မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

061: ဒိတ်လုပ်နေသလိုမျိုးပဲ

993 177 1
By XiaoManTou96

Unicode

ဟဲကျင့်၏ နောက်ကျောသည် သံပြားပူပူကဲ့သို့ ပူလောင် နေသည်။ သူသည် လူများဝိုင်းရံခံထားရသော်လည်း သူ့နောက်တွင်တော့ ထိုသူတစ်ယောက်ပဲရှိကာ သူမှလွဲ၍ မည်သူမျှ ထိခွင့်မရပုံပင်။

သူသည် တစ်ဖက်လူဆီမှ ဖယ်ခွါချင်သော်လည်း ချင်ယွီက သူ့နောက်မှ ရုတ်တရက် တိုးတိုးလေး ပြောလာသည်။

"မတ်မတ်ရပ်"

နွေးထွေးသောအသက်ရှုသံသည် နားရွက်ကိုခလုတ် တိုက်သွားလေသည်။သံလိုက်လိုအသံသည်
နုနယ်သောအာရုံကြောများကိုတိုက်ခိုက်သွားပြီး သူဘာလုပ်ချင်နေတာလဲဆိုတာပါမေ့သွားစေ၏။.. သူသည် ချင်ယွီက တင်းနစ်ကစားရန် သင်ပေးသည့် ပထမဆုံးအကြိမ် ထို့အပြင်ဟိုလိုဂရပ်ဖစ်ဂိမ်းတွင် မီးရဲ့ရင်ခွင်ထဲမှာနေ၍ သနားဖွယ် မီးလျှံကို အတူတူစီးကြသည့်အချိန် ထိုနှစ်ကြိမ်လုံးတွင်အခြားလူတစ်ဦး၏နောက်မှ ပွေ့ဖက်ခြင်းကို ခံရသည် ကို သတိရသွားလေသည်။...

သူ့အတွင်း၌ ထူးဆန်းသော သွေးခုန်နှုန်းတစ်ခု ထွက်ပေါ်လာပြီး ဦးနှောက်ထဲတွင် တစ်စုံတစ်ရာ ကိုဖျက်ဆီးလိုက်၍ ပေါက်ကွဲသွားသကဲ့သို့ သူ့ခေါင်းကို တဝီဝီမြည်သွားစေကာ သူ့စိတ်ကို ဆူညံသွားစေ
သည်။

ဟဲကျင့် သည် သူ့ အသက်20 ကျော် တွင် ပထမဆုံးအကြိမ်အဖြစ် ဤသွေးခုန်နှုန်းကို ခံစားခဲ့ရသော်
လည်း  သူနဲ့ လိင်တူသည့် တစ်စုံတစ်ဦးအတွက်
ရည်ရွယ်နေခဲ့တာဖြစ်နေပါ၏။

ချင်ယွီသည် သူ့လက်ကို ဘယ်အချိန်ဖယ်လိုက်သလဲကို သူမသိလိုက်ပါ။ မြေအောက်ရထားဘူတာမှ ထွက်ခွာလာစဉ်တွင် အေးစက်သောလေများ တိုက် ခတ်လာသည်ကို ခံစားလိုက်ရပြီးနောက်မှ သူ့စိတ် တွေပြန်လည်ရောက်ရှိလာတာပါပင်။

ဟဲကျင့်သည် အနီရောင်နှင့် အစိမ်းရောင်မီးရောင် များ ဖောက်ထွင်းမြင်ရသည့် ကုလားကာများဖြင့် ဝန်းရံထားသည့် ညဈေးတန်းများ စာလုံးအမျိုးမျိုးနှင့် အီလက်ထရွန်းနစ် ဆိုင်းဘုတ်များ- ပေကျင်းလက်ဟောင်းခေါက်ဆွဲ၊ရှန်ဟိုင်းကျောက်ပုစွန်၊ ဟန်ကော မြေအိုးထမင်း စသည်ဖြင့်...စုံလင်လှတဲ့မြင်ကွင်းဖြင့်ကြိုဆိုခံလိုက်ရ၏။

"ဘာစားချင်လဲ?" ချင်ယွီက မေးသည်။

ခဏလောက်တော့ ဟဲကျင့်သည် တော်ဝင်မြို့ရဲ့ ချန်းလဲ့ လမ်းမှာ မီး နဲ့ အတူ ရှိနေသလို ခံစားလိုက်ရသည်... သူက ခေါင်းကို ခါယမ်းလိုက်ပြီး

"ငါကမင်းကို စားဖို့ခေါ်လာတာလေ မင်းရွေးလိုက်" လို့ ဖြေလိုက်တယ်။

ချင်ယွီကcurry စားဖို့ကိရွေးချယ်ခဲ့တယ် ။ ဝက်သားတုံးကြော်၊ထမင်း နှင့်curry အပြင် တရုတ် ပင်လယ်မှော်တချို့နဲ့ တွဲမှာလိုက်ကြသည်။ ဟဲကျင့် က အရက်သောက်ချင်လားလို့မေးတဲ့ အခါ ချင်ယွီကငြင်းခဲ့ပြီး 7up သောက်ဖို့ဆိုလာလေ၏

ဟဲကျင့်က ရယ်ကာ  "မင်းက ကလေး ကျနေတာပဲ 7up သောက်ရတာကြိုက်တယ်နော်"

ချင်ယွီကမျက်ခုံးပင့်လိုက်ကာ "7up သောက်ရတာ ကြိုက်တိုင်း ငါက ဘာလို့ ကလေးဖြစ်ရမှာလဲ? ငါ့အဖွားရှိတုန်းကဆိုဝမ်ကျစ် နို့ကိုသောက်ရတာကြိုက်တယ် အဲ့ဒါဆိုသူမလဲ ကလေးပေါ့?"

[T/N ဝမ်ကျစ် နို့]



ဟဲကျင့်: "..."

ဟဲကျင့်: " အဟွတ် ငါကမင်းဘီယာလိုချင်တယ် ထင်လို့ "

ချင်ယွီ : "50:50 လောက်ပါပဲ ငါကလူအများကြီးနဲ့ အပြင်ထွက်ရင်တော့ အရက်သောက်ရတာ ကြိုက်တယ် ဒါပေမယ့် တစ်ယောက် နှစ်ယောက်ပဲ ဆိုရင်တော့စိတ် အခြေအနေမကောင်းမှ သောက်တာ"

ဟဲကျင့်: "ငါတော့ အရင်ကမကြိုက်ဘူး ဒါပေမယ့် ဟိုတခါက ဥက္ကဌရှန်ရယ်မင်းရယ် နဲ့ ညစာစားတုန်းကမှ သောက်ရတာကောင်းမှန်းသိတာ"

ချင်ယွီက ရယ်ခဲ့လေသည် အရက်အရသာကောင်းကြောင်းသိသွားတဲ့ ဒီလူကတော့ အနာဂတ်မှာ အရက်ကိုပိုလောဘ ကြီးလာတော့မယ်ထင်ပါရဲ့

ချင်ယွီ: "မင်း တစ်ပုလင်းလောက်သောက်ချင်လား?"

ဟဲကျင့်: "မေ့လိုက်တော့ အရံဟင်းမရှိဘူး၊ ထမင်းနဲ့curry စားရင်း ဘီယာသောက်ရတာတော့ တော်တော်ထူးဆန်းတယ်..."

မကြာခင်မှာ ထမင်းနဲ့ curry ရောက်လာခဲ့ပြီးအနံ့မှာ ပြင်းလွန်းလှသည်။ဝက်သားတုံးကြော်က ရွှေရောင်သန်းလျက်ရှိကာ ကြွပ်ယွနေလေ၏။ရေခဲစိမ် 7up သည်လည်း ဟင်းပွဲအတွက် လန်းဆန်းစေသော အရသာကိုထည့်ပေးသည်။

နှစ်ယောက်သား စကားစမြည်ပြောပြီး ရယ်နေကြသည်။ ဟဲကျင့် ရဲ့ အတွင်းစိတ်က ကမောက်ကမ ဖြစ်နေပေမယ့် သူ ဘယ်တော့မှ ရုပ်ပျက်ဆင်းပျက်အပြုအမူကို မလုပ်ပေ။ သို့သော် သူသည် ချင်ယွီကို မသိမသာဖြင့် ချောင်းကြည့်မိလေသည်။ သူအစားစားနေတဲ့ပုံစံကိုလည်းကြည့်သည် 7up ကိုယူသောက်လိုက်သည့် သူ့ရဲ့ စိုစွတ်နေသည့် လက်ကိုလည်းကြည့်သည်။7 up ကို သောက်လိုက်၍ သူ့နှုတ်ခမ်းတွန့်ချိုးသွားပုံကိုလည်းသူငေးကြည့်နေမိ၏......

မိန်းကလေးတော်တော်များများလည်း ဒီလိုပဲလုပ်ရတာကို သဘောကျတဲ့အတွက် သူ့ကိုယ်သူ ဖြေသိမ့် ခဲ့လေသည်။ချင်ယွီ သည် ဘတ်စကက်ဘောကစားရာတွင် ကြည့်ကောင်းရုံသာမက သူဖော်ပြသည့်မျက်လုံးအမူအရာအသေးစိတ်များသည်လည်း လူငယ်တစ်ယောက်၏ ဆွဲဆောင်မှုအပြည့်ရှိသည်။

ထမင်းစားပြီးချိန်တွင်တော့ အပြင်မှာ ကောင်းကင်က လုံးဝမှောင်နေပြီး အပူချိန်ကလည်း ဒီဂရီ အများကြီး ကျဆင်းသွားလေပြီ။ ချင်ယွီသည် ဟဲကျင့် လည်ပင်းကို ကျုံ့လိုက်သည်ကိုမြင်သောအခါပြောလာသည်။

"ဒီမှာ ခဏစောင့်နေ"

ဟဲကျင့် ၏ အဖြေကို မစောင့်ဘဲ သူ ပြေးထွက်လာခဲ့သည်။

ဟဲကျင့် သည် တစ်နေရာတည်းတွင် ရပ်နေပြီး မဝေးလှသော အသုံးအဆောင်ပစ္စည်းဆိုင်သို့ ချင်ယွီ ဝင်သွားသည်ကိုလှမ်းမြင်လိုက်ရသည်။ ချင်ယွီ က သူကိုယ်တိုင်အတွက် တစ်ခုခုဝယ်လိုသည်ဟု သူထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်မိနစ်အကြာတွင် ချင်ယွီသည် ဆင်တူမာဖလာနှစ်ခုဖြင့်ထွက်လာခဲ့သည်။

သူသည် ဟဲကျင့် ထံသို့သွားကာ မာဖလာတစ်ခုကို ပေးလိုက်ပြီး ကျန်တစ်ထည်ကိုတော့ ကို သူ့အတွက် ယူလိုက်ကာပြောလာသည်။

"ရော့ အအေးမမိစေနဲ့"

ဟဲကျင့်က ဘာပြန်ပြောရမလဲ မသိတော့ပဲမာဖလာကို လက်ခံလိုက်သည်။ သူ့စိတ်ထဲတွင် ထူးဆန်းသောအရာများကို ပြန်တွေးနေမိတော့သည်။

ဒီမာဖလာကို ချင်ယွီက သူ့အတွက်ဝယ်ပေးတာလား? ဒါမှမဟုတ်သူ့ကိုခဏငှားပေးပြီး ပြီးရင်ပြန်ပေးရမှာလား? ဒါပေမယ့် သူ့ကို ငှားတယ်ဆိုရင်လဲ ဆင်တူနှစ်ခုကိုဘာလို့ဝယ်လာတာလဲ?... ပြီးတော့ လက်ဆောင်ဆိုရင်လည်း အခုခေတ် ယောက်ျားလေးတွေက ပုံမှန် တခြားကောင်လေးအတွက် မာဖလာဝယ်ပေးကြတာလား?အရမ်းထူးဆန်းတယ် ချင်ယွီက ငါ့အပေါ်မှာ တကယ်ကြီးခံစားချက်မရှိလောက်ပါဘူးနော် ဟုတ်တယ်မလား? ဒါက ထူးဆန်းတယ်...

ချင်ယွီ သည် ဟဲကျင့် ၏ ရှုပ်ယှက်ခတ်နေသော ခွဲခြမ်းစိတ်ဖြာမှုကို ဆက်လက်လုပ်ဆောင်ရန် အချိန်မပေးခဲ့ပါ။ သူကိုယ်ပေါ်တွင်လည်း မာဖလာကို ရစ်ပတ်ပြီးနောက်  မြေအောက်ရထားဘူတာဆီသို့ တန်းသွားကြတော့သည်။

အဆုံးတွင်တော့ ဟဲကျင့်က သူအရမ်းတွေးနေတာလည်း ဖြစ်နိုင်တယ်လို့သာ ကောက်ချက်ချခဲ့တော့သည်...

ဘေးချင်းကပ် လျှောက်သွားနေတဲ့ စုံတွဲတွေ အများကြီး ရှိနေပြီး အကုန်လုံးက ယောက်ျားနဲ့ မိန်းမ အတွဲတွေချည်းပါပဲ။ သူနှင့် ချင်ယွီတို့သည် တူညီသော မာဖလာ များ ၀တ်ထားသည်ကို တစ်စုံတစ်ယောက်က လက်ညှိုးထိုးပြကာ ပြုံးရယ်နေသည်ကို တွေ့လိုက်ရသည်။ ဒါကိုမြင်တော့ ဟဲကျင့်က အရမ်းရှက်ရွံ့နေပေမယ့် ချင်ယွီကတော့ မထူးမခြားနားပင်။

မြေအောက်ရထားဘူတာသို့ရောက်သောအခါဟဲကျင့် သည် နောက်ဆုံးတွင်တော့ သဘောပေါက်လိုက်သည်- သူတို့နှစ်ဦးသည် ပစ္စည်းဝယ်ရန်အတွက် အတူတူထွက်လာကြကာ နို့လက်ဖက်ရည်လည်းအတူသောက်ကြသည် အတူတူစားကြသည် အခုဆိုသူတို့က မာဖလာ ဆင်တူတောင် ပတ်ထားကြသေး အဲ့ဒါက သူတို့နှစ်ယောက် ဒိတ်လုပ်နေသလိုပါပင်

ထုန်ရွှမ်နဲ့ တွဲနေတုန်းကတော့ သူတို့နှစ်ယောက်က အချိန်အကြာကြီး အပြင်မထွက်ခဲ့ကြသလို ဘာမှလည်းသိပ်မလုပ်ဖြစ်ကြပေ။ သူတို့နှစ်ယောက်ရဲ့ဒိတ်အများစုကတော့ ကျောင်းနားက စားသောက်ဆိုင်တွေကို သွားစားဖို့ ဒါမှမဟုတ် ကော်ဖီဆိုင်မှာ စာကျက်ဖို့ပါပဲ။

ပိုအရေးကြီးတာက ချင်ယွီနဲ့ အတူရှိတုန်းကလို နားမလည်နိုင်တဲ့ ခံစားချက်မျိုး သူ့စိတ်ထဲမှာ မရှိနေခဲ့ဘူး အခုရောအရင်ကရော သူ့နှလုံးခုန်သံက တဖြည်းဖြည်းမြန်လာကာ  အချိန်တွေ နှေးကွေးသွားပြီး သူတို့တွေ အချိန်ပိုကြာအောင် အတူတူရှိနိုင်ဖို့ မျှော်လင့်ထားမိနေသလိုပါပင်...
ဒါပေမယ့် ချင်ယွီအပေါ်ထားတဲ့ ဒီခံစားချက်က အချစ်ဖြစ်နိုင်လောက်လားဟင်?

ဤအရှက်မဲ့သော အတွေးသည် ဟဲကျင့်၏ စိတ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ပျက်သုဉ်းသွားသည်။ ဒါမဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး!

ကျောင်းရောက်တော့ ကိုးနာရီ ထိုးနေလေပြီ။ ချင်ယွီသည်မာဖလာ နှင့်ပတ်သက်ပြီး အမှန်တကယ်ပင် ဘာမှမပြောခဲ့ဘဲ ဟဲကျင့်သည်လည်း မေးဖို့ကိုတွန့်ဆုတ်နေခဲ့သည်။နောက်ဆုံးတော့ နောက်တစ်ကြိမ်ကျမှ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်တော့၏၊

ဟဲကျင့် သည် သူ့အဆောင်ထဲဝင်သွားသည့် တိုင်အောင် အတွေးနွံနစ်နေဆဲပင်။သူသည် မာဖလာကို အမြန်ချွတ်လိုက်ပြီး သူ့အဝတ်များပေါ်တွင် တမူထူးခြားသော မိန်းမ၏အနံ့ကို ဖုံးကွယ်ရန် ယောက်ျားရေမွှေးကို အလျင်အမြန် ဆွတ်လိုက်သည့် ဖောက်ပြန်နေတဲ့ခင်ပွန်းကဲ့သို့ ပြုမူသည်။ သူသည် ချင်ယွီနှင့် တူညီသော မာဖလာရှိသည်ကို အခြားလူများမြင်သွားမှာကို စိုးရွံ့လှလေသည်....

သို့သော် ဟုန်တုန်ယွမ် သည် စိတ်ခံစားချက်ကို မဖတ်နိုင်ခဲ့သည်မှာ ထင်ရှားပေ၏။ဟဲကျင့် ပြန်လာတာကိုမြင်တော့ သူက အော်ပြောလာလေသည်။

"အိုး ကျင့်ကော  နောက်ဆုံးတော့ မင်းပြန်လာပြီပဲ!လာ ဒီဗီဒီယိုကို လာကြည့်ဦး!"

"ဘာဗီဒီယိုလဲ?"

ဟဲကျင့် စိတ်ရှုပ်ထွေးသွားသည်။ မာဖလာကို ဗီရိုထဲထည့်ကာသွားလိုက်တော့သည်

ဟုန်တုန်ယွမ် က ကွန်ပြူတာစခရင်ကို လက်ညှိုးထိုးပြပြီးပြောလာသည်။

"မင်းယောကျ်ားရဲ့ live video အာ ဒါပေမယ့် တိုက် ရိုက်ထုတ်လွှင့်တာတော့မဟုတ်ဘူး ကြိုရိုက်ထားတဲ့ဟာ မင်းပြောကြည့် အဲ့ ဖာရက်က မင်းလား?" ​

ဟဲကျင့် သည် ဖန်သားပြင်ကို နှစ်စက္ကန့်ကြာ စိုက်ကြည့်ပြီးနောက် နဖူးပေါ်တွင် အနက်ရောင်မျဉ်းများ ပေါ်လာတော့သည်...

[T/N ဟဲကျင့်ဖြစ်သွားတဲ့ရုပ်]


ဟုန်တုန်ယွမ် က ခေါင်းခါ၍ ပြောလာသည်

"ဒါဟာ ဝမ်းနည်းစရာကောင်းလွန်းတယ် ကြီးမြတ်တဲ့ နတ်ဘုရားက မင်းကို ဘယ်လိုတောင် လုပ်ရက် ရတာလဲ!"

ဟုတ်တယ်!! ငါသူ့ဆီက အနိုင်ကျင့်ခံနေရတဲ့  ဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်တဲ့နေရာမှာ ဘယ်လိုတောင် တင်နိုင်ရတာလဲ! ဟဲကျင့်မှာ ဒေါသထွက်​လွန်းလို့ စားပွဲကိုတောင် ဖျက်စီးပစ်ချင်နေပါပြီနော်!

ပလူပျံနေတဲ့ မှတ်ချက်တွေက တော့အရင်တုန်းကနဲ့ တော်တော်ကွာခြားသွားပြီ။

"ယောင်္ကျားက အရမ်းရက်စက်တာပဲ! QAQ"

"နတ်ဘုရား ဒါကိုမင်းဘယ်လိုတောင် လုပ်ရက်ရတာတုန်း!"

"သူဘယ်သူလဲ? ငါဆိုလိုတာကဖာရက် ကိုပြောပါတယ်"

"နတ်ဘုရားက ဝိညာဉ် ဇာတ်ကောင်ကို လက်ခံခဲ့တာလား စဉ်းစားစရာပဲ"

"စွဲလမ်းသွားပြီလို့ ခံစားရတာ ငါတစ်ယောက်ထည်းလားဟေး?"

"ဟုတ်တယ် မင်းတစ်ယောက်တည်းပဲ!"

"မင်းတစ်ယောက်တည်း +10086"

......

ဟုန်တုန်ယွမ်:  "အာ ကြီးမြတ်တဲ့နတ်ဘုရားက မင်းနဲ့ PK တိုင်း ဒီလိုမျိုးလား?ကျင့်ကော ငါ မင်းအတွက်  နည်းနည်းတော့ သနားမိသွားပြီ..."

စိတ်ဓာတ်ကျစွာနဲ့ ပဲ ဟဲကျင့်က မီးကို အကျိုးအကြောင်းမေးဖို့ စမတ်လက်ပတ်ကတဆင့် မက်ဆေ့ချ်ပို့ဖို့လုပ်လေသည်။ စာရိုက်နေစဉ်တွင် ဟုန်တုန်ယွမ်ပြောလိုက်တာကိုရုတ်တရက်ရက် ကြားလိုက်ရသည်မှာ

"အမ် ပိုပြီးစွမ်းအားမြင့်သွားတာလား?" ဟူ၍ဖြစ်လေသည်။

မော်နီတာပေါ်တွင် "မြင့်မားသောစွမ်းအင်", "စက္ကူပုဝါများပြင်ဆင်ပါ"ဟုသည့် တစွန်းတဆသာသူ မြင်လိုက်ရသည်။ဟုန်တုန်ယွမ်က စိတ်မြန်လက်မြန် ရှိတာကြောင့် ဗီဒီယိုကို အရှေ့သို့ အလျင်အမြန်
ရစ်လိုက်ရာဖန်သားပြင်ပေါ်ရှိ မြင်ကွင်းသည်သူ၏
ဗိုက် လေးကို ဖော်ထားသည့် ရှိ အဖြူရောင်ဖာရက် လေးရဲ့မြင်ကွင်းသို့ ရုတ်တရက်ပြောင်းသွားတော့သည်.....

ဟဲကျင့်: "..." QAQ

ဟုန်တုန်ယွမ်: "..."

ဟဲကျင့် က ဟုန်တုန်ယွမ်ရဲ့ ထိုင်ခုံနောက်ကျောကို ခေါက်လိုက်ပြီး ရှင်းပြလာသည်။

"ဒါက ဖာရက်ရဲ့ စကေးလေ ချစ်ဖို့ကောင်းတဲ့ စကေး!"

ဟုန်တုန်ယွမ် : "အိုး..."

-ဘာပြောပြောအသုံးမဝင်ဘူး ကျင့်ကော ငါမင်းကိုဆက်ပြီးမကြည့်ရဲတော့ဘူး! (=_=)


Zawgyi

061: ဒိတ္လုပ္ေနသလိုမ်ိဳးပဲ

ဟဲက်င့္၏ ေနာက္ေက်ာသည္ သံျပားပူပူကဲ့သို႔ ပူေလာင္ ေနသည္။ သူသည္ လူမ်ားဝိုင္းရံခံထားရေသာ္လည္း သူ႔ေနာက္တြင္ေတာ့ ထိုသူတစ္ေယာက္ပဲရွိကာ သူမွလြဲ၍ မည္သူမွ် ထိခြင့္မရပုံပင္။

သူသည္ တစ္ဖက္လူဆီမွ ဖယ္ခြါခ်င္ေသာ္လည္း ခ်င္ယြီက သူ႔ေနာက္မွ ႐ုတ္တရက္ တိုးတိုးေလး ေျပာလာသည္။

"မတ္မတ္ရပ္"

ေႏြးေထြးေသာအသက္ရႈသံသည္ နား႐ြက္ကိုခလုတ္ တိုက္သြားေလသည္။သံလိုက္လိုအသံသည္
ႏုနယ္ေသာအာ႐ုံေၾကာမ်ားကိုတိုက္ခိုက္သြားၿပီး သူဘာလုပ္ခ်င္ေနတာလဲဆိုတာပါေမ့သြားေစ၏။.. သူသည္ ခ်င္ယြီက တင္းနစ္ကစားရန္ သင္ေပးသည့္ ပထမဆုံးအႀကိမ္ ထို႔အျပင္ဟိုလိုဂရပ္ဖစ္ဂိမ္းတြင္ မီးရဲ႕ရင္ခြင္ထဲမွာေန၍ သနားဖြယ္ မီးလွ်ံကို အတူတူစီးၾကသည့္အခ်ိန္ ထိုႏွစ္ႀကိမ္လုံးတြင္အျခားလူတစ္ဦး၏ေနာက္မွ ေပြ႕ဖက္ျခင္းကို ခံရသည္ ကို သတိရသြားေလသည္။...

သူ႔အတြင္း၌ ထူးဆန္းေသာ ေသြးခုန္ႏႈန္းတစ္ခု ထြက္ေပၚလာၿပီး ဦးေႏွာက္ထဲတြင္ တစ္စုံတစ္ရာ ကိုဖ်က္ဆီးလိုက္၍ ေပါက္ကြဲသြားသကဲ့သို႔ သူ႔ေခါင္းကို တဝီဝီျမည္သြားေစကာ သူ႔စိတ္ကို ဆူညံသြားေစ
သည္။

ဟဲက်င့္ သည္ သူ႔ အသက္20 ေက်ာ္ တြင္ ပထမဆုံးအႀကိမ္အျဖစ္ ဤေသြးခုန္ႏႈန္းကို ခံစားခဲ့ရေသာ္
လည္း  သူနဲ႔ လိင္တူသည့္ တစ္စုံတစ္ဦးအတြက္
ရည္႐ြယ္ေနခဲ့တာျဖစ္ေနပါ၏။

ခ်င္ယြီသည္ သူ႔လက္ကို ဘယ္အခ်ိန္ဖယ္လိုက္သလဲကို သူမသိလိုက္ပါ။ ေျမေအာက္ရထားဘူတာမွ ထြက္ခြာလာစဥ္တြင္ ေအးစက္ေသာေလမ်ား တိုက္ ခတ္လာသည္ကို ခံစားလိုက္ရၿပီးေနာက္မွ သူ႔စိတ္ ေတြျပန္လည္ေရာက္ရွိလာတာပါပင္။

ဟဲက်င့္သည္ အနီေရာင္ႏွင့္ အစိမ္းေရာင္မီးေရာင္ မ်ား ေဖာက္ထြင္းျမင္ရသည့္ ကုလားကာမ်ားျဖင့္ ဝန္းရံထားသည့္ ညေဈးတန္းမ်ား စာလုံးအမ်ိဳးမ်ိဳးႏွင့္ အီလက္ထ႐ြန္းနစ္ ဆိုင္းဘုတ္မ်ား- ေပက်င္းလက္ေဟာင္းေခါက္ဆြဲ၊ရွန္ဟိုင္းေက်ာက္ပုစြန္၊ ဟန္ေကာ ေျမအိုးထမင္း စသည္ျဖင့္...စုံလင္လွတဲ့ျမင္ကြင္းျဖင့္ႀကိဳဆိုခံလိုက္ရ၏။

"ဘာစားခ်င္လဲ?" ခ်င္ယြီက ေမးသည္။

ခဏေလာက္ေတာ့ ဟဲက်င့္သည္ ေတာ္ဝင္ၿမိဳ႕ရဲ႕ ခ်န္းလဲ့ လမ္းမွာ မီး နဲ႔ အတူ ရွိေနသလို ခံစားလိုက္ရသည္... သူက ေခါင္းကို ခါယမ္းလိုက္ၿပီး

"ငါကမင္းကို စားဖို႔ေခၚလာတာေလ မင္းေ႐ြးလိုက္" လို႔ ေျဖလိုက္တယ္။

ခ်င္ယြီကcurry စားဖို႔ကိေ႐ြးခ်ယ္ခဲ့တယ္ ။ ဝက္သားတုံးေၾကာ္၊ထမင္း ႏွင့္curry အျပင္ တ႐ုတ္ ပင္လယ္ေမွာ္တခ်ိဳ႕နဲ႔ တြဲမွာလိုက္ၾကသည္။ ဟဲက်င့္ က အရက္ေသာက္ခ်င္လားလို႔ေမးတဲ့ အခါ ခ်င္ယြီကျငင္းခဲ့ၿပီး 7up ေသာက္ဖို႔ဆိုလာေလ၏

ဟဲက်င့္က ရယ္ကာ  "မင္းက ကေလး က်ေနတာပဲ 7up ေသာက္ရတာႀကိဳက္တယ္ေနာ္"

ခ်င္ယြီကမ်က္ခုံးပင့္လိုက္ကာ "7up ေသာက္ရတာ ႀကိဳက္တိုင္း ငါက ဘာလို႔ ကေလးျဖစ္ရမွာလဲ? ငါ့အဖြားရွိတုန္းကဆိုဝမ္က်ီ ႏို႔ကိုေသာက္ရတာႀကိဳက္တယ္ အဲ့ဒါဆိုသူမလဲ ကေလးေပါ့?"

[T/N ဝမ္က်ီ ႏို႔]




ဟဲက်င့္: "..."

ဟဲက်င့္: " အဟြတ္ ငါကမင္းဘီယာလိုခ်င္တယ္ ထင္လို႔ "

ခ်င္ယြီ : "50:50 ေလာက္ပါပဲ ငါကလူအမ်ားႀကီးနဲ႔ အျပင္ထြက္ရင္ေတာ့ အရက္ေသာက္ရတာ ႀကိဳက္တယ္ ဒါေပမယ့္ တစ္ေယာက္ ႏွစ္ေယာက္ပဲ ဆိုရင္ေတာ့စိတ္ အေျခအေနမေကာင္းမွ ေသာက္တာ"

ဟဲက်င့္: "ငါေတာ့ အရင္ကမႀကိဳက္ဘူး ဒါေပမယ့္ ဟိုတခါက ဥကၠဌရွန္ရယ္မင္းရယ္ နဲ႔ ညစာစားတုန္းကမွ ေသာက္ရတာေကာင္းမွန္းသိတာ"

ခ်င္ယြီက ရယ္ခဲ့ေလသည္ အရက္အရသာေကာင္းေၾကာင္းသိသြားတဲ့ ဒီလူကေတာ့ အနာဂတ္မွာ အရက္ကိုပိုေလာဘ ႀကီးလာေတာ့မယ္ထင္ပါရဲ႕

ခ်င္ယြီ: "မင္း တစ္ပုလင္းေလာက္ေသာက္ခ်င္လား?"

ဟဲက်င့္: "ေမ့လိုက္ေတာ့ အရံဟင္းမရွိဘူး၊ ထမင္းနဲ႔curry စားရင္း ဘီယာေသာက္ရတာေတာ့ ေတာ္ေတာ္ထူးဆန္းတယ္..."

မၾကာခင္မွာ ထမင္းနဲ႔ curry ေရာက္လာခဲ့ၿပီးအနံ႔မွာ ျပင္းလြန္းလွသည္။ဝက္သားတုံးေၾကာ္က ေ႐ႊေရာင္သန္းလ်က္ရွိကာ ႂကြပ္ယြေနေလ၏။ေရခဲစိမ္ 7up သည္လည္း ဟင္းပြဲအတြက္ လန္းဆန္းေစေသာ အရသာကိုထည့္ေပးသည္။

ႏွစ္ေယာက္သား စကားစျမည္ေျပာၿပီး ရယ္ေနၾကသည္။ ဟဲက်င့္ ရဲ႕ အတြင္းစိတ္က ကေမာက္ကမ ျဖစ္ေနေပမယ့္ သူ ဘယ္ေတာ့မွ ႐ုပ္ပ်က္ဆင္းပ်က္အျပဳအမူကို မလုပ္ေပ။ သို႔ေသာ္ သူသည္ ခ်င္ယြီကို မသိမသာျဖင့္ ေခ်ာင္းၾကည့္မိေလသည္။ သူအစားစားေနတဲ့ပုံစံကိုလည္းၾကည့္သည္ 7up ကိုယူေသာက္လိုက္သည့္ သူ႔ရဲ႕ စိုစြတ္ေနသည့္ လက္ကိုလည္းၾကည့္သည္။7 up ကို ေသာက္လိုက္၍ သူ႔ႏႈတ္ခမ္းတြန႔္ခ်ိဳးသြားပုံကိုလည္းသူေငးၾကည့္ေနမိ၏......

မိန္းကေလးေတာ္ေတာ္မ်ားမ်ားလည္း ဒီလိုပဲလုပ္ရတာကို သေဘာက်တဲ့အတြက္ သူ႔ကိုယ္သူ ေျဖသိမ့္ ခဲ့ေလသည္။ခ်င္ယြီ သည္ ဘတ္စကက္ေဘာကစားရာတြင္ ၾကည့္ေကာင္း႐ုံသာမက သူေဖာ္ျပသည့္မ်က္လုံးအမူအရာအေသးစိတ္မ်ားသည္လည္း လူငယ္တစ္ေယာက္၏ ဆြဲေဆာင္မႈအျပည့္ရွိသည္။

ထမင္းစားၿပီးခ်ိန္တြင္ေတာ့ အျပင္မွာ ေကာင္းကင္က လုံးဝေမွာင္ေနၿပီး အပူခ်ိန္ကလည္း ဒီဂရီ အမ်ားႀကီး က်ဆင္းသြားေလၿပီ။ ခ်င္ယြီသည္ ဟဲက်င့္ လည္ပင္းကို က်ဳံ႕လိုက္သည္ကိုျမင္ေသာအခါေျပာလာသည္။

"ဒီမွာ ခဏေစာင့္ေန"

ဟဲက်င့္ ၏ အေျဖကို မေစာင့္ဘဲ သူ ေျပးထြက္လာခဲ့သည္။

ဟဲက်င့္ သည္ တစ္ေနရာတည္းတြင္ ရပ္ေနၿပီး မေဝးလွေသာ အသုံးအေဆာင္ပစၥည္းဆိုင္သို႔ ခ်င္ယြီ ဝင္သြားသည္ကိုလွမ္းျမင္လိုက္ရသည္။ ခ်င္ယြီ က သူကိုယ္တိုင္အတြက္ တစ္ခုခုဝယ္လိုသည္ဟု သူထင္ခဲ့ေသာ္လည္း မေမွ်ာ္လင့္ဘဲ တစ္မိနစ္အၾကာတြင္ ခ်င္ယြီသည္ ဆင္တူမာဖလာႏွစ္ခုျဖင့္ထြက္လာခဲ့သည္။

သူသည္ ဟဲက်င့္ ထံသို႔သြားကာ မာဖလာတစ္ခုကို ေပးလိုက္ၿပီး က်န္တစ္ထည္ကိုေတာ့ ကို သူ႔အတြက္ ယူလိုက္ကာေျပာလာသည္။

"ေရာ့ အေအးမမိေစနဲ႔"

ဟဲက်င့္က ဘာျပန္ေျပာရမလဲ မသိေတာ့ပဲမာဖလာကို လက္ခံလိုက္သည္။ သူ႔စိတ္ထဲတြင္ ထူးဆန္းေသာအရာမ်ားကို ျပန္ေတြးေနမိေတာ့သည္။

ဒီမာဖလာကို ခ်င္ယြီက သူ႔အတြက္ဝယ္ေပးတာလား? ဒါမွမဟုတ္သူ႔ကိုခဏငွားေပးၿပီး ၿပီးရင္ျပန္ေပးရမွာလား? ဒါေပမယ့္ သူ႔ကို ငွားတယ္ဆိုရင္လဲ ဆင္တူႏွစ္ခုကိုဘာလို႔ဝယ္လာတာလဲ?... ၿပီးေတာ့ လက္ေဆာင္ဆိုရင္လည္း အခုေခတ္ ေယာက္်ားေလးေတြက ပုံမွန္ တျခားေကာင္ေလးအတြက္ မာဖလာဝယ္ေပးၾကတာလား?အရမ္းထူးဆန္းတယ္ ခ်င္ယြီက ငါ့အေပၚမွာ တကယ္ႀကီးခံစားခ်က္မရွိေလာက္ပါဘူးေနာ္ ဟုတ္တယ္မလား? ဒါက ထူးဆန္းတယ္...

ခ်င္ယြီ သည္ ဟဲက်င့္ ၏ ရႈပ္ယွက္ခတ္ေနေသာ ခြဲျခမ္းစိတ္ျဖာမႈကို ဆက္လက္လုပ္ေဆာင္ရန္ အခ်ိန္မေပးခဲ့ပါ။ သူကိုယ္ေပၚတြင္လည္း မာဖလာကို ရစ္ပတ္ၿပီးေနာက္ ေျမေအာက္ရထားဘူတာဆီသို႔ တန္းသြားၾကေတာ့သည္။

အဆုံးတြင္ေတာ့ ဟဲက်င့္က သူအရမ္းေတြးေနတာလည္း ျဖစ္ႏိုင္တယ္လို႔သာ ေကာက္ခ်က္ခ်ခဲ့ေတာ့သည္...

ေဘးခ်င္းကပ္ ေလွ်ာက္သြားေနတဲ့ စုံတြဲေတြ အမ်ားႀကီး ရွိေနၿပီး အကုန္လုံးက ေယာက္်ားနဲ႔ မိန္းမ အတြဲေတြခ်ည္းပါပဲ။ သူႏွင့္ ခ်င္ယြီတို႔သည္ တူညီေသာ မာဖလာ မ်ား ၀တ္ထားသည္ကို တစ္စုံတစ္ေယာက္က လက္ညႇိဳးထိုးျပကာ ၿပဳံးရယ္ေနသည္ကို ေတြ႕လိုက္ရသည္။ ဒါကိုျမင္ေတာ့ ဟဲက်င့္က အရမ္းရွက္႐ြံ႕ေနေပမယ့္ ခ်င္ယြီကေတာ့ မထူးမျခားနားပင္။

ေျမေအာက္ရထားဘူတာသို႔ေရာက္ေသာအခါဟဲက်င့္ သည္ ေနာက္ဆုံးတြင္ေတာ့ သေဘာေပါက္လိုက္သည္- သူတို႔ႏွစ္ဦးသည္ ပစၥည္းဝယ္ရန္အတြက္ အတူတူထြက္လာၾကကာ ႏို႔လက္ဖက္ရည္လည္းအတူေသာက္ၾကသည္ အတူတူစားၾကသည္ အခုဆိုသူတို႔က မာဖလာ ဆင္တူေတာင္ ပတ္ထားၾကေသး အဲ့ဒါက သူတို႔ႏွစ္ေယာက္ ဒိတ္လုပ္ေနသလိုပါပင္

ထုန္႐ႊမ္နဲ႔ တြဲေနတုန္းကေတာ့ သူတို႔ႏွစ္ေယာက္က အခ်ိန္အၾကာႀကီး အျပင္မထြက္ခဲ့ၾကသလို ဘာမွလည္းသိပ္မလုပ္ျဖစ္ၾကေပ။ သူတို႔ႏွစ္ေယာက္ရဲ႕ဒိတ္အမ်ားစုကေတာ့ ေက်ာင္းနားက စားေသာက္ဆိုင္ေတြကို သြားစားဖို႔ ဒါမွမဟုတ္ ေကာ္ဖီဆိုင္မွာ စာက်က္ဖို႔ပါပဲ။

ပိုအေရးႀကီးတာက ခ်င္ယြီနဲ႔ အတူရွိတုန္းကလို နားမလည္ႏိုင္တဲ့ ခံစားခ်က္မ်ိဳး သူ႔စိတ္ထဲမွာ မရွိေနခဲ့ဘူး အခုေရာအရင္ကေရာ သူ႔ႏွလုံးခုန္သံက တျဖည္းျဖည္းျမန္လာကာ  အခ်ိန္ေတြ ေႏွးေကြးသြားၿပီး သူတို႔ေတြ အခ်ိန္ပိုၾကာေအာင္ အတူတူရွိႏိုင္ဖို႔ ေမွ်ာ္လင့္ထားမိေနသလိုပါပင္...
ဒါေပမယ့္ ခ်င္ယြီအေပၚထားတဲ့ ဒီခံစားခ်က္က အခ်စ္ျဖစ္ႏိုင္ေလာက္လားဟင္?

ဤအရွက္မဲ့ေသာ အေတြးသည္ ဟဲက်င့္၏ စိတ္ထဲသို႔ ဝင္လာသည္ႏွင့္ တၿပိဳင္နက္ ပ်က္သုဥ္းသြားသည္။ ဒါမျဖစ္ႏိုင္ဘူး၊ မျဖစ္ႏိုင္ဘူး!

ေက်ာင္းေရာက္ေတာ့ ကိုးနာရီ ထိုးေနေလၿပီ။ ခ်င္ယြီသည္မာဖလာ ႏွင့္ပတ္သက္ၿပီး အမွန္တကယ္ပင္ ဘာမွမေျပာခဲ့ဘဲ ဟဲက်င့္သည္လည္း ေမးဖို႔ကိုတြန႔္ဆုတ္ေနခဲ့သည္။ေနာက္ဆုံးေတာ့ ေနာက္တစ္ႀကိမ္က်မွ ျပန္ေပးဖို႔ ဆုံးျဖတ္လိုက္ေတာ့၏၊

ဟဲက်င့္ သည္ သူ႔အေဆာင္ထဲဝင္သြားသည့္ တိုင္ေအာင္ အေတြးႏြံနစ္ေနဆဲပင္။သူသည္ မာဖလာကို အျမန္ခြၽတ္လိုက္ၿပီး သူ႔အဝတ္မ်ားေပၚတြင္ တမူထူးျခားေသာ မိန္းမ၏အနံ႔ကို ဖုံးကြယ္ရန္ ေယာက္်ားေရေမႊးကို အလ်င္အျမန္ ဆြတ္လိုက္သည့္ ေဖာက္ျပန္ေနတဲ့ခင္ပြန္းကဲ့သို႔ ျပဳမူသည္။ သူသည္ ခ်င္ယြီႏွင့္ တူညီေသာ မာဖလာရွိသည္ကို အျခားလူမ်ားျမင္သြားမွာကို စိုး႐ြံ႕လွေလသည္....

သို႔ေသာ္ ဟုန္တုန္ယြမ္ သည္ စိတ္ခံစားခ်က္ကို မဖတ္ႏိုင္ခဲ့သည္မွာ ထင္ရွားေပ၏။ဟဲက်င့္ ျပန္လာတာကိုျမင္ေတာ့ သူက ေအာ္ေျပာလာေလသည္။

"အိုး က်င့္ေကာ ေနာက္ဆုံးေတာ့ မင္းျပန္လာၿပီပဲ!လာ ဒီဗီဒီယိုကို လာၾကည့္ဦး!"

"ဘာဗီဒီယိုလဲ?"

ဟဲက်င့္ စိတ္ရႈပ္ေထြးသြားသည္။ မာဖလာကို ဗီ႐ိုထဲထည့္ကာသြားလိုက္ေတာ့သည္

ဟုန္တုန္ယြမ္ က ကြန္ျပဴတာစခရင္ကို လက္ညႇိဳးထိုးျပၿပီးေျပာလာသည္။

"မင္းေယာက်္ားရဲ႕ live video အာ ဒါေပမယ့္ တိုက္ ႐ိုက္ထုတ္လႊင့္တာေတာ့မဟုတ္ဘူး ႀကိဳ႐ိုက္ထားတဲ့ဟာ မင္းေျပာၾကည့္ အဲ့ ဖာရက္က မင္းလား?" ​

ဟဲက်င့္ သည္ ဖန္သားျပင္ကို ႏွစ္စကၠန႔္ၾကာ စိုက္ၾကည့္ၿပီးေနာက္ နဖူးေပၚတြင္ အနက္ေရာင္မ်ဥ္းမ်ား ေပၚလာေတာ့သည္...

[T/N ဟဲက်င့္ျဖစ္သြားတဲ့႐ုပ္]


ဟုန္တုန္ယြမ္ က ေခါင္းခါ၍ ေျပာလာသည္

"ဒါဟာ ဝမ္းနည္းစရာေကာင္းလြန္းတယ္ ႀကီးျမတ္တဲ့ နတ္ဘုရားက မင္းကို ဘယ္လိုေတာင္ လုပ္ရက္ ရတာလဲ!"

ဟုတ္တယ္!! ငါသူ႔ဆီက အႏိုင္က်င့္ခံေနရတဲ့  ဗီဒီယိုကို တိုက္႐ိုက္ထုတ္လႊင့္တဲ့ေနရာမွာ ဘယ္လိုေတာင္ တင္ႏိုင္ရတာလဲ! ဟဲက်င့္မွာ ေဒါသထြက္​လြန္းလို႔ စားပြဲကိုေတာင္ ဖ်က္စီးပစ္ခ်င္ေနပါၿပီေနာ္!

ပလူပ်ံေနတဲ့ မွတ္ခ်က္ေတြက ေတာ့အရင္တုန္းကနဲ႔ ေတာ္ေတာ္ကြာျခားသြားၿပီ။

"ေယာက်ၤားက အရမ္းရက္စက္တာပဲ! QAQ"

"နတ္ဘုရား ဒါကိုမင္းဘယ္လိုေတာင္ လုပ္ရက္ရတာတုန္း!"

"သူဘယ္သူလဲ? ငါဆိုလိုတာကဖာရက္ ကိုေျပာပါတယ္"

"နတ္ဘုရားက ဝိညာဥ္ ဇာတ္ေကာင္ကို လက္ခံခဲ့တာလား စဥ္းစားစရာပဲ"

"စြဲလမ္းသြားၿပီလို႔ ခံစားရတာ ငါတစ္ေယာက္ထည္းလားေဟး?"

"ဟုတ္တယ္ မင္းတစ္ေယာက္တည္းပဲ!"

"မင္းတစ္ေယာက္တည္း +10086"

......

ဟုန္တုန္ယြမ္:  "အာ ႀကီးျမတ္တဲ့နတ္ဘုရားက မင္းနဲ႔ PK တိုင္း ဒီလိုမ်ိဳးလား?က်င့္ေကာ ငါ မင္းအတြက္  နည္းနည္းေတာ့ သနားမိသြားၿပီ..."

စိတ္ဓာတ္က်စြာနဲ႔ ပဲ ဟဲက်င့္က မီးကို အက်ိဳးအေၾကာင္းေမးဖို႔ စမတ္လက္ပတ္ကတဆင့္ မက္ေဆ့ခ်္ပို႔ဖို႔လုပ္ေလသည္။ စာ႐ိုက္ေနစဥ္တြင္ ဟုန္တုန္ယြမ္ေျပာလိုက္တာကို႐ုတ္တရက္ရက္ ၾကားလိုက္ရသည္မွာ

"အမ္ ပိုၿပီးစြမ္းအားျမင့္သြားတာလား?" ဟူ၍ျဖစ္ေလသည္။

ေမာ္နီတာေပၚတြင္ "ျမင့္မားေသာစြမ္းအင္", "စကၠဴပုဝါမ်ားျပင္ဆင္ပါ"ဟုသည့္ တစြန္းတဆသာသူ ျမင္လိုက္ရသည္။ဟုန္တုန္ယြမ္က စိတ္ျမန္လက္ျမန္ ရွိတာေၾကာင့္ ဗီဒီယိုကို အေရွ႕သို႔ အလ်င္အျမန္
ရစ္လိုက္ရာဖန္သားျပင္ေပၚရွိ ျမင္ကြင္းသည္သူ၏
ဗိုက္ ေလးကို ေဖာ္ထားသည့္ ရွိ အျဖဴေရာင္ဖာရက္ ေလးရဲ႕ျမင္ကြင္းသို႔ ႐ုတ္တရက္ေျပာင္းသြားေတာ့သည္.....

ဟဲက်င့္: "..." QAQ

ဟုန္တုန္ယြမ္: "..."

ဟဲက်င့္ က ဟုန္တုန္ယြမ္ရဲ႕ ထိုင္ခုံေနာက္ေက်ာကို ေခါက္လိုက္ၿပီး ရွင္းျပလာသည္။

"ဒါက ဖာရက္ရဲ႕ စေကးေလ ခ်စ္ဖို႔ေကာင္းတဲ့ စေကး!"

ဟုန္တုန္ယြမ္ : "အိုး..."

-ဘာေျပာေျပာအသုံးမဝင္ဘူး က်င့္ေကာ ငါမင္းကိုဆက္ၿပီးမၾကည့္ရဲေတာ့ဘူး! (=_=)

Continue Reading

You'll Also Like

25.1K 1.7K 38
❝Loving you isn't a big mistake, it is actually the best thing happened in my life, even though we didn't end up together.❞ In which a girl loves a b...
44.5K 1.3K 24
Gensokyo, a land that's home to anything that has been lost to time and forgotten. In this strange world called Gensokyo lives vampire who has lived...
1.5M 112K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3.6K 354 16
[COMPLETED] XiaLin က ဘီတာတစ်ယောက်ဖြစ်တယ် အရေးကြီးဆုံးကတော့ သူ့မှာ သူနဲ့ချိန်းတွေ့တဲ့ အယ်ဖာတွေ အကုန် သူတို့ရဲ့ ကံဇာတာပါတဲ့ အိုမီကာကို တွေ့ရလိမ့်မယ်ဆို...