လင်းဖန် 145+146
အခန်း(၁၄၅) အားလုံးလေးစားကြတဲ့ ရုပ်ရှင်ဘုရင်လို သရုပ်ဆောင်စွမ်းရည်များ
လုပမ်ခိုင်းက ဆက်ပြောသည်။ "ညီလေးဖန် မင်းရဲ့ ဒါရိုက်တာစွမ်းရည်က ငါမြင်ဖူးသမျှ ဘယ်သူ့အောက်မှ မကျဘူး။"
"မင်းက ရှိုးထဲမှာ အကောင်ဆုံး အာနိသင်ရဖို့ သရုပ်ဆောင်ကို ဘယ်လိုအနေအထားမျိုး ထားရမလဲဆိုတာ သိတယ်။ ဇာတ်ဝင်ခန်းတွေကို ကူးပြောင်းတဲ့အခါ၊ ကင်မရာတွေကို ထိန်းချုပ်တဲ့အခါ၊ တည်နေရာတွေကို ပြောင်းလဲတဲ့အခါ မင်းရဲ့ ကျွမ်းကျင်မှုတွေက ထိပ်တန်းအဆင့်ပဲ။ မင်းက ဇာတ်ညွှန်းရေးလည်း တော်တယ်။ ငါတို့အားလုံး မင်းကို အများကြီး လေးစားအားကျကြတယ်။"
"ယွဲ့ဟွာဖျော်ဖြေရေးက ဒီတစ်ခေါက် တစ်ခါမှ မကြုံဖူးတဲ့ ကပ်ဘေးတစ်ခုကို ကြုံခဲ့ရရင်တောင်၊ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' မှာ ရင်းနှီးမြှုပ်နှံဖို့ ဘယ်သူမှ မရှိရင်တောင် လုပမ်ခိုင်းဆိုတဲ့ ငါက မင်းကို ယုံကြည်ပါတယ်ကွာ။"
"ဒီရုပ်သံဒရမ်မာ ရေပန်းစားလာလိမ့်မယ်လို့လည်း ယုံကြည်မှုရှိတယ်။ ဟွာစဲရုပ်ရှင်က ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာတွေထက်တောင် ပိုရေပန်းစားလာနိုင်တယ်။"
လုပမ်ခိုင်းက လင်းဖန်ကို ရင်ထဲ နက်နက်ရှိုင်းရှိုင်း လေးစားခဲ့တာ ကြာပါပြီ။
သူ ဒါရိုက်တာလောကထဲ ရောက်နေတာ ကြာပြီ။ လင်းဖန်လောက် စွမ်းရည်ရှိသည့် ဒါရိုက်တာမျိုး ဘယ်တုန်းက ကြုံဖူးလို့လဲ။
ဒါက ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။ လုပမ်ခိုင်း ဒီလို ခံစားခဲ့ရတာ ကြာပါပြီ။
သူ့အမြင်မှာတော့ လင်းဖန်က ဒုတိယ ဟုပြောလျှင် ဘယ်သူမှ ပထမနေရာကို ယူရဲကြမှာ မဟုတ်ပါ။
ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားနေရသည့် အကြောင်းအရင်းရှိသည်။
လင်းဖန်က သော့ချက် ဖြစ်ပါသည်။
"ကျွန်တော့်ကို ပြောပါ။ ကျွန်တော့်ကို မေးစရာရှိရင် ချီးကျူးစရာ မလိုပါဘူးဗျာ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူ လုပမ်ခိုင်းကို ဓာတ်ဆားရေတစ်ဗူး ပေးလိုက်ပါသည်။
လုပမ်ခိုင်း ဓာတ်ဆားရေကို ယူလိုက်ကာ လင်းဖန်ကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်ပါသည်။ "ညီလေးဖန်။ တစ်နေ့ကျရင် မင်းရုပ်ရှင်လောကထဲ ဝင်လာနိုင်မယ်လို့ မျှော်လင့်မိတယ်။ အဲ့တာဆို နယ်ပယ်အသစ်တစ်ခု ဖြစ်လာမှာပဲ။”
"ပြီးတော့ ဇာတ်ကားတစ်ကားကို ရိုက်ကူးတာက ရုပ်သံဒရမ်မာတစ်ခု ရိုက်ကူးတာထက် အမြတ်တွေ အများကြီး ပိုရတယ်။ ငါက ဒါရိုက်တာပဲ လုပ်တတ်တဲ့ သာမန်လူတစ်ယောက်ပါကွာ။ ငါ့အစွမ်းအစတွေက ထင်သလောက် မကောင်းတာ ငါသိပါတယ်။ ဒါပေမယ့် အိပ်မက်တစ်ခုတော့ ရှိတယ်။ ငါလက်ရာမြောက်တဲ့ ရုပ်ရှင်တွေကို ရိုက်ကူးချင်တယ်။ အဲ့တာတွေကို ပြည်တွင်းမှာ ဖြန့်ချိပြီး နိုင်ငံခြားပရိတ်သတ်တွေကပါ ချီးကျူးတာမျိုး ခံရချင်တယ်။”
"တရုတ်မှာ ရာဇဝင် နှစ် ၅,၀၀၀ ရှိတယ်။ ကျယ်ပြောတဲ့ သမိုင်းကြောင်း နှစ် ၅,၀၀၀ ကြီးများတောင် ရှိတယ်။ ပြီးတော့လည်း တရုတ်က ကမ္ဘာကြီးပေါ်မှာ ဒုတိယ စီးပွားရေး အကျယ်ပြန့်ဆုံး နိုင်ငံတစ်ခုပဲ ငါဂုဏ်ယူပါတယ်။"
"ညီလေးဖန် ဒီဆိုရိုးစကားကို အရင်က ကြားဖူးမလားတော့မသိဘူး။ လူငယ်တွေ အားကောင်းရင် တိုင်းပြည်တိုးတက်မယ်တဲ့။"
"ငါတို့နိုင်ငံတော်ရဲ့ ရိုးရာနဲ့ ယဥ်ကျေးမှုကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ ရုပ်ရှင်တွေက သေချာပေါက် အရေးပါတာပေါ့။ ဒါပေမယ့် ပြည်တွင်းရုပ်ရှင်တွေမှာ တစ်နှစ်ကို ကားကောင်း တစ်ကား ထုတ်နိုင်ဖို့တောင် ခက်ခဲတယ်။ လက်ရာတချို့ကို ထုတ်လုပ်နိုင်ရင်တောင် နိုင်ငံခြားကားတွေက လုံးဝ အနိုင်ယူသွားနိုင်တယ်။ နိုင်ငံခြား ဂန္တဝင်ဇာတ်ကားကြီးတွေဆိုရင် ပြောမနေပါနဲ့တော့။”
"အခု နိုင်ငံခြားသားတွေ ငါတို့ကို အထင်သေးရုံတင်မကဘူး ငါတို့ နိုင်ငံသားတွေကပါ ငါတို့ ရုပ်ရှင်လောကကို အထင်သေးနေပြီ။ ဒီတိုင်းသာ အချိန်ကြာကြာ ဆက်သွားမယ်ဆိုရင် ငါတို့ ပြည်တွင်း အနုပညာလောကထဲကို နိုင်ငံခြားသားတွေ ကျူးကျော်လာလိမ့်မယ်။ အဆုံးသတ်ရလဒ်ကတော့ စစ်ပွဲထက်တောင် ကြောက်ဖို့ ကောင်းလိမ့်မယ်။"
"နိုင်ငံခြား တိုင်းပြည်တွေက ငါတို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရုပ်ရှင်တွေ၊ စီးရီးတွေနဲ့ တခြား ယဥ်ကျေးမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ လွှမ်းမိုးသွားမယ်ဆိုရင် ဒီလို ယဥ်ကျေးမှုဆိုင်ရာ ကျူးကျော်မှုက ကြောက်ဖို့ အကောင်းဆုံးပဲကွ။"
လုပမ်ခိုင်း၏ မျက်နှာထားက လေးနက်နေကာ ဆက်ပြောလိုက်သည်။ "ညီလေးဖန် မင်းငါပြောနေတာကို နားမလည်နိုင်လောက်ဘူး။ ငါမင်းကို ရိုးရှင်းတဲ့ သာဓကတစ်ခု ပေးမယ်။ ဟိုးရှေးခေတ်ကတည်းက ငါတို့နိုင်ငံတော်ရဲ့ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ ဆောင်းလယ်ပွဲတော် အစရှိတဲ့ပွဲတော်တွေမှာ အဓိပ္ပာယ်ရှိကြတယ်။"
"ဒါပေမယ့် ဒီခေတ်လူငယ်တွေက ဘယ်လို ပွဲတော်တွေကို ကြိုက်ကြလဲသိလား။ ချစ်သူများနေ့တို့၊ အဖြူနေ့တို့၊ အမည်းနေ့တို့လို နိုင်ငံခြား ပျော်ပွဲရွှင်ပွဲတွေက ငါတို့နိုင်ငံထဲမှာ ပိုပြီး ရေပန်းစားလာတယ်။"
"အဲ့တာက ယဥ်ကျေးမှု လွှမ်းမိုးခြင်းရဲ့ သက်ရောက်မှုတစ်ခုပဲ။ နောက်ဆယ်စုနှစ် အနည်းငယ်လောက်ကြာရင် ငါတို့ နိုင်ငံတော်က ကလေးတွေက အယ်လ်ထရာမန်း၊ မာဗယ်၊ အိုင်းရွန်းမန်းတွေကိုပဲ ကြိုက်ကြလိမ့်မယ်။ အဲ့တာ ဘာပြဿနာမှ မရှိပါဘူး။"
"ဒါပေမယ့် ငါတို့ ပြည်တွင်းထုတ်တွေ ဘယ်ရောက်ကုန်လဲ။"
"ငါတို့ တရုတ်ယဥ်ကျေးမှု သမိုင်းကြောင်း နှစ် ၅,၀၀၀ စာလောက် ဘယ်ရောက်သွားလဲ။"
"အကုန်လုံးကို နိုင်ငံခြား ယဥ်ကျေးမှုတွေက ကျူးကျော်သွားရင် ငါတို့ တရုတ်ယဥ်ကျေးမှုကို ဘယ်လိုလုပ် လက်ဆင့်ကမ်းနိုင်တော့မှာလဲ။"
"ညီလေးဖန် ငါပြောတာက အရမ်းခမ်းနားပြီး လက်တွေ့မဆန်ဘူးလို့ ထင်ရနိုင်တယ်။ ဒါပေမယ့် ငါတကယ်ထင်တာပါ။"
"မင်းတစ်ယောက်တည်းမှာပဲ ရုပ်ရှင်လောကထဲဝင်ပြီး ရုပ်ရှင်လောကရဲ့ ရေသေကို ပြောင်းလဲနိုင်မယ့် အစွမ်းအစရှိတယ်။ Animation ရေသေတွေလည်း ရှိသေးတယ်။ ငါတို့ ပြည်တွင်းရုပ်ရှင်တွေကော ကာတွန်းတွေကော၊ ရုပ်သံအစီအစဥ်တွေကောာ ဘာမှ နိုင်ငံခြားတွေကို မယှဥ်နိုင်ဘူး။”
"စစ်ကားတွေကိုပဲ ဥပမာ ယူကြည့်လိုက်စမ်းပါ။ ပြည်တွင်း စစ်ကားတွေက ပေါကားတွေလိုပဲ။ ဂျပန်တွေကို တစ်စစီ ဆုတ်ဖြဲပြီး ကျည်ဆံတွေကို လက်ဗလာနဲ့ ဖမ်းပြတယ်။ ဒါပေမယ့် နိုင်ငံခြားစစ်ကားတွေက လူတွေကို စစ်ပွဲကို တကယ်ကြောက်သွားအောင် ရသပေးနိုင်တယ်။" လုပမ်ခိုင်းက လင်းဖန်ကို စကားတွေ အများကြီး ပြောလိုက်ပါသည်။
လင်းဖန် ဒါကို ကြားသောအခါ လုပမ်ခိုင်း၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။
"လုပမ်ခိုင်း ကျွန်တော်တို့ ပြည်တွင်းရိုးရာ ယဥ်ကျေးမှုတွေကို ယုံကြည်မှု ရှိရမယ်လေ။”
"ရုပ်ရှင်လောကကတော့ တကယ်ပဲ ရေသေအိုင်တစ်ခု ဖြစ်နေတာ မှန်ပါတယ်။ ခင်ဗျားပြောတာကို မှတ်ထားပါ့မယ်။ အခွင့်အရေးရခဲ့ရင် ကျွန်တော်ရုပ်ရှင်လောကထဲဝင်ပြီး ရုပ်ရှင်လောကကို တစ်ချက်လောက် သွားကြည့်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လေး ရုပ်ရှင်ကောင်း ထုတ်လုပ်ဖို့ စိတ်ကူးရှိတာပဲလေ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန်က အနုပညာလောကမှာ ရေပန်းစားမှုနဲ့ ငွေတို့သာ ရှိသည်ဟု ထင်ခဲ့သည်။
တကယ်ပဲ ထိုကဲ့သို့ လူတွေ အများကြီး ရှိပါသည်။
သို့သော်လည်း လင်းဖန်အပြင် ဒီလိုလူကောင်းတစ်ယောက်လည်း ရှိပါသေးသည်။
ထို့ကြောင့် လင်းဖန် ဝမ်းသာသွားသည်။
သူ့မှာ အစွမ်းအစရှိပါက သူလည်း ရုပ်ရှင်လောကထဲသို့ ဝင်လာမည်ဖြစ်သည်။
ထိုယဥ်ကျေးမှု လုပ်ငန်းများကို အသာထားဦး ငွေရဖို့အတွက်ပင် သူရေပန်းစားသည့် ရုပ်ရှင်တစ်ခုကို ရိုက်ကူးနိုင်ပါက သေချာပေါက် ရုပ်သံဒရမ်မာများအောက် မနည်းနိုင်ပါ။
လင်းဖန်က သူ့ကိုယ်သူ ကမ္ဘာကြီးကို ကယ််တင်နိုင်သူဟု မထင်ပါ။
သူသာ ငွေရမည်ဆိုလျှင် သေချာပေါက် ကြိုးစားကြည့်ပါမည်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံ၏ ရိုးရာယဥ်ကျေးမှုကို အဆင့်မြှင့်တင်ပေးရာလည်း ကျမည်။
ဘာပဲဖြစ်ဖြစ် သူ တရုတ်ယဥ်ကျေးမှုများကို အဆင့်မြှင့်တင်ပေးချင်ပါက တစ်ယောက်တည်း လုပ်လို့တော့ မရတာ သေချာသည်။ ဒါက မျိုးဆက်တစ်ဆက် သို့မဟုတ် မျိုးဆက်ပေါင်းများစွာအထိ လိုအပ်သည်။
နောက်တစ်နေ့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရိုက်ကူးရေး နောက်တစ်ရက်စတင်ပါပြီ။
ဒီနေ့ဇာတ်လမ်းက အလွန်ချိုမြိန်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ချိုမြိန်သည့် သရုပ်ဆောင်စွမ်းရည်က အာားလုံးကို ပြုံးပျော်အောင် လုပ်နိုင်ခဲ့သည်။
"ချိုမြိန်လိုက်တာ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သရုပ်ဆောင် အရမ်းကောင်းကြတာပဲ။"
"ကောင်းလိုက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေ။ ငါ အထင်ကြီးသွားမိပြီ။ ဒီလောက် ပူပြင်းတဲ့ ရာသီဥတုကြီးမှာတောင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အနှောင့်အယှက် မဖြစ်ကြဘူး။ သူတို့ သရုပ်ဆောင်ရတာကို နစ်မျောနေကြတာ။"
"မြင်မြင်ချင်းချစ်မိ၊ ချက်ချင်း လက်ထပ်ပြီး အိပ်ယာပေါ်က ဇာတ်ဝင်ခန်းတွေကောပဲ... လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က မကောင်းဆိုးဝါးတွေလား။ သူတို့ ဒီလိုဇာတ်လမ်းမျိုးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းအောင် သရုပ်ဆောင်နိုင်ရတာလဲ။"
"အားးး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နမ်းနေကြပြန်ပြီ။ နောက်ထပ် အကြင်နာပေးခန်းပဲ။ ငါ မှင်သက်သွားပြီ။"
"အဲ့တာမှ သရုပ်ဆောင်စွမ်းရည်လို့ခေါ်တာ။ အစ်ကိုဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ သရုပ်ဆောင်စွမ်းရည်က လင်းခယ့်ရှင်းအောက် မနိမ့်ကျလောက်ဘူးလို့ ထင်တယ်။"
"ဟုတ်တာပေါ့။ အစ်ကိုဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က သာမန်လူတွေ ယှဥ်နိုင်တဲ့အရာမျိုးမှ မဟုတ်တာ။"
ဒီအချစ်ရေးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် အားလုံး အားပေးလိုက်ကြပါသည်။
ရိုက်ကူးရေးအဖွဲ့သားများထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးကို အရိပ်အကဲ နားလည်ပြီး လက်ခံသွားကြပါပြီ။
ရှားဝမ်ချွေ့ကို ဘယ်သူမှ ခိုးမကြည့်တော့ဘဲ မပိုးပန်းကြတော့ပါ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒရမ်မာထဲမှာ ဒီလောက်ချိုမြိန်နိုင်ပါက လက်တွေ့ဘဝမှာလည်း အလွန်ချိုမြိန်နိုင်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုတွင် ရှားဝမ်ချွေ့ အချစ်ရေးဇာတ်ဝင်ခန်းနဲ့ အကြင်နာပေးခန်းများစွာ မပါခဲ့ပါ။
သို့သော်လည်း ဒီ"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ထဲမှာတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်များက အားလုံးကို လေးလေးနက်နက် အံ့အားသင့်စေခဲ့ပါသည်။
သူတို့ရင်ထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တကယ့်ကို အကောင်းဆုံး သရုပ်ဆောင်များ ဖြစ်ကြပါသည်။ သူတို့က အပြစ်အနာအဆာ ကင်းလှပါသည်။
အခန်း(၁၄၆) ဒီဒရမ်မာကြောင့် ရိုက်ကူးရေးအဖွဲ့သားအားလုံး ဝမ်းနည်းသွားပြီ
ဘာမှန်းမသိလိုက်ဘဲ အချိန်များ ကြာသွားခဲ့သည်။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရိုက်ကူးရေးလည်း အဆုံးသတ်ဖို့ အချိန်ရောက်လာပြီ။။
လင်းခယ့်ရှင်း၏ "ကြယ်ဥယျာဥ်" ကိုလည်း မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးသွားခဲ့ပါသည်။
အင်တာနက်ပေါ်မှာလည်း ပွက်လောရိုက်သွားခဲ့၏။
ယခု သူတို့ နောက်ဆက်တွဲ တည်းဖြတ်ရေးများ ပြီးဆုံးဖို့သာ စောင့်နေပါတော့သည်။ ထို့နောက် ထုတ်လွှင့်နိုင်ဖို့ တင်ပြရကာ လုပ်ငန်းဆောင်တာများစွာ လုပ်ရပါဦးမည်။
ဒီနေ့က "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရိုက်ကူးရေး ပြီးဆုံးမည့်နေ့ ဖြစ်ပါသည်။
ဒီရုပ်သံဒရမ်မာ၏ နောက်ဆုံးဇာတ်သိမ်းကတော့ သေချာပေါက် ကြမ္မာဆိုး ဖြစ်သည်။
ဒီနေ့ ရိုက်ကူးရေးမစခင် သရုပ်ဆောင်အားလုံး ဇာတ်ကောင်မုဝင်အောင် အချိန်အကြာကြီး ကြိုးစားခဲ့ရ၏။
ရလဒ်အနေဖြင့် လင်းဖန်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အလွန်ဆိုးရွားလာခဲ့သည်။
ဒီအခန်းက ကြမ္မာဆိုးမှာ ဒရမ်မာတစ်ခုလုံး၏ ဝမ်းနည်းစရာ အကောင်းဆုံးနေရာ ဖြစ်လိမ့်မည်။
သရုပ်ဆောင်များက ဇာတ်ညွှန်း၏ အဆုံးသတ်ကို ဖတ်ကြည့်ရုံနဲ့ ငိုနေကြပါပြီ။
ဒီနေ့ သူတို့ အားလုံး အစွမ်းကုန် သရုပ်ဆောင်ကြတော့မည်။
ရိုက်ကူးရေးမစခင် လုပမ်ခိုင်းနှင့် တခြား ဝန်ထမ်းအားလုံး ပြင်ဆင်ထားပြီးသား ဖြစ်သည်။
နောက်ဆုံး ဇာတ်သိမ်းတွင် လူများစွာ သေဆုံးလိမ့်မည်။
သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်ကို အစမ်းသပ်ဆုံး နေရာများလည်း ရှိပေလိမ့်မည်။
အစပိုင်းတွင် လျို့ကျင်ယွမ်ဟု ခေါ်သည့် ဇာတ်ပို့တစ်ယောက် ရှိသည်။ သူက ဇာတ်လိုက်နဲ့ ထန်ယွိတို့ရှေ့ ရောက်လာခဲ့သည်။ သူ မသေခင် သူတို့အား လည်ဆွဲ၏ စွမ်းအင်အကြောင်း ပြောပြသွား၏။ စစ်မှန်သည့် ချစ်သူနှစ်ယောက်သာလျှင် လည်ဆွဲကို ထုတ်ပြီး ဆန္ဒပြုနိုင်လိမ့်မည်။ သို့သော် ဆန္ဒကြောင့် ရလဒ်ကြောင့် သူတို့ နှစ်ယောက် ငှက်အဖြစ် ပြောင်းလဲသွားကြလိမ့်မည်။
တစ်ဖက်မှာတော့ ကမ္ဘာကြီးကို ပြန်တည်ဆောက်မည်ဟူသော လမင်းခစားဂိုဏ်းသခင်က ရေမိစ္ဆာတစ်ကောင်ကို ဆင့်ခေါ်ကာ အကြီးစား ရေကြီးမှုတစ်ခုကို ဖန်တီးခဲ့သည်။
ခေါင်းဆောင်မင်းသားနှင့် မင်းသမီးတို့ဖြစ်ကြသော လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ သရုပ်ဆောင်ထားသည့် လီရှောင်းယောင်နှင့် ကျောက်လင်အာတို့က အတူတူပူးပေါင်းပြီး လမင်းခစားဂိုဏ်းသခင်ကြီးကို ခုခံခဲ့ကြသည်။
ဒါက အထူးပြုလုပ်ချက်များစွာ လိုအပ်သည့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။ သူတို့သုံးယောက်စလုံးမှာလည်း သရုပ်ဆောင်စွမ်းရည် ကောင်းမွန်ဖို့ လိုအပ်၏။
ဒီဇာတ်ဝင်ခန်းထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဖျော်ဖြေမှုက ပြီးပြည့်စုံသည်ဟုပင် ပြောနိုင်ပါသည်။
လမင်းခစားဂိုဏ်းသခင်ကြီး၏ သရုပ်ဆောင် စွမ်းရည်များကလည်း အလွန် အားကောင်းပါသည်။
တစ်ဖက်မှာတော့ အာ့နွီ ဟူသည့် ဇာတ်ကောင်နေရာတွင် လင်းကျင်းကျင်းက ပါဝင်သရုပ်ဆောင်ထားသည်။ သူမ၏ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းမွန်၏။ ဇာတ်လမ်းထဲတွင် သူမက အထိန်းချုပ်ခံရပြီး သူမအဖေကိုသတ်ကာ သူမ အချစ်ဆုံး ယောက်ျား၏ လက်ကို ချိုးပစ်ခဲ့ကြောင်း ပြန်မှတ်မိသွား၏။ သူမ နာကျင်လွန်းသဖြင့် ကိုယ့်ကိုယ်ကိုတောင် သတ်သေချင်သွားပါသည်။ သူမ အချစ်ဆုံး ယောက်ျားက သူမကို လာတားခဲ့ပါသည်။
လင်းကျင်းကျင်းက အာ့နွီအဖြစ် သရုပ်ဆောင်ပြီး ရှုယန်က ထန်ယွိအဖြစ် သရုပ်ဆောင်သည်။ အာ့နွီက ထန်ယွိ၏ ရင်ခွင်ထဲဝင်ကာ ငိုကျွေးခဲ့၏။ သူမ နာကျင်လွန်းသဖြင့် သေချင်မိသည်။ သူတို့နှစ်ယောက်၏ စိတ်ဝိညာဥ်ကို လှုပ်ခါနိုင်သော သရုပ်ဆောင်စွမ်းရည်များက လူများစွာကို နစ်မျောသွားစေပါသည်။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့၏ သရုပ်ဆောင်စွမ်းရည်များက အားလုံးကို ဆွဲဆောင်သွားခဲ့သည်။
ထိုအချိန်တွင် ဝန်ထမ်းအားလုံး၏ မျက်လုံးထဲ၌ မျက်ရည်များ ပြည့်နေပြီ ဖြစ်သည်။
အာ့နွီ၏ ရင်နာစရာ နာကျင်မှု၊ ထန်ယွိ၏ သူမအပေါ် ထားသော အချစ်၊ သူတို့နှစ်ယောက်အကြား ဆက်ဆံရေး ဖြစ်သည်။
ရှုယန်နှင့် လင်းကျင်းကျင်းတို့က ဇာတ်လမ်းထဲတွင် လုံးဝ ဈာန်ဝင်နေခဲ့သည်သည်။ ၎င်းတို့၏ ခေါင်းများကို တိုးတိတ်စွာ မော့လိုက်ပါသည်။
တစ်ချိန်တည်းမှာပင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်များကလည်း ပြောင်မြောက်လွန်းပါသည်။ သူတို့ သရုပ်ဆောင်သည့် ဇာတ်ကောင်များဖြစ်သော လီရှောင်းယောင်နှင့် ကျောက်လင်အာတို့က လမင်းခစားဂိုဏ်းသခင်ကြီးကို တိုက်ခိုက်နေကြသည်။
လီရှောင်းယောင်နှင့် ကျောက်လင်အာတို့ နှစ်ယောက်စလုံး အရေးနိမ့်သည့် အခြေအနေထဲ ကျရောက်သွားပြီး အန္တရာယ်များ ပြည့်နှက်လာသည်။
ဇာတ်ရှိန်အမြင့်ဆုံးနေရာသို့ ရောက်လာပြီ ဖြစ်သည်။
သူတို့ ကမ္ဘာကြီး၏ ငြိမ်ချမ်းရေးကို ထိန်းသိမ်းဖို့ လမင်းခစားဂိုဏ်းသခင်ကြီးကို နှိမ်နင်းရမည်။
ထို့ကြောင့် အာ့နွီနှင့် ထန်ယွိတို့က သူတို့ လည်ဆွဲများကို ထုတ်ယူကာ ဆုတောင်းတစ်ခု ပြုခဲ့ကြသည်။ သူတို့သည် ကမ္ဘာမြေကြီး၏ စွမ်းအားကို ပြန်ဆင့်ခေါ်ပြီး လမင်းခစားဂိုဏ်းသခင်ကြီးလည်း နောက်ဆုံးတော့ သေဆုံးသွားခဲ့ပါသည်။
အာ့နွီက ထန်ယွိကို ကြည့်လိုက်သည်။ ထန်ယွိကလည်း အာ့နွီကို ပြန်ကြည့်လိုက်၏။
ထိုစဥ် ရှုယန်နှင့် လင်းကျင်းကျင်းတို့၏ သရုပ်ဆောင် စွမ်းရည်များက ပေါင်းစပ်သွားခဲ့ကြသည်။
သူတို့သည် နောက်ဆုံးတော့ အတူတကွ ပေါင်းစည်းသွားကြသည်။
သေဆုံးရမည်ဆိုရင်တောင် လမင်းခစားဂိုဏ်းသခင်ကြီးကို သူတို့ နှိမ်နင်းရမည်။
လည်ဆွဲ၏ စွမ်းအင်ကို အသုံးပြုလိုက်သောကြောင့် သူတို့နှစ်ယောက်စလုံး ငှက်များအဖြစ် ပြောင်းလဲသွားကာ အတူတကွ ပျံသန်းသွားကြတော့သည်။
သူတို့က ကောင်းကင်ပေါ်မှာ အတူတူ ပျံသန်းနေသည့် အချစ်ငှက်နှစ်ကောင်၊ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သော စွယ်တော်ရွက်လေးလို ဖြစ်သွားခဲ့ကြသည်။
နောက်ဆုံးအချိန်တွင် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်မြတ်နိုးကြသော လူနှစ်ယောက်က နီးစပ်သွားကြသော်လည်း ငှက်များအဖြစ် ပြောင်းလဲသွားကြသည်။
ရှုယန်နှင့် လင်းကျင်းကျင်းတို့ ရိုက်ကူးရေးက ထိုနေရာတွင် ပြီးဆုံးသွားပါသည်။
ဒါကို ရိုက်ကူးပြီးနောက် သူတို့နှစ်ယောက်အတွက် ဇာတ်ဝင်ခန်း မရှိတော့ပါ။
သို့သော်လည်း ရှုယန်မျက်လုံးထဲမှာ လင်းကျင်းကျင်းသာ ရှိလေသည်။ သူ့မျက်လုံးများက နီရဲနေ၏။
လင်းကျင်းကျင်းလည်း ထိုနည်းလည်းကောင်း ဖြစ်နေခဲ့ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက မျက်ရည်များဖြင့် ပြည့်နှက်နေပါသည်။
ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်လိုက်သည်နှင့် သူတို့နှစ်ယောက်စလုံး အနည်းငယ် စိတ်ဓာတ်ကျသွားပါသည်။
ထို့နောက် ဇာတ်လမ်း၏ ကြမ္မာအဆိုးဆုံး ဇာတ်သိမ်းသို့ ရောက်လာခဲ့ပါသည်။
ရှားဝမ်ချွေ့ သရုပ်ဆောင်သည့် ကျောက်လင်အာ ဇာတ်ကောင်မှာ ရေမိစ္ဆာသားရဲကြီးကို သတ်ဖြတ်နိုင်ခဲ့ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
လင်းဖန်၏ ဇာတ်ကောင် လီရှောင်းယောင်က သူ့မိန်းမပြန်လာတာကို မြင်သောအခါ...
သူ့ထံကို တစ်လှမ်းချင်း လျှောက်လာကာ စင်ကြယ်သည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည့် ကျောက်လင်အာကို ကြည့်လိုက်ပါသည်။
ထို့နောက် ကျောက်လင်အာက လီရှောင်းယောင်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။
ဇာတ်လမ်းထဲတွင် ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲ ဆင်းသက်သွားခဲ့၏။
သရုပ်ဆောင်နေတာမှန်း သိသော်လည်း သူတို့နှစ်ယောက် ဇာတ်လမ်းထဲ မျောပါသွားကြပါပြီ။
နူဝ၏ မျိုးဆက်တစ်ယောက်အဖြစ် တာဝန်ကို သယ်ဆောင်ဖို့အတွက် ထိုတာဝန်ကိုယူကာ သူမကိုယ်သူမ စတေးပြီး လမင်းခစားဂိုဏ်းသခင်ကြီးကို နှိမ်နင်းခဲ့သည်။
သို့သော်လည်း သူမ အချစ်ဆုံးလူနဲ့ အတူတူ မရှိနိုင်တော့ပေ။
သူမ၏ ချစ်သူက သူမကို ထားခဲ့သည်။ သူမ၏ သူငယ်ချင်များလည်း အားလုံး သေဆုံးသွားခဲ့ကြပြီ။ သူမ၏ သမီးတစ်ယောက်သာ ကျန်ခဲ့သည်။
အထီးကျန်မှု၊ စိတ်ပျက်အားငယ်မှု၊ နာကျင်မှု။
ရှားဝမ်ချွေ့ သူ့ရင်ခွင်ထဲ ပစ်လဲကျလာတာကို မြင်သောအခါ လင်းဖန် ရင်ကွဲနာကျလုမတတ် နာကျင်သွားသည်။
သူ့ရင်ခွင်ထဲက သူ့ရဲ့ အချစ်ရဆုံးသူကို ကြည့်လိုက်သည်။
ဒါက သရုပ်ဆောင်နေမှန်း သိသော်လည်း လင်းဖန်တစ်ယောက် သူ့ခံစားမျက်များကို မထိန်းချုပ်နိုင်သေးပါ။
သူ့စိတ်ခံစားချက်များက မယုံကြည်နိုင်မှုမှ တွန့်ဆုတ်မှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့အဖြစ် တစ်ဆင့်ခြင်း ပြောင်းလဲသွားသည်။
လင်းဖန်၏ မျက်နှာပေါ်တွင် အမူအရာအားလုံး ပေါ်လွင်ထင်ဟပ်နေသည်။
သူ့ရဲ့ အကောင်းမွန်ဆုံး သရုပ်ဆောင်စွမ်းရည်ကို သုံးပြီး ဇာတ်လိုက်၏ စိတ်ခံစားချက်များကို သရုပ်ဖော်ခဲ့သည်။
သူနှင့် သူ့သမီးလေးသာ ကျန်ခဲ့တော့သည်။
လင်းဖန်ကိုယ်တိုင်တောင် ဒီလောက်ထိ သရုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။
သူ့ရှေ့က အရာအားလုံးက ရှန်းရှလောကထဲကလို ဖြစ်သည်။
သူ့အချစ်ရဆုံးလူက သူ့ကို ထားရစ်ခဲ့သည်။
လင်းဖန်တစ်ယောက် ရင်တွေ ကွဲကြေသွားသလို ခံစားလိုက်ရပါသည်။
နောက်ဆုံးတော့ လုပမ်ခိုင်းက ကတ်ဟု အော်လိုက်၏။
ဆိုလိုတာက ဇာတ်ဝင်ခန်း ပြီးဆုံးသွားပြီ ဖြစ်သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရိုက်ကူးရေး တရားဝင် ပြီးဆုံးသွားခဲ့ပါပြီ။
သို့သော် ရိုက်ကူးရေး ပြီးဆုံးသွားတာတောင် လင်းဖန်၏ မျက်လုံးထဲမှာ မျက်ရည်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
သူ ရှားဝမ်ချွေ့ကို အကြာကြီး ဖက်ထားလိုက်သည်။
တစ်ဖက်မှာတော့ လင်းကျင်းကျင်းနှင့် ရှုယန်တို့လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
လင်းကျင်းကျင်း၏ မျက်လုံးများက နီရဲနေသည်။ ရှုယန်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ မှီတွယ်နေကြသည်။ စကားလည်း မပြောကြဘဲ လှုပ်တောင် မလှုပ်ကြပေ။
ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲမှ သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါသည်။
သူမ အနည်းငယ် ပြုံးလိုက်၏၊။
အရူးကောင်...
သူမတို့က သရုပ်ဆောင်နေတာ ဖြစ်သည်။
သူမ အသက်ရှင်နေပါသေးသည်။ ဘာလို့ ဒီအရူးကောင်က ငိုနေသေးတာလဲ။ လူကြီးတစ်ယောက်ဖြစ်ပြီး ဘာလို့ ငိုနေတာလဲ။ ရှားဝမ်ချွေ့က ချိုသာစွာ ပြုံးလိုက်ပြီး သူမ၏ လက်ဖဝါးဖြင့် လင်းဖန်၏ ပါးကို သုတ်ပေးလိုက်ပါသည်။
လင်းဖန်သည် နောက်ဆုံးတော့ ဇာတ်လမ်းထဲ နစ်မြောနေရာမှ ပြန်လည်အသိဝင်လာပြီ ဖြစ်ကာ ရှားဝမ်ချွေ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူ သရုပ်ဆောင်တာ အရမ်းလေးနက်သွားပြီး ဇာတ်လမ်းကလည်း လက်တွေ့ဆန်လွန်းသည်။ လင်းဖန်သည် သူအချစ်ရဆုံးအမျိုးသမီးက သူ့ကို တကယ်ထားသွားသည်ဟု ခံစားလိုက်ရပါသည်။
ရှားဝမ်ချွေ့လည်း လင်းဖန်၏ စိတ်ခံစားချက်များကို ခံစားမိသည်။ သူ့ကို ဖက်ခွင့်ပေးထားလိုက်ပါသည်။
ရိုက်ကူးရေးအဖွဲ့သားများအားလုံး ထိုမြင်ကွင်းကို မြင်သွားကြသည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုလျှင် ဒါက ဧရာမ သတင်းတစ်ပုဒ် ဖြစ်သွားနိုင်သည်။ လင်းဖန်က ရှားဝမ်ချွေ့ကို ပေါ်တင်ကြီး တင်းတင်းကြပ်ကျပ်ဖက်ထားသည်။
သို့သော်လည်း ဝန်ထမ်းအားလုံး၏ မျက်လုံးများက စိုစွတ်နေဆဲဖြစ်ကာ အကြာကြီး တိတ်ဆိတ်နေကြပါသည်။
လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းအပါအဝင် မင်းသမီးများနှင့် ကလေးများတောင် ငိုနေကြပါသည်။
အဘယ့်ကြောင့်ဆိုသော်... ဒီဒရမ်မာက ဝမ်းနည်းဖို့ ကောင်းလွန်းသောကြောင့် ဖြစ်သည်။
ရိုက်ကွင်းမှာ ဂီတလည်း မပါသလို အထူးပြုလုပ်ချက်များလည်း မပါဝင်သေးပါ။ ရိုးရိုးရှင်းရှင်း သရုပ်ဆောင်စွမ်းရည်များဖြင့်ပင် အားလုံးကို ငိုကြွေးသွားအောင် လုပ်နိုင်ဖို့ လုံလောက်ပါသည်။
အားလုံးက ဇာတ်လိုက်၏ ကမ္ဘာထဲ အစားထိုး ဝင်ကြည့်နိုင်ကြသည်။
ဇာတ်လိုက်၏ အချစ်ရဆုံး အမျိုးသမီး တဖြည်းဖြည်းချင်း သေသွားတာကိုမြင်ကာ အားလုံး၏ ရင်ထဲမှာလည်း လင်းဖန်လိုပဲ လေးလံနေပါသည်။
သူတိ့းသည် ရှားဝမ်ချွေ့ကို "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ထဲတွင် ခေါင်းဆောင်မင်းသမီး အစစ်အမှန်လို သဘောထားလိုက်ကြသည်။
ရှားဝမ်ချွေ့နိုးလာသောအခါ တချို့လူများက အားပင်ပေးကြပါသည်။
သူမ လင်းဖန်၏ ရင်ခွင်ထဲတွင် နိုးထလာခဲ့သည်။
သူတို့ တစ်ယောက်ကို တစ်ယောက် ဖက်ထားကြပြီး တကယ်ပဲ ပြန်လည်ဆုံစည်းသွားကြပါသည်။
ရုပ်သံဒရမ်မာ ရိုက်ကူးရေးပြီးသွားတာတောင် ဝန်ထမ်းများ၊ ကြည့်ရှုသူများနဲ့ လင်းဖန်ကိုယ်တိုင်တောင် သူတို့ ရိုက်ကူးရေး လုပ်နေတယ်ဆိုတာနဲ့ ဘာတွေလုပ်နေသလဲ မေ့လျော့သွားကြပါသည်။
ဒါကို ရှန်းရှကမ္ဘာစစ်တစ်ခုဟုသာ မှတ်မိကြသည်။
သူ့ရှေ့က လူက သူ့အချစ်ဆုံးသူဖြစ်ပြီး သူ့ဘေးပတ်လည်ကလူများက သူ့အချစ်ဆုံးသူငယ်ချင်းများ ဖြစ်တာကိုပဲ မှတ်မိပါသည်။
ဝန်ထမ်းများကလည်း ဒီဇာတ်လမ်းကြောင့် အလွန်ဝမ်းနည်းသွားကြသည်။
၁၀ မိနစ်နီးပါးလောက်အထိ ရိုက်ကူးရေး အဖွဲ့သားထဲက အားလုံး အသိစိတ်ပြန်မဝင်ကြသေးပါ။
ဒီဒရမ်မာက... ရိုက်ကူးရေးအဖွဲ့သားအားလုံးကို ဝမ်းနည်းစေခဲ့ပါသည်။
Zawgyi
လင္းဖန္ 145+146
အခန္း(၁၄၅) အားလုံးေလးစားၾကတဲ့ ႐ုပ္႐ွင္ဘုရင္လို သ႐ုပ္ေဆာင္စြမ္းရည္မ်ား
လုပမ္ခိုင္းက ဆက္ေျပာသည္။ "ညီေလးဖန္ မင္းရဲ႕ ဒါ႐ိုက္တာစြမ္းရည္က ငါျမင္ဖူးသမွ် ဘယ္သူ႕ေအာက္မွ မက်ဘူး။"
"မင္းက ႐ိႈးထဲမွာ အေကာင္ဆုံး အာနိသင္ရဖို႔ သ႐ုပ္ေဆာင္ကို ဘယ္လိုအေနအထားမ်ိဳး ထားရမလဲဆိုတာ သိတယ္။ ဇာတ္ဝင္ခန္းေတြကို ကူးေျပာင္းတဲ့အခါ၊ ကင္မရာေတြကို ထိန္းခ်ဳပ္တဲ့အခါ၊ တည္ေနရာေတြကို ေျပာင္းလဲတဲ့အခါ မင္းရဲ႕ ကြၽမ္းက်င္မႈေတြက ထိပ္တန္းအဆင့္ပဲ။ မင္းက ဇာတ္ၫႊန္းေရးလည္း ေတာ္တယ္။ ငါတို႔အားလုံး မင္းကို အမ်ားႀကီး ေလးစားအားက်ၾကတယ္။"
"ယြဲ႕ဟြာေဖ်ာ္ေျဖေရးက ဒီတစ္ေခါက္ တစ္ခါမွ မၾကဳံဖူးတဲ့ ကပ္ေဘးတစ္ခုကို ၾကဳံခဲ့ရရင္ေတာင္၊ 'ဓားႏွင့္နတ္သမီးဒ႑ာရီ' မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဘယ္သူမွ မ႐ွိရင္ေတာင္ လုပမ္ခိုင္းဆိုတဲ့ ငါက မင္းကို ယုံၾကည္ပါတယ္ကြာ။"
"ဒီ႐ုပ္သံဒရမ္မာ ေရပန္းစားလာလိမ့္မယ္လို႔လည္း ယုံၾကည္မႈ႐ွိတယ္။ ဟြာစဲ႐ုပ္႐ွင္က ႐ိုက္ကူးတဲ့ ႐ုပ္သံဒရမ္မာေတြထက္ေတာင္ ပိုေရပန္းစားလာႏိုင္တယ္။"
လုပမ္ခိုင္းက လင္းဖန္ကို ရင္ထဲ နက္နက္႐ိႈင္း႐ိႈင္း ေလးစားခဲ့တာ ၾကာပါၿပီ။
သူ ဒါ႐ိုက္တာေလာကထဲ ေရာက္ေနတာ ၾကာၿပီ။ လင္းဖန္ေလာက္ စြမ္းရည္႐ွိသည့္ ဒါ႐ိုက္တာမ်ိဳး ဘယ္တုန္းက ၾကဳံဖူးလို႔လဲ။
ဒါက ခ်ဲ႕ကားေျပာဆိုျခင္း မဟုတ္ပါ။ လုပမ္ခိုင္း ဒီလို ခံစားခဲ့ရတာ ၾကာပါၿပီ။
သူ႕အျမင္မွာေတာ့ လင္းဖန္က ဒုတိယ ဟုေျပာလွ်င္ ဘယ္သူမွ ပထမေနရာကို ယူရဲၾကမွာ မဟုတ္ပါ။
ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေရပန္းစားေနရသည့္ အေၾကာင္းအရင္း႐ွိသည္။
လင္းဖန္က ေသာ့ခ်က္ ျဖစ္ပါသည္။
"ကြၽန္ေတာ့္ကို ေျပာပါ။ ကြၽန္ေတာ့္ကို ေမးစရာ႐ွိရင္ ခ်ီးက်ဴးစရာ မလိုပါဘူးဗ်ာ" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။ သူ လုပမ္ခိုင္းကို ဓာတ္ဆားေရတစ္ဗူး ေပးလိုက္ပါသည္။
လုပမ္ခိုင္း ဓာတ္ဆားေရကို ယူလိုက္ကာ လင္းဖန္ကို ၾကည့္လိုက္ၿပီး ေလးေလးနက္နက္ ေျပာလိုက္ပါသည္။ "ညီေလးဖန္။ တစ္ေန႔က်ရင္ မင္း႐ုပ္႐ွင္ေလာကထဲ ဝင္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္မိတယ္။ အဲ့တာဆို နယ္ပယ္အသစ္တစ္ခု ျဖစ္လာမွာပဲ။”
"ၿပီးေတာ့ ဇာတ္ကားတစ္ကားကို ႐ိုက္ကူးတာက ႐ုပ္သံဒရမ္မာတစ္ခု ႐ိုက္ကူးတာထက္ အျမတ္ေတြ အမ်ားႀကီး ပိုရတယ္။ ငါက ဒါ႐ိုက္တာပဲ လုပ္တတ္တဲ့ သာမန္လူတစ္ေယာက္ပါကြာ။ ငါ့အစြမ္းအစေတြက ထင္သေလာက္ မေကာင္းတာ ငါသိပါတယ္။ ဒါေပမယ့္ အိပ္မက္တစ္ခုေတာ့ ႐ွိတယ္။ ငါလက္ရာေျမာက္တဲ့ ႐ုပ္႐ွင္ေတြကို ႐ိုက္ကူးခ်င္တယ္။ အဲ့တာေတြကို ျပည္တြင္းမွာ ျဖန္႔ခ်ိၿပီး ႏိုင္ငံျခားပရိတ္သတ္ေတြကပါ ခ်ီးက်ဴးတာမ်ိဳး ခံရခ်င္တယ္။”
"တ႐ုတ္မွာ ရာဇဝင္ ႏွစ္ ၅,၀၀၀ ႐ွိတယ္။ က်ယ္ေျပာတဲ့ သမိုင္းေၾကာင္း ႏွစ္ ၅,၀၀၀ ႀကီးမ်ားေတာင္ ႐ွိတယ္။ ၿပီးေတာ့လည္း တ႐ုတ္က ကမ႓ာႀကီးေပၚမွာ ဒုတိယ စီးပြားေရး အက်ယ္ျပန္႔ဆုံး ႏိုင္ငံတစ္ခုပဲ ငါဂုဏ္ယူပါတယ္။"
"ညီေလးဖန္ ဒီဆို႐ိုးစကားကို အရင္က ၾကားဖူးမလားေတာ့မသိဘူး။ လူငယ္ေတြ အားေကာင္းရင္ တိုင္းျပည္တိုးတက္မယ္တဲ့။"
"ငါတို႔ႏိုင္ငံေတာ္ရဲ႕ ႐ိုးရာနဲ႔ ယဥ္ေက်းမႈကို အဆင့္ျမႇင့္တင္ေပးႏိုင္တဲ့ ႐ုပ္႐ွင္ေတြက ေသခ်ာေပါက္ အေရးပါတာေပါ့။ ဒါေပမယ့္ ျပည္တြင္း႐ုပ္႐ွင္ေတြမွာ တစ္ႏွစ္ကို ကားေကာင္း တစ္ကား ထုတ္ႏိုင္ဖို႔ေတာင္ ခက္ခဲတယ္။ လက္ရာတခ်ိဳ႕ကို ထုတ္လုပ္ႏိုင္ရင္ေတာင္ ႏိုင္ငံျခားကားေတြက လုံးဝ အႏိုင္ယူသြားႏိုင္တယ္။ ႏိုင္ငံျခား ဂႏၲဝင္ဇာတ္ကားႀကီးေတြဆိုရင္ ေျပာမေနပါနဲ႔ေတာ့။”
"အခု ႏိုင္ငံျခားသားေတြ ငါတို႔ကို အထင္ေသး႐ုံတင္မကဘူး ငါတို႔ ႏိုင္ငံသားေတြကပါ ငါတို႔ ႐ုပ္႐ွင္ေလာကကို အထင္ေသးေနၿပီ။ ဒီတိုင္းသာ အခ်ိန္ၾကာၾကာ ဆက္သြားမယ္ဆိုရင္ ငါတို႔ ျပည္တြင္း အႏုပညာေလာကထဲကို ႏိုင္ငံျခားသားေတြ က်ဴးေက်ာ္လာလိမ့္မယ္။ အဆုံးသတ္ရလဒ္ကေတာ့ စစ္ပြဲထက္ေတာင္ ေၾကာက္ဖို႔ ေကာင္းလိမ့္မယ္။"
"ႏိုင္ငံျခား တိုင္းျပည္ေတြက ငါတို႔ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈကို ႐ုပ္႐ွင္ေတြ၊ စီးရီးေတြနဲ႔ တျခား ယဥ္ေက်းမႈဆိုင္ရာ လုပ္ငန္းေတြနဲ႔ လႊမ္းမိုးသြားမယ္ဆိုရင္ ဒီလို ယဥ္ေက်းမႈဆိုင္ရာ က်ဴးေက်ာ္မႈက ေၾကာက္ဖို႔ အေကာင္းဆုံးပဲကြ။"
လုပမ္ခိုင္း၏ မ်က္ႏွာထားက ေလးနက္ေနကာ ဆက္ေျပာလိုက္သည္။ "ညီေလးဖန္ မင္းငါေျပာေနတာကို နားမလည္ႏိုင္ေလာက္ဘူး။ ငါမင္းကို ႐ိုး႐ွင္းတဲ့ သာဓကတစ္ခု ေပးမယ္။ ဟိုးေ႐ွးေခတ္ကတည္းက ငါတို႔ႏိုင္ငံေတာ္ရဲ႕ ေႏြဦးပြဲေတာ္၊ မီးပုံးပြဲေတာ္၊ ေဆာင္းလယ္ပြဲေတာ္ အစ႐ွိတဲ့ပြဲေတာ္ေတြမွာ အဓိပၸာယ္႐ွိၾကတယ္။"
"ဒါေပမယ့္ ဒီေခတ္လူငယ္ေတြက ဘယ္လို ပြဲေတာ္ေတြကို ႀကိဳက္ၾကလဲသိလား။ ခ်စ္သူမ်ားေန႔တို႔၊ အျဖဴေန႔တို႔၊ အမည္းေန႔တို႔လို ႏိုင္ငံျခား ေပ်ာ္ပြဲ႐ႊင္ပြဲေတြက ငါတို႔ႏိုင္ငံထဲမွာ ပိုၿပီး ေရပန္းစားလာတယ္။"
"အဲ့တာက ယဥ္ေက်းမႈ လႊမ္းမိုးျခင္းရဲ႕ သက္ေရာက္မႈတစ္ခုပဲ။ ေနာက္ဆယ္စုႏွစ္ အနည္းငယ္ေလာက္ၾကာရင္ ငါတို႔ ႏိုင္ငံေတာ္က ကေလးေတြက အယ္လ္ထရာမန္း၊ မာဗယ္၊ အိုင္း႐ြန္းမန္းေတြကိုပဲ ႀကိဳက္ၾကလိမ့္မယ္။ အဲ့တာ ဘာျပႆနာမွ မ႐ွိပါဘူး။"
"ဒါေပမယ့္ ငါတို႔ ျပည္တြင္းထုတ္ေတြ ဘယ္ေရာက္ကုန္လဲ။"
"ငါတို႔ တ႐ုတ္ယဥ္ေက်းမႈ သမိုင္းေၾကာင္း ႏွစ္ ၅,၀၀၀ စာေလာက္ ဘယ္ေရာက္သြားလဲ။"
"အကုန္လုံးကို ႏိုင္ငံျခား ယဥ္ေက်းမႈေတြက က်ဴးေက်ာ္သြားရင္ ငါတို႔ တ႐ုတ္ယဥ္ေက်းမႈကို ဘယ္လိုလုပ္ လက္ဆင့္ကမ္းႏိုင္ေတာ့မွာလဲ။"
"ညီေလးဖန္ ငါေျပာတာက အရမ္းခမ္းနားၿပီး လက္ေတြ႕မဆန္ဘူးလို႔ ထင္ရႏိုင္တယ္။ ဒါေပမယ့္ ငါတကယ္ထင္တာပါ။"
"မင္းတစ္ေယာက္တည္းမွာပဲ ႐ုပ္႐ွင္ေလာကထဲဝင္ၿပီး ႐ုပ္႐ွင္ေလာကရဲ႕ ေရေသကို ေျပာင္းလဲႏိုင္မယ့္ အစြမ္းအစ႐ွိတယ္။ Animation ေရေသေတြလည္း ႐ွိေသးတယ္။ ငါတို႔ ျပည္တြင္း႐ုပ္႐ွင္ေတြေကာ ကာတြန္းေတြေကာ၊ ႐ုပ္သံအစီအစဥ္ေတြေကာာ ဘာမွ ႏိုင္ငံျခားေတြကို မယွဥ္ႏိုင္ဘူး။”
"စစ္ကားေတြကိုပဲ ဥပမာ ယူၾကည့္လိုက္စမ္းပါ။ ျပည္တြင္း စစ္ကားေတြက ေပါကားေတြလိုပဲ။ ဂ်ပန္ေတြကို တစ္စစီ ဆုတ္ၿဖဲၿပီး က်ည္ဆံေတြကို လက္ဗလာနဲ႔ ဖမ္းျပတယ္။ ဒါေပမယ့္ ႏိုင္ငံျခားစစ္ကားေတြက လူေတြကို စစ္ပြဲကို တကယ္ေၾကာက္သြားေအာင္ ရသေပးႏိုင္တယ္။" လုပမ္ခိုင္းက လင္းဖန္ကို စကားေတြ အမ်ားႀကီး ေျပာလိုက္ပါသည္။
လင္းဖန္ ဒါကို ၾကားေသာအခါ လုပမ္ခိုင္း၏ ပခုံးကို ပုတ္ေပးလိုက္ပါသည္။
"လုပမ္ခိုင္း ကြၽန္ေတာ္တို႔ ျပည္တြင္း႐ိုးရာ ယဥ္ေက်းမႈေတြကို ယုံၾကည္မႈ ႐ွိရမယ္ေလ။”
"႐ုပ္႐ွင္ေလာကကေတာ့ တကယ္ပဲ ေရေသအိုင္တစ္ခု ျဖစ္ေနတာ မွန္ပါတယ္။ ခင္ဗ်ားေျပာတာကို မွတ္ထားပါ့မယ္။ အခြင့္အေရးရခဲ့ရင္ ကြၽန္ေတာ္႐ုပ္႐ွင္ေလာကထဲဝင္ၿပီး ႐ုပ္႐ွင္ေလာကကို တစ္ခ်က္ေလာက္ သြားၾကည့္လိုက္မယ္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ေလး ႐ုပ္႐ွင္ေကာင္း ထုတ္လုပ္ဖို႔ စိတ္ကူး႐ွိတာပဲေလ" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။
လင္းဖန္က အႏုပညာေလာကမွာ ေရပန္းစားမႈနဲ႔ ေငြတို႔သာ ႐ွိသည္ဟု ထင္ခဲ့သည္။
တကယ္ပဲ ထိုကဲ့သို႔ လူေတြ အမ်ားႀကီး ႐ွိပါသည္။
သို႔ေသာ္လည္း လင္းဖန္အျပင္ ဒီလိုလူေကာင္းတစ္ေယာက္လည္း ႐ွိပါေသးသည္။
ထို႔ေၾကာင့္ လင္းဖန္ ဝမ္းသာသြားသည္။
သူ႕မွာ အစြမ္းအစ႐ွိပါက သူလည္း ႐ုပ္႐ွင္ေလာကထဲသို႔ ဝင္လာမည္ျဖစ္သည္။
ထိုယဥ္ေက်းမႈ လုပ္ငန္းမ်ားကို အသာထားဦး ေငြရဖို႔အတြက္ပင္ သူေရပန္းစားသည့္ ႐ုပ္႐ွင္တစ္ခုကို ႐ိုက္ကူးႏိုင္ပါက ေသခ်ာေပါက္ ႐ုပ္သံဒရမ္မာမ်ားေအာက္ မနည္းႏိုင္ပါ။
လင္းဖန္က သူ႕ကိုယ္သူ ကမ႓ာႀကီးကို ကယ္္တင္ႏိုင္သူဟု မထင္ပါ။
သူသာ ေငြရမည္ဆိုလွ်င္ ေသခ်ာေပါက္ ႀကိဳးစားၾကည့္ပါမည္။ တစ္ခ်ိန္တည္းမွာပဲ တ႐ုတ္ႏိုင္ငံ၏ ႐ိုးရာယဥ္ေက်းမႈကို အဆင့္ျမႇင့္တင္ေပးရာလည္း က်မည္။
ဘာပဲျဖစ္ျဖစ္ သူ တ႐ုတ္ယဥ္ေက်းမႈမ်ားကို အဆင့္ျမႇင့္တင္ေပးခ်င္ပါက တစ္ေယာက္တည္း လုပ္လို႔ေတာ့ မရတာ ေသခ်ာသည္။ ဒါက မ်ိဳးဆက္တစ္ဆက္ သို႔မဟုတ္ မ်ိဳးဆက္ေပါင္းမ်ားစြာအထိ လိုအပ္သည္။
ေနာက္တစ္ေန႔ "ဓားႏွင့္နတ္သမီးဒ႑ာရီ" ႐ိုက္ကူးေရး ေနာက္တစ္ရက္စတင္ပါၿပီ။
ဒီေန႔ဇာတ္လမ္းက အလြန္ခ်ိဳၿမိန္ပါသည္။
လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ ခ်ိဳၿမိန္သည့္ သ႐ုပ္ေဆာင္စြမ္းရည္က အာားလုံးကို ျပဳံးေပ်ာ္ေအာင္ လုပ္ႏိုင္ခဲ့သည္။
"ခ်ိဳၿမိန္လိုက္တာ။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ သ႐ုပ္ေဆာင္ အရမ္းေကာင္းၾကတာပဲ။"
"ေကာင္းလိုက္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္ေတြ။ ငါ အထင္ႀကီးသြားမိၿပီ။ ဒီေလာက္ ပူျပင္းတဲ့ ရာသီဥတုႀကီးမွာေတာင္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ အေႏွာင့္အယွက္ မျဖစ္ၾကဘူး။ သူတို႔ သ႐ုပ္ေဆာင္ရတာကို နစ္ေမ်ာေနၾကတာ။"
"ျမင္ျမင္ခ်င္းခ်စ္မိ၊ ခ်က္ခ်င္း လက္ထပ္ၿပီး အိပ္ယာေပၚက ဇာတ္ဝင္ခန္းေတြေကာပဲ... လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က မေကာင္းဆိုးဝါးေတြလား။ သူတို႔ ဒီလိုဇာတ္လမ္းမ်ိဳးမွာ ဘယ္လိုလုပ္ၿပီး ဒီေလာက္ေကာင္းေအာင္ သ႐ုပ္ေဆာင္ႏိုင္ရတာလဲ။"
"အားးး လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ နမ္းေနၾကျပန္ၿပီ။ ေနာက္ထပ္ အၾကင္နာေပးခန္းပဲ။ ငါ မွင္သက္သြားၿပီ။"
"အဲ့တာမွ သ႐ုပ္ေဆာင္စြမ္းရည္လို႔ေခၚတာ။ အစ္ကိုဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က လင္းခယ့္႐ွင္းေအာက္ မနိမ့္က်ေလာက္ဘူးလို႔ ထင္တယ္။"
"ဟုတ္တာေပါ့။ အစ္ကိုဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က သာမန္လူေတြ ယွဥ္ႏိုင္တဲ့အရာမ်ိဳးမွ မဟုတ္တာ။"
ဒီအခ်စ္ေရးဇာတ္ဝင္ခန္းကို ႐ိုက္ကူးၿပီးေနာက္ အားလုံး အားေပးလိုက္ၾကပါသည္။
႐ိုက္ကူးေရးအဖြဲ႕သားမ်ားထဲတြင္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ ဆက္ဆံေရးကို အရိပ္အကဲ နားလည္ၿပီး လက္ခံသြားၾကပါၿပီ။
႐ွားဝမ္ေခြၽ႕ကို ဘယ္သူမွ ခိုးမၾကည့္ေတာ့ဘဲ မပိုးပန္းၾကေတာ့ပါ။
လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ဒရမ္မာထဲမွာ ဒီေလာက္ခ်ိဳၿမိန္ႏိုင္ပါက လက္ေတြ႕ဘဝမွာလည္း အလြန္ခ်ိဳၿမိန္ႏိုင္ပါသည္။
ဘဝရဲ႕ေပ်ာ္႐ႊင္မႈတြင္ ႐ွားဝမ္ေခြၽ႕ အခ်စ္ေရးဇာတ္ဝင္ခန္းနဲ႔ အၾကင္နာေပးခန္းမ်ားစြာ မပါခဲ့ပါ။
သို႔ေသာ္လည္း ဒီ"ဓားႏွင့္နတ္သမီးဒ႑ာရီ"ထဲမွာေတာ့ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက အားလုံးကို ေလးေလးနက္နက္ အံ့အားသင့္ေစခဲ့ပါသည္။
သူတို႔ရင္ထဲတြင္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က တကယ့္ကို အေကာင္းဆုံး သ႐ုပ္ေဆာင္မ်ား ျဖစ္ၾကပါသည္။ သူတို႔က အျပစ္အနာအဆာ ကင္းလွပါသည္။
အခန္း(၁၄၆) ဒီဒရမ္မာေၾကာင့္ ႐ိုက္ကူးေရးအဖြဲ႕သားအားလုံး ဝမ္းနည္းသြားၿပီ
ဘာမွန္းမသိလိုက္ဘဲ အခ်ိန္မ်ား ၾကာသြားခဲ့သည္။
"ဓားႏွင့္နတ္သမီးဒ႑ာရီ" ႐ိုက္ကူးေရးလည္း အဆုံးသတ္ဖို႔ အခ်ိန္ေရာက္လာၿပီ။။
လင္းခယ့္႐ွင္း၏ "ၾကယ္ဥယ်ာဥ္" ကိုလည္း မၾကာေသးခင္ကမွ ႐ိုက္ကူးၿပီးစီးသြားခဲ့ပါသည္။
အင္တာနက္ေပၚမွာလည္း ပြက္ေလာ႐ိုက္သြားခဲ့၏။
ယခု သူတို႔ ေနာက္ဆက္တြဲ တည္းျဖတ္ေရးမ်ား ၿပီးဆုံးဖို႔သာ ေစာင့္ေနပါေတာ့သည္။ ထို႔ေနာက္ ထုတ္လႊင့္ႏိုင္ဖို႔ တင္ျပရကာ လုပ္ငန္းေဆာင္တာမ်ားစြာ လုပ္ရပါဦးမည္။
ဒီေန႔က "ဓားႏွင့္နတ္သမီးဒ႑ာရီ" ႐ိုက္ကူးေရး ၿပီးဆုံးမည့္ေန႔ ျဖစ္ပါသည္။
ဒီ႐ုပ္သံဒရမ္မာ၏ ေနာက္ဆုံးဇာတ္သိမ္းကေတာ့ ေသခ်ာေပါက္ ၾကမၼာဆိုး ျဖစ္သည္။
ဒီေန႔ ႐ိုက္ကူးေရးမစခင္ သ႐ုပ္ေဆာင္အားလုံး ဇာတ္ေကာင္မုဝင္ေအာင္ အခ်ိန္အၾကာႀကီး ႀကိဳးစားခဲ့ရ၏။
ရလဒ္အေနျဖင့္ လင္းဖန္၏ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန အလြန္ဆိုး႐ြားလာခဲ့သည္။
ဒီအခန္းက ၾကမၼာဆိုးမွာ ဒရမ္မာတစ္ခုလုံး၏ ဝမ္းနည္းစရာ အေကာင္းဆုံးေနရာ ျဖစ္လိမ့္မည္။
သ႐ုပ္ေဆာင္မ်ားက ဇာတ္ၫႊန္း၏ အဆုံးသတ္ကို ဖတ္ၾကည့္႐ုံနဲ႔ ငိုေနၾကပါၿပီ။
ဒီေန႔ သူတို႔ အားလုံး အစြမ္းကုန္ သ႐ုပ္ေဆာင္ၾကေတာ့မည္။
႐ိုက္ကူးေရးမစခင္ လုပမ္ခိုင္းႏွင့္ တျခား ဝန္ထမ္းအားလုံး ျပင္ဆင္ထားၿပီးသား ျဖစ္သည္။
ေနာက္ဆုံး ဇာတ္သိမ္းတြင္ လူမ်ားစြာ ေသဆုံးလိမ့္မည္။
သ႐ုပ္ေဆာင္မ်ား၏ သ႐ုပ္ေဆာင္စြမ္းရည္ကို အစမ္းသပ္ဆုံး ေနရာမ်ားလည္း ႐ွိေပလိမ့္မည္။
အစပိုင္းတြင္ လ်ိဳ႕က်င္ယြမ္ဟု ေခၚသည့္ ဇာတ္ပို႔တစ္ေယာက္ ႐ွိသည္။ သူက ဇာတ္လိုက္နဲ႔ ထန္ယြိတို႔ေ႐ွ႕ ေရာက္လာခဲ့သည္။ သူ မေသခင္ သူတို႔အား လည္ဆြဲ၏ စြမ္းအင္အေၾကာင္း ေျပာျပသြား၏။ စစ္မွန္သည့္ ခ်စ္သူႏွစ္ေယာက္သာလွ်င္ လည္ဆြဲကို ထုတ္ၿပီး ဆႏၵျပဳႏိုင္လိမ့္မည္။ သို႔ေသာ္ ဆႏၵေၾကာင့္ ရလဒ္ေၾကာင့္ သူတို႔ ႏွစ္ေယာက္ ငွက္အျဖစ္ ေျပာင္းလဲသြားၾကလိမ့္မည္။
တစ္ဖက္မွာေတာ့ ကမ႓ာႀကီးကို ျပန္တည္ေဆာက္မည္ဟူေသာ လမင္းခစားဂိုဏ္းသခင္က ေရမိစၧာတစ္ေကာင္ကို ဆင့္ေခၚကာ အႀကီးစား ေရႀကီးမႈတစ္ခုကို ဖန္တီးခဲ့သည္။
ေခါင္းေဆာင္မင္းသားႏွင့္ မင္းသမီးတို႔ျဖစ္ၾကေသာ လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔ သ႐ုပ္ေဆာင္ထားသည့္ လီေ႐ွာင္းေယာင္ႏွင့္ ေက်ာက္လင္အာတို႔က အတူတူပူးေပါင္းၿပီး လမင္းခစားဂိုဏ္းသခင္ႀကီးကို ခုခံခဲ့ၾကသည္။
ဒါက အထူးျပဳလုပ္ခ်က္မ်ားစြာ လိုအပ္သည့္ တိုက္ခိုက္ေရး ဇာတ္ဝင္ခန္းတစ္ခု ျဖစ္သည္။ သူတို႔သုံးေယာက္စလုံးမွာလည္း သ႐ုပ္ေဆာင္စြမ္းရည္ ေကာင္းမြန္ဖို႔ လိုအပ္၏။
ဒီဇာတ္ဝင္ခန္းထဲတြင္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ ေဖ်ာ္ေျဖမႈက ၿပီးျပည့္စုံသည္ဟုပင္ ေျပာႏိုင္ပါသည္။
လမင္းခစားဂိုဏ္းသခင္ႀကီး၏ သ႐ုပ္ေဆာင္ စြမ္းရည္မ်ားကလည္း အလြန္ အားေကာင္းပါသည္။
တစ္ဖက္မွာေတာ့ အာ့ႏြီ ဟူသည့္ ဇာတ္ေကာင္ေနရာတြင္ လင္းက်င္းက်င္းက ပါဝင္သ႐ုပ္ေဆာင္ထားသည္။ သူမ၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက အလြန္ေကာင္းမြန္၏။ ဇာတ္လမ္းထဲတြင္ သူမက အထိန္းခ်ဳပ္ခံရၿပီး သူမအေဖကိုသတ္ကာ သူမ အခ်စ္ဆုံး ေယာက်္ား၏ လက္ကို ခ်ိဳးပစ္ခဲ့ေၾကာင္း ျပန္မွတ္မိသြား၏။ သူမ နာက်င္လြန္းသျဖင့္ ကိုယ့္ကိုယ္ကိုေတာင္ သတ္ေသခ်င္သြားပါသည္။ သူမ အခ်စ္ဆုံး ေယာက်္ားက သူမကို လာတားခဲ့ပါသည္။
လင္းက်င္းက်င္းက အာ့ႏြီအျဖစ္ သ႐ုပ္ေဆာင္ၿပီး ႐ႈယန္က ထန္ယြိအျဖစ္ သ႐ုပ္ေဆာင္သည္။ အာ့ႏြီက ထန္ယြိ၏ ရင္ခြင္ထဲဝင္ကာ ငိုေကြၽးခဲ့၏။ သူမ နာက်င္လြန္းသျဖင့္ ေသခ်င္မိသည္။ သူတို႔ႏွစ္ေယာက္၏ စိတ္ဝိညာဥ္ကို လႈပ္ခါႏိုင္ေသာ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက လူမ်ားစြာကို နစ္ေမ်ာသြားေစပါသည္။
႐ႈယန္နဲ႔ လင္းက်င္းက်င္းတို႔၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက အားလုံးကို ဆြဲေဆာင္သြားခဲ့သည္။
ထိုအခ်ိန္တြင္ ဝန္ထမ္းအားလုံး၏ မ်က္လုံးထဲ၌ မ်က္ရည္မ်ား ျပည့္ေနၿပီ ျဖစ္သည္။
အာ့ႏြီ၏ ရင္နာစရာ နာက်င္မႈ၊ ထန္ယြိ၏ သူမအေပၚ ထားေသာ အခ်စ္၊ သူတို႔ႏွစ္ေယာက္အၾကား ဆက္ဆံေရး ျဖစ္သည္။
႐ႈယန္ႏွင့္ လင္းက်င္းက်င္းတို႔က ဇာတ္လမ္းထဲတြင္ လုံးဝ ဈာန္ဝင္ေနခဲ့သည္သည္။ ၎တို႔၏ ေခါင္းမ်ားကို တိုးတိတ္စြာ ေမာ့လိုက္ပါသည္။
တစ္ခ်ိန္တည္းမွာပင္ လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားကလည္း ေျပာင္ေျမာက္လြန္းပါသည္။ သူတို႔ သ႐ုပ္ေဆာင္သည့္ ဇာတ္ေကာင္မ်ားျဖစ္ေသာ လီေ႐ွာင္းေယာင္ႏွင့္ ေက်ာက္လင္အာတို႔က လမင္းခစားဂိုဏ္းသခင္ႀကီးကို တိုက္ခိုက္ေနၾကသည္။
လီေ႐ွာင္းေယာင္ႏွင့္ ေက်ာက္လင္အာတို႔ ႏွစ္ေယာက္စလုံး အေရးနိမ့္သည့္ အေျခအေနထဲ က်ေရာက္သြားၿပီး အႏၲရာယ္မ်ား ျပည့္ႏွက္လာသည္။
ဇာတ္႐ွိန္အျမင့္ဆုံးေနရာသို႔ ေရာက္လာၿပီ ျဖစ္သည္။
သူတို႔ ကမ႓ာႀကီး၏ ၿငိမ္ခ်မ္းေရးကို ထိန္းသိမ္းဖို႔ လမင္းခစားဂိုဏ္းသခင္ႀကီးကို ႏွိမ္နင္းရမည္။
ထို႔ေၾကာင့္ အာ့ႏြီႏွင့္ ထန္ယြိတို႔က သူတို႔ လည္ဆြဲမ်ားကို ထုတ္ယူကာ ဆုေတာင္းတစ္ခု ျပဳခဲ့ၾကသည္။ သူတို႔သည္ ကမ႓ာေျမႀကီး၏ စြမ္းအားကို ျပန္ဆင့္ေခၚၿပီး လမင္းခစားဂိုဏ္းသခင္ႀကီးလည္း ေနာက္ဆုံးေတာ့ ေသဆုံးသြားခဲ့ပါသည္။
အာ့ႏြီက ထန္ယြိကို ၾကည့္လိုက္သည္။ ထန္ယြိကလည္း အာ့ႏြီကို ျပန္ၾကည့္လိုက္၏။
ထိုစဥ္ ႐ႈယန္ႏွင့္ လင္းက်င္းက်င္းတို႔၏ သ႐ုပ္ေဆာင္ စြမ္းရည္မ်ားက ေပါင္းစပ္သြားခဲ့ၾကသည္။
သူတို႔သည္ ေနာက္ဆုံးေတာ့ အတူတကြ ေပါင္းစည္းသြားၾကသည္။
ေသဆုံးရမည္ဆိုရင္ေတာင္ လမင္းခစားဂိုဏ္းသခင္ႀကီးကို သူတို႔ ႏွိမ္နင္းရမည္။
လည္ဆြဲ၏ စြမ္းအင္ကို အသုံးျပဳလိုက္ေသာေၾကာင့္ သူတို႔ႏွစ္ေယာက္စလုံး ငွက္မ်ားအျဖစ္ ေျပာင္းလဲသြားကာ အတူတကြ ပ်ံသန္းသြားၾကေတာ့သည္။
သူတို႔က ေကာင္းကင္ေပၚမွာ အတူတူ ပ်ံသန္းေနသည့္ အခ်စ္ငွက္ႏွစ္ေကာင္၊ ႏွစ္လႊာေပါင္းမွ တစ္႐ြက္ျဖစ္ေသာ စြယ္ေတာ္႐ြက္ေလးလို ျဖစ္သြားခဲ့ၾကသည္။
ေနာက္ဆုံးအခ်ိန္တြင္ တစ္ေယာက္ကို တစ္ေယာက္ အလြန္ခ်စ္ျမတ္ႏိုးၾကေသာ လူႏွစ္ေယာက္က နီးစပ္သြားၾကေသာ္လည္း ငွက္မ်ားအျဖစ္ ေျပာင္းလဲသြားၾကသည္။
႐ႈယန္ႏွင့္ လင္းက်င္းက်င္းတို႔ ႐ိုက္ကူးေရးက ထိုေနရာတြင္ ၿပီးဆုံးသြားပါသည္။
ဒါကို ႐ိုက္ကူးၿပီးေနာက္ သူတို႔ႏွစ္ေယာက္အတြက္ ဇာတ္ဝင္ခန္း မ႐ွိေတာ့ပါ။
သို႔ေသာ္လည္း ႐ႈယန္မ်က္လုံးထဲမွာ လင္းက်င္းက်င္းသာ ႐ွိေလသည္။ သူ႕မ်က္လုံးမ်ားက နီရဲေန၏။
လင္းက်င္းက်င္းလည္း ထိုနည္းလည္းေကာင္း ျဖစ္ေနခဲ့ပါသည္။ သူမ၏ လွပေသာ မ်က္လုံးေလးမ်ားက မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေနပါသည္။
ဒီဇာတ္လမ္းထဲမွာ သ႐ုပ္ေဆာင္လိုက္သည္ႏွင့္ သူတို႔ႏွစ္ေယာက္စလုံး အနည္းငယ္ စိတ္ဓာတ္က်သြားပါသည္။
ထို႔ေနာက္ ဇာတ္လမ္း၏ ၾကမၼာအဆိုးဆုံး ဇာတ္သိမ္းသို႔ ေရာက္လာခဲ့ပါသည္။
႐ွားဝမ္ေခြၽ႕ သ႐ုပ္ေဆာင္သည့္ ေက်ာက္လင္အာ ဇာတ္ေကာင္မွာ ေရမိစၧာသားရဲႀကီးကို သတ္ျဖတ္ႏိုင္ခဲ့ကာ အျပင္းအထန္ ဒဏ္ရာရ႐ွိခဲ့သည္။
လင္းဖန္၏ ဇာတ္ေကာင္ လီေ႐ွာင္းေယာင္က သူ႕မိန္းမျပန္လာတာကို ျမင္ေသာအခါ...
သူ႕ထံကို တစ္လွမ္းခ်င္း ေလွ်ာက္လာကာ စင္ၾကယ္သည့္ အျပဳံးတစ္ခုျဖင့္ ျပဳံးျပလိုက္သည့္ ေက်ာက္လင္အာကို ၾကည့္လိုက္ပါသည္။
ထို႔ေနာက္ ေက်ာက္လင္အာက လီေ႐ွာင္းေယာင္၏ လက္ထဲတြင္ ေသဆုံးသြားခဲ့သည္။
ဇာတ္လမ္းထဲတြင္ ႐ွားဝမ္ေခြၽ႕က လင္းဖန္၏ ရင္ခြင္ထဲ ဆင္းသက္သြားခဲ့၏။
သ႐ုပ္ေဆာင္ေနတာမွန္း သိေသာ္လည္း သူတို႔ႏွစ္ေယာက္ ဇာတ္လမ္းထဲ ေမ်ာပါသြားၾကပါၿပီ။
ႏူဝ၏ မ်ိဳးဆက္တစ္ေယာက္အျဖစ္ တာဝန္ကို သယ္ေဆာင္ဖို႔အတြက္ ထိုတာဝန္ကိုယူကာ သူမကိုယ္သူမ စေတးၿပီး လမင္းခစားဂိုဏ္းသခင္ႀကီးကို ႏွိမ္နင္းခဲ့သည္။
သို႔ေသာ္လည္း သူမ အခ်စ္ဆုံးလူနဲ႔ အတူတူ မ႐ွိႏိုင္ေတာ့ေပ။
သူမ၏ ခ်စ္သူက သူမကို ထားခဲ့သည္။ သူမ၏ သူငယ္ခ်င္မ်ားလည္း အားလုံး ေသဆုံးသြားခဲ့ၾကၿပီ။ သူမ၏ သမီးတစ္ေယာက္သာ က်န္ခဲ့သည္။
အထီးက်န္မႈ၊ စိတ္ပ်က္အားငယ္မႈ၊ နာက်င္မႈ။
႐ွားဝမ္ေခြၽ႕ သူ႕ရင္ခြင္ထဲ ပစ္လဲက်လာတာကို ျမင္ေသာအခါ လင္းဖန္ ရင္ကြဲနာက်လုမတတ္ နာက်င္သြားသည္။
သူ႕ရင္ခြင္ထဲက သူ႕ရဲ႕ အခ်စ္ရဆုံးသူကို ၾကည့္လိုက္သည္။
ဒါက သ႐ုပ္ေဆာင္ေနမွန္း သိေသာ္လည္း လင္းဖန္တစ္ေယာက္ သူ႕ခံစားမ်က္မ်ားကို မထိန္းခ်ဳပ္ႏိုင္ေသးပါ။
သူ႕စိတ္ခံစားခ်က္မ်ားက မယုံၾကည္ႏိုင္မႈမွ တြန္႔ဆုတ္မႈ၊ ဝမ္းနည္းမႈ၊ စိတ္ပ်က္အားငယ္မႈႏွင့္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့မႈတို႔အျဖစ္ တစ္ဆင့္ျခင္း ေျပာင္းလဲသြားသည္။
လင္းဖန္၏ မ်က္ႏွာေပၚတြင္ အမူအရာအားလုံး ေပၚလြင္ထင္ဟပ္ေနသည္။
သူ႕ရဲ႕ အေကာင္းမြန္ဆုံး သ႐ုပ္ေဆာင္စြမ္းရည္ကို သုံးၿပီး ဇာတ္လိုက္၏ စိတ္ခံစားခ်က္မ်ားကို သ႐ုပ္ေဖာ္ခဲ့သည္။
သူႏွင့္ သူ႕သမီးေလးသာ က်န္ခဲ့ေတာ့သည္။
လင္းဖန္ကိုယ္တိုင္ေတာင္ ဒီေလာက္ထိ သ႐ုပ္ေဆာင္ႏိုင္လိမ့္မည္ဟု မထင္ထားခဲ့ပါ။
သူ႕ေ႐ွ႕က အရာအားလုံးက ႐ွန္း႐ွေလာကထဲကလို ျဖစ္သည္။
သူ႕အခ်စ္ရဆုံးလူက သူ႕ကို ထားရစ္ခဲ့သည္။
လင္းဖန္တစ္ေယာက္ ရင္ေတြ ကြဲေၾကသြားသလို ခံစားလိုက္ရပါသည္။
ေနာက္ဆုံးေတာ့ လုပမ္ခိုင္းက ကတ္ဟု ေအာ္လိုက္၏။
ဆိုလိုတာက ဇာတ္ဝင္ခန္း ၿပီးဆုံးသြားၿပီ ျဖစ္သည္။
ဓားႏွင့္နတ္သမီးဒ႑ာရီ ႐ိုက္ကူးေရး တရားဝင္ ၿပီးဆုံးသြားခဲ့ပါၿပီ။
သို႔ေသာ္ ႐ိုက္ကူးေရး ၿပီးဆုံးသြားတာေတာင္ လင္းဖန္၏ မ်က္လုံးထဲမွာ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေနဆဲ ျဖစ္သည္။
သူ ႐ွားဝမ္ေခြၽ႕ကို အၾကာႀကီး ဖက္ထားလိုက္သည္။
တစ္ဖက္မွာေတာ့ လင္းက်င္းက်င္းႏွင့္ ႐ႈယန္တို႔လည္း ထိုနည္းလည္းေကာင္း ျဖစ္သည္။
လင္းက်င္းက်င္း၏ မ်က္လုံးမ်ားက နီရဲေနသည္။ ႐ႈယန္လည္း ထိုနည္းလည္းေကာင္းပင္။ သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ တိတ္ဆိတ္စြာ မွီတြယ္ေနၾကသည္။ စကားလည္း မေျပာၾကဘဲ လႈပ္ေတာင္ မလႈပ္ၾကေပ။
႐ွားဝမ္ေခြၽ႕က လင္းဖန္၏ ရင္ခြင္ထဲမွ သူမ၏ မ်က္လုံးမ်ားကို ျဖည္းျဖည္းခ်င္း ဖြင့္လိုက္ပါသည္။
သူမ အနည္းငယ္ ျပဳံးလိုက္၏၊။
အ႐ူးေကာင္...
သူမတို႔က သ႐ုပ္ေဆာင္ေနတာ ျဖစ္သည္။
သူမ အသက္႐ွင္ေနပါေသးသည္။ ဘာလို႔ ဒီအ႐ူးေကာင္က ငိုေနေသးတာလဲ။ လူႀကီးတစ္ေယာက္ျဖစ္ၿပီး ဘာလို႔ ငိုေနတာလဲ။ ႐ွားဝမ္ေခြၽ႕က ခ်ိဳသာစြာ ျပဳံးလိုက္ၿပီး သူမ၏ လက္ဖဝါးျဖင့္ လင္းဖန္၏ ပါးကို သုတ္ေပးလိုက္ပါသည္။
လင္းဖန္သည္ ေနာက္ဆုံးေတာ့ ဇာတ္လမ္းထဲ နစ္ေျမာေနရာမွ ျပန္လည္အသိဝင္လာၿပီ ျဖစ္ကာ ႐ွားဝမ္ေခြၽ႕ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္သည္။ သူ သ႐ုပ္ေဆာင္တာ အရမ္းေလးနက္သြားၿပီး ဇာတ္လမ္းကလည္း လက္ေတြ႕ဆန္လြန္းသည္။ လင္းဖန္သည္ သူအခ်စ္ရဆုံးအမ်ိဳးသမီးက သူ႕ကို တကယ္ထားသြားသည္ဟု ခံစားလိုက္ရပါသည္။
႐ွားဝမ္ေခြၽ႕လည္း လင္းဖန္၏ စိတ္ခံစားခ်က္မ်ားကို ခံစားမိသည္။ သူ႕ကို ဖက္ခြင့္ေပးထားလိုက္ပါသည္။
႐ိုက္ကူးေရးအဖြဲ႕သားမ်ားအားလုံး ထိုျမင္ကြင္းကို ျမင္သြားၾကသည္။
ယုတၱိ႐ွိ႐ွိ ေျပာရမည္ဆိုလွ်င္ ဒါက ဧရာမ သတင္းတစ္ပုဒ္ ျဖစ္သြားႏိုင္သည္။ လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ေပၚတင္ႀကီး တင္းတင္းၾကပ္က်ပ္ဖက္ထားသည္။
သို႔ေသာ္လည္း ဝန္ထမ္းအားလုံး၏ မ်က္လုံးမ်ားက စိုစြတ္ေနဆဲျဖစ္ကာ အၾကာႀကီး တိတ္ဆိတ္ေနၾကပါသည္။
လက္ေထာက္ဒါ႐ိုက္တာ လုပမ္ခိုင္းအပါအဝင္ မင္းသမီးမ်ားႏွင့္ ကေလးမ်ားေတာင္ ငိုေနၾကပါသည္။
အဘယ့္ေၾကာင့္ဆိုေသာ္... ဒီဒရမ္မာက ဝမ္းနည္းဖို႔ ေကာင္းလြန္းေသာေၾကာင့္ ျဖစ္သည္။
႐ိုက္ကြင္းမွာ ဂီတလည္း မပါသလို အထူးျပဳလုပ္ခ်က္မ်ားလည္း မပါဝင္ေသးပါ။ ႐ိုး႐ိုး႐ွင္း႐ွင္း သ႐ုပ္ေဆာင္စြမ္းရည္မ်ားျဖင့္ပင္ အားလုံးကို ငိုေႂကြးသြားေအာင္ လုပ္ႏိုင္ဖို႔ လုံေလာက္ပါသည္။
အားလုံးက ဇာတ္လိုက္၏ ကမ႓ာထဲ အစားထိုး ဝင္ၾကည့္ႏိုင္ၾကသည္။
ဇာတ္လိုက္၏ အခ်စ္ရဆုံး အမ်ိဳးသမီး တျဖည္းျဖည္းခ်င္း ေသသြားတာကိုျမင္ကာ အားလုံး၏ ရင္ထဲမွာလည္း လင္းဖန္လိုပဲ ေလးလံေနပါသည္။
သူတိ့းသည္ ႐ွားဝမ္ေခြၽ႕ကို "ဓားႏွင့္နတ္သမီးဒ႑ာရီ" ထဲတြင္ ေခါင္းေဆာင္မင္းသမီး အစစ္အမွန္လို သေဘာထားလိုက္ၾကသည္။
႐ွားဝမ္ေခြၽ႕ႏိုးလာေသာအခါ တခ်ိဳ႕လူမ်ားက အားပင္ေပးၾကပါသည္။
သူမ လင္းဖန္၏ ရင္ခြင္ထဲတြင္ ႏိုးထလာခဲ့သည္။
သူတို႔ တစ္ေယာက္ကို တစ္ေယာက္ ဖက္ထားၾကၿပီး တကယ္ပဲ ျပန္လည္ဆုံစည္းသြားၾကပါသည္။
႐ုပ္သံဒရမ္မာ ႐ိုက္ကူးေရးၿပီးသြားတာေတာင္ ဝန္ထမ္းမ်ား၊ ၾကည့္႐ႈသူမ်ားနဲ႔ လင္းဖန္ကိုယ္တိုင္ေတာင္ သူတို႔ ႐ိုက္ကူးေရး လုပ္ေနတယ္ဆိုတာနဲ႔ ဘာေတြလုပ္ေနသလဲ ေမ့ေလ်ာ့သြားၾကပါသည္။
ဒါကို ႐ွန္း႐ွကမ႓ာစစ္တစ္ခုဟုသာ မွတ္မိၾကသည္။
သူ႕ေ႐ွ႕က လူက သူ႕အခ်စ္ဆုံးသူျဖစ္ၿပီး သူ႕ေဘးပတ္လည္ကလူမ်ားက သူ႕အခ်စ္ဆုံးသူငယ္ခ်င္းမ်ား ျဖစ္တာကိုပဲ မွတ္မိပါသည္။
ဝန္ထမ္းမ်ားကလည္း ဒီဇာတ္လမ္းေၾကာင့္ အလြန္ဝမ္းနည္းသြားၾကသည္။
၁၀ မိနစ္နီးပါးေလာက္အထိ ႐ိုက္ကူးေရး အဖြဲ႕သားထဲက အားလုံး အသိစိတ္ျပန္မဝင္ၾကေသးပါ။
ဒီဒရမ္မာက... ႐ိုက္ကူးေရးအဖြဲ႕သားအားလုံးကို ဝမ္းနည္းေစခဲ့ပါသည္။