သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-155/156

182 16 0
By Miracle_Phyu97

ဖေးချမ့် 155+156

အခန်း(၁၅၅) ညီအစ်ကိုချမ့်ကို Surprise တိုက်ခြင်း

နေ့လည်ခင်း...

"ဟပ်ချိုးး"

ရုံးခန်းထဲတွင် ဖေးချမ့်တစ်ယောက် အဲကွန်းဖြင့် သာယာနေတုန်း နှာထချေပါသည်။

"ထူးဆန်းလိုက်တာ။ ငါ လေအေးခံတာ များနေပြီလား။”

ဖေးချမ့်တစ်ယောက် စောင်အသေးတစ်ထည်ကို ခြုံပြီး သူကြည့်နေသည့် ဒရမ်မာကားကို ပိတ်ကာ ရုံးထိုင်ခုံပေါ်တွင် အိပ်ဖို့ ပြင်လိုက်၏။

ထိုအချိန် တံခါးခေါက်သံ ထွက်လာပါသည်။ လုမင်လျန် ဖြစ်နေပါ၏။ "ဘော့စ်ဖေး ကျွန်တော် တင်ပြစရာလေးရှိလို့ပါ။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ပြောပါ"

ဖေးချမ့်တစ်ယောက် စောင်ခြုံကာ အိပ်ပျော်တော့မည့် ပုံစံကိုကြည့်ရင်း လုမင်လျန် အနည်းငယ် စိတ်မကောင်း ဖြစ်သွားပါသည်။

ဘော့စ်ဖေး ကြည့်ရတာ နေမကောင်းသည့်ပုံပင်။ အိမ်ပြန်ပြီး အနားယူလို့ရသော်လည်း သူတို့နဲ့အတူတူ အလုပ်လုပ်ဖို့ အလုပ်မှာ ဆက်ရှိနေပေးသည်။

အမှန်ပင်။ အောင်မြင်မှုတွေ ဘယ်လောက်ပဲ ရနေပါစေ ကြိုးစားချင်စိတ်ကို ဆက်လက် ထားရှိဖို့ လိုအပ်ပါသည်။

လုမင်လျန်က ဘော့စ်ဖေး အနားယူနေတာကို အနှောင့်အယှက်ပေးမိမှာ စိုးရိမ်နေသဖြင့် အမြန် တင်ပြလိုက်ပါသည်။

"ပထမဆုံး New Edition နဲ့ ပတ်သတ်တာပါ။"

"အားလုံး အစီအစဥ်အတိုင်းပါပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ သမုဒ္ဒရာရဲတိုက်ရဲ့ Epic လက်နက်ရောင်းချမှုကို ကန့်သတ်မယ့် သတင်းတွေထွက်သွားတော့ လက်ရှိကစားသမားတွေ တော်တော်များများက ပြင်းပြင်းထန်ထန် ကန့်ကွက်လာကြပါတယ်။

"ဘော့စ်ဖေး ကျွန်တော်တို့ ဒီ Epic လက်နက် ကန့်သတ်ချက်ကို နည်းနည်းလေး လျှော့ပေးလိုက်ရမလား။ ... ၅,၀၀၀ လောက်လေ။”

ဖေးချမ့်က ပြတ်သားစွာ ခေါင်းခါလိုက်သည်။ "မလုပ်နဲ့။”

တစ်လကို လက်နက် ၅,၀၀၀ တဲ့လား။ ဟာသပဲ။

၅,၀၀၀ x  ၈၈၈ ဆို ဘယ်လောက်ဖြစ်နေပြီလဲ။ မင်း သင်္ချာမတတ်ဘူးလား။

ဖေးချမ့် ရုပ်တည်ဖြင့်ပြောလိုက်သည်။ "ကန့်သတ်ချက်ဆိုတာ အကြောင်းအရင်းရှိလို့ သတ်မှတ်ထားတာ။ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရလာရင် အစကတည်းက ဘာဖြစ်လို့ ကန့်သတ်ရောင်းချမှုလို့ ခေါ်ဦးမှာလဲ။ သူတို့ မကျေနပ်ချက်တွေကို ဂရုစိုက်မနေနဲ့။ ၅၀၀ ဆို ၅၀၀ ပဲ။ တစ်ခုလေးတောင် ပိုမရောင်းနိုင်ဘူး။”

ဘော့စ်ဖေး၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာထားကို မြင်လိုက်ရသဖြင့် လုမင်လျန် ဘာမှ မလုပ်နိုင်တော့ဘဲ ခေါင်းသာငြိမ့်လိုက်ပါသည်။

"ကောင်းပါပြီ ဘော့စ်ဖေး။ နောက်တစ်ခုက မာယိချွမ်ရဲ့ တာဝန်နဲ့ ပတ်သတ်ပြီးတော့ပါ။”

"ကျွန်တော်တို့ရဲ့ ဂိမ်းဟောင်းတွေ New Edition ထုတ်တဲ့အခါ သူလည်း ပါဝင်ချင်တယ်လို့ ကျွန်တော့်ကို တင်ပြထားပါတယ်။ ကျွန်တော် ခဏလောက် စဥ်းစားကြည့်လိုက်တော့ တစ္ဆေစစ်သူကြီးနဲ့ ဂိမ်းဒီဇိုင်နာ အတွက် New Edition အသစ်တွေမှာ သူ့လိုမျိုး အနှစ်ချုပ်ပညာရှင်တစ်ယောက်ကို လိုအပ်ပါတယ်။”

"သူ့ကို စမ်းကြည့်ခိုင်းပြီး သူ့စကေးကို အချောသပ်ခိုင်းလိုက်ရမလား။”

ဖေးချမ့်က ချက်ချင်း ပြန်မပြောသေးပါ။ သူ ငြင်းဖို့ အကြောင်းပြချက်ကောင်းကောင်း စဥ်းစားလို့ မရသေးသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ မငြင်းပယ်ပါက ထိုအနှစ်ချုပ်များကို မာယိချွမ်အား လုပ်ခိုင်းဖို့ ဖေးချမ့် တွန့်ဆုတ်မိပါသည်။

မာယိချွမ်က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူ ဖြစ်သည်။ ရှန်းယန်ဂိမ်း၏ ဂိမ်းများအတွက် သူ လုပ်ပေးခဲ့ဖူးသော အနှစ်ချုပ်တချို့က အလွန် ကောင်းမွန်သည်။ တစ္ဆေစစ်သူကြီးနဲ့ ဂိမ်းဒီဇိုင်နာအတွက်ပါ ကောင်းမွန်အောင် လုပ်ပေးလိုက်နိုင်ပါက အကျိုးဆက်များ ဆိုးရွားလာနိုင်ပါသည်။

သို့သော်လည်း သူ ဘယ်လိုလုပ်ပြီး ငြင်းရမည်နည်း။

မာယိချွမ်က မတ်လမှာ ကုမ္ပဏီသို့ ရောက်လာသည်။ ၂ လတောင် ကြာသွားပြီဖြစ်၏။ ဆက်လက်ပြီး လေ့လာသင်ယူဖို့သာ ပြောပါက နည်းနည်းများသွားပါလိမ့်မည်။ ဂိမ်း၏ အနှစ်ချုပ်များကို ထိခွင့်မပြုရင်တောင် မာယိချွမ်ကို လုပ်စရာအလုပ် တစ်ခုခုတော့ ပေးရပေမည်။

ဗီဒီယိုအတို ရိုက်ကူးဖို့ ဟွမ်စစ်ပေါ်ဆီ ပို့လိုက်ရမလား။ ဒါဆိုလည်း မဟုတ်သေးဘူး။ သူ့အရေးအသား စွမ်းပကားကို ဗီဒီယိုအတို ရိုက်ကူးရေးမှာ အပြည့်အဝ အသုံးချလို့ ရတယ်။

ယွီအင်တာနက်ကဖေးကို ပို့လိုက်ရမလား။ ဒါ အကြံဆိုးတော့ မဟုတ်ဘူး။

သို့သော်လည်း မာယိချွမ်ကို ရုတ်တရက်ကြီး ပို့လိုက်ဖို့ ဖေးချမ့်မှာ သင့်တော်သည့် အကြောင်းအရင်း မရှိပါ။

အတန်ကြာစဥ်းစားပြီးနောက် ဖေးချမ့် တကယ်ပဲ အကြံကောင်းထုတ်ရသဖြင့် စိတ်မပါလက်မပါဖြင့် ခေါင်းသာငြိမ့်နိုင်တော့သည်။ ဖေးချမ့်က စိတ်မပါစွာ ပြောလိုက်၏။ "ဟုတ်ပြီ။ သူ လေ့လာသင်ယူနေတာလည်း ကြာပြီဆိုတော့ သူ့ကို တချို့ အခြေခံ တာဝန်တွေ ပေးလိုက်ပါ။”

လုမင်လျန်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး။ ဆက်နားပါ ကျွန်တော် အလုပ် သွားလုပ်ပါတော့မယ်။”

ဖေးချမ့်က ခုံကို မှီလိုက်ပြီး စောင်ထပ်ခြုံလိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ အနည်းငယ် စိတ်မသက်သာဖြစ်ကာ အိပ်မပျော်တော့ပါ။

"ထူးဆန်းတယ်။ အရပ်မျက်နှာပေါင်းစုံက အန္တရာယ်တွေ လာနေတဲ့ ခံစားချက်ကြီး ဘာဖြစ်လို့ ခံစားနေရပါလိမ့်၊။ ရှန်းယန်ဂိမ်းတော့ မဟုတ်လောက်ဘူးမလား" ဖေးချမ့်စိတ်ထဲတွင် သူ့ပရောဂျက်များကို ခပ်မြန်မြန် ပြန်သုံးသပ်ကြည့်လိုက်သည်။

ထန်းတာ့တွင် New Edition များက ဝင်ငွေရကောင်းရနိုင်သည်။ သို့သော်လည်း ထိန်းချုပ်လို့တော့ ရပါသေးသည်။ ကြီးကြီးမားမား ပြဿနာလည်း မဟုတ်ပါ။

ဖေးဟွမ်လုပ်ငန်းမှာ သူတို့က မှတ်တမ်းရုပ်ရှင် ရိုက်ကူးချင်သည်ဟု ဆိုသော်လည်း အပ်ဒိတ်သတင်း မကြားရသေးပါ။

ယွီအင်တာနက်ကဖေးက အားအထားရဆုံး ဖြစ်သည်။ ဆိုင်ခွဲနှစ်ခုကို ပြင်ဆင်မွမ်းမံမှုများ ပြီးဆုံးသွားပြီဖြစ်ပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြပြီဖြစ်သည်။ မူရင်းဆိုင်ကိုတော့ လွန်ခဲ့သော တစ်ပတ်လောက်ကမှ သူ သွားစစ်ကြည့်ထားတာ ဖြစ်သည်။ ပုန်းလျှိုနေသည့် အန္တရာယ် ဘာမှ မရှိနိုင်ပါ။

စဥ်းစားကြည့်လေလေ ကြည့်ရတာ ရှန်းယန်ဂိမ်းဆီက အန္တရာယ်များက အကြီးဆုံးဖြစ်ပုံရသည်။ ဂိမ်းနှစ်ခုအတွက် ဝယ်ယူနိုင်သော ပစ္စည်းအားလုံးကို ဖျက်သိမ်းဖို့ ဖေးချမ့် သူတို့ကို အမိန့်ပေးခဲ့သည်။ တစ်ခုတည်းသာာ ချန်ထားခိုင်း၏။ ဒါက တကယ်ပဲ စွန့်စားရာ ကျလွန်းပါသည်။

ဝယ်ယူနိုင်သော ပစ္စည်းမျာား အားလုံးကို ဖျက်သိမ်းလိုက်ခြင်းက သေချာပေါက် ဂိမ်း၏ ဂုဏ်သတင်းအတွက်တော့ အကျိုးရှိစေနိုင်သည်။ ဒါက ရှောင်လွဲလို့ မရပါ။ သို့သော် ဂုဏ်သတင််းနဲ့ ဝင်ငွေတို့က မတူညီသော ကိစ္စနှစ်ခု ဖြစ်ပါသည်။

Bloddy Battle Song ကဲ့သို့ ရုပ်ထွက်ညံ့ဖျင်း၊ သာမန်ဆန်သော ဂိမ်းကစားနည်းဖြင့် ဂိမ်းအတွက် ၎င်း၏ တစ်ခုတည်းသော အားသာချက်မှာ သူဌေးဂိမ်မာများက ဂိမ်းထဲတွင် လူတွေကို အေးအေးဆေးဆေး အနိုင်ယူနိုင်တာပဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ဂိမ်း၏ အဓိက ရောင်းရမှတ်က 'ကလဲ့စားဝယ်ယူခြင်း' ဖြစ်သည်။

တစ်ယောက်က အခြား တစ်ယောက်ကို အနိုင်ယူပြီးနောက် ထိုတစ်ယောက်က ချက်ခချင်းပဲ ငွေများများ ဖြည့်သွင်းက အရင်တစ်ယောက်ကို ပြန်ချလိမ့်မည်။ ဒါက ဒီလိုဂိမ်းမျိုး၏ အဓိက ဆွဲဆောင်မှု ဖြစ်သည်။

ထိုဂိမ်းများတွင် ကစားသမားများ၏ အနုတ်သဘောဆောင်သော စိတ်ခံစားချက်များကို နှိုးဆွပေးသော 'ကလဲ့စားဝယ်ယူခြင်း' စနစ်မျိုး ရှိသောကြောင့် ရုတ်ထွက်က ဘယ်လောက် ဆိုးဆိုး၊ ဂိမ်းကစားနည်းက ဘယ်လောက်စုတ်စုတ် လူတွေက ထိုဂိမ်းကို ကစားကြဦးမည်ဖြစ်သည်။

ဖေးချမ့်သာ ဘာမှ မပြောင်းလဲပါက ထိုဂိမ်း တကျော့ပြန်လာနိုင်ချေ ရှိသည်။ ထိုပြန်လာနိုင်ချေက မသေးပါ။

ယဲ့ကျစ်ကျိုး ဟိုနားဒီနား ပရိုမိုးရှင်းနည်းနည်း ဆင်းလိုက်ပြီး ကစားသမားဟောင်းများကို ပြန်ခေါ်လာနိုင်ပါက ဒီဂိမ်းမှာ နဂို ဝင်ငွေရသည့် အဆင့်ကို ပြန်ရောက်သွားနိုင်သည်။ ဖေးချမ့် ထိုဂိမ်းကြောင့် အရှုံးပေါ်နိုင်မှာ မဟုတ်တော့ပါ။

ထို့ကြောင့် ဖေးချမ့်က ဂိမ်းထဲက ဝယ်ယူနိုင်သော ပစ္စည်းများကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါသည်။

Bloody Battle Song တွင် တခြားဂိမ်းများနဲ့ ယှဥ်လျှင် ရုပ်ထွက်ကော ကစားနည်းကော ဘာမှ ကောင်းကွက်မရှိပါ။ ကစားသမား အသစ်များကို ဆွဲခေါ်နိုင်ဖို့ ဆိုတာ အိပ်မက်သာ ဖြစ်လေသည်။

ဂိမ်းက မျှတမှုရှိလာပြီး ၎င်း၏ နာမည်က ကောင်းမွန်လာရင်လည်း ဘာဖြစ်လဲ။ အမြတ်မရသရွေ့ ဖေးချမ့်အဆင်ပြေပါသည်။

အမှန်ပင်။ ဒီဂိမ်းသာ တိုးတက်လာသော ဂုဏ်သတင်းကြောင့် ကစားသမားအသစ်များစွာကို ဆွဲဆောင်ပြီး ကစားသမား base ကကြီးမားလွန်းသဖြင့် အမြတ်များ တိုးတက်လာလျှင် ဘယ်လိုလုပ်မည်နည်း။ ဒါက မဖြစ်နိုင်တာ မဟုတ်ပါ။ ဖြစ်နိုင်ချေကတော့ နည်းပါသည်။

ဖေးချမ့် ဒီကိစ္စကို ခေတ္တစဥ်းစားကြည့်လိုက်ပါသည်။ ရှန်းယန်ဂိမ်းမှာသာ အန္တရာယ်တချို့ ရှိနေသည့်ပုံပင်။ ထို့ကြောင့် သူတို့ကို ပိုပြီး အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်ပါသည်။

Bloody Battle Song ၏ တရားဝင်ဝက်ဘ်ဆိုက်ကို သွားပြီး စစ်ဆေးကြည့်လိုက်မည်။

အမှန်ပင်။ ၎င်း၏ ရေပန်းစားမှုက နည်းနည်းလေးတော့ တက်လာသည့်ပုံပင်။ နာမည်က ပြန်ကောင်းမွန်လာသဖြင့် ကစားသမားဟောင်း တချို့က ဂိမ်းထံသို့ ပြန်လာကြသည်။ သို့သော်လည်း ဖေးချမ့် စိတ်မပျက်သေးပါ။ ချက်ချင်းပဲ ယဲ့ကျစ်ကျိုးကို မက်ဆေ့ချ် ပို့လိုက်သည်။ "Bloody Battle Song ရဲ့ ငွေဖြည့်သွင်းမှု စာရင်းတွေ ငါ့ကို ပို့ပေးဦး။"

မိနစ်အနည်းငယ်ကြာသောအခါ ယဲ့ကျစ်ကျိုးက Screenshot တစ်ခု ပို့ပေးလိုက်ပါသည်။

ဒါက Bloody Battle Song ၏ ငွေဖြည့်သွင်း ပလက်ဖောင်း ပမာဏများ ဖြစ်သည်။ ဖေးချမ့်က သေချာကြည့်လိုက်ပြီး ပုံမှန်ဆို တစ်ယောက်ချင်းစီတိုင်း ဖြည့်သွင်းသည့်နှုန်းက မြင့်တက်နေတာကို မြင်လိုက်ပါသည်။ အများကြီးလည်း မဟုတ်ပါ။ သို့သော် စုစုပေါင်း ငွေဖြည့်သွင်း ပမာဏက ၇၀ - ၈၀ ရာခိုင်နှုန်းလောက်အထိကို နိမ့်ကျသွားခဲ့ပါသည်။

ဒီလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် Bloody Battle  Song ၏ လစဥ်ဝင်ငွေက ၁၀၀,၀၀၀ တောင် ရောက်မှာ မဟုတ်တော့ပေ။

အင်း။ စိတ်ချောက်ချားဖို့ မလိုဘူး။ ဒါ အစီအစဥ်အတိုင်းပဲ။

ဂိမ်းတစ်ခု ရှင်သန်နိုင်ခြင်း မရှင်သန်နိုင်ခြင်းက အမြတ်ငွေအပေါ် အဓိက မူတည်ပါသည်။ ထို့ကြောင့် ဂိမ်းကုမ္ပဏီအားလုံးက ကစားသမားများထံမှ ဆဲဆိုသံများနဲ့ ကန့်ကွက်မှုများကို လျစ်လျူရှုပြီး ငွေဖြည့်သွင်း စနစ်များကို တွန်းအားပေး ထည့်သွင်းထားခြင်း ဖြစ်သည်။ သူတို့ အားလုံး ဝင်ငွေရချင်ပါသည်။

ဂိမ်းတစ်ခုက ငွေ ဆက်တိုက် အရှုံးပေါ်နေပါက ဂုဏ်သတင်းမွှေးလည်း ဘာထူးတော့မည်နည်း။

ပြန်လည်ပြုပြင်ထားသည့် Bloody Battle Song မှာ ယခု အိတ်သိပ်စိုက်စရာမလိုတော့သည့်ပုံပေါက်နေပါသည်။ အဓိကက ဘယ်သူနဲ့ ယှဥ်ကြည့်ရမလဲဆိုတာပင်။ Paywall များစွာပါသည့် ဂိမ်းများနဲ့ ယှဥ်ကြည့်ပါက သူဌေး ဂိမ်မာများက ဒီဂိမ်းကို စိတ်ဝင်စားမှု မရှိတော့သဖြင့် သူဌေးဂိမ်မာများထံမှ ဝင်ငွေ  တော်တော်လေး ကျသွားပါလိမ့်မည်။

Fantasy World ကဲ့သို့ အိတ်စိုက်စရာသိပ်မလိုသည့် တခြား ဂိမ်းများနဲ့ ယှဥ်ကြည့်ဖို့ကလည်း Bloody Battle Song ၏ ရုပ်ထွက်များက ဆိုးရွားသည်။ ၎င်း၏ ကစားနည်းကလည်း သာမန်ဆန်၏။ထိုဂိမ်းများနဲ့ နှိုင်းယှဥ်လို့ မရနိုင်ပါ။

ဆိုလိုတာက Bloody Battle Song အသစ်မှာ ထိုကဲ့သို့ဂိမ်းနှစ်မျိုးနဲ့ ပစ်မှတ်ထားသည့် ဂိမ်မာ ပရိုဖိုင်းများကို ယှဥ်ပြိုင်နိုင်မှာ မဟုတ်ပေ။

"မဆိုးဘူး။ ဒီတိုင်းပဲ ဆက်ထိန်းထာားကြရအောင်။"

ယဲ့ကျစ်ကျိုးကို စာပြန်ပြီးနောက် ဖေးချမ့် စိတ်အေးသွားပြီး စောင်ကို ကျကျနန ခြုံကာ  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့သည်။

နောက်ထပ်  ၂ ရက်အတွင်း ဆိုင်ခွဲသစ်နှစ်ဆိုင်ကို ဖွင့်တော့မည်ဖြစ်သည်။ စိတ်အေးအေး ထားနိုင်ဖို့ သူသွားကြည့်ရပါဦးမည်။

ရှန်းယန်ဂိမ်းတွင်...

ဘော့စ်ဖေး၏ မက်ဆေ့ချ်ကိုမြင်လိုက်ရပြီး ယဲ့ကျစ်ကျိုး၏ ရင်ထဲနွေးထွေးသွားပါသည်။ ဘော့စ်ဖေးက တက်ရောက်စရာတွေအများကြီးရှိပြီး လုပ်စရာတွေ အများကြီးရှိတာတောင် ရှန်းယန်ဂိမ်းကို စိတ်ပူပေးသည်။

ငါတို့ဂိမ်းရဲ့ ဝင်ငွေ အခု တော်တော်လေး ကျဆင်းသွားတယ်ဆိုပေမယ့် ဒါက ဘော့စ်ဖေးရဲ့ အစီအစဥ် တစ်စိတ်တစ်ပိုင်းပဲ။ အဲ့တာကြောင့် သူငါတို့ကို ဆက်ပြီး ထိန်းသိမ်းထားစေချင်တာလား။

ဒါဆိုငါတို့ လမ်းကြောင်းမှန်တယ်ဆိုတဲ့ သဘောပဲ။

ယဲ့ကျစ်ကျိုး ချက်ချင်းပဲ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားသည်။ အမှန်ပင်။ ဒါက ဘော့စ်ကောင်းတစ်ယောက်ရဲ့ ကုမ္ပဏီအပေါ် သက်ရောက်မှုပဲမဟုတ်လား။

မေလ ၂၀ ရက်နေ့...

ယွီအင်တာနက်ကဖေး ဆိုင်ခွဲနှစ်ဆိုင်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ. ဖေးချမ့်၊ မာယန်၊ ကျန်းယွမ်န့ ယွီအင်တာနက်ကဖေး၏ မန်နေဂျာအဆင့် လူသုံးယောက်တို့ ဒီလို ခမ်းနားသည့် ဖွင့်ပွဲများသို့ တက်ရောက်ရပါသည်။

သို့သော်လည်း ဖွင့်ပွဲအခမ်းအနားက အခြေအနေက အနည်းငယ် ခွကျ၏။ လူသူ ကင်းမဲ့လွန်းလှပါသည်။

ယွီအင်တာနက်ကဖေး၏ မူရင်းဆိုင်ကိုပထမဆုံး ဖွင့်ခဲ့တုန်းကထက်တောင် ပိုဆိုးနေသည်။

ထိုဆိုင်ခွဲနှစ်ခု၏ တည်နေရာက မူရင်းဆိုင်ထက် အများကြီးပိုဆိုးသည်။ ဖေးချမ့်ကလည်း ဖွင့်ပွဲမှာ ဘာမှ ထူးထူးခြားခြား မလုပ်ရဘူးဟု သူတို့ကို သေချာ မှာထားသည်။ မီးရှူးမီးပန်းလည်း မဖောက်ရ၊ လက်ကမ်းစာစောင်လည်း မဝေရပါ။ ဇာတ်နိမ့်လေ ပိုကောင်းလေဖြစ်သည်။

ဒီလိုလူသူကင်းမဲ့သည့် နေရာမျိုးတွင် ပရိုမိုးရှင်းမရှိ၊ ကြော်ငြာခြင်းမရှိိဘဲ လုပ်ငန်းဖွင့်လှစ်ခြင်းကြောင့် အေးစက်ပြီး ဗလာကျင်းဖြစ်နေပါတော့မည်။

ဖေးချမ့်ကတော့ ကျေနပ်နေပါ၏။ ကော်ဖီဧရိယာထဲတွင် ထိုင်ကာ အပြင်ဘက်ကိုကြည့်နေပြီး နွေးထွေးသည့် နေရောင်ခြည်ကို ခံစားနေပါသည်။

ဆိုင်ခွဲမန်နေဂျာနှစ်ယောက်က အနည်းငယ် နေရခက်နေသည်။ သို့သော်လည်း သူတို့က မူရင်းဆိုင်မှ တာဝန်ပြောင်းခံထားရသူများဖြစ်ကာ ဒီလိုမြင်ကွင်းမျိုးကိုလည်း မြင်ဖူးပြီးသားဖြစ်ကြပါသည်။ ဘော့စ်ဖေးက သူတို့ကို အပြစ်တင်မှာ မဟုတ်ကြောင်းသိသဖြင့် သူတို့နှစ်ယောက် စိတ်မပူပါ။

တစ်ဖက်မှာတော့ အသစ်စက်စက် ခန့်အပ်ထားသည့် ဝိတ်တာများက ဘယ်နားမှာ မတ်တပ်ရပ်၊ လက်တောင် ဘယ်နားထားရမှန်း မသိလောက်သည့်အထိ ဒီလောက် ထူးဆန်းသော မြင်ကွင်းမျိုးကို မမြင်ဖူးကြသေးပါ။ သူတို့အားလုံး ဒီနေရာကြီးကို အနည်းငယ် ကြောက်ဖို့ကောင်းသည်ဟု ထင်ကြပါသည်။

အင်တာနက်ကဖေးအပိုင်းတွင် မာယန်နဲ့ ကျန်းယွမ်တို့က တီးတိုးပြောနေကြ၏။

"ဘာလို့ ငါ့ကို တားနေတာလဲ" မာယန်က ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်ပါသည်။

ဒီနေရာကြီးက အလွန်လူသူကင်းမဲ့နေသည်ဟု မာယန်ထင်မိသည်။ စိတ်ဓာတ်များကျဆင်းနေပုံပေါက်သဖြင့် ဖေးချမ့်ကို ယွီအင်တာနက်ကဖေး၏ နောက်ဆုံးရ သတင်းကောင်းကို မျှဝေပေးချင်ခဲ့ပါသည်။ ချန်းလျဲ့၏ ကြယ်ပွင့်လို ပေါ်ပေါက်လာမှုကြောင့် အင်တာနက်ကဖေး၏ အရက်ရောင်းအားများက နေ့စဥ်တိုးတက်နေခဲ့သည်။ ကတ်စတမ်မာ စီးဆင်းနှုန်းကလည်း သိသိသာသာ တိုးလာ၏။

မာယိချွမ်က ဒီလိုနည်းလမ်းမျိုးကို ယွီအင်တာနက်ကဖေးဆိုင်တိုင်းတွင် အတုယူသုံးချလို့ရလိမ့်မည်ဟု ခံစားမိ၏။ သို့သော်လည်း ကျန်းယွမ် သူ့ကို တားလိုက်ချိန်တွင် သူဘာမှ မပြောရသေးပေ။

ကျန်းယွမ်က မာယန်ပြောချင်နေတာကို သိနေသည့်ပုံစံပင်။ ကျန်းယွမ်က ပြောလိုက်၏။ "ညီအစ်ကိုမာ။ ငါမင်းကို မပြောဖို့ တားမြစ်တာ မဟုတ်ပါဘူး။ အခုက အချိန်မှန် မဟုတ်သေးတာ။ နည်းနည်းလောရာ ကျတယ်။"

မာယန် ကြောင်သွား၏။ "ဟမ် ဘာလို့တုန်း။"

"ညီအစ်ကိုမာ ငါတို့ အရက်ရောင်းအားပဲ တိုးတက်သေးတာလေ။ တစ်လကို ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ပဲ ရဦးမှာကွ။ လစဥ် အရှုံးပေါ်နေတဲ့ ၃၀၀,၀၀၀ နဲ့ယှဥ်ရင် ဘာမှတောင် မဟုတ်ဘူး။”

"ဒါကို အခု ထုတ်ပြောလိုက်ရင် အရမ်း အရေးမပါရာ ကျသွားလိမ့်မယ်။”

"ဒီအကြောင်းကိုကြွားပြီး ဘော့စ်ဖေးက 'မဆိုးပါဘူး မင်းတို့ ဘယ်လောက်ရလဲ' လို့မေးလာလို့ မင်းက 'ကျွန်တော်တို့ အရှုံးပေါ်နေတုန်းပဲ' လို့ပြောလိုက်ရင် ဘော့စ်ဖေးကို ဒီအကြောင်း ပြောရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။"

"အခု လောလောဆယ် ဘာမှမပြောရင် ဘယ်သူမှ မတွေးလောက်ဘူး။ အခုပြောလိုက်ပြီး ဘော့စ်ဖေးကို မျှော်လင့်ချက်တွေ ပေးလိုက်ရင် အမှန်တရားကို သိသွားတဲ့အခါ ပိုပြီး စိတ်ပျက်မသွားနိုင်ဘူးလား။”

"ငါတို့အရှုံးကို အမြတ်အဖြစ် ပြောင်းနိုင်တဲ့ အချိန်အထိ စောင့်ပြီးမှ ဘော့စ်ဖေးကို ပြောသင့်တယ်လို့ ထင်တယ်။ သူ့ကို Surprise တိုက်ဖို့ပေါ့။ ဒါဆို ယွီအင်တာနက်ကဖေးနဲ့ ဘော့စ်ဖေးရဲ့ ရင်ထဲက ငါတို့နေရာလည်း တိုးတက်သွားမယ်။ အဲ့တာ ပိုပြီး သက်ရောက်မှု ရှိတယ်။”

"ညီအစ်ကိုမာ မင်းလက်မခံဘူးလား။”

မာယန်က ခေတ္တ စဥ်းစားကြည့်လိုက်ကာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပါသည်။

သူတို့က အမြတ််ရနိုင်ဖို့ အဝေးကြီးလိုပါသေးသည်။ ဖေးချမ့်ကို အခု သတင်းကောင်းပြောလိုက်ပါက အများကြီး သက်ရောက်မှုရှိမှာ မဟုတ်ပါ။ မာယန်ကိုလည်း အသေးအဖွဲလေး အောင်မြင်မှုရပြီးနောက် လာကြွားကာ နာမည်လိုချင်သည့်ပုံစံ ပေါက်စေလိမ့်မည်။

ဒါက တကယ်ပဲ အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ပေ။

မာယန်ခေါင်းငြိမ့်လိုက်သည်။ "အင်း မင်းပြောတာ အဓိပ္ပာယ် အများကြီးရှိတယ်။ ဒီကိစ္စကို နောက်တစ်ခါကျမှ ပြောကြရအောင်။ ယွီအင်တာနက်ကဖေး အရှုံးကို အမြတ်ပြောင်းနိုင်တဲ့အချိန် ညီအစ်ကိုချမ့်ကို Surprise တိုက်လို့ ရပြီ။”

အခန်း(၁၅၆) ထန်းတာ့အတွက်အရှက်ရစရာပဲ

မေလ ၂၁ ရက်နေ့...

ယဲ့ကျစ်ကျိုး ပို့ပေးလိုက်သည့် အစီရင်ခံစာကို ဖေးချမ့် ရခဲ့ပါသည်။ ရှန်းယန်ဂိမ်း၏ ဆက်လက် အရှုံးပေါ်နေဆဲဖြစ်ကာ အခြေအနေ ကောင်းလာမည့် လက္ခဏာလည်း မပေါ်သေးပေ။

အစီရင်ခံစာထဲတွင် ယဲ့ကျစ်ကျိုးက လက်ရှိ Active ကစားသမားများ ဘယ်လိုများပြားလာကြောင်း၊ ဝယ်ယူမှု ပမာဏများနဲ့ တကွ သေချာ အသေးစိတ် တင်ပြထားသည်။ ဒါတွေကို သူ့အောင်မြင်မှုဟု သတ်မှတ်ထားတာဖြစ်နိုင်သည်။ ထို့ကြောင့် ဒီပမာဏများကို ဘော့စ်ဖေးအား တင်ပြနေခြင်းဖြစ်ပါသည်။

အမှန်ပင်။ ထိုရလဒ်အားလုံးက ဘော့စ်ဖေး၏ ညွှန်ကြားချက်များကြောင့်သာ ရခဲ့ခြင်းဖြစ်သည်။ ဖေးချမ့်က ထိုဂဏန်းတွေကို ဂရုပင်မစိုက်ဘဲ ငွေဖြည့်သွင်းသည့် ပမာဏကိုသာ ဂရုစိုက်ခဲ့ပါသသည်။

အင်း... အခုထိ မတိုးတက်သေးဘူး။

ဘာဆက်ဖြစ်တော့မလဲဆိုတာကို ဖေးချမ့် ခန့်မှန်းလို့တောင်ရနေပါပြီ။ သူစာပြန်လိုက်၏။ "မဆိုးဘူး ဒီတိုင်းပဲ ဆက်ထိန်းသိမ်းထားလိုက်။”

ယဲ့ကျစ်ကျိုးက ပျော်ပျော်ကြီး အလုပ်ပြန်လုပ်နေလိုက်ပါသည်။

ဖေးချမ့်က ရှန်းယန်ဂိမ်း၏ လက်ရှိအခြေအနေကို အတော်လေးစိတ်ကျေနပ်မှုရှိပါသည်။ ၎င်း၏ ဂုဏ်သတင်းက မွှေးမွှေး မမွှေးမွှေး အရေးမကြီးပါ။ ငွေဖြည့်သွင်းသည့် ပမာဏများ တိုးမလာသေးသရွေ့ အဆင်ပြေပါသည်။

အားလုံး ဘော့စ်ဖေး၏ ထိန်းချုပ်မှုအောက်မှာရှိသည်ဟု ယဲ့ကျစ်ကျိုးကလည်း ထင်နေပါသည်။

အမှန်ပင်။ ဒါလည်း မှန်ပါသည်။ ဘော့စ်ဖေး ထိန်းချုပ်နေတာနဲ့ ယဲ့ကျစ်ကျိုးထင်ထားသည့် ဘော့စ်ဖေး၏ ထိန်းချုပ်ပုံတို့က မတူညီတာလေးတစ်ခုသာရှိသည်။

ဒေါက် ဒေါက်

တံခါးခေါက်သံထွက်ပေါ်လာသည်။ ဖေးချမ့် မော့ကြည့်လိုက်တော့ ဟွမ်စစ်ပေါ်ဖြစ်နေတာကို မြင်လိုက်ရပါသည်။

"ဟမ်... ရှားရှားပါးပါး ဧည့်သည်ပါလား။”

သူတို့မတွေ့တာ တော်တော်ကြာပါပြီ။ ဟွမ်စစ်ပေါ်ကို ဖေးချမ့်ပေါက်နေသည့် ခံစားချက်လည်း အခုလောက်ဆို ပျောက်သွားလောက်ပါပြီ။ တကယ်တော့ ပြန်စဥ်းစားကြည့်လျှင် ဖေးဟွမ်လုပ်ငန်းက သူ့ကို အများကြီး စိတ်မပျက်စေခဲ့ပါ။

ဖေးချမ့်အမြတ်များကို ခွဲဝေပေးပြီးနောက် သူတို့ ယွမ် ၂ သန်းလောက် ရခဲ့သော်လည်း တကယ်တမ်း ထန်းတာ့ထဲ ဝင်လာသည့် ပမာဏက ၄၀၀,၀၀၀ ယွမ်ကျော်ကျော်လေးသာ ရှိသည်။ ထို့အပြင် ဒါရိုက်တာ ကျူးရှောင်စဲ ဖေးချမ့်ကိုပေးသည့် ကြေးများကလည်း ဖေးချမ့် အိမ်အသုံးအဆောင်ပစ္စည်းအသစ်များ ဝယ်ယူနိုင်ဖို့ အထောက်အကူပြုခဲ့ပါသည်။

ထို့ကြောင့်ဖေးချမ့်၏ ဒေါသ ပျောက်ကွယ်သွားတာ ကြာပါပြီ။

ဟွမ်စစ်ပေါ်က ရုံးခန်းထဲကို သစ်သီးအိတ်တစ်အိတ် သယ်လာ၏။ "ကျွန်တော် ရုံးနဲ့ လမ်းကြုံလို့ တက်လာပြီး ဘော့စ်ဖေးကို နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

"ဟမ် နှုတ်ဆက်မယ်ဟုတ်လား" ဖေးချမ့် ကြောင်သွား၏။ "မင်းဘယ်သွားမလို့လဲ။”

ဟွမ်စစ်ပေါ်က ပြုံးလိုက်၏။ "ကျွန်တော်တို့ အရင်တစ်ခေါက်ကမှ ဖေးဟွမ်လုပ်ငန်းက မှတ်တမ်းရုပ်ရှင်တစ်ခုကို ရိုက်တော့မယ်လို့ အတည်ပြုထားကြတယ် မဟုတ်ဘူးလား။ ဒါရိုက်တာ ကျူးရှောင်စဲ၊ ကျွန်တော်ရယ်၊ တခြား အလုပ်သမားတွေတချို့ရယ် ရှန်ဟိုင်းကို ခရီးထွက်ကြမယ်။ ရိုက်ကူးရေးတွေ အကုန်လုံးကို အဲ့မှာ လုပ်ကြမယ်။ နောက်လလောက်ထိ အဲ့မှာနေရမှာမို့လို့ မသွားခင် လာနှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

"ရှန်ဟိုင်းကို ဟုတ်လား။”

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။

"အင်း ရှန်ဟိုင်းက နေရာကောင်းပဲ။"

ရှန်ဟိုင်းကို သွားရောက်ခြင်းက ငွေကြေး အများကြီး ကုန်ကျမှာကို သူ့ရင်ထဲမှာ သိနေပါသည်။

နောက်ပိုင်း တည်းဖြတ်ရေးအပိုင်းကို အသာထားလိုက်ပါက ဖေးဟွမ်လုပ်ငန်းတွင် ဝန်ထမ်း ၅ ယောက် ၆ ယောက်လောက် ရှိပါသည်။ ဒီအုပ်စုအကုန်လုံးသာ ရှန်ဟိုင်းကို သွားရောက်ပါက အသွားအပြန်လက်မှတ် စရိတ်နဲ့ တည်းခိုစရိတ်များကလည်း စျေးပေါမည် မဟုတ်ပေ။

ဖေးချမ့်က ဖေးဟွမ်လုပ်ငန်းကို နောက်ဆက်တွဲ ရိုက်ကူးရေးအဆင့်အတွက် ရန်ပုံငွေ မပေးခဲ့ပါ၊။ ဒီတစ်ခေါက် ၎င်းတို့၏ အသုံးစရိတ်အားလုံးကို ဘော့စ်ဖေး၏ နေ့စဥ်ဘဝမှ ရရှိသော အမြတ်ငွေများဖြင့် ရှင်းပေးခဲ့သည်။ ဒါက စုစုပေါင်း ၁ သန်းလောက်သာ ရှိပါသည်။ ရိုက်ကူးရေး ကိရိယာအသစ်များအတွက် ထိုငွေထဲက တစ်စိတ်တစ်ပိုင်းကို သုံးစွဲရပါဦးမည်။

သူတို့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကို ဒေါင်လိုက်ရုပ်ပုံ mode ဖြ င့်ရိုက်ကူးနိုင်ဖို့ DSLR ကိုသုံးနိုင်သည်။ သူတို့ ဟိုနား ဒီနား ပြင်ဆင်လိုက်လျှင် အဆင်ပြေပါပြီ။ သို့သော် မှတ်တမ်း ရုပ်ရှင်တစ်ခု ရိုက်ကူးခြင်းကတော့ ခြားနားလိမ့်မည်။ သူတို့ သေချာပေါက် မှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ဖို့အတွက် ရိုက်ကူးရေး ကိရိယာမျိုးစုံကို အသုံးပြုရမည်။ မဟုတ်ပါက ပရော်ဖက်ရှင်နယ်ကျမည့်ပုံမပေါ်ပါ။

ထိုသို့တွေးမိကာ ဖေးချမ့် အထင်မသေးတော့ပါ။ တကယ်တော့ နည်းနည်းတောင် စိတ်ဝင်စားလာမိပါသည်။ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့၏ ပရောဂျက်အသစ် အမြတ်ငွေများ ရလာမှာကို ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း ဖေးချမ့် မေးခွန်းများ ထုတ်မိပါသည်။

သေးသေး ကြီးကြီး အမြတ်က အမြတ်ပဲဖြစ်သည်။ သို့သော် ခြားနားမှုကတော့ ကြီးမားပါသည်။ သူတို့ အမြတ်နည်းနည်းသာ ရပါက ဘော့စ်ဖေးက တခြား ပရောဂျက်များကို အသုံးပြုကာ အရှုံးဖြ င့်ကာမိအောင် လုပ်နိုင်ပါသေးသည်။ သူတို့ အမြတ်အလွန်များပြားစွာ ရလိုက်ပါက ဘော့စ်ဖေး သေချာပေါက် ဆုံးရှုံးလိမ့်မည်။

"အင်း လမ်းမှာ သတိထားကြဦး" ဖေးချမ့်က ဂရုမစိုက်သလို ဟန်ဆောင်ကာ မေးလိုက်ပါသည်။ "မင်းတို့က ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့ ရှန်ဟိုင်းကို သွားမှဖြစ်မှာလား။”

ဟွမ်စစ်ပေါ်က ရှက်ရွံ့နေသည့် ပုံစံဖြင့် ပြုံးလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော် အမှန်တိုင်း ပြောမယ်နော်။စိတ်မဆိုးပါနဲ့။ ဒီတစ်ခေါက် ကျွန်တော်တို့ ပရောဂျက်က ကျွန်တော်တို့ ကြိုးစားပမ်းစား ရထားတဲ့ ငွေတွေအကုန်လုံးကိုတောင် ပြောင်သွားစေနိုင်တယ်။”

ဟမ်…

ကြိုးစားပမ်းစားရထားတဲ့ ငွေတွေအကုန်လုံးကို ပြောင်သွားစေနိုင်တယ် ဟုတ်လား။

ဘော့စ်ဖေး ချက်ချင်းပဲ ကျောမတ်သွားပါသည်။

ငါ့ကို ဒီအကြောင်းပြောရင် ငါပျင်းရမှာ မဟုတ်တော့ဘူး။

"လာပါ လက်ဖက်ရည်သောက်ပါဦး" ဖေးချမ့်က ချက်ချင်းပဲ လက်ဖက်ရည်တစ်ခွက်ကိုငှဲ့ကာ ဟွမ်စစ်ပေါ်ကို ကမ်းပေးလိုက်ပါသည်။ ဟွမ်စစ်ပေါ်ကို ဆက်ဆံသည့်ပုံစံ ချက်ချင်း ပြောင်းလဲသွားပါသည်။

ဟွမ်စစ်ပေါ်ကတော့ ဘော့စ်ဖေး၏ ပြုမူပုံ ပြောင်းလဲသွားတာကို သတိမထားမိပေ။ ထိုအစား လက်ဖက်ရည်သာ သောက်လိုက်ပြီး ပရောဂျက်အတွက် ဖေးဟွမ်လုပ်ငန်း၏ လက်တလော အစီအစဥ်များကို အသေးစိတ် ရှင်းပြလိုက်ပါသည်။

"ဘော့စ်ဖေး ဒါရိုက်တာ ကျူးရှောင်စဲနဲ့ကျွန်တော်တို့က ဘော့စ်ဖေးရဲ့စကားကြောင့် အရမ်းစိတ်ပြောင်းသွားခဲ့ကြတယ်။ ကျွန်တော်တို့ ဗီဒီယိုအတိုလောက ကနေ ထွက်ပြီး အဓိပ္ပာယ်ရှိတာ တစ်ခုခု ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ အိုင်ဒီယာ ပေါင်းစုံထုတ်ခဲ့ပေမယ့် တစ်ခုခုလိုနေတုန်းပဲလို့ ခံစားရတုန်းပဲ။”

"ကျွန်တော်တို့တွေးမိတဲ့ အကြောင်းအရာတချို့က ကျွန်တော်တို့တော်တဲ့ အရာတွေ။ ကျွန်တော်တို့ တွေးမိတဲ့ တခြားအရာတွေကတော့ အမြတ်ရနိုင်မယ့်အရာတွေပဲ။ ဒါပေမယ့် ဘယ်တစ်ခုမှ အရေးပါပြီး အကောင်အထည်ဖော်ဖို့ မလိုအပ်ဘူးဖြစ်နေတယ်။အဲ့ဒီနောက် နောက်ဆုံးတော့ ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မယ့် အကြောင်းအရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့တာ eSports ကစားသမားတွေ အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ပဲ။”

ဖေးချမ့်က အလွန်စိတ်ဝင်စားသွားပါပြီ။ "eSports ကစားသမားတွေအကြောင်း မှတ်တမ်းရုပ်ရှင် ဟုတ်လား။”

ဟွမ်စစ်ပေါ်က သူ့ကို လိမ်နေတာ မဟုတ်ပေ။ ဒီလိုအကြောင်းအရာမျိုးက သူတို့ ကြိုးစားပမ်းစား ရှာဖွေထားသည့် ငွေအကုန်လုံးကို တကယ်ပဲ ဆုံးရှုံးသွားစေနိုင်ပါသည်။

အခုက ဘယ်နှခုနှစ်မို့လို့လဲ။ ၂၀၁၀ ခုနှစ် ဖြစ်သည်။

ဒီအချိန်တုန်းက eSports ကစားသမားများဆိုတာ လမ်းဘေးပေါ်မှာ အိပ်၊ စမ်းချောင်းက ရေများကို သောက်ကာ ခေါက်ဆွဲဗူးများ စားနေရသူများ ဖြစ်ကြသည်။

နောက် ၁၀ နှစ်အကြာတွင် ဖြစ်လာမည့် ပုံစံမျိုး မဟုတ်သေးပါ။ ထိုအခါတွင်တော့ ဝိုင်နီများသောက်လျက် မော်ဒယ်များကို ဖက်ထားပြီး Ferraris များ မောင်းနေကြလိမ့်မည်။ တစ်နှစ်ကို ယွမ်သောင်းနဲ့ ချီပြီး မရကြသေးပါ။

ဒီလောကထဲ ရေပန်းစားသည့် အရင်းအနှီးက ရောက်မလာသေးပေ။ ဂိမ်းများကို လူမှုဘဝအတွက် အလွန်အမင်း အန္တရာယ်ရှိသောအရာဟု သတ်မှတ်ထားကြဆဲဖြစ်သည်။ ဂိမ်းတွေကို ပရော်ဖက်ရှယ်နယ်အရဖြစ်စေ၊ ဖျော်ဖြေရေးသက်သက်အတွက်ဖြစ်စေ ဘယ်လိုပဲ ကစား ကစား လူထုအတွက် ခြားနားချက် ကြီးကြီးမားမား မရှိပါ။ ဂိမ်းတွေအပေါ် အချိန်ဖြုန်းသည့်လူအား ရိုးရိုးသားသား အလုပ်များတွင် စိတ်မပါသူဟု သတ်မှတ်ကြသည်။

ယခု eSports ကစားသမားများအား မှတ်တမ်းရုပ်ရှင် ရိုက်ကူးနိုင်သည်။ သို့သော် ထိုကဲ့သို့ မှတ်တမ်းရုပ်ရှင်မျိုးက ငွေရနိုင်ပါ့မလား။

ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ ငွေရနိုင်ခြင်းမှာ အိုင်လီကျွန်းက တိုက်ဆိုင်စွာဖြင့် ပရီမီယံ ဗီဒီယို အကြောင်းအရာကို ရှာဖွေနေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ ဒီလို အထူးသဘောတူ စာချုပ်မျိုးကို ချုပ်ဆိုကာ အကျိုးအမြတ်ကို ထက်ဝက်ပိုင်းနိုင်ခဲ့ကြခြင်း ဖြစ်၏။

ဗီဒီယိုအတိုများကို အပ်ဒိတ်တင်က ပြန်လည် ဆန်းသစ်ပြီး ဝက်ဘ်ဆိုက်တစ်ခုထဲသို့ ဝင်ရောက်ကြည့်ရှုသူ ပုံမှန် ဆွဲဆောင်နိုင်သည်။ ထို့အပြင် အင်တာနက်တစ်ခွင်မှာလည်း ထုတ်လွှင့်ပြသနိုင်၏။ သူတို့ Season 3 ထုတ်လိုက်လိုက်သော IP တန်ဖိုး၊ သူတို့ရလိုက်သည့် နာမည်အားလုံးက ဗီဒီယိုဝက်ဘ်ဆိုက်များတွင် သုံးနိုင်သည့် စျေးဆစ်ကတ်များ ဖြစ်သည်။

သို့သော်လည်း မှတ်တမ်းရုပ်ရှင်များကတော့ ခြားနားပါသည်။

ပထမဆုံး လူတွေက စောင့်မကြည့်တတ်ကြပေ။

ဒုတိယအနေဖြင့် ၎င်းတို့အား အပ်ဒိတ်တင်လို့မရပေ။ ထို့ကြောင့် ဗီဒီယိုဝက်ဘ်ဆိုက်များကို ပုံမှန် ဝင်ရောက်ကြည့်ရှုသူများ ဆွဲခေါ်၍ မရနိုင်ပါ။ ထို့ကြောင့် ဗီဒီယိုဝက်ဘ်ဆိုက်များက သီးသန့်ထုတ်လွှင့်ပြသမူပိုင်ခွင့်များကို စာချုပ်ချုပ်ဖို့ စိတ်ဝင်စားမှာလည်း မဟုတ်ပေ။

သူတို့အများဆုံး လုပ်ပေးနိုင်တာဆိုလို့ အခြေခံ အစီအစဥ်တစ်ခုကိုသာ ကမ်းလှမ်းနိုင်သည်။ ကြည့်ရှုသူ ၁၀,၀၀၀ အတွက် ယွမ် ၂၀ - ၃၀ ပေးမည်ဟူသည့် ကမ်းလှမ်းချက်မျိုး ဖြစ်ပါသည်။

တတိယအနေဖြင့် သူတို့ ကြော်ငြာများ လက်ခံလို့ မရပါ။ ဆိုလိုရင်းက သူတို့ စပွန်ဆာ ရှာလို့ရမှာ မဟုတ်ပေ။

မှတ်တမ်းရုပ်ရှင်များက အလွန်တည်တံ့သည်။ ၎င်းတို့က စစ်မှန်ပြီး အဓိပ္ပာယ်ရှိရမည်။ eSports ကစားသမားများကို အင်တာဗျူးထားတာလောက် ပြသပြီး အင်တာဗျူးတစ်ဝက်လောက်တွင် ကြော်ငြာများ ထုတ်လွှင့်လို့ မရပါ။

မှတ်တမ်းရုပ်ရှင်အများစုက အမြတ်မရကြပေ။ တချို့ မှတ်တမ်းရုပ်ရှင်တချို့သာ ခြွင်းချက် ရှိပါသည်။

ဥပမာအားဖြင့် A Bite of China ဖြစ်သည်။

ဟွမ်စစ်ပေါ် မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးဖို့ စိတ်ဝင်စားသည်ဟု ပထမဆုံးကြားလိုက်ရစဥ်က A Bite of China လိုမျိုး ထုတ်လုပ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း အခုတော့ ဒီလိုမဟုတ်သောကြောင့် စိတ်အေးအေးထားလို့ရပါပြီ။

ဖြစ်သင့်ပါသည်။ ကျူးရှောင်စဲက ပါရမီရှိသည်။ သို့သော် ပြန်ဝင်စားသူမဟုတ်ပေ။ ရေပန်းစားသည့် အရာတစ်ခုကို တစ်ခေါက် ထုတ်လုပ်နိုင်ခဲ့လျှင် ပါရမီဟုခေါ်သည်။။ အလွန်ရေပန်းစားသည့် ရုပ်ရှင်များကို ဆက်တိုက် ထုတ်လိုက်နိုင်ပါကတော့ ညစ်ပတ်သည်ဟု ဆိုနိုင်သည်။

ထိုအခါ ဖေးချမ့် အလွန်စိတ်အေးသွားရပါသည်။

အခု ဒီမှတ်တမ်းရုပ်ရှင်ကို သူတို့ဘယ်လိုရိုက်ကူးဖို့ စီစဥ်ထားလဲဆိုတာတောင် မေးဖို့ အရေးမကြီးတော့ပါ။ ဖေးချမ့် အများကြီးရင်းနှီးပြီး နည်းနည်းသာ ပြန်ရနိုင်ပါက ပရောဂျက်ကောင်းတစ်ခုဟု သတ်မှတ်နိုင်ပါသည်။

ဖေးချမ့်၏ မျက်နှာထားက ချက်ချင်း နွေးထွေးလာသည်။ "ငါတို့ ကြိုးစားပမ်းစား ရှာထားတဲ့ ပိုက်ဆံတွေ အကုန်လုံး ဆုံးရှုံးနိုင်တယ် ဟုတ်လား။ ပြဿနာမရှိပါဘူးကွာ ဖေးဟွမ်လုပ်ငန်းကို ငါထောက်ပံ့ပေးထားပါတယ်။ စိတ်အေးအေးထားပြီး မင်းလုပ်ချင်တာသာ လုပ်လိုက်။”

"ငွေရေးကြေးရေးက အရေးမကြီးဘူး။ ငါတို့ ဒီလို ပူပန်ပြီး နေထိုင်လို့မဖြစ်ဘူး။”

ဟွမ်စစ်ပေါ်က လက်ဖက်ရည်သောက်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပါသည်။ "ဟုတ်ပါတယ်။ ဘော့စ်ဖေး ကျွန်တော်တို့ကို ထောက်ပံ့ပေးမယ်ဆိုတာ သိထားပြီးသားပါ။”

"ဘော့စ်ဖေး စိတ်မပူပါနဲ့ ဒီတစ်ခေါက် စွန့်စားရမှာတွေကို ကျွန်တော်တို့ သေချာသိပါတယ်။ အဲ့တာကြောင့် ရှန်ဟိုင်းကို ရထားစိမ်းစီးသွားဖို့ပဲ ဆုံးဖြတ်ထားတာပါ။ ကျွန်တော်တို့ နေထိုင်စရိတ် စားသောက်စရိတ်တွေကိုလည်း အတတ်နိုင်ဆုံး ထိန်းချုပ်သွားပါ့မယ်။”

ဟွမ်စစ်ပေါ် စကားဆုံးအောင် မပြောနိုင်ခင် ဖေးချမ့် မျက်နှာ ပျက်သွားသည်။

"ဒါ ဘာသဘောလဲ။"

ဟွမ်စစ်ပေါ် ရပ်တန့်သွား၏။ ဘော့စ်ဖေး ဒေါသထွက်တာကို သူမြင်ရတာ ရှားပါသည်။ စကားထစ်ငေါ့စွာဖြင့် သူ ပြန်ဖြေလိုက်၏။ "ဘာ-ဘာသဘောမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုန်ကျစရိတ်တွေကို ထိန်းမယ်လို့ ပြောတာပါ။”

ဖေးချမ့်က ဟွမ်စစ်ပေါ်ထံမှ ဒီ့ထက်ပိုမျှော်လင့်ထားသည့်ပုံစံပေါ်နေသည်။"မင်းတို့ ကုန်ကျစရိတ်တွေကို ထိန်းချုပ်မယ်ဟုတ်လား။ ဟွမ်စစ်ပေါ် မင်းကိုယ်မင်း ဘာကောင်လဲ သေချာသိအောင်လုပ်စမ်း။”

ဟွမ်စစ်ပေါ် တုန်လှုပ်သွား၏။ သူ့လက်ထဲက လက်ဖက်ရည်ခွက် တုန်ယင်သွားသည်။

ဘော့စ်ဖေးက ဒီလိုပုံစံနဲ့ ပေါက်ကွဲတာမျိုး မရှိသလောက်ရှားတယ်။ ငါ တစ်ခုခု မဟုတ်တာ ပြောလိုက်မိလို့လား။

ဖေးချမ့်က အတည်ပေါက်လေသံဖြင့်ပြောလိုက်ပါသည်။ "ဖေးဟွမ်လုပ်ငန်းက ထန်းတာ့ရဲ့ အရံလုပ်ငန်းတစ်ခုပဲ။ မင်းနဲ့ ဖေးဟွမ်လုပ်ငန်းက ဝန်ထမ်းတွေအားလုံးက ထန်းတာ့ရဲ့ ဝန်ထမ်းတွေပဲ။ မင်းတို့က ရထားစိမ်းစီးသွားပြီး သူတို့ကို နေစရိတ်စားစရိတ် ကန့်သတ်ခိုင်းမယ်ပေါ့။ သူတို့ မကောင်းတာတွေ စားမိရင် ဘယ်လိုလုပ်မလဲ။”

"သူတို့ ကျန်းမာပြီး ဗိုက်က လက်ခံတယ်ဆိုရင်တောင် အဲ့ဒီခရီးလမ်းက သူတို့ခန္ဓာကိုယ်အတွက် ပင်ပန်းရလိမ့်မယ်။ သူတို့ ကောင်းကောင်းမစား ကောင်းကောင်း မအိပ်လို့ အဲ့တာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ထိခိုက်လာရင် ရိုက်ကူးရေးလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ပရောဂျက်က ချောချောမွေ့မွေ့ မဖြစ်ဘဲ ရုပ်ရှင်လည်း ရလဒ်အနေနဲ့ ပျက်စီးသွားရင် ဘယ်သူက တာဝန်ယူမှာလဲ။”

ဟွမ်စစ်ပေါ်က လက်များ တုန်ယင်လာပါသည်။ "ကျွန်... ကျွန်တော့်တာဝန်ပါ။”

"မဟုတ်ဘူး မဟုတ်ဘူး...." ဘော့စ်ဖေး ဘာကိုဆိုလိုချင်သလဲ ဟွမ်စစ်ပေါ် နားလည်သွားပါသည်။ "ဘော့စ်ဖေး စိတ်မပူပါနဲ့။ ကျွန်တော်က ကုန်ကျစရိတ် သက်သာအောင်ပဲ လုပ်နေတာပါ။ ကျွန်တော်က ရက်စက်တဲ့ အလုပ်ရှင် မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်သမားတွေရဲ့ ကျန်းမာရေးကို သေချာပေါက် ဂရုစိုက်မှာပါ..."

ဖေးချမ့်က ဟွမ်စစ်ပေါ်ထံမှ ဒီ့ထက်ပိုမျှော်လင့်ထားသည့်ပုံပင်။ "မင်းက ထန်းတာ့တွက် အရှက်ရစရာကောင်ပဲ။ ငါမင်းကို ဒီတစ်ချိန်လုံး ဘာတွေ သင်ပေးခဲ့သလဲ။"

ဟွမ်စစ်ပေါ် ဆွံ့အသွားပါသည်။

ဖေးချမ့်က အတည်ပေါက် ဆက်ပြောလိုက်ပါသည်။ "ငါပြောတာ နားထောင်။ လေယာဥ်ပျံစီးသွား။  အချိန်ဆိုတာ ပိုက်ဆံပဲ နားလည်လား။ မင်း အဲ့ကိုရောက်တာနဲ့ စားသောက်နေထိုင်မှုတွေကို ပုံမှန် ခရီးသွား စံနှုန်းအတိုင်းပဲ ဆောင်ရွက်။ စံနှုန်းကို မသိရင် လက်ထောက်ရှင်းကိုသာ မေးလိုက်။”

"မင်း ရှန်ဟိုင်းကို ရောက်တာနဲ့ စိတ်မချောက်ချားနဲ့။ စိတ်မဖိစီးနဲ့။ မင်းရိုက်ကူးရေး မပြီးနိုင်ရင် အချိန်ကို ဆက်တိုးလိုက်။ စိတ်အေးလက်အေးနဲ့ ရိုက်ကူးရေးလုပ်။ မင်း ဇွန်လ ၁၈ ရက်နေ့ မတိုင်ခင်မှာ ပြီးနိုင်ရင် အဆင်ပြေပြီ။”

"မင်းအချိန်ကို တိုးလိုက်ရင် အများဆုံး ဖြစ်မှာက မင်းတည်းခိုစရိတ်အတွက် ငွေများများ ထပ်သုံးရမှာလေးပဲ ရှိတယ်။ အဲ့တာဆို ဘယ်လောက်များ ကုန်မှာမို့လို့လဲ။ မင်းမှာ ပိုက်ဆံမလောက်ရင် ငါ့ကိုသာ တောင်း။ ကိစ္စမရှိဘူး။”

"မှတ်ထားနော်။ ထန်းတာ့က ဖေးဟွမ်လုပ်ငန်းရဲ့ နောက်ကွယ်မှာ ရပ်တည်နေတာ။ မင်းအခက်အခဲရှိရင် ပါးစပ်သာ ဟလိုက်။”

ဟွမ်စစ်ပေါ်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး နားထောင်ပါ့မယ်။”

ဖေးချမ့်၏ မျက်နှာထားက ခေါင်းငြိမ့်ရင်း ပြန်လည်တည်ငြိမ်သွားပါသည်။ စိတ်ပါလက်ပါဖြင့် သူပြောလိုက်သည်။ "မင်းက ထန်းတာ့ရဲ့ ဝန်ထမ်းတစ်ယောက်ပဲ။ အဲ့လို ကိစ္စ အသေးအဖွဲလေးတွေကအစ ငါ့ကို စိတ်မပူရစေနဲ့။”

"မင်းက ရှန်ဟိုင်းသွားဖို့ ရထားစိမ်းစီးသွားဖို့တောင် စဥ်းစားနေတာလား။ ထန်းတာ့က မင်းလိုမျိုး အရှက်ရစရာ ဝန်ထမ်းတွေကို သည်းခံနေမှာ မဟုတ်ဘူးနော်။”

ဟွမ်စစ်ပေါ်မျက်နှာ နီသွားပါသည်။ သူ့နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲတွင် အရှက်ရသွားမိပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး။ ဘော့စ်ဖေးပြောတာ မှန်ပါတယ်။ နောက်ပိုင်းကျရင် ဖေးဟွမ်လုပ်ငန်းက ထန်းတာ့ရဲ့ ခြေလှမ်းအတိုင်းပဲ လိုက်လှမ်းမှာပါ။ ဘော့စ်ဖေးရဲ့ စံနှုန်းအတိုင်းပဲ အားလုံးကို ဆောင်ရွက်ပါ့မယ်။”

ဖေးချမ့် နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း အဲ့လိုမှပေါ့။ မှတ်ထားနော်။ မင်းနောက်ကို အခက်အခဲရှိရင် ငါ့ကိုချက်ချင်းပြော။”

ဖေးချမ့်က ထိုညွှန်ကြားချက်များကို အကြိမ်ပေါင်းများစွာ ပြောပြီးမှ စိတ်ကျေနပ်မှု ရရှိသွားပါသည်။

ဒီခွေးကောင် ဟွမ်စစ်ပေါ်...။ ကြီးကြီးမားမား အရှုံးပေါ်မယ့် ပရောဂျက်တ်စခုကို နောက်ဆုံးတော့ ရှာတွေ့ခဲ့တာကို။ ကုန်ကျစရိတ် သက်သာအောင် ကြိုးစားရဲသေးတယ်ပေါ့။

ဖေးချမ့်က ကုမ္ပဏီကို ပျိုးထောင်ဖို့ အချိန်တွေ အားတွေ အများကြီး စိုက်ထုတ်ခဲ့ရသည်။ သို့သော်လည်း သူ့လူတွေက ဒီလို စတန့်ထွင်ချင်ကြသေးသည်။ သူက ထန်းတာ့၏ ဝန်ထမ်းဟောင်း တစ်ယောက်တောင် ဖြစ်သည်။

ထို့ကြောင့် ဘော့စ်ဖေး အလွန်စိတ်ပင်ပန်းရပါသည်။

Zawgyi

ေဖးခ်မ့္ 155+156

အခန္း(၁၅၅) ညီအစ္ကိုခ်မ့္ကို Surprise တိုက္ျခင္း

ေန႔လည္ခင္း...

"ဟပ္ခ်ိဳးး"

႐ုံးခန္းထဲတြင္ ေဖးခ်မ့္တစ္ေယာက္ အဲကြန္းျဖင့္ သာယာေနတုန္း ႏွာထေခ်ပါသည္။

"ထူးဆန္းလိုက္တာ။ ငါ ေလေအးခံတာ မ်ားေနၿပီလား။”

ေဖးခ်မ့္တစ္ေယာက္ ေစာင္အေသးတစ္ထည္ကို ျခဳံၿပီး သူၾကည့္ေနသည့္ ဒရမ္မာကားကို ပိတ္ကာ ႐ုံးထိုင္ခုံေပၚတြင္ အိပ္ဖို႔ ျပင္လိုက္၏။

ထိုအခ်ိန္ တံခါးေခါက္သံ ထြက္လာပါသည္။ လုမင္လ်န္ ျဖစ္ေနပါ၏။ "ေဘာ့စ္ေဖး ကြၽန္ေတာ္ တင္ျပစရာေလး႐ွိလို႔ပါ။”

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္သည္။ "ေျပာပါ"

ေဖးခ်မ့္တစ္ေယာက္ ေစာင္ျခဳံကာ အိပ္ေပ်ာ္ေတာ့မည့္ ပုံစံကိုၾကည့္ရင္း လုမင္လ်န္ အနည္းငယ္ စိတ္မေကာင္း ျဖစ္သြားပါသည္။

ေဘာ့စ္ေဖး ၾကည့္ရတာ ေနမေကာင္းသည့္ပုံပင္။ အိမ္ျပန္ၿပီး အနားယူလို႔ရေသာ္လည္း သူတို႔နဲ႔အတူတူ အလုပ္လုပ္ဖို႔ အလုပ္မွာ ဆက္႐ွိေနေပးသည္။

အမွန္ပင္။ ေအာင္ျမင္မႈေတြ ဘယ္ေလာက္ပဲ ရေနပါေစ ႀကိဳးစားခ်င္စိတ္ကို ဆက္လက္ ထား႐ွိဖို႔ လိုအပ္ပါသည္။

လုမင္လ်န္က ေဘာ့စ္ေဖး အနားယူေနတာကို အေႏွာင့္အယွက္ေပးမိမွာ စိုးရိမ္ေနသျဖင့္ အျမန္ တင္ျပလိုက္ပါသည္။

"ပထမဆုံး New Edition နဲ႔ ပတ္သတ္တာပါ။"

"အားလုံး အစီအစဥ္အတိုင္းပါပဲ။ ဒါေပမယ့္ ဘာေၾကာင့္မွန္းမသိဘဲ သမုဒၵရာရဲတိုက္ရဲ႕ Epic လက္နက္ေရာင္းခ်မႈကို ကန္႔သတ္မယ့္ သတင္းေတြထြက္သြားေတာ့ လက္႐ွိကစားသမားေတြ ေတာ္ေတာ္မ်ားမ်ားက ျပင္းျပင္းထန္ထန္ ကန္႔ကြက္လာၾကပါတယ္။

"ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔ ဒီ Epic လက္နက္ ကန္႔သတ္ခ်က္ကို နည္းနည္းေလး ေလွ်ာ့ေပးလိုက္ရမလား။ ... ၅,၀၀၀ ေလာက္ေလ။”

ေဖးခ်မ့္က ျပတ္သားစြာ ေခါင္းခါလိုက္သည္။ "မလုပ္နဲ႔။”

တစ္လကို လက္နက္ ၅,၀၀၀ တဲ့လား။ ဟာသပဲ။

၅,၀၀၀ x  ၈၈၈ ဆို ဘယ္ေလာက္ျဖစ္ေနၿပီလဲ။ မင္း သခ်ၤာမတတ္ဘူးလား။

ေဖးခ်မ့္ ႐ုပ္တည္ျဖင့္ေျပာလိုက္သည္။ "ကန္႔သတ္ခ်က္ဆိုတာ အေၾကာင္းအရင္း႐ွိလို႔ သတ္မွတ္ထားတာ။ အရမ္းႀကီး က်ယ္က်ယ္ျပန္႔ျပန္႔ သုံးလို႔ရလာရင္ အစကတည္းက ဘာျဖစ္လို႔ ကန္႔သတ္ေရာင္းခ်မႈလို႔ ေခၚဦးမွာလဲ။ သူတို႔ မေက်နပ္ခ်က္ေတြကို ဂ႐ုစိုက္မေနနဲ႔။ ၅၀၀ ဆို ၅၀၀ ပဲ။ တစ္ခုေလးေတာင္ ပိုမေရာင္းႏိုင္ဘူး။”

ေဘာ့စ္ေဖး၏ ဆုံးျဖတ္ခ်က္ ျပတ္သားေသာ မ်က္ႏွာထားကို ျမင္လိုက္ရသျဖင့္ လုမင္လ်န္ ဘာမွ မလုပ္ႏိုင္ေတာ့ဘဲ ေခါင္းသာၿငိမ့္လိုက္ပါသည္။

"ေကာင္းပါၿပီ ေဘာ့စ္ေဖး။ ေနာက္တစ္ခုက မာယိခြၽမ္ရဲ႕ တာဝန္နဲ႔ ပတ္သတ္ၿပီးေတာ့ပါ။”

"ကြၽန္ေတာ္တို႔ရဲ႕ ဂိမ္းေဟာင္းေတြ New Edition ထုတ္တဲ့အခါ သူလည္း ပါဝင္ခ်င္တယ္လို႔ ကြၽန္ေတာ့္ကို တင္ျပထားပါတယ္။ ကြၽန္ေတာ္ ခဏေလာက္ စဥ္းစားၾကည့္လိုက္ေတာ့ တေစၧစစ္သူႀကီးနဲ႔ ဂိမ္းဒီဇိုင္နာ အတြက္ New Edition အသစ္ေတြမွာ သူ႕လိုမ်ိဳး အႏွစ္ခ်ဳပ္ပညာ႐ွင္တစ္ေယာက္ကို လိုအပ္ပါတယ္။”

"သူ႕ကို စမ္းၾကည့္ခိုင္းၿပီး သူ႕စေကးကို အေခ်ာသပ္ခိုင္းလိုက္ရမလား။”

ေဖးခ်မ့္က ခ်က္ခ်င္း ျပန္မေျပာေသးပါ။ သူ ျငင္းဖို႔ အေၾကာင္းျပခ်က္ေကာင္းေကာင္း စဥ္းစားလို႔ မရေသးေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္လည္း သူ မျငင္းပယ္ပါက ထိုအႏွစ္ခ်ဳပ္မ်ားကို မာယိခြၽမ္အား လုပ္ခိုင္းဖို႔ ေဖးခ်မ့္ တြန္႔ဆုတ္မိပါသည္။

မာယိခြၽမ္က ဒီနယ္ပယ္မွာ ကြၽမ္းက်င္သူ ျဖစ္သည္။ ႐ွန္းယန္ဂိမ္း၏ ဂိမ္းမ်ားအတြက္ သူ လုပ္ေပးခဲ့ဖူးေသာ အႏွစ္ခ်ဳပ္တခ်ိဳ႕က အလြန္ ေကာင္းမြန္သည္။ တေစၧစစ္သူႀကီးနဲ႔ ဂိမ္းဒီဇိုင္နာအတြက္ပါ ေကာင္းမြန္ေအာင္ လုပ္ေပးလိုက္ႏိုင္ပါက အက်ိဳးဆက္မ်ား ဆိုး႐ြားလာႏိုင္ပါသည္။

သို႔ေသာ္လည္း သူ ဘယ္လိုလုပ္ၿပီး ျငင္းရမည္နည္း။

မာယိခြၽမ္က မတ္လမွာ ကုမၸဏီသို႔ ေရာက္လာသည္။ ၂ လေတာင္ ၾကာသြားၿပီျဖစ္၏။ ဆက္လက္ၿပီး ေလ့လာသင္ယူဖို႔သာ ေျပာပါက နည္းနည္းမ်ားသြားပါလိမ့္မည္။ ဂိမ္း၏ အႏွစ္ခ်ဳပ္မ်ားကို ထိခြင့္မျပဳရင္ေတာင္ မာယိခြၽမ္ကို လုပ္စရာအလုပ္ တစ္ခုခုေတာ့ ေပးရေပမည္။

ဗီဒီယိုအတို ႐ိုက္ကူးဖို႔ ဟြမ္စစ္ေပၚဆီ ပို႔လိုက္ရမလား။ ဒါဆိုလည္း မဟုတ္ေသးဘူး။ သူ႕အေရးအသား စြမ္းပကားကို ဗီဒီယိုအတို ႐ိုက္ကူးေရးမွာ အျပည့္အဝ အသုံးခ်လို႔ ရတယ္။

ယြီအင္တာနက္ကေဖးကို ပို႔လိုက္ရမလား။ ဒါ အၾကံဆိုးေတာ့ မဟုတ္ဘူး။

သို႔ေသာ္လည္း မာယိခြၽမ္ကို ႐ုတ္တရက္ႀကီး ပို႔လိုက္ဖို႔ ေဖးခ်မ့္မွာ သင့္ေတာ္သည့္ အေၾကာင္းအရင္း မ႐ွိပါ။

အတန္ၾကာစဥ္းစားၿပီးေနာက္ ေဖးခ်မ့္ တကယ္ပဲ အၾကံေကာင္းထုတ္ရသျဖင့္ စိတ္မပါလက္မပါျဖင့္ ေခါင္းသာၿငိမ့္ႏိုင္ေတာ့သည္။ ေဖးခ်မ့္က စိတ္မပါစြာ ေျပာလိုက္၏။ "ဟုတ္ၿပီ။ သူ ေလ့လာသင္ယူေနတာလည္း ၾကာၿပီဆိုေတာ့ သူ႕ကို တခ်ိဳ႕ အေျခခံ တာဝန္ေတြ ေပးလိုက္ပါ။”

လုမင္လ်န္က အျမန္ေခါင္းၿငိမ့္လိုက္ပါသည္။ "ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး။ ဆက္နားပါ ကြၽန္ေတာ္ အလုပ္ သြားလုပ္ပါေတာ့မယ္။”

ေဖးခ်မ့္က ခုံကို မွီလိုက္ၿပီး ေစာင္ထပ္ျခဳံလိုက္သည္။ ဘာေၾကာင့္မွန္းမသိဘဲ အနည္းငယ္ စိတ္မသက္သာျဖစ္ကာ အိပ္မေပ်ာ္ေတာ့ပါ။

"ထူးဆန္းတယ္။ အရပ္မ်က္ႏွာေပါင္းစုံက အႏၲရာယ္ေတြ လာေနတဲ့ ခံစားခ်က္ႀကီး ဘာျဖစ္လို႔ ခံစားေနရပါလိမ့္၊။ ႐ွန္းယန္ဂိမ္းေတာ့ မဟုတ္ေလာက္ဘူးမလား" ေဖးခ်မ့္စိတ္ထဲတြင္ သူ႕ပေရာဂ်က္မ်ားကို ခပ္ျမန္ျမန္ ျပန္သုံးသပ္ၾကည့္လိုက္သည္။

ထန္းတာ့တြင္ New Edition မ်ားက ဝင္ေငြရေကာင္းရႏိုင္သည္။ သို႔ေသာ္လည္း ထိန္းခ်ဳပ္လို႔ေတာ့ ရပါေသးသည္။ ႀကီးႀကီးမားမား ျပႆနာလည္း မဟုတ္ပါ။

ေဖးဟြမ္လုပ္ငန္းမွာ သူတို႔က မွတ္တမ္း႐ုပ္႐ွင္ ႐ိုက္ကူးခ်င္သည္ဟု ဆိုေသာ္လည္း အပ္ဒိတ္သတင္း မၾကားရေသးပါ။

ယြီအင္တာနက္ကေဖးက အားအထားရဆုံး ျဖစ္သည္။ ဆိုင္ခြဲႏွစ္ခုကို ျပင္ဆင္မြမ္းမံမႈမ်ား ၿပီးဆုံးသြားၿပီျဖစ္ၿပီး ဖြင့္လွစ္ဖို႔ ျပင္ဆင္ေနၾကၿပီျဖစ္သည္။ မူရင္းဆိုင္ကိုေတာ့ လြန္ခဲ့ေသာ တစ္ပတ္ေလာက္ကမွ သူ သြားစစ္ၾကည့္ထားတာ ျဖစ္သည္။ ပုန္းလွ်ိဳေနသည့္ အႏၲရာယ္ ဘာမွ မ႐ွိႏိုင္ပါ။

စဥ္းစားၾကည့္ေလေလ ၾကည့္ရတာ ႐ွန္းယန္ဂိမ္းဆီက အႏၲရာယ္မ်ားက အႀကီးဆုံးျဖစ္ပုံရသည္။ ဂိမ္းႏွစ္ခုအတြက္ ဝယ္ယူႏိုင္ေသာ ပစၥည္းအားလုံးကို ဖ်က္သိမ္းဖို႔ ေဖးခ်မ့္ သူတို႔ကို အမိန္႔ေပးခဲ့သည္။ တစ္ခုတည္းသာာ ခ်န္ထားခိုင္း၏။ ဒါက တကယ္ပဲ စြန္႔စားရာ က်လြန္းပါသည္။

ဝယ္ယူႏိုင္ေသာ ပစၥည္းမ်ာား အားလုံးကို ဖ်က္သိမ္းလိုက္ျခင္းက ေသခ်ာေပါက္ ဂိမ္း၏ ဂုဏ္သတင္းအတြက္ေတာ့ အက်ိဳး႐ွိေစႏိုင္သည္။ ဒါက ေ႐ွာင္လြဲလို႔ မရပါ။ သို႔ေသာ္ ဂုဏ္သတင္္းနဲ႔ ဝင္ေငြတို႔က မတူညီေသာ ကိစၥႏွစ္ခု ျဖစ္ပါသည္။

Bloddy Battle Song ကဲ့သို႔ ႐ုပ္ထြက္ညံ့ဖ်င္း၊ သာမန္ဆန္ေသာ ဂိမ္းကစားနည္းျဖင့္ ဂိမ္းအတြက္ ၎၏ တစ္ခုတည္းေသာ အားသာခ်က္မွာ သူေဌးဂိမ္မာမ်ားက ဂိမ္းထဲတြင္ လူေတြကို ေအးေအးေဆးေဆး အႏိုင္ယူႏိုင္တာပဲ ျဖစ္သည္။ တစ္နည္းအားျဖင့္ ဂိမ္း၏ အဓိက ေရာင္းရမွတ္က 'ကလဲ့စားဝယ္ယူျခင္း' ျဖစ္သည္။

တစ္ေယာက္က အျခား တစ္ေယာက္ကို အႏိုင္ယူၿပီးေနာက္ ထိုတစ္ေယာက္က ခ်က္ခခ်င္းပဲ ေငြမ်ားမ်ား ျဖည့္သြင္းက အရင္တစ္ေယာက္ကို ျပန္ခ်လိမ့္မည္။ ဒါက ဒီလိုဂိမ္းမ်ိဳး၏ အဓိက ဆြဲေဆာင္မႈ ျဖစ္သည္။

ထိုဂိမ္းမ်ားတြင္ ကစားသမားမ်ား၏ အႏုတ္သေဘာေဆာင္ေသာ စိတ္ခံစားခ်က္မ်ားကို ႏိႈးဆြေပးေသာ 'ကလဲ့စားဝယ္ယူျခင္း' စနစ္မ်ိဳး ႐ွိေသာေၾကာင့္ ႐ုတ္ထြက္က ဘယ္ေလာက္ ဆိုးဆိုး၊ ဂိမ္းကစားနည္းက ဘယ္ေလာက္စုတ္စုတ္ လူေတြက ထိုဂိမ္းကို ကစားၾကဦးမည္ျဖစ္သည္။

ေဖးခ်မ့္သာ ဘာမွ မေျပာင္းလဲပါက ထိုဂိမ္း တေက်ာ့ျပန္လာႏိုင္ေခ် ႐ွိသည္။ ထိုျပန္လာႏိုင္ေခ်က မေသးပါ။

ယဲ့က်စ္က်ိဳး ဟိုနားဒီနား ပ႐ိုမိုး႐ွင္းနည္းနည္း ဆင္းလိုက္ၿပီး ကစားသမားေဟာင္းမ်ားကို ျပန္ေခၚလာႏိုင္ပါက ဒီဂိမ္းမွာ နဂို ဝင္ေငြရသည့္ အဆင့္ကို ျပန္ေရာက္သြားႏိုင္သည္။ ေဖးခ်မ့္ ထိုဂိမ္းေၾကာင့္ အ႐ႈံးေပၚႏိုင္မွာ မဟုတ္ေတာ့ပါ။

ထို႔ေၾကာင့္ ေဖးခ်မ့္က ဂိမ္းထဲက ဝယ္ယူႏိုင္ေသာ ပစၥည္းမ်ားကို ဖ်က္သိမ္းဖို႔ ဆုံးျဖတ္လိုက္ပါသည္။

Bloody Battle Song တြင္ တျခားဂိမ္းမ်ားနဲ႔ ယွဥ္လွ်င္ ႐ုပ္ထြက္ေကာ ကစားနည္းေကာ ဘာမွ ေကာင္းကြက္မ႐ွိပါ။ ကစားသမား အသစ္မ်ားကို ဆြဲေခၚႏိုင္ဖို႔ ဆိုတာ အိပ္မက္သာ ျဖစ္ေလသည္။

ဂိမ္းက မွ်တမႈ႐ွိလာၿပီး ၎၏ နာမည္က ေကာင္းမြန္လာရင္လည္း ဘာျဖစ္လဲ။ အျမတ္မရသေ႐ြ႕ ေဖးခ်မ့္အဆင္ေျပပါသည္။

အမွန္ပင္။ ဒီဂိမ္းသာ တိုးတက္လာေသာ ဂုဏ္သတင္းေၾကာင့္ ကစားသမားအသစ္မ်ားစြာကို ဆြဲေဆာင္ၿပီး ကစားသမား base ကႀကီးမားလြန္းသျဖင့္ အျမတ္မ်ား တိုးတက္လာလွ်င္ ဘယ္လိုလုပ္မည္နည္း။ ဒါက မျဖစ္ႏိုင္တာ မဟုတ္ပါ။ ျဖစ္ႏိုင္ေခ်ကေတာ့ နည္းပါသည္။

ေဖးခ်မ့္ ဒီကိစၥကို ေခတၱစဥ္းစားၾကည့္လိုက္ပါသည္။ ႐ွန္းယန္ဂိမ္းမွာသာ အႏၲရာယ္တခ်ိဳ႕ ႐ွိေနသည့္ပုံပင္။ ထို႔ေၾကာင့္ သူတို႔ကို ပိုၿပီး အာ႐ုံစိုက္ထားဖို႔ ဆုံးျဖတ္လိုက္ပါသည္။

Bloody Battle Song ၏ တရားဝင္ဝက္ဘ္ဆိုက္ကို သြားၿပီး စစ္ေဆးၾကည့္လိုက္မည္။

အမွန္ပင္။ ၎၏ ေရပန္းစားမႈက နည္းနည္းေလးေတာ့ တက္လာသည့္ပုံပင္။ နာမည္က ျပန္ေကာင္းမြန္လာသျဖင့္ ကစားသမားေဟာင္း တခ်ိဳ႕က ဂိမ္းထံသို႔ ျပန္လာၾကသည္။ သို႔ေသာ္လည္း ေဖးခ်မ့္ စိတ္မပ်က္ေသးပါ။ ခ်က္ခ်င္းပဲ ယဲ့က်စ္က်ိဳးကို မက္ေဆ့ခ်္ ပို႔လိုက္သည္။ "Bloody Battle Song ရဲ႕ ေငြျဖည့္သြင္းမႈ စာရင္းေတြ ငါ့ကို ပို႔ေပးဦး။"

မိနစ္အနည္းငယ္ၾကာေသာအခါ ယဲ့က်စ္က်ိဳးက Screenshot တစ္ခု ပို႔ေပးလိုက္ပါသည္။

ဒါက Bloody Battle Song ၏ ေငြျဖည့္သြင္း ပလက္ေဖာင္း ပမာဏမ်ား ျဖစ္သည္။ ေဖးခ်မ့္က ေသခ်ာၾကည့္လိုက္ၿပီး ပုံမွန္ဆို တစ္ေယာက္ခ်င္းစီတိုင္း ျဖည့္သြင္းသည့္ႏႈန္းက ျမင့္တက္ေနတာကို ျမင္လိုက္ပါသည္။ အမ်ားႀကီးလည္း မဟုတ္ပါ။ သို႔ေသာ္ စုစုေပါင္း ေငြျဖည့္သြင္း ပမာဏက ၇၀ - ၈၀ ရာခိုင္ႏႈန္းေလာက္အထိကို နိမ့္က်သြားခဲ့ပါသည္။

ဒီလိုအေျခအေနကို ၾကည့္ျခင္းအားျဖင့္ Bloody Battle  Song ၏ လစဥ္ဝင္ေငြက ၁၀၀,၀၀၀ ေတာင္ ေရာက္မွာ မဟုတ္ေတာ့ေပ။

အင္း။ စိတ္ေခ်ာက္ခ်ားဖို႔ မလိုဘူး။ ဒါ အစီအစဥ္အတိုင္းပဲ။

ဂိမ္းတစ္ခု ႐ွင္သန္ႏိုင္ျခင္း မ႐ွင္သန္ႏိုင္ျခင္းက အျမတ္ေငြအေပၚ အဓိက မူတည္ပါသည္။ ထို႔ေၾကာင့္ ဂိမ္းကုမၸဏီအားလုံးက ကစားသမားမ်ားထံမွ ဆဲဆိုသံမ်ားနဲ႔ ကန္႔ကြက္မႈမ်ားကို လ်စ္လ်ဴ႐ႈၿပီး ေငြျဖည့္သြင္း စနစ္မ်ားကို တြန္းအားေပး ထည့္သြင္းထားျခင္း ျဖစ္သည္။ သူတို႔ အားလုံး ဝင္ေငြရခ်င္ပါသည္။

ဂိမ္းတစ္ခုက ေငြ ဆက္တိုက္ အ႐ႈံးေပၚေနပါက ဂုဏ္သတင္းေမႊးလည္း ဘာထူးေတာ့မည္နည္း။

ျပန္လည္ျပဳျပင္ထားသည့္ Bloody Battle Song မွာ ယခု အိတ္သိပ္စိုက္စရာမလိုေတာ့သည့္ပုံေပါက္ေနပါသည္။ အဓိကက ဘယ္သူနဲ႔ ယွဥ္ၾကည့္ရမလဲဆိုတာပင္။ Paywall မ်ားစြာပါသည့္ ဂိမ္းမ်ားနဲ႔ ယွဥ္ၾကည့္ပါက သူေဌး ဂိမ္မာမ်ားက ဒီဂိမ္းကို စိတ္ဝင္စားမႈ မ႐ွိေတာ့သျဖင့္ သူေဌးဂိမ္မာမ်ားထံမွ ဝင္ေငြ  ေတာ္ေတာ္ေလး က်သြားပါလိမ့္မည္။

Fantasy World ကဲ့သို႔ အိတ္စိုက္စရာသိပ္မလိုသည့္ တျခား ဂိမ္းမ်ားနဲ႔ ယွဥ္ၾကည့္ဖို႔ကလည္း Bloody Battle Song ၏ ႐ုပ္ထြက္မ်ားက ဆိုး႐ြားသည္။ ၎၏ ကစားနည္းကလည္း သာမန္ဆန္၏။ထိုဂိမ္းမ်ားနဲ႔ ႏိႈင္းယွဥ္လို႔ မရႏိုင္ပါ။

ဆိုလိုတာက Bloody Battle Song အသစ္မွာ ထိုကဲ့သို႔ဂိမ္းႏွစ္မ်ိဳးနဲ႔ ပစ္မွတ္ထားသည့္ ဂိမ္မာ ပ႐ိုဖိုင္းမ်ားကို ယွဥ္ၿပိဳင္ႏိုင္မွာ မဟုတ္ေပ။

"မဆိုးဘူး။ ဒီတိုင္းပဲ ဆက္ထိန္းထာားၾကရေအာင္။"

ယဲ့က်စ္က်ိဳးကို စာျပန္ၿပီးေနာက္ ေဖးခ်မ့္ စိတ္ေအးသြားၿပီး ေစာင္ကို က်က်နန ျခဳံကာ  ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားပါေတာ့သည္။

ေနာက္ထပ္  ၂ ရက္အတြင္း ဆိုင္ခြဲသစ္ႏွစ္ဆိုင္ကို ဖြင့္ေတာ့မည္ျဖစ္သည္။ စိတ္ေအးေအး ထားႏိုင္ဖို႔ သူသြားၾကည့္ရပါဦးမည္။

႐ွန္းယန္ဂိမ္းတြင္...

ေဘာ့စ္ေဖး၏ မက္ေဆ့ခ်္ကိုျမင္လိုက္ရၿပီး ယဲ့က်စ္က်ိဳး၏ ရင္ထဲေႏြးေထြးသြားပါသည္။ ေဘာ့စ္ေဖးက တက္ေရာက္စရာေတြအမ်ားႀကီး႐ွိၿပီး လုပ္စရာေတြ အမ်ားႀကီး႐ွိတာေတာင္ ႐ွန္းယန္ဂိမ္းကို စိတ္ပူေပးသည္။

ငါတို႔ဂိမ္းရဲ႕ ဝင္ေငြ အခု ေတာ္ေတာ္ေလး က်ဆင္းသြားတယ္ဆိုေပမယ့္ ဒါက ေဘာ့စ္ေဖးရဲ႕ အစီအစဥ္ တစ္စိတ္တစ္ပိုင္းပဲ။ အဲ့တာေၾကာင့္ သူငါတို႔ကို ဆက္ၿပီး ထိန္းသိမ္းထားေစခ်င္တာလား။

ဒါဆိုငါတို႔ လမ္းေၾကာင္းမွန္တယ္ဆိုတဲ့ သေဘာပဲ။

ယဲ့က်စ္က်ိဳး ခ်က္ခ်င္းပဲ စိတ္အားထက္သန္မႈမ်ားျဖင့္ ျပည့္ႏွက္သြားသည္။ အမွန္ပင္။ ဒါက ေဘာ့စ္ေကာင္းတစ္ေယာက္ရဲ႕ ကုမၸဏီအေပၚ သက္ေရာက္မႈပဲမဟုတ္လား။

ေမလ ၂၀ ရက္ေန႔...

ယြီအင္တာနက္ကေဖး ဆိုင္ခြဲႏွစ္ဆိုင္ကို တရားဝင္ ဖြင့္လွစ္လိုက္ပါၿပီ. ေဖးခ်မ့္၊ မာယန္၊ က်န္းယြမ္န႔ ယြီအင္တာနက္ကေဖး၏ မန္ေနဂ်ာအဆင့္ လူသုံးေယာက္တို႔ ဒီလို ခမ္းနားသည့္ ဖြင့္ပြဲမ်ားသို႔ တက္ေရာက္ရပါသည္။

သို႔ေသာ္လည္း ဖြင့္ပြဲအခမ္းအနားက အေျခအေနက အနည္းငယ္ ခြက်၏။ လူသူ ကင္းမဲ့လြန္းလွပါသည္။

ယြီအင္တာနက္ကေဖး၏ မူရင္းဆိုင္ကိုပထမဆုံး ဖြင့္ခဲ့တုန္းကထက္ေတာင္ ပိုဆိုးေနသည္။

ထိုဆိုင္ခြဲႏွစ္ခု၏ တည္ေနရာက မူရင္းဆိုင္ထက္ အမ်ားႀကီးပိုဆိုးသည္။ ေဖးခ်မ့္ကလည္း ဖြင့္ပြဲမွာ ဘာမွ ထူးထူးျခားျခား မလုပ္ရဘူးဟု သူတို႔ကို ေသခ်ာ မွာထားသည္။ မီး႐ွဴးမီးပန္းလည္း မေဖာက္ရ၊ လက္ကမ္းစာေစာင္လည္း မေဝရပါ။ ဇာတ္နိမ့္ေလ ပိုေကာင္းေလျဖစ္သည္။

ဒီလိုလူသူကင္းမဲ့သည့္ ေနရာမ်ိဳးတြင္ ပ႐ိုမိုး႐ွင္းမ႐ွိ၊ ေၾကာ္ျငာျခင္းမ႐ွိိဘဲ လုပ္ငန္းဖြင့္လွစ္ျခင္းေၾကာင့္ ေအးစက္ၿပီး ဗလာက်င္းျဖစ္ေနပါေတာ့မည္။

ေဖးခ်မ့္ကေတာ့ ေက်နပ္ေနပါ၏။ ေကာ္ဖီဧရိယာထဲတြင္ ထိုင္ကာ အျပင္ဘက္ကိုၾကည့္ေနၿပီး ေႏြးေထြးသည့္ ေနေရာင္ျခည္ကို ခံစားေနပါသည္။

ဆိုင္ခြဲမန္ေနဂ်ာႏွစ္ေယာက္က အနည္းငယ္ ေနရခက္ေနသည္။ သို႔ေသာ္လည္း သူတို႔က မူရင္းဆိုင္မွ တာဝန္ေျပာင္းခံထားရသူမ်ားျဖစ္ကာ ဒီလိုျမင္ကြင္းမ်ိဳးကိုလည္း ျမင္ဖူးၿပီးသားျဖစ္ၾကပါသည္။ ေဘာ့စ္ေဖးက သူတို႔ကို အျပစ္တင္မွာ မဟုတ္ေၾကာင္းသိသျဖင့္ သူတို႔ႏွစ္ေယာက္ စိတ္မပူပါ။

တစ္ဖက္မွာေတာ့ အသစ္စက္စက္ ခန္႔အပ္ထားသည့္ ဝိတ္တာမ်ားက ဘယ္နားမွာ မတ္တပ္ရပ္၊ လက္ေတာင္ ဘယ္နားထားရမွန္း မသိေလာက္သည့္အထိ ဒီေလာက္ ထူးဆန္းေသာ ျမင္ကြင္းမ်ိဳးကို မျမင္ဖူးၾကေသးပါ။ သူတို႔အားလုံး ဒီေနရာႀကီးကို အနည္းငယ္ ေၾကာက္ဖို႔ေကာင္းသည္ဟု ထင္ၾကပါသည္။

အင္တာနက္ကေဖးအပိုင္းတြင္ မာယန္နဲ႔ က်န္းယြမ္တို႔က တီးတိုးေျပာေနၾက၏။

"ဘာလို႔ ငါ့ကို တားေနတာလဲ" မာယန္က ဇေဝဇဝါျဖစ္စြာျဖင့္ ေမးလိုက္ပါသည္။

ဒီေနရာႀကီးက အလြန္လူသူကင္းမဲ့ေနသည္ဟု မာယန္ထင္မိသည္။ စိတ္ဓာတ္မ်ားက်ဆင္းေနပုံေပါက္သျဖင့္ ေဖးခ်မ့္ကို ယြီအင္တာနက္ကေဖး၏ ေနာက္ဆုံးရ သတင္းေကာင္းကို မွ်ေဝေပးခ်င္ခဲ့ပါသည္။ ခ်န္းလ်ဲ႕၏ ၾကယ္ပြင့္လို ေပၚေပါက္လာမႈေၾကာင့္ အင္တာနက္ကေဖး၏ အရက္ေရာင္းအားမ်ားက ေန႔စဥ္တိုးတက္ေနခဲ့သည္။ ကတ္စတမ္မာ စီးဆင္းႏႈန္းကလည္း သိသိသာသာ တိုးလာ၏။

မာယိခြၽမ္က ဒီလိုနည္းလမ္းမ်ိဳးကို ယြီအင္တာနက္ကေဖးဆိုင္တိုင္းတြင္ အတုယူသုံးခ်လို႔ရလိမ့္မည္ဟု ခံစားမိ၏။ သို႔ေသာ္လည္း က်န္းယြမ္ သူ႕ကို တားလိုက္ခ်ိန္တြင္ သူဘာမွ မေျပာရေသးေပ။

က်န္းယြမ္က မာယန္ေျပာခ်င္ေနတာကို သိေနသည့္ပုံစံပင္။ က်န္းယြမ္က ေျပာလိုက္၏။ "ညီအစ္ကိုမာ။ ငါမင္းကို မေျပာဖို႔ တားျမစ္တာ မဟုတ္ပါဘူး။ အခုက အခ်ိန္မွန္ မဟုတ္ေသးတာ။ နည္းနည္းေလာရာ က်တယ္။"

မာယန္ ေၾကာင္သြား၏။ "ဟမ္ ဘာလို႔တုန္း။"

"ညီအစ္ကိုမာ ငါတို႔ အရက္ေရာင္းအားပဲ တိုးတက္ေသးတာေလ။ တစ္လကို ၂၀,၀၀၀ - ၃၀,၀၀၀ ေလာက္ပဲ ရဦးမွာကြ။ လစဥ္ အ႐ႈံးေပၚေနတဲ့ ၃၀၀,၀၀၀ နဲ႔ယွဥ္ရင္ ဘာမွေတာင္ မဟုတ္ဘူး။”

"ဒါကို အခု ထုတ္ေျပာလိုက္ရင္ အရမ္း အေရးမပါရာ က်သြားလိမ့္မယ္။”

"ဒီအေၾကာင္းကိုႂကြားၿပီး ေဘာ့စ္ေဖးက 'မဆိုးပါဘူး မင္းတို႔ ဘယ္ေလာက္ရလဲ' လို႔ေမးလာလို႔ မင္းက 'ကြၽန္ေတာ္တို႔ အ႐ႈံးေပၚေနတုန္းပဲ' လို႔ေျပာလိုက္ရင္ ေဘာ့စ္ေဖးကို ဒီအေၾကာင္း ေျပာရတာ ဘာအဓိပၸာယ္႐ွိမွာလဲ။"

"အခု ေလာေလာဆယ္ ဘာမွမေျပာရင္ ဘယ္သူမွ မေတြးေလာက္ဘူး။ အခုေျပာလိုက္ၿပီး ေဘာ့စ္ေဖးကို ေမွ်ာ္လင့္ခ်က္ေတြ ေပးလိုက္ရင္ အမွန္တရားကို သိသြားတဲ့အခါ ပိုၿပီး စိတ္ပ်က္မသြားႏိုင္ဘူးလား။”

"ငါတို႔အ႐ႈံးကို အျမတ္အျဖစ္ ေျပာင္းႏိုင္တဲ့ အခ်ိန္အထိ ေစာင့္ၿပီးမွ ေဘာ့စ္ေဖးကို ေျပာသင့္တယ္လို႔ ထင္တယ္။ သူ႕ကို Surprise တိုက္ဖို႔ေပါ့။ ဒါဆို ယြီအင္တာနက္ကေဖးနဲ႔ ေဘာ့စ္ေဖးရဲ႕ ရင္ထဲက ငါတို႔ေနရာလည္း တိုးတက္သြားမယ္။ အဲ့တာ ပိုၿပီး သက္ေရာက္မႈ ႐ွိတယ္။”

"ညီအစ္ကိုမာ မင္းလက္မခံဘူးလား။”

မာယန္က ေခတၱ စဥ္းစားၾကည့္လိုက္ကာ အဓိပၸာယ္႐ွိသည္ဟု ခံစားမိပါသည္။

သူတို႔က အျမတ္္ရႏိုင္ဖို႔ အေဝးႀကီးလိုပါေသးသည္။ ေဖးခ်မ့္ကို အခု သတင္းေကာင္းေျပာလိုက္ပါက အမ်ားႀကီး သက္ေရာက္မႈ႐ွိမွာ မဟုတ္ပါ။ မာယန္ကိုလည္း အေသးအဖြဲေလး ေအာင္ျမင္မႈရၿပီးေနာက္ လာႂကြားကာ နာမည္လိုခ်င္သည့္ပုံစံ ေပါက္ေစလိမ့္မည္။

ဒါက တကယ္ပဲ အေကာင္းဆုံးနည္းလမ္းေတာ့ မဟုတ္ေပ။

မာယန္ေခါင္းၿငိမ့္လိုက္သည္။ "အင္း မင္းေျပာတာ အဓိပၸာယ္ အမ်ားႀကီး႐ွိတယ္။ ဒီကိစၥကို ေနာက္တစ္ခါက်မွ ေျပာၾကရေအာင္။ ယြီအင္တာနက္ကေဖး အ႐ႈံးကို အျမတ္ေျပာင္းႏိုင္တဲ့အခ်ိန္ ညီအစ္ကိုခ်မ့္ကို Surprise တိုက္လို႔ ရၿပီ။”

အခန္း(၁၅၆) ထန္းတာ့အတြက္အ႐ွက္ရစရာပဲ

ေမလ ၂၁ ရက္ေန႔...

ယဲ့က်စ္က်ိဳး ပို႔ေပးလိုက္သည့္ အစီရင္ခံစာကို ေဖးခ်မ့္ ရခဲ့ပါသည္။ ႐ွန္းယန္ဂိမ္း၏ ဆက္လက္ အ႐ႈံးေပၚေနဆဲျဖစ္ကာ အေျခအေန ေကာင္းလာမည့္ လကၡဏာလည္း မေပၚေသးေပ။

အစီရင္ခံစာထဲတြင္ ယဲ့က်စ္က်ိဳးက လက္႐ွိ Active ကစားသမားမ်ား ဘယ္လိုမ်ားျပားလာေၾကာင္း၊ ဝယ္ယူမႈ ပမာဏမ်ားနဲ႔ တကြ ေသခ်ာ အေသးစိတ္ တင္ျပထားသည္။ ဒါေတြကို သူ႕ေအာင္ျမင္မႈဟု သတ္မွတ္ထားတာျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ ဒီပမာဏမ်ားကို ေဘာ့စ္ေဖးအား တင္ျပေနျခင္းျဖစ္ပါသည္။

အမွန္ပင္။ ထိုရလဒ္အားလုံးက ေဘာ့စ္ေဖး၏ ၫႊန္ၾကားခ်က္မ်ားေၾကာင့္သာ ရခဲ့ျခင္းျဖစ္သည္။ ေဖးခ်မ့္က ထိုဂဏန္းေတြကို ဂ႐ုပင္မစိုက္ဘဲ ေငြျဖည့္သြင္းသည့္ ပမာဏကိုသာ ဂ႐ုစိုက္ခဲ့ပါသသည္။

အင္း... အခုထိ မတိုးတက္ေသးဘူး။

ဘာဆက္ျဖစ္ေတာ့မလဲဆိုတာကို ေဖးခ်မ့္ ခန္႔မွန္းလို႔ေတာင္ရေနပါၿပီ။ သူစာျပန္လိုက္၏။ "မဆိုးဘူး ဒီတိုင္းပဲ ဆက္ထိန္းသိမ္းထားလိုက္။”

ယဲ့က်စ္က်ိဳးက ေပ်ာ္ေပ်ာ္ႀကီး အလုပ္ျပန္လုပ္ေနလိုက္ပါသည္။

ေဖးခ်မ့္က ႐ွန္းယန္ဂိမ္း၏ လက္႐ွိအေျခအေနကို အေတာ္ေလးစိတ္ေက်နပ္မႈ႐ွိပါသည္။ ၎၏ ဂုဏ္သတင္းက ေမႊးေမႊး မေမႊးေမႊး အေရးမႀကီးပါ။ ေငြျဖည့္သြင္းသည့္ ပမာဏမ်ား တိုးမလာေသးသေ႐ြ႕ အဆင္ေျပပါသည္။

အားလုံး ေဘာ့စ္ေဖး၏ ထိန္းခ်ဳပ္မႈေအာက္မွာ႐ွိသည္ဟု ယဲ့က်စ္က်ိဳးကလည္း ထင္ေနပါသည္။

အမွန္ပင္။ ဒါလည္း မွန္ပါသည္။ ေဘာ့စ္ေဖး ထိန္းခ်ဳပ္ေနတာနဲ႔ ယဲ့က်စ္က်ိဳးထင္ထားသည့္ ေဘာ့စ္ေဖး၏ ထိန္းခ်ဳပ္ပုံတို႔က မတူညီတာေလးတစ္ခုသာ႐ွိသည္။

ေဒါက္ ေဒါက္

တံခါးေခါက္သံထြက္ေပၚလာသည္။ ေဖးခ်မ့္ ေမာ့ၾကည့္လိုက္ေတာ့ ဟြမ္စစ္ေပၚျဖစ္ေနတာကို ျမင္လိုက္ရပါသည္။

"ဟမ္... ႐ွား႐ွားပါးပါး ဧည့္သည္ပါလား။”

သူတို႔မေတြ႕တာ ေတာ္ေတာ္ၾကာပါၿပီ။ ဟြမ္စစ္ေပၚကို ေဖးခ်မ့္ေပါက္ေနသည့္ ခံစားခ်က္လည္း အခုေလာက္ဆို ေပ်ာက္သြားေလာက္ပါၿပီ။ တကယ္ေတာ့ ျပန္စဥ္းစားၾကည့္လွ်င္ ေဖးဟြမ္လုပ္ငန္းက သူ႕ကို အမ်ားႀကီး စိတ္မပ်က္ေစခဲ့ပါ။

ေဖးခ်မ့္အျမတ္မ်ားကို ခြဲေဝေပးၿပီးေနာက္ သူတို႔ ယြမ္ ၂ သန္းေလာက္ ရခဲ့ေသာ္လည္း တကယ္တမ္း ထန္းတာ့ထဲ ဝင္လာသည့္ ပမာဏက ၄၀၀,၀၀၀ ယြမ္ေက်ာ္ေက်ာ္ေလးသာ ႐ွိသည္။ ထို႔အျပင္ ဒါ႐ိုက္တာ က်ဴးေ႐ွာင္စဲ ေဖးခ်မ့္ကိုေပးသည့္ ေၾကးမ်ားကလည္း ေဖးခ်မ့္ အိမ္အသုံးအေဆာင္ပစၥည္းအသစ္မ်ား ဝယ္ယူႏိုင္ဖို႔ အေထာက္အကူျပဳခဲ့ပါသည္။

ထို႔ေၾကာင့္ေဖးခ်မ့္၏ ေဒါသ ေပ်ာက္ကြယ္သြားတာ ၾကာပါၿပီ။

ဟြမ္စစ္ေပၚက ႐ုံးခန္းထဲကို သစ္သီးအိတ္တစ္အိတ္ သယ္လာ၏။ "ကြၽန္ေတာ္ ႐ုံးနဲ႔ လမ္းၾကဳံလို႔ တက္လာၿပီး ေဘာ့စ္ေဖးကို ႏႈတ္ဆက္ဖို႔ ဆုံးျဖတ္လိုက္တာပါ။”

"ဟမ္ ႏႈတ္ဆက္မယ္ဟုတ္လား" ေဖးခ်မ့္ ေၾကာင္သြား၏။ "မင္းဘယ္သြားမလို႔လဲ။”

ဟြမ္စစ္ေပၚက ျပဳံးလိုက္၏။ "ကြၽန္ေတာ္တို႔ အရင္တစ္ေခါက္ကမွ ေဖးဟြမ္လုပ္ငန္းက မွတ္တမ္း႐ုပ္႐ွင္တစ္ခုကို ႐ိုက္ေတာ့မယ္လို႔ အတည္ျပဳထားၾကတယ္ မဟုတ္ဘူးလား။ ဒါ႐ိုက္တာ က်ဴးေ႐ွာင္စဲ၊ ကြၽန္ေတာ္ရယ္၊ တျခား အလုပ္သမားေတြတခ်ိဳ႕ရယ္ ႐ွန္ဟိုင္းကို ခရီးထြက္ၾကမယ္။ ႐ိုက္ကူးေရးေတြ အကုန္လုံးကို အဲ့မွာ လုပ္ၾကမယ္။ ေနာက္လေလာက္ထိ အဲ့မွာေနရမွာမို႔လို႔ မသြားခင္ လာႏႈတ္ဆက္ဖို႔ ဆုံးျဖတ္လိုက္တာပါ။”

"႐ွန္ဟိုင္းကို ဟုတ္လား။”

ေဖးခ်မ့္ ေခါင္းၿငိမ့္လိုက္ပါသည္။

"အင္း ႐ွန္ဟိုင္းက ေနရာေကာင္းပဲ။"

႐ွန္ဟိုင္းကို သြားေရာက္ျခင္းက ေငြေၾကး အမ်ားႀကီး ကုန္က်မွာကို သူ႕ရင္ထဲမွာ သိေနပါသည္။

ေနာက္ပိုင္း တည္းျဖတ္ေရးအပိုင္းကို အသာထားလိုက္ပါက ေဖးဟြမ္လုပ္ငန္းတြင္ ဝန္ထမ္း ၅ ေယာက္ ၆ ေယာက္ေလာက္ ႐ွိပါသည္။ ဒီအုပ္စုအကုန္လုံးသာ ႐ွန္ဟိုင္းကို သြားေရာက္ပါက အသြားအျပန္လက္မွတ္ စရိတ္နဲ႔ တည္းခိုစရိတ္မ်ားကလည္း ေစ်းေပါမည္ မဟုတ္ေပ။

ေဖးခ်မ့္က ေဖးဟြမ္လုပ္ငန္းကို ေနာက္ဆက္တြဲ ႐ိုက္ကူးေရးအဆင့္အတြက္ ရန္ပုံေငြ မေပးခဲ့ပါ၊။ ဒီတစ္ေခါက္ ၎တို႔၏ အသုံးစရိတ္အားလုံးကို ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝမွ ရ႐ွိေသာ အျမတ္ေငြမ်ားျဖင့္ ႐ွင္းေပးခဲ့သည္။ ဒါက စုစုေပါင္း ၁ သန္းေလာက္သာ ႐ွိပါသည္။ ႐ိုက္ကူးေရး ကိရိယာအသစ္မ်ားအတြက္ ထိုေငြထဲက တစ္စိတ္တစ္ပိုင္းကို သုံးစြဲရပါဦးမည္။

သူတို႔ ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝကို ေဒါင္လိုက္႐ုပ္ပုံ mode ျဖ င့္႐ိုက္ကူးႏိုင္ဖို႔ DSLR ကိုသုံးႏိုင္သည္။ သူတို႔ ဟိုနား ဒီနား ျပင္ဆင္လိုက္လွ်င္ အဆင္ေျပပါၿပီ။ သို႔ေသာ္ မွတ္တမ္း ႐ုပ္႐ွင္တစ္ခု ႐ိုက္ကူးျခင္းကေတာ့ ျခားနားလိမ့္မည္။ သူတို႔ ေသခ်ာေပါက္ မွတ္တမ္း႐ုပ္႐ွင္ကို ထုတ္လုပ္ဖို႔အတြက္ ႐ိုက္ကူးေရး ကိရိယာမ်ိဳးစုံကို အသုံးျပဳရမည္။ မဟုတ္ပါက ပေရာ္ဖက္႐ွင္နယ္က်မည့္ပုံမေပၚပါ။

ထိုသို႔ေတြးမိကာ ေဖးခ်မ့္ အထင္မေသးေတာ့ပါ။ တကယ္ေတာ့ နည္းနည္းေတာင္ စိတ္ဝင္စားလာမိပါသည္။ဟြမ္စစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔၏ ပေရာဂ်က္အသစ္ အျမတ္ေငြမ်ား ရလာမွာကို ျပင္ဆင္ထားၿပီးသားျဖစ္ေသာ္လည္း ေဖးခ်မ့္ ေမးခြန္းမ်ား ထုတ္မိပါသည္။

ေသးေသး ႀကီးႀကီး အျမတ္က အျမတ္ပဲျဖစ္သည္။ သို႔ေသာ္ ျခားနားမႈကေတာ့ ႀကီးမားပါသည္။ သူတို႔ အျမတ္နည္းနည္းသာ ရပါက ေဘာ့စ္ေဖးက တျခား ပေရာဂ်က္မ်ားကို အသုံးျပဳကာ အ႐ႈံးျဖ င့္ကာမိေအာင္ လုပ္ႏိုင္ပါေသးသည္။ သူတို႔ အျမတ္အလြန္မ်ားျပားစြာ ရလိုက္ပါက ေဘာ့စ္ေဖး ေသခ်ာေပါက္ ဆုံး႐ႈံးလိမ့္မည္။

"အင္း လမ္းမွာ သတိထားၾကဦး" ေဖးခ်မ့္က ဂ႐ုမစိုက္သလို ဟန္ေဆာင္ကာ ေမးလိုက္ပါသည္။ "မင္းတို႔က ဒီမွတ္တမ္း႐ုပ္႐ွင္ကို ႐ိုက္ကူးဖို႔ ႐ွန္ဟိုင္းကို သြားမွျဖစ္မွာလား။”

ဟြမ္စစ္ေပၚက ႐ွက္႐ြံ႕ေနသည့္ ပုံစံျဖင့္ ျပဳံးလိုက္ပါသည္။ "ေဘာ့စ္ေဖး ကြၽန္ေတာ္ အမွန္တိုင္း ေျပာမယ္ေနာ္။စိတ္မဆိုးပါနဲ႔။ ဒီတစ္ေခါက္ ကြၽန္ေတာ္တို႔ ပေရာဂ်က္က ကြၽန္ေတာ္တို႔ ႀကိဳးစားပမ္းစား ရထားတဲ့ ေငြေတြအကုန္လုံးကိုေတာင္ ေျပာင္သြားေစႏိုင္တယ္။”

ဟမ္…

ႀကိဳးစားပမ္းစားရထားတဲ့ ေငြေတြအကုန္လုံးကို ေျပာင္သြားေစႏိုင္တယ္ ဟုတ္လား။

ေဘာ့စ္ေဖး ခ်က္ခ်င္းပဲ ေက်ာမတ္သြားပါသည္။

ငါ့ကို ဒီအေၾကာင္းေျပာရင္ ငါပ်င္းရမွာ မဟုတ္ေတာ့ဘူး။

"လာပါ လက္ဖက္ရည္ေသာက္ပါဦး" ေဖးခ်မ့္က ခ်က္ခ်င္းပဲ လက္ဖက္ရည္တစ္ခြက္ကိုငွဲ႔ကာ ဟြမ္စစ္ေပၚကို ကမ္းေပးလိုက္ပါသည္။ ဟြမ္စစ္ေပၚကို ဆက္ဆံသည့္ပုံစံ ခ်က္ခ်င္း ေျပာင္းလဲသြားပါသည္။

ဟြမ္စစ္ေပၚကေတာ့ ေဘာ့စ္ေဖး၏ ျပဳမူပုံ ေျပာင္းလဲသြားတာကို သတိမထားမိေပ။ ထိုအစား လက္ဖက္ရည္သာ ေသာက္လိုက္ၿပီး ပေရာဂ်က္အတြက္ ေဖးဟြမ္လုပ္ငန္း၏ လက္တေလာ အစီအစဥ္မ်ားကို အေသးစိတ္ ႐ွင္းျပလိုက္ပါသည္။

"ေဘာ့စ္ေဖး ဒါ႐ိုက္တာ က်ဴးေ႐ွာင္စဲနဲ႔ကြၽန္ေတာ္တို႔က ေဘာ့စ္ေဖးရဲ႕စကားေၾကာင့္ အရမ္းစိတ္ေျပာင္းသြားခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ဗီဒီယိုအတိုေလာက ကေန ထြက္ၿပီး အဓိပၸာယ္႐ွိတာ တစ္ခုခု ထုတ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ အိုင္ဒီယာ ေပါင္းစုံထုတ္ခဲ့ေပမယ့္ တစ္ခုခုလိုေနတုန္းပဲလို႔ ခံစားရတုန္းပဲ။”

"ကြၽန္ေတာ္တို႔ေတြးမိတဲ့ အေၾကာင္းအရာတခ်ိဳ႕က ကြၽန္ေတာ္တို႔ေတာ္တဲ့ အရာေတြ။ ကြၽန္ေတာ္တို႔ ေတြးမိတဲ့ တျခားအရာေတြကေတာ့ အျမတ္ရႏိုင္မယ့္အရာေတြပဲ။ ဒါေပမယ့္ ဘယ္တစ္ခုမွ အေရးပါၿပီး အေကာင္အထည္ေဖာ္ဖို႔ မလိုအပ္ဘူးျဖစ္ေနတယ္။အဲ့ဒီေနာက္ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္တို႔ အေကာင္အထည္ေဖာ္ႏိုင္မယ့္ အေၾကာင္းအရာတစ္ခုကို ႐ွာေတြ႕ခဲ့တယ္။ အဲ့တာ eSports ကစားသမားေတြ အေၾကာင္း မွတ္တမ္း႐ုပ္႐ွင္ ႐ိုက္ကူးဖို႔ပဲ။”

ေဖးခ်မ့္က အလြန္စိတ္ဝင္စားသြားပါၿပီ။ "eSports ကစားသမားေတြအေၾကာင္း မွတ္တမ္း႐ုပ္႐ွင္ ဟုတ္လား။”

ဟြမ္စစ္ေပၚက သူ႕ကို လိမ္ေနတာ မဟုတ္ေပ။ ဒီလိုအေၾကာင္းအရာမ်ိဳးက သူတို႔ ႀကိဳးစားပမ္းစား ႐ွာေဖြထားသည့္ ေငြအကုန္လုံးကို တကယ္ပဲ ဆုံး႐ႈံးသြားေစႏိုင္ပါသည္။

အခုက ဘယ္ႏွခုႏွစ္မို႔လို႔လဲ။ ၂၀၁၀ ခုႏွစ္ ျဖစ္သည္။

ဒီအခ်ိန္တုန္းက eSports ကစားသမားမ်ားဆိုတာ လမ္းေဘးေပၚမွာ အိပ္၊ စမ္းေခ်ာင္းက ေရမ်ားကို ေသာက္ကာ ေခါက္ဆြဲဗူးမ်ား စားေနရသူမ်ား ျဖစ္ၾကသည္။

ေနာက္ ၁၀ ႏွစ္အၾကာတြင္ ျဖစ္လာမည့္ ပုံစံမ်ိဳး မဟုတ္ေသးပါ။ ထိုအခါတြင္ေတာ့ ဝိုင္နီမ်ားေသာက္လ်က္ ေမာ္ဒယ္မ်ားကို ဖက္ထားၿပီး Ferraris မ်ား ေမာင္းေနၾကလိမ့္မည္။ တစ္ႏွစ္ကို ယြမ္ေသာင္းနဲ႔ ခ်ီၿပီး မရၾကေသးပါ။

ဒီေလာကထဲ ေရပန္းစားသည့္ အရင္းအႏွီးက ေရာက္မလာေသးေပ။ ဂိမ္းမ်ားကို လူမႈဘဝအတြက္ အလြန္အမင္း အႏၲရာယ္႐ွိေသာအရာဟု သတ္မွတ္ထားၾကဆဲျဖစ္သည္။ ဂိမ္းေတြကို ပေရာ္ဖက္႐ွယ္နယ္အရျဖစ္ေစ၊ ေဖ်ာ္ေျဖေရးသက္သက္အတြက္ျဖစ္ေစ ဘယ္လိုပဲ ကစား ကစား လူထုအတြက္ ျခားနားခ်က္ ႀကီးႀကီးမားမား မ႐ွိပါ။ ဂိမ္းေတြအေပၚ အခ်ိန္ျဖဳန္းသည့္လူအား ႐ိုး႐ိုးသားသား အလုပ္မ်ားတြင္ စိတ္မပါသူဟု သတ္မွတ္ၾကသည္။

ယခု eSports ကစားသမားမ်ားအား မွတ္တမ္း႐ုပ္႐ွင္ ႐ိုက္ကူးႏိုင္သည္။ သို႔ေသာ္ ထိုကဲ့သို႔ မွတ္တမ္း႐ုပ္႐ွင္မ်ိဳးက ေငြရႏိုင္ပါ့မလား။

ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝ ေငြရႏိုင္ျခင္းမွာ အိုင္လီကြၽန္းက တိုက္ဆိုင္စြာျဖင့္ ပရီမီယံ ဗီဒီယို အေၾကာင္းအရာကို ႐ွာေဖြေနခဲ့ေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ ဒီလို အထူးသေဘာတူ စာခ်ဳပ္မ်ိဳးကို ခ်ဳပ္ဆိုကာ အက်ိဳးအျမတ္ကို ထက္ဝက္ပိုင္းႏိုင္ခဲ့ၾကျခင္း ျဖစ္၏။

ဗီဒီယိုအတိုမ်ားကို အပ္ဒိတ္တင္က ျပန္လည္ ဆန္းသစ္ၿပီး ဝက္ဘ္ဆိုက္တစ္ခုထဲသို႔ ဝင္ေရာက္ၾကည့္႐ႈသူ ပုံမွန္ ဆြဲေဆာင္ႏိုင္သည္။ ထို႔အျပင္ အင္တာနက္တစ္ခြင္မွာလည္း ထုတ္လႊင့္ျပသႏိုင္၏။ သူတို႔ Season 3 ထုတ္လိုက္လိုက္ေသာ IP တန္ဖိုး၊ သူတို႔ရလိုက္သည့္ နာမည္အားလုံးက ဗီဒီယိုဝက္ဘ္ဆိုက္မ်ားတြင္ သုံးႏိုင္သည့္ ေစ်းဆစ္ကတ္မ်ား ျဖစ္သည္။

သို႔ေသာ္လည္း မွတ္တမ္း႐ုပ္႐ွင္မ်ားကေတာ့ ျခားနားပါသည္။

ပထမဆုံး လူေတြက ေစာင့္မၾကည့္တတ္ၾကေပ။

ဒုတိယအေနျဖင့္ ၎တို႔အား အပ္ဒိတ္တင္လို႔မရေပ။ ထို႔ေၾကာင့္ ဗီဒီယိုဝက္ဘ္ဆိုက္မ်ားကို ပုံမွန္ ဝင္ေရာက္ၾကည့္႐ႈသူမ်ား ဆြဲေခၚ၍ မရႏိုင္ပါ။ ထို႔ေၾကာင့္ ဗီဒီယိုဝက္ဘ္ဆိုက္မ်ားက သီးသန္႔ထုတ္လႊင့္ျပသမူပိုင္ခြင့္မ်ားကို စာခ်ဳပ္ခ်ဳပ္ဖို႔ စိတ္ဝင္စားမွာလည္း မဟုတ္ေပ။

သူတို႔အမ်ားဆုံး လုပ္ေပးႏိုင္တာဆိုလို႔ အေျခခံ အစီအစဥ္တစ္ခုကိုသာ ကမ္းလွမ္းႏိုင္သည္။ ၾကည့္႐ႈသူ ၁၀,၀၀၀ အတြက္ ယြမ္ ၂၀ - ၃၀ ေပးမည္ဟူသည့္ ကမ္းလွမ္းခ်က္မ်ိဳး ျဖစ္ပါသည္။

တတိယအေနျဖင့္ သူတို႔ ေၾကာ္ျငာမ်ား လက္ခံလို႔ မရပါ။ ဆိုလိုရင္းက သူတို႔ စပြန္ဆာ ႐ွာလို႔ရမွာ မဟုတ္ေပ။

မွတ္တမ္း႐ုပ္႐ွင္မ်ားက အလြန္တည္တံ့သည္။ ၎တို႔က စစ္မွန္ၿပီး အဓိပၸာယ္႐ွိရမည္။ eSports ကစားသမားမ်ားကို အင္တာဗ်ဴးထားတာေလာက္ ျပသၿပီး အင္တာဗ်ဴးတစ္ဝက္ေလာက္တြင္ ေၾကာ္ျငာမ်ား ထုတ္လႊင့္လို႔ မရပါ။

မွတ္တမ္း႐ုပ္႐ွင္အမ်ားစုက အျမတ္မရၾကေပ။ တခ်ိဳ႕ မွတ္တမ္း႐ုပ္႐ွင္တခ်ိဳ႕သာ ႁခြင္းခ်က္ ႐ွိပါသည္။

ဥပမာအားျဖင့္ A Bite of China ျဖစ္သည္။

ဟြမ္စစ္ေပၚ မွတ္တမ္း႐ုပ္႐ွင္မ်ား ႐ိုက္ကူးဖို႔ စိတ္ဝင္စားသည္ဟု ပထမဆုံးၾကားလိုက္ရစဥ္က A Bite of China လိုမ်ိဳး ထုတ္လုပ္ႏိုင္မည္ကို စိုးရိမ္ေနခဲ့သည္။ သို႔ေသာ္လည္း အခုေတာ့ ဒီလိုမဟုတ္ေသာေၾကာင့္ စိတ္ေအးေအးထားလို႔ရပါၿပီ။

ျဖစ္သင့္ပါသည္။ က်ဴးေ႐ွာင္စဲက ပါရမီ႐ွိသည္။ သို႔ေသာ္ ျပန္ဝင္စားသူမဟုတ္ေပ။ ေရပန္းစားသည့္ အရာတစ္ခုကို တစ္ေခါက္ ထုတ္လုပ္ႏိုင္ခဲ့လွ်င္ ပါရမီဟုေခၚသည္။။ အလြန္ေရပန္းစားသည့္ ႐ုပ္႐ွင္မ်ားကို ဆက္တိုက္ ထုတ္လိုက္ႏိုင္ပါကေတာ့ ညစ္ပတ္သည္ဟု ဆိုႏိုင္သည္။

ထိုအခါ ေဖးခ်မ့္ အလြန္စိတ္ေအးသြားရပါသည္။

အခု ဒီမွတ္တမ္း႐ုပ္႐ွင္ကို သူတို႔ဘယ္လို႐ိုက္ကူးဖို႔ စီစဥ္ထားလဲဆိုတာေတာင္ ေမးဖို႔ အေရးမႀကီးေတာ့ပါ။ ေဖးခ်မ့္ အမ်ားႀကီးရင္းႏွီးၿပီး နည္းနည္းသာ ျပန္ရႏိုင္ပါက ပေရာဂ်က္ေကာင္းတစ္ခုဟု သတ္မွတ္ႏိုင္ပါသည္။

ေဖးခ်မ့္၏ မ်က္ႏွာထားက ခ်က္ခ်င္း ေႏြးေထြးလာသည္။ "ငါတို႔ ႀကိဳးစားပမ္းစား ႐ွာထားတဲ့ ပိုက္ဆံေတြ အကုန္လုံး ဆုံး႐ႈံးႏိုင္တယ္ ဟုတ္လား။ ျပႆနာမ႐ွိပါဘူးကြာ ေဖးဟြမ္လုပ္ငန္းကို ငါေထာက္ပံ့ေပးထားပါတယ္။ စိတ္ေအးေအးထားၿပီး မင္းလုပ္ခ်င္တာသာ လုပ္လိုက္။”

"ေငြေရးေၾကးေရးက အေရးမႀကီးဘူး။ ငါတို႔ ဒီလို ပူပန္ၿပီး ေနထိုင္လို႔မျဖစ္ဘူး။”

ဟြမ္စစ္ေပၚက လက္ဖက္ရည္ေသာက္လိုက္ကာ မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခုေပၚလာပါသည္။ "ဟုတ္ပါတယ္။ ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔ကို ေထာက္ပံ့ေပးမယ္ဆိုတာ သိထားၿပီးသားပါ။”

"ေဘာ့စ္ေဖး စိတ္မပူပါနဲ႔ ဒီတစ္ေခါက္ စြန္႔စားရမွာေတြကို ကြၽန္ေတာ္တို႔ ေသခ်ာသိပါတယ္။ အဲ့တာေၾကာင့္ ႐ွန္ဟိုင္းကို ရထားစိမ္းစီးသြားဖို႔ပဲ ဆုံးျဖတ္ထားတာပါ။ ကြၽန္ေတာ္တို႔ ေနထိုင္စရိတ္ စားေသာက္စရိတ္ေတြကိုလည္း အတတ္ႏိုင္ဆုံး ထိန္းခ်ဳပ္သြားပါ့မယ္။”

ဟြမ္စစ္ေပၚ စကားဆုံးေအာင္ မေျပာႏိုင္ခင္ ေဖးခ်မ့္ မ်က္ႏွာ ပ်က္သြားသည္။

"ဒါ ဘာသေဘာလဲ။"

ဟြမ္စစ္ေပၚ ရပ္တန္႔သြား၏။ ေဘာ့စ္ေဖး ေဒါသထြက္တာကို သူျမင္ရတာ ႐ွားပါသည္။ စကားထစ္ေငါ့စြာျဖင့္ သူ ျပန္ေျဖလိုက္၏။ "ဘာ-ဘာသေဘာမွ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ကုန္က်စရိတ္ေတြကို ထိန္းမယ္လို႔ ေျပာတာပါ။”

ေဖးခ်မ့္က ဟြမ္စစ္ေပၚထံမွ ဒီ့ထက္ပိုေမွ်ာ္လင့္ထားသည့္ပုံစံေပၚေနသည္။"မင္းတို႔ ကုန္က်စရိတ္ေတြကို ထိန္းခ်ဳပ္မယ္ဟုတ္လား။ ဟြမ္စစ္ေပၚ မင္းကိုယ္မင္း ဘာေကာင္လဲ ေသခ်ာသိေအာင္လုပ္စမ္း။”

ဟြမ္စစ္ေပၚ တုန္လႈပ္သြား၏။ သူ႕လက္ထဲက လက္ဖက္ရည္ခြက္ တုန္ယင္သြားသည္။

ေဘာ့စ္ေဖးက ဒီလိုပုံစံနဲ႔ ေပါက္ကြဲတာမ်ိဳး မ႐ွိသေလာက္႐ွားတယ္။ ငါ တစ္ခုခု မဟုတ္တာ ေျပာလိုက္မိလို႔လား။

ေဖးခ်မ့္က အတည္ေပါက္ေလသံျဖင့္ေျပာလိုက္ပါသည္။ "ေဖးဟြမ္လုပ္ငန္းက ထန္းတာ့ရဲ႕ အရံလုပ္ငန္းတစ္ခုပဲ။ မင္းနဲ႔ ေဖးဟြမ္လုပ္ငန္းက ဝန္ထမ္းေတြအားလုံးက ထန္းတာ့ရဲ႕ ဝန္ထမ္းေတြပဲ။ မင္းတို႔က ရထားစိမ္းစီးသြားၿပီး သူတို႔ကို ေနစရိတ္စားစရိတ္ ကန္႔သတ္ခိုင္းမယ္ေပါ့။ သူတို႔ မေကာင္းတာေတြ စားမိရင္ ဘယ္လိုလုပ္မလဲ။”

"သူတို႔ က်န္းမာၿပီး ဗိုက္က လက္ခံတယ္ဆိုရင္ေတာင္ အဲ့ဒီခရီးလမ္းက သူတို႔ခႏၶာကိုယ္အတြက္ ပင္ပန္းရလိမ့္မယ္။ သူတို႔ ေကာင္းေကာင္းမစား ေကာင္းေကာင္း မအိပ္လို႔ အဲ့တာ သူတို႔ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြကို ထိခိုက္လာရင္ ႐ိုက္ကူးေရးလည္း အဆင္ေျပမွာ မဟုတ္ဘူး။ ပေရာဂ်က္က ေခ်ာေခ်ာေမြ႕ေမြ႕ မျဖစ္ဘဲ ႐ုပ္႐ွင္လည္း ရလဒ္အေနနဲ႔ ပ်က္စီးသြားရင္ ဘယ္သူက တာဝန္ယူမွာလဲ။”

ဟြမ္စစ္ေပၚက လက္မ်ား တုန္ယင္လာပါသည္။ "ကြၽန္... ကြၽန္ေတာ့္တာဝန္ပါ။”

"မဟုတ္ဘူး မဟုတ္ဘူး...." ေဘာ့စ္ေဖး ဘာကိုဆိုလိုခ်င္သလဲ ဟြမ္စစ္ေပၚ နားလည္သြားပါသည္။ "ေဘာ့စ္ေဖး စိတ္မပူပါနဲ႔။ ကြၽန္ေတာ္က ကုန္က်စရိတ္ သက္သာေအာင္ပဲ လုပ္ေနတာပါ။ ကြၽန္ေတာ္က ရက္စက္တဲ့ အလုပ္႐ွင္ မဟုတ္ပါဘူး။ ကြၽန္ေတာ့္အလုပ္သမားေတြရဲ႕ က်န္းမာေရးကို ေသခ်ာေပါက္ ဂ႐ုစိုက္မွာပါ..."

ေဖးခ်မ့္က ဟြမ္စစ္ေပၚထံမွ ဒီ့ထက္ပိုေမွ်ာ္လင့္ထားသည့္ပုံပင္။ "မင္းက ထန္းတာ့တြက္ အ႐ွက္ရစရာေကာင္ပဲ။ ငါမင္းကို ဒီတစ္ခ်ိန္လုံး ဘာေတြ သင္ေပးခဲ့သလဲ။"

ဟြမ္စစ္ေပၚ ဆြံ႕အသြားပါသည္။

ေဖးခ်မ့္က အတည္ေပါက္ ဆက္ေျပာလိုက္ပါသည္။ "ငါေျပာတာ နားေထာင္။ ေလယာဥ္ပ်ံစီးသြား။  အခ်ိန္ဆိုတာ ပိုက္ဆံပဲ နားလည္လား။ မင္း အဲ့ကိုေရာက္တာနဲ႔ စားေသာက္ေနထိုင္မႈေတြကို ပုံမွန္ ခရီးသြား စံႏႈန္းအတိုင္းပဲ ေဆာင္႐ြက္။ စံႏႈန္းကို မသိရင္ လက္ေထာက္႐ွင္းကိုသာ ေမးလိုက္။”

"မင္း ႐ွန္ဟိုင္းကို ေရာက္တာနဲ႔ စိတ္မေခ်ာက္ခ်ားနဲ႔။ စိတ္မဖိစီးနဲ႔။ မင္း႐ိုက္ကူးေရး မၿပီးႏိုင္ရင္ အခ်ိန္ကို ဆက္တိုးလိုက္။ စိတ္ေအးလက္ေအးနဲ႔ ႐ိုက္ကူးေရးလုပ္။ မင္း ဇြန္လ ၁၈ ရက္ေန႔ မတိုင္ခင္မွာ ၿပီးႏိုင္ရင္ အဆင္ေျပၿပီ။”

"မင္းအခ်ိန္ကို တိုးလိုက္ရင္ အမ်ားဆုံး ျဖစ္မွာက မင္းတည္းခိုစရိတ္အတြက္ ေငြမ်ားမ်ား ထပ္သုံးရမွာေလးပဲ ႐ွိတယ္။ အဲ့တာဆို ဘယ္ေလာက္မ်ား ကုန္မွာမို႔လို႔လဲ။ မင္းမွာ ပိုက္ဆံမေလာက္ရင္ ငါ့ကိုသာ ေတာင္း။ ကိစၥမ႐ွိဘူး။”

"မွတ္ထားေနာ္။ ထန္းတာ့က ေဖးဟြမ္လုပ္ငန္းရဲ႕ ေနာက္ကြယ္မွာ ရပ္တည္ေနတာ။ မင္းအခက္အခဲ႐ွိရင္ ပါးစပ္သာ ဟလိုက္။”

ဟြမ္စစ္ေပၚက အျမန္ေခါင္းၿငိမ့္လိုက္ပါသည္။ "ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး နားေထာင္ပါ့မယ္။”

ေဖးခ်မ့္၏ မ်က္ႏွာထားက ေခါင္းၿငိမ့္ရင္း ျပန္လည္တည္ၿငိမ္သြားပါသည္။ စိတ္ပါလက္ပါျဖင့္ သူေျပာလိုက္သည္။ "မင္းက ထန္းတာ့ရဲ႕ ဝန္ထမ္းတစ္ေယာက္ပဲ။ အဲ့လို ကိစၥ အေသးအဖြဲေလးေတြကအစ ငါ့ကို စိတ္မပူရေစနဲ႔။”

"မင္းက ႐ွန္ဟိုင္းသြားဖို႔ ရထားစိမ္းစီးသြားဖို႔ေတာင္ စဥ္းစားေနတာလား။ ထန္းတာ့က မင္းလိုမ်ိဳး အ႐ွက္ရစရာ ဝန္ထမ္းေတြကို သည္းခံေနမွာ မဟုတ္ဘူးေနာ္။”

ဟြမ္စစ္ေပၚမ်က္ႏွာ နီသြားပါသည္။ သူ႕ႏွလုံးသား နက္နက္႐ိႈင္း႐ိႈင္းထဲတြင္ အ႐ွက္ရသြားမိပါသည္။ "ဟုတ္တယ္ ေဘာ့စ္ေဖး။ ေဘာ့စ္ေဖးေျပာတာ မွန္ပါတယ္။ ေနာက္ပိုင္းက်ရင္ ေဖးဟြမ္လုပ္ငန္းက ထန္းတာ့ရဲ႕ ေျခလွမ္းအတိုင္းပဲ လိုက္လွမ္းမွာပါ။ ေဘာ့စ္ေဖးရဲ႕ စံႏႈန္းအတိုင္းပဲ အားလုံးကို ေဆာင္႐ြက္ပါ့မယ္။”

ေဖးခ်မ့္ ေနာက္ဆုံးေတာ့ ေခါင္းၿငိမ့္လိုက္ပါသည္။ "အင္း အဲ့လိုမွေပါ့။ မွတ္ထားေနာ္။ မင္းေနာက္ကို အခက္အခဲ႐ွိရင္ ငါ့ကိုခ်က္ခ်င္းေျပာ။”

ေဖးခ်မ့္က ထိုၫႊန္ၾကားခ်က္မ်ားကို အႀကိမ္ေပါင္းမ်ားစြာ ေျပာၿပီးမွ စိတ္ေက်နပ္မႈ ရ႐ွိသြားပါသည္။

ဒီေခြးေကာင္ ဟြမ္စစ္ေပၚ...။ ႀကီးႀကီးမားမား အ႐ႈံးေပၚမယ့္ ပေရာဂ်က္တ္စခုကို ေနာက္ဆုံးေတာ့ ႐ွာေတြ႕ခဲ့တာကို။ ကုန္က်စရိတ္ သက္သာေအာင္ ႀကိဳးစားရဲေသးတယ္ေပါ့။

ေဖးခ်မ့္က ကုမၸဏီကို ပ်ိဳးေထာင္ဖို႔ အခ်ိန္ေတြ အားေတြ အမ်ားႀကီး စိုက္ထုတ္ခဲ့ရသည္။ သို႔ေသာ္လည္း သူ႕လူေတြက ဒီလို စတန္႔ထြင္ခ်င္ၾကေသးသည္။ သူက ထန္းတာ့၏ ဝန္ထမ္းေဟာင္း တစ္ေယာက္ေတာင္ ျဖစ္သည္။

ထို႔ေၾကာင့္ ေဘာ့စ္ေဖး အလြန္စိတ္ပင္ပန္းရပါသည္။

Continue Reading

You'll Also Like

38.5K 1.4K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
493K 43.6K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
147K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung