္။

ဘာပဲျဖစ္ျဖစ္ တျခားသူမ်ားကလည္း အကန္း မဟုတ္ပါ။ ဒီလို ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အေရးမ်ိဳးကို တစ္ေယာက္ ျမင္ႏိုင္ပါက တျခားသူမ်ားလည္း ျမင္ႏိုင္လိမ့္မည္။

အင္တာနက္ေခတ္တြင္ လူတစ္ေယာက္၏ ေငြေရးေၾကးေရးစြမ္းအားက ဒီရင္းႏွီးျမႇပ္ႏွံမႈ အခြင့္အေရးကို အႏိုင္ယူႏိုင္ျခင္း မယူႏိုင္ျခင္းအား ဆုံးျဖတ္ေပးသည္။

ကုမၸဏီမ်ားစြာက သန္းရာနဲ႔ခ်ီၿပီး ေငြေတြ ဆုံး႐ႈံးႏိုင္သည္။ ေဖးခ်မ့္က သူလည္း ေငြေတြ ဆုံး႐ႈံးခ်င္သလားဟု ေမးခြန္းထုတ္မိသည္။ သူ႕ရင္ထဲက အေျဖကေတာ့ ေခါင္းၿငိမ့္ေန၏။ သို႔ေသာ္ အဓိက ျပႆနာက သူဆုံး႐ႈံးရေအာင္ ထန္းတာ့မွာ ေငြလုံလုံေလာက္ေလာက္ ႐ွိမေနျခင္း ျဖစ္ပါသည္။

ဘယ္လိုပဲျဖစ္ျဖစ္ အေရးအႀကီးဆုံးအရာကေတာ့ သူ ေငြဆုံး႐ႈံးမွ ျဖစ္ပါမည္။

ကုမၸဏီမ်ား ဆက္တိုက္ ေငြအ႐ႈံးေပၚေသာျဖစ္ရပ္မ်ားစြာကို ေဖးခ်မ့္သိပါသည္။

ofo အဝါေရာင္စက္ဘီးမ်ား (စက္ဘီးငွားဝန္ေဆာင္မႈ)၊ ထိထိခ်ဴး႐ွင္း(ယာဥ္အငွားဝန္ေဆာင္မႈ) ၊ မိန္႔ခြၽမ္အစားအစာ ပို႔ေဆာင္ေရး၊ ပန္ဒါတီဗီ(တိုက္႐ိုက္ထုတ္လႊင့္မႈပလက္ေဖာင္း)၊ JD ေထာက္ပံ့ပို႔ေဆာင္ေရးမ်ား....။

ဒါေတြအားလုံးက ေငြအ႐ႈံးေပၚတဲ့ သာဓကေကာင္းေတြပဲ မဟုတ္ေပဘူးလား။

ဒီလိုျဖစ္ရပ္ေတြထဲတစ္ခုကိုသာ ေ႐ြးခ်ယ္ၿပီး ပုံတူကူးလိုက္ပါက သူလည္း ေငြေတြ ဆက္တိုက္ အ႐ႈံးေပၚလိမ့္မည္ဟု ေဖးခ်မ့္ခံစားမိပါသည္။ ထို႔ေနာက္ စနစ္၏ ေငြကိုသုံးၿပီး ေငြတြင္းႀကီးကို ျဖည့္ႏိုင္သည္၊။ ဒါဆို မေကာင္းဘူးလာား။

ေဖးခ်မ့္က ဒါေတြကို အရင္တုန္းက မလုပ္ခဲ့ရျခင္းမွာ ထိုေလာကမ်ားထဲ ဝင္ေရာက္ဖို႔ လိုအပ္ခ်က္ တခ်ိဳ႕ ႐ွိေနေသာေၾကာင့္ ျဖစ္ပါသည္။ ထိုပေရာဂ်က္မ်ားအတြက္ အကာအရံကို တည္ေဆာက္ဖို႔ ပိုက္ဆံေတာင္ မ႐ွိေသးပါ။ လည္ပတ္ဖို႔ ကုန္က်စရိတ္မ်ားဆိုရင္ေတာ့ ေျပာေနစရာေတာင္ မလိုေတာ့ေပ။

သို႔ေသာ္လည္း ဒီအခ်ိန္ေတာအတြင္း သူ႕ပန္းတိုင္က တျဖည္းျဖည္းနဲ႔ ေငြ သန္းဆယ္နဲ႔ခ်ီၿပီး ဆုံး႐ႈံးဖို႔ ျဖစ္လာတာကို ေဖးခ်မ့္ သတိထားမိလိုက္ပါသည္။ ထို႔ေၾကာင့္ သူ႕စိတ္ထဲမွာ သတ္မွတ္ထားသည့္ ပမာဏအတိုင္း အ႐ႈံးေပၚေစဖို႔ သူ႕ပေရာဂ်က္မ်ားကို စီစဥ္မည္ျဖစ္သည္။

အမွန္ပင္။ အေသးစိတ္ ဗ်ဴဟာမ်ားကိုေတာ့ ထပ္ၿပီး စဥ္းစားရပါဦးမည္။

ဘာပဲျဖစ္ျဖစ္ သူ႕မွာ မၿပီးျပတ္ေသးသည့္ ထုတ္ကုန္မ်ား ႐ွိပါက ေငြစာရင္း႐ွင္းခ်ိန္ကို ေနာက္ဆုတ္သြားမည္ဟု စနစ္က ေဖာ္ျပထားျခင္းေၾကာင့္ ျဖစ္ပါသည္။

ေဖးခ်မ့္သာ လုပ္ငန္း တစ္ခုခုကို မျပင္မဆင္ဘဲ ဝင္ေရာက္လိုက္ၿပီး သူ႕အရင္းအႏွီး ခ်ိတ္ဆက္မႈက ထုတ္လုပ္မႈအဆင့္မ်ားမွာသာ ျပတ္ေတာက္သြားလွ်င္ ေငြစာရင္း႐ွင္းခ်ိန္ကို ၾကဳံရေတာ့မွာ မဟုတ္ေပ။ သူ႕ထုတ္ကုန္ကို ဆက္လက္လုပ္ေဆာင္ဖို႔လည္း ေငြလုံလုံေလာက္ေလာက္႐ွိေတာ့မွာ မဟုတ္ပါ။ ထိုအခါ ဟိုမေရာက္ ဒီမေရာက္ အေျခအေနထဲတြင္ ပိတ္မိေနပါလိမ့္မည္။

ဒီႏွစ္သုတ္အတြင္း ေငြမ်ားကို ေအာင္ျမင္စြာ အ႐ႈံးေပၚႏိုင္ပါက ဒီလုပ္ငန္းမ်ားကို ေလာေလာဆယ္ မဝင္ေရာက္ေသးဖို႔ ေ႐ြးခ်ယ္ပါမည္။

ဘာေၾကာင့္မွန္းမသိဘဲ ေနာက္တစ္ခါသာ အက်ိဳးအျမတ္မ်ား ထပ္ရလာပါက... ေငြမ်ား စြန္႔ႀကဲျခင္းတြင္ ျပန္လမ္းမ႐ွိေသာ လမမ္းကို ေဘာ့စ္ေဖး ေလွ်ာက္လွမ္းမိသြားပါလိမ့္မည္။

ေ႐ြးခ်ယ္မႈမ်ားစြာထဲ တိုက္႐ိုက္ထုတ္လႊင့္မႈက ေ႐ြးခ်ယ္မႈေကာင္းတစ္ခုျဖစ္ပုံရသည္။ မာယန္ဘယ္ေလာက္ ဝမ္းနည္းေနလဲဆိုတာကိုျမင္ၿပီး ေဖးခ်မ့္ ႏွစ္သိမ့္ေပးခ်င္ခဲ့မိ၏။ ထို႔ေၾကင့္ မာယန္ကို ယြီတီဗီ၏ စီအီးအိုဟူေသာ ဘြဲ႕ေပးအပ္ဖို႔ ဆုံးျဖတ္ခဲ့ပါသည္။

ယြီတီဗီဟူသည့္ အိုင္ဒီယာက မာယန္ ယြီအင္တာနက္ကေဖးတြင္ တပ္ဆင္ထားေသာ ဖန္သားျပင္စခရင္ေၾကာင့္ ရလာသည္ဟုလည္း ေျပာခဲ့ပါေသးသည္။

ဇြန္လ ၃ ရက္ေန႔...

တျခား ယြီအင္တာနက္ကေဖးဆိုင္ခြဲႏွစ္ခုလုံးလည္း ဖြင့္လွစ္လိုက္ပါၿပီ။ ေဖးခ်မ့္ကိုယ္တိုင္ ႐ွိေန၏။ ဆိုင္ႏွစ္ဆိုင္ ဘယ္ေလာက္ေတာင္ ေခ်ာက္ကပ္ေနလဲဆိုတာကို မ်က္စိနဲ႔ တပ္အပ္ျမင္ၿပီးမွ စိတ္ေအးသြားပါေတာ့သည္။

မာယန္နဲ႔ က်န္းယြမ္တို႔လည္း ႐ွိေနၾကသည္။ သို႔ေသာ္ မာယန္က အနည္းငယ္ စိတ္႐ႈပ္ေထြးကာ စိတ္ဓာတ္က်ေနသည့္ပုံစံပင္။

ေဖးခ်မ့္က က်န္းယြမ္ကို တိုးတိုးတိတ္တိတ္ တစ္ေနရာသို႔ ဆြဲေခၚသြားလိုက္ပါသည္။ "မာႀကီးက နည္းနည္း စိတ္နဲ႔လူနဲ႔မကပ္သလိုပဲ။”

က်န္းယြမ္ကလည္း အမွန္တိုင္း ျပန္ေျပာလိုက္ပါသသည္။ "ရပါတယ္ေဘာ့စ္ေဖးရယ္။ ညီအစ္ကိုမာက သူ႕ပန္းတိုင္ေတြယာယီ ေပ်ာက္ဆုံးသြားလို႔ပါ။ အဲ့တာေၾကာင့္ တစ္ခါတစ္ေလ စိတ္ဓာတ္က်ေနတဲ့ပုံေပါက္ေနတာ။ ဒါေပမယ့္ အစားအေသာက္ေတာ့ မပ်က္႐ွာဘူး။ သူ႕စားတာ ပိုေတာင္မ်ားလာသလိုပဲ။”

ေဖးခ်မ့္က စဥ္းစားလိုက္ပါသည္။ "ဒါမွ မာႀကီးေပါ့။ သူက စိတ္ပိုင္းဆိုင္ရာအရမွာ ေတာ္ေတာ့္ကို သန္မာတယ္။ဒီေလာက္ ျပင္းျပင္းထန္ထန္ ထိခိုက္ၿပီးတာေတာင္ သူ႕စားခ်င္ေသာက္ခ်င္စိတ္ကို လုံးဝ အထိအခိုက္မ႐ွိဘူး။”

"မူရင္းဆိုင္အေျခအေန ဘယ္လိုလဲ။"

က်န္းယြမ္က ျပန္ေျပာလိုက္သည္။ "လုပ္ငန္းက အဆင္ေျပပါတယ္။ ခ်န္းလ်ဲ႕ ထြက္သြာားေတာ့ ကြၽန္ေတာ္တို႔ဆိုင္က အဆိုေတာ္အသစ္တစ္ေယာက္ကို ႐ွာခဲ့တယ္။ တစ္ခါတစ္ေလ လက္ေဆာင္ေတြ ေပးၾကတာေတာ့ ႐ွိေပမယ့္ ပရိတ္သတ္က တျဖည္းျဖည္းနဲ႔ နည္းလာၿပီဗ်ာ။”

"ကြၽန္ေတာ္တို႔ အဆိုေတာ္ကို ေကာ္မ႐ွင္ခ ေပးပါေသးတယ္။ အစတုန္းကထက္ေတာ့ ဝင္ေငြက ပိုေကာင္းလာပါတယ္။ ဒါေပမယ့္ အ႐ႈံးကို အျမတ္အျဖစ္ ေျပာင္းႏိုင္ဖို႔ကေတာ့ ဘယ္ေလာက္ေတာင္ ၾကာဦးမလဲဆိုတာ ကြၽန္ေတာ္လည္း မေျပာတတ္ဘူး။”

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္ပါသည္။ ေနာက္ဆုံးေတာ့ သူ စိတ္ပူေနတာေတြကို ေလွ်ာ့ခ်လိုက္လို႔ရပါၿပီ။

စတိုးဆိုင္က အ႐ႈံးမွ အျမတ္အျဖစ္ မေျပာင္းေသးသေ႐ြ႕ အားလုံး အဆင္ေျပသည္။

သို႔ေသာ္လည္း ဆိုင္ကို စစဖြင့္တုန္းကထက္ ဘာေၾကာင့္ အခု ဝင္ေငြေတြ ပိုေကာင္းလာရတာလဲ။ ဒါက အရက္ မွာယူသည့္ ႏႈန္းထားအေပၚ မူတည္ၿပီး ေကာ္မ႐ွင္ခမ်ားေပးျခင္းက အသုံးဝင္သည့္ ပုံစံတစ္ခုျဖစ္ေၾကာင္း သက္ေသျပေနျခင္း ျဖစ္သည္။ သူလည္း အျမတ္ရေစသည္။ ထို႔ေၾကာင့္ ဒါက အႏၲရာယ္တစ္ခုျဖစ္ေနဆဲျဖစ္ပါသည္။

ေဖးခ်မ့္က စိတ္ဓာတ္က်အုံ႔မိႈင္းေနေသာ မာယန္ကိုၾကည့္ရင္း ႐ုတ္တရက္ အၾကံတစ္ခု ရလိုက္ပါသည္။

ယြီအင္တာနက္ကေဖးက အရက္ေကာ္မ႐ွင္ျပႆနာကိုေျဖ႐ွင္းရင္း မာယန္အတြက္လည္း စိတ္ဓာတ္ျပန္တက္လာေအာင္ လုပ္ေပးႏိုင္တာ တစ္ခုခု ႐ွိလား။

ေဖးခ်မ့္၏ အာ႐ုံထဲတြင္ အိုင္ဒီယာတစ္ခု ေပၚလာခဲ့ပါသည္။

ေငြဆုံး႐ႈံးသြားသည့္ နာမည္ႀကီးျဖစ္ရပ္တခ်ိဳ႕က အလုပ္ျဖစ္ဖို႔ သန္းရာနဲ႔ခ်ီၿပီး လိုအပ္သည္။ ေလာေလာဆယ္ သူ မတတ္ႏိုင္ေသးပါ။ သို႔ေသာ္လည္း တခ်ိဳ႕ပေရာဂ်က္မ်ားက စတင္လည္ပတ္ဖို႔ အရင္းအႏွီး အမ်ားႀကီး သိပ္မလိုအပ္ေပ။

ဥပမာ... အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈကဲ့သို႔မ်ိဳးျဖစ္၏။

ယြီအင္တာနက္ကေဖးက ဆိုင္ခြဲမန္ေနဂ်ာတစ္ေယာက္မွာ စားဖိုမႉးျဖစ္မွန္း ေဖးခ်မ့္ သတိထားမိသည္။ ဆိုင္ခြဲမန္ေနဂ်ာ ေ႐ြးခ်ယ္ပြဲတြင္ စားပြဲထိုး ၄ ေယာက္အျပင္ လက္ေထာင္ခဲ့သည့္ စားဖိုမႉးတစ္ေယာက္လည္း ႐ွိသည္။ သူလည္း ဆိုင္ခြဲမန္ေနဂ်ာတစ္ေယာက္ ျဖစ္လာခဲ့ပါသည္။

သူက သင့္ေတာ္သည့္သူ ျဖစ္လာခဲ့သည္။

"က်န္းယြမ္ ဒီဆိုင္ရဲ႕ ဆိုင္ခြဲမန္ေနဂ်ာကို ေခၚလိုက္စမ္း။ မာယန္ကိုလည္း ေခၚလိုက္၊ မင္းတို႔ေတြကို တာဝန္အသစ္ ေပးစရာ ႐ွိတယ္။”

လူေလးေယာက္သား ေကာ္ဖီနယ္ေျမတြင္ ထိုင္လိုက္ၾကပါသည္။

မာယန္၊ က်န္းယြမ္တို႔က ဒါကို အသားက်ေနၿပီျဖစ္ေသာ္လည္း အသစ္ခန္႔အပ္ထားေသာ ဆိုင္ခြဲမန္ေနဂ်ာ သို႔မဟုတ္ စားဖိုမႉးက သူ႕ရာထူး ေျပာင္းလဲမႈကို အသားမက်ေသးပါ။ သူက အနည္းငယ္ စိတ္မသက္သာျဖစ္ကာ ဂနာမၿငိမ္လည္းျဖစ္ေနသည့္ပုံပင္။

"ခင္ဗ်ားကို ဘယ္လိုေခၚရမလဲ ဆိုင္ခြဲမန္ေနဂ်ာ" ေဖးခ်မ့္က ေမးလိုက္၏။

ဆိုင္ခြဲမန္ေနဂ်ာမ်ား၏ နာမည္ကို သူ တစ္ခါမွ စိတ္မဝင္စားဖူးပါ။ သူတို႔က သူ႕အတြက္ အသုံးခ်ခံ လူသားမ်ားသာ ျဖစ္သည္။ သူတို႔နာမည္က ဘာျဖစ္ျဖစ္ အေရးမႀကီးေပ။

ေနာက္ထပ္႐ႈေထာင့္တစ္ခုက စဥ္းစားၾကည့္ရင္ ဒါက ေကာင္းေသာ အရာ ျဖစ္ပါသည္။ အသုံးခ်ခံလူသားတစ္ေယာက္၏ နာမည္ကို သူသိပါက ထိုအသုံးခ်ခံလူသားမွာ အလုပ္တြင္ ထူးခြၽန္သည့္ သေဘာ ျဖစ္သည္။ ဒါက ေဖးခ်မ့္အတြက္ သတင္းဆိုး ျဖစ္ပါသည္။

အသစ္ ခန္႔အပ္ထားသည့္ မန္ေနဂ်ာ (သို႔) စားဖိုမႉးမွာ အသက္ ၄၀ ဝန္းက်င္ ႐ွိေလာက္သည္ဟု ထင္ရပါသည္။ သူက သက္လတ္ပိုင္း အမ်ိဳးသား အမ်ားစုလို ၾကမ္းတမ္းသည့္ ပုံစံ မေပၚပါ။ တကယ္ေတာ့ သူက သန္မာသည့္ ခႏၶာကိုယ္တစ္ခုကို ပိုင္ဆိုင္ထားၿပီး သူ႕ကိုယ္သူလည္း ဂ႐ုစိုက္သည့္ပုံစံပင္။

ေဘာ့စ္ေဖး၏ ေမးခြန္းကို ၾကားၿပီးေနာက္ ဆိုင္ခြဲမန္ေနဂ်ာက အျမန္ျပန္ေျဖလိုက္ပါသည္။ "ကြၽန္ေတာ္က လင္းခန္႐ုံပါ။"

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္သည္။ သူ႕မ်ိဳး႐ိုးနာမည္က လင္းဆိုတာကိုသာ မွတ္ထားလိုက္ပါသည္။

"မာႀကီး ခုတေလာ မင္းပန္းတိုင္ေတြ ေပ်ာက္ေနသလိုပဲ။ ရပါတယ္။ ဘာလို႔လဲဆိုေတာ့ ငါ့မွာ မင္းကိုေပးဖို႔ အရမ္းအေရးႀကီးၿပီး အသစ္အဆန္းျဖစ္တဲ့ တာဝန္တစ္ခု ႐ွိတယ္။ ဒါက ငါတို႔ယြီအင္တာနက္ကေဖးရဲ႕ ပုံၾကမ္းကို ထပ္ၿပီး က်ယ္ျပန္႔သြားေစလိမ့္မယ္။ ဒါက ထန္းတာ့ရဲ႕ စီးပြားေရးအင္ပါယာရဲ႕ တစ္စိတ္တစ္ပိုင္းပဲ။”

"အဲ့ဒီတာဝန္ကို ယူဖို႔ မင္းမွာ ယုံၾကည္ခ်က္ ႐ွိလား။"

ေဖးခ်မ့္က မာယန္ကို အားေပးေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ပါသည္။

မာယန္က ခ်က္ခ်င္း အားအင္ျပည့္ဝသြားသည္။ "ညီအစ္ကိုခ်မ့္ ငါ့ကိုအကုန္ေျပာျပပါ။ ငါ့ပါရမီကို ထုတ္ျပႏိုင္ဖို႔ အခြင့္အေရး မရေတာ့မွာကို စိတ္ပူေနတာကြ။"

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္ပါသည္။ ထင္ထားသည့္အတိုင္း ႐ိုး႐ွင္းသည့္ တာဝန္ေလးတစ္ခုနဲ႔ မာယန္၏ ႏွလုံးသားမီးေတာက္ကို ျပန္ထြန္းညႇိဖို႔ လုံေလာက္ပါသည္။

"ငါတို႔...F&B လုပ္ငန္းကို ဆက္ၿပီး တိုးခ်ဲ႕ၾကမယ္။"

မာယန္၊ က်န္းယြမ္နဲ႔ လင္းခိုင္႐ုံတို႔အားလုံး အခ်င္းခ်င္း ျပန္ၾကည့္လိုက္သည္။

F&B လုပ္ငန္းကို တိုးခ်ဲ႕ၾကမယ္ဟုတ္လား။

အမွန္ပင္။ ယြီအင္တာနက္ကေဖးနဲ႔ သူတို႔ခရီးလမ္းကို စတင္ခဲ့ၾကၿပီးၿပီ။ ယြီအင္တာနက္ကေဖးတြင္ စားေသာက္စရာမ်ား ဝန္ေဆာင္မႈေပးသည္။ ၎၏ မီႏူးတြင္ တစ္ဖက္က ႏိုင္ငံျခားဝိုင္မ်ား႐ွိကာ တစ္ဖက္မွာေတာ့ အိမ္ခ်က္ဟင္းလ်ာမ်ား ႐ွိပါသည္။

ယခင္ ယြီအင္တာနက္ကေဖးတြင္ စားဖိုမႉးလင္း၏ အလုပ္က ေရသာခိုဖို႔- အဲ - ကတ္စတမ္မာမ်ားအတြက္ ခ်က္ျပဳတ္ေပးဖို႔ ျဖစ္ပါသည္။ သို႔ေသာ္လည္း ယြီအင္တာနက္ကေဖး၏ ကတ္စတမ္မာအမ်ားစုက အစားအေသာက္မ်ား မမွာယူၾကပါ။ ထို႔ေၾကာင့္ ေန႔တိုင္း စားဖိုမႉးလင္က ေရသာခိုေနရသလိုပင္။

ေဖးခ်မ့္က အဲ့တာေတာင္ သူ႕ခရီးလမ္းကို ဆက္တိုးခ်ဲ႕မယ္တဲ့လား။

အခန္း(၁၆၂) အလွပဆုံး အစားအေသာက္ ဒလီဗာရီ

အားလုံး ဇေဝဇဝါ ျဖစ္ကုန္သည္။ အထူးသျဖင့္ လင္းခန္႐ုံျဖစ္၏။ သူ႕အၾကည့္က စိတ္႐ႈပ္ေထြးမႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ တျခားသူေတြက ယြီအင္တာနက္ကေဖး၏ အေျခအေနကို ေကာင္းေကာင္း မသိႏိုင္ေသာ္လည္း သူကေတာ့ ေကာင္းေကာင္း သိပါသည္။

ထိုဆိုင္မွာ ဘာမွကို လုပ္စရာ မ႐ွိပါ။

ေန႔တိုင္း သူ ခ်က္ျပဳတ္ရသည့္ ဟင္းလ်ာက ဆယ္ပြဲ မျပည့္ေပ။

စဥ္းစားၾကည့္လွ်င္ေတာ့ ပုံမွန္ပဲ ျဖစ္ပါသည္။ ယြီအင္တာနက္ကေဖးက အလြန္စတိုင္က်ၿပီး အဆင့္ျမင့္သည္။ ဘယ္သူက အဲ့လိုေနရာမ်ိဳးမွာ အိမ္ခ်က္ဟင္းလ်ာေတြ မွာခ်င္မွာလဲ။

စားပြဲတစ္လုံးက မိန္းမလွေလးတစ္ေယာက္က ေကာ့ေတးလွလွတစ္ခြက္ကို မွာလိုက္သည္။ ျပတင္းေပါက္ အျပင္ဘက္က ႐ႈခင္းမ်ားကို ၾကည့္ရင္း ဝိုင္ကို အရသာခံေသာက္ေန၏။ သူမ ဆယ္ဖီ႐ိုက္လိုက္ၿပီး သူမ၏ WeChat တြင္ တန္းတင္လိုက္မည္။

ထိုအခါ အေနာက္တြင္ ပါလာသည့္ စားပြဲက လူက ၾကက္ဥခရမ္းခ်ဥ္သီးေမႊေၾကာ္ေတြ ထိုင္စားေနတာ ျဖစ္သင့္ရဲ႕လား။

အဓိပၸာယ္ မ႐ွိပါ။

တကယ္တမ္း ထိုဟင္းမ်ားကို မွာယူလိုက္လွ်င္ ဟင္းရနံ႔မ်ားက ေကာ္ဖီေနရာ တစ္ခုလုံးကို ဖုံးလႊမ္းသြားလိမ့္မည္။ လူသတ္ခြင့္သာ ႐ွိလွ်င္ ထိုလူမွာ အနားကလူေတြ သတ္ျဖတ္တာ အခါ ၁၀၀ေလာက္ ခံရႏိုင္ပါသည္။

ထို႔ေၾကာင့္ ဘယ္သူမွ ဟင္းလ်ာမ်ားကို မမွာယူၾကပါ။ စားဖိုမႉးလင္းက ေန႔တိုင္းတာဝန္အရသာ မီးဖိုေခ်ာင္ထဲတြင္ မတ္တပ္ရပ္ေနရသည္။။ သူ ေတာ္ေတာ္ေလးကို ပ်င္းရိေနပါသည္။

အခ်ိန္အေတာ္ၾကာေသာအခါ အေျခအေနက တိုးတက္လာခဲ့၏။

ဝန္ထမ္းမ်ားကို ျပဳစုဖို႔အတြက‌ေ ေဖးခ်မ့္က ယြီအင္တာနက္ကေဖးကို သူတို႔အားလုံးအတြက္ ေန႔လည္စာ ပို႔ေပးေစခ်င္သည္။ ထို႔ေၾကာင့္ ေန႔လည္ခင္းမွာေတာ့ စားဖိုမႉးလင္းက အလုပ္မ်ားလာသည္။ သို႔ေသာ္လည္း သူ႕အလုပ္က အလြန္အားလပ္ေနဆဲ ျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ယြီအင္တာနက္ကေဖးက စားဖိုမႉးႏွစ္ေယာက္ကို ထပ္မံ ခန္႔အပ္လိုက္ေသာေၾကာင့္ ျဖစ္ပါသည္။ သာမန္စားေသာက္ဆိုင္မ်ားနဲ႔ ယွဥ္လွ်င္ ဒီက အလုပ္ဝန္ထုပ္ဝန္ပိုးက အပန္းေျဖခရီးတစ္ခု ထြက္လာသလိုသာ ျဖစ္ေနပါသည္။

ထို႔ေၾကာင့္ အခုခ်ိန္အထိ ယြီအင္တာနက္ကေဖး၏ F&B က႑မွာ မ႐ွိသလိုေတာင္ ျဖစ္ေနပါသည္။

အက်ိဳးအျမတ္ မရ႐ုံတင္မကဘဲ ေဖာက္သည္ေတာင္ မ႐ွိပါ။ ၾကည့္ရတာ ထန္းတာ့၏ ဝန္ထမ္းမ်ားအတြက္ သီးသန္႔ဖြင့္ထားေသာ စားေသာက္ဆိုင္နဲ႔ပင္ ပိုတူလာခဲ့ပါသည္။

အဲ့တာကို ဘာလို႔ ဆက္ၿပီး တိုးခ်ဲ႕ဦးမွာလဲ။ ႐ွိသမွ် အကုန္ေျပာင္သြားမွာကို မေၾကာက္ဘူးလား။

စားဖိုမႉးလင္းေတာ့ သူတို႔ ဘယ္လို ဆက္ၿပီး တိုးခ်ဲ႕ႏိုင္ဦးမလဲ မေတြးတတ္ေတာ့ပါ။

မ်က္လုံး သုံးစုံက ေဖးခ်မ့္ကို စိုက္ၾကည့္ေနၾကၿပီး အထင္ႀကီးစရာ ေကာင္းသည့္ သူ႕အထင္အျမင္မ်ားကို ေစာင့္ေမွ်ာ္ေနၾကပါသသည္။

ေဖးခ်မ့္က ႏွစ္ခ်က္ေလာက္ ေခ်ာင္းဆိုးလိုက္ၿပီး တည္တံ့စြာ ေျပာလိုက္ပါသည္။ "ဆို႐ိုးစကား ႐ွိတယ္။ အစားအေသာက္နဲ႔ လိင္ကိစၥဆိုတာ လူသားသဘာဝေတြပဲတဲ့။ F&B လုပ္ငန္းက ငါတို႔ ေန႔စဥ္ဘဝနဲ႔ ဆက္ႏြယ္ေနတာ။ ဘယ္ေတာ့မွ ဒိတ္ေအာက္လာတယ္ဆိုတာ႐ွိမွာ မဟုတ္ဘူး။ အခုခ်ိန္ထိ ယြီအင္တာနက္ကေဖးရဲ႕ အာဟာရတန္ဖိုး ျမင့္မားၿပီး အရသာ႐ွိတဲ့ အိမ္ခ်က္ဟင္းလ်ာေတြေၾကာင့္ အားေပးသူေတြ အမ်ားႀကီး ရ႐ွိခဲ့တယ္။”

"အဲ့တာေၾကာင့္ ငါတို႔ ဒီအားသာခ်က္ကို အသုံးခ်ၿပီး ထပ္ၿပီး တိုးခ်ဲ႕ရမယ္။ ယြီအင္တာနက္ကေဖးကို မလာႏိုင္တဲ့လူေတြကိုလည္း အိမ္မွာ ငါတို႔ရဲ႕ အရသာ႐ွိတဲ့ အစားအေသာက္ေတြကို စားႏိုင္ေအာင္ ေဆာင္႐ြက္ေပးရမယ္။”

မာယန္၏ မ်က္လုံးထဲက စိတ္အားထက္သန္မႈမ်ား တျဖည္းျဖည္းနဲ႔ ျပန္ၿငိမ္က်သြားပါသည္။ ေဖးခ်မ့္ကို ဇေဝဇဝါျဖစ္စြာျဖင့္ သူၾကည့္လိုက္၏။ "ညီအစ္ကိုခ်မ့္ မင္းေျပာတဲ့အတိုင္းဆို ယြီအင္တာနက္ကေဖးကို အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈပါ ေပးဖို႔ စီစဥ္ေနတာလား။”

"ဘာလို႔ အရမ္း ႐ႈပ္ေထြးေအာင္ ေျပာေနတာလဲ။ ယြီအင္တာနက္ကေဖးက ေနာက္ကို ဒလီဗာရီဝန္ေဆာင္မႈပါ ေပးမယ္လို႔ ေျပာလိုက္ရင္ ၿပီးေနတာပဲကို..."

ဟမ္... ဒီငတုံးေကာင္က ငါ့စကားကို ေကာင္းေကာင္း နားလည္သားပဲ။ ငါ့အစီအစဥ္က တကယ္ပဲ ဒလီဗာရီဝန္ေဆာင္မႈေပးဖို႔ပဲ။ ဒါေပမယ့္ သာမန္ဒလီဗာရီဝန္ေဆာင္မႈေတာ့ မဟုတ္ဘူးကြ။

ေဖးခ်မ့္၏ မ်က္ႏွာက တည္တံ့ေနသည္။ "မာႀကီး ဒါက မင္းဒီလို သေဘာထာမ်ိဳး မ႐ွိသင့္ဘူး။ ဥပမာအားျဖင့္ အဆိုပညာအရဆို မင္းက အသုဘအဆိုေတာ္လိုျဖစ္ေနၿပီး ခ်န္းလဲ့ကေတာ့ နတ္ဘုရားက ေကာင္းခ်ီးေပးထားတဲ့အသံမ်ိဳး ျဖစ္ေနမွာေလ။ မင္းတို႔ႏွစ္ေယာက္က တူမလား။”

"မင္းကိစၥေတြကို အဆုံးစြန္ထိျဖစ္ေအာင္ လုပ္ႏိုင္သေ႐ြ႕ မင္းလုပ္သမွ်က ခမ္းနားႀကီးက်ယ္တဲ့ လုပ္ငန္းႀကီးတစ္ခုရဲ႕ အစ ျဖစ္လာႏိုင္တာပဲ။"

"မင္း စဥ္းစားၾကည့္လိုက္စမ္းပါ။ ေနာက္ဆိုရင္ ငါတို႔ အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈက က်င္းက်ိဳးၿမိဳ႕ကေန ထြက္ၿပီး ႏိုင္ငံေတာ္ထဲက တျခား ၿမိဳ႕ႀကီးျပႀကီးေတြအထိပါ တိုးခ်ဲ႕သြားႏိုင္မယ္။ လူေတြရဲ႕ ေနထိုင္မႈဘဝကိုပါ ႀကီးႀကီးမားမား ေျပာင္းလဲႏိုင္လိမ့္မယ္။ အဲ့တာဆို ႐ိုး႐ိုး႐ွင္း႐ွင္း ဒလီဗာရီဝန္ေဆာင္မႈလို႔ ေခၚႏိုင္ဦးမွာလား။”

"မိုင္တစ္ေသာင္းခရီးကိုလည္း ေျခတစ္လွမ္းနဲ႔ပဲ စတင္ရတာပါပဲ။ ငါတို႔က အခု အေရးအႀကီးဆုံး ေျခလွမ္းကို လွမ္းၾကေတာ့မွာေလကြ။”

ေဖးခ်မ့္၏ စကားကိုၾကားၿပီးေနာက္ မာယန္္၊ က်န္းယြမ္နဲ႔ လင္းခန္႐ုံတို႔၏ မ်က္ႏွာထားမ်ား အမ်ိဳးမ်ိဳး ေျပာင္းလဲသြားၾကသည္။ သေဘာမတူမႈမွ နားလည္မႈ၊ ယုံၾကည္မႈတို႔အျဖစ္ ေျပာင္းလဲသြားၾကသည္။

လင္းခန္႐ုံလည္း စိတ္ကူးယဥ္ဆန္သြားမိပါသည္။

ဟုတ္တာေပါ့။ ဒါက အျမင္ခ်င္း ျခားနားတဲ့ ရလဒ္ပဲ။

ေဘာ့စ္ေဖးက ႐ိုး႐ိုး႐ွင္း႐ွင္း အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈေလးကေန အနာဂတ္ စီးပြားေရးအင္ပါယာႀကီးတစ္ခုေတာင္ တည္ေဆာက္ျပႏိုင္တယ္။ အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈက ဘဝရဲ႕ နည္းလမ္း တစ္ခု ျဖစ္လာတာနဲ႔ လူေတြရဲ႕ ဘဝေနထိုင္မႈ ေျပာင္းလဲလာမွာကိုလည္း ျမင္ႏိုင္တယ္။

သူက တကယ့္ကို အေျမာ္အျမင္႐ွိတာပဲ။

ထို႔ေၾကာင့္လည္း အသက္ငယ္ငယ္ေလးနဲ႔ ကုမၸဏီဥကၠဌ ျဖစ္လာႏိုင္ျခင္း ျဖစ္ေလသည္။ လင္းခန္႐ုံက သူ႕ပါရမီကို ေလးစားႏိုင္႐ုံသာ ႐ွိေတာ့သည္။

မာယန္လည္း သူ႕ သေဘာမတူသည့္ သေဘာထားမွ ေျပာင္းလဲသြားခဲ့ပါသည္။ သူ႕ စိတ္ပါဝင္စားမႈကို ေဖးခ်မ့္က ထပ္ၿပီး ထြန္းညႇိေပးခဲ့ျပန္သည္။ "ညီအစ္ကိုခ်မ့္ ငါတို႔ကို ျမန္ျမန္ေျပာပါ။ ငါတို႔ဘာလုပ္ရမလဲ။”

"အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈ ဝက္ဘ္ဆိုက္တ္စခု တည္ေထာင္ရင္ေကာ။ ငါတို႔ က်င္းက်ိဳးၿမိဳ႕က ေရာင္းခ်သူေတြနဲ႔ တြဲလုပ္ၿပီး အြန္လိုင္း အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈ ပလက္ေဖာင္းတစ္ခုကို တည္ေဆာက္လို႔ ရတယ္ေလ။”

မာယန္နဲ႔ က်န္းယြမ္တို႔က ကိုယ္ပိုင္အိုင္ဒီယာမ်ားကို ထုတ္ေျပာလာပါသည္။ လင္းခန္႐ုံက သူတို႔အိုင္ဒီယာမ်ားကို အၾကံဉာဏ္တစ္ခ်ိဳ႕ျဖင့္ ျဖည့္စြက္ေပးေန၏။

ေဖးခ်မ့္ကေတာ့ တစ္ခြန္းမွ မေျပာဘဲ ျပဳံးသာ ျပဳံးေနပါသည္။

မာယန္တို႔ ဒီလို အၾကံမ်ား ထြက္လာတာ ပုံမွန္ပဲ ျဖစ္ပါသည္။

၂၀၁၀ တြင္ PC အင္တာနက္ ဖြံ႕ၿဖိဳးမႈက ေႏွာင့္ေႏွးလာၿပီး မိုဘိုင္းအင္တာနက္ဖြံ႕ၿဖိဳးမႈက ျမန္ဆန္လာသည္။ ေဖးခ်မ့္ မွတ္မိသေလာက္ေတာ့ မိုဘိုင္းအင္တာနက္ အသုံးျပဳသူ ဦးေရ ရာခိုင္ႏႈန္းက ၇၄.၅ ရာခိုင္ႏႈန္းအထိ ေရာက္သြားပါသည္။ PC အင္တာနက္ အသုံးျပဳသူ ၇၀.၆ ရာခိုင္ႏႈန္းကို ေက်ာ္လြန္သြားခဲ့သည္။ ဒါက ၂ ႏွစ္အတြင္း ျဖစ္လာပါလိမ့္မည္။

ဒီေလာကမွာေတာ့ ဆဲလ္ဖုန္းေလာကက သူ မွတ္မိတာထက္ ဖြံ႕ၿဖိဳးတိုးတက္မႈ ပိုမိုျမန္ဆန္ေနသျဖင့္ မိုဘိုင္းအင္တာနက္ေခတ္ကလည္း ပိုၿပီး ေစာေစာေရာက္လာခဲ့ပါသည္။

သို႔ေသာ္လည္း အခုခ်ိန္ထိ အြန္လိုင္း အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈမ်ားကို လုပ္ငန္းႀကီးႀကီးမားမားမ်ားက လက္ဝါးႀကီး မအုပ္ၾကေသးပါ။ ထိုလုပ္ငန္းႀကီးမ်ားက တျခား ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အေရးျဖစ္သည့္ Group Buying ကိုသာ အာ႐ုံစိုက္ေနၾကဆဲ ျဖစ္ပါသည္။

၂၀၁၀ ခုႏွစ္၏ ေႏြဦးရာသီကစလို႔ စီးပြားေရးလုပ္ငန္း႐ွင္အမ်ားစုက Groupon ၏ Group Buying ဗ်ဴဟာ ေရပန္းစားမႈကို ျမင္လာခဲ့ၾကသည္။ မၾကာမီ Groupon 100 စစ္ပြဲနဲ႔ Groupons 1000 တိုက္ပြဲမ်ား ျပင္းထန္လာခဲ့၏။ ကုမၸဏီမ်ားစြာက Group-Buying လုပ္ငန္းတြင္ ေန႔တိုင္း ေပၚထြက္လာသည္။

ဒီလိုျပင္းထန္သည့္ အေျခအေနမ်ိဳးထဲတြင္ အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈကို လ်စ္လ်ဴသာ ႐ႈထားခဲ့ၾကပါသည္။ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ၾကာမွသာ ဒီလုပ္ငန္းက ျမင့္တက္လာၿပီး ေစ်းကြက္ကစားသမား၏ မ်က္လုံးထဲ ေရပန္းစားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အေရး ျဖစ္လာႏိုင္ပါသည္။

ဘယ္လိုပဲျဖစ္ျဖစ္ စားေသာက္ဆိုင္မ်ားစြာက အခုေတာာင္ အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈမ်ားကို မွာယူသုံးစြဲေနပါၿပီ။ သို႔ေသာ္လည္း ဒလီဗာရီဝန္ေဆာင္မႈမ်ားကို အမ်ားအားျဖင့္ ဖုန္းျဖင့္သာ ေဆာင္႐ြက္ၾကသည္။ အလြန္ ေခတ္ေနာက္က်ကာ ဒလီဗာရီ ေနာက္က်ျခင္း၊ မွားယြင္းျခင္း အစ႐ွိေသာ ျပႆနာမ်ားစြာ ေပၚလာႏိုင္ပါသည္။

ထို႔ေၾကာင့္ သာမန္လူေတြကေတာ့ ေရာင္းခ်သူေတြမွာ ႐ွိသည့္ ကုန္စည္အားလုံးကို ပလက္ေဖာင္းတစ္ခုေပၚ စုစည္းလိုက္ၿပီး ကတ္စတမ္မာမ်ားက ဒလီဗာရီစီစဥ္မႈမ်ားကို အြန္လိုင္းေပၚက လုပ္ႏိုင္ဖို႔ ေတြးမိလိမ့္မည္။

သို႔ေသာ္လည္း ေဖးခ်မ့္ကေတာ့ ဒီလိုလုပ္ဖို႔ အစီအစဥ္ မ႐ွိပါ။

"မင္းတို႔ေတြက ေလာလြန္းတယ္။"

"ငါတို႔အစားစားရင္ တစ္ဇြန္းစီ စားသလိုမ်ိဳး ငါတို႔အစီအစဥ္ကိုလည္း တစ္ဆင့္ခ်င္းစီ ေဆာင္႐ြက္ရမွာေပါ့ကြ။ ေလာေလာဆယ္ လူေတြမွာ တူညီတဲ့ အက်င့္စ႐ိုက္ေတြ မ႐ွိၾကေသးဘူး။ ငါတို႔ ယြီအင္တာနက္ကေဖးကလည္း သီးသန္႔ F&B ဘရန္း မဟုတ္သလို  နာမည္လည္း ရမလာေသးဘူး။ ငါတို႔ ဝက္ဘ္ဆိုက္ကို ေအာင္ျမင္စြာနဲ႔ ဖန္တီးလိုက္ၿပီပဲထားဦး။ ဘယ္လိုေၾကာ္ျငာမွာလဲ။ ဝက္ဘ္ဆိုက္က ငါတို႔ထင္ထားသလို ျဖစ္လာမယ္လို႔ ဘယ္လို အာမခံႏိုင္မွာလဲ။”

"ၿပီးေတာ့လည္း ဒီလိုလုပ္ငန္းေတြရဲ႕ အႀကီးမားဆုံး ျပႆနာက ေၾကာ္ျငာဖို႔ မဟုတ္ဘူး။  ေစ်းကြက္ထဲမွာ ဦးေဆာင္ႏိုင္ဖို႔ မဟုတ္ဘူး။ စစ္ေဆးႏိုင္ဖို႔ မဟုတ္ဘူး။ အစားအေသာက္က အရမ္း အေရးႀကီးတယ္။ လမ္းေဘးက မသန္႔႐ွင္းတဲ့ စားေသာက္ဆိုင္ေတြ ငါတို႔ဆီေရာက္လာၿပီး မသန္႔႐ွင္းတဲ့ အစားအစာေတြ ေရာင္းခ်တာေၾကာင့္ ကတ္စတမ္မာေတြ အစာအဆိပ္သင့္ကုန္ရင္ ငါတို႔က ၾကားခံပလက္ေဖာင္းျဖစ္လို႔ အကုန္တာဝန္ယူရလိမ့္မယ္။”

"မင္းတို႔ရဲ႕ ပလက္ေဖာင္းတစ္ခု တည္ေဆာက္မယ့္ အၾကံက အရမ္းလြယ္တဲ့ပုံေပါက္ေပမယ့္ အဲ့လိုျပႆနာေတြျဖစ္လာရင္ ေျဖ႐ွင္းႏိုင္မယ့္ နည္းလမ္းေတြေကာ စဥ္းစားဖူးရဲ႕လား။"

ေဖးခ်မ့္၏ ေမးခြန္းမ်ားက မာယန္ကို ဆြံ႕အသြားေစခဲ့သည္။

ဟုတ္တယ္။ ဒီအိုင္ဒီယာက နည္းနည္း လက္ေတြ႕မဆန္တဲ့ပုံစံပဲ။ ဒါေပမယ့္.... အဲ့လို မလုပ္ရင္ ငါတို႔ဘယ္လိုလုပ္ႏိုင္ဦးမွာလဲ။

သုံးေယာက္သား ေဖးခ်မ့္ကို ၾကည့္လိုက္ၾကသည္။

ေဖးခ်မ့္က ျပဳံးကာ ေျပာလိုက္၏။ "ေအးေဆးေပါ့။ ငါတို႔ တစ္ဆင့္ခ်င္းစီ သြားၾကမယ္။”

"ပထမဆုံးအေနနဲ႔ ငါတို႔ကိုယ္ပိုင္  F&B ဘရန္းတစ္ခု နာမည္ရလာေအာင္ လုပ္ရမယ္။ ငါတို႔  ႐ိုး႐ိုး႐ွင္း႐ွင္း အစားအေသာက္မွာယူျခင္း App ေလးတစ္ခု လုပ္ၾကမယ္။ ဒါေပမယ့္ အဲ့ဒီ App က ငါတို႔စားေသာက္ဆိုင္နဲ႔ပဲ ခ်ိတ္ဆက္မွာေနာ္။ ငါတို႔စားဖိုမႉးေတြက ထိပ္တန္းအဆင့္ေတြခ်ည္းပဲ။ ငါတို႔ ဟင္းခ်က္ ပါဝင္ပစၥည္းေတြကလည္း လတ္ဆတ္ၿပီး သန္႔႐ွင္းတယ္။ ေသခ်ာေပါက္ ျပႆနာ ႐ွိလာမွာ မဟုတ္ဘူး။"

"ငါတို႔ အဆင့္ျမင့္ေစ်းကြက္ကို သိမ္းပိုက္မယ္။ ငါတို႔ ဘရန္းနာမည္ကို တည္ေဆာက္ၿပီး ငါတို႔ရဲ႕ လႊမ္းမိုးမႈကို က်င္းက်ိဳးၿမိဳ႕က စလို႔ ႏိုင္ငံေတာ္တစ္ခုလုံးအထိ တိုးခ်ဲ႕သြားၾကမယ္။"

သုံးေယာက္သား အခ်င္းခ်င္း ၾကည့္လိုက္ၾကသည္။ ဒီအစီအစဥ္က ျဖစ္ႏိုင္ေပသည္။

ဒါေပမယ့္...

အစီအစဥ္က ေကာင္းမြန္ေသာ္လည္း တစ္ခုခု ထူးဆန္းေနသလိုပင္။

"ဒါဆို ငါတို႔ F&B ဘရန္းနာမည္က ဘာတဲ့လဲ" မာယန္က ေမးလိုက္သည္။

ေဖးခ်မ့္က ျပဳံးကာ ျပန္ေျဖလိုက္၏။ "ယြီသေရစာ"

လင္းခန္႐ုံက ဇေဝဇဝါျဖစ္သြားသည့္ပုံပင္။ "ဒါေပမယ့္ ေဘာ့စ္ေဖး အခု သေရစာ စားေသာက္ဆိုင္ ေတာ္ေတာ္မ်ားမ်ားက ႐ွိၿပီးသားေလ။ နာမည္ သိပ္မ႐ွိတဲ့ စာေသာက္ဆိုင္ေတြကေတာင္ အစားအေသာက္ ဒလီဗာရီဝန္ေဆာင္မႈကို က်င့္သုံးၾကတယ္။ ကြၽန္ေတာ္တို႔ အစားအေသာက္ေတြက အရသာ႐ွိေပမယ့္ အိမ္ခ်က္ဟင္းလ်ာသာသာပဲ႐ွိတာေလဗ်။ တျခား စားေသာက္ဆိုင္ေတြထက္ သိပ္ၿပီး ထူးကဲေနမယ္ မထင္ဘူး။ ေၾကာ္ျငာနဲ႔ ေစ်းႏႈန္းလည္း ႐ွိေသးတယ္..."

အမွန္ပင္။ စားဖိုမႉးတစ္ေယာက္အေနျဖင့္ အစီအစဥ္၏ အားနည္းခ်က္တစ္ခုကို ခ်က္ခ်င္း ထုတ္ျပလိုက္ပါသည္။

ေဖးခ်မ့္က ႏူးညံ့စြာ ျပဳံးလိုက္ပါသည္။ "အဲ့တာေၾကာင့္ ငါတို႔က အဆင့္ျမင့္ေစ်းကြက္ကို သိမ္းပိုက္မယ္လို႔ ေျပာတာေပါ့။”

"တျခားသူေတြက သူတို႔ အစားအေသာက္ကို ထုတ္ပိုးဖို႔ ပလတ္စတစ္အိတ္ေတြ၊ ပလတ္စတစ္ဗူးေတြကို သုံးၾကတယ္။ အဲ့တာ အရမ္း သန္႔႐ွင္းမႈ မ႐ွိသလို ၾကည့္ရတာလည္း မလွမပ ျဖစ္ေစတယ္။ အဲ့တာေၾကာင့္ လူေတြက အစားအေသာက္ ဒလီဗာရီ မွာယူမယ့္အစား ကိုယ့္ဖာသာကိုယ္ပဲ လာစားၾကတာကို ပိုအားေပးတာကြ။”

"တကယ္ေတာ့ အထဲက အစားအေသာက္က အတူတူပါပဲ။ တစ္ခုတည္းေသာ ျခားနားခ်က္က ထုတ္ပိုးမႈပဲ။ အဲ့တာက လူသားေတြက အျမင္နဲ႔ ဆုံးျဖတ္တတ္တဲ့ သတၱဝါေတြျဖစ္ေၾကာင္း ျပသေနတာပဲ။ သူတို႔က အစားအေသာက္ရဲ႕ အရသာထက္ အလွအပကိုပဲ ပိုၾကည့္ၾကတယ္။”

"ငါတို႔ အစားအေသာက္ေတြ အကုန္လုံးကို စိတ္ႀကိဳက္ျပဳလုပ္ထားသည့္ ေႂကြထည္ အိုးခြက္ပန္းကန္ေတြနဲ႔ ဝယ္သူရဲ႕ တံခါးေ႐ွ႕အထိ သတ္မွတ္ထားတဲ့ ဒလီဗာရီ ဒ႐ိုင္ဘာေတြက ပို႔ေဆာင္ေပးလိမ့္မယ္။ ငါတို႔ သတ္မွတ္ထားတဲ့အခ်ိန္မွာ ပန္းကန္ေတြ ဘာေတြကို ျပန္သိမ္းဆည္းၾကမယ္။ အနီးအနားက စားေသာက္ဆိုင္ေတြကို ငါတို႔ရဲ႕ ပန္းကန္ခြက္ေယာက္ေတြနဲ႔တင္ ဖ်က္ဆီးျပမယ္။"

ေဖးခ်မ့္က အလြန္ ယုံၾကည္ခ်က္ ျပည့္ဝေနသည့္ပုံပင္။ သူ႕စကားေၾကာင့္ သူေတာင္ ယုံၾကည္မႈ႐ွိလာသလိုလိုျဖစ္သည္။

မာယန္က ေဖးခ်မ့္၏ စကားေၾကာင့္ စိတ္လႈပ္႐ွားသြားတာ သိသာပါသည္။ သူ႕မ်က္လုံးထဲက မီးေတာက္မ်ား ျပန္လည္ေတာက္ပလာ၏။

ထိုအခ်ိန္တြင္ လင္းခိုင္႐ုံက က်န္းယြမ္ကိုၾကည့္လိုက္သည္။ တစ္ေယာက္မ်က္လုံးထဲက စိတ္႐ႈပ္မႈကို ေနာက္တစ္ေယာက္ ျမင္လိုက္ရသည္။

သူတို႔နားမလည္ပါ။ ဘယ္လို အလုပ္ျဖစ္မည္နည္း။

ေဘာ့စ္ေဖးရဲ႕ အၾကံကပဲ အရမ္းဆန္းသစ္ေနတာလား။ သူတို႔အၾကံေတြကပဲ အရမ္းဒိတ္ေအာက္ေနတာလား။

Continue Reading

You'll Also Like

493K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
405K 78.4K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
247K 14.8K 40
My priority /property/privacy