မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

204K 33.9K 987

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

092:Fan ကောင်းမူအကြောင်းပြု၍

1K 220 6
By XiaoManTou96

Unicode

နောက်တစ်နေ့မနက်တွင်တော့ ချင်ယွီကတကယ်ပဲကားမောင်းပြီးလိုက်ပို့ပေးခဲ့သည်။ဒါပေမယ့်လည်းမနေ့ညကကိစ္စကြောင့် တစ်ဖက်လူအမူအရာမှာကြည့်လို့ကောင်းမနေခဲ့ချေ

အသိအသာကြီးပင် သူဟဲကျင့်ကို နီးကပ်အောင်ဆွဲခေါ်ခဲ့သော်လည်းသူတို့ကြားမှာနံရံတစ်ခုကာခြားနေသေးသည်။ပြီးတော့ဟဲကျင့်ဆီကနေပိုပြီးတော့ဝေးကွာနေသလိုတောင်ခံစားနေရသေးတယ်။အဆိုးဆုံးကတော့သူဘာမှလုပ်လို့မရတာပဲ။ကြည့်ရတာဟဲကျင့်ကသူ့ကိုမကြိုက်ဘူးထင်ပါတယ်။ဒီလိုရှုပ်ထွေးလှတဲ့ခံစားချက်တွေကချင်ယွီကို ရူးသွပ်သွားမတတ်ပင်ဖြစ်စေပါ၏။

ဟဲကျင့်အတွက်လည်း အရမ်းတွေလွယ်ကူမနေခဲ့ကာသူသတိထားပြီး ချင်ယွီနဲ့ခပ်ခွာခွာနေလိုက်တယ်။ သူ့မှာ မပြတ်သားနိုင်ဘဲ ချင်ယွီဟာနောက်ပိုင်းမှာ သူဘယ်လိုတွေးလဲဆိုတာကို သိလာမှာကိုလည်း သူစိုးရိမ်ခဲ့ရလေသည်။။

ချင်ယွီကဟဲကျင့်ကို အလုပ်ခွင်မှာချပေးကာ ထွက်သွားခဲ့တယ်။ ပြီးတော့ သူက အမူရာမဲ့စွာဖြင့် ဟဲကျင့်ကို ညကျလာကြိုမယ်လို့လဲပြောသွားသေး၏။

K စောစောကရောက်နေသည့်အတွက်ကြောင့် ချင်ယွီကဟဲကျင့်ကိုအလုပ်လိုက်ပို့တာကိုမြင်ပြီးစနောက်လာပြန်သည်။

"ကြည့်စမ်း သူက မင်းကို ဒီထိမောင်းပို့ပေးလာတာတောင် မင်းတို့နှစ်ယောက်ကအတန်းဖော်လို့ပြောတယ်ပေါ့လေ အဲ့လိုစဉ်းစားပေးတဲ့ အတန်းဖော်ရှိတယ် ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနော်?"

ဟဲကျင့်ဟာအတွေးရိုင်းတွေပေါ်လာကာ ချင်ယွီကသူ့ကိုချစ်နေတယ်လို့တောင်ထင်မိလိုက်သေးတယ်။ဒါပေမယ့်လည်း အရင်က ကျန်းရှောင်ပြောခဲ့တဲ့ မြတ်နိုးရတဲ့သူကိုရောဘယ်လိုလုပ်မလဲ?ပြီးတော့တကယ်လို့ချင်ယွီကဟဲကျင့်အတွက် အဲ့လူကိုစွန့်လွှတ်လိုက်တယ်ပဲထားပါတော့ သူကရော မီးကိုဘယ်လိုလုပ်ရမလဲနော်?သူကလက်တွေ့ကလက် တွေ့ ဂိမ်းကဂိမ်းမှန်းသိပေမယ့်လဲ တကယ်လို့ သူ့မှာလက်တွေ့ရည်းစားရှိနေရင် မီးသေလောက်အောင်စိတ်ဆိုးသွားမှာပေါ့ မဟုတ်ဘူးလားဟင်? (=_=)

တစ်ဖန် ဟဲကျင့်သည် ချင်ယွီ နှင့်ပတ်သက်သော သူရဲ့ခံစားချက်များသည် အချစ်ခြင်းဆိုင်ရာ ဒါမှမဟုတ်  လိင်ပိုင်းဆိုင်ရာလားဟု တွေးနေမိပြန်သည်။ သူK နဲ့အရမ်းတွေတိုင်ပင်ချင်ပါတယ်နော် ဘာလို့ဆိုသူတို့နှစ်ယောက်ကဂိုဏ်းတူတွေလေ။ဒါပေမယ့်လည်း K ကဘယ်လိုလူလဲဆိုတာသူသိပ်မသိဘူး ထို့ကြောင့် အဲ့လိုသာ သူတိုင်ပင်လိုက်ရင် တစ်ခုခုပြဿနာဖြစ်ပါကသူ့ရဲ့ လိင်စိတ်တိမ်းညွှန်မူကိုတိုက် ရိုက်ရင်ဆိုင်ရသလိုဖြစ်သွားမှာပင်။ပြီးတော့အခုထိဟဲကျင့်မလုပ်ချင်သေးတဲ့အရာရှိနေပြီးတော့ သူကအဲ့အရာကနေရှောင်ပြေးနေဆဲပင်။

စိတ်ထဲကရုန်းကန်မူတွေနဲ့လွန်ဆွဲမူတွေကြောင့် ဟဲကျင့်ကရူးချင်လာပြီးခေါင်းမှာလဲပေါက်ကွဲတော့မလိုပင်။သူ သူ့ကိုယ်သူအလုပ်ကိုအာရုံစိုက်နိုင်ရန် တွန်းအားပေးရုံသာရှိတော့သည်။

မနက်ပိုင်းတွင် ချင်ယွီသည် ဟဲကျင့်ကိုအလုပ်လိုက်ပို့ပြီးနောက်တွင် ဉီးထုပ်ယူကာဆိုင်သို့သွားခဲ့သည်။မထင်မှတ်စွာဖြင့် စတိုးဆိုင်ဝန်ထမ်းက ဉီးထုပ်မှာ collector edition ဖြစ်ပြီး လဲလှယ်ရန်အတွက် ပိုင်ရှင်ရဲ့ ID လိုအပ်ကြောင်းပြောလာခဲ့သည်။ထို့အပြင် data ရွေ့ပြောင်းရာတွင် error မရှိစေရန်အတွက် ပိုင်ရှင်က စတိုးဆိုင်တွင် ဉီးထုပ်ကို စမ်းသုံးကြည့်ရန်လိုကြောင်းပါပြောလာလေ၏။

ဒီဉီးထုပ်ကိုချင်ယွီကဟဲကျင့်ရဲ့ အချက်အလက်ကိုသိရဲ့ဖို့အတွက်ရအောင်လုပ်ပေးထားတယ်ဆိုတာကို စတိုးဆိုင်ဝန်ထမ်းကမသိခဲ့ချေ။ဒီလိုအခြေအနေမှာဘယ်လိုလုပ်ရမလဲဆိုတာသူဖင်းယွီဟောင်ကိုဖုန်းဆက်မေးရုံသာရှိတော့သည်။

ဖင်းယွီဟောင်သည် တစ်မနက်လုံးအဆက်အသွယ် တွေရှာပေးခဲ့ပြီးနောက်ဆုံးတော့ သူကချင်ယွီကို တရုတ်နှစ်သစ်ကူး ခုနစ်ရက်မြောက်နေ့တွင်ဂိမ်း
ကုမ္ပဏီရုံးချုပ်ကို သွားခိုင်းခဲ့ပြီး အဲ့မှာအခမဲ့ ပြင်ပေးမယ့် အထူးဝန်ထမ်းတွေရှိမှာ ဖြစ်သလိုဆယ့်ငါးရက်လောက် ကြာမယ်လို့ဆိုလာလေသည်။

ချင်ယွီကမျက်မှောင်ကြုတ်ကာဖြင့်

"7 ရက်နေ့?ပြီးတော့ 15 ရက်တောင်ကြာမယ်?မဖြစ် နိုင်ဘူး အရမ်းကြာလွန်းတယ်"

ဖင်းယွီဟောင်: "သာ့ကော ဆယ့်ငါးရက်လောက် ကိုကြာတယ်လို့မင်းထင်တယ်ပေါ့? တခြားနေရာကိုသွားကြည့်စမ်းပါဉီး အနည်းဆုံး သုံးလလောက် တော့ ကြာလိမ့်မယ်!"

ချင်ယွီ: "ပြိုင်ပွဲစဖို့ 10ရက်လောက်ပဲလိုတော့တာကို ငါစောင့်နိုင်ဉီးမယ်လို့မင်းထင်တယ်ပေါ့"

ဖင်းယွီဟောင် :"ဟုတ်သားပဲ မေ့တော့မလို့  ငါမင်းအတွက် ထပ်မေးပေးမယ်။"

ချင်ယွီသည် နေ့လည်ခင်းတစ်ချိန်ထပ်စောင့်ခဲ့ရသည်။4 နာရီလောက်တွင်တော့ဖင်းယွီဟောင်က သူ့ကိုအကြောင်းပြန်လာလေသည်

"ဟေးငါ့ ကော မင်းကိုကူညီဖို့အတွက် လှုပ်ရှားနေရတာငါ့ပါးစပ်လေးတောင်ပင်ပန်းသွားပြီ"

ချင်ယွီ:"မင်းငါ့ကို ကူညီနိုင်လားသာပြောစမ်းပါ"

ဖင်းယွီဟောင်: "အဆင်ပြေတယ် ကော.."

ဖင်းယွီဟောင် သည် မြို့တော်ရဲ့R&D ဌာနမှ နည်းပညာရှင်တစ်ဦးကို အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပြီး ချင်ယွီရဲ့အမည်ကိုပြောပြခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုကောင်လေးသည် မီးရဲ့ပရိသတ်တစ်ဦးဖြစ်နေခဲ့ပြီး တောင်းဆိုချက်ကို ချက်ချင်းလက်ခံခဲ့သည်။ သူသည် သူ့လိပ်စာကို ပြောပြခဲ့ကာ ချင်ယွီကိုလာခိုင်းခဲ့သည်။

ချင်ယွီကဖုန်းချလိုက်ကာ နည်းပညာရှင်ရှိရာသို့ ချက်ချင်းသွားခဲ့သည်။မြို့တစ်ဝက်နီးပါးကိုဖြတ်ကျော်သွားရကာ ည7 နာရီခွဲလောက်တွင်တော့ရောက်သွားတော့သည်။ နည်းပညာရှင် ကချင်ယွီကိုမြင်သောအခါ အံံအားသင့်သွားကာ

"နတ်ဘုရားရေ မင်းက အရမ်းကြည့်ကောင်းတာပဲ.....နေဉီး...မဟုတ်သေးဘူး မင်းရဲ့ရုပ်ရည်ထက် စာရင် မင်းရဲ့ PK စကေးကပိုကြည့်ကောင်းတယ်!ကျေးဇူးပြု၍မင်းရဲ့ လက်မှတ်လေးကျွန်တော့်ကိုပေးလို့ရမလား?"

ချင်ယွီကသူ့ဉီးထုပ်ကိုပေးလိုက်၍ပြုံးလိုက်ပြီး

"မင်း ဒါကို ပြင်ပြီးရင် ပေးမယ်လေ"

နည်းပညာရှင်၏ မျက်လုံးများမှာ တောက်ပလာကာ ချင်ယွီကိုထိုင်ခိုင်းလိုက်ပြီး

"ကျွန်တော် အရင်ကြည့်ပါရစေ"

ထိုင်ဖို့ဖိတ်ခေါ်ခံရသော်လည်း သူ့နေရာတွင် နေရာအပိုမရှိနေချေ။ စာအုပ်များ၊ ကိရိယာအမျိုးမျိုးနဲ့ဝတ်ပြီးသားအဝတ်အစားများရှိနေသည်ကိုသာ
ချင်ယွီ မြင်လိုက်ရသည်... ဤလူသည် တကယ့်နည်းပညာသမားတစ်ယောက်ဖြစ်ပုံရသည်။

ချင်ယွီသည် နောက်ဆုံးတွင် နည်းပညာရှင်က အရှုပ်ထွေးများကြားထဲကထောင့်တစ်ခုကိုရှာတွေ့သွားသည်ကို မြင်လိုက်ရပြီး မီးမောင်းတစ်ခုကို ဖွင့်လိုက်ကာ ပါဝါခလုတ်ကို စတင်စမ်းသပ်လိုက်သည်။ အလုပ်မလုပ်သည်ကိုမြင်သောအခါ ဝက်အူလှည့် အပုံလိုက်ကိုထုတ်ကာဖြင့် ဉီးထုပ်ရဲ့တိုက်တေနီယမ်အခွံကို ချက်ချင်းဖယ်ရှားကာ အတွင်းရှိ အီလက်ထရွန်နစ်အစိတ်အပိုင်းအားလုံးကို လှစ်ဟာလိုက် တော့သည်။

အတွင်းပိုင်း အစိတ်အပိုင်းများကို  မြင်တွေ့ရခြင်းသည် ချင်ယွီအတွက်ပထမဆုံးအကြိမ်ဖြစ်သည်။ သူအနီးကပ်မကြည့်ပဲမနေနိုင်ခဲ့ဘူး။ နည်းပညာရှင်ကောင်လေးက ဖြုတ်ထားတဲ့ပစ္စည်းတွေကို "အမှိုက်ပုံ" ရဲ့ထိပ်မှာတင်ထားပြီး  ဝါယာနှစ်ချောင်းကိုဘယ်ကမှန်းမသိဆွဲထုတ်လိုက်၍ ဉီးထုပ်ကိုချိတ်ဆက်လိုက်ရာ မီးပြန်လင်းလာလေသည်။

ကောင်လေးက ကွန်ပျူတာစခရင်ပေါ်က command prompt ကိုဖွင့်ပြီး command ကိုရိုက် ထည့်လိုက်ရာ တိုးတက်မှုဘားက တစ်လျှောက်လုံးစိမ်းနေကာရှေ့ဆက်သွားခဲ့သည်။ သူသည် 70% ခန့်တွင် အနီရောင်ပြောင်းသွားသည်အထိဖန်သားပြင်ကိုစိုက်ကြည့်နေရင်း  အကြိမ်အနည်းငယ်တစ် ဖျတ်ဖျတ်လင်းလက်သွားခဲ့သည်။

နည်းပညာရှင်:"ကော်တီယံအာရုံခံဒြပ်စင် ပျက်စီးသွားတာ"

ချင်ယွီ:"မင်း ပြင်လို့ရလား?"

"ရတယ် အာရုံခံဘုတ်ကို အသစ်နဲ့ အစားထိုးလို့ရတယ်။"

နည်းပညာရှင်ကနောက်ကိုမှီလိုက်ကာ စင်ပေါ်ကမဖွင့်ရသေးတဲ့ စက္ကူဘူးကိုယူကာပြောလာသည်။

"ဒါက original ဟာပဲ အဲ့ဒါကိုလဲဖို့ တစ်နာရီလောက်တော့ကြာလိမ့်မယ် ဪပြီးတော့ power supply လဲဖို့လဲရှိဉီးမယ်ကျွန်တော်တော့ အဲ့ဒါလဲအလုပ်မလုပ်တော့ဘူးလို့ထင်တယ် အကုန်လုံးပြီးဖို့ တစ်နာရီခွဲလောက်တော့ကြာလိမ့်မယ်"

"အဆင်ပြေပါတယ်၊ မင်းအချိန်လိုသလောက်ယူပါ။"

ပြိုင်ပွဲနေ့အမှီပြင်နိုင်ရင်ပြီးတာပါပဲလေ။ချင်ယွီသည် ဟဲကျင့်ကသူ့ရဲ့ ဉီးထုပ်ကိုပြင်ပြီးကြောင်းသိရရင်ဖြစ်သွားမယ့်ရုပ်လေးကိုစဉ်းစားကြည့်မိတော့ သူမပြုံးပဲမနေနိုင်တော့ချေ။

နည်းပညာရှင်က အရမ်းသတိထားလေသည်။ သူဉီးထုပ်ကိုပြင်နေချိန်မှာတော့ စကားတစ်ခွန်းမှ မပြောခဲ့ပါ။ ထို့နောက်မှာတော့ချင်ယွီသည် မီးပုံစံဖြင့် ဟဲကျင့်ထဲ စာပေးပို့ခဲ့သည်။

မနေ့က သူ ဟဲကျင့် နဲ့ ကော်ဖီဆိုင်မှာ အချိန်အတော်ကြာအောင် နေခဲ့ပြီး ညဖက်မှာလည်းအတူတူရှိနေခဲ့ကြတယ်။ နှစ်ယောက်သား ကောင်းသောညပါလို့တောင်မပြောဖြစ်ခဲ့ကြဘူး

မီး : "ဇနီးလေး မင်းဘာတွေအလုပ်ရှုပ်နေလဲ?"

အားကျင့်: "ငါအလုပ်လုပ်နေတာ"

ချင်ယွီ ဝမ်းနည်းစွာဖြင့်တွေးမိလိုက်သည် သူမီးအနေနဲ့ဆို ပြောချင်တာပြောလို့ရပေမယ့် လက်တွေ့မှာတော့ ဟဲကျင့်ကသူနဲ့အားပြင်းတဲ့စည်းတစ်ခုကိုခြားထားလေသည်။ဘယ်လိုပဲဖြစ်ဖြစ်ချင်ယွီကတော့ထူးဆန်းတယ်ထင်တာပဲ ဘာလို့ဆို ဟဲကျင့်က လက်တွေ့နဲ့ဂိမ်းကို ခွဲခြားထားတာပဲမဟုတ်လား အဲ့ဒါဆိုလက်တွေ့ကသူငယ်ချင်းနဲ့ပိုနီးကပ်သင့်တာလေနော်

မီး:"မင်းကအလုပ်လုပ်နေတုန်းပဲပေါ့ ဦးထုပ်အသစ် ရောရပြီလား?"

အားကျင့်: "မရသေးဘူး ငါ့သူငယ်ချင်းက ဦးထုပ်ကိုပြင်နိုင်တဲ့သူသိတယ်တဲ့ သူဒီနေ့ကငါ့အတွက် သွားမေးပေးတယ် "

မီး: "မင်း မကြာခင် ဂိမ်းကို ပြန်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။ ငါမင်းကိုလွမ်းတယ် "

သူတကယ်တွေးထားတာကတော့ တခန်းထဲနေကာ ဟဲကျင့်ကိုပွေ့ဖက်နိုင် နမ်းနိုင်ရမည်ဟုဖြစ်သော်
လည်း လက်တွေ့တွင်တော့သူဘာမှမလုပ်နိုင်သေးပေ။

ဆယ်မိနစ်ခန့်အကြာတွင် ဟဲကျင့်က

"အင်း ငါလည်းဂိမ်းထဲလာချင်တယ်ပြီးတော့ငါလည်းမင်းကိုလွမ်းတယ် "

ချင်ယွီက ဒီစာကြောင်းကို စိုက်ကြည့်ရင်း မတူကွဲပြားတဲ့ ဆက်ဆံမှုက သူ့ကို တစ်ချိန်တည်းမှာ ခါးသီးပြီး ချိုမြိန်စေတယ်လေ!

နှစ်သစ်ကူးကာလတွင် ဟဲကျင့် သည် မီးနှင့်ပတ်သက်သော သူရဲ့ခံစားချက်များကို ဝန်ခံစပြုလာသည် ကို ပြန်သတိရသောအခါချင်ယွီသည် သိချင်လာရသည်။ဟဲကျင့်လို ရှက်တတ်ပြီး သီးသန့်ဆန် တဲ့သူက ငါမင်းကိုလွမ်းတယ်လို့ပြောလာရလောက် အောင် သူကဂိမ်းထဲမှာအဲ့လောက်ဆွဲဆောင်မူရှိနေတာလား?

လက်တွေ့မှာလည်း သူဟဲကျင့်အပေါ်ကောင်းပေးတာပါပဲ သူနဲ့အတူရတ်ကတ်လိုက်ဝယ်ပေးတယ်။သူတို့မကြာခဏတွေ့ကြတယ်။မာဖလာဆင်တူဝယ်ကြတယ်။ရထားဘူတာကိုလည်းလိုက်ပို့ပေးတယ်လေ။ပြီးတော့သူရဲ့ဦးထုပ်ကိုပြင်ဖို့တောင်ကူညီပေးသေးတယ်လေ ဘာလို့ဟဲကျင့်က သူလုပ်ပေးတာတွေကိုမမြင်ရတာလဲ?သူကနည်းနည်းလေးတောင်ရင်ထဲမထိတာလား?

လူတစ်ယောက်ထဲအတူတူကို မီးနဲ့ကျ ရင်းနှီးနေပြီး လက်တွေ့ကသူကိုယ်တိုင်ကိုကျတော့ ဘယ်လိုတောင်အေးစက်စက်ဆက်ဆံနိုင်ရတာလဲ?

ယခုအချိန်အထိ ချင်ယွီ သည် "မိမိကိုယ်ကို ထောင်ချောက်ဆင်ခြင်း" ဟူသော အဓိပ္ပါယ်ကို စေ့စေ့
စပ်စပ် မြည်းစမ်းကြည့်ခဲ့ရလေရဲ့။

နာရီဝက်ကြာပြီးနောက် နည်းပညာရှင်သည် ဦးထုပ် ကို ထပ်မံစစ်ဆေးခဲ့သည်။ ဒီတစ်ခါတော့အကုန်လုံးမီးစိမ်းခဲ့ပြီပင်။

"အခုတော့ရလောက်ပြီထင်တယ်"

သေချာစေရန်အတွက် နည်းပညာရှင်သည် အချက် အလက်သိုလှောင်မှုအပိုင်းကိုလည်း စစ်ဆေးခဲ့သည်။ ဦးထုပ်ကို ကစားသမားနှင့် ချိတ်ဆက်ထားသောကြောင့် မှားယွင်းသော သို့မဟုတ် ပျောက်ဆုံးသွားသော အချက်အလက်ရှိပါက factory settingကို ပြန်လည်ရယူရမည်ပင်။ မျက်နှာပြင် ပေါ်တွင်တော့ အသုံးပြုသူ၏အချက်အလက်များကိုပြသခဲ့သည်။ ထို့နောက်တွင်တော့နည်းပညာ
ရှင်က ချင်ယွီကို အတည်ပြုခိုင်းခဲ့သည်။

အသုံးပြုသူ ID- hj2000

ဂိမ်းအမည်- အားကျင့်

စနစ်စစ်ဆေးမူ- အမျိုးသား၊ အသက် 22 နှစ်

————

နည်းပညာရှင်သည် ရင်းနှီးသောဂိမ်းအမည်ကို ကြည့်ရှုခဲ့သည်- ဘာလဲ? ဒီဦးထုပ်ကမီးရဲ့မိန်းမဟာလား?ထပ်ပြီးကြည့်လိုက်တော့ ယောက်ျားလေး?...

"အချက်အလက်တွေက မှန်တယ်။ "

ချင်ယွီ က ခေါင်းညိတ်ပြကာ လက်ပတ်ကိုဖွင့်လျက်

" ပြုပြင်ခက ဘယ်လောက်လဲ? ငါ e-account ကတဆင့်ငွေလွှဲပေးလို့ရလား?"

နည်းပညာရှင်သည် အံ့အားသင့်သွား၍ မေးခွန်းကို ခဏတာမျှ နားမလည်နိုင်ဖြစ်ကာ လက်ဝှေ့ယမ်းရင်း စကားထစ်ကာဖြင့်

"ဟင့်အင်း မလိုပါဘူး။ "

ချင်ယွီ: "အစားထိုးထားတဲ့အစိတ်အပိုင်းတွေကရောဘယ်လိုလဲ?မင်းအဲ့ဒါတွေအတွက်ကုန်ကျစရိတ်ရှိမှာပဲလေ ပြီးတော့နှစ်ကူးကြီးမှာ မင်းကိုအလုပ်လုပ်ခိုင်းရတာအားနာတယ် မင်းကိုငါပေးရမှာပေါ့"

နည်းပညာရှင်: "ကောင်းပါပြီ ဒါဆိုလဲ  အာရုံခံဘုတ် က ယွမ် 1200,power supply က ယွမ်800 စုစုပေါင်း 2000ပါခင်ဗျ"

ချင်ယွီ က သူ့ဆီ ယွမ် 3000 လွှဲပေးပြီး ပြုပြင်ထိန်းသိမ်းခအဖြစ် ယွမ်1000 အပိုပေးလိုက်တယ်။ သူက နည်းပညာရှင်ကို လက်မှတ်ထိုးပေးပြီး သူ့အထောက်အထားကို လျှို့ဝှက်ထားဖို့ တောင်းဆိုလိုက်၏။ အဆုံးမှာတော့ သူတို့ ဖုန်းနံပါတ်တွေ ဖလှယ် လိုက်ကြသေးတယ်

"မင်း ငါ့ဆီက တစ်ခုခု လိုအပ်ရင် အားမနာတမ်း တောင်းဆိုလို့ရတယ်နော် "

နည်းပညာရှင်က စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက် ပြီး ချင်ယွီကိုလှေကားတစ်လျှောက်လိုက်ပို့ကာချင် ယွီက သူ့ Jaguar မောင်းထွက်သွားတာကို ရပ်ကြည့် နေခဲ့သည်။ အပေါ်ထပ်သို့ ပြန်ရောက် သောအခါ သူသည် ဖြည်းညှင်းစွာ တုံ့ပြန်ခဲ့သည်...
ပိုင်ရှင်ရဲ့ အချက်အလက်ကို စစ်ဆေးတုန်းက ယေကျ်ားလေးလို့သူတွေ့ခဲ့တာလားလို့လေ ပြီးတော့ချင်ယွီကအဲ့ဒါကိုအေးအေးဆေးဆေးပဲ မှန်တယ်လို့တောင်ပြောသွားသေးတယ်ရော?အဲ့ဒါဆိုမီးက ဂေးဖြစ်နေခဲ့တာလား? (⊙o⊙ )
သေစမ်း သူကသူတို့ထဲကတစ် ယောက်ပေါ့!

ည 9 နာရီထိုးခါနီးဆိုတာကိုတွေ့လိုက်တော့ ချင်ယွီကကားမောင်းနေရင်းဟဲကျင့်ကိုဖုန်းခေါ်လိုက်လေသည်။

"မင်းအလုပ်ပြီးတော့မှာလား?"

ဟဲကျင့် : "ခဏနေရင် မင်းကားမောင်းနေတာလား?"

ချင်ယွီ: "အင်း ငါ့ကိုစောင့်ဦးနော် ငါလာနေတုန်း နောက်ကျမလားမသိဘူး"

ဟဲကျင့်: " ဖြည်းဖြည်းမောင်းဦး အလျင်စလိုမလုပ် နဲ့။ "

ချင်ယွီဖြည်းဖြည်းမောင်းဖို့ ဆိုတာမဖြစ်နိုင်ဘူးလေ ဟဲကျင့်ကသူ့ကိုစည်းခြားထားတာကိုမပျော်ပေမယ့်လည်း သူကတော့ဟဲကျင့်ကို ဘယ်နေရာရောက် ရောက် တွေ့ချင်နေသည် ။ သူက လမ်းတစ်လျှောက်လုံး မြန်မြန်မောင်းပြီး မိနစ် 20 အကြာမှာတော့ Costa ကို ရောက်သွားတော့၏

ဟဲကျင့်သည်ကျောင်းလွယ်အိတ်ကိုလွယ်ထားကာ မဖလာအထူကြီးကိုပတ်ထားပြီး ကော်ဖီဆိုင်တံခါးရှေ့မှာတစ်ယောက်ထဲရပ်နေတာကို သူအဝေးကလှမ်းမြင်လိုက်လေသည်။သူကသူ့ကိုယ်သူနွေးအောင်လဲသူ့လက်တွေနဲ့လုပ်နေလေရဲ့။ချင်ယွီက ကားမီးများကိုဖွင့်လိုက်တဲ့အချိန်မှာတော့ ဟဲကျင့်ကချင်ယွီကိုတွေ့သွားလေသည် သူ့မျက်နှာမှာလည်း ပျော်ရွှင်နေတဲ့အမူအရာလေးဆင်မြန်းထားလျက်ပေါ့။အဲ့ဒါကခဏလေးဆိုပေမယ့်ချင်ယွီကတော့နွေးနွေးမူကိုခံစားရဆဲပင်။

လူငယ်လေးကကားတံခါးကိုဖွင့်လိုက်ချိန်တွင်တော့လေအေးများပါတပါထည်းပါလာလေသည်။ချင်ယွီကသူ့ကိုကြည့်လိုက်သည်မှာ ဟဲကျင့်ကိုမတွေ့တာကြာပြီကဲ့သို့ပင်။သူကကားနောက်ခန်းကိုရှာဖွေကာ ပြင်ထားပြီးပြီဖြစ်သော ဦးထုပ်ကိုဟဲပျင့်ထဲပေးလိုက်သည်။

"အခုအကုန်ကောင်းသွားပြီ"

ဟဲကျင့်သည်မျက်လုံးများပြူးကျယ်သွားကာ သူ့စိတ်လှုပ်ရှားမူကိုဖုံးကွယ်မနိုင်ပဲ

"အရမ်းမြန်တာပဲ!"

ချင်ယွီ: "အွန်း"

ဟဲကျင့်ကဦးထုပ်ကိုထပ်ခါတလဲလဲကြည့်လိုက်သည်။အဲ့ဒါကဦးထုပ်အဟောင်းပဲ ပြီးတော့သူပါဝါပြန်ဖွင့်လို့ရပြီ!

အမှန်တော့ ဦးထုပ်ရဲ့တန်ဖိုးကျဆင်းမှုနှင့် ပတ်
သက်၍ အင်တာနက်တွင် ရှာဖွေခဲ့တုန်းကဟဲကျင့် သည် အလွန်တွန့်ဆုတ်နေခဲ့သည်။ သူ လအနည်း
ငယ်သာ အသုံးပြုခဲ့ရသေးသော်လည်း အဲ့ဒါကသူ ကံစမ်းမဲပေါက်ခဲ့သည်အရာလေးပင်။သူ့နှလုံးသားထဲမှာတော့ ဒါဟာဂိမ်းဦးထုပ်သပ်သပ်ပဲမဟုတ်​ခဲ့ပဲ သူ့ရဲ့ကံကောင်းခြင်းသင်္ကေတလည်းဖြစ်ပါ၏
ဒါလေးက သူ့ကိုလွတ်လပ်ခြင်း စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုရာကမ္ဘာကိုဖွင့်လှစ်ပေးခဲ့သည့်အရာလည်းဖြစ်ပြန်သည်။

ဒါပေမယ့် သူ့အမေက သူမ သားအတွက် အဓိပ္ပါယ် အစစ်အမှန်ကို နားလည်ဖို့ အချိန်မပေးခဲ့ဘူး။ သူမရဲ့မျက်လုံးထဲမှာ ဂိမ်းအားလုံးက မကောင်းဆိုးဝါးဖြစ်ပြီး သူမကဟဲကျင့်ရဲ့ဦးထုပ်ကို ဖျက်ဆီးကာ ဟဲကျင့်ဂရုတစိုက်ကာကွယ်ထားတဲ့ ကမ္ဘာငယ်လေးကိုလည်း ဖျက်ဆီးပစ်ခဲ့ပါလေရဲ့။

ဦးထုပ်ကွဲပြီးကတည်းက ဟဲကျင့်ဟာပြောမပြတတ်လောက်အောင် စိတ်ဓာတ်ကျနေခဲ့တယ်။ အဖြစ်အပျက်ကို တွေးလိုက်တိုင်း သူ့နှလုံးသားက နာကျင်လာရသည်။ ဦးထုပ်အသစ်တစ်လုံး ရနိုင်ရင်တောင် အားလုံးက ကွဲပြားသွားမှာပဲလေ။ ချင်ယွီရဲ့မူလအကြံအစည်သည် သူ့ကိုအသစ်တစ်ခုပေးရန်ဖြစ်သည်ကို သူမသိခဲ့ဘဲ နောက်ဆုံးတွင် ပြဿနာအားလုံးပြီးနောက် ဟဲကျင့်ရဲ့ဆန္ဒသည် ပြည့်စုံသွားခဲ့သည်။

ဟဲကျင့် သည် သူဆုံးရှုံးခဲ့သောအရာကို ပြန်ရခဲ့ပြီး သူဘာပြန်ပြောရမှန်းမသိလောက်အောင် ဝမ်းသာသွားရတော့ပါ၏။

Zawgyi

092: Fan ေကာင္းမူအေၾကာင္းျပဳ၍

ေနာက္တစ္ေန႔မနက္တြင္ေတာ့ ခ်င္ယြီကတကယ္ပဲကားေမာင္းၿပီးလိုက္ပို႔ေပးခဲ့သည္။ဒါေပမယ့္လည္းမေန႔ညကကိစၥေၾကာင့္ တစ္ဖက္လူအမူအရာမွာၾကည့္လို႔ေကာင္းမေနခဲ့ေခ်

အသိအသာႀကီးပင္ သူဟဲက်င့္ကို နီးကပ္ေအာင္ဆြဲေခၚခဲ့ေသာ္လည္းသူတို႔ၾကားမွာနံရံတစ္ခုကာျခားေနေသးသည္။ၿပီးေတာ့ဟဲက်င့္ဆီကေနပိုၿပီးေတာ့ေဝးကြာေနသလိုေတာင္ခံစားေနရေသးတယ္။အဆိုးဆုံးကေတာ့သူဘာမွလုပ္လို႔မရတာပဲ။ၾကည့္ရတာဟဲက်င့္ကသူ႔ကိုမႀကိဳက္ဘူးထင္ပါတယ္။ဒီလိုရႈပ္ေထြးလွတဲ့ခံစားခ်က္ေတြကခ်င္ယြီကို ႐ူးသြပ္သြားမတတ္ပင္ျဖစ္ေစပါ၏။

ဟဲက်င့္အတြက္လည္း အရမ္းေတြလြယ္ကူမေနခဲ့ကာသူသတိထားၿပီး ခ်င္ယြီနဲ႔ခပ္ခြာခြာေနလိုက္တယ္။ သူ႔မွာ မျပတ္သားႏိုင္ဘဲ ခ်င္ယြီဟာေနာက္ပိုင္းမွာ သူဘယ္လိုေတြးလဲဆိုတာကို သိလာမွာကိုလည္း သူစိုးရိမ္ခဲ့ရေလသည္။။

ခ်င္ယြီကဟဲက်င့္ကို အလုပ္ခြင္မွာခ်ေပးကာ ထြက္သြားခဲ့တယ္။ ၿပီးေတာ့ သူက အမူရာမဲ့စြာျဖင့္ ဟဲက်င့္ကို ညက်လာႀကိဳမယ္လို႔လဲေျပာသြားေသး၏။

K ေစာေစာကေရာက္ေနသည့္အတြက္ေၾကာင့္ ခ်င္ယြီကဟဲက်င့္ကိုအလုပ္လိုက္ပို႔တာကိုျမင္ၿပီးစေနာက္လာျပန္သည္။

"ၾကည့္စမ္း သူက မင္းကို ဒီထိေမာင္းပို႔ေပးလာတာေတာင္ မင္းတို႔ႏွစ္ေယာက္ကအတန္းေဖာ္လို႔ေျပာတယ္ေပါ့ေလ အဲ့လိုစဥ္းစားေပးတဲ့ အတန္းေဖာ္ရွိတယ္ ဆိုတာဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲေနာ္?"

ဟဲက်င့္ဟာအေတြး႐ိုင္းေတြေပၚလာကာ ခ်င္ယြီကသူ႔ကိုခ်စ္ေနတယ္လို႔ေတာင္ထင္မိလိုက္ေသးတယ္။ဒါေပမယ့္လည္း အရင္က က်န္းေရွာင္ေျပာခဲ့တဲ့ ျမတ္ႏိုးရတဲ့သူကိုေရာဘယ္လိုလုပ္မလဲ?ၿပီးေတာ့တကယ္လို႔ခ်င္ယြီကဟဲက်င့္အတြက္ အဲ့လူကိုစြန႔္လႊတ္လိုက္တယ္ပဲထားပါေတာ့ သူကေရာ မီးကိုဘယ္လိုလုပ္ရမလဲေနာ္?သူကလက္ေတြ႕ကလက္ ေတြ႕ ဂိမ္းကဂိမ္းမွန္းသိေပမယ့္လဲ တကယ္လို႔ သူ႔မွာလက္ေတြ႕ရည္းစားရွိေနရင္ မီးေသေလာက္ေအာင္စိတ္ဆိုးသြားမွာေပါ့ မဟုတ္ဘူးလားဟင္? (=_=)

တစ္ဖန္ ဟဲက်င့္သည္ ခ်င္ယြီ ႏွင့္ပတ္သက္ေသာ သူရဲ႕ခံစားခ်က္မ်ားသည္ အခ်စ္ျခင္းဆိုင္ရာ ဒါမွမဟုတ္  လိင္ပိုင္းဆိုင္ရာလားဟု ေတြးေနမိျပန္သည္။ သူK နဲ႔အရမ္းေတြတိုင္ပင္ခ်င္ပါတယ္ေနာ္ ဘာလို႔ဆိုသူတို႔ႏွစ္ေယာက္ကဂိုဏ္းတူေတြေလ။ဒါေပမယ့္လည္း K ကဘယ္လိုလူလဲဆိုတာသူသိပ္မသိဘူး ထို႔ေၾကာင့္ အဲ့လိုသာ သူတိုင္ပင္လိုက္ရင္ တစ္ခုခုျပႆနာျဖစ္ပါကသူ႔ရဲ႕ လိင္စိတ္တိမ္းၫႊန္မူကိုတိုက္ ႐ိုက္ရင္ဆိုင္ရသလိုျဖစ္သြားမွာပင္။ၿပီးေတာ့အခုထိဟဲက်င့္မလုပ္ခ်င္ေသးတဲ့အရာရွိေနၿပီးေတာ့ သူကအဲ့အရာကေနေရွာင္ေျပးေနဆဲပင္။

စိတ္ထဲက႐ုန္းကန္မူေတြနဲ႔လြန္ဆြဲမူေတြေၾကာင့္ ဟဲက်င့္က႐ူးခ်င္လာၿပီးေခါင္းမွာလဲေပါက္ကြဲေတာ့မလိုပင္။သူ သူ႔ကိုယ္သူအလုပ္ကိုအာ႐ုံစိုက္ႏိုင္ရန္ တြန္းအားေပး႐ုံသာရွိေတာ့သည္။

မနက္ပိုင္းတြင္ ခ်င္ယြီသည္ ဟဲက်င့္ကိုအလုပ္လိုက္ပို႔ၿပီးေနာက္တြင္ ဉီးထုပ္ယူကာဆိုင္သို႔သြားခဲ့သည္။မထင္မွတ္စြာျဖင့္ စတိုးဆိုင္ဝန္ထမ္းက ဉီးထုပ္မွာ collector edition ျဖစ္ၿပီး လဲလွယ္ရန္အတြက္ ပိုင္ရွင္ရဲ႕ ID လိုအပ္ေၾကာင္းေျပာလာခဲ့သည္။ထို႔အျပင္ data ေ႐ြ႕ေျပာင္းရာတြင္ error မရွိေစရန္အတြက္ ပိုင္ရွင္က စတိုးဆိုင္တြင္ ဉီးထုပ္ကို စမ္းသုံးၾကည့္ရန္လိုေၾကာင္းပါေျပာလာေလ၏။

ဒီဉီးထုပ္ကိုခ်င္ယြီကဟဲက်င့္ရဲ႕ အခ်က္အလက္ကိုသိရဲ႕ဖို႔အတြက္ရေအာင္လုပ္ေပးထားတယ္ဆိုတာကို စတိုးဆိုင္ဝန္ထမ္းကမသိခဲ့ေခ်။ဒီလိုအေျခအေနမွာဘယ္လိုလုပ္ရမလဲဆိုတာသူဖင္းယြီေဟာင္ကိုဖုန္းဆက္ေမး႐ုံသာရွိေတာ့သည္။

ဖင္းယြီေဟာင္သည္ တစ္မနက္လုံးအဆက္အသြယ္ ေတြရွာေပးခဲ့ၿပီးေနာက္ဆုံးေတာ့ သူကခ်င္ယြီကို တ႐ုတ္ႏွစ္သစ္ကူး ခုနစ္ရက္ေျမာက္ေန႔တြင္ဂိမ္း
ကုမၸဏီ႐ုံးခ်ဳပ္ကို သြားခိုင္းခဲ့ၿပီး အဲ့မွာအခမဲ့ ျပင္ေပးမယ့္ အထူးဝန္ထမ္းေတြရွိမွာ ျဖစ္သလိုဆယ့္ငါးရက္ေလာက္ ၾကာမယ္လို႔ဆိုလာေလသည္။

ခ်င္ယြီကမ်က္ေမွာင္ၾကဳတ္ကာျဖင့္

"7 ရက္ေန႔?ၿပီးေတာ့ 15 ရက္ေတာင္ၾကာမယ္?မျဖစ္ ႏိုင္ဘူး အရမ္းၾကာလြန္းတယ္"

ဖင္းယြီေဟာင္: "သာ့ေကာ ဆယ့္ငါးရက္ေလာက္ ကိုၾကာတယ္လို႔မင္းထင္တယ္ေပါ့? တျခားေနရာကိုသြားၾကည့္စမ္းပါဉီး အနည္းဆုံး သုံးလေလာက္ ေတာ့ ၾကာလိမ့္မယ္!"

ခ်င္ယြီ: "ၿပိဳင္ပြဲစဖို႔ 10ရက္ေလာက္ပဲလိုေတာ့တာကို ငါေစာင့္ႏိုင္ဉီးမယ္လို႔မင္းထင္တယ္ေပါ့"

ဖင္းယြီေဟာင္ :"ဟုတ္သားပဲ ေမ့ေတာ့မလို႔  ငါမင္းအတြက္ ထပ္ေမးေပးမယ္။"

ခ်င္ယြီသည္ ေန႔လည္ခင္းတစ္ခ်ိန္ထပ္ေစာင့္ခဲ့ရသည္။4 နာရီေလာက္တြင္ေတာ့ဖင္းယြီေဟာင္က သူ႔ကိုအေၾကာင္းျပန္လာေလသည္

"ေဟးငါ့ ေကာ မင္းကိုကူညီဖို႔အတြက္ လႈပ္ရွားေနရတာငါ့ပါးစပ္ေလးေတာင္ပင္ပန္းသြားၿပီ"

ခ်င္ယြီ:"မင္းငါ့ကို ကူညီႏိုင္လားသာေျပာစမ္းပါ"

ဖင္းယြီေဟာင္: "အဆင္ေျပတယ္ ေကာ.."

ဖင္းယြီေဟာင္ သည္ ၿမိဳ႕ေတာ္ရဲ႕R&D ဌာနမွ နည္းပညာရွင္တစ္ဦးကို ေအာင္ျမင္စြာ ဆက္သြယ္ႏိုင္ခဲ့ၿပီး ခ်င္ယြီရဲ႕အမည္ကိုေျပာျပခဲ့သည္။ ကံေကာင္းေထာက္မစြာျဖင့္ ထိုေကာင္ေလးသည္ မီးရဲ႕ပရိသတ္တစ္ဦးျဖစ္ေနခဲ့ၿပီး ေတာင္းဆိုခ်က္ကို ခ်က္ခ်င္းလက္ခံခဲ့သည္။ သူသည္ သူ႔လိပ္စာကို ေျပာျပခဲ့ကာ ခ်င္ယြီကိုလာခိုင္းခဲ့သည္။

ခ်င္ယြီကဖုန္းခ်လိုက္ကာ နည္းပညာရွင္ရွိရာသို႔ ခ်က္ခ်င္းသြားခဲ့သည္။ၿမိဳ႕တစ္ဝက္နီးပါးကိုျဖတ္ေက်ာ္သြားရကာ ည7 နာရီခြဲေလာက္တြင္ေတာ့ေရာက္သြားေတာ့သည္။ နည္းပညာရွင္ ကခ်င္ယြီကိုျမင္ေသာအခါ အံံအားသင့္သြားကာ

"နတ္ဘုရားေရ မင္းက အရမ္းၾကည့္ေကာင္းတာပဲ.....ေနဉီး...မဟုတ္ေသးဘူး မင္းရဲ႕႐ုပ္ရည္ထက္ စာရင္ မင္းရဲ႕ PK စေကးကပိုၾကည့္ေကာင္းတယ္!ေက်းဇူးျပဳ၍မင္းရဲ႕ လက္မွတ္ေလးကြၽန္ေတာ့္ကိုေပးလို႔ရမလား?"

ခ်င္ယြီကသူ႔ဉီးထုပ္ကိုေပးလိုက္၍ၿပဳံးလိုက္ၿပီး

"မင္း ဒါကို ျပင္ၿပီးရင္ ေပးမယ္ေလ"

နည္းပညာရွင္၏ မ်က္လုံးမ်ားမွာ ေတာက္ပလာကာ ခ်င္ယြီကိုထိုင္ခိုင္းလိုက္ၿပီး

"ကြၽန္ေတာ္ အရင္ၾကည့္ပါရေစ"

ထိုင္ဖို႔ဖိတ္ေခၚခံရေသာ္လည္း သူ႔ေနရာတြင္ ေနရာအပိုမရွိေနေခ်။ စာအုပ္မ်ား၊ ကိရိယာအမ်ိဳးမ်ိဳးနဲ႔ဝတ္ၿပီးသားအဝတ္အစားမ်ားရွိေနသည္ကိုသာ
ခ်င္ယြီ ျမင္လိုက္ရသည္... ဤလူသည္ တကယ့္နည္းပညာသမားတစ္ေယာက္ျဖစ္ပုံရသည္။

ခ်င္ယြီသည္ ေနာက္ဆုံးတြင္ နည္းပညာရွင္က အရႈပ္ေထြးမ်ားၾကားထဲကေထာင့္တစ္ခုကိုရွာေတြ႕သြားသည္ကို ျမင္လိုက္ရၿပီး မီးေမာင္းတစ္ခုကို ဖြင့္လိုက္ကာ ပါဝါခလုတ္ကို စတင္စမ္းသပ္လိုက္သည္။ အလုပ္မလုပ္သည္ကိုျမင္ေသာအခါ ဝက္အူလွည့္ အပုံလိုက္ကိုထုတ္ကာျဖင့္ ဉီးထုပ္ရဲ႕တိုက္ေတနီယမ္အခြံကို ခ်က္ခ်င္းဖယ္ရွားကာ အတြင္းရွိ အီလက္ထ႐ြန္နစ္အစိတ္အပိုင္းအားလုံးကို လွစ္ဟာလိုက္ ေတာ့သည္။

အတြင္းပိုင္း အစိတ္အပိုင္းမ်ားကို ျမင္ေတြ႕ရျခင္းသည္ ခ်င္ယြီအတြက္ပထမဆုံးအႀကိမ္ျဖစ္သည္။ သူအနီးကပ္မၾကည့္ပဲမေနႏိုင္ခဲ့ဘူး။ နည္းပညာရွင္ေကာင္ေလးက ျဖဳတ္ထားတဲ့ပစၥည္းေတြကို "အမႈိက္ပုံ" ရဲ႕ထိပ္မွာတင္ထားၿပီး  ဝါယာႏွစ္ေခ်ာင္းကိုဘယ္ကမွန္းမသိဆြဲထုတ္လိုက္၍ ဉီးထုပ္ကိုခ်ိတ္ဆက္လိုက္ရာ မီးျပန္လင္းလာေလသည္။

ေကာင္ေလးက ကြန္ပ်ဴတာစခရင္ေပၚက command prompt ကိုဖြင့္ၿပီး command ကို႐ိုက္ ထည့္လိုက္ရာ တိုးတက္မႈဘားက တစ္ေလွ်ာက္လုံးစိမ္းေနကာေရွ႕ဆက္သြားခဲ့သည္။ သူသည္ 70% ခန႔္တြင္ အနီေရာင္ေျပာင္းသြားသည္အထိဖန္သားျပင္ကိုစိုက္ၾကည့္ေနရင္း  အႀကိမ္အနည္းငယ္တစ္ ဖ်တ္ဖ်တ္လင္းလက္သြားခဲ့သည္။

နည္းပညာရွင္:"ေကာ္တီယံအာ႐ုံခံျဒပ္စင္ ပ်က္စီးသြားတာ"

ခ်င္ယြီ:"မင္း ျပင္လို႔ရလား?"

"ရတယ္ အာ႐ုံခံဘုတ္ကို အသစ္နဲ႔ အစားထိုးလို႔ရတယ္။"

နည္းပညာရွင္ကေနာက္ကိုမွီလိုက္ကာ စင္ေပၚကမဖြင့္ရေသးတဲ့ စကၠဴဘူးကိုယူကာေျပာလာသည္။

"ဒါက original ဟာပဲ အဲ့ဒါကိုလဲဖို႔ တစ္နာရီေလာက္ေတာ့ၾကာလိမ့္မယ္ ဪၿပီးေတာ့ power supply လဲဖို႔လဲရွိဉီးမယ္ကြၽန္ေတာ္ေတာ့ အဲ့ဒါလဲအလုပ္မလုပ္ေတာ့ဘူးလို႔ထင္တယ္ အကုန္လုံးၿပီးဖို႔ တစ္နာရီခြဲေလာက္ေတာ့ၾကာလိမ့္မယ္"

"အဆင္ေျပပါတယ္၊ မင္းအခ်ိန္လိုသေလာက္ယူပါ။"

ၿပိဳင္ပြဲေန႔အမွီျပင္ႏိုင္ရင္ၿပီးတာပါပဲေလ။ခ်င္ယြီသည္ ဟဲက်င့္ကသူ႔ရဲ႕ ဉီးထုပ္ကိုျပင္ၿပီးေၾကာင္းသိရရင္ျဖစ္သြားမယ့္႐ုပ္ေလးကိုစဥ္းစားၾကည့္မိေတာ့ သူမၿပဳံးပဲမေနႏိုင္ေတာ့ေခ်။

နည္းပညာရွင္က အရမ္းသတိထားေလသည္။ သူဉီးထုပ္ကိုျပင္ေနခ်ိန္မွာေတာ့ စကားတစ္ခြန္းမွ မေျပာခဲ့ပါ။ ထို႔ေနာက္မွာေတာ့ခ်င္ယြီသည္ မီးပုံစံျဖင့္ ဟဲက်င့္ထဲ စာေပးပို႔ခဲ့သည္။

မေန႔က သူ ဟဲက်င့္ နဲ႔ ေကာ္ဖီဆိုင္မွာ အခ်ိန္အေတာ္ၾကာေအာင္ ေနခဲ့ၿပီး ညဖက္မွာလည္းအတူတူရွိေနခဲ့ၾကတယ္။ ႏွစ္ေယာက္သား ေကာင္းေသာညပါလို႔ေတာင္မေျပာျဖစ္ခဲ့ၾကဘူး

မီး : "ဇနီးေလး မင္းဘာေတြအလုပ္ရႈပ္ေနလဲ?"

အားက်င့္: "ငါအလုပ္လုပ္ေနတာ"

ခ်င္ယြီ ဝမ္းနည္းစြာျဖင့္ေတြးမိလိုက္သည္ သူမီးအေနနဲ႔ဆို ေျပာခ်င္တာေျပာလို႔ရေပမယ့္ လက္ေတြ႕မွာေတာ့ ဟဲက်င့္ကသူနဲ႔အားျပင္းတဲ့စည္းတစ္ခုကိုျခားထားေလသည္။ဘယ္လိုပဲျဖစ္ျဖစ္ခ်င္ယြီကေတာ့ထူးဆန္းတယ္ထင္တာပဲ ဘာလို႔ဆို ဟဲက်င့္က လက္ေတြ႕နဲ႔ဂိမ္းကို ခြဲျခားထားတာပဲမဟုတ္လား အဲ့ဒါဆိုလက္ေတြ႕ကသူငယ္ခ်င္းနဲ႔ပိုနီးကပ္သင့္တာေလေနာ္

မီး:"မင္းကအလုပ္လုပ္ေနတုန္းပဲေပါ့ ဦးထုပ္အသစ္ ေရာရၿပီလား?"

အားက်င့္: "မရေသးဘူး ငါ့သူငယ္ခ်င္းက ဦးထုပ္ကိုျပင္ႏိုင္တဲ့သူသိတယ္တဲ့ သူဒီေန႔ကငါ့အတြက္ သြားေမးေပးတယ္ "

မီး: "မင္း မၾကာခင္ ဂိမ္းကို ျပန္ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ငါမင္းကိုလြမ္းတယ္ "

သူတကယ္ေတြးထားတာကေတာ့ တခန္းထဲေနကာ ဟဲက်င့္ကိုေပြ႕ဖက္ႏိုင္ နမ္းႏိုင္ရမည္ဟုျဖစ္ေသာ္
လည္း လက္ေတြ႕တြင္ေတာ့သူဘာမွမလုပ္ႏိုင္ေသးေပ။

ဆယ္မိနစ္ခန႔္အၾကာတြင္ ဟဲက်င့္က

"အင္း ငါလည္းဂိမ္းထဲလာခ်င္တယ္ၿပီးေတာ့ငါလည္းမင္းကိုလြမ္းတယ္ "

ခ်င္ယြီက ဒီစာေၾကာင္းကို စိုက္ၾကည့္ရင္း မတူကြဲျပားတဲ့ ဆက္ဆံမႈက သူ႔ကို တစ္ခ်ိန္တည္းမွာ ခါးသီးၿပီး ခ်ိဳၿမိန္ေစတယ္ေလ!

ႏွစ္သစ္ကူးကာလတြင္ ဟဲက်င့္ သည္ မီးႏွင့္ပတ္သက္ေသာ သူရဲ႕ခံစားခ်က္မ်ားကို ဝန္ခံစျပဳလာသည္ ကို ျပန္သတိရေသာအခါခ်င္ယြီသည္ သိခ်င္လာရသည္။ဟဲက်င့္လို ရွက္တတ္ၿပီး သီးသန္႔ဆန္ တဲ့သူက ငါမင္းကိုလြမ္းတယ္လို႔ေျပာလာရေလာက္ ေအာင္ သူကဂိမ္းထဲမွာအဲ့ေလာက္ဆြဲေဆာင္မူရွိေနတာလား?

လက္ေတြ႕မွာလည္း သူဟဲက်င့္အေပၚေကာင္းေပးတာပါပဲ သူနဲ႔အတူရတ္ကတ္လိုက္ဝယ္ေပးတယ္။သူတို႔မၾကာခဏေတြ႕ၾကတယ္။မာဖလာဆင္တူဝယ္ၾကတယ္။ရထားဘူတာကိုလည္းလိုက္ပို႔ေပးတယ္ေလ။ၿပီးေတာ့သူရဲ႕ဦးထုပ္ကိုျပင္ဖို႔ေတာင္ကူညီေပးေသးတယ္ေလ ဘာလို႔ဟဲက်င့္က သူလုပ္ေပးတာေတြကိုမျမင္ရတာလဲ?သူကနည္းနည္းေလးေတာင္ရင္ထဲမထိတာလား?

လူတစ္ေယာက္ထဲအတူတူကို မီးနဲ႔က် ရင္းႏွီးေနၿပီး လက္ေတြ႕ကသူကိုယ္တိုင္ကိုက်ေတာ့ ဘယ္လိုေတာင္ေအးစက္စက္ဆက္ဆံႏိုင္ရတာလဲ?

ယခုအခ်ိန္အထိ ခ်င္ယြီ သည္ "မိမိကိုယ္ကို ေထာင္ေခ်ာက္ဆင္ျခင္း" ဟူေသာ အဓိပၸါယ္ကို ေစ့ေစ့
စပ္စပ္ ျမည္းစမ္းၾကည့္ခဲ့ရေလရဲ႕။

နာရီဝက္ၾကာၿပီးေနာက္ နည္းပညာရွင္သည္ ဦးထုပ္ ကို ထပ္မံစစ္ေဆးခဲ့သည္။ ဒီတစ္ခါေတာ့အကုန္လုံးမီးစိမ္းခဲ့ၿပီပင္။

"အခုေတာ့ရေလာက္ၿပီထင္တယ္"

ေသခ်ာေစရန္အတြက္ နည္းပညာရွင္သည္ အခ်က္ အလက္သိုေလွာင္မႈအပိုင္းကိုလည္း စစ္ေဆးခဲ့သည္။ ဦးထုပ္ကို ကစားသမားႏွင့္ ခ်ိတ္ဆက္ထားေသာေၾကာင့္ မွားယြင္းေသာ သို႔မဟုတ္ ေပ်ာက္ဆုံးသြားေသာ အခ်က္အလက္ရွိပါက factory settingကို ျပန္လည္ရယူရမည္ပင္။ မ်က္ႏွာျပင္ ေပၚတြင္ေတာ့ အသုံးျပဳသူ၏အခ်က္အလက္မ်ားကိုျပသခဲ့သည္။ ထို႔ေနာက္တြင္ေတာ့နည္းပညာ
ရွင္က ခ်င္ယြီကို အတည္ျပဳခိုင္းခဲ့သည္။

အသုံးျပဳသူ ID- hj2000

ဂိမ္းအမည္- အားက်င့္

စနစ္စစ္ေဆးမူ- အမ်ိဳးသား၊ အသက္ 22 ႏွစ္

————

နည္းပညာရွင္သည္ ရင္းႏွီးေသာဂိမ္းအမည္ကို ၾကည့္ရႈခဲ့သည္- ဘာလဲ? ဒီဦးထုပ္ကမီးရဲ႕မိန္းမဟာလား?ထပ္ၿပီးၾကည့္လိုက္ေတာ့ ေယာက္်ားေလး?...

"အခ်က္အလက္ေတြက မွန္တယ္။ "

ခ်င္ယြီ က ေခါင္းညိတ္ျပကာ လက္ပတ္ကိုဖြင့္လ်က္

" ျပဳျပင္ခက ဘယ္ေလာက္လဲ? ငါ e-account ကတဆင့္ေငြလႊဲေပးလို႔ရလား?"

နည္းပညာရွင္သည္ အံ့အားသင့္သြား၍ ေမးခြန္းကို ခဏတာမွ် နားမလည္ႏိုင္ျဖစ္ကာ လက္ေဝွ႔ယမ္းရင္း စကားထစ္ကာျဖင့္

"ဟင့္အင္း မလိုပါဘူး။ "

ခ်င္ယြီ: "အစားထိုးထားတဲ့အစိတ္အပိုင္းေတြကေရာဘယ္လိုလဲ?မင္းအဲ့ဒါေတြအတြက္ကုန္က်စရိတ္ရွိမွာပဲေလ ၿပီးေတာ့ႏွစ္ကူးႀကီးမွာ မင္းကိုအလုပ္လုပ္ခိုင္းရတာအားနာတယ္ မင္းကိုငါေပးရမွာေပါ့"

နည္းပညာရွင္: "ေကာင္းပါၿပီ ဒါဆိုလဲ  အာ႐ုံခံဘုတ္ က ယြမ္ 1200,power supply က ယြမ္800 စုစုေပါင္း 2000ပါခင္ဗ်"

ခ်င္ယြီ က သူ႔ဆီ ယြမ္ 3000 လႊဲေပးၿပီး ျပဳျပင္ထိန္းသိမ္းခအျဖစ္ ယြမ္1000 အပိုေပးလိုက္တယ္။ သူက နည္းပညာရွင္ကို လက္မွတ္ထိုးေပးၿပီး သူ႔အေထာက္အထားကို လွ်ိဳ႕ဝွက္ထားဖို႔ ေတာင္းဆိုလိုက္၏။ အဆုံးမွာေတာ့ သူတို႔ ဖုန္းနံပါတ္ေတြ ဖလွယ္ လိုက္ၾကေသးတယ္

"မင္း ငါ့ဆီက တစ္ခုခု လိုအပ္ရင္ အားမနာတမ္း ေတာင္းဆိုလို႔ရတယ္ေနာ္ "

နည္းပညာရွင္က စိတ္လႈပ္ရွားစြာ ေခါင္းၿငိမ့္လိုက္ ၿပီး ခ်င္ယြီကိုေလွကားတစ္ေလွ်ာက္လိုက္ပို႔ကာခ်င္ ယြီက သူ႔ Jaguar ေမာင္းထြက္သြားတာကို ရပ္ၾကည့္ ေနခဲ့သည္။ အေပၚထပ္သို႔ ျပန္ေရာက္ ေသာအခါ သူသည္ ျဖည္းညႇင္းစြာ တုံ႔ျပန္ခဲ့သည္...
ပိုင္ရွင္ရဲ႕ အခ်က္အလက္ကို စစ္ေဆးတုန္းက ေယက်္ားေလးလို႔သူေတြ႕ခဲ့တာလားလို႔ေလ ၿပီးေတာ့ခ်င္ယြီကအဲ့ဒါကိုေအးေအးေဆးေဆးပဲ မွန္တယ္လို႔ေတာင္ေျပာသြားေသးတယ္ေရာ?အဲ့ဒါဆိုမီးက ေဂးျဖစ္ေနခဲ့တာလား? (⊙o⊙ )
ေသစမ္း သူကသူတို႔ထဲကတစ္ ေယာက္ေပါ့!

ည 9 နာရီထိုးခါနီးဆိုတာကိုေတြ႕လိုက္ေတာ့ ခ်င္ယြီကကားေမာင္းေနရင္းဟဲက်င့္ကိုဖုန္းေခၚလိုက္ေလသည္။

"မင္းအလုပ္ၿပီးေတာ့မွာလား?"

ဟဲက်င့္ : "ခဏေနရင္ မင္းကားေမာင္းေနတာလား?"

ခ်င္ယြီ: "အင္း ငါ့ကိုေစာင့္ဦးေနာ္ ငါလာေနတုန္း ေနာက္က်မလားမသိဘူး"

ဟဲက်င့္: " ျဖည္းျဖည္းေမာင္းဦး အလ်င္စလိုမလုပ္ နဲ႔။ "

ခ်င္ယြီျဖည္းျဖည္းေမာင္းဖို႔ ဆိုတာမျဖစ္ႏိုင္ဘူးေလ ဟဲက်င့္ကသူ႔ကိုစည္းျခားထားတာကိုမေပ်ာ္ေပမယ့္လည္း သူကေတာ့ဟဲက်င့္ကို ဘယ္ေနရာေရာက္ ေရာက္ ေတြ႕ခ်င္ေနသည္ ။ သူက လမ္းတစ္ေလွ်ာက္လုံး ျမန္ျမန္ေမာင္းၿပီး မိနစ္ 20 အၾကာမွာေတာ့ Costa ကို ေရာက္သြားေတာ့၏

ဟဲက်င့္သည္ေက်ာင္းလြယ္အိတ္ကိုလြယ္ထားကာ မဖလာအထူႀကီးကိုပတ္ထားၿပီး ေကာ္ဖီဆိုင္တံခါးေရွ႕မွာတစ္ေယာက္ထဲရပ္ေနတာကို သူအေဝးကလွမ္းျမင္လိုက္ေလသည္။သူကသူ႔ကိုယ္သူေႏြးေအာင္လဲသူ႔လက္ေတြနဲ႔လုပ္ေနေလရဲ႕။ခ်င္ယြီက ကားမီးမ်ားကိုဖြင့္လိုက္တဲ့အခ်ိန္မွာေတာ့ ဟဲက်င့္ကခ်င္ယြီကိုေတြ႕သြားေလသည္ သူ႔မ်က္ႏွာမွာလည္း ေပ်ာ္႐ႊင္ေနတဲ့အမူအရာေလးဆင္ျမန္းထားလ်က္ေပါ့။အဲ့ဒါကခဏေလးဆိုေပမယ့္ခ်င္ယြီကေတာ့ေႏြးေႏြးမူကိုခံစားရဆဲပင္။

လူငယ္ေလးကကားတံခါးကိုဖြင့္လိုက္ခ်ိန္တြင္ေတာ့ေလေအးမ်ားပါတပါထည္းပါလာေလသည္။ခ်င္ယြီကသူ႔ကိုၾကည့္လိုက္သည္မွာ ဟဲက်င့္ကိုမေတြ႕တာၾကာၿပီကဲ့သို႔ပင္။သူကကားေနာက္ခန္းကိုရွာေဖြကာ ျပင္ထားၿပီးၿပီျဖစ္ေသာ ဦးထုပ္ကိုဟဲပ်င့္ထဲေပးလိုက္သည္။

"အခုအကုန္ေကာင္းသြားၿပီ"

ဟဲက်င့္သည္မ်က္လုံးမ်ားျပဴးက်ယ္သြားကာ သူ႔စိတ္လႈပ္ရွားမူကိုဖုံးကြယ္မႏိုင္ပဲ

"အရမ္းျမန္တာပဲ!"

ခ်င္ယြီ: "အြန္း"

ဟဲက်င့္ကဦးထုပ္ကိုထပ္ခါတလဲလဲၾကည့္လိုက္သည္။အဲ့ဒါကဦးထုပ္အေဟာင္းပဲ ၿပီးေတာ့သူပါဝါျပန္ဖြင့္လို႔ရၿပီ!

အမွန္ေတာ့ ဦးထုပ္ရဲ႕တန္ဖိုးက်ဆင္းမႈႏွင့္ ပတ္
သက္၍ အင္တာနက္တြင္ ရွာေဖြခဲ့တုန္းကဟဲက်င့္ သည္ အလြန္တြန႔္ဆုတ္ေနခဲ့သည္။ သူ လအနည္း
ငယ္သာ အသုံးျပဳခဲ့ရေသးေသာ္လည္း အဲ့ဒါကသူ ကံစမ္းမဲေပါက္ခဲ့သည္အရာေလးပင္။သူ႔ႏွလုံးသားထဲမွာေတာ့ ဒါဟာဂိမ္းဦးထုပ္သပ္သပ္ပဲမဟုတ္​ခဲ့ပဲ သူ႔ရဲ႕ကံေကာင္းျခင္းသေကၤတလည္းျဖစ္ပါ၏
ဒါေလးက သူ႔ကိုလြတ္လပ္ျခင္း စိတ္ပိုင္းဆိုင္ရာအေထာက္အကူျပဳရာကမာၻကိုဖြင့္လွစ္ေပးခဲ့သည့္အရာလည္းျဖစ္ျပန္သည္။

ဒါေပမယ့္ သူ႔အေမက သူမ သားအတြက္ အဓိပၸါယ္ အစစ္အမွန္ကို နားလည္ဖို႔ အခ်ိန္မေပးခဲ့ဘူး။ သူမရဲ႕မ်က္လုံးထဲမွာ ဂိမ္းအားလုံးက မေကာင္းဆိုးဝါးျဖစ္ၿပီး သူမကဟဲက်င့္ရဲ႕ဦးထုပ္ကို ဖ်က္ဆီးကာ ဟဲက်င့္ဂ႐ုတစိုက္ကာကြယ္ထားတဲ့ ကမာၻငယ္ေလးကိုလည္း ဖ်က္ဆီးပစ္ခဲ့ပါေလရဲ႕။

ဦးထုပ္ကြဲၿပီးကတည္းက ဟဲက်င့္ဟာေျပာမျပတတ္ေလာက္ေအာင္ စိတ္ဓာတ္က်ေနခဲ့တယ္။ အျဖစ္အပ်က္ကို ေတြးလိုက္တိုင္း သူ႔ႏွလုံးသားက နာက်င္လာရသည္။ ဦးထုပ္အသစ္တစ္လုံး ရႏိုင္ရင္ေတာင္ အားလုံးက ကြဲျပားသြားမွာပဲေလ။ ခ်င္ယြီရဲ႕မူလအႀကံအစည္သည္ သူ႔ကိုအသစ္တစ္ခုေပးရန္ျဖစ္သည္ကို သူမသိခဲ့ဘဲ ေနာက္ဆုံးတြင္ ျပႆနာအားလုံးၿပီးေနာက္ ဟဲက်င့္ရဲ႕ဆႏၵသည္ ျပည့္စုံသြားခဲ့သည္။

ဟဲက်င့္ သည္ သူဆုံးရႈံးခဲ့ေသာအရာကို ျပန္ရခဲ့ၿပီး သူဘာျပန္ေျပာရမွန္းမသိေလာက္ေအာင္ ဝမ္းသာသြားရေတာ့ပါ၏။

Continue Reading

You'll Also Like

9.6M 654K 82
[ BOOK 1 OF AZITERA: YTHER'S QUEEN ] Consumed by avarice, the four human kingdoms-the Infernal Empire, the Kingdom of Caelum, the Kingdom of Treterra...
56.9M 1.1M 38
Is it possible for a bad boy to be your saving grace? Well for Farrah Bryant it was. After she finds out her boyfriend of six months has been cheatin...
17.5M 549K 37
"It's like he's a different breed of werewolf. Something... beyond us." • • • Adrienne Gage has spent her entire life being shunned and punished for...
16.4M 546K 35
Down-on-her-luck Aubrey gets the job offer of a lifetime, with one catch: her ex-husband is her new boss. *** Aubrey...