Unicode
အိမ်ထဲ လှမ်း၀င်လာခဲ့ပြီး ရေတစ်ခွက်ခပ်သောက်ကာ ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ အိမ်ရှေ့ခန်းမှာ ဗညားကို မတွေ့တာမို့ အခန်းထဲမှာ ဖြစ်လိမ့်မည်ဟု တွေးကာ -
"ဗညား ... ငါ ပြန်ရောက်ပြီနော်"
အခန်းထဲက ကြားရရုံလောက် လှမ်းပြောလိုက်ပြီး ဖုန်းကို ခဏဖွင့်ကြည့်နေလိုက်သည်။ မိနစ်ပိုင်းလောက် ကြာလာတဲ့အထိ ဘာမှတုန့်ပြန်သံမကြားရတာကြောင့် "အိပ်ပျော်နေတာများလား" ဟု အခန်းထဲကို သွားကြည့်လိုက်တော့ မရှိပါ။
"ဟိုကောင်တွေဆီ သွားပြန်ပြီ ထင်တယ်"
မသေချာသေးပေမယ့် ဗညားက အဲ့ဒီနေရာက လွဲရင် သွားစရာမရှိတာမို့ ဒေါသဖြစ်မိသွားရင်း ဗညား ဆီ ဖုန်းခေါ်လိုက်သည်။ "မင်းက စိတ်ချလို့ကို မရဘူးပဲ" ဟုလည်း စိတ်ထဲမှာ ကြိုအပြစ်တင်နေမိသည်။ ဇင်မင်းတို့ဆီ သွားတာဆိုရင် သေချာပေါက် စကားများကြရဦးမည်။
ဖုန်းကိုင်တာနဲ့ ပြောဖို့စဉ်းစားထားသော စကားတို့က "လူကြီးမင်း ခေါ်ဆိုသော နံပါတ်မှာ တပ်ဆင်ထားခြင်း မရှိပါရှင်" ဆိုသော ဖြေဆိုသံကို အကြားမှာ ပျောက်ဆုံးသွားရ၏။
"ကျစ် .... ဘာဖြစ်ပြန်တာလဲ"
ဇင်မင်းနဲ့ အတူရှိနေမှာပဲ သေချာသလောက်မို့ ဇင်မင်း ဖုန်းကိုသာ ခေါ်လိုက်ရသည်။ ဟိုတလောက ဖြစ်ထားတဲ့ကိစ္စတွေကြောင့် ဒီကောင်တွေနဲ့ ခပ်တန်းတန်း ဖြစ်သွားခဲ့တာ ဖြစ်သည်။
"Hello ... ကိုခန့်"
"ဗညား မင်းတို့နဲ့ အတူရှိနေလား"
"မရှိဘူးလေ ကိုခန့်၊ သူနဲ့မတွေ့ဖြစ်တာ ကြာပြီ"
"အော် ... အေး အေး"
ဖုန်းချပြီး နောက်ဖေးခန်းထဲ ၀င်ကာ ထပ်ကြည့်လိုက်သည်။ အုပ်ဆောင်းကို ဖွင့်ကြည့်လိုက်တော့ စားပွဲပေါ်မှာ မမ ပြင်ထားပေးခဲ့သော ဟင်းတွေက ဒီအတိုင်း ရှိနေ၏။ အခုပဲ ညနေငါးနာရီထိုးခါနီးပြီ။ ထမင်းတောင် မစားဘဲ ဗညား ဘယ်တွေလျှောက်သွားနေပါလိမ့် ဟုတွေးကာ အိမ်ရှေ့ခန်းမှာ ပြန်ထိုင်နေလိုက်သည်။ ဇင်မင်းတို့ကလည်း သိပ်တော့ ယုံရတာမဟုတ်။ ဘေးမှာ ရှိနေရက်နဲ့လည်း မရှိဘူး ပြောရင်ပြောမဲ့ကောင်တွေ။
စိတ်ထဲမှာ အတွေးတွေများကာ ရှုပ်ယှက်ခတ်လာသည်။ သောက်လက်စ စီးကရက်ကို မီးသတ်ပစ်လိုက်ကာ ထိုင်နေရာက ထရပ်လိုက်ပြီး ဇင်မင်းတို့ဘက်ကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဗညား အဲ့ဒီမှာ ရှိနေရင်တော့ ပြဿနာက ထပ်ဖြစ်ရဦးမည်။ တွေးရင်း ထွက်လာဖို့ပြင်တော့ အိမ်ရှေ့ဖိနပ်ချွတ်မှာ ဗညားဖိနပ်က ရှိနေသည်။
ဖိနပ်မစီးဘဲ အပြင်ထွက်သွားတာတော့ မဖြစ်နိုင်။ လျှောက်တွေးရင်းနဲ့ တစ်စုံတစ်ခုကို တွေးမိသွားရင်း ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပေမယ့် "မဖြစ်နိုင်ပါဘူး" လို့သာ ပြန်တွေးရင်း ဗညားဖုန်းကို နောက်တစ်ကြိမ် ထပ်ခေါ်မိသည်။ "တပ်ဆင်ထားခြင်း မရှိပါ" ဆိုတာပါပဲ။
ဇင်မင်းဆီ နောက်တစ်ခေါက် ဖုန်းခေါ်ဖို့ ပြင်ပြီးမှ ဖုန်းကို ပြန်ပိတ်လိုက်သည်။ ဒီကောင်တွေဆီလည်း ဖုန်း ခဏခဏ ဆက်မနေချင်။ အိမ်ရှေ့တံခါး၀မှာ ထိုင်နေလိုက်ရင်း ဗညား ပြောဖူးသော စကားကို ပြန်ကြားယောင်လာမိသည်။
"ဖုန်းတွေ အကုန်လုံးက တပ်ဆင်ထားခြင်းမရှိပါ လို့ပဲ ပြန်ဖြေနေတာ"
ဟိုဘက်ကမ္ဘာက သူ့မိသားစုဆီ၊ သူငယ်ချင်းတွေဆီ ဖုန်းဆက်ရင် နံပါတ်တွေက တပ်ဆင်ထားခြင်းမရှိပါ လို့ပဲ ပြန်ဖြေတာ တဲ့။
"ဒါဆို ..."
ပိုင်ခန့်ကို အထိတ်တလန့်နှင့် ဗညား နံပါတ်ကို နောက်တစ်ကြိမ် ထပ်ခေါ်ကြည့်တော့ -
"လူကြီးမင်း ခေါ်ဆိုသော နံပါတ်မှာ တပ်ဆင်ထားခြင်း မရှိပါရှင်"
ဖုန်း အော်ပရေတာမှ မိန်းကလေး၏အသံက သူ့အား လှောင်ပြောင်နေသလိုပင်။
"ဗညား ... မင်း အိမ်ပြန်သွားတာလား"
ဖုန်း Screen ကို စိုက်ကြည့်ကာ မေးလိုက်မိသော စကားသံတို့က အဆုံးသတ်မှာ တုန်ခါ တိုး၀င်သွား၏။
.........
လှဲအိပ်နေရာကနေ ဇာနည် လူးလဲထလိုက်ပြီးမှ ထိုးကိုက်လာသော ခေါင်းကြောင့် ဆိုဖာကို ခဏ ပြန်မှီထားလိုက်ရ၏။ ဒီအခန်းထဲမှာပဲ အိပ်ပျော်သွားတာလား။ ဒါဆို ...။ ဒေါ်လေးအတွက် ဆေးမ၀ယ်ပေးရသေးဘူးပဲ ဟု တွေးမိကာ ပြန်ဖို့ ထရပ်လိုက်တော့ အခန်းတံခါးဖွင့်သံနှင့်အတူ ၀င်လာတာက ကိုမင်းထက်။
"နိုးပြီလား .."
ကိုမင်းထက်က လက်ထဲက ကိုင်လာသော ပန်းကန်အား စားပွဲပေါ်ချရင်း လှမ်းမေးသည်။ မနေ့က သောက်ထားသော အကြွင်းအကျန်များမရှိတော့ဘဲ စားပွဲက ရှင်းလင်းနေ၏။
"ဟုတ်ကဲ့ ... ကျွန်တော် ပြန်တော့မယ် ကိုမင်းထက်၊ ဒီနေ့တစ်ရက်တော့ ခွင့်ယူမယ်လို့ ပြောပေးပါနော်"
ပြောရင်း ထရပ်သော ဇာနည့်ပုခုံးကို ပြန်ဖိကာ ထိုင်စေပြီး သူပါ ဘေးမှာ ၀င်ထိုင်သည်။
"ကိုရဲ ခဏနေ လာလိမ့်မယ်၊ စောင့်လိုက်ဦးလေ"
"အိမ်မှာ ကိစ္စရှိလို့ပါ၊ ကျွန်တော့် အဒေါ် ..."
"မင်း အိမ်က ကိစ္စတွေ ပူမနေနဲ့၊ မနေ့တည်းက စိုးကြီးတို့ကို လွှတ်ပြီး လိုတာတွေ စီစဉ်ခိုင်းလိုက်ပြီးပြီ"
ဇာနည့်စကား မဆုံးခင် ဖြတ်ပြောလာသော ကိုမင်းထက် စကားကြောင့် အံ့ဩသွားရင်း -
"ဘာတွေ စီစဉ်တာလဲ၊ ကျွန်တော့်အိမ်အကြောင်းကို ဘာသိတာမို့လို့လဲ"
"သိလို့ပေါ့ကွာ၊ မယုံရင် မင်းအဒေါ်ကို ဖုန်းဆက်ပြီး မေးကြည့်"
ရဲမြတ်ထွဋ်ခေါင် ဆိုသောလူဟာ လုပ်ချင်ရာတွေ လုပ်နေတော့တာပဲ။ သူ မနေ့က မူးမူးရူးရူးနဲ့ ဘာတွေများ ပြောပြမိပါလိမ့်။ အကူအညီတောင်းချင်လို့ ပြောပြတယ်လို့များ ထင်သွားမလား မသိပါ။
"ကျွန်တော် ပြန်တော့မယ်"
"မင်းကလဲ ... ဘာဖြစ်နေတာလဲ၊ ခဏစောင့်ပါဦးဆိုမှ၊ ကိုရဲက သူ့အဖေရောက်နေလို့ စကားပြောနေတာ"
"သူ့အဖေ ...၊ ဦးထွဋ်ခေါင် လား"
အရင်က သတင်းတွေ၊ Social Media တွေမှာပဲ မြင်ဖူးနေသော ဦးထွဋ်ခေါင်နှင့် အခု အိမ်တစ်အိမ်တည်းမှာ ရောက်နေရသော ကိုယ့်အဖြစ်ကိုယ် မယုံနိုင်လောက်အောင်ပင် ဖြစ်ရသည်။ အလိုလိုနေရင်း သိမ်ငယ်သွားသလို စိတ်ကလည်း အလိုလို ဖြစ်လာသည်။
"အေးပေါ့၊ ဆရာက အရေးမကြီးရင် ကိုယ်တိုင်မလာတတ်ဘူး၊ ဘာတွေ အပြောခံနေရပြန်လဲ မသိပါဘူး၊ ကိုရဲလည်း သနားပါတယ်"
"ဘာဖြစ်လို့လဲ"
"ငါပြောဖူးတယ်လေ၊ ဆရာက ကိုရဲကို စိတ်တိုင်းမကျတာ များတယ်လို့၊ ကိုရဲက အခုရက်ပိုင်း အလုပ်ကိစ္စတွေကို မသွားချင်လို့ ရှောင်နေတာ များပြီ၊ အဲ့ဒါကြောင့် ဆရာ ရောက်လာတာဖြစ်မယ်"
ကိုမင်းထက်က ရဲမြတ်ထွဋ်ခေါင်အတွက် စိတ်မကောင်းသလို ပြောနေတာမို့ ဇွတ်အတင်းပြန်မယ်လည်း ပြောမနေချင်တော့ဘဲ ဆက်ထိုင်နေလိုက်ရသည်။
"ဒါ စားလိုက်ဦး"
ကိုမင်းထက်က စားပွဲပေါ်က ဆန်ပြုတ်ပန်းကန်ကို ညွှန်ပြရင်း ပြောသည်။ မနေ့ကတည်းက ဘာမှလည်း သေချာမစားရသေးတာကြောင့် ဆန်ပြတ်ပန်းကန်ကိုယူကာ တစ်ဇွန်းခပ်စားလိုက်တော့ အရသာက တော်တော် စားကောင်းသည်။ "သူဌေးအိမ်ကဆိုတော့ ဆန်ပြုတ်တောင် အရသာပိုရှိနေတာပဲ" ဟု တွေးမိတွေးရာ လျှောက်တွေးနေမိသည်။
Ring ... Ring ... Ring
"အေး အေး၊ ငါ ဆင်းလာပြီ"
ကိုမင်းထက်ဆီက ဖုန်းမြည်သံနဲ့အတူ ပြန်ဖြေပြီး "ငါ အောက်ဆင်းလိုက်ဦးမယ်" ဟု ပြောကာ ထွက်သွား၏။
ဆန်ပြုတ်ကို ကုန်အောင်စားလိုက်ပြီး ဖုန်းက နာရီကို ဖွင့်ကြည့်တော့ နေ့လည် ဆယ့်တစ်နာရီခန့်။ ဆယ်မိနစ်လောက် ဆက်ထိုင်နေအပြီးမှာ ရဲမြတ်ထွဋ်ခေါင် ရောက်လာ၏။ မီးခိုးရောင် ဘောင်းဘီရှည်နှင့် အဖြူရောင်တီရှပ် ခပ်ပွပွကို ၀တ်ထားသော ရဲမြတ်ထွဋ်ခေါင်ပုံစံက မြင်နေကျမဟုတ်ပေမယ့် ဒီလိုပုံစံနှင့် ပိုလိုက်ဖက်သည်ဟု ထင်မိသည်။
"နိုးနေတာ ကြာပြီလား"
လွင့်ခနဲ မွှေးပျံ့လာသော ရနေကျ ရနံ့တစ်ခုနှင့်အတူ ရဲမြတ်ထွဋ်ခေါင်က ဘေးမှာ ၀င်ထိုင်၏။ ခေါင်းပဲ ညိတ်ပြလိုက်တော့ ဇာနည့်ကို ပြန်ကြည့်ပြီး တစ်ချက်ပြုံးသည်။ ရဲမြတ်ထွဋ်ခေါင် မျက်နှာက သိသိသာသာပဲ ညှိုးနေတာမို့ -
"ခင်ဗျား အဆင်ပြေရဲ့လား"
"ဘာလို့မေးတာလဲ၊ ဖေဖေလာသွားတယ်လို့ မင်းထက်ပြောပြတာလား"
"ဟုတ်တယ်၊ တခြားအကြောင်းတွေလျှောက်ပြောတာ မဟုတ်ပါဘူး၊ ခင်ဗျား အဖေက ..."
"မင်းကလဲ ငါ့ကို ခင်ဗျား ခင်ဗျားနဲ့နော်၊ ငါက မင်းထက် အသက် အများကြီး ကြီးတယ်၊ မင်းထက်ကိုတောင် ကိုမင်းထက်လို့ ခေါ်ပြီးတော့"
ပုံမှန်အတိုင်းဆို "ဘယ်လိုခေါ်ခေါ်ပေါ့" လို့ ပြန်ပြောမိလိုက်မှာ ဖြစ်ပေမယ့် ရဲမြတ်ထွဋ်ခေါင် အခုပြောနေသည့် ပုံစံက တစ်ခုခုကို ၀မ်းနည်းနေသလို မျိုးမို့။ သူ့အဖေနဲ့ ဘာဖြစ်ခဲ့တယ် ဆိုတာကိုတော့ ပြောမပြချင်ဘူး ထင်သည်။
"အဲ့ဒါဆို ဘယ်လို ခေါ်ရမလဲ"
ပြန်မေးလိုက်တော့ ရယ်ရင်း ဇာနည့်ခေါင်းကို အုပ်ကိုင်ကာ -
"နောက်တာပါ ... မင်း ခေါ်ချင်သလို ခေါ်"
သူ့လက်ဖဝါးနဲ့ အုပ်ကာကိုင်လိုက်တာက ခေါင်းကို ဖြစ်ပေမယ့် ရင်ထဲမှာ နွေးခနဲ ဖြစ်သွားရင်း ရဲမြတ်ထွဋ်ခေါင်နှင့် မျက်နှာချင်းမဆိုင်ရဲသလို အကြည့် လွှဲလိုက်မိသည်။ ဘာဖြစ်တာလဲ။
"ကျွန်တော် ပြန်တော့မယ်နော်"
"နေပါဦး ..."
ထရပ်လိုက်သော ဇာနည့်လက်ကို ဆွဲကာ ပြန်ထိုင်စေ၏။ လက်ကို ပြန်ရုန်းလိုက်တော့ လွှတ်ပေးပြီး -
"ဖေဖေလည်း ပြန်သွားပါပြီ၊ မင်းကို ညနေမှ ငါ လိုက်ပို့ပေးမယ် ဟုတ်ပြီလား"
"ဒီနေ့ရော ဘယ်သွားစရာ ရှိလို့လဲ"
"ဘယ်မှ သွားစရာ မရှိဘူး"
"ကိုမင်းထက်က ပြောတယ်၊ ခင်ဗျား အလုပ်ကိစ္စတွေ မသွားတာ များပြီဆို၊ သွားစရာ ကိစ္စရှိတယ်ဆိုရင် ..."
"မင်းက စကားအရမ်းများတာပဲ ဇာနည်"
ဇာနည် ပြောနေသော စကားမဆုံးခင် ဖြတ်ပြောပြီး ရုတ်တရက် ပေါင်ပေါ်လှဲအိပ်ချလိုက်သော ရဲမြတ်ထွဋ်ခေါင်ကြောင့် လန့်သွားရင်း သူ့ကို လက်နှင့်မထိမိအောင် လက်နှစ်ဖက်ကို ဘယ်ထားရမှန်းမသိဖြစ်နေတာကြောင့် ရဲမြတ်ထွဋ်ခေါင်က ရယ်ရင်း ဇာနည့်လက်ကို ဆွဲယူကာ သူ့ရင်ဘတ်ပေါ် တင်ထားလိုက်၏။
"ဘာလုပ်တာလဲ"
"နောက်ဆိုရင် အလုပ်တွေက များလာတော့မှာ အခု အနားယူထားမှ ဖြစ်မယ်"
ဇာနည်မေးတာကို မဖြေဘဲ သူပြောချင်တာသာ ပြောပြီး မျက်လုံးတွေကို မှိတ်ထားသည်။ ငုံ့ကြည့်လိုက်ရုံနဲ့ အနီးကပ်မြင်နေရသော ရဲမြတ်ထွဋ်ခေါင်၏ မျက်နှာအသားအရည်က ကြည်စင်နေသည်။ အပြစ်အနာအဆာမရှိအောင် အချိုးကျစွာ ကြည့်ကောင်းနေသော မျက်နှာတစ်ခုကို သတိလက်လွတ် ငုံ့ကာ ကြည့်နေမိပြီးမှ ဆိုဖာပေါ် ခေါင်းမှီကာ မျက်နှာကို မော့ပစ်လိုက်ရသည်။
"ကျွန်တော်က ဒီအတိုင်း ထိုင်နေရမှာလား" ဆိုသော မေးခွန်းတွေလည်း မမေးဖြစ်တော့ပါ။ ဇာနည် ကိုယ်တိုင်လည်း ဒီအတိုင်းပဲ ထိုင်နေချင်မိလေသလား မသိ။
.......
"ကိုခန့် ..."
အပ်ချုပ်စက်အနားက ထလာသော မမက အိမ်ရှေ့တံခါးနားမှာ ထိုင်နေသော သူ့အနား လာထိုင်ရင်း ခပ်တိုးတိုး ခေါ်သည်။
"ဗညားနဲ့ ရန်ဖြစ်ထားကြပြန်ပြီလား"
မမ လာမေးလိုက်မှ နင့်ခနဲ ဖြစ်သွားသော ရင်ဘတ်ထဲက ၀မ်းနည်းမှုကို အိမ်အပြင်ဘက်ဆီသို့ အကြည့်လွှဲကာ ဖျောက်ပစ်လိုက်ရင်း -
"မဟုတ်ပါဘူး မမ"
"ဇင်မင်းတို့ဆီကို ထပ်သွားနေပြန်တာလား"
ခေါင်းခါပြလိုက်ရင်း စိတ်ထဲတွင် သေချာနေပေမယ့် ပါးစပ်ကထုတ်မပြောချင်သော စကားတို့ကို ထုတ်ပြောလိုက်ရသည်။
"သူ ... အိမ်ပြန်သွားတာ"
"ဟင် ... ဟုတ်လား၊ မမကိုလည်း ဘာမှ ပြောမသွားဘူး"
"နှုတ်ဆက်ဖို့ အချိန်မရလိုက်လို့ နေမှာပါ"
"ငါ မင်းကို နှုတ်မဆက်လိုက်ရမှာ စိုးလို့" ဆိုသော စကားကို ပြန်ကြားယောင်မိတော့ ရင်ထဲမှာ တင်းကြပ်လာသည်။
"သူ့အိမ်က ပြန်လာခေါ်သွားတာလား"
"......"
ဘာမှပြန်မဖြေသော ပိုင်ခန့်ကို ကို ကြည့်ကာ မမက သက်ပြင်းချသည်။ ပြန်မဖြေတာထက်စာရင် ပြန်မဖြေနိုင် ဖြစ်နေတယ်ဆိုတာ မမ သိလောက်ပါသည်။
"သူ့အိမ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်သွားတယ်ဆိုရင် ပြီးတာပါပဲ"
မောင်ဖြစ်သူ စိတ်မကောင်းဖြစ်နေမှန်းသိသော မမက စကားကို ဖြတ်ဖို့ ကြိုးစားသည်။
"သူ အဆင်ပြေမှာပါ"
မမက နားလည်တယ်ဆိုသော ပုံစံဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ရင်း -
"ဒါပေါ့ အဆင်ပြေမှာပါ၊ ဗညား အိမ်ပြန်မလာရင် အိပ်လို့တောင် မပျော်တဲ့ ငါ့မောင်လေးက အဆင်ပြေတယ်လို့ စိတ်ချနေတယ်ဆိုရင် သူတကယ်အဆင်ပြေတယ်လို့ မမ ယုံတာပေါ့"
မမကတော့ စိတ်သက်သာရာ ရအောင် ပြောပေးတာလား မသိပေမယ့် ဘာစကားကြားကြား ၀မ်းနည်းနေတဲ့ စိတ်ကြောင့် မမစကားတို့ကလည်း ၀မ်းနည်းစေသည်။ "အခုလည်း ကျွန်တော် အိပ်မပျော်ဘူး" ဆိုသော စကားကို စိတ်ထဲမှာသာ ပြောနေလိုက်ရင်း အပြင်ပန်းမှာတော့ ခေါင်းသာညိတ်ပြလိုက်မိသည်။
"ခဏနေ အိပ်တော့နော်၊ ညနက်နေပြီ"
"မမ ..."
ပြောပြီး ထသွားဖို့ပြင်တဲ့ မမက ပိုင်ခန့်ကို ခေါ်လိုက်တာကြောင့် အနားမှာ ပြန်ထိုင်သည်။
"ကျွန်တော် တစ်ယောက်ယောက်ကို ချစ်မိသွားတယ်ဆိုရင် မှားလား"
ဒီလိုမျိုး ပြောပြနေကျ မဟုတ်၍ ထင်သည်။ မမက အံ့ဩသွားသလို မျက်ခုံးတစ်ချက်ပင့်သွားပြီးမှ -
"မမှားပါဘူး လူတစ်ယောက်က တခြားလူတစ်ယောက်ကို ချစ်မိတာ မှားတယ်လို့ ကြားဖူးလို့လား"
"ဗညားကို ဆိုရင်ရော ...၊ ကျွန်တော် ချစ်မိတဲ့သူက ဗညား ဆိုရင်ရော ..."
မမ အံ့ဩသွားမည်ဟု ထင်ပေမယ့် မမက ထုံးစံအတိုင်းပဲ အေးချမ်းစွာ ပြုံးသည်။ အဆုံးသတ်မှာ တိုးတိမ်သွားသော စကားသံတို့ကြောင့် မမက သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ပေးထားရင်းက -
"မမှားပါဘူး၊ ဘယ်သူ့ကို ချစ်မိတာပဲ ဖြစ်ဖြစ်ပေါ့"
မမကို ငေးကြည့်ရင်း ရင်ထဲမှာ ဆို့နင့်လာသော ခံစားချက်က ထိန်းထား၍ မရတော့ပါ။ မျက်နှာကို လက်တစ်ဖက်နှင့်အုပ်ကာ ခေါင်းကို ငုံ့ချပစ်လိုက်ရင်း ရှိုက်၍ ငိုနေမိသော ပိုင်ခန့်ကို အား မမက ကျောကို ခပ်ဖွဖွ သပ်ပေးနေသည်။
"မမ နားလည်တယ် ကိုခန့်ရယ်၊ မမ အားလုံး နားလည်တယ်နော်၊ အဲ့ဒီလိုပဲ ဗညားလည်း နားလည်မှာ မို့လို့၊ သူ ပြန်လာမှာပါ"
"သူ ပြန်လာလို့ မရဘူး" ဆိုသော စကားတို့ကိုတော့ ထပ်မပြောဖြစ်တော့ပါ။ ကလေးဘ၀တုန်းကတည်းက တော်ရုံ မျက်ရည်ကျခဲသော မောင်ဖြစ်သူကို ကြည့်ရင်း မမကတော့ ထူးဆန်းနေလိမ့်မည် ထင်သည်။
...............................................................................
Zawgyi
Unicode
အိမ္ထဲ လွမ္း၀င္လာခဲ့ၿပီး ေရတစ္ခြက္ခပ္ေသာက္ကာ ထိုင္ခုံမွာ ၀င္ထိုင္လိုက္သည္။ အိမ္ေ႐ွ႕ခန္းမွာ ဗညားကို မေတြ႕တာမို႔ အခန္းထဲမွာ ျဖစ္လိမ့္မည္ဟု ေတြးကာ -
"ဗညား ... ငါ ျပန္ေရာက္ၿပီေနာ္"
အခန္းထဲက ၾကားရ႐ုံေလာက္ လွမ္းေျပာလိုက္ၿပီး ဖုန္းကို ခဏဖြင့္ၾကည့္ေနလိုက္သည္။ မိနစ္ပိုင္းေလာက္ ၾကာလာတဲ့အထိ ဘာမွတုန္႔ျပန္သံမၾကားရတာေၾကာင့္ "အိပ္ေပ်ာ္ေနတာမ်ားလား" ဟု အခန္းထဲကို သြားၾကည့္လိုက္ေတာ့ မ႐ွိပါ။
"ဟိုေကာင္ေတြဆီ သြားျပန္ၿပီ ထင္တယ္"
မေသခ်ာေသးေပမယ့္ ဗညားက အဲ့ဒီေနရာက လြဲရင္ သြားစရာမ႐ွိတာမို႔ ေဒါသျဖစ္မိသြားရင္း ဗညား ဆီ ဖုန္းေခၚလိုက္သည္။ "မင္းက စိတ္ခ်လို႔ကို မရဘူးပဲ" ဟုလည္း စိတ္ထဲမွာ ႀကိဳအျပစ္တင္ေနမိသည္။ ဇင္မင္းတို႔ဆီ သြားတာဆိုရင္ ေသခ်ာေပါက္ စကားမ်ားၾကရဦးမည္။
ဖုန္းကိုင္တာနဲ႔ ေျပာဖို႔စဥ္းစားထားေသာ စကားတို႔က "လူႀကီးမင္း ေခၚဆိုေသာ နံပါတ္မွာ တပ္ဆင္ထားျခင္း မ႐ွိပါ႐ွင္" ဆိုေသာ ေျဖဆိုသံကို အၾကားမွာ ေပ်ာက္ဆုံးသြားရ၏။
"က်စ္ .... ဘာျဖစ္ျပန္တာလဲ"
ဇင္မင္းနဲ႔ အတူ႐ွိေနမွာပဲ ေသခ်ာသေလာက္မို႔ ဇင္မင္း ဖုန္းကိုသာ ေခၚလိုက္ရသည္။ ဟိုတေလာက ျဖစ္ထားတဲ့ကိစၥေတြေၾကာင့္ ဒီေကာင္ေတြနဲ႔ ခပ္တန္းတန္း ျဖစ္သြားခဲ့တာ ျဖစ္သည္။
"Hello ... ကိုခန္႔"
"ဗညား မင္းတို႔နဲ႔ အတူ႐ွိေနလား"
"မ႐ွိဘူးေလ ကိုခန္႔၊ သူနဲ႔မေတြ႕ျဖစ္တာ ၾကာၿပီ"
"ေအာ္ ... ေအး ေအး"
ဖုန္းခ်ၿပီး ေနာက္ေဖးခန္းထဲ ၀င္ကာ ထပ္ၾကည့္လိုက္သည္။ အုပ္ေဆာင္းကို ဖြင့္ၾကည့္လိုက္ေတာ့ စားပြဲေပၚမွာ မမ ျပင္ထားေပးခဲ့ေသာ ဟင္းေတြက ဒီအတိုင္း ႐ွိေန၏။ အခုပဲ ညေနငါးနာရီထိုးခါနီးၿပီ။ ထမင္းေတာင္ မစားဘဲ ဗညား ဘယ္ေတြေလွ်ာက္သြားေနပါလိမ့္ ဟုေတြးကာ အိမ္ေ႐ွ႕ခန္းမွာ ျပန္ထိုင္ေနလိုက္သည္။ ဇင္မင္းတို႔ကလည္း သိပ္ေတာ့ ယုံရတာမဟုတ္။ ေဘးမွာ ႐ွိေနရက္နဲ႔လည္း မ႐ွိဘူး ေျပာရင္ေျပာမဲ့ေကာင္ေတြ။
စိတ္ထဲမွာ အေတြးေတြမ်ားကာ ႐ႈပ္ယွက္ခတ္လာသည္။ ေသာက္လက္စ စီးကရက္ကို မီးသတ္ပစ္လိုက္ကာ ထိုင္ေနရာက ထရပ္လိုက္ၿပီး ဇင္မင္းတို႔ဘက္ကို သြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။ ဗညား အဲ့ဒီမွာ ႐ွိေနရင္ေတာ့ ျပႆနာက ထပ္ျဖစ္ရဦးမည္။ ေတြးရင္း ထြက္လာဖို႔ျပင္ေတာ့ အိမ္ေ႐ွ႕ဖိနပ္ခြၽတ္မွာ ဗညားဖိနပ္က ႐ွိေနသည္။
ဖိနပ္မစီးဘဲ အျပင္ထြက္သြားတာေတာ့ မျဖစ္ႏိုင္။ ေလွ်ာက္ေတြးရင္းနဲ႔ တစ္စုံတစ္ခုကို ေတြးမိသြားရင္း ရင္ထဲမွာ ထိတ္ခနဲ ျဖစ္သြားေပမယ့္ "မျဖစ္ႏိုင္ပါဘူး" လို႔သာ ျပန္ေတြးရင္း ဗညားဖုန္းကို ေနာက္တစ္ႀကိမ္ ထပ္ေခၚမိသည္။ "တပ္ဆင္ထားျခင္း မ႐ွိပါ" ဆိုတာပါပဲ။
ဇင္မင္းဆီ ေနာက္တစ္ေခါက္ ဖုန္းေခၚဖို႔ ျပင္ၿပီးမွ ဖုန္းကို ျပန္ပိတ္လိုက္သည္။ ဒီေကာင္ေတြဆီလည္း ဖုန္း ခဏခဏ ဆက္မေနခ်င္။ အိမ္ေ႐ွ႕တံခါး၀မွာ ထိုင္ေနလိုက္ရင္း ဗညား ေျပာဖူးေသာ စကားကို ျပန္ၾကားေယာင္လာမိသည္။
"ဖုန္းေတြ အကုန္လုံးက တပ္ဆင္ထားျခင္းမ႐ွိပါ လို႔ပဲ ျပန္ေျဖေနတာ"
ဟိုဘက္ကမ႓ာက သူ႕မိသားစုဆီ၊ သူငယ္ခ်င္းေတြဆီ ဖုန္းဆက္ရင္ နံပါတ္ေတြက တပ္ဆင္ထားျခင္းမ႐ွိပါ လို႔ပဲ ျပန္ေျဖတာ တဲ့။
"ဒါဆို ..."
ပိုင္ခန္႔ကို အထိတ္တလန္႔ႏွင့္ ဗညား နံပါတ္ကို ေနာက္တစ္ႀကိမ္ ထပ္ေခၚၾကည့္ေတာ့ -
"လူႀကီးမင္း ေခၚဆိုေသာ နံပါတ္မွာ တပ္ဆင္ထားျခင္း မ႐ွိပါ႐ွင္"
ဖုန္း ေအာ္ပေရတာမွ မိန္းကေလး၏အသံက သူ႕အား ေလွာင္ေျပာင္ေနသလိုပင္။
"ဗညား ... မင္း အိမ္ျပန္သြားတာလား"
ဖုန္း Screen ကို စိုက္ၾကည့္ကာ ေမးလိုက္မိေသာ စကားသံတို႔က အဆုံးသတ္မွာ တုန္ခါ တိုး၀င္သြား၏။
.........
လွဲအိပ္ေနရာကေန ဇာနည္ လူးလဲထလိုက္ၿပီးမွ ထိုးကိုက္လာေသာ ေခါင္းေၾကာင့္ ဆိုဖာကို ခဏ ျပန္မွီထားလိုက္ရ၏။ ဒီအခန္းထဲမွာပဲ အိပ္ေပ်ာ္သြားတာလား။ ဒါဆို ...။ ေဒၚေလးအတြက္ ေဆးမ၀ယ္ေပးရေသးဘူးပဲ ဟု ေတြးမိကာ ျပန္ဖို႔ ထရပ္လိုက္ေတာ့ အခန္းတံခါးဖြင့္သံႏွင့္အတူ ၀င္လာတာက ကိုမင္းထက္။
"ႏိုးၿပီလား .."
ကိုမင္းထက္က လက္ထဲက ကိုင္လာေသာ ပန္းကန္အား စားပြဲေပၚခ်ရင္း လွမ္းေမးသည္။ မေန႔က ေသာက္ထားေသာ အႂကြင္းအက်န္မ်ားမ႐ွိေတာ့ဘဲ စားပြဲက ႐ွင္းလင္းေန၏။
"ဟုတ္ကဲ့ ... ကြၽန္ေတာ္ ျပန္ေတာ့မယ္ ကိုမင္းထက္၊ ဒီေန႔တစ္ရက္ေတာ့ ခြင့္ယူမယ္လို႔ ေျပာေပးပါေနာ္"
ေျပာရင္း ထရပ္ေသာ ဇာနည့္ပုခုံးကို ျပန္ဖိကာ ထိုင္ေစၿပီး သူပါ ေဘးမွာ ၀င္ထိုင္သည္။
"ကိုရဲ ခဏေန လာလိမ့္မယ္၊ ေစာင့္လိုက္ဦးေလ"
"အိမ္မွာ ကိစၥ႐ွိလို႔ပါ၊ ကြၽန္ေတာ့္ အေဒၚ ..."
"မင္း အိမ္က ကိစၥေတြ ပူမေနနဲ႔၊ မေန႔တည္းက စိုးႀကီးတို႔ကို လႊတ္ၿပီး လိုတာေတြ စီစဥ္ခိုင္းလိုက္ၿပီးၿပီ"
ဇာနည့္စကား မဆုံးခင္ ျဖတ္ေျပာလာေသာ ကိုမင္းထက္ စကားေၾကာင့္ အံ့ဩသြားရင္း -
"ဘာေတြ စီစဥ္တာလဲ၊ ကြၽန္ေတာ့္အိမ္အေၾကာင္းကို ဘာသိတာမို႔လို႔လဲ"
"သိလို႔ေပါ့ကြာ၊ မယုံရင္ မင္းအေဒၚကို ဖုန္းဆက္ၿပီး ေမးၾကည့္"
ရဲျမတ္ထြဋ္ေခါင္ ဆိုေသာလူဟာ လုပ္ခ်င္ရာေတြ လုပ္ေနေတာ့တာပဲ။ သူ မေန႔က မူးမူး႐ူး႐ူးနဲ႔ ဘာေတြမ်ား ေျပာျပမိပါလိမ့္။ အကူအညီေတာင္းခ်င္လို႔ ေျပာျပတယ္လို႔မ်ား ထင္သြားမလား မသိပါ။
"ကြၽန္ေတာ္ ျပန္ေတာ့မယ္"
"မင္းကလဲ ... ဘာျဖစ္ေနတာလဲ၊ ခဏေစာင့္ပါဦးဆိုမွ၊ ကိုရဲက သူ႕အေဖေရာက္ေနလို႔ စကားေျပာေနတာ"
"သူ႕အေဖ ...၊ ဦးထြဋ္ေခါင္ လား"
အရင္က သတင္းေတြ၊ Social Media ေတြမွာပဲ ျမင္ဖူးေနေသာ ဦးထြဋ္ေခါင္ႏွင့္ အခု အိမ္တစ္အိမ္တည္းမွာ ေရာက္ေနရေသာ ကိုယ့္အျဖစ္ကိုယ္ မယုံႏိုင္ေလာက္ေအာင္ပင္ ျဖစ္ရသည္။ အလိုလိုေနရင္း သိမ္ငယ္သြားသလို စိတ္ကလည္း အလိုလို ျဖစ္လာသည္။
"ေအးေပါ့၊ ဆရာက အေရးမႀကီးရင္ ကိုယ္တိုင္မလာတတ္ဘူး၊ ဘာေတြ အေျပာခံေနရျပန္လဲ မသိပါဘူး၊ ကိုရဲလည္း သနားပါတယ္"
"ဘာျဖစ္လို႔လဲ"
"ငါေျပာဖူးတယ္ေလ၊ ဆရာက ကိုရဲကို စိတ္တိုင္းမက်တာ မ်ားတယ္လို႔၊ ကိုရဲက အခုရက္ပိုင္း အလုပ္ကိစၥေတြကို မသြားခ်င္လို႔ ေ႐ွာင္ေနတာ မ်ားၿပီ၊ အဲ့ဒါေၾကာင့္ ဆရာ ေရာက္လာတာျဖစ္မယ္"
ကိုမင္းထက္က ရဲျမတ္ထြဋ္ေခါင္အတြက္ စိတ္မေကာင္းသလို ေျပာေနတာမို႔ ဇြတ္အတင္းျပန္မယ္လည္း ေျပာမေနခ်င္ေတာ့ဘဲ ဆက္ထိုင္ေနလိုက္ရသည္။
"ဒါ စားလိုက္ဦး"
ကိုမင္းထက္က စားပြဲေပၚက ဆန္ျပဳတ္ပန္းကန္ကို ၫႊန္ျပရင္း ေျပာသည္။ မေန႔ကတည္းက ဘာမွလည္း ေသခ်ာမစားရေသးတာေၾကာင့္ ဆန္ျပတ္ပန္းကန္ကိုယူကာ တစ္ဇြန္းခပ္စားလိုက္ေတာ့ အရသာက ေတာ္ေတာ္ စားေကာင္းသည္။ "သူေဌးအိမ္ကဆိုေတာ့ ဆန္ျပဳတ္ေတာင္ အရသာပို႐ွိေနတာပဲ" ဟု ေတြးမိေတြးရာ ေလွ်ာက္ေတြးေနမိသည္။
Ring ... Ring ... Ring
"ေအး ေအး၊ ငါ ဆင္းလာၿပီ"
ကိုမင္းထက္ဆီက ဖုန္းျမည္သံနဲ႔အတူ ျပန္ေျဖၿပီး "ငါ ေအာက္ဆင္းလိုက္ဦးမယ္" ဟု ေျပာကာ ထြက္သြား၏။
ဆန္ျပဳတ္ကို ကုန္ေအာင္စားလိုက္ၿပီး ဖုန္းက နာရီကို ဖြင့္ၾကည့္ေတာ့ ေန႔လည္ ဆယ့္တစ္နာရီခန္႔။ ဆယ္မိနစ္ေလာက္ ဆက္ထိုင္ေနအၿပီးမွာ ရဲျမတ္ထြဋ္ေခါင္ ေရာက္လာ၏။ မီးခိုးေရာင္ ေဘာင္းဘီ႐ွည္ႏွင့္ အျဖဴေရာင္တီ႐ွပ္ ခပ္ပြပြကို ၀တ္ထားေသာ ရဲျမတ္ထြဋ္ေခါင္ပုံစံက ျမင္ေနက်မဟုတ္ေပမယ့္ ဒီလိုပုံစံႏွင့္ ပိုလိုက္ဖက္သည္ဟု ထင္မိသည္။
"ႏိုးေနတာ ၾကာၿပီလား"
လြင့္ခနဲ ေမႊးပ်ံ႕လာေသာ ရေနက် ရနံ႔တစ္ခုႏွင့္အတူ ရဲျမတ္ထြဋ္ေခါင္က ေဘးမွာ ၀င္ထိုင္၏။ ေခါင္းပဲ ညိတ္ျပလိုက္ေတာ့ ဇာနည့္ကို ျပန္ၾကည့္ၿပီး တစ္ခ်က္ျပဳံးသည္။ ရဲျမတ္ထြဋ္ေခါင္ မ်က္ႏွာက သိသိသာသာပဲ ညိႇဳးေနတာမို႔ -
"ခင္ဗ်ား အဆင္ေျပရဲ႕လား"
"ဘာလို႔ေမးတာလဲ၊ ေဖေဖလာသြားတယ္လို႔ မင္းထက္ေျပာျပတာလား"
"ဟုတ္တယ္၊ တျခားအေၾကာင္းေတြေလွ်ာက္ေျပာတာ မဟုတ္ပါဘူး၊ ခင္ဗ်ား အေဖက ..."
"မင္းကလဲ ငါ့ကို ခင္ဗ်ား ခင္ဗ်ားနဲ႔ေနာ္၊ ငါက မင္းထက္ အသက္ အမ်ားႀကီး ႀကီးတယ္၊ မင္းထက္ကိုေတာင္ ကိုမင္းထက္လို႔ ေခၚၿပီးေတာ့"
ပုံမွန္အတိုင္းဆို "ဘယ္လိုေခၚေခၚေပါ့" လို႔ ျပန္ေျပာမိလိုက္မွာ ျဖစ္ေပမယ့္ ရဲျမတ္ထြဋ္ေခါင္ အခုေျပာေနသည့္ ပုံစံက တစ္ခုခုကို ၀မ္းနည္းေနသလို မ်ိဳးမို႔။ သူ႕အေဖနဲ႔ ဘာျဖစ္ခဲ့တယ္ ဆိုတာကိုေတာ့ ေျပာမျပခ်င္ဘူး ထင္သည္။
"အဲ့ဒါဆို ဘယ္လို ေခၚရမလဲ"
ျပန္ေမးလိုက္ေတာ့ ရယ္ရင္း ဇာနည့္ေခါင္းကို အုပ္ကိုင္ကာ -
"ေနာက္တာပါ ... မင္း ေခၚခ်င္သလို ေခၚ"
သူ႕လက္ဖဝါးနဲ႔ အုပ္ကာကိုင္လိုက္တာက ေခါင္းကို ျဖစ္ေပမယ့္ ရင္ထဲမွာ ေႏြးခနဲ ျဖစ္သြားရင္း ရဲျမတ္ထြဋ္ေခါင္ႏွင့္ မ်က္ႏွာခ်င္းမဆိုင္ရဲသလို အၾကည့္ လႊဲလိုက္မိသည္။ ဘာျဖစ္တာလဲ။
"ကြၽန္ေတာ္ ျပန္ေတာ့မယ္ေနာ္"
"ေနပါဦး ..."
ထရပ္လိုက္ေသာ ဇာနည့္လက္ကို ဆြဲကာ ျပန္ထိုင္ေစ၏။ လက္ကို ျပန္႐ုန္းလိုက္ေတာ့ လႊတ္ေပးၿပီး -
"ေဖေဖလည္း ျပန္သြားပါၿပီ၊ မင္းကို ညေနမွ ငါ လိုက္ပို႔ေပးမယ္ ဟုတ္ၿပီလား"
"ဒီေန႔ေရာ ဘယ္သြားစရာ ႐ွိလို႔လဲ"
"ဘယ္မွ သြားစရာ မ႐ွိဘူး"
"ကိုမင္းထက္က ေျပာတယ္၊ ခင္ဗ်ား အလုပ္ကိစၥေတြ မသြားတာ မ်ားၿပီဆို၊ သြားစရာ ကိစၥ႐ွိတယ္ဆိုရင္ ..."
"မင္းက စကားအရမ္းမ်ားတာပဲ ဇာနည္"
ဇာနည္ ေျပာေနေသာ စကားမဆုံးခင္ ျဖတ္ေျပာၿပီး ႐ုတ္တရက္ ေပါင္ေပၚလွဲအိပ္ခ်လိုက္ေသာ ရဲျမတ္ထြဋ္ေခါင္ေၾကာင့္ လန္႔သြားရင္း သူ႕ကို လက္ႏွင့္မထိမိေအာင္ လက္ႏွစ္ဖက္ကို ဘယ္ထားရမွန္းမသိျဖစ္ေနတာေၾကာင့္ ရဲျမတ္ထြဋ္ေခါင္က ရယ္ရင္း ဇာနည့္လက္ကို ဆြဲယူကာ သူ႕ရင္ဘတ္ေပၚ တင္ထားလိုက္၏။
"ဘာလုပ္တာလဲ"
"ေနာက္ဆိုရင္ အလုပ္ေတြက မ်ားလာေတာ့မွာ အခု အနားယူထားမွ ျဖစ္မယ္"
ဇာနည္ေမးတာကို မေျဖဘဲ သူေျပာခ်င္တာသာ ေျပာၿပီး မ်က္လုံးေတြကို မွိတ္ထားသည္။ ငုံ႔ၾကည့္လိုက္႐ုံနဲ႔ အနီးကပ္ျမင္ေနရေသာ ရဲျမတ္ထြဋ္ေခါင္၏ မ်က္ႏွာအသားအရည္က ၾကည္စင္ေနသည္။ အျပစ္အနာအဆာမ႐ွိေအာင္ အခ်ိဳးက်စြာ ၾကည့္ေကာင္းေနေသာ မ်က္ႏွာတစ္ခုကို သတိလက္လြတ္ ငုံ႔ကာ ၾကည့္ေနမိၿပီးမွ ဆိုဖာေပၚ ေခါင္းမွီကာ မ်က္ႏွာကို ေမာ့ပစ္လိုက္ရသည္။
"ကြၽန္ေတာ္က ဒီအတိုင္း ထိုင္ေနရမွာလား" ဆိုေသာ ေမးခြန္းေတြလည္း မေမးျဖစ္ေတာ့ပါ။ ဇာနည္ ကိုယ္တိုင္လည္း ဒီအတိုင္းပဲ ထိုင္ေနခ်င္မိေလသလား မသိ။
.......
"ကိုခန္႔ ..."
အပ္ခ်ဳပ္စက္အနားက ထလာေသာ မမက အိမ္ေ႐ွ႕တံခါးနားမွာ ထိုင္ေနေသာ သူ႕အနား လာထိုင္ရင္း ခပ္တိုးတိုး ေခၚသည္။
"ဗညားနဲ႔ ရန္ျဖစ္ထားၾကျပန္ၿပီလား"
မမ လာေမးလိုက္မွ နင့္ခနဲ ျဖစ္သြားေသာ ရင္ဘတ္ထဲက ၀မ္းနည္းမႈကို အိမ္အျပင္ဘက္ဆီသို႔ အၾကည့္လႊဲကာ ေဖ်ာက္ပစ္လိုက္ရင္း -
"မဟုတ္ပါဘူး မမ"
"ဇင္မင္းတို႔ဆီကို ထပ္သြားေနျပန္တာလား"
ေခါင္းခါျပလိုက္ရင္း စိတ္ထဲတြင္ ေသခ်ာေနေပမယ့္ ပါးစပ္ကထုတ္မေျပာခ်င္ေသာ စကားတို႔ကို ထုတ္ေျပာလိုက္ရသည္။
"သူ ... အိမ္ျပန္သြားတာ"
"ဟင္ ... ဟုတ္လား၊ မမကိုလည္း ဘာမွ ေျပာမသြားဘူး"
"ႏႈတ္ဆက္ဖို႔ အခ်ိန္မရလိုက္လို႔ ေနမွာပါ"
"ငါ မင္းကို ႏႈတ္မဆက္လိုက္ရမွာ စိုးလို႔" ဆိုေသာ စကားကို ျပန္ၾကားေယာင္မိေတာ့ ရင္ထဲမွာ တင္းၾကပ္လာသည္။
"သူ႕အိမ္က ျပန္လာေခၚသြားတာလား"
"......"
ဘာမွျပန္မေျဖေသာ ပိုင္ခန္႔ကို ကို ၾကည့္ကာ မမက သက္ျပင္းခ်သည္။ ျပန္မေျဖတာထက္စာရင္ ျပန္မေျဖႏိုင္ ျဖစ္ေနတယ္ဆိုတာ မမ သိေလာက္ပါသည္။
"သူ႕အိမ္ကို အႏၲရာယ္ကင္းကင္းနဲ႔ ျပန္ေရာက္သြားတယ္ဆိုရင္ ၿပီးတာပါပဲ"
ေမာင္ျဖစ္သူ စိတ္မေကာင္းျဖစ္ေနမွန္းသိေသာ မမက စကားကို ျဖတ္ဖို႔ ႀကိဳးစားသည္။
"သူ အဆင္ေျပမွာပါ"
မမက နားလည္တယ္ဆိုေသာ ပုံစံျဖင့္ ေခါင္းတဆတ္ဆတ္ ညိတ္ရင္း -
"ဒါေပါ့ အဆင္ေျပမွာပါ၊ ဗညား အိမ္ျပန္မလာရင္ အိပ္လို႔ေတာင္ မေပ်ာ္တဲ့ ငါ့ေမာင္ေလးက အဆင္ေျပတယ္လို႔ စိတ္ခ်ေနတယ္ဆိုရင္ သူတကယ္အဆင္ေျပတယ္လို႔ မမ ယုံတာေပါ့"
မမကေတာ့ စိတ္သက္သာရာ ရေအာင္ ေျပာေပးတာလား မသိေပမယ့္ ဘာစကားၾကားၾကား ၀မ္းနည္းေနတဲ့ စိတ္ေၾကာင့္ မမစကားတို႔ကလည္း ၀မ္းနည္းေစသည္။ "အခုလည္း ကြၽန္ေတာ္ အိပ္မေပ်ာ္ဘူး" ဆိုေသာ စကားကို စိတ္ထဲမွာသာ ေျပာေနလိုက္ရင္း အျပင္ပန္းမွာေတာ့ ေခါင္းသာညိတ္ျပလိုက္မိသည္။
"ခဏေန အိပ္ေတာ့ေနာ္၊ ညနက္ေနၿပီ"
"မမ ..."
ေျပာၿပီး ထသြားဖို႔ျပင္တဲ့ မမက ပိုင္ခန္႔ကို ေခၚလိုက္တာေၾကာင့္ အနားမွာ ျပန္ထိုင္သည္။
"ကြၽန္ေတာ္ တစ္ေယာက္ေယာက္ကို ခ်စ္မိသြားတယ္ဆိုရင္ မွားလား"
ဒီလိုမ်ိဳး ေျပာျပေနက် မဟုတ္၍ ထင္သည္။ မမက အံ့ဩသြားသလို မ်က္ခုံးတစ္ခ်က္ပင့္သြားၿပီးမွ -
"မမွားပါဘူး လူတစ္ေယာက္က တျခားလူတစ္ေယာက္ကို ခ်စ္မိတာ မွားတယ္လို႔ ၾကားဖူးလို႔လား"
"ဗညားကို ဆိုရင္ေရာ ...၊ ကြၽန္ေတာ္ ခ်စ္မိတဲ့သူက ဗညား ဆိုရင္ေရာ ..."
မမ အံ့ဩသြားမည္ဟု ထင္ေပမယ့္ မမက ထုံးစံအတိုင္းပဲ ေအးခ်မ္းစြာ ျပဳံးသည္။ အဆုံးသတ္မွာ တိုးတိမ္သြားေသာ စကားသံတို႔ေၾကာင့္ မမက သူ႕လက္တစ္ဖက္ကို ဆုပ္ကိုင္ေပးထားရင္းက -
"မမွားပါဘူး၊ ဘယ္သူ႕ကို ခ်စ္မိတာပဲ ျဖစ္ျဖစ္ေပါ့"
မမကို ေငးၾကည့္ရင္း ရင္ထဲမွာ ဆို႔နင့္လာေသာ ခံစားခ်က္က ထိန္းထား၍ မရေတာ့ပါ။ မ်က္ႏွာကို လက္တစ္ဖက္ႏွင့္အုပ္ကာ ေခါင္းကို ငုံ႔ခ်ပစ္လိုက္ရင္း ႐ိႈက္၍ ငိုေနမိေသာ ပိုင္ခန္႔ကို အား မမက ေက်ာကို ခပ္ဖြဖြ သပ္ေပးေနသည္။
"မမ နားလည္တယ္ ကိုခန္႔ရယ္၊ မမ အားလုံး နားလည္တယ္ေနာ္၊ အဲ့ဒီလိုပဲ ဗညားလည္း နားလည္မွာ မို႔လို႔၊ သူ ျပန္လာမွာပါ"
"သူ ျပန္လာလို႔ မရဘူး" ဆိုေသာ စကားတို႔ကိုေတာ့ ထပ္မေျပာျဖစ္ေတာ့ပါ။ ကေလးဘ၀တုန္းကတည္းက ေတာ္႐ုံ မ်က္ရည္က်ခဲေသာ ေမာင္ျဖစ္သူကို ၾကည့္ရင္း မမကေတာ့ ထူးဆန္းေနလိမ့္မည္ ထင္သည္။
...............................................................................