သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-147/148

190 17 0
By Miracle_Phyu97

ဖေးချမ့် 147+148

အခန်း(၁၄၇) ဘော့စ်ဖေးရဲ့ အမြင်ကို သံသယ မဖြစ်ရဘူး

ရှန်းယန်ဂိမ်း၏ ရုံးခန်းထဲတွင်...။

အခြေအနေက အနည်းငယ် တင်းမာနေ၏။

အားလုံးက ဘော့စ်အသစ် ရလာသဖြင့် လှပ သစ်လွင်သည့် စမှတ်တစ်ခုကို ရတော့မည်ဟု ထင်ခဲ့ကြသည်။ ဘော့စ်ဖေးဘေးတွင် အတူတူ အလုပ်လုပ်ပြီး၊ အကြံကောင်းများ ထုတ်ကာ၊ ဘယ်သူမှ  မမြင်ဖူးသည့် ဂိမ်းမျိုးများကို ထုတ်လုပ်ပြီး စျေးကွက်ကို သိမ်းပိုက်ဖို့ မျှော်လင့်ထားကြ၏။ ကြည့်ရတာ ဒါတွေ တစ်ခုမှ ဖြစ်လာမည့်ပုံမပေါ်ပေ။

ဘော့စ်ဖေးက သူ့မျက်နှာကို လာပြသော်လည်း စကား ၁၀ ခွန်းအောက် ပြောပြီးနောက် ပြန်သွားပါသည်။

သူတို့ထဲက အတွေ့အကြုံ အရှိဆုံးလူ ဝမ်ရှောင်းပင်ကို အစီအစဉ်ရေးဆွဲသူချုပ်ရာထူးက ချလိုက်ပြီး နောက်ဆုံးမှ ကုမ္ပဏီကို ဝင်လာသည့် လူကို ရာထူးတိုးပေးလိုက်ပါသည်။ လတိုင်း ဘာအကြောင်းပြချက်မှ မရှိဘဲ လူတစ်ယောက်ကို အလုပ်ဖြုတ်ခွင့်တောင် ပေးထားခဲ့ပါသေးသည်။

ကုမ္ပဏီအတွက် အနာဂတ်အစီအစဥ်က ပို၍ပင် အဓိပ္ပာယ်မဲ့နေပါသေးသည်။ ပထမ ခြေလှမ်းက ၎င်းတို့၏ လက်ရှိဂိမ်းနှစ်ခုထဲက ဝယ်ယူနိုင်သည့်အရာအားလုံးကို ဖျက်သိမ်းပြီး တစ်ခုသာ ချန်ထာားဖို့ ဖြစ်သည်။ ဒုတိယ ခြေလှမ်းက ဂိမ်းအသစ်တစ်ခုအတွက် လူတိုင်း အစီအစဥ်ချပြဖို့ ဖြစ်သည်။

ဒါတွေကလွဲပြီး ဘော့စ်ဖေးမှာ တခြား အထင်အမြင်ကော အကြံဉာဏ်ကော မရှိပါ။ ဘော့စ်ဖေးကိုယ်တိုင် အလုပ်တိုင်းကို လုပ်ပါ့မလား။ မဖြစ်နိုင်ပါ။

ယဲ့ကျစ်ကျိုးကို ဘော့စ်ဖေး ပေးလိုက်သည့် အကြွင်းမဲ့အာဏာကို ကြည့်ခြင်းအားဖြင့် သူ အတော်ကြာ ပြန်လာမှာ မဟုတ်လောက်ပေ။ ယဲ့ကျစ်ကျိုးက သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မည်။

ပထမတော့ အားလုံးက ရှန်းယန်ဂိမ်း သေရာမှ ပြန်ရှင်လာပြီး ဘဝအသစ်တစ်ခု စတင်ရတော့မည်ဟု ထင်ခဲ့သည်။ ချက်ချင်းဆိုသလို သူတို့ အခေါင်းထဲ ပြန်တွန်းခံလိုက်ရ၏။ ဘော့စ်ဖေးက အခေါင်းကို သံတွေနဲ့တောင် ရိုက်ပိတ်သွားသည့်ပုံပင်။

ထို့ကြောင့် အခြေအနေက အလွန်တင်းမာလျက်ရှိပါသည်။

အမှန်ပင်။ ထန်းတာ့က ကျောထောက်နောက်ခံအဖြစ်ရှိနေသဖြင့် ရှန်းယန်ဂိမ်းက အချိန်တိုအတွင်း ပိတ်ချလိုက်ရမှာ မဟုတ်ကြောင်းတော့ အားလုံးသိကြပါသည်။ သူတို့ အလုပ်က အတော်လေး စိတ်ချရပါသည်။

သို့သော်လည်း ရေရှည်အတွက်တော့ ဒီအလုပ် ဆက်ပြီး တည်ရှိနိုင်ဦးမလား မသေချာနိုင်ပါ။

ဝမ်ရှောင်းပင်က ယဲ့ကျစ်ကျိုးကို စိုးရိမ်စွာ ကြည့်လိုက်သည်။ ထိုင်ခုံတွင် ခေါင်းငုံ့ကာ ထိုင်နေပြီး ဖုန်းတွင် စာရိုက်နေသည်။ ဘယ်သူ့ကို စကားပြောနေမှန်း မသိပါ။

သူ့ရဲ့ ပထမဆုံး အခွင့်အရေးကိုသုံးပြီး ဒီတိုင်း အကြောင်းပြချက် မရှိဘဲနဲ့ အလုပ်တော့ စမဖြုတ်လောက်သေးပါဘူးနော််။ ဟုတ်တယ်မလား။ ဝမ်ရှောင်းပင် အတော်လေး စိုးရိမ်နေပါသည်။

ယခု ယဲ့ကျစ်ကျိုးက  အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်လာပြီး အားလုံးကို အမိန့်ပေးဖို့နှင့် တာဝန်ပေးဖို့ တာဝန်ယူရတော့မည်။ ဒါက အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက်၏ တာဝန်ပဲ ဖြစ်ပါသည်။

ယဲ့ကျစ်ကျိုးသာ ဘာတစ်ခွန်းမှ မပြောပါက အားလုံး အလုပ်စားပွဲမှာသာ ထိုင်နေရပြီး အချိန်ဖြုန်းနေရပါမည်။

ယဲ့ကျစ်ကျိုး တာဝန်ယူနိုင်ပါ့မလား မယူနိုင်ဘူးလား ဝမ်ရှောင်းပင် မသေချာပါ။ သို့သော်လည်း ဖြစ်ပြီးတာက ဖြစ်ပြီးပါပြီ။ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ သူစောင့်ကြည့်ဖို့သာ ရှိတော့သည်။

ယဲ့ကျစ်ကျိုးက မာယိချွမ်ကို စာပို့နေခြင်း ဖြစ်ပါသည်။ "ညီအစ်ကိုမာ ငါမင်းကို ပြောစရာ ရှိတယ်။ ဒါပေမယ့် ဘယ်လိုပြောရမှန်းမသိတော့ဘူး...။”

မာယိချွမ်၏ မက်ဆေ့ချ်က ချက်ချင်းပြန်လာသည်။ "ပြောလေ။ ငါရှိတယ်။ ဘာပြဿနာပဲရှိရှိ ငါတို့ အတူတူ ရင်ဆိုင်နိုင်ပါတယ်။”

မာယိချွမ်က ထန်းတာ့မှာ ဘာအလုပ်မှ မလုပ်ရသေးပါ။ ဂိမ်းအသစ်၏ ဇာတ်လမ်းအတွက် သူကူညီပေးခွင့်တောင် မရှိသေးပေ။ သူ အလွန်ပျင်းနေပြီး ခေါင်းတွေတောင် ကိုက်နေပါပြီ။ ထို့ကြောင့် စာအမြန်ပြန်နိုင်ခြင်း ဖြစ်သည်။

ယဲ့ကျစ်ကျိုးက ခေတ္တတွန့်ဆုတ်သွားပြီး စာထပ်ရိုက်လိုက်သသည်။ "ဘော့စ်ဖေးက အစည်းအဝေးလုပ်ပြီး ငါ့ကို ရှန်းယန်ဂိမ်းရဲ့ အစီအစဉ်ရေးဆွဲသူချုပ်ရာထူး ပေးသွားတယ်..."

"??????????"

? ဆယ်ခုနှင့် စာကြောင်းတစ်ကြောင်းပေါ်လာသည်။ ဖန်သားပြင်ပေါ်မှာတောင် မာယိချွမ်၏ ကြောင်စီစီ ဖြစ်သွားမှုကို ယဲ့ကျစ်ကျိုး ခံစားမိပါသည်။

ဒါ ဘာသဘောလဲ။

မာယိချွမ် ဒီကမ္ဘာကြီးကို နားမလည်နိုင်တော့ပေ။

ယခင်တုန်းက ရှန်းယန်းဂိမ်းမှာ ဟွမ်စစ်ပေါ်နှင့် အတူတူ သူ အလုပ်လုပ်ဖူးပါသည်။ သူတို့က ခက်ခဲသည့် အချိန်များကို အတူတူ ဖြတ်ကျော်ခဲ့ကြသည့် မိတ်ဆွေမျာဖြစ်ခဲ့ကြသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ဟွမ်စစ်ပေါ်က ထန်းတာ့ဂိမ်းဆီ ခုန်ကူးသွားပြီး အဆင့်များ မြင့်တက်လာခဲ့သည်။ စီမံခန့်ခွဲရေးအစီအစဥ်ဆွဲသူမှ အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်လာသည်။

မာယိချွမ်ကတော့ ယဲ့ကျစ်ကျိုးနှင့်အတူ ရှန်းယန်ဂိမ်းမှာပဲ အလုပ်ဆက်လုပ်ခဲ့ပါသည်။ သူတို့ကလည်း ခက်ခဲသည့် အချိန်များကို အတူဖြတ်ကျော်ခဲ့ကြသော မိတ်ဆွေများ ဖြစ်ကြသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ဘော့စ်ဖေးက ရှန်းယန်ဂိမ်းကို ဝယ်ယူသွားသည်။ ယဲ့ကျစ်ကျိုးကလည်း အဆင့်မြင့်တက်သွားပြီး အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်လာပါသည်။

မာယိချွမ်သာ နေ့တိုင်း ဘော့စ်ဖေးထံမှ ဒီဇိုင်း အကြောင်းအရာများကို သင်ယူရင်း ကျန်နေခဲ့ပါတော့သည်။ အခုချိန်ထိ ကြွားဝါလို့ရသည့် မည်သည့် အလုပ်မှ မလုပ်ရသေးပါ။

မာယိချွမ် ကိုယ့်ကိုယ်ကို သံသယဝင်နေမိပါပြီ။

ဘာလို့လဲ။ နှစ်ကြိမ်ဆက်တိုက် စီမံခန့်ခွဲရေး အစီအစဥ်ဆွဲသူတွေက အစီအစဉ်ရေးဆွဲသူချုပ်တွေအဖြစ် ပြောင်းလဲကုန်တယ်။ မဟုတ်မှလွဲရော... ငါက ကံကောင်းခြင်း အဆောင်လေးများလား။ ငါနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့လူတွေက အကုန်လုံး အစီအစဉ်ရေးဆွဲသူချုပ်တွေ ဖြစ်လာကြတယ်။

ဒါဆိုလည်း ဘာလို့ အားလုံးအတွက် ကံကောင်းခြင်းအဆောင်ဖြစ်စေတဲ့ ငါက အဲ့လောက် ကံမကောင်းနိုင်ရတာလဲ။

မာယိချွမ် အကြာကြီး စာမပြန်တော့သဖြင့် ယဲ့ကျစ်ကျိုးက စာထပ်ရိုက်လိုက်ပါသည်။ "ညီအစ်ကိုမာ ငါအခု ဖိအားတော်တော်များနေပြီ။ အရင်တုန်းကလည်း အစီအစဉ်ရေးဆွဲသူချုပ် တစ်ခါမှ မလုပ်ဖူးဘူး။ ဘော့စ်ဖေးကို ငါ့ကိုယ်စား တခြား တစ်ယောက်ယောက်ကို ရွေးဖို့ ပြောပေးပါလားကွာ။”

မာယိချွမ် ဒေါသထွက်သွားသည်။

ခွေးကောင်။ မင်း ကံကောင်းတာကို ဝန်မခံချင်ဘူး။ တော်တော်များတဲ့ကောင်ပဲ။

ဘော့စ်ဖေးက မင်းကို အစီအစဉ်ရေးဆွဲသူချုပ် ရာထူးပေးလိုက်တာတောင် မင်းက စိတ်မဝင်စားဘူးဟုတ်လား။ ငါ့ကို စိတ်လာဆွနေတာလား။

"ဂွတ်ဘိုင်" မာယိချွမ် ချက်ချင်းပဲ Chat Window ကို ပိတ်လိုက်ပါသည်။

ယဲ့ကျစ်ကျိုးက  အမြန်စာပြန်လိုက်ဦး။ "နေပါဦး။ ညီအစ်ကိုမာ ငါတကယ်ကြီး အစွမ်းအစမရှိဘူးလို့ ထင်လို့ပါကွာ။ ငါ ဒီအလုပ်ထဲ ဝင်လာတာ ဘယ်လောက်ကြာသေးလို့လဲ။ ငါ ဘာမှ မသိဘူး။ ဘယ်လိုလုပ်ပြီး အစီအစဉ်ရေးဆွဲသူချုပ်လုပ်လို့ရမှာလဲ။”

"ဘော့စ်ဖေးက ဒီလောက်ဝန်အကြီးကြီး ထမ်းခိုင်းသွားတာ ငါသာ ပြဿနာရှာမိရင် ဘယ်လိုလုပ်မလဲ။”

မာယိချွမ်က ယဲ့ကျစ်ကျိုး၏ မက်ဆေ့ချ်များကို ဖတ်ကြည့်လိုက်ပြီး ဒီကောင် ဘော့စ်ဖေးကို စိတ်ပျက်အောင် လုပ်မိမှာ စိုးရိမ်နေတာ ဖြစ်သည်ဟု ထင်လိုက်မိပါသည်။

အင်း သင်ပေးလို့တော့ ရပါတယ်။

မာယိချွမ်က ခေတ္တစဥ်းစားလိုက်ပြီး သူလည်း အရင်က ဒီလိုအခြေအနေမျိုး ရောက်ဖူးကြောင်း နားလည်သွားပါသည်။ ဘော့စ်ဖေး၏ သင်ကြားမှုနှင့် ထုဆစ်မှုကို လပေါင်းများစွာ နာခံခဲ့ရသူတစ်ယောက်အဖြစ် အကြံဉာဏ်တချို့နှင့် အတွေ့အကြုံများကို အတွေ့အကြုံ မရှိသည့် ညီငယ်တစ်ယောက်အား မျှဝေပေးသင့်ပါသည်။

"စိတ်မပူနဲ့။ စိတ်အေးအေးထားပြီး မင်းအလုပ်ကိုပဲ မင်းလုပ်။ မင်း ဟွမ်စစ်ပေါ်ကို သိလား။ သူက မင်းအရင် ကုမ္ပဏီကို ရောက်လာတဲ့လူပဲ။ ငါတို့နှစ်ယောက်စလုံးက သူငယ်ချင်းတွေပဲ။”

"အဲ့တုန်းက သူက စီမံခန့်ခွဲရေးအစီအစဥ်ဆွဲသူလေ။  သူလည်း မင်းလုပ်ရမယ့် အလုပ်အတိုင်း လုပ်ခဲ့တာပဲ။ နောက်တော့ သူ ထန်းတာ့ဂိမ်းကိုရောက်လာတယ် ဘော့စ်ဖေးက သူ့ကို အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်အောင်  ခန့်လိုက်တယ်။ မင်းလိုမျိုးပဲ။"

"နောက်တော့ ဘာဖြစ်သွားလဲသိလား။ သမုဒ္ဒရာရဲတိုက်ကို ငါ့ညီအစ်ကို ဟွမ်စစ်ပေါ်က ဖန်တီးထားတာ။”

"အဲ့တာကြောင့် ဘာမှ စိတ်ပူမနေနဲ့။ မင်းကိုယ်မင်း သံသယဖြစ်ချင်ဖြစ်လို့ရတယ်။ ဒါပေမယ့် ဘော့စ်ဖေးရဲ့ အမြော်အမြင်ကိုတော့ သံသယဖြစ်လို့မရဘူးနော်။”

"အခုချိန်ထိ ဘော့စ်ဖေးက လူတွေအများကြီးကို မြေတောင်မြှောက်ပေးခဲ့တာ။ အစတုန်းကတော့ ဘယ်သူမှ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ကြဘူး။ ဒါပေမယ့် ဘော့စ်ဖေးမှာ ထူးခြားတဲ့ ဉာဏ်ပညာနဲ့ အမြင်ရှိမှန်း ခပ်မြန်မြန်ပဲ နားလည်သွားကြတယ်။ သူက ဘယ်သူမှ မမြင်နိုင်တဲ့ လူတွေရဲ့ ပါရမီကို မြင်နိုင်တယ်။”

"မင်း ဘာမှ စိတ်ပူဖို့ မလိုဘူးနော်။ ဘော့စ်ဖေးက မင်းလုပ်နိုင်တယ်လို့ ပြောသွားတော့ မင်း သေချာပေါက် လုပ်နိုင်လို့ပဲ။"

မာယိချွမ်၏ ပြန်စာကို ဖတ်ရှုပြီးနောက် ယဲ့ကျစ်ကျိုး လေးလေးနက်နက် တွေးလိုက်မိပါသည်။

ဒီလိုကိုး။ ဒီလို ယုတ္တိမရှိသည့် လုပ်ရပ်မျိုးကို လုပ်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အရင်တုန်းက ဖြစ်ဖူးတယ်တဲ့လား။ ထို့အပြင် အောင်မြင်တဲ့ ဖြစ်ရပ် ဖြစ်ခဲ့တယ်တဲ့လား။

ဒါဆို ဘော့စ်ဖေးက ငါ့အရည်အချင်းကို တကယ်မြင်လို့ဖြစ်မယ်။ ငါက ဘာလို့ မသိရတာလဲ။

ဒါပေမယ့် မာယိချွမ်ပြောခဲ့သလိုပဲ ဘော့ဖေးက ငါ့ကို ဘာအကြောင်းပြချက်မှမရှိ၊ ဘာရည်ရွယ်ချက်မှမရှိဘဲ ရာထူးတိုးပေးခဲ့တာ မဖြစ်နိုင်ဘူး။ သူ ငါ့ကို အာဏာတွေ အများကြီးတောင် ပေးခဲ့သေးတယ်။

ယဲ့ကျစ်ကျိုး ပိုပြီးစဥ်းစားကြည့်လေလေ ပိုပြီး ယုံကြည်ချက် ပြည့်ဝလာလေလေ ဖြစ်လာခဲ့သည်။

ဘော့စ်ဖေးက ငါ့ကို အာဏာတွေအများကြီး ပေးသွားတယ်ဆိုတော့ ငါ့ကို ယုံကြည်ချက်ထားပြီး ငါလုပ်ချင်တာလုပ်ဖို့ အရိပ်အမြွက်ပေးသွားတာဖြစ်နိုင်တယ်။ ငါသာ ကြောက်ပြီး မလှုပ်နိုင်မရှားနိုင်ဖြစ်လာရင် ထန်းတာ့မှာ အလုပ်လုပ်တဲ့ လူတစ်ယောက်နဲ့ ဘယ်တူတော့မလဲ။ ဘော့စ်ဖေးကို စိတ်ပျက်သွားစေမယ် မဟုတ်လား။

အခု ငါက ဂုဏ်သရေရှိ ထန်းတာ့ရဲ့ ဝန်ထမ်း တစ်ယောက်ဖြစ်သွားပြီကွ။

ထိုသို့စဥ်းစားလိုက်ရုံနဲ့ ယဲ့ကျစ်ကျိုး ချက်ချင်း အပျော်လွန်သွားပါသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုမာ။”

ယဲ့ကျစ်ကျိုးက သူ့ဖိုင်တွဲများကို ဖွင့်လိုက်ပြီး ယုံကြည်ချက်ပြည့်ဝစွာဖြင့် ကီးဘုတ်ကို ရိုက်လိုက်ပါသည်။ သူကုမ္ပဏီသို့ ဝင်လာပြီး လပိုင်းအတွင်းမှာ ဒီဂိမ်းနှစ်ခုကို အကဲခတ်ဖို့ ကိုယ်ပိုင်အချိန်များကိုပင် ယဲ့ကျစ်ကျိုး အသုံးပြုခဲ့ပါသည်။

ထင်ထားသလိုပင်။ ဒီဂိမ်းနှစ်ခုကို တင်လိုက်ခြင်းက ဂိမ်မာများကို ချေးကြွေးခြင်းနဲ့ ညီမျှပါက ယဲ့ကျစ်ကျိုးက နေ့တိုင်း သူ့လက်ထဲ ချေးကိုင်ထားရသလိုဖြစ်နေပါသည်။ သူ မရွံရှာဘဲနေပါ့မလား။

ယဲ့ကျစ်ကျိုး၏ အမြင် သို့မဟုတ် ရှန်းယန်ဂိမ်း ဝန်ထမ်း တော်တော်များများ၏ အမြင်တွင် ဒီဂိမ်းများ၏ ဆိုးကွက်များစွာ ရှိသည်။ ငါးမိနစ်လောက် ကစားကြည့်ရုံနဲ့ ပြဿနာများစွာကို ထုတ်ပြနိုင်သည်။

သို့သော်လည်း ဘယ်သူကမှ မပြင်ဆင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် အားလုံးက ရေသာခိုနေကြသောကြောင့်ပင်။ လျို့ကြီးကလည်း ဘာမှ မလုပ်ခိုင်းပါ။ ဘယ်သူကမှလည်း အလုပ် ထပ်တောင်းဖို့ စိတ်မဝင်စားကြပေ။

လျို့ကြီးကိုယ်တိုင် ထိုပြဿနာများကို မဖြေရှင်းရသည့် အကြောင်းအရင်းက ငွေကြေးစီမံမှုအပိုင်းတွင် ဖိအားများစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအချိန်တုန်းက ဂိမ်းများထံမှ ရသည့် ကုမ္ပဏီဝင်ငွေများမှာ ကုမ္ပဏီ၏ ကုန်ကျစရိတ်များကို ကာမိရုံလောက်သာ ရှိပါသည်။ ပန်းချီအရင်းအမြစ်တွေကို ပြောင်းလဲပြီး ဂိမ်းကစားပုံကို ပြောင်းလဲဖို့ ရန်ပုံငွေ ဘယ်ကရနိုင်မည်နည်း။

စားပွဲပေါ်မှာ အကြံကောင်းများစွာရှိနေရင်တောင် ထိုအကြံများကို ဂိမ်းထဲသို့ ကူးပြောင်းဖို့ အချိန်တင်မကဘဲ ငွေလည်း လိုပါသေးသည်။။

အခုတော့ လျို့ကြီး ယဲ့ကျစ်ကျိုး၏ လှုပ်ရှားမှုတိုင်းကို အကြံပေးနေတာမျိုး မရှိတော့သဖြင့် အဓိပ္ပာယ်အရှိဆုံးဟု ထင်ရသည့် သူ့အတွေးများကို သူ အကောင်အထည် ဖော်နိုင်ပါပြီ။

အခန်း(၁၄၈) ဘယ်သူမှ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတစ်ခု

ထိုဂိမ်းနှစ်ခုက အတော်လေး ဒိတ်အောက်နေပါပြီ။ ပြဿနာများစွာ ရှိကြကာ ဘယ်က စလုပ်ရမှန်းတောင် တွေးဖို့ ခက်ခဲနေပါသည်။ ကံကောင်းစွာဖြင့် ဘော့စ်ဖေးက အလွန်ကောင်းမွန်သည့် စမှတ်တစ်ခုကို သတ်မှတ်ပေးသွားသည်။ ဝယ်ယူနိုင်သော ပစ္စည်းများဖြစ်၏။

ဂိမ်းထဲမှ ဝယ်ယူနိုင်သော ပစ္စည်းများ အားလုံးကို ဖျက်သိမ်းပြီးတစ်ခုသာ ချန်ထားရမည်။ ဒါက အတော်လေး အားထုတ်ရမည့် တာဝန် ဖြစ်သည်။ ဂိမ်းနှစ်ခုစလုံးတွင် စုစုပေါင်း အနည်းဆုံး ဝယ်ယူနိုင်သည့် ပစ္စည်းများ ဆယ်ဂဏန်း ရှိပါသည်။ ငွေဖြည့်သွင်းခြင်း၊ ငွေသုံးစွဲရသည့် လုပ်ငန်းများနဲ့ သာမန်ပစ္စည်းများ ဝယ်ယူခြင်းများလည်း ရှိသည်။ စနစ်ဝယ်ယူမှုများလည်း ရှိပါသေးသည်။

ဘယ်လို ဝယ်ယူနိုင်သော ပစ္စည်းကိုမဆို ထည့်သွင်းလို့ရသည့် နေရာတိုင်းကိုမဆို သူတို့ ထည့်သွင်းပြီးကြပါပြီ။ ထို ဝယ်ယူနိုင်သော ပစ္စည်းများကို ဖျက်သိမ်းဖို့ဆိုတာ ရှော့ပင်းမောလ်တစ်ခု၏ ဝင်ပေါက်ကို ပိတ်လိုက်ရသလောက် မလွယ်ကူပေ။ ထိုဝယ်ယူနိုင်သော ပစ္စည်းများက စနစ်ဒီဇိုင်း တစ်ခုလုံးနှင့် ဆက်နွယ်နေပါသည်။

ယွမ် ၅၀၀ ဖြည့်သွင်းထားသည့် လူတစ်ယောက်က ယွမ် ၁၀၀ သာ ဖြည့်သွင်းထားသည့် လူကိုအနိုင်ယူနိုင်ပြီး ယွမ် ၁၀၀ ဖြည့်သွင်းထားသူကလည်း ယွမ် ၃၀ သာ ဖြည့်သွင်းထားသူကို အနိုင်ယူနိုင်စေဖို့က ဂိမ်းဒီဇိုင်းကို သေသေချာချာ အစီအစဥ်ဆွဲဖို့လိုပြီး ဝယ်ယူမှု အဆင့်ခြားနားချက်တိုင်းမှာ ၎င်းတို့အတွက် ခြားနားသည့် အတွေ့အကြုံများကို တိုးမြှင့်ပေးဖို့ လိုအပ်ပါသည်။

ထို့အပြင် ထိုတိုက်ပွဲပါဝါစနစ်များက ချိတ်ဆက်မှု ရှိသည်။ ပါဝါဆတိုးစနစ်ကလည်း ဂိမ်းပတ်ဝန်းကျင်နှင့် ချိတ်ဆက်မှု ရှိ၏။ တောရိုင်းထဲက အသားစား သတ္တဝါများနှင့် အပင်စား သတ္တဝါများကဲ့သို့ ဖြစ်သည်။

ထို့ကြောင့် ဒါတွေအားလုံးက စနစ်ဒီဇိုင်း ပြဿနာသာ ဖြစ်သည်။

ထို့ကြောင့်လည်း နိုင်ငံတော်ထဲတွင် အကြီးတန်း အစီအစဉ်ရေးဆွဲသူများက ဒီလို ရာထူးမြင့်မျိုးကို သဘောကျကြခြင်း ဖြစ်သည်။ သူတို့ရှေ့မှာ အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက်သာ ရှိတော့၏။ စနစ်ဒီဇိုင်းများက မကြာခဏဆိုသလို Paywall ပါသည့်  ဂိမ်းများ၏ ဂိမ်းရသကို အဆုံးအဖြတ် ပေးနိုင်ပါသည်။

ဝယ်ယူနိုင်သောပစ္စည်းများကို ပြောင်းလဲဖို့ဆိုတာ စနစ်ဒီဇိုင်းကို ပြောင်းလဲတာနှင့် ညီမျှသည်။ ဆိုလိုတာက ကစားသမားများအား ၎င်းတို့ သုံးသည့်ငွေပမာဏအလိုက် အဆင့်ခွဲခြားဖို့ကို တခြားနည်းလမ်းတစ်ခု သုံးရတော့မည်ဖြစ်သည်။

အဆင့်ခွဲခြားဖို့ နည်းလမ်းကို ပြောင်းလဲဖို့ တစ်ခုခု အမှားလုပ်မိပါက စနစ်ဒီဇိုင်းတစ်ခုလုံးကို ပြိုလဲသွားစေပါလိမ်န့မည်။

အရင်တုန်းက Bloody Battle Song လိုပင်။ ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် ၎င်း၏ ဝင်ငွေက အတော်လေးကို နိမ့်ကျသွားခဲ့ပါသည်။ လျို့ကြီးက ထိုဓား၏ စျေးနှုန်းကို အလွန်မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး ရိုးရှင်းသည့် စနစ်ဒီဇိုင်းပြဿနာလေးကြောင့် ဒီလောက် ပြင်းထန်သည့် အာနိသင်ဆိုးကို ဖြစ်ပေါ်စေခဲ့သည်။

ယဲ့ကျစ်ကျိုးက ဒါကို အကြာကြီး တွေးကြည့်လိုက်ပြီး ဒါက သူ့လုပ်ကိုင်နိုင်စွမ်းထက် ကျော်လွန်နေသည်ဟု ခံစားနေရဆဲ ဖြစ်ပါသည်။သူ့မှာ အကြံတချို့ရှိသော်လည်း တကယ်ပဲ အကောင်အထည်ဖော်နိုင်ပါ့မလား မသေချာပါ။ ထို့ကြောင့် စာတမ်းကို ပရင့်ထုတ်လိုက်ပြီး ဝမ်ရှောင်းပင်နှင့် သွားတိုင်ပင်လိုက်ပါသည်။

ဝမ်ရှောင်းပင်က အတွေ့အကြုံရှိသော အကြီးတန်း အစီအစဉ်ရေးဆွဲသူတစ်ယောက်ဖြစ်သည်။ ယဲ့ကျစ်ကျိုး၏ အကြံကို ကြားလိုက်ရသောအခါ သူမျက်မှောင်ကြုတ်သွား၏။  ဒီလိုပြောင်းလဲမှုမျိုးကို စိတ်ကူးရှိတိုင်း လုပ်လို့ မဖြစ်ပါ။

အရင်တုန်းကသာဆို လျို့ကြီးနှင့် ဝမ်ရှောင်းပင်ကို အသာထား၊ ဘယ်လိုအတွေ့အကြုံရှိသည့် အစီအစဥ်ဆွဲသူမျိုးကမဆို ဒီလိုပြောင်းလဲမှုများကို ဒီလိုလုပ်လို့မရကြောင်း ခံစားမိမည်ဖြစ်သည်။ သူတို့ ချက်ချင်းပဲ ယဲ့ကျစ်ကျိုး၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်လိမ့်မည်။

သို့သော်လည်း ယဲ့ကျစ်ကျိုးက ယခု အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်နေသဖြင့် ဘယ်သူမှ ဒီလို လုပ်လို့မရပါ။ ထို့အပြင် ဘော့စ်ဖေးကိုယ်တိုင်က ဒီလို ညွှန်ကြားသွားခြင်းဖြစ်၏။ ဒီလိုဆိုမှတော့ သူတို့ ပြီးမြောက်အောင် လုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ စဥ်းစားကြရတော့သည်။ ဘာပဲဖြစ်ဖြစ် ဖြစ်အောင်လုပ်ရပါလိမ့်မည်။

ဝမ်ရှောင်းပင်က စိတ်ညစ်စွာပြောလိုက်သည်။ "ဒါတော်တော်လေးအဓိပ္ပာယ်ရှိတဲ့လုပ်ရပ်လို့ ငါတော့ထင်မိတယ်။ ဒါပေမယ့် ဘော့စ်ဖေးကိုယ်တိုင်က အကြံပေးသွားတာ ဆိုတော့လည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ။ ဒါကို ပြီးအောင်လုပ်ဖို့ ငါအကောင်းဆုံး ကြိုးစားမယ်။”

ဝယ်ယူနိုင်သောပစ္စည်းအားလုံးကို ဖယ်ရှားလိုက်ရုံနဲ့တင် ဂိမ်း၏ အကြောင်းအရာ အများစုကို အစမှ ပြန်လုပ်ရခြင်းနှင့် ညီမျှသည်။ ဒါက သမုဒ္ဒရာရဲတိုက်ကဲ့သို့ FPS ဂိမ်းတစ်ခုနှင့် ကွဲပြားခြားနားပါသည်။

သမုဒ္ဒရာရဲတိုက်တွင် အနီရောင်ချီလင်လက်နက် ရှိသော်လည်း ၎င်းက တစ်ယောက်နဲ့တစ်ယောာက် ယှဥ်ပြိုင်တိုက်ခိုက်ရသည့် ပြိုင်ဆိုင်ရသည့် ဂိမ်းမျိုး ဖြစ်သည်။ သူဌေးတစ်ယောက်က ဘယ်လောက်ပဲ ချမ်းသာနေပါစေ အရည်အချင်းတူသည့် တခြား ရန်သူနှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါ။

သို့သော်လည်း Bloody Battle Song ကတော့ Paywall များ ပါဝင်သည့် သာမန်ဂိမ်းတစ်ခု ဖြစ်သည်။ သူဌေးများက တစ်ခါတည်းနဲ့ အယောက် ၂၀ လောက်ကို တိုက်ခိုက်နိုင်သည်။ ဒါက အတော်လေးကို မညီမျှပေ။ Bloody Battle Song ၏ ဂိမ်းအကြောင်းအရာတစ်ခုလုံးက ဒီလိုမညီမျှသည့် ဂိမ်းကစားပုံအပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ဝယ်ယူနိုင်သော ပစ္စည်းအားလုံးကိုသာ ပယ်ရှားလိုက်ပါက ကစားသမားများအကြား  ခွဲခြားနိုင်မည့် နည်းလမ်းတစ်ခုတော့ ရှိရဦးမည်။ ငွေ မဟုတ်လျှင် အချိန် သို့မဟုတ် ကံတရားဖြင့် ခွဲခြားရမည်။

ဂိမ်းတစ်ခုလုံးကို ဂိမ်းကစားသည့် ကြာချိန်အပေါ် မူတည်ပြီး ပြောင်းလဲလိုက်ရင်တော့ လောင်းကစားဘုရင်၏ ကောင်းကင်ဘုံ ဖြစ်လာပါလိမ့်မည်။

အမှန်ပင်။ ငွေဖြည့်သွင်း ကတ်ဂိမ်းအဖြစ် ပြောင်းလဲလိုက်လို့လည်း ရသည်။ သို့သော်လည်း Bloody Battle Song ၏ မူလဒီဇိုင်းနှင့် ကိုက်ညီမှုရှိတော့မှာ မဟုတ်ပေ။ ငွေဖြည့်သွင်းကတ်ဂိမ်းအဖြစ် ပြောင်းလဲလိုက်ပါက ဂိမ်းသစ်တစ်ခုအဖြစ် ပြန်လည် ပြောင်းလဲလိုက်တာနှင့် မခြားနားတော့ပေ။ လက်တွေ့မဆန်ဘဲ ဘော့စ်ဖေး၏ ကန့်သတ်ချက်များနှင့်လည်း ကိုက်ညီမှာ မဟုတ်ပေ။

ဂိမ်းကို ကံအပေါ် မူတည်ပြီး ပြောင်းလဲရမှာလား။ ဒါဆိုရင်တော့ လောင်းကစားဧကရာဇ်များ၏ ကောင်းကင်ဘုံ ဖြစ်လာလိမ့်မည်။

ဒီလိုပြောင်းလဲမှုများကို လုပ်လိုက်ပါက လက်ရှိ ဂိမ်းစတိုင်နှင့် ဆင်တူနေဆဲဖြစ်လောက်သည်။ မညီမျှဆဲဖြစ်ကာ ကစားသမားအများစု၏ ရသကလည်း ပိုကောင်းလာနိုင်မည်မဟုတ်ပေ။

ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ဦးနှောက် အလွန်စားနေကြပါသည်။

ဒါက ပြည်တွင်းဂိမ်းလောကဲက ဘယ်သူမှ ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။

အမှန်ပင်။ ဘယ်သူကမှလည်း မဖြေရှင်းချင်ကြပေ။ ဘာပဲဖြစ်ဖြစ် ထိုဝယ်ယူနိုင်သော ပစ္စည်းများကို ဖျက်သိမ်းလိုက်ပါက ဝင်ငွေမရနိုင်တော့တာနဲ့တူတူပဲဖြစ်။ တချို့ရူးသွပ်နေသည့် အစီအစဉ်ရေးဆွဲသူချုပ်များက ဒီလိုလုပ်နိုင်ခဲ့ရင်တောင် ဘော့စ်က သေချာပေါက် ပါးရိုက်ပါလိမ့်မည်။

Paywall မြင့်မားသည့် ဂိမ်းများက အတော်လေး အဆင်ပြေနေကြပြီး ပိုက်ဆံလည်းအများကြီး ပိုရကြသည့်ပုံပင်။ ဘယ်သူက အရမ်းအားလပ်နေပြီး မတူညီသည့် လမ်းကြောင်းမျာားကို ရှာဖွေချင်မည်နည်း။

သို့သော်လည်း ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ပိုပြီး စဥ်းစားကြည့်ကြလေလေ ပိုပြီး အဓိပ္ပာယ်ရှိလာသလို ခံစားရလေလေဖြစ်ပါသည်။

သူတို့ ဖြစ်နိုင်သည့် ဖြေရှင်းချက်တစ်ခုကို စဥ်းစားနိုင်ပါက ဟိုမရောက်ဒီမရောက်ဖြစ်နေရင်တောင် နိုင်ငံတော်တစ်ခုလုံးမှာ တစ်ခုတည်းရှိသော ဖြေရှင်းချက်ဖြစ်လိမ့်မည်။

အမှန်ပင်။ ဘော့စ်ဖေး ပေးလိုက်သည့် အမိန့်တစ်ခုက ဒီလို ဆန်းသစ်သည့် သီအိုရီတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ယဲ့ကျစ်ကျိုးက အကြံတချို့ ပေးသော်လည်း ဝမ်ရှောင်းပင်၏ XXX ရှုထောင့်မှ ငြင်းပယ်ခြင်းကို ခံခဲ့ရပါသည်။

သို့သော်လည်း ယဲ့ကျစ်ကျိုးက စိတ်ဓာတ်မကျပါ။။ နောက်ဆုံးတော့ သူ့ခေါင်းသူရိုက်လိုက်မိပါသည်။ "အစ်ကိုဝမ် ငါ့မှာအိုင်ဒီယာ အသစ်တစ်ခု ရှိတယ်။ ငါတို့ အားလုံးကို သူဌေးတစ်ယောက်လိုမျိုး ဟန်ဆောင်နိုင်ခွင့် ပေးလိုက်မယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။”

ဝမ်ရှောင်းပင်က ခေတ္တကြောင်စီစီဖြစ်သွားပါသည်။ "သူဌေးလို ဟန်ဆောင်မယ်ဟုတ်လား ဘယ်လိုမျိုးလဲ။”

ယဲ့ကျစ်ကျိုးက အလွန်စိတ်လှုပ်ရှားနေပြီး စာရွက်တစ်ရွက်ပေါ်မှာ ရေးကာ ရှင်းပြလိုက်ပါသည်။ "တကယ်တော့ ငါတို့ ရင်ဆိုင်နေရတဲ့ ပြဿနာက ဂိမ်းရသနဲ့ သက်ဆိုင်နေတာ။”

"ငါတို့ရဲ့ ဂိမ်းရသကို ရိုးရိုးရှင်းရှင်း အမျိုးအစား သုံးခုအဖြစ် ခွဲခြားနိုင်တယ်။”

"ပထမက သူဌေးတွေပေါ့။ သူတို့က ငွေသွင်းပမာဏ အများဆုံးဖြစ်ပြီး စွမ်းအားအကြီးဆုံး တိုက်ပွဲပါဝါတွေ ရှိကြတယ်။ သူတို့က တိုက်ပွဲတစ်ခုမှာ ၁၀ ယောက် ၁ ယောက် ပျော်ပျော်ကြီး တိုက်နိုင်တယ်။”

"နောက်တစ်ခုက စုစည်းသူတွေ။ သူတို့မှာ အချိန်ပိုတွေ အရမ်းရှိပြီး အရမ်းလည်း Active ဖြစ်ကြတယ်။ သူတို့က Guild တွေ စီမံပြီး မန်ဘာသစ်တွေကို ခေါ်ယူကြတယ်။ သူတို့က တခြားသူတွေကို အမိန့်ပေးညွှန်ကြားတာမျိုးကို ပျော်ပျော်ကြီး လုပ်ကြတယ်။”

"တတိယကတော့ သာမန်ကစားသမားတွေပေါ့။ သူတို့က ၁၀ ယောက် ၁ ယောက် တိုက်နိုင်စွမ်းလည်း မရှိဘူး။ စီမံသူတွေလည်း မလုပ်နိုင်ကြဘူး။ ဒါပေယ့် အဲ့ဒီလူတွေကို တဖြည်းဖြည်းနဲ့ တစ်ခုမဟုတ်တစ်ခုဖြစ်လာအောင် ပြောင်းလဲပေးနိုင်တယ်။ ဒါမှမဟုတ် သူဌေးတွေနောက်ကိုလိုက်ပြီး တိုက်ပွဲတွေကို အောင်နိုင်ခြင်းဖြင့် သူဌေးတွေရဲ့ နာမည်ရမှုနဲ့ ရလဒ်တွေကိုပါ မျှဝေနိုင်လိမ့်မယ်။”

"အဲ့ဒီဂိမ်းရသသုံးမျိုးက အခု 'ငွေ'နဲ့ 'အချိန်' တွေနဲ့ ခြားနားထားတယ်။”

" 'အချိန်' ကိုတော့ ပြောင်းစရာ မလိုဘူး။ ဒီတော့ စုစည်းသူတွေနဲ့ သာမန်ကစားသမားတွေရဲ့ သရုပ်တွေကို ပြောင်းလဲဖို့ မလိုဘူး။ ပြောင်းလဲရမယ့်တစ်ခုတည်းသောသူက သူဌေးတွေပဲ။ ငါတို့ ဝယ်ယူနိုင်တဲ့ပစ္စည်းတွေကို ဖျက်သိမ်းလိုက်မယ်ဆို သူတို့ငွေဖြုန်းဖို့ နည်းလမ်းမရှိတော့ဘူး။”

"အဲ့လိုသာဖြစ်လာရင် တိုက်ပွဲအတွင်းမှာ ကစားသမားတချို့ကို ရွေး Boost လိုက်ပြီး တိုက်ပွဲခွန်အားမြင့်မားအောင် လုပ်ပေးလိုက်ပြီးရင် သူဌေးတစ်ယောက်လိုမျိုး ခံစားရစေအောင် လုပ်ပေးလိုက်မယ်။ အဲ့တာဆို ငါတို့ ပြဿနာ ပြေလည်မသွားဘူးလား။"

ဝမ်ရှောင်းပင်က အနည်းငယ် ယောင်လည်လည် ဖြစ်နေဆဲ ဖြစ်သည်။

ယဲ့ကျစ်ကျိုးက ဆက်ပြောပါသည်။ "ငါတို့ ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကို ဖျက်သိမ်းပြီးရင် အနှစ်ချုပ်အားဖြင့် ကစားသမားတွေရဲ့ တိုက်ပွဲအင်အားက အနည်းနဲ့ အများ အတူတူလောက်ပဲ ရှိသွားမယ်။ အချိန်နည်းနည်း ပိုရှိပြီး ကံနည်းနည်းပိုကောင်းတဲ့ ကစားသမာားတွေကတော့ သာမန်ကစားသမားတွေထက် နည်းနည်း ပိုအားကောင်းလောက်။ ဒါပေမယ့် အဲ့တာကလည်း အများကြီး မဟုတ်ပါဘူး။”

"ဒါပေမယ့် တိုက်ပွဲတွေအတွင်းမှာ ငါတို့ ကစားသမားတချို့ကို ကျပန်းရွေးချယ်ပြီး သူဌေးတွေလို ခံစားနိုင်အောင် လုပ်ပေးမယ်။ အဲ့ဒီကစားသမားတွေက သူဌေးတွေပဲ ပိုင်ဆိုင်နိုင်တဲ့ တိုက်ပွဲခွန်အားမျိုးကို ရနိုင်လိမ့်မယ်။”

"ကစားသမားတိုင်း ရွေးချယ်ခံရခွင့် ရှိစေဖို့အတွက် ငါတို့ ကစားသမားတိုင်းကို 'ရွေးချယ်ခံ' စနစ် ပေးမယ်။ အားလုံးရဲ့ ရွေးချယ်ခံ ဖြစ်လာနိုင်ချေက သုညကနေစပြီး စုစည်းသွားမယ်။ စနစ်က ကျပန်းရွေးချယ်လိမ့်မယ်။

"ရွေးချယ်မခံလိုက်ရတဲ့လူတွေက နောက်တစ်ချီကျရင် ရွေးချယ်ခံရနိုင်ချေ ပိုမြင့်လာမယ်။ သူတို့ နောက်ဆုံးရွေးချယ်ခံလိုက်ရပြီးရင် အဲ့ဒီတန်ဖိုးက သုညပြန်ဖြစ်သွားပြီး အစက ပြန်စမယ်"

"ရွေချယ်ခံရနိုင်ချေနှုန်းကတော့ ဂိမ်းထဲမှာ သူတို့ရဲ့ Active ဖြစ်မှုနဲ့ ကူညီထောက်ပံ့ပေးမှုတို့အပေါ် မူတည်မယ်။ ငါတို့ ဒီနည်းလမ်းကို အသုံးချပြီး ကစားသမားတွေကို အွန်လိုင်းပေါ် တက်ပြီးတော့ ပွဲတော်တွေမှာ ပိုပါဝင်ဖို့ တိုက်တွန်းရာလည်းကျမယ်။”

"ဒီဆိုလိုရင် ငါတို့ မူလကစားပုံကစားနည်း ပြောင်းလဲမှာ မဟုတ်မှန်း စိတ်ချလို့ရပြီးတော့ ကစားသမားအများစုကလည်း အလှည့်ကျစီ သူဌေးကစားသမားတွေ ဘယ်လိုခံစားရလဲဆိုတာကို ခံစားရမယ်။ ဘော့စ်ဖေးရဲ့ တောင်းဆိုချက်ကိုလည်း ပြည့်ဝစေပြီး ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကိုလည်း ရှင်းထုတ်ပြီးသား ဖြစ်သွားလိမ့်မယ်။”

"ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင် ပစ်လိုက်တာပဲ။”

ဝမ်ရှောင်းပင် အတွေးနက်နက်ထဲ ကျရောက်သွားသည်။

ယဲ့ကျစ်ကျိုး ပြောဆိုသော အကြောင်းအရာကို သီအိုရီသဘော အရဆိုရင်တော့ နားလည်ပေးလို့ရသည်။ သို့သော် အလွန် စွန့်စားရာကျပြီး ဆန်းသစ်လွန်းပါသည်။ လက်ရှိ ဂိမ်းလောကကို မီးရှို့လိုက်တာနှင့် တူနေသည်။

ဘာပဲဖြစ်ဖြစ် ဂိမ်းတစ်ခုလုံး၏ စနစ်ဒီဇိုင်းနှင့် ကစားပုံကစားနည်းကို မပြိုလဲစေဘဲ ဘော့စ်ဖေး၏ ဝယ်ယူနိုင်သည့် ပစ္စည်းအားလုံးကို ဖျက်သိမ်းဖို့ တောင်းဆိုချက်ကို လိုက်နာဖို့... ဒါက ဖြေရှင်းချက်အမှန် ဖြစ်ပါသည်။

ဝမ်ရှောင်းပင်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။ ငါတို့ စမ်းကြည့်ကြတာပေါ့။ ငါ စနစ်ဒီဇိုင်း မော်ဒယ်တစ်ခု ဆွဲလိုက်မယ်။ မင်းကတော့ စည်းမျဥ်းစည်းကမ်းနဲ့ အခြေအနေ အရပ်ရပ် အသေးစိတ်တွေကို စဥ်းစားဖို့ တာဝန်ယူလိုက်။ သြော် ငါတို့ အစည်းအဝေးတစ်ခု အရင်လုပ်ပြီး အားလုံးကို ဒီအကြံအကြောင်း ပြောပြလိုက်ကြမလား။”

ယဲ့ကျစ်ကျိုးက ခေါင်းငြိမ့်လိုက်ပြီး အတွေးများကို သေချာစုစည်းကာ မတ်တပ်ရပ်လိုက်ပါသည်။

"အားလုံးပဲ အစည်းအဝေးခန်းထဲကို လာပေးကြပါ။ ကျွန်တော်တို့ ဂိမ်းအတွက် ပြောင်းလဲမှုတွေကို ဆွေးနွေးကြပါမယ်။”

ဘာကြောင့်မှန်းမသိဘဲ ယဲ့ကျစ်ကျိုး ဒီတစ်ခေါက်တော့ ယုံကြည်ချက် ပြည့်ဝနေသလို ခံစားမိပါသည်။ ကြည့်ရတာ အစီအစဉ်ရေးဆွဲသူချုပ်အဖြစ် သူ အသားကျလာသည့်ပုံပင်။

Zawgyi

ေဖးခ်မ့္ 147+148

အခန္း(၁၄၇) ေဘာ့စ္ေဖးရဲ႕ အျမင္ကို သံသယ မျဖစ္ရဘူး

႐ွန္းယန္ဂိမ္း၏ ႐ုံးခန္းထဲတြင္...။

အေျခအေနက အနည္းငယ္ တင္းမာေန၏။

အားလုံးက ေဘာ့စ္အသစ္ ရလာသျဖင့္ လွပ သစ္လြင္သည့္ စမွတ္တစ္ခုကို ရေတာ့မည္ဟု ထင္ခဲ့ၾကသည္။ ေဘာ့စ္ေဖးေဘးတြင္ အတူတူ အလုပ္လုပ္ၿပီး၊ အၾကံေကာင္းမ်ား ထုတ္ကာ၊ ဘယ္သူမွ  မျမင္ဖူးသည့္ ဂိမ္းမ်ိဳးမ်ားကို ထုတ္လုပ္ၿပီး ေစ်းကြက္ကို သိမ္းပိုက္ဖို႔ ေမွ်ာ္လင့္ထားၾက၏။ ၾကည့္ရတာ ဒါေတြ တစ္ခုမွ ျဖစ္လာမည့္ပုံမေပၚေပ။

ေဘာ့စ္ေဖးက သူ႕မ်က္ႏွာကို လာျပေသာ္လည္း စကား ၁၀ ခြန္းေအာက္ ေျပာၿပီးေနာက္ ျပန္သြားပါသည္။

သူတို႔ထဲက အေတြ႕အၾကဳံ အ႐ွိဆုံးလူ ဝမ္ေ႐ွာင္းပင္ကို အစီအစဥ္ေရးဆြဲသူခ်ဳပ္ရာထူးက ခ်လိုက္ၿပီး ေနာက္ဆုံးမွ ကုမၸဏီကို ဝင္လာသည့္ လူကို ရာထူးတိုးေပးလိုက္ပါသည္။ လတိုင္း ဘာအေၾကာင္းျပခ်က္မွ မ႐ွိဘဲ လူတစ္ေယာက္ကို အလုပ္ျဖဳတ္ခြင့္ေတာင္ ေပးထားခဲ့ပါေသးသည္။

ကုမၸဏီအတြက္ အနာဂတ္အစီအစဥ္က ပို၍ပင္ အဓိပၸာယ္မဲ့ေနပါေသးသည္။ ပထမ ေျခလွမ္းက ၎တို႔၏ လက္႐ွိဂိမ္းႏွစ္ခုထဲက ဝယ္ယူႏိုင္သည့္အရာအားလုံးကို ဖ်က္သိမ္းၿပီး တစ္ခုသာ ခ်န္ထာားဖို႔ ျဖစ္သည္။ ဒုတိယ ေျခလွမ္းက ဂိမ္းအသစ္တစ္ခုအတြက္ လူတိုင္း အစီအစဥ္ခ်ျပဖို႔ ျဖစ္သည္။

ဒါေတြကလြဲၿပီး ေဘာ့စ္ေဖးမွာ တျခား အထင္အျမင္ေကာ အၾကံဉာဏ္ေကာ မ႐ွိပါ။ ေဘာ့စ္ေဖးကိုယ္တိုင္ အလုပ္တိုင္းကို လုပ္ပါ့မလား။ မျဖစ္ႏိုင္ပါ။

ယဲ့က်စ္က်ိဳးကို ေဘာ့စ္ေဖး ေပးလိုက္သည့္ အႂကြင္းမဲ့အာဏာကို ၾကည့္ျခင္းအားျဖင့္ သူ အေတာ္ၾကာ ျပန္လာမွာ မဟုတ္ေလာက္ေပ။ ယဲ့က်စ္က်ိဳးက သူ႕ရဲ႕ ေျပာေရးဆိုခြင့္႐ွိသူ ျဖစ္လာလိမ့္မည္။

ပထမေတာ့ အားလုံးက ႐ွန္းယန္ဂိမ္း ေသရာမွ ျပန္႐ွင္လာၿပီး ဘဝအသစ္တစ္ခု စတင္ရေတာ့မည္ဟု ထင္ခဲ့သည္။ ခ်က္ခ်င္းဆိုသလို သူတို႔ အေခါင္းထဲ ျပန္တြန္းခံလိုက္ရ၏။ ေဘာ့စ္ေဖးက အေခါင္းကို သံေတြနဲ႔ေတာင္ ႐ိုက္ပိတ္သြားသည့္ပုံပင္။

ထို႔ေၾကာင့္ အေျခအေနက အလြန္တင္းမာလ်က္႐ွိပါသည္။

အမွန္ပင္။ ထန္းတာ့က ေက်ာေထာက္ေနာက္ခံအျဖစ္႐ွိေနသျဖင့္ ႐ွန္းယန္ဂိမ္းက အခ်ိန္တိုအတြင္း ပိတ္ခ်လိုက္ရမွာ မဟုတ္ေၾကာင္းေတာ့ အားလုံးသိၾကပါသည္။ သူတို႔ အလုပ္က အေတာ္ေလး စိတ္ခ်ရပါသည္။

သို႔ေသာ္လည္း ေရ႐ွည္အတြက္ေတာ့ ဒီအလုပ္ ဆက္ၿပီး တည္႐ွိႏိုင္ဦးမလား မေသခ်ာႏိုင္ပါ။

ဝမ္ေ႐ွာင္းပင္က ယဲ့က်စ္က်ိဳးကို စိုးရိမ္စြာ ၾကည့္လိုက္သည္။ ထိုင္ခုံတြင္ ေခါင္းငုံ႔ကာ ထိုင္ေနၿပီး ဖုန္းတြင္ စာ႐ိုက္ေနသည္။ ဘယ္သူ႕ကို စကားေျပာေနမွန္း မသိပါ။

သူ႕ရဲ႕ ပထမဆုံး အခြင့္အေရးကိုသုံးၿပီး ဒီတိုင္း အေၾကာင္းျပခ်က္ မ႐ွိဘဲနဲ႔ အလုပ္ေတာ့ စမျဖဳတ္ေလာက္ေသးပါဘူးေနာ္္။ ဟုတ္တယ္မလား။ ဝမ္ေ႐ွာင္းပင္ အေတာ္ေလး စိုးရိမ္ေနပါသည္။

ယခု ယဲ့က်စ္က်ိဳးက  အစီအစဥ္ေရးဆြဲသူခ်ဳပ္ျဖစ္လာၿပီး အားလုံးကို အမိန္႔ေပးဖို႔ႏွင့္ တာဝန္ေပးဖို႔ တာဝန္ယူရေတာ့မည္။ ဒါက အစီအစဥ္ေရးဆြဲသူခ်ဳပ္တစ္ေယာက္၏ တာဝန္ပဲ ျဖစ္ပါသည္။

ယဲ့က်စ္က်ိဳးသာ ဘာတစ္ခြန္းမွ မေျပာပါက အားလုံး အလုပ္စားပြဲမွာသာ ထိုင္ေနရၿပီး အခ်ိန္ျဖဳန္းေနရပါမည္။

ယဲ့က်စ္က်ိဳး တာဝန္ယူႏိုင္ပါ့မလား မယူႏိုင္ဘူးလား ဝမ္ေ႐ွာင္းပင္ မေသခ်ာပါ။ သို႔ေသာ္လည္း ျဖစ္ၿပီးတာက ျဖစ္ၿပီးပါၿပီ။ အေျခအေနေတြ ဘယ္လိုျဖစ္လာမလဲဆိုတာ သူေစာင့္ၾကည့္ဖို႔သာ ႐ွိေတာ့သည္။

ယဲ့က်စ္က်ိဳးက မာယိခြၽမ္ကို စာပို႔ေနျခင္း ျဖစ္ပါသည္။ "ညီအစ္ကိုမာ ငါမင္းကို ေျပာစရာ ႐ွိတယ္။ ဒါေပမယ့္ ဘယ္လိုေျပာရမွန္းမသိေတာ့ဘူး...။”

မာယိခြၽမ္၏ မက္ေဆ့ခ်္က ခ်က္ခ်င္းျပန္လာသည္။ "ေျပာေလ။ ငါ႐ွိတယ္။ ဘာျပႆနာပဲ႐ွိ႐ွိ ငါတို႔ အတူတူ ရင္ဆိုင္ႏိုင္ပါတယ္။”

မာယိခြၽမ္က ထန္းတာ့မွာ ဘာအလုပ္မွ မလုပ္ရေသးပါ။ ဂိမ္းအသစ္၏ ဇာတ္လမ္းအတြက္ သူကူညီေပးခြင့္ေတာင္ မ႐ွိေသးေပ။ သူ အလြန္ပ်င္းေနၿပီး ေခါင္းေတြေတာင္ ကိုက္ေနပါၿပီ။ ထို႔ေၾကာင့္ စာအျမန္ျပန္ႏိုင္ျခင္း ျဖစ္သည္။

ယဲ့က်စ္က်ိဳးက ေခတၱတြန္႔ဆုတ္သြားၿပီး စာထပ္႐ိုက္လိုက္သသည္။ "ေဘာ့စ္ေဖးက အစည္းအေဝးလုပ္ၿပီး ငါ့ကို ႐ွန္းယန္ဂိမ္းရဲ႕ အစီအစဥ္ေရးဆြဲသူခ်ဳပ္ရာထူး ေပးသြားတယ္..."

"??????????"

? ဆယ္ခုႏွင့္ စာေၾကာင္းတစ္ေၾကာင္းေပၚလာသည္။ ဖန္သားျပင္ေပၚမွာေတာင္ မာယိခြၽမ္၏ ေၾကာင္စီစီ ျဖစ္သြားမႈကို ယဲ့က်စ္က်ိဳး ခံစားမိပါသည္။

ဒါ ဘာသေဘာလဲ။

မာယိခြၽမ္ ဒီကမ႓ာႀကီးကို နားမလည္ႏိုင္ေတာ့ေပ။

ယခင္တုန္းက ႐ွန္းယန္းဂိမ္းမွာ ဟြမ္စစ္ေပၚႏွင့္ အတူတူ သူ အလုပ္လုပ္ဖူးပါသည္။ သူတို႔က ခက္ခဲသည့္ အခ်ိန္မ်ားကို အတူတူ ျဖတ္ေက်ာ္ခဲ့ၾကသည့္ မိတ္ေဆြမ်ာျဖစ္ခဲ့ၾကသည္။ မ်က္စိတစ္မွိတ္အခ်ိန္အတြင္း ဟြမ္စစ္ေပၚက ထန္းတာ့ဂိမ္းဆီ ခုန္ကူးသြားၿပီး အဆင့္မ်ား ျမင့္တက္လာခဲ့သည္။ စီမံခန္႔ခြဲေရးအစီအစဥ္ဆြဲသူမွ အစီအစဥ္ေရးဆြဲသူခ်ဳပ္ ျဖစ္လာသည္။

မာယိခြၽမ္ကေတာ့ ယဲ့က်စ္က်ိဳးႏွင့္အတူ ႐ွန္းယန္ဂိမ္းမွာပဲ အလုပ္ဆက္လုပ္ခဲ့ပါသည္။ သူတို႔ကလည္း ခက္ခဲသည့္ အခ်ိန္မ်ားကို အတူျဖတ္ေက်ာ္ခဲ့ၾကေသာ မိတ္ေဆြမ်ား ျဖစ္ၾကသည္။ မ်က္စိတစ္မွိတ္အခ်ိန္အတြင္း ေဘာ့စ္ေဖးက ႐ွန္းယန္ဂိမ္းကို ဝယ္ယူသြားသည္။ ယဲ့က်စ္က်ိဳးကလည္း အဆင့္ျမင့္တက္သြားၿပီး အစီအစဥ္ေရးဆြဲသူခ်ဳပ္ ျဖစ္လာပါသည္။

မာယိခြၽမ္သာ ေန႔တိုင္း ေဘာ့စ္ေဖးထံမွ ဒီဇိုင္း အေၾကာင္းအရာမ်ားကို သင္ယူရင္း က်န္ေနခဲ့ပါေတာ့သည္။ အခုခ်ိန္ထိ ႂကြားဝါလို႔ရသည့္ မည္သည့္ အလုပ္မွ မလုပ္ရေသးပါ။

မာယိခြၽမ္ ကိုယ့္ကိုယ္ကို သံသယဝင္ေနမိပါၿပီ။

ဘာလို႔လဲ။ ႏွစ္ႀကိမ္ဆက္တိုက္ စီမံခန္႔ခြဲေရး အစီအစဥ္ဆြဲသူေတြက အစီအစဥ္ေရးဆြဲသူခ်ဳပ္ေတြအျဖစ္ ေျပာင္းလဲကုန္တယ္။ မဟုတ္မွလြဲေရာ... ငါက ကံေကာင္းျခင္း အေဆာင္ေလးမ်ားလား။ ငါနဲ႔ သူငယ္ခ်င္းျဖစ္ခဲ့တဲ့လူေတြက အကုန္လုံး အစီအစဥ္ေရးဆြဲသူခ်ဳပ္ေတြ ျဖစ္လာၾကတယ္။

ဒါဆိုလည္း ဘာလို႔ အားလုံးအတြက္ ကံေကာင္းျခင္းအေဆာင္ျဖစ္ေစတဲ့ ငါက အဲ့ေလာက္ ကံမေကာင္းႏိုင္ရတာလဲ။

မာယိခြၽမ္ အၾကာႀကီး စာမျပန္ေတာ့သျဖင့္ ယဲ့က်စ္က်ိဳးက စာထပ္႐ိုက္လိုက္ပါသည္။ "ညီအစ္ကိုမာ ငါအခု ဖိအားေတာ္ေတာ္မ်ားေနၿပီ။ အရင္တုန္းကလည္း အစီအစဥ္ေရးဆြဲသူခ်ဳပ္ တစ္ခါမွ မလုပ္ဖူးဘူး။ ေဘာ့စ္ေဖးကို ငါ့ကိုယ္စား တျခား တစ္ေယာက္ေယာက္ကို ေ႐ြးဖို႔ ေျပာေပးပါလားကြာ။”

မာယိခြၽမ္ ေဒါသထြက္သြားသည္။

ေခြးေကာင္။ မင္း ကံေကာင္းတာကို ဝန္မခံခ်င္ဘူး။ ေတာ္ေတာ္မ်ားတဲ့ေကာင္ပဲ။

ေဘာ့စ္ေဖးက မင္းကို အစီအစဥ္ေရးဆြဲသူခ်ဳပ္ ရာထူးေပးလိုက္တာေတာင္ မင္းက စိတ္မဝင္စားဘူးဟုတ္လား။ ငါ့ကို စိတ္လာဆြေနတာလား။

"ဂြတ္ဘိုင္" မာယိခြၽမ္ ခ်က္ခ်င္းပဲ Chat Window ကို ပိတ္လိုက္ပါသည္။

ယဲ့က်စ္က်ိဳးက  အျမန္စာျပန္လိုက္ဦး။ "ေနပါဦး။ ညီအစ္ကိုမာ ငါတကယ္ႀကီး အစြမ္းအစမ႐ွိဘူးလို႔ ထင္လို႔ပါကြာ။ ငါ ဒီအလုပ္ထဲ ဝင္လာတာ ဘယ္ေလာက္ၾကာေသးလို႔လဲ။ ငါ ဘာမွ မသိဘူး။ ဘယ္လိုလုပ္ၿပီး အစီအစဥ္ေရးဆြဲသူခ်ဳပ္လုပ္လို႔ရမွာလဲ။”

"ေဘာ့စ္ေဖးက ဒီေလာက္ဝန္အႀကီးႀကီး ထမ္းခိုင္းသြားတာ ငါသာ ျပႆနာ႐ွာမိရင္ ဘယ္လိုလုပ္မလဲ။”

မာယိခြၽမ္က ယဲ့က်စ္က်ိဳး၏ မက္ေဆ့ခ်္မ်ားကို ဖတ္ၾကည့္လိုက္ၿပီး ဒီေကာင္ ေဘာ့စ္ေဖးကို စိတ္ပ်က္ေအာင္ လုပ္မိမွာ စိုးရိမ္ေနတာ ျဖစ္သည္ဟု ထင္လိုက္မိပါသည္။

အင္း သင္ေပးလို႔ေတာ့ ရပါတယ္။

မာယိခြၽမ္က ေခတၱစဥ္းစားလိုက္ၿပီး သူလည္း အရင္က ဒီလိုအေျခအေနမ်ိဳး ေရာက္ဖူးေၾကာင္း နားလည္သြားပါသည္။ ေဘာ့စ္ေဖး၏ သင္ၾကားမႈႏွင့္ ထုဆစ္မႈကို လေပါင္းမ်ားစြာ နာခံခဲ့ရသူတစ္ေယာက္အျဖစ္ အၾကံဉာဏ္တခ်ိဳ႕ႏွင့္ အေတြ႕အၾကဳံမ်ားကို အေတြ႕အၾကဳံ မ႐ွိသည့္ ညီငယ္တစ္ေယာက္အား မွ်ေဝေပးသင့္ပါသည္။

"စိတ္မပူနဲ႔။ စိတ္ေအးေအးထားၿပီး မင္းအလုပ္ကိုပဲ မင္းလုပ္။ မင္း ဟြမ္စစ္ေပၚကို သိလား။ သူက မင္းအရင္ ကုမၸဏီကို ေရာက္လာတဲ့လူပဲ။ ငါတို႔ႏွစ္ေယာက္စလုံးက သူငယ္ခ်င္းေတြပဲ။”

"အဲ့တုန္းက သူက စီမံခန္႔ခြဲေရးအစီအစဥ္ဆြဲသူေလ။  သူလည္း မင္းလုပ္ရမယ့္ အလုပ္အတိုင္း လုပ္ခဲ့တာပဲ။ ေနာက္ေတာ့ သူ ထန္းတာ့ဂိမ္းကိုေရာက္လာတယ္ ေဘာ့စ္ေဖးက သူ႕ကို အစီအစဥ္ေရးဆြဲသူခ်ဳပ္ျဖစ္ေအာင္  ခန္႔လိုက္တယ္။ မင္းလိုမ်ိဳးပဲ။"

"ေနာက္ေတာ့ ဘာျဖစ္သြားလဲသိလား။ သမုဒၵရာရဲတိုက္ကို ငါ့ညီအစ္ကို ဟြမ္စစ္ေပၚက ဖန္တီးထားတာ။”

"အဲ့တာေၾကာင့္ ဘာမွ စိတ္ပူမေနနဲ႔။ မင္းကိုယ္မင္း သံသယျဖစ္ခ်င္ျဖစ္လို႔ရတယ္။ ဒါေပမယ့္ ေဘာ့စ္ေဖးရဲ႕ အေျမာ္အျမင္ကိုေတာ့ သံသယျဖစ္လို႔မရဘူးေနာ္။”

"အခုခ်ိန္ထိ ေဘာ့စ္ေဖးက လူေတြအမ်ားႀကီးကို ေျမေတာင္ေျမႇာက္ေပးခဲ့တာ။ အစတုန္းကေတာ့ ဘယ္သူမွ ေဘာ့စ္ေဖးရဲ႕ ရည္႐ြယ္ခ်က္ကို နားမလည္ခဲ့ၾကဘူး။ ဒါေပမယ့္ ေဘာ့စ္ေဖးမွာ ထူးျခားတဲ့ ဉာဏ္ပညာနဲ႔ အျမင္႐ွိမွန္း ခပ္ျမန္ျမန္ပဲ နားလည္သြားၾကတယ္။ သူက ဘယ္သူမွ မျမင္ႏိုင္တဲ့ လူေတြရဲ႕ ပါရမီကို ျမင္ႏိုင္တယ္။”

"မင္း ဘာမွ စိတ္ပူဖို႔ မလိုဘူးေနာ္။ ေဘာ့စ္ေဖးက မင္းလုပ္ႏိုင္တယ္လို႔ ေျပာသြားေတာ့ မင္း ေသခ်ာေပါက္ လုပ္ႏိုင္လို႔ပဲ။"

မာယိခြၽမ္၏ ျပန္စာကို ဖတ္႐ႈၿပီးေနာက္ ယဲ့က်စ္က်ိဳး ေလးေလးနက္နက္ ေတြးလိုက္မိပါသည္။

ဒီလိုကိုး။ ဒီလို ယုတၱိမ႐ွိသည့္ လုပ္ရပ္မ်ိဳးကို လုပ္ခဲ့တာ ပထမဆုံးအႀကိမ္ မဟုတ္ေပ။ အရင္တုန္းက ျဖစ္ဖူးတယ္တဲ့လား။ ထို႔အျပင္ ေအာင္ျမင္တဲ့ ျဖစ္ရပ္ ျဖစ္ခဲ့တယ္တဲ့လား။

ဒါဆို ေဘာ့စ္ေဖးက ငါ့အရည္အခ်င္းကို တကယ္ျမင္လို႔ျဖစ္မယ္။ ငါက ဘာလို႔ မသိရတာလဲ။

ဒါေပမယ့္ မာယိခြၽမ္ေျပာခဲ့သလိုပဲ ေဘာ့ေဖးက ငါ့ကို ဘာအေၾကာင္းျပခ်က္မွမ႐ွိ၊ ဘာရည္႐ြယ္ခ်က္မွမ႐ွိဘဲ ရာထူးတိုးေပးခဲ့တာ မျဖစ္ႏိုင္ဘူး။ သူ ငါ့ကို အာဏာေတြ အမ်ားႀကီးေတာင္ ေပးခဲ့ေသးတယ္။

ယဲ့က်စ္က်ိဳး ပိုၿပီးစဥ္းစားၾကည့္ေလေလ ပိုၿပီး ယုံၾကည္ခ်က္ ျပည့္ဝလာေလေလ ျဖစ္လာခဲ့သည္။

ေဘာ့စ္ေဖးက ငါ့ကို အာဏာေတြအမ်ားႀကီး ေပးသြားတယ္ဆိုေတာ့ ငါ့ကို ယုံၾကည္ခ်က္ထားၿပီး ငါလုပ္ခ်င္တာလုပ္ဖို႔ အရိပ္အႁမြက္ေပးသြားတာျဖစ္ႏိုင္တယ္။ ငါသာ ေၾကာက္ၿပီး မလႈပ္ႏိုင္မ႐ွားႏိုင္ျဖစ္လာရင္ ထန္းတာ့မွာ အလုပ္လုပ္တဲ့ လူတစ္ေယာက္နဲ႔ ဘယ္တူေတာ့မလဲ။ ေဘာ့စ္ေဖးကို စိတ္ပ်က္သြားေစမယ္ မဟုတ္လား။

အခု ငါက ဂုဏ္သေရ႐ွိ ထန္းတာ့ရဲ႕ ဝန္ထမ္း တစ္ေယာက္ျဖစ္သြားၿပီကြ။

ထိုသို႔စဥ္းစားလိုက္႐ုံနဲ႔ ယဲ့က်စ္က်ိဳး ခ်က္ခ်င္း အေပ်ာ္လြန္သြားပါသည္။

"လမ္းၫႊန္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ညီအစ္ကိုမာ။”

ယဲ့က်စ္က်ိဳးက သူ႕ဖိုင္တြဲမ်ားကို ဖြင့္လိုက္ၿပီး ယုံၾကည္ခ်က္ျပည့္ဝစြာျဖင့္ ကီးဘုတ္ကို ႐ိုက္လိုက္ပါသည္။ သူကုမၸဏီသို႔ ဝင္လာၿပီး လပိုင္းအတြင္းမွာ ဒီဂိမ္းႏွစ္ခုကို အကဲခတ္ဖို႔ ကိုယ္ပိုင္အခ်ိန္မ်ားကိုပင္ ယဲ့က်စ္က်ိဳး အသုံးျပဳခဲ့ပါသည္။

ထင္ထားသလိုပင္။ ဒီဂိမ္းႏွစ္ခုကို တင္လိုက္ျခင္းက ဂိမ္မာမ်ားကို ေခ်းေႂကြးျခင္းနဲ႔ ညီမွ်ပါက ယဲ့က်စ္က်ိဳးက ေန႔တိုင္း သူ႕လက္ထဲ ေခ်းကိုင္ထားရသလိုျဖစ္ေနပါသည္။ သူ မ႐ြံ႐ွာဘဲေနပါ့မလား။

ယဲ့က်စ္က်ိဳး၏ အျမင္ သို႔မဟုတ္ ႐ွန္းယန္ဂိမ္း ဝန္ထမ္း ေတာ္ေတာ္မ်ားမ်ား၏ အျမင္တြင္ ဒီဂိမ္းမ်ား၏ ဆိုးကြက္မ်ားစြာ ႐ွိသည္။ ငါးမိနစ္ေလာက္ ကစားၾကည့္႐ုံနဲ႔ ျပႆနာမ်ားစြာကို ထုတ္ျပႏိုင္သည္။

သို႔ေသာ္လည္း ဘယ္သူကမွ မျပင္ဆင္ၾကပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ အားလုံးက ေရသာခိုေနၾကေသာေၾကာင့္ပင္။ လ်ိဳ႕ႀကီးကလည္း ဘာမွ မလုပ္ခိုင္းပါ။ ဘယ္သူကမွလည္း အလုပ္ ထပ္ေတာင္းဖို႔ စိတ္မဝင္စားၾကေပ။

လ်ိဳ႕ႀကီးကိုယ္တိုင္ ထိုျပႆနာမ်ားကို မေျဖ႐ွင္းရသည့္ အေၾကာင္းအရင္းက ေငြေၾကးစီမံမႈအပိုင္းတြင္ ဖိအားမ်ားစြာ ႐ွိေနေသာေၾကာင့္ ျဖစ္ပါသည္။

ထိုအခ်ိန္တုန္းက ဂိမ္းမ်ားထံမွ ရသည့္ ကုမၸဏီဝင္ေငြမ်ားမွာ ကုမၸဏီ၏ ကုန္က်စရိတ္မ်ားကို ကာမိ႐ုံေလာက္သာ ႐ွိပါသည္။ ပန္းခ်ီအရင္းအျမစ္ေတြကို ေျပာင္းလဲၿပီး ဂိမ္းကစားပုံကို ေျပာင္းလဲဖို႔ ရန္ပုံေငြ ဘယ္ကရႏိုင္မည္နည္း။

စားပြဲေပၚမွာ အၾကံေကာင္းမ်ားစြာ႐ွိေနရင္ေတာင္ ထိုအၾကံမ်ားကို ဂိမ္းထဲသို႔ ကူးေျပာင္းဖို႔ အခ်ိန္တင္မကဘဲ ေငြလည္း လိုပါေသးသည္။။

အခုေတာ့ လ်ိဳ႕ႀကီး ယဲ့က်စ္က်ိဳး၏ လႈပ္႐ွားမႈတိုင္းကို အၾကံေပးေနတာမ်ိဳး မ႐ွိေတာ့သျဖင့္ အဓိပၸာယ္အ႐ွိဆုံးဟု ထင္ရသည့္ သူ႕အေတြးမ်ားကို သူ အေကာင္အထည္ ေဖာ္ႏိုင္ပါၿပီ။

အခန္း(၁၄၈) ဘယ္သူမွ မေျဖ႐ွင္းႏိုင္ေသးတဲ့ ျပႆနာတစ္ခု

ထိုဂိမ္းႏွစ္ခုက အေတာ္ေလး ဒိတ္ေအာက္ေနပါၿပီ။ ျပႆနာမ်ားစြာ ႐ွိၾကကာ ဘယ္က စလုပ္ရမွန္းေတာင္ ေတြးဖို႔ ခက္ခဲေနပါသည္။ ကံေကာင္းစြာျဖင့္ ေဘာ့စ္ေဖးက အလြန္ေကာင္းမြန္သည့္ စမွတ္တစ္ခုကို သတ္မွတ္ေပးသြားသည္။ ဝယ္ယူႏိုင္ေသာ ပစၥည္းမ်ားျဖစ္၏။

ဂိမ္းထဲမွ ဝယ္ယူႏိုင္ေသာ ပစၥည္းမ်ား အားလုံးကို ဖ်က္သိမ္းၿပီးတစ္ခုသာ ခ်န္ထားရမည္။ ဒါက အေတာ္ေလး အားထုတ္ရမည့္ တာဝန္ ျဖစ္သည္။ ဂိမ္းႏွစ္ခုစလုံးတြင္ စုစုေပါင္း အနည္းဆုံး ဝယ္ယူႏိုင္သည့္ ပစၥည္းမ်ား ဆယ္ဂဏန္း ႐ွိပါသည္။ ေငြျဖည့္သြင္းျခင္း၊ ေငြသုံးစြဲရသည့္ လုပ္ငန္းမ်ားနဲ႔ သာမန္ပစၥည္းမ်ား ဝယ္ယူျခင္းမ်ားလည္း ႐ွိသည္။ စနစ္ဝယ္ယူမႈမ်ားလည္း ႐ွိပါေသးသည္။

ဘယ္လို ဝယ္ယူႏိုင္ေသာ ပစၥည္းကိုမဆို ထည့္သြင္းလို႔ရသည့္ ေနရာတိုင္းကိုမဆို သူတို႔ ထည့္သြင္းၿပီးၾကပါၿပီ။ ထို ဝယ္ယူႏိုင္ေသာ ပစၥည္းမ်ားကို ဖ်က္သိမ္းဖို႔ဆိုတာ ေ႐ွာ့ပင္းေမာလ္တစ္ခု၏ ဝင္ေပါက္ကို ပိတ္လိုက္ရသေလာက္ မလြယ္ကူေပ။ ထိုဝယ္ယူႏိုင္ေသာ ပစၥည္းမ်ားက စနစ္ဒီဇိုင္း တစ္ခုလုံးႏွင့္ ဆက္ႏြယ္ေနပါသည္။

ယြမ္ ၅၀၀ ျဖည့္သြင္းထားသည့္ လူတစ္ေယာက္က ယြမ္ ၁၀၀ သာ ျဖည့္သြင္းထားသည့္ လူကိုအႏိုင္ယူႏိုင္ၿပီး ယြမ္ ၁၀၀ ျဖည့္သြင္းထားသူကလည္း ယြမ္ ၃၀ သာ ျဖည့္သြင္းထားသူကို အႏိုင္ယူႏိုင္ေစဖို႔က ဂိမ္းဒီဇိုင္းကို ေသေသခ်ာခ်ာ အစီအစဥ္ဆြဲဖို႔လိုၿပီး ဝယ္ယူမႈ အဆင့္ျခားနားခ်က္တိုင္းမွာ ၎တို႔အတြက္ ျခားနားသည့္ အေတြ႕အၾကဳံမ်ားကို တိုးျမႇင့္ေပးဖို႔ လိုအပ္ပါသည္။

ထို႔အျပင္ ထိုတိုက္ပြဲပါဝါစနစ္မ်ားက ခ်ိတ္ဆက္မႈ ႐ွိသည္။ ပါဝါဆတိုးစနစ္ကလည္း ဂိမ္းပတ္ဝန္းက်င္ႏွင့္ ခ်ိတ္ဆက္မႈ ႐ွိ၏။ ေတာ႐ိုင္းထဲက အသားစား သတၱဝါမ်ားႏွင့္ အပင္စား သတၱဝါမ်ားကဲ့သို႔ ျဖစ္သည္။

ထို႔ေၾကာင့္ ဒါေတြအားလုံးက စနစ္ဒီဇိုင္း ျပႆနာသာ ျဖစ္သည္။

ထို႔ေၾကာင့္လည္း ႏိုင္ငံေတာ္ထဲတြင္ အႀကီးတန္း အစီအစဥ္ေရးဆြဲသူမ်ားက ဒီလို ရာထူးျမင့္မ်ိဳးကို သေဘာက်ၾကျခင္း ျဖစ္သည္။ သူတို႔ေ႐ွ႕မွာ အစီအစဥ္ေရးဆြဲသူခ်ဳပ္တစ္ေယာက္သာ ႐ွိေတာ့၏။ စနစ္ဒီဇိုင္းမ်ားက မၾကာခဏဆိုသလို Paywall ပါသည့္  ဂိမ္းမ်ား၏ ဂိမ္းရသကို အဆုံးအျဖတ္ ေပးႏိုင္ပါသည္။

ဝယ္ယူႏိုင္ေသာပစၥည္းမ်ားကို ေျပာင္းလဲဖို႔ဆိုတာ စနစ္ဒီဇိုင္းကို ေျပာင္းလဲတာႏွင့္ ညီမွ်သည္။ ဆိုလိုတာက ကစားသမားမ်ားအား ၎တို႔ သုံးသည့္ေငြပမာဏအလိုက္ အဆင့္ခြဲျခားဖို႔ကို တျခားနည္းလမ္းတစ္ခု သုံးရေတာ့မည္ျဖစ္သည္။

အဆင့္ခြဲျခားဖို႔ နည္းလမ္းကို ေျပာင္းလဲဖို႔ တစ္ခုခု အမွားလုပ္မိပါက စနစ္ဒီဇိုင္းတစ္ခုလုံးကို ၿပိဳလဲသြားေစပါလိမ္န႔မည္။

အရင္တုန္းက Bloody Battle Song လိုပင္။ ျပင္းျပင္းထန္ထန္ ေဝဖန္ခံရၿပီးေနာက္ ၎၏ ဝင္ေငြက အေတာ္ေလးကို နိမ့္က်သြားခဲ့ပါသည္။ လ်ိဳ႕ႀကီးက ထိုဓား၏ ေစ်းႏႈန္းကို အလြန္ျမင့္မားေသာ ေဈးႏႈန္းျဖင့္ ေရာင္းခ်ခဲ့ၿပီး ႐ိုး႐ွင္းသည့္ စနစ္ဒီဇိုင္းျပႆနာေလးေၾကာင့္ ဒီေလာက္ ျပင္းထန္သည့္ အာနိသင္ဆိုးကို ျဖစ္ေပၚေစခဲ့သည္။

ယဲ့က်စ္က်ိဳးက ဒါကို အၾကာႀကီး ေတြးၾကည့္လိုက္ၿပီး ဒါက သူ႕လုပ္ကိုင္ႏိုင္စြမ္းထက္ ေက်ာ္လြန္ေနသည္ဟု ခံစားေနရဆဲ ျဖစ္ပါသည္။သူ႕မွာ အၾကံတခ်ိဳ႕႐ွိေသာ္လည္း တကယ္ပဲ အေကာင္အထည္ေဖာ္ႏိုင္ပါ့မလား မေသခ်ာပါ။ ထို႔ေၾကာင့္ စာတမ္းကို ပရင့္ထုတ္လိုက္ၿပီး ဝမ္ေ႐ွာင္းပင္ႏွင့္ သြားတိုင္ပင္လိုက္ပါသည္။

ဝမ္ေ႐ွာင္းပင္က အေတြ႕အၾကဳံ႐ွိေသာ အႀကီးတန္း အစီအစဥ္ေရးဆြဲသူတစ္ေယာက္ျဖစ္သည္။ ယဲ့က်စ္က်ိဳး၏ အၾကံကို ၾကားလိုက္ရေသာအခါ သူမ်က္ေမွာင္ၾကဳတ္သြား၏။  ဒီလိုေျပာင္းလဲမႈမ်ိဳးကို စိတ္ကူး႐ွိတိုင္း လုပ္လို႔ မျဖစ္ပါ။

အရင္တုန္းကသာဆို လ်ိဳ႕ႀကီးႏွင့္ ဝမ္ေ႐ွာင္းပင္ကို အသာထား၊ ဘယ္လိုအေတြ႕အၾကဳံ႐ွိသည့္ အစီအစဥ္ဆြဲသူမ်ိဳးကမဆို ဒီလိုေျပာင္းလဲမႈမ်ားကို ဒီလိုလုပ္လို႔မရေၾကာင္း ခံစားမိမည္ျဖစ္သည္။ သူတို႔ ခ်က္ခ်င္းပဲ ယဲ့က်စ္က်ိဳး၏ ကမ္းလွမ္းခ်က္ကို ပယ္ခ်လိုက္လိမ့္မည္။

သို႔ေသာ္လည္း ယဲ့က်စ္က်ိဳးက ယခု အစီအစဥ္ေရးဆြဲသူခ်ဳပ္ျဖစ္ေနသျဖင့္ ဘယ္သူမွ ဒီလို လုပ္လို႔မရပါ။ ထို႔အျပင္ ေဘာ့စ္ေဖးကိုယ္တိုင္က ဒီလို ၫႊန္ၾကားသြားျခင္းျဖစ္၏။ ဒီလိုဆိုမွေတာ့ သူတို႔ ၿပီးေျမာက္ေအာင္ လုပ္ႏိုင္ဖို႔ နည္းလမ္းေပါင္းစုံ စဥ္းစားၾကရေတာ့သည္။ ဘာပဲျဖစ္ျဖစ္ ျဖစ္ေအာင္လုပ္ရပါလိမ့္မည္။

ဝမ္ေ႐ွာင္းပင္က စိတ္ညစ္စြာေျပာလိုက္သည္။ "ဒါေတာ္ေတာ္ေလးအဓိပၸာယ္႐ွိတဲ့လုပ္ရပ္လို႔ ငါေတာ့ထင္မိတယ္။ ဒါေပမယ့္ ေဘာ့စ္ေဖးကိုယ္တိုင္က အၾကံေပးသြားတာ ဆိုေတာ့လည္း သူ႕အေၾကာင္းျပခ်က္နဲ႔သူ ႐ွိမွာပါ။ ဒါကို ၿပီးေအာင္လုပ္ဖို႔ ငါအေကာင္းဆုံး ႀကိဳးစားမယ္။”

ဝယ္ယူႏိုင္ေသာပစၥည္းအားလုံးကို ဖယ္႐ွားလိုက္႐ုံနဲ႔တင္ ဂိမ္း၏ အေၾကာင္းအရာ အမ်ားစုကို အစမွ ျပန္လုပ္ရျခင္းႏွင့္ ညီမွ်သည္။ ဒါက သမုဒၵရာရဲတိုက္ကဲ့သို႔ FPS ဂိမ္းတစ္ခုႏွင့္ ကြဲျပားျခားနားပါသည္။

သမုဒၵရာရဲတိုက္တြင္ အနီေရာင္ခ်ီလင္လက္နက္ ႐ွိေသာ္လည္း ၎က တစ္ေယာက္နဲ႔တစ္ေယာာက္ ယွဥ္ၿပိဳင္တိုက္ခိုက္ရသည့္ ၿပိဳင္ဆိုင္ရသည့္ ဂိမ္းမ်ိဳး ျဖစ္သည္။ သူေဌးတစ္ေယာက္က ဘယ္ေလာက္ပဲ ခ်မ္းသာေနပါေစ အရည္အခ်င္းတူသည့္ တျခား ရန္သူႏွစ္ေယာက္ကို တစ္ေယာက္တည္း တိုက္ခိုက္ဖို႔ မျဖစ္ႏိုင္ပါ။

သို႔ေသာ္လည္း Bloody Battle Song ကေတာ့ Paywall မ်ား ပါဝင္သည့္ သာမန္ဂိမ္းတစ္ခု ျဖစ္သည္။ သူေဌးမ်ားက တစ္ခါတည္းနဲ႔ အေယာက္ ၂၀ ေလာက္ကို တိုက္ခိုက္ႏိုင္သည္။ ဒါက အေတာ္ေလးကို မညီမွ်ေပ။ Bloody Battle Song ၏ ဂိမ္းအေၾကာင္းအရာတစ္ခုလုံးက ဒီလိုမညီမွ်သည့္ ဂိမ္းကစားပုံအေပၚမွာ တည္ေဆာက္ထားျခင္း ျဖစ္ပါသည္။

ဝယ္ယူႏိုင္ေသာ ပစၥည္းအားလုံးကိုသာ ပယ္႐ွားလိုက္ပါက ကစားသမားမ်ားအၾကား  ခြဲျခားႏိုင္မည့္ နည္းလမ္းတစ္ခုေတာ့ ႐ွိရဦးမည္။ ေငြ မဟုတ္လွ်င္ အခ်ိန္ သို႔မဟုတ္ ကံတရားျဖင့္ ခြဲျခားရမည္။

ဂိမ္းတစ္ခုလုံးကို ဂိမ္းကစားသည့္ ၾကာခ်ိန္အေပၚ မူတည္ၿပီး ေျပာင္းလဲလိုက္ရင္ေတာ့ ေလာင္းကစားဘုရင္၏ ေကာင္းကင္ဘုံ ျဖစ္လာပါလိမ့္မည္။

အမွန္ပင္။ ေငြျဖည့္သြင္း ကတ္ဂိမ္းအျဖစ္ ေျပာင္းလဲလိုက္လို႔လည္း ရသည္။ သို႔ေသာ္လည္း Bloody Battle Song ၏ မူလဒီဇိုင္းႏွင့္ ကိုက္ညီမႈ႐ွိေတာ့မွာ မဟုတ္ေပ။ ေငြျဖည့္သြင္းကတ္ဂိမ္းအျဖစ္ ေျပာင္းလဲလိုက္ပါက ဂိမ္းသစ္တစ္ခုအျဖစ္ ျပန္လည္ ေျပာင္းလဲလိုက္တာႏွင့္ မျခားနားေတာ့ေပ။ လက္ေတြ႕မဆန္ဘဲ ေဘာ့စ္ေဖး၏ ကန္႔သတ္ခ်က္မ်ားႏွင့္လည္း ကိုက္ညီမွာ မဟုတ္ေပ။

ဂိမ္းကို ကံအေပၚ မူတည္ၿပီး ေျပာင္းလဲရမွာလား။ ဒါဆိုရင္ေတာ့ ေလာင္းကစားဧကရာဇ္မ်ား၏ ေကာင္းကင္ဘုံ ျဖစ္လာလိမ့္မည္။

ဒီလိုေျပာင္းလဲမႈမ်ားကို လုပ္လိုက္ပါက လက္႐ွိ ဂိမ္းစတိုင္ႏွင့္ ဆင္တူေနဆဲျဖစ္ေလာက္သည္။ မညီမွ်ဆဲျဖစ္ကာ ကစားသမားအမ်ားစု၏ ရသကလည္း ပိုေကာင္းလာႏိုင္မည္မဟုတ္ေပ။

ယဲ့က်စ္က်ိဳးနဲ႔ ဝမ္ေ႐ွာင္းပင္တို႔ ဦးေႏွာက္ အလြန္စားေနၾကပါသည္။

ဒါက ျပည္တြင္းဂိမ္းေလာကဲက ဘယ္သူမွ ေျဖ႐ွင္းႏိုင္ျခင္း မ႐ွိေသးသည့္ ျပႆနာတစ္ခု ျဖစ္ပါသည္။

အမွန္ပင္။ ဘယ္သူကမွလည္း မေျဖ႐ွင္းခ်င္ၾကေပ။ ဘာပဲျဖစ္ျဖစ္ ထိုဝယ္ယူႏိုင္ေသာ ပစၥည္းမ်ားကို ဖ်က္သိမ္းလိုက္ပါက ဝင္ေငြမရႏိုင္ေတာ့တာနဲ႔တူတူပဲျဖစ္။ တခ်ိဳ႕႐ူးသြပ္ေနသည့္ အစီအစဥ္ေရးဆြဲသူခ်ဳပ္မ်ားက ဒီလိုလုပ္ႏိုင္ခဲ့ရင္ေတာင္ ေဘာ့စ္က ေသခ်ာေပါက္ ပါး႐ိုက္ပါလိမ့္မည္။

Paywall ျမင့္မားသည့္ ဂိမ္းမ်ားက အေတာ္ေလး အဆင္ေျပေနၾကၿပီး ပိုက္ဆံလည္းအမ်ားႀကီး ပိုရၾကသည့္ပုံပင္။ ဘယ္သူက အရမ္းအားလပ္ေနၿပီး မတူညီသည့္ လမ္းေၾကာင္းမ်ာားကို ႐ွာေဖြခ်င္မည္နည္း။

သို႔ေသာ္လည္း ယဲ့က်စ္က်ိဳးနဲ႔ ဝမ္ေ႐ွာင္းပင္တို႔ ပိုၿပီး စဥ္းစားၾကည့္ၾကေလေလ ပိုၿပီး အဓိပၸာယ္႐ွိလာသလို ခံစားရေလေလျဖစ္ပါသည္။

သူတို႔ ျဖစ္ႏိုင္သည့္ ေျဖ႐ွင္းခ်က္တစ္ခုကို စဥ္းစားႏိုင္ပါက ဟိုမေရာက္ဒီမေရာက္ျဖစ္ေနရင္ေတာင္ ႏိုင္ငံေတာ္တစ္ခုလုံးမွာ တစ္ခုတည္း႐ွိေသာ ေျဖ႐ွင္းခ်က္ျဖစ္လိမ့္မည္။

အမွန္ပင္။ ေဘာ့စ္ေဖး ေပးလိုက္သည့္ အမိန္႔တစ္ခုက ဒီလို ဆန္းသစ္သည့္ သီအိုရီတစ္ခုကို ျဖစ္ေပၚလာေစသည္။

ယဲ့က်စ္က်ိဳးက အၾကံတခ်ိဳ႕ ေပးေသာ္လည္း ဝမ္ေ႐ွာင္းပင္၏ XXX ႐ႈေထာင့္မွ ျငင္းပယ္ျခင္းကို ခံခဲ့ရပါသည္။

သို႔ေသာ္လည္း ယဲ့က်စ္က်ိဳးက စိတ္ဓာတ္မက်ပါ။။ ေနာက္ဆုံးေတာ့ သူ႕ေခါင္းသူ႐ိုက္လိုက္မိပါသည္။ "အစ္ကိုဝမ္ ငါ့မွာအိုင္ဒီယာ အသစ္တစ္ခု ႐ွိတယ္။ ငါတို႔ အားလုံးကို သူေဌးတစ္ေယာက္လိုမ်ိဳး ဟန္ေဆာင္ႏိုင္ခြင့္ ေပးလိုက္မယ္ဆိုရင္ေကာ ဘယ္လိုသေဘာရလဲ။”

ဝမ္ေ႐ွာင္းပင္က ေခတၱေၾကာင္စီစီျဖစ္သြားပါသည္။ "သူေဌးလို ဟန္ေဆာင္မယ္ဟုတ္လား ဘယ္လိုမ်ိဳးလဲ။”

ယဲ့က်စ္က်ိဳးက အလြန္စိတ္လႈပ္႐ွားေနၿပီး စာ႐ြက္တစ္႐ြက္ေပၚမွာ ေရးကာ ႐ွင္းျပလိုက္ပါသည္။ "တကယ္ေတာ့ ငါတို႔ ရင္ဆိုင္ေနရတဲ့ ျပႆနာက ဂိမ္းရသနဲ႔ သက္ဆိုင္ေနတာ။”

"ငါတို႔ရဲ႕ ဂိမ္းရသကို ႐ိုး႐ိုး႐ွင္း႐ွင္း အမ်ိဳးအစား သုံးခုအျဖစ္ ခြဲျခားႏိုင္တယ္။”

"ပထမက သူေဌးေတြေပါ့။ သူတို႔က ေငြသြင္းပမာဏ အမ်ားဆုံးျဖစ္ၿပီး စြမ္းအားအႀကီးဆုံး တိုက္ပြဲပါဝါေတြ ႐ွိၾကတယ္။ သူတို႔က တိုက္ပြဲတစ္ခုမွာ ၁၀ ေယာက္ ၁ ေယာက္ ေပ်ာ္ေပ်ာ္ႀကီး တိုက္ႏိုင္တယ္။”

"ေနာက္တစ္ခုက စုစည္းသူေတြ။ သူတို႔မွာ အခ်ိန္ပိုေတြ အရမ္း႐ွိၿပီး အရမ္းလည္း Active ျဖစ္ၾကတယ္။ သူတို႔က Guild ေတြ စီမံၿပီး မန္ဘာသစ္ေတြကို ေခၚယူၾကတယ္။ သူတို႔က တျခားသူေတြကို အမိန္႔ေပးၫႊန္ၾကားတာမ်ိဳးကို ေပ်ာ္ေပ်ာ္ႀကီး လုပ္ၾကတယ္။”

"တတိယကေတာ့ သာမန္ကစားသမားေတြေပါ့။ သူတို႔က ၁၀ ေယာက္ ၁ ေယာက္ တိုက္ႏိုင္စြမ္းလည္း မ႐ွိဘူး။ စီမံသူေတြလည္း မလုပ္ႏိုင္ၾကဘူး။ ဒါေပယ့္ အဲ့ဒီလူေတြကို တျဖည္းျဖည္းနဲ႔ တစ္ခုမဟုတ္တစ္ခုျဖစ္လာေအာင္ ေျပာင္းလဲေပးႏိုင္တယ္။ ဒါမွမဟုတ္ သူေဌးေတြေနာက္ကိုလိုက္ၿပီး တိုက္ပြဲေတြကို ေအာင္ႏိုင္ျခင္းျဖင့္ သူေဌးေတြရဲ႕ နာမည္ရမႈနဲ႔ ရလဒ္ေတြကိုပါ မွ်ေဝႏိုင္လိမ့္မယ္။”

"အဲ့ဒီဂိမ္းရသသုံးမ်ိဳးက အခု 'ေငြ'နဲ႔ 'အခ်ိန္' ေတြနဲ႔ ျခားနားထားတယ္။”

" 'အခ်ိန္' ကိုေတာ့ ေျပာင္းစရာ မလိုဘူး။ ဒီေတာ့ စုစည္းသူေတြနဲ႔ သာမန္ကစားသမားေတြရဲ႕ သ႐ုပ္ေတြကို ေျပာင္းလဲဖို႔ မလိုဘူး။ ေျပာင္းလဲရမယ့္တစ္ခုတည္းေသာသူက သူေဌးေတြပဲ။ ငါတို႔ ဝယ္ယူႏိုင္တဲ့ပစၥည္းေတြကို ဖ်က္သိမ္းလိုက္မယ္ဆို သူတို႔ေငြျဖဳန္းဖို႔ နည္းလမ္းမ႐ွိေတာ့ဘူး။”

"အဲ့လိုသာျဖစ္လာရင္ တိုက္ပြဲအတြင္းမွာ ကစားသမားတခ်ိဳ႕ကို ေ႐ြး Boost လိုက္ၿပီး တိုက္ပြဲခြန္အားျမင့္မားေအာင္ လုပ္ေပးလိုက္ၿပီးရင္ သူေဌးတစ္ေယာက္လိုမ်ိဳး ခံစားရေစေအာင္ လုပ္ေပးလိုက္မယ္။ အဲ့တာဆို ငါတို႔ ျပႆနာ ေျပလည္မသြားဘူးလား။"

ဝမ္ေ႐ွာင္းပင္က အနည္းငယ္ ေယာင္လည္လည္ ျဖစ္ေနဆဲ ျဖစ္သည္။

ယဲ့က်စ္က်ိဳးက ဆက္ေျပာပါသည္။ "ငါတို႔ ဝယ္ယူႏိုင္တဲ့ ပစၥည္းအားလုံးကို ဖ်က္သိမ္းၿပီးရင္ အႏွစ္ခ်ဳပ္အားျဖင့္ ကစားသမားေတြရဲ႕ တိုက္ပြဲအင္အားက အနည္းနဲ႔ အမ်ား အတူတူေလာက္ပဲ ႐ွိသြားမယ္။ အခ်ိန္နည္းနည္း ပို႐ွိၿပီး ကံနည္းနည္းပိုေကာင္းတဲ့ ကစားသမာားေတြကေတာ့ သာမန္ကစားသမားေတြထက္ နည္းနည္း ပိုအားေကာင္းေလာက္။ ဒါေပမယ့္ အဲ့တာကလည္း အမ်ားႀကီး မဟုတ္ပါဘူး။”

"ဒါေပမယ့္ တိုက္ပြဲေတြအတြင္းမွာ ငါတို႔ ကစားသမားတခ်ိဳ႕ကို က်ပန္းေ႐ြးခ်ယ္ၿပီး သူေဌးေတြလို ခံစားႏိုင္ေအာင္ လုပ္ေပးမယ္။ အဲ့ဒီကစားသမားေတြက သူေဌးေတြပဲ ပိုင္ဆိုင္ႏိုင္တဲ့ တိုက္ပြဲခြန္အားမ်ိဳးကို ရႏိုင္လိမ့္မယ္။”

"ကစားသမားတိုင္း ေ႐ြးခ်ယ္ခံရခြင့္ ႐ွိေစဖို႔အတြက္ ငါတို႔ ကစားသမားတိုင္းကို 'ေ႐ြးခ်ယ္ခံ' စနစ္ ေပးမယ္။ အားလုံးရဲ႕ ေ႐ြးခ်ယ္ခံ ျဖစ္လာႏိုင္ေခ်က သုညကေနစၿပီး စုစည္းသြားမယ္။ စနစ္က က်ပန္းေ႐ြးခ်ယ္လိမ့္မယ္။

"ေ႐ြးခ်ယ္မခံလိုက္ရတဲ့လူေတြက ေနာက္တစ္ခ်ီက်ရင္ ေ႐ြးခ်ယ္ခံရႏိုင္ေခ် ပိုျမင့္လာမယ္။ သူတို႔ ေနာက္ဆုံးေ႐ြးခ်ယ္ခံလိုက္ရၿပီးရင္ အဲ့ဒီတန္ဖိုးက သုညျပန္ျဖစ္သြားၿပီး အစက ျပန္စမယ္"

"ေ႐ြခ်ယ္ခံရႏိုင္ေခ်ႏႈန္းကေတာ့ ဂိမ္းထဲမွာ သူတို႔ရဲ႕ Active ျဖစ္မႈနဲ႔ ကူညီေထာက္ပံ့ေပးမႈတို႔အေပၚ မူတည္မယ္။ ငါတို႔ ဒီနည္းလမ္းကို အသုံးခ်ၿပီး ကစားသမားေတြကို အြန္လိုင္းေပၚ တက္ၿပီးေတာ့ ပြဲေတာ္ေတြမွာ ပိုပါဝင္ဖို႔ တိုက္တြန္းရာလည္းက်မယ္။”

"ဒီဆိုလိုရင္ ငါတို႔ မူလကစားပုံကစားနည္း ေျပာင္းလဲမွာ မဟုတ္မွန္း စိတ္ခ်လို႔ရၿပီးေတာ့ ကစားသမားအမ်ားစုကလည္း အလွည့္က်စီ သူေဌးကစားသမားေတြ ဘယ္လိုခံစားရလဲဆိုတာကို ခံစားရမယ္။ ေဘာ့စ္ေဖးရဲ႕ ေတာင္းဆိုခ်က္ကိုလည္း ျပည့္ဝေစၿပီး ဝယ္ယူႏိုင္တဲ့ ပစၥည္းအားလုံးကိုလည္း ႐ွင္းထုတ္ၿပီးသား ျဖစ္သြားလိမ့္မယ္။”

"ခဲတစ္လုံးတည္းနဲ႔ ငွက္သုံးေကာင္ ပစ္လိုက္တာပဲ။”

ဝမ္ေ႐ွာင္းပင္ အေတြးနက္နက္ထဲ က်ေရာက္သြားသည္။

ယဲ့က်စ္က်ိဳး ေျပာဆိုေသာ အေၾကာင္းအရာကို သီအိုရီသေဘာ အရဆိုရင္ေတာ့ နားလည္ေပးလို႔ရသည္။ သို႔ေသာ္ အလြန္ စြန္႔စားရာက်ၿပီး ဆန္းသစ္လြန္းပါသည္။ လက္႐ွိ ဂိမ္းေလာကကို မီး႐ိႈ႕လိုက္တာႏွင့္ တူေနသည္။

ဘာပဲျဖစ္ျဖစ္ ဂိမ္းတစ္ခုလုံး၏ စနစ္ဒီဇိုင္းႏွင့္ ကစားပုံကစားနည္းကို မၿပိဳလဲေစဘဲ ေဘာ့စ္ေဖး၏ ဝယ္ယူႏိုင္သည့္ ပစၥည္းအားလုံးကို ဖ်က္သိမ္းဖို႔ ေတာင္းဆိုခ်က္ကို လိုက္နာဖို႔... ဒါက ေျဖ႐ွင္းခ်က္အမွန္ ျဖစ္ပါသည္။

ဝမ္ေ႐ွာင္းပင္က ေခါင္းၿငိမ့္လိုက္သည္။ "ဟုတ္ၿပီ။ ငါတို႔ စမ္းၾကည့္ၾကတာေပါ့။ ငါ စနစ္ဒီဇိုင္း ေမာ္ဒယ္တစ္ခု ဆြဲလိုက္မယ္။ မင္းကေတာ့ စည္းမ်ဥ္းစည္းကမ္းနဲ႔ အေျခအေန အရပ္ရပ္ အေသးစိတ္ေတြကို စဥ္းစားဖို႔ တာဝန္ယူလိုက္။ ေၾသာ္ ငါတို႔ အစည္းအေဝးတစ္ခု အရင္လုပ္ၿပီး အားလုံးကို ဒီအၾကံအေၾကာင္း ေျပာျပလိုက္ၾကမလား။”

ယဲ့က်စ္က်ိဳးက ေခါင္းၿငိမ့္လိုက္ၿပီး အေတြးမ်ားကို ေသခ်ာစုစည္းကာ မတ္တပ္ရပ္လိုက္ပါသည္။

"အားလုံးပဲ အစည္းအေဝးခန္းထဲကို လာေပးၾကပါ။ ကြၽန္ေတာ္တို႔ ဂိမ္းအတြက္ ေျပာင္းလဲမႈေတြကို ေဆြးေႏြးၾကပါမယ္။”

ဘာေၾကာင့္မွန္းမသိဘဲ ယဲ့က်စ္က်ိဳး ဒီတစ္ေခါက္ေတာ့ ယုံၾကည္ခ်က္ ျပည့္ဝေနသလို ခံစားမိပါသည္။ ၾကည့္ရတာ အစီအစဥ္ေရးဆြဲသူခ်ဳပ္အျဖစ္ သူ အသားက်လာသည့္ပုံပင္။

Continue Reading

You'll Also Like

206K 20.1K 56
[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့ ၊ M Preg ကိုမကြိုက်တဲ့ ဘေဘေးတို့ လက်ရှေ...
114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...