Magic Hides My Man

By Nway_Nwayy

227K 13.2K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 31

3.5K 283 32
By Nway_Nwayy

Unicode

"ကိုကြီး ... "

၀ယ်လာသော ဟင်းချက်စရာများကို ချပြီး နောက်ဖေးခန်းမှာ ခဏထိုင်နေတုန်း လှမ်းခေါ်လိုက်သော ညီမဖြစ်သူ၏ အသံကြောင့် ဇာနည် လှည့်ကြည့်လိုက်သည်။ အခုမှ အပြင်က ပြန်လာပြီး ပင်ပန်းနေပုံပေါ်သော ဇာနည့်ကို ကြည့်ကာ အငယ်မက ပြောရခက်နေပုံဖြင့် ရပ်နေ၏။

"ဘာဖြစ်လို့လဲ ငယ်ငယ်"

"ဟို ... ဒေါ်လေး ဆေးကုန်နေပြီ"

ဒေါ်လေး၏ နှလုံးသွေးကြောကျဉ်းရောဂါအတွက် လိုအပ်သော ဆေးတွေက နှစ်ပတ်တစ်ခါ ၀ယ်ရသည်။ တစ်ခါ၀ယ်ရတိုင်းလည်း ဆေးတန်ဖိုးက နည်းသည် မဟုတ်။ နှလုံးရောဂါကို သူဌေးရောဂါဟု ပြောကြတာ ဒါကြောင့် ဖြစ်မည်။ အိမ်ရဲ့ အခြေအနေကို နားလည်စွာ မျက်နှာမကောင်းသော ညီမဖြစ်သူကို ဘာမှမဖြစ်ဘူး ဆိုသည့်ပုံစံနှင့်သာ ပြုံးပြလိုက်ရင်း -

"ဟုတ်သားပဲ ... ၀ယ်ရမှာပေါ့၊ ကိုကြီး မေ့နေတာ မနက်ကျရင် ၀ယ်ပေးခဲ့မယ်နော်"

ငယ်ငယ်က တစ်ခုခု ပြောစရာ ကျန်နေသေးသလို ဟင်းချက်စရာတွေကို ကူသိမ်းပေးနေသည်။ အသက်ဆယ့်ငါးနှစ်အရွယ်ဆိုတာ တခြားမိသားစုမှာတော့ ကလေးဖြစ်နိုင်ပေမယ့်လည်း အခြေအနေတွေအရ လူကြီးလေးတစ်ယောက်လို မျက်နှာရိပ် မျက်နှာကဲ ကြည့်‌နေတတ်သော ညီမဖြစ်သူကို ကြည့်ကာ ဇာနည် စိတ်မကောင်း ဖြစ်မိသည်။

"တခြား ဘာလိုတာ ရှိသေးလို့လဲ"

"မနေ့က အိမ်ရှင်အန်တီကြီး လာသွားတယ်"

"သူ့ကို ဒီလအတွက် ပေးပြီးပြီ မလား"

"ဟုတ်တယ်၊ ဒါပေမယ့် ရှေ့လက စပြီး တစ်လတစ်ခါ လက်မခံတော့ဘူး အနည်းဆုံး သုံး/လေး လစာတော့ တင်ပေးပါတဲ့၊ တခြား အိမ်ရှင်တွေဆို ခြောက်လတစ်ကြိမ်ပဲ လက်ခံတာ သူမို့လို့ ဒီလိုရတာ တဲ့"

သူ့ဆီ ဖုန်းဆက်မပြောဘဲ အိမ်မှာ လာပြောသွားသော အိမ်ရှင်ကို စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားမိပေမယ့် ဘာမှတော့ မတတ်နိုင်။ တကယ်လည်း အခုခေတ်မှာ ဘယ်အိမ်ကမှ တစ်လတစ်ကြိမ် လက်မခံတော့ဘူး မဟုတ်လား။ သူတို့ မောင်နှမတွေကို သနားလို့သာ လက်ခံပေးထားတာ ဖြစ်သည်။

"ဘာမှ စိတ်ပူမနေနဲ့၊ ကိုကြီး အဆင်ပြေအောင် လုပ်ပေးလိုက်မယ်"

မနက်ဖြန်မနက် ဆေးဖိုးအတွက်တောင် ဘယ်လိုစဉ်းစားရမလဲမသိသေးတာ။ လကုန်ဖို့က ရက်ပိုင်းသာ လိုတော့တာမို့ အိမ်လခ သုံးလစာလောက်အတွက်လည်း ကြိုပြီး စိတ်ပူရတော့မည်။ ညီမလေး မသိအောင် သက်ပြင်းခိုးချလိုက်ပေမယ့် မျက်နှာကတော့ သိသိသာသာပဲ ညိုးနေလိမ့်မည် ထင်သည်။ ငယ်ငယ်က ဇာနည့်ကို တစ်ချက်သာ လှမ်းကြည့်ပြီး ဘာမှဆက်မပြောတော့ဘဲ အသီးအရွက်ထည့်ထားသော ခြင်းကို ယူကာ အိမ်ရှေ့ခန်းကို ထသွား၏။

အိမ်နောက်ဖေးကနေ အိမ်ရှေ့ခန်းကို ခြေလှမ်းနှစ်လှမ်းစာလောက်နှင့် ရောက်နိုင်သော အိမ်လေးကို တစ်ချက်ဝေ့ကြည့်လိုက်ကာ ရဲမြတ်ထွဋ်ခေါင်၏ နန်းတော်တစ်ခုလို အိမ်ကြီးကို မဆီမဆိုင် မြင်ယောင်မိသည်။ ရဲမြတ်ထွဋ်ခေါင် ဘ၀ဟာ ဇာနည်တို့ဘ၀နှင့် လှမ်းကြည့်ရင်တောင် မမြင်နိုင်လောက်အောင် ကွာဝေးလွန်းသည်။

ဇာနည် ဆိုတာက အငယ်နှစ်ယောက်ရှေ့မှာ ၀မ်းနည်းရင်တောင် မျက်ရည်ကျခွင့် မရှိခဲ့။ ခက်ခဲပင်ပန်းနေရင်တောင် ပြိုလဲခွင့်မရှိခဲ့။ "ငါက စပြီး ပြိုလဲပြနေရင် ငါ့ညီနဲ့ ညီမလေးက ဘယ်လိုရပ်တည်မလဲ" ဆိုသော စိတ်က ကိုယ့်ကိုယ်ကို ငိုခွင့်တောင် မပေးခဲ့ပါ။ အငယ်တွေကို ပိုကောင်းတဲ့ဘ၀တစ်ခုမှာ ထားမယ်၊ ငါ အများကြီး ကြိုးစားရမယ်ဆိုသော စိတ်တစ်ခုတည်းကိုသာ ထပ်တလဲလဲတွေးထားခဲ့ရင်း ဘ၀မှာ တခြားဘာကိုမှ ခေါင်းထဲမထည့်နိုင်ခဲ့ချေ။

ရဲမြတ်ထွဋ်ခေါင် က သူ့အား "မင်းက လူငယ်မပီသဘူး" ဟု ပြောဖူးသည်။ လူငယ်ပီသဖို့ဆိုတာလည်း ဘ၀မှာ လူငယ်လို နေထိုင်ခွင့် ရမှ ဖြစ်နိုင်မည် မဟုတ်လား။ ဒါတွေကို ရဲမြတ်ထွဋ်ခေါင်လို ဘ၀မျိုးနဲ့ နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

........

လမ်းထိပ်မှာ ကားရပ်ကာ စောင့်နေရတာ ဆယ့်ငါးမိနစ်ကျော်လာပြီမို့ ဖုန်းထပ်ခေါ်ဖို့ ပြင်လိုက်ပြီးမှ ခပ်လှမ်းလှမ်းကနေ လျှောက်လာနေသော ဇာနည့်ကို တွေ့လိုက်ရသည်။ ကားမှန်ကို မချဘဲ ဒီအတိုင်းစောင့်နေလိုက်တော့ လျှောက်လာပြီး အရှေ့ခန်းတံခါးဖွင့်ကာ ၀င်ထိုင်၏။ ဘာမှ မပြောဘဲ ကားကို မောင်းထွက်လာဖို့ လုပ်တုန်းမှာ -

"ဒီနေ့ ဘာကိစ္စမှ မရှိရင် ကျွန်တော် တစ်ရက်လောက် နားချင်တယ်""

"ဘာလို့လဲ"

မေးပြီးမှ လှည့်ကြည့်မိတော့ သိသိသာသာညိုးနေသော ဇာနည့်မျက်နှာက အိပ်ရေးမ၀တဲ့ ပုံစံပါ ပေါ်နေသည်။

"နေမကောင်းလို့လား"

ထပ်မေးလိုက်တော့ ခေါင်းခါသည်။

"မဟုတ်ပါဘူး အိမ်မှာ ကိစ္စရှိလို့ပါ"

ဇာနည် ဘာဖြစ်နေတယ်ဆိုတာ သေချာမသိပေမယ့် အဓိက အဆင်မပြေတဲ့ အကြောင်းအရင်းက ငွေကြေးကိစ္စပဲ ဖြစ်နိုင်သည်။ အိမ်ကိစ္စ ဆိုရင် ဒါပဲ ရှိတာပဲလေ။ အငယ်တွေအတွက်၊ အဒေါ်ဖြစ်သူအတွက်ပဲ အမြဲတွေးကာ သူ့ကိုယ်သူအတွက် ဘယ်တော့မှ မစဉ်းစားတတ်‌သော ဆယ့်ခုနှစ်နှစ်သားလေးဟာ ဘယ်အရာကိုမှလည်း ပွင့်ပွင့်လင်းလင်း ပြောမပြတတ်။

"ပိုက်ဆံလို လို့လား၊ ငါ့ကို အားနာစရာ မလိုဘူးနော်၊ ငါက မင်းရဲ့အလုပ်ရှင်ပဲ"

ဇာနည် ပြောရခက်နေမှာစိုး၍ မေးလိုက်ပေမယ့် ကျေးဇူးတင်ပုံမရဘဲ လှည့်ကြည့်ရင်း -

"လိုတာပေါ့၊ ကျွန်တော်က အမြဲပိုက်ဆံလိုနေတာ၊ အဲ့ဒါကြောင့်လည်း ကျွန်တော် အလုပ်လုပ်နေတာပေါ့၊ ဒါပေမယ့် သူများပိုက်ဆံကို အလကားတော့ ဘယ်တော့မှ မယူဘူး"

"အလကားယူတာမှ မဟုတ်ဘဲ၊ မင်းက ငါ့ဆီမှာ အလုပ်လုပ်နေတာလေ"

"ဘာအလုပ်လဲ၊ ကျွန်တော် ခင်ဗျားဆီမှာ ဘာမှလည်း လုပ်ရတာ မဟုတ်ဘူး၊ အိမ်မှာ ထိုင်နေလိုက်၊ ပိုက်ဆံယူလိုက်နဲ့ လုပ်နေရတာလည်း မလုပ်ချင်တော့ဘူး၊ ကျွန်တော် တခြားအဆင်ပြေတဲ့ အလုပ်တစ်ခု ရှာတော့မယ်"

ဇာနည့်စကားကြောင့် ပြုံးမိသည်။ ဒီကောင်လေးဟာ အမြဲ အဲ့ဒီလိုပဲ။ သူ့ဟာသူ စိတ်မကြည်မလင် ဖြစ်လာတိုင်း ရဲမြတ်ထွဋ်ခေါင်အား စိတ်ဆိုးနေတတ်သည်။

"နောက်တော့ အလုပ်အသစ်ကို ရှာပေါ့၊ အခုတော့ မင်းက ငါ့အလုပ်သမားပဲဆိုတော့ ငါ့မှာ ကူညီရမဲ့ တာ၀န်ရှိတယ်၊ မင်းကိုမှ မဟုတ်ဘူး၊ တခြားအလုပ်သမားတွေ ဘယ်သူ့ကို မဆိုလည်း အဲ့ဒီလိုပဲ လိုအပ်ရင် ကူညီနေတာပဲ"

"ကျွန်တော် အခုတော့ အကူညီမလိုသေးလို့ မယူတော့ပါဘူး၊ အဲ့ဒါဆို သွားလိုက်ဦးမယ်နော်"

ပြောပြီး ကားတံခါးကိုဖွင့်ကာ ဆင်းသွားဖို့ပြင်သော ဇာနည့်လက်အား လှမ်းဆွဲထားလိုက်ရင်း -

"ငါ မင်းကို နားခိုင်းလို့လား"

ဇာနည်က သူ့လက်တွေကို ရုန်းကာ ဖယ်ပစ်လိုက်၏။

"နားလို့မရဘူးဆိုလည်း ကျွန်တော့်ကို အလုပ်ထုတ်လိုက်"

ဘာကိုစိတ်ညစ်နေမှန်း မသိ အကန်တွေချည်း ပြောနေသော ဇာနည့် လက်နှစ်ဖက်လုံးအား ချုပ်ပြီးထိန်းကိုင်ထားလိုက်ရာ ပြန်တော့ ရုန်းနေပေမယ့် လွှတ်မပေးဘဲ ခပ်တင်းတင်းကိုင်ထားလိုက်သည်။

"ခင်ဗျား ဘယ်လိုဖြစ်‌နေတာလဲ"

"ဘာအလုပ်ပဲ ဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ် လေးစားရတယ်၊ ဒါက မင်းအခုလက်ရှိလုပ်နေတဲ့ အလုပ်ပဲ၊ ဒီလို မပြောမဆိုနဲ့ နားချင်‌တဲ့နေ့ နားလို့ရမလား"

ခပ်တည်တည်နဲ့ ပြောလိုက်မှ ငြိမ်သွားပြီး သက်ပြင်းချကာ "အဲ့ဒါဆိုလည်း ဒီနေ့ ဘာလုပ်စရာ ရှိတာလဲ" ဟု မကျေမနပ် ရေရွတ်သလို ပြောသည်။ ရဲမြတ်ထွဋ်ခေါင် ရယ်ချင်နေပေမယ့် မရယ်မိအောင် ထိန်းထားရင်း လက်ကို လွှတ်ပေးလိုက်သည်။ ထိုအခါမှ Seat Belt ကို ပြန်ပတ်ပြီး ဆက်ထိုင်နေ၏။

"ဒီနေ့ ငါအပြင်သွားစရာ ရှိတာ လိုက်ခဲ့ပေးရမှာ၊ အလုပ်ကိစ္စတော့ မဟုတ်ဘူး၊ မင်းထက် မရှိတော့ မင်းနဲ့ငါပဲ သွားကြတာပေါ့"

"ဘယ်သွားရမှာလဲ"

ဘာမှ ပြန်မဖြေတော့ဘဲ ကားကို မောင်းထွက်ခဲ့လိုက်သည်။ ဘာကိစ္စပဲရှိနေတာ ဖြစ်ဖြစ် အခုချိန်မှာ ဇာနည် အေးအေးဆေးဆေး ခဏအနားယူဖို့ လိုလိမ့်မည် ထင်သည်။

..........

"ငါ အပြင်သွားဦးမယ်၊ လိုက်ခဲ့မလား"

"မလိုက်တော့ဘူး မင်း အလုပ်ကိစ္စသွားမှာမလား"

ပိုင်ခန့်ကိုက ခေါင်းညိတ်ပြီး တစ်ခုခု ပြောချင်နေသေးသလို ကြည့်နေ၏။  ဘာပြောချင်တယ်ဆိုတာ သိတာမို့ ဗညားထွဋ်ခေါင် ရယ်လိုက်မိသည်။ ထိုင်‌နေရာမှ ထပြီး ပိုင်ခန့်ကို ရှေ့မှာ ရပ်လိုက်ရင်း -

"ငါ ဘာမှထပ်မလုပ်ပါဘူး စိတ်ချ"

"လုပ်လို့လည်း မရပါဘူး၊ ဒီတစ်ခါ အဲ့ဒီပေါက်ကရ အလုပ်တွေ ထပ်လုပ်ရင်တော့ ..."

ပိုင်ခန့်ကို က စကားကို ခဏရပ်ပြီး ဗညားထွဋ်ခေါင်အား ကြည့်နေပြီးမှ -

"ငါ မင်းကို တကယ် လွှတ်ထားလိုက်တော့မှာ"

"မင်းကလဲ ..."

စောစောကအထိ အပျော်အပျက် ပြောနေသေးတယ်ဆိုပေမယ့် ပိုင်ခန့်ကို ၏ "လွှတ်ထားလိုက်တော့မှာ" ဆိုသော စကားက လှိုက်ခနဲ ၀မ်းနည်းသွားစေသည်။ ဘာမှ ပြန်မပြောတော့ဘဲ ငြိမ်သွား‌တာကြောင့် ထင်သည်။ ပိုင်ခန့်ကို ထံမှ သက်ပြင်းချသံနဲ့အတူ ဗညား လက်မောင်းနှစ်ဖက်အား ဆုပ်ကိုင်လာရင်း -

"လွှတ်ထားလိုက်တော့မှာ လို့ ငါတွေးခဲ့ဖူးတာ မင်းကို အိမ်ယာထဲ ပြန်လိုက်ပို့တဲ့နေ့ကတည်းကပဲ"

ထုံးစံအတိုင်း ပိုင်ခန့်ကို အကြည့်တွေကို မရှောင်လွှဲနိုင်စွာပဲ ပြန်ငေးနေမိပြန်သည်။

"ဒီလို လုပ်ရင်တော့ လွှတ်ထားလိုက်မှာ၊ ဒါမျိုး ထပ်ဖြစ်ရင်တော့ လွှတ်ထားလိုက်မှာ နဲ့ ငါ တစ်ယောက်တည်းတွေးပြီး ဘယ်တော့မှလည်း မနေနိုင်ခဲ့ဘူး"

"......."

"အဲ့ဒါကြောင့် မင်းက ငါ စိတ်ချရအောင် နေပေးမယ် မလား"

ခေါင်းညိတ်ပြလိုက်ရင်း ခွင့်ပြုချက်မရှိဘဲ ကျလာသော မျက်ရည်တွေကို လက်ခုံနဲ့ဖိသုတ်တော့ ပိုင်ခန့်ကိုက ရယ်သည်။ ဗညားထွဋ်ခေါင် ဆံပင်တွေကို လက်နဲ့ ဖွပစ်ရင်း -

"ဘာလို့ ငိုနေပြန်တာလဲ ငိုစရာလည်း မပါဘဲနဲ့"

ဘာလို့ မျက်ရည်ကျမိတာလဲဆိုတာ အကြောင်းပြချက် မရှိပါ။ အဲ့ဒီစကားတွေ၊ အဲ့ဒီအကြည့်တွေ ဟာ အလိုလို ၀မ်းနည်းစေလို့ပဲ ဖြစ်သည်။

"ငါ ပြောသားပဲ၊ ငါက မင်းရှေ့မှာဆို အားနည်းတယ် လို့"

ပိုင်ခန့်ကိုက "ငါ သိပါတယ်" လို့ ခပ်တိုးတိုး ပြောပြီး ပြုံးကာ ကြည့်နေသည်။ ပြီးတော့ ဗညား လက်တစ်ဖက်ကို ဆွဲယူကာ ကိုင်ထားရင်း -

"မင်းရောက်လာခဲ့တဲ့ ဒီကာလလေးမှာပဲ ငါတို့ အများကြီး ဖြစ်-ပျက် သွားခဲ့တာနော်"

ဗညားထွဋ်ခေါင် ခေါင်းညိတ်ပြလိုက်ပြီး အတွေးထဲမှာ ပုံရိပ်တွေက ရုပ်ရှင်တစ်ကားလို တစ်ကွက်ချင်း ပြန်မြင်ယောင်လာသည်။

အိမ်ယာထဲမှာ တွေ့ခဲ့ကြတာတွေ၊ သူပြဿနာရှာသမျှတွေကို ပိုင်ခန့် လိုက်ရှင်းခဲ့ရတာ‌တွေ။ အရေးပေါ်ခန်းလည်း ရောက်ခဲ့ပြီးပြီ။ သေမလိုလည်း ဖြစ်ခဲ့ပြီးပြီ။ အဖြစ်အပျက်တွေ အများကြီးကြားထဲက မေတ္တာတရားလေး တစ်ခုကိုလည်း တွေ့ခဲ့ရပြီးပြီ။ အများကြီး ဆုံးရှုံးခဲ့ရတယ်ဆိုရင်တောင် ပိုင်ခန့်ကို ကို ပြန်ရခဲ့သည်မို့ ဒီကမ္ဘာကို ကျေးဇူးတင်ပါသည်။

ဗညားထွဋ်ခေါင်လက်ကို ဆုပ်ကိုင်ထားသော ပိုင်ခန့်ကို လက်မှ အ၀တ်ကြိုး အနီလေးကို ကြည့်မိကာ -

"ဒီကြိုးက အဆောင်လား"

"အဆောင်ရယ်လို့လည်း မဟုတ်ပါဘူး၊ ဘုရားကနေ မမ၀ယ်လာပေးလို့ ပတ်ထားတာ"

"ငါ့ကို အဲ့ဒီကြိုးလေး ပေးပါလား"

"ဒီကြိုးက တော်တော်တောင် ဟောင်းနေပြီ၊ မင်း လိုချင်ရင် အသစ်တစ်ခု ၀ယ်ပေးမယ်လေ"

"ငါ ဒီဟာပဲ ယူချင်တာ"

ပိုင်ခန့်ကိုက ဘာမှ မပြောတော့ဘဲ သူ့လက်က ကြိုးလေးကို ဖြည်လိုက်ပြီး ဗညား လက်ကို ယူကာ လက်ကောက်၀တ်မှာ ချည်ပေး၏။ ဗညားထွဋ်ခေါင်က အသားဖြူတာကြောင့် လက်မှာ ထင်းနေသော ကြိုးလေးကို သဘောတကျ ကြည့်လိုက်ပြီးမှ ညာဘက်လက်မှာ ပတ်ထားသော ငွေရောင် Hand Chain ကြိုးလေးကို ဖြုတ်ယူလိုက်ကာ ပိုင်ခန့် လက်မှာ ပတ်ပေးဖို့ လုပ်တော့ လက်ကို ပြန်ရုန်းသည်။

"ဘာလုပ်မလို့လဲ"

"ဒီကြိုးလေး ၀တ်ထားလေ"

"ငါ မ၀တ်ချင်ပါဘူး အဲ့လို ကြိုးမျိုး ငါမ၀တ်တတ်ဘူး၊ ပြီးတော့ ... မင်းဟာက ဈေးကြီးတယ်မလား"

"မ၀တ်တတ်ရင် ငါ၀တ်ပေးမယ်"

လက်ကို အတင်းဆွဲယူပြီး ၀တ်ပေးတော့ မျက်မှောင်ကြုံ့ကာ ကြည့်နေပြီးမှ Hand Chain ၀တ်ထားပြီးသော သူ့လက်သူ ကြည့်ကာ ရယ်နေသည်။

"ပြန် မဖြုတ်ပစ်နဲ့နော်"

"အေးပါ ... အဲ့ဒါဆို ငါသွားတော့မယ်၊ ညနေ စောစော ပြန်လာခဲ့မယ်"

ခေါင်းညိတ်ပြလိုက်ရင်း အိမ်ပေါက်၀အထိ လိုက်ပို့ပေးတော့ Hand Chain ၀တ်ထားသော လက်ကို မြှောက်ပြကာ "သွားပြီ" ဟု ပြောရင်း ထွက်သွား၏။

လက်က ကြိုးအနီလေးကို ငုံ့ကြည့်ကာ တစ်ယောက်တည်း ပြံးလိုက်မိသည်။ ဒီ အမှတ်တရတွေနဲ့ ဒီကမ္ဘာကနေ သူဘယ်လိုများ ထွက်ခွာနိုင်ပါတော့မလဲ။

တွေးရင်း အိမ်ထဲပြန်လှည့်၀င်လာခဲ့တော့ အိမ်နောက်ဖေးခန်းထဲက မီးခိုးငွေ့လို အငွေ့များကြောင့် ဘာများလဲ ဟု ခပ်သွက်သွက် လျှောက်သွားကာ ကြည့်လိုက်သည်။ ဟင်းချက်ပြီး ခလုတ်ပိတ်ဖို့များ မေ့ခဲ့တာလားဟု တွေးမိကာ နောက်ဖေးအခန်း၀နားအရောက် အငွေ့တွေက အနည်းငယ် ပိုများလာ၏။

"ဘာဖြစ်တာလဲ"

ဝါယာရှော့တွေ ဘာတွေများ ဖြစ်သလားဟု အခန်းထဲ ၀င်သွားဖို့ လုပ်တော့ တစ်ခုခုနဲ့ကာထားသလို အခန်းထဲအထိ ၀င်မရ ဖြစ်နေသည်။ အငွေ့တွေက နောက်ဖေးအခန်းထဲ ဝေ့ဝဲကာ များလာ၏။ မီးခလုတ်ရှိရာ နေရာဆီ အားစိုက်ကာ လှမ်းကြည့်လိုက်တော့ ....။

ဗညားထွဋ်ခေါင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကာ လက်နှစ်ဖက်နှင့် ပွတ်သတ်လိုက်ရသည်။ ထိုအငွေများ ကြားထဲမှာ ရပ်နေသော လူတစ်ယောက်၏ ပုံရိပ်။ သိပ်မသဲကွဲသော်လည်း လူတစ်ယောက်ဆိုတာ သေချာသည်။ ထိုလူက ရပ်နေရာကနေ ရုတ်တရက် ထိုင်ချပစ်လိုက်သည်။

"မင်း ... ဘယ်သူလဲ"

လှမ်းမေးရင်း လန့်ပြီး နောက်ကို တစ်လှမ်းဆုတ်လိုက်မိပေမယ့် ထိုလူက ဗညားထွဋ်ခေါင်အား မြင်ပုံမရသလို ပြောတာကိုလည်း ကြားပုံမရ။

ထိုအငွေ့တွေကြားမှာပဲ ထိုလူ၏ပုံရိပ်က ဖျော့တော့ကာ အငွေ့တွေနဲ့အတူ လွင့်ပါမလို ဖြစ်လာသည်။ ဗညားထွဋ်ခေါင် ကိုယ့်ကိုယ်ကို မယုံကြည်နိုင်စွာ ဒီအတိုင်း ငေးကြောင် ရပ်နေမိရင်း "ငါ ဘာဖြစ်ပြန်တာလဲ" ဟု တွေးမိသည်။ ဟို ဆေးတွေရဲ့ Effect ဟာ အခုထိ သက်ရောက်နေတုန်းလား။

ကြည့်နေရင်းကနေ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်ကာ ချာချာလည် မူးလာ၍ နံရံကို ထိန်းကာ ကိုင်ထားလိုက်ပေမယ့်လည်း ....။

...............................................................................

Zawgyi

"ကိုႀကီး ... "

၀ယ္လာေသာ ဟင္းခ်က္စရာမ်ားကို ခ်ၿပီး ေနာက္ေဖးခန္းမွာ ခဏထိုင္ေနတုန္း လွမ္းေခၚလိုက္ေသာ ညီမျဖစ္သူ၏ အသံေၾကာင့္ ဇာနည္ လွည့္ၾကည့္လိုက္သည္။ အခုမွ အျပင္က ျပန္လာၿပီး ပင္ပန္းေနပုံေပၚေသာ ဇာနည့္ကို ၾကည့္ကာ အငယ္မက ေျပာရခက္ေနပုံျဖင့္ ရပ္ေန၏။

"ဘာျဖစ္လို႔လဲ ငယ္ငယ္"

"ဟို ... ေဒၚေလး ေဆးကုန္ေနၿပီ"

ေဒၚေလး၏ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္ လိုအပ္ေသာ ေဆးေတြက ႏွစ္ပတ္တစ္ခါ ၀ယ္ရသည္။ တစ္ခါ၀ယ္ရတိုင္းလည္း ေဆးတန္ဖိုးက နည္းသည္ မဟုတ္။ ႏွလုံးေရာဂါကို သူေဌးေရာဂါဟု ေျပာၾကတာ ဒါေၾကာင့္ ျဖစ္မည္။ အိမ္ရဲ႕ အေျခအေနကို နားလည္စြာ မ်က္ႏွာမေကာင္းေသာ ညီမျဖစ္သူကို ဘာမွမျဖစ္ဘူး ဆိုသည့္ပုံစံႏွင့္သာ ျပဳံးျပလိုက္ရင္း -

"ဟုတ္သားပဲ ... ၀ယ္ရမွာေပါ့၊ ကိုႀကီး ေမ့ေနတာ မနက္က်ရင္ ၀ယ္ေပးခဲ့မယ္ေနာ္"

ငယ္ငယ္က တစ္ခုခု ေျပာစရာ က်န္ေနေသးသလို ဟင္းခ်က္စရာေတြကို ကူသိမ္းေပးေနသည္။ အသက္ဆယ့္ငါးႏွစ္အ႐ြယ္ဆိုတာ တျခားမိသားစုမွာေတာ့ ကေလးျဖစ္ႏိုင္ေပမယ့္လည္း အေျခအေနေတြအရ လူႀကီးေလးတစ္ေယာက္လို မ်က္ႏွာရိပ္ မ်က္ႏွာကဲ ၾကည့္‌ေနတတ္ေသာ ညီမျဖစ္သူကို ၾကည့္ကာ ဇာနည္ စိတ္မေကာင္း ျဖစ္မိသည္။

"တျခား ဘာလိုတာ ႐ွိေသးလို႔လဲ"

"မေန႔က အိမ္႐ွင္အန္တီႀကီး လာသြားတယ္"

"သူ႕ကို ဒီလအတြက္ ေပးၿပီးၿပီ မလား"

"ဟုတ္တယ္၊ ဒါေပမယ့္ ေ႐ွ႕လက စၿပီး တစ္လတစ္ခါ လက္မခံေတာ့ဘူး အနည္းဆုံး သုံး/ေလး လစာေတာ့ တင္ေပးပါတဲ့၊ တျခား အိမ္႐ွင္ေတြဆို ေျခာက္လတစ္ႀကိမ္ပဲ လက္ခံတာ သူမို႔လို႔ ဒီလိုရတာ တဲ့"

သူ႕ဆီ ဖုန္းဆက္မေျပာဘဲ အိမ္မွာ လာေျပာသြားေသာ အိမ္႐ွင္ကို စိတ္ထဲမွာ မေက်မနပ္ ျဖစ္သြားမိေပမယ့္ ဘာမွေတာ့ မတတ္ႏိုင္။ တကယ္လည္း အခုေခတ္မွာ ဘယ္အိမ္ကမွ တစ္လတစ္ႀကိမ္ လက္မခံေတာ့ဘူး မဟုတ္လား။ သူတို႔ ေမာင္ႏွမေတြကို သနားလို႔သာ လက္ခံေပးထားတာ ျဖစ္သည္။

"ဘာမွ စိတ္ပူမေနနဲ႔၊ ကိုႀကီး အဆင္ေျပေအာင္ လုပ္ေပးလိုက္မယ္"

မနက္ျဖန္မနက္ ေဆးဖိုးအတြက္ေတာင္ ဘယ္လိုစဥ္းစားရမလဲမသိေသးတာ။ လကုန္ဖို႔က ရက္ပိုင္းသာ လိုေတာ့တာမို႔ အိမ္လခ သုံးလစာေလာက္အတြက္လည္း ႀကိဳၿပီး စိတ္ပူရေတာ့မည္။ ညီမေလး မသိေအာင္ သက္ျပင္းခိုးခ်လိုက္ေပမယ့္ မ်က္ႏွာကေတာ့ သိသိသာသာပဲ ညိဳးေနလိမ့္မည္ ထင္သည္။ ငယ္ငယ္က ဇာနည့္ကို တစ္ခ်က္သာ လွမ္းၾကည့္ၿပီး ဘာမွဆက္မေျပာေတာ့ဘဲ အသီးအ႐ြက္ထည့္ထားေသာ ျခင္းကို ယူကာ အိမ္ေ႐ွ႕ခန္းကို ထသြား၏။

အိမ္ေနာက္ေဖးကေန အိမ္ေ႐ွ႕ခန္းကို ေျခလွမ္းႏွစ္လွမ္းစာေလာက္ႏွင့္ ေရာက္ႏိုင္ေသာ အိမ္ေလးကို တစ္ခ်က္ေဝ့ၾကည့္လိုက္ကာ ရဲျမတ္ထြဋ္ေခါင္၏ နန္းေတာ္တစ္ခုလို အိမ္ႀကီးကို မဆီမဆိုင္ ျမင္ေယာင္မိသည္။ ရဲျမတ္ထြဋ္ေခါင္ ဘ၀ဟာ ဇာနည္တို႔ဘ၀ႏွင့္ လွမ္းၾကည့္ရင္ေတာင္ မျမင္ႏိုင္ေလာက္ေအာင္ ကြာေဝးလြန္းသည္။

ဇာနည္ ဆိုတာက အငယ္ႏွစ္ေယာက္ေ႐ွ႕မွာ ၀မ္းနည္းရင္ေတာင္ မ်က္ရည္က်ခြင့္ မ႐ွိခဲ့။ ခက္ခဲပင္ပန္းေနရင္ေတာင္ ၿပိဳလဲခြင့္မ႐ွိခဲ့။ "ငါက စၿပီး ၿပိဳလဲျပေနရင္ ငါ့ညီနဲ႔ ညီမေလးက ဘယ္လိုရပ္တည္မလဲ" ဆိုေသာ စိတ္က ကိုယ့္ကိုယ္ကို ငိုခြင့္ေတာင္ မေပးခဲ့ပါ။ အငယ္ေတြကို ပိုေကာင္းတဲ့ဘ၀တစ္ခုမွာ ထားမယ္၊ ငါ အမ်ားႀကီး ႀကိဳးစားရမယ္ဆိုေသာ စိတ္တစ္ခုတည္းကိုသာ ထပ္တလဲလဲေတြးထားခဲ့ရင္း ဘ၀မွာ တျခားဘာကိုမွ ေခါင္းထဲမထည့္ႏိုင္ခဲ့ေခ်။

ရဲျမတ္ထြဋ္ေခါင္ က သူ႕အား "မင္းက လူငယ္မပီသဘူး" ဟု ေျပာဖူးသည္။ လူငယ္ပီသဖို႔ဆိုတာလည္း ဘ၀မွာ လူငယ္လို ေနထိုင္ခြင့္ ရမွ ျဖစ္ႏိုင္မည္ မဟုတ္လား။ ဒါေတြကို ရဲျမတ္ထြဋ္ေခါင္လို ဘ၀မ်ိဳးနဲ႔ နားလည္ႏိုင္လိမ့္မည္ မဟုတ္ပါ။

........

လမ္းထိပ္မွာ ကားရပ္ကာ ေစာင့္ေနရတာ ဆယ့္ငါးမိနစ္ေက်ာ္လာၿပီမို႔ ဖုန္းထပ္ေခၚဖို႔ ျပင္လိုက္ၿပီးမွ ခပ္လွမ္းလွမ္းကေန ေလွ်ာက္လာေနေသာ ဇာနည့္ကို ေတြ႕လိုက္ရသည္။ ကားမွန္ကို မခ်ဘဲ ဒီအတိုင္းေစာင့္ေနလိုက္ေတာ့ ေလွ်ာက္လာၿပီး အေ႐ွ႕ခန္းတံခါးဖြင့္ကာ ၀င္ထိုင္၏။ ဘာမွ မေျပာဘဲ ကားကို ေမာင္းထြက္လာဖို႔ လုပ္တုန္းမွာ -

"ဒီေန႔ ဘာကိစၥမွ မ႐ွိရင္ ကြၽန္ေတာ္ တစ္ရက္ေလာက္ နားခ်င္တယ္""

"ဘာလို႔လဲ"

ေမးၿပီးမွ လွည့္ၾကည့္မိေတာ့ သိသိသာသာညိဳးေနေသာ ဇာနည့္မ်က္ႏွာက အိပ္ေရးမ၀တဲ့ ပုံစံပါ ေပၚေနသည္။

"ေနမေကာင္းလို႔လား"

ထပ္ေမးလိုက္ေတာ့ ေခါင္းခါသည္။

"မဟုတ္ပါဘူး အိမ္မွာ ကိစၥ႐ွိလို႔ပါ"

ဇာနည္ ဘာျဖစ္ေနတယ္ဆိုတာ ေသခ်ာမသိေပမယ့္ အဓိက အဆင္မေျပတဲ့ အေၾကာင္းအရင္းက ေငြေၾကးကိစၥပဲ ျဖစ္ႏိုင္သည္။ အိမ္ကိစၥ ဆိုရင္ ဒါပဲ ႐ွိတာပဲေလ။ အငယ္ေတြအတြက္၊ အေဒၚျဖစ္သူအတြက္ပဲ အၿမဲေတြးကာ သူ႕ကိုယ္သူအတြက္ ဘယ္ေတာ့မွ မစဥ္းစားတတ္‌ေသာ ဆယ့္ခုႏွစ္ႏွစ္သားေလးဟာ ဘယ္အရာကိုမွလည္း ပြင့္ပြင့္လင္းလင္း ေျပာမျပတတ္။

"ပိုက္ဆံလို လို႔လား၊ ငါ့ကို အားနာစရာ မလိုဘူးေနာ္၊ ငါက မင္းရဲ႕အလုပ္႐ွင္ပဲ"

ဇာနည္ ေျပာရခက္ေနမွာစိုး၍ ေမးလိုက္ေပမယ့္ ေက်းဇူးတင္ပုံမရဘဲ လွည့္ၾကည့္ရင္း -

"လိုတာေပါ့၊ ကြၽန္ေတာ္က အၿမဲပိုက္ဆံလိုေနတာ၊ အဲ့ဒါေၾကာင့္လည္း ကြၽန္ေတာ္ အလုပ္လုပ္ေနတာေပါ့၊ ဒါေပမယ့္ သူမ်ားပိုက္ဆံကို အလကားေတာ့ ဘယ္ေတာ့မွ မယူဘူး"

"အလကားယူတာမွ မဟုတ္ဘဲ၊ မင္းက ငါ့ဆီမွာ အလုပ္လုပ္ေနတာေလ"

"ဘာအလုပ္လဲ၊ ကြၽန္ေတာ္ ခင္ဗ်ားဆီမွာ ဘာမွလည္း လုပ္ရတာ မဟုတ္ဘူး၊ အိမ္မွာ ထိုင္ေနလိုက္၊ ပိုက္ဆံယူလိုက္နဲ႔ လုပ္ေနရတာလည္း မလုပ္ခ်င္ေတာ့ဘူး၊ ကြၽန္ေတာ္ တျခားအဆင္ေျပတဲ့ အလုပ္တစ္ခု ႐ွာေတာ့မယ္"

ဇာနည့္စကားေၾကာင့္ ျပဳံးမိသည္။ ဒီေကာင္ေလးဟာ အၿမဲ အဲ့ဒီလိုပဲ။ သူ႕ဟာသူ စိတ္မၾကည္မလင္ ျဖစ္လာတိုင္း ရဲျမတ္ထြဋ္ေခါင္အား စိတ္ဆိုးေနတတ္သည္။

"ေနာက္ေတာ့ အလုပ္အသစ္ကို ႐ွာေပါ့၊ အခုေတာ့ မင္းက ငါ့အလုပ္သမားပဲဆိုေတာ့ ငါ့မွာ ကူညီရမဲ့ တာ၀န္႐ွိတယ္၊ မင္းကိုမွ မဟုတ္ဘူး၊ တျခားအလုပ္သမားေတြ ဘယ္သူ႕ကို မဆိုလည္း အဲ့ဒီလိုပဲ လိုအပ္ရင္ ကူညီေနတာပဲ"

"ကြၽန္ေတာ္ အခုေတာ့ အကူညီမလိုေသးလို႔ မယူေတာ့ပါဘူး၊ အဲ့ဒါဆို သြားလိုက္ဦးမယ္ေနာ္"

ေျပာၿပီး ကားတံခါးကိုဖြင့္ကာ ဆင္းသြားဖို႔ျပင္ေသာ ဇာနည့္လက္အား လွမ္းဆြဲထားလိုက္ရင္း -

"ငါ မင္းကို နားခိုင္းလို႔လား"

ဇာနည္က သူ႕လက္ေတြကို ႐ုန္းကာ ဖယ္ပစ္လိုက္၏။

"နားလို႔မရဘူးဆိုလည္း ကြၽန္ေတာ့္ကို အလုပ္ထုတ္လိုက္"

ဘာကိုစိတ္ညစ္ေနမွန္း မသိ အကန္ေတြခ်ည္း ေျပာေနေသာ ဇာနည့္ လက္ႏွစ္ဖက္လုံးအား ခ်ဳပ္ၿပီးထိန္းကိုင္ထားလိုက္ရာ ျပန္ေတာ့ ႐ုန္းေနေပမယ့္ လႊတ္မေပးဘဲ ခပ္တင္းတင္းကိုင္ထားလိုက္သည္။

"ခင္ဗ်ား ဘယ္လိုျဖစ္‌ေနတာလဲ"

"ဘာအလုပ္ပဲ ျဖစ္ျဖစ္ ကိုယ့္အလုပ္ကိုယ္ ေလးစားရတယ္၊ ဒါက မင္းအခုလက္႐ွိလုပ္ေနတဲ့ အလုပ္ပဲ၊ ဒီလို မေျပာမဆိုနဲ႔ နားခ်င္‌တဲ့ေန႔ နားလို႔ရမလား"

ခပ္တည္တည္နဲ႔ ေျပာလိုက္မွ ၿငိမ္သြားၿပီး သက္ျပင္းခ်ကာ "အဲ့ဒါဆိုလည္း ဒီေန႔ ဘာလုပ္စရာ ႐ွိတာလဲ" ဟု မေက်မနပ္ ေရ႐ြတ္သလို ေျပာသည္။ ရဲျမတ္ထြဋ္ေခါင္ ရယ္ခ်င္ေနေပမယ့္ မရယ္မိေအာင္ ထိန္းထားရင္း လက္ကို လႊတ္ေပးလိုက္သည္။ ထိုအခါမွ Seat Belt ကို ျပန္ပတ္ၿပီး ဆက္ထိုင္ေန၏။

"ဒီေန႔ ငါအျပင္သြားစရာ ႐ွိတာ လိုက္ခဲ့ေပးရမွာ၊ အလုပ္ကိစၥေတာ့ မဟုတ္ဘူး၊ မင္းထက္ မ႐ွိေတာ့ မင္းနဲ႔ငါပဲ သြားၾကတာေပါ့"

"ဘယ္သြားရမွာလဲ"

ဘာမွ ျပန္မေျဖေတာ့ဘဲ ကားကို ေမာင္းထြက္ခဲ့လိုက္သည္။ ဘာကိစၥပဲ႐ွိေနတာ ျဖစ္ျဖစ္ အခုခ်ိန္မွာ ဇာနည္ ေအးေအးေဆးေဆး ခဏအနားယူဖို႔ လိုလိမ့္မည္ ထင္သည္။

..........

"ငါ အျပင္သြားဦးမယ္၊ လိုက္ခဲ့မလား"

"မလိုက္ေတာ့ဘူး မင္း အလုပ္ကိစၥသြားမွာမလား"

ပိုင္ခန္႔ကိုက ေခါင္းညိတ္ၿပီး တစ္ခုခု ေျပာခ်င္ေနေသးသလို ၾကည့္ေန၏။  ဘာေျပာခ်င္တယ္ဆိုတာ သိတာမို႔ ဗညားထြဋ္ေခါင္ ရယ္လိုက္မိသည္။ ထိုင္‌ေနရာမွ ထၿပီး ပိုင္ခန္႔ကို ေ႐ွ႕မွာ ရပ္လိုက္ရင္း -

"ငါ ဘာမွထပ္မလုပ္ပါဘူး စိတ္ခ်"

"လုပ္လို႔လည္း မရပါဘူး၊ ဒီတစ္ခါ အဲ့ဒီေပါက္ကရ အလုပ္ေတြ ထပ္လုပ္ရင္ေတာ့ ..."

ပိုင္ခန္႔ကို က စကားကို ခဏရပ္ၿပီး ဗညားထြဋ္ေခါင္အား ၾကည့္ေနၿပီးမွ -

"ငါ မင္းကို တကယ္ လႊတ္ထားလိုက္ေတာ့မွာ"

"မင္းကလဲ ..."

ေစာေစာကအထိ အေပ်ာ္အပ်က္ ေျပာေနေသးတယ္ဆိုေပမယ့္ ပိုင္ခန္႔ကို ၏ "လႊတ္ထားလိုက္ေတာ့မွာ" ဆိုေသာ စကားက လိႈက္ခနဲ ၀မ္းနည္းသြားေစသည္။ ဘာမွ ျပန္မေျပာေတာ့ဘဲ ၿငိမ္သြား‌တာေၾကာင့္ ထင္သည္။ ပိုင္ခန္႔ကို ထံမွ သက္ျပင္းခ်သံနဲ႔အတူ ဗညား လက္ေမာင္းႏွစ္ဖက္အား ဆုပ္ကိုင္လာရင္း -

"လႊတ္ထားလိုက္ေတာ့မွာ လို႔ ငါေတြးခဲ့ဖူးတာ မင္းကို အိမ္ယာထဲ ျပန္လိုက္ပို႔တဲ့ေန႔ကတည္းကပဲ"

ထုံးစံအတိုင္း ပိုင္ခန္႔ကို အၾကည့္ေတြကို မေ႐ွာင္လႊဲႏိုင္စြာပဲ ျပန္ေငးေနမိျပန္သည္။

"ဒီလို လုပ္ရင္ေတာ့ လႊတ္ထားလိုက္မွာ၊ ဒါမ်ိဳး ထပ္ျဖစ္ရင္ေတာ့ လႊတ္ထားလိုက္မွာ နဲ႔ ငါ တစ္ေယာက္တည္းေတြးၿပီး ဘယ္ေတာ့မွလည္း မေနႏိုင္ခဲ့ဘူး"

"......."

"အဲ့ဒါေၾကာင့္ မင္းက ငါ စိတ္ခ်ရေအာင္ ေနေပးမယ္ မလား"

ေခါင္းညိတ္ျပလိုက္ရင္း ခြင့္ျပဳခ်က္မ႐ွိဘဲ က်လာေသာ မ်က္ရည္ေတြကို လက္ခုံနဲ႔ဖိသုတ္ေတာ့ ပိုင္ခန္႔ကိုက ရယ္သည္။ ဗညားထြဋ္ေခါင္ ဆံပင္ေတြကို လက္နဲ႔ ဖြပစ္ရင္း -

"ဘာလို႔ ငိုေနျပန္တာလဲ ငိုစရာလည္း မပါဘဲနဲ႔"

ဘာလို႔ မ်က္ရည္က်မိတာလဲဆိုတာ အေၾကာင္းျပခ်က္ မ႐ွိပါ။ အဲ့ဒီစကားေတြ၊ အဲ့ဒီအၾကည့္ေတြ ဟာ အလိုလို ၀မ္းနည္းေစလို႔ပဲ ျဖစ္သည္။

"ငါ ေျပာသားပဲ၊ ငါက မင္းေ႐ွ႕မွာဆို အားနည္းတယ္ လို႔"

ပိုင္ခန္႔ကိုက "ငါ သိပါတယ္" လို႔ ခပ္တိုးတိုး ေျပာၿပီး ျပဳံးကာ ၾကည့္ေနသည္။ ၿပီးေတာ့ ဗညား လက္တစ္ဖက္ကို ဆြဲယူကာ ကိုင္ထားရင္း -

"မင္းေရာက္လာခဲ့တဲ့ ဒီကာလေလးမွာပဲ ငါတို႔ အမ်ားႀကီး ျဖစ္-ပ်က္ သြားခဲ့တာေနာ္"

ဗညားထြဋ္ေခါင္ ေခါင္းညိတ္ျပလိုက္ၿပီး အေတြးထဲမွာ ပုံရိပ္ေတြက ႐ုပ္႐ွင္တစ္ကားလို တစ္ကြက္ခ်င္း ျပန္ျမင္ေယာင္လာသည္။

အိမ္ယာထဲမွာ ေတြ႕ခဲ့ၾကတာေတြ၊ သူျပႆနာ႐ွာသမွ်ေတြကို ပိုင္ခန္႔ လိုက္႐ွင္းခဲ့ရတာ‌ေတြ။ အေရးေပၚခန္းလည္း ေရာက္ခဲ့ၿပီးၿပီ။ ေသမလိုလည္း ျဖစ္ခဲ့ၿပီးၿပီ။ အျဖစ္အပ်က္ေတြ အမ်ားႀကီးၾကားထဲက ေမတၱာတရားေလး တစ္ခုကိုလည္း ေတြ႕ခဲ့ရၿပီးၿပီ။ အမ်ားႀကီး ဆုံး႐ႈံးခဲ့ရတယ္ဆိုရင္ေတာင္ ပိုင္ခန္႔ကို ကို ျပန္ရခဲ့သည္မို႔ ဒီကမ႓ာကို ေက်းဇူးတင္ပါသည္။

ဗညားထြဋ္ေခါင္လက္ကို ဆုပ္ကိုင္ထားေသာ ပိုင္ခန္႔ကို လက္မွ အ၀တ္ႀကိဳး အနီေလးကို ၾကည့္မိကာ -

"ဒီႀကိဳးက အေဆာင္လား"

"အေဆာင္ရယ္လို႔လည္း မဟုတ္ပါဘူး၊ ဘုရားကေန မမ၀ယ္လာေပးလို႔ ပတ္ထားတာ"

"ငါ့ကို အဲ့ဒီႀကိဳးေလး ေပးပါလား"

"ဒီႀကိဳးက ေတာ္ေတာ္ေတာင္ ေဟာင္းေနၿပီ၊ မင္း လိုခ်င္ရင္ အသစ္တစ္ခု ၀ယ္ေပးမယ္ေလ"

"ငါ ဒီဟာပဲ ယူခ်င္တာ"

ပိုင္ခန္႔ကိုက ဘာမွ မေျပာေတာ့ဘဲ သူ႕လက္က ႀကိဳးေလးကို ျဖည္လိုက္ၿပီး ဗညား လက္ကို ယူကာ လက္ေကာက္၀တ္မွာ ခ်ည္ေပး၏။ ဗညားထြဋ္ေခါင္က အသားျဖဴတာေၾကာင့္ လက္မွာ ထင္းေနေသာ ႀကိဳးေလးကို သေဘာတက် ၾကည့္လိုက္ၿပီးမွ ညာဘက္လက္မွာ ပတ္ထားေသာ ေငြေရာင္ Hand Chain ႀကိဳးေလးကို ျဖဳတ္ယူလိုက္ကာ ပိုင္ခန္႔ လက္မွာ ပတ္ေပးဖို႔ လုပ္ေတာ့ လက္ကို ျပန္႐ုန္းသည္။

"ဘာလုပ္မလို႔လဲ"

"ဒီႀကိဳးေလး ၀တ္ထားေလ"

"ငါ မ၀တ္ခ်င္ပါဘူး အဲ့လို ႀကိဳးမ်ိဳး ငါမ၀တ္တတ္ဘူး၊ ၿပီးေတာ့ ... မင္းဟာက ေဈးႀကီးတယ္မလား"

"မ၀တ္တတ္ရင္ ငါ၀တ္ေပးမယ္"

လက္ကို အတင္းဆြဲယူၿပီး ၀တ္ေပးေတာ့ မ်က္ေမွာင္ၾကဳံ႕ကာ ၾကည့္ေနၿပီးမွ Hand Chain ၀တ္ထားၿပီးေသာ သူ႕လက္သူ ၾကည့္ကာ ရယ္ေနသည္။

"ျပန္ မျဖဳတ္ပစ္နဲ႔ေနာ္"

"ေအးပါ ... အဲ့ဒါဆို ငါသြားေတာ့မယ္၊ ညေန ေစာေစာ ျပန္လာခဲ့မယ္"

ေခါင္းညိတ္ျပလိုက္ရင္း အိမ္ေပါက္၀အထိ လိုက္ပို႔ေပးေတာ့ Hand Chain ၀တ္ထားေသာ လက္ကို ေျမႇာက္ျပကာ "သြားၿပီ" ဟု ေျပာရင္း ထြက္သြား၏။

လက္က ႀကိဳးအနီေလးကို ငုံ႔ၾကည့္ကာ တစ္ေယာက္တည္း ျပံးလိုက္မိသည္။ ဒီ အမွတ္တရေတြနဲ႔ ဒီကမ႓ာကေန သူဘယ္လိုမ်ား ထြက္ခြာႏိုင္ပါေတာ့မလဲ။

ေတြးရင္း အိမ္ထဲျပန္လွည့္၀င္လာခဲ့ေတာ့ အိမ္ေနာက္ေဖးခန္းထဲက မီးခိုးေငြ႕လို အေငြ႕မ်ားေၾကာင့္ ဘာမ်ားလဲ ဟု ခပ္သြက္သြက္ ေလွ်ာက္သြားကာ ၾကည့္လိုက္သည္။ ဟင္းခ်က္ၿပီး ခလုတ္ပိတ္ဖို႔မ်ား ေမ့ခဲ့တာလားဟု ေတြးမိကာ ေနာက္ေဖးအခန္း၀နားအေရာက္ အေငြ႕ေတြက အနည္းငယ္ ပိုမ်ားလာ၏။

"ဘာျဖစ္တာလဲ"

ဝါယာေ႐ွာ့ေတြ ဘာေတြမ်ား ျဖစ္သလားဟု အခန္းထဲ ၀င္သြားဖို႔ လုပ္ေတာ့ တစ္ခုခုနဲ႔ကာထားသလို အခန္းထဲအထိ ၀င္မရ ျဖစ္ေနသည္။ အေငြ႕ေတြက ေနာက္ေဖးအခန္းထဲ ေဝ့ဝဲကာ မ်ားလာ၏။ မီးခလုတ္႐ွိရာ ေနရာဆီ အားစိုက္ကာ လွမ္းၾကည့္လိုက္ေတာ့ ....။

ဗညားထြဋ္ေခါင္ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ ျဖစ္သြားကာ လက္ႏွစ္ဖက္ႏွင့္ ပြတ္သတ္လိုက္ရသည္။ ထိုအေငြမ်ား ၾကားထဲမွာ ရပ္ေနေသာ လူတစ္ေယာက္၏ ပုံရိပ္။ သိပ္မသဲကြဲေသာ္လည္း လူတစ္ေယာက္ဆိုတာ ေသခ်ာသည္။ ထိုလူက ရပ္ေနရာကေန ႐ုတ္တရက္ ထိုင္ခ်ပစ္လိုက္သည္။

"မင္း ... ဘယ္သူလဲ"

လွမ္းေမးရင္း လန္႔ၿပီး ေနာက္ကို တစ္လွမ္းဆုတ္လိုက္မိေပမယ့္ ထိုလူက ဗညားထြဋ္ေခါင္အား ျမင္ပုံမရသလို ေျပာတာကိုလည္း ၾကားပုံမရ။

ထိုအေငြ႕ေတြၾကားမွာပဲ ထိုလူ၏ပုံရိပ္က ေဖ်ာ့ေတာ့ကာ အေငြ႕ေတြနဲ႔အတူ လြင့္ပါမလို ျဖစ္လာသည္။ ဗညားထြဋ္ေခါင္ ကိုယ့္ကိုယ္ကို မယုံၾကည္ႏိုင္စြာ ဒီအတိုင္း ေငးေၾကာင္ ရပ္ေနမိရင္း "ငါ ဘာျဖစ္ျပန္တာလဲ" ဟု ေတြးမိသည္။ ဟို ေဆးေတြရဲ႕ Effect ဟာ အခုထိ သက္ေရာက္ေနတုန္းလား။

ၾကည့္ေနရင္းကေန ေခါင္းထဲမွာ မိုက္ခနဲ ျဖစ္ကာ ခ်ာခ်ာလည္ မူးလာ၍ နံရံကို ထိန္းကာ ကိုင္ထားလိုက္ေပမယ့္လည္း ....။

...............................................................................





















Continue Reading

You'll Also Like

680K 52.7K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
20.6K 1K 151
With the rising tide of steam power and machinery, who can come close to being a Beyonder? Shrouded in the fog of history and darkness, who or what i...
709K 59.2K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.1M 28.8K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...