အဆုံးမရှိတန်ခိုးထွားလှပါသောအမ...

By dream_n99

217K 25.6K 181

Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... More

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113

Chapter 39

1.9K 249 0
By dream_n99

Chapter 39 – သေတ္တာတွေဝယ်ယူခြင်း

လူတိုင်းထိုအခြေအနေဖြစ်နေတာမြင်လိုက်ရတော့ စွင်းရှန်းနန်သူတို့ကိုနှစ်သိမ့်လိုက်သည်။
" တကယ်တော့ ရွာကတစ်နှစ်ပတ်လုံးအလုပ်မရှိပါဘူး ဆောင်းရာသီအတွင်းမှာဆို သိပ်များများစားစားလုပ်စရာမရှိလို့ ဆောင်းတွင်းတစ်ခုလုံးအနားယူရသလောက်ပဲ အရှေ့မြောက်ပိုင်းမှာ ဆောင်းရာသီကတာရှည်တယ် လေးလလောက်ကြာတယ် ဒါကိုသူများတွေကသက်သောင့်သက်သာရှိတယ်လို့တွေးနိုင်ပေမဲ့ အလုပ်မရှိဘူးဆိုတာက အလုပ်ရမှတ်မရဘူးဆိုတဲ့အဓိပ္ပါယ်ပဲ ဒါပေါ့ မင်းတို့ပိုလွယ်ကူတဲ့တာဝန်တွေလုပ်ချင်ရင် ရွာထဲမှာဝက်စာမြက်ရိတ်တာ၊ နွားကျောင်းတာ၊ ဝက်ခြံသန့်ရှင်းရေးလုပ်တာတို့လို ရွေးချယ်စရာတွေရှိတယ် ဒီအလုပ်တွေကမပင်ပန်းပေမဲ့ အလုပ်ရမှတ်တွေသိပ်မရဘူး များသောအားဖြင့် ပိုခက်ခဲတဲ့အခြေအနေရှိတဲ့မိသားစုတွေကို တာဝန်ပေးလေ့ရှိတယ်"

ဒီစကားကြားလိုက်ရတော့ လုရှနဲ့ကျန်သူတွေမှာခေါင်းညိတ်လိုက်ကြပြီး နောက်ဘာဆက်လုပ်ရမလဲတွေးတောချင့်ချိန်လိုက်ကြသည်။ မကြာမီတွင် လူတိုင်းသည်ပညာတတ်လူငယ်များနေရာဆီ ပြန်ရောက်လာကြသည်။

ချန်းရွှယ်နဲ့ကျိုးလိုင်အာတို့သည် ဆန်ကြမ်းယာဂု၊ ဂေါ်ဖီထုတ်မွှေကြော်နဲ့ သခွားသီးသုပ်တို့ပါဝင်တဲ့နေ့လည်စာကိုပြင်ဆင်ထားပြီးဖြစ်သည်။ အရသာကသာမာန်ပဲဖြစ်ပေမဲ့ လူတိုင်းသည်အတော်လေးဗိုက်ဆာနေပြီဖြစ်ရာ အကုန်လုံးစားပစ်လိုက်ကြသည်။

ထမင်းစားသောက်ပြီးနောက် ဘယ်သူမှစကားသိပ်မပြောကြပေ။ သူတို့သည်ပင်ပန်းလွန်းနေလို့ ခဏတဖြုတ်အနားယူချင်တာကြောင့်ဖြစ်မည်။ လုရှသည်ကျန်းကျွင်းမော့ကိုတစ်ချက်ကြည့်လိုက်ရာ သူ့ခြေထောက်တွေယိုင်နေတာမြင်လိုက်ရသည်။ သူသည်းခံနိုင်ပါ့မလား သူမတွေးမိသည်။

အမှန်ပါပဲ နေ့လည်အလုပ်ပြန်ဆင်းချိန်တွင် ကျန်းကျွင်းမော့သည်အလုပ်ဆက်မလုပ်နိုင်တော့ပဲ ကုရှန့်နန်သည်ရွာလူကြီးကိုခွင့်တောင်းဖို့ပြောနေသည်ကို ကြားလိုက်ရသည်။

ရွာလူကြီးသည်ဒီစကားကြားလိုက်ရတော့ မျက်မှောင်ကျုံ့သွားပေမဲ့ ဘာမှတော့မပြောခဲ့ပေ။ သူကကျန်းကျွင်းမော့ရဲ့အားနည်းတဲ့ခန္ဓာကိုယ်ကို စဉ်းစားပြီး ဘာမှမပြောပဲသဘောတူပေးလိုက်သည်။ မည်သို့ပင်ဆိုစေ ရွာသားများသည် သူမတို့အရှေ့မှာပဲအသစ် ရောက်လာတဲ့ပညာတတ်လူငယ်တွေရဲ့ အားနည်းပျော့ညံ့မှုအကြောင်း စတင်ဆွေးနွေးကြတော့သည်။

ပညာတတ်လူငယ်များသည်ဒီစကားတွေကိုကြားနေရပေမဲ့ ပညာတတ်လူငယ်အဟောင်းများသည် ကျင့်သားရနေကြပုံရပြီး အာရုံထဲမထည့်ကြပေ။ အသစ်တွေဖြစ်တဲ့ လုရှတို့လူစုလည်း စိတ်မဝင်စားကြပုံရပြီး မကြားချင်ယောင်ဆောင်ထားကြသည်။

လုရှသည်နေ့လည်ပြန်ရောက်ချိန်က ကြိုတင်ပြင်ဆင်လာခဲ့သည်။ ခေါင်းပေါ်ရေစိုသဘက်တင်ထားသဖြင့် သူမကိုအများကြီးပိုသက်သာသွားစေသည်။ ဒါပေမဲ့ အလုပ်သိမ်းချိန်ရောက်တဲ့အခါမှာ ပင်ပန်းလွန်းလို့မထနိုင်သလောက်ပင်။

ဒီနေ့တွင် သူမတို့သည်အလုပ်ရမှတ်လေးမှတ်ရခဲ့ပြီး စွင်းရှန်းနန်နဲ့လူဟောင်းတွေသည် ခြောက်မှတ်ရခဲ့ကြသည်။ သူမတို့ရဲ့ပထမဆုံးအလုပ်လုပ်တဲ့နေ့ဖြစ်တာကို ထောက်ဆကြည့်လျှင် ဒါကအတော်ကောင်းမွန်တဲ့ရလာဒ်ဖြစ်ရာ ရွာလူကြီးသည်သူမတို့ရဲ့လုပ်ဆောင်ချက်နဲ့ပတ်သတ်ပြီး ကျေနပ်သွားပုံရသည်။

သူတို့သည်ပညာတတ်လူငယ်များနေရာသို့ ထော့နဲ့ထော့နဲ့ နဲ့ပြန်လာကြသည်။

ညစာအသင့်မဖြစ်သေးတာကြောင့် လုရှသည်အရင်ဆုံးကိုယ်လက်သန့်စင်ရန် ရေအနည်းငယ်သွားခပ်လိုက်သည်။ လန်းဆန်းသွားသလိုခံစားရလျက် အားအင်တချို့ပြန်ရရှိလာပြီးနောက် သေတ္တာလုပ်ဖို့အကြောင်း စွင်းရှန်းနန်ကိုမေးမြန်းလိုက်သည်။

လုရှရဲ့မေးခွန်းကိုကြားလိုက်ရတော့ စွင်းရှန်းနန်သည်မဆိုင်းမတွပြန်ဖြေပေးသည်။
" ရွာထဲမှာလက်သမားအိုကြီးတစ်ယောက်တော့ရှိတယ် မင်းတို့တစ်ခုခုလုပ်ဖို့လိုရင် သူ့ဆီသွားလို့ရတယ် တစ်ချက်လောက်သွားကြည့်ကြည့်ပေါ့"

လုရှသည်အကွာအဝေးကိုမေးကြည့်လိုက်ရာ သိပ်မဝေးကြောင်းသိလိုက်ရတော့ သူမချက်ချင်းသွားရှာရန်ဆုံးဖြတ်လိုက်သည်။ ဒါကိုကြားလိုက်ရတဲ့အခါ စူးမန့်လည်းသူ့အတွက်သူကြည့်ရန် သူမနဲ့လိုက်ချင်ခဲ့သည်။ ထို့ကြောင့် နှစ်ယောက်သားအတူထွက်လာကြသည်။

လုရှနဲ့စူးမန့်တို့သည် အချင်းချင်းမရင်းနှီးကြပဲ စူးမန့်သည်လည်းလုရှကိုသိပ်ဂရုမစိုက်ပေ။ သူတို့ကလမ်းလျှောက်နေစဉ်အတွင်းမှာ စကားများများစားစားမပြောခဲ့ကြပေ။

စွင်းရှန်းနန်ပြောလိုက်တဲ့နေရာသို့ရောက်ချိန်တွင် အပြင်ကနေတံခါးအရင်ခေါက်လိုက်သည်။ အဖြေပြန်မရပဲခဏစောင့်ဆိုင်းနေပြီးနောက် လုရှသည်ဘေးပတ်လည်ကိုတစ်ချက်ကြည့်ပြီး ကျေးလက်မှာတံခါးခေါက်တာက မကြားနိုင်လောက်ဟုခန့်မှန်းမိလိုက်တာကြောင့် တိုက်ရိုက်အော်ခေါ်လိုက်သည်။

" လူရှိပါသလား?"

ထို့နောက် အဖွားအိုတစ်ယောက်ထွက်လာပြီး သူမတို့နှစ်ယောက်ကိုမြင်လိုက်ရတော့ မေးမြန်းသည်။
" မိန်းကလေးတွေ ဘယ်သူ့ကိုရှာနေ‌တာလဲ?"

စူးမန့်က " အဖွားလီလားရှင့် ကျွန်မတို့ကအသစ်ရောက်တဲ့ပညာတတ်လူငယ်တွေပါ ကျွန်မတို့အတွက်သေတ္တာတွေလုပ်ပေးနိုင်မလားလို့ အဖိုးလီကိုမေးကြည့်ချင်လို့ပါ"

ဒီစကားကြားလိုက်ရတဲ့အခါ အဖွားလီသည်အခြေအနေကိုနားလည်သွားသည်။ အိမ်မှာသူမနဲ့အဖိုးလီပဲရှိပြီး သူတို့မှာဆွေမျိုးသားချင်းအငယ်တွေမရှိပေ။ သူတို့‌ကလည်းမလုပ်နိုင်တော့ပေမဲ့ ရွာလူကြီးကသူတို့ကိုဂရုစိုက်ပေးပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ လက်သမားအလုပ်တချို့လုပ်ခွင့်ပြုထားသည်။

ဒါပေမဲ့ အပြင်ဖက်တွင်သီးသန့်ရောင်းဝယ်ခြင်းမပြုထားသည့်အတွက် သူတို့သည်ရွာထဲမှာပဲရောင်းချနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဒါကသူတို့ဘဝတွေကို သိသိသာသာချောင်ချိစေခဲ့သည်။

သူမတို့ကသေတ္တာတွေဝယ်လိုကြောင်း ကြားလိုက်ရတဲ့အခါ အဖွားလီသည်သူမတို့ကို သစ်သားတစ်ပိုင်းကိုရွေပေါ်ထိုးနေတဲ့အဖိုးလီရှိသည့် ခြံနောက်ဖေးသို့ဦးဆောင်ခေါ်သွားသည်။ သူမတို့ကိုမြင်လိုက်ရတဲ့အခါ သူကမော့ကြည့်ပြီး နှုတ်ဆက်လိုက်သည်။

*

Zawgyi

Chapter 39  ေသတၱာေတြဝယ္ယူျခင္း

လူတိုင္းထိုအေျခအေနျဖစ္ေနတာျမင္လိုက္ရေတာ့ စြင္းရွန္းနန္သူတို႔ကိုႏွစ္သိမ့္လိုက္သည္။
" တကယ္ေတာ့ ႐ြာကတစ္ႏွစ္ပတ္လုံးအလုပ္မရွိပါဘူး ေဆာင္းရာသီအတြင္းမွာဆို သိပ္မ်ားမ်ားစားစားလုပ္စရာမရွိလို႔ ေဆာင္းတြင္းတစ္ခုလုံးအနားယူရသေလာက္ပဲ အေရွ႕ေျမာက္ပိုင္းမွာ ေဆာင္းရာသီကတာရွည္တယ္ ေလးလေလာက္ၾကာတယ္ ဒါကိုသူမ်ားေတြကသက္ေသာင့္သက္သာရွိတယ္လို႔ေတြးနိုင္ေပမဲ့ အလုပ္မရွိဘူးဆိုတာက အလုပ်ရမှတ်မရဘူးဆိုတဲ့အဓိပ္ပါယ်ပဲ ဒါေပါ့ မင္းတို႔ပိုလြယ္ကူတဲ့တာဝန္ေတြလုပ္ခ်င္ရင္ ႐ြာထဲမွာဝက္စာျမက္ရိတ္တာ၊ ႏြားေက်ာင္းတာ၊ ဝက္ၿခံသန႔္ရွင္းေရးလုပ္တာတို႔လို ေ႐ြးခ်ယ္စရာေတြရွိတယ္ ဒီအလုပ္ေတြကမပင္ပန္းေပမဲ့ အလုပ္ရမွတ္ေတြသိပ္မရဘူး မ်ားေသာအားျဖင့္ ပိုခက္ခဲတဲ့အေျခအေနရွိတဲ့မိသားစုေတြကို တာဝန္ေပးေလ့ရွိတယ္"

ဒီစကားၾကားလိုက္ရေတာ့ လုရွနဲ႕က်န္သူေတြမွာေခါင္းညိတ္လိုက္ၾကၿပီး ေနာက္ဘာဆက္လုပ္ရမလဲေတြးေတာခ်င့္ခ်ိန္လိုက္ၾကသည္။ မၾကာမီတြင္ လူတိုင္းသည္ပညာတတ္လူငယ္မ်ားေနရာဆီ ျပန္ေရာက္လာၾကသည္။

ခ်န္း႐ႊယ္နဲ႕က်ိဳးလိုင္အာတို႔သည္ ဆန္ၾကမ္းယာဂု၊ ေဂၚဖီထုတ္ေမႊေၾကာ္နဲ႕ သခြားသီးသုပ္တို႔ပါဝင္တဲ့ေန႕လည္စာကိုျပင္ဆင္ထားၿပီးျဖစ္သည္။ အရသာကသာမာန္ပဲျဖစ္ေပမဲ့ လူတိုင္းသည္အေတာ္ေလးဗိုက္ဆာေနၿပီျဖစ္ရာ အကုန္လုံးစားပစ္လိုက္ၾကသည္။

ထမင္းစားေသာက္ၿပီးေနာက္ ဘယ္သူမွစကားသိပ္မေျပာၾကေပ။ သူတို႔သည္ပင္ပန္းလြန္းေနလို႔ ခဏတျဖဳတ္အနားယူခ်င္တာေၾကာင့္ျဖစ္မည္။ လုရွသည္က်န္းကြၽင္းေမာ့ကိုတစ္ခ်က္ၾကည့္လိုက္ရာ သူ႕ေျခေထာက္ေတြယိုင္ေနတာျမင္လိုက္ရသည္။ သူသည္းခံနိုင္ပါ့မလား သူမေတြးမိသည္။

အမွန္ပါပဲ ေန႕လည္အလုပ္ျပန္ဆင္းခ်ိန္တြင္ က်န္းကြၽင္းေမာ့သည္အလုပ္ဆက္မလုပ္နိုင္ေတာ့ပဲ ကုရွန႔္နန္သည္႐ြာလူႀကီးကိုခြင့္ေတာင္းဖို႔ေျပာေနသည္ကို ၾကားလိုက္ရသည္။

႐ြာလူႀကီးသည္ဒီစကားၾကားလိုက္ရေတာ့ မ်က္ေမွာင္က်ဳံ႕သြားေပမဲ့ ဘာမွေတာ့မေျပာခဲ့ေပ။ သူကက်န္းကြၽင္းေမာ့ရဲ႕အားနည္းတဲ့ခႏၶာကိုယ္ကို စဥ္းစားၿပီး ဘာမွမေျပာပဲသေဘာတူေပးလိုက္သည္။ မည္သို႔ပင္ဆိုေစ ႐ြာသားမ်ားသည္ သူမတို႔အေရွ႕မွာပဲအသစ္ ေရာက္လာတဲ့ပညာတတ္လူငယ္ေတြရဲ႕ အားနည္းေပ်ာ့ညံ့မႈအေၾကာင္း စတင္ေဆြးႏြေးၾကေတာ့သည္။

ပညာတတ္လူငယ္မ်ားသည္ဒီစကားေတြကိုၾကားေနရေပမဲ့ ပညာတတ္လူငယ္အေဟာင္းမ်ားသည္ က်င့္သားရေနၾကပုံရၿပီး အာ႐ုံထဲမထည့္ၾကေပ။ အသစ္ေတြျဖစ္တဲ့ လုရွတို႔လူစုလည္း စိတ္မဝင္စားၾကပုံရၿပီး မၾကားခ်င္ေယာင္ေဆာင္ထားၾကသည္။

လုရွသည္ေန႕လည္ျပန္ေရာက္ခ်ိန္က ႀကိဳတင္ျပင္ဆင္လာခဲ့သည္။ ေခါင္းေပၚေရစိုသဘက္တင္ထားသျဖင့္ သူမကိုအမ်ားႀကီးပိုသက္သာသြားေစသည္။ ဒါေပမဲ့ အလုပ္သိမ္းခ်ိန္ေရာက္တဲ့အခါမွာ ပင္ပန္းလြန္းလို႔မထနိုင္သေလာက္ပင္။

ဒီေန႕တြင္ သူမတို႔သည္အလုပ္ရမွတ္ေလးမွတ္ရခဲ့ၿပီး စြင္းရွန္းနန္နဲ႕လူေဟာင္းေတြသည္ ေျခာက္မွတ္ရခဲ့ၾကသည္။ သူမတို႔ရဲ႕ပထမဆုံးအလုပ္လုပ္တဲ့ေန႕ျဖစ္တာကို ေထာက္ဆၾကည့္လွ်င္ ဒါကအေတာ္ေကာင္းမြန္တဲ့ရလာဒ္ျဖစ္ရာ ႐ြာလူႀကီးသည္သူမတို႔ရဲ႕လုပ္ေဆာင္ခ်က္နဲ႕ပတ္သတ္ၿပီး ေက်နပ္သြားပုံရသည္။

သူတို႔သည္ပညာတတ္လူငယ္မ်ားေနရာသို႔ ေထာ့နဲ႕ေထာ့နဲ႕ နဲ႕ျပန္လာၾကသည္။

ညစာအသင့္မျဖစ္ေသးတာေၾကာင့္ လုရွသည္အရင္ဆုံးကိုယ္လက္သန႔္စင္ရန္ ေရအနည္းငယ္သြားခပ္လိုက္သည္။ လန္းဆန္းသြားသလိုခံစားရလ်က္ အားအင္တခ်ိဳ႕ျပန္ရရွိလာၿပီးေနာက္ ေသတၱာလုပ္ဖို႔အေၾကာင္း စြင္းရွန္းနန္ကိုေမးျမန္းလိုက္သည္။

လုရွရဲ႕ေမးခြန္းကိုၾကားလိုက္ရေတာ့ စြင္းရွန္းနန္သည္မဆိုင္းမတြျပန္ေျဖေပးသည္။
" ႐ြာထဲမွာလက္သမားအိုႀကီးတစ္ေယာက္ေတာ့ရွိတယ္ မင္းတို႔တစ္ခုခုလုပ္ဖို႔လိုရင္ သူ႕ဆီသြားလို႔ရတယ္ တစ္ခ်က္ေလာက္သြားၾကည့္ၾကည့္ေပါ့"

လုရွသည္အကြာအေဝးကိုေမးၾကည့္လိုက္ရာ သိပ္မေဝးေၾကာင္းသိလိုက္ရေတာ့ သူမခ်က္ခ်င္းသြားရွာရန္ဆုံးျဖတ္လိုက္သည္။ ဒါကိုၾကားလိုက္ရတဲ့အခါ စူးမန႔္လည္းသူ႕အတြက္သူၾကည့္ရန္ သူမနဲ႕လိုက္ခ်င္ခဲ့သည္။ ထို႔ေၾကာင့္ ႏွစ္ေယာက္သားအတူထြက္လာၾကသည္။

လုရွနဲ႕စူးမန႔္တို႔သည္ အခ်င္းခ်င္းမရင္းႏွီးၾကပဲ စူးမန႔္သည္လည္းလုရွကိုသိပ္ဂ႐ုမစိုက္ေပ။ သူတို႔ကလမ္းေလွ်ာက္ေနစဥ္အတြင္းမွာ စကားမ်ားမ်ားစားစားမေျပာခဲ့ၾကေပ။

စြင္းရွန္းနန္ေျပာလိုက္တဲ့ေနရာသို႔ေရာက္ခ်ိန္တြင္ အျပင္ကေနတံခါးအရင္ေခါက္လိုက္သည္။ အေျဖျပန္မရပဲခဏေစာင့္ဆိုင္းေနၿပီးေနာက္ လုရွသည္ေဘးပတ္လည္ကိုတစ္ခ်က္ၾကည့္ၿပီး ေက်းလက္မွာတံခါးေခါက္တာက မၾကားနိုင္ေလာက္ဟုခန႔္မွန္းမိလိုက္တာေၾကာင့္ တိုက္ရိုက္ေအာ္ေခၚလိုက္သည္။

" လူရွိပါသလား?"

ထို႔ေနာက္ အဖြားအိုတစ္ေယာက္ထြက္လာၿပီး သူမတို႔ႏွစ္ေယာက္ကိုျမင္လိုက္ရေတာ့ ေမးျမန္းသည္။
" မိန္းကေလးေတြ ဘယ္သူ႕ကိုရွာေနတာလဲ?"

စူးမန႔္က " အဖြားလီလားရွင့္ ကြၽန္မတို႔ကအသစ္ေရာက္တဲ့ပညာတတ္လူငယ္ေတြပါ ကြၽန္မတို႔အတြက္ေသတၱာေတြလုပ္ေပးနိုင္မလားလို႔ အဖိုးလီကိုေမးၾကည့္ခ်င္လို႔ပါ"

ဒီစကားၾကားလိုက္ရတဲ့အခါ အဖြားလီသည္အေျခအေနကိုနားလည္သြားသည္။ အိမ္မွာသူမနဲ႕အဖိုးလီပဲရွိၿပီး သူတို႔မွာေဆြမ်ိဳးသားခ်င္းအငယ္ေတြမရွိေပ။ သူတို႔ကလည္းမလုပ္နိုင္ေတာ့ေပမဲ့ ႐ြာလူႀကီးကသူတို႔ကိုဂ႐ုစိုက္ေပးၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳဖို႔ လက္သမားအလုပ္တခ်ိဳ႕လုပ္ခြင့္ျပဳထားသည္။

ဒါေပမဲ့ အျပင္ဖက္တြင္သီးသန႔္ေရာင္းဝယ္ျခင္းမျပဳထားသည့္အတြက္ သူတို႔သည္႐ြာထဲမွာပဲေရာင္းခ်နိဳင္သည္။ မည္သို႔ပင္ဆိုေစကာမူ ဒါကသူတို႔ဘဝေတြကို သိသိသာသာေခ်ာင္ခ်ိေစခဲ့သည္။

သူမတို႔ကေသတၱာေတြဝယ္လိုေၾကာင္း ၾကားလိုက္ရတဲ့အခါ အဖြားလီသည္သူမတို႔ကို သစ္သားတစ္ပိုင္းကိုေ႐ြေပၚထိုးေနတဲ့အဖိုးလီရွိသည့္ ၿခံေနာက္ေဖးသို႔ဦးေဆာင္ေခၚသြားသည္။ သူမတို႔ကိုျမင္လိုက္ရတဲ့အခါ သူကေမာ့ၾကည့္ၿပီး ႏႈတ္ဆက္လိုက္သည္။

*

Continue Reading

You'll Also Like

98.6K 2.8K 27
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
256K 12.6K 60
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
130K 3.5K 17
𝑰𝒍 𝑫𝒐𝒕𝒕𝒐𝒓𝒆 '𝑻𝒉𝒆 𝑫𝒐𝒄𝒕𝒐𝒓' 𝒙 𝑭𝒆𝒎 𝑹𝒆𝒂𝒅𝒆𝒓. 𝒀/𝒏,𝑻𝒉𝒆 𝑫𝒐𝒄𝒕𝒐𝒓'𝒔 𝒃𝒆𝒔𝒕 𝒄𝒓𝒆𝒂𝒕𝒊𝒐𝒏.𝑺𝒉𝒆 𝒘𝒂𝒔 𝒕𝒐𝒐𝒌 𝒂�...