What's wrong? ( Completed )

By NangKhaingNiTun

16.6K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 25

461 26 2
By NangKhaingNiTun

တရုတ် ၊ ရှန်ဟိုင်း ...

ကြီးကျယ် ခမ်းနားပြီး ကျယ်ဝန်းတဲ့ အဖြူရောင် ၃ ထပ်တိုက်ကြီးထဲတွင် ...

' မုယွီ့ကျင်း !!! ညည်း ဘာပြောလိုက်တယ်။ ပြန်ပြောစမ်း ...။'

' ဖွားလေး ကလည်း ကြားရဲ့သားနဲ့။'

' အေး ... ကြားတယ်။ ငါပဲ ကြားတာ မဟုတ်ဘူး။ ညည်းရဲ့ အဖေ နဲ့ အမေ လည်း ကြားတယ်။ ပြီးတော့ မနက် စောစော စီးစီးမှာ ညည်း ခုလို နှလုံး ရပ်သွားစေနိုင်တဲ့ စကားမျိုး ဖုန်းဆက်ပြောလာစရာလား ...။'

တစ်ဖက်က ယွီ့ကျင်း ကလည်း သူမရဲ့ ဖွားလေး တုတ်ထိုး အိုးပေါက် ပြောလာတဲ့ စကားကို ချက်ချင်း ပြန်မပြောနိုင်ပဲ အဖေ အမေ ပါ ကြားတယ်ဆိုမှ ဘေးမှာ ထိုင်နေတဲ့ ရှဲန့်မု ကို စိုးရိမ်တဲ့ မျက်ဝန်း နဲ့ ကြည့်လိုက်သည်။

' ပါး နဲ့ မား က ပြန်ရောက်နေကြတာလား ...။'

မု အိမ်တော်က မု အဖွား ကလည်း ဘေးမှာ ထိုင်နေကြတဲ့ သူ့ တူ နဲ့ တူမ ကို ကြည့်လိုက်ပြီး မျက်မှန် တစ်ချက် ပင့်လိုက်ရင်း ...

' ဟုတ်တယ်။ သူတို့ရဲ့ တာဝန် ကနေ ခွင့်ယူပြီး ပြန်လာကြတာ။ အခုလို ညည်းရဲ့ မင်္ဂလာ မရှိတဲ့ စကား ကြားရတာပဲ။'

' သမီး ကတော့ ဆုံးဖြတ်ထားပြီးသားနော်။ သမီး မိန်းကလေးချင်း စိတ်ဝင်စားတယ်ဆိုပေမယ့် သူ နဲ့ ကျမှ။ အဲ့ဒါကြောင့် သမီး သူနဲ့ပဲ ဘဝ ကို အတူကုန်ဆုံးချင်တ ယ်။'

' ညည်း ကိုတော့ ငါ ပြောစရာ စကားတောင် မရှိတော့ဘူး။ အရင် က ဝမ် အိမ်တော် နဲ့ ငါ့ကို မျက်နှာ ပျက်ရအောင် လုပ်ပြီးပြီ။ အခုကျ ငါ့ကို သိက္ခာကျအောင် သဘာဝ မဆန်တဲ့ မိန်းကလေးချင်း ယူအုံးမယ်။'

' ဖွားလေး ကလည်း သိက္ခာချ တယ်လို့တော့ မပြောပါနဲ့။ ဝမ်ရိပေါ် လည်း ယောကျာ်းလေးချင်း ကြိုက်နေတာပါပဲ။ သမီး နဲ့ သူ အတူတူပဲ။'

' ဘယ်လို !!!!!.'

ဒီတစ်ခါတော့ မု အဖွား သာမက ဧည့်ခန်းမှာ အတူထိုင်နေကြတဲ့ မုချန်လု နဲ့ မုရှူ့ရင်း တို့ပါ အံ့ဩတဲ့ မျက်နှာတွေ ဖြစ်သွားကြရသည်။

ယွီ့ကျင်း လွှတ်ခနဲ ပြောမိသွားပြီး ဖွားလေး ဘက်က အာမေဋိတ်သံ ကြားတော့မှ သူ့စကားကို ပြန်သတိရတယ်။

ဘေးကို ကြည့်တော့လည်း ရှဲန့်မု က ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ ဝမ်ရိပေါ် သိရင် နင်တော့ သေပြီ လို့ ပြောချင်နေသရောင် ...။

ဒါပေမယ့် မုယွီ့ကျင်း ပါ ဘာလုပ်လုပ် ဘာပြောပြော ဘယ်တော့မှ နောက်ပြန်မဆုတ်ပါ။ အဲ့ဒါကြောင့် ပြောလက်စ နဲ့ မထူးတော့ဘူးဆိုပြီး ဆက်ပြောပါတယ်။

' ဟုတ်တယ်။ ဝမ် အိမ်တော်က ဝမ် သခင်လေးကလည်း ယောကျာ်းလေးပဲ ကြိုက်နေတာ။ သမီး နဲ့ သူ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်ကြတာက သူ လည်း သူ့လို ယောကျာ်းလေးပဲ ကြိုက်နေလို့။'

' ညည်း မဟုတ်ပဲ လျှောက်မပြောနဲ့နော်။ သူများ သိက္ခာကျတယ်။ သူ့ အဖိုး ပြောတာ သူ သမီး ကို ကြိုက်ပေမယ့် သမီး က သူ့ကို မကြိုက်လို့ သူ အသဲကွဲတာကို ပြန်ကုစားဖို့ နိုင်ငံခြားတောင် ထွက်သွားလိုက်ရသေးတာဆို ...။'

' ဟုတ်တယ်လေ။ အဲ့တုန်းကတော့ သမီး ကို ကြိုက်နေတဲ့ ပုံ ပဲ။ ဒါပေမယ့် ပြင်သစ် ရောက်တော့မှ သူ တကယ် ရင်ခုန်ရတဲ့ ယောကျာ်း တစ်ယောက်နဲ့ တွေ့သွားတာ။'

မု အဖွား မိန်းကလေး အချင်းချင်း ယောကျာ်းလေး အချင်းချင်း ကြိုက်နေတဲ့ ဆိုတာကို ကြားလိုက်ရပြီး နားထဲရော ဦးနှောက်ထဲပါ ရှုပ်ကုန်လာတာကြောင့် မျက်မှန်ကို ဆွဲချွတ်လိုက်ပြီး ...

' အဲ့ဒါတွေ ထားလိုက်တော့။ အခု ညည်း က ငါ့ဆီ ဖုန်းဆက်တာ အိမ်ပြန်လာတော့မှာကို အကြောင်းကြားတာ မဟုတ်ဘူးပေါ့။'

' အခု သမီး ပြောတာကို ဖွားလေး တို့ သဘောတူလား။ မတူရင် တရုတ်ပြန်ရင်တောင် အိမ်တော့ မပြန်ဘူး။'

' ငါ နဲ့ ညည်းရဲ့ အဖေ နဲ့ အမေ က ညည်း ကျောင်းပြီးလို့ ဘွဲ့ယူမှာကို ဘယ်လောက် မျှော်လင့်ထားလဲ ညည်း သိရဲ့သားနဲ့။ ငါ နဲ့ ညည်း အမေတောင် ဘွဲ့တက်ဖို့ အဝတ်အစားတွေ ချုပ်ထားပြီးနေပြီ။ ညည်းကတော့ အိမ်တောင် မပြန်လာတော့ဘူးလို့ ပြောရက်တယ်နော်။'

ယွီ့ကျင်း ဖွားလေး ဆီက ခုလို ကြားလိုက်ရတော့လည်း မျက်နှာမကောင်းပါ။ ဒါပေမယ့် အခု သူ့ဘေးမှာ ထိုင်နေတာကလည်း သူ ရင်နင့်အောင် ချစ်ရတဲ့ သူ ဖြစ်နေတယ်။

ထိုစဉ် ဖုန်းထဲက မား ရဲ့ အသံ ထွက်လာသည်။

' သမီး ... အိမ်ကိုပဲ အရင် ပြန်လာခဲ့ပါ။ သမီးတို့ ကိစ္စကို အိမ်ရောက်မှာ မား တို့ ထပ်ပြီး ပြောကြမယ်။'

ရှဲန့်မု လည်း ဖုန်းထဲက ပြောနေတာတွေ သူလည်း အကုန်ကြားနေရတာကြောင့် ယွီ့ကျင်း ရဲ့ လက်ကို ကိုင်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ဒါပေမယ့် မုယွီ့ကျင်း ဆိုတဲ့ အတိုင်း နည်းနည်းတော့ အထွန့်တက်ရမှ ...

' မား ... သမီး ပြန်လာမယ်။ ဒါပေမယ့် သမီး တို့ကို သဘောတူပေးရမယ်။'

' ယွီ့ကျင်း အမေ က ပြန်လာဆို ပြန်လာလိုက်တော့ပေါ့။ မိဘ ဆိုတာ မသက်သာတဲ့ ကိစ္စ ရှိလို့သာ သား သမီး ကို တွန်းအားပေးကြတာ။ သေရေး ရှင်ရေး ကိစ္စ မဟုတ်ရင် ဘယ်အရာ မဆို ညှိလို့ ရတယ်။'

ယွီ့ကျင်း ဒီတစ်ခါတော့ စကား နည်းတဲ့ ပါး ကပါ ဝင်ပြောလာပြီ ဖြစ်တာကြောင့် ထပ်ပြီး အထွန့် မတက်ရဲတော့ပါ။

~~~~~~~~

မိုးပြာရောင် ကြွေပြားခင်းထားတဲ့ ကြမ်းပြင် ... အဲ့ကနေ တစ်ဆင့် အဖြူရောင် ခင်းထားတဲ့ အိပ်ယာခင်းထက်ဝယ် ကောင်လေး တစ်ယောက်ရဲ့ လက်မောင်း ပေါ်မှာ နောက်ထပ် ကောင်လေး တစ်ယောက်က ခေါင်းအုံး အိပ်ထားပြီး သူ့လက်ချောင်လေးကို တစ်ချောင်းချင်း တို့ထိ နေတာကို လိုက်ကြည့်နေတယ်။

' ရှောင်း ... မင်း က တကယ်ပဲ ရေသူထီး ကော ဟုတ်ရဲ့လား ...။'

ရှောင်းကျန့် ကြားလိုက်ရတဲ့ စကားကြောင့် မျက်မှောင်ကုပ်နေတုန်း ...

' ရှောင်း က လူ ပဲ ချောတာ မဟုတ်ပဲ လက်ချောင်းလေးတွေက အစ လှနေတော့ ကိုယ်က ရှောင်း ကောင်းကင်ပေါ်က ကျလာတဲ့ နတ်သား ထင်နေတာ။'

ရှောင်းကျန့် မျက်မှောင်ကုပ်နေတုန်း ထပ်ကြားလိုက်ရတဲ့ နောက်ဆက်တွဲ စကားကြောင့် ပြုံးတုံ့တုံ့ ဖြစ်သွားသည်။

ထိုစဉ် ...

' ဒူ ... ဒူ ... ဒူ ...။'

ရိပေါ် ကုတင်ဘေးက စားပွဲပု ပေါ် တင်ထားတဲ့ ဖုန်း မြည်လာတာကြောင့် ကြည့်လိုက်တော့ ဒီတစ်ခါ လာတာက ရှောင်း ရဲ့ ဖုန်း။

' ဖုန်းတွေက ဘာလို့ ဆက် ဆက်လာနေကြတာလဲ။ ကိုင်လိုက်ရင်တော့လည်း ဘာမှ အရေးကြီး ကိစ္စ မဟုတ်ဘူး။ ခုန ဟော်ရှင်း ...။ အခု ကရော ဘယ်သူလဲ ...။'

ရှောင်းကျန့် လည်း လက်မောင်းပေါ် ခေါင်းအုံး ထားရင်းနဲ့ ခေါင်း အနည်းငယ် ထောင်ကြည့်လိုက်သည်။

ရိပေါ် ပြောလည်း ပြော ခေါင်းထောင် လာတဲ့ ရှောင်း ကို လက်မောင်း ပေါ် ပြန်လှဲအောင် သေချာ ချလိုက်ပြီးမှ မြည်နေတဲ့ ဖုန်းကို လှမ်းယူလိုက်သည်။

ဖုန်း ကို ကြည့်တော့ ယွီ့ကျင်း ...။ ရိပေါ် နာမည် ပေါ်နေတဲ့ ဖုန်းကို ကြည့်ပြီး ကိုင်ချင်စိတ်တောင် မရှိတော့ပါ။ မုယွီ့ကျင်း ဆက်လာပါတယ် ဆိုမှတော့ ဘာအရေးကြီးတာ ရှိမှာလဲ ...။

' ဘယ်သူ ဆက်လာတာလဲ ...။'

ရိပေါ် သူ့ကို မေးလည်း မေး ခေါင်းကလည်း ထပ် ထောင်ကြည့်ဖို့ ပြင်နေပြန်တဲ့ ရှောင်း ကြောင့် ဖုန်း ကို ကိုင်ပြီး စပီကာ ဖွင့်လိုက်သည်။

ရှောင်းကျန့် သူ့ဖုန်းကို သူ ကိုယ်တိုင် ကိုင်ပြီး ပြောမလို့ လုပ်တော့ ရိပေါ်က လက် ရှောင် လိုက်ပြီး ဒီတိုင်းပဲ ပြောခိုင်းတဲ့ ပုံစံကြောင့် ရှောင်းကျန့် သူ ထူး မလို့ လုပ်တုန်း ဟိုဘက်က အရင် အသံ ထွက်လာသည်။

' ဟလို ... ရှောင်း !!!.'

' ယွီ့ ကျင်း !!!!.'

' အေး ... ငါ ။ နင် အခု ဘယ်မှာလဲ ...။'

' ဘာ ... ဘာလုပ်မလို့လဲ ...။'

တစ်ဖက်က ယွီ့ကျင်း ကလည်း သူက ဒီတိုင်း မေးတာကို မလုံတဲ့ ရှောင်း က ထစ် ထစ် အ အ ပြောလာတာ နားထောင်ပြီး သူ ဖန်လိုက်တဲ့ ဂွင်မှာ ဝမ်ရိပေါ် ဂိုး သွင်းလိုက်ပြီဆိုတာ ချက်ချင်း သိလိုက်သည်။

' နင် အခု ဝမ်ရိပေါ် နဲ့ ကလပ်မှာပဲ ရှိနေသေးတာမလား ...။'

ရှောင်း ကြားလိုက်ရတဲ့ စကားကြောင့် ချက်ချင်းတောင် ထ ထိုင်မိလိုက်သည်။

' အ !!!!.'

ထ ထိုင်လိုက်မှ အရှိန်မသေသေးတဲ့ နာကျင်မှုကြောင့် အသံ ထွက်သွားခဲ့တယ်။

' Wowww!!!! တကယ်ကြီး ကလပ် မှာပေါ့။ ပြီးတော့ အစား ခံထားရတယ် မလား။'

ရှောင်းကျန့် သူ အခု ဖြစ်နေတာတွေရဲ့ တရားခံက မုယွီ့ကျင်း ဆိုတာ သိလိုက်ရပြီး အခု ရိပေါ် က အနား မှာ ရှိတာကို ရှက်စရာ ကိစ္စတွေ လာပြောနေပြန်တာကြောင့် စိတ်က တိုလာသည်။

' မုယွီ့ကျင်း မင်း ငါတို့ကို ဆေး ခတ်ထားတာလား။ မင်း ကလပ် ထဲ ဘယ်တုန်းက ရောက်လာတာလဲ ...။ မင်း သူငယ်ချင်း အချင်းချင်း အဲ့လိုလုပ်စရာလား။ မတော်လို့ ငါတို့က တစ်ခြား လူနဲ့ မှားသွားရင် ဘယ်လိုလုပ်မလဲ။ ဒါက ဘဝ ပျက်နိုင်တဲ့ ကိစ္စနော်။'

' ကဲပါ ... ရှောင်း ကလည်း ဖြစ်ပြီးသွားပြီဆိုလည်း ဖြစ်ပြီလို့ သဘောထားလိုက်။ ဝမ်ရိပေါ် နဲ့ပဲ ဖြစ်မယ်ဆိုတာ ငါ သိပြီးသားလေ။ အဲ့ဒါကြောင်လည်း သူ့ ဝိုင် ပုလင်းထဲမှာပဲ ဆေး မဆိုစလောက် အနည်းငယ် ထည့်ခိုင်းခဲ့တာပေါ့။'

ရှောင်းကျန့် ကြားလိုက်ရတဲ့ မဆိုစလောက် အနည်းငယ် ဆိုတဲ့ စကားကြောင့် သူ့ကို ဝမ်ရိပေါ် ဘယ်လိုတောင် လုပ်ထားတယ်ဆိုတာကို ပြန်တွေးမိပြီး မုယွီ့ကျင်း ကို ပိုတောင် သတ်ချင်လာသည်။

ရိပေါ် ကတော့ အလုပ် မရှိတော့တဲ့ လက်မောင်း တစ်ဖက်ကို ခေါင်းအောက် ပြန်ခုထားပြီး အလုပ်ပေးရင်း ဖုန်းကိုင်ထားတဲ့ လက် ကတော့ ရှောင်း ပြောလို့ ရတဲ့ အနေထားမှာ မြှောက်ထားပေးရင် ပြုံးတုံ့တုံ့ ဖြစ်နေသည်။ အခုမှ သူ ရှောင်း ကို ရသွားတာ မုယွီ့ကျင်း ကြောင့် ဆိုတာကို သိလိုက်ရလို့လည်း ကျေးဇူးတွေ တင်နေပါတယ်။

' အဲ့ဒါထက် ငါ အခု ဖုန်းဆက်တာ အရေးကြီး ပြောစရာ ရှိလို့ ...။'

ရှောင်းကျန့် သူ အခု ယွီ့ကျင်း ကို ဘာမှလည်း မလုပ်နိုင်တာကြောင့် မျက်စောင်း ပဲ ထိုးလိုက်ပြီး ...

' ဘာလဲ ... ပြော။ ပြီးရင် ဖုန်း ချ လိုက်တော့။'

' ဘာလဲ ... အရှိန်က မသေသေးဘူးလား...။ ဟိ ...။'

' မု ယွီ့ ကျင်း !!!!.'

' အဟီး ... ရှောင်း ကလည်း အော် လိုက်တာ။ ငါ က စတာပါ။ တကယ် တကယ် အတည်ပြောတော့မယ်။'

' ဒီလို ... ငါ နဲ့ ရှဲန့်မု အကြောင်း ကို ငါ့အိမ်ကို အသိပေးလိုက်ပြီ။'

ရှောင်းကျန့် သူ နဲ့ မဆိုင်တာကို ပြောလာတဲ့ မုယွီ့ကျင်း ကြောင်း ချုပ်တီး ထားတဲ့ ဒေါသတွေ လွှတ်ချင်လာပါတယ်။

' အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့ ငါ့ကို ဖုန်းဆက်လာတာလဲ။'

' အေး ... ဆိုင်တာ ပြောရမယ်ဆိုရင်တော့ ဝမ်ရိပေါ် ကလည်း ငါ့လိုပဲ မိန်းကလေး မကြိုက်ပဲ ယောကျာ်းလေးကိုပဲ သဘောကျတယ်လို့ ငါက ငါ့ အဖွားကို ပြောပြလိုက်ပြီ။'

' ဘာ !!!!!!.'

ရိပေါ် လည်း အခုမှ ခေါင်း အောက်မှာ ခု ထားတဲ့ လက်ကို ထုတ်၊ မျက်လုံးတွေ ဖွင့်ပြီး ထ လိုက်သည်။

မုယွီ့ကျင်း ကတော့ သူ ဆက်တဲ့ ရှောင်း ရဲ့ ဖုန်း က စပီကာ ဖွင့်ထားပြီး ဝမ်ရိပေါ် ပါ ကြားနေတယ်ဆိုတာကို မသိပါ။

' ငါလည်း မတတ်သာတဲ့ အခြေနေ မို့လို့လေ။ မဟုတ်ရင် ငါ့အဖွား က ငါ ဝမ်ရိပေါ် ကို အသဲခွဲတယ်၊ ပြီးတော့ ဝမ် မိသားစုကိုရော မု အိမ်တော်ကိုရော အရှက်ခွဲတယ်ဆိုပြီး ပြောနေတာ။'

' အဲ့လို ပြောပြလိုက်တော့ မင်း တို့ကို သဘောတူပါတယ်ဆိုပြီး ပြန်ပြောရော လား ...။'

' မပြောဘူးလေ။ ဒါပေမယ့် အိမ်မှာ ဖွားလေး ပဲ မဟုတ်ပဲ၊ ငါ့အဖေ နဲ့ အမေ ကပါ အိမ်ပြန်ရောက်နေတာ။ အဲ့ဒါ အကုန် သိကုန်ပြီ။'

ရှောင်းကျန့် ယွီ့ကျင်းရဲ့ စကားကြောင့် နှုတ်ခမ်းကို မဲ့ရွဲ့ပြီး စိတ်ထဲမှာလည်း ကောင်းတယ်လို့ ပြောလိုက်သည်။ သူများက ရွဲ့မေးလို့ မေးမှန်းမသိ ပြန်ဖြေလာတာတွေက ဆောင့်ကန် ပစ်ချင်စရာ။

ထိုစဉ် ...

' ဒူ ... ဒူ ... ဒူ ...။'

ရိပေါ် ဒီတစ်ခါ မြည်လာတာက သူ့ဖုန်း ဖြစ်တာကြောင့် ဖိုးဖိုး များ ဆက်လာတာလား ဆိုပြီး လှမ်းယူကြည့်တော့ ဟော်ရှင်း ...။

' ရှောင်း ... နင် ဒီကိစ္စကို ငါ ပြောပြတာကို ဝမ်ရိပေါ် ကို မပြောနဲ့နော်။ ပြီးတော့ ငါ အိမ်ပြန်မှ ရတော့မယ် ထင်တယ်။ အဲ့ဒါ နင် လိုက်ပြန်မှာလား ...။'

ရှောင်းကျန့် အိမ်ပြန်မယ် ဆိုတဲ့ စကား ကြားတော့ ဘေးက ရိပေါ်ကို ချက်ချင်း ကြည့်လိုက်သည်။

ရိပေါ် မြည်နေတဲ့ သူ့ဖုန်းကို ကိုင်မလို့ လုပ်တုန်း ကြားလိုက်ရတဲ့ မုယွီ့ကျင်း ရဲ့ စကားကြောင့် ရှောင်းရဲ့ ဖုန်းကို ကိုင်ပေးထားတဲ့ ဘက်ကို ပြန်လှည့်လာတော့ ရှောင်း က သူ့ကို ကြည့်နေတယ်။ ပြီးတော့ ရှောင်း ရဲ့ အကြည့်ကို နားလည်တာကြောင့် မုယွီ့ကျင်း ကို ပိုပြီး စိတ်တိုလာသည်။ အဲ့ဒါကြောင့် စပီကာ ဖွင့်ထားတဲ့ ဖုန်းကို နား နား ထပ်ကပ်ပြီး အော် ပေးလိုက်တော့သည်။

' မင်း ဘာသာ မင်း ပြန်တာကို ပြန်လေ။ ရှောင်း က ပြန်ချင်တယ်ဆိုရင်တောင် ငါနဲ့ပဲ ပြန်ရမှာ။'

' အဲ ... ဝမ် ... ဝမ်သခင်လေး ...။'

' ဟုတ်တယ် ငါ ...။ မင်း ခုန ပြောနေကတည်းက ငါ အကုန် ကြားတယ်။ ငါ့ ကိစ္စက ဖိုးဖိုး သိသွားလည်း ကိစ္စ မရှိဘူး။ ဒါပေမယ့် မင်း ပြန်မယ့် ကိစ္စ က ရှောင်း ကို အတူခေါ်သွားချင်တယ်ဆိုရင်တော့ ငါနဲ့ ပတ်သက်သွားပြီ။'

' ဒါဆို ... မခေါ် မခေါ်တော့ပါဘူး။ ဒါပဲနော်။ ဖုန်းချတော့မယ်။'

ရိပေါ် ဖုန်းကို ဆိုဖာပေါ် ပစ်ချလိုက်ပြီး သူ့ဖုန်းကိုလည်း စားပွဲပေါ် ပြန်ပစ်တင်လိုက်သည်။ ထ သွားမလို့ လုပ်တော့ ရှောင်း က ဆွဲထားတာ ခံလိုက်ရသည်။

' အဲ့ဒါက ဘာဖြစ်တာလဲ ...။ ပြီးတော့ ခုန ဖုန်းလာတာက ဘယ်သူ ဆက်လာတာမို့ မကိုင်တာလဲ ...။'

' ဘာဖြစ်ရမှာလဲ ... ခုန မုယွီ့ကျင်း က  အိမ်ပြန်ဖို့ ခေါ်တာကို လိုက်ပြန်ချင်နေတာ မလား။'

' မပြန်လို့ ဒီမှာပဲ တစ်သက်လုံး နေရမှာလား။ ပြီးတော့ ခင်ဗျားလည်း တရုတ်ကို ပြန်ရမှာပဲလေ ...။'

' အခုတော့ ခင်ဗျား လို့ ပြန်ဖြစ်သွားပြန်ပြီလား ...။'

ရှောင်းကျန့် ရိပေါ်ရဲ့ စကားကြောင့် မျက်စောင်းထိုးလိုက်ပြီး ...

' ကိုကို ခေါ်တော့ ကျနော့် ကို ညင်သာ ပေးလို့လား ...။ စိတ် ပိုကြွတယ်ဆိုပြီး အစား ခံနေရတာပဲလေ။ အဲ့ဒါကြောင့် မခေါ်တော့ဘူး...။'

' လက်ထပ်ပြီးရင်တော့ ခေါ်ရမယ် ...။'

' အဲ့ဒါ ခဏ ထား ...။ အခု ခင်ဗျားရဲ့ အဖိုး သာ သိသွားရင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ အရင် စဉ်းစားအုံး ...။'

' ဘယ်လို ဖြေရှင်း ရမှာလဲ? ကိုယ် စကား အကုန် ပြောထားပြီးသားလေ။ ကိုယ်က မင်းနဲ့မှ မဟုတ်ရင် ဘယ်သူ့ကိုမှ လက်မခံနိုင်ဘူးဆိုတာ။'

' အဲ့တော့ ... တကယ်လို့ ခင်ဗျားသာ ယောကျာ်း တစ်ယောက်ကို အိမ်ထောင်ဖက် အဖြစ် မရွေးချယ်ရင် ပြီးရော ...။ ခင်ဗျား ဘယ်သူနဲ့မှ လက်ထပ် စရာ မလိုပဲ တစ်ယောက်တည်းပဲ နေသွားခိုင်းရင် ဘယ်လိုလုပ်မလဲ ...။'

' မွ ...။'

ရိပေါ် ရှောင်း ရဲ့ နဖူးလေးကို တစ်ချက် နမ်းလိုက်ရင်း ...

' ဒါဆို ကိုယ် စကားကို ထပ်ဖြည့်ပြောလိုက်မယ်...။ မင်း နဲ့မှ အတူမနေရရင် ကိုယ်လည်း ရှင်လျက်နဲ့ သေသွားသလိုပဲ လို့ ...။'

' အဟွန်း ...။'

ရှောင်းကျန့် ရင်ခုန်စရာ စကား ကြားရတော့လည်း နှုတ်ခမ်းက ခပ်လွန့်လွန့် နဲ့ မျက်နှာကလည်း ဖြီး သွားရသည်။

ရိပေါ် ချစ်စရာ ကောင်းအောင် လုပ်ပြနေတဲ့ ရှောင်း ကို စချင်လာတာကြောင့် ခါး မှာ လက် လျိုပြီး ကပ်သွားအောင် ဆွဲဖက်လိုက်ရင်း ...

' ဘယ်လိုလဲ ... ကိုယ် အရမ်း ချစ်တတ်တယ်ဆိုပြီး ဆု မချချင်ဘူးလား ...။'

' ရွှတ် ...'

ရှောင်းကျန့် သူ့ ကို ပြောလည်း ပြော မရိုးမရွ ဖြစ်အောင် ပုခုံးစွန်းကိုလည်း နမ်းလာတဲ့ ရိပေါ်ကြောင့် ပုခုံးကို တစ်ချက် ခါ လိုက်ပြီး ...

' တော်ပါ ...။ ကျနော်တို့ ပြန်သင့်ပြီ။ ပြီးတော့ ခုန မကိုင်လိုက်တဲ့ ဖုန်း က ဘယ်သူလဲ ...။ ခင်ဗျား အဖိုး လား ...။'

ရိပေါ် ရှောင်း ပြောမှ ဖုန်း ကို လှည့် ယူလိုက်ပြီး ...

' အဖိုး မဟုတ်ဘူး။ ပြင်သစ် က အဖိုးအိုလေး ဟော်ရှင်း ...။'

' ဟုတ်လား ...။ မနက်ကလည်း သူ ဆက်လာပြီးပြီ မလား။ အခု ထပ်ဆက်လာတာ ဆိုတော့ အရေးကြီးပြောစရာ ရှိိလို့ ထင်တယ်။ ပြန်ဆက်လိုက်လေ။'

' မဆက်တော့ဘူးလေ။ ကိုယ်တို့ ပြန်ကြတော့မှာပဲကို ...။'

' အင်း ...။ ဒါဆိုလည်း ခင်ဗျား ထ သွားတော့။'

' အတူတူ မ ထ ဘူးလား ...။ ကိုယ် တစ်ယောက်တည်း ထ ရင် ဘာမှ ပါမှာ မဟုတ်ဘူးနော် ...။'

ရှောင်းကျန့် ရိပေါ် ရဲ့ စကားကြောင့် မျက်စောင်း ထိုးလိုက်ပြီး ဘေးမှာ ရှိတဲ့ ခေါင်းအုံးကို ဆွဲယူပြီး လက်ထဲ ထိုးထည့်ပေးလိုက်သည်။

' အဲ့ဒါနဲ့ ကာ သွား ...။ သွားတော့ ... သွား ...။'

ရိပေါ် မဆင်းချင် ဆင်းချင် နဲ့ ကုတင်ပေါ်က ဆင်းလိုက်ပြီး ...

' ရှောင်း ကလည်း အခု အချိန်ကို ကိုယ်တို့ နှစ်ယောက်ရဲ့ အကြို ဟန်းနီးမွန်း လို့ သဘောထားပြီး တစ်ရက် နှစ်ရက် သုံးရက် လောက် ဒီမှာ ထပ်နေကြမယ်လေ ...။'

' ဝမ် ရိ ပေါ် !!!!.'

' အာ ... အော် လိုက်တာ ...။ သိပါပြီ ။ သိပါပြီ။ မနေတော့ဘူး။ ပြန်ကြမယ်။ ဟုတ်ပြီလား ...။'

ရှောင်းကျန့် ရေချိုးခန်းထဲ ရိပေါ် ဝင်သွားတာနဲ့ ထိ ထိ မထိ ထိ ကုတင် ပေါ်က လက်ကျန် ခေါင်းအုံး တစ်လုံးကို ယူပြီး ထပ် ပစ်ပေါက် လိုက်သည်။

!!!! ဘုတ် !!!!

~~~~~~~~

ဟော်ရှင်း သူ စာသင်ချိန် မရှိတော့ပဲ အတန်း ဆင်းလာပြီ ဖြစ်တာတောင် သူ့ကို ပြန်လာကြိုမယ့် ဟုန်လုံ ဦးလေး က စောင့်နေကြ နေရာ မှာ မတွေ့တာကြောင့် ဟိုဟို ဒီဒီ နဲ့ ခေါင်းလှည့်ပြီး မျှော်နေသည်။

ကျောင်းဆင်းချိန် ဖြစ်တာကြောင့် ကျောင်းသူ ကျောင်းသားတွေလည်း အလျို လျို ထွက်လာကြသည်။

ဟော်ရှင်း ဟုန်လုံ ဦးလေး လာတဲ့ လမ်း ဘက် လှည့်နေရင်း နဲ့ ဆန့်ကျင်ဘက် ကို ပြန်လှည့်လာတော့ ဘေးမှာ မိန်းကလေး ၃ ယောက် က ကပ်ပြီး လာရပ်နေတာကြောင့် လန့် သွားရသည်။

' ဟင် !!!.'

ကောင်မလေး သူ့ကို မြင်တာနဲ့ မျက်လုံးတွေ ပြူးသွားပြီး ပုခုံး နှစ်ဖက်ပါ မြှောက်တက် သွားတဲ့ ဝမ်ဟော်ရှင်း ကို ကြည့်ပြီး နှုတ်ခမ်းကို ကိုက်ပစ်လိုက်သည်။ ဒင်းကများ လူ ကို လာလန့်နေရသေးတယ်။

' ဟေ့ ... မင်း ငါ့ကို မြင်တာနဲ့ လန့်သွားရအောင် ငါ့ရုပ်က မဆိုးသေးဘူး။'

ဟော်ရှင်း အဲ့တော့မှ ကောင်မလေး ကို အားနာသွားသည်။

' အာ ... ဆောရီး။ ငါက မင်း ရုပ်ဆိုးလို့ လန့်တာ မဟုတ်ပါဘူး။ ရုတ်တရက် မြင်လိုက်လို့ ပါ။ ငါ့အနား လူ ရှိမယ် မထင်လို့လေ။'

ကောင်မလေး အဲ့တော့မှ အနည်းငယ် ကျေနပ်သွားပြီး လက်ပိုက်ပြီး မေးဆတ်လိုက်ကာ ...

' ထားတော့ ...။ မင်း ငါ့ကို သိလား ...။'

ဟော်ရှင်း ခေါင်းပဲ ခါပြလိုက်သည်။ တကယ်လည်း သူ မသိပါ။

' ငါ ထင်ပါတယ်။ မင်း ငါ့ကို သိမှာ မဟုတ်ဘူးဆိုတာ။ ဒါပေမယ့် မသိလည်း ကိစ္စ မရှိဘူး။ ငါ အခု လာတာက Knight အကြောင်း လာပြောချင်တာ...။'

ဟော်ရှင်း သူ့ဆီ လာပြီး Knight အကြောင်း လာပြောချင်တယ် ဆိုတဲ့ မိန်းကလေးကြောင့် ကြောင်သွားရသည်။ သူက Knight ရဲ့ အုပ်ထိန်းသူ မှ မဟုတ်တာကို ...။

ကောင်မလေး သူ ပြောလိုက်မှ ကြောင်တောင်တောင် ပုံစံ ဖြစ်သွားတဲ့ တရုတ်ကောင် ကို စိတ်မရှည်တဲ့ မျက်နှာနဲ့ ထပ်ကြည့်ရင်း ...

' ခုတလော Knight က မင်း ကို ခဏ ခဏ ကာကွယ်ပေးမယ့် စကား ပြောနေတာ မလား။ ပြီးတော့ သူက မင်းနဲ့ပဲ အတူသွား၊ အတူစား ၊ အတူထိုင်တယ်။ ငါ့လို သူနဲ့ စေ့စပ်ထားတဲ့ လူကိုကျ ပစ်ထားတယ်။ အဲ့ဒါကြောင့် မင်း သူနဲ့ ကင်းကင်း နေဖို့ လာပြောတာ။'

ဟော်ရှင်း ခုမှ အလုံးစုံ နားလည်သွားတယ်။ လက်စသတ်တော့ သူ နဲ့ knight ကို အထင်လွှဲနေတာပဲ။ ဖြစ်ရလေ ...။

' အဟင်း ...။'

' မင်း ဘာရယ်တာလဲ ...။ ငါ့ကို လှောင်တာလား ...။'

ဟော်ရှင်း သူ့ဘာသာ တွေးရင်း ရယ်ချင်တာကို အပြင်မှာ အသံ တကယ် ထွက်သွားမှန်း သတိမထားမိပါ။ အခု ကောင်မလေး ပြောလာတော့မှ အမြန် ပြန်ဖြေရှင်းလိုက်သည်။

' မဟုတ်ဘူး ...။ မဟုတ်ဘူး ...။ ငါ မင်းကို လှောင်တာ မဟုတ်ဘူး။ မင်း အထင် လွှဲတာကို ရယ်ချင်တာ။

ငါ နဲ့ Knight က ဒီတိုင်း အတန်းဖော် သူငယ်ချင်းပါ။ ပြီးတော့ သူကလည်း ငါ့ကို သဘောကျနေတာမျိုး မဟုတ်ပါဘူး။'

' ဒါပေမယ့် ငါ ကြားနေရတာကတော့ Knight က မင်း နဲ့ ကင်း ကို သဝန်တိုနေတာတဲ့။ အဲ့ဒါကရော ဘာအဓိပ္ပာယ်လဲ ...။'

' အမ် !!!!.'

ဟော်ရှင်း ဒီတစ်ခါတော့ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။ သူ ကာယကံရှင်တောင်မှ အဲ့လိုတွေ မကြားမိပါဘူး။

ထိုစဉ် ...

' ဟော်ရှင်း !!!.'

ဟော်ရှင်း နဲ့ ကောင်မလေး ၃ ယောက် အသံ လာရာ ဆီကို လှည့်ကြည့်တော့ သူတို့ဆီကို ကျောပိုးအိတ် ဘေး လွယ်ထားတာကို ပြုတ်ကျမှာ စိုးလို့ လက် တစ်ဖက် ထိန်းကိုင်ရင်း စိုးရိမ်နေတဲ့ မျက်နှာနဲ့ ပြေးလာနေတဲ့ ကင်း ...

' ကင်း !!!!.'

ကောင်မလေး တွေကတော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ငါတို့ ထင်ထားတဲ့ အတိုင်းပဲ ဆိုတဲ့ မျက်နှာ ပုံစံနဲ့ ကင်း ကို မျက်စ ပစ် ကြည့်နေကြသည်။

ကင်း ကတော့ ဟော်ရှင်း ကို သူများ နှောင့်ယှက်မှာ စိုးရိမ်တာ တစ်ခုတည်းနဲ့ ဘေးမှာ သူ့ကို ဘယ်လိုတွေ ကြည့်ပြီး ဘယ်လိုတွေ ဝေဖန်နေတယ်ဆိုတာ ဂရုမစိုက်အားပါ။

' ဟော်ရှင်း ... ဘာဖြစ်သွားသေးလဲ ...။'

ဟော်ရှင်း သူ့ ကို ရှေ့ နောက် ဟိုဟို ဒီဒီ လှည့်ကြည့်ရင်း မေးလာတဲ့ ကင်း ရဲ့ စကား ကို နားမလည်ပါ။

' ငါက ဘာဖြစ်ရမှာလဲ ...။'

' မသိဘူးလေ။ မင်း နှောင့်ယှက် ခံရပြန်ပြီ ထင်လို့ ...။'

' အာ ... မဟုတ်ပါဘူး။'

ကောင်မလေး ကတော့ ကင်း ရဲ့ အမူအရာ တွေ ကြည့်ပြီး သူ့ လူ အတွက် သူ့ဘာသာ သူ သေချာနေပါတယ်။

အဲ့ဒါကြောင့် ကင်း ကို မဲ့ရွဲ့ ကြည့်ရင်း သူ့ သူငယ်ချင်း နှစ်ယောက် ကို ခေါ်ပြီး ထွက်သွားပါတော့သည်။

ကင်း သူ့ဘေးက ထွက်သွားတဲ့ ကောင်မလေး ၃ ယောက်ကို ကြည့်လိုက်ပြီး ...

' မင်း ကို သူက ဘာလာပြောတာလဲ ...။ မင်း မကျေနပ်ရင် ငါ့ကို ပြော။'

' ဘာမှ မဟုတ်ပါဘူး။ အဲ့တစ်ယောက်က Knight နဲ့ စေ့စပ်ထားတယ်လို့ ပြောတယ်။'

' ဟုတ်တယ်။ အဲ့ဒါကြောင့် Knight မင်း အနား ကပ်ပြီး ဘာလို့ တိုနေတာလဲ ငါ စဉ်းစား မရတာ။ သူ့မှာ စေ့စပ်ထားတဲ့ ကောင်မလေး ရှိတာ ငါ သိပြီးသား။ သူတို့ မိဘ နှစ်ဖက်က မွေးလာလို့ မိန်းကလေး ယောကျာ်းလေး မတူရင် ပေးစားမယ်လို့ ဗိုက်ကြီးကတည်းက ပြောထားတာတဲ့ ...။'

ဟော်ရှင်း ကင်း ပြောမှ သဘောကျစွာ ပြုံးမိသွားသည်။ နိုင်ငံခြားမှာ အသက် ၁၈ ပြည့်တာနဲ့ လွတ်လပ်ခွင့် ပေးတယ်ဆိုတာ တကယ်ပါပဲလား ...။

' နောက်ဆို ဘာဖြစ်ဖြစ် ငါ့ကို ဖုန်းဆက် ...။ ပေး ... မင်း ဖုန်း ...။'

ဟော်ရှင်း သူ့လက်ထဲ ကိုင်ထားတဲ့ ဖုန်းကို ပြောလည်း ပြော၊ ဖျတ်ခနဲ ဆွဲယူ သွားတဲ့ ကင်း ရဲ့ အပြုအမူ ကြောင့် ပါးစပ် အဟောင်းသားနဲ့ ရပ်ကြည့်နေလိုက်ရသည်။

ကင်း ဖုန်းထဲ လုပ်စရာ ရှိတာ လုပ်လိုက်ရင်း ...

' ရော့ ... ငါ့ဖုန်းနံပတ်လည်း ထည့်ထားတယ်။ မင်း ဖုန်းနံပတ်လည်း ငါ ယူထားပြီ။ အဲ့ဒါကြောင့် တစ်ခုခုဆို ငါ့ကို အရင်ဆုံး သတိရပါ။'

ဟော်ရှင်း လူကြီးလေးလို ပြောလာတဲ့ ကင်း ကို မျက်ဝန်း မှေးစင်းကြည့်ရင်း စ ချင်လာသည်။

' မင်း ကို သတိရပြီး ဆက်တော့ရော ... မင်း အိမ်က လူ တစ်ယောက် ယောက် လိုက်မပို့ပေးရင် မင်း ငါ့ဆီ ဘယ်လို လာမလဲ ...။'

' အဲ့ဒါကြောင့် ငါ အခု ဆိုင်ကယ် ခိုး မောင်း သင်နေတယ်။'

ဟော်ရှင်း ဒီတစ်ခါတော့ မျက်ဝန်းတွေ တကယ် ပြူးသွားရသည်။ အသက် ၁၄ နှစ် ၁၅ နှစ်တောင် မပြည့်သေးတဲ့ ကလေး က ဆိုင်ကယ် ခိုးစီးနေတယ်။

' မင်း အစ်ကို သိရင် ဘယ်လို လုပ််မလဲ ...။'

' မသိပါဘူး။ ကိုကြီး က သူ့ အလုပ်ရော မာမီ ရဲ့ ကိစ္စနဲ့ရော ရှုပ်နေတာ ...။'

ထိုစဉ် ...

' တင်း တင် ... တင်း တင် ...။'

ဟော်ရှင်း သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းက မြည်လာတာကြောင့် ကြည့်ပြီး တန်းကိုင် လိုက်သည်။

' ဟုန်လုံ ဦးလေး ...။'

ကင်း လည်း ဖုန်းထဲက အသံ ကြားအောင် နားကို ပိုကပ်ပြီး စွင့်လိုက်ပေမယ့် မကြားရပါ။

' ဟာ ... ဒါဆို နောက်ကျမှာပေါ့ ...။'

' ......'

' ဟုတ်ကဲ့ ...။ ကျနော် တက်စီ ငှါးပြီးတော့ပဲ ပြန်လိုက်တော့မယ်။'

' ......။'

' အာ ... ရပါတယ်။ ကျနော် လေးလေး ရိပေါ် ကို သေချာ ပြောလိုက်ပါ့မယ်။ ဟုန်လုံ ဦးလေး သာ ကား ကို ဝပ်ရှော့ ခေါ်ပြလိုက်။'

' ....။'

' ဟုတ် ...။ ဒါဆို ကျနော် ဖုန်း ချပြီ။'

ကင်း ဟော်ရှင်း ဖုန်း ပြောပြီးတဲ့ထိ စောင့်လိုက်ရင်း ...

' ဘာဖြစ်လို့လဲ ...။ မင်း အိမ်က လာ မကြိုတော့ဘူးလား ...။'

ဟော်ရှင်း ဖုန်း ကို လွယ်အိတ်ထဲ ထည့်လိုက်ပြီး ဇစ် ပ်တ်ရင်း ...

' အင်း ...။ လမ်းမှာ ကား ပျက်သွားလို့တဲ့ ...။ ဒီကို ရောက်လာရင်တောင် နောက်ကျမှာ။'

' ဒါဆို ကား မငှါးနဲ့။ ငါ နဲ့ လိုက်ပြန် လိုက်။ ငါ မင်း အိမ်ထိ လိုက်ပို့ပေးမယ်။'

' ရပါတယ်။ မင်း လည်း မင်း ရဲ့ ကိုယ်ပိုင် အချိန်မှာ သီးသန့် နေချင်မှာပေါ့။ ငါ ကား ပဲ ငှါး ပြန်လိုက်မယ်။'

ကင်း ခုန သူ့စကားကို အကုန် မေ့လိုက်ပြီ ဖြစ်တဲ့ ဟော်ရှင်း ကြောင့် ဘာမှ ရှည်ရှည် ဝေးဝေး ထပ်မပြောတော့ပဲ ဟော်ရှင်း ရဲ့ အိတ်ကို ပုခုံးကနေ ဖြုတ်ယူလိုက်သည်။

ပြီးတာနဲ့ ကား တွေ တန်းစီ ရပ်ထားတဲ့ နားမှာ ကား ကို မှီပြီး ရပ်နေတဲ့ သူ့ လူ ကို လက်ပြပြီး ခေါ်လိုက်သည်။

ကား က မနီးမဝေးမှာ ရပ်ထားတာ ဖြစ်တာကြောင့် ခဏလေးမှာပဲ အနား ရောက်လာသည်။

!!! ကလစ် !!!

ကင်း နောက်ခန်း တံခါး ဖွင့်ပြီး ဟော်ရှင်းရဲ့ အိတ်ကို အရင် ပစ်သွင်းလိုက်ပြီး ခုထိ ကြောင်ရပ်ပြီး ကြည့်နေတဲ့ ဟော်ရှင်း ကို ဆွဲခေါ်လိုက်သည်။

' လာ ... ကား ပေါ် တက်။ ငါ မင်းကို အိမ်အထိ လိုက်ပို့ပေးမယ်။'

ဟော်ရှင်း တစ်ခုခု တုန့်ပြန်ဖို့ သတိရချိန်မှာတော့ ကား ထဲ ရောက်နေရပြီ ဖြစ်ပြီး ကင်း က သူ့ဘေးမှာ ထိုင်နေခဲ့ပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.01.16 ( Tue ) ဝမ် နဲ့ ရှောင်း ကတော့ သူတို့ တူလေး ကို ပစ်ထားနေကြပြီ။

Zawgyi

တ႐ုတ္ ၊ ရွန္ဟိုင္း ...

ႀကီးက်ယ္ ခမ္းနားၿပီး က်ယ္ဝန္းတဲ့ အျဖဴေရာင္ ၃ ထပ္တိုက္ႀကီးထဲတြင္ ...

' မုယြီ႕က်င္း !!! ညည္း ဘာေျပာလိုက္တယ္။ ျပန္ေျပာစမ္း ...။'

' ဖြားေလး ကလည္း ၾကားရဲ႕သားနဲ႔။'

' ေအး ... ၾကားတယ္။ ငါပဲ ၾကားတာ မဟုတ္ဘူး။ ညည္းရဲ႕ အေဖ နဲ႔ အေမ လည္း ၾကားတယ္။ ၿပီးေတာ့ မနက္ ေစာေစာ စီးစီးမွာ ညည္း ခုလို ႏွလုံး ရပ္သြားေစႏိုင္တဲ့ စကားမ်ိဳး ဖုန္းဆက္ေျပာလာစရာလား ...။'

တစ္ဖက္က ယြီ႕က်င္း ကလည္း သူမရဲ႕ ဖြားေလး တုတ္ထိုး အိုးေပါက္ ေျပာလာတဲ့ စကားကို ခ်က္ခ်င္း ျပန္မေျပာႏိုင္ပဲ အေဖ အေမ ပါ ၾကားတယ္ဆိုမွ ေဘးမွာ ထိုင္ေနတဲ့ ရွဲန္႔မု ကို စိုးရိမ္တဲ့ မ်က္ဝန္း နဲ႔ ၾကည့္လိုက္သည္။

' ပါး နဲ႔ မား က ျပန္ေရာက္ေနၾကတာလား ...။'

မု အိမ္ေတာ္က မု အဖြား ကလည္း ေဘးမွာ ထိုင္ေနၾကတဲ့ သူ႔ တူ နဲ႔ တူမ ကို ၾကည့္လိုက္ၿပီး မ်က္မွန္ တစ္ခ်က္ ပင့္လိုက္ရင္း ...

' ဟုတ္တယ္။ သူတို႔ရဲ႕ တာဝန္ ကေန ခြင့္ယူၿပီး ျပန္လာၾကတာ။ အခုလို ညည္းရဲ႕ မဂၤလာ မရွိတဲ့ စကား ၾကားရတာပဲ။'

' သမီး ကေတာ့ ဆုံးျဖတ္ထားၿပီးသားေနာ္။ သမီး မိန္းကေလးခ်င္း စိတ္ဝင္စားတယ္ဆိုေပမယ့္ သူ နဲ႔ က်မွ။ အဲ့ဒါေၾကာင့္ သမီး သူနဲ႔ပဲ ဘဝ ကို အတူကုန္ဆုံးခ်င္တ ယ္။'

' ညည္း ကိုေတာ့ ငါ ေျပာစရာ စကားေတာင္ မရွိေတာ့ဘူး။ အရင္ က ဝမ္ အိမ္ေတာ္ နဲ႔ ငါ့ကို မ်က္ႏွာ ပ်က္ရေအာင္ လုပ္ၿပီးၿပီ။ အခုက် ငါ့ကို သိကၡာက်ေအာင္ သဘာဝ မဆန္တဲ့ မိန္းကေလးခ်င္း ယူအုံးမယ္။'

' ဖြားေလး ကလည္း သိကၡာခ် တယ္လို႔ေတာ့ မေျပာပါနဲ႔။ ဝမ္ရိေပၚ လည္း ေယာက်ာ္းေလးခ်င္း ႀကိဳက္ေနတာပါပဲ။ သမီး နဲ႔ သူ အတူတူပဲ။'

' ဘယ္လို !!!!!.'

ဒီတစ္ခါေတာ့ မု အဖြား သာမက ဧည့္ခန္းမွာ အတူထိုင္ေနၾကတဲ့ မုခ်န္လု နဲ႔ မုရွဴ႕ရင္း တို႔ပါ အံ့ဩတဲ့ မ်က္ႏွာေတြ ျဖစ္သြားၾကရသည္။

ယြီ႕က်င္း လႊတ္ခနဲ ေျပာမိသြားၿပီး ဖြားေလး ဘက္က အာေမဋိတ္သံ ၾကားေတာ့မွ သူ႔စကားကို ျပန္သတိရတယ္။

ေဘးကို ၾကည့္ေတာ့လည္း ရွဲန္႔မု က ရႈံ႕မဲ့ေနတဲ့ မ်က္ႏွာနဲ႔ ဝမ္ရိေပၚ သိရင္ နင္ေတာ့ ေသၿပီ လို႔ ေျပာခ်င္ေနသေရာင္ ...။

ဒါေပမယ့္ မုယြီ႕က်င္း ပါ ဘာလုပ္လုပ္ ဘာေျပာေျပာ ဘယ္ေတာ့မွ ေနာက္ျပန္မဆုတ္ပါ။ အဲ့ဒါေၾကာင့္ ေျပာလက္စ နဲ႔ မထူးေတာ့ဘူးဆိုၿပီး ဆက္ေျပာပါတယ္။

' ဟုတ္တယ္။ ဝမ္ အိမ္ေတာ္က ဝမ္ သခင္ေလးကလည္း ေယာက်ာ္းေလးပဲ ႀကိဳက္ေနတာ။ သမီး နဲ႔ သူ တစ္ေယာက္နဲ႔ တစ္ေယာက္ မႀကိဳက္ၾကတာက သူ လည္း သူ႔လို ေယာက်ာ္းေလးပဲ ႀကိဳက္ေနလို႔။'

' ညည္း မဟုတ္ပဲ ေလွ်ာက္မေျပာနဲ႔ေနာ္။ သူမ်ား သိကၡာက်တယ္။ သူ႔ အဖိုး ေျပာတာ သူ သမီး ကို ႀကိဳက္ေပမယ့္ သမီး က သူ႔ကို မႀကိဳက္လို႔ သူ အသဲကြဲတာကို ျပန္ကုစားဖို႔ ႏိုင္ငံျခားေတာင္ ထြက္သြားလိုက္ရေသးတာဆို ...။'

' ဟုတ္တယ္ေလ။ အဲ့တုန္းကေတာ့ သမီး ကို ႀကိဳက္ေနတဲ့ ပုံ ပဲ။ ဒါေပမယ့္ ျပင္သစ္ ေရာက္ေတာ့မွ သူ တကယ္ ရင္ခုန္ရတဲ့ ေယာက်ာ္း တစ္ေယာက္နဲ႔ ေတြ႕သြားတာ။'

မု အဖြား မိန္းကေလး အခ်င္းခ်င္း ေယာက်ာ္းေလး အခ်င္းခ်င္း ႀကိဳက္ေနတဲ့ ဆိုတာကို ၾကားလိုက္ရၿပီး နားထဲေရာ ဦးေႏွာက္ထဲပါ ရႈပ္ကုန္လာတာေၾကာင့္ မ်က္မွန္ကို ဆြဲခြၽတ္လိုက္ၿပီး ...

' အဲ့ဒါေတြ ထားလိုက္ေတာ့။ အခု ညည္း က ငါ့ဆီ ဖုန္းဆက္တာ အိမ္ျပန္လာေတာ့မွာကို အေၾကာင္းၾကားတာ မဟုတ္ဘူးေပါ့။'

' အခု သမီး ေျပာတာကို ဖြားေလး တို႔ သေဘာတူလား။ မတူရင္ တ႐ုတ္ျပန္ရင္ေတာင္ အိမ္ေတာ့ မျပန္ဘူး။'

' ငါ နဲ႔ ညည္းရဲ႕ အေဖ နဲ႔ အေမ က ညည္း ေက်ာင္းၿပီးလို႔ ဘြဲ႕ယူမွာကို ဘယ္ေလာက္ ေမွ်ာ္လင့္ထားလဲ ညည္း သိရဲ႕သားနဲ႔။ ငါ နဲ႔ ညည္း အေမေတာင္ ဘြဲ႕တက္ဖို႔ အဝတ္အစားေတြ ခ်ဳပ္ထားၿပီးေနၿပီ။ ညည္းကေတာ့ အိမ္ေတာင္ မျပန္လာေတာ့ဘူးလို႔ ေျပာရက္တယ္ေနာ္။'

ယြီ႕က်င္း ဖြားေလး ဆီက ခုလို ၾကားလိုက္ရေတာ့လည္း မ်က္ႏွာမေကာင္းပါ။ ဒါေပမယ့္ အခု သူ႔ေဘးမွာ ထိုင္ေနတာကလည္း သူ ရင္နင့္ေအာင္ ခ်စ္ရတဲ့ သူ ျဖစ္ေနတယ္။

ထိုစဥ္ ဖုန္းထဲက မား ရဲ႕ အသံ ထြက္လာသည္။

' သမီး ... အိမ္ကိုပဲ အရင္ ျပန္လာခဲ့ပါ။ သမီးတို႔ ကိစၥကို အိမ္ေရာက္မွာ မား တို႔ ထပ္ၿပီး ေျပာၾကမယ္။'

ရွဲန္႔မု လည္း ဖုန္းထဲက ေျပာေနတာေတြ သူလည္း အကုန္ၾကားေနရတာေၾကာင့္ ယြီ႕က်င္း ရဲ႕ လက္ကို ကိုင္ၿပီး ေခါင္းညိတ္ျပလိုက္သည္။

ဒါေပမယ့္ မုယြီ႕က်င္း ဆိုတဲ့ အတိုင္း နည္းနည္းေတာ့ အထြန္႔တက္ရမွ ...

' မား ... သမီး ျပန္လာမယ္။ ဒါေပမယ့္ သမီး တို႔ကို သေဘာတူေပးရမယ္။'

' ယြီ႕က်င္း အေမ က ျပန္လာဆို ျပန္လာလိုက္ေတာ့ေပါ့။ မိဘ ဆိုတာ မသက္သာတဲ့ ကိစၥ ရွိလို႔သာ သား သမီး ကို တြန္းအားေပးၾကတာ။ ေသေရး ရွင္ေရး ကိစၥ မဟုတ္ရင္ ဘယ္အရာ မဆို ညႇိလို႔ ရတယ္။'

ယြီ႕က်င္း ဒီတစ္ခါေတာ့ စကား နည္းတဲ့ ပါး ကပါ ဝင္ေျပာလာၿပီ ျဖစ္တာေၾကာင့္ ထပ္ၿပီး အထြန္႔ မတက္ရဲေတာ့ပါ။

~~~~~~~~

မိုးျပာေရာင္ ေႂကြျပားခင္းထားတဲ့ ၾကမ္းျပင္ ... အဲ့ကေန တစ္ဆင့္ အျဖဴေရာင္ ခင္းထားတဲ့ အိပ္ယာခင္းထက္ဝယ္ ေကာင္ေလး တစ္ေယာက္ရဲ႕ လက္ေမာင္း ေပၚမွာ ေနာက္ထပ္ ေကာင္ေလး တစ္ေယာက္က ေခါင္းအုံး အိပ္ထားၿပီး သူ႔လက္ေခ်ာင္ေလးကို တစ္ေခ်ာင္းခ်င္း တို႔ထိ ေနတာကို လိုက္ၾကည့္ေနတယ္။

' ေရွာင္း ... မင္း က တကယ္ပဲ ေရသူထီး ေကာ ဟုတ္ရဲ႕လား ...။'

ေရွာင္းက်န္႔ ၾကားလိုက္ရတဲ့ စကားေၾကာင့္ မ်က္ေမွာင္ကုပ္ေနတုန္း ...

' ေရွာင္း က လူ ပဲ ေခ်ာတာ မဟုတ္ပဲ လက္ေခ်ာင္းေလးေတြက အစ လွေနေတာ့ ကိုယ္က ေရွာင္း ေကာင္းကင္ေပၚက က်လာတဲ့ နတ္သား ထင္ေနတာ။'

ေရွာင္းက်န္႔ မ်က္ေမွာင္ကုပ္ေနတုန္း ထပ္ၾကားလိုက္ရတဲ့ ေနာက္ဆက္တြဲ စကားေၾကာင့္ ၿပဳံးတုံ႔တုံ႔ ျဖစ္သြားသည္။

ထိုစဥ္ ...

' ဒူ ... ဒူ ... ဒူ ...။'

ရိေပၚ ကုတင္ေဘးက စားပြဲပု ေပၚ တင္ထားတဲ့ ဖုန္း ျမည္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ ဒီတစ္ခါ လာတာက ေရွာင္း ရဲ႕ ဖုန္း။

' ဖုန္းေတြက ဘာလို႔ ဆက္ ဆက္လာေနၾကတာလဲ။ ကိုင္လိုက္ရင္ေတာ့လည္း ဘာမွ အေရးႀကီး ကိစၥ မဟုတ္ဘူး။ ခုန ေဟာ္ရွင္း ...။ အခု ကေရာ ဘယ္သူလဲ ...။'

ေရွာင္းက်န္႔ လည္း လက္ေမာင္းေပၚ ေခါင္းအုံး ထားရင္းနဲ႔ ေခါင္း အနည္းငယ္ ေထာင္ၾကည့္လိုက္သည္။

ရိေပၚ ေျပာလည္း ေျပာ ေခါင္းေထာင္ လာတဲ့ ေရွာင္း ကို လက္ေမာင္း ေပၚ ျပန္လွဲေအာင္ ေသခ်ာ ခ်လိုက္ၿပီးမွ ျမည္ေနတဲ့ ဖုန္းကို လွမ္းယူလိုက္သည္။

ဖုန္း ကို ၾကည့္ေတာ့ ယြီ႕က်င္း ...။ ရိေပၚ နာမည္ ေပၚေနတဲ့ ဖုန္းကို ၾကည့္ၿပီး ကိုင္ခ်င္စိတ္ေတာင္ မရွိေတာ့ပါ။ မုယြီ႕က်င္း ဆက္လာပါတယ္ ဆိုမွေတာ့ ဘာအေရးႀကီးတာ ရွိမွာလဲ ...။

' ဘယ္သူ ဆက္လာတာလဲ ...။'

ရိေပၚ သူ႔ကို ေမးလည္း ေမး ေခါင္းကလည္း ထပ္ ေထာင္ၾကည့္ဖို႔ ျပင္ေနျပန္တဲ့ ေရွာင္း ေၾကာင့္ ဖုန္း ကို ကိုင္ၿပီး စပီကာ ဖြင့္လိုက္သည္။

ေရွာင္းက်န္႔ သူ႔ဖုန္းကို သူ ကိုယ္တိုင္ ကိုင္ၿပီး ေျပာမလို႔ လုပ္ေတာ့ ရိေပၚက လက္ ေရွာင္ လိုက္ၿပီး ဒီတိုင္းပဲ ေျပာခိုင္းတဲ့ ပုံစံေၾကာင့္ ေရွာင္းက်န္႔ သူ ထူး မလို႔ လုပ္တုန္း ဟိုဘက္က အရင္ အသံ ထြက္လာသည္။

' ဟလို ... ေရွာင္း !!!.'

' ယြီ႕ က်င္း !!!!.'

' ေအး ... ငါ ။ နင္ အခု ဘယ္မွာလဲ ...။'

' ဘာ ... ဘာလုပ္မလို႔လဲ ...။'

တစ္ဖက္က ယြီ႕က်င္း ကလည္း သူက ဒီတိုင္း ေမးတာကို မလုံတဲ့ ေရွာင္း က ထစ္ ထစ္ အ အ ေျပာလာတာ နားေထာင္ၿပီး သူ ဖန္လိုက္တဲ့ ဂြင္မွာ ဝမ္ရိေပၚ ဂိုး သြင္းလိုက္ၿပီဆိုတာ ခ်က္ခ်င္း သိလိုက္သည္။

' နင္ အခု ဝမ္ရိေပၚ နဲ႔ ကလပ္မွာပဲ ရွိေနေသးတာမလား ...။'

ေရွာင္း ၾကားလိုက္ရတဲ့ စကားေၾကာင့္ ခ်က္ခ်င္းေတာင္ ထ ထိုင္မိလိုက္သည္။

' အ !!!!.'

ထ ထိုင္လိုက္မွ အရွိန္မေသေသးတဲ့ နာက်င္မႈေၾကာင့္ အသံ ထြက္သြားခဲ့တယ္။

' Wowww!!!! တကယ္ႀကီး ကလပ္ မွာေပါ့။ ၿပီးေတာ့ အစား ခံထားရတယ္ မလား။'

ေရွာင္းက်န္႔ သူ အခု ျဖစ္ေနတာေတြရဲ႕ တရားခံက မုယြီ႕က်င္း ဆိုတာ သိလိုက္ရၿပီး အခု ရိေပၚ က အနား မွာ ရွိတာကို ရွက္စရာ ကိစၥေတြ လာေျပာေနျပန္တာေၾကာင့္ စိတ္က တိုလာသည္။

' မုယြီ႕က်င္း မင္း ငါတို႔ကို ေဆး ခတ္ထားတာလား။ မင္း ကလပ္ ထဲ ဘယ္တုန္းက ေရာက္လာတာလဲ ...။ မင္း သူငယ္ခ်င္း အခ်င္းခ်င္း အဲ့လိုလုပ္စရာလား။ မေတာ္လို႔ ငါတို႔က တစ္ျခား လူနဲ႔ မွားသြားရင္ ဘယ္လိုလုပ္မလဲ။ ဒါက ဘဝ ပ်က္ႏိုင္တဲ့ ကိစၥေနာ္။'

' ကဲပါ ... ေရွာင္း ကလည္း ျဖစ္ၿပီးသြားၿပီဆိုလည္း ျဖစ္ၿပီလို႔ သေဘာထားလိုက္။ ဝမ္ရိေပၚ နဲ႔ပဲ ျဖစ္မယ္ဆိုတာ ငါ သိၿပီးသားေလ။ အဲ့ဒါေၾကာင္လည္း သူ႔ ဝိုင္ ပုလင္းထဲမွာပဲ ေဆး မဆိုစေလာက္ အနည္းငယ္ ထည့္ခိုင္းခဲ့တာေပါ့။'

ေရွာင္းက်န္႔ ၾကားလိုက္ရတဲ့ မဆိုစေလာက္ အနည္းငယ္ ဆိုတဲ့ စကားေၾကာင့္ သူ႔ကို ဝမ္ရိေပၚ ဘယ္လိုေတာင္ လုပ္ထားတယ္ဆိုတာကို ျပန္ေတြးမိၿပီး မုယြီ႕က်င္း ကို ပိုေတာင္ သတ္ခ်င္လာသည္။

ရိေပၚ ကေတာ့ အလုပ္ မရွိေတာ့တဲ့ လက္ေမာင္း တစ္ဖက္ကို ေခါင္းေအာက္ ျပန္ခုထားၿပီး အလုပ္ေပးရင္း ဖုန္းကိုင္ထားတဲ့ လက္ ကေတာ့ ေရွာင္း ေျပာလို႔ ရတဲ့ အေနထားမွာ ေျမႇာက္ထားေပးရင္ ၿပဳံးတုံ႔တုံ႔ ျဖစ္ေနသည္။ အခုမွ သူ ေရွာင္း ကို ရသြားတာ မုယြီ႕က်င္း ေၾကာင့္ ဆိုတာကို သိလိုက္ရလို႔လည္း ေက်းဇူးေတြ တင္ေနပါတယ္။

' အဲ့ဒါထက္ ငါ အခု ဖုန္းဆက္တာ အေရးႀကီး ေျပာစရာ ရွိလို႔ ...။'

ေရွာင္းက်န္႔ သူ အခု ယြီ႕က်င္း ကို ဘာမွလည္း မလုပ္ႏိုင္တာေၾကာင့္ မ်က္ေစာင္း ပဲ ထိုးလိုက္ၿပီး ...

' ဘာလဲ ... ေျပာ။ ၿပီးရင္ ဖုန္း ခ် လိုက္ေတာ့။'

' ဘာလဲ ... အရွိန္က မေသေသးဘူးလား...။ ဟိ ...။'

' မု ယြီ႕ က်င္း !!!!.'

' အဟီး ... ေရွာင္း ကလည္း ေအာ္ လိုက္တာ။ ငါ က စတာပါ။ တကယ္ တကယ္ အတည္ေျပာေတာ့မယ္။'

' ဒီလို ... ငါ နဲ႔ ရွဲန္႔မု အေၾကာင္း ကို ငါ့အိမ္ကို အသိေပးလိုက္ၿပီ။'

ေရွာင္းက်န္႔ သူ နဲ႔ မဆိုင္တာကို ေျပာလာတဲ့ မုယြီ႕က်င္း ေၾကာင္း ခ်ဳပ္တီး ထားတဲ့ ေဒါသေတြ လႊတ္ခ်င္လာပါတယ္။

' အဲ့ဒါ ငါနဲ႔ ဘာဆိုင္လို႔ ငါ့ကို ဖုန္းဆက္လာတာလဲ။'

' ေအး ... ဆိုင္တာ ေျပာရမယ္ဆိုရင္ေတာ့ ဝမ္ရိေပၚ ကလည္း ငါ့လိုပဲ မိန္းကေလး မႀကိဳက္ပဲ ေယာက်ာ္းေလးကိုပဲ သေဘာက်တယ္လို႔ ငါက ငါ့ အဖြားကို ေျပာျပလိုက္ၿပီ။'

' ဘာ !!!!!!.'

ရိေပၚ လည္း အခုမွ ေခါင္း ေအာက္မွာ ခု ထားတဲ့ လက္ကို ထုတ္၊ မ်က္လုံးေတြ ဖြင့္ၿပီး ထ လိုက္သည္။

မုယြီ႕က်င္း ကေတာ့ သူ ဆက္တဲ့ ေရွာင္း ရဲ႕ ဖုန္း က စပီကာ ဖြင့္ထားၿပီး ဝမ္ရိေပၚ ပါ ၾကားေနတယ္ဆိုတာကို မသိပါ။

' ငါလည္း မတတ္သာတဲ့ အေျခေန မို႔လို႔ေလ။ မဟုတ္ရင္ ငါ့အဖြား က ငါ ဝမ္ရိေပၚ ကို အသဲခြဲတယ္၊ ၿပီးေတာ့ ဝမ္ မိသားစုကိုေရာ မု အိမ္ေတာ္ကိုေရာ အရွက္ခြဲတယ္ဆိုၿပီး ေျပာေနတာ။'

' အဲ့လို ေျပာျပလိုက္ေတာ့ မင္း တို႔ကို သေဘာတူပါတယ္ဆိုၿပီး ျပန္ေျပာေရာ လား ...။'

' မေျပာဘူးေလ။ ဒါေပမယ့္ အိမ္မွာ ဖြားေလး ပဲ မဟုတ္ပဲ၊ ငါ့အေဖ နဲ႔ အေမ ကပါ အိမ္ျပန္ေရာက္ေနတာ။ အဲ့ဒါ အကုန္ သိကုန္ၿပီ။'

ေရွာင္းက်န္႔ ယြီ႕က်င္းရဲ႕ စကားေၾကာင့္ ႏႈတ္ခမ္းကို မဲ့႐ြဲ႕ၿပီး စိတ္ထဲမွာလည္း ေကာင္းတယ္လို႔ ေျပာလိုက္သည္။ သူမ်ားက ႐ြဲ႕ေမးလို႔ ေမးမွန္းမသိ ျပန္ေျဖလာတာေတြက ေဆာင့္ကန္ ပစ္ခ်င္စရာ။

ထိုစဥ္ ...

' ဒူ ... ဒူ ... ဒူ ...။'

ရိေပၚ ဒီတစ္ခါ ျမည္လာတာက သူ႔ဖုန္း ျဖစ္တာေၾကာင့္ ဖိုးဖိုး မ်ား ဆက္လာတာလား ဆိုၿပီး လွမ္းယူၾကည့္ေတာ့ ေဟာ္ရွင္း ...။

' ေရွာင္း ... နင္ ဒီကိစၥကို ငါ ေျပာျပတာကို ဝမ္ရိေပၚ ကို မေျပာနဲ႔ေနာ္။ ၿပီးေတာ့ ငါ အိမ္ျပန္မွ ရေတာ့မယ္ ထင္တယ္။ အဲ့ဒါ နင္ လိုက္ျပန္မွာလား ...။'

ေရွာင္းက်န္႔ အိမ္ျပန္မယ္ ဆိုတဲ့ စကား ၾကားေတာ့ ေဘးက ရိေပၚကို ခ်က္ခ်င္း ၾကည့္လိုက္သည္။

ရိေပၚ ျမည္ေနတဲ့ သူ႔ဖုန္းကို ကိုင္မလို႔ လုပ္တုန္း ၾကားလိုက္ရတဲ့ မုယြီ႕က်င္း ရဲ႕ စကားေၾကာင့္ ေရွာင္းရဲ႕ ဖုန္းကို ကိုင္ေပးထားတဲ့ ဘက္ကို ျပန္လွည့္လာေတာ့ ေရွာင္း က သူ႔ကို ၾကည့္ေနတယ္။ ၿပီးေတာ့ ေရွာင္း ရဲ႕ အၾကည့္ကို နားလည္တာေၾကာင့္ မုယြီ႕က်င္း ကို ပိုၿပီး စိတ္တိုလာသည္။ အဲ့ဒါေၾကာင့္ စပီကာ ဖြင့္ထားတဲ့ ဖုန္းကို နား နား ထပ္ကပ္ၿပီး ေအာ္ ေပးလိုက္ေတာ့သည္။

' မင္း ဘာသာ မင္း ျပန္တာကို ျပန္ေလ။ ေရွာင္း က ျပန္ခ်င္တယ္ဆိုရင္ေတာင္ ငါနဲ႔ပဲ ျပန္ရမွာ။'

' အဲ ... ဝမ္ ... ဝမ္သခင္ေလး ...။'

' ဟုတ္တယ္ ငါ ...။ မင္း ခုန ေျပာေနကတည္းက ငါ အကုန္ ၾကားတယ္။ ငါ့ ကိစၥက ဖိုးဖိုး သိသြားလည္း ကိစၥ မရွိဘူး။ ဒါေပမယ့္ မင္း ျပန္မယ့္ ကိစၥ က ေရွာင္း ကို အတူေခၚသြားခ်င္တယ္ဆိုရင္ေတာ့ ငါနဲ႔ ပတ္သက္သြားၿပီ။'

' ဒါဆို ... မေခၚ မေခၚေတာ့ပါဘူး။ ဒါပဲေနာ္။ ဖုန္းခ်ေတာ့မယ္။'

ရိေပၚ ဖုန္းကို ဆိုဖာေပၚ ပစ္ခ်လိုက္ၿပီး သူ႔ဖုန္းကိုလည္း စားပြဲေပၚ ျပန္ပစ္တင္လိုက္သည္။ ထ သြားမလို႔ လုပ္ေတာ့ ေရွာင္း က ဆြဲထားတာ ခံလိုက္ရသည္။

' အဲ့ဒါက ဘာျဖစ္တာလဲ ...။ ၿပီးေတာ့ ခုန ဖုန္းလာတာက ဘယ္သူ ဆက္လာတာမို႔ မကိုင္တာလဲ ...။'

' ဘာျဖစ္ရမွာလဲ ... ခုန မုယြီ႕က်င္း က  အိမ္ျပန္ဖို႔ ေခၚတာကို လိုက္ျပန္ခ်င္ေနတာ မလား။'

' မျပန္လို႔ ဒီမွာပဲ တစ္သက္လုံး ေနရမွာလား။ ၿပီးေတာ့ ခင္ဗ်ားလည္း တ႐ုတ္ကို ျပန္ရမွာပဲေလ ...။'

' အခုေတာ့ ခင္ဗ်ား လို႔ ျပန္ျဖစ္သြားျပန္ၿပီလား ...။'

ေရွာင္းက်န္႔ ရိေပၚရဲ႕ စကားေၾကာင့္ မ်က္ေစာင္းထိုးလိုက္ၿပီး ...

' ကိုကို ေခၚေတာ့ က်ေနာ့္ ကို ညင္သာ ေပးလို႔လား ...။ စိတ္ ပိုႂကြတယ္ဆိုၿပီး အစား ခံေနရတာပဲေလ။ အဲ့ဒါေၾကာင့္ မေခၚေတာ့ဘူး...။'

' လက္ထပ္ၿပီးရင္ေတာ့ ေခၚရမယ္ ...။'

' အဲ့ဒါ ခဏ ထား ...။ အခု ခင္ဗ်ားရဲ႕ အဖိုး သာ သိသြားရင္ ဘယ္လို ေျဖရွင္းမလဲ ဆိုတာပဲ အရင္ စဥ္းစားအုံး ...။'

' ဘယ္လို ေျဖရွင္း ရမွာလဲ? ကိုယ္ စကား အကုန္ ေျပာထားၿပီးသားေလ။ ကိုယ္က မင္းနဲ႔မွ မဟုတ္ရင္ ဘယ္သူ႔ကိုမွ လက္မခံႏိုင္ဘူးဆိုတာ။'

' အဲ့ေတာ့ ... တကယ္လို႔ ခင္ဗ်ားသာ ေယာက်ာ္း တစ္ေယာက္ကို အိမ္ေထာင္ဖက္ အျဖစ္ မေ႐ြးခ်ယ္ရင္ ၿပီးေရာ ...။ ခင္ဗ်ား ဘယ္သူနဲ႔မွ လက္ထပ္ စရာ မလိုပဲ တစ္ေယာက္တည္းပဲ ေနသြားခိုင္းရင္ ဘယ္လိုလုပ္မလဲ ...။'

' မြ ...။'

ရိေပၚ ေရွာင္း ရဲ႕ နဖူးေလးကို တစ္ခ်က္ နမ္းလိုက္ရင္း ...

' ဒါဆို ကိုယ္ စကားကို ထပ္ျဖည့္ေျပာလိုက္မယ္...။ မင္း နဲ႔မွ အတူမေနရရင္ ကိုယ္လည္း ရွင္လ်က္နဲ႔ ေသသြားသလိုပဲ လို႔ ...။'

' အဟြန္း ...။'

ေရွာင္းက်န္႔ ရင္ခုန္စရာ စကား ၾကားရေတာ့လည္း ႏႈတ္ခမ္းက ခပ္လြန္႔လြန္႔ နဲ႔ မ်က္ႏွာကလည္း ၿဖီး သြားရသည္။

ရိေပၚ ခ်စ္စရာ ေကာင္းေအာင္ လုပ္ျပေနတဲ့ ေရွာင္း ကို စခ်င္လာတာေၾကာင့္ ခါး မွာ လက္ လ်ိဳၿပီး ကပ္သြားေအာင္ ဆြဲဖက္လိုက္ရင္း ...

' ဘယ္လိုလဲ ... ကိုယ္ အရမ္း ခ်စ္တတ္တယ္ဆိုၿပီး ဆု မခ်ခ်င္ဘူးလား ...။'

' ႐ႊတ္ ...'

ေရွာင္းက်န္႔ သူ႔ ကို ေျပာလည္း ေျပာ မ႐ိုးမ႐ြ ျဖစ္ေအာင္ ပုခုံးစြန္းကိုလည္း နမ္းလာတဲ့ ရိေပၚေၾကာင့္ ပုခုံးကို တစ္ခ်က္ ခါ လိုက္ၿပီး ...

' ေတာ္ပါ ...။ က်ေနာ္တို႔ ျပန္သင့္ၿပီ။ ၿပီးေတာ့ ခုန မကိုင္လိုက္တဲ့ ဖုန္း က ဘယ္သူလဲ ...။ ခင္ဗ်ား အဖိုး လား ...။'

ရိေပၚ ေရွာင္း ေျပာမွ ဖုန္း ကို လွည့္ ယူလိုက္ၿပီး ...

' အဖိုး မဟုတ္ဘူး။ ျပင္သစ္ က အဖိုးအိုေလး ေဟာ္ရွင္း ...။'

' ဟုတ္လား ...။ မနက္ကလည္း သူ ဆက္လာၿပီးၿပီ မလား။ အခု ထပ္ဆက္လာတာ ဆိုေတာ့ အေရးႀကီးေျပာစရာ ရွိိလို႔ ထင္တယ္။ ျပန္ဆက္လိုက္ေလ။'

' မဆက္ေတာ့ဘူးေလ။ ကိုယ္တို႔ ျပန္ၾကေတာ့မွာပဲကို ...။'

' အင္း ...။ ဒါဆိုလည္း ခင္ဗ်ား ထ သြားေတာ့။'

' အတူတူ မ ထ ဘူးလား ...။ ကိုယ္ တစ္ေယာက္တည္း ထ ရင္ ဘာမွ ပါမွာ မဟုတ္ဘူးေနာ္ ...။'

ေရွာင္းက်န္႔ ရိေပၚ ရဲ႕ စကားေၾကာင့္ မ်က္ေစာင္း ထိုးလိုက္ၿပီး ေဘးမွာ ရွိတဲ့ ေခါင္းအုံးကို ဆြဲယူၿပီး လက္ထဲ ထိုးထည့္ေပးလိုက္သည္။

' အဲ့ဒါနဲ႔ ကာ သြား ...။ သြားေတာ့ ... သြား ...။'

ရိေပၚ မဆင္းခ်င္ ဆင္းခ်င္ နဲ႔ ကုတင္ေပၚက ဆင္းလိုက္ၿပီး ...

' ေရွာင္း ကလည္း အခု အခ်ိန္ကို ကိုယ္တို႔ ႏွစ္ေယာက္ရဲ႕ အႀကိဳ ဟန္းနီးမြန္း လို႔ သေဘာထားၿပီး တစ္ရက္ ႏွစ္ရက္ သုံးရက္ ေလာက္ ဒီမွာ ထပ္ေနၾကမယ္ေလ ...။'

' ဝမ္ ရိ ေပၚ !!!!.'

' အာ ... ေအာ္ လိုက္တာ ...။ သိပါၿပီ ။ သိပါၿပီ။ မေနေတာ့ဘူး။ ျပန္ၾကမယ္။ ဟုတ္ၿပီလား ...။'

ေရွာင္းက်န္႔ ေရခ်ိဳးခန္းထဲ ရိေပၚ ဝင္သြားတာနဲ႔ ထိ ထိ မထိ ထိ ကုတင္ ေပၚက လက္က်န္ ေခါင္းအုံး တစ္လုံးကို ယူၿပီး ထပ္ ပစ္ေပါက္ လိုက္သည္။

!!!! ဘုတ္ !!!!

~~~~~~~~

ေဟာ္ရွင္း သူ စာသင္ခ်ိန္ မရွိေတာ့ပဲ အတန္း ဆင္းလာၿပီ ျဖစ္တာေတာင္ သူ႔ကို ျပန္လာႀကိဳမယ့္ ဟုန္လုံ ဦးေလး က ေစာင့္ေနၾက ေနရာ မွာ မေတြ႕တာေၾကာင့္ ဟိုဟို ဒီဒီ နဲ႔ ေခါင္းလွည့္ၿပီး ေမွ်ာ္ေနသည္။

ေက်ာင္းဆင္းခ်ိန္ ျဖစ္တာေၾကာင့္ ေက်ာင္းသူ ေက်ာင္းသားေတြလည္း အလ်ိဳ လ်ိဳ ထြက္လာၾကသည္။

ေဟာ္ရွင္း ဟုန္လုံ ဦးေလး လာတဲ့ လမ္း ဘက္ လွည့္ေနရင္း နဲ႔ ဆန္႔က်င္ဘက္ ကို ျပန္လွည့္လာေတာ့ ေဘးမွာ မိန္းကေလး ၃ ေယာက္ က ကပ္ၿပီး လာရပ္ေနတာေၾကာင့္ လန္႔ သြားရသည္။

' ဟင္ !!!.'

ေကာင္မေလး သူ႔ကို ျမင္တာနဲ႔ မ်က္လုံးေတြ ျပဴးသြားၿပီး ပုခုံး ႏွစ္ဖက္ပါ ေျမႇာက္တက္ သြားတဲ့ ဝမ္ေဟာ္ရွင္း ကို ၾကည့္ၿပီး ႏႈတ္ခမ္းကို ကိုက္ပစ္လိုက္သည္။ ဒင္းကမ်ား လူ ကို လာလန္႔ေနရေသးတယ္။

' ေဟ့ ... မင္း ငါ့ကို ျမင္တာနဲ႔ လန္႔သြားရေအာင္ ငါ့႐ုပ္က မဆိုးေသးဘူး။'

ေဟာ္ရွင္း အဲ့ေတာ့မွ ေကာင္မေလး ကို အားနာသြားသည္။

' အာ ... ေဆာရီး။ ငါက မင္း ႐ုပ္ဆိုးလို႔ လန္႔တာ မဟုတ္ပါဘူး။ ႐ုတ္တရက္ ျမင္လိုက္လို႔ ပါ။ ငါ့အနား လူ ရွိမယ္ မထင္လို႔ေလ။'

ေကာင္မေလး အဲ့ေတာ့မွ အနည္းငယ္ ေက်နပ္သြားၿပီး လက္ပိုက္ၿပီး ေမးဆတ္လိုက္ကာ ...

' ထားေတာ့ ...။ မင္း ငါ့ကို သိလား ...။'

ေဟာ္ရွင္း ေခါင္းပဲ ခါျပလိုက္သည္။ တကယ္လည္း သူ မသိပါ။

' ငါ ထင္ပါတယ္။ မင္း ငါ့ကို သိမွာ မဟုတ္ဘူးဆိုတာ။ ဒါေပမယ့္ မသိလည္း ကိစၥ မရွိဘူး။ ငါ အခု လာတာက Knight အေၾကာင္း လာေျပာခ်င္တာ...။'

ေဟာ္ရွင္း သူ႔ဆီ လာၿပီး Knight အေၾကာင္း လာေျပာခ်င္တယ္ ဆိုတဲ့ မိန္းကေလးေၾကာင့္ ေၾကာင္သြားရသည္။ သူက Knight ရဲ႕ အုပ္ထိန္းသူ မွ မဟုတ္တာကို ...။

ေကာင္မေလး သူ ေျပာလိုက္မွ ေၾကာင္ေတာင္ေတာင္ ပုံစံ ျဖစ္သြားတဲ့ တ႐ုတ္ေကာင္ ကို စိတ္မရွည္တဲ့ မ်က္ႏွာနဲ႔ ထပ္ၾကည့္ရင္း ...

' ခုတေလာ Knight က မင္း ကို ခဏ ခဏ ကာကြယ္ေပးမယ့္ စကား ေျပာေနတာ မလား။ ၿပီးေတာ့ သူက မင္းနဲ႔ပဲ အတူသြား၊ အတူစား ၊ အတူထိုင္တယ္။ ငါ့လို သူနဲ႔ ေစ့စပ္ထားတဲ့ လူကိုက် ပစ္ထားတယ္။ အဲ့ဒါေၾကာင့္ မင္း သူနဲ႔ ကင္းကင္း ေနဖို႔ လာေျပာတာ။'

ေဟာ္ရွင္း ခုမွ အလုံးစုံ နားလည္သြားတယ္။ လက္စသတ္ေတာ့ သူ နဲ႔ knight ကို အထင္လႊဲေနတာပဲ။ ျဖစ္ရေလ ...။

' အဟင္း ...။'

' မင္း ဘာရယ္တာလဲ ...။ ငါ့ကို ေလွာင္တာလား ...။'

ေဟာ္ရွင္း သူ႔ဘာသာ ေတြးရင္း ရယ္ခ်င္တာကို အျပင္မွာ အသံ တကယ္ ထြက္သြားမွန္း သတိမထားမိပါ။ အခု ေကာင္မေလး ေျပာလာေတာ့မွ အျမန္ ျပန္ေျဖရွင္းလိုက္သည္။

' မဟုတ္ဘူး ...။ မဟုတ္ဘူး ...။ ငါ မင္းကို ေလွာင္တာ မဟုတ္ဘူး။ မင္း အထင္ လႊဲတာကို ရယ္ခ်င္တာ။

ငါ နဲ႔ Knight က ဒီတိုင္း အတန္းေဖာ္ သူငယ္ခ်င္းပါ။ ၿပီးေတာ့ သူကလည္း ငါ့ကို သေဘာက်ေနတာမ်ိဳး မဟုတ္ပါဘူး။'

' ဒါေပမယ့္ ငါ ၾကားေနရတာကေတာ့ Knight က မင္း နဲ႔ ကင္း ကို သဝန္တိုေနတာတဲ့။ အဲ့ဒါကေရာ ဘာအဓိပၸာယ္လဲ ...။'

' အမ္ !!!!.'

ေဟာ္ရွင္း ဒီတစ္ခါေတာ့ ဘာျပန္ေျပာရမွန္း မသိ ျဖစ္သြားသည္။ သူ ကာယကံရွင္ေတာင္မွ အဲ့လိုေတြ မၾကားမိပါဘူး။

ထိုစဥ္ ...

' ေဟာ္ရွင္း !!!.'

ေဟာ္ရွင္း နဲ႔ ေကာင္မေလး ၃ ေယာက္ အသံ လာရာ ဆီကို လွည့္ၾကည့္ေတာ့ သူတို႔ဆီကို ေက်ာပိုးအိတ္ ေဘး လြယ္ထားတာကို ျပဳတ္က်မွာ စိုးလို႔ လက္ တစ္ဖက္ ထိန္းကိုင္ရင္း စိုးရိမ္ေနတဲ့ မ်က္ႏွာနဲ႔ ေျပးလာေနတဲ့ ကင္း ...

' ကင္း !!!!.'

ေကာင္မေလး ေတြကေတာ့ တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ ၾကည့္ၿပီး ငါတို႔ ထင္ထားတဲ့ အတိုင္းပဲ ဆိုတဲ့ မ်က္ႏွာ ပုံစံနဲ႔ ကင္း ကို မ်က္စ ပစ္ ၾကည့္ေနၾကသည္။

ကင္း ကေတာ့ ေဟာ္ရွင္း ကို သူမ်ား ေႏွာင့္ယွက္မွာ စိုးရိမ္တာ တစ္ခုတည္းနဲ႔ ေဘးမွာ သူ႔ကို ဘယ္လိုေတြ ၾကည့္ၿပီး ဘယ္လိုေတြ ေဝဖန္ေနတယ္ဆိုတာ ဂ႐ုမစိုက္အားပါ။

' ေဟာ္ရွင္း ... ဘာျဖစ္သြားေသးလဲ ...။'

ေဟာ္ရွင္း သူ႔ ကို ေရွ႕ ေနာက္ ဟိုဟို ဒီဒီ လွည့္ၾကည့္ရင္း ေမးလာတဲ့ ကင္း ရဲ႕ စကား ကို နားမလည္ပါ။

' ငါက ဘာျဖစ္ရမွာလဲ ...။'

' မသိဘူးေလ။ မင္း ေႏွာင့္ယွက္ ခံရျပန္ၿပီ ထင္လို႔ ...။'

' အာ ... မဟုတ္ပါဘူး။'

ေကာင္မေလး ကေတာ့ ကင္း ရဲ႕ အမူအရာ ေတြ ၾကည့္ၿပီး သူ႔ လူ အတြက္ သူ႔ဘာသာ သူ ေသခ်ာေနပါတယ္။

အဲ့ဒါေၾကာင့္ ကင္း ကို မဲ့႐ြဲ႕ ၾကည့္ရင္း သူ႔ သူငယ္ခ်င္း ႏွစ္ေယာက္ ကို ေခၚၿပီး ထြက္သြားပါေတာ့သည္။

ကင္း သူ႔ေဘးက ထြက္သြားတဲ့ ေကာင္မေလး ၃ ေယာက္ကို ၾကည့္လိုက္ၿပီး ...

' မင္း ကို သူက ဘာလာေျပာတာလဲ ...။ မင္း မေက်နပ္ရင္ ငါ့ကို ေျပာ။'

' ဘာမွ မဟုတ္ပါဘူး။ အဲ့တစ္ေယာက္က Knight နဲ႔ ေစ့စပ္ထားတယ္လို႔ ေျပာတယ္။'

' ဟုတ္တယ္။ အဲ့ဒါေၾကာင့္ Knight မင္း အနား ကပ္ၿပီး ဘာလို႔ တိုေနတာလဲ ငါ စဥ္းစား မရတာ။ သူ႔မွာ ေစ့စပ္ထားတဲ့ ေကာင္မေလး ရွိတာ ငါ သိၿပီးသား။ သူတို႔ မိဘ ႏွစ္ဖက္က ေမြးလာလို႔ မိန္းကေလး ေယာက်ာ္းေလး မတူရင္ ေပးစားမယ္လို႔ ဗိုက္ႀကီးကတည္းက ေျပာထားတာတဲ့ ...။'

ေဟာ္ရွင္း ကင္း ေျပာမွ သေဘာက်စြာ ၿပဳံးမိသြားသည္။ ႏိုင္ငံျခားမွာ အသက္ ၁၈ ျပည့္တာနဲ႔ လြတ္လပ္ခြင့္ ေပးတယ္ဆိုတာ တကယ္ပါပဲလား ...။

' ေနာက္ဆို ဘာျဖစ္ျဖစ္ ငါ့ကို ဖုန္းဆက္ ...။ ေပး ... မင္း ဖုန္း ...။'

ေဟာ္ရွင္း သူ႔လက္ထဲ ကိုင္ထားတဲ့ ဖုန္းကို ေျပာလည္း ေျပာ၊ ဖ်တ္ခနဲ ဆြဲယူ သြားတဲ့ ကင္း ရဲ႕ အျပဳအမူ ေၾကာင့္ ပါးစပ္ အေဟာင္းသားနဲ႔ ရပ္ၾကည့္ေနလိုက္ရသည္။

ကင္း ဖုန္းထဲ လုပ္စရာ ရွိတာ လုပ္လိုက္ရင္း ...

' ေရာ့ ... ငါ့ဖုန္းနံပတ္လည္း ထည့္ထားတယ္။ မင္း ဖုန္းနံပတ္လည္း ငါ ယူထားၿပီ။ အဲ့ဒါေၾကာင့္ တစ္ခုခုဆို ငါ့ကို အရင္ဆုံး သတိရပါ။'

ေဟာ္ရွင္း လူႀကီးေလးလို ေျပာလာတဲ့ ကင္း ကို မ်က္ဝန္း ေမွးစင္းၾကည့္ရင္း စ ခ်င္လာသည္။

' မင္း ကို သတိရၿပီး ဆက္ေတာ့ေရာ ... မင္း အိမ္က လူ တစ္ေယာက္ ေယာက္ လိုက္မပို႔ေပးရင္ မင္း ငါ့ဆီ ဘယ္လို လာမလဲ ...။'

' အဲ့ဒါေၾကာင့္ ငါ အခု ဆိုင္ကယ္ ခိုး ေမာင္း သင္ေနတယ္။'

ေဟာ္ရွင္း ဒီတစ္ခါေတာ့ မ်က္ဝန္းေတြ တကယ္ ျပဴးသြားရသည္။ အသက္ ၁၄ ႏွစ္ ၁၅ ႏွစ္ေတာင္ မျပည့္ေသးတဲ့ ကေလး က ဆိုင္ကယ္ ခိုးစီးေနတယ္။

' မင္း အစ္ကို သိရင္ ဘယ္လို လုပ္္မလဲ ...။'

' မသိပါဘူး။ ကိုႀကီး က သူ႔ အလုပ္ေရာ မာမီ ရဲ႕ ကိစၥနဲ႔ေရာ ရႈပ္ေနတာ ...။'

ထိုစဥ္ ...

' တင္း တင္ ... တင္း တင္ ...။'

ေဟာ္ရွင္း သူ႔လက္ထဲမွာ ကိုင္ထားတဲ့ ဖုန္းက ျမည္လာတာေၾကာင့္ ၾကည့္ၿပီး တန္းကိုင္ လိုက္သည္။

' ဟုန္လုံ ဦးေလး ...။'

ကင္း လည္း ဖုန္းထဲက အသံ ၾကားေအာင္ နားကို ပိုကပ္ၿပီး စြင့္လိုက္ေပမယ့္ မၾကားရပါ။

' ဟာ ... ဒါဆို ေနာက္က်မွာေပါ့ ...။'

' ......'

' ဟုတ္ကဲ့ ...။ က်ေနာ္ တက္စီ ငွါးၿပီးေတာ့ပဲ ျပန္လိုက္ေတာ့မယ္။'

' ......။'

' အာ ... ရပါတယ္။ က်ေနာ္ ေလးေလး ရိေပၚ ကို ေသခ်ာ ေျပာလိုက္ပါ့မယ္။ ဟုန္လုံ ဦးေလး သာ ကား ကို ဝပ္ေရွာ့ ေခၚျပလိုက္။'

' ....။'

' ဟုတ္ ...။ ဒါဆို က်ေနာ္ ဖုန္း ခ်ၿပီ။'

ကင္း ေဟာ္ရွင္း ဖုန္း ေျပာၿပီးတဲ့ထိ ေစာင့္လိုက္ရင္း ...

' ဘာျဖစ္လို႔လဲ ...။ မင္း အိမ္က လာ မႀကိဳေတာ့ဘူးလား ...။'

ေဟာ္ရွင္း ဖုန္း ကို လြယ္အိတ္ထဲ ထည့္လိုက္ၿပီး ဇစ္ ပ္တ္ရင္း ...

' အင္း ...။ လမ္းမွာ ကား ပ်က္သြားလို႔တဲ့ ...။ ဒီကို ေရာက္လာရင္ေတာင္ ေနာက္က်မွာ။'

' ဒါဆို ကား မငွါးနဲ႔။ ငါ နဲ႔ လိုက္ျပန္ လိုက္။ ငါ မင္း အိမ္ထိ လိုက္ပို႔ေပးမယ္။'

' ရပါတယ္။ မင္း လည္း မင္း ရဲ႕ ကိုယ္ပိုင္ အခ်ိန္မွာ သီးသန္႔ ေနခ်င္မွာေပါ့။ ငါ ကား ပဲ ငွါး ျပန္လိုက္မယ္။'

ကင္း ခုန သူ႔စကားကို အကုန္ ေမ့လိုက္ၿပီ ျဖစ္တဲ့ ေဟာ္ရွင္း ေၾကာင့္ ဘာမွ ရွည္ရွည္ ေဝးေဝး ထပ္မေျပာေတာ့ပဲ ေဟာ္ရွင္း ရဲ႕ အိတ္ကို ပုခုံးကေန ျဖဳတ္ယူလိုက္သည္။

ၿပီးတာနဲ႔ ကား ေတြ တန္းစီ ရပ္ထားတဲ့ နားမွာ ကား ကို မွီၿပီး ရပ္ေနတဲ့ သူ႔ လူ ကို လက္ျပၿပီး ေခၚလိုက္သည္။

ကား က မနီးမေဝးမွာ ရပ္ထားတာ ျဖစ္တာေၾကာင့္ ခဏေလးမွာပဲ အနား ေရာက္လာသည္။

!!! ကလစ္ !!!

ကင္း ေနာက္ခန္း တံခါး ဖြင့္ၿပီး ေဟာ္ရွင္းရဲ႕ အိတ္ကို အရင္ ပစ္သြင္းလိုက္ၿပီး ခုထိ ေၾကာင္ရပ္ၿပီး ၾကည့္ေနတဲ့ ေဟာ္ရွင္း ကို ဆြဲေခၚလိုက္သည္။

' လာ ... ကား ေပၚ တက္။ ငါ မင္းကို အိမ္အထိ လိုက္ပို႔ေပးမယ္။'

ေဟာ္ရွင္း တစ္ခုခု တုန္႔ျပန္ဖို႔ သတိရခ်ိန္မွာေတာ့ ကား ထဲ ေရာက္ေနရၿပီ ျဖစ္ၿပီး ကင္း က သူ႔ေဘးမွာ ထိုင္ေနခဲ့ၿပီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.01.16 ( Tue ) ဝမ္ နဲ႔ ေရွာင္း ကေတာ့ သူတို႔ တူေလး ကို ပစ္ထားေနၾကၿပီ။

Continue Reading

You'll Also Like

7.5K 236 35
When you get transported into your favorite anime the last thing you expected was to end up being a weapon of the port mafia aswell as gaining the at...
4.5K 633 14
ဒါလေးက သူငယ်ချင်းရေးတာလေးပါ...သူ့accကပျက်သွားလို့ ကိုယ်ကအစားထိုးတင်ပေးတာပါ
51.4K 3.7K 68
တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆီးလို့မရတဲ့အရာ - ကန့်သတ်လို့မရတဲ့အရာ - ထ...
91K 807 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။