๐–ฅ๐–บ๐—…๐—…๐—‚๐—‡๐—€ ๐—‚๐—‡ โ™ก๏ธŽ ๐—‚๐—‡ ๏ฟฝ...

By jaeun_sweetie

788 76 8

๐—œ ๐—ฃ๐—น๐—ฎ๐—ป๐˜๐—ฒ๐—ฑ ๐—ง๐—ต๐—ฒ ๐—ฆ๐—ฒ๐—ฒ๐—ฑ๐˜€ ๐—ข๐—ณ ๐— ๐˜† ๐—Ÿ๐—ผ๐˜ƒ๐—ฒ ๐—œ๐—ป ๐—ฃ๐—ฎ๐—ฟ๐—ถ๐˜€ [ Pแด€ส€แด‹ Jแด‡แดษดษข-Wแดแด {Jแดœsแด›ษชษด Hแด€แดขแด‡สŸ} + Yแดแดษด... More

๐“๐ก๐ž ๐…๐ซ๐ž๐ง๐œ๐ก ๐†๐ฎ๐ฒ ๐‡๐š๐ฌ ๐‡๐š๐ณ๐ž๐ฅ ๐„๐ฒ๐ž๐ฌ
๐Œ๐ฒ ๐‚๐ฎ๐ซ๐ข๐จ๐ฎ๐ฌ๐ข๐ญ๐ฒ
๐๐ซ๐ž๐œ๐ข๐จ๐ฎ๐ฌ ๐ƒ๐ซ๐ž๐š๐ฆ ๐Ž๐ซ ๐๐จ๐ญ
๐…๐ž๐ž๐ฅ ๐›๐ฅ๐ข๐ง๐๐ง๐ž๐ฌ๐ฌ ๐š๐ง๐ ๐€๐ฉ๐ก๐š๐ฌ๐ข๐š
๐Œ๐ž๐ฅ๐ญ๐ข๐ง๐ 
๐˜๐จ๐ฎ๐ซ ๐‹๐ข๐ฉ๐ฌ ๐€๐ซ๐ž ๐“๐š๐ฌ๐ญ๐ฒ
๐–๐š๐ซ๐ฆ ๐‡๐ž๐š๐ซ๐ญ
๐Œ๐š๐ฌ๐ค

๐๐ž๐š๐ฎ๐ญ๐ž๐จ๐ฎ๐ฌ ๐ƒ๐š๐ฒ

88 8 2
By jaeun_sweetie

ဂျက်စတင့် အိမ်ရောက်ဖို့ ကားဖြင့် နာရီ၀က်မောင်းလိုက်ရသည်မို့ အလွန်ဆုံး၁၅မိနစ်လောက်ပဲ ကားမောင်းဖူးသည့် ဂျယ်ဟျော့တစ်ယောက် ခေါင်းခဲနေချေပြီ။ခြံအတွင်း ကားရပ်လိုက်သည်နှင့် စံအိမ်ရှေ့မှာ ရပ်စောင့်နေသူတွေက ရူဘီဂျိန်းနဲ့အသက်၄၀
ကျော် အမျိုးသမီးကြီးတစ်ဉီးဖြစ်၏။ကားတံခါးဖွင့်ပြီး ကားပေါ်မှဆင်းခဲ့ပြီး နောက် တစ်ဖက်က ကားတံခါးကိုပါ ဖွင့်ပေးရသည်။ထို့‌နောက်ဂျက်စတင့် လက်ကိုဆွဲပြီး ကားတစ်ဖက်မှာရပ်နေသူတွေစီ လျှောက်သွားခဲ့လိုက်၏။ထိုအမျိုးသမီးကြီးက ဂျက်စတင့်အား ၀မ်းသားအားရစွာ တွဲခေါ်သည်။ရူဘီဂျိန်းကတော့ ဂျယ်ဟျော့ဘက်ကို လှည့်လာပြီး-

“၀င်ထိုင်ပါဉီး ယွန်းဂျယ် ... ။ ကော်ဖီလေးဖြစ်ဖြစ် သောက်သွားပေါ့ရှင်”

အပြုံးချိုချိုလေးဖြင့် ကြိုဆိုသည့် ရူဘီဂျိန်း၏ စကားကို ဂျယ်ဟျော့ ခေါင်းခါရင်း “အလုပ်ကိစ္စသွားစရာရှိသေးလို့ ၀င်မထိုင်တော့ဘူးဗျ” လို့သာ ပြောလိုက်သည်။ရူဘီဂျိန်းကလည်း နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။

“ဒါဆို ဂျက်စတင်ကို .. ညနေမှပြန်လာပို့လိုက်မယ်‌နော် ယွန်းဂျယ်”

ဂျက်စတင်၏ အစ်မအရင်းဖြစ်သူစီက ပြန်လာပို့လိုက်မယ်‌နော်ဆိုသည့် စကားကြောင့် ဂျယ်ဟျော့ ပြုံးရုံသာပြုံးပြလိုက်သည်။မသိသည့်လူသာဆိုရင် ဂျယ်ဟျော့နဲ့ ဂျက်စတင်ကို သွေးသားတော်စပ်သည်ဟုပင် ထင်ကြေးပေးကြလိမ့်မည်။

“ကျွန်တော့်ကို စောစောလာခေါ်နော် .. ကိုကို!”

ဂျက်စတင်စီမှ ကြားလိုက်ရသော စကားကြောင့် ဂျယ်ဟျော့၏ နားရွက်ဖျားတွေက မသိမသာရဲတက်သွားသည်။ရူဘီဂျိန်းက ဘာမှမပြောသော်ညား ဂျယ်ဟျော့ တစ်ယောက်တည်းရှက်နေမိသည်။သူခေါ်ခိုင်းသည်က “အစ်ကို” ဖြစ်သော်လည်း လူရှေ့ရောက်မှ “ကိုကို” ဟုခေါ်နေသော ကောင်လေးကြောင့် ဂျယ်ဟျော့တစ်ယောက် ထူပူသွားရပြန်သည်။ခက်ပါရဲ့ ကိုယ့်ရဲ့တဇွတ်ထိုးတဇောက်ကန်းလေးရယ်။

“ကိုကို ..”

“ဟုတ်ပြီ ဟုတ်ပြီ! ကိုယ်လာခေါ်မယ်။ဒါဆို ခွင့်ပြုပါဉီးဗျ ..”

လူမှုရေးအရနှုတ်ဆက်ပြီး ဂျယ်ဟျော့ ကားထဲ၀င်ကာ မောင်းထွက်လာခဲ့သည်။ခေါင်းက မူးနေပြီဖြစ်သော်ညား အိမ်ပြန်ပြီး ဂျောင်ဟွမ့်ကို အလုပ်မပေးချင်တော့သည်မို့ ကိုယ်တိုင်ပဲ ကုမ္ပဏီခွဲတစ်ခုစီ မောင်းလာခဲ့လိုက်၏။၀န်ထမ်းတွေက ဟိုကိုဒီဒီပြေးလွှားနေရသည်မို့ ဂျယ်ဟျော့ကိုပင် သတိမမူမိကြပေ။သုံးထပ်မြောက်မှာရှိသည့် ရုံးခန်းကို ဓာတ်လှေကားဖြင့်တက်လာပြီး ရုံးခန်းထဲကိုသာ တည့်တန်းစွာ၀င်လာခဲ့လိုက်သည်။

“ဘွား ..!”

တံခါးဖွင့်ပြီး ၀င်လိုက်ခါရှိသေး မြင်လိုက်ရတဲ့ အဘွား ဖြစ်သူကြောင့် ဂျယ်ဟျော့၏ မျက်လုံး‌တွေက ပြူးကျယ်လို့သွားသည်။C.E.O. နေရာ၌ ကြော့မော့စွာ၀င်ထိုင်နေသည့်ဘွားက အသက် ၇၀ ပြည့်ခါနီးပြီဆိုတာ ယုံချင်ဖွယ်တောင်မရှိပေ။

“လာလေ .. မြေး ။ ထိုင်ဉီး”

နူးညံ့မှုအလျင်းမရှိသည့် ဘွား၏ စူးစူးရှရှမျက်၀န်းတွေမှ ဂျယ်ဟျော့ မကောင်းတဲ့ခံစားချက်အချို့ရနေသည်။ဘွားကတော့ အေးဆေးစွာဘဲ ဆိုဖာ စီသွားပြီး ဆိုဖာပေါ်မှာ  ခြေချိတ်ထိုင်နေသည်။ဂျယ်ဟျော့လည်း ဘွားနားမှာပဲ၀င်ထိုင်လိုက်ပြီး ကားသော့ကိုပါ ခုံပေါ်မှာတင်ထားလိုက်သည်။

“ရူဘီဂျိန်းဆိုတဲ့ မိန်းကလေးက .. မြေးငယ်စီ ခဏတိုင်းလာနေတယ်ဆို? ။ နှစ်ယောက်က ရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်လား”

ခုနကနှင့်မတူစွာ အနည်းငယ်ပြုံးယောင်သမ်းလာသော ဘွား၏ နှုတ်ခမ်းထူထူတွေကြောင့် ဂျယ်ဟျော့ စွံ့အသွားရသည်။

“မဟုတ်ပါဘူး ဘွား ..။ရူဘီဂျိန်းနဲ့က လုပ်ဖော်ကိုင်ဖက်ပါပဲ!”

“လုပ်ဖော်ကိုင်ဖက်တွေက တစ်ပတ်တစ်ခါ တစ်လတစ်ခါ .. အိမ်မှာတွေ့ကြတာလား မြေးငယ်!?”

“ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပုံမှန်ပါပဲ ဘွား”

ဘွား လိုချင်သည့် အဖြေကို သိနေသူမို့ ဂျယ်ဟျော့ကလည်း အသေအလဲငြင်းသည်။ဂျယ်ဟျော့၏ အဖြေကြောင့် ဘွားက သက်ပြင်းချပြီး ကားသော့ကို လှမ်းယူလိုက်သည်။ရည်ရွယ်ချက်အား ရိပ်မိလာပြီမို့ ဂျယ်ဟျော့လည်း လွှတ်ထားလိုက်သည်။

“ဘွား မင်းရဲ့ ကားသော့ကိုခဏယူထားရမလား? ..”

“ရူဘီဂျိန်းကို ကျွန်တော် အကူအညီမတောင်းချင်ဘူး ဘွား!”

ပြင်သစ်မှာနေတာ နှစ်လကျော်သုံးလနီးပါးဘဲရှိသေးပေမယ့် မိမိ့စကားအား ပြန်ပြီး ခွန့်တက်ချင်နေသော မြေးဖြစ်သူ‌ကြောင့် သွေးတိုးရပြန်သည်။သူမ သက်ပြင်းချပြီး-

“ကိုရီးယားကို တစ်ပတ်လောက်ပြန်ရမယ် ...။မြေးရဲ့ ညီမက ပြန်လာတော့မယ်တဲ့”

“ညီမလေးပြန်လာတာက ကျွန်တော်နဲ့ ..။ဟူး ဘာပဲဖြစ်ဖြစ် ဒီက ရှယ်ယာရှင်တွေကို ကျွန်တော် .. ဘယ်လိုလုပ်ခဲ့ရမှာလဲ? ဘွား”

စကားသံအနိမ့်အမြင့်ပြောင်းလဲသွားသော်ညား မျက်နှာအမူအရာတစ်ချက်မှ မပြောင်းလဲတဲ့ မြေးကြောင့် သူမ စိတ်ထဲမှ အားရမိသည်။သူမ မြေးဟာ ထို့သို့ပဲဖြစ်နေရမည်။ဘယ်လောက် စိတ်ပူစရာ၊ဒေါသထွက်စရာ၊ပျော်စရာပဲရှိရှိ ကိုယ့်ဣန္ဒြေကို ထိန်းသိမ်းတတ်ရမည်။အနက်ရောင်ဆံပင်ကောက်ကောက်လေးတွေအား သူမ၏ လက်ဖြင့် အသာယာသပ်တင်ပေးလိုက်ရင်း သူမ၏ နှုတ်ခမ်းတွေသည်လည်း ကော့ညွှတ်လို့သွားသည်။

“စိတ်မပူပါနဲ့ မြေးရယ် .. ဘွား ကြည့်ကြပ်ပြီး စီစဉ်လိုက်ပါ့မယ်”

အနူးညံ့ဆုံးနည်းနဲ့ သိမ်းသွင်းလာသည့် ဘွား ကြောင့် ဂျယ်ဟျော့ စိတ်ထဲမှ နေမထိထိုင်မသာ ဖြစ်လာရသည်။ဂျက်စတင်ဟေဇယ့်ကို ဂျယ်ဟျော့ ဘယ်လို ထားခဲ့ရပါ့မလဲ?။

“ဘွား .. ဒါဆို နှစ်ရက်လောက်တော့ ဒီ‌မှာနေလို့ရမလား?။ကျွန်တော် အလုပ်များပြီး ခုထိ ကောင်းကောင်းမနားရသေးလို့ပါ ဘွား”

ဂျယ်ဟျော့၏ စကားကြောင့် ဆံပင်ကို သပ်တင်ပေးနေသည့် ဘွား၏ လက်တွေက ရပ်တန့်သွားသည်။စည်းကမ်းကြီးလွန်းလှသည့် ဘွား၏ အမိန့်ကို
ဂျယ်ဟျော့ မလွန်ဆန်ရဲပါ။ဘွားက မရဘူးဆိုရင်တော့ ဟေဇယ့်ကိုပဲ ဖြောင်းဖြဖို့သာ လုပ်နိုင်‌တော့မည်။

“ဟုတ်ပါပြီ .. ဘွား မြေးလေးပင်ပန်းနေရောပေါ့။အိမ်ပြန်တာ လိုက်ပို့ပေးရမလား?”

“ဟို .. ကျွန်တော့် ကားသော့က ..”

ဘွား၏ ဘယ်ဘက်လက်ထဲရှိ ကားသော့လေးကိုကြည့်ပြီး ဂျယ်ဟျော့က ပြောလိုက်ခြင်းဖြစ်သည်။ဘွားက ပါးတွေမို့အောင်ထိ ပြုံးပြီးနောက် ကားသော့ကို ဂျယ်ဟျော့လက်ထဲ ထည့်ပေးလာ၏။

“ဘွားက မြေးကိုကား‌သော့ပြန်ပေးမှာပါ။အခုကလည်း မြေး မူးနေမှန်းရိပ်မိလို့ စိတ်မချလို့ပါကွယ်”

စကားကို အချိန်နှင့်အလိုက်ပြောင်းလဲကာ တွေးတတ်သည့်ဘွားရဲ့ ဉီးနှောက်ကို ဂျယ်ဟျော့တစ်ကယ် လိုက်မမှီခဲ့ပါ။ဒါကြောင့်မို့လည်း ဘွားက တစ်ကိုယ်
တည်းရပ်တည်နေနိုင်တာဖြစ်မည်။

“ကျွန်တော် အဆင်ပြေပါတယ် ဘွားရဲ့။ဒါနဲ့ .. ဘွားက ဘယ်မှာတည်းမှာလဲ?”

“ကိုရီးယားကိုပြန်မှာလေကွယ် ... နှစ်ရက်ကုန်မှ ဘွားက မြေးကိုပြန်လာခေါ်မယ်”

ဂျယ်ဟျော့၏ ပါးဖောင်းဖောင်းတွေကို ဖျစ်ညစ်ကာ ပြုံးပြုံးလေးပဲ ပြောလာသည့် ဘွားကို ဂျယ်ဟျော့ နည်းနည်းတော့ စိမ်းသက်နေမိတယ်။ဘွားက မြစ် ချီချင်နေပြီဆိုတာကို သိသော်လည်း အခုအခြေနေနဲ့ဆို ဂျယ်ဟျော့က ဘယ်လိုလုပ် တတ်စွမ်းနိုင်ပါတော့မလဲ။
အမျိုးသားတစ်ယောက်စီမှာ နစ်၀င်မိခဲ့ပြီမလား။

“ဟုတ် ဘွား ..။ကျွန်တော် လွမ်းနေပါ့မယ်”

မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ဘွားကို ဂျယ်ဟျော့က ဉီးစွာဖက်လိုက်သည်။ဘွားကို သူသိပ်ချစ်ပါသည်။တစ်ခါတစ်လေတွေမှာလည်း သိပ်ကြောက်ပြီး မတွေ့ချင်တဲ့ထိ ဖြစ်ဖူးပါသည်။ဒါကလည်း ဂျယ်ဟျော့ ကြီးပြင်းခဲ့ရတဲ့ ပုံစံတွေကြောင့် ဖြစ်နိုင်ပါသည်။

“ထမင်းစားတော့မလား ..သခင်လေး?”

“မစားချင်သေးဘူး အက်ဒလိုင်း”

ပန်းခင်းထဲက နားနေဆောင်မှာ ထိုင်ပြီး တယောတီးနေသည့် ဂျက်စတင်ဘေး၌ ထိုင်ကာ စောင့်ပေးနေသူက အက်ဒလိုင်းဖြစ်သည်။မမြင်ရသော်ညား ခံစားမိသည့် ပန်းမျိုးစုံတို့၏ ရနံ့တွေကြောင့် ဂျက်စတင့် စိတ်ကလေးက‌ ပေါ့ပါးနေလေပြီ။

“အက်ဒလိုင်း .. ကျွန်တော် သူနဲ့နောက်တစ်ကြိမ် ပြန်စနိုင်ခဲ့ပြီ”

တယောတီးခြင်းကို ရပ်တန့်လိုက်ပြီးနောက် ကောက်လုံးလေး၏အကြောင်းအား ပြောပြဖို့ရန်အစပြုလိုက်သည်။

“သခင်လေးရဲ့ ပန်းချီကားထဲက ကောင်လေးလား? သခင်လေး..”

အက်ဒလိုင်းက အံ့ဩသံစွတ်သည့် အသံဖြင့် စိတ်လှုပ်ရှားစွာမေးလာသည်မို့ ဂျက်စတင်‌လည်း ခေါင်းသာငြိမ့်ပြလိုက်မိသည်။

“ဘယ်သူလဲ? သူက ဘယ်သူတဲ့လဲ? ...။ ယွန်းဟန်ဘင်း မဟုတ်ဘူးပေါ့လေ!”

အသက်အရွယ်နဲ့မျှမလိုက် သွက်လက်ပေါ့ပါးနေသည့် အက်ဒလိုင်းရဲ့ အသံဆာဆာကြောင့် ဂျက်စတင် အသံထွက်သည်အထိ ရယ်လိုက်သည်။

“ယွန်း ဂျယ် ဟျော့ တဲ့”

ဂျက်စတင် နှုတ်မှ ထွက်လာသည့် အမည်နာမလေးကြောင့် အက်ဒလိုင်းက “အယ်” ဟုပင် အသံပြုလာသည်။ဂျက်စတင် သိပါသည်။အက်ဒလိုင်းက ဒီလတွေထဲ ဂျက်စတင် ဘယ်သူ့အိမ်မှာ ဘယ်သူနဲ့နေခဲ့လဲဆိုတာကို သိထားခြင်းမှမရှိတာ။

“ဒီလတွေထဲ ကိုကိုက ကျွန်တော့်ကို အရမ်းဂရုစိုက်တယ်သိလား ...။ကျွန်တော် စောင့်ခဲ့ရကျိုးနပ်တယ် ထင်ပါရဲ့..”

ချစ်ရသူ၏အကြောင်းအား တွေးလိုက်ရုံနဲ့တင် ဂျက်စတင်၏ အသံတွေနှင့် လှုပ်ရှားမှုတွေ ပျော့ပြောင်းလာဟန်ရှိသည်။အရင်က အကြောင်းတွေပါသိနေသည့် အက်ဒလိုင်းကတော့ ဘာမှပြန်မပြောဘဲ ငြိမ်၍သာ နားထောင်ပေးနေသည်။

“အတိတ်တွေကို မှတ်မိနေရတာက .. ကောင်းတဲ့ဆုလာဒ်ပဲထင်တယ်  အက်ဒလိုင်း။ကျွန်တော်တို့ အရင်တုန်းက အရမ်းချစ်ခဲ့ကြတာ”

“ဒါဆို .. မကြာခင် သခင်လေးလည်း အမြင်အာရုံပြန်ရ‌လာတော့မှာပေါ့လေ။ပြီးတော့ အရောင်တွေကိုလည်း မြင်ရတော့မယ်။‌အက်ဒလိုင်းဖြင့် ၀မ်းသာလိုက်တာ သခင်လေးရယ်..”

အက်ဒလိုင်း၏ အပြောကြောင့် ဂျက်စတင်၏ နှုတ်ခမ်းလေးတွေက လှုပ်ခတ်လို့သွားသည်။အခု သူ ပြုံးခဲ့တာပါ။

“ကိုကိုက ဘယ်အချိန်လောက်ပြန်လာမယ် ထင်လဲ? အက်ဒလိုင်း..”

“ဟို အတိအကျတော့ မပြောတတ်ပါဘူး .. သခင်လေး!”

ဂျက်စတင် ခေါင်းပဲငြိမ့်ပြလိုက်သည်။ပန်းမျိုးစုံရဲ့ ရနံ့တွေထက် ကိုကို့ရဲ့ ကိုယ်သင်းနံ့လေးကသာ ဂျက်စတင်အတွက်‌ ပိုပြီး စိတ်အေးချမ်းစေတယ်ဆိုတာ ဂျက်စတင် ၀န်ခံပါသည်။တစ်ရက်မပြောနဲ့ တစ်စက္ကန့်လေးတောင် ကောက်လုံးလေးမရှိဘဲ ဂျက်စတင်မနေနိုင်ပါ။
နှစ်တွေအကြာကြီး စောင့်ခဲ့ရသူမို့ ပိုတယ်ပြောလည်း ဂျက်စတင်စီမှာ ဖြေရှင်းစရာစကားမရှိပေ။

အရိုးရှင်းဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးစကားကို ပြောရမယ်ဆိုရင် “ဂျက်စတင် ထိုအမျိုးသားငယ်ကို သိပ်မြတ်နိုးပါသည်”

“သခင်လေး .. သခင်လေး!”

“ဟင် ပြောလေ အက်ဒလိုင်း!”

“ဘာများဖြစ်သွားတာလဲလို့ သခင်လေးရယ်။ဟူး သခင်လေးက အသံတိတ်သွားတာကိုး”

အက်ဒလိုင်းက လေပူတွေကိုမှုတ်ထုတ်ရင်း သက်ပြင်းချသည်။ဂျက်စတင် ရယ်ရုံမျှအပ ဘာစကားမှတောင်မပြောခဲ့မိပေ။

“ဟေဇယ် ..”

ရင်းနှီးလှသည့် အသံချိုချိုလေးကြောင့် ဂျက်စတင် ငေါက်ခနဲ မတ်တပ်ထရပ်လိုက်သည်။ကောက်လုံးလေးက အစောကြီး လာခေါ်တာပဲ!။

“အမလေး .. ဖြေးဖြေးထပါ သခင်လေးရယ်! ဘုရားဘုရား ကျွန်မဖြင့် လန့်သွားတာပဲ”

ဂျက်စတင်၏ လက်မောင်းကို ထိန်းကိုင်ပေးထားသည့် အက်ဒလိုင်းစီမှာ ‌‌ဆူပူသံကိုတောင် ဂရုမစိုက်မိဘဲ ကောက်လုံးလေး ရောက်လာမဲ့အချိန်ကိုသာ မျှော်နေမိသည်။

“ဟေဇယ်..!”

နားစည်ကို ပြန့်လာသည့် အသံဆာဆာလေးနှင့်အတူ မျက်နှာကိုလာရိုက်သည့် အာငွေ့နွေးနွေးကြောင့် ကောက်လုံးလေးက ဂျက်စတင့်အရှေ့မှာ ရောက်နေပြီဆိုတာ သေချာနေပါပြီ။

“အင့်!”

ရုတ်တရက်ကြီး ဆွဲဖက်လိုက်သည့် ဂျက်စတင်ကြောင့် ဂျယ်ဟျော့မှာ “အင့်” ခနဲတောင် အသံထွက်သွားရသည်။ဂျယ်ဟျော့လာတာ စောနေလို့များလား။အာ .. မဖြစ်နိုင်တာ။

“လွမ်းနေတာ ကိုကိုရဲ့..”

“ဟင်!” “အယ်”

ပြိုင်တူထွက်လာသည့် ကောက်လုံးလေးနဲ့ အက်ဒလိုင်းရဲ့ အသံကြောင့် ဂျက်စတင် ပြုံးလိုက်သည်။အက်ဒလိုင်းကတော့ ထူးဆန်းနေတော့မှာပဲလေ။သူတို့ရဲ့ အရှက်အကြောက်ကြီးလှသည့် သခင်လေးက ဘယ်လိုစကားတွေ ပြောနေသလဲဆိုပြီးပေါ့‌။

“ကျွန်‌တော့်ကို မလွမ်းဘူးလား ဟင်”

အနီးကပ်မြင်နေရသည့် ဟေဇယ်ရောင်မျက်၀န်းတွေကြောင့် ဂျယ်ဟျော့ အသက်ရှုတောင် အောင့်မိသွားသည်။ဂျက်စတင်ဟေဇယ်ကတော့ ဘာတွေ လုပ်ချင်နေမှန်းကိုမသိပါဘူး။

“အယ် သခင်လေးက ချွဲတယ်တော့!”

ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည့် အသံဆာဆာကြောင့် လှည့်ကြည့်မိတော့ အလာတုန်းက ဂျက်စတင့်ကို တွဲခေါ်ပေးသည့် အန်တီကြီးဖြစ်သည်။ဘုရားရေ! အခု လူရှေ့မှာ ယွန်းဂျယ်ဟျော့တို့ အဖက်ခံနေရတာလား!။

“ဟေဇယ်! .. ကိုယ့်ကို လွှတ်ဉီး!”

“ဟင့်အင်း .. လွမ်းလားလို့ ပြောဗျာ”

ဘေးမှာမခွာဘဲ ဂျက်စတင်၏ အရိပ်လိုရပ်နေသည့် အန်တီကြီးကြောင့် ဂျယ်ဟျော့မှာ ဝေခွဲရခက်နေပြီ။ဒါက ရှက်တယ်ဆိုတဲ့ အခြေနေထင်တယ်။

“မင်း! .. လူတွေရှိနေတာကို”

“လူတွေမဟုတ်ပါဘူး ... လူတစ်ယောက်တည်းပါ!”

ပက်ခနဲပြန်ပြောလာသည့် အန်တီကြီးကြောင့် ဂျယ်ဟျော့မှာတော့ မျက်လုံးတွေပင် ပြူးသွားရသည်။ဂျက်စတင်ဟေဇယ် ဒီလိုတွေ တတ်နေတာ ဒီအန်တီကြီးကြောင့်များလား။မဟုတ်သေးပါဘူး ဘာပေါက်တတ်ကရတွေ တွေးနေတာလဲ ယွန်းဂျယ်ဟျော့ရေ။

“အက်ဒလိုင်း .. စံအိမ်စီသွားတော့”

“ဟုတ်ကဲ့ သခင်လေး!”

ဂျက်စတင်ပြောမှ သွက်လက်စွာပဲ လမ်း
လျှောက်ထွက်သွားသည့် အန်တီကြီးကို ဂျယ်ဟျော့ လိုက်ကြည့်နေမိသည်။

“ကိုကို .. ‌လွမ်းလားလို့”

“အင်း လွမ်းတယ်”

စကားအဆုံး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာသည့် ဂျက်စတင်ကို ဂျယ်ဟျော့ဘက်ကလည်း ပြန်လည်ပွေ့ဖက်လိုက်သည်။ပန်းခင်းထဲမှ အပြာရောင်ကျူးလစ်တွေထက်ပင် လှပကာ ပျော့ပျောင်းနေသည့် ဂျက်စတင်၏ ဆံနွယ်တွေကြောင့် ဂျယ်ဟျော့၏ စိတ်တွေသည်လည်း ပေါ့ပါးလာသည်။ဆံနွယ်လေးတွေအား အသာယာလက်ဖြင့် ဆော့ကစားရင်း ဂျယ်ဟျော့တစ်ယောက် အပြုံးပန်းတွေဝေလာခဲ့သည်။

“‌သဘောကျတယ် မင်းရဲ့ ဆံနွယ်တွေကို”

“လူကိုရော ..”

“ပြောစရာလိုသေးလို့လား မင်းကလည်း..”

“ချစ်လိုက်တာ ကိုကိုရာ..”

“ကိုယ်လည်း ချစ်ပါတယ်”

အချင်းချင်းပွေ့ဖက်ထားသည့် ကောင်လေးတွေ၏ ရယ်သံချိုချိုလေးတွေဟာ ပန်းခင်ကြီးထဲ၀ယ် ပျံ့နှံ့နေသည်။ခေါင်းတည့်တည့်၌ ရောက်နေသည့် နေမင်းကြီးကလည်း ချက်ချင်းပဲ တိမ်စိုင်တွေကြားသို့ ဝင်ရောက်ပုန်းကွယ်သွားသည်။အရိပ်ကျနေသည့် နားနေဆောင်ထဲတွင်လည်း ကောင်လေးနှစ်ယောက်က သူတို့ရဲ့ ဒုတိယအနမ်းလေးအား ပုံဖော်ခဲ့ကြသေးသည်။

𝐉𝐚𝐞𝐮𝐧
27.1.2024

( A/N - လကုန်ရင်တော့ schedule တွေ ပြန်ပြောပေးပါ့မယ်ဗျ ❣️ )

ဂ်က္စတင့္ အိမ္ေရာက္ဖို႔ ကားျဖင့္ နာရီ၀က္ေမာင္းလိုက္ရသည္မို႔ အလြန္ဆုံး၁၅မိနစ္ေလာက္ပဲ ကားေမာင္းဖူးသည့္ ဂ်ယ္ေဟ်ာ့တစ္ေယာက္ ေခါင္းခဲေနေခ်ၿပီ။ၿခံအတြင္း ကားရပ္လိုက္သည္ႏွင့္ စံအိမ္ေရွ႕မွာ ရပ္ေစာင့္ေနသူေတြက ႐ူဘီဂ်ိန္းနဲ႕အသက္၄၀
ေက်ာ္ အမ်ိဳးသမီးႀကီးတစ္ဉီးျဖစ္၏။ကားတံခါးဖြင့္ၿပီး ကားေပၚမွဆင္းခဲ့ၿပီး ေနာက္ တစ္ဖက္က ကားတံခါးကိုပါ ဖြင့္ေပးရသည္။ထို႔‌ေနာက္ဂ်က္စတင့္ လက္ကိုဆြဲၿပီး ကားတစ္ဖက္မွာရပ္ေနသူေတြစီ ေလွ်ာက္သြားခဲ့လိုက္၏။ထိုအမ်ိဳးသမီးႀကီးက ဂ်က္စတင့္အား ၀မ္းသားအားရစြာ တြဲေခၚသည္။႐ူဘီဂ်ိန္းကေတာ့ ဂ်ယ္ေဟ်ာ့ဘက္ကို လွည့္လာၿပီး-

“၀င္ထိုင္ပါဉီး ယြန္းဂ်ယ္ ... ။ ေကာ္ဖီေလးျဖစ္ျဖစ္ ေသာက္သြားေပါ့ရွင္”

အၿပဳံးခ်ိဳခ်ိဳေလးျဖင့္ ႀကိဳဆိုသည့္ ႐ူဘီဂ်ိန္း၏ စကားကို ဂ်ယ္ေဟ်ာ့ ေခါင္းခါရင္း “အလုပ္ကိစၥသြားစရာရွိေသးလို႔ ၀င္မထိုင္ေတာ့ဘူးဗ်” လို႔သာ ေျပာလိုက္သည္။႐ူဘီဂ်ိန္းကလည္း နားလည္ေၾကာင္း ေခါင္းၿငိမ့္ျပသည္။

“ဒါဆို ဂ်က္စတင္ကို .. ညေနမွျပန္လာပို႔လိုက္မယ္‌ေနာ္ ယြန္းဂ်ယ္”

ဂ်က္စတင္၏ အစ္မအရင္းျဖစ္သူစီက ျပန္လာပို႔လိုက္မယ္‌ေနာ္ဆိုသည့္ စကားေၾကာင့္ ဂ်ယ္ေဟ်ာ့ ၿပဳံး႐ုံသာၿပဳံးျပလိုက္သည္။မသိသည့္လူသာဆိုရင္ ဂ်ယ္ေဟ်ာ့နဲ႕ ဂ်က္စတင္ကို ေသြးသားေတာ္စပ္သည္ဟုပင္ ထင္ေၾကးေပးၾကလိမ့္မည္။

“ကြၽန္ေတာ့္ကို ေစာေစာလာေခၚေနာ္ .. ကိုကို!”

ဂ်က္စတင္စီမွ ၾကားလိုက္ရေသာ စကားေၾကာင့္ ဂ်ယ္ေဟ်ာ့၏ နား႐ြက္ဖ်ားေတြက မသိမသာရဲတက္သြားသည္။႐ူဘီဂ်ိန္းက ဘာမွမေျပာေသာ္ညား ဂ်ယ္ေဟ်ာ့ တစ္ေယာက္တည္းရွက္ေနမိသည္။သူေခၚခိုင္းသည္က “အစ္ကို” ျဖစ္ေသာ္လည္း လူေရွ႕ေရာက္မွ “ကိုကို” ဟုေခၚေနေသာ ေကာင္ေလးေၾကာင့္ ဂ်ယ္ေဟ်ာ့တစ္ေယာက္ ထူပူသြားရျပန္သည္။ခက္ပါရဲ႕ ကိုယ့္ရဲ႕တဇြတ္ထိုးတေဇာက္ကန္းေလးရယ္။

“ကိုကို ..”

“ဟုတ္ၿပီ ဟုတ္ၿပီ! ကိုယ္လာေခၚမယ္။ဒါဆို ခြင့္ျပဳပါဉီးဗ် ..”

လူမႈေရးအရႏႈတ္ဆက္ၿပီး ဂ်ယ္ေဟ်ာ့ ကားထဲ၀င္ကာ ေမာင္းထြက္လာခဲ့သည္။ေခါင္းက မူးေနၿပီျဖစ္ေသာ္ညား အိမ္ျပန္ၿပီး ေဂ်ာင္ဟြမ့္ကို အလုပ္မေပးခ်င္ေတာ့သည္မို႔ ကိုယ္တိုင္ပဲ ကုမၸဏီခြဲတစ္ခုစီ ေမာင္းလာခဲ့လိုက္၏။၀န္ထမ္းေတြက ဟိုကိုဒီဒီေျပးလႊားေနရသည္မို႔ ဂ်ယ္ေဟ်ာ့ကိုပင္ သတိမမူမိၾကေပ။သုံးထပ္ေျမာက္မွာရွိသည့္ ႐ုံးခန္းကို ဓာတ္ေလွကားျဖင့္တက္လာၿပီး ႐ုံးခန္းထဲကိုသာ တည့္တန္းစြာ၀င္လာခဲ့လိုက္သည္။

“ဘြား ..!”

တံခါးဖြင့္ၿပီး ၀င္လိုက္ခါရွိေသး ျမင္လိုက္ရတဲ့ အဘြား ျဖစ္သူေၾကာင့္ ဂ်ယ္ေဟ်ာ့၏ မ်က္လုံး‌ေတြက ျပဴးက်ယ္လို႔သြားသည္။C.E.O. ေနရာ၌ ေၾကာ့ေမာ့စြာ၀င္ထိုင္ေနသည့္ဘြားက အသက္ ၇၀ ျပည့္ခါနီးၿပီဆိုတာ ယုံခ်င္ဖြယ္ေတာင္မရွိေပ။

“လာေလ .. ေျမး ။ ထိုင္ဉီး”

ႏူးညံ့မႈအလ်င္းမရွိသည့္ ဘြား၏ စူးစူးရွရွမ်က္၀န္းေတြမွ ဂ်ယ္ေဟ်ာ့ မေကာင္းတဲ့ခံစားခ်က္အခ်ိဳ႕ရေနသည္။ဘြားကေတာ့ ေအးေဆးစြာဘဲ ဆိုဖာ စီသြားၿပီး ဆိုဖာေပၚမွာ  ေျခခ်ိတ္ထိုင္ေနသည္။ဂ်ယ္ေဟ်ာ့လည္း ဘြားနားမွာပဲ၀င္ထိုင္လိုက္ၿပီး ကားေသာ့ကိုပါ ခုံေပၚမွာတင္ထားလိုက္သည္။

“႐ူဘီဂ်ိန္းဆိုတဲ့ မိန္းကေလးက .. ေျမးငယ္စီ ခဏတိုင္းလာေနတယ္ဆို? ။ ႏွစ္ေယာက္က ရင္းႏွီးတဲ့ဆက္ဆံေရးမဟုတ္လား”

ခုနကႏွင့္မတူစြာ အနည္းငယ္ၿပဳံးေယာင္သမ္းလာေသာ ဘြား၏ ႏႈတ္ခမ္းထူထူေတြေၾကာင့္ ဂ်ယ္ေဟ်ာ့ စြံ႕အသြားရသည္။

“မဟုတ္ပါဘူး ဘြား ..။႐ူဘီဂ်ိန္းနဲ႕က လုပ္ေဖာ္ကိုင္ဖက္ပါပဲ!”

“လုပ္ေဖာ္ကိုင္ဖက္ေတြက တစ္ပတ္တစ္ခါ တစ္လတစ္ခါ .. အိမ္မွာေတြ႕ၾကတာလား ေျမးငယ္!?”

“ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက ပုံမွန္ပါပဲ ဘြား”

ဘြား လိုခ်င္သည့္ အေျဖကို သိေနသူမို႔ ဂ်ယ္ေဟ်ာ့ကလည္း အေသအလဲျငင္းသည္။ဂ်ယ္ေဟ်ာ့၏ အေျဖေၾကာင့္ ဘြားက သက္ျပင္းခ်ၿပီး ကားေသာ့ကို လွမ္းယူလိုက္သည္။ရည္႐ြယ္ခ်က္အား ရိပ္မိလာၿပီမို႔ ဂ်ယ္ေဟ်ာ့လည္း လႊတ္ထားလိုက္သည္။

“ဘြား မင္းရဲ႕ ကားေသာ့ကိုခဏယူထားရမလား? ..”

“႐ူဘီဂ်ိန္းကို ကြၽန္ေတာ္ အကူအညီမေတာင္းခ်င္ဘူး ဘြား!”

ျပင္သစ္မွာေနတာ ႏွစ္လေက်ာ္သုံးလနီးပါးဘဲရွိေသးေပမယ့္ မိမိ့စကားအား ျပန္ၿပီး ခြန႔္တက္ခ်င္ေနေသာ ေျမးျဖစ္သူ‌ေၾကာင့္ ေသြးတိုးရျပန္သည္။သူမ သက္ျပင္းခ်ၿပီး-

“ကိုရီးယားကို တစ္ပတ္ေလာက္ျပန္ရမယ္ ...။ေျမးရဲ႕ ညီမက ျပန္လာေတာ့မယ္တဲ့”

“ညီမေလးျပန္လာတာက ကြၽန္ေတာ္နဲ႕ ..။ဟူး ဘာပဲျဖစ္ျဖစ္ ဒီက ရွယ္ယာရွင္ေတြကို ကြၽန္ေတာ္ .. ဘယ္လိုလုပ္ခဲ့ရမွာလဲ? ဘြား”

စကားသံအနိမ့္အျမင့္ေျပာင္းလဲသြားေသာ္ညား မ်က္ႏွာအမူအရာတစ္ခ်က္မွ မေျပာင္းလဲတဲ့ ေျမးေၾကာင့္ သူမ စိတ္ထဲမွ အားရမိသည္။သူမ ေျမးဟာ ထို႔သို႔ပဲျဖစ္ေနရမည္။ဘယ္ေလာက္ စိတ္ပူစရာ၊ေဒါသထြက္စရာ၊ေပ်ာ္စရာပဲရွိရွိ ကိုယ့္ဣႏၵျေကို ထိန္းသိမ္းတတ္ရမည္။အနက္ေရာင္ဆံပင္ေကာက္ေကာက္ေလးေတြအား သူမ၏ လက္ျဖင့္ အသာယာသပ္တင္ေပးလိုက္ရင္း သူမ၏ ႏႈတ္ခမ္းေတြသည္လည္း ေကာ့ၫႊတ္လို႔သြားသည္။

“စိတ္မပူပါနဲ႕ ေျမးရယ္ .. ဘြား ၾကည့္ၾကပ္ၿပီး စီစဥ္လိုက္ပါ့မယ္”

အႏူးညံ့ဆုံးနည္းနဲ႕ သိမ္းသြင္းလာသည့္ ဘြား ေၾကာင့္ ဂ်ယ္ေဟ်ာ့ စိတ္ထဲမွ ေနမထိထိုင္မသာ ျဖစ္လာရသည္။ဂ်က္စတင္ေဟဇယ့္ကို ဂ်ယ္ေဟ်ာ့ ဘယ္လို ထားခဲ့ရပါ့မလဲ?။

“ဘြား .. ဒါဆို ႏွစ္ရက္ေလာက္ေတာ့ ဒီ‌မွာေနလို႔ရမလား?။ကြၽန္ေတာ္ အလုပ္မ်ားၿပီး ခုထိ ေကာင္းေကာင္းမနားရေသးလို႔ပါ ဘြား”

ဂ်ယ္ေဟ်ာ့၏ စကားေၾကာင့္ ဆံပင္ကို သပ္တင္ေပးေနသည့္ ဘြား၏ လက္ေတြက ရပ္တန႔္သြားသည္။စည္းကမ္းႀကီးလြန္းလွသည့္ ဘြား၏ အမိန႔္ကို
ဂ်ယ္ေဟ်ာ့ မလြန္ဆန္ရဲပါ။ဘြားက မရဘူးဆိုရင္ေတာ့ ေဟဇယ့္ကိုပဲ ေျဖာင္းျဖဖို႔သာ လုပ္နိုင္‌ေတာ့မည္။

“ဟုတ္ပါၿပီ .. ဘြား ေျမးေလးပင္ပန္းေနေရာေပါ့။အိမ္ျပန္တာ လိုက္ပို႔ေပးရမလား?”

“ဟို .. ကြၽန္ေတာ့္ ကားေသာ့က ..”

ဘြား၏ ဘယ္ဘက္လက္ထဲရွိ ကားေသာ့ေလးကိုၾကည့္ၿပီး ဂ်ယ္ေဟ်ာ့က ေျပာလိုက္ျခင္းျဖစ္သည္။ဘြားက ပါးေတြမို႔ေအာင္ထိ ၿပဳံးၿပီးေနာက္ ကားေသာ့ကို ဂ်ယ္ေဟ်ာ့လက္ထဲ ထည့္ေပးလာ၏။

“ဘြားက ေျမးကိုကား‌ေသာ့ျပန္ေပးမွာပါ။အခုကလည္း ေျမး မူးေနမွန္းရိပ္မိလို႔ စိတ္မခ်လိဳ႕ပါကြယ္”

စကားကို အခ်ိန္ႏွင့္အလိုက္ေျပာင္းလဲကာ ေတြးတတ္သည့္ဘြားရဲ႕ ဉီးႏွောက္ကို ဂ်ယ္ေဟ်ာ့တစ္ကယ္ လိုက္မမွီခဲ့ပါ။ဒါေၾကာင့္မို႔လည္း ဘြားက တစ္ကိုယ္
တည္းရပ္တည္ေနနိုင္တာျဖစ္မည္။

“ကြၽန္ေတာ္ အဆင္ေျပပါတယ္ ဘြားရဲ႕။ဒါနဲ႕ .. ဘြားက ဘယ္မွာတည္းမွာလဲ?”

“ကိုရီးယားကိုျပန္မွာေလကြယ္ ... ႏွစ္ရက္ကုန္မွ ဘြားက ေျမးကိုျပန္လာေခၚမယ္”

ဂ်ယ္ေဟ်ာ့၏ ပါးေဖာင္းေဖာင္းေတြကို ဖ်စ္ညစ္ကာ ၿပဳံးၿပဳံးေလးပဲ ေျပာလာသည့္ ဘြားကို ဂ်ယ္ေဟ်ာ့ နည္းနည္းေတာ့ စိမ္းသက္ေနမိတယ္။ဘြားက ျမစ္ ခ်ီခ်င္ေနၿပီဆိုတာကို သိေသာ္လည္း အခုအေျခေနနဲ႕ဆို ဂ်ယ္ေဟ်ာ့က ဘယ္လိုလုပ္ တတ္စြမ္းနိုင္ပါေတာ့မလဲ။
အမ်ိဳးသားတစ္ေယာက္စီမွာ နစ္၀င္မိခဲ့ၿပီမလား။

“ဟုတ္ ဘြား ..။ကြၽန္ေတာ္ လြမ္းေနပါ့မယ္”

မ်က္ႏွာခ်င္းဆိုင္မွာရွိေနတဲ့ ဘြားကို ဂ်ယ္ေဟ်ာ့က ဉီးစြာဖက္လိုက္သည္။ဘြားကို သူသိပ္ခ်စ္ပါသည္။တစ္ခါတစ္ေလေတြမွာလည္း သိပ္ေၾကာက္ၿပီး မေတြ႕ခ်င္တဲ့ထိ ျဖစ္ဖူးပါသည္။ဒါကလည္း ဂ်ယ္ေဟ်ာ့ ႀကီးျပင္းခဲ့ရတဲ့ ပုံစံေတြေၾကာင့္ ျဖစ္နိုင္ပါသည္။

“ထမင္းစားေတာ့မလား ..သခင္ေလး?”

“မစားခ်င္ေသးဘူး အက္ဒလိုင္း”

ပန္းခင္းထဲက နားေနေဆာင္မွာ ထိုင္ၿပီး တေယာတီးေနသည့္ ဂ်က္စတင္ေဘး၌ ထိုင္ကာ ေစာင့္ေပးေနသူက အက္ဒလိုင္းျဖစ္သည္။မျမင္ရေသာ္ညား ခံစားမိသည့္ ပန္းမ်ိဳးစုံတို႔၏ ရနံ႕ေတြေၾကာင့္ ဂ်က္စတင့္ စိတ္ကေလးက‌ ေပါ့ပါးေနေလၿပီ။

“အက္ဒလိုင္း .. ကြၽန္ေတာ္ သူနဲ႕ေနာက္တစ္ႀကိမ္ ျပန္စနိုင္ခဲ့ၿပီ”

တေယာတီးျခင္းကို ရပ္တန႔္လိုက္ၿပီးေနာက္ ေကာက္လုံးေလး၏အေၾကာင္းအား ေျပာျပဖို႔ရန္အစျပဳလိုက္သည္။

“သခင္ေလးရဲ႕ ပန္းခ်ီကားထဲက ေကာင္ေလးလား? သခင္ေလး..”

အက္ဒလိုင္းက အံ့ဩသံစြတ္သည့္ အသံျဖင့္ စိတ္လႈပ္ရွားစြာေမးလာသည္မို႔ ဂ်က္စတင္‌လည္း ေခါင္းသာၿငိမ့္ျပလိုက္မိသည္။

“ဘယ္သူလဲ? သူက ဘယ္သူတဲ့လဲ? ...။ ယြန္းဟန္ဘင္း မဟုတ္ဘူးေပါ့ေလ!”

အသက္အ႐ြယ္နဲ႕မွ်မလိုက္ သြက္လက္ေပါ့ပါးေနသည့္ အက္ဒလိုင္းရဲ႕ အသံဆာဆာေၾကာင့္ ဂ်က္စတင္ အသံထြက္သည္အထိ ရယ္လိုက္သည္။

“ယြန္း ဂ်ယ္ ေဟ်ာ့ တဲ့”

ဂ်က္စတင္ ႏႈတ္မွ ထြက္လာသည့္ အမည္နာမေလးေၾကာင့္ အက္ဒလိုင္းက “အယ္” ဟုပင္ အသံျပဳလာသည္။ဂ်က္စတင္ သိပါသည္။အက္ဒလိုင္းက ဒီလေတြထဲ ဂ်က္စတင္ ဘယ္သူ႕အိမ္မွာ ဘယ္သူနဲ႕ေနခဲ့လဲဆိုတာကို သိထားျခင္းမွမရွိတာ။

“ဒီလေတြထဲ ကိုကိုက ကြၽန္ေတာ့္ကို အရမ္းဂ႐ုစိုက္တယ္သိလား ...။ကြၽန္ေတာ္ ေစာင့္ခဲ့ရက်ိဳးနပ္တယ္ ထင္ပါရဲ႕..”

ခ်စ္ရသူ၏အေၾကာင္းအား ေတြးလိုက္႐ုံနဲ႕တင္ ဂ်က္စတင္၏ အသံေတြႏွင့္ လႈပ္ရွားမႈေတြ ေပ်ာ့ေျပာင္းလာဟန္ရွိသည္။အရင္က အေၾကာင္းေတြပါသိေနသည့္ အက္ဒလိုင္းကေတာ့ ဘာမွျပန္မေျပာဘဲ ၿငိမ္၍သာ နားေထာင္ေပးေနသည္။

“အတိတ္ေတြကို မွတ္မိေနရတာက .. ေကာင္းတဲ့ဆုလာဒ္ပဲထင္တယ္  အက္ဒလိုင္း။ကြၽန္ေတာ္တို႔ အရင္တုန္းက အရမ္းခ်စ္ခဲ့ၾကတာ”

“ဒါဆို .. မၾကာခင္ သခင္ေလးလည္း အျမင္အာ႐ုံျပန္ရ‌လာေတာ့မွာေပါ့ေလ။ၿပီးေတာ့ အေရာင္ေတြကိုလည္း ျမင္ရေတာ့မယ္။‌အက္ဒလိုင္းျဖင့္ ၀မ္းသာလိုက္တာ သခင္ေလးရယ္..”

အက္ဒလိုင္း၏ အေျပာေၾကာင့္ ဂ်က္စတင္၏ ႏႈတ္ခမ္းေလးေတြက လႈပ္ခတ္လို႔သြားသည္။အခု သူ ၿပဳံးခဲ့တာပါ။

“ကိုကိုက ဘယ္အခ်ိန္ေလာက္ျပန္လာမယ္ ထင္လဲ? အက္ဒလိုင္း..”

“ဟို အတိအက်ေတာ့ မေျပာတတ္ပါဘူး .. သခင္ေလး!”

ဂ်က္စတင္ ေခါင္းပဲၿငိမ့္ျပလိုက္သည္။ပန္းမ်ိဳးစုံရဲ႕ ရနံ႕ေတြထက္ ကိုကို႔ရဲ႕ ကိုယ္သင္းနံ႕ေလးကသာ ဂ်က္စတင္အတြက္‌ ပိုၿပီး စိတ္ေအးခ်မ္းေစတယ္ဆိုတာ ဂ်က္စတင္ ၀န္ခံပါသည္။တစ္ရက္မေျပာနဲ႕ တစ္စကၠန႔္ေလးေတာင္ ေကာက္လုံးေလးမရွိဘဲ ဂ်က္စတင္မေနနိုင္ပါ။
ႏွစ္ေတြအၾကာႀကီး ေစာင့္ခဲ့ရသူမို႔ ပိုတယ္ေျပာလည္း ဂ်က္စတင္စီမွာ ေျဖရွင္းစရာစကားမရွိေပ။

အရိုးရွင္းဆုံးနဲ႕ အဓိပၸာယ္အရွိဆုံးစကားကို ေျပာရမယ္ဆိုရင္ “ဂ်က္စတင္ ထိုအမ်ိဳးသားငယ္ကို သိပ္ျမတ္နိုးပါသည္”

“သခင္ေလး .. သခင္ေလး!”

“ဟင္ ေျပာေလ အက္ဒလိုင္း!”

“ဘာမ်ားျဖစ္သြားတာလဲလို႔ သခင္ေလးရယ္။ဟူး သခင္ေလးက အသံတိတ္သြားတာကိုး”

အက္ဒလိုင္းက ေလပူေတြကိုမႈတ္ထုတ္ရင္း သက္ျပင္းခ်သည္။ဂ်က္စတင္ ရယ္႐ုံမွ်အပ ဘာစကားမွေတာင္မေျပာခဲ့မိေပ။

“ေဟဇယ္ ..”

ရင္းႏွီးလွသည့္ အသံခ်ိဳခ်ိဳေလးေၾကာင့္ ဂ်က္စတင္ ေငါက္ခနဲ မတ္တပ္ထရပ္လိုက္သည္။ေကာက္လုံးေလးက အေစာႀကီး လာေခၚတာပဲ!။

“အမေလး .. ေျဖးေျဖးထပါ သခင္ေလးရယ္! ဘုရားဘုရား ကြၽန္မျဖင့္ လန႔္သြားတာပဲ”

ဂ်က္စတင္၏ လက္ေမာင္းကို ထိန္းကိုင္ေပးထားသည့္ အက္ဒလိုင္းစီမွာ ‌‌ဆူပူသံကိုေတာင္ ဂ႐ုမစိုက္မိဘဲ ေကာက္လုံးေလး ေရာက္လာမဲ့အခ်ိန္ကိုသာ ေမွ်ာ္ေနမိသည္။

“ေဟဇယ္..!”

နားစည္ကို ျပန႔္လာသည့္ အသံဆာဆာေလးႏွင့္အတူ မ်က္ႏွာကိုလာရိုက္သည့္ အာေငြ႕ႏြေးႏြေးေၾကာင့္ ေကာက္လုံးေလးက ဂ်က္စတင့္အေရွ႕မွာ ေရာက္ေနၿပီဆိုတာ ေသခ်ာေနပါၿပီ။

“အင့္!”

႐ုတ္တရက္ႀကီး ဆြဲဖက္လိုက္သည့္ ဂ်က္စတင္ေၾကာင့္ ဂ်ယ္ေဟ်ာ့မွာ “အင့္” ခနဲေတာင္ အသံထြက္သြားရသည္။ဂ်ယ္ေဟ်ာ့လာတာ ေစာေနလို႔မ်ားလား။အာ .. မျဖစ္နိုင္တာ။

“လြမ္းေနတာ ကိုကိုရဲ႕..”

“ဟင္!” “အယ္”

ၿပိဳင္တူထြက္လာသည့္ ေကာက္လုံးေလးနဲ႕ အက္ဒလိုင္းရဲ႕ အသံေၾကာင့္ ဂ်က္စတင္ ၿပဳံးလိုက္သည္။အက္ဒလိုင္းကေတာ့ ထူးဆန္းေနေတာ့မွာပဲေလ။သူတို႔ရဲ႕ အရွက္အေၾကာက္ႀကီးလွသည့္ သခင္ေလးက ဘယ္လိုစကားေတြ ေျပာေနသလဲဆိုၿပီးေပါ့‌။

“ကြၽန္‌ေတာ့္ကို မလြမ္းဘူးလား ဟင္”

အနီးကပ္ျမင္ေနရသည့္ ေဟဇယ္ေရာင္မ်က္၀န္းေတြေၾကာင့္ ဂ်ယ္ေဟ်ာ့ အသက္ရႈေတာင္ ေအာင့္မိသြားသည္။ဂ်က္စတင္ေဟဇယ္ကေတာ့ ဘာေတြ လုပ္ခ်င္ေနမွန္းကိုမသိပါဘူး။

“အယ္ သခင္ေလးက ခြၽဲတယ္ေတာ့!”

႐ုတ္တရက္ဆိုသလို ထြက္ေပၚလာသည့္ အသံဆာဆာေၾကာင့္ လွည့္ၾကည့္မိေတာ့ အလာတုန္းက ဂ်က္စတင့္ကို တြဲေခၚေပးသည့္ အန္တီႀကီးျဖစ္သည္။ဘုရားေရ! အခု လူေရွ႕မွာ ယြန္းဂ်ယ္ေဟ်ာ့တို႔ အဖက္ခံေနရတာလား!။

“ေဟဇယ္! .. ကိုယ့္ကို လႊတ္ဉီး!”

“ဟင့္အင္း .. လြမ္းလားလို႔ ေျပာဗ်ာ”

ေဘးမွာမခြာဘဲ ဂ်က္စတင္၏ အရိပ္လိုရပ္ေနသည့္ အန္တီႀကီးေၾကာင့္ ဂ်ယ္ေဟ်ာ့မွာ ေဝခြဲရခက္ေနၿပီ။ဒါက ရွက္တယ္ဆိုတဲ့ အေျခေနထင္တယ္။

“မင္း! .. လူေတြရွိေနတာကို”

“လူေတြမဟုတ္ပါဘူး ... လူတစ္ေယာက္တည္းပါ!”

ပက္ခနဲျပန္ေျပာလာသည့္ အန္တီႀကီးေၾကာင့္ ဂ်ယ္ေဟ်ာ့မွာေတာ့ မ်က္လုံးေတြပင္ ျပဴးသြားရသည္။ဂ်က္စတင္ေဟဇယ္ ဒီလိုေတြ တတ္ေနတာ ဒီအန္တီႀကီးေၾကာင့္မ်ားလား။မဟုတ္ေသးပါဘူး ဘာေပါက္တတ္ကရေတြ ေတြးေနတာလဲ ယြန္းဂ်ယ္ေဟ်ာ့ေရ။

“အက္ဒလိုင္း .. စံအိမ္စီသြားေတာ့”

“ဟုတ္ကဲ့ သခင္ေလး!”

ဂ်က္စတင္ေျပာမွ သြက္လက္စြာပဲ လမ္း
ေလွ်ာက္ထြက္သြားသည့္ အန္တီႀကီးကို ဂ်ယ္ေဟ်ာ့ လိုက္ၾကည့္ေနမိသည္။

“ကိုကို .. ‌လြမ္းလားလို႔”

“အင္း လြမ္းတယ္”

စကားအဆုံး တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္လာသည့္ ဂ်က္စတင္ကို ဂ်ယ္ေဟ်ာ့ဘက္ကလည္း ျပန္လည္ေပြ႕ဖက္လိုက္သည္။ပန္းခင္းထဲမွ အျပာေရာင္က်ဴးလစ္ေတြထက္ပင္ လွပကာ ေပ်ာ့ေပ်ာင္းေနသည့္ ဂ်က္စတင္၏ ဆံႏြယ္ေတြေၾကာင့္ ဂ်ယ္ေဟ်ာ့၏ စိတ္ေတြသည္လည္း ေပါ့ပါးလာသည္။ဆံႏြယ္ေလးေတြအား အသာယာလက္ျဖင့္ ေဆာ့ကစားရင္း ဂ်ယ္ေဟ်ာ့တစ္ေယာက္ အၿပဳံးပန္းေတြေဝလာခဲ့သည္။

“‌သေဘာက်တယ္ မင္းရဲ႕ ဆံႏြယ္ေတြကို”

“လူကိုေရာ ..”

“ေျပာစရာလိုေသးလို႔လား မင္းကလည္း..”

“ခ်စ္လိုက္တာ ကိုကိုရာ..”

“ကိုယ္လည္း ခ်စ္ပါတယ္”

အခ်င္းခ်င္းေပြ႕ဖက္ထားသည့္ ေကာင္ေလးေတြ၏ ရယ္သံခ်ိဳခ်ိဳေလးေတြဟာ ပန္းခင္ႀကီးထဲ၀ယ္ ပ်ံ့ႏွံ႕ေနသည္။ေခါင္းတည့္တည့္၌ ေရာက္ေနသည့္ ေနမင္းႀကီးကလည္း ခ်က္ခ်င္းပဲ တိမ္စိုင္ေတြၾကားသို႔ ဝင္ေရာက္ပုန္းကြယ္သြားသည္။အရိပ္က်ေနသည့္ နားေနေဆာင္ထဲတြင္လည္း ေကာင္ေလးႏွစ္ေယာက္က သူတို႔ရဲ႕ ဒုတိယအနမ္းေလးအား ပုံေဖာ္ခဲ့ၾကေသးသည္။

𝐉𝐚𝐞𝐮𝐧
27.1.2024

( A/N - လကုန္ရင္ေတာ့ schedule ေတြ ျပန္ေျပာေပးပါ့မယ္ဗ် ❣️ )

Continue Reading

You'll Also Like

576K 20.9K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
22K 389 12
WARNING: Not suitable for young readers or sensitive minds. Contains graphic sex scenes, adult languages and situation intended for mature readers on...
1.1K 164 6
แ€™แ€„แ€บแ€ธแ€€แ€€แ€ญแ€ฏแ€šแ€บแ€™แ€ผแ€„แ€บแ€–แ€ฐแ€ธแ€žแ€™แ€ปแ€พแ€‘แ€ฒแ€™แ€พแ€ฌแ€กแ€œแ€พแ€†แ€ฏแ€ถแ€ธแ€•แ€ฒ #geminifourth
870K 53.4K 117
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...