လာရောက်ကြတဲ့ ဧည့်သည်တွေက ဒီအ၀တ်စုံနှင့်သာလာကြသည်။ တစ်ပုံစံထဲချွတ်စွတ်တောင်တူနေသေးသည်။ တစ်ချို့ကတော့ ကျတော့်လိုကော်လံမပါဘူး
ဟိုမြို့စားမင်းရဲ့ထယ်ထယ်လဲ ကျတော်လိုပဲ၊ သူတို့ပြောနေတာ ကျတော်တို့ကသွေးသန့်တွေတဲ့လေ၊ အဲ့တာဘာအဓိပ္ပါယ်လဲတော့ကျတော်မသိဘူး။ အဲ့ထယ်ထယ်ဆိုတဲ့တစ်ယောက်ကတော့ အတော်လေးလှသည်။
"Wat...ဟိုမှာကြည့်ပါဦး"
သူပြတဲ့နေရာကိုကြည့်တော့ ဘာမှမတွေ့...
"ဘာကြီးလဲ"
Geminiက ကြာပန်းတစ်ပွင့်ကိုမျက်လုံးရှေ့ပြသည်။သူ့ကိုစကားတစ်ခွန်းပြောပြမိရင် အထအနကောက်ကာ မရရအောင်လုပ်ပေးတတ်ဖြစ်သည်။
"မင်း...ယူလာပေးတာလား"
"အင်းပေါ့ ကိုယ့်ကလေးငယ်ကလိုချင်နေတာကိုး"
"ဘယ်က ကလေးငယ်လဲ၊ ငါအရွယ်ရောက်နေပြီကွ"
"အို...ကိုယ်နဲ့ယှဉ်ရင်တော့ မင်းက ငယ်ပါသေးတယ် ကွာ"
"မင်းနော်"
"စိတ်ဆိုးသွားတာလား ချစ်ဖို့ကောင်းလိုက်တာ၊ ဘယ်သူအားကိုးနဲ့ ဒီလောက်ချစ်စရာကောင်းရတာလဲ"
"တော်ပါတော့ ငါရှက်လာပြီ"
နှားရွက်လေးနှစ်ဖက်နီရဲရုံနဲ့ ရှက်နေလား မရှက်နေလားသိနိုင်သည်။ ပါးမို့မို့၌လည်း ပန်းရောင်သန်းသွားသည်။
"ပြွတ်စ်.."
"GEMINI မင်းနော်၊ လူမြင်ကွင်းကြီးမှာ"
ဟုတ်သည်၊ လူတွေမှနဲနဲနောနောမဟုတ်...အကြမ်းဖျင်းတောင်၁၀၀ကျော်လောက်ရှိမည်။ ဒါကို ထိုလူလည်ပုံမှာနမ်းရလား!
လူအုပ်ကြီးထံမှ လက်ခုပ်သံများထွက်လာသည်။
"သူတို့ကကိုယ်တို့ကိုသဘောတူတယ်"
"အို ငါသဘောမတူပါဘူး"
"မင်းလေးကကိုယ့်ကိုမချစ်ဘူးလား"
မျက်လုံးအဝိုင်းသားဆိုတယဒါပဲထင်တယ်၊ ခွေးလေးတွေလို မျက်ရည်လဲ့နေတဲ့ မျက်၀န်းတွေနဲ့ အကြည့်ခံရတော့ ရင်ထဲလှက်ကနဲရယ်။
"ငါ မပြောချင်ပါဘူး၊ မင်းနဲ့ငါနဲ့ကမတူဘူးလေ"
"မတူတော့ရောဘာဖြစ်သေးလဲ၊ ဟိုမှာ မြို့စားမင်းတောင် သူ့ကြင်ဖက်ကိုယူထားသေးတာပဲ၊ အဲ့ကြင်ဖက်ဆိုရင် ဘယ်သူမှသဘောမတူတဲ့ကြားက မြို့စားမင်းနောက်ကိုလိုက်ခဲ့တာ၊ မင်းလဲလိုက်လာခဲ့တာပဲလေ ငါ့ကိုချစ်တယ်တော့ပြောပေါ့"
"ငါလိုက်လာခဲ့တာ ဟုတ်လို့လား"
ကျတော်ကခနဲ့သလို စပြီး မေးတော့
"ဟုတ်ပါတယ်၊ မင်းဆန္ဒမပါပဲ မင်းကိုခေါ်လာခဲ့တာ၊ မင်းကျောကုန်းမှာ အဆိပ်သုတ်ထားတဲ့မြှားစိုက်ရင်း မင်းအဆိပ်တတ်နေတာ၊ ငါမင်းကိုအမှီမကယ်နိုင်ခဲ့ဘူးထင်ခဲ့တာ Watရယ်...ငါမင်းတို့တိုင်းပြည်ကတော့ မင်းကို လိုက်ရှာတယ်လို့မကြားမိဘူး"
"ဘာလို့လဲ၊ ငါ့ကိုမရှာကြဘူး? ငါတယောက်လုံးပျောက်သွားတာကို..."
"ဒါကြောင့် မင်းကိုချစ်ပြီး ဂရုစိုက်ပေးမယ့် ကိုယ်နားမှာပဲနေပါ Watရယ်"
"သခင်လေး ပွဲတော်စလို့ရပါပြီ၊ အချိန်မလွန်ခင်လေး စတာ ပိုပြီး အဆင်ပြေပါလိမ့်မယ်"
ဟုတ်ပါရဲ့ ကျတော်တို့ ပွဲတော်ကိုမစရသေးပဲ ၊ Watနဲ့စကားပြောနေမိတာ ခင်ဗျားတို့ယုံ ပါလိမ့်မလား သူနဲ့ရှိနေရင် ကျတော်အကုန်လူံးမေ့တတ်နေပြီ။
ပြောစရာတွေကလည်း မကုန်ခမ်းနိုင်ပါဘူး၊ ကုန်မှာလဲမဟုတ်ဘူး ကျတော်တို့က နောက်နှစ်တွေအများကြီးကျော်လွန်ပြီးရင်တောင် ပြန်ပြောစရာအဖြစ် အမှတ်တရတွေအများကြီး ဖန်တီးသွားမယ်...
"စတော့ ရပြီ"
ပွဲစတော့လို့ပြောအပြီး မီးတွေအမှောင်ကျသွားသည်။ လုံး၀မှောင်မဲသွားတာမျိူးတော့မဟုတ်ပေ၊ Gemini က ခုန်တန်းအရှည်ကြီးရဲ့ ထိပ်ဆုံး၌နေရာယူကာ၊ Fourthကို တော့
သူ့လက်ဝဲဘက်မှာထိုင်စေသည်။
"သခင်လေး လက်ဝဲဘက်မှာထိုင်ခိုင်းလို့မရပါဘူး၊ သခင်လေးတို့က တရား၀င် ကြင်ဖက်တွေမဖြစ်သေးဘူး"
ဟုဆိုသောကြောင့် Geminiက စိတ်ပျက်စွာ earthကိုကြည့်လိုက်သည်။ ဘာမှမတတ်နိုင်၍ Fourth ကိုသူနဲ့ အနီးဆုံးနေရာဖြစ်တဲ့ ဘေးဘက်ခုန်ကိုပို့လိုက်သည်။
လက်ဝဲဘက်မရလို့ လက်ယာဘက်ကို ပို့ဖို့တော့ စိတ်မကူးခဲ့ပါ။ လက်ယာဘက်က သားကြီး ဒါမှမဟုတ် သမီးကြီး တို့ (သားသမီး) ထိုင်တဲ့နေရာဖြစ်တာမို့ပေ။
"ဘုရားကစောင့်ရှောက်ရတဲ့ ကံထူးတဲ့သူတွေဖြစ်ပါစေ၊ မင်္ဂလာရှိတဲ့ နှစ်ဆုံးဖြစ်ပါစေ"
Gemini ဖန်ခွက်ကိုကိုင်ကာ ထိုသို့ကောင်းချီးပေးလေတော့ အားလုံးသောသူတွေဟာ ကိုယ်စီခွက်ကိုကိုင်ကာ ကောင်းချီးကိုခံယူသည်။
ဟောခန်းကြီးက ကျယ်သော်လည်း Gemini အသံဟာ ဩဇာအညောင်းဆုံးပဲ၊ ကျတော်ပဲထင်နေတာလား။
"Gem ငါပါထရမှာလား"
"သဘောပဲ၊ မထလည်းရတယ်"
ကျတော်ဝေ့ဝဲကြည့်တော့ အနည်းငယ်သော လူတစ်စုသာ ခွက်လည်းမကိုင်၊ ထလည်းမထကြပေ၊ ထိုအနည်းငယ်ထဲ ထယ်ထယ်ဆိုတဲ့တစ်ယောက်လဲပါတယ်။ သူဟာသတိထားမိပုံတောင်မရပဲ၊ အရှေ့ကစတော်ဘယ်ရီကိုသာ သဲကြီးမဲကြီးစားနေသည်။
သူ့ယောကျာ်း မြို့စားမင်းကမကျွေးဘူးလားမသိဘူး။
ကျတော်မောင့်ကိုကြည့်တော့ မောင်ဟာ သူ့ဖန်ခွက်ထဲမှ အနီရောင်ချွဲပစ်ပစ် အရည်တွေကိုမော့နေသည်။ ဝိုင်တွေထင်သည်၊ အများကြီးသောက်ရင်မကောင်း၍
"Gem လျှော့သောက်နော်၊ မင်းညကျမှောက်နေမယ်"
"မင်းလေးက ဒီဟာရဲ့ အာနိသင်ကိုပါသိတယ်လား Wat"
"သိတာပေါ့၊ မင်းများများသောက်ရင် များများမှောက်မယ်၊ ပြီးရင်မင်းအန်မယ်...."
"မင်းလေးမှားနေတယ်၊ ကိုယ်မှောက်ရင် မင်းအန်ရမှာ၊ ဒါဆို ဒီနေရာမှာလဲ ထိုင်သူရှိလာမှာ"
ဟုဆိုကာ လက်ယာဘက်ရှိ ထိုင်ခုန်ကိုပုတ်ပြနေသည်။ ဘာအဓိပ္ပါယ်လည်းမသိဘူး။
"Wit~~~"
ချွဲပစ်ပစ် အသံက နားထဲကန့်လန့်၀င်လာသည်။ ကျတော်မော့ကြည့်လိုက်တော့...
အမျိုးသမီးတစ်ယောက်၊ နှုတ်ခမ်းကို အနီရောင်ရင့်ရင့်ခြယ်မှုန်းထားပြီး မျက်၀န်းကတော့ ခပ်ညှို့ညှို့ပဲ၊ မောင်က စိတ်ပျက်လက်ပျက်ကြည့်ပါ မေးငေါ့ပြတော့။
"မတွေ့ရတာကြာပြီနော်"
"မတွေ့ရတာပိုကောင်းပါတယ်"
"အို နောက်တော့မယ်၊ Wit တို့ ကဒီနေ့မှပြန်ရောက်တာနော် မင်း တို့ကိုဂုဏ်ပြုသင့်တယ်မလား"
"ဘာအတွက်လဲ? ကျတော်နဲ့ဝေးဝေးနေတာပိုကောင်းပါလိမ့်မယ်"
"အို မင်းကတော့ပြောတော့မယ်..."
Gemကပစ်ပစ်ခါခါပြုမူနေပေမဲ့ ထိုမိန်းမက မနာပေ ပြုံးပြုံးကြီးခံယူနေသည်။
ထို့နောက် သူမထပ်ပြောတာက
"ကိုယ်တို့ဇာတ်လမ်းကို အစကပြန်ရေးရင် ဇာတ်သိမ်းလှလောက်ပါတယ် Wit ရယ်"
"ဟင့်အင်း ငါမင်းကိုမချစ်ပါဘူး၊ ဘယ်တုန်းကမှမချစ်ခဲ့ဖူးဘူး"
"မင်းလိမ်တယ် Wit၊ မင်းကိုယ်တိုင်ဖွင့်ပြောပြီး မင်းကိုယ်တိုင်ပဲ..."
"ဆက်မပြောနဲ့၊ ငါတို့ကဘာမှမဖြစ်ခဲ့ဘူး မင်းအခုပါးစပ်ပိတ်ပြီး ငါ့စံအိမ်ထဲကထွက်သွား"
Gem က ကတုန်ကရင်ဖြင့် ပြောရင်း မျက်လုံးတို့ဟာနီနေခဲ့ပြန်သည်၊ Fotကတော့ ဒီစကားဝိုင်းကို အံ့ဩစွာနှင့်ကြည့်နေသည်၊ မျက်ရည်
စအချို့ကိုတော့ သေချာကြည့်ရင်မြင်ရနိုင်ပါသည်။
တကယ်လို့ သူတို့ကတကယ် ကြိုက်ခဲ့ကြတာဆို ကျတော်ကဘာလဲဟင်၊ ကျတော်ကပထမမဟုတ်တာမို့ ၀မ်းနည်းမိသည်။
"Gem ငါသန့်စင်ခန်းသွားဦးမယ်"
"Wat ...ကိုယ်လိုက်ခဲ့မယ်"
"အိုးးး ဘယ်ကအလှလေးလဲလို့၊ ဂြိုလ်ဆိုးပြည်က မင်းသားအချောအလှလေးပဲ"
"မင်းလွန်လွန်းနေပြီနော်၊ Gee Patwani"
"ရှင်က ဒီလိုကောင်ကြောင့် ကျမရဲ့ နာမည်ကိုခေါ်တယ် ၊အရင်ကလို အချစ်လို့ခေါ်မယ်ထင်နေတာ"
သူ့ကိုလည်းအချစ်လို့ခေါ်ခဲ့တာပဲ၊ ကျတော့်ကိုပဲခေါ်တာမဟုတ်မှန်းသိတော့ မျက်ရည်တို့ထိန်းမနိုင်တော့၍ ရေချိုးခန်းထဲအမြန်ပြေးသွားမိသည်။
ပြေးနေရင်း မျက်ရည်တို့က အစက်မပျက်စီးကျမြဲ အနောက်က Gem ကတော့ ကျတော့်ကိုအော်ခေါ်ကာကျန်ခဲ့သည်။
ဒါပေမဲ့ သူကျတော့်အနောက်ကိုတော့ မလိုက်လာခဲ့ဘူး။
ကျတော်လှည့်စားခံလိုက်ရပြီ။
_______________
Readers လေးတွေထဲမှာ စာမေးပွဲဖြေနေတဲ့သူရှိမယ်ထင်လို့ မup ေပးသေးပါဘူးနော်၊ အကုန်ပြီးရင် ပြန်ပြီးပုံမှန်လာပါ့မယ်ဗျ ။ ကျေးဇူးပါ။
ဖြေနိုင်ကြပါစေနော်🤍