ချမ်းအေးလှတဲ့ဒီဇင်ဘာလလယ်ကြီးတွင်လူတိုင်းဟာပျော်မြူးစွာအလုပ်လုပ်ရင်းမိသားစုစုံစုံလင်လင်နဲ့အပန်းဖြေနိုင်မဲ့အားလပ်ရက်ကိုစောင့်မျှော်နေကြသည်။ဒါပေမယ့်ဒယ်ဂူမြို့လေးရဲ့တစ်နေရာမှာတော့ အထီးကျန်ဝမ်းနည်းစွာနဲ့စာအုပ်ဖတ်နေတဲ့၁၆နှစ်အရွယ်
ကောင်လေးတစ်ယောက်ရှိသည်။
"ဂင်ထယ်ယောင်း!ငါ့ကိုအရက်သွားဝယ်ပေးစမ်း. ."
"ဦးလေးကြီး အခုကအရမ်းမှောင်နေပြီလေ. ."
"ဘာလဲမင်းကအာခံတာလား. .ဟန်.ငါပြောရင်ပြောတဲ့အတိုင်းလုပ်လေ"
ထယ်ယောင်းရဲ့ပထွေးဖြစ်သူဟာအင်္ကျီကနေဆွဲပြီးအခန်းပြင်ဆွဲထုတ်ကာတွန်းထုတ်လိုက်တော့ထယ်ယောင်းမှာဧည့်ခန်းထဲကဗီဒိုအပုလေးနားကိုလဲကျကာဆောင့်မိသွားသည်။
"ဒုန်း!"
"အာ့"
လဲကျသွားတဲ့ထယ်ယောင်းကိုပထွေးဖြစ်သူဟာအနားလာပြီးရင်ဘက်ကအင်္ကျီစကိုဆွဲရင်းပါးကိုသုံးချပ်လောက်ဆင့်ရိုက်လိုက်သည်။
"ဖြောင်း..ဖြောင်း..ဖြောင်း.."
"အ့ နာတယ်ဟင့်လွှတ်ပါ"
"မင်းအခုတစ်လောတော်တော်အချိုးမပြေနေတယ်. .ငါမင်းကိုသက်မိတော့မယ်. . ."
"အဟင့်. . .ဟီး. . .ဟီး. ."
"ငိုမနေနဲ့နားညီးတယ်သွား. . .အခုသွားဝယ်ချီ"
"ဟုတ်. .ဟုတ်ကဲ့. . ."
. . .*. . .*. . .*. . .
ထယ်ယောင်းအိမ်ပြန်ရောက်လာတော့. . .
"ဟက်ကောင်. .နင်အိမ်လည်နေတာလား
သားလေးတစ်ယောက်မွေးမိပါတယ်အားကိုမကိုးရဘူးနင်မွေးကတည်းကငါ့မှာအဆင်ပြေတာကိုမရှိဘူး"
ထယ်ယောင်းလည်းစိတ်မကောင်းဖြစ်ကာခေါင်းလေးငုံ့ပြီးသူ့အမေကိုပြောရှာသည်။
"မဟုတ်ပါဘူးအမေရယ်. .သားဦးလေးကြီးကအရက်ဝယ်ခိုင်းလို့သွားဝယ်ပေးတာပါ"
"မသိချင်ဘူး. .ရော့အဲ့ပိုက်ဆံနဲ့အဆင်ပြေတာသာကြည့်ကြပ်ဝယ်စားလိုက်တော့ငါသွားစရာရှိလို့သွားအုံးမယ်. . .ပြန်အိပ်ချင်မှအိပ်မှာဒီနေ့"
"အမေ ညနက်နေပြီလေ နောက်နေ့မှသွားပါလားဟင်"
"အမယ်စိတ်ပူပြမနေနဲ့ငါပိုက်ဆံရှာသွားတာ
ငါမရှာလို့နင်ကဘယ်ကပိုက်ဆံနဲ့မျိုမှာတုန်းဟင်. . ."
ထယ်ယောင်းစိတ်မကောင်းဖြစ်၍သာကျန်ခဲ့လေသည်။ဗိုက်ကလည်းအရမ်းစာနေပေမယ့်
ဒီအချိန်သူ့လိုအသက်ငယ်သေးတဲ့သူအတွက်အပြင်ထွက်ဖို့မသင့်တော်မှန်းသိတော့ရေသောက်ဗိုက်မှောက်၍သာနေလိုက်သည်။
"ဟင်း. . . မြန်မြန်အသက်ကြီးလာပါတော့. . "
ထယ်ယောင်းအမေကအရက်ဆိုင်ဖွင့်
ပြီးအရက်ရောင်းပေမယ့်တစ်ခါတစ်လေဆိုင်ပိတ်ပြီးအလောင်းကစားလည်းလုပ်သည်။အဖေရယ်လို့ခေါ်စရာမရှိပဲကြီးပြင်းခဲ့ရပြီးသူ့အဖေဘယ်သူမှန်းလည်းမသိ။သူရယ်အမေရယ်သူ့ပထွေးဆိုသူရယ်သုံးယောက်အတူနေရပြီးတော့ အမေကသူ့ကိုလုံးဝမချစ်သလိုပထွေးနှိပ်စက်တာကိုလည်းနေ့တိုင်းခံရသည်။ဆယ့်ခြောက်နှစ်အရွယ် နှင့်မလိုက်အောင် စိတ်ဒဏ်ရာတစ်ပွေ့တစ်ပိုက်နဲ့ကြီးပြင်းလာခဲ့ရသည်။
. . .*. . .*. . .*. . .
"ဟေ့. .ဂင်ထယ်ယောင်း ဂုဏ်ပြုပါတယ်. .ဒီလပတ်လည်းတစ်ရပြန်ပြီနော်"
"အော. .ကျေးဇူးပဲ"
"မင်းစာတွေဘာလို့အဲ့လောက်ကြီးထိကြိုးစားနေတာလဲ. . .မင်းအမေကမင်းကိုဆိုးလ်တက္ကသိုလ်လည်းထားနိုင်မှာမဟုတ်ဘဲနဲ့. .ဟ. .ဟား. ."
ကျောင်းမှာကောင်လေးသုံးယောက်ကထယ်ယောင်းနားလာပြီးချီးကျူးသလိုနဲ့ဖဲ့နေသည်။
"ရား!. .မင်တို့တွေသူများတော်တာမနာလိုမဖြစ်ကြနဲ့သွားကြစမ်း. . မဟုတ်ရင်ငါကဆရာမနဲ့တိုင်မှာ"
"သွားရအောင်ပါကွာသူတို့လိုအပယ်ခံတွေနဲ့ရန်ပတ်ဖြစ်မနေနဲ့"
ကောင်လေးသုံးယောက်ကသူတို့ကိုဟားတိုက်ပြီးထွက်သွားသည်။
"ထယ်ယောင်းအဆင်ပြေရဲ့လား"
"ပြေပါတယ်ဂျီမင်းနား"
"မင်းကလည်းထထိုးပစ်လိုက်တာမဟုတ်ဘူး"
"တော်ပါပြီထားလိုက်တော့. .ဒါနဲ့မင်အားလပ်ရက်ပျော်ခဲ့လား"
"အင်းငါတို့ဆိုးလ်ကိုခရီးထွက်ဖြစ်တယ်အရမ်းပျော်ဖို့ကောင်းတယ်သိလား. . .#%$&%#%. . ."
"တစ်ကယ်လား. .ဝါးပျော်ဖို့ကောင်းမှာပဲ. .ဟား. .ဟား. ."
ထယ်ယောင်းကမိသားစုနဲ့မပျော်ရပေမယ့်ဂျီမင်းရဲ့အားလပ်ရက်အတွေ့အကြုံလေးတွေကိုနားထောင်ရင်းပြုံးရယ်နေခဲ့သည်။
ရာသီတွေကူးပြောင်းအချိန်တွေကြာညောင်းလာတာနဲ့အမျှထယ်ယောင်းလည်းတစ်ဖြေးဖြေးအသက်ကြီးလာကာအသက်နှစ်ဆယ်ပြည့်ခဲ့လေပြီ။သူများတွေလှောင်ပြောင်ခဲ့သလိုပဲထယ်ယောင်းလေးဟာတက္ကသိုလ်ဆက်မတတ်နိုင်ပဲအချိန်ပိုင်းအလုပ်အစုံလုပ်ကာဘဝကို စတင်ရုံးကန်ရတော့သည်။
"ထယ်ယောင်းနင်စုမိထားတဲ့ပိုက်ဆံထဲကနည်းနည်းလောက်ပေးစမ်းအေ. .ငါမနေ့ကဖဲရှုံးတာပါသွားလို့အဲ့တာဒီနေ့ပြန်ယူရမယ်. ."
"ဟုတ်ဘယ်လောက်ဆိုလောက်လည်းအမေ"
"အော. .သုံးသိန်း. ဝမ်သုံးသိန်းလောက်"
"ဗျာ. .ဝမ်သုံးသိန်း. . ."
"အော်ဟော်. . .နင်ကနင်ပေးရတော့လန့်တယ်ပေါ့"
"မဟုတ်ပါဘူးအမေရယ်. .ဒါပေမယ့်သုံးသိန်းဆိုတာကျွန်တော်တို့တစ်လစာစားစရိတ်လောက်ရှိတယ်လေ"
"အောင်မာငါ့ကိုပြန်ဆရာလုပ်နေသေးတယ်ငါအဲ့လိုလုပ်ပြီးငွေရှာလို့ရတဲ့ပိုက်ဆံနဲ့နင်ကြီးလာတာပါပေးစမ်းပါမြန်မြန်"
"ဟုတ်ကဲ့ပါ. .ဒါပေမယ့်အခုရလာတဲ့ပိုက်ဆံကောပေါင်းမှ ကျွန်တော့်မှာဝမ်နှစ်သိန်းခွဲပဲရှိတယ်အဲ့တာယူလိုက်နော်"
"အဲ့တာဆိုလဲရှိသလောက်ပေါ့ပေးပေး. . ."
ထယ်ယောင်းအမေဟာပိုက်ဆံလည်းထုတ်ပေးလိုက်ရောဆွဲယူပြီးအိမ်ပြင်ထွက်သွားတော့သည်။
coming next. . .
––––––––––––––––––––––––––––––––––––
. . . . korakimtae. . . .
♥TAEKOOK FOREVER♥
လိုအပ်တာရှိရင်ပြောပေးပါနော်...
ဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်
. . . . . .အမှားပါလျှင်ခွင့်လွှတ်ပါ. . . . . .