Magic Hides My Man

By Nway_Nwayy

230K 13.3K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 32

3.8K 288 43
By Nway_Nwayy

Unicode

ရောက်လာကတည်းက အခုထိ မျက်နှာသေနှင့် ထိုင်နေသော ဇာနည်က ရဲမြတ်ထွဋ်ခေါင် ဖွင့်ပေးထားသော ဘီယာဘူးကို ယူသောက်၏။ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီး ဘီယာဘူးကို စားပွဲပေါ် ပြန်ချသည်။

"မင်း ဘာတွေ ဖြစ်နေတာလဲ၊ ဘာတွေ စိတ်ညစ်နေတာလဲ ငါ့ကို အကုန် ပြောပြလို့ရတယ်နော်"

ဇာနည်က ခေါင်းခါသည်။

"ကျွန်တော် မပြောချင်ဘူး"

စောစောက လက်ကျန်ဘီယာဘူးကို ဆက်မော့ချလိုက်ပြီး ဆိုဖာကို မှီချလိုက်၏။ နောက်တစ်ဘူး ထပ်ဖောက်ပြီး ရှေ့တိုးပေးလိုက်တော့ လှမ်းယူသည်။ ရဲမြတ်ထွဋ်ခေါင် ပြုံးလိုက်ရင်း ဖန်ခွက်အလွတ်ထဲ ရေခဲတုံးအချို့ထည့်ကာ စားပွဲပေါ်က ပုလင်းကို ငှဲ့ထည့် လိုက်သည်။ ဇာနည် ပြောမပြချင်လည်း ထိုဘီယာဘူးတွေက ပြောပြလိမ့်မည် ထင်သည်။ ဘာမှ မပြောနိုင်ဘဲ မှောက်သွားရင်တော့ မသိဘူးပေါ့။

"စိတ်ညစ်စရာတွေကို ခေါင်းထဲအမြဲထည့်မထားစမ်းပါနဲ့ကွာ"

"......"

"ငါက ကိုယ်ချင်းမစာတတ်ဘူးလို့ မင်းထင်ရင် ထင်မှာပေါ့၊ ဒါပေမယ့် လူတိုင်းမှာ စိတ်ညစ်စရာကတော့ ရှိတာပဲ၊ အကြောင်းအရာပဲ ကွာရင် ကွာလိမ့်မယ်၊ ငါ မကြုံဖူးတဲ့ ဒုက္ခမျိုးတွေကို ကိုယ်ချင်းစာပါတယ်လို့တော့ မပြောချင်ဘူး၊ ဒါပေမယ့် မင်း ကြုံနေရတဲ့ ပြဿနာတွေအတွက် နည်းနည်းတော့ အထောက်အကူ ဖြစ်ပေးချင်တယ်"

"......"

ဘာမှ တုန့်ပြန်ပြောဆိုတာမျိုး မရှိတာကြောင့် လှည့်လိုက်တော့ ဘေးနားမှာ ထိုင်နေသော ဇာနည်က ဆိုဖာကို မှီကာ ခေါင်းငိုက်စိုက် ဖြစ်နေပြီ။ လက်ထဲက ဘီယာဘူးက ဆိုဖာပေါ်မှာ လဲကျကာ မှောက်နေ၏။ လက်ထဲကိုင်ထားသော ဖန်ခွက်ကို စားပွဲပေါ်ချကာ ဇာနည့်အား ထူပေးဖို့ ပြင်ရသည်။

"ဇာနည် .... မင်း ရရဲ့လား"

အခု ဘီယာ နှစ်ဘူးတောင် ကုန်အောင် မသောက်ရသေးဘဲ မှောက်သွားတာလား။ ဒီကောင်လေး အရက်မသောက်ဖူးဘူး ထင်သည်။

"မသောက်တတ်ရင်လည်း ဘာလို့ မပြောရတာလဲ၊ မင်းကတော့ ..."

ရဲမြတ်ထွဋ်ခေါင် ထိုင်နေရာမှ ထကာ ဇာနည့်ကို ဆိုဖာပေါ် လှဲအိပ်စေလိုက်ပြီး မျက်နှာချင်းဆိုင်က ဆိုဖာပေါ် ပြောင်းထိုင်နေလိုက်သည်။ သောက်လက်စ ခွက်ကို ဆက်သောက်နေလိုက်ရင်း ဇာနည့်ကို ကြည့်နေမိသည်။ အိပ်ရေးပျက်ထားသလို မျက်တွင်းတွေကျနေကာ မျက်နှာလည်း ချောင်ကျနေသော ဇာနည်ဟာ ဒီရက်ပိုင်းမှာ ဘာတွေ စိတ်ညစ်စရာတွေ အများကြီး ရှိနေခဲ့လဲ မသိပါ။

ဒီရက်ပိုင်းမှ မဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ၊ ငွေကြေးမပြေလည်မှုတွေဆိုတာ ဇာနည်က အမြဲကြုံတွေ့နေရခဲ့ရတာမျိုး ဖြစ်သည်။ ဇာနည့်အကြောင်းကို စိုးကြီးတို့ ပြောပြတာနဲ့ပဲ သိထားရတာ ဖြစ်ပြီး ဇာနည်ကိုယ်တိုင်က တစ်ခါမှ ထုတ်ပြောပြဖူးတာ မရှိခဲ့။ ဆေးဖိုးတွေ မတတ်နိုင်တော့လို့ အဒေါ်ဖြစ်သူက ဆေးရုံကနေ ဆင်းချိန်မတန်သေးဘဲ အိမ်မှာပဲ ဆေးသောက်ပြီး နေနေရတာတွေ။ အိမ်စရိတ်၊ အိမ်ငှားခ၊ အငယ်တွေ အတွက် အသုံးစရိတ် ဒါတွေ အားလုံးကို အသက်ဆယ့်ရှစ်နှစ်တောင် မပြည့်သေး‌သော ဒီကလေးက တာ၀န်ယူနေရတာတဲ့။

ဇာနည်ကတော့ ထိုအရာတွေကို ပြဿနာတစ်ခုလို့လည်း ထင်ပုံမရသလို၊ သူ့ကိုယ်သူလည်း အနစ်နာခံပင်ပန်းနေရတယ်ရယ်လို့ တွေးပုံမရ။ ရတဲ့အလုပ်ကို ကြိုးစားလုပ်ပြီး ဖြစ်နေတဲ့ဘ၀မှာ အဆင်ပြေအောင် နေထိုင်နေတာပဲ ဖြစ်သည်။ ဘယ်သူ့ကိုမှလည်း ရင်ဖွင့်ပြောပြချင်စိတ် ရှိပုံမရချေ။ ဒါပေမယ့် ဇာနည့်မှာလည်း အခုလို လဲကျချင်တဲ့အချိန်၊ ပြိုလဲချင်တဲ့ အချိန်၊ တစ်ယောက်ယောက်ကို လိုအပ်နေတဲ့အချိန် ဆိုတာ ရှိမှာပဲ။ "အဲ့ဒိ တစ်ယောက်ယောက်က ငါဖြစ်လို့ ရမလား" လို့ ခပ်တိုးတိုး ရေရွတ်ရင်း တစ်ယောက်တည်း ပြုံးမိသည်။

ရဲမြတ်ထွဋ်ခေါင်၏ အိမ်ထဲမှာပဲ Bar တွေရဲ့ VIP Room ပုံစံလုပ်ထားသော အခန်းဖြစ်သည်။ အပေါင်းအသင်းတွေနဲ့ တစ်ခါတလေ သောက်တာမျိုးရှိပေမယ့် တစ်ယောက်တည်းတော့ ဒီအခန်းထဲ ၀င်သောက်တာမျိုး မရှိ။ အခုကတော့ မူးပြီးအိပ်ပျော်နေသော ကောင်လေးအား ထိုင်ကြည့်ရင်း တစ်ယောက်တည်း အရက်ထိုင်သောက်နေရတာပဲ ဖြစ်သည်။

"အိမ်ပြန်ရောက်နေပြီလား"

မသဲမကွဲ စကားပြောသံနဲ့အတူ လှဲအိပ်နေသော ဇာနည်က ထထိုင်လာတာမို့ အနားကို သွားလိုက်ရင်း -

"မရောက်သေးဘူး ... မင်း အိပ်ချင်ရင် အိပ်လို့ရသေးတယ် အိပ်"

ပုခုံးကနေကိုင်ကာ ပြန်လှဲအိပ်ဖို့ပြောလိုက်တော့ ရဲမြတ်ထွဋ်ခေါင် လက်အား တွန်းဖယ် သည်။

"မအိပ်ချင်ပါဘူး"

မအိပ်ချင်ဘူး ဟုသာ ပြောနေပေမယ့် မျက်လုံးက မပွင့်တော့။ ရဲမြတ်ထွဋ်ခေါင် အသံထွက်အောင်ပင် ရယ်လိုက်မိပြီး ဇာနည့် ဘေးမှာ ၀င်ထိုင်လိုက်သည်။ လက်ထဲက ခွက်ကို ဇာနည့် မျက်နှာနား ကပ်ပြလိုက်ရင်း -

"မအိပ်ချင်ရင် သောက်ဦးမှာလား၊ Cheer ..."

ဇာနည်က စားပွဲပေါ်က ဘီယာတစ်ဘူးကိုယူကာ ဖောက်ပြီး သောက်သည်။ တစ်ဘူးလုံးကို ကုန်လုနီးပါးအထိ ဆက်တိုက်မော့ချပစ်ပြီး ဘူးကို စားပွဲပေါ် ပြန်ချသည်။

"ကျွန်တော်က လူငယ် မပီသဘူး ဟုတ်တယ်မလား"

"ဟင် ..."

ရုတ်တရက် ထပြောသော စကားကြောင့် ဖန်ခွက်ကို စားပွဲပေါ် ပြန်ချကာ ဇာနည့်အား ငဲ့ကြည့်လိုက်သည်။ သိပ်မပွင့်ချင်တော့ဘဲ စင်းကျနေသော မျက်လုံးများက စားပွဲအောက်ခြေ နေရာနားကိုသာ စိုက်ကြည့်နေရင်း စကားကို ဆက်ပြော၏။

"ခင်ဗျား ပြောဖူးတယ်လေ ကျွန်တော်က လူငယ်မပီသဘူး လို့"

"အင်း ... မင်းက တစ်ခုခုကို အမြဲတွေးပြီး စိတ်ပူနေတတ်တဲ့ ပုံစံပေါက်နေလို့လေ၊ တစ်ခါတလေလည်း လူငယ်လို လွတ်လွတ်လပ်လပ် နေလို့ရပါတယ်လို့ ပြောတာ"

"ကျွန်တော့် အသက် ဆယ့်သုံးနှစ်လောက် ကတည်းက ပိုက်ဆံကို စပြီး ရှာနေခဲ့တာ၊ အခုထိလည်း ရှာနေတုန်းပဲ၊ သူများအိမ်မှာလည်း အလုပ်လုပ်ဖူးတယ်၊ ကားစပယ်ယာလည်း လုပ်ခဲ့ဖူးတယ်၊ ဈေးလည်း ရောင်းခဲ့ဖူးတယ်"

ဇာနည့် မျက်နှာအား ငေးကြည့်နေရင်း ဘာဆက်ပြောမလဲဟု နားထောင်နေလိုက်သည်။

"‌ဒါပေမယ့် ဒီဘ၀ကို မကျေမနပ်တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး၊ ကျွန်တော် အမြဲ ကျေနပ်နေခဲ့တာပဲ၊ အဲ့ဒါကြောင့်ထင်တယ် အခုထိလည်း ဘ၀က ဒီအတိုင်းပဲ"

ဇာနည့်ကို ငေးကြည့်ရင်း ရဲမြတ်ထွဋ်ခေါင် ရင်ထဲမှာ တင်းကြပ်လာသည်။

"တကယ်ပြောတာ၊ ကျွန်တော် နည်းနည်းလေးတောင် မညည်းတွားခဲ့ဘူး၊ ကျွန်တော် လဲကျလို့မရဘူး ဆိုတဲ့စိတ်က အမြဲသတိပေးနေခဲ့လို့၊ အငယ်တွေရှေ့မှာ ပင်ပန်းလိုက်တာ လို့ ဘယ်လိုလုပ် ပြောထွက်မှာလဲ"

"......"

"ကျွန်တော် ငိုရင် လိုက်ငိုကြမဲ့၊ ကျွန်တော်လဲကျရင် လိုက်လဲကျကြမဲ့ အငယ်တွေ ကျွန်တော့်နောက်မှာ ရှိတယ်၊ ဘယ်အသက်အရွယ်မှာပဲ ဖြစ်ဖြစ် ကျွန်တော်ဟာ သူတို့အတွက် သန်မာတဲ့ အစ်ကိုကြီးပဲ ဖြစ်ပေးချင်ခဲ့တာ"

"......"

"‌တကယ်တော့ ကျွန်တော် ပင်ပန်းတယ်"

"ဇာနည် ..."

ဆိုဖာကိုမှီထိုင်နေသော ဇာနည့်ပုခုံးပေါ် လက်တင်တာ ခပ်ဖွဖွ ပုတ်ပေးနေလိုက်ရင်း -

"ပင်ပန်းရင် ပင်ပန်းတယ်လို့ ပြောခွင့်ရှိတာပေါ့၊ လဲကျချင်ရင် လဲကျပစ်လိုက်လို့ရတယ်၊ ငိုချင်ရင် ငိုပစ်လိုက်လို့လည်း ရတယ်၊ အမြဲတမ်း သန်မာချင်ယောင်ဆောင်နေစရာ မလိုပါဘူး"

ဆိုဖာကို မှီထိုင်ရင်း မျက်လုံးတွေကို မှိတ်ထားတဲ့ ဇာနည်က ခဏအကြာမှာ ခေါင်းငိုက်ကျရင်း ငြိမ်သက်သွား ပြန်သည်။ ရဲမြတ်ထွဋ်ခေါင် ပြုံးလိုက်မိရင်း ဇာနည့်ပုခုံးကို ထိန်းကိုင်ကာ ပေါင်ပေါ်မှာ လှဲအိပ်စေလိုက်သည်။

"မင်းက အရမ်းစကားများတာပဲ ဇာနည်"

သူ့ပေါင်ပေါ်မှာ လှဲအိပ်နေသော ထိုကောင်လေးကို ငုံ့ကြည့်လိုက်ရင်း -

"ငါက စကားများတာကို မကြိုက်ပေမယ့်၊ မင်း ပြောတာတွေကိုတော့ နားထောင်ပေးချင်တယ်၊ နောက်ဆိုလည်း ငါ့ကို ပြောပြရမယ်နော်၊ မမူးလည်း ပြောပြရမယ် ကြားလား"

ဇာနည့်ဆံပင်တွေကို သပ်ပေးရင်း ခပ်တိုးတိုး ပြောနေပေမယ့် ဘီယာသုံးဘူးနဲ့တင် မှောက်သွားပြီဖြစ်သော ထိုကောင်လေးကတော့ ကြားတော့မည် မထင်ပါ။

...............

အိပ်နေရာက လန့်နိုးလာသူလို့ ဆတ်ခနဲ ဖြစ်သွားပြီး သတိ၀င်လာချိန်မှာ လူက မတ်တပ်ရပ်လျက်သား ပဲ ရှိနေသေးသည်။ ခေါင်းမူးပြီး လဲကျသွားပြီ ထင်ပေမယ့် လဲကျမသွားဘူးပဲ ဟုတွေးပြီးမှ ဘေးပတ်၀န်ကျင်ကို သတိထားမိသည်။

ဗညားထွဋ်ခေါင် အနားက နံရံကို အမြန်မှီရပ်လိုက်ရသည်။ ဘယ်လိုဖြစ်တာလဲ။ လက်ရှိရောက်နေသော အဖြူရောင်အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားမိသည်။ ဒါ System ရဲ့ Toilet ခန်း မဟုတ်လား။ မဟုတ်ပါစေနဲ့ လို့ ဆုတောင်းရင်း ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ယူကာ ဖွင့်ကြည့်တော့ Missed Call များ ဆက်တိုက်တက်လာသော ဖုန်း၏ Contact တွေက ....။

ဖေဖေ၊ မေမေနဲ့ ကိုရာဇာတို့ ပြည့်စုံမင်းတို့ နာမည်များ ကို ငုံ့ကြည့်ကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်မိသည်။ နောက်ဆုံးတော့ အိမ်ပြန်ရောက်ခဲ့ပြီ တဲ့လား။ အခုလို ရုတ်တရက်အခြေအနေကြီးနဲ့လေ။

အိမ်ကို ပြန်ရောက်ချင်လွန်းလို့ စိတ်ဓာတ်ကျနေခဲ့တဲ့ အချိန်တွေတုန်းက ဘယ်လိုမှ ပြန်မရောက်နိုင်ခဲ့ဘဲ၊ အခု အချိန်မှာမှ ဘာမှလုပ်စရာမလိုလိုက်ဘဲ ဒီကမ္ဘာကို ပြန်ရောက်လာခဲ့ပြီပေါ့။ ဗညားထွဋ်ခေါင် ဆိုတဲ့ကောင်ရဲ့ဘ၀ကြီးဟာ ဘယ်အချိန်ထိ ကမောက်ကမ ဖြစ်နေရဦးမှာလဲ။

သေချာနေပေမယ့်လည်း လက်ကျန်မျှော်လင့်ချက်လေး တစ်ခုနဲ့ ပိုင်ခန့်ရဲ့ ဖုန်း Contact ကို အသည်းအသန် ရှာနေမိသည်။ မတွေ့ပါ။ အလွတ်ရနေသော နံပါတ်အား ရိုက်ထည့်ပြီး ခေါ်ကြည့်လိုက်တော့ "တပ်ဆင်ထားခြင်း မရှိပါ" ဆိုသော ဖြေဆိုသံကိုသာ ကြားလိုက်ရသည်။

ဖုန်းကိုပိတ်ပစ်လိုက်ပြီး ဘေစင်ရှေ့မှာ လက်ထောက်ကာ မှန်ထဲကို ကြည့်လိုက်တော့ သာမန်ထက်အနည်းငယ် ပိုပိန်နေပြီး ခပ်ပွပွ အညိုရောင်ဆံပင်တွေရဲ့အောက်က ကိုယ့်မျက်နှာကိုယ် အလိုမကျစွာ စိုက်ကြည့်နေမိသည်။ အိမ်ပြန်ရောက်ပြီ ... လို့ တွေးနေရင်းကပဲ အိမ်နဲ့အဝေးကြီးကို ရောက်သွားသူလို စိတ်ထဲမှာ အထီးကျန်လာသည်။

တစ်‌ယောက်တည်းဆိုသော အထီးကျန်မှုက ဦးနှောက်ကတဆင့် တစ်ကိုယ်လုံးကို တစိမ့်စိမ့် ပျံ့နှံ့လာပြီး လူက စိတ်တိုင်းကျ ငိုချပစ်လိုက်ချင်ပေမယ့် ....။ မှန်ထဲက ကောင်က မျက်ရည်ကျရမည့်အစား မှုန်တေတေ ရုပ်နှင့်သာ စိုက်ကြည့်နေခဲ့သည်။

"ငါ ငိုလို့မရဘူး ပိုင်ခန့်၊ မင်းရှေ့မှာမှ မဟုတ်ရင် .... ငါ ငိုလို့ မရပါဘူး"

ဒီမှန်ရှေ့မှာ ရပ်နေရင်းကပဲ တစ်ဖက်ကမ္ဘာကို ရုတ်တရက်ရောက်သွားခဲ့ဖူးသလို အခုလည်း ပြန်ရောက်သွားပါတော့ ဟု ဆုတောင်းရင်း မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ မိနစ်ပိုင်းလောက် ကြာသွားပြီး မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့ အချိန်မှာလည်း ဒီ စိတ်ပျက်စရာ Toilet ထဲမှာ ပါပဲ။ အဲ့ဒီကမ္ဘာဆီကို ပြန်မရောက်နိုင်တော့ဘူးပေါ့ ဟု တွေးမိသည့်အခါ ရင်ထဲမှာ နာကျင်လာသည်။

"ဖြစ်ချင်တာလေးတစ်ခုလောက်ကို အလွယ်တကူပေးဖြစ်လိုက်ရင် ဗညားထွဋ်ခေါင် မပီသတော့မှာ စိုးလို့လား"

မှန်ထဲကိုကြည့်ရင်း အရူးလို ပြောနေမိသည်။

"ပိုင်ခန့် .... မင်း ငါ့ကို လိုက်ရှာနေမှာ မလား၊ အဲ့ဒီကမ္ဘာက ဗညားထွဋ်ခေါင်ကို မဟုတ်ဘဲ ငါ့ကိုပဲလေ"

"ငါလည်း ဒီကမ္ဘာမှာ ရှိနေမဲ့ ပိုင်ခန့်ကို ကို မရှာတော့ပါဘူး၊ အဲ့ဒါ မင်းမှ မဟုတ်တာ ..."

...............................................................................

A/N - ဒီနေရာမှာ Timeline Shifting အကြောင်းလေး ပြောချင်လို့ပါ။ ဗညား ဒီဘက်ကို ရောက်လာခါနီးနဲ့ ပြန်ရောက်သွားခါနီးမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်က Timeline Shifting ပါ။ Intro မှာ ပြောခဲ့သလို ကမ္ဘာကြီး ပုံမှန်လည်ပတ်နေရာကနေ အချိန်တွေ ကမောက်ကမ ဖြစ်သွားပြီး ဖြစ်မဲ့အရာတွေကို ကြိုမြင်လိုက်ရတာမျိုးပါပဲ။

ဗညား ဒီကို ရောက်မလာခင် မှန်ထဲမှာ မြင်လိုက်ရတဲ့ "ကားလမ်းဘေးမှာ ထိုင်နေတဲ့လူ" ဟာ ဗညားပါပဲ။ သူ အဲ့ဒီကမ္ဘာကို ရောက်သွားမှာကို Timeline Shifting ကြောင့် ကြိုမြင်လိုက်ရတာပါ။ ပြန်ရောက်သွားတော့လည်း အတူတူပါပဲ။ အိမ်နောက်ဖေးခန်းက အငွေ့တွေကြားထဲမှာ မြင်လိုက်ရတဲ့လူက System ရဲ့ Toilet ထဲကို ရောက်နေမဲ့ ဗညားထွဋ်ခေါင်ပါပဲ။

ဆရာမင်းသန့် ရဲ့ "မီးဖိုချောင်ထဲကလူ" ဆိုတဲ့ ၀တ္ထုတိုလေးထဲက Timeline Shifting သဘောတရားကို Reference ယူရေးတာ ဖြစ်ပါတယ်။ 🖤

Zawgyi

ေရာက္လာကတည္းက အခုထိ မ်က္ႏွာေသႏွင့္ ထိုင္ေနေသာ ဇာနည္က ရဲျမတ္ထြဋ္ေခါင္ ဖြင့္ေပးထားေသာ ဘီယာဘူးကို ယူေသာက္၏။ မ်က္ႏွာတစ္ခုလုံး ႐ႈံ႕မဲ့သြားၿပီး ဘီယာဘူးကို စားပြဲေပၚ ျပန္ခ်သည္။

"မင္း ဘာေတြ ျဖစ္ေနတာလဲ၊ ဘာေတြ စိတ္ညစ္ေနတာလဲ ငါ့ကို အကုန္ ေျပာျပလို႔ရတယ္ေနာ္"

ဇာနည္က ေခါင္းခါသည္။

"ကြၽန္ေတာ္ မေျပာခ်င္ဘူး"

ေစာေစာက လက္က်န္ဘီယာဘူးကို ဆက္ေမာ့ခ်လိုက္ၿပီး ဆိုဖာကို မွီခ်လိုက္၏။ ေနာက္တစ္ဘူး ထပ္ေဖာက္ၿပီး ေ႐ွ႕တိုးေပးလိုက္ေတာ့ လွမ္းယူသည္။ ရဲျမတ္ထြဋ္ေခါင္ ျပဳံးလိုက္ရင္း ဖန္ခြက္အလြတ္ထဲ ေရခဲတုံးအခ်ိဳ႕ထည့္ကာ စားပြဲေပၚက ပုလင္းကို ငွဲ႔ထည့္ လိုက္သည္။ ဇာနည္ ေျပာမျပခ်င္လည္း ထိုဘီယာဘူးေတြက ေျပာျပလိမ့္မည္ ထင္သည္။ ဘာမွ မေျပာႏိုင္ဘဲ ေမွာက္သြားရင္ေတာ့ မသိဘူးေပါ့။

"စိတ္ညစ္စရာေတြကို ေခါင္းထဲအၿမဲထည့္မထားစမ္းပါနဲ႔ကြာ"

"......"

"ငါက ကိုယ္ခ်င္းမစာတတ္ဘူးလို႔ မင္းထင္ရင္ ထင္မွာေပါ့၊ ဒါေပမယ့္ လူတိုင္းမွာ စိတ္ညစ္စရာကေတာ့ ႐ွိတာပဲ၊ အေၾကာင္းအရာပဲ ကြာရင္ ကြာလိမ့္မယ္၊ ငါ မၾကဳံဖူးတဲ့ ဒုကၡမ်ိဳးေတြကို ကိုယ္ခ်င္းစာပါတယ္လို႔ေတာ့ မေျပာခ်င္ဘူး၊ ဒါေပမယ့္ မင္း ၾကဳံေနရတဲ့ ျပႆနာေတြအတြက္ နည္းနည္းေတာ့ အေထာက္အကူ ျဖစ္ေပးခ်င္တယ္"

"......"

ဘာမွ တုန္႔ျပန္ေျပာဆိုတာမ်ိဳး မ႐ွိတာေၾကာင့္ လွည့္လိုက္ေတာ့ ေဘးနားမွာ ထိုင္ေနေသာ ဇာနည္က ဆိုဖာကို မွီကာ ေခါင္းငိုက္စိုက္ ျဖစ္ေနၿပီ။ လက္ထဲက ဘီယာဘူးက ဆိုဖာေပၚမွာ လဲက်ကာ ေမွာက္ေန၏။ လက္ထဲကိုင္ထားေသာ ဖန္ခြက္ကို စားပြဲေပၚခ်ကာ ဇာနည့္အား ထူေပးဖို႔ ျပင္ရသည္။

"ဇာနည္ .... မင္း ရရဲ႕လား"

အခု ဘီယာ ႏွစ္ဘူးေတာင္ ကုန္ေအာင္ မေသာက္ရေသးဘဲ ေမွာက္သြားတာလား။ ဒီေကာင္ေလး အရက္မေသာက္ဖူးဘူး ထင္သည္။

"မေသာက္တတ္ရင္လည္း ဘာလို႔ မေျပာရတာလဲ၊ မင္းကေတာ့ ..."

ရဲျမတ္ထြဋ္ေခါင္ ထိုင္ေနရာမွ ထကာ ဇာနည့္ကို ဆိုဖာေပၚ လွဲအိပ္ေစလိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္က ဆိုဖာေပၚ ေျပာင္းထိုင္ေနလိုက္သည္။ ေသာက္လက္စ ခြက္ကို ဆက္ေသာက္ေနလိုက္ရင္း ဇာနည့္ကို ၾကည့္ေနမိသည္။ အိပ္ေရးပ်က္ထားသလို မ်က္တြင္းေတြက်ေနကာ မ်က္ႏွာလည္း ေခ်ာင္က်ေနေသာ ဇာနည္ဟာ ဒီရက္ပိုင္းမွာ ဘာေတြ စိတ္ညစ္စရာေတြ အမ်ားႀကီး ႐ွိေနခဲ့လဲ မသိပါ။

ဒီရက္ပိုင္းမွ မဟုတ္ပါဘူး။ စိတ္ညစ္စရာေတြ၊ ေငြေၾကးမေျပလည္မႈေတြဆိုတာ ဇာနည္က အၿမဲၾကဳံေတြ႕ေနရခဲ့ရတာမ်ိဳး ျဖစ္သည္။ ဇာနည့္အေၾကာင္းကို စိုးႀကီးတို႔ ေျပာျပတာနဲ႔ပဲ သိထားရတာ ျဖစ္ၿပီး ဇာနည္ကိုယ္တိုင္က တစ္ခါမွ ထုတ္ေျပာျပဖူးတာ မ႐ွိခဲ့။ ေဆးဖိုးေတြ မတတ္ႏိုင္ေတာ့လို႔ အေဒၚျဖစ္သူက ေဆး႐ုံကေန ဆင္းခ်ိန္မတန္ေသးဘဲ အိမ္မွာပဲ ေဆးေသာက္ၿပီး ေနေနရတာေတြ။ အိမ္စရိတ္၊ အိမ္ငွားခ၊ အငယ္ေတြ အတြက္ အသုံးစရိတ္ ဒါေတြ အားလုံးကို အသက္ဆယ့္႐ွစ္ႏွစ္ေတာင္ မျပည့္ေသး‌ေသာ ဒီကေလးက တာ၀န္ယူေနရတာတဲ့။

ဇာနည္ကေတာ့ ထိုအရာေတြကို ျပႆနာတစ္ခုလို႔လည္း ထင္ပုံမရသလို၊ သူ႕ကိုယ္သူလည္း အနစ္နာခံပင္ပန္းေနရတယ္ရယ္လို႔ ေတြးပုံမရ။ ရတဲ့အလုပ္ကို ႀကိဳးစားလုပ္ၿပီး ျဖစ္ေနတဲ့ဘ၀မွာ အဆင္ေျပေအာင္ ေနထိုင္ေနတာပဲ ျဖစ္သည္။ ဘယ္သူ႕ကိုမွလည္း ရင္ဖြင့္ေျပာျပခ်င္စိတ္ ႐ွိပုံမရေခ်။ ဒါေပမယ့္ ဇာနည့္မွာလည္း အခုလို လဲက်ခ်င္တဲ့အခ်ိန္၊ ၿပိဳလဲခ်င္တဲ့ အခ်ိန္၊ တစ္ေယာက္ေယာက္ကို လိုအပ္ေနတဲ့အခ်ိန္ ဆိုတာ ႐ွိမွာပဲ။ "အဲ့ဒိ တစ္ေယာက္ေယာက္က ငါျဖစ္လို႔ ရမလား" လို႔ ခပ္တိုးတိုး ေရ႐ြတ္ရင္း တစ္ေယာက္တည္း ျပဳံးမိသည္။

ရဲျမတ္ထြဋ္ေခါင္၏ အိမ္ထဲမွာပဲ Bar ေတြရဲ႕ VIP Room ပုံစံလုပ္ထားေသာ အခန္းျဖစ္သည္။ အေပါင္းအသင္းေတြနဲ႔ တစ္ခါတေလ ေသာက္တာမ်ိဳး႐ွိေပမယ့္ တစ္ေယာက္တည္းေတာ့ ဒီအခန္းထဲ ၀င္ေသာက္တာမ်ိဳး မ႐ွိ။ အခုကေတာ့ မူးၿပီးအိပ္ေပ်ာ္ေနေသာ ေကာင္ေလးအား ထိုင္ၾကည့္ရင္း တစ္ေယာက္တည္း အရက္ထိုင္ေသာက္ေနရတာပဲ ျဖစ္သည္။

"အိမ္ျပန္ေရာက္ေနၿပီလား"

မသဲမကြဲ စကားေျပာသံနဲ႔အတူ လွဲအိပ္ေနေသာ ဇာနည္က ထထိုင္လာတာမို႔ အနားကို သြားလိုက္ရင္း -

"မေရာက္ေသးဘူး ... မင္း အိပ္ခ်င္ရင္ အိပ္လို႔ရေသးတယ္ အိပ္"

ပုခုံးကေနကိုင္ကာ ျပန္လွဲအိပ္ဖို႔ေျပာလိုက္ေတာ့ ရဲျမတ္ထြဋ္ေခါင္ လက္အား တြန္းဖယ္ သည္။

"မအိပ္ခ်င္ပါဘူး"

မအိပ္ခ်င္ဘူး ဟုသာ ေျပာေနေပမယ့္ မ်က္လုံးက မပြင့္ေတာ့။ ရဲျမတ္ထြဋ္ေခါင္ အသံထြက္ေအာင္ပင္ ရယ္လိုက္မိၿပီး ဇာနည့္ ေဘးမွာ ၀င္ထိုင္လိုက္သည္။ လက္ထဲက ခြက္ကို ဇာနည့္ မ်က္ႏွာနား ကပ္ျပလိုက္ရင္း -

"မအိပ္ခ်င္ရင္ ေသာက္ဦးမွာလား၊ Cheer ..."

ဇာနည္က စားပြဲေပၚက ဘီယာတစ္ဘူးကိုယူကာ ေဖာက္ၿပီး ေသာက္သည္။ တစ္ဘူးလုံးကို ကုန္လုနီးပါးအထိ ဆက္တိုက္ေမာ့ခ်ပစ္ၿပီး ဘူးကို စားပြဲေပၚ ျပန္ခ်သည္။

"ကြၽန္ေတာ္က လူငယ္ မပီသဘူး ဟုတ္တယ္မလား"

"ဟင္ ..."

႐ုတ္တရက္ ထေျပာေသာ စကားေၾကာင့္ ဖန္ခြက္ကို စားပြဲေပၚ ျပန္ခ်ကာ ဇာနည့္အား ငဲ့ၾကည့္လိုက္သည္။ သိပ္မပြင့္ခ်င္ေတာ့ဘဲ စင္းက်ေနေသာ မ်က္လုံးမ်ားက စားပြဲေအာက္ေျခ ေနရာနားကိုသာ စိုက္ၾကည့္ေနရင္း စကားကို ဆက္ေျပာ၏။

"ခင္ဗ်ား ေျပာဖူးတယ္ေလ ကြၽန္ေတာ္က လူငယ္မပီသဘူး လို႔"

"အင္း ... မင္းက တစ္ခုခုကို အၿမဲေတြးၿပီး စိတ္ပူေနတတ္တဲ့ ပုံစံေပါက္ေနလို႔ေလ၊ တစ္ခါတေလလည္း လူငယ္လို လြတ္လြတ္လပ္လပ္ ေနလို႔ရပါတယ္လို႔ ေျပာတာ"

"ကြၽန္ေတာ့္ အသက္ ဆယ့္သုံးႏွစ္ေလာက္ ကတည္းက ပိုက္ဆံကို စၿပီး ႐ွာေနခဲ့တာ၊ အခုထိလည္း ႐ွာေနတုန္းပဲ၊ သူမ်ားအိမ္မွာလည္း အလုပ္လုပ္ဖူးတယ္၊ ကားစပယ္ယာလည္း လုပ္ခဲ့ဖူးတယ္၊ ေဈးလည္း ေရာင္းခဲ့ဖူးတယ္"

ဇာနည့္ မ်က္ႏွာအား ေငးၾကည့္ေနရင္း ဘာဆက္ေျပာမလဲဟု နားေထာင္ေနလိုက္သည္။

"‌ဒါေပမယ့္ ဒီဘ၀ကို မေက်မနပ္တစ္ခါမွ မျဖစ္ခဲ့ဖူးဘူး၊ ကြၽန္ေတာ္ အၿမဲ ေက်နပ္ေနခဲ့တာပဲ၊ အဲ့ဒါေၾကာင့္ထင္တယ္ အခုထိလည္း ဘ၀က ဒီအတိုင္းပဲ"

ဇာနည့္ကို ေငးၾကည့္ရင္း ရဲျမတ္ထြဋ္ေခါင္ ရင္ထဲမွာ တင္းၾကပ္လာသည္။

"တကယ္ေျပာတာ၊ ကြၽန္ေတာ္ နည္းနည္းေလးေတာင္ မညည္းတြားခဲ့ဘူး၊ ကြၽန္ေတာ္ လဲက်လို႔မရဘူး ဆိုတဲ့စိတ္က အၿမဲသတိေပးေနခဲ့လို႔၊ အငယ္ေတြေ႐ွ႕မွာ ပင္ပန္းလိုက္တာ လို႔ ဘယ္လိုလုပ္ ေျပာထြက္မွာလဲ"

"......"

"ကြၽန္ေတာ္ ငိုရင္ လိုက္ငိုၾကမဲ့၊ ကြၽန္ေတာ္လဲက်ရင္ လိုက္လဲက်ၾကမဲ့ အငယ္ေတြ ကြၽန္ေတာ့္ေနာက္မွာ ႐ွိတယ္၊ ဘယ္အသက္အ႐ြယ္မွာပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္ဟာ သူတို႔အတြက္ သန္မာတဲ့ အစ္ကိုႀကီးပဲ ျဖစ္ေပးခ်င္ခဲ့တာ"

"......"

"‌တကယ္ေတာ့ ကြၽန္ေတာ္ ပင္ပန္းတယ္"

"ဇာနည္ ..."

ဆိုဖာကိုမွီထိုင္ေနေသာ ဇာနည့္ပုခုံးေပၚ လက္တင္တာ ခပ္ဖြဖြ ပုတ္ေပးေနလိုက္ရင္း -

"ပင္ပန္းရင္ ပင္ပန္းတယ္လို႔ ေျပာခြင့္႐ွိတာေပါ့၊ လဲက်ခ်င္ရင္ လဲက်ပစ္လိုက္လို႔ရတယ္၊ ငိုခ်င္ရင္ ငိုပစ္လိုက္လို႔လည္း ရတယ္၊ အၿမဲတမ္း သန္မာခ်င္ေယာင္ေဆာင္ေနစရာ မလိုပါဘူး"

ဆိုဖာကို မွီထိုင္ရင္း မ်က္လုံးေတြကို မွိတ္ထားတဲ့ ဇာနည္က ခဏအၾကာမွာ ေခါင္းငိုက္က်ရင္း ၿငိမ္သက္သြား ျပန္သည္။ ရဲျမတ္ထြဋ္ေခါင္ ျပဳံးလိုက္မိရင္း ဇာနည့္ပုခုံးကို ထိန္းကိုင္ကာ ေပါင္ေပၚမွာ လွဲအိပ္ေစလိုက္သည္။

"မင္းက အရမ္းစကားမ်ားတာပဲ ဇာနည္"

သူ႕ေပါင္ေပၚမွာ လွဲအိပ္ေနေသာ ထိုေကာင္ေလးကို ငုံ႔ၾကည့္လိုက္ရင္း -

"ငါက စကားမ်ားတာကို မႀကိဳက္ေပမယ့္၊ မင္း ေျပာတာေတြကိုေတာ့ နားေထာင္ေပးခ်င္တယ္၊ ေနာက္ဆိုလည္း ငါ့ကို ေျပာျပရမယ္ေနာ္၊ မမူးလည္း ေျပာျပရမယ္ ၾကားလား"

ဇာနည့္ဆံပင္ေတြကို သပ္ေပးရင္း ခပ္တိုးတိုး ေျပာေနေပမယ့္ ဘီယာသုံးဘူးနဲ႔တင္ ေမွာက္သြားၿပီျဖစ္ေသာ ထိုေကာင္ေလးကေတာ့ ၾကားေတာ့မည္ မထင္ပါ။

...............

အိပ္ေနရာက လန္႔ႏိုးလာသူလို႔ ဆတ္ခနဲ ျဖစ္သြားၿပီး သတိ၀င္လာခ်ိန္မွာ လူက မတ္တပ္ရပ္လ်က္သား ပဲ ႐ွိေနေသးသည္။ ေခါင္းမူးၿပီး လဲက်သြားၿပီ ထင္ေပမယ့္ လဲက်မသြားဘူးပဲ ဟုေတြးၿပီးမွ ေဘးပတ္၀န္က်င္ကို သတိထားမိသည္။

ဗညားထြဋ္ေခါင္ အနားက နံရံကို အျမန္မွီရပ္လိုက္ရသည္။ ဘယ္လိုျဖစ္တာလဲ။ လက္႐ွိေရာက္ေနေသာ အျဖဴေရာင္အခန္းကို တစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ ရင္ထဲမွာ ထိတ္ခနဲ ျဖစ္သြားမိသည္။ ဒါ System ရဲ႕ Toilet ခန္း မဟုတ္လား။ မဟုတ္ပါေစနဲ႔ လို႔ ဆုေတာင္းရင္း ေဘာင္းဘီအိတ္ထဲက ဖုန္းကို ထုတ္ယူကာ ဖြင့္ၾကည့္ေတာ့ Missed Call မ်ား ဆက္တိုက္တက္လာေသာ ဖုန္း၏ Contact ေတြက ....။

ေဖေဖ၊ ေမေမနဲ႔ ကိုရာဇာတို႔ ျပည့္စုံမင္းတို႔ နာမည္မ်ား ကို ငုံ႔ၾကည့္ကာ ၾကမ္းျပင္ေပၚ ထိုင္ခ်လိုက္မိသည္။ ေနာက္ဆုံးေတာ့ အိမ္ျပန္ေရာက္ခဲ့ၿပီ တဲ့လား။ အခုလို ႐ုတ္တရက္အေျခအေနႀကီးနဲ႔ေလ။

အိမ္ကို ျပန္ေရာက္ခ်င္လြန္းလို႔ စိတ္ဓာတ္က်ေနခဲ့တဲ့ အခ်ိန္ေတြတုန္းက ဘယ္လိုမွ ျပန္မေရာက္ႏိုင္ခဲ့ဘဲ၊ အခု အခ်ိန္မွာမွ ဘာမွလုပ္စရာမလိုလိုက္ဘဲ ဒီကမ႓ာကို ျပန္ေရာက္လာခဲ့ၿပီေပါ့။ ဗညားထြဋ္ေခါင္ ဆိုတဲ့ေကာင္ရဲ႕ဘ၀ႀကီးဟာ ဘယ္အခ်ိန္ထိ ကေမာက္ကမ ျဖစ္ေနရဦးမွာလဲ။

ေသခ်ာေနေပမယ့္လည္း လက္က်န္ေမွ်ာ္လင့္ခ်က္ေလး တစ္ခုနဲ႔ ပိုင္ခန္႔ရဲ႕ ဖုန္း Contact ကို အသည္းအသန္ ႐ွာေနမိသည္။ မေတြ႕ပါ။ အလြတ္ရေနေသာ နံပါတ္အား ႐ိုက္ထည့္ၿပီး ေခၚၾကည့္လိုက္ေတာ့ "တပ္ဆင္ထားျခင္း မ႐ွိပါ" ဆိုေသာ ေျဖဆိုသံကိုသာ ၾကားလိုက္ရသည္။

ဖုန္းကိုပိတ္ပစ္လိုက္ၿပီး ေဘစင္ေ႐ွ႕မွာ လက္ေထာက္ကာ မွန္ထဲကို ၾကည့္လိုက္ေတာ့ သာမန္ထက္အနည္းငယ္ ပိုပိန္ေနၿပီး ခပ္ပြပြ အညိဳေရာင္ဆံပင္ေတြရဲ႕ေအာက္က ကိုယ့္မ်က္ႏွာကိုယ္ အလိုမက်စြာ စိုက္ၾကည့္ေနမိသည္။ အိမ္ျပန္ေရာက္ၿပီ ... လို႔ ေတြးေနရင္းကပဲ အိမ္နဲ႔အေဝးႀကီးကို ေရာက္သြားသူလို စိတ္ထဲမွာ အထီးက်န္လာသည္။

တစ္‌ေယာက္တည္းဆိုေသာ အထီးက်န္မႈက ဦးေႏွာက္ကတဆင့္ တစ္ကိုယ္လုံးကို တစိမ့္စိမ့္ ပ်ံ႕ႏွံ႔လာၿပီး လူက စိတ္တိုင္းက် ငိုခ်ပစ္လိုက္ခ်င္ေပမယ့္ ....။ မွန္ထဲက ေကာင္က မ်က္ရည္က်ရမည့္အစား မႈန္ေတေတ ႐ုပ္ႏွင့္သာ စိုက္ၾကည့္ေနခဲ့သည္။

"ငါ ငိုလို႔မရဘူး ပိုင္ခန္႔၊ မင္းေ႐ွ႕မွာမွ မဟုတ္ရင္ .... ငါ ငိုလို႔ မရပါဘူး"

ဒီမွန္ေ႐ွ႕မွာ ရပ္ေနရင္းကပဲ တစ္ဖက္ကမ႓ာကို ႐ုတ္တရက္ေရာက္သြားခဲ့ဖူးသလို အခုလည္း ျပန္ေရာက္သြားပါေတာ့ ဟု ဆုေတာင္းရင္း မ်က္လုံးေတြကို မွိတ္ထားလိုက္သည္။ မိနစ္ပိုင္းေလာက္ ၾကာသြားၿပီး မ်က္လုံးေတြကို ျပန္ဖြင့္လိုက္တဲ့ အခ်ိန္မွာလည္း ဒီ စိတ္ပ်က္စရာ Toilet ထဲမွာ ပါပဲ။ အဲ့ဒီကမ႓ာဆီကို ျပန္မေရာက္ႏိုင္ေတာ့ဘူးေပါ့ ဟု ေတြးမိသည့္အခါ ရင္ထဲမွာ နာက်င္လာသည္။

"ျဖစ္ခ်င္တာေလးတစ္ခုေလာက္ကို အလြယ္တကူေပးျဖစ္လိုက္ရင္ ဗညားထြဋ္ေခါင္ မပီသေတာ့မွာ စိုးလို႔လား"

မွန္ထဲကိုၾကည့္ရင္း အ႐ူးလို ေျပာေနမိသည္။

"ပိုင္ခန္႔ .... မင္း ငါ့ကို လိုက္႐ွာေနမွာ မလား၊ အဲ့ဒီကမ႓ာက ဗညားထြဋ္ေခါင္ကို မဟုတ္ဘဲ ငါ့ကိုပဲေလ"

"ငါလည္း ဒီကမ႓ာမွာ ႐ွိေနမဲ့ ပိုင္ခန္႔ကို ကို မ႐ွာေတာ့ပါဘူး၊ အဲ့ဒါ မင္းမွ မဟုတ္တာ ..."

...............................................................................

A/N - ဒီေနရာမွာ Timeline Shifting အေၾကာင္းေလး ေျပာခ်င္လို႔ပါ။ ဗညား ဒီဘက္ကို ေရာက္လာခါနီးနဲ႔ ျပန္ေရာက္သြားခါနီးမွာ ျဖစ္ခဲ့တဲ့အျဖစ္အပ်က္က Timeline Shifting ပါ။ Intro မွာ ေျပာခဲ့သလို ကမ႓ာႀကီး ပုံမွန္လည္ပတ္ေနရာကေန အခ်ိန္ေတြ ကေမာက္ကမ ျဖစ္သြားၿပီး ျဖစ္မဲ့အရာေတြကို ႀကိဳျမင္လိုက္ရတာမ်ိဳးပါပဲ။

ဗညား ဒီကို ေရာက္မလာခင္ မွန္ထဲမွာ ျမင္လိုက္ရတဲ့ "ကားလမ္းေဘးမွာ ထိုင္ေနတဲ့လူ" ဟာ ဗညားပါပဲ။ သူ အဲ့ဒီကမ႓ာကို ေရာက္သြားမွာကို Timeline Shifting ေၾကာင့္ ႀကိဳျမင္လိုက္ရတာပါ။ ျပန္ေရာက္သြားေတာ့လည္း အတူတူပါပဲ။ အိမ္ေနာက္ေဖးခန္းက အေငြ႕ေတြၾကားထဲမွာ ျမင္လိုက္ရတဲ့လူက System ရဲ႕ Toilet ထဲကို ေရာက္ေနမဲ့ ဗညားထြဋ္ေခါင္ပါပဲ။

ဆရာမင္းသန္႔ ရဲ႕ "မီးဖိုေခ်ာင္ထဲကလူ" ဆိုတဲ့ ၀တၳဳတိုေလးထဲက Timeline Shifting သေဘာတရားကို Reference ယူေရးတာ ျဖစ္ပါတယ္။ 🖤
















Continue Reading

You'll Also Like

1.4M 121K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
840K 70K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.2M 63K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...