ဖေးချမ့် 145+146
အခန်း(၁၄၅) ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ဘော့စ်အသစ်
လက်ရှိ အရင်းအနှီး အကန့်အသတ်ကြောင့် ဖေးဟွမ်လုပ်ငန်းမှာ အလွန်ကောင်းမွန်သည့် မှတ်တမ်းရုပ်ရှင်တော့ ထုတ်လုပ်နိုင်မှာ မဟုတ်ပါ။
ဖေးချမ့်မှတ်မိသည့် မှတ်တမ်းရုပ်ရှင်များမှာ အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။ နိုင်ငံတော်တစ်ခွင်လုံး တောမီးလိုပြန့်နှံ့သွားခဲ့သည့် 'A Bite of China' ကဲ့သို့ မှတ်တမ်းရုပ်ရှင်များတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ရှိ၏။ ကုန်ကြမ်းများ ရှာဖွေဖို့ နိုင်ငံတော်တစ်ခွင်လုံးကို လည်ပတ်ခဲ့ကြရုံသာမကဘဲ ရိုက်ကူးရေး ကိရိယာများကပါ အတော်လေးကို စျေးကြီးပါသည်။။
သို့သော်လည်း ဖေးဟွမ်လုပ်ငန်းကတော့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ အသားတင် အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းကိုသာ သုံးနိုင်သည်။ ယွမ် ၁ သန်းကျော်ကျော်လေးသာ ရှိ၏။ ဒီလောက်နည်းပါးသော ပမာဏနဲ့တော့ သေချာပေါက် လောက်မှာ မဟုတ်ပါ။
'A Bite of China' ကဲ့သို့ မှတ်တမ်းရုပ်ရှင်မျိုး သူတို့ ရိုက်ကူးနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါ။
သို့သော်လည်း ဖေးချမ့် သတိမမဲ့ခဲ့ပေ။ ဖေးချမ့် ထိုပြဿနာများကို ကြိုတွက်ထားပြီးသား ဖြစ်သဖြင့် ကျိုးရှောင်စဲလည်း တွက်ထားပြီးလောက်ပါပြီ။
သေချာပေါက် ဒီအားနည်းချက်တွေကို သူ သိလောက်သည်။
ကျူးရှောင်စဲက ငယ်ရွယ်ပြီး ပါရမီရှိသော ဒါရိုက်တာတစ်ယောက် ဖြစ်ပါသည်။ သူက မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးချင်သည် ဆိုသောကြောင့် အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်ရှိမှ သူရှေ့ဆက်တိုးလိမ့်မည်။
ဖေးချမ့် တစ်ခေါက် အလိမ်ခံရပြီးပါပြီ။ နောက်တစ်ခေါက် ထပ်ခံရဖို့ လုံးဝ မဖြစ်နိုင်ပါ။ ဒီဗီဒီယိုလည်း ငွေတချို့ ရလာနိုင်၏။
သို့သော်လည်း ဗီဒီယိုအတိုလေးများနဲ့ ယှဥ်ပါက ရင်းနှီးမြှုပ်နှံမှု နည်းပါးသည့် ထိုမှတ်တမ်း ရုပ်ရှင်များမှာ ဝင်ငွေ ပိုနည်းပါသည်။ ဒီလောက်ဆို အဆင်ပြေသည်။
ထိုသို့စဥ်းစားရင်း ဖေးချမ့် ပြောလိုက်၏။ "ဟုတ်ပြီ။ မင်းတို့တွေကို ငါထောက်ခံပေးမယ်။” သူ့လေသံက အသက်မဲ့ပြီး ခြောက်ကပ်နေပါသည်။ သူ့ရင်ထဲက လာသော စကားလုံးများ မဟုတ်သောကြောင့်ပင်။
ဟွမ်စစ်ပေါ်က ပီတိဖြာသွား၏။ "ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး။”
ဖုန်းချပြီးနောက် ရှန်းယန်ဂိမ်းမှာ ဘာတွေဖြစ်နေသလဲ မေးခွန်းတချို့ မေးလိုက်ပါသည်။ လက်ထောက်ရှင်းက အခြေအနေကို အကြမ်းဖျင်း တင်ပြလိုက်၏။ လောလောဆယ် အားလုံးချောမွေ့လျက် ရှိသည်။ ဖေးချမ့်က တနင်္လာနေ့တွင် သူ့ဝန်ထမ်းအသစ်များနဲ့ သွားတွေ့ပြီး တာဝန်များ ပေးတော့မည် ဖြစ်သည်။
ဖေးချမ့်က ခဏလောက် စဥ်းစားကြည့်လိုက်ပါသည်။ "တနင်္လာနေ့... တနင်္လာနေ့ကျရင် အဲ့မှာ ကျွန်တော်ရှိမှဖြစ်မှာလား။”
လက်ထောက်ရှင်းက ချောင်းနှစ်ချက်ဆိုးကာ ပြန်ဖြေလိုက်ပါသည်။ "ရှိရမှာပေါ့။ ကုမ္ပဏီတစ်ခုလုံးပေါ်မှာ ဘော့စ်တစ်ယောက်ရဲ့ လွှမ်းမိုးမှုက အရမ်းကြီးတာ။ ဘော့စ်ဖေးကိုယ်တိုင် လာပြီး တစ်ခုခုပြောဖို့ လိုအပ်မယ် ထင်တယ်။ မဟုတ်ရင် ရှန်းယန်ဂိမ်းက ဝန်ထမ်းတွေကို ဒီအတိုင်း လွှတ်ထားလိုရင် ထိန်းမနိုင် သိမ်းမရတွေ ဖြစ်လာလိမ့်မယ်။”
ဖေးချမ့်က သူမ စကားလုံးများကို သုံးသပ်ကြည့်လိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ထင်မိပါသည်။
လက်ထောက်ရှင်းက ဖေးချမ့် ထိုနေရာသို့ သွားကာ ၎င်းတို့ကို အာမခံပေးပြီး ရှန်းယန်းဂိမ်း၏ ဝန်ထမ်းဦးရေတစ်ခုလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှု လမ်းစဥ် ချမှတ်ပေးရမည်ဟု ဆို၏။ ထိုအလုပ်သမားများ သူ့ကို ဒုက္ခပေးမှာ ဖေးချမ့် စိုးရိမ်မိပါသည်။ လျှောက်လုပ်ရင်း အရှုံးကို အမြတ်ဖြစ်အောင် ပြောင်းချင် ပြောင်းနိုင်ကြလောက်သည်။
သူက သေသေချာချာ စဥ်းစားပြီးမှ ကုမ္ပဏီကို ဝယ်ယူလိုက်တာ ဖြစ်သော်လည်း ယခင် ရှန်းယန်ဂိမ်းနှင့် ခြာနားချက်တချို့ ရှိနေသေးတာကိုတော့ သတိထားမိပါသည်။
တစ်ခုက လျို့ကြီး အလုပ်ပြောင်းသွားခြင်း ဖြစ်သည်။ ဝမ်ရှောင်းပင်က အစီအစဥ်ရေးဆွဲသူချုပ် ဖြစ်လာ၏။ နောက်တစ်ခုက ထုရွေ့ကျီ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ထိုလူနှစ်ယောက်စလုံးက ယခင်က ရှန်းယန်ဂိမ်း၏ အရှုံးပေါ်မှုများအတွက် အဓိက တာဝန်ရှိသူများ ဖြစ်ကြလိမ့်မည်။
သူတို့နှစ်ယောက် မရှိတော့သဖြင့် ဖေးချမ့် အနည်းငယ် စိတ်မချ ဖြစ်နေပါသည်။ ဘာမှ မမှားနိုင်ဖို့ သေချာအောင် ထိုနေရာသို့ ကိုယ်တိုင်သွားရောက်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါတော့သည်။ နောက်ပိုင်းမှာတော့ ထပ်သွားတော့မှာ မဟုတ်ပါ။ ရှန််းယန်ဂိမ်း သူ့ကြောင့် အားတက်မလာစေဖို့ အကောင်းဆုံး ကြိုးစားမည်ဖြစ်သည်။
ထန်းတာ့ဂိမ်းမှာ ဖြစ်ပျက်ခဲ့သမျှကို ကြည့်ကာ ဖေးချမ့် သူ့ဂိမ်းဒီဇိုင်းစကေးကို ဒီလောက်ထိ မယုံမကြည် မဖြစ်ခဲ့ဖူးပါ။ ဘေးကင်းကင်းသာ သူ ဆောင်ရွက်ချင်သည်။
ဖေးချမ့်သာ သူတို့ အားတက်အောင် တစ်ခုခု ပြောလိုက်မိပြီး သမုဒ္ဒရာရဲတိုက်တုန်းကလို ကပ်ဘေးမျိုး ထပ်ဖြစ်လာပါက ခွကျပါလိမ့်မည်။
"ကောင်းပြီ။ ကျွန်တော့်ကို တနင်္လာနေ့ မနက်ကျရင် လာခေါ်ပါ။ ကျွန်တော်တို့ ရှန်းယန်ဂိမ်းကို အရင်သွားကြပါ။” ဖေးချမ့်က တိုးတိတ်စွာ သက်ပြင်းချလိုက်ပါသည်။
ဘော့စ်တစ်ယောက်ဖြစ်ရတာ အလွန်ပင်ပန်းပါသည်။
တနင်္လာနေ့မနက် ရှန်းယန်ဂိမ်းတွင်...
ရှန်းယန်ဂိမ်းကုမ္ပဏီ စတင်ဖို့ ၁၀ မိနစ် လိုသေးသည်။ သို့သော်လည်း ဝန်ထမ်းအားလုံး ရုံးမှာ ရောက်နေကြပါပြီ။ သူတို့အားလုံး အာရုံစိုက်ထားကြသည်။ ခါးများ မတ်မတ်ထိုင်နေကြ၏။ စာတမ်းများကို အယ်ဒီတာ အသုံးပြုကာ ဖတ်ရှုရင်း ဝင်ပေါက်အခြေအနေကို အကဲခတ်နေကြပါသည်။
ရှန်းယန်ဂိမ်း၏ ဘော့စ်ပြောင်းလဲသွားပြီ။
ဆန်းကြယ်သည့် ဘော့စ်ဖေး၏ စိတ်ဓာတ်နှင့် သဘောသဘာဝကို ဘယ်သူမှ မသိကြပါ။ ထို့ကြောင့် ပထမဆုံး အလုပ်ဆင်းသည့်နေ့မှာ အလွန်အာရုံစိုက်ထားကြပြီး အမှားတစ်ခု လုပ်မိမှာကိုတောင် ကြောက်နေကြပါသည်။
ယခင် ရှန်းယန်ဂိမ်း၏ အော်ပရေးရှင်းများ ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာ အားလုံး ရင်ထဲမှာ သိထားကြသည်။ ဘော့စ်ဖေးသာ ဒီနေ့ သူ့အာဏာကို သုံးပြီး အလုပ်နောက်ကျသည့် တစ်ယောက်ကို အကြောင်းပြချက်ပေး အလုပ်ဖြုတ်လိုက်ပါက သားကောင် တော်တော် ကံဆိုးမသွားနိုင်ဘူးလား။
ထို့ကြောင့် အားလုံး မလှုပ်မယှက်ဖြစ်နေကြကာ အမှားတစ်ခုမှ မလုပ်ရဲကြပေ။
ဝမ်ရှောင်းပင်က ဖိအား အများဆုံး ဖြစ်သည်။ သူက အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ကုမ္ပဏီကို ကယ်တင်ရမည့်လူဖြစ်၏။ သို့သော်လည်း သူ့အစွမ်းအစကို ယုံကြည်ချက် လုံးဝ မရှိပါ။
လျို့ကြီးက အလုပ်သစ် ရသွားသည်။ အားလုံး၏ အတွေ့အကြုံအရ စနစ်ဒီဇိုင်နာ လုပ်တာကြာပြီဖြစ်သည့် ဝမ်ရှောင်းပင် ဒီရာထူးကို ရလိုက်တာ သဘာဝကျပါသည်။
တခြားသူတွေသာဆို အားလုံး၏ ပါးစပ်ကိုပိတ်ပြီး ထုရွေ့ကျီ၏ ယုံကြည်မှုကို ရနိုင်မှာ မဟုတ်ပါ။
ဝမ်ရှောင်းပင်က အများကြီး မစဥ်းစားတော့ပေ။ ဘော့စ်ထုကိုယ်တိုင် သူ့ကို ရွေးချယ်ခဲ့သဖြင့် ဒီအလုပ်က ပုန်းကွယ်နေဖို့ မဖြစ်နိုင်ပါ။ ထို့အပြင် ထိုအချိန်တုန်းက ရှန်းယန်ဂိမ်းမှာ ပြိုကွဲခါနီးဆဲဆဲ အခြေအနေဖြစ်နေခဲ့သည်။ သူ အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ကြာကြာ နေရလိမ့်မည်ဟု မထင်ခဲ့ပေ။
သို့သော်လည်း သူကစာရင်းဇယားများ ဖန်တီးပြီး Data value များ သတ်မှတ်ရာတွင် တော်ကြောင်း ဝမ်ရှောင်းပင် ကိုယ့်ကိုယ်ကို သိပါသည်။ ပရောဂျက်တစ်ခုလုံး၏ သုတေသနတာဝန်များကို ပေါင်းစည်းပြီး ဂိမ်းဖန်တီးမှု လမ်းကြောင်းကို အတည်ပြုပေးရမည့် တာဝန်များကိုတော့ သူ မကိုင်တွယ်နိုင်ပါ။
ထို့နောက် ဝမ်ရှောင်းပင်က ဒီနေ့ ဘော့စ်ဖေးကို အမှန်တိုင်းပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘော့စ်ဖေး ထန်းတာ့ဂိမ်းမှ အတွေ့အကြုံရှိ ဒီဇိုင်နာတစ်ယောက်ကို အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ရာထူးခန့်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထိုအခါမှ ထိုအစီအစဥ်ရေးဆွဲသူချုပ် လက်အောက်တွင် သူ အေးအေးချမ်းချမ်း အလုပ်လုပ်နိုင်ပါလိမ့်မည်။
ဝမ်ရှောင်းပင်၏ ဘယ်ဘက် စားပွဲခုံတွင် လူငယ်တစ်ယောက်က သူ့ဖုန်းပေါ်မှ မက်ဆေ့ချ်ကို ခိုးပြီး စာပြန်နေပါသည်။
မာယိချွမ်၏ မက်ဆေ့ချ်အသစ်က Chat တွင် ပေါ်လာသည်။ "ဘယ်လိုလဲ ယဲ့လေး။ ထန်းတာ့ရဲ့ လူသားရင်းမြစ်ဌာနက မင်းကိုဖုန်းဆက်လား။”
ယဲ့ကျစ်ကျိုးက ပြန်ပြောလိုက်သည်။ "မဆက်ဘူး။”
မာယိချွမ် "မဖြစ်နိုင်တာ။ ဘော့စ်ဖေးရှေ့မှာ မင်းအကြောင်းကို သေချာပြောခဲ့တာပါ။ မင်းအလုပ်မပြုတ်စေရဘူးလို့ သေချာ ပြောသွားတယ်။ သူ အလုပ်များပြီး မေ့သွားတာများလား။”
ယဲ့ကျစ်ကျိုးက ပြန်ပြောလိုက်၏။ "ဘော့စ်ဖေးက ရှန်းယန်းဂိမ်းကုမ္ပဏီတစ်ခုလုံးကို ဝယ်လိုက်တာ။ မင်း အဲ့တာ မသိဘူးလား။”
မာယိချွမ် အကြာကြီး စာမပြန်နိုင်ခဲ့ပေ။ သတင်းကြောင့် သူ တုန်လှုပ်သွားတာ သိသာပါသည်။
ဘော့စ်ဖေး ဘာတွေလုပ်ဖို့ ကြံနေတာလဲ။
အစကတော့ သူ့ညီအစ်ကို၏ အလုပ်ပြဿနာကိုသာ ဘော့စ်ဖေး ကူညီပေးနိုင်ဖို့ မျှော်လင့်ခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးတော့ သူ သေချာပေါက် အလုပ်ရမယ်ဆိုတာ ဒါကို ဆိုလိုတာလား။
ရှန်းယန်ဂိမ်းကုမ္ပဏီတစ်ခုလုံးကို တကယ်ကြီး ဝယ်လိုက်ပါသည်။
မာယိချွမ်နဲ့ တခြားသူတွေလည်း ဒါကို လုံးဝ မသိကြပါ။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်က သူတို့နဲ့ မဆိုင်ဘူးဟု ထင်သဖြင့် မပြောပြခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် မာယိချွမ် လုံးဝ ကြောင်သွားရပါသည်။
"မဟုတ်မှလွဲရော ဘော့စ်ဖေးက ဟွမ်စစ်ပေါ်နဲ့ ငါတို့ ဘယ်လောက်တော်လဲမြင်ပြီးတော့ ရှန်းယန်ဂိမ်းက တခြားဝန်ထမ်းတွေပါ သာတူညီမျှတော်လိမ့်မယ်လို့ ထင်သွားတာတော့ မဟုတ်လောက်ပါဘူးနော်။ အဲ့တာကြောင့် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ဖို့ ဆုံးဖြတ်လိုက်လား။”
"...ငါ ဘာတွေ တွေးနေတာလဲ မဖြစ်နိုင်ပါဘူး"
မာယိချွမ်က မကြာသေးခင်ကမှ ရှန်းယန်ဂိမ်းကုမ္ပဏီက ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီ ဘယ်လောက်တောင် ဆိုးရွားလဲဆိုတာ သူသိပါသည်။ စကားလုံးအနည်းငယ်ဖြင့် ဖော်ပြရမည်ဆိုလျှင် ဆေးမမှီတော့သည့် အခြေအနေ ဖြစ်သည်။
သင်္ချိုင်းကုန်းရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည့် ကုမ္ပဏီကို ဝယ်ယူပြီး ဘော့စ်ဖေး ဘာလုပ်ဖို့ ကြံနေတာလဲ။
ယဲ့ကျစ်ကျိုးက သူ့နာရီကို ကြည့်လိုက်ပြီး ကုမ္ပဏီစချိန်ရောက်တော့မှာကို မြင်လိုက်ပါသည်။ အမြန်စာပြန်လိုက်၏။ "ညီအစ်ကိုမာ။ ငါသွားတော့မယ်။ ဘော့စ်ဖေး မကြာခင် ရောက်လာတော့မယ် ထင်တယ်။”
ဖုန်းကိုသိမ်းလိုက်ပြီးနောက် ကွန်ပျူတာနဲ့ အလုပ်အာရုံစိုက်နေသလို ဆက်ပြီး ဟန်ဆောင်နေလိုက်ပါသည်။ သိပ်မကြာလိုက်ပေ။ ရုံး၏ အခြေအနေ တစ်ခုလုံး တင်းမာလာသည်ဟု ယဲ့ကျစ်ကျိုး ခံစားလိုက်ရပါသည်။
မျက်လုံးထောင့်က ချောင်းကြည့်လိုက်သော အခါ ဘော့စ်ဖေး ရောက်လာတာကို မြင်လိုက်ရသည်။
အရင်က သူတို့ တွေ့ဖူးသော်လည်း ဘော့စ်ဖေး၏ ယုံကြည်ချက် ပြည့်ဝသော အရှိန်အဝါကြောင့် သူ အသက်ရှူရခက်သွားဆဲ ဖြစ်သည်။ ဘော့စ်ဖေးက အလွန်ငယ်ရွယ်သော်လည်း လှုပ်ရှားလိုက်တိုင်း ဘာကြောင့်မှန်းမသိ ထူးခြားသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ့အရှိန်အဝါကို ဘယ်လို ဖော်ပြရမလဲ...။
ငွေပေါတာလား ယုံကြည်ချက် ပြည့်ဝတာလား စေတနာကောင်းတာလား။
ကိုယ်ပိုင်ဟန်အပြည့်အဝရှိတာလား။
ထိုစကားလုံးများနဲ့ သင့်တော်မည်ဟု မထင်ပါ။
ဘာပဲဖြစ်ဖြစ် အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ဘော့စ်ဖေး ဒုံးဝေးသူတစ်ယောက် မဟုတ်မှန်း သိနိုင်သည်။ သူက အရင်ဘော့စ်ထုနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ ထို့နောက် ဘော့စ်ဖေး၏ ယခင်က အောင်မြင်သော ဂိမ်းများအကြောင်း ပြန်စဥ်းစားကြည့်လိုက်ပါသည်။ ထို့ကြောင့် ဘော့စ်ဖေး ပိုတောက်ပလာသည်။ သူ့ကို တိုက်ရိုက်ကြည့်ဖို့တောင် ခက်ခဲလာပါသည်။
အမှန်ပင်။ ခေါင်းဆောင် အစစ်အမှန်ဆိုတာ ဒီလိုပဲ ပြုမူသင့်ပါသည်။ ဘော့စ်ထုက နောက်ပေါက်သည့် ရွှေကြာဟုသာ သတ်မှတ်နိုင်သူ ဖြစ်သည်။ ဒါက ပါရမီရှိသည့် ဒီဇိုင်နာစစ်စစ်တစ်ယောာက် ပြုမူသင့်သည့် ပုံစံမျိုး ဖြစ်သည်။ ယဲ့ကျစ်ကျိုး ရင်ထဲတွင် အံ့သြနေမိပါသည်။
အခန်း(၁၄၆) ဘော့စ်ဖေး ပေးတဲ့ အကြွင်းမဲ့အာဏာ
"အားလုံး ရောက်ပြီလား အစည်းအဝေးလုပ်ရအောင်"
ဖေးချမ့်က အစည်းအဝေးခန်းထဲသို့ လျှောက်သွားသည်။ အားလုံးလည်း ခပ်မြန်မြန်ပဲ မတ်တပ်ရပ်လိုက်ကြကာ ဝမ်ရှောင်းပင်နောက်မှ အစည်းအဝေးခန်းထဲသို့လိုက်ဝင်သွားကြပါသည်။ ထိုင်ခုံများတွင် ထိုင်လိုက်ကြပြီး သပ်သပ်ရပ်ရပ် နေလိုက်ကြသည်။ သူတို့ မျက်နှာထားများက တည်ကြည်လေးနက်နေ၏။
ယဲ့ကျစ်ကျိုးလည်း စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာပါသည်။
ဒီမြင်ကွင်းကို ကြည့်လိုက်ပါဦး။
ယခင်တုန်းက လျို့ကြီး အစည်းအဝေးပွဲ ကျင်းပသည့်အခါ အားလုံးက နားထောင်နေသည့်ပုံပေါ်သော်လည်း တကယ်တမ်းတော့ ဘယ်သူမှ အရေးမစိုက်ကြပါ။
အားလုံးက နေ့တိုင်းလိုလို ရေသာခိုချင်ခဲ့ကြသည်။ သူတို့ကို တာဝန်ပေးထားသည့် အလုပ်ကို ဝတ္တရားအရ လုပ်လိုက်ပြီး ဘာမှ မပိုပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုအလုပ်ပတ်ဝန်းကျင်မျိုးမှာ သူတို့ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ အရေးမပါကြောင်း အားလုံး နားလည်ထားကြပါသည်။
သို့သော်လည်း အခုတော့ သူတို့ ခြားနားနေကြလေပြီ။
ဘော့စ်ဖေး သူတို့ဘော့စ်အသစ် ဖြစ်လာတော့မည့် အတွေးက အားလုံံးတွင် သစ်လွင်ပြီး စစ်မှန်သော လေးစားမှုနဲ့ နာခံမှု ခံစားချက်များကို အားလုံး၏ ရင်ထဲတွင် ပေါ်ပေါက်လာစေခဲ့သည်။ အတော်လေး အထင်ကြီးစရာ ကောင်းပါသည်။
ဖေးချမ့်က သူ့ထိုင်ခုံမှာသူ အကြိမ်ပေါင်းများစွာ ပုံစံပြောင်းထိုင်နေသည်။ ဘယ်လိုပဲထိုင်ထိုင် သက်တောင့်သက်သာ မရှိဖြစ်နေသလိုပင်။
ရှန်းယန်ဂိမ်းက အတော်လေး ကပ်စေးနဲသည်ဟုသာ သူ ပြောနိုင်တောာ့သည်။ အားလုံးပင်။ အလုပ်စားပွဲများကစလို့ အစည်းအဝေးခန်းထဲက ထိုင်ခုံများ အဆုံး အကုန် စျေးပေါပေါများသာ ဖြစ်၏။ ထိုထိုင်ခုံများတွင် ဘယ်သူမှ နေရထိုင်ရ မသက်သာပါ။
ငါ ထုရွေ့ကျီရဲ့ စျေးကို ရာဂဏန်းလောက်အထိ နှိမ်ခဲ့တာ။ အဲ့ပိုက်ဆံတွေကို ဒီလူတွေကို လစာတိုးပေးဖို့နဲ့ ဒီနေရာထဲက စားပွဲခုံတွေ ထိုင်ခုံတွေကို ပြောင်းဖို့ သုံးလို့ရတယ်။ ငါရန်ပုံငွေတွေကို ကိုင်တွယ်ခွင့်ရတာနဲ့ ရှန်းယန်ဂိမ်းတစ်ခုလုံးကို ပြန်ပြုပြင်ဖို့ အချိန်ယူမယ်။ အဲ့တာဆို ငွေစာရင်းရှင်းမယ့်အချိန် မရောက်ခင် ဖြုန်းဖို့ နည်းလမ်းတစ်ခုရှာတွေ့ရာလည်း ကျသွားမယ်။
ဒီသက်တောင့်သက်သာမရှိသည့် ထိုင်ခုံကြောင့် ဖေးချမ့် မြန်မြန်ပဲအလုပ်များကို ခွဲပေးကာ ဒီနေရာကြီးကထွက်သွားဖို့ ပိုပြီး စိတ်ဆုံးဖြတ်ချက် ခိုင်မာလာသည်။
ဖေးချမ့်က သူ့ Rolex နာရီကို ကြည့်လိုက်ပြီး အလျှင်လိုနေသည့် ပုံစံမျိုး ဟန်ဆောင်လိုက်ပါသည်။ တကယ်တော့ ဒီနေ့ တစ်နေ့လုံး ဘာမှလုပ်စရာမရှိပါ။ အိပ်စရာကျန်သည့် အကြွေးများကို အိပ်ဖို့ စဥ်စားထား၏။
"အချိန် သိပ်မရှိတော့ဘူး။ ကျုပ် ရိုးရိုးရှင်းရှင်း အချက်လေးတွေပဲ ပြောသွားမယ်။"
ရိုးရိုးရှင်းရှင်း အချက်ဆိုတာကို ကြားလိုက်ရသောအခါ အားလုံး ချက်ချင်း ခါးမတ်မတ် ထိုင်လိုက်ကြပြီး ဘာဆက်ပြောမလဲ သေချာ နားထောင်နေကြ၏။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်များ၏ 'ရိုးရိုးရှင်းရှင်းအချက်' ဆိုတာ နာရီပေါင်းများစွာ ကြာမြင့်တတ်ပါသည်။
ဖေးချမ့်က အခန်းထဲပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ယဲ့ကျစ်ကျိုးဆိုတာ ဘယ်သူလဲ။"
ယဲ့ကျစ်ကျိုး လန့်ဖျပ်သွားသည်။
ဒါဘာသဘောလဲ။ ဘာလို့ ဘော့စ်ဖေးက အစည်းအဝေး စစချင်း ငါ့နာမည်ကို ထခေါ်တာလဲ။
ယဲ့ကျစ်ကျိုးက အမြန်မတ်တပ်ရပ်လိုက်သည်။ "ဘော့စ်ဖေး ကျွန်တော်ပါ။”
ဒီအပြုအမူမျိုးကို မြင်သားမကျသည့် ဖေးချမ့်က လက်ကိုအမြန်ရမ်းပြလိုက်ပြီး ယဲ့ကျစ်ကျိုးကို ပြန်ထိုင်ခိုင်းလိုက်ပါသည်။ "ထိုင်ပြီး ပြောစမ်းပါ။”
ထို့နောက် အစီအစဉ်ရေးဆွဲသူချုပ်နဲ့ အကြီးတန်းဒီဇိုင်နာ ဝမ်ရှောင်းပင်ကို လှည့်ကြည့်လိုက်သည်။ "ဝမ်ရှောင်းပင်။ အကြီးတန်းဒီဇိုင်နာ ဆိုတာ အရေးကြီးတဲ့ အလုပ်တစ်ခုပဲ။ အစီအစဉ်ရေးဆွဲသူချုပ်ကော အကြီးတန်းဒီဇိုင်နာကော အလုပ်နှစ်ခုစလုံး တွဲလုပ်ဖို့က မင်းအတွက် ခက်ခဲလိမ့်မယ်။”
"အခုချိန်ကစပြီး ယဲ့ကျစ်ကျိုးက ရှန်းယန်ဂိမ်းရဲ့ အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်သွားပြီ။ ဝမ်ရှောင်းပင် သူနဲ့ အတူတွဲလုပ်ပါ။” ဖေးချမ့် ပြောရင်းနဲ့ ဝမ်ရှောင်းပင်နဲ့ ယဲ့ကျစ်ကျိုးတို့၏ မျက်နှာထားများကို လေ့လာနေပါသည်။
ယဲ့ကျစ်ကျိုးက လုံးဝ ဇဝေဇဝါ ဖြစ်နေ၏။
ဝမ်ရှောင်းပင်က ကြက်သေ သေနေပါသည်။ ထို့နောက်... နည်းနည်းလေး ပြုံးနေသလိုပင်။ သူ့အပြုံးတွင် စိုးရိမ်စိတ် အနည်းငယ် ပါသော်လည်း စစ်မှန်သည့်အပြုံးဖြစ်ပုံပေါ်ပါသည်။
ဟင်...။
ငါ့ဇာတ်ကွက် တစ်ခုခု မှားနေတာတော့ မဟုတ်ပါဘူးနော်။
ဖေးချမ့်က ဝမ်ရှောင်းပင်ကို အစီအစဉ်ရေးဆွဲသူချုပ် ရာထူးမှ ချလိုက်ပါက သူကြက်သေ သေ၊ တုန်လှုပ်၊ စိတ်ရှုပ်ပြီး စိတ်ဓာတ်ကျသွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ အခုတော့ တစ်ခုမှ မဖြစ်ပါ။ ဝမ်ရှောင်းပင်က ဘာဖြစ်လို့ အရမ်းပျော်နေတာလဲ။ ဒီကုမ္ပဏီထဲမှာ ဝန်ထမ်းချင်း ယှဥ်ပြိုင်မှုများ မရှိသလိုမျိုး ပြုမူနေသည်။
ဆိုးရွားလိုက်တာ။
ဖေးချမ့် တခြားသူများ၏ မျက်နှာထားကိုလည်း အကဲခတ်ကြည့်လိုက်ပါသည်။ တခြားဝန်ထမ်း အနည်းငယ်က ကြည့်ရဆိုးနေပါသည်။
ဒါက ပုံမှန်ပဲ ဖြစ်သည်။ ယဲ့ကျစ်ကျိုး ကုမ္ပဏီထဲ ဝင်လာတာ လွန်ခဲ့သည့် လပိုင်းလောက်ကမှ ဖြစ်၏။ ဟွမ်စစ်ပေါ်လို လူတွေကမှ အစီအစဉ်ရေးဆွဲသူချုပ်ရာထူးကို ရသင့်သည်။ သူ့မှာ စကေးလည်း မရှိ အတွေ့အကြုံလည်း မရှိပါ။ ဘယ်သူက သူ့အတွက် ပျော်ပေးမည်နည်း။
ရာထူးချခံရပြီး ဝမ်ရှောင်းပင် ပျော်နေရခြင်းမှာ အစကတည်းက ဒီတာဝန်ကို မယူချင်သောကြောင့် ဖြစ်နိုင်ပါသည်။ သူ့အလုပ်ကို ဒုက္ခရောက်အောင် လုပ်မိမှာ စိုးရိမ်နေခဲ့လို့ ဖြစ်နိုင်ပါသည်။
တကယ်တော့ ယဲ့ကျစ်ကျိုးလည်း တာဝန်ယူနိုင်လိမ့်မည်ဟု သူ မထင်ပါ။ ထို့ကြောင့် သူ့အပြုံးတွင် စိုးရိမ်မှုများလည်း ပါနေခြင်း ဖြစ်ပါသည်။
ဝမ်ရှောင်းပင်က အိပ်မက်များစွာရှိသည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဒီပြောင်းလဲမှုအတွက် သိပ်ပြီး မခံစားခဲ့ရခြင်း ဖြစ်ပါသည်။
သို့သော်လည်း တခြားဝန်ထမ်းများကတော့ ခြားနားပါသည်။
ဒီကောင်စုတ်က အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်လာခွင့် ဘယ်မှာ ရှိလို့လဲ။ ဘာလို့ ငါ့ကို မရွေးတာလဲ။
သူတို့ မျက်နှာထားများက ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဖေးချမ့်က မသိမသာ ခေါင်းငြိမ့်လိုက်သည်။ ဟုတ်တယ် ဒီလိုမျိုး တုန့်ပြန်ရမှာပေါ့။
အချင်းချင်း တိုက်ခိုက်မှုတွေ။
ဖေးချမ့်၏ ရင်ထဲမှာ စတင် ပျော်ရွှင်လာသည်။ သို့သော်လည်း ပြန်စဥ်းစားကြည့်သောအခါ ဒီလောက်နဲ့ အဆင်ပြေပုံ မရပါ။ ထိုလူများအားလုံးက လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ သူတို့နေ့တိုင်း တစ်ယောက်နဲ့ တစ်ယောက် မြင်နေကြရ၏။ မနာလိုမှု တစ်ခုတည်းနဲ့ ပဋိပက္ခများကို ဆွပေးဖို့ မလုံလောက်သေးပါ။
ဖေးချမ့် သူတို့ကို ပိုပြီး ရန်စပေးရမည်။ ခဏလောက် စဥ်းစားလိုက်ပြီးနောက် ထပ်ပြောလိုက်ပါသည်။ "ယဲ့ကျစ်ကျိုး လတိုင်း လူတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ အလုပ်ဖြုတ်ခွင့်ရှိတယ်။ မင်းအလုပ်ဖြုတ်ချင်တဲ့ လူကို ငါ့ကို မက်ဆေ့ချ်သာပို့လိုက်။”
ယဲ့ကျစ်ကျိုး ပို၍ပင် စိတ်ရှုပ်သွားပါသည်။ ဒါ အကြွင်းမဲ့ အာဏာကြီးပင်။
ဒါက တိုင်ကြားရုံသက်သက်မဟုတ်ဘဲ အကြောင်းပြချက်မရှိဘဲ လူတွေကို အလုပ်ဖြုတ်နိုင်ခြင်း ဖြစ်သည်။ ဘော့စ်ဖေးကို နာမည်တစ်ခု ပေးလိုက်တာနဲ့ ထိုလူမှာ ကုမ္ပဏီမှ ချက်ချင်းပဲ ထွက်ခွာသွားရမည်ဖြစ်သည်။
ဖေးချမ့်က ခုနကတည်းက ကြည့်ရဆိုးနေသော ဝန်ထမ်းများကို ကြည့်လိုက်သည်။ အခု ပို၍ပင် ဆိုးနေပါပြီ။
မဆိုးပါဘူး။ ဒါက သူရှာဖွေနေသည့် အာနိသင်မျိုးပင်။
သူတို့ သဘောမကျသည့် အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက် ရာထူးတိုးခြင်း ခံခဲ့ရသည်။ သူတို့ကို အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်ဖို့ အကြွင်းမဲ့အာဏာတောင် ပေးလိုက်သည်။ သူ သေချာပေါက် ဒီအာဏာကို အသုံးချပြီး အရင်တုန်းက သူ့ကိုအနိုင်ကျင့်ခဲ့သည့် ဝန်ထမ်းများကို ကလဲ့စားချေပါလိမ့်မည်။ သူ့ဖိနပ်ကြိုးကို ချည်ခိုင်းလိမ့်မည်။ သူ့အာဏာကို ကြွားဝါလိမ့်မည်။ ထို့နောက် သူတို့ကို ခြိမ်းခြောက်ပါလိမ့်မည်။
အချိန်ကြာလာတာနဲ့အမျှ သူတို့စိတ်ဝမ်းကွဲလာကြမည်။ ယဲ့ကျစ်ကျိုးက ခေါင်းဆောင်အဖြစ် တစ်ယောက်တည်း ကျန်ခဲ့ပြီး ပြန်မပြင်နိုင်သည့် အရှုပ်အထွေး ပြဿနာများကို ရှာပါလိမ့်မည်။
အင်း။ ဒီအကွက်က မဆိုးဘူးပဲ။
ဖေးချမ့်က သူ့လက်ပတ်နာရီကို ကြည့်လိုက်ပါသည်။ အချိန်တွေ ကုန်နေပြီ။ အားလုံး၏ မျက်နှာထားကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းသော်လည်း သူသွားရမည့် အချိန်ရောက်လာပါပြီ။ သူ အိမ်မြန်မြန် ပြန်ပြီး အနားယူရတော့မည်။
"ပြီးရင် ရှန်းယန်ဂိမ်းမှာ ခြေလှမ်းနှစ်လှမ်း ဗျူဟာတစ်ခု ရှိရမယ်။”
"ပထမခြေလှမ်းက ငါတို့ရဲ့ လက်ရှိဂိမ်းတွေကို ပြောင်းလဲမှုတွေ လုပ်ရမယ်။ ဝယ်ယူနိုင်တဲ့ အရာတွေ အကုန်လုံးကို ဖျက်သိမ်းမယ်။ ဘယ်တစ်ခုကို ဖျက်သိမ်းပြီး ဘယ်တစ်ခုကို ဆက်ထိန်းသိမ်းထားမလဲဆိုတာကိုတော့ ယဲ့ကျစ်ကျိုးက ဆုံးဖြတ်လိမ့်မယ်။”
"ဒုတိယခြေလှမ်းက မင်းတို့ တစ်ယောက်ချင်းစီတိုင်း ဂိမ်းသစ်အတွက် အစီအစဥ်တစ်ခုကို စဥ်းစားကြဖို့ပဲ။ ဒီဇိုင်းမူကြမ်းတစ်ခုကို ဖန်တီးကြ။ အကောင်းဆုံးတစ်ခုကိုရွေးပြီး ရှန်းယန်ဂိမ်းရဲ့ ပရောဂျက်အသစ်အဖြစ် သတ်မှတ်မယ်။”
"အင်း... ဇွန်လ အဆုံးထိ စောင့်လိုက်။ ပထမခြေလုံးကိုပဲ မင်းတို့ အာရုံစိုက်စေချင်သေးတယ်။ ဇူလိုင်လမှာ မင်းတို့ရဲ့ ကမ်းလှမ်းချက်တွေ အကုန်လုံးကို အပ်ရမယ်။ ငါတို့ရဲ့ ပရောဂျက်သစ်ကို တရားဝင် စတင်မယ်။”
ဖေးချမ့်က အစည်းအဝေးခန်းထဲကို ကြည့်လိုက်သည်။ "မေးစရာမေးခွန်းရှိလား။”
ယဲ့ကျစ်ကျိုးက အရင်ဆုံး လက်ထောင်လိုက်ပါသည်။
ဖေးချမ့်က မမြင်ချင်ယောင်ဆောင်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်ပြီ။ သွားလို့ရပါပြီ။”
ဘော့စ်ဖေးက မတ်တပ်ရပ်လိုက်ပြီး အခန်းထဲက အေးအေးဆေးဆေး ထွက်သွားပါသည်။ ယဲ့ကျစ်ကျိုးက လက်ထောင်ထားဆဲ အနေအထားဖြင့် ကျန်ခဲ့လေသည်။
အားလုံး ဇဝေဇဝါ ဖြစ်နေသည့်ပုံပင်။ ဘော့စ်ဖေးက ရိုးရိုးရှင်းရှင်း အချက်များ ပြောမည်ဟု ပြောသွားသည်။ တကယ်လည်း ရိုးရိုးရှင်းရှင်း အချက်များ ရှိခဲ့ပါသည်။ စုစုပေါင်း စကား ၁၀ ခွန်းအောက်ပဲ ပြောသွားပါသည်။
ယဲ့ကျစ်ကျိုးက ချက်ချင်းပဲ အစီအစဉ်ရေးဆွဲသူချုပ်ရာထူးကို ငြင်းပယ်ချင်သော်လည်း ဘော့စ်ဖေးက သူ စဥ်းစားနေတာကို ကြိုသိနေသလိုပင်။
ယဲ့ကျစ်ကျိုးကို အခွင့်အရေးတောင် မပေးဘဲ အခန်းထဲက ထွက်လာပါသည်။
ထိုအချိန်တွင် ယဲ့ကျစ်ကျိုးတစ်ယောက် ဝန်ထမ်းဟောင်းများစွာ၏ စိုက်ကြည့်မှုကို ခံခဲ့ရပါသည်။ သူတို့ သူနောက်ကျောသို့ ဓားဖြင့် ထိုးကြတော့မည့်ပုံပင်။ ရှန်းယန်ဂိမ်း၏ ယခင်တုန်းက အခြေအနေက ရေငြိမ်တစ်ခုလိုပင်။ အခုတော့ မီးတောက်တွေလို တောက်လောင်နေသည်။ တဖြည်းဖြည်း ပြင်းထန်လာ၏။
ရှန်းယန်ဂိမ်းက ထွက်လာပြီးနောက် ဖေးချမ့် စိတ်ရွှင်နေပါသည်။
လျို့ကြီးမရှိတော့သော်လည်း ဒီလုပ်ငန်းထဲ ဝင်ရောက်လာခါစ လူတစ်ယောက်ကို အစီအစဉ်ရေးဆွဲသူချုပ်အဖြစ် ရာထူးတိုးပေးလိုက်ခြင်းက တူညီသော ရလဒက်ို ရစေပါလိမ့်မည်။
ထို့အပြင် ဒီခြေလှမ်းနှစ်ဆင့် ဗျူဟာက ကုမ္ပဏီ ခဏလောက်အထိ ငွေများဆုံးရှုံးနိုင်ဖို့ အာမခံနိင်ပါသည်။
ပထမဆုံး Romantic Taoist နဲ့ Bloody Battle Song များကို တကျော့ပြန်လာခြင်းမှ တားဆီးဖို့အတွက် ဝယ်ယူနိုင်သည့် အရာအားလုံးကို ပယ်ချပြီး တစ်ခုသာ ချန်ထားမည်။ ဒါဆို ဘယ်ဂိမ်းမှ အမြတ်ရတော့မှာ မဟုတ်ကြောင်း သေချာပါသည်။ ထို့နောက် သူတို့ကို ဦးနှောက်စားခိုင်းပြီး ဂိမ်းသစ်တစ်ခု ဖန်တီးခိုင်းမည်။ တစ်ယောက်ချင်းစီတိုင်းက အစီအစဥ်တစ်ခုစီ စဥ်းစားရမည်။
ဖေးချမ့်က အဆိုးရွားဆုံးအစီအစဥ်ကို ရွေးချယ်ရမလား ကံစမ်းမဲနှိုက်ပြီး ကံကို ပုံအပ်ထားရမလား စဥ်းစားနေပါသည်။ သေချာ စဥ်းစားပြီးသောအခါ ကံစမ်းမဲနှိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
သူ့အမြင်ကို သူ မယုံကြည့်တော့ပါ။
သူ့ပန်းတိုင်အဖြစ် အမှိုက်သရိုက်ကို ရွေးချယ်လိုက်တိုင်း အတော်လေး ရေပန်းစားသည့်အရာအဖြစ် ပြောင်းလဲသွားတတ်သည်။ သည်းခံရခက်လာပါသည်။
အထီးကျန်ကန္တာရလမ်းနှင့် ဂိမ်းဒီဇိုင်နာတို့က သူ့ကို သင်ခန်းစာများ ကောင်းကောင်းပေးပြီးပါပြီ။
ထို့ကြောင့် ဖေးချမ့်က အချိန်တန်လျှင် ကံစမ်းမဲသာ နှိုက်ပြီး ရလာတာကိုသာာ ရွေးမည်။ အမှန်ပင်။ ရွေးထားသည့် အစီအစဥ်က အတော်လေး ကောင်းမွန်နေပါက ကံစမ်းမဲ ပြန်နှိုက်မည်ဖြစ်သည်။
ဒီကိစ္စတွေကလွဲလို့ ဖေးချမ့် ရှန်းယန်ဂိမ်းသို့ ပြန်သွားမှာ မဟုတ်ပါ။ ကုမ္ပဏီအပေါ် သူ့လွှမ်းမိုးမှုကို နည်းပါးစေချင်သောကြောင့်သာ မကဘဲ ထိုနေရာကြီးကို စည်းမဲ့ကမ်းမဲ့ တောအုပ်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲမည်ဖြစ်သည်။ ထိုနေရာက စည်းမျဥ်းစည်းကမ်းများကို တောအုပ်၏ စည်းမျဥ်းစည်းကမ်းများ ဖြစ်လာအောင် ပြောင်းလဲပေးမည်။
ထိုနေရာက လုံးဝ မစည်းလုံးသော အခြေအနေ ဖြစ်လာမည်။ ယဲ့ကျစ်ကျိုးက ခေါင်းဆောင်နိုင်တော့မှာာ မဟုတ်ပေ။ ပြီးပြည့်စုံလွန်းပါသည်။
ဒီလိုသာဆို ရှန်းယန်ဂိမ်းက အရာအားလုံးကို ဆုံးရှုံးသွားမှာပဲ... မဟုတ်လား။
Zawgyi
ေဖးခ်မ့္ 145+146
အခန္း(၁၄၅) ႐ွန္းယန္ဂိမ္းကုမၸဏီရဲ႕ ေဘာ့စ္အသစ္
လက္႐ွိ အရင္းအႏွီး အကန္႔အသတ္ေၾကာင့္ ေဖးဟြမ္လုပ္ငန္းမွာ အလြန္ေကာင္းမြန္သည့္ မွတ္တမ္း႐ုပ္႐ွင္ေတာ့ ထုတ္လုပ္ႏိုင္မွာ မဟုတ္ပါ။
ေဖးခ်မ့္မွတ္မိသည့္ မွတ္တမ္း႐ုပ္႐ွင္မ်ားမွာ ေအာင္ျမင္သည္ဟု သတ္မွတ္ႏိုင္သည္။ ႏိုင္ငံေတာ္တစ္ခြင္လုံး ေတာမီးလိုျပန္႔ႏွံ႔သြားခဲ့သည့္ 'A Bite of China' ကဲ့သို႔ မွတ္တမ္း႐ုပ္႐ွင္မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ ႐ွိ၏။ ကုန္ၾကမ္းမ်ား ႐ွာေဖြဖို႔ ႏိုင္ငံေတာ္တစ္ခြင္လုံးကို လည္ပတ္ခဲ့ၾက႐ုံသာမကဘဲ ႐ိုက္ကူးေရး ကိရိယာမ်ားကပါ အေတာ္ေလးကို ေစ်းႀကီးပါသည္။။
သို႔ေသာ္လည္း ေဖးဟြမ္လုပ္ငန္းကေတာ့ ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝ အသားတင္ အျမတ္ေငြ၏ ၅၀ ရာခိုင္ႏႈန္းကိုသာ သုံးႏိုင္သည္။ ယြမ္ ၁ သန္းေက်ာ္ေက်ာ္ေလးသာ ႐ွိ၏။ ဒီေလာက္နည္းပါးေသာ ပမာဏနဲ႔ေတာ့ ေသခ်ာေပါက္ ေလာက္မွာ မဟုတ္ပါ။
'A Bite of China' ကဲ့သို႔ မွတ္တမ္း႐ုပ္႐ွင္မ်ိဳး သူတို႔ ႐ိုက္ကူးႏိုင္ဖို႔ လုံးဝ မျဖစ္ႏိုင္ပါ။
သို႔ေသာ္လည္း ေဖးခ်မ့္ သတိမမဲ့ခဲ့ေပ။ ေဖးခ်မ့္ ထိုျပႆနာမ်ားကို ႀကိဳတြက္ထားၿပီးသား ျဖစ္သျဖင့္ က်ိဳးေ႐ွာင္စဲလည္း တြက္ထားၿပီးေလာက္ပါၿပီ။
ေသခ်ာေပါက္ ဒီအားနည္းခ်က္ေတြကို သူ သိေလာက္သည္။
က်ဴးေ႐ွာင္စဲက ငယ္႐ြယ္ၿပီး ပါရမီ႐ွိေသာ ဒါ႐ိုက္တာတစ္ေယာက္ ျဖစ္ပါသည္။ သူက မွတ္တမ္း႐ုပ္႐ွင္တစ္ခု ႐ိုက္ကူးခ်င္သည္ ဆိုေသာေၾကာင့္ ေအာင္ျမင္လိမ့္မည္ဟု ယုံၾကည္ခ်က္႐ွိမွ သူေ႐ွ႕ဆက္တိုးလိမ့္မည္။
ေဖးခ်မ့္ တစ္ေခါက္ အလိမ္ခံရၿပီးပါၿပီ။ ေနာက္တစ္ေခါက္ ထပ္ခံရဖို႔ လုံးဝ မျဖစ္ႏိုင္ပါ။ ဒီဗီဒီယိုလည္း ေငြတခ်ိဳ႕ ရလာႏိုင္၏။
သို႔ေသာ္လည္း ဗီဒီယိုအတိုေလးမ်ားနဲ႔ ယွဥ္ပါက ရင္းႏွီးျမႇဳပ္ႏွံမႈ နည္းပါးသည့္ ထိုမွတ္တမ္း ႐ုပ္႐ွင္မ်ားမွာ ဝင္ေငြ ပိုနည္းပါသည္။ ဒီေလာက္ဆို အဆင္ေျပသည္။
ထိုသို႔စဥ္းစားရင္း ေဖးခ်မ့္ ေျပာလိုက္၏။ "ဟုတ္ၿပီ။ မင္းတို႔ေတြကို ငါေထာက္ခံေပးမယ္။” သူ႕ေလသံက အသက္မဲ့ၿပီး ေျခာက္ကပ္ေနပါသည္။ သူ႕ရင္ထဲက လာေသာ စကားလုံးမ်ား မဟုတ္ေသာေၾကာင့္ပင္။
ဟြမ္စစ္ေပၚက ပီတိျဖာသြား၏။ "ေထာက္ခံေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ေဘာ့စ္ေဖး။”
ဖုန္းခ်ၿပီးေနာက္ ႐ွန္းယန္ဂိမ္းမွာ ဘာေတြျဖစ္ေနသလဲ ေမးခြန္းတခ်ိဳ႕ ေမးလိုက္ပါသည္။ လက္ေထာက္႐ွင္းက အေျခအေနကို အၾကမ္းဖ်င္း တင္ျပလိုက္၏။ ေလာေလာဆယ္ အားလုံးေခ်ာေမြ႕လ်က္ ႐ွိသည္။ ေဖးခ်မ့္က တနလၤာေန႔တြင္ သူ႕ဝန္ထမ္းအသစ္မ်ားနဲ႔ သြားေတြ႕ၿပီး တာဝန္မ်ား ေပးေတာ့မည္ ျဖစ္သည္။
ေဖးခ်မ့္က ခဏေလာက္ စဥ္းစားၾကည့္လိုက္ပါသည္။ "တနလၤာေန႔... တနလၤာေန႔က်ရင္ အဲ့မွာ ကြၽန္ေတာ္႐ွိမွျဖစ္မွာလား။”
လက္ေထာက္႐ွင္းက ေခ်ာင္းႏွစ္ခ်က္ဆိုးကာ ျပန္ေျဖလိုက္ပါသည္။ "႐ွိရမွာေပါ့။ ကုမၸဏီတစ္ခုလုံးေပၚမွာ ေဘာ့စ္တစ္ေယာက္ရဲ႕ လႊမ္းမိုးမႈက အရမ္းႀကီးတာ။ ေဘာ့စ္ေဖးကိုယ္တိုင္ လာၿပီး တစ္ခုခုေျပာဖို႔ လိုအပ္မယ္ ထင္တယ္။ မဟုတ္ရင္ ႐ွန္းယန္ဂိမ္းက ဝန္ထမ္းေတြကို ဒီအတိုင္း လႊတ္ထားလိုရင္ ထိန္းမႏိုင္ သိမ္းမရေတြ ျဖစ္လာလိမ့္မယ္။”
ေဖးခ်မ့္က သူမ စကားလုံးမ်ားကို သုံးသပ္ၾကည့္လိုက္ၿပီး အဓိပၸာယ္႐ွိသည္ဟု ထင္မိပါသည္။
လက္ေထာက္႐ွင္းက ေဖးခ်မ့္ ထိုေနရာသို႔ သြားကာ ၎တို႔ကို အာမခံေပးၿပီး ႐ွန္းယန္းဂိမ္း၏ ဝန္ထမ္းဦးေရတစ္ခုလုံးအတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈ လမ္းစဥ္ ခ်မွတ္ေပးရမည္ဟု ဆို၏။ ထိုအလုပ္သမားမ်ား သူ႕ကို ဒုကၡေပးမွာ ေဖးခ်မ့္ စိုးရိမ္မိပါသည္။ ေလွ်ာက္လုပ္ရင္း အ႐ႈံးကို အျမတ္ျဖစ္ေအာင္ ေျပာင္းခ်င္ ေျပာင္းႏိုင္ၾကေလာက္သည္။
သူက ေသေသခ်ာခ်ာ စဥ္းစားၿပီးမွ ကုမၸဏီကို ဝယ္ယူလိုက္တာ ျဖစ္ေသာ္လည္း ယခင္ ႐ွန္းယန္ဂိမ္းႏွင့္ ျခာနားခ်က္တခ်ိဳ႕ ႐ွိေနေသးတာကိုေတာ့ သတိထားမိပါသည္။
တစ္ခုက လ်ိဳ႕ႀကီး အလုပ္ေျပာင္းသြားျခင္း ျဖစ္သည္။ ဝမ္ေ႐ွာင္းပင္က အစီအစဥ္ေရးဆြဲသူခ်ဳပ္ ျဖစ္လာ၏။ ေနာက္တစ္ခုက ထုေ႐ြ႕က်ီ ထြက္ေျပးသြားျခင္း ျဖစ္သည္။ ထိုလူႏွစ္ေယာက္စလုံးက ယခင္က ႐ွန္းယန္ဂိမ္း၏ အ႐ႈံးေပၚမႈမ်ားအတြက္ အဓိက တာဝန္႐ွိသူမ်ား ျဖစ္ၾကလိမ့္မည္။
သူတို႔ႏွစ္ေယာက္ မ႐ွိေတာ့သျဖင့္ ေဖးခ်မ့္ အနည္းငယ္ စိတ္မခ် ျဖစ္ေနပါသည္။ ဘာမွ မမွားႏိုင္ဖို႔ ေသခ်ာေအာင္ ထိုေနရာသို႔ ကိုယ္တိုင္သြားေရာက္ဖို႔ ေဖးခ်မ့္ ဆုံးျဖတ္လိုက္ပါေတာ့သည္။ ေနာက္ပိုင္းမွာေတာ့ ထပ္သြားေတာ့မွာ မဟုတ္ပါ။ ႐ွန္္းယန္ဂိမ္း သူ႕ေၾကာင့္ အားတက္မလာေစဖို႔ အေကာင္းဆုံး ႀကိဳးစားမည္ျဖစ္သည္။
ထန္းတာ့ဂိမ္းမွာ ျဖစ္ပ်က္ခဲ့သမွ်ကို ၾကည့္ကာ ေဖးခ်မ့္ သူ႕ဂိမ္းဒီဇိုင္းစေကးကို ဒီေလာက္ထိ မယုံမၾကည္ မျဖစ္ခဲ့ဖူးပါ။ ေဘးကင္းကင္းသာ သူ ေဆာင္႐ြက္ခ်င္သည္။
ေဖးခ်မ့္သာ သူတို႔ အားတက္ေအာင္ တစ္ခုခု ေျပာလိုက္မိၿပီး သမုဒၵရာရဲတိုက္တုန္းကလို ကပ္ေဘးမ်ိဳး ထပ္ျဖစ္လာပါက ခြက်ပါလိမ့္မည္။
"ေကာင္းၿပီ။ ကြၽန္ေတာ့္ကို တနလၤာေန႔ မနက္က်ရင္ လာေခၚပါ။ ကြၽန္ေတာ္တို႔ ႐ွန္းယန္ဂိမ္းကို အရင္သြားၾကပါ။” ေဖးခ်မ့္က တိုးတိတ္စြာ သက္ျပင္းခ်လိုက္ပါသည္။
ေဘာ့စ္တစ္ေယာက္ျဖစ္ရတာ အလြန္ပင္ပန္းပါသည္။
တနလၤာေန႔မနက္ ႐ွန္းယန္ဂိမ္းတြင္...
႐ွန္းယန္ဂိမ္းကုမၸဏီ စတင္ဖို႔ ၁၀ မိနစ္ လိုေသးသည္။ သို႔ေသာ္လည္း ဝန္ထမ္းအားလုံး ႐ုံးမွာ ေရာက္ေနၾကပါၿပီ။ သူတို႔အားလုံး အာ႐ုံစိုက္ထားၾကသည္။ ခါးမ်ား မတ္မတ္ထိုင္ေနၾက၏။ စာတမ္းမ်ားကို အယ္ဒီတာ အသုံးျပဳကာ ဖတ္႐ႈရင္း ဝင္ေပါက္အေျခအေနကို အကဲခတ္ေနၾကပါသည္။
႐ွန္းယန္ဂိမ္း၏ ေဘာ့စ္ေျပာင္းလဲသြားၿပီ။
ဆန္းၾကယ္သည့္ ေဘာ့စ္ေဖး၏ စိတ္ဓာတ္ႏွင့္ သေဘာသဘာဝကို ဘယ္သူမွ မသိၾကပါ။ ထို႔ေၾကာင့္ ပထမဆုံး အလုပ္ဆင္းသည့္ေန႔မွာ အလြန္အာ႐ုံစိုက္ထားၾကၿပီး အမွားတစ္ခု လုပ္မိမွာကိုေတာင္ ေၾကာက္ေနၾကပါသည္။
ယခင္ ႐ွန္းယန္ဂိမ္း၏ ေအာ္ပေရး႐ွင္းမ်ား ဘယ္ေလာက္ေတာင္ ဆိုး႐ြားသလဲဆိုတာ အားလုံး ရင္ထဲမွာ သိထားၾကသည္။ ေဘာ့စ္ေဖးသာ ဒီေန႔ သူ႕အာဏာကို သုံးၿပီး အလုပ္ေနာက္က်သည့္ တစ္ေယာက္ကို အေၾကာင္းျပခ်က္ေပး အလုပ္ျဖဳတ္လိုက္ပါက သားေကာင္ ေတာ္ေတာ္ ကံဆိုးမသြားႏိုင္ဘူးလား။
ထို႔ေၾကာင့္ အားလုံး မလႈပ္မယွက္ျဖစ္ေနၾကကာ အမွားတစ္ခုမွ မလုပ္ရဲၾကေပ။
ဝမ္ေ႐ွာင္းပင္က ဖိအား အမ်ားဆုံး ျဖစ္သည္။ သူက အစီအစဥ္ေရးဆြဲသူခ်ဳပ္အျဖစ္ ကုမၸဏီကို ကယ္တင္ရမည့္လူျဖစ္၏။ သို႔ေသာ္လည္း သူ႕အစြမ္းအစကို ယုံၾကည္ခ်က္ လုံးဝ မ႐ွိပါ။
လ်ိဳ႕ႀကီးက အလုပ္သစ္ ရသြားသည္။ အားလုံး၏ အေတြ႕အၾကဳံအရ စနစ္ဒီဇိုင္နာ လုပ္တာၾကာၿပီျဖစ္သည့္ ဝမ္ေ႐ွာင္းပင္ ဒီရာထူးကို ရလိုက္တာ သဘာဝက်ပါသည္။
တျခားသူေတြသာဆို အားလုံး၏ ပါးစပ္ကိုပိတ္ၿပီး ထုေ႐ြ႕က်ီ၏ ယုံၾကည္မႈကို ရႏိုင္မွာ မဟုတ္ပါ။
ဝမ္ေ႐ွာင္းပင္က အမ်ားႀကီး မစဥ္းစားေတာ့ေပ။ ေဘာ့စ္ထုကိုယ္တိုင္ သူ႕ကို ေ႐ြးခ်ယ္ခဲ့သျဖင့္ ဒီအလုပ္က ပုန္းကြယ္ေနဖို႔ မျဖစ္ႏိုင္ပါ။ ထို႔အျပင္ ထိုအခ်ိန္တုန္းက ႐ွန္းယန္ဂိမ္းမွာ ၿပိဳကြဲခါနီးဆဲဆဲ အေျခအေနျဖစ္ေနခဲ့သည္။ သူ အစီအစဥ္ေရးဆြဲသူခ်ဳပ္အျဖစ္ ၾကာၾကာ ေနရလိမ့္မည္ဟု မထင္ခဲ့ေပ။
သို႔ေသာ္လည္း သူကစာရင္းဇယားမ်ား ဖန္တီးၿပီး Data value မ်ား သတ္မွတ္ရာတြင္ ေတာ္ေၾကာင္း ဝမ္ေ႐ွာင္းပင္ ကိုယ့္ကိုယ္ကို သိပါသည္။ ပေရာဂ်က္တစ္ခုလုံး၏ သုေတသနတာဝန္မ်ားကို ေပါင္းစည္းၿပီး ဂိမ္းဖန္တီးမႈ လမ္းေၾကာင္းကို အတည္ျပဳေပးရမည့္ တာဝန္မ်ားကိုေတာ့ သူ မကိုင္တြယ္ႏိုင္ပါ။
ထို႔ေနာက္ ဝမ္ေ႐ွာင္းပင္က ဒီေန႔ ေဘာ့စ္ေဖးကို အမွန္တိုင္းေျပာဖို႔ ဆုံးျဖတ္လိုက္ပါသည္။ ေဘာ့စ္ေဖး ထန္းတာ့ဂိမ္းမွ အေတြ႕အၾကဳံ႐ွိ ဒီဇိုင္နာတစ္ေယာက္ကို အစီအစဥ္ေရးဆြဲသူခ်ဳပ္အျဖစ္ ရာထူးခန္႔ႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ပါသည္။ ထိုအခါမွ ထိုအစီအစဥ္ေရးဆြဲသူခ်ဳပ္ လက္ေအာက္တြင္ သူ ေအးေအးခ်မ္းခ်မ္း အလုပ္လုပ္ႏိုင္ပါလိမ့္မည္။
ဝမ္ေ႐ွာင္းပင္၏ ဘယ္ဘက္ စားပြဲခုံတြင္ လူငယ္တစ္ေယာက္က သူ႕ဖုန္းေပၚမွ မက္ေဆ့ခ်္ကို ခိုးၿပီး စာျပန္ေနပါသည္။
မာယိခြၽမ္၏ မက္ေဆ့ခ်္အသစ္က Chat တြင္ ေပၚလာသည္။ "ဘယ္လိုလဲ ယဲ့ေလး။ ထန္းတာ့ရဲ႕ လူသားရင္းျမစ္ဌာနက မင္းကိုဖုန္းဆက္လား။”
ယဲ့က်စ္က်ိဳးက ျပန္ေျပာလိုက္သည္။ "မဆက္ဘူး။”
မာယိခြၽမ္ "မျဖစ္ႏိုင္တာ။ ေဘာ့စ္ေဖးေ႐ွ႕မွာ မင္းအေၾကာင္းကို ေသခ်ာေျပာခဲ့တာပါ။ မင္းအလုပ္မျပဳတ္ေစရဘူးလို႔ ေသခ်ာ ေျပာသြားတယ္။ သူ အလုပ္မ်ားၿပီး ေမ့သြားတာမ်ားလား။”
ယဲ့က်စ္က်ိဳးက ျပန္ေျပာလိုက္၏။ "ေဘာ့စ္ေဖးက ႐ွန္းယန္းဂိမ္းကုမၸဏီတစ္ခုလုံးကို ဝယ္လိုက္တာ။ မင္း အဲ့တာ မသိဘူးလား။”
မာယိခြၽမ္ အၾကာႀကီး စာမျပန္ႏိုင္ခဲ့ေပ။ သတင္းေၾကာင့္ သူ တုန္လႈပ္သြားတာ သိသာပါသည္။
ေဘာ့စ္ေဖး ဘာေတြလုပ္ဖို႔ ၾကံေနတာလဲ။
အစကေတာ့ သူ႕ညီအစ္ကို၏ အလုပ္ျပႆနာကိုသာ ေဘာ့စ္ေဖး ကူညီေပးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ျခင္း ျဖစ္၏။ ေနာက္ဆုံးေတာ့ သူ ေသခ်ာေပါက္ အလုပ္ရမယ္ဆိုတာ ဒါကို ဆိုလိုတာလား။
႐ွန္းယန္ဂိမ္းကုမၸဏီတစ္ခုလုံးကို တကယ္ႀကီး ဝယ္လိုက္ပါသည္။
မာယိခြၽမ္နဲ႔ တျခားသူေတြလည္း ဒါကို လုံးဝ မသိၾကပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ ေဖးခ်မ့္က သူတို႔နဲ႔ မဆိုင္ဘူးဟု ထင္သျဖင့္ မေျပာျပခဲ့ျခင္း ျဖစ္ပါသည္။
ထို႔ေၾကာင့္ မာယိခြၽမ္ လုံးဝ ေၾကာင္သြားရပါသည္။
"မဟုတ္မွလြဲေရာ ေဘာ့စ္ေဖးက ဟြမ္စစ္ေပၚနဲ႔ ငါတို႔ ဘယ္ေလာက္ေတာ္လဲျမင္ၿပီးေတာ့ ႐ွန္းယန္ဂိမ္းက တျခားဝန္ထမ္းေတြပါ သာတူညီမွ်ေတာ္လိမ့္မယ္လို႔ ထင္သြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။ အဲ့တာေၾကာင့္ ကုမၸဏီတစ္ခုလုံးကို ဝယ္ဖို႔ ဆုံးျဖတ္လိုက္လား။”
"...ငါ ဘာေတြ ေတြးေနတာလဲ မျဖစ္ႏိုင္ပါဘူး"
မာယိခြၽမ္က မၾကာေသးခင္ကမွ ႐ွန္းယန္ဂိမ္းကုမၸဏီက ထြက္လာခဲ့ျခင္း ျဖစ္သည္။ ကုမၸဏီ ဘယ္ေလာက္ေတာင္ ဆိုး႐ြားလဲဆိုတာ သူသိပါသည္။ စကားလုံးအနည္းငယ္ျဖင့္ ေဖာ္ျပရမည္ဆိုလွ်င္ ေဆးမမွီေတာ့သည့္ အေျခအေန ျဖစ္သည္။
သခ်ႋဳင္းကုန္းေရာက္ဖို႔ ေျခတစ္လွမ္းသာ လိုေတာ့သည့္ ကုမၸဏီကို ဝယ္ယူၿပီး ေဘာ့စ္ေဖး ဘာလုပ္ဖို႔ ၾကံေနတာလဲ။
ယဲ့က်စ္က်ိဳးက သူ႕နာရီကို ၾကည့္လိုက္ၿပီး ကုမၸဏီစခ်ိန္ေရာက္ေတာ့မွာကို ျမင္လိုက္ပါသည္။ အျမန္စာျပန္လိုက္၏။ "ညီအစ္ကိုမာ။ ငါသြားေတာ့မယ္။ ေဘာ့စ္ေဖး မၾကာခင္ ေရာက္လာေတာ့မယ္ ထင္တယ္။”
ဖုန္းကိုသိမ္းလိုက္ၿပီးေနာက္ ကြန္ပ်ဴတာနဲ႔ အလုပ္အာ႐ုံစိုက္ေနသလို ဆက္ၿပီး ဟန္ေဆာင္ေနလိုက္ပါသည္။ သိပ္မၾကာလိုက္ေပ။ ႐ုံး၏ အေျခအေန တစ္ခုလုံး တင္းမာလာသည္ဟု ယဲ့က်စ္က်ိဳး ခံစားလိုက္ရပါသည္။
မ်က္လုံးေထာင့္က ေခ်ာင္းၾကည့္လိုက္ေသာ အခါ ေဘာ့စ္ေဖး ေရာက္လာတာကို ျမင္လိုက္ရသည္။
အရင္က သူတို႔ ေတြ႕ဖူးေသာ္လည္း ေဘာ့စ္ေဖး၏ ယုံၾကည္ခ်က္ ျပည့္ဝေသာ အ႐ွိန္အဝါေၾကာင့္ သူ အသက္႐ွဴရခက္သြားဆဲ ျဖစ္သည္။ ေဘာ့စ္ေဖးက အလြန္ငယ္႐ြယ္ေသာ္လည္း လႈပ္႐ွားလိုက္တိုင္း ဘာေၾကာင့္မွန္းမသိ ထူးျခားသည့္ အ႐ွိန္အဝါကို ထုတ္လႊတ္ေနသည္။
သူ႕အ႐ွိန္အဝါကို ဘယ္လို ေဖာ္ျပရမလဲ...။
ေငြေပါတာလား ယုံၾကည္ခ်က္ ျပည့္ဝတာလား ေစတနာေကာင္းတာလား။
ကိုယ္ပိုင္ဟန္အျပည့္အဝ႐ွိတာလား။
ထိုစကားလုံးမ်ားနဲ႔ သင့္ေတာ္မည္ဟု မထင္ပါ။
ဘာပဲျဖစ္ျဖစ္ အ႐ွိန္အဝါကို ၾကည့္ျခင္းအားျဖင့္ ေဘာ့စ္ေဖး ဒုံးေဝးသူတစ္ေယာက္ မဟုတ္မွန္း သိႏိုင္သည္။ သူက အရင္ေဘာ့စ္ထုနဲ႔ လုံးဝ ဆန္႔က်င္ဘက္ ျဖစ္၏။ ထို႔ေနာက္ ေဘာ့စ္ေဖး၏ ယခင္က ေအာင္ျမင္ေသာ ဂိမ္းမ်ားအေၾကာင္း ျပန္စဥ္းစားၾကည့္လိုက္ပါသည္။ ထို႔ေၾကာင့္ ေဘာ့စ္ေဖး ပိုေတာက္ပလာသည္။ သူ႕ကို တိုက္႐ိုက္ၾကည့္ဖို႔ေတာင္ ခက္ခဲလာပါသည္။
အမွန္ပင္။ ေခါင္းေဆာင္ အစစ္အမွန္ဆိုတာ ဒီလိုပဲ ျပဳမူသင့္ပါသည္။ ေဘာ့စ္ထုက ေနာက္ေပါက္သည့္ ေ႐ႊၾကာဟုသာ သတ္မွတ္ႏိုင္သူ ျဖစ္သည္။ ဒါက ပါရမီ႐ွိသည့္ ဒီဇိုင္နာစစ္စစ္တစ္ေယာာက္ ျပဳမူသင့္သည့္ ပုံစံမ်ိဳး ျဖစ္သည္။ ယဲ့က်စ္က်ိဳး ရင္ထဲတြင္ အံ့ၾသေနမိပါသည္။
အခန္း(၁၄၆) ေဘာ့စ္ေဖး ေပးတဲ့ အႂကြင္းမဲ့အာဏာ
"အားလုံး ေရာက္ၿပီလား အစည္းအေဝးလုပ္ရေအာင္"
ေဖးခ်မ့္က အစည္းအေဝးခန္းထဲသို႔ ေလွ်ာက္သြားသည္။ အားလုံးလည္း ခပ္ျမန္ျမန္ပဲ မတ္တပ္ရပ္လိုက္ၾကကာ ဝမ္ေ႐ွာင္းပင္ေနာက္မွ အစည္းအေဝးခန္းထဲသို႔လိုက္ဝင္သြားၾကပါသည္။ ထိုင္ခုံမ်ားတြင္ ထိုင္လိုက္ၾကၿပီး သပ္သပ္ရပ္ရပ္ ေနလိုက္ၾကသည္။ သူတို႔ မ်က္ႏွာထားမ်ားက တည္ၾကည္ေလးနက္ေန၏။
ယဲ့က်စ္က်ိဳးလည္း စိတ္ခံစားခ်က္တစ္ခု ျဖစ္ေပၚလာပါသည္။
ဒီျမင္ကြင္းကို ၾကည့္လိုက္ပါဦး။
ယခင္တုန္းက လ်ိဳ႕ႀကီး အစည္းအေဝးပြဲ က်င္းပသည့္အခါ အားလုံးက နားေထာင္ေနသည့္ပုံေပၚေသာ္လည္း တကယ္တမ္းေတာ့ ဘယ္သူမွ အေရးမစိုက္ၾကပါ။
အားလုံးက ေန႔တိုင္းလိုလို ေရသာခိုခ်င္ခဲ့ၾကသည္။ သူတို႔ကို တာဝန္ေပးထားသည့္ အလုပ္ကို ဝတၱရားအရ လုပ္လိုက္ၿပီး ဘာမွ မပိုေပ။ ဘာပဲျဖစ္ျဖစ္ ဒီလိုအလုပ္ပတ္ဝန္းက်င္မ်ိဳးမွာ သူတို႔ ဘယ္ေလာက္ပဲ အလုပ္ႀကိဳးစားပါေစ အေရးမပါေၾကာင္း အားလုံး နားလည္ထားၾကပါသည္။
သို႔ေသာ္လည္း အခုေတာ့ သူတို႔ ျခားနားေနၾကေလၿပီ။
ေဘာ့စ္ေဖး သူတို႔ေဘာ့စ္အသစ္ ျဖစ္လာေတာ့မည့္ အေတြးက အားလုံံးတြင္ သစ္လြင္ၿပီး စစ္မွန္ေသာ ေလးစားမႈနဲ႔ နာခံမႈ ခံစားခ်က္မ်ားကို အားလုံး၏ ရင္ထဲတြင္ ေပၚေပါက္လာေစခဲ့သည္။ အေတာ္ေလး အထင္ႀကီးစရာ ေကာင္းပါသည္။
ေဖးခ်မ့္က သူ႕ထိုင္ခုံမွာသူ အႀကိမ္ေပါင္းမ်ားစြာ ပုံစံေျပာင္းထိုင္ေနသည္။ ဘယ္လိုပဲထိုင္ထိုင္ သက္ေတာင့္သက္သာ မ႐ွိျဖစ္ေနသလိုပင္။
႐ွန္းယန္ဂိမ္းက အေတာ္ေလး ကပ္ေစးနဲသည္ဟုသာ သူ ေျပာႏိုင္ေတာာ့သည္။ အားလုံးပင္။ အလုပ္စားပြဲမ်ားကစလို႔ အစည္းအေဝးခန္းထဲက ထိုင္ခုံမ်ား အဆုံး အကုန္ ေစ်းေပါေပါမ်ားသာ ျဖစ္၏။ ထိုထိုင္ခုံမ်ားတြင္ ဘယ္သူမွ ေနရထိုင္ရ မသက္သာပါ။
ငါ ထုေ႐ြ႕က်ီရဲ႕ ေစ်းကို ရာဂဏန္းေလာက္အထိ ႏွိမ္ခဲ့တာ။ အဲ့ပိုက္ဆံေတြကို ဒီလူေတြကို လစာတိုးေပးဖို႔နဲ႔ ဒီေနရာထဲက စားပြဲခုံေတြ ထိုင္ခုံေတြကို ေျပာင္းဖို႔ သုံးလို႔ရတယ္။ ငါရန္ပုံေငြေတြကို ကိုင္တြယ္ခြင့္ရတာနဲ႔ ႐ွန္းယန္ဂိမ္းတစ္ခုလုံးကို ျပန္ျပဳျပင္ဖို႔ အခ်ိန္ယူမယ္။ အဲ့တာဆို ေငြစာရင္း႐ွင္းမယ့္အခ်ိန္ မေရာက္ခင္ ျဖဳန္းဖို႔ နည္းလမ္းတစ္ခု႐ွာေတြ႕ရာလည္း က်သြားမယ္။
ဒီသက္ေတာင့္သက္သာမ႐ွိသည့္ ထိုင္ခုံေၾကာင့္ ေဖးခ်မ့္ ျမန္ျမန္ပဲအလုပ္မ်ားကို ခြဲေပးကာ ဒီေနရာႀကီးကထြက္သြားဖို႔ ပိုၿပီး စိတ္ဆုံးျဖတ္ခ်က္ ခိုင္မာလာသည္။
ေဖးခ်မ့္က သူ႕ Rolex နာရီကို ၾကည့္လိုက္ၿပီး အလွ်င္လိုေနသည့္ ပုံစံမ်ိဳး ဟန္ေဆာင္လိုက္ပါသည္။ တကယ္ေတာ့ ဒီေန႔ တစ္ေန႔လုံး ဘာမွလုပ္စရာမ႐ွိပါ။ အိပ္စရာက်န္သည့္ အေႂကြးမ်ားကို အိပ္ဖို႔ စဥ္စားထား၏။
"အခ်ိန္ သိပ္မ႐ွိေတာ့ဘူး။ က်ဳပ္ ႐ိုး႐ိုး႐ွင္း႐ွင္း အခ်က္ေလးေတြပဲ ေျပာသြားမယ္။"
႐ိုး႐ိုး႐ွင္း႐ွင္း အခ်က္ဆိုတာကို ၾကားလိုက္ရေသာအခါ အားလုံး ခ်က္ခ်င္း ခါးမတ္မတ္ ထိုင္လိုက္ၾကၿပီး ဘာဆက္ေျပာမလဲ ေသခ်ာ နားေထာင္ေနၾက၏။ ဘာပဲျဖစ္ျဖစ္ ေခါင္းေဆာင္မ်ား၏ '႐ိုး႐ိုး႐ွင္း႐ွင္းအခ်က္' ဆိုတာ နာရီေပါင္းမ်ားစြာ ၾကာျမင့္တတ္ပါသည္။
ေဖးခ်မ့္က အခန္းထဲပတ္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။ "ယဲ့က်စ္က်ိဳးဆိုတာ ဘယ္သူလဲ။"
ယဲ့က်စ္က်ိဳး လန္႔ဖ်ပ္သြားသည္။
ဒါဘာသေဘာလဲ။ ဘာလို႔ ေဘာ့စ္ေဖးက အစည္းအေဝး စစခ်င္း ငါ့နာမည္ကို ထေခၚတာလဲ။
ယဲ့က်စ္က်ိဳးက အျမန္မတ္တပ္ရပ္လိုက္သည္။ "ေဘာ့စ္ေဖး ကြၽန္ေတာ္ပါ။”
ဒီအျပဳအမူမ်ိဳးကို ျမင္သားမက်သည့္ ေဖးခ်မ့္က လက္ကိုအျမန္ရမ္းျပလိုက္ၿပီး ယဲ့က်စ္က်ိဳးကို ျပန္ထိုင္ခိုင္းလိုက္ပါသည္။ "ထိုင္ၿပီး ေျပာစမ္းပါ။”
ထို႔ေနာက္ အစီအစဥ္ေရးဆြဲသူခ်ဳပ္နဲ႔ အႀကီးတန္းဒီဇိုင္နာ ဝမ္ေ႐ွာင္းပင္ကို လွည့္ၾကည့္လိုက္သည္။ "ဝမ္ေ႐ွာင္းပင္။ အႀကီးတန္းဒီဇိုင္နာ ဆိုတာ အေရးႀကီးတဲ့ အလုပ္တစ္ခုပဲ။ အစီအစဥ္ေရးဆြဲသူခ်ဳပ္ေကာ အႀကီးတန္းဒီဇိုင္နာေကာ အလုပ္ႏွစ္ခုစလုံး တြဲလုပ္ဖို႔က မင္းအတြက္ ခက္ခဲလိမ့္မယ္။”
"အခုခ်ိန္ကစၿပီး ယဲ့က်စ္က်ိဳးက ႐ွန္းယန္ဂိမ္းရဲ႕ အစီအစဥ္ေရးဆြဲသူခ်ဳပ္ ျဖစ္သြားၿပီ။ ဝမ္ေ႐ွာင္းပင္ သူနဲ႔ အတူတြဲလုပ္ပါ။” ေဖးခ်မ့္ ေျပာရင္းနဲ႔ ဝမ္ေ႐ွာင္းပင္နဲ႔ ယဲ့က်စ္က်ိဳးတို႔၏ မ်က္ႏွာထားမ်ားကို ေလ့လာေနပါသည္။
ယဲ့က်စ္က်ိဳးက လုံးဝ ဇေဝဇဝါ ျဖစ္ေန၏။
ဝမ္ေ႐ွာင္းပင္က ၾကက္ေသ ေသေနပါသည္။ ထို႔ေနာက္... နည္းနည္းေလး ျပဳံးေနသလိုပင္။ သူ႕အျပဳံးတြင္ စိုးရိမ္စိတ္ အနည္းငယ္ ပါေသာ္လည္း စစ္မွန္သည့္အျပဳံးျဖစ္ပုံေပၚပါသည္။
ဟင္...။
ငါ့ဇာတ္ကြက္ တစ္ခုခု မွားေနတာေတာ့ မဟုတ္ပါဘူးေနာ္။
ေဖးခ်မ့္က ဝမ္ေ႐ွာင္းပင္ကို အစီအစဥ္ေရးဆြဲသူခ်ဳပ္ ရာထူးမွ ခ်လိုက္ပါက သူၾကက္ေသ ေသ၊ တုန္လႈပ္၊ စိတ္႐ႈပ္ၿပီး စိတ္ဓာတ္က်သြားလိမ့္မည္ဟု ထင္ထားခဲ့သည္။ အခုေတာ့ တစ္ခုမွ မျဖစ္ပါ။ ဝမ္ေ႐ွာင္းပင္က ဘာျဖစ္လို႔ အရမ္းေပ်ာ္ေနတာလဲ။ ဒီကုမၸဏီထဲမွာ ဝန္ထမ္းခ်င္း ယွဥ္ၿပိဳင္မႈမ်ား မ႐ွိသလိုမ်ိဳး ျပဳမူေနသည္။
ဆိုး႐ြားလိုက္တာ။
ေဖးခ်မ့္ တျခားသူမ်ား၏ မ်က္ႏွာထားကိုလည္း အကဲခတ္ၾကည့္လိုက္ပါသည္။ တျခားဝန္ထမ္း အနည္းငယ္က ၾကည့္ရဆိုးေနပါသည္။
ဒါက ပုံမွန္ပဲ ျဖစ္သည္။ ယဲ့က်စ္က်ိဳး ကုမၸဏီထဲ ဝင္လာတာ လြန္ခဲ့သည့္ လပိုင္းေလာက္ကမွ ျဖစ္၏။ ဟြမ္စစ္ေပၚလို လူေတြကမွ အစီအစဥ္ေရးဆြဲသူခ်ဳပ္ရာထူးကို ရသင့္သည္။ သူ႕မွာ စေကးလည္း မ႐ွိ အေတြ႕အၾကဳံလည္း မ႐ွိပါ။ ဘယ္သူက သူ႕အတြက္ ေပ်ာ္ေပးမည္နည္း။
ရာထူးခ်ခံရၿပီး ဝမ္ေ႐ွာင္းပင္ ေပ်ာ္ေနရျခင္းမွာ အစကတည္းက ဒီတာဝန္ကို မယူခ်င္ေသာေၾကာင့္ ျဖစ္ႏိုင္ပါသည္။ သူ႕အလုပ္ကို ဒုကၡေရာက္ေအာင္ လုပ္မိမွာ စိုးရိမ္ေနခဲ့လို႔ ျဖစ္ႏိုင္ပါသည္။
တကယ္ေတာ့ ယဲ့က်စ္က်ိဳးလည္း တာဝန္ယူႏိုင္လိမ့္မည္ဟု သူ မထင္ပါ။ ထို႔ေၾကာင့္ သူ႕အျပဳံးတြင္ စိုးရိမ္မႈမ်ားလည္း ပါေနျခင္း ျဖစ္ပါသည္။
ဝမ္ေ႐ွာင္းပင္က အိပ္မက္မ်ားစြာ႐ွိသည့္ လူတစ္ေယာက္ ျဖစ္သည္။ ထို႔ေၾကာင့္ ဒီေျပာင္းလဲမႈအတြက္ သိပ္ၿပီး မခံစားခဲ့ရျခင္း ျဖစ္ပါသည္။
သို႔ေသာ္လည္း တျခားဝန္ထမ္းမ်ားကေတာ့ ျခားနားပါသည္။
ဒီေကာင္စုတ္က အစီအစဥ္ေရးဆြဲသူခ်ဳပ္ ျဖစ္လာခြင့္ ဘယ္မွာ ႐ွိလို႔လဲ။ ဘာလို႔ ငါ့ကို မေ႐ြးတာလဲ။
သူတို႔ မ်က္ႏွာထားမ်ားက ၾကည့္ရတာ စိတ္ဝင္စားဖို႔ ေကာင္းပါသည္။ ေဖးခ်မ့္က မသိမသာ ေခါင္းၿငိမ့္လိုက္သည္။ ဟုတ္တယ္ ဒီလိုမ်ိဳး တုန္႔ျပန္ရမွာေပါ့။
အခ်င္းခ်င္း တိုက္ခိုက္မႈေတြ။
ေဖးခ်မ့္၏ ရင္ထဲမွာ စတင္ ေပ်ာ္႐ႊင္လာသည္။ သို႔ေသာ္လည္း ျပန္စဥ္းစားၾကည့္ေသာအခါ ဒီေလာက္နဲ႔ အဆင္ေျပပုံ မရပါ။ ထိုလူမ်ားအားလုံးက လုပ္ေဖာ္ကိုင္ဖက္မ်ား ျဖစ္ၾကသည္။ သူတို႔ေန႔တိုင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ျမင္ေနၾကရ၏။ မနာလိုမႈ တစ္ခုတည္းနဲ႔ ပဋိပကၡမ်ားကို ဆြေပးဖို႔ မလုံေလာက္ေသးပါ။
ေဖးခ်မ့္ သူတို႔ကို ပိုၿပီး ရန္စေပးရမည္။ ခဏေလာက္ စဥ္းစားလိုက္ၿပီးေနာက္ ထပ္ေျပာလိုက္ပါသည္။ "ယဲ့က်စ္က်ိဳး လတိုင္း လူတစ္ေယာက္ကို အေၾကာင္းျပခ်က္မ႐ွိဘဲ အလုပ္ျဖဳတ္ခြင့္႐ွိတယ္။ မင္းအလုပ္ျဖဳတ္ခ်င္တဲ့ လူကို ငါ့ကို မက္ေဆ့ခ်္သာပို႔လိုက္။”
ယဲ့က်စ္က်ိဳး ပို၍ပင္ စိတ္႐ႈပ္သြားပါသည္။ ဒါ အႂကြင္းမဲ့ အာဏာႀကီးပင္။
ဒါက တိုင္ၾကား႐ုံသက္သက္မဟုတ္ဘဲ အေၾကာင္းျပခ်က္မ႐ွိဘဲ လူေတြကို အလုပ္ျဖဳတ္ႏိုင္ျခင္း ျဖစ္သည္။ ေဘာ့စ္ေဖးကို နာမည္တစ္ခု ေပးလိုက္တာနဲ႔ ထိုလူမွာ ကုမၸဏီမွ ခ်က္ခ်င္းပဲ ထြက္ခြာသြားရမည္ျဖစ္သည္။
ေဖးခ်မ့္က ခုနကတည္းက ၾကည့္ရဆိုးေနေသာ ဝန္ထမ္းမ်ားကို ၾကည့္လိုက္သည္။ အခု ပို၍ပင္ ဆိုးေနပါၿပီ။
မဆိုးပါဘူး။ ဒါက သူ႐ွာေဖြေနသည့္ အာနိသင္မ်ိဳးပင္။
သူတို႔ သေဘာမက်သည့္ အစီအစဥ္ေရးဆြဲသူခ်ဳပ္တစ္ေယာက္ ရာထူးတိုးျခင္း ခံခဲ့ရသည္။ သူတို႔ကို အေၾကာင္းျပခ်က္ မ႐ွိဘဲ အလုပ္ျဖဳတ္ဖို႔ အႂကြင္းမဲ့အာဏာေတာင္ ေပးလိုက္သည္။ သူ ေသခ်ာေပါက္ ဒီအာဏာကို အသုံးခ်ၿပီး အရင္တုန္းက သူ႕ကိုအႏိုင္က်င့္ခဲ့သည့္ ဝန္ထမ္းမ်ားကို ကလဲ့စားေခ်ပါလိမ့္မည္။ သူ႕ဖိနပ္ႀကိဳးကို ခ်ည္ခိုင္းလိမ့္မည္။ သူ႕အာဏာကို ႂကြားဝါလိမ့္မည္။ ထို႔ေနာက္ သူတို႔ကို ၿခိမ္းေျခာက္ပါလိမ့္မည္။
အခ်ိန္ၾကာလာတာနဲ႔အမွ် သူတို႔စိတ္ဝမ္းကြဲလာၾကမည္။ ယဲ့က်စ္က်ိဳးက ေခါင္းေဆာင္အျဖစ္ တစ္ေယာက္တည္း က်န္ခဲ့ၿပီး ျပန္မျပင္ႏိုင္သည့္ အ႐ႈပ္အေထြး ျပႆနာမ်ားကို ႐ွာပါလိမ့္မည္။
အင္း။ ဒီအကြက္က မဆိုးဘူးပဲ။
ေဖးခ်မ့္က သူ႕လက္ပတ္နာရီကို ၾကည့္လိုက္ပါသည္။ အခ်ိန္ေတြ ကုန္ေနၿပီ။ အားလုံး၏ မ်က္ႏွာထားကို ၾကည့္ရတာ စိတ္ဝင္စားဖို႔ေကာင္းေသာ္လည္း သူသြားရမည့္ အခ်ိန္ေရာက္လာပါၿပီ။ သူ အိမ္ျမန္ျမန္ ျပန္ၿပီး အနားယူရေတာ့မည္။
"ၿပီးရင္ ႐ွန္းယန္ဂိမ္းမွာ ေျခလွမ္းႏွစ္လွမ္း ဗ်ဴဟာတစ္ခု ႐ွိရမယ္။”
"ပထမေျခလွမ္းက ငါတို႔ရဲ႕ လက္႐ွိဂိမ္းေတြကို ေျပာင္းလဲမႈေတြ လုပ္ရမယ္။ ဝယ္ယူႏိုင္တဲ့ အရာေတြ အကုန္လုံးကို ဖ်က္သိမ္းမယ္။ ဘယ္တစ္ခုကို ဖ်က္သိမ္းၿပီး ဘယ္တစ္ခုကို ဆက္ထိန္းသိမ္းထားမလဲဆိုတာကိုေတာ့ ယဲ့က်စ္က်ိဳးက ဆုံးျဖတ္လိမ့္မယ္။”
"ဒုတိယေျခလွမ္းက မင္းတို႔ တစ္ေယာက္ခ်င္းစီတိုင္း ဂိမ္းသစ္အတြက္ အစီအစဥ္တစ္ခုကို စဥ္းစားၾကဖို႔ပဲ။ ဒီဇိုင္းမူၾကမ္းတစ္ခုကို ဖန္တီးၾက။ အေကာင္းဆုံးတစ္ခုကိုေ႐ြးၿပီး ႐ွန္းယန္ဂိမ္းရဲ႕ ပေရာဂ်က္အသစ္အျဖစ္ သတ္မွတ္မယ္။”
"အင္း... ဇြန္လ အဆုံးထိ ေစာင့္လိုက္။ ပထမေျခလုံးကိုပဲ မင္းတို႔ အာ႐ုံစိုက္ေစခ်င္ေသးတယ္။ ဇူလိုင္လမွာ မင္းတို႔ရဲ႕ ကမ္းလွမ္းခ်က္ေတြ အကုန္လုံးကို အပ္ရမယ္။ ငါတို႔ရဲ႕ ပေရာဂ်က္သစ္ကို တရားဝင္ စတင္မယ္။”
ေဖးခ်မ့္က အစည္းအေဝးခန္းထဲကို ၾကည့္လိုက္သည္။ "ေမးစရာေမးခြန္း႐ွိလား။”
ယဲ့က်စ္က်ိဳးက အရင္ဆုံး လက္ေထာင္လိုက္ပါသည္။
ေဖးခ်မ့္က မျမင္ခ်င္ေယာင္ေဆာင္လိုက္ၿပီး ေခါင္းၿငိမ့္ကာ ေျပာလိုက္သည္။ "ဟုတ္ၿပီ။ သြားလို႔ရပါၿပီ။”
ေဘာ့စ္ေဖးက မတ္တပ္ရပ္လိုက္ၿပီး အခန္းထဲက ေအးေအးေဆးေဆး ထြက္သြားပါသည္။ ယဲ့က်စ္က်ိဳးက လက္ေထာင္ထားဆဲ အေနအထားျဖင့္ က်န္ခဲ့ေလသည္။
အားလုံး ဇေဝဇဝါ ျဖစ္ေနသည့္ပုံပင္။ ေဘာ့စ္ေဖးက ႐ိုး႐ိုး႐ွင္း႐ွင္း အခ်က္မ်ား ေျပာမည္ဟု ေျပာသြားသည္။ တကယ္လည္း ႐ိုး႐ိုး႐ွင္း႐ွင္း အခ်က္မ်ား ႐ွိခဲ့ပါသည္။ စုစုေပါင္း စကား ၁၀ ခြန္းေအာက္ပဲ ေျပာသြားပါသည္။
ယဲ့က်စ္က်ိဳးက ခ်က္ခ်င္းပဲ အစီအစဥ္ေရးဆြဲသူခ်ဳပ္ရာထူးကို ျငင္းပယ္ခ်င္ေသာ္လည္း ေဘာ့စ္ေဖးက သူ စဥ္းစားေနတာကို ႀကိဳသိေနသလိုပင္။
ယဲ့က်စ္က်ိဳးကို အခြင့္အေရးေတာင္ မေပးဘဲ အခန္းထဲက ထြက္လာပါသည္။
ထိုအခ်ိန္တြင္ ယဲ့က်စ္က်ိဳးတစ္ေယာက္ ဝန္ထမ္းေဟာင္းမ်ားစြာ၏ စိုက္ၾကည့္မႈကို ခံခဲ့ရပါသည္။ သူတို႔ သူေနာက္ေက်ာသို႔ ဓားျဖင့္ ထိုးၾကေတာ့မည့္ပုံပင္။ ႐ွန္းယန္ဂိမ္း၏ ယခင္တုန္းက အေျခအေနက ေရၿငိမ္တစ္ခုလိုပင္။ အခုေတာ့ မီးေတာက္ေတြလို ေတာက္ေလာင္ေနသည္။ တျဖည္းျဖည္း ျပင္းထန္လာ၏။
႐ွန္းယန္ဂိမ္းက ထြက္လာၿပီးေနာက္ ေဖးခ်မ့္ စိတ္႐ႊင္ေနပါသည္။
လ်ိဳ႕ႀကီးမ႐ွိေတာ့ေသာ္လည္း ဒီလုပ္ငန္းထဲ ဝင္ေရာက္လာခါစ လူတစ္ေယာက္ကို အစီအစဥ္ေရးဆြဲသူခ်ဳပ္အျဖစ္ ရာထူးတိုးေပးလိုက္ျခင္းက တူညီေသာ ရလဒက္ိဳ ရေစပါလိမ့္မည္။
ထို႔အျပင္ ဒီေျခလွမ္းႏွစ္ဆင့္ ဗ်ဴဟာက ကုမၸဏီ ခဏေလာက္အထိ ေငြမ်ားဆုံး႐ႈံးႏိုင္ဖို႔ အာမခံနိင္ပါသည္။
ပထမဆုံး Romantic Taoist နဲ႔ Bloody Battle Song မ်ားကို တေက်ာ့ျပန္လာျခင္းမွ တားဆီးဖို႔အတြက္ ဝယ္ယူႏိုင္သည့္ အရာအားလုံးကို ပယ္ခ်ၿပီး တစ္ခုသာ ခ်န္ထားမည္။ ဒါဆို ဘယ္ဂိမ္းမွ အျမတ္ရေတာ့မွာ မဟုတ္ေၾကာင္း ေသခ်ာပါသည္။ ထို႔ေနာက္ သူတို႔ကို ဦးေႏွာက္စားခိုင္းၿပီး ဂိမ္းသစ္တစ္ခု ဖန္တီးခိုင္းမည္။ တစ္ေယာက္ခ်င္းစီတိုင္းက အစီအစဥ္တစ္ခုစီ စဥ္းစားရမည္။
ေဖးခ်မ့္က အဆိုး႐ြားဆုံးအစီအစဥ္ကို ေ႐ြးခ်ယ္ရမလား ကံစမ္းမဲႏိႈက္ၿပီး ကံကို ပုံအပ္ထားရမလား စဥ္းစားေနပါသည္။ ေသခ်ာ စဥ္းစားၿပီးေသာအခါ ကံစမ္းမဲႏိႈက္ဖို႔သာ ဆုံးျဖတ္လိုက္သည္။
သူ႕အျမင္ကို သူ မယုံၾကည့္ေတာ့ပါ။
သူ႕ပန္းတိုင္အျဖစ္ အမိႈက္သ႐ိုက္ကို ေ႐ြးခ်ယ္လိုက္တိုင္း အေတာ္ေလး ေရပန္းစားသည့္အရာအျဖစ္ ေျပာင္းလဲသြားတတ္သည္။ သည္းခံရခက္လာပါသည္။
အထီးက်န္ကႏၲာရလမ္းႏွင့္ ဂိမ္းဒီဇိုင္နာတို႔က သူ႕ကို သင္ခန္းစာမ်ား ေကာင္းေကာင္းေပးၿပီးပါၿပီ။
ထို႔ေၾကာင့္ ေဖးခ်မ့္က အခ်ိန္တန္လွ်င္ ကံစမ္းမဲသာ ႏိႈက္ၿပီး ရလာတာကိုသာာ ေ႐ြးမည္။ အမွန္ပင္။ ေ႐ြးထားသည့္ အစီအစဥ္က အေတာ္ေလး ေကာင္းမြန္ေနပါက ကံစမ္းမဲ ျပန္ႏိႈက္မည္ျဖစ္သည္။
ဒီကိစၥေတြကလြဲလို႔ ေဖးခ်မ့္ ႐ွန္းယန္ဂိမ္းသို႔ ျပန္သြားမွာ မဟုတ္ပါ။ ကုမၸဏီအေပၚ သူ႕လႊမ္းမိုးမႈကို နည္းပါးေစခ်င္ေသာေၾကာင့္သာ မကဘဲ ထိုေနရာႀကီးကို စည္းမဲ့ကမ္းမဲ့ ေတာအုပ္နက္ႀကီးတစ္ခုအျဖစ္ ေျပာင္းလဲမည္ျဖစ္သည္။ ထိုေနရာက စည္းမ်ဥ္းစည္းကမ္းမ်ားကို ေတာအုပ္၏ စည္းမ်ဥ္းစည္းကမ္းမ်ား ျဖစ္လာေအာင္ ေျပာင္းလဲေပးမည္။
ထိုေနရာက လုံးဝ မစည္းလုံးေသာ အေျခအေန ျဖစ္လာမည္။ ယဲ့က်စ္က်ိဳးက ေခါင္းေဆာင္ႏိုင္ေတာ့မွာာ မဟုတ္ေပ။ ၿပီးျပည့္စုံလြန္းပါသည္။
ဒီလိုသာဆို ႐ွန္းယန္ဂိမ္းက အရာအားလုံးကို ဆုံး႐ႈံးသြားမွာပဲ... မဟုတ္လား။