မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...
By XiaoManTou96
166K 28.8K 917
Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More
Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
087:အိမ်ကထွက်လာပြီ
891 187 5
By XiaoManTou96
Unicode
သူ့မှာယူလာစရာတွေ အများကြီးမရှိပဲ ကျောင်းကနေပြန်လာတုန်းကယူလာတဲ့ အဝတ်အစားတချို့ပဲရှိလေသည်။အိမ်ကနေယူသွားစရာလဲမရှိချေ။ဟဲကျင့်ကနောက်ဆုံးမှာတော့မတ်တပ်ရပ်ကာ အခန်းပတ်ပတ်လည်လည်ကိုတစ်ချက်ကြည့်လိုက်သည်။သူလုံးဝပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ထားလျက် ပေါ့....
သူ့စားပွဲပေါ်က 7-upဗူးကိုတွေ့တော့ချင်ယွီကဘူတာရုံမှာသူ့အတွက်ဝယ်ပေးခဲ့တာကိုသတိရသွားရ၏။သူအခုထိမသောက်ရသေးပေ။သူကအိတ်ကို ကောက်ကိုင်လိုက်ပြီး အိတ်ရဲ့အနောက်ဖက်မှာ ထည့်လိုက်ကာခရီးဆောင်အိတ်ကို ကောက်ယူပြီး တံခါးကို ဆွဲဖွင့်လိုက်တော့သည်။
အပြင်ဘက်မှ အသံများ ရုတ်တရက် ရပ်တန့်သွားကာ သူ့အမေက သူ့ကို နီရဲနေတဲ့မျက်လုံးများနှင့်
စိုက်ကြည့်ကာ
"ဘာလုပ်နေတာလဲ! ဘာလုပ်နေတာလဲ!"
ဟဲကျင့် က သူမကို လျစ်လျူရှုပြီး ခရီးဆောင်အိတ်ကိုယူကာ တံခါးအပြင်သို့ ထွက်သွားလိုက်သည်။ သူ့အမေက သူ့နောက်ကနေ အော်ဟစ်ပြီး
"ဘယ်သွားမလို့လဲ!"
ဟဲကျင့်ရဲ့ဖခင်သည်လည်း အံ့အားသင့်သွားပြီး သူရဲ့လက်ကိုဆွဲကာ
"ဟဲကျင့်!ဘာလုပ်နေတာလဲ? စိတ်အေးအေးထားပါဦး!"
ဟဲကျင့် က သူ့အဖေကို ကြည့်လိုက်လေသည် သူ့
မျက်လုံးတွေကလည်း နီရဲလျက်ပေါ့
"အဖေ ဒီလောက် အကျိုးကြောင်းဆီလျော်မူမရှိတဲ့သူရှေ့မှာ စိတ်အေးအေးထားလို့ပေမယ့် ကျွန်တော် တော့မရဘူး"
အမျိုးသမီးကအော်ဟစ်လာပြန်သည်။
"မင်းက ငါ့ကိုကျိုးကြောင်းဆီလျော်မူမရှိဘူးလို့ပြောတယ်ပေါ့?ငါ့ကိုသေချာပြောစမ်းပါဦး ဘယ်သူကကျိုးကြောင်းဆီလျော်မူမရှိတဲ့လူလဲဆိုတာ! အဲ့ဒါမင်းပဲဟဲကျင့် မင်းသာငါ့ကိုလိမ်နေခဲ့တာ!"
သူမဟာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက် ၊ ကုလားထိုင်ပေါ်ကကူရှင် ၊ စင်ပေါ်ရှိ ဓာတ်ပုံဘောင် စသည် တို့ကို ဟဲကျင့်ရှိရာဘက်သို့ ပစ်ပေါက်လာတော့သည်။
ဟဲကျင့်ကလုံးဝဂရုမစိုက်တော့ပဲ တံခါးဖွင့်ကာထွက်သွားတော့သည်...
သူ့အဖေလည်း ထိန်းမရတော့ချေ။
"ဟဲကျင့်! စိတ်ဆိုးမနေပါနဲ့ မင်းအမေကစိတ်ဆိုးလို့ပြောတာပါ ဒီတိုင်းသည်းခံပြီးတော့ကျော်သွားပေးလိုက်ပါကွာ!"
သူ့အမေကတစ်စုံတစ်ယောက်ကကူညီပေးနေတာကို ကြားတဲ့အခါ သူမကချက်ချင်း အသံကိုမြှင့်
လိုက်ကာဖြင့်
"သူ့ကိုသွားခိုင်းလိုက်! သူ့ကိုသွားခိုင်းလိုက်!အဲ့လောက်တောင်သတ္တိရှိနေရင် ဘယ်တော့မှပြန်မလာနဲ့!"
ဟဲကျင့် က ခေါင်းညိတ်ပြပြီး သူ့စိတ်ထဲကပြော
လိုက်သည်မှာတော့ ဟုတ်ပြီ ဒါအမေတောင်းဆိုတာနော်...ဟူ၍သာ
တံခါးကို ပိတ်လိုက်၍ ဟဲကျင့်ကပြန်လှည့်မကြည့်ပဲထွက်လာခဲ့၏။သူ့နောက်မှာ တိတ်ဆိတ်မှုတစ်ခု ရှိနေခဲ့တယ်။ ထို့နောက်မှာတော့ သူ့အမေရဲ့ငိုသံကို ကြားလိုက်ရသည်။ ဟဲကျင့် အောက်ထပ်သို့ ဆင်းလာသည်နှင့်အမျှ သူ မကြားနိုင်တော့သည့်တိုင် အောင်ဆူညံသံများမှာအားနည်းသွားတော့သည် ။
သူ သူ့နှလုံးသားကစိတ်ပျော့တာလည်း မခံစားရတော့ဘူး။ ပြီးတော့ သူ့အမေရဲ့ငိုသံက သူကိုလွှမ်းမိုးတာလည်းမခံရတော့ဘူး။ သူ လုံးဝကို စိတ်ပျက် တာကိုပဲ ခံစားနေရတယ်။
သူ့အဖေက သူ့အမေကို ဖျောင်းဖျနေတာ ဖြစ်နိုင်တယ်။အဲဒါကြောင့် သူနောက်ကိုမလိုက်လာခဲ့ပေ။
ဒီနည်းက ပိုကောင်းနိုင်တာဖြစ်နိုင်တယ်။ ဟဲကျင့် က သူ့အမေနဲ့ ရင်ဆိုင်ရမှာ မကြောက်ပေမယ့် သူ့အဖေကိုတော့စိတ်ပူတယ်။ ဒီရိုးသားတဲ့လူက အား
နည်းတာကလွဲလို့ ဘာအမှားမှ မလုပ်ထားပါ။
သူကသူ့အဖေလို မဖြစ်ချင်သလို အဲဒီလှောင်အိမ် ထဲမှာ သူတစ်သက်လုံး ပိတ်မိမနေချင်ရုံပါပဲ
နှစ်သစ်ကူးပြီးဒုတိယနေ့ နံနက် 7 နာရီတွင် ရာသီဥတုမှာအလွန်အေးနေသည်။ဟဲကျင့် သည် မနေ့ညက တစ်နာရီခန့်သာ အိပ်ခဲ့ရပြီး ယခုအချိန်တွင် တော့ သူသည် အအေးဓာတ်နှင့် ဆာလောင်မှုကို ခံစားနေရသည်။
ဆိုင်တော်တော်များများ မဖွင့်သေးသလို ဘတ်စ်ကားလည်း မဆွဲသေးပေ။ဟဲကျင့် သည် တက္ကစီတစ်စီးကို မတွေ့မီထိနာရီဝက်ကျော်ကြာအောင် တစ်ယောက်တည်းနေခဲ့ရသည်။ တက္ကစီပေါ်တက်ပြီးနောက် ရထားဘူတာရုံသို့မောင်းရန် ယာဉ်မောင်းကို ပြောလိုက်သည်။
ကားသမားက သူ့ကို လှမ်းကြည့်လာ၏။
"ကလေး မင်း ကျောင်းတက်နေတာလား?အလုပ် လုပ်နေတာလား? မင်း ရထားအစောကြီးစီးဖို့?"
ဟဲကျင့် က မေးခွန်းကို ရိုးရိုးလေး "အမ်း" လို့ သာဖြေခဲ့သည်။ယာဉ်မောင်းက သူ စိတ်ဓာတ်ကျနေပုံရပြီး စကားစမြည်မပြောချင်တဲ့ပုံရတာကြောင့် ပါးစပ်ပိတ်ထားရမယ်ဆိုတာသိပါ၏။ ရထားဘူတာသို့သွားရာလမ်းတွင် ဟဲကျင့်ရဲ့လက်ပတ်သည် တုန်ခါသွား၍ကြည့်လိုက်ရာ သူ့အဖေဖြစ် နေသည်။
ဟဲကျင့်ကိုင်လိုက်စဉ်တွင် သူ့အဖေက သူဘယ်မှာလဲလို့ စိုးရိမ်တကြီးမေးလာတော့သည်။
ဟဲကျင့်: "ကျွန်တော်ကျောင်းကိုပြန်နေပြီ"
"ပြန်လာခဲ့ နှစ်သစ်ကူးမှာ ရထားမရှိဘူးပြီးတော့ လက်မှတ်တွေလည်း မရှိတော့ဘူး။ မင်းအမေရဲ့ စရိုက်ကို မင်းသိပါတယ် ဒီတိုင်းလေး
သည်းခံလိုက်ပါကွာ..."
ဟဲကျင့် က နာကျင်စွာနဲ့
"အဖေ ကျွန်တော်လည်းစိတ်အေးအေးထားပါရစေကျွန်တော် အိမ်မပြန်ချင်ဘူး အမေကကျွန်တော့်ကိုကြောက်ရွံ့စေတယ် ကျွန်တော် သူမကိုအနှစ်20 လောက်သည်းခံခဲ့ပြီးပြီ ဆက်ပြီးသည်းမခံနိုင်တော့ဘူး!သူမက ကျွန်တော်ကိုရူးအောင်လုပ်နေတာ"
သူ့အဖေက ဒီစကားကိုကြားတော့ ငြိမ်သက်သွားခဲ့တယ်...
ဟဲကျင့်: "ကျွန်တော် ကျောင်းရောက်ရင် အဖေ့ကို ပြန်ဆက်သွယ်လိုက်ပါ့မယ်"
သူ့အဖေက ထပ်ပြီး မစည်းရုံးတော့ပေမယ့်
"ကျောင်းကအခုဖွင့်လို့လား?" ဟု စိုးရိမ်နေသေးသည်။
ဟဲကျင့် :"အင်း​ မဖွင့်​ရင်လည်း​ ကျွန်​​တော်​ အတန်းဖော်​ဆီ ဆက်​သွယ်​လိုက်​ပါ့မယ်​။"
အဖေက ခေတ္တရပ်ကာ ထပ်မေးလာလေသည်။
"မင်းမှာ ပိုက်ဆံရှိလား? အဖေ..အဖေ မင်းအမေဆီကတောင်းပေးလို့ရတယ်"
ရုတ်​တရက်​ သူ့​နောက်​ကွယ်​က စူးရှတဲ့အသံတစ်​ခုထွက်ပေါ်လာလေသည်။
"ကျွန်မဆီကတောင်းပေးမယ်?အဲ့ဒါကို ဘယ်​​တော့မှမစဉ်းစားနဲ့​တော့! သူဒီ​နေ့ထွက်သွားပြီ!ကျွန်မ​သူ့ကိုတစ်​ပြားမှမ​ပေး​တော့ဘူး​နော်​! ကျူရှင်​စရိတ်​၊ စား​သောက်​စရိတ်​ ဘာမှမရှိဘူး! ​သူ့ကိုစားသောက်ဖို့အတွက် တောင်းစားဖို့သာပြောလိုက်!"
ဟဲကျင့်: "..."
အမျိုးသားသည် အမျိုးသမီးနှင့် စကားအနည်းငယ် ငြင်းခုံနေပုံရသည်။ ဟဲကျင့် မကြားချင်တော့ဘူး။ သူ့ဆန္ဒအရ သူ့အဖေဆီကဖုန်းကိုချလိုက်ပြီး
"အဖေ အမေ့ကိုပြောလိုက်ပါ လမ်းမှာ တောင်းရမ်းရရင်တောင်မှ နောက်ဆိုကျွန်တော်သူမဆီက တပြားတစ်ချပ်မှမတောင်းဘူးလို့ အရင်ကပေးခဲ့တဲ့အရာအားလုံးကိုလဲသူမကိုပြန်ပေးမယ်လို့"
ဒီစာကြောင်းကိုပို့ပြီးတဲ့အခါမှာတော့ဟဲကျင့် က သူ့မိဘတွေရဲ့ ဖုန်းနံပါတ်နှစ်ခုလုံးကို block ခဲ့ပါတယ် သူ့မျက်လုံးထောင့်များ စိုစွတ်စပြုလာသော်လည်း သူ မငိုခဲ့ပါ။ သူက သူ့ကိုယ်သူပြောလိုက်တယ်- အဖေကျွန်တော်တောင်းပန်ပါတယ် တတ်နိုင်တဲ့တနေ့ကျွန်တော်ကျေးဇူးပြန်ဆပ်ပါမယ်။
"ကလေး မင်းမိဘတွေနဲ့ စကားများလာတာလား?"
ယာဉ်မောင်းသူသည် စကားအသွားအလာကို နားထောင်ပြီး နောက်ဆုံးတွင် ဖြစ်ပျက်နေသည်ကို နားလည်သွားသည်။
"ဦးလေးပြောတာ နားထောင်ပါ။ မိဘတွေက ပါးစပ်က အပြောဆိုးပေမယ့် နှလုံးသားက ပျော့ပျောင်းကြတယ်။ ကိုယ့်သားသမီးအကျိုးအတွက် အကုန်လုပ်ပေးတယ်။ မင်းက ငါ့သမီးနဲ့ ရွယ်တူလောက်ပဲငါ့သမီးနဲ့ ပတ်သက်ပြီး... စကားများပြီဆိုငါ သူမကို ရိုက်ချင်လာအောင်လုပ်တယ်။ ဒါပေမယ့်လည်းနောက်ဆုံးတော့ သူ့မအတွက် အရာအားလုံးကို ငါရှာဖွေပေးဆဲပါပဲ...
မိဘတိုင်းက သူတို့ရဲ့ သားသမီးတွေကို ဂရုစိုက်ကြတာပဲလေ အကြီးမားဆုံး အမုန်းတရားကတောင် မင်းတို့ရဲ့ဆက်ဆံရေးကို လွှမ်းမိုးလို့မရဘူးလေ။ကောင်းပြီ ငါတို့အခုရထားဘူတာကိုရောက်ခါနီးပြီတကယ်လို့ မင်းစိတ်ပြောင်းသွားရင် ငါ မင်းကို အလကားပြန်မောင်းပို့ပေးလို့ရတယ်နော်။ မင်းမိဘတွေကို တောင်းပန်လိုက်ရင် အရာရာပြီးသွားမှာပါ။နှစ်သစ် မှာ အိမ်မှာနေရတာက အေးလွန်းတဲ့ဆောင်းရာသီထဲ တစ်ယောက်တည်းနေတာထက် ပိုကောင်းတယ်ဟုတ်တယ်မလား? "
ဟဲကျင့် က ခေါင်းခါပြီး ယာဉ်မောင်းကို ပိုက်ဆံပေးလိုက်တယ်။ ကားပေါ်ကမဆင်းမီကားသမားအား
"ဦးလေး ကျေးဇူးတင်ပါတယ်ဒါပေမယ့်ကျွန် တော်ကတော့ ပိုက်ဆံက အရေးအကြီးဆုံး မဟုတ် ဘူးလို့ထင်တယ်။ အဓိကက ကိုယ့်ရဲ့ သားသမီးတွေကို နားလည်လေးစားပေးဖို့အရေးကြီးတာပါ... နှစ်သစ် မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးပါတယ်"
ဟဲကျင့် တံခါးကို ဖြည်းညှင်းစွာပိတ်ပြီး လေထန် နေ ပေမယ့်လည်း ဘူတာရုံဆီသို့ လျှောက်သွားလိုက်သည်။ ဘယ်လောက်အေးပြီး လေတွေ ဘယ် လောက်ထန်နေပါစေ အိမ်မှာနေတာထက် ပိုကောင်းပါတယ်လေ
အခုကရထားဘူတာကလူရှုပ်ချိန်မဟုတ်သေးပေ။ယခုအချိန်တွင် တန်းစီနေသူများမှာ နှစ်သစ်ကူး 6 ရက် သို့မဟုတ် 7 ရက်နေ့များတွင် အလုပ်ပြန်ဝင်ရန် လိုအပ်သည့် ရုံးဝန်ထမ်းများသာပင်။ ကံကောင်းစွာနဲ့ပဲဟဲကျင့်သည် နံနက် 11 နာရီတွင် A မြို့သို့လက်
မှတ်ရခဲ့သည်။
သူက သူ့အဖေကို သူ့မိသားစုဆီက တစ်ပြားတစ်ချပ်မှ မသုံးတော့ဘူးလို့ ပြောထားပြီးသောကြောင့် ဟဲကျင့် လက်မှတ်ဝယ်လိုက်သောအခါ သူ့ပိုက်ဆံတွေ အကုန်လုံးနီးပါးကုန်သွားတော့တယ်။ ဒီငွေတွေအကုန်လုံးကို သူစုဆောင်းထားခဲ့တာပင်။သူနောက်ဆုံးဝယ်ခဲ့တဲ့ ရက်ကတ်အပြင် နှစ်ထောင်ကျန်သေးတယ်။ ဒါပေမယ့် သူ့မှာ လေးငါးရာပဲ ပါလာပြီးတော့ ကျန်တဲ့ပိုက်ဆံကအိပ်ဆောင်မှာကျန်ခဲ့တယ်ရယ်။
သူ့မှာ ယွမ်ငွေ ငါးဆယ်ဝန်းကျင်သာ ကျန်တော့ကြောင်း သူသိလိုက်သောအခါ ဟဲကျင့် သည် ၎င်းကို လုံးဝမသုံးဝံ့တော့ပေ။ မနက်စာအတွက် စတိုးဆိုင်တစ်ဆိုင်မှ လက်ဖက်ကြက်ဥတစ်လုံးကိုဝယ်လိုက်သည် ။ ထိုနောက်တွင်တော့ ရထားကို စောင့်နေလိုက်တော့၏
ခဏထိုင်ပြီးနောက် ဟဲကျင့် သည် အိတ်ထဲမှ ဉီးထုပ်ကိုထုတ်ကာ ပါဝါခလုတ်ကို ပွင့်ဖို့ထပ်မံကြိုးစားလိုက်သည်။ မီးမလင်းလာပေ။ဝတ်ကြည့်ရာတွင်လည်းဘာတုံ့ပြန်မှုမှ မရှိတော့ဘူး။ ပျက်သွားတာ သေချာပါ၏။
ကောင်းပြီ အဲ့ဒါကဈေးကြီးတဲ့ နည်းပညာမြင့် ပစ္စည်းဖြစ်ပြီးတော့ အတွင်းထဲမှာပစ္စည်းသေးသေးလေးတွေပါမှာပဲလေ။ဟဲကျင့်ကအဲ့ဒါကိုအမြဲဂရုတစိုက်နဲ့ကိုင်တွယ်တယ် ခြစ်ရာသေးသေးလေး
တောင်အထင်ခံတာမဟုတ်ဘူး အဲ့ဒါကို သူ့အမေက သူ့ရှေ့မှာတင်ပစ်ပေါက်လိုက်တယ်တဲ့လေ။ဟဲကျင့်ရဲ့ နှလုံးသားလေးကိုက်ခဲသွားရတယ်။အဲ့နောက်မှာတော့ သူအဲ့မြင်ကွင်းကို ပြန်မတွေးမိအောင် မနည်းကြိုးစားခဲ့ရတယ်။အဲ့ဒါကအရမ်းအနှောင့်အယှက်ဖြစ်တာပဲ
သူအဲ့ဒါကိုပြန်ပြင်နိုင်ပါ့မလားတောင်မသေချာပါဘူး ပြင်စရိတ်ကလဲဘယ်လောက်တောင်ကုန်မလဲမသိဘူးရယ်။A မြို့ကို ပြန်ရောက်ပြီးနောက်မှာ ပြသနာများစွာ ရှိပါသေးသည်။ တက္ကသိုလ်က ဂိတ်တံခါးမပိတ်ပေမယ့် အားလပ်ရက်မှာ အပူပေးစနစ်ကို ဖြတ်တောက်သောကြောင့် သူတို့စီမံရလွယ်အောင် ကျောင်းမှာကျန်ခဲ့သူများကို  တခြားအဆောက်အဦကို ခေတ္တပြောင်းထားကာ အခြားအဆောင်များအားလုံးကို သော့ခတ်ထားလေသည်။ထိုကြောင့် မိမိအိပ်ဆောင်သို့ ပြန်လာရန်နှင့် လိုအပ်သောငွေကို ယူရန် အချိန်အနည်းငယ်ယူရမည်ဟု သူထင်သည်။
ဟဲကျင့် က Aမြို့က သူသိတဲ့ ကျောင်းသားတွေအကြောင်း တွေးလိုက်တယ်။ သူသည် ချင်ယွီမှလွဲ၍ အများစုနှင့် အပေါ်ယံဆက်ဆံရေးကိုသာ ထိန်းထားခဲ့သည်။ သို့သော် သူနှင့် အနည်းငယ် ရှက်စရာကောင်းသော ဆက်ဆံရေးကြောင့် ချင်ယွီကို အရေးတကြီး အကူအညီပေးရန် သူ မတောင်းဆိုဝံ့ပေ။ ချင်ယွီနှင့် ခပ်ဝေးဝေးတွင် နေသင့်သည် ဟု သူထင်ပါရဲ့
သူ့ရဲ့ ရှေ့လာမယ့်အနာဂတ်က ခက်ခဲနိုင်ပေမယ့် တခြားနည်းလမ်းလည်းမရှိနေဘူးလေ။ဟဲကျင့်
နောင်တမရခဲ့ပေ။သူအဲ့စကားတွေပြောခဲ့ပြီးကတည်းက သူစိတ်ပိုင်းဖြတ်လိုက်ပြီးဖြစ်ကာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူအိမ်မပြန်တော့ဘူး
ခဏထိုင်ပြီးနောက်ဟဲကျင့် သည် မနေ့ညကမီးနှင့် ပေးထားသည့် ကတိအကြောင်း ရုတ်တရက် သတိရသွားသည်။ သူက မီးကို မက်ဆေ့ချ်ပို့လိုက် သည်။
"မီး  ငါအိမ်ကထွက်လာပြီ"
အချိန်က ရှစ်နာရီသာသာရှိသေးပြီး မီးနိုးပြီလားလဲ သူမသိပေ။...
ခဏအကြာတွင်တော့ လက်ပတ်သည်တုန်ခါသွားသည်။
မီး:"မင်း အခု ဘယ်မှာလဲ?"
အားကျင့်: "ရထားဘူတာမှာ။"
မီး:"..."
မီး:"ဘယ်ဘူတာ?"
အားကျင့်:"ငါ့မွေးရပ်မြေက..."
ဟဲကျင့်ရဲ့ နှလုံးခုန်သံတောင် လွဲချော်သွားရတယ်- မီးက အဲ့ဒါကို ဘာလို့မေးတာလဲ? မီး က သူ့ကိုရှာဖို့ ရည်ရွယ်နေတာလား? ဘယ်လိုမှမဖြစ်နိုင်ဘူး... သူ မီး ကို လူချင်းတွေ့ဖို့ အဆင်သင့်မဖြစ်သေးပါဘူးနော်...
ဟဲကျင့်: "စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်... ငါ့အမေလုပ်လို့ ဉီးထုပ်ပျက်သွားရုံပါပဲ"
ဟဲကျင့်အလွန်စိတ်ညစ်မိသည် အဖွဲ့ပြိုင်ပွဲ စဖို့ 10ရက်ပဲလိုတော့တယ်။အခုတော့ သူ့ကိစ္စတွေကြောင့်  မီးကိုပါ ဒုက္ခဖြစ်စေတော့မှာပဲ
မီး:စိတ်မပူပါနဲ့ ထားပါတော့ ဝမ်းမနည်းနေနဲ့နော် ငါနောက်တစ်လုံးပြန်ဝယ်ပေးမယ်"
ဟဲကျင့်: "..."
ထိုစကားကိုကြားပြီးနောက် ဟဲကျင့် သည် စိတ်သက်သာရာရသွားသော်လည်း သူ့ပါးစပ်ကအပြုံးကတော့ တဖြည်းဖြည်း ခါးသီးသွားရသည်။အကယ်၍သူ့မှာရွေးချယ်စရာ ရှိရင် မီးပေးတာကိုမလိုချင်ပေ။
ဟဲကျင့်:"ငါစောင့်ကြည့်နေမယ်နော်"
ဒီစာကြောင်းပြီးပြီးချင်းမှာပဲ မက်ဆေ့ချ်အသစ်တစ်ခု ရုတ်တရက်ပေါ်လာတယ် - မီးက သင့်ကို ယွမ် 20,000 လွှဲပေးလိုက်ပါသည်
ဟဲကျင့်ရဲ့မျက်လုံးများပြူးကျယ်သွားကာ... ဘယ်လိုတောင်ချမ်းသာတဲ့လူလဲ!
မီး:"တစ်ဝက်ကို ဉီးထုပ်ဝယ်လိုက်ပြီး ကျန်တစ်ဝက် ကို မင်းအရေးတကြီး လိုအပ်တဲ့အရာတွေအတွက် သုံးလိုက်နော်"
ဟဲကျင့်က ဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူးနော်။ သူတကယ်ကို ခက်ခဲတဲ့အခြေအနေမှာရှိနေခဲ့တယ်။ သို့သော် ဤမျှကြီးမားသောငွေပမာဏကို သူတကယ်လက်မခံနိုင်ပါ။ သူ့အမေက သူဘယ်လောက် အရှက်မဲ့တယ် ဆိုပြီးပြောတာကိုပြန်ကြားယောင်ပြီး ရုတ်တရက် အသက်ရှူရခက်သွားရ၏။
အားကျင့်:"ဟင့်အင်း မင်းပိုက်ဆံကို ငါမယူနိုင်ဘူး"
မီး :"အားကျင့် မင်းလက်မခံချင်ဘူးဆိုတာငါသိပါတယ် ဒါဆိုဒီလိုလုပ်ရင်ရော ငါမင်းကိုချေးပေးလိုက်တယ်မှတ်လိုက်ရင်ရော?မင်းအဆင်ပြေတဲ့အချိန်ပြန်ဆပ်ပေါ့ ဟုတ်ပြီလား?ငါမင်းကို စိတ်ပူတယ် တကယ်လို့မင်းမယူဘူးဆိုရင် ငါ...."
Zawgyi
087: အိမ္ကထြက္လာၿပီ
စိုက်ကြည့်ကာ
"ဘယ်သွားမလို့လဲ!"
လိုက်ကာဖြင့်
သည်းခံလိုက်ပါကွာ..."
ဟဲကျင့်: "..."
မှတ်ရခဲ့သည်။
"မီး  ငါအိမ်ကထွက်လာပြီ"
မီး:"မင်း အခု ဘယ်မှာလဲ?"
အားကျင့်: "ရထားဘူတာမှာ။"
မီး:"..."
မီး:"ဘယ်ဘူတာ?"
ဟဲကျင့်: "..."
ဒီစာကြောင်းပြီးပြီးချင်းမှာပဲ မက်ဆေ့ခ်ျအသစ်တစ်ခု ရုတ်တရက်ပေါ်လာတယ် - မီးက သင့်ကို ယွမ် 20,000 လွှဲပေးလိုက်ပါသည်
Continue Reading
You'll Also Like
217K 37.4K 87
မြန်မာဘာသာပြန် Myanmar Translation (Retranslated from Mandarin Ducktales) Type- Web novel Genre- fantasy, romance, school life, slice of life, supern...
723 81 4
original author : original title: Wake up!Stop dreaming ( Quick transmigration) total chapter: 200
14.4K 1K 19
တစ်ညတာ အရက်အလွန်အကျွံသောက်မိပြီးနောက်၊ ဖန့်ကျင့်ကျိုက်သည် ဖုန်ရုန်ချန်နှင့်ဘေးချင်းကပ်ရပ်နိုးထလာခဲ့သည်။ အခု သူ့ခန္ဓာကိုယ်ကို အရောင်းအ၀ယ်စာချုပ်ချုပ်ပ...
4.1M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...