Unicode
၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ချင်ယွီ မကြာခဏ လာလေ့ရှိသော စတိုးဆိုင်ရှေ့သို့ ရောက်ခဲ့ကြသည်။ အပြင်ဘက်မှ ကြည့်ရသည်မှာ ဟောင်းနွမ်းနေသည့် မိသားစု အဆောက်အဦး တစ်ခုလို ဖြစ်နေသော်လည်း အတွင်းပိုင်းတွင်တော့ တင်းနစ်နှင့် ပတ်သက်သည့် အရာမျိုးစုံဖြင့် ပြည့်နှက်နေကာ လင်းလက်နေလေသည်။
ဆိုင်ပိုင်ရှင်က ချင်ယွီနဲ့ရင်းနှီးပြီး သူတို့နှစ်ယောက်ကို တွေ့သောအခါ သူငယ်ချင်းတစ်ယောက်ခေါ်လာတာကိုသိပြီး အလွန်ပျော်ရွှင်နေဟန်ဖြင့် "ရှောင်ချင်" ဟု နွေးထွေးစွာခေါ်လာလေသည်။
ရတ်ကတ်ကို ရွေးတဲ့ လုပ်ငန်းစဉ်က အတော်လေး မြန်ဆန်ပါ၏။ အတန်ငယ်မြင့်မားသောစျေးနှုန်း/စွမ်းဆောင်ရည်အချိုးဖြင့် တစ်ထောင်ခန့်ကုန်ကျ
မည့်တစ်ခုကို ရှာဖွေခဲ့ကြသည်။ မော်ဒယ်အချို့ကို ကြည့်ရှုပြီးနောက် ကာဗွန်ဖိုင်ဘာများဖြင့် ကျယ်
ပြန့်သော မျက်နှာပြင်ရှိပြီး အလွန်ပေါ့ပါးသည့် ရတနာတစ်ခုကို နောက်ဆုံးတွင်သူတို့ ရွေးချယ်ခဲ့
သည်။
ဆိုင်နောက်ဘက်တွင် ကုန်ပစ္စည်းအနည်းငယ် သိမ်းဆည်းထားသည့် အခန်းတစ်ခန်းရှိသည်။ သူတို့သည် အသိအကျွမ်းများဖြစ်သောကြောင့် ပိုင်ရှင်သည် ဟဲကျင့် ကို စမ်းသုံးခွင့်ပေးရန် အခန်းတွင်းမှ အသစ်စက်စက် ရတ်ကတ်များအားလုံးကို ထုတ်ယူခဲ့သည်။ ဟဲကျင့် သည် 1080 ယွမ် စျေးရှိသော ရတ်ကတ်တစ်ခုကို တွေ့ရှိခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ကိုင်ပါးသည့် ရတ်ကတ်များ သည် မည်မျှ သက်တောင့်သက်သာ ရှိသည်ကို သဘောပေါက်လိုက်သည်။သူ့လက်ထဲတွင် ကိုင်ရတာ ပိုပြီးသက်တောင့်သက်သာရှိသည်ကို ခံစားလိုက်ရသည်။
ဟဲကျင့် စမ်းသုံးနေစဉ်တွင် ချင်ယွီက ပိုင်ရှင်ကို ဘေးသို့ တိတ်တဆိတ် ဆွဲလိုက်ပြီးတိုးတိုးလေးပြောလာသည်။
"အာ ဦးလေးလီ သူ့ကိလျှော့စျေးလေးပေးပေးပါ"
"မင်း တခြားဆိုင်တွေကို သွားကြည့် အဲဒီရတ်ကတ် က ၁၆၀၀ လောက်ကျမှာ!"
စိတ်လှုပ်ရှားနေသော ဆိုင်ပိုင်ရှင်က အရေးတကြီးပြောသည်။
"ငါ မင်းကို လျှော့စျေး ထပ်ပေးရင် ငါ့အတွက် ဆုံးရှုံပေါ်လိမ့်မယ်!"
ချင်ယွီ သည် ဆိုင်ရှင်ကရိုးသားသော်လည်း အရှုံးပေါ်သည့် စီးပွားရေးကို ဘယ်တော့မှ မလုပ်သလို စျေးကိုလည်း အဆမတန် မတင်ထားကြောင်း သိထားပြီး 1080 သည် အမှန်တော့အလွန်မျှတသောစျေးနှုန်းဖြစ်သည်
"ကျွန်တော်ပြောချင်တာက သူ့ကို ပိုသက်သာတဲ့ဈေးနဲ့ပေးပေးပါ..."
ချင်ယွီသည် ဟဲကျင့်ရှိနေသည့်ဖက်သို့မေးစေ့ဖြင့် ညွှန်ပြလိုက်ပြီး ဆက်ဆိုလာသည်။
"သူကကျွန်တော့်ရဲ့ စီနီယာလေ သူ့အပေါ် အကြွေးတင်နေတာလေး ရှိလို့ လျှော့ဈေးနဲ့ပေးပေးနော် လိုတဲ့ ပိုက်ဆံကို ကျွန်တော်နောက်ကျ ပြန်ပေးမယ်"
"ဒီကလေးကတော့ တကယ်ပါပဲ..."
ဦးလေးလီက ချင်ယွီကို လက်ညှိးတခါခါဖြင့် မနိုင်ဘူးဟုသည့် အသံဖြင့် ပြောလိုက်သည်။ ချင်ယွီ၏စရိုက်ကို သူကောင်းကောင်းသိသည်။ ဒီလူငယ်လေးဟာ စျေးနှုန်းနဲ့ ပတ်သက်ပြီး စျေးအလျှော့အတင်းလုပ်လေ့မရှိပေ။ ရက်ရောသော သူဌေးများသည် အထူးသဖြင့် နားလည်တတ်ကျွမ်းသော ဧည့်သည်များကို နှစ်သက်ကြသည်။
ချင်ယွီ ပြုံးကာ ဟဲကျင့် ရှိတဲ့နေရာကို သွားလိုက်သည်။ဘောလုံးအနည်းငယ် ဖြင့် ရတ်ကတ်ကို စမ်းရန် သူ့ကို အဖော်ပြုပြီးနောက် သူတို့သည်ငွေပေးချေရန်သွားတော့သည်။
"ဒီတစ်ခုယူမယ်နော် ဆိုင်ရှင်" သူစမ်းကြည့်ခဲ့သော တစ်ချောင်းကို ဆိုင်ရှင်လက်ထဲထည့်ပေးလိုက်ကာပြောလိုက်သည်။
ဦးလေးလီက ချောင်းဆိုးလိုက်ပြီး ဟဲကျင့်ကိုပြောလာသည်။
"ဒီဆိုင်မှာ တခါမှ လျှော့ဈေးမပေးဖူးပေမယ့် မင်းကို ငါရဲ့ မိတ်ဆွေဟောင်း ရှောင်ချင် က ဒီကို ခေါ်လာတဲ့အတွက် ခင်မင်မူအထိန်းအမှတ်အနေနဲ့ 30 % ဈေးလျှော့ပေးလိုက်မယ် အဲ့ဒါကြောင့် 70% ကို ယွမ် 780 သာပေးနော်"
ဟဲကျင့် အံ့အားသင့်သွားမိသည်။ သူသည် ချင်ယွီ နဲ့ စတိုးဆိုင်ပိုင်ရှင်ကြားကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်သည်။
"ဒီမြို့မှာ ဒီဈေးနဲ့ ဘယ်ဆိုင်မှာမှမရဘူး အဲ့ကြောင့် အပြင်မှာလျှောက်မပြောရဘူးနော်!" ဦးလေးလီက နောက်သလိုလို အတည်လိုလိုပြောလေ၏။
ဟဲကျင့် သည် ယွမ် 1000 ပေးချေရန် သူ့ကိုယ်သူ ပြင်ဆင်ထားပြီးဖြစ်သော်လည်း 780 သာ သုံးစွဲခဲ့ရလေသည်။ ရုတ်တရက် ယွမ် 200 ရရှိသွားသလို ခံစားရသည်။ သူအရမ်းပျော်သွားပါပြီနော်!
သူ့အိတ်ကပ်ထဲ လက်နှစ်ဖက်ကိုထည့်ကာ ချင်ယွီ က စတိုးဆိုင်ပိုင်ရှင်ကို အဓိပ္ပါယ်ပါပါပြောလာသည်။
"ဦးလေးလီ ကျွန်တော်တို့က တစ်ယောက်နဲ့တစ် ယောက်အရမ်း ရင်းနီးတာဆိုတော့ တခြားပစ္စည်းတွေလည်းထပ်ပေးလို့ရတယ်မလား ပိုက်ကွန်ကြိုး၊ ချွေးစုပ်လက်ပတ်၊ ကူရှင်ဖိနပ်တွေ ပြီးတော့ ရတ်ကတ်ကာဗာရောပဲ အဲ့တာတွေကို စစ်မှန်ပြီးကောင်းတဲ့ ဘရန်းထဲကပဲပေးနော် "
သူ့စကားကို နားထောင်ရင်း ဦးလေးလီ ဒေါသ ထွက်လုမတတ် ဖြစ်သွားသည်။ ဒီပစ္စည်းစုစုပေါင်းဟာ ယွမ်ရာနဲ့ချီ ကုန်ကျမှာဖြစ်ပြီး အထူးသဖြင့် တော့ စစ်မှန်ပြီး ကောင်းတဲ့ ဘရန်းပဲ ထို အစုံလိုက် ထဲက တချို့တလေမပါရင်တောင် ဒီလောက်ပဲကျမှာပဲ... ဒါပေမယ့် သူ မော့ကြည့်လိုက်သည့်အချိန် တွက်တော့ ချင်ယွီက သူ့ကို မျက်စိမှိတ်ပြနေတာကို တွေ့လိုက်ရတယ်...
အဟွတ် ဒီကလေးကတော့ ငါ့သရုပ်ဆောင်စွမ်းရည် ကို တကယ်စမ်းသပ်နေတာပဲ (=_=)
ထိုအရာများကို ပေါင်းထည့်ပြီးနောက် စုစုပေါင်းကုန်ကျစရိတ်မှာ ယွမ် 780 ဖြစ်နေဆဲဖြစ်သည်။ တခြားဆိုင်တွေမှာ ဝယ်ရင် အနည်းဆုံး သုံးဆလောက် ဈေးတက်မယ်လို့ ပိုင်ရှင်က ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့၏။ဟဲကျင့်သည် ဒီလောက်လျှော့ဈေးဖြင့် သူငွေဘယ်လောက်သက်သာသွားသည်ကို သဘာဝကျကျ သဘောပေါက်ခဲ့ပြီး ချင်ယွီ ဒါမှမဟုတ်စတိုးဆိုင်ပိုင်ရှင်ကို ကျေးဇူးတင်ရမည်လား မသိတော့ပေ။
"ဒီပစ္စည်းတွေကို ဘယ်လိုသုံးရလဲဆိုတာ ရှောင်ချင်ကို မေးလို့ရတယ်သူကိုယ်တိုင်က ကျွမ်းကျင်တဲ့ လူငယ်တစ်ယောက်ပါ။"
ပိုင်ရှင်က စကင်နာကို ထုတ်ယူစဉ်တွင် "ကတ် ဒါမှမဟုတ် အီလက်ထရွန်းနစ်အကောင့်နဲ့ ပေးချေမလား?" ဟု မေးခဲ့သည်။
အီလက်ထရွန်းနစ်အကောင့်များသည် လွန်ခဲ့သည့်နှစ်များအတွင်း ရေပန်းစားလာခဲ့သည့် စမတ်လက်ပတ်များမှတစ်ဆင့် ငွေပေးချေမှုနည်းလမ်းတစ်ခုဖြစ်သည်။ သို့သော်ဟဲကျင့်သည် သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ငွေအမြောက်အများကို ထုတ်ယူလိုက်သည်...
ယနေ့ခေတ်တွင် ယွမ် 500 ကျော်တန်ဖိုးရှိသော ပစ္စည်းများဝယ်ယူရာတွင် ငွေသားဖြင့် ပေးချေမှုမှာ ရှားရှားပါးပါးဖြစ်သည်။ ချင်ယွီ လည်း အတော် လေး အံ့အားသင့်သွားပြီး သူက ရုတ်တရက် ပြောလာသည်။
"အာ ငါ့မှာ ငွေသားမရှိလို့ ငါ့ကိုငွေသားပေးလိုက် ငါရဲ့ အီလက်ထရွန်နစ်အကောင့်နဲ့ ပေးပေးမယ်လေ။"
ချင်ယွီ သည် တင်းနစ်ဘောလုံးဘူးအသစ်နှစ်ဘူးကို ကောက်ယူလိုက်ပြီး ပိုင်ရှင်အား ဘေ နှစ်စောင်ထုတ် ပေးရန် တောင်းဆိုလိုက်သည်။ ပထမတစ်ခုသည် ဟဲကျင့် ၏လျှော့စျေးရတ်ကတ်အတွက် ဖြစ်ပြီး ဒုတိယတစ်ခုမှာ ရတ်ကတ်၏အစစ်အမှန်စျေးနှုန်းကို အခြားပစ္စည်းများနှင့်အတူ တွက်ချက်ရန်ဖြစ်သည်။ ဟဲကျင့် သည် ဘေဘယ်နှစောင် ထုတ်သည်ကို မမြင်လိုက်ဘဲ သူ့ကိုယ်ပိုင် ငွေကိုသာ အိတ်ကပ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။
ဟိုက်တဲ့ လမ်းထောင့်တွင် လန်ဖုန်ယွင် နို့လက်ဖက် ရည်ဆိုင်တစ်ဆိုင်ရှိသည်။ ဟဲကျင့် သည်သင်းပျံ့လှသော လက်ဖက်ရည်အမွှေးအကြိုင်ကို အနံ့ခံလိုက်ရသောအခါ ချင်ယွီအား ကူရာမဲ့စွာဖြင့်မေးလိုက်တော့သည်။
"မင်း နို့လက်ဖက်ရည် သောက်ချင်လား ? ငါ မင်းကို ဒကာခံမယ်လေ"
ချင်ယွီက သူ့ကိုစနောက်လိုက်သည်။
"မင်းနဲ့အဖော်လိုက်ပေးဖို့ တနေ့ခင်းလုံး အချိန်ဇယားတွေဖျက်ထားတာကို နို့လက်ဖက်ရည်ပဲ တိုက်တယ်ပေါ့ အာ?"
ဟဲကျင့် : "ငါ မင်းကို ညစာလည်းကျွေးမယ်"
ချင်ယွီက ရယ်လေသည်။
"အာ ငါနောက်နေတာ နို့လက်ဖက်ရည်က အဆင်ပြေတယ်"
သူတို့သည် လက်ဖက်ရည်ဆိုင်ပေါက် ဆီသို့ လမ်းလျှောက်ရင်း စကားစမြည်ပြောခဲ့ကြသည်။ ထို့နောက် ဟဲကျင့်က ဘေနားက လက်ဖက်ရည် စာရင်းကို ကြည့်ကာပြောလာသည်။
"မင်းကို ဒကာခံဖို့ အစကတည်းက ငါစီစဉ်ထားတာပါ မင်း သာ မရှိရင် ငါ လျှော့ဈေး ရမှာ မဟုတ်ဘူး... ငါ caramel နို့လက်ဖက်ရည် မှာမလို့ မင်းကော?"
"မူရင်းအရသာ"
ချင်ယွီသည် ဆိုင်နံရံကို လက်တင်၍ ဟဲကျင့်ကို ဘေးတိုက်ကြည့်ကာ ပြောလာသည်။
"ငါမင်းကို လိမ်မှာ မကြောက်ဘူးလား?"
ဟဲကျင့် စိတ်ရှုပ်သွားသည် "အာ?"
ချင်ယွီ ကရှင်းပြလာသည်။
"အခုခေါတ်မှာ ဆိုင်ပိုင်ရှင်တွေနဲ့မိတ်ဆွေတွေမလို့ဆိုပြီး သူငယ်ချင်းကို ပစ္စည်းဝယ်ဖို့ ခေါ်သွားပေးတဲ့ ကြင်နာမူဆိုတာမရှိတော့ဘူးလေသူငယ်ချင်းကို နောက်ကျောဓားနဲ့ ထိုးပြီး ဆိုင်ပိုင်ရှင်နဲ့ နှစ်ပေါက် တစ်ပေါက်ရိုက်ကြတာ ပြီးရင်တော့ ဝေစုခွဲယူကြတာပေါ့... အဲ့လိုသတင်းတွေအများကြီးပဲကို။"
He Jin က ရယ်ကာပြောလာသည်။
"မင်း ငါ့ကို လှည့်စားရင် ဘာကောင်းလို့လဲ ပိုက်ဆံရှာဖို့လား?"
စုစုပေါင်းဝယ်တဲ့ပစ္စည်းတွေက ယွမ် ခုနစ်ရှစ်ရှစ်ရာလောက်ပဲ ကုန်တာ ခုနစ်ထောင်ရှစ်ထောင်မှ မဟုတ်ပဲ ချင်ယွီ က သူ့ကို လှည့်စားခဲ့ရင်တောင် ငွေဘယ်လောက်ရနိုင်မှာမို့လို့လဲ ။ ချင်ယွီအတွက် ညစာဝယ်ဖို့တောင် မလုံလောက်တာကို
ဟဲကျင့်က ချင်ယွီ ကိုကြည့်ကာ ခေါင်းခါလိုက်သည်။ တစ်ခြားတစ်ယောက်သာ ဒီလိုလုပ်ရင် သူသံသယ ရှိဉီးမယ် ဒါပေမယ့် ချင်ယွီ ဒီလူက သူ့ကို လှည့်စားမယ်ဆိုတာ လုံးဝမယုံဘူး။
ချင်ယွီက မျက်ခုံးပင့်ကာပြောလာသည်။
"ငါက မင်းကို သတိထားနိုင်အောင် ပြောတာပါပဲ ငါ့ကိုယုံတာကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ ဒါပေမယ့် တခြားသူတွေကိုတော့ သိပ်မယုံနဲ့"
ချင်ယွီ ပြောတာကိုကြားတော့ တစ်ယောက်ယောက် သာ ဆို သူတို့နှစ်ယောက်ကြား စီနီယာကဘယ်သူလဲဆိုတာ သိချင်သွားလိမ့်မယ်။ ဟဲကျင့်က ခေါင်းခါကာယုံကြည်မူရှိစွာဖြင့် ပြောလိုက်တော့သည်။
"ငါက ဦးနှောက်ရှိတဲ့ လူတစ်ယောက်ပါနော်"
ချင်ယွီ: "..."
နို့လက်ဖက်ရည်တွေက အရသာရှိလေ၏ သူတို့ က မြေအောက်ရထားဘူတာကို သွားရာလမ်းမှာ တစ်ယောက် တစ်ခွက်စီ ကိုင်သွားကြသည်။ လမ်းလျှောက်ရင်းဟဲကျင့် တစ်ခုခုတွေးမိကာ မေးလာသည်။
"ညစာ ဘာစားချင်လဲ? မကြာခင် လေးနာရီထိုးတော့မှာ အပြင်ထွက်စားမလား ကျောင်းပြန်မလား ဆုံးဖြတ်ရမယ့်အချိန်ရောက်ပြီ။"
ချင်ယွီ: "မေ့လိုက်တော့ မင်းမှာ လွတ်လွတ်လပ်လပ် သုံးလို့ရတဲ့ ပိုက်ဆံ မှ မရှိတာကို နောက်ဆုံးတော့ မင်းကို နည်းနည်းလေး သက်သာအောင်လုပ်ပေးထားတာ မင်းငါ့ကို ညစာဝယ်ကျွေးလိုက်ရင် အလကားသပ်သပ် ဖြုန်းတီးမိသွားလိမ့်မယ်"
ဟဲကျင့်: "ရတ်ကတ်ကိုငါ့ကိုယ်ပိုင်ငွေနဲ့ ဝယ်တာ ငါ့အမေသိဘူး ဘာပဲဖြစ်ဖြစ် စားဖို့သုံးတဲ့ငွေကို မေးခွန်းထုတ်စရာ မလိုပါဘူးအဲ့ဒါကို နေထိုင်စရိတ်အဖြစ် သတ်မှတ်လို့ရတယ်။ "တက္ကသိုလ်တက်နေသူတွေဟာ လူမှုရေးအသုံးစရိတ်တွေ လိုအပ်မယ်ဆိုတာကို သူ့အမေက သိထားပြီး ပိုက်ဆံကုန်မှာစိုးလို့ အရမ်းတွန့်တိုတတ်ရင် တခြားသူတွေရဲ့ နှိမ့်ချတာခံရမှာပဲလေ။ ထို့ကြောင့် လစဉ် လတိုင်း သူမသည်ဟဲကျင့် ကို လူမှုရေး အသုံးစရိတ်အတွက် အပိုငွေ ယွမ် လေးငါးရာနီးပါး ပေးခဲ့သည်။ ဒါပေမယ့် အရင်တုန်းကတော့ ဟဲကျင့် က သိပ်ပြီး သတ္တိမရှိတဲ့ အတွက်ကြောင့် ပိုက်ဆံ မသုံးဖြစ်ရင်တောင် သူ့အမေကို ပြောတယ်။သူ့အမေ သိသွားမှာကို ကြောက်လို့ လိမ်တောင် မလိမ်ဝံ့ဘူးရယ်။
ချင်ယွီ က သူထုတ်လိုက်သည့် ငွေသားကို တွေးမိပြီး မေးလာလေသည်။
"မင်းပိုက်ဆံကို ကိုယ့်ဘာသာ ကိုယ် စုထားတာလား?"
ဟဲကျင့် က ပခုံးတွန့်ကာဖြင့်
"ဟုတ်တယ် ငါပိုက်ဆံတွေကို အီလက်ထရွန်းနစ်အကောင့်ထဲမှာ သိမ်းထားတာ ငါ့အမေသိသွားရင် ဝမ်းနည်းစရာတွေဖြစ်သွားလိမ့်မယ်"
ချင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဒါက အကြောင်းရင်းကို သူမှန်းဆထားပြီးသား။ လက်ရှိလေထုက တော်တော်ကောင်းတယ်လို့ ခံစားရသည့်အတွက် ဆက်မေးလိုက်သည်။
"ဟိုတခါ ရေကန်ခရီးတုန်းက မင်းမွေးရပ်မြေကို မပြန်ချင်ဘူးလို့ ပြောတယ်လေ အဲ့ဒါမင်းအမေကြောင့်လား?"
ဟဲကျင့်ကခါးသီးစွာပြုံးလိုက်ပြီး "အင်း..."
အင်း: "ပြန်ရမှာလား?"
ဟဲကျင့်က သူ့နို့လက်ဖက်ရည်ကို သောက်လိုက်ကာ "မသိဘူး" ဟုဖြေလိုက်သည်။
ချင်ယွီ:"A မြို့က နေရာကောင်းတစ်ခုပဲလေ အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိတယ်။"
ဟဲကျင့် က သူ့အမေနဲ့ ခပ်ခွာခွာနေနိုင်သရွေ့ နေရာတိုင်းက အဆင်ပြေတယ်လို့ ပြောခဲ့တယ်...
သူက တခြားသူတွေရဲ့ ကျောင်းစာပဲဖြစ်ဖြစ် အလုပ်အတွက်ပဲဖြစ်ဖြစ် အိမ်နဲ့ ပိုနီးလေ ပိုကောင်းတယ်လို့ ခံစားရတဲ့ ချစ်ဖို့ကောင်းတဲ့ မိသားစုတွေကိုမနာလိုဖြစ်မိတယ် မိဘတွေကို ဂရုတစိုက်ရှိဖို့၊ ဝတ်ကြီးဝတ်ငယ်ပြုဖို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်ဆိုပေမယ့်.. သူ့အိမ်မှာ ထူးဆန်းပြီး မှိုင်းတိုက်နေတဲ့ သူ့အမေရဲ့ အဆုံးမရှိ ချုပ်ကိုင်ထားတာတွေကို တွေးမိတဲ့အခါမှာတော့ ထွက်ပြေးချင်စိတ်ပဲရှိတော့တယ်
တခြားတစ်နေရာကို လွတ်မြောက်ချင်တယ် ပိုဝေးလေ ပိုကောင်းလေပါပဲ
"ဟေး အခုပြန်စဉ်းစားကြည့်တော့လည်း တစ်နှစ်ပဲကျန်တော့တယ်" ဟု သူက ဆိုသည်။ သူ၏စတုတ္ထနှစ်ရဲ့ ဒုတိယနှစ်ဝက်တွင် Aမြို့မှာ အလုပ်သင်တစ် ခုရှာရန်ကြိုးစားနိုင်သည်
"ဒါမှမဟုတ်လဲ တစ်နှစ်ခွဲပေါ့"
မြေအောက်ရထားထဲသို့ ဝင်လိုက်ကာမှ ဟဲကျင့်ရုတ်တရက် သတိရသွားသည်။
"မင်း ဘာစားချင်လဲ မပြောရသေးဘူးနော်"
ချင်ယွီ: "ဖုရှင်းလမ်းကိုသွားမယ်"
အဲ့ဒါက လိုင်းပြောင်းရမဲ့ ဘူတာရုံပင်။ဘူတာရုံကနေ အစားအသောက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ လူစည် ကားတဲ့ ညဈေးတစ်ခုဆီ သွားကြ၏။
ညစာစားချိန်ရောက်ပြီမို့ နေရာကတော့ စည်ကားလှသည်။ ဟဲကျင့်သည် စက်လှေကားပေါ်တွင် ညှစ်ခံရလုနီးပါး ဖြစ်ခဲ့သော်လည်း သူ့နောက်တွင် ရပ်နေသော ချင်ယွီ က သူ့ကို အမြန်ဖမ်းလိုက်သည်။ ဟဲကျင့် သည် လက်တစ်ဖက်တွင် တစ်စုံတစ်ခုကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်သည် ချင်ယွီ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားသည်။ သူ တုံ့ပြန်ဖို့ အချိန်မရှိခင်မှာပင် သူ့တစ် ကိုယ်လုံး ချင်ယွီရဲ့ ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရတော့သည်။
Zawgyi
060: သူ႔ကိုေလွ်ာ့ေစ်းေပးေပးေနာ္
၁၀ မိနစ္ခန႔္ လမ္းေလွ်ာက္ၿပီးေနာက္ ေနာက္ဆုံးတြင္ ခ်င္ယြီ မၾကာခဏ လာေလ့ရွိေသာ စတိုးဆိုင္ေရွ႕သို႔ ေရာက္ခဲ့ၾကသည္။ အျပင္ဘက္မွ ၾကည့္ရသည္မွာ ေဟာင္းႏြမ္းေနသည့္ မိသားစု အေဆာက္အဦး တစ္ခုလို ျဖစ္ေနေသာ္လည္း အတြင္းပိုင္းတြင္ေတာ့ တင္းနစ္ႏွင့္ ပတ္သက္သည့္ အရာမ်ိဳးစုံျဖင့္ ျပည့္ႏွက္ေနကာ လင္းလက္ေနေလသည္။
ဆိုင္ပိုင္ရွင္က ခ်င္ယြီနဲ႔ရင္းႏွီးၿပီး သူတို႔ႏွစ္ေယာက္ကို ေတြ႕ေသာအခါ သူငယ္ခ်င္းတစ္ေယာက္ေခၚလာတာကိုသိၿပီး အလြန္ေပ်ာ္႐ႊင္ေနဟန္ျဖင့္ "ေရွာင္ခ်င္" ဟု ေႏြးေထြးစြာေခၚလာေလသည္။
ရတ္ကတ္ကို ေ႐ြးတဲ့ လုပ္ငန္းစဥ္က အေတာ္ေလး ျမန္ဆန္ပါ၏။ အတန္ငယ္ျမင့္မားေသာေစ်းႏႈန္း/စြမ္းေဆာင္ရည္အခ်ိဳးျဖင့္ တစ္ေထာင္ခန႔္ကုန္က်
မည့္တစ္ခုကို ရွာေဖြခဲ့ၾကသည္။ ေမာ္ဒယ္အခ်ိဳ႕ကို ၾကည့္ရႈၿပီးေနာက္ ကာဗြန္ဖိုင္ဘာမ်ားျဖင့္ က်ယ္
ျပန႔္ေသာ မ်က္ႏွာျပင္ရွိၿပီး အလြန္ေပါ့ပါးသည့္ ရတနာတစ္ခုကို ေနာက္ဆုံးတြင္သူတို႔ ေ႐ြးခ်ယ္ခဲ့
သည္။
ဆိုင္ေနာက္ဘက္တြင္ ကုန္ပစၥည္းအနည္းငယ္ သိမ္းဆည္းထားသည့္ အခန္းတစ္ခန္းရွိသည္။ သူတို႔သည္ အသိအကြၽမ္းမ်ားျဖစ္ေသာေၾကာင့္ ပိုင္ရွင္သည္ ဟဲက်င့္ ကို စမ္းသုံးခြင့္ေပးရန္ အခန္းတြင္းမွ အသစ္စက္စက္ ရတ္ကတ္မ်ားအားလုံးကို ထုတ္ယူခဲ့သည္။ ဟဲက်င့္ သည္ 1080 ယြမ္ ေစ်းရွိေသာ ရတ္ကတ္တစ္ခုကို ေတြ႕ရွိခဲ့သည္။ ေနာက္ဆုံးတြင္ သူသည္ လက္ကိုင္ပါးသည့္ ရတ္ကတ္မ်ား သည္ မည္မွ် သက္ေတာင့္သက္သာ ရွိသည္ကို သေဘာေပါက္လိုက္သည္။သူ႔လက္ထဲတြင္ ကိုင္ရတာ ပိုၿပီးသက္ေတာင့္သက္သာရွိသည္ကို ခံစားလိုက္ရသည္။
ဟဲက်င့္ စမ္းသုံးေနစဥ္တြင္ ခ်င္ယြီက ပိုင္ရွင္ကို ေဘးသို႔ တိတ္တဆိတ္ ဆြဲလိုက္ၿပီးတိုးတိုးေလးေျပာလာသည္။
"အာ ဦးေလးလီ သူ႔ကိေလွ်ာ့ေစ်းေလးေပးေပးပါ"
"မင္း တျခားဆိုင္ေတြကို သြားၾကည့္ အဲဒီရတ္ကတ္ က ၁၆၀၀ ေလာက္က်မွာ!"
စိတ္လႈပ္ရွားေနေသာ ဆိုင္ပိုင္ရွင္က အေရးတႀကီးေျပာသည္။
"ငါ မင္းကို ေလွ်ာ့ေစ်း ထပ္ေပးရင္ ငါ့အတြက္ ဆုံးရႈံေပၚလိမ့္မယ္!"
ခ်င္ယြီ သည္ ဆိုင္ရွင္က႐ိုးသားေသာ္လည္း အရႈံးေပၚသည့္ စီးပြားေရးကို ဘယ္ေတာ့မွ မလုပ္သလို ေစ်းကိုလည္း အဆမတန္ မတင္ထားေၾကာင္း သိထားၿပီး 1080 သည္ အမွန္ေတာ့အလြန္မွ်တေသာေစ်းႏႈန္းျဖစ္သည္
"ကြၽန္ေတာ္ေျပာခ်င္တာက သူ႔ကို ပိုသက္သာတဲ့ေဈးနဲ႔ေပးေပးပါ..."
ခ်င္ယြီသည္ ဟဲက်င့္ရွိေနသည့္ဖက္သို႔ေမးေစ့ျဖင့္ ၫႊန္ျပလိုက္ၿပီး ဆက္ဆိုလာသည္။
"သူကကြၽန္ေတာ့္ရဲ႕ စီနီယာေလ သူ႔အေပၚ အေႂကြးတင္ေနတာေလး ရွိလို႔ ေလွ်ာ့ေဈးနဲ႔ေပးေပးေနာ္ လိုတဲ့ ပိုက္ဆံကို ကြၽန္ေတာ္ေနာက္က် ျပန္ေပးမယ္"
"ဒီကေလးကေတာ့ တကယ္ပါပဲ..."
ဦးေလးလီက ခ်င္ယြီကို လက္ညႇိးတခါခါျဖင့္ မႏိုင္ဘူးဟုသည့္ အသံျဖင့္ ေျပာလိုက္သည္။ ခ်င္ယြီ၏စ႐ိုက္ကို သူေကာင္းေကာင္းသိသည္။ ဒီလူငယ္ေလးဟာ ေစ်းႏႈန္းနဲ႔ ပတ္သက္ၿပီး ေစ်းအေလွ်ာ့အတင္းလုပ္ေလ့မရွိေပ။ ရက္ေရာေသာ သူေဌးမ်ားသည္ အထူးသျဖင့္ နားလည္တတ္ကြၽမ္းေသာ ဧည့္သည္မ်ားကို ႏွစ္သက္ၾကသည္။
ခ်င္ယြီ ၿပဳံးကာ ဟဲက်င့္ ရွိတဲ့ေနရာကို သြားလိုက္သည္။ေဘာလုံးအနည္းငယ္ ျဖင့္ ရတ္ကတ္ကို စမ္းရန္ သူ႔ကို အေဖာ္ျပဳၿပီးေနာက္ သူတို႔သည္ေငြေပးေခ်ရန္သြားေတာ့သည္။
"ဒီတစ္ခုယူမယ္ေနာ္ ဆိုင္ရွင္" သူစမ္းၾကည့္ခဲ့ေသာ တစ္ေခ်ာင္းကို ဆိုင္ရွင္လက္ထဲထည့္ေပးလိုက္ကာေျပာလိုက္သည္။
ဦးေလးလီက ေခ်ာင္းဆိုးလိုက္ၿပီး ဟဲက်င့္ကိုေျပာလာသည္။
"ဒီဆိုင္မွာ တခါမွ ေလွ်ာ့ေဈးမေပးဖူးေပမယ့္ မင္းကို ငါရဲ႕ မိတ္ေဆြေဟာင္း ေရွာင္ခ်င္ က ဒီကို ေခၚလာတဲ့အတြက္ ခင္မင္မူအထိန္းအမွတ္အေနနဲ႔ 30 % ေဈးေလွ်ာ့ေပးလိုက္မယ္ အဲ့ဒါေၾကာင့္ 70% ကို ယြမ္ 780 သာေပးေနာ္"
ဟဲက်င့္ အံ့အားသင့္သြားမိသည္။ သူသည္ ခ်င္ယြီ နဲ႔ စတိုးဆိုင္ပိုင္ရွင္ၾကားကို အျပန္ျပန္အလွန္လွန္ၾကည့္လိုက္သည္။
"ဒီၿမိဳ႕မွာ ဒီေဈးနဲ႔ ဘယ္ဆိုင္မွာမွမရဘူး အဲ့ေၾကာင့္ အျပင္မွာေလွ်ာက္မေျပာရဘူးေနာ္!" ဦးေလးလီက ေနာက္သလိုလို အတည္လိုလိုေျပာေလ၏။
ဟဲက်င့္ သည္ ယြမ္ 1000 ေပးေခ်ရန္ သူ႔ကိုယ္သူ ျပင္ဆင္ထားၿပီးျဖစ္ေသာ္လည္း 780 သာ သုံးစြဲခဲ့ရေလသည္။ ႐ုတ္တရက္ ယြမ္ 200 ရရွိသြားသလို ခံစားရသည္။ သူအရမ္းေပ်ာ္သြားပါၿပီေနာ္!
သူ႔အိတ္ကပ္ထဲ လက္ႏွစ္ဖက္ကိုထည့္ကာ ခ်င္ယြီ က စတိုးဆိုင္ပိုင္ရွင္ကို အဓိပၸါယ္ပါပါေျပာလာသည္။
"ဦးေလးလီ ကြၽန္ေတာ္တို႔က တစ္ေယာက္နဲ႔တစ္ ေယာက္အရမ္း ရင္းနီးတာဆိုေတာ့ တျခားပစၥည္းေတြလည္းထပ္ေပးလို႔ရတယ္မလား ပိုက္ကြန္ႀကိဳး၊ ေခြၽးစုပ္လက္ပတ္၊ ကူရွင္ဖိနပ္ေတြ ၿပီးေတာ့ ရတ္ကတ္ကာဗာေရာပဲ အဲ့တာေတြကို စစ္မွန္ၿပီးေကာင္းတဲ့ ဘရန္းထဲကပဲေပးေနာ္ "
သူ႔စကားကို နားေထာင္ရင္း ဦးေလးလီ ေဒါသ ထြက္လုမတတ္ ျဖစ္သြားသည္။ ဒီပစၥည္းစုစုေပါင္းဟာ ယြမ္ရာနဲ႔ခ်ီ ကုန္က်မွာျဖစ္ၿပီး အထူးသျဖင့္ ေတာ့ စစ္မွန္ၿပီး ေကာင္းတဲ့ ဘရန္းပဲ ထို အစုံလိုက္ ထဲက တခ်ိဳ႕တေလမပါရင္ေတာင္ ဒီေလာက္ပဲက်မွာပဲ... ဒါေပမယ့္ သူ ေမာ့ၾကည့္လိုက္သည့္အခ်ိန္ တြက္ေတာ့ ခ်င္ယြီက သူ႔ကို မ်က္စိမွိတ္ျပေနတာကို ေတြ႕လိုက္ရတယ္...
အဟြတ္ ဒီကေလးကေတာ့ ငါ့သ႐ုပ္ေဆာင္စြမ္းရည္ ကို တကယ္စမ္းသပ္ေနတာပဲ (=_=)
ထိုအရာမ်ားကို ေပါင္းထည့္ၿပီးေနာက္ စုစုေပါင္းကုန္က်စရိတ္မွာ ယြမ္ 780 ျဖစ္ေနဆဲျဖစ္သည္။ တျခားဆိုင္ေတြမွာ ဝယ္ရင္ အနည္းဆုံး သုံးဆေလာက္ ေဈးတက္မယ္လို႔ ပိုင္ရွင္က ထပ္ခါတလဲလဲ အေလးေပးေျပာၾကားခဲ့၏။ဟဲက်င့္သည္ ဒီေလာက္ေလွ်ာ့ေဈးျဖင့္ သူေငြဘယ္ေလာက္သက္သာသြားသည္ကို သဘာဝက်က် သေဘာေပါက္ခဲ့ၿပီး ခ်င္ယြီ ဒါမွမဟုတ္စတိုးဆိုင္ပိုင္ရွင္ကို ေက်းဇူးတင္ရမည္လား မသိေတာ့ေပ။
"ဒီပစၥည္းေတြကို ဘယ္လိုသုံးရလဲဆိုတာ ေရွာင္ခ်င္ကို ေမးလို႔ရတယ္သူကိုယ္တိုင္က ကြၽမ္းက်င္တဲ့ လူငယ္တစ္ေယာက္ပါ။"
ပိုင္ရွင္က စကင္နာကို ထုတ္ယူစဥ္တြင္ "ကတ္ ဒါမွမဟုတ္ အီလက္ထ႐ြန္းနစ္အေကာင့္နဲ႔ ေပးေခ်မလား?" ဟု ေမးခဲ့သည္။
အီလက္ထ႐ြန္းနစ္အေကာင့္မ်ားသည္ လြန္ခဲ့သည့္ႏွစ္မ်ားအတြင္း ေရပန္းစားလာခဲ့သည့္ စမတ္လက္ပတ္မ်ားမွတစ္ဆင့္ ေငြေပးေခ်မႈနည္းလမ္းတစ္ခုျဖစ္သည္။ သို႔ေသာ္ဟဲက်င့္သည္ သူ႔ေဘာင္းဘီအိတ္ကပ္ထဲမွ ေငြအေျမာက္အမ်ားကို ထုတ္ယူလိုက္သည္...
ယေန႔ေခတ္တြင္ ယြမ္ 500 ေက်ာ္တန္ဖိုးရွိေသာ ပစၥည္းမ်ားဝယ္ယူရာတြင္ ေငြသားျဖင့္ ေပးေခ်မႈမွာ ရွားရွားပါးပါးျဖစ္သည္။ ခ်င္ယြီ လည္း အေတာ္ ေလး အံ့အားသင့္သြားၿပီး သူက ႐ုတ္တရက္ ေျပာလာသည္။
"အာ ငါ့မွာ ေငြသားမရွိလို႔ ငါ့ကိုေငြသားေပးလိုက္ ငါရဲ႕ အီလက္ထ႐ြန္နစ္အေကာင့္နဲ႔ ေပးေပးမယ္ေလ။"
ခ်င္ယြီ သည္ တင္းနစ္ေဘာလုံးဘူးအသစ္ႏွစ္ဘူးကို ေကာက္ယူလိုက္ၿပီး ပိုင္ရွင္အား ေဘ ႏွစ္ေစာင္ထုတ္ ေပးရန္ ေတာင္းဆိုလိုက္သည္။ ပထမတစ္ခုသည္ ဟဲက်င့္ ၏ေလွ်ာ့ေစ်းရတ္ကတ္အတြက္ ျဖစ္ၿပီး ဒုတိယတစ္ခုမွာ ရတ္ကတ္၏အစစ္အမွန္ေစ်းႏႈန္းကို အျခားပစၥည္းမ်ားႏွင့္အတူ တြက္ခ်က္ရန္ျဖစ္သည္။ ဟဲက်င့္ သည္ ေဘဘယ္ႏွေစာင္ ထုတ္သည္ကို မျမင္လိုက္ဘဲ သူ႔ကိုယ္ပိုင္ ေငြကိုသာ အိတ္ကပ္ထဲသို႔ ဂ႐ုတစိုက္ထည့္လိုက္သည္။
ဟိုက္တဲ့ လမ္းေထာင့္တြင္ လန္ဖုန္ယြင္ ႏို႔လက္ဖက္ ရည္ဆိုင္တစ္ဆိုင္ရွိသည္။ ဟဲက်င့္ သည္သင္းပ်ံ႕လွေသာ လက္ဖက္ရည္အေမႊးအႀကိဳင္ကို အနံ႔ခံလိုက္ရေသာအခါ ခ်င္ယြီအား ကူရာမဲ့စြာျဖင့္ေမးလိုက္ေတာ့သည္။
"မင္း ႏို႔လက္ဖက္ရည္ ေသာက္ခ်င္လား ? ငါ မင္းကို ဒကာခံမယ္ေလ"
ခ်င္ယြီက သူ႔ကိုစေနာက္လိုက္သည္။
"မင္းနဲ႔အေဖာ္လိုက္ေပးဖို႔ တေန႔ခင္းလုံး အခ်ိန္ဇယားေတြဖ်က္ထားတာကို ႏို႔လက္ဖက္ရည္ပဲ တိုက္တယ္ေပါ့ အာ?"
ဟဲက်င့္ : "ငါ မင္းကို ညစာလည္းေကြၽးမယ္"
ခ်င္ယြီက ရယ္ေလသည္။
"အာ ငါေနာက္ေနတာ ႏို႔လက္ဖက္ရည္က အဆင္ေျပတယ္"
သူတို႔သည္ လက္ဖက္ရည္ဆိုင္ေပါက္ ဆီသို႔ လမ္းေလွ်ာက္ရင္း စကားစျမည္ေျပာခဲ့ၾကသည္။ ထို႔ေနာက္ ဟဲက်င့္က ေဘနားက လက္ဖက္ရည္ စာရင္းကို ၾကည့္ကာေျပာလာသည္။
"မင္းကို ဒကာခံဖို႔ အစကတည္းက ငါစီစဥ္ထားတာပါ မင္း သာ မရွိရင္ ငါ ေလွ်ာ့ေဈး ရမွာ မဟုတ္ဘူး... ငါ caramel ႏို႔လက္ဖက္ရည္ မွာမလို႔ မင္းေကာ?"
"မူရင္းအရသာ"
ခ်င္ယြီသည္ ဆိုင္နံရံကို လက္တင္၍ ဟဲက်င့္ကို ေဘးတိုက္ၾကည့္ကာ ေျပာလာသည္။
"ငါမင္းကို လိမ္မွာ မေၾကာက္ဘူးလား?"
ဟဲက်င့္ စိတ္ရႈပ္သြားသည္ "အာ?"
ခ်င္ယြီ ကရွင္းျပလာသည္။
"အခုေခါတ္မွာ ဆိုင္ပိုင္ရွင္ေတြနဲ႔မိတ္ေဆြေတြမလို႔ဆိုၿပီး သူငယ္ခ်င္းကို ပစၥည္းဝယ္ဖို႔ ေခၚသြားေပးတဲ့ ၾကင္နာမူဆိုတာမရွိေတာ့ဘူးေလသူငယ္ခ်င္းကို ေနာက္ေက်ာဓားနဲ႔ ထိုးၿပီး ဆိုင္ပိုင္ရွင္နဲ႔ ႏွစ္ေပါက္ တစ္ေပါက္႐ိုက္ၾကတာ ၿပီးရင္ေတာ့ ေဝစုခြဲယူၾကတာေပါ့... အဲ့လိုသတင္းေတြအမ်ားႀကီးပဲကို။"
He Jin က ရယ္ကာေျပာလာသည္။
"မင္း ငါ့ကို လွည့္စားရင္ ဘာေကာင္းလို႔လဲ ပိုက္ဆံရွာဖို႔လား?"
စုစုေပါင္းဝယ္တဲ့ပစၥည္းေတြက ယြမ္ ခုနစ္ရွစ္ရွစ္ရာေလာက္ပဲ ကုန္တာ ခုနစ္ေထာင္ရွစ္ေထာင္မွ မဟုတ္ပဲ ခ်င္ယြီ က သူ႔ကို လွည့္စားခဲ့ရင္ေတာင္ ေငြဘယ္ေလာက္ရႏိုင္မွာမို႔လို႔လဲ ။ ခ်င္ယြီအတြက္ ညစာဝယ္ဖို႔ေတာင္ မလုံေလာက္တာကို
ဟဲက်င့္က ခ်င္ယြီ ကိုၾကည့္ကာ ေခါင္းခါလိုက္သည္။ တစ္ျခားတစ္ေယာက္သာ ဒီလိုလုပ္ရင္ သူသံသယ ရွိဉီးမယ္ ဒါေပမယ့္ ခ်င္ယြီ ဒီလူက သူ႔ကို လွည့္စားမယ္ဆိုတာ လုံးဝမယုံဘူး။
ခ်င္ယြီက မ်က္ခုံးပင့္ကာေျပာလာသည္။
"ငါက မင္းကို သတိထားႏိုင္ေအာင္ ေျပာတာပါပဲ ငါ့ကိုယုံတာကေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ပဲ ဒါေပမယ့္ တျခားသူေတြကိုေတာ့ သိပ္မယုံနဲ႔"
ခ်င္ယြီ ေျပာတာကိုၾကားေတာ့ တစ္ေယာက္ေယာက္ သာ ဆို သူတို႔ႏွစ္ေယာက္ၾကား စီနီယာကဘယ္သူလဲဆိုတာ သိခ်င္သြားလိမ့္မယ္။ ဟဲက်င့္က ေခါင္းခါကာယုံၾကည္မူရွိစြာျဖင့္ ေျပာလိုက္ေတာ့သည္။
"ငါက ဦးေႏွာက္ရွိတဲ့ လူတစ္ေယာက္ပါေနာ္"
ခ်င္ယြီ: "..."
ႏို႔လက္ဖက္ရည္ေတြက အရသာရွိေလ၏ သူတို႔ က ေျမေအာက္ရထားဘူတာကို သြားရာလမ္းမွာ တစ္ေယာက္ တစ္ခြက္စီ ကိုင္သြားၾကသည္။ လမ္းေလွ်ာက္ရင္းဟဲက်င့္ တစ္ခုခုေတြးမိကာ ေမးလာသည္။
"ညစာ ဘာစားခ်င္လဲ? မၾကာခင္ ေလးနာရီထိုးေတာ့မွာ အျပင္ထြက္စားမလား ေက်ာင္းျပန္မလား ဆုံးျဖတ္ရမယ့္အခ်ိန္ေရာက္ၿပီ။"
ခ်င္ယြီ: "ေမ့လိုက္ေတာ့ မင္းမွာ လြတ္လြတ္လပ္လပ္ သုံးလို႔ရတဲ့ ပိုက္ဆံ မွ မရွိတာကို ေနာက္ဆုံးေတာ့ မင္းကို နည္းနည္းေလး သက္သာေအာင္လုပ္ေပးထားတာ မင္းငါ့ကို ညစာဝယ္ေကြၽးလိုက္ရင္ အလကားသပ္သပ္ ျဖဳန္းတီးမိသြားလိမ့္မယ္"
ဟဲက်င့္: "ရတ္ကတ္ကိုငါ့ကိုယ္ပိုင္ေငြနဲ႔ ဝယ္တာ ငါ့အေမသိဘူး ဘာပဲျဖစ္ျဖစ္ စားဖို႔သုံးတဲ့ေငြကို ေမးခြန္းထုတ္စရာ မလိုပါဘူးအဲ့ဒါကို ေနထိုင္စရိတ္အျဖစ္ သတ္မွတ္လို႔ရတယ္။ "တကၠသိုလ္တက္ေနသူေတြဟာ လူမႈေရးအသုံးစရိတ္ေတြ လိုအပ္မယ္ဆိုတာကို သူ႔အေမက သိထားၿပီး ပိုက္ဆံကုန္မွာစိုးလို႔ အရမ္းတြန႔္တိုတတ္ရင္ တျခားသူေတြရဲ႕ ႏွိမ့္ခ်တာခံရမွာပဲေလ။ ထို႔ေၾကာင့္ လစဥ္ လတိုင္း သူမသည္ဟဲက်င့္ ကို လူမႈေရး အသုံးစရိတ္အတြက္ အပိုေငြ ယြမ္ ေလးငါးရာနီးပါး ေပးခဲ့သည္။ ဒါေပမယ့္ အရင္တုန္းကေတာ့ ဟဲက်င့္ က သိပ္ၿပီး သတၱိမရွိတဲ့ အတြက္ေၾကာင့္ ပိုက္ဆံ မသုံးျဖစ္ရင္ေတာင္ သူ႔အေမကို ေျပာတယ္။သူ႔အေမ သိသြားမွာကို ေၾကာက္လို႔ လိမ္ေတာင္ မလိမ္ဝံ့ဘူးရယ္။
ခ်င္ယြီ က သူထုတ္လိုက္သည့္ ေငြသားကို ေတြးမိၿပီး ေမးလာေလသည္။
"မင္းပိုက္ဆံကို ကိုယ့္ဘာသာ ကိုယ္ စုထားတာလား?"
ဟဲက်င့္ က ပခုံးတြန႔္ကာျဖင့္
"ဟုတ္တယ္ ငါပိုက္ဆံေတြကို အီလက္ထ႐ြန္းနစ္အေကာင့္ထဲမွာ သိမ္းထားတာ ငါ့အေမသိသြားရင္ ဝမ္းနည္းစရာေတြျဖစ္သြားလိမ့္မယ္"
ခ်င္ယြီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ဒါက အေၾကာင္းရင္းကို သူမွန္းဆထားၿပီးသား။ လက္ရွိေလထုက ေတာ္ေတာ္ေကာင္းတယ္လို႔ ခံစားရသည့္အတြက္ ဆက္ေမးလိုက္သည္။
"ဟိုတခါ ေရကန္ခရီးတုန္းက မင္းေမြးရပ္ေျမကို မျပန္ခ်င္ဘူးလို႔ ေျပာတယ္ေလ အဲ့ဒါမင္းအေမေၾကာင့္လား?"
ဟဲက်င့္ကခါးသီးစြာၿပဳံးလိုက္ၿပီး "အင္း..."
အင္း: "ျပန္ရမွာလား?"
ဟဲက်င့္က သူ႔ႏို႔လက္ဖက္ရည္ကို ေသာက္လိုက္ကာ "မသိဘူး" ဟုေျဖလိုက္သည္။
ခ်င္ယြီ:"A ၿမိဳ႕က ေနရာေကာင္းတစ္ခုပဲေလ အဲဒီမွာ အလုပ္အကိုင္အခြင့္အလမ္းေတြ အမ်ားႀကီးရွိတယ္။"
ဟဲက်င့္ က သူ႔အေမနဲ႔ ခပ္ခြာခြာေနႏိုင္သေ႐ြ႕ ေနရာတိုင္းက အဆင္ေျပတယ္လို႔ ေျပာခဲ့တယ္...
သူက တျခားသူေတြရဲ႕ ေက်ာင္းစာပဲျဖစ္ျဖစ္ အလုပ္အတြက္ပဲျဖစ္ျဖစ္ အိမ္နဲ႔ ပိုနီးေလ ပိုေကာင္းတယ္လို႔ ခံစားရတဲ့ ခ်စ္ဖို႔ေကာင္းတဲ့ မိသားစုေတြကိုမနာလိုျဖစ္မိတယ္ မိဘေတြကို ဂ႐ုတစိုက္ရွိဖို႔၊ ဝတ္ႀကီးဝတ္ငယ္ျပဳဖို႔ တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ရမယ္ဆိုေပမယ့္.. သူ႔အိမ္မွာ ထူးဆန္းၿပီး မႈိင္းတိုက္ေနတဲ့ သူ႔အေမရဲ႕ အဆုံးမရွိ ခ်ဳပ္ကိုင္ထားတာေတြကို ေတြးမိတဲ့အခါမွာေတာ့ ထြက္ေျပးခ်င္စိတ္ပဲရွိေတာ့တယ္
တျခားတစ္ေနရာကို လြတ္ေျမာက္ခ်င္တယ္ ပိုေဝးေလ ပိုေကာင္းေလပါပဲ
"ေဟး အခုျပန္စဥ္းစားၾကည့္ေတာ့လည္း တစ္ႏွစ္ပဲက်န္ေတာ့တယ္" ဟု သူက ဆိုသည္။ သူ၏စတုတၳႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္တြင္ Aၿမိဳ႕မွာ အလုပ္သင္တစ္ ခုရွာရန္ႀကိဳးစားႏိုင္သည္
"ဒါမွမဟုတ္လဲ တစ္ႏွစ္ခြဲေပါ့"
ေျမေအာက္ရထားထဲသို႔ ဝင္လိုက္ကာမွ ဟဲက်င့္႐ုတ္တရက္ သတိရသြားသည္။
"မင္း ဘာစားခ်င္လဲ မေျပာရေသးဘူးေနာ္"
ခ်င္ယြီ: "ဖုရွင္းလမ္းကိုသြားမယ္"
အဲ့ဒါက လိုင္းေျပာင္းရမဲ့ ဘူတာ႐ုံပင္။ဘူတာ႐ုံကေန အစားအေသာက္မ်ိဳးစုံနဲ႔ ျပည့္ႏွက္ေနတဲ့ လူစည္ ကားတဲ့ ညေဈးတစ္ခုဆီ သြားၾက၏။
ညစာစားခ်ိန္ေရာက္ၿပီမို႔ ေနရာကေတာ့ စည္ကားလွသည္။ ဟဲက်င့္သည္ စက္ေလွကားေပၚတြင္ ညႇစ္ခံရလုနီးပါး ျဖစ္ခဲ့ေသာ္လည္း သူ႔ေနာက္တြင္ ရပ္ေနေသာ ခ်င္ယြီ က သူ႔ကို အျမန္ဖမ္းလိုက္သည္။ ဟဲက်င့္ သည္ လက္တစ္ဖက္တြင္ တစ္စုံတစ္ခုကို ကိုင္ေဆာင္ထားၿပီး က်န္လက္တစ္ဖက္သည္ ခ်င္ယြီ၏လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ ထားသည္။ သူ တုံ႔ျပန္ဖို႔ အခ်ိန္မရွိခင္မွာပင္ သူ႔တစ္ ကိုယ္လုံး ခ်င္ယြီရဲ႕ ရင္ခြင္ထဲသို႔ ဆြဲသြင္းခံလိုက္ရေတာ့သည္။