ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် က...

By AnnAnnLikesCoffee

33K 4.8K 108

Title : Transmigrated into a Blacksmith's Husband Author : 邀之 Type : Web novel Alternative names : 穿成铁匠夫郎 Tot... More

Description
အခန်း ၁။ တုံးအတဲ့ ဝက်ဝံကြီးက အရမ်းစိတ်ဆိုးနေပုံပဲ။
အခန်း ၂။ ခင်ဗျား လှည့်ထွက်သွားတယ်!
အခန်း ၃။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် သူက အရူးအနှမ်းတစ်ယောက်ပဲ။
အခန်း ၄။ ငွေဘယ်လိုရှာရမလဲ?
အခန်း ၅။ ငါ့ခင်ပွန်းကို ဒီလိုမျိုး လာမလုပ်နဲ့!
အခန်း ၆။ ဘာလို့ နည်းနည်း စေးကပ်နေရတာလဲ?
အခန်း ၇။ သူကျွန်တော့်ကိုပေးတဲ့ အဝတ်အစားတွေ
အခန်း ၈-၁။ သူနာကျင်သွားရပြီ
အခန်း ၈-၂။ သူနာကျင်သွားရပြီ
အခန်း ၉။ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်
အခန်း ၁၁။ ပုံပြင်စာအုပ်
အခန်း ၁၂။ သံထည်အလုပ်ရုံ။
အခန်း ၁၃။ နားလည်းမလည်ဘူး!
အခန်း ၁၄။ သတို့သမီး၏ ပထမဆုံးအကြိမ် မိဘအိမ်သို့အပြန်။
အခန်း ၁၅။ ခွဲထွက်၍ သီးခြားနေထိုင်ခြင်း။
အခန်း ၁၆။ ပန်းပွင့်မုန့်ပေါင်းလေး
အခန်း ၁၇။ နေရာပြောင်းရွှေ့ခြင်း။
အခန်း ၁၈။ အသီးအရွက်ပန်ကိတ်။
အခန်း ၁၉။ ခြစ်။
အခန်း ၂၀။ ပွဲကို စောင့်ကြည့်ခြင်း။

အခန်း ၁၀။ အလွန်စိတ်ဆင်းရဲစွာ ရောင်းချခြင်း

1.2K 218 6
By AnnAnnLikesCoffee

ရွှီရှုံ့ဟွား ခါယမ်းလိုက်ပြီး ပို၍ပင် သနားစဖွယ် အော်ဟစ်ငိုကြွေးလိုက်သော်လည်း မျက်ရည်များအား မတွေ့ရပေ။

အဆင့်အတန်းမြင့်သော ရွာသားတစ်ယောက်သည် ရှေ့ထွက်လာပြီး တရားချရန် ကြိုးစားလေသည်။
"ယွီမိသားစု ခင်ဗျားဘာတွေ လုပ်နေတာလဲ? ကောင်းကောင်းမွန်မွန် ပြောမှပေါ့ ငါတို့က တစ်ရွာတည်းသားတွေပဲကို ပြီးတော့ ခင်ဗျားတို့က ဆွေမျိုးတွေပဲလေ"

မျိုးဆက်များစွာ ယွီမိသားစုသည် ပန်းပဲဆရာများဖြစ်ကြပြီး ယဉ်ကျေးပျူငှာ၍ ရိုးသားကြလေသည်။ သူတို့သည် ရှန်ဟယ်ရွာမှ လူများ၏ ပြောင်းလဲမှုလေးများအား တုံ့ပြန်နေကျမဟုတ်ပေ။ သူတို့အကြောင်းကို သေချာသိသောသူများသည် အခြေအနေအား နားလည်ပြီး အလျင်အမြန်ပင် နှောင့်ယှက်လိုက်၏။
"ယွီမိသားစု ရှင်တို့ဘာဖြစ်နေတာလဲ? ပြဿနာတစ်ခုခု ရှိတယ်ဆိုရင်လည်း အကုန်ထုတ်ပြောလိုက်ပြီး သင့်တင့်တဲ့အဖြေ ရှာကြတာပေါ့"

လင်ချွေ့ဖန်း၏ဒေါသသည် ပြင်းထန်နေဆဲဖြစ်ပြီး
"ယွမ်ကောအာက ဒီနေ့ နေသိပ်မကောင်းလို့ အိပ်ရာထဲက မထနိုင်ဘူး သူကျွန်မတို့အိမ်ကို လာတုန်းက ထူးဆန်းနေတယ် ယွမ်ကောအာ ထွက်လာပြီး သူ့ကိုနှုတ်ဆက်စေချင်နေတာ ကျွန်မ ကလေးရဲ့အခြေအနေကို စဉ်းစားပြီး သူ့ကိုဝင်ပြီးမေးမြန်းဖို့ ခွင့်ပြုခဲ့တယ် ဒါပေမဲ့ သူက ငြင်းဆန်ပြီး အောက်တန်းစားအပျက်ကောင်လို့တောင် ခေါ်လိုက်သေးတယ် သူဘယ်သူ့ကို ကျိန်ဆဲတာလဲ?"

ထိုစကားလုံးသည် ယေဘုယျအားဖြင့် ကျင့်ဝတ်ထုံးတမ်းများအား မလိုက်နာသော အမျိုးသမီး သို့မဟုတ် ကောများအား ဖော်ပြရာ၌ အသုံးပြုခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်၏ ကလေးအား ဤစကားလုံးသုံး၍ ကျိန်ဆဲခြင်းမှာ အလွန်အမင်း စော်ကားပုတ်ခတ်ခြင်း ဖြစ်ပြီး ထိုစကားကြားသူတိုင်းအား စက်ဆုပ်ရွံရှာခြင်း ဖြစ်စေလိမ့်မည်ပင်။

သဘာဝကျစွာပင် ရွှီရှုံ့ဟွား ငြင်းဆိုလိုက်၏။
"ငါမပြောခဲ့ပါဘူး! နင်က အကျယ်ချဲ့နေတာပဲ!"

"ခင်ဗျား ပြောခဲ့တယ်! ကျွန်တော် ကြားလိုက်တယ်!"
ယွီရှန့်ဝူ ပက်ခနဲ ပြန်ပြောလိုက်သည်။

ထိုကဲ့သို့သော အကြောင်းအရာမျိုးကို ကလေးများသည် လိမ်ညာလိမ့်မည် မဟုတ်ချေ။ ယွီမိသားစုသည် အမြဲယုံကြည်စိတ်ချရသည်။ ပွဲကြည့်ပရိသတ်များ၏ စိတ်အတွင်းမှ ချိန်ခွင်လျှာသည် ယွီမိသားစုဘက်သို့ အလေးသာသွားခဲ့၏။

အခြေအနေသည် သူ့ဘက်တွင် မဟုတ်မှန်း ရွှီရှုံ့ဟွား မြင်ပြီးနောက်တွင် သူ့ရင်ထဲမှ ဒေါသများမှာ ထွက်ပေါက်ရှာတော့သည်။
"အမလေး ငါအသက်မရှင်နိုင်တော့ပါဘူး! ငါ့မိသားစုရဲ့ အိမ်ထောင်ဦးစီးက ဘယ်မလဲ? သူတို့ငါ့ကို အနိုင်ကျင့်နေကြတယ်!"

"ယွမ်ကောအာထက်ပိုပြီး နှလုံးသားမဲ့တဲ့သူ ရှိသေးရဲ့လား? သူလက်ထပ်သွားပြီးကတည်းက တစ်ခါလေးတောင် အိမ်ပြန်မလာခဲ့ဘူး တခြားဟာတွေ မပြောနဲ့ဦး မိသားစုဆီကို အလည်ပြန်လာရမဲ့ အခြေခံကျင့်ဝတ်ထုံးတမ်းလေးတောင် မလုပ်ဘူး! သူ့မိဘတွေ အစောကြီးသေသွားကြလို့ ငါ့သားအရင်းလေးလို သူ့ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ အခု အမြင့်ကို ရောက်သွားပြီဆိုတော့ ငါ့ကို သူ့အဒေါ်လို့တောင် အသိမှတ်မပြုတော့ဘူး!"

"သူ မုန့်ကျရောင်းနိုင်ပြီး သူ့ဦးလေးနဲ့ငါ့ကျ လာမတွေ့နိုင်ဘူး သူ့ဦးလေးနဲ့ငါ့အတွက်က ကိစ္စမရှိပေမဲ့ သူ့အဘွားအရင်းကိုတောင် ဂရုမစိုက်ဘူး!"

လင်ချွေ့ဖန်း ခွန်းတုံ့ပြန်လိုက်၏။
"နင် ပေါက်ကရတွေ ပြောနေတာပဲ! လက်ထပ်ပွဲဒုတိယနေ့မှာ ငါနင်တို့ဆီလာပြီး ပြောခဲ့တယ်လေ အလည်ပြန်မလာခင် ယွမ်ကောအာ ကျန်းမာလာတဲ့အထိ စောင့်ကြဖို့ နင် သေသေချာချာကို သဘောတူခဲ့တယ်လေ!"

"နင့်ဆီမှာကျ သူမုန့်ရောင်းနိုင်တယ်လေ! သူ တစ်ခုခုဖြစ်နေတယ်လို့ ငါတော့မထင်မိပါဘူး!"

ယွီသာ့မုန် တွဲခေါ်လာသည့် ချောင်ယွမ်မှာ ဤစကားအား ကြားလိုက်ရ၏။ သူ့ကိုယ်သူ ဆွဲဆိတ်လိုက်ပြီး တစ်ပြိုင်နက်တည်းတွင် ပြဇာတ်အတွင်းသို့ ဝင်လိုက်တော့၏။ သူ့မျက်ရည်များအား သုတ်လိုက်ပြီး ဝမ်းနည်းကြေကွဲဟန်ဆောင်ကာ ပြောလေ၏။
"အဒေါ် ဘာတွေပြောနေတာလဲ?"

ရွှီရှုံ့ဟွားသည် ချောင်ယွမ့်ရှေ့တွင် ကြီးစိုးခြယ်လှယ်နေကျ ဖြစ်လေသည်။ သူ့ကိုတွေ့တွေ့ချင်းမှာပင် စိတ်ဖောက်သွားပြီး သူ့ဆီသို့ အပြေးအလွှား သွားတော့သည်။

ချောင်ယွမ် လန့်ဖျပ်သွားရ၏။ ဒီမိန်းမအိုကြီးက အရမ်းရိုင်းပြီး ဗိုလ်ကျလွန်းတာပဲ!

ယွီသာ့မုန် အလျင်အမြန်ပင် ချောင်ယွမ်ကို သူ့နောက်ပို့ပြီး ကာကွယ်လိုက်သည်။ သူတို့ဆီသို့ အပြေးလာသော ရွှီရှုံ့ဟွားအား ခက်ထန်စွာစိုက်ကြည့်လိုက်သည်မှာ အလွန်ပင် ခြိမ်းခြောက်ပြီး ကြမ်းကြုတ်ရက်စက်သည့်ပုံပင်။

ရွှီရှုံ့ဟွား၏ အသံသည် တခဏကြာ တုန်ရီသွားပြီး သူ့လှုပ်ရှားမှုအား ဖြတ်၍ လမ်းတစ်ဝက်မှာပင် ရပ်တန့်လိုက်၏။ သို့သော်လည်း ခါးထောက်ထားဆဲဖြစ်ပြီး ပြောလိုက်သည်မှာ
"ဘာလဲ? မင်းငါ့ကို ရိုက်ရဲလို့လား?"

လင်ချွေ့ဖန်း သူ့ကို ရိုက်နိုင်သော်လည်း ယွီသာ့မုန်မှာ မရိုက်နိုင်ပေ။ ယခုအချိန်တွင် သူသည် ယွီသာ့မုန်၏ အကြီးအကဲဖြစ်ပြီး သူ့အားရိုက်ရဲလိမ့်မည်ဟု သူ မယုံချေ။

ထိုအကြောင်းကို စဉ်းစားပြီးနောက်တွင် သူပို၍ပင် မတ်မတ်ရပ်လိုက်ပြီး ချောင်ယွမ်အား လှောင်လိုက်၏။
"အိုး ယွမ်ကောအာ မင်းက အခု လက်ထပ်ပြီးသွားပြီ မင်းက နည်းနည်းနောနောတော့ မဟုတ်ဘူးပဲ မင်းကို ကျောထောက်နောက်ခံပေးမဲ့ တစ်ယောက်ယောက် ရှိနေတာကိုး"

ချောင်ယွမ် ဆွံ့အသွားရလေ၏။ သူ ယွီမိသားစုနှင့်အတူ ငြိမ်းချမ်းသောဘဝကို နေချင်ရုံပင်ဖြစ်ပြီး သူ့မူလမှတ်ဉာဏ်များထဲမှ လူယုတ်မာအား သတိမရချင်ခဲ့ပေ။ သို့သော်လည်း သူတို့အိမ်၏တံခါးကို သူလာခေါက်နေပြီ! ချောင်ယွမ် ယွီသာ့မုန်၏ လက်မောင်းအား ညင်ညင်သာသာဖြင့် ဖြည်းညင်းစွာတို့လိုက်ပြီး ဒေါသမထွက်ရန် အချက်ပြလိုက်သည်။ ထို့နောက် အေးအေးဆေးဆေးဖြင့် လူအုပ်ကြီးအနားသို့ ချဉ်းကပ်လိုက်ပြီး ပေါ့ပါးသွက်လက်စွာ ပြောလေ၏။
"အဒေါ် တခြားကောတွေက သူတို့ မွေးမိသားစုရဲ့ ကျောထောက်နောက်ခံမှုကို ရကြပေမဲ့ ကျွန်တော်ကတော့ ခင်ပွန်းသည်ရဲ့ မိသားစုအပေါ်မှာပဲ အားကိုးအားထားပြုနေရတာပါ ဒါက..."

တစ်စုံတစ်ယောက်သည် "ဖွတ်" ဟူသည့်အသံနှင့် မတတ်နိုင်စွာဘဲ ကျယ်လောင်စွာ ရယ်မောလေတော့သည်။

သားသတ်သမား၏ဇနီး မရီးကျန်းသည် ချောင်ယွမ်သူ၏ခါးအား ဆုပ်ကိုင်ထားသည်ကို မြင်ပြီး ပွင့်ပွင့်လင်းလင်းပင် မေးလေ၏။
"‌ယွမ်ကောအာ ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ခါးကို ကိုင်ထားတာလဲ?"

ချောင်ယွမ် သူ့ကိုနှုတ်ဆက်လိုက်ပြီး ပေါက်ကရစကားများကို စတင်၍ အလေးအနက်ပြောလေတော့သည်။
"အိုး! ဒါ ကျွန်တော့်ရဲ့ ရောဂါဟောင်းလေးပါပဲ ကျွန်တော် ရေသယ်နေကျတုန်းက ခါးခိုက်မိပြီး ဒီနေ့လို မိုးအုံ့တဲ့နေ့တွေဆို ပြန်ပြီး နာလာတယ်"

လူတိုင်းက "နေကျ" သည် ဘာကို ဆိုလိုမှန်း သိကြ၏။

ရွှီရှုံ့ဟွား ဆက်၍သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး‌ မေးလေ၏။
"နင် ဘာကို ဆိုလိုတာလဲ?"

ချောင်ယွမ် ဘာမှမပြောနိုင်ခင်မှာပင် ရွှီရှုံ့ဟွား၏ အိမ်နီးချင်းဖြစ်သူ အဒေါ်ဝူမှ ရွှင်လန်းတက်ကြွစွာဖြင့် ပြောလိုက်သည်။
"အဲ့ဒါက ဘာကိုဆိုလိုမှန်း နင့်စိတ်ထဲမှာ မသိဘူးလား?"

အဒေါ်ဝူခင်ပွန်း၏ မိသားစုနှင့် ချောင်မိသားစုတို့သည် မျိုးဆက်များစွာကြာ အိမ်နီးချင်းများ ဖြစ်ခဲ့ကြပြီး အမြဲငြိမ်းချမ်းခဲ့ကြသည်။ သို့သော်လည်း ရွှီရှုံ့ဟွား ချောင်မိသားစုသို့ လက်ထပ်ဝင်ရောက်ခဲ့ပြီးနောက်တွင် မိသားစုနှစ်စုသည် ဘယ်တော့မှ မတိတ်ဆိတ်တော့ဘဲ အရေးမပါသော အသေးအဖွဲကိစ္စလေးများအပေါ်တွင် မကြာခဏငြင်းခုံခဲ့ကြ၏။ အဒေါ်ဝူသည် ရွှီရှုံ့ဟွားအား သည်းမခံနိုင်တော့ဘဲ သူ့အားထိုးနှက်ရသည်ကို ပျော်ရွှင်လျက်
"ယွမ်ကောအာ အိမ်မှာတုန်းကဆိုရင် နင့်မိသားစုရဲ့ ဘယ်အိမ်မှုကိစ္စကို သူမလုပ်ရလို့လဲ? ဒါက သူငယ်ငယ်ကတည်းက ဖြစ်လာတဲ့ နာတာရှည်ရောဂါပဲ!"

လူအုပ်ကြီးသည် ချက်ချင်းပင် စတင်၍ ဆွေးနွေးကြလေတော့၏။
"ဒါအမှန်ပဲ ယွမ်ကောအာ ရေတွင်းမှာ ရေသယ်‌နေတာ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တယ် သူ့ခန္ဓာကိုယ်သေးသေးလေးနဲ့ တစ်လှမ်းလှမ်းပြီး နှစ်လှမ်းနားရှာတာ ငါမကြည့်ရက်တာနဲ့ သူ့အိမ်ဆီ ကူသယ်ပေးဖို့ ငါ့ခင်ပွန်းကို ပြောလိုက်ရတယ်"

"ငါလည်းမြင်ဖူးတယ် ဆောင်းတွင်းကြီးမှာ အဝတ်ပါးလေးနဲ့ မြစ်ဘေးမှာ အဝတ်လျှော်နေရတာ လက်တွေမှာလည်း နှင်းကိုက်နာတွေအပြည့်နဲ့ ဟူး!"

ရွာထဲမှ အမျိုးသမီးများနှင့် ကောများသည် အိမ်တွင် အချောင်မခိုကြသော်လည်း သူတို့သည် ပေါ့ပါးပြီး လွယ်ကူသော လုပ်ငန်းတာဝန်များသာ လုပ်ရခြင်းဖြစ်ပြီး မည်သူမျှလည်း ရွှီရှုံ့ဟွားလောက် ဒုက္ခမပေးကြချေ။ ချင့်ချိန်နိုင်သော သူများသည် ရွှီရှုံ့ဟွား အခြားသူများအား တမင်သက်သက် နှိပ်စက်သည်ကို အမှန်တကယ်မြင်နိုင်ကြ၏။ သို့သော်လည်း ဤသည်မှာ သူတို့မိသားစု၏ ပြဿနာမဟုတ်သည့်အတွက် ဘယ်သူကမှ ဝင်ရောက်မစွက်ဖက်လိုပေ။

ရွှီရှုံ့ဟွား ဒေါသအမျက် ချောင်းချောင်းထွက်လာပြီး အဒေါ်ဝူအား တစ်ဟုန်ထိုးဝင်၍ တိုက်ခိုက်ချင်သော်လည်း အဒေါ်ဝူမှာ သူ့အား မကြောက်ရွံ့ပေ။ များစွာသော သူ၏ချွေးမများသည် သူ့ဘေး‌တွင်ရှိနေပြီး အကယ်၍ ရွှီရှုံ့ဟွားသာ သူ့အားတိုက်ခိုက်ရဲမည်ဆိုလျှင် သူတို့သည် သူ့အား အစိတ်စိတ် အမွှာမွှာ ဆုတ်ဖြဲပစ်ကြလိမ့်မည်ပင်။

ကံကောင်းစွာဖြင့်ပင် ရွှီရှုံ့ဟွား သူ့ဘာသာ ရပ်တန့်လိုက်၏။ ယခု သူ၏ ထိန်းမနိုင် သိမ်းမရ ဒေါသတစ်ခုလုံးသည် အလွယ်ကူဆုံးပစ်မှတ်ဟု ထင်ရသော ချောင်ယွမ်အပေါ်တွင်သာ အာရုံစိုက်ထားလေသည်။
"နင် ကျေးဇူးမသိတတ်တဲ့ကလေး! ဒီနှစ်တွေမှာ ငါနင့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့ရတာ ဒါကတော့ နင်ငါ့ကို ဆက်ဆံတဲ့ပုံပေါ့လေ!"

မြေပြင်ပေါ်ထိုင်နေစဉ်အတွင်းမှာပင် အနိုင်ကျင့်ခဲ့နေရသကဲ့သို့ ကျယ်လောင်စွာ ငိုကြွေးခဲ့သည်။

ဒီအကွက်က အတော်လေး ပါးနပ်တာပဲဟု ချောင်ယွမ်တွေးလိုက်သည်။ ရှေးခေတ်အခါများတွင် သားသမီးတို့၏ ဝတ္တရားသည် လွန်စွာတန်ဖိုးကြီးမား၏။ ဤသည်မှာ ပြရုပ်သက်သက်သာ ဖြစ်သော်လည်း အနည်းဆုံးတော့ ရွှီရှုံ့ဟွားသည် သူ့အား  အစားအစာနှင့် အမိုးအကာ ထောက်ပံ့ပေးခဲ့ဖူးလေသည်။ အကယ်၍ သူသာ အရိုအသေမဲ့စွာ ပြောရဲခဲ့မည်ဆိုပါလျှင် မသိတတ်သူအဖြစ် ယူဆခံရမည်ဖြစ်ပြီး ရွှီရှုံ့ဟွား၏ ကြင်နာမှုအား သစ္စာဖောက်ခြင်းပင်။ ချောင်ယွမ် တခဏကြာ စဉ်းစားလိုက်ပြီး သူသည် သနားချင့်စဖွယ်ကောင်းအောင် ဟန်ဆောင်နိုင်သည်ကို သတိရလိုက်ပြီး
'ဘယ်လိုလုပ်ရမလဲ ခင်ဗျားသိသလို ကျွန်တော်လည်း သိပါတယ်!'

သူ့ကိုယ်သူ သတ်သေရန် သစ်ပင်တစ်ပင်ဆီသို့ ပြေးသွားဟန်ဆောင်လိုက်ရာ ယွီသာ့မုန်မှာ တုန်လှုပ်ချောက်ချားသွားပြီး ချောင်ယွမ်ထက်ပို၍ လျင်မြန်စွာ ပြေးလေ၏။ ချောင်ယွမ် ယွီသာ့မုန်၏ မာကျောသော ရင်ဘတ်နှင့် တကယ်ပင် တိုက်မိပြီး လွန်စွာနာကျင်လှသဖြင့် နာကျင်မှုကြောင့် သူ့မျက်နှာ ရှုံ့မဲ့သွားရသည်။

"ယွမ်... ယွမ်ကောအာ မင်းဘာလုပ်နေတာလဲ?"
ယွီသာ့မုန် ချောင်ယွမ့်အား တင်းကြပ်စွာဖက်ထားပြီး အထိတ်ထိတ် အပျာပျာဖြင့် မေးလေ၏။

ဒီငတုံးကြီးကတော့! တိုက်မိသွားခြင်းကြောင့် နာကျင်နေသော သူ့နှာခေါင်းအား ချောင်ယွမ်ကိုင်လိုက်ပြီး ယွီသာ့မုန်၏ ခါးကိုဆွဲဆိတ်ကာ သူ့မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ယွီသာ့မုန် ရုတ်တရက်ပင် တစ်စုံတစ်ခုအား နားလည်သွားပုံရသော်လည်း ချောင်ယွမ့်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လွှတ်ပေးရန် ငြင်းဆန်နေ၏။

ချောင်ယွမ့်တွင် ဤအခြေအနေအတိုင်း ဆက်၍သရုပ်ဆောင်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
"ကျွန်တော် ဆက်ပြီးအသက်မရှင်ချင်တော့ဘူး!"

"ယွမ်ကောအာ ဘာလို့အဲ့လိုမျိုးတွေ ပြောရတာလဲ?"
တစ်စုံတစ်ယောက်မှ မေးမြန်းလိုက်၏။

ချောင်ယွမ် ဝမ်းနည်းနေဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။
"ဦးလေးတို့ အဒေါ်တို့အားလုံးလည်း ကျွန်တော့်ရဲ့ မင်္ဂလာဦးညမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချခဲ့တာ ကြားပြီးလောက်မှာပါ"

ရွာသားများသည် တခစ်ခစ်ရယ်လိုက်ကြပြီး သူတို့ ဘာစဉ်းစားနေသည်ကို မသိရသော်လည်း သူတို့ပါးစပ်များနှင့် ငြင်းဆန်ကြလေ၏။
"အဲ့ဒါတွေက ကောလာဟလတွေပါ မ..."

"အဲ့ဒါအမှန်ပါ! ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ခင်ပွန်းရဲ့ မိသားစုကြောင့် မဟုတ်ဘဲ သူ့ကြောင့်ပါ!"

ချောင်ယွမ် ရွှီရှုံ့ဟွားအား လက်ညှိုးထိုးပြလိုက်ပြီး ရွှီရှုံ့ဟွားအား တုံ့ပြန်ချိန်ပင် မပေးဘဲ ချက်ချင်းပင် ပြောလိုက်သည် : "သူကျွန်တော့်ခင်ပွန်းရဲ့ မိသားစုဆီကနေ ငွေ ၈ လျန်ကို သတို့သမီးတင်တောင်းငွေအဖြစ် တောင်းဆိုခဲ့ပေမဲ့ သတို့သမီးအသွင်းပစ္စည်းအနေနဲ့ ဘာကိုမှ မပေးခဲ့ပါဘူး ကျွန်တော်တို့ရဲ့ မင်္ဂလာဦးညမှာ ‌ပါလာတဲ့ သေတ္တာကြီးနှစ်လုံးကို ဖွင့်ကြည့်တော့ ကျွန်တော် ဝတ်လေ့ရှိခဲ့တဲ့ အဝတ်တချို့ပဲပါတာကို တွေ့လိုက်ရတယ်! အဲ့ဒါတွေက အရမ်းလေးတာ ဘာဖြစ်လို့လဲဆိုတော့ သူက အချိန်စီးအောင် ကျောက်တုံးကြီးတွေ ထည့်ထားတယ်လေ!"

အခင်းဖြစ်ပွားရာနေရာသည် ရုတ်တရက်ပင် ပေါက်ကွဲထွက်သွားလျက်
"၈ လျန်?"

"များလိုက်တာ! ငါ့သမီးကိုသာ ယွီမိသားစုနဲ့ လက်ထပ်ပေးလိုက်မယ်ဆိုရင်!"

"ယွီမိသားစုမှာ အကြွေးတွေ ရှိသေးတယ်မလား? အဲ့လောက်လက်ဆောင်အများကြီးကို သူတို့ဘယ်လိုလုပ် တတ်နိုင်ရတာလဲ?"

"စီရင်စုမြို့တော်မှာ သူတို့ရဲ့စီးပွားရေး ရှိတယ် သူတို့ရဲ့အကြွေးတွေကို အသေအချာကို ဆပ်ပြီးလောက်ပြီ!"

"လက်ဆောင်တွေ အများကြီးယူပြီး အသွင်းပစ္စည်းကျ နည်းနည်းလေးတောင် မပေးဘူး! ရှက်စရာကောင်းလိုက်တာ"

တာ့ချူပြည်တွင် ကောများသည် မိန်းကလေးများလောက် ကျွေးမွေးပြုစုရန် မလွယ်ကူပေ။ မိခင်ဘက်မှ မိသားစုသည် သူတို့၏သားများကို ခင်ပွန်းသည်၏မိသားစုထဲတွင် အခြေခိုင်မာစေရန် အသွင်းပစ္စည်းများ ပို၍ပေးကြလိမ့်မည်ပင်။ အနည်းဆုံးတော့ သာမန်မိသားစုများသည် အဝတ်အစားအသစ်များ၊ မင်္ဂလာအိပ်ရာခင်း၊ မန်ဒရင်းဘဲပုံထိုးထားသော ခေါင်းအုံစွပ်တစ်စုံ၊ မင်္ဂလာဒယ်အိုးများ၊ မှန်တင်ခုံ အစရှိသည်တို့ ဖြစ်ကြ၏။ ထို့အပြင် ယွီမိသားစုသည် သတို့သမီးတင်တောင်းလက်ဆောင် အများအပြားလည်း ပေးသေး၏။

"အဒေါ်က ကျွန်တော့်ကို အရမ်းအထင်သေးတာပဲ! လက်မထပ်ခင်တုန်းက အိမ်မှာ ကျွန်တော်ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကိုလည်းကိုရော အသက်ငယ်ငယ်မှာ မိဘတွေဆုံးရှုံးခဲ့ရတာကိုရော စဉ်းစားမိခဲ့တယ် ကျွန်တော့်ဘဝက စိတ်မချမ်းမြေ့စရာပဲလို့ စဉ်းစားမိပြီး ဆက်သည်းမခံနိုင်တော့ဘူး အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချပြီး..."

ချောင်ယွမ် မျက်ရည်များကို သုတ်ပြီး ပြောလိုက်၏။
"ကံကောင်းချင်တော့ ကျွန်တော့်ခင်ပွန်းရဲ့မိသားစုနဲ့ ခင်ပွန်းက ကြင်နာသနားတတ်ကြတယ် ကျွန်တော်နိုးလာပြီးနောက်မှာ နည်းလမ်းပေါင်းစုံနဲ့ သူတို့က နှစ်သိမ့်ပေးခဲ့ကြတယ် ကျွန်တော့်ဘဝမှာ မျှော်လင့်ချက်ရှိသေးတယ်လို့ ခံစားလာရပြီး စပြီးတော့ အကောင်းမြင်တတ်လာတယ်"

နူးညံ့သော နှလုံးသားနှင့် အသက်ပိုကြီးသော အမျိုးသမီးအချို့သည် ဝမ်းနည်းစွာဖြင့် ပြောလာကြ၏။
"ယွမ်ကောအာ မင်းဘာလို့ အရမ်းမိုက်မဲရတာလဲကွယ်? ဒီလိုမျိုး နောက်တစ်ခါထပ်ပြီး မလုပ်ရတော့ဘူးနော်!"

ချောင်ယွမ် ခေါင်းညိတ်လိုက်ပြီး သူ့လည်ပင်းတွင် ပတ်ထားသော ချွေးသုတ်ပဝါအား ဖြည်လိုက်၏။
"ကျွန်တော့်လည်ပင်းက ဒဏ်ရာက အခုသက်သာနေပါပြီ အရင်ကဆို အရမ်းသိသာတာ ပြီးတော့ သတင်းပြန့်သွားရင်လည်း အထင်လွဲကုန်ကြမှာကို ကျွန်တော် အရမ်းစိုးရိမ်ခဲ့တာ အဲ့ဒီတော့ ကျွန်တော် အလည်မပြန်ခင်မှာ ကျွန်တော့်ဒဏ်ရာတွေ ပျောက်တဲ့အထိ စောင့်မယ်လို့ စဉ်းစားပြီးတော့ သုံးရက်ကြာ အိမ်မပြန်ခဲ့တာပါ ကျွန်တော့်ယောက္ခမက ကျွန်တော့်အဒေါ်ကို အကြောင်းကြားပြီးလို့ သူလည်း သဘောတူခဲ့ပါတယ်"

ရက်များစွာကြာပြီးသည့်နောက်မှာပင် အနီရောင်အမှတ်အသားများ ရှိနေဆဲဖြစ်သည်ကို လူတိုင်းမြင်လိုက်ရသောအခါ ဒဏ်ရာဒဏ်ချက်သည် အသေးအဖွဲမဟုတ်ကြောင်း သိလိုက်ကြ၏။ လွန်ခဲ့သောရက်အနည်းငယ်က ရွာထဲမှ ကောလာဟလများနှင့် မှန်းဆချက်များအား ပြန်စဉ်းစားကြည့်ရာ ဘာကြောင့် ယွမ်ကောအာ သုံးရက်ကြာ အိမ်မပြန်ခဲ့သည်ကို သူတို့နားလည်နိုင်ကြလေသည်။ ဒီလိုပုံစံနဲ့အပြင်ထွက်လိုက်ရင် သူ့အကြောင်း ဘယ်လိုဇာတ်လမ်းတွေ ထွင်ကြလိမ့်မလဲဆိုတာ ဘယ်သူသိမှာလဲ! သူ မပြန်ချင်၍မဟုတ်ဘဲ သူ့ခန္ဓာကိုယ်သည် နေလို့သိပ်မကောင်းသည့်အတွက် ရက်အနည်းငယ်လောက် နှောင့်နှေးချင်ရုံသာ။ ကျေးလက်အိမ်ထောင်စုတစ်စုတွင် တင်းကြပ်သည့် စည်းမျဉ်းများ မရှိကြပေ။ မိသားစုဝင်များသည် အချင်းချင်း သည်းခံကြပြီး နာလည်ပေးကြသည်။

ချောင်ယွမ် ဆက်ပြောလိုက်၏။
"ကျွန်တော့်ခင်ပွန်းနဲ့ ယောက္ခမက ကျွန်တော့်အပေါ်ကို ‌အရမ်းကောင်းလွန်းလို့ အပြစ်ရှိစိတ်တောင် ခံစားလာရတယ် နယ်စပ်မှာ ဒီလိုမုန့်မျိုးစားဖူးတာကို ကျွန်တော့်ခင်ပွန်း ပြောတာကို ကြားလိုက်ရပြီး လုပ်ကြည့်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ် နဂိုကတော့ မိသားစုစားဖို့အတွက်တင်ပဲ ဒါပေမဲ့ နောက်ကျတော့..."

လူအုပ်ထဲမှ အဘွားကျန်းအား ချောင်ယွမ် ဖျက်ခနဲကြည့်လိုက်ရာ အဘွားကျန်းသည် ချက်ချင်းပင် ရှေ့ထွက်လာပြီး ပြောလေ၏။
"ငါဒါကို သက်သေခံပေးနိုင်ပါတယ် ငါအနံ့တစ်ခုခုရတာကြောင့် သူတို့အိမ်ကို သွားခဲ့တာ အဲ့ဒီအချိန်တုန်းက ယွီမိသားစုက ဘာငွေကိုမှ မယူချင်ခဲ့ကြဘူး ဒါပေမဲ့ ငါတို့က အများကြီး ဝယ်ခဲ့တာဆိုတော့ တခြားသူတွေအပေါ် အလကား အခွင့်အရေးမယူနိုင်ဘူးလေ"

နှုတ်သွက်သူတစ်ဦး နောက်ပြောင်လိုက်သည်မှာ
"အဒေါ် အဒေါ့်နှာခေါင်းက တကယ်ကောင်းတာပဲ!"

အဘွားကျန်းသည် စိတ်ကောင်းရှိပြီး အလွယ်တကူ စိတ်မတိုတတ်ပေ။ သူရယ်မောပြီး ဆူငေါက်လိုက်၏။
"အဲ့ဒီအနံ့ကို မင်းရရင်လည်း ထိုင်နေနိုင်မှာ မဟုတ်ဘူး!"

လူအုပ်ကြီးသည် ရယ်မောသံများနှင့် ပြည့်နှက်သွားလေ၏။

ချောင်ယွမ် မတ်မတ်ရပ်ပြီး ဦးညွှတ်အရိုအသေပေးကာ ပြောလျက် : "ဒီနေ့ရဲ့ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်က အားလုံးရဲ့အချိန်တွေကို နှောင့်နှေးစေခဲ့ပါတယ် ဒီနေ့ မုန့်ဝယ်ဖို့လာတဲ့သူအားလုံးပဲ နှစ်ခုဝယ်ရင် တစ်ခု အလကားရပါမယ်"

မရီးကျန်း ချက်ချင်းပင် ကြားဖြတ်ပြောလိုက်၏။
"ဒါဆို နောက်ကျငါများများ ဝယ်ရမယ်! အရင်တစ်ခါက မီးဖွားပြီးစ ငါ့ညီမကို နည်းနည်းပေးလိုက်တော့ သူအရမ်းကြိုက်တာပဲ ငါနည်းနည်းလောက် ထပ်ဝယ်ပြီး သူ့ကိုပေးမလို့ ငါ့သားအကြီးဆုံးကလည်း ကြိုက်တယ်"
(အဘွားကျန်းရဲ့ ကျန်းက "江" ဖြစ်ပြီး နဲ့ သားသတ်သမားကျန်းနဲ့မရီးကျန်းရဲ့ ကျန်းက "张" ဒီလိုပါ။ မတူကြပါဘူးနော်။)

အကြောင်းအရာမှာ ရုတ်ခြည်းပင် မုန့်ပေါင်းများဘက်သို့ ပြောင်းသွားပြီး ရွှီရှုံ့ဟွားအား လုံးဝလျစ်လျူရှုလိုက်ကြတော့၏။ ထိုအချိန်တွင် သူသည် အလေးပေးခံနေရသော နေရာတွင်ရှိမနေသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် လှည့်ပတ်ကြည့်လိုက်ပြီး ခိုးကြောင်ခိုးဝှက် ထွက်သွားရန် အခွင့်အရေး ရှာလိုက်၏။

သူ၏ အဓိကရန်သူဖြစ်သော အဒေါ်ဝူသည် သူ့အားထွက်သွားခွင့် မပေးဘဲ သက်ပြင်းချရင်း
"အာ အစ်ကိုချောင်နဲ့ ယောင်းမချောင်သာ ရှိဦးမယ်ဆိုရင် ယွမ်ကောအာက ဒီလိုတွေ ခံစားရမှာမဟုတ်ဘူး! အစ်ကိုချောင်က ဆိပ်ကမ်းမှာ အလုပ်လုပ်ပြီး ယောင်းမချောင်က ငါတို့ရွာထဲက လူတွေအတွက် အပ်ချုပ်တာနဲ့ အဝတ်အစားလုပ်ရာမှာ တော်တာကို မှတ်မိသေးတယ် သူတို့နှစ်ယောက်လုံး အတူတူငွေရှာကြပြီး ကောင်းမွန်တဲ့ဘဝကို ရခဲ့ကြတာ!"

ဤဖြစ်ရပ်သည် အလွန်ကြာညောင်းခဲ့သောအချိန်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အဒေါ်ဝူသာ ထုတ်ဖော်မပြောခဲ့လျှင် လူတိုင်းမှာ မေ့လုနီးပါးဖြစ်နေမည်ပင်။ အနည်းငယ် ငယ်ရွယ်သည့်သူများသာလျှင် ဘာဖြစ်ခဲ့သည်ကို မသိကြပေ။ လူတိုင်းသိသည်ကတော့ ချောင်ယွမ်၏မိဘများ သေဆုံးသွားပြီးနောက်တွင် သူတို့၏ပိုင်ဆိုင်မှုများအား ချောင်ယွမ်ဦးလေး၏မိသားစုမှ ယူဆောင်သွားခြင်းပင်! သူတို့က တခြားသူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုယူပြီး ကျန်ရစ်သူ တစ်ဦးတည်းသောသားလေးကိုတောင် အနိုင်ကျင့်နေတုန်းပဲ။ ဒါကမှ အမှန်စင်စစ်ကို နှလုံးသားမဲ့တာပဲ!

တရားမျှတမှုနှင့် အပြစ်ကင်းမှုကို ထောက်ခံအားပေးသောသူအချို့သည် ရွှီရှုံ့ဟွား၏ လုပ်ရပ်များကို သည်းမခံနိုင်ကြဘဲ တချို့သောသူများသည် ငွေ ၈ လျန်နှင့် ချောင်မိသားစုထံမှ အမွေများအား လက်ခံရရှိသည့်အတွက် သူ့အား မနာလိုဖြစ်နေခဲ့ကြသည်။ သူတို့သည် ရွှီရှုံ့ဟွားအား ပြစ်တင်ဝေဖန်ရှုတ်ချကြပြီး ရဲရဲတင်းတင်းပြောဆိုနေကြ၏။ ရွှီရှုံ့ဟွား လိပ်ပြာမလုံဖြစ်လာပြီး အသက်ရှူမှားကာ သူထပ်မံ၍သည်းမခံနိုင်တော့ဟု ခံစားလာရသည်။ သူ ထ,ရပ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားလေတော့သည်။

*************************************

ဒီနေ့လေးမှာ အပြင်မထွက်ဘဲ အိမ်တွင်းပုန်းပြီး တလရလုပ်မဲ့ ပေါင်ပေ့လေးတို့အတွက် မနက်ဖြန်အထိ မစောင့်တော့ဘဲ တင်ပေးလိုက်ပါတယ်နော်။

စည်းလုံးညီညာ အောင်ကြောင်းဖြာ တဲ့
ကိုယ်တို့ ညီကြစို့နော် ❤️

Continue Reading

You'll Also Like

3.7M 236K 97
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
18.9K 430 5
Hiroki, a student who lost everyone he loved. His girlfriend, His sister, His mother and His friend. They were all stolen by the new black transfer s...
3.8K 679 53
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.faceb...
193K 5.7K 14
During an unfortunate accident that's half planned, the bots and cons are transformed into sparklings. Can Optimus and the kids take care of the spa...