What's wrong? ( Completed )

By NangKhaingNiTun

16.7K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 27

349 24 2
By NangKhaingNiTun

အိမ် တစ်အိမ်ထဲတွင် လူ ၆ ယောက် ရှိသည့်အနက် ဧည့်ခန်းမှာ ၄ ယောက် ရှိပြီး၊ ကျန် နှစ်ယောက်ကတော့ ထမင်းစားခန်းထဲမှာ ဖြစ်သည်။

ထမင်းစားခန်းထဲမှာက မုလုံ နဲ့ သူ့တပည့် မာလု။ မုလုံ ထမင်းစားခန်းမှာ နေရတဲ့ အကြောင်းရင်းက ဝမ်ရိပေါ် ရဲ့ စိတ်တိုနေတဲ့ စက်ကွင်းထဲ မငြိချင်လို့ပါ။

အိမ်ရှေ့ ဧည့်ခန်းတွင်တော့ ဟော်ရှင်း နဲ့ ဟုန်လုံ ခေါင်းငုံ့ပြီး နေ နေကြသည်။

ရိပေါ် ခေါင်းငုံ့နေကြတဲ့ နှစ်ယောက်ဘက်ကို ကြည့်လိုက်ပြီး ...

' လုပ်ချင်တာ လုပ်တုန်းက လုပ်ထားကြပြီး၊ အခုတော့ ကြောက်နေကြတယ် ဟုတ်လား?
ဟော်ရှင်း မင်း လည်း ကျောင်းကနေ အတူ ပြန်စရာ ရှားလို့ မင်းကို ရန်စတဲ့ ကောင်နဲ့ အတူပြန်ရလား? မင်းကို ဟုန်လုံ လာမကြိုနိုင်ရင်လည်း မင်း ငါ့ကို ဖုန်းမဆက်တတ်ဘူးလား။'

' လေးလေး ကို ဆက်တာ ကိုင်မှ မကိုင်တာ ...။'

ရိပေါ် သူ့ တူ ပက်ခနဲ ပြန်ပြောလာတော့လည်း သူ က တကယ် မကိုင်ခဲ့တာကြောင့် သူခိုး လူမိတဲ့ မျက်နှာ ဖြစ်သွားပြီးမှ ချက်ချင်း ပြန်ပြင်လိုက်ကာ ...

' မကိုင်လည်း အရေးကြီး ကိစ္စ ရှိနေရင် မက်ဆေ့ ပို့ထားလို့ ရတာပဲ။
အခု မင်းက မင်းကို ရန်စ ထားတဲ့ ကောင်နဲ့ ခေါ်ပြောရုံ မက သူ့ကို ငါ့အိမ် သိရအောင်ပါ ခေါ်လာတယ်။ မင်းရဲ့ နောက်ကြောင်းကို သူတို့ စုံစမ်းမှာ မကြောက်ဘူးလား။'

ဟော်ရှင်း လေးလေး ရိပေါ် ဆူနေတာက လေးလေး ရှောင်း ကို စိတ်ပူနေတာမှန်း မသိပဲ၊ သူ့ အကြောင်း တစ်ခြား လူ သိသွားစိုးလို့ ဆိုပြီး King ရဲ့ အိမ်မှာ တုန်းက King ရဲ့ အစ်ကို ပြောတဲ့ " ငါး တစ်ပိုင်း လူသား တစ်ပိုင်း ရဲ့ ရိုးတွင်းခြင်ဆီ ကို လိုအပ်တယ်" ဆိုတဲ့ စကားကို ပြန်ကြားယောင်လာသည်။

' မဖြစ်ဘူး။ မနက်ဖြန် တရုတ် ပြန်မယ်။'

' ဟင် !!!!!.'

ရိပေါ် ရှောင်း ဆီက အာမေဋိတ်သံ ပါ ကြားရရုံမက သူ့ကို မော့ကြည့်လာတဲ့ ဟော်ရှင်း နဲ့ ဟုန်လုံ ကိုပါ တစ်ယောက်ချင်းစီ ကြည့်လိုက်ပြီး ...

' ဘာတွေ ကြောင်ကြည့်နေကြတာလဲ? တရုတ် ပြန်လည်း နေစရာ အိမ် ရှိတယ်။ မပူကြနဲ့ ...။'

ဟုန်လုံ ဆရာ ရိပေါ် ရဲ့ စကားကြောင့် စိတ်ထဲတွင်တော့ သူတို့ရဲ့ အခုပုံစံက လမ်းဘေးမှာ နေရမှာ ကြောက်နေတဲ့ ပုံစံ ဖြစ်နေလို့လား လို့ အသံတိတ် ပြောနေပါသည်။ သူက ပြင်သစ် နိုင်ငံသားတောင် ဖြစ်နေပြီလေ။ တရုတ်မှာ ဘယ်လို သွားနေတတ်မှာလဲ?

ထိုစဉ် ...

' ဘာလို့လဲ? ချက်ချင်းကြီး !!!!.'

ရိပေါ် အသံ ထွက်လာတဲ့ ရှောင်း ဆီကို အကြည့်ပို့လိုက်ပြီး ...

' ဘာကိုလဲ ???.'

ရှောင်းကျန့် မသိချင်ယောင်ဆောင်တာ လိုလို ...၊ တကယ် လိုလို နဲ့ ပြန်မေးလာတဲ့ ကိုကို ကြောင့် နှုတ်ခမ်းစူလာရသည်။

' ဘာကို ... ဘာ ရမှာလဲ? တရုတ်ကို ချက်ချင်းကြီး ကောက်ပြန်မယ့် ကိစ္စကို ပြောတာ။'

' ပြန်ရမယ်။ ပြန်မှ ရမယ်။ ခုန ဟိုကောင် မင်းကို ကြည့်သွားတဲ့ မျက်လုံးကို မမြင်ဘူးလား။'

' သူ့ဘာသာ ပေါက်ထွက်အောင် ကြည့်တော့ရော ဘာဖြစ်လဲ? အသား ပဲ့ ပါသွားတာမှ မဟုတ်တာ။'

' ကိုယ် မကြိုက်ဘူး။'

ရှောင်းကျန့် အဲ့လို ခပ်တည်တည်ကြီးနဲ့ ပြောခံလိုက်ရတော့လည်း ကျေနပ်ပြီး ရုပ်က စပ်ဖြီးဖြီး ဖြစ်သွားပါတယ်။

' လေးလေး ကျနော် ဒီနှစ်အတွက် ကျောင်းမပိတ်သေးဘူးလေ။ လေးလေး ပဲ ပြောတာ ဒီနှစ်တော့ ပြီးအောင် ဒီမှာပဲ တက်သွားဆို ...။'

' ဝမ်ဟော်ရှင်း ... ငါ မင်းကို အခုပဲ ပြောပြနေတာလေ။ မင်း နားမလည်ဘူးလား ...။'

' ဒါပေမယ့် အခုကလည်း စာမေးပွဲဲတောင် ဖြေခါနီးနေပြီ။'

ရိပေါ် အဲ့တော့လည်း ဘာပြန်ပြောရမှန်း မသိပဲ ခါးမှာ လက်နှစ်ဖက် ထောက်ပြီး စိတ်ရှုပ်တဲ့ မျက်နှာ နဲ့ တစ်ဖက်လှည့်သွားသည်။

ရှောင်းကျန့် ဟော်ရှင်း ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးမှ အပေါ်တက်သွားဖို့ ခေါင်း ထပ် ဆတ်ပြလိုက်သည်။

ဟုန်လုံ နဲ့ ဟော်ရှင်း သူတို့ရဲ့ အုပ်ထိန်းသူကြီး မသိအောင် ခြေဖော့ပြီး အပေါ်ဘက်ကို အမြန်တက်လာခဲ့လိုက်ကြသည်။

' ဒါပေမယ့် ... ဘယ်လိုဖြစ် .... ဖြစ် ...။'

ရိပေါ် သူ ပြန်လှည့်လာပြီး ထပ်ပြောမလို့ လုပ်တော့ ဟော်ရှင်း ကို မတွေ့တော့တာကြောင့် စကားက တို့လို့ တန်းလန်း ဖြစ်သွားသည်။

' ဘယ်ထွက်ပြေးသွားတာလဲ? ဝမ် ဟော် ရှင်း !!!!.'

ရှောင်းကျန့် အပေါ်ဘက်ကိုတောင် ထပ်မော့ပြီး အော်ခေါ်နေတဲ့ ကိုကို့ အနားသွားပြီး လက်မောင်းကို ဖက်လိုက်ရင်း ...

' ကဲပါ ... ကိုကိုရယ် ... ဟော်ရှင်း ပြောသလိုပဲ လုပ်လိုက်ပါ။ ဒီမှာကလည်း စာမေးပွဲတောင် ဖြေခါနီးနေပြီလို့ သူ ပြောနေပြီပဲလေ။ အခုမှ ပြန်လည်း ဘာထူးမှာလဲ? ပြီးတော့ ခုန ဟော်ရှင်း ကို လိုက်ပို့တဲ့ ကောင်လေး ကို ကြည့်တော့လည်း အငြိုးထားချင်တဲ့ ပုံစံ မတွေ့ရပါဘူး။ ပြီးတော့ ကိုကို့ ကိုလည်း ထပ်တောင်းပန်သွားသေးတာပဲလေ။'

' အခုလို ဟော်ရှင်း ကို သူနဲ့ ရန်စ ဖူးတဲ့ ကောင်နဲ့ အတူတွေ့ရတော့ မင်း စိတ်ချနိုင်လို့လား ...။ ပြင်သစ်ကောင်တွေရဲ့ စိတ်ကို မင်း ဘယ်လောက် သိနိုင်မှာလဲ။ ရန်စ ထားတာ မကြာသေးပဲ ချက်ချင်းကြီး တောင်းပန် သူငယ်ချင်း ပြန်ဖြစ်ချင်တယ်ဆိုကတည်းကိုက အလုပ် မဟုတ်တော့တာ။'

' သူ ဟော်ရှင်း ကို သဘောကျသွားလို့လည်း ဖြစ်နိုင်တာပဲ ...။'

' ဘယ်လို !!!!!.'

ရှောင်းကျန့် ကိုကို့ လက်မောင်းကို ဖက်ထားရာကနေ ခွါပြီး ဆိုဖာမှာ လက်ပိုက်လျက် သွားထိုင်လိုက်ရင်း ...

' ဟုတ်တယ်လေ။ လူ တစ်ယောက်က အချစ်နဲ့ တွေ့ရင် ပြောင်းလဲ နိုင်တာပဲလေ။ အဲ့ကောင်လေးရဲ့ မျက်လုံးကလည်း အဲ့လိုပဲ မြင်နေရတယ်။ အခုက စပြီး ဟော်ရှင်းကို အသေအကြေ ကာကွယ်ပေးပါ့မယ် ဆိုတဲ့ ကတိ မျက်ဝန်းတွေ။'

' အခုမှ အသက် ၁၅ တောင် မပြည့်တဲ့ ကလေးတွေကလား?.'

' အချစ်မှာ အသက် အရွယ် အပိုင်း အခြားတွေနဲ့ ဆိုင်လို့လား? နှလုံးသားက ဖြစ်ပေါ်လာတဲ့ အတိုင်း စိတ်က ခံစားရတာမျိုးပဲလေ။ ခုလို အချိန်ခဏအတွင်းမှာ သူ့ကိုယ်သူ ပြောင်းလဲပစ်လိုက်တယ်ဆိုတာက သူ ချစ်တဲ့ သူ အတွက် ပြောင်းလဲပေးလိုက်ချင်တာလည်း ဖြစ်နိုင်တာပဲ မလား။'

ရိပေါ် ရှောင်း ရဲ့ စကားကြောင့် မဲ့ လိုက်ပြီး ...

' ဘာကို ပြောင်းလဲတာလဲ? ကိုယ့် မျက်လုံးထဲမှာတော့ အပေအတေ ရုပ်နဲ့ တစ်ခြားသူကို အနိုင်ယူချင်တဲ့ ပုံစံမျိုးပဲ မြင်တယ်။'

' အဲ့ဒါကတော့ ကိုကို က သူ့ကို ကြည့်မရတဲ့ မျက်လုံးနဲ့ ကြည့်လို့လေ။ တကယ်တော့ အဲ့ကောင်လေးကလည်း ချစ်စရာရုပ်လေးပါ။ ပြီးတော့ သူ ချစ်တဲ့ လူကိုဆို အရမ်းချစ်ပေးတတ်မယ့် ပုံနဲ့။'

' ဘာလဲ ... ပြောချင်တာက အဲ့ကောင်လေးကိုရော ဟုတ်ရဲ့လား? သူ့ အစ်ကို ကို စောင်းပြောချင်နေတာလား?'

ရှောင်းကျန့် စူပုပ်ပုပ်နဲ့ ပြောလာတဲ့ ကိုကို့ ကို စ ချင်လာတာကြောင့် ကိုကို့ ကို မကြည့်ပဲ တိတိ ပပ ညှပ်ထားတဲ့ လက်သည်းကို ပွတ်သပ် စစ်ဆေးရင်း ...

' အင်း ...။ ကိုကို ပြောမှ သူ့ကို သတိရသွားတယ်။ ဟုတ်သားပဲ .... သူ လည်း တကယ် ချစ်တတ်မယ့်ပုံစံမျိုးပါပဲ။ ပြင်သစ် ကောင်လေးတွေက အကုန်လုံး အဲ့လို ချစ်တတ်တာပဲလား မသိဘူးနော် ...။'

ရိပေါ် ရှောင်း ကို ကြည့်တော့ ရယ်ချင်ချင် မျက်နှာပေးနဲ့ ဖြစ်နေတာကြောင့် သူ့ကို တမင် စ နေတယ်ဆိုတာ သိလိုက်သည်။ အဲ့ဒါကြောင့် ဆိုဖာ မှာ သွားထိုင် ချ ပြီး ရှောင်း ကို တင်းကျပ်နေအောင် ဆွဲဖက်ထားရင်း ...

' တော်တော့ ...။ အဲ့လိုမျိုးတွေ မပြောနဲ့။ မင်း က စ တယ်ပဲ ဆိုရင်တောင် ကိုယ့်နှလုံးသား က သိတာ မဟုတ်ဘူး။ ရင်ခုန်သံတွေ မူ မမှန်ဖြစ်လိမ့်မယ်။'

ရှောင်းကျန့် လည်း ကိုကို့ ခါး ကို ပြန်လည်ဖက်ထားရင်း ...

' စိတ်ချပါ။ အခု ကျနော် က ကိုကို့ အပိုင် ဖြစ်သွားပြီ။ ရေသူထီးတွေက တစ်သက်မှာ တစ်ခါပဲ ချစ်တယ်။ ပြီးရင် သူတို့ ချစ်မိတဲ့ အဲ့လူကိုပဲ တစ်သက်လုံး သစ္စာ ရှိတယ်။'

' မွ !!!!.'

ရိပေါ် ရှောင်း ရဲ့ နဖူးကို အနမ်းတစ်ချက် ပေးလိုက်ရင်း ...

' ကိုယ်လည်း မင်း တစ်ယောက်ကိုပဲ သစ္စာ ရှိရှိ ချစ်သွားမှာ။ အဲ့ဒါကြောင့် မနက်ဖြန် ကိုယ်တို့ တရားရုံးမှာ လက်ထပ် မှတ်ပုံတင်ပြီး လက်မှတ် ထိုးကြရအောင်။'

' အင်း ...။'

ရှောင်းကျန့် သူလည်းပဲ ဒီလူသားကို ချစ်မိသွားပြီ ဖြစ်တာကြောင့် ထပ် မူ မနေတော့ပဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သဘောတူညီမှု ရသွားကြတဲ့ သူတို့ နှစ်ယောက် တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး မျက်နှာချင်း ကပ်နေကြတုန်း ....

' အဟမ်း ... အဟမ်း ...။'

ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် သူတို့နောက်နားက ထွက်လာတဲ့ ချောင်းဟန့် သံကြောင့် လှည့်ကြည့်လိုက်တော့ မုလုံ ။ သခွါးသီးကို လက်တစ်ဖက်ကိုင်ပြီး ပါးစပ်မှာလည်း ဝါး လက်စနဲ့။

' ဆောရီး ... အိမ်ပေါ် တက်တော့မလို့ပဲ။ ဒီနားရောက်မှ ချောင်း ဆိုးလာလို့ ...။'

ရိပေါ် လုပ်ချင်တာ လုပ်၊ ပြောချင်တာ ပြောပြီး အပေါ်ကို တက်သွားတဲ့ မုလုံ ရဲ့ နောက်ကျောကို စားမတတ် ဝါးမတတ် စိုက်ကြည့်လိုက်သည်။ စိတ်ထဲတွင်လည်း တစ်ရက်ကျရင်တော့ အိမ်ကနေ ကန်ထုတ်အုံးမယ် ဆိုပြီးတော့ပေါ့။

မာလု လည်း ရှောင်းကျန့် နဲ့ အိမ်ကြီးရှင် ဝမ်ရိပေါ် ကို သွားဖြီးပြီး အားနာစွာ ရယ်ပြရင်း ဆရာ့ နောက် အမြန်လိုက်တက်လာလိုက်သည်။

~~~~~~~~~

အခန်း တစ်ခုထဲတွင်လည်း စာကြည့်စားပွဲပေါ်မှာ ထိုင်နေတဲ့ ဟော်ရှင်း တစ်ယောက် ပါးစပ်မှာ ဘောပဲန် ကိုက်ထားသည်။ ပြီးတော့ သူ ကြည့်နေတဲ့ စာအုပ်ထဲမှာကျလည်း စာတွေ မမြင်ပဲ သူ့ရှေ့မှာ ဒူးထောက် တောင်းပန်ထားတဲ့ King ရဲ့ ပုံရိပ်တွေ မြင်နေတယ်။

' အာ !!!!!.'

ဟော်ရှင်း ခေါင်းကို ခါရမ်းပြီး ကြည့်လက်စ စာအုပ်ကို မကြည့်ပဲ တစ်ခြား တစ်အုပ် ထပ်ယူလိုက်သည်။

' ဟင် !!!!.'

တစ်ခြား တစ်အုပ်မှာလည်း စာအုပ် အဖုံးမှာတင် King ရဲ့ ပြုံးနေတဲ့ မျက်နှာ ပေါ်လာတယ်။

' အား !!!!!.'

' ဘုတ် !!!!.'

ဟော်ရှင်း စာအုပ်ကို လွှင့်ပစ်ပြီး အိပ်ယာထက်မှာ ဖင်ထောင်ရင်း ခေါင်းအုံးပေါ် မျက်နှာ မှောက်ထားလိုက်သည်။

အဲ့လို လုပ်တော့လည်း ခုနက လေးလေး ရိပေါ် ရဲ့ အရိပ်အခြေကို သိချင်လို့ အောက်ကို ပြန်ခိုးဆင်းပြီး သွားချောင်းရင်း ကြားလိုက်ရတဲ့ လေးလေး ရှောင်း ပြောတဲ့ စကားတွေက နားထဲ ထပ်ကြားယောင်လာပြန်တယ်။

!! ' သူ ဟော်ရှင်း ကို သဘောကျသွားလို့လည်း ဖြစ်နိုင်တာပဲ ...။'!!

ဟော်ရှင်း ခေါင်းအုံးပေါ် မျက်နှာမှောက်ထားရာကနေ ခေါင်းကို ခါရမ်းလိုက်ရင်း ...

' ဟင့်အင်း ... မဟုတ်ဘူး။ ကင်း က ငါ့ကို သဘောမကျဘူး။

ဟင့်အင်း ...။'

~~~~~~~~

လမ်းမပေါ် သွားနေတဲ့ ကား တစ်စီးထဲတွင် ...

' ကိုကြီး ကျနော့်ကို အိမ် အရင် ပြန်လိုက်ပို့ ပါဆို ...။ ကျနော် စာကြည့်ရအုံးမှာ။'

' မင်း ကို ဘယ်သူက လိုက်ခဲ့ဖို့ ပြောလို့လဲ။ မင်းပဲ အတင်း လိုက်ချင်ခဲ့တာ မလား။'

' ဟော်ရှင်း ကို တစ်ယောက်ထဲ ကိုကြီးနဲ့ ထည့်ပေးဖို့ ကျနော်မှ စိတ်မချတာ ...။'

ဒီမွန် မထင်ထားတဲ့ စကား ကြားလိုက်ရတာကြောင့် ကားကိုလည်း ရုတ်တရက် ရပ် ပစ်လိုက်သည်။

!!!! ကျွီ !!!!

' ဘယ်လို ...'

ကင်း ကား က ရုတ်တရက် ရပ် သွားတာကြောင့် ရှေ့ကို ငိုက်သွားပေမယ့် ခေါင်းနဲ့ ဒက်ရှ်ဘုတ် မထိအောင် အောက်ဘက်မှာ ခြေကန် ထားရင်း ...

' အာ !!!! ကား ကို မပြောမဆိုနဲ့ ရပ် ရလား ...။'

' မင်း အခု ပြောချင်တာက ငါက မင်းရဲ့ သူငယ်ချင်းကို စိတ်ဝင်စားနေတယ်လို့ ပြောချင်တာလား ...။'

ကင်း ကိုကြီး ဘက်ကို လှည့်လိုက်ရင်း ...

' မဟုတ်လို့လား ? အိမ်မှာတုန်းက ကိုကြီးပဲ ဟော်ရှင်းကို ကြည့်လိုက် ပြုံးလိုက် လုပ်နေခဲ့တာလေ ...။'

ဒီမွန် သူ့ညီရဲ့ စကားကြောင့် စိတ်ဆိုးရခက် ဒေါသထွက်ရခက် ဖြစ်သွားသည်။ ကင်း ဘက်ကို ကြည့်ပြီးမှ အရှေ့ဘက် ပြန်လှည့်ပြီး ပြုံးနေရင်းနဲ့ အတွေးထဲမှာ ကင်း ပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ပေါက်သွားသည်။
ဒါဆို ပြောချင်တာ သူ့ညီ က ဟိုကောင်လေးကို သဝန်တိုနေတာပေါ့။

' ကင်း !!!!.'

ဒီမွန် သူ ခေါ်တာကို စူပုပ်ပုပ် နဲ့ ဘာလဲ ဆိုတဲ့ ထူးသံ အစား အကြည့်နဲ့ ကြည့်လာတဲ့ ကင်း ကို ...

' မင်း ဟိုကောင်လေးကို သဘောကျနေတာလို့တော့ မပြောနဲ့နော် ...။'

ကင်း ကိုကြီးရဲ့ အမေးကို ခေါင်းညိတ်ပြလိုက်သည်။

' ဟုတ်တယ်။ ကျနော် သူ့ကို အနိုင်ကျင့်ဖို့ ကြိုးစားပြီးမှ သူ့ကို ပြန်တောင်းပန်လိုက်ကတည်းက သဘောကျသွားတာ။ အခုလို သူနဲ့ နီးနီး ကပ်ကပ် နေရတော့ သဘောကျရုံ မဟုတ်ပဲ ချစ်နေပြီဆိုတာ သိလိုက်ရတယ်။'

' မင်း က ကလေး ပဲ ရှိသေးတာနော်။'

ကင်း ကိုကြီးရဲ့ စကားကြောင့် ပိုလို့တောင် စူပုပ်သွားပြီး ...

' ကျနော် ၁၅ နှစ်ပြည့်တော့မှာ။ ကလေး ကလေး လို့ မပြောပါနဲ့တော့ ...။'

ဒီမွန် ကြားလိုက်ရတဲ့ စကားကြောင့် ရူးချင်သွားသည်။

' ဟ !!!!! အသက် ၁၅ နှစ် က ကလေး မဟုတ်လို့ ဘယ်လိုပြောရမှာလဲ ...။'

' မသိဘူး။ ကျနော့်ကို ကလေး ကလေး လို့ မခေါ်နဲ့ ...။ ပြီးတော့ ဒီနှစ် စာမေးပွဲ ဖြေပြီးရင် ကျနော့်ကို ကိုကြီးရဲ့ အလုပ်မှာ သင်ပေး။ ကျနော် အလုပ် စ လုပ်တော့မယ်။'

ဒီမွန် ကင်း ကို ကြည့်ပြီး ရူးများသွားပြီလားလို့ တွေးရင်း ခေါင်း ခါးရမ်းလိုက်သည်။ company အလုပ်ကို ကလေး ကစားကွင်းသွားသလိုများ ထင်နေတာလား မသိဘူး။

' ကိုကြီး !!!!.'

ငေး နေပြီး မထူးလာပါ။

ကင်း မျက်မှောင်ကြုတ်ရင်း ထပ်ခေါ်လိုက်သည်။

' ကိုကြီး !!!!.'

' ဟင်????.'

' ကျနော် ပြောတာ ကြားလား? ကျနော့်ကို အလုပ်တွေ အကြောင်း သင်ပေး ဆိုတာ ...။'

' ကြားပါတယ်ကွာ ...။ မင်းက ငယ်ငယ်လေး ပဲ ရှိသေးတာကို ဘာလို့ အလုပ်တွေ အကြောင်း သင်ချင်နေတာလဲ။ ငါ မင်းကို ပေးထားတဲ့ ပိုက်ဆံတွေက မလောက်လို့လား။'

' မဟုတ်ပါဘူး။ ကျနော် အခု စ လုပ်မှ ကျောင်းပြီးတာနဲ့ဆို ကွက်တိ ဖြစ်မှာပေါ့။ ပြီးတော့ ဟော်ရှင်း ရဲ့ မျက်လုံးထဲမှာ ကျနော် က အားကိုးချင်စရာ ကောင်းတဲ့ လူ တစ်ယောက် အဖြစ် မြင်စေချင်တယ်။'

' မင်း အတည် ကြိုက်နေတာလား ...။'

' ကျနော့် ပုံစံက စ နေတာနဲ့ တူလို့လား ...။'

ဒီမွန် ခေါင်း တစ်ချက် ညိတ်လိုက်ပြီးမှ ...

' မင်း က သူ့ကို ရန် စ ထားဖူးပြီး အခုကျ သဘောကျနေတယ်ဆိုတော့ ... သူ့ ဦးလေးက မင်း နဲ့ သူ့တူကို သဘောတူမယ် ထင်လား?.'

' ကျနော် သဘောကျတာ ဟော်ရှင်း လေ။ သူ့ဦးလေးမှ မဟုတ်တာ။ အခု သူ့ဦးလေးကို ရိုသေနေတယ်ဆိုတာ ဟော်ရှင်း ကြောင့်၊ ဟော်ရှင်း သာ ကျနော့် သဘောထားနဲ့ ထပ်တူကျရင် ကျနော် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။'

' ငါ ကန့်ကွက်ရင်တောင်မှ လား???.'

ကင်း ကိုကြီး ဘက်ကို လှည့်တော့ ကိုကြီး ရဲ့ အကြည့်နဲ့ တိုးတာကြောင့် မျက်တောင် မခတ်ပဲ တန်ပြန် စိုက်ကြည့်လိုက်ပြီး ...

' ကိုကြီး က ကန့်ကွက် မလို့လား။'

' မကန့်ကွက်ပါဘူး။ ငါတောင် အရမ်းလှတဲ့ သူ့ ဦးလေးကို ရင်ခုန် မိသွားသေးတာပဲ။'

ကင်း ကိုကြီး ပြောမှ မျက်လုံးထဲ နှုတ်ခမ်းအောက် နားမှာ မှဲ့လေး ရှိတဲ့ လူ ရဲ့ မျက်နှာကို မြင်ယောင်လာသည်။ ပြီးတော့မှ အခု ကိုကြီးရဲ့ လုပ်ရပ်ကို ပြန်သတိရပြီး ကိုကြီး ဘာလို့ ဟော်ရှင်း ကို အိမ် အတင်းပြန်လိုက်ပို့ပေးချင်ရတာလဲ ဆိုတာပါ နားလည်သွားသည်။

မကြာဘူး သူတို့ရဲ့ ကား ဆိုင် တစ်ဆိုင်ရှေ့ ရောက်သွားသည်။

ကင်း သူ့ရဲ့ အင်စတာ ဂရမ်မှာ ပိုစ့်တစ်ခု တင်လိုက်ပြီးမှ သူ့ရဲ့ ပိုစ့်ကိုရော တပ်ထားတဲ့ ကပ်ရှင်ကိုရော ထပ်ကြည့်ပြီး ကိုယ့်ဘာသာ ပြန်သဘောကျနေတုန်း ...

' ကဲ ... ရောက်ပြီ။ ဆင်းတော့ ...။'

ကင်း ကိုကြီး ဆီက အသံ ထွက်လာတော့မှ အပြင်မှာ မြင်နေရတဲ့ ကလပ် ကို ကြည့်လိုက်ပြီး ...

' ကိုကြီး ကျနော် ကား ထဲမှာပဲ စောင့်လိုက်မယ်။'

' ဘာလို့လဲ ...။ ရောက်တောင် ရောက်နေပြီပဲကို ...။'

' ကျနော် မဝင်ချင်ဘူး။ ကိုကြီး လည်း အကြာကြီး မသွားနဲ့။'

' အိုခေ ...၊ အိုခေ ...။ သဘော ...။ ကိုကြီးလည်း ခဏ ပဲ သွားလိုက်မယ်။'

ဒီမွန် ပြောပြီး ကား ကိုလည်း စက် မသတ်တော့ပဲ ကား တံခါး ဖွင့်ပြီး ဆင်းလိုက်သည်။

ကင်း ကား တံခါး ပိတ်သံ ကြားတာနဲ့ ကား ထိုင်ခုံ နောက်လှန်အောင် လုပ်ပြီး အိပ်ဖို့ ပြင်သည်။

ထိုစဉ် ...

' ဒူ ... ဒူ ... ဒူ ...။'

ဖုန်း သံ ကြောင့် မျက်လုံးကို ပြန်ဖွင့်ပြီး ထ ကြည့်တော့ ကိုကြီးရဲ့ ဖုန်း ...။

' ကိုကြီး တို့က ကလပ်ထဲ ဘယ်​လောက်တောင် သွားချင်နေသလဲ မသိ၊ ဖုန်းတောင် မေ့ကျန်ခဲ့တယ်။'

ကင်း ဖုန်း ကို ယူကြည့်တော့ နာမည် မမှတ်ထားတာကြောင့် အရေးမကြီးလောက်ဘူး ထင်ပြီး မကိုင်ပေးလိုက်ပါ။

' ထင်း !!!!.'

လက်ထဲမှာတင် ကျသွားတဲ့ ဖုန်း ထံမှ မက်ဆေ့ တစ်စောင် ဝင်လာသည်။

မဖွင့်ကြည့်တော့ဘူး ဆိုပြီး ဖုန်းကို သူ့နေရာ သူ ပြန်ချထားဖို့လုပ်တော့မှ မျက်လုံးတောင့်မှ ဖျတ်ခနဲ မြင်ရလိုက်ရတဲ့ " တရုတ်လူမျိုး ကောင်လေး ..." ဆိုတဲ့ စာကြောင့် ဖုန်း က သူ့အရင်နေရာဆီ မရောက်ဖြစ်လိုက်ပါ။

~~~~~~~~

ဟိုတယ် ရဲ့ အခန်း တစ်ခန်း အတွင်းတွင်လည်း ...

ရှဲန့်မု သူ တစ်ယောက်တည်း ပစ္စည်းတွေ သိမ်း၊ ဘာတွေ ကျန်နေမလဲ ဆိုတာလည်း စစ်ရသေးတယ်။ ယွီ့ကျင်း ကို ကြည့်တော့ အိပ်ယာထက်မှာ ခြေဆင်းရင်း ခြေချောင်းတွေ လှုပ်စိ လှုပ်စိ နဲ့ ဖုန်းသုံးနေတယ်။

' ဟဲ့ ...။'

ရှဲန့်မု အမြင်ကပ်လာတာကြောင့် လက် နဲ့ မပုတ်တော့ပဲ ခြေထောက်နဲ့ တို့ပြီး ခေါ်လိုက်တော့သည်။

ယွီ့ကျင်း ကတော့ ခြေထောက်လည်း အလှုပ် မပြတ်၊ တစ်ချက်မှလည်း မော့ကြည့်ဖော် မရလာပါ။

!!!! ဘုတ် !!!!

' အ !!!!.'

ယွီ့ကျင်း သူ့ ဗိုက်ပေါ် ကျလာတဲ့ အရာကြောင့် အသံ ထွက်သွားရပြီး ဘေးမှာ လျှောကျလာတာက MacBook ဖြစ်နေတယ်။

ယွီ့ကျင်း ကိုင်ပြီး ထ လိုက်ရင်း ...

' ဘာလဲ ... ဒါက ...။'

' နင့် ပစ္စည်း လေ ...။'

' သိတယ်လေ။ အခုက ဘာလို့ လာပစ်ပေးတာလဲ မေးတာ။'

' ဘာဖြစ်ရမှာလဲ ...၊ အိမ်ပြန်ဖို့ အတွက် ရှိရှိသမျှ ပစ္စည်းတွေ ငါကပဲ သိမ်းနေရတာလေ။ ပြီးတော့ ငါ့ပစ္စည်းထက် နင့် ပစ္စည်းက ပိုများနေသေးတာ။ အဲ့ဒါကို တစ်ချက်မှ ကူဖော် မရတဲ့ အပြင် ဂရုတောင် မစိုက်လို့ အမြင်ကပ်ပြီး တမင် လုပ်လိုက်တာ။
ဘာလဲ ... မကျေနပ်ဘူးလား ...။'

ယွီ့ကျင်း မျက်နှာတည်နဲ့ ရေပက် မဝင်အောင် ပြောလာတဲ့ ရှဲန့်မု ကြောင့် MacBook ကို ဘေးမှာ ချထားပြီး ကုတင်ပေါ်က အမြန်ဆင်းလိုက်ရင်း ...

' အဟီး ... ရှဲန့်မု ကလည်း ငါ မေ့သွားလို့ပါ။ လာ ... မင်း က ပြန်ထိုင်နေလိုက်တော့။ ကျန်တာ ငါပဲ လုပ်လိုက်မယ်။'

ရှဲန့်မု သူ့ ပုခုံးကို ဖက်ပြီး ကုတင်မှာ ထိုင်ဖို့ ဖိချလိုက်တဲ့ ယွီ့ကျင်း ကို မျက်စောင်းထိုးလိုက်ပြီး ...

' လုပ်ရမှာပဲလေ။ တော်တော် များများကို ငါက သိမ်းပြီးပြီ။ ကျန်တာလေးတောင် မလုပ်ချင်လည်း အိမ်ကို ဘာမှ သယ်မသွားပဲ ထားခဲ့လိုက်တော့။'

' အင်းပါ ...။ ငါ လုပ်လိုက်မယ်။'

ယွီ့ကျင်း လက်ကျန် သူ့ပစ္စည်းတွေ သိမ်းနေရင်း အသံ ငြိမ်သွားတဲ့ ရှဲန့်မု ဘက်ကို ခိုးကြည့်တော့ ...
အမယ် ... မယ်ရေသူမလေးက ခုန သူ လုပ်တဲ့ အတိုင်း ခြေလေး လှုပ်တုပ် လှုပ်တုပ် နဲ့ ဖုန်းကြည့်နေတာ။

ယွီ့ကျင်း ခုမှ ခုန ရှဲန့်မု ရဲ့ ခံစားချက်ကို နားလည်သွားသည်။ ကိုယ်က အလုပ် လုပ်နေရပြီး တစ်ခြားလူက အေးအေး ဆေးဆေး နေ နေရင် တကယ်ပဲ အမြင်ကပ်ဖို့ သိပ်ကောင်းတာပဲ။

~~~~~~~~

အိမ် တစ်အိမ်တွင်လည်း ...

' ဘုန်း !!!!.'

' ဒုန်း !!!!.'

' ခလွမ်း !!!!.'

Knight သူ့ ကွန်ပျူတာမှာ မြင်နေရတဲ့ King တင်ထားတဲ့ ပိုစ့်ကို ကြည့်ပြီး မကျေနပ်စွာ တေး လိုက်သည်။

' King ... မင်းက ငါ့ကို လာပြီး ကျောချင်နေတာပေါ့။ အဲ့လောက် မလွယ်ဘူး။ ဟော်ရှင်း ကို မင်းထက် အရင် ငါက ချစ်နေတာ။ မင်း သူ့ကို ခုလို လွယ်လွယ်နဲ့ လု ယူသွားခွင့် မပေးနိုင်ဘူး။'

Knight နောက်တစ်ခါ ကွန်ပျူတာဆီ အကြည့်ရောက်သွားပြန်သည်။

King ရဲ့ အင်စတာ ဂရမ် မှာက ဟော်ရှင်း ရဲ့ ဘေး တစ်စောင်းပုံလေး ကို ခိုးရိုက်ထားတဲ့ ပုံ ကို တင်ထားပြီး ကပ်ရှင်က " ချစ်မိသွားရင် တစ်စိတ် တစ်ပိုင်း လေးပဲ ဆိုရင်တောင် ငေးကြည့်နေချင်စရာ ကောင်းတာပဲလား" ဆိုပြီး ရေးထားတာ ဖြစ်သည်။

~~~~~~~~

ညနေပိုင်းတုန်းက ဆူဆူ ပူပူ ရှိသလောက် အိမ်က ည ဦးပိုင်း အချိန်လည်း ရောက်လာရော တိတ်ဆိတ်သွားသည်။

ညပိုင်းဆို အေးနေသေးတဲ့ ရာသီမှာ သူ့ကိုယ်သူ ပြန်ပြီး အပြစ်ပေးတဲ့ အနေနဲ့ လူ တစ်ယောက်ကတော့ အိမ်ရှေ့မှာ အုတ်ခုံမှာ ထိုင်နေတယ်။

!!!! ကလစ် !!!!

တံခါး ဖွင့်သံနဲ့ အတူ ဘေးမှာလည်း ခြေထောက် တစ်စုံ ရပ်လာသည်။

ဟုန်လုံ မကြည့်ပဲ ထိုင်နေမြဲအတိုင်းပဲ ဆက်ထိုင်နေလိုက်တယ်။

ထိုစဉ် သူ့ ဒူး တို့ခံလာရနဲ့ အတူ စကား သံ လည်း တစ်ဆက်တည်း ကြားလိုက်ရသည်။

' ခင်ဗျား ဒီအပြင်မှာ အေးခဲ ခံပြီး သေပြမလို့လား။'

မုလုံ သူ က သနားလို့ အဖော် လာလုပ်ပေးမလို့ဟာကို အဖက်တောင် မလုပ်တဲ့ လူ ကြောင့် စောင်းကြည့်ပြီး လက် တစ်ဖက် ကို လှုပ်ရှားလိုက်သည်။

ဟုန်လုံ သူ့ ပုခုံးပေါ် ရောက်လာတဲ့ လက် ကြောင့် ဘေးကို စောင်းကြည့်တော့ သူ့ကို မျက်ခုံး တစ်ဖက် ပင့်ပြလာတဲ့ မုလုံ။ ရုပ်ကလည်း စပ်ဖြီးဖြီး နဲ့။

ဟုန်လုံ ခုချိန် သူ တစ်ယောက်တည်း နေချင်တာကြောင့် ခေါင်းကို ပြန်လှည့်ပြီး ပုခုံး ပေါ်က လက်ကို ဖယ်ချဖို့ လုပ်သည်။

ဒါပေမယ့် ဖယ်ချ ပေး မခံရတဲ့ အပြင် ပိုတောင် ဖက် ခံ လိုက်ရသေးတယ်။

' ခင်ဗျား ဘာဖြစ်နေတာလဲ...။ စကား မပြောချင်လည်း ငြိမ်ငြိမ်နေလေ။ ကျနော် က ခင်ဗျား အေးနေမှာ စိုးလို့ မအေးအောင် လုပ်ပေးနေတာ။'

ဟုန်လုံ ဘာမှလည်း အထွန့် မတက်ချင်တော့တာကြောင့် တကယ်လည်း ဘာမှ ထပ်မလှုပ်ပဲ ငြိမ်နေလိုက်သည်။

အေး နေတဲ့ အခြေနေမှာ စကားလည်း မပြောကြတဲ့ လူ နှစ်ယောက် အတွက်တော့ အတော်လေး ပျင်းရိစရာ ကောင်းပါတယ်။ အဲ့ဒါကြောင့် စကား ပြောဖော် မရှိတဲ့ ရေသူထီးလေး ကတော့ တဖြေးဖြေး မျက်လုံးတွေ စင်းလာပြီး ခေါင်းကလည်း ပုခုံး တစ်ဖက်ဆီ စောင်း စောင်း ကျ သွားပါတော့တယ်။

အိပ်ပျော်သွားတဲ့ လူ အဖို့ ဘာဆိုမှ မသိ၊ မဆင်ခြင်နိုင်တော့တဲ့ အတွက်ကြောင့်ရော၊ ခေါင်း ချ မိတဲ့ နေရာက ခေါင်းအုံးပေါ်လည်း မဟုတ်တာကြောင့် မတည်ငြိမ်ပဲ ပြုတ် ပြုတ် ကျချင်နေတယ်။

ဟုန်လုံ သူ့ ပုခုံးပေါ်ကနေ လျှော လျှော ကျနေတဲ့ ခေါင်းလေးကို လက် တစ်ဖက် ထိန်းပေးထားရင်း သူ့ အဖြစ်သူ ပြန်တွေးမိပြီး ခေါင်းကို ခါရမ်းလိုက်သည်။

ဒီနေ့ရဲ့ ရာသီ ဥတု ကတော့ တကယ်ပဲ သူ့ဖက် မပါဘူး ထင်တယ်။ အေးအေး ဆေးဆေး ကို မနေရဘူး။ နား ပူလိုက်၊ ပုခုံး ပူလိုက်နဲ့။

~~~~~~~~

အခန်း တစ်ခန်း တွင်လည်း ...

' ကိုကို ...။'

' အင်း ...။'

' မနက်ဖြန် ကျနော် တို့ တကယ်ပဲ လက်မှတ် အတူ သွားထိုးကြတော့မှာပေါ့နော် ...။'

ရိပေါ် သူ့ ရင်ဘတ်ပေါ်မှာ လက်ချောင်းလေးနဲ့ လာတို့ထိရင်း ပြောနေတဲ့ ရှောင်း ရဲ့ လက်ကို ဖိဆုပ်လိုက်ပြီး ...

' ဘာလို့လဲ ...။ ရှောင်း က မထိုးချင်တော့ပြန်ဘူးလား။'

' မဟုတ်ပါဘူး။ မနက်ဖြန် ဆိုတာ မသေချာ မရေရာ ဘူးလေ။ ကျနော်လည်း မယုံရဲသေးလို့ ထပ်မေးကြည့်တာ။'

ရိပေါ် ရှောင်း ရဲ့ စကားကြောင့် ထ ထိုင်လိုက်ပြီး ရှောင်း ကိုလည်း ထ ထိုင်စေလိုက်ရင်း ...

' မင်း မနက်ဖြန် ကို မယုံရဲသေးရင် ခုပဲ သွားပြီး လက်မှတ် သွားထိုးမလား။'

အဲ့လိုပြောတော့လည်း ရေသူထီးလေးက မမြင်ရတဲ့ အပြင်ဘက်ကို လှမ်းကြည့်ပြီး ပြောလာပါတယ်။

' ဒီအချိန်ကြီး သွားလို့ ရလို့လား ...။'

' ပိုက်ဆံ ရှိရင် သေဆုံးမယ့် အချိန်ကိုတောင် ရွှေ့လို့ ရသေးတာပဲ။ မင်းသာ အလိုရှိရင် ကိုယ် အကုန်လုပ်ပေးလို့ ရတယ်။'

ရိပေါ် သူ့ဘာသာ သေ ရမယ့် အချိန်ဆိုတာကို ပြောပြီးမှ ရှောင်း ရဲ့ ရေသူထီး ဘဝ နဲ့ နေရမယ့် သက်တမ်းကို သိချင်သွားသည်။

' ရှောင်း !!!!.'

' ဟင် !!!.'

' မင်းတို့ ရေသူထီး ရဲ့ သက်တမ်း က ဘယ်လောက်ထိ နေနိုင်တာလဲ ...။'

' အင်း ...။ တကယ်လို့ သဘာဝ အတိုင်း ရေထဲမှာပဲ နေပြီး၊ ဘာအန္တာရာယ်မှ မရှိရင်တော့ သက်တမ်း ရှည်ကျတယ်။ ခုလို ကုန်းပေါ်မှာ လူသား လို အကြာကြီးနေရင်တော့ ဘယ်လောက်ထိ နေနိုင်လဲဆိုတာ မသိဘူး။'

' မွ !!!.'

ရိပေါ် ရှောင်း ရဲ့ လက်ကို နမ်းလိုက်ပြီး ...

' ဒါဆို ကိုယ်ကပဲ မင်း ကို အရင် ထားခဲ့ရမယ် ထင်တယ်။ လူသား နဲ့ ရေသူထီး ဆိုရင် ဘယ်လိုဖြစ်ဖြစ် လူသား ကပဲ အရင် သေဆုံးမှာ အသေချာပဲ။
ကိုယ် စိတ်မကောင်းလိုက်တာ ...။ မင်းထက်သာ အရင် သေဆုံးသွားခဲ့ရင် မင်း ကိုယ့်ရဲ့ အမှတ်တရတွေနဲ့ လွမ်းကျန်ရစ်နေရတော့မယ်။'

' ဟင့်အင်း ...။ ကျနော် မနေခဲ့ဘူး။ ကိုကို လူ့လောကကြီးမှာ မရှိတော့တဲ့နေ့ ကျနော် လည်း ကမ္ဘာမှာ မရှိတော့တဲ့နေ့ပဲ။ အသက် မရှူရတော့ဘူး ဆိုရင်တောင် ကိုကို့ ရင်ခွင်ထဲမှာပဲ အသက် ထွက်ချင်တယ်။'

ရိပေါ် ရှောင်း တကယ်ပြောနေတယ်ဆိုတာ ခံစားရတာကြောင့် မျက်ဝန်းမှာ မျက်ရည် စ တွေ ဝေ့သီချင်နေပြီ ဖြစ်တဲ့ ရှောင်း ရဲ့ မျက်ဝန်းကို လက်မ နဲ့ တယုတယ ပွတ်သုတ်ပေးလိုက်ပြီးမှ ရင်ခွင်ထဲ ဆွဲသွင်းပြီး ခပ်တင်းတင်း ဖက်ထားရင်း ...

' မင်း ကိုယ့်ကို အဲ့လောက်ထိ ချစ်မိသွားတာလား။'

ရှောင်းကျန့် လည်း ကိုကို့ ရဲ့ ခါး ကို တင်းကျပ်နေအောင် ဖက် လိုက်ပြီး ကိုကို့ ရင်ခွင်ထဲမှာ ခေါင်း တညိတ်ညိတ်နဲ့ ...

' ဘယ်အချိန်မှန်း မသိပေမယ့် တကယ် အရမ်း ချစ်မိသွားတာ။'

အထိ အတွေ့ရဲ့ ချိတ်ဆက်မှုကြောင့် တစ်ယောက် ကို တစ်ယောက် တင်းတင်း ကြပ်ကြပ် ဖက်ထားရင်းကနေ အနည်းငယ် ခွါပြီး မျက်နှာချင်း ဆိုင်လိုက်ကြသည်။

ကုတင်ပေါ်မှာ ချစ်စကားတွေ နဲ့ အပြန်အလှန် နားလည် သွားကြတဲ့ လူ နှစ်ယောက် အဖို့ ဆက်လုပ်စရာ ဘာရှိမှာလဲ????

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.02.10 ( Sat )

Zawgyi

အိမ္ တစ္အိမ္ထဲတြင္ လူ ၆ ေယာက္ ရွိသည့္အနက္ ဧည့္ခန္းမွာ ၄ ေယာက္ ရွိၿပီး၊ က်န္ ႏွစ္ေယာက္ကေတာ့ ထမင္းစားခန္းထဲမွာ ျဖစ္သည္။

ထမင္းစားခန္းထဲမွာက မုလုံ နဲ႔ သူ႔တပည့္ မာလု။ မုလုံ ထမင္းစားခန္းမွာ ေနရတဲ့ အေၾကာင္းရင္းက ဝမ္ရိေပၚ ရဲ႕ စိတ္တိုေနတဲ့ စက္ကြင္းထဲ မၿငိခ်င္လို႔ပါ။

အိမ္ေရွ႕ ဧည့္ခန္းတြင္ေတာ့ ေဟာ္ရွင္း နဲ႔ ဟုန္လုံ ေခါင္းငုံ႔ၿပီး ေန ေနၾကသည္။

ရိေပၚ ေခါင္းငုံ႔ေနၾကတဲ့ ႏွစ္ေယာက္ဘက္ကို ၾကည့္လိုက္ၿပီး ...

' လုပ္ခ်င္တာ လုပ္တုန္းက လုပ္ထားၾကၿပီး၊ အခုေတာ့ ေၾကာက္ေနၾကတယ္ ဟုတ္လား?
ေဟာ္ရွင္း မင္း လည္း ေက်ာင္းကေန အတူ ျပန္စရာ ရွားလို႔ မင္းကို ရန္စတဲ့ ေကာင္နဲ႔ အတူျပန္ရလား? မင္းကို ဟုန္လုံ လာမႀကိဳႏိုင္ရင္လည္း မင္း ငါ့ကို ဖုန္းမဆက္တတ္ဘူးလား။'

' ေလးေလး ကို ဆက္တာ ကိုင္မွ မကိုင္တာ ...။'

ရိေပၚ သူ႔ တူ ပက္ခနဲ ျပန္ေျပာလာေတာ့လည္း သူ က တကယ္ မကိုင္ခဲ့တာေၾကာင့္ သူခိုး လူမိတဲ့ မ်က္ႏွာ ျဖစ္သြားၿပီးမွ ခ်က္ခ်င္း ျပန္ျပင္လိုက္ကာ ...

' မကိုင္လည္း အေရးႀကီး ကိစၥ ရွိေနရင္ မက္ေဆ့ ပို႔ထားလို႔ ရတာပဲ။
အခု မင္းက မင္းကို ရန္စ ထားတဲ့ ေကာင္နဲ႔ ေခၚေျပာ႐ုံ မက သူ႔ကို ငါ့အိမ္ သိရေအာင္ပါ ေခၚလာတယ္။ မင္းရဲ႕ ေနာက္ေၾကာင္းကို သူတို႔ စုံစမ္းမွာ မေၾကာက္ဘူးလား။'

ေဟာ္ရွင္း ေလးေလး ရိေပၚ ဆူေနတာက ေလးေလး ေရွာင္း ကို စိတ္ပူေနတာမွန္း မသိပဲ၊ သူ႔ အေၾကာင္း တစ္ျခား လူ သိသြားစိုးလို႔ ဆိုၿပီး King ရဲ႕ အိမ္မွာ တုန္းက King ရဲ႕ အစ္ကို ေျပာတဲ့ " ငါး တစ္ပိုင္း လူသား တစ္ပိုင္း ရဲ႕ ႐ိုးတြင္းျခင္ဆီ ကို လိုအပ္တယ္" ဆိုတဲ့ စကားကို ျပန္ၾကားေယာင္လာသည္။

' မျဖစ္ဘူး။ မနက္ျဖန္ တ႐ုတ္ ျပန္မယ္။'

' ဟင္ !!!!!.'

ရိေပၚ ေရွာင္း ဆီက အာေမဋိတ္သံ ပါ ၾကားရ႐ုံမက သူ႔ကို ေမာ့ၾကည့္လာတဲ့ ေဟာ္ရွင္း နဲ႔ ဟုန္လုံ ကိုပါ တစ္ေယာက္ခ်င္းစီ ၾကည့္လိုက္ၿပီး ...

' ဘာေတြ ေၾကာင္ၾကည့္ေနၾကတာလဲ? တ႐ုတ္ ျပန္လည္း ေနစရာ အိမ္ ရွိတယ္။ မပူၾကနဲ႔ ...။'

ဟုန္လုံ ဆရာ ရိေပၚ ရဲ႕ စကားေၾကာင့္ စိတ္ထဲတြင္ေတာ့ သူတို႔ရဲ႕ အခုပုံစံက လမ္းေဘးမွာ ေနရမွာ ေၾကာက္ေနတဲ့ ပုံစံ ျဖစ္ေနလို႔လား လို႔ အသံတိတ္ ေျပာေနပါသည္။ သူက ျပင္သစ္ ႏိုင္ငံသားေတာင္ ျဖစ္ေနၿပီေလ။ တ႐ုတ္မွာ ဘယ္လို သြားေနတတ္မွာလဲ?

ထိုစဥ္ ...

' ဘာလို႔လဲ? ခ်က္ခ်င္းႀကီး !!!!.'

ရိေပၚ အသံ ထြက္လာတဲ့ ေရွာင္း ဆီကို အၾကည့္ပို႔လိုက္ၿပီး ...

' ဘာကိုလဲ ???.'

ေရွာင္းက်န္႔ မသိခ်င္ေယာင္ေဆာင္တာ လိုလို ...၊ တကယ္ လိုလို နဲ႔ ျပန္ေမးလာတဲ့ ကိုကို ေၾကာင့္ ႏႈတ္ခမ္းစူလာရသည္။

' ဘာကို ... ဘာ ရမွာလဲ? တ႐ုတ္ကို ခ်က္ခ်င္းႀကီး ေကာက္ျပန္မယ့္ ကိစၥကို ေျပာတာ။'

' ျပန္ရမယ္။ ျပန္မွ ရမယ္။ ခုန ဟိုေကာင္ မင္းကို ၾကည့္သြားတဲ့ မ်က္လုံးကို မျမင္ဘူးလား။'

' သူ႔ဘာသာ ေပါက္ထြက္ေအာင္ ၾကည့္ေတာ့ေရာ ဘာျဖစ္လဲ? အသား ပဲ့ ပါသြားတာမွ မဟုတ္တာ။'

' ကိုယ္ မႀကိဳက္ဘူး။'

ေရွာင္းက်န္႔ အဲ့လို ခပ္တည္တည္ႀကီးနဲ႔ ေျပာခံလိုက္ရေတာ့လည္း ေက်နပ္ၿပီး ႐ုပ္က စပ္ၿဖီးၿဖီး ျဖစ္သြားပါတယ္။

' ေလးေလး က်ေနာ္ ဒီႏွစ္အတြက္ ေက်ာင္းမပိတ္ေသးဘူးေလ။ ေလးေလး ပဲ ေျပာတာ ဒီႏွစ္ေတာ့ ၿပီးေအာင္ ဒီမွာပဲ တက္သြားဆို ...။'

' ဝမ္ေဟာ္ရွင္း ... ငါ မင္းကို အခုပဲ ေျပာျပေနတာေလ။ မင္း နားမလည္ဘူးလား ...။'

' ဒါေပမယ့္ အခုကလည္း စာေမးပြဲဲေတာင္ ေျဖခါနီးေနၿပီ။'

ရိေပၚ အဲ့ေတာ့လည္း ဘာျပန္ေျပာရမွန္း မသိပဲ ခါးမွာ လက္ႏွစ္ဖက္ ေထာက္ၿပီး စိတ္ရႈပ္တဲ့ မ်က္ႏွာ နဲ႔ တစ္ဖက္လွည့္သြားသည္။

ေရွာင္းက်န္႔ ေဟာ္ရွင္း ကို ေခါင္းတစ္ခ်က္ ညိတ္ျပလိုက္ၿပီးမွ အေပၚတက္သြားဖို႔ ေခါင္း ထပ္ ဆတ္ျပလိုက္သည္။

ဟုန္လုံ နဲ႔ ေဟာ္ရွင္း သူတို႔ရဲ႕ အုပ္ထိန္းသူႀကီး မသိေအာင္ ေျခေဖာ့ၿပီး အေပၚဘက္ကို အျမန္တက္လာခဲ့လိုက္ၾကသည္။

' ဒါေပမယ့္ ... ဘယ္လိုျဖစ္ .... ျဖစ္ ...။'

ရိေပၚ သူ ျပန္လွည့္လာၿပီး ထပ္ေျပာမလို႔ လုပ္ေတာ့ ေဟာ္ရွင္း ကို မေတြ႕ေတာ့တာေၾကာင့္ စကားက တို႔လို႔ တန္းလန္း ျဖစ္သြားသည္။

' ဘယ္ထြက္ေျပးသြားတာလဲ? ဝမ္ ေဟာ္ ရွင္း !!!!.'

ေရွာင္းက်န္႔ အေပၚဘက္ကိုေတာင္ ထပ္ေမာ့ၿပီး ေအာ္ေခၚေနတဲ့ ကိုကို႔ အနားသြားၿပီး လက္ေမာင္းကို ဖက္လိုက္ရင္း ...

' ကဲပါ ... ကိုကိုရယ္ ... ေဟာ္ရွင္း ေျပာသလိုပဲ လုပ္လိုက္ပါ။ ဒီမွာကလည္း စာေမးပြဲေတာင္ ေျဖခါနီးေနၿပီလို႔ သူ ေျပာေနၿပီပဲေလ။ အခုမွ ျပန္လည္း ဘာထူးမွာလဲ? ၿပီးေတာ့ ခုန ေဟာ္ရွင္း ကို လိုက္ပို႔တဲ့ ေကာင္ေလး ကို ၾကည့္ေတာ့လည္း အၿငိဳးထားခ်င္တဲ့ ပုံစံ မေတြ႕ရပါဘူး။ ၿပီးေတာ့ ကိုကို႔ ကိုလည္း ထပ္ေတာင္းပန္သြားေသးတာပဲေလ။'

' အခုလို ေဟာ္ရွင္း ကို သူနဲ႔ ရန္စ ဖူးတဲ့ ေကာင္နဲ႔ အတူေတြ႕ရေတာ့ မင္း စိတ္ခ်ႏိုင္လို႔လား ...။ ျပင္သစ္ေကာင္ေတြရဲ႕ စိတ္ကို မင္း ဘယ္ေလာက္ သိႏိုင္မွာလဲ။ ရန္စ ထားတာ မၾကာေသးပဲ ခ်က္ခ်င္းႀကီး ေတာင္းပန္ သူငယ္ခ်င္း ျပန္ျဖစ္ခ်င္တယ္ဆိုကတည္းကိုက အလုပ္ မဟုတ္ေတာ့တာ။'

' သူ ေဟာ္ရွင္း ကို သေဘာက်သြားလို႔လည္း ျဖစ္ႏိုင္တာပဲ ...။'

' ဘယ္လို !!!!!.'

ေရွာင္းက်န္႔ ကိုကို႔ လက္ေမာင္းကို ဖက္ထားရာကေန ခြါၿပီး ဆိုဖာမွာ လက္ပိုက္လ်က္ သြားထိုင္လိုက္ရင္း ...

' ဟုတ္တယ္ေလ။ လူ တစ္ေယာက္က အခ်စ္နဲ႔ ေတြ႕ရင္ ေျပာင္းလဲ ႏိုင္တာပဲေလ။ အဲ့ေကာင္ေလးရဲ႕ မ်က္လုံးကလည္း အဲ့လိုပဲ ျမင္ေနရတယ္။ အခုက စၿပီး ေဟာ္ရွင္းကို အေသအေၾက ကာကြယ္ေပးပါ့မယ္ ဆိုတဲ့ ကတိ မ်က္ဝန္းေတြ။'

' အခုမွ အသက္ ၁၅ ေတာင္ မျပည့္တဲ့ ကေလးေတြကလား?.'

' အခ်စ္မွာ အသက္ အ႐ြယ္ အပိုင္း အျခားေတြနဲ႔ ဆိုင္လို႔လား? ႏွလုံးသားက ျဖစ္ေပၚလာတဲ့ အတိုင္း စိတ္က ခံစားရတာမ်ိဳးပဲေလ။ ခုလို အခ်ိန္ခဏအတြင္းမွာ သူ႔ကိုယ္သူ ေျပာင္းလဲပစ္လိုက္တယ္ဆိုတာက သူ ခ်စ္တဲ့ သူ အတြက္ ေျပာင္းလဲေပးလိုက္ခ်င္တာလည္း ျဖစ္ႏိုင္တာပဲ မလား။'

ရိေပၚ ေရွာင္း ရဲ႕ စကားေၾကာင့္ မဲ့ လိုက္ၿပီး ...

' ဘာကို ေျပာင္းလဲတာလဲ? ကိုယ့္ မ်က္လုံးထဲမွာေတာ့ အေပအေတ ႐ုပ္နဲ႔ တစ္ျခားသူကို အႏိုင္ယူခ်င္တဲ့ ပုံစံမ်ိဳးပဲ ျမင္တယ္။'

' အဲ့ဒါကေတာ့ ကိုကို က သူ႔ကို ၾကည့္မရတဲ့ မ်က္လုံးနဲ႔ ၾကည့္လို႔ေလ။ တကယ္ေတာ့ အဲ့ေကာင္ေလးကလည္း ခ်စ္စရာ႐ုပ္ေလးပါ။ ၿပီးေတာ့ သူ ခ်စ္တဲ့ လူကိုဆို အရမ္းခ်စ္ေပးတတ္မယ့္ ပုံနဲ႔။'

' ဘာလဲ ... ေျပာခ်င္တာက အဲ့ေကာင္ေလးကိုေရာ ဟုတ္ရဲ႕လား? သူ႔ အစ္ကို ကို ေစာင္းေျပာခ်င္ေနတာလား?'

ေရွာင္းက်န္႔ စူပုပ္ပုပ္နဲ႔ ေျပာလာတဲ့ ကိုကို႔ ကို စ ခ်င္လာတာေၾကာင့္ ကိုကို႔ ကို မၾကည့္ပဲ တိတိ ပပ ညႇပ္ထားတဲ့ လက္သည္းကို ပြတ္သပ္ စစ္ေဆးရင္း ...

' အင္း ...။ ကိုကို ေျပာမွ သူ႔ကို သတိရသြားတယ္။ ဟုတ္သားပဲ .... သူ လည္း တကယ္ ခ်စ္တတ္မယ့္ပုံစံမ်ိဳးပါပဲ။ ျပင္သစ္ ေကာင္ေလးေတြက အကုန္လုံး အဲ့လို ခ်စ္တတ္တာပဲလား မသိဘူးေနာ္ ...။'

ရိေပၚ ေရွာင္း ကို ၾကည့္ေတာ့ ရယ္ခ်င္ခ်င္ မ်က္ႏွာေပးနဲ႔ ျဖစ္ေနတာေၾကာင့္ သူ႔ကို တမင္ စ ေနတယ္ဆိုတာ သိလိုက္သည္။ အဲ့ဒါေၾကာင့္ ဆိုဖာ မွာ သြားထိုင္ ခ် ၿပီး ေရွာင္း ကို တင္းက်ပ္ေနေအာင္ ဆြဲဖက္ထားရင္း ...

' ေတာ္ေတာ့ ...။ အဲ့လိုမ်ိဳးေတြ မေျပာနဲ႔။ မင္း က စ တယ္ပဲ ဆိုရင္ေတာင္ ကိုယ့္ႏွလုံးသား က သိတာ မဟုတ္ဘူး။ ရင္ခုန္သံေတြ မူ မမွန္ျဖစ္လိမ့္မယ္။'

ေရွာင္းက်န္႔ လည္း ကိုကို႔ ခါး ကို ျပန္လည္ဖက္ထားရင္း ...

' စိတ္ခ်ပါ။ အခု က်ေနာ္ က ကိုကို႔ အပိုင္ ျဖစ္သြားၿပီ။ ေရသူထီးေတြက တစ္သက္မွာ တစ္ခါပဲ ခ်စ္တယ္။ ၿပီးရင္ သူတို႔ ခ်စ္မိတဲ့ အဲ့လူကိုပဲ တစ္သက္လုံး သစၥာ ရွိတယ္။'

' မြ !!!!.'

ရိေပၚ ေရွာင္း ရဲ႕ နဖူးကို အနမ္းတစ္ခ်က္ ေပးလိုက္ရင္း ...

' ကိုယ္လည္း မင္း တစ္ေယာက္ကိုပဲ သစၥာ ရွိရွိ ခ်စ္သြားမွာ။ အဲ့ဒါေၾကာင့္ မနက္ျဖန္ ကိုယ္တို႔ တရား႐ုံးမွာ လက္ထပ္ မွတ္ပုံတင္ၿပီး လက္မွတ္ ထိုးၾကရေအာင္။'

' အင္း ...။'

ေရွာင္းက်န္႔ သူလည္းပဲ ဒီလူသားကို ခ်စ္မိသြားၿပီ ျဖစ္တာေၾကာင့္ ထပ္ မူ မေနေတာ့ပဲ ခ်က္ခ်င္း ေခါင္းညိတ္လိုက္သည္။

သေဘာတူညီမႈ ရသြားၾကတဲ့ သူတို႔ ႏွစ္ေယာက္ တစ္ေယာက္ ကို တစ္ေယာက္ ၾကည့္ၿပီး မ်က္ႏွာခ်င္း ကပ္ေနၾကတုန္း ....

' အဟမ္း ... အဟမ္း ...။'

ေရွာင္းက်န္႔ နဲ႔ ဝမ္ရိေပၚ သူတို႔ေနာက္နားက ထြက္လာတဲ့ ေခ်ာင္းဟန္႔ သံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ မုလုံ ။ သခြါးသီးကို လက္တစ္ဖက္ကိုင္ၿပီး ပါးစပ္မွာလည္း ဝါး လက္စနဲ႔။

' ေဆာရီး ... အိမ္ေပၚ တက္ေတာ့မလို႔ပဲ။ ဒီနားေရာက္မွ ေခ်ာင္း ဆိုးလာလို႔ ...။'

ရိေပၚ လုပ္ခ်င္တာ လုပ္၊ ေျပာခ်င္တာ ေျပာၿပီး အေပၚကို တက္သြားတဲ့ မုလုံ ရဲ႕ ေနာက္ေက်ာကို စားမတတ္ ဝါးမတတ္ စိုက္ၾကည့္လိုက္သည္။ စိတ္ထဲတြင္လည္း တစ္ရက္က်ရင္ေတာ့ အိမ္ကေန ကန္ထုတ္အုံးမယ္ ဆိုၿပီးေတာ့ေပါ့။

မာလု လည္း ေရွာင္းက်န္႔ နဲ႔ အိမ္ႀကီးရွင္ ဝမ္ရိေပၚ ကို သြားၿဖီးၿပီး အားနာစြာ ရယ္ျပရင္း ဆရာ့ ေနာက္ အျမန္လိုက္တက္လာလိုက္သည္။

~~~~~~~~~

အခန္း တစ္ခုထဲတြင္လည္း စာၾကည့္စားပြဲေပၚမွာ ထိုင္ေနတဲ့ ေဟာ္ရွင္း တစ္ေယာက္ ပါးစပ္မွာ ေဘာပဲန္ ကိုက္ထားသည္။ ၿပီးေတာ့ သူ ၾကည့္ေနတဲ့ စာအုပ္ထဲမွာက်လည္း စာေတြ မျမင္ပဲ သူ႔ေရွ႕မွာ ဒူးေထာက္ ေတာင္းပန္ထားတဲ့ King ရဲ႕ ပုံရိပ္ေတြ ျမင္ေနတယ္။

' အာ !!!!!.'

ေဟာ္ရွင္း ေခါင္းကို ခါရမ္းၿပီး ၾကည့္လက္စ စာအုပ္ကို မၾကည့္ပဲ တစ္ျခား တစ္အုပ္ ထပ္ယူလိုက္သည္။

' ဟင္ !!!!.'

တစ္ျခား တစ္အုပ္မွာလည္း စာအုပ္ အဖုံးမွာတင္ King ရဲ႕ ၿပဳံးေနတဲ့ မ်က္ႏွာ ေပၚလာတယ္။

' အား !!!!!.'

' ဘုတ္ !!!!.'

ေဟာ္ရွင္း စာအုပ္ကို လႊင့္ပစ္ၿပီး အိပ္ယာထက္မွာ ဖင္ေထာင္ရင္း ေခါင္းအုံးေပၚ မ်က္ႏွာ ေမွာက္ထားလိုက္သည္။

အဲ့လို လုပ္ေတာ့လည္း ခုနက ေလးေလး ရိေပၚ ရဲ႕ အရိပ္အေျခကို သိခ်င္လို႔ ေအာက္ကို ျပန္ခိုးဆင္းၿပီး သြားေခ်ာင္းရင္း ၾကားလိုက္ရတဲ့ ေလးေလး ေရွာင္း ေျပာတဲ့ စကားေတြက နားထဲ ထပ္ၾကားေယာင္လာျပန္တယ္။

!! ' သူ ေဟာ္ရွင္း ကို သေဘာက်သြားလို႔လည္း ျဖစ္ႏိုင္တာပဲ ...။'!!

ေဟာ္ရွင္း ေခါင္းအုံးေပၚ မ်က္ႏွာေမွာက္ထားရာကေန ေခါင္းကို ခါရမ္းလိုက္ရင္း ...

' ဟင့္အင္း ... မဟုတ္ဘူး။ ကင္း က ငါ့ကို သေဘာမက်ဘူး။

ဟင့္အင္း ...။'

~~~~~~~~

လမ္းမေပၚ သြားေနတဲ့ ကား တစ္စီးထဲတြင္ ...

' ကိုႀကီး က်ေနာ့္ကို အိမ္ အရင္ ျပန္လိုက္ပို႔ ပါဆို ...။ က်ေနာ္ စာၾကည့္ရအုံးမွာ။'

' မင္း ကို ဘယ္သူက လိုက္ခဲ့ဖို႔ ေျပာလို႔လဲ။ မင္းပဲ အတင္း လိုက္ခ်င္ခဲ့တာ မလား။'

' ေဟာ္ရွင္း ကို တစ္ေယာက္ထဲ ကိုႀကီးနဲ႔ ထည့္ေပးဖို႔ က်ေနာ္မွ စိတ္မခ်တာ ...။'

ဒီမြန္ မထင္ထားတဲ့ စကား ၾကားလိုက္ရတာေၾကာင့္ ကားကိုလည္း ႐ုတ္တရက္ ရပ္ ပစ္လိုက္သည္။

!!!! ကြၽီ !!!!

' ဘယ္လို ...'

ကင္း ကား က ႐ုတ္တရက္ ရပ္ သြားတာေၾကာင့္ ေရွ႕ကို ငိုက္သြားေပမယ့္ ေခါင္းနဲ႔ ဒက္ရွ္ဘုတ္ မထိေအာင္ ေအာက္ဘက္မွာ ေျခကန္ ထားရင္း ...

' အာ !!!! ကား ကို မေျပာမဆိုနဲ႔ ရပ္ ရလား ...။'

' မင္း အခု ေျပာခ်င္တာက ငါက မင္းရဲ႕ သူငယ္ခ်င္းကို စိတ္ဝင္စားေနတယ္လို႔ ေျပာခ်င္တာလား ...။'

ကင္း ကိုႀကီး ဘက္ကို လွည့္လိုက္ရင္း ...

' မဟုတ္လို႔လား ? အိမ္မွာတုန္းက ကိုႀကီးပဲ ေဟာ္ရွင္းကို ၾကည့္လိုက္ ၿပဳံးလိုက္ လုပ္ေနခဲ့တာေလ ...။'

ဒီမြန္ သူ႔ညီရဲ႕ စကားေၾကာင့္ စိတ္ဆိုးရခက္ ေဒါသထြက္ရခက္ ျဖစ္သြားသည္။ ကင္း ဘက္ကို ၾကည့္ၿပီးမွ အေရွ႕ဘက္ ျပန္လွည့္ၿပီး ၿပဳံးေနရင္းနဲ႔ အေတြးထဲမွာ ကင္း ေျပာတဲ့ စကားရဲ႕ အဓိပၸာယ္ကို ေပါက္သြားသည္။
ဒါဆို ေျပာခ်င္တာ သူ႔ညီ က ဟိုေကာင္ေလးကို သဝန္တိုေနတာေပါ့။

' ကင္း !!!!.'

ဒီမြန္ သူ ေခၚတာကို စူပုပ္ပုပ္ နဲ႔ ဘာလဲ ဆိုတဲ့ ထူးသံ အစား အၾကည့္နဲ႔ ၾကည့္လာတဲ့ ကင္း ကို ...

' မင္း ဟိုေကာင္ေလးကို သေဘာက်ေနတာလို႔ေတာ့ မေျပာနဲ႔ေနာ္ ...။'

ကင္း ကိုႀကီးရဲ႕ အေမးကို ေခါင္းညိတ္ျပလိုက္သည္။

' ဟုတ္တယ္။ က်ေနာ္ သူ႔ကို အႏိုင္က်င့္ဖို႔ ႀကိဳးစားၿပီးမွ သူ႔ကို ျပန္ေတာင္းပန္လိုက္ကတည္းက သေဘာက်သြားတာ။ အခုလို သူနဲ႔ နီးနီး ကပ္ကပ္ ေနရေတာ့ သေဘာက်႐ုံ မဟုတ္ပဲ ခ်စ္ေနၿပီဆိုတာ သိလိုက္ရတယ္။'

' မင္း က ကေလး ပဲ ရွိေသးတာေနာ္။'

ကင္း ကိုႀကီးရဲ႕ စကားေၾကာင့္ ပိုလို႔ေတာင္ စူပုပ္သြားၿပီး ...

' က်ေနာ္ ၁၅ ႏွစ္ျပည့္ေတာ့မွာ။ ကေလး ကေလး လို႔ မေျပာပါနဲ႔ေတာ့ ...။'

ဒီမြန္ ၾကားလိုက္ရတဲ့ စကားေၾကာင့္ ႐ူးခ်င္သြားသည္။

' ဟ !!!!! အသက္ ၁၅ ႏွစ္ က ကေလး မဟုတ္လို႔ ဘယ္လိုေျပာရမွာလဲ ...။'

' မသိဘူး။ က်ေနာ့္ကို ကေလး ကေလး လို႔ မေခၚနဲ႔ ...။ ၿပီးေတာ့ ဒီႏွစ္ စာေမးပြဲ ေျဖၿပီးရင္ က်ေနာ့္ကို ကိုႀကီးရဲ႕ အလုပ္မွာ သင္ေပး။ က်ေနာ္ အလုပ္ စ လုပ္ေတာ့မယ္။'

ဒီမြန္ ကင္း ကို ၾကည့္ၿပီး ႐ူးမ်ားသြားၿပီလားလို႔ ေတြးရင္း ေခါင္း ခါးရမ္းလိုက္သည္။ company အလုပ္ကို ကေလး ကစားကြင္းသြားသလိုမ်ား ထင္ေနတာလား မသိဘူး။

' ကိုႀကီး !!!!.'

ေငး ေနၿပီး မထူးလာပါ။

ကင္း မ်က္ေမွာင္ၾကဳတ္ရင္း ထပ္ေခၚလိုက္သည္။

' ကိုႀကီး !!!!.'

' ဟင္????.'

' က်ေနာ္ ေျပာတာ ၾကားလား? က်ေနာ့္ကို အလုပ္ေတြ အေၾကာင္း သင္ေပး ဆိုတာ ...။'

' ၾကားပါတယ္ကြာ ...။ မင္းက ငယ္ငယ္ေလး ပဲ ရွိေသးတာကို ဘာလို႔ အလုပ္ေတြ အေၾကာင္း သင္ခ်င္ေနတာလဲ။ ငါ မင္းကို ေပးထားတဲ့ ပိုက္ဆံေတြက မေလာက္လို႔လား။'

' မဟုတ္ပါဘူး။ က်ေနာ္ အခု စ လုပ္မွ ေက်ာင္းၿပီးတာနဲ႔ဆို ကြက္တိ ျဖစ္မွာေပါ့။ ၿပီးေတာ့ ေဟာ္ရွင္း ရဲ႕ မ်က္လုံးထဲမွာ က်ေနာ္ က အားကိုးခ်င္စရာ ေကာင္းတဲ့ လူ တစ္ေယာက္ အျဖစ္ ျမင္ေစခ်င္တယ္။'

' မင္း အတည္ ႀကိဳက္ေနတာလား ...။'

' က်ေနာ့္ ပုံစံက စ ေနတာနဲ႔ တူလို႔လား ...။'

ဒီမြန္ ေခါင္း တစ္ခ်က္ ညိတ္လိုက္ၿပီးမွ ...

' မင္း က သူ႔ကို ရန္ စ ထားဖူးၿပီး အခုက် သေဘာက်ေနတယ္ဆိုေတာ့ ... သူ႔ ဦးေလးက မင္း နဲ႔ သူ႔တူကို သေဘာတူမယ္ ထင္လား?.'

' က်ေနာ္ သေဘာက်တာ ေဟာ္ရွင္း ေလ။ သူ႔ဦးေလးမွ မဟုတ္တာ။ အခု သူ႔ဦးေလးကို ႐ိုေသေနတယ္ဆိုတာ ေဟာ္ရွင္း ေၾကာင့္၊ ေဟာ္ရွင္း သာ က်ေနာ့္ သေဘာထားနဲ႔ ထပ္တူက်ရင္ က်ေနာ္ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဘူး။'

' ငါ ကန္႔ကြက္ရင္ေတာင္မွ လား???.'

ကင္း ကိုႀကီး ဘက္ကို လွည့္ေတာ့ ကိုႀကီး ရဲ႕ အၾကည့္နဲ႔ တိုးတာေၾကာင့္ မ်က္ေတာင္ မခတ္ပဲ တန္ျပန္ စိုက္ၾကည့္လိုက္ၿပီး ...

' ကိုႀကီး က ကန္႔ကြက္ မလို႔လား။'

' မကန္႔ကြက္ပါဘူး။ ငါေတာင္ အရမ္းလွတဲ့ သူ႔ ဦးေလးကို ရင္ခုန္ မိသြားေသးတာပဲ။'

ကင္း ကိုႀကီး ေျပာမွ မ်က္လုံးထဲ ႏႈတ္ခမ္းေအာက္ နားမွာ မွဲ႔ေလး ရွိတဲ့ လူ ရဲ႕ မ်က္ႏွာကို ျမင္ေယာင္လာသည္။ ၿပီးေတာ့မွ အခု ကိုႀကီးရဲ႕ လုပ္ရပ္ကို ျပန္သတိရၿပီး ကိုႀကီး ဘာလို႔ ေဟာ္ရွင္း ကို အိမ္ အတင္းျပန္လိုက္ပို႔ေပးခ်င္ရတာလဲ ဆိုတာပါ နားလည္သြားသည္။

မၾကာဘူး သူတို႔ရဲ႕ ကား ဆိုင္ တစ္ဆိုင္ေရွ႕ ေရာက္သြားသည္။

ကင္း သူ႔ရဲ႕ အင္စတာ ဂရမ္မွာ ပိုစ့္တစ္ခု တင္လိုက္ၿပီးမွ သူ႔ရဲ႕ ပိုစ့္ကိုေရာ တပ္ထားတဲ့ ကပ္ရွင္ကိုေရာ ထပ္ၾကည့္ၿပီး ကိုယ့္ဘာသာ ျပန္သေဘာက်ေနတုန္း ...

' ကဲ ... ေရာက္ၿပီ။ ဆင္းေတာ့ ...။'

ကင္း ကိုႀကီး ဆီက အသံ ထြက္လာေတာ့မွ အျပင္မွာ ျမင္ေနရတဲ့ ကလပ္ ကို ၾကည့္လိုက္ၿပီး ...

' ကိုႀကီး က်ေနာ္ ကား ထဲမွာပဲ ေစာင့္လိုက္မယ္။'

' ဘာလို႔လဲ ...။ ေရာက္ေတာင္ ေရာက္ေနၿပီပဲကို ...။'

' က်ေနာ္ မဝင္ခ်င္ဘူး။ ကိုႀကီး လည္း အၾကာႀကီး မသြားနဲ႔။'

' အိုေခ ...၊ အိုေခ ...။ သေဘာ ...။ ကိုႀကီးလည္း ခဏ ပဲ သြားလိုက္မယ္။'

ဒီမြန္ ေျပာၿပီး ကား ကိုလည္း စက္ မသတ္ေတာ့ပဲ ကား တံခါး ဖြင့္ၿပီး ဆင္းလိုက္သည္။

ကင္း ကား တံခါး ပိတ္သံ ၾကားတာနဲ႔ ကား ထိုင္ခုံ ေနာက္လွန္ေအာင္ လုပ္ၿပီး အိပ္ဖို႔ ျပင္သည္။

ထိုစဥ္ ...

' ဒူ ... ဒူ ... ဒူ ...။'

ဖုန္း သံ ေၾကာင့္ မ်က္လုံးကို ျပန္ဖြင့္ၿပီး ထ ၾကည့္ေတာ့ ကိုႀကီးရဲ႕ ဖုန္း ...။

' ကိုႀကီး တို႔က ကလပ္ထဲ ဘယ္​ေလာက္ေတာင္ သြားခ်င္ေနသလဲ မသိ၊ ဖုန္းေတာင္ ေမ့က်န္ခဲ့တယ္။'

ကင္း ဖုန္း ကို ယူၾကည့္ေတာ့ နာမည္ မမွတ္ထားတာေၾကာင့္ အေရးမႀကီးေလာက္ဘူး ထင္ၿပီး မကိုင္ေပးလိုက္ပါ။

' ထင္း !!!!.'

လက္ထဲမွာတင္ က်သြားတဲ့ ဖုန္း ထံမွ မက္ေဆ့ တစ္ေစာင္ ဝင္လာသည္။

မဖြင့္ၾကည့္ေတာ့ဘူး ဆိုၿပီး ဖုန္းကို သူ႔ေနရာ သူ ျပန္ခ်ထားဖို႔လုပ္ေတာ့မွ မ်က္လုံးေတာင့္မွ ဖ်တ္ခနဲ ျမင္ရလိုက္ရတဲ့ " တ႐ုတ္လူမ်ိဳး ေကာင္ေလး ..." ဆိုတဲ့ စာေၾကာင့္ ဖုန္း က သူ႔အရင္ေနရာဆီ မေရာက္ျဖစ္လိုက္ပါ။

~~~~~~~~

ဟိုတယ္ ရဲ႕ အခန္း တစ္ခန္း အတြင္းတြင္လည္း ...

ရွဲန္႔မု သူ တစ္ေယာက္တည္း ပစၥည္းေတြ သိမ္း၊ ဘာေတြ က်န္ေနမလဲ ဆိုတာလည္း စစ္ရေသးတယ္။ ယြီ႕က်င္း ကို ၾကည့္ေတာ့ အိပ္ယာထက္မွာ ေျခဆင္းရင္း ေျခေခ်ာင္းေတြ လႈပ္စိ လႈပ္စိ နဲ႔ ဖုန္းသုံးေနတယ္။

' ဟဲ့ ...။'

ရွဲန္႔မု အျမင္ကပ္လာတာေၾကာင့္ လက္ နဲ႔ မပုတ္ေတာ့ပဲ ေျခေထာက္နဲ႔ တို႔ၿပီး ေခၚလိုက္ေတာ့သည္။

ယြီ႕က်င္း ကေတာ့ ေျခေထာက္လည္း အလႈပ္ မျပတ္၊ တစ္ခ်က္မွလည္း ေမာ့ၾကည့္ေဖာ္ မရလာပါ။

!!!! ဘုတ္ !!!!

' အ !!!!.'

ယြီ႕က်င္း သူ႔ ဗိုက္ေပၚ က်လာတဲ့ အရာေၾကာင့္ အသံ ထြက္သြားရၿပီး ေဘးမွာ ေလွ်ာက်လာတာက MacBook ျဖစ္ေနတယ္။

ယြီ႕က်င္း ကိုင္ၿပီး ထ လိုက္ရင္း ...

' ဘာလဲ ... ဒါက ...။'

' နင့္ ပစၥည္း ေလ ...။'

' သိတယ္ေလ။ အခုက ဘာလို႔ လာပစ္ေပးတာလဲ ေမးတာ။'

' ဘာျဖစ္ရမွာလဲ ...၊ အိမ္ျပန္ဖို႔ အတြက္ ရွိရွိသမွ် ပစၥည္းေတြ ငါကပဲ သိမ္းေနရတာေလ။ ၿပီးေတာ့ ငါ့ပစၥည္းထက္ နင့္ ပစၥည္းက ပိုမ်ားေနေသးတာ။ အဲ့ဒါကို တစ္ခ်က္မွ ကူေဖာ္ မရတဲ့ အျပင္ ဂ႐ုေတာင္ မစိုက္လို႔ အျမင္ကပ္ၿပီး တမင္ လုပ္လိုက္တာ။
ဘာလဲ ... မေက်နပ္ဘူးလား ...။'

ယြီ႕က်င္း မ်က္ႏွာတည္နဲ႔ ေရပက္ မဝင္ေအာင္ ေျပာလာတဲ့ ရွဲန္႔မု ေၾကာင့္ MacBook ကို ေဘးမွာ ခ်ထားၿပီး ကုတင္ေပၚက အျမန္ဆင္းလိုက္ရင္း ...

' အဟီး ... ရွဲန္႔မု ကလည္း ငါ ေမ့သြားလို႔ပါ။ လာ ... မင္း က ျပန္ထိုင္ေနလိုက္ေတာ့။ က်န္တာ ငါပဲ လုပ္လိုက္မယ္။'

ရွဲန္႔မု သူ႔ ပုခုံးကို ဖက္ၿပီး ကုတင္မွာ ထိုင္ဖို႔ ဖိခ်လိုက္တဲ့ ယြီ႕က်င္း ကို မ်က္ေစာင္းထိုးလိုက္ၿပီး ...

' လုပ္ရမွာပဲေလ။ ေတာ္ေတာ္ မ်ားမ်ားကို ငါက သိမ္းၿပီးၿပီ။ က်န္တာေလးေတာင္ မလုပ္ခ်င္လည္း အိမ္ကို ဘာမွ သယ္မသြားပဲ ထားခဲ့လိုက္ေတာ့။'

' အင္းပါ ...။ ငါ လုပ္လိုက္မယ္။'

ယြီ႕က်င္း လက္က်န္ သူ႔ပစၥည္းေတြ သိမ္းေနရင္း အသံ ၿငိမ္သြားတဲ့ ရွဲန္႔မု ဘက္ကို ခိုးၾကည့္ေတာ့ ...
အမယ္ ... မယ္ေရသူမေလးက ခုန သူ လုပ္တဲ့ အတိုင္း ေျခေလး လႈပ္တုပ္ လႈပ္တုပ္ နဲ႔ ဖုန္းၾကည့္ေနတာ။

ယြီ႕က်င္း ခုမွ ခုန ရွဲန္႔မု ရဲ႕ ခံစားခ်က္ကို နားလည္သြားသည္။ ကိုယ္က အလုပ္ လုပ္ေနရၿပီး တစ္ျခားလူက ေအးေအး ေဆးေဆး ေန ေနရင္ တကယ္ပဲ အျမင္ကပ္ဖို႔ သိပ္ေကာင္းတာပဲ။

~~~~~~~~

အိမ္ တစ္အိမ္တြင္လည္း ...

' ဘုန္း !!!!.'

' ဒုန္း !!!!.'

' ခလြမ္း !!!!.'

Knight သူ႔ ကြန္ပ်ဴတာမွာ ျမင္ေနရတဲ့ King တင္ထားတဲ့ ပိုစ့္ကို ၾကည့္ၿပီး မေက်နပ္စြာ ေတး လိုက္သည္။

' King ... မင္းက ငါ့ကို လာၿပီး ေက်ာခ်င္ေနတာေပါ့။ အဲ့ေလာက္ မလြယ္ဘူး။ ေဟာ္ရွင္း ကို မင္းထက္ အရင္ ငါက ခ်စ္ေနတာ။ မင္း သူ႔ကို ခုလို လြယ္လြယ္နဲ႔ လု ယူသြားခြင့္ မေပးႏိုင္ဘူး။'

Knight ေနာက္တစ္ခါ ကြန္ပ်ဴတာဆီ အၾကည့္ေရာက္သြားျပန္သည္။

King ရဲ႕ အင္စတာ ဂရမ္ မွာက ေဟာ္ရွင္း ရဲ႕ ေဘး တစ္ေစာင္းပုံေလး ကို ခိုး႐ိုက္ထားတဲ့ ပုံ ကို တင္ထားၿပီး ကပ္ရွင္က " ခ်စ္မိသြားရင္ တစ္စိတ္ တစ္ပိုင္း ေလးပဲ ဆိုရင္ေတာင္ ေငးၾကည့္ေနခ်င္စရာ ေကာင္းတာပဲလား" ဆိုၿပီး ေရးထားတာ ျဖစ္သည္။

~~~~~~~~

ညေနပိုင္းတုန္းက ဆူဆူ ပူပူ ရွိသေလာက္ အိမ္က ည ဦးပိုင္း အခ်ိန္လည္း ေရာက္လာေရာ တိတ္ဆိတ္သြားသည္။

ညပိုင္းဆို ေအးေနေသးတဲ့ ရာသီမွာ သူ႔ကိုယ္သူ ျပန္ၿပီး အျပစ္ေပးတဲ့ အေနနဲ႔ လူ တစ္ေယာက္ကေတာ့ အိမ္ေရွ႕မွာ အုတ္ခုံမွာ ထိုင္ေနတယ္။

!!!! ကလစ္ !!!!

တံခါး ဖြင့္သံနဲ႔ အတူ ေဘးမွာလည္း ေျခေထာက္ တစ္စုံ ရပ္လာသည္။

ဟုန္လုံ မၾကည့္ပဲ ထိုင္ေနၿမဲအတိုင္းပဲ ဆက္ထိုင္ေနလိုက္တယ္။

ထိုစဥ္ သူ႔ ဒူး တို႔ခံလာရနဲ႔ အတူ စကား သံ လည္း တစ္ဆက္တည္း ၾကားလိုက္ရသည္။

' ခင္ဗ်ား ဒီအျပင္မွာ ေအးခဲ ခံၿပီး ေသျပမလို႔လား။'

မုလုံ သူ က သနားလို႔ အေဖာ္ လာလုပ္ေပးမလို႔ဟာကို အဖက္ေတာင္ မလုပ္တဲ့ လူ ေၾကာင့္ ေစာင္းၾကည့္ၿပီး လက္ တစ္ဖက္ ကို လႈပ္ရွားလိုက္သည္။

ဟုန္လုံ သူ႔ ပုခုံးေပၚ ေရာက္လာတဲ့ လက္ ေၾကာင့္ ေဘးကို ေစာင္းၾကည့္ေတာ့ သူ႔ကို မ်က္ခုံး တစ္ဖက္ ပင့္ျပလာတဲ့ မုလုံ။ ႐ုပ္ကလည္း စပ္ၿဖီးၿဖီး နဲ႔။

ဟုန္လုံ ခုခ်ိန္ သူ တစ္ေယာက္တည္း ေနခ်င္တာေၾကာင့္ ေခါင္းကို ျပန္လွည့္ၿပီး ပုခုံး ေပၚက လက္ကို ဖယ္ခ်ဖို႔ လုပ္သည္။

ဒါေပမယ့္ ဖယ္ခ် ေပး မခံရတဲ့ အျပင္ ပိုေတာင္ ဖက္ ခံ လိုက္ရေသးတယ္။

' ခင္ဗ်ား ဘာျဖစ္ေနတာလဲ...။ စကား မေျပာခ်င္လည္း ၿငိမ္ၿငိမ္ေနေလ။ က်ေနာ္ က ခင္ဗ်ား ေအးေနမွာ စိုးလို႔ မေအးေအာင္ လုပ္ေပးေနတာ။'

ဟုန္လုံ ဘာမွလည္း အထြန္႔ မတက္ခ်င္ေတာ့တာေၾကာင့္ တကယ္လည္း ဘာမွ ထပ္မလႈပ္ပဲ ၿငိမ္ေနလိုက္သည္။

ေအး ေနတဲ့ အေျခေနမွာ စကားလည္း မေျပာၾကတဲ့ လူ ႏွစ္ေယာက္ အတြက္ေတာ့ အေတာ္ေလး ပ်င္းရိစရာ ေကာင္းပါတယ္။ အဲ့ဒါေၾကာင့္ စကား ေျပာေဖာ္ မရွိတဲ့ ေရသူထီးေလး ကေတာ့ တေျဖးေျဖး မ်က္လုံးေတြ စင္းလာၿပီး ေခါင္းကလည္း ပုခုံး တစ္ဖက္ဆီ ေစာင္း ေစာင္း က် သြားပါေတာ့တယ္။

အိပ္ေပ်ာ္သြားတဲ့ လူ အဖို႔ ဘာဆိုမွ မသိ၊ မဆင္ျခင္ႏိုင္ေတာ့တဲ့ အတြက္ေၾကာင့္ေရာ၊ ေခါင္း ခ် မိတဲ့ ေနရာက ေခါင္းအုံးေပၚလည္း မဟုတ္တာေၾကာင့္ မတည္ၿငိမ္ပဲ ျပဳတ္ ျပဳတ္ က်ခ်င္ေနတယ္။

ဟုန္လုံ သူ႔ ပုခုံးေပၚကေန ေလွ်ာ ေလွ်ာ က်ေနတဲ့ ေခါင္းေလးကို လက္ တစ္ဖက္ ထိန္းေပးထားရင္း သူ႔ အျဖစ္သူ ျပန္ေတြးမိၿပီး ေခါင္းကို ခါရမ္းလိုက္သည္။

ဒီေန႔ရဲ႕ ရာသီ ဥတု ကေတာ့ တကယ္ပဲ သူ႔ဖက္ မပါဘူး ထင္တယ္။ ေအးေအး ေဆးေဆး ကို မေနရဘူး။ နား ပူလိုက္၊ ပုခုံး ပူလိုက္နဲ႔။

~~~~~~~~

အခန္း တစ္ခန္း တြင္လည္း ...

' ကိုကို ...။'

' အင္း ...။'

' မနက္ျဖန္ က်ေနာ္ တို႔ တကယ္ပဲ လက္မွတ္ အတူ သြားထိုးၾကေတာ့မွာေပါ့ေနာ္ ...။'

ရိေပၚ သူ႔ ရင္ဘတ္ေပၚမွာ လက္ေခ်ာင္းေလးနဲ႔ လာတို႔ထိရင္း ေျပာေနတဲ့ ေရွာင္း ရဲ႕ လက္ကို ဖိဆုပ္လိုက္ၿပီး ...

' ဘာလို႔လဲ ...။ ေရွာင္း က မထိုးခ်င္ေတာ့ျပန္ဘူးလား။'

' မဟုတ္ပါဘူး။ မနက္ျဖန္ ဆိုတာ မေသခ်ာ မေရရာ ဘူးေလ။ က်ေနာ္လည္း မယုံရဲေသးလို႔ ထပ္ေမးၾကည့္တာ။'

ရိေပၚ ေရွာင္း ရဲ႕ စကားေၾကာင့္ ထ ထိုင္လိုက္ၿပီး ေရွာင္း ကိုလည္း ထ ထိုင္ေစလိုက္ရင္း ...

' မင္း မနက္ျဖန္ ကို မယုံရဲေသးရင္ ခုပဲ သြားၿပီး လက္မွတ္ သြားထိုးမလား။'

အဲ့လိုေျပာေတာ့လည္း ေရသူထီးေလးက မျမင္ရတဲ့ အျပင္ဘက္ကို လွမ္းၾကည့္ၿပီး ေျပာလာပါတယ္။

' ဒီအခ်ိန္ႀကီး သြားလို႔ ရလို႔လား ...။'

' ပိုက္ဆံ ရွိရင္ ေသဆုံးမယ့္ အခ်ိန္ကိုေတာင္ ေ႐ႊ႕လို႔ ရေသးတာပဲ။ မင္းသာ အလိုရွိရင္ ကိုယ္ အကုန္လုပ္ေပးလို႔ ရတယ္။'

ရိေပၚ သူ႔ဘာသာ ေသ ရမယ့္ အခ်ိန္ဆိုတာကို ေျပာၿပီးမွ ေရွာင္း ရဲ႕ ေရသူထီး ဘဝ နဲ႔ ေနရမယ့္ သက္တမ္းကို သိခ်င္သြားသည္။

' ေရွာင္း !!!!.'

' ဟင္ !!!.'

' မင္းတို႔ ေရသူထီး ရဲ႕ သက္တမ္း က ဘယ္ေလာက္ထိ ေနႏိုင္တာလဲ ...။'

' အင္း ...။ တကယ္လို႔ သဘာဝ အတိုင္း ေရထဲမွာပဲ ေနၿပီး၊ ဘာအႏၲာရာယ္မွ မရွိရင္ေတာ့ သက္တမ္း ရွည္က်တယ္။ ခုလို ကုန္းေပၚမွာ လူသား လို အၾကာႀကီးေနရင္ေတာ့ ဘယ္ေလာက္ထိ ေနႏိုင္လဲဆိုတာ မသိဘူး။'

' မြ !!!.'

ရိေပၚ ေရွာင္း ရဲ႕ လက္ကို နမ္းလိုက္ၿပီး ...

' ဒါဆို ကိုယ္ကပဲ မင္း ကို အရင္ ထားခဲ့ရမယ္ ထင္တယ္။ လူသား နဲ႔ ေရသူထီး ဆိုရင္ ဘယ္လိုျဖစ္ျဖစ္ လူသား ကပဲ အရင္ ေသဆုံးမွာ အေသခ်ာပဲ။
ကိုယ္ စိတ္မေကာင္းလိုက္တာ ...။ မင္းထက္သာ အရင္ ေသဆုံးသြားခဲ့ရင္ မင္း ကိုယ့္ရဲ႕ အမွတ္တရေတြနဲ႔ လြမ္းက်န္ရစ္ေနရေတာ့မယ္။'

' ဟင့္အင္း ...။ က်ေနာ္ မေနခဲ့ဘူး။ ကိုကို လူ႔ေလာကႀကီးမွာ မရွိေတာ့တဲ့ေန႔ က်ေနာ္ လည္း ကမာၻမွာ မရွိေတာ့တဲ့ေန႔ပဲ။ အသက္ မရွဴရေတာ့ဘူး ဆိုရင္ေတာင္ ကိုကို႔ ရင္ခြင္ထဲမွာပဲ အသက္ ထြက္ခ်င္တယ္။'

ရိေပၚ ေရွာင္း တကယ္ေျပာေနတယ္ဆိုတာ ခံစားရတာေၾကာင့္ မ်က္ဝန္းမွာ မ်က္ရည္ စ ေတြ ေဝ့သီခ်င္ေနၿပီ ျဖစ္တဲ့ ေရွာင္း ရဲ႕ မ်က္ဝန္းကို လက္မ နဲ႔ တယုတယ ပြတ္သုတ္ေပးလိုက္ၿပီးမွ ရင္ခြင္ထဲ ဆြဲသြင္းၿပီး ခပ္တင္းတင္း ဖက္ထားရင္း ...

' မင္း ကိုယ့္ကို အဲ့ေလာက္ထိ ခ်စ္မိသြားတာလား။'

ေရွာင္းက်န္႔ လည္း ကိုကို႔ ရဲ႕ ခါး ကို တင္းက်ပ္ေနေအာင္ ဖက္ လိုက္ၿပီး ကိုကို႔ ရင္ခြင္ထဲမွာ ေခါင္း တညိတ္ညိတ္နဲ႔ ...

' ဘယ္အခ်ိန္မွန္း မသိေပမယ့္ တကယ္ အရမ္း ခ်စ္မိသြားတာ။'

အထိ အေတြ႕ရဲ႕ ခ်ိတ္ဆက္မႈေၾကာင့္ တစ္ေယာက္ ကို တစ္ေယာက္ တင္းတင္း ၾကပ္ၾကပ္ ဖက္ထားရင္းကေန အနည္းငယ္ ခြါၿပီး မ်က္ႏွာခ်င္း ဆိုင္လိုက္ၾကသည္။

ကုတင္ေပၚမွာ ခ်စ္စကားေတြ နဲ႔ အျပန္အလွန္ နားလည္ သြားၾကတဲ့ လူ ႏွစ္ေယာက္ အဖို႔ ဆက္လုပ္စရာ ဘာရွိမွာလဲ????

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.02.10 ( Sat )

Continue Reading

You'll Also Like

4.5K 633 14
ဒါလေးက သူငယ်ချင်းရေးတာလေးပါ...သူ့accကပျက်သွားလို့ ကိုယ်ကအစားထိုးတင်ပေးတာပါ
56.4K 969 18
Kristoff x reader. Y/n is okay with people near her but if they get near her hands, well that's a different story. In the book's present time: Elsa...
3.3K 75 21
Nick a boy who was a lonely stay at home and avoid people kind of person who had used beer to solve his loneliness with the feeling of bliss. he come...
14.3K 1.3K 16
ကျုပ် မင်းကိုမြတ်နိုးတယ် မင်းဆရာဝမ်။