ဆံမြိတ်ချ လှပါပေ့.....

By KyaweSky

14.9K 491 54

"မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လ... More

intro
part 1
part 2
part 3
part 4
part 5
Ep.6
Ep.7
ep.8
ep.9
Ep.10
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part (20)
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29

part 11

406 11 4
By KyaweSky

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၁၁)

"ဖိုးသာထူး ဟေး ....ဖိုးသာထူး ဘယ်မှာလဲ ဖိုးသာထူးရေ"

ထူးသာကျောင်းပိတ်ရက်မို့ ဦးဇင်း‌များနေ့ဆွမ်းဘုန်းပြီးချိန် ပန်းကန်းခွက်များဆေးကြောနေစဉ် အပြင်ဘက်မှ ကိုဖိုးထောင်၏အော်သံကိုကြားလိုက်ရ၍ ခအပြင်ဘက်သို့ခေါင်းထောင်ကြည့်လိုက်မိသည်။

"တကာလေးကို ခေါ်နေတယ် ထွက်ကြည့်လိုက်လေ"

"တင့်ပါ"

သူနှင့်တူတူဝိုင်းကူနေသော ကိုရင်ကြီး မှ ပြောလာ၍ သူလည်း လက်ရေသုတ်ကာဆွမ်းစားဆောင်ဘက်မှထွက်လာခဲ့လိုက်သည်

"ကို‌ဖိုးထောင် ကျွန်တော်ဒီမှာ"

သူလှမ်းအော်ခေါ်လိုက်၍ ‌ကိုဖိုးထောင်၏ ဓမ္မာရုံဘက်ဦးတည်နေသော ခြေလှမ်းများ သူရှိရာ ပြောင်းလျှောက်လာသည်မှာ လျင်မြန်စွာ။

"ဖိုးသာထူး မြန်မြန် ‌မင်းအမေသင်း ရုတ်တရက်လေဖြန်းလို့ ဆေးရုံကိုမင်းလိုက်ခဲ့"

"ဗျာ..အမေသင်း လေဖြန်းတယ် ဘယ်လိုဖြစ်တာလဲ ခု ဘယ်ဆေးရုံပို့လိုက်တာလဲ"

သူ ရင်ထဲ စိုးရိမ်ကာ ကိုဖိုးထောင်လက်မောင်းကိုဆုပ်ကိုင်၍ အလောတကြီးမေးလိုက်သည်။

ကိုဖိုးထောင်မှပြေးလွှားလာရ၍ မောလျက် အသက်ကိုလှရှူနေကာ

"အေ အဝတ်လျှော်နေရင်း ဖြစ်တာတဲ့ ခု ဒေါ်ရီတို့ဆိုက်ကားငှားပြီးဆေးရုံကိုသွားကြတယ် မေသင်းကြိုင်တော့ ဒေါ်လှမြင့်နဲ့အိမ်မှာကျန်ခဲ့တယ် မြို့ထဲကဆေူရုံပဲ ငါဆေးရုံလိုက်သွားဖို့မင်းကိုလာခေါ်တာ"

ထို့ကြောင့် သူတို့နှစ်ယောက်လည်းသုတ်ကြီးသုတ်ဖျာဖြင့် ကျောင်းမှဆိုင်ကယ်ဖြင့် ဆေးရုံသို့လိုက်သွားရသည်။

....

ဒေါ်သင်းသင်းမှာ နှစ်ပေါင်းများစွာ အဝတ်လျှော်စားလာသူမို့ ထဘီရေစိုဖြင့် နေ့စဉ်ရက်ဆက် အဝတ်လျှော်ကာ အအေးမိထားသည့်ဒဏ်တွေစုကာ ဆေးရုံရောက်ချိန် လေဖြတ်သွားမှန်းသိလိုက်ရသည်။

ဒေါ်သင်းသင်းတစ်ယောက် စကားလည်းမပြောနိုင် လမ်းလည်း မလျှောင်နိုင်တော့ဘဲ ခြေတွေလက်တွေကွေးကောက်လျက် ပါးစပ်တစ်ခြမ်းရွဲ့လို့သွားရှာ၏။

ဆေးရုံမှပြန်ဆင်းချိန် ဆိုက်ကားပေါ်မှ ဖိုးထောင်နှင့် ထူးသာတို့နှစ်ယောက်ဝိုင်းချီမ၍ အိမ်ပေါ်သို့ပို့ရသည်။

ဒေါ်သင်းသင်းအား အိမ်ရှေ့ နံရံထောင့်တွင် အိပ်ယာခင်းကာ လှဲနေစေကာ ဒေါ်လှမြင့် ဒေါ်မြင့်ရီနှင့် ထူးသာအပါအဝင် ဖိုးထောင်ပါရှိနေကြသည်မို့ မေသင်းကြိုင်မှာ သူ့အမေခြေထောက်နားထိုင်ကာ ငြိမ်လို့နေသည်။

ငြိမ်နေသော မေသင်းကြိုင်အား ဒေါ်သင်းသင်းမှ မျက်ရည်များဖြင့်လှမ်းကြည့်နေသည်ကို မြင်ရသည့် လူအားလုံးမှာလည်းစိတ်မကောင်းဖြစ်လျက် သက်ပြင်းအသီးသီးချလို့နေကြသည်။

"ဟင်း မိသင်းရယ်...နင့်ကိုငါဘယ်လိုလုပ်ပေးရမယ်မှန်းမသိတော့ဘူး နင်တို့သားအမိအတွက်စိတ်မကောင်းဘူး"

ဒေါ်မြင့်ရီမှ မျက်ရည်ကိုပင့်သုတ်ကာ ဝမ်းနည်းလျက်ဆိုလာသည်။

"မသင်း က မိကြိုင်လေးအတွက် ဆေးဖိုးရော အိမ်စရိတ်ရော ရှာဖွေကျွေးမွေးလာခဲ့တာ ခုမသင်းခုလိုဖြစ်တော့ ဒီကောင်မလေးနဲ့ မသင်းဘယ်လိုရှေ့ဆက်ရတော့မလဲ ဟင်း...."

ဒေါ်လှမြင့်ကလည်းမျက်နှာမကောင်းစွာဝင်ပြော၍ သက်ပြင်းချသည်။

စကားပြောချင်နေသော ဒေါ်သင်းသင်းမှ မျက်ရည်များကျလျက် ဝူးဝူးဝါးဝါး‌နှင့် ဘာစကားလုံးမှ ပီပီသသမဆိုနိုင်ရှာဘဲ နုတ်ခမ်းဘေး၌သရေတို့သာကျလို့နေသည်။

ဒါကိုထူးသာက အဝတ်တစ်ထည်ဖြင့် ‌လှမ်းလှမ်းသုတ်ပေးနေလေသည်။

မေသင်းကြိုင်မှာလည်း သူ့အမေကိုကြည့်ကာမျက်ရည်များဝဲလာ၍ ငိုလာသည်မို့ ဒေါ်လှမြင့်က ဖက်ထားပေး၏။

ထူးသာမှ ဒေါ်သင်းသင်းလက်ကိုလှမ်းကိုင်ကာ

"အမေသင်း ဘာမှစိတ်မပူနဲ့ မိကြိုင်နဲ့အမေသင်းအတွက် ကျွန်တော်အလုပ်လုပ်ပြီးရှာကျွေးမယ် မငိုနဲ့တော့နော်"

ထိုအခါ ဒေါ်သင်းသင်းမှာ ခေါင်းကိုခပ်သွက်သွက်ခါလျက်သူ့လက်တစ်ဖက်ဖြင့် ထူးသာလက်‌ေမာင်းကို မမှီတမှီလှမ်းရိုက်သည်။

"ကျော....ကျောင်း....တက်"

ပလုံပထွေနှင့်ကျောင်းသာတက်ခိုင်းသည့်အမေသင်းကြောင့်
အမေသင်းစိတ်မပူစေရန်အလို့ငှာ

"ကျောင်းတက်မှာပါ ညနေကျောင်းဆင်းတဲ့အချိန် နဲ့ ပိတ်ရက်တွေ ကိုဖိုးထောင်တို့ဆီမှာ ပရံအငှားဝင်လုပ်မလို့ ကိုဖိုးထောင် ကျွန်တော့ကိုအလုပ်ကူညီအုံးနော်"

သူက အမေသင်းအားရှင်းပြနေရင်း သူ့ဘေးမှဖိုးထောင်အားလှမ်းပြောသည်။

"အေ့ပါကွာ ငါ့ဆရာကိုအလုပ်ရ‌ေအာင်ပြောပေးမယ် မပူနဲ့"

....

"ဖိုးထောင် မင်းကောင်ကလုပ်နိုင်ပါ့မလား "

ထူးသာကိုကြည့်၍ ဖိုးထောင်တို့ပန်းရံဆရာ ကိုမင်းသိုက်မှ ပြောလာသည်။

သူပြောချင်သည့်သဘောမှာ သူတို့လိုနေပူထဲ မဆလာရွတ် အုတ်သယ် ဘိလပ်မြေအိတ်ထမ်းနှင့်အလုပ်ကြမ်းအလုပ်ကို သူ့ရှေ့က သူတို့ထက်စာရင် ပိန်ကာ အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်သန့်သန့်ဖြင့် ကောင်လေးကလုပ်နိုင်မှာတဲ့လား...

"ရပါတယ် အစ်ကို ကျွန်တော် လုပ်နိုင်ပါတယ် "

"ဟုတ်ပါတယ် ကိုသိုက်ရာ သူက ဘုန်းကြီးကျောင်းသားပါဆို ကျောင်းဆောက် သိမ်ဆောက်ဆို ဖိုးသာထူးနဲ့ ကျွန်တော်တို့ပဲ ဆောက်နေကျ"

ထူးသာဟည် အလုပ်မရမှာဆိုး၍ အားတက်သရော ပြောချိန် ဖိုးထောင်မှာလည်း ဝင်၍အာမခံပေးတာ
မို့ ကိုမင်းသိုက်မှာ သိပ်သဘောမကျသော်လည်း သူ့တပည့်ရင်းဖြစ်တဲ့ ဖိုးထောင်မျက်နှာကြောင့်

"ပြီးရောလေ ဝင်လုပ်ကြည့်ပေါ့ ငါတို့အလုပ်က သန်ရမယ် မြန်ရမယ် မင်းအနေနဲ့လိုက်မမှီရင်တော့ ငါလည်းဆက်ခေါ်ထားလို့မရဘူး ငါတို့က ဆိုဒ်တွေအများကြီးနဲ့လုပ်နေတာ အချိန်နဲ့တပြေးညီ လှော်‌နိုင်မှရမယ် ငါပြောတာ နားလည်လား ကောင်လေး"

"ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ် အစ်ကို"

"အင် ဖိုးထောင် သူ့ကိုမင်းပဲ ခေါ်ခိုင်းထားလိုက် ငါ ‌လသာဘက်ကဆိုဒ်ဆီသွားအုံးမယ်"

"ဟုတ်ကဲ့ ကိုသိုက်"

ထူးသာ အား ဖိုးထောင်မှ ခေါ်သွားကာ ဘိလပ်မြေအိတ်ခွံအားခင်း၍ အုတ်များအား ဆယ့်ငါးလုံးစီ စီ၍ ထိပ်နှစ်ဖက်ကိုစုကိုင်ကာ ပုခုံးပေါ်ထမ်း‌ေစပြီးဆောက်လက်စ နှစ်ထပ်တိုက်ပေါ်သို့ ပို့ခိုင်း၏။

ထူးသာ အုတ်ထမ်းကာ လှေကားထစ်များပေါ် ခေါက်တုံ့ခေါက်ပြန် ထမ်းတင်ရင်း ထို့နောက်တွင်တော့ မဆလာထမ်းပို့ အုတ်စီတာသင်၍ တစ်နေ့ကုန်ဆုံးသွားသည်။

ညနေလေးနာရီထိုးသောအခါ ကိုမင်းသိုက်မှ လုပ်အားခရှင်းရာ ပန်းရံအလုပ်သမားများတန်းစီယူရသည်။

ထူးသာအလှည့်တွင် ကိုမင်းသိုက်မှ ထူးသာ၏ မနက်ကနှင့်မတူ အင်္ကျီ၌ ဘိလပ်မြေတို့ဖြင့်ညစ်ပေကာ နဖူးမှချေးကျနေ၍ လက်ဖြင့်သုတ်ဖို့ရာ ဘိလပ်မြေများခြောက်၍ ကပ်နေသောလက်ကိုအသုံးမပြုတော့ဘဲ အင်္ကျီအားအောက်ပိုင်း အပြင်စမှကိုင်၍ အတွင်းစကို
လှန်ကာ နဖူးကိုသုတ်နေသည့် ထူးသာအားကြည့်၍ ငွေလေးထောင်ကမ်းပေးကာ

"ဘယ်လိုလဲဆရာသမား တစ်ရက်နဲ့အီသွားပြီးလား"

"ပထမဆုံးမို့ နည်းနည်းတော့ပင်ပန်းပေ့မယ့် ကျွန်တော် အကောင်းဆုံးကြိုးစားနေပါတယ် "

သူ့ဘက်က မင်းမလုပ်နိုင်တော့ဘူးမလားဟု သွယ်ဝိုက်မေးလိုက်သော်လည်း ခပ်ပြုံးပြုံးပြန်ဖြေလာသည့်စကားကြောင့် မင်းသိုက်မျက်ခုံးပင့်မိသွားသည်။

"အေ့လေ လုပ်နိုင်တယ်ဆိုရင်လည်းလုပ်ပေါ့  ဖိုးထောင် မင်း ဒီကောင်ကိုသေချာကြည့်ထား ငါလည်းမင်းကိုဘယ်လောက်ထိလုပ်နိုင်မလဲကြည့်နေမယ်"

"ကိုသိုက် ထူးသာက စနေတနင်္ဂနွေပဲ နေ့စားဝင်လုပ်လို့ရမှာ သူက ခုအင်္ဂျင်နီယာတက္ကသိုလ်တက်နေတာ"

"ဟေး...ဟုတ်လား ဟ...မင်းကောင်ကဘယ်ဆိုးလို့လဲ"

အစကတည်းက ဖြူဖြူသန့်သန့်နှင့်မို့ ပါချိပါချက်ထဲကတော့မဟုတ်မှန်းသိသော်လည်း ခုလိုအင်္ဂျင်နီယာကျောင်းသားမှန်းမထင်ထားခဲ့၍ အံ့ဩအထင်ကြီးမိကာ မျက်လုံးများပြူးကျယ်၍ ထူးသာအားကြည့်နေသည့် မင်းသိုက်...

"အေ ခုမင်းက စနေတနင်္ဂနွေပဲ နေ့စားဆင်းမယ်ဆိုလည်း စနေတနင်္‌ဂနွေတိုင်းမပျက်ကွက်ဘဲလုပ် ဟိုအကြောင်းပြ ဒီအကြောင်းပြပျက်ကွက်ရင်တော့ မင်းကိုထုတ်ရမယ် ငါကအလုပ်ကိုလေးစားတဲ့လူပဲကြိုက်တယ် မင်းက‌ငယ်သေးတယ် မင်းမှာတက်လမ်းတွေရှိနိုင်တယ် ခုချိန်တည်းက အလုပ်‌အပေါ်လေးစားတက်အောင်ကျင့်ထား ကြားလား"

"ဟုတ်ကဲ့ ကျွန်တော် မှတ်ထားပါ့မယ် အလုပ်ကိုလည်းမပျက်မကွက်လုပ်ပါ့မယ်"

"အေ သွားသွား နောက်တစ်ယောက်"

ထိုသို့ဖြင့်ထူးသာနှင့်ဖိုးထောင်တို့ အပြန်တွင်ဘက်စ်ကားစီးကာ အိမ်သို့ပြန်လာခဲ့ကြသည်။

....

ထူးသာ ဖိုးထောင်နှင့် လမ်းခွဲကာ ဒေါ်သင်းသင်းအိမ်ဘက်လျှောက်လာခဲ့သည်။

ခြံထဲရောက်စဉ် အရင်ဆုံးရေတိုင်ဂီ၌ဘိလပ်မြေကပ်နေသော ခြေထောက်နှင့်လက်ကိ‌ုပြောင်အောင်အရင်ဆေးကြောပြီးမှ အိမ်ပေါ်ပြန်တက်လာခဲ့သည်။

ထူးသာအိမ်ပေါ်သို့ရောက်ချိန် အမေသင်းက ၏ောင်ခြုံလျက် လှဲနေကာ သူဝင်လာတာမြင်သည်နှင့် မျက်လုံးပင့်ပြလာသည်။

သူအမေသင်းကိုပြုံးပြကာ
အမေသင်းဘေးတွင် ဝင်ထိုင်၍ ဘေးလွယ်အိတါကိုချွတ်လိုက်သည်။

"အမေသင်း ကျွ‌န်တော် ဒီနေ့ ကိုဖိုးထောင်နှင့်အလုပ်သွားဆင်းတယ် လေးထောင်ရလားတယ် ဒီမှာ"

ထူးသာမှာ ဒေါ်သင်းသင်းအားပြောပြရင်း အိတ်ထဲမှတစ်ထောင်တန်လေးရွက်ကိုထုတ်ကာ အမေသင်းလက်ကိုယူ၍ ထည့်ပေးသည်။

ထိုအခါအမေသင်းမှ ခေါင်းခါ၍ သူ့လက်ထဲပိုက်ဆံပြန်ထိုးပေးနေသည်

"အမေသင်းယူထားပါ နောက်ကျွန်တော်ကျောင်းသွားတဲ့အချိန် အမေသင်းဆေးခန်းသွားရရင် သုံးလို့ရအောင် အမေသင်းပဲသိမ်းထား "

ဒေါ်သင်းသင်းလက်ထဲ ပိုက်ဆံပြန်ထည့်ပေးလိုက်ချိန် မျက်နှာလေးနေလောင်ကာ နွမ်းလျက် အင်္ကျီ၌ပေကျံ၍ ဘိလပ်မြေနှင့် ဖုန်နံသဲနံတွေနံနေသော ထူးသာအားကြည့်ကာ မျက်ရည်ကျနေလေသည်။

ဒါကိုထူးသာမြင်လိုက်သည့်အခါ

"ဟာ...အမေသင်းကလည်းငိုပြန်ပြီး ဘာလို့ငိုနေတာလဲ အမေသင်းက အဲ့လိုကြီးစိတ်ဓာတ်ကျသလိုငိုနေတော့ ကျွန်တော်လည်း အားမရှီတော့ဘူး အမေသင်းက ကျွန်တော့ရဲ့ဟီးရိုးကြီးဗျ
ငယ်ငယ်ကဆို သူများတွေ ကျွန်တော့ကိုအနိုင်ကျင့်လှောင်ပြောင်ရင် အမေသင်းက ကာကွယ်ပေးခဲ့တယ်
အမေရဲ့သန်မာကြံ့ခိုင်မှုတွေဆီက ကျွန်တော်လည်း အမြဲအတုယူခဲ့ရတာ
ကျွန်တော့ဟီးရိုးကြီးက အမြဲငိုနေရင် ကျွန်တော်ဘယ်အားရှိတော့မလဲ နော် ....
ကျွန်တော်အားရှိအောင်အမေသင်းကပြုံးပြုံးလေးနေပေးလေနော် နော်လို့ အမေသင်း"

ထူးသာ စကားကြောင့် ဒေါ်သင်းသင်းမှာ မျက်ရည်များပြန်ထိန်း၍ အားယူပြုံးပြလာသည်။

"အ...."

ချွမ် ...ချလွမ်...

ဟင်

အိမ်နောက်ဖေးမှ မိကြိုင်အော်သံကြောင့် အမေသင်းက ကိုယ်ကိုလူး၍ ထဖို့ပြင်တာမို့ ထူးသာမှ အမေသင်းပုခုံးကိုပြန်ဖိထားကာ

" အမေသင်း နေအုံးနော် မိကြိုင်ဘာတွေမွှေနေလဲမသိဘူး"

ထူးသာက ပြောပြောဆိုဆို မျက်မှောင်ကုပ်၍ အနောက်ဖေးသို့ဝင်လို့သွားသည်။

သူမီးဖိုဆောင်‌သို့ရောက်ချိန် မီးတောက်နေသော မီးဖိုဘေး ထမင်းများဖိတ်ကာမှောက်ကျနေသည့် ထမင်းအိုးနှင့် မဖုံးမှာ ခပ်ဝေးဝေးတွင်ရောက်နေကာ

မှောက်နေသည့်အိုးဘေးတွင်တော့ မိကြိုင်တစ်ယောက် လက်ဖမိုးအပူလောင်၍ထင် လက်ဖမိုးကိုကိုင်ကာ ငိုနေလေသည်မို့ သူသက်ပြင်းချလိုက်မိသည်။

"ဖယ်စမ်း မိကြိုင် နင်လုပ်လိုက်ရင်တစ်လွဲကြီးပဲ အမေသင်းကလည်း သူ့သမီးအရင်တည်းက ထမင်းအိုးတည်တာမသင်ပေးဘူး ခုကြည့်လူက ဆယ့်ခြောက်နှစ်ကျော်နေပြီး ထမင်းအိုးတောင်ဖြောင့်ဖြောင့်မတည်တက်ဘူး မိကြိုင်နော် ငါခေါက်ချင်လာပြီး"

ထူးသာ လွင့်၍အဝေးရောက်နေသော အိုးအဖုံးနှင့် ထမင်းအိုက်ကိုယူကာ မှောက်ကျနေသော ထမင်းများအား ဝက်စားခွက်ထဲ ကောက်ထည့်၍ ဘေးမှ တရှုံ့ရျုံ့ငိုနေသသော မေသင်းကြိုင်၏ခေါင်းပေါ် လက်စစ်ဖြင့်ခေါက်ရန်လက်ရွယ်လိုက်ချိန် သူမက ဇက်လေးပုကာခေါင်းလေးငုံ့ဝင်သွားသည်။

သူလည်း မိကြိုင်အားစိတ်ဆိုးဆိုးဖြင့်ပင် အိုးနှင့်အဖုံးကိုပြန်ဆေးကာ

ဆန်ထည့်ထားသည့် ကော်ပုံးဆီသွားကာ ထမင်းထပ်တည်မည်ပြုစဉ် ဆန်က ဖင်ကပ်နို့ဆီဗူးတစ်ဝက်သာ ကျန်သည်မို့

"ဆန်ကုန်နေတာလား မိကြိုင်"

ထိုအခါ မိကြိုင်က မျက်ရည်အား ဂါဝန်စဖြင့်သုတ်နေသော သူ့အား မျက်ရည်အိုင်ထွန်းနေသည့်မျက်လုံးများဖြင့်ကြည့်ကာခေါင်းညိတ်ပြလာသည်။

"ဟင်းနင်နော် ငါ ထုရင်သေတော့မယ် ဆန်ကုန်နေတာကို ထပ်ကုန်အောင်လုပ်လိုက်တယ် နေတော့ ငါ ကျောင်းမှာရေပြန်ချိုးပြီး ဆွမ်းထမင်းအကျန်ယူလာခဲ့မယ် အဲ့ဒါနဲ့ပဲစားတော့ မနက်ဖြန် ဒေါ်လှမြင့်လာရင် ဆန်တစ်ပြည်မှာလိုက် အမေ့ဆီက ပိုက်ဆံတောင်းလိုက်ကြားလား "

"အင်...ရွတ်"

မေသင်းကြိုင်အား သူ့စကားကိုရှိုက်‌ရင်းခေါင်းညိတ်ပြလာသည်။

ထိုအခါ ထူးသာလည်း မေသင်းကြိုင်အား အားမလိာအားမရကြည့်ကာ ဒီပုံအတိုင်းဘယ်လိုဆက်သွားရမလဲ တွေးကာရင်မောရင်း သက်ပြင်းသာပခါခါချနေမိသည်။

သူသက်ပြင်းချနေရင်းမှ မီးလုံးနီကျင့်ကျင့်အောက်မှ ငြိမ်ကုပ်ကုပ်လေးထိုင်နေသည့် မေသင်းကြိုင်ကိုကြည့်မိချိန် သူမဒူးပေါ်တင်ကာ အပူလောင်ထားသည့် လက်ကို ကျန်လက်တစ်ဖက်ဖြင့်အုပ်ကိုင်၍ မျက်နှာလေးမဲ့လျက်ရှိုက်နေသည့်အတွက်ကြောင့် သူပဲ မနေနိုင်စွာ သွားတိုက်ဆေးသွားယူ၍ မေသင်းကြိုင်အနားဝင်ထိုင်ကာ

"ပြစမ်း နင့်လက်"

ဟုဆို၍

မေသင်းကြိုင်၏အပူလောင်ထားသည့်ဘယ်ဘက်လက်ကိုဆွဲယူကာ

"လက်ဖမိုးလား"

ထူးသာ မေးလိုက်ချိန် မေသင်းကြိုင်မှ သူ့မျက်လုံးအားတည့်တည့်ကြည့်၍ မျက်နှာငယ်‌ေလးဖြင့်ခေါင်းညိတ်ပြရှာ၏။

"လုပ်လိုက်ရင်တလွဲ အင် ပြီးရင် မျက်နှာငယ်လေးနဲ့လုပ်ပြ ပြောတဲ့ငါပဲ လူဆိုးဖြစ်တယ် ငါပြောတာ နင်ခုလိုလုပ်တော့ကျန်တာတွေထက်အရင်ဆုံးနင်ပဲထိခိုက်ဒဏ်ရာရတယ် အဲ့ဒါကြောင့် သေသေချာချာလေးလုပ်ပါ အမြဲပြောလည်း နားမပါဘူး ငါနင့်ကိုပြောရရိုးရိုး တော်တော်အားပေါက်နေပြီး"

ထူးသာ မေသင်းကြိုင်အားဆူဆူပြောပြောဖြင့် သွားတိုက်ဆေးအားညှစ်ယူကာနီနေသည့် မေသင်းကြိုင်၏ လက်ဖမိုးပေါ် တင်၍ နေရာအနှံ့ခပ်ဖွဖွပွတ်လိမ်းပေးကာ နုတ်ခမ်းဖြင့် မှုတ်ပေးလေသည်

"ဖူး...ဖူး... နာလား"

သူ လှမ်းမေးချိန် မေသင်းကြိုင်မှ ခေါင်းခါပြတာမို့သူလည်း သေချာပြန်လိမ်းပေးလိုက်သည်။

မေသင်းကြိုင်မှာလည်း စောနက ထမင်းအိုးဆူလာ၍ ငှဲ့ရန် လက်နှီးစုတ်ဖြင့် ထမင်းအိုးအားလက်နှစ်ဖက်ဖဖြင့်အသေအချာကိုင်ကာ ဘေးသို့ချစဉ် လက်အား မီးအပူဟပ်လိုက်၍ နဂိုတည်းမှ ဒေါ်သင်းသင်းသည် ဘာအလုပ်မျှမခိုင်းဖူး၍ ခပ်ပျော့ပျော့လကါလေးများမှာ အိုးကို လွတ်ကျမိကာ ထမင်းရည်များ သူမဘယ်ဘက်လက်ဖမိုးပေါ် ကျကုန်ရာ ပူလောင်သွားရသည်။

သို့သော် ထူးသာမှ သူမအား သွားတိုက်ဆေးလိမ်းပေးလိုက်ချိန် ပူနေသည်များလျော့ပါးသွားကာ ထူးသာမှ လေမှုတ်ပေးချိန် အေးအေးလေးခံစားလိုက်ရသည်။

ထိုနေ့က ထူးသာ မေသင်းကြိုင်အား သွားတိုက်ဆေးလိမ်းပေးပြီး အမေသင်းဆီခေါ်သွားချိန် အမေသင်းမှ သူ့သမီးကိုစိုးရိမ်တကြီးကြည့်နေတာမို့ သူပဲ အစအဆုံးရှင်းပြလိုက်သည် ကျောင်းကိုအမြန်ပြန်ပြေး၍ ရေမိုးချိုး ကျောင်းဝေယျာဝစ္စများကူကာ နေ့ဆွမ်းအကျန်များဖြစ်သည့် ပိုနေသော ထမင်းများကို ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်၍ ဟင်းပေါင်းပါ တစ်ထုတ်ထပ်ထုပ်ကာ အမေသင်းအိမ်သို့ပညန်လာခဲ့လိုက်သည်။

သူတို့အရင်ဆုံးအမေသင်းအား ထမင်းကျွေးသည်။

မေသင်းကြိုင်မှ အမေသင်းနောက်တွင်နေစေကာ အမေသင်းအမှီပြုစေပြီး သူက အမေသင်းကိုထမင်းခွံပေးသည်။

အမေသင်းစားပြီးမှသာ မိကြိုင်နှင့်သူ နောက်ဖေးတွင်တူတူထမင်းစားကြသည်။

စားသောက်ဆေးကြောပြီး၍ သူ အိမ်ရှေ့ပြန်ရောက်လာချိန် မိကြိုင်နှင့်သူ အမေသင်းခြေထောက်အားတစ်ယောက်တစ်ဖက်ပရုတ်ဆီလူးကာနှိပ်ပေးကြသည်။

သူလည်း အမေသင်းအားနှိပ်ပေးနေရင်း တစ်နေကုန် အုတ်သယ် ထမ်းပိုးရ၍ လက်မောင်း‌နှင့်ပုခုံးတို့ကိုက်ခဲ‌လို့လာတော့သည်။

ထိုအခါ သူ အမေသင်းအားလက်တစ်ဖက်ဖြင့် နှိပ်ပေးနေရင်း ကျန်လက်တစ်ဖက်ဖြင့်သူ့ပုခုံးကိုပြန်ဖိဆုပ်၍ နှိပ်နေမိသည်။

ဤသည်ကိုကြည့်နေသော အမေသင်းက

"ဟွန်း.. ...ဖိုး..ထူး"

သူ့ကို အမေသင်းမှ လှမ်းခေါ်တာမို့ကြည့်လိုက်စဉ်

သူမခြေထောက်ကို လက်ကောက်ကောက်ကွေးကွေးများဖြင့်ညွှန်းပြ၍ ခေါင်းခါပြသည်။

"မီး...ကြိုင်"

မေသင်းကြိုက် တံထွေးများဖြင့် ပလုံပထွေးခေါ်ကာ

သူ့ဘက်လက်ညှိုးကောက်ကောက်ဖြင့်ထိုးပြကာ

"နှိပ်...ပေး....ဖိုးသာ...ထူးကို"

ဟုဆို၏။

"ဟာ...ရတယ် အမေသင်း ကျွန်တော် ဘာမှမဖြစ်ဘူးနည်းနည်းပဲညှောင်းတာပါ "

သို့သော် အမေသင်းမှ မိကြိုင်အားသူ့ဘက်ကိုသာ လက်ညှိုးထိုးပြနေလေသည်။

ထို့ကြောင့် မေသင်းကြိုင်က သူ့ကိုပြူးကြောင်ကြောင်နှင့်ကြည့်နေ၍

သူလည်းတကယ် မဟန်တော့တာမို့ နည်းနည်းတော့ နယအနှိပ်ခံလိုက်လျင် သက်သာသွားမလားတွေးကာ မေသင်းကြိုင်လက်ထဲ ပရုတ်ဆီဗူးကမ်းပေးလိုက်သည်။

ထို့နောက် အင်္ကျီအားခေါင်းမှဆွဲချွတ်ကာ

"မိကြိုင် ငါ့ကို ပုခုံးနှင့် ဒီကျောနား တစ်ချက်လောက်နှိပ်ပေးဟာ တလွဲတော့မလုပ်နဲ့တော့ ငါတကယ်ထုမှာ"

ထိုအခါ မေသင်းကြိုင်မှ အမေသင်းကိုတစ်ချက်လှည့်ကြည့်ရာခေါင်းညိတ်ပြတာမို့ သူမလည်း ‌တုန်တုန်ချိချိ ဒူးထောက်လျက် ထူးသာ အနား ဒူး ကိုဆွဲကာ လျှောက်သွားသည်။

ဖြူဖြူဝင်းဝင်းထူးသာ၏ကျော‌ပြင်ကိုကြည့်ကာ သူမစိတ်တို့ ထူးထူးဆန်းဆန်းလှုပ်ရှားနေရကာ မျကိနှာလေးပူသလိုရှိသောလည်း ထူးသာမှ သူ့နောက်ကျောဘက်ကို လက်ညှိုးထိုး၍ ‌နှိပ်ရမည့်နေရာကိုပြနေတာမို့ သူမလည်း တုန်ရီနေသည့် လက်ချောင်းသွယ်သွယ်လေးများဖြင့် ပရုတ်ဆီကိုနှိုက်ယူကာ သူ့ကျောပြင်ပေါ်ထိ၍ လိမ်းပေးသည်မှာ မထိတထိပုံစံနှင်မို့

"မိကြိုင် မြန်မြန်လိမ်းစမ်းပါဟ ငါအအေးပတ်ကုန်တော့မယ် "

"အင်..."

မေသင်းကြိုင်မှာ ထူးသာအော်လိုက်၍ ကိုယ်လေးတုန်အောင်လန့်သွားကာ မြန်မြန်ပင် ဆေးလိမ်းပေး၍ သူပြသည့်နေရာတိုင်း လက်ချောင်းရှည်ရှည်သွယ်သွယ်လေးများဖြင့်ဖိဆုပ်၍ နှိပ်ပေးမိသည်။

"အေအေ အဲ့နား ဟုတ်တယ်  မိကြိုင် နင်ကဘယ်ဆိုးလို့လဲ လက်ပေါက်သားပဲဟ ထမင်းအိုးပဲ ဖြောင့်အောင်မတည်တက်တာ နှိပ်တာတော့ တော်တယ်"

ထိုသို့ သူမကို ချီးကျူးမလိုလိုနှင့် ‌ညနေက သူမအမှားကိုပြန်ပြောသော်လည်း သူမကတော့ သူ့ဆီက အကောင်းပြောတာကြားရခဲတာမို့ပျော်၍ ပြုံးတုံးတုံးလေးဖြစ်လို့နေသည်။

🌻🌻🌻

ဝင်ရောက်ဖတ်ရှု့ပေးသူအားလုံးကိုကျေးဇူးတင်ပါသည်။

အားဖြစ်စေတဲ့ comment လေး‌မန့်ပေးတဲ့စာဖတ်သူလေးတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်♥️

🪄ကြွယ်

Continue Reading

You'll Also Like

183K 4.7K 57
Brooke Farewell is the poster child that every mother wishes to have. She is an A honor roll student, co captain of the cheer team, and of course the...
519K 33.1K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
74.1K 1.3K 17
လူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး
8.8K 242 16
တည်တံ့လွင် လူပျိုဘဝကသာ ပျော်စရာကောင်းတာဗျ.... ငွေမှူးသဒ္ဓါ ငွေက မချစ်တတ်ဘူး .......