သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-143/144

186 12 0
By Miracle_Phyu97

ဖေးချမ့် 143+144

အခန်း(၁၄၃) စျေးဖြတ်ခြင်း

ထုရွေ့ကျီကတော့ ဖေးချမ့်နဲ့ ဆန့်ကျင်ဘက်ပင်။ ဂိမ်းများကို ကစားရင်း 'ငါ့မျက်လုံးတွေ သွားပါပြီ' ဟူသော ဘော့စ်ဖေး၏ မျက်နှာကို မြင်သောအခါ သူ့နှလုံးသား မြေကြီးပေါ် ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူ့ကုမ္ပဏီက ဂိမ်းတွေ ဘယ်လောက်ဆိုးရွားမှန်း သိသဖြင့် ထုရွေ့ကျီ သူ့ဂိမ်းတွေကို တစ်ခါမှ မကစားဖူးခဲ့ပါ။ ဘော့စ်ဖေးကို ဒီလို အမှိုက်သရိုက်ဂိမ်းများကို ကစားခွင့်ပေးလိုက်ခြင်းဖြင့် ရက်စက်လိုက်မိပြီဟု ခံစားလိုက်ရပါသည်။

ဘော့စ်ဖေးသာ ဒီဂိမ်းနှစ်ခုကို သဘောမကျပါက ဒါတွေကို အကြောင်းပြချက်အဖြစ် အသုံးချရင်း စျေးနှိမ်လောက်သည်။ ထုရွေ့ကျီလည်း စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးပြီ ဖြစ်ပါသည်။

ဖေးချမ့်က လက်ပ်တော့ကို ပိတ်လိုက်ပြီး ဝမ်ရှောင်းပင်ကို ပြန်ပေးလိုက်ကာ ပြောလိုက်ပါသည်။ "မဆိုးပါဘူး။”

မဆိုးပါဘူး ဟုတ်လား။

ထုရွေ့ကျီ ဖေးချမ့်ကို ရုတ်တရက်ကြီး အလွန် လေးစားသွားမိပါသည်။ ဘော့စ်ဖေးက သူ့ကို မရှက်အောင် ဟန်ဆောင်ပေးနေသည်ဟု ထင်သွား၏။ ဒီလို အမှိုက်ဂိမ်းတွေကို ဘယ်လိုလုပ်ပြီး မဆိုးပါဘူးဟု ပြောရဲရတာလဲ။ သူက တကယ်ပဲ သဘောကောင်းလွန်းပါသည်။

တကယ်တော့ ဖေးချမ့် ဒီဂိမ်းတွေက တကယ် မဆိုးဘူးဟု ထင်သောကြောင့်ပင်။ ဖေးချမ့်က ဒီဂိမ်းတွေရဲ့ အမှိုက်သရိုက်ဆန်သည့် အဆင့်မျိုးကို သူဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်မှန်း နားလည်သွားသည်။ ထို့အပြင် ဘယ်လိုဂိမ်းအမျိုးအစားပဲဖြစ်ဖြစ် အမြတ်မရရင် ဂိမ်းကောင်းအဖြစ် သတ်မှတ်နိုင်သည်။

ဝမ်ရှောင်းပင်က ပုံမှန်အတိုင်း မေးလိုက်ပါသည်။ "ဘော့စ်ဖေး ဒီဂိမ်းနှစ်ဂိမ်းနဲ့ ပတ်သတ်ပြီး ဘာမေးစရာရှိသေးလဲ။ မေးချင်တာ မေးပါ ကျွန်တော် ဖြေပေးပါ့မယ်။”

ထုရွေ့ကျီ ဒေါသထွက်လွန်းသွားပြီး ဝမ်ရှောင်းပင်ကို ကန်ထုတ်ချင်သွားပါသည်။

မင်းဘာတွေ ပြောနေတာလဲ မင်းသိရဲ့လား။ ဒီကိစ္စကို မြန်မြန်လေး အဆုံးသတ်လိုက်လို့ မရဘူးလား။ ဘာလို့ ဘော့စ်ဖေးကို ဂိမ်းကို ဝေဖန်အောင် အတင်းတောင်းဆိုနေတာလဲ။

ဖေးချမ့်က ရယ်မောရင်း ပြောလိုက်ပါသည်။ "ဒီဂိမ်းတွေရဲ့ ဒီဇိုင်းကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။ မေးစရာ မရှိတော့ပါဘူး။”

တကယ်တော့ ဒီလောက်စုတ်ပြတ်သည့် ဂိမ်းမျိုး ဘယ်လိုထုတ်ထားတာလဲဟု သူတို့ကို မေးချင်ပါသည်။ သို့သော်လည်း သေချာ စဥ်းစားကြည့်မှ ဒီလောက်ကြီး မပွင့်လင်းသင့်မှန်း ဆင်ခြင်မိသည်။

ဝမ်ရှောင်းပင်က လက်ပ်တော့ကို လှမ်းယူလိုက်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်ပါတယ် ဘော့စ်ဖေး။ ဘော့စ်ဖေးက ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲကို။ ဒီဂိမ်းကို တစ်ချက်လောက် ကြည့်လိုက်တာနဲ့ နားလည်မှာပါ။ ကျွန်တော်က စာအုပ်ကြီးအတိုင်း လုပ်နေမိတာပါ။”

ထုရွေ့ကျီ စိတ်အေးစွာ သက်ပြင်းချလိုက်ပါတော့သည်။ ဒီကိစ္စကို မြန်မြန် အဆုံးသတ်ကာ ဝယ်ယူမှုကို မြန်မြန် ပြီးစေချင်နေပြီး ပိုက်ဆံပိုက်ကာ ထွက်သွားချင်နေပါပြီ။

ထိုအချိန်ရောက်ပါက ဒီဟောင်းနွမ်းနေသည့် ပရိဘောဂများ ကွန်ပျူတာများ၊ အသုံးမဝင်သည့် ဝန်ထမ်းများအားလုံးကို ထန်းတာ့ဆီသို့ ပစ်ပေးနိုင်တော့မည်။ ဘော့စ်ဖေးက ထိုအရာတွေကြောင့် ခေါင်းကိုက်ရမည့်သူ ဖြစ်သွားလိမ့်မည်။

ဖေးချမ့်က ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ရှင်းဟိုက်လူကို စတင်စျေးခေါ်လို့ ရပြီဟု အချက်ပြလိုက်ပါသည်။

ဖေးချမ့်က နောက်ထပ် ယွမ် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက် ထပ်ပြီး သုံးရတာ စိတ်မရှိသော်လည်း သူ ဒီလောက် ငွေပိုငွေလျှံများကို ပေးလိုက်ပါက သူက ရှုံးသွားသည့်လူ ဖြစ်သွားမည်ဟု ခံစားမိပါသည်။ စနစ်၏ ပိုင်ဆိုင်မှုများ ဖြစ်သော်လည်း ဘော့စ်ထုကို ထိုပိုက်ဆံများ ပေးဖို့ကိုတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပါသည်။

ထိုပိုက်ဆံများနှင့် ဝန်ထမ်းတွေ၏ ဖူလုံရေးကို တိုးမြှင့်ပေးလို့ ရတာပဲမဟုတ်လား။

ထို့ကြောင့် ဘော့စ်ထု၏ ရင်ထဲက အနိမ့်ဆုံး ပေးနိုင်သည့် စျေးကို မရောက်ခင်အထိ စျေးကို နှိမ်သင့်ပါသည်။

လက်ထောက်ရှင်းက မှတ်စုစာအုပ်ကို ပြန်လှန်ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ထု ကျွန်မ သိသလောက်တော့ ဝန်ထမ်းတွေရဲ့ တစ်လတာ လစာကို အချိန်ဆွဲထားတယ်။ ဂိမ်းနှစ်ခုထဲက တစ်ခုက မလည်ပတ်တော့ဘူး။ တခြား ဝင်ငွေတွေလည်း ထိုးဆင်းနေတယ်လို့ သိထားပါတယ်။ လောလောဆယ် ဂိမ်းနှစ်ခုကို အရည်အသွေးမြင့် ပိုင်ဆိုင်မှုလို့ သတ်မှတ်လို့မရတော့ဘဲ IP တန်ဖိုးလည်း သိပ်မရှိတော့ဘူး။”

"ဒီပရိဘောဂနဲ့ ရုံးကွန်ပျူတာတွေက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က ဝယ်ထားတာ။ အဲ့ကတည်းက စျေးကြီးတဲ့ပစ္စည်းတွေ မဟုတ်ဘူး။ ဘယ်လောက်ထိ သုံးပြီးပြီလဲဆိုတာကို ကြည့်ခြင်းအားဖြင့် အသင့်တော်ဆုံးစျေးကတော့ အဟောင်းစျေးပဲ ရနိုင်မယ်လို့ ထင်ပါတယ်။ ရှင်တို့ သိတဲ့အတိုင်း ထန်းတာ့ရဲ့ လက်ရှိ အလုပ်ပတ်ဝန်းကျင်အတွက်ဆို ဒီအရာတွေက အသုံးမဝင်ပါဘူး...။”

လက်ထောက်ရှင်းက အလွန်လျင်မြန်စွာ ပြောနေသည်။ ထုရွေ့ကျီ၏ မျက်နှာလည်း တဖြည်းဖြည်း ဖြူရော်လာပါသည်။

သွားပါပြီ။ ခုနက သုံးခဲ့သမျှ လေတွေ အလကား ဖြစ်ကုန်ပြီ။

အစကတော့ ဘော့စ်ဖေးက အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံ သိပ်မရှိလောက်ဘူးဟု သူ ထင်ထားခဲ့သည်။ ထုရွေ့ကျီက ကြွားဝါပြီး သူ့ဆီက ငွေမျာားများ ပိုရနိုင်မည်ဟု တွက်ထားခဲ့သည်။ သို့သော်လည်း သူ လူကြွားမှားပြီဆိုတာကို သိလိုက်ရပါသည်။

ဘော့စ်ဖေးက ဝယ်ယူဖို့ ကိစ္စအသေးစိတ်တွေကို စိတ်မဝင်စားပါ။ အနောက်က လက်ထောက်ကသာ ဒါကို တာဝန်ယူထားခြင်း ဖြစ်သည်။ ထိုလက်ထောက်က အလွန် အတွေ့အကြုံရှိသည့်ပုံစံပင်။ သူမက ထုရွေ့ကျီထက် ရှုထောင့်ပေါင်းစုံက ပိုပြီး သာလွန်နေပါသည်။

တခြားဟာတွေ ချန်ထားဦး။ သူမ၏ တည်ရှိမှုကပင် ထုရွေ့ကျီထက် အများကြီး သာလွန်နေပါပြီ။ ထုရွေ့ကျီက ပရိုက်ဗိတ်လုပ်ငန်းတစ်ခု၏ ဘော့စ်တစ်ယောက်သာ ဖြစ်သည်။ ကော်ပိုရေးရှင်းအကြီးစားများတွင် အလုပ်လုပ်ဖူးသည့် လက်ထောက်ရှင်းကို သွားယှဥ်လို့ မရပါ။ သိပ်မကြာခင် သူမ ပြောသွားသည့် စကားများကြောင့် သူဆွံ့အသွားပါသည်။

လက်ထောက်ရှင်းက မှတ်စုစာအုပ်ကို ပြန်ပိတ်လိုက်သည်။ "ကျွန်မတို့ သေချာစဥ်းစားပြီးတဲ့နောက် ကမ်းလှမ်းနိုင်တဲ့စျေးကတော့ ၅၅၀,၀၀၀ ယွမ်ပါ။”

ထုရွေ့ကျီက တံတွေးမျိုချလိုက်ပါသည်။ ဒီစျေးက သူ့အတွက် လက်ခံနိုင်သည် ဆိုရုံလောက်သာ ရှိသည်။ သို့သော်လည်း မကျေနပ်သေးပေ။

ဖေးချမ့်က ပြုံးကာ ပြောလိုက်ပါသည်။ "အဆင်ပြေပါတယ် ဘော့စ်ထု။ ကျွန်တော် နောက်ထပ် ၅၀,၀၀၀ တိုးပေးပါ့မယ်။ ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုအရ ၆၀၀,၀၀၀ ပေးပါ့မယ်။”

ထုရွေ့ကျီ ခဏလောက် စဥ်းစားကြည့်လိုက်သည်။ သူ စျေးကိုတော့ ထပ်မြင့်စေချင်သည်။ သို့သော်လည်း စဥ်းစားပြီးနောက် ထပ်ပြီး စျေးမဆစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

လက်ထောက်ရှင်းက သူမ၏ တွက်ချက်မှုများကို အလွန်တိကျစွာ ဆောင်ရွက်ထား၏။ သူ ထပ်ပြီး စျေးဆစ်စရာ အကြောင်း မရှိတော့ပါ။ ဘော့စ်ဖေး သဘောမကျလောက်သည့် စကားတစ်ခုခု ပြောလိုက်မိပါက ချက်ချင်း ပြန်သွားနိုင်သည်။ အဲ့တာဆို အကုန်ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။

ထုရွေ့ကျီ ဒါကို တွေးလိုက်ပြီးနောက် မျက်နှာပေါ်တွင် တောက်တောက်ပပ အပြုံးတစ်ခု ဆောင်လိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ဒါဆိုလည်း ၆၀၀,၀၀၀ ပေါ့။ ကျွန်တော့် ညီအစ်ကိုတွေ အနာဂတ်ကောင်းစေဖို့ ကျွန်တော်လက်ခံလိုက်တာပါ...။”

ဖေးချမ့် ဆွံ့အသွားပါသည်။ ဒီလူက စကားလုံးလှလှလေးများနဲ့ ကြွားဝါရတာကို အသားကျနေသူ ဖြစ်လောက်သည်။ သူပြောတာ မှန်သမျှ ယုံချင်စရာ မရှိပါ။

"ဒါဆို လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ကြတာပေါ့။” ဖေးချမ့်က လက်ထောက်ရှင်းကို ကြည့်လိုက်ပါသည်။

သူတို့ သဘောတူညီချက် ရသွားပြီ ဖြစ်သော်လည်း အများကြီး လုပ်စရာ ကျန်ပါသေးသည်။ ကုမ္ပဏီ၏ အသေးစိတ်များကို သေချာ အတည်ပြုပြီးမှ ဝယ်ယူမှု သဘောတူ စာချုပ်ကို ချုပ်ဆိုရပါမည်။ စူပါမားကတ်ထဲမှာ စျေးဝယ်သလို မဟုတ်ပါ။ ပစ္စည်းကို ယူပြီး ကတ်ဖြတ်ပြီး အိမ်တန်းပြန်သွားလို့ မရပါ။ သူတို့ တစ်ဆင့်ချင်း လုပ်ရပါမည်။

သို့သော်လည်း ဖေးချမ့်က ဒါတွေ စိတ်ပူဖို့ မလိုပေ။

"ဘော့စ်ဖေးက အရမ်း စေတနာရှိတာပဲ။ သေချာပေါက် အောင်မြင်မှာပါဗျာ။”

ထုရွေ့ကျီက အလွန်ပျော်ရွှင်နေပါသည်။ စျေးက သူမျှော်လင့်ထားတာထက် ပိုနည်းနေသော်လည်း ဘော့စ်ဖေး ထပ်ပေါင်းလိုက်သည့် နောက်ဆုံး ယွမ် ၅၀,၀၀၀ က သူ့ကိုပျော်သွားစေပါသည်။

အဓိက အချက်က နောက်ဆုံးတော့ သူ ဝန်ထုပ်ဝန်ပိုးများ လွှတ်ချနိုင်တာ ဖြစ်ပါသည်။ ဒါနဲ့တင် သူသေပျော်ပါပြီ။

"အပြင်က ဝန်ထမ်းတွေကို အလုပ်နားဖို့ ပြောလိုက်တော့။ ဒီလုပ်ငန်းဆောင်တာတွေ ပြီးသွားမှ ပြန်လာဖို့ ပြောလိုက်။”

"အာ... လာမယ့် တနင်္လာနေ့ မေလ ၁၀ ရက်နေ့လို့ သတ်မှတ်လိုက်ကြမယ်။”

ဖေးချမ့်က ရက်စွဲကို ကြည့်လိုက်သည်။ ဒီနေ့က ဗုဒ္ဓဟူးနေ့။ ၄ ရက်လောက်ဆို လုပ်ငန်းဆောင်တာ အတော်များများကို ပြီးလောက်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒါက သန်းချီတန်သည့် ဝယ်ယူခြင်းမျိုး မဟုတ်ပါ။ ရှန်းယန်းဂိမ်း ကုမ္ပဏီက ကုမ္ပဏီ အသေးစားလေး ဖြစ်ပါသည်။ ရှင်းစရာ ကိစ္စများစွာ ရှိသည်။ လက်ထောက်ရှင်းက အလွန် အစွမ်းအစရှိပြီး သေချာပေါက် အချိန်မှီ တာဝန်များကို ပြီးမြောက်နိုင်ပါသည်။

ထန်းတာ့၏ အလုပ်အရှိန်အဝါကို ကြိုတင် အသားကျထားရအောင် ဝန်ထမ်းများကို အနားပေးဖို့ အချိန်ကောင်းဖြစ်၏။ နောက်ပိုင်းတွင် ရှန်းယန်ဂိမ်းဆိုတာ ထန်းတာ့၏ အရန်လုပ်ငန်းခွဲ ဖြစ်လာတောမ့ည်။ ၎င်းတို့ မူလကုမ္ပဏီကြီး၏ ကျင့်ဝတ်များနှင့် ခံစားခွင့်များကို လိုက်နာကြရတော့မည်။

ဝမ်ရှောင်းပင်က ခဏလောက် ကြက်သေ သေသွား၏။ သူက ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်ပါသည််။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး တခြားသူတွေကို အခုပဲ အကြောင်းကြားလိုက်ပါတော့မယ်။”

ဖေးချမ့် လိုက်မသွားဘဲ လက်ထောက်ရှင်းနှင့် ဘော့စ်ထုတို့၏ ရုံးခန်းထဲက လုပ်ငန်းဆောင်တာ စကားဝိုင်းကိုသာ ဆက်ပြီး နားထောင်နေပါသည်။

ခဏကြာသောအခါ အပြင်ဘက်က ရေသေကန်တစ်ကန် ပြန်လည်ရှင်သန်လာသလိုမျိုး အပြင်ဘက်က တီးတိုးပြောသံများ ထွက်လာပါသည်။

ဝမ်ရှောင်းပင် ဝန်ထမ်းများကို နောက်တစ်ပတ် တနင်္လာနေ့အထိ အနားယူရမည်ဟုပြောပြီး ကုမ္ပဏီ၏ ပိုင်ရှင်ပြောင်းလဲတော့မည်ဟု ကြေညာလိုက်သောအခါ ပွက်လောရိုက်သွားခဲ့ပါသည်။

အစကတော့ ရှန်းယန်ဂိမ်းမှာ ကျဆုံးနေသည့် အခြေအနေရောက်နေပြီး ဝန်ထမ်းများစွာက အလုပ်သစ်များကိုတောင် ရှာဖွေနေကြပြီ ဖြစ်သည်။ လျို့ကြီးလို လျှောက်လွှာကောင်းကောင်းရှိသည့် လူတွေကတော့ အလုပ်သစ်များပင် ရကုန်ကြပါပြီ။

သို့သော်လည်း ထုရွေ့ကျီက မနေ့ကတည်းက တခြားကုမ္ပဏီတစ်ခုက သူတို့ ကုမ္ပဏီကို လွှဲပြောင်း ဝယ်ယူတော့မည်ဟု ရုတ်တရက် ကြေညာခဲ့သည်။ အားလုံးကို တစ်ညနေလုံး နေရာကို သန့်ရှင်းရေး လုပ်ခိုင်းကာ စားပွဲများကို စီရီခိုင်းခဲ့၏။ သူတို့၏ ဘော့စ်အသစ် ဖြစ်လာနိုင်သည့်လူကို စိတ်ဓာတ်တက်ကြွမှုများနဲ့ ကြိုဆိုဖို့ ပြောခဲ့ပါသည်။

ထိုသတင်းကြောင့် လူများစွာ ထိတ်လန့်ကုန်ကြပါသည်။ ဘာပဲဖြစ်ဖြစ် ရှန်းယန်ဂိမ်း ဘယ်လောက် ဆိုးရွားနေမှန်း အားလုံး သိကြပါသည်။ ဘယ်လို စိတ်မှန်တဲ့လူက ဒီပြဿနာကြီးကို လွှဲပြောင်းယူမှာလဲ။

သို့သော်လည်း မေးမြန်းမှုတချို့ လုပ်ပြီးနောက်မှာတော့ သူတို့ပိုင်ရှင်အသစ်က ထန်းတာ့ဂိမ်းဖြစ်မှန်း သိလိုက်ရကာ တုန်လှုပ်သွားကြပါသည်။

ဒီသတင်းကောင်းက... ရွှေမိုးတွေ ရွာချလိုက်သလိုပဲ။

ထန်းတာ့က ဂိမ်းလောကထဲမှာ နာမည်ကောင်း ရထားသူ ဖြစ်၏။ လူများစွာက ထိုကုမ္ပဏီကို ဝင်ချင်သော်လည်း လမ်းစ ရှာမရခဲ့ပါ။

သူတို့ကုမ္ပဏီကို ထန်းတာ့ဝယ်ယူမည်ဆိုပါက 'မယားပါသား' ကဲ့သို့ သဘောမျိုး ဖြစ်ပြီး 'သားအရင်းများ' ကဲ့သို့ အကျိုးခံစားခွင့်တွေတော့ ရမှာ မဟုတ်ပါ။ သို့သော်လည်း သူတို့ ထန်းတာ့လက်အောက်မှာ အလုပ်လုပ်ရမည် ဖြစ်သည်။ သူတို့ အနာဂတ်က အခုထက် အများကြီး အလားအလာ ရှိလာနိုင်ပါသည်။

ဝယ်ယူမှုက အနည်းဆုံး ၁ ပတ်လောက် ကြာလိမ့်မည်ဟု ထင်ထားခဲ့ပြီး အနားယူရလိမ့်မည်ဟု မထင်ထားခဲ့ပါ။ ဘာပဲဖြစ်ဖြစ် အလုပ်ချိန်မှာလည်း အားလုံးက အချိန်ဖြန်းနေရုံသာ ဖြစ်ပါသည်။

သို့သော်လည်း ဒီလုပ်ငန်းစဥ်ကြီး ဒီလောက် ချောမွေ့နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒီလောက် အချိန်တိုလေးနဲ့ အကြိုသဘောတူညီမှုကို ရလိုက်တာလား။ နောက်တစ်ပတ် တနင်္လာနေ့အထိ သူတို့ နားကြရတော့မှာလား။

ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများတွင် အတွေးတစ်ခုသာ ရှိတော့သည်။ သူတို့ ဘဝ အတက်အကျများက လျင်မြန်လွန်းလှပါသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်လောက်မှ သူတို့ အလုပ်ပြုတ်တော့မည့် ဒုက္ခကို ခံစားခဲ့ရသည်။ ရုတ်တရက်ကြီး ကံကြမ္မာအပြောင်းမအလဲကို ကြုံတွေ့ခဲ့ရပြီး သူတို့အားလုံး ထန်းတာ့၏ ဝန်ထမ်းများ ဖြစ်သွားကြပါသည်။

သူတို့အိပ်မက်မက်နေသလိုပင်။

အခန်း(၁၄၄) ဘော့စ်ဖေးရဲ့ အားလပ်ရက်များ

ဖေးချမ့် ဒီတစ်ပတ် အားလပ်ရက်များတွင် အတော်လေး အလုပ်များနေခဲ့ပါသည်။

အစကတော့ သူ့အငှားတိုက်ခန်းမှာ အေးအေးဆေးဆေး အိပ်ဖို့ ကြံထားခဲ့၏။ သို့သော်လည်း အိပ်ပျော်ဖို့ ခက်ခဲသည်။ မျက်လုံးကို ပိတ်လိုက်တိုင်း အင်တာနက်ကဖေး နာမည်ကြီးလာပြီး ငွေအလုံးလိုက်ကြီး ဝင်လာတာကို မြင်ယောင်လာပါသည်။ ထို့ကြောင့် သူစိတ်မသက်မသာဖြစ်နေ၏။

ရွေးချယ်စရာ မရှိတော့ဘဲ လက်ထောက်ရှင်းကို ကားဖြင့် လာခေါ်ခိုင်းရတော့သည်။ သူကိုယ်တိုင် သွားပြီး သေချာအောင် အတည်ပြုမှ ဖြစ်မည်။

အမှန်ပင်။ ဒါက လက်ထောက်ရှင်းကို အချိန်ပိုလစာ ပေးဖို့အတွက် ဆင်ခြေကောင်းကောင်းလည်း ရသွားစေပါသည်။

ပထမဆုံး ယွီအင်တာနက်ကဖေး၏ မူရင်းဗဟိုဆိုင်ကို အရင်ဆုံး သွားလိုက်ပါသည်။ ကော်ဖီတစ်ခွက်သောက်ကာ ဆိုင်ထဲတွင် အချိန်ဖြုန်းပြီးနောက် ဒီဆိုင်မှာတော့ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်မည့် အခြေေအနေမျိုး မရှိတာ အတည်ပြုနိုင်ခဲ့ပါသည်။

ထို့နောက် ယွီအင်တာနက်ကဖေး ဆိုင်ခွဲသစ်များ၏ ပြင်ဆင်မွမ်းမံမှုများကို သွားခဲ့ပါသည်။

ထိုဆိုင်ခွဲနှစ်ဆိုင်၏ တည်နေရာများမှာ မူရင်းဆိုင်ထက် အများကြီး ပိုဆိုးပါသည်။ ၎င်းတို့၏ တစ်ခုတည်းသော အားသာချက်က ကျယ်ဝန်းမှုသာ ဖြစ်သည်။ ထိုဆိုင်ခွဲနှစ်ဆိုင်၏ အတွင်းပိုင်ဒီဇိုင်းများက မူရင်းဆိုင်နဲ့တော့ အတိအကျ မတူနိုင်ဘဲ ဖေးချမ့်၏ အသားပေးမှုအတိုင်းသာ ဖန်တီးနိုင်ပါသည်။

အနှစ်ချုပ်အားဖြင့် ရိုးရှင်းသည့် စတိုင်မျိုးရှိကာ အလွန်ချဲ့ကားထားသော အသေးစိတ် များစွာ မရှိပေ။ သို့သော်လည်း စားပွဲခုံများ၊ ထိုင်ခုံများ၊ ဘားကောင်တာ၊ စာအုပ်စင်များနှင့် တခြား ပရိဘောဂများကတော့ အလွန် အဆင့်မြင့်သည့်ပုံစံပေါက်ပါသည်။

ဖေးချမ့်က ဒီလိုအဆင့်မြင့်သည့် စတိုင်ကို ကြိုက်တာ မဟုတ်ပေ။ ရွေးလိုက်ရသည့် အဓိက အကြောင်းအရင်းက ထိုစတိုင် ပရိဘောဂများ၏ စျေးနှုန်းကြောင့် ဖြစ်ပါသည်။

ဆိုင်ခွဲသစ်နှစ်ခု၏ မန်နေဂျာများက အလွန် အလုပ်ကြိုးစားသည့်ပုံစံပေါက်ပါသည်။ ဆိုင်ကို ပြန်လည် မွမ်းမံနေသည့် အလုပ်သမားများအား သေချာ စောင့်ကြည့်နေသည်။ ဖေးချမ့်က သူတို့ကို ချဥ်းကပ်ပြီး နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။ ဆိုင်ခွဲမန်နေဂျာတစ်ယောက်ကို အိမ်ပြန်ဖို့ တိုက်တွန်းလိုက်၏။ သို့သော်လည်း တစ်ဖက်လူက အိမ်ပြန်ဖို့ ဆန္ဒမရှိပါ။ ဖေးချမ့် သူ့ကို အချိန်ပို လစာပေးရုံသာ ရှိတော့သည်။

အင်တာနက်ကဖေးများ၏ ပြန်လည်မွမ်းမံမှုများကို ကြည့်ရှုပြီးနောက် ဖေးချမ့် စိတ်မချသေးပါ။ ထိုဆိုင်ခွဲများ ပတ်လည်တွင် လမ်းလျှောက်ရင်း အချိန်ဖြုန်းခဲ့သေးသည်။ နောက်ဆုံးတော့ ဒီတည်နေရာက မူလဆိုင်ထက်တောင် ပိုပြီး လူသူကင်းမဲ့နေတာကို အတည်ပြုနိုင်ခဲ့ပါသည်။ ဒီဆိုင်ကိုလာသည့် ကတ်စတမ်မာ များများစားစား မရှိလောက်ပါ။

အိမ်ပြန်လမ်းတွင် ဖေးချမ့် ရုတ်တရက်ကြီး ကုမ္ပဏီကို သွားကြည့်ချင်စိတ် ပေါ်လာ၏။ လုမင်လျန်နဲ့ တခြားဒီဇိုင်းအဖွဲ့ဝင်များ အချိန်ပို လုပ်နေကြတာကို မြင်သွားပါသည်။

ဘော့စ်ဖေး အလွန်စိတ်ဆိုးသွား၏။

အစကတော့ ဟွမ်စစ်ပေါ်တို့ကိုသာ အချိန်ပိုလုပ်ခွင့်ပြုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဟွမ်စစ်ပေါ်နှင့် ပေါင်ရှုတို့က ထိုအချိန်များတွင် ဂိမ်းသာ ကစားနေသည်ဟု ထင်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း သူတို့ အချိန်ပိုလုပ်သည့်အခါ ဂိမ်းကစားနေတာ မဟုတ်မှန်း သိလိုက်ရ၏။ သူတို့ အလုပ်လုပ်နေကြတာ သိသာပါသည်။

ထို့ကြောင့် ဖေးချမ့်က တင်းကြပ်တော့မည်ဟု ခံစားမိကာ အားလုံးကို ရုံးအလုပ်ချိန်ပြီးနောက် ရုံးမှာ ပေါ်မလာဖို့ တားမြစ်လိုက်ပါသည်။

ဒီတစ်ခေါက် ဖေးချမ့်က ပေါင်ရှုအပါအဝင် အားလုံးကို အပြင်ထုတ်လိုက်ပါသည်။ အကြောင်းပြချက်ကတော့ သူတို့ကို အိမ်မှာ အနားယူခိုင်းပြီး ဆံပင်ကို ဂရုစိုက်ဖို့ ဖြစ်၏။

အရင်ဆေးစစ်ချက်များ၏ ရလဒ်များကို ပြန်တွေးကြည့်ပြီးနောက် ပေါင်ရှုလည်း တခြား ဆင်ခြေပေးစရာ မရှိတော့ဘဲ ပစ္စည်းများထုပ်ပိုးကာ အိမ်ပြန်လိုက်ရတော့သည်။

အခုချိန်တွင် ပေါင်ရှုလက်ထဲမှာ ပိုက်ဆံ အများကြီး ရှိနေပြီ ဖြစ်သည်။ အင်တာနက်ကဖေးတစ်ခုမှာ နေထိုင်နေတာ မဟုတ်တော့ပါ။ စတူဒီယိုတိုက်ခန်းတစ်ခုကို ငှားရမ်းပြီး ကွန်ပျူတာအသစ်တစ်လုံး ဝယ်ထားသည်။ ယခု အိမ်မှာ ကွန်ပျူတာ ဂိမ်းများကို ကစားနိုင်ပါပြီ။

ပေါင်ရှုကို ဘော့စ်ဖေး အောင်မြင်စွာ ဖြောင်းဖြနိုင်လိုက်တာကို မြင်လိုက်ရသောအခါ သူတို့လည်း တိုးတိတ်စွာဖြင့် အထုပ်အပိုးများ ပြန်ပြင်ရင်း ပြန်ကြရတော့သည်။ မြင်ကွင်းက အတော်လေး စိတ်ပျက်ဖို့ကောင်းပါသည်။ အဖွဲ့သားများက အပြင်ကို အလွန်စိတ်ဓာတ်ကျစွာဖြင့် ထွက်သွားကြသည်။ အကြောင်းအရင်းကို မသိသည့်လူတွေကတော့ သူတို့ အလုပ်ထုတ်ခံလိုက်ရသည်ဟု ထင်သွားနိုင်ပါသည်။

အားလုံးကို မောင်းထုတ်ပြီးနောက် ဖေးချမ့် အနီးအနားက ကျပန်း ထိုင်ခုံတစ်လုံးမှာ ထိုင်ချလိုက်ပါသည်။ သူ စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းနေသည်။

ဒီကောင်တွေကတော့ ငါ့ကို ခေါင်းကိုက်အောင် လာလုပ်နေတာပဲ။

"ရုံးတံခါးလော့ခ်ကို ပြောင်းဖို့ အချိန်ကျပြီထင်တယ်။ အဆင့်မြင့်တဲ့ ဒစ်ဂျစ်တယ်လော့်ခ်မျိုးကို ဝယ်သင့်လား။ နေ့ထူးနေ့မြတ် အားလပ်ရက်တွေမှာ တချို့အရာရှိတွေကိုပဲ ဝင်ခွင့်ပေးတဲ့ ဟာမျိုးလေ...။”

ဖေးချမ့်က လက်ထောက်ရှင်းကို ကြည့်လိုက်ပါသည်။ ရှင်းဟိုက်လူက တွန့်ဆုတ်စွာ ပြောလိုက်သည်။ "အဲ့တာဆို အားလုံးရဲ့ အလုပ်လုပ်ဖို့ တက်ကြွတဲ့စိတ်ကို လျော့မသွားစေဘူးလား။”

အားလုံးရဲ့ စိတ်ဓာတ်တက်ကြွမှုကို လျော့သွားစေမယ် ဟုတ်လား။

အဲ့တာဆို သိပ်ကောင်းတာပေါ့။ စိတ်ဓာတ်ကျရုံတင်မဟုတ်ဘဲ စိတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်နိုင်ရင် ပိုတောင် ကောင်းဦးမည်။

"ဒါဆိုလည်း ဆုံးဖြတ်လိုက်ပြီ။ စီမံရေးဌာနတွေမှာ အဲ့လိုလော့ခ်မျိုး ရှိလား သွားစုံစမ်းကြည့်ဦး။ မဟုတ်ရင် ဝယ်သာဝယ်လိုက်။”

"တံခါးကို နေ့ထူးနေ့မြတ် အားလပ်ရက်တွေမှာ အခွင့်ရှိတဲ့လူကြီးတွေပဲ ဝင်နိုင်မယ်။ အဲ့ဒီထဲမှာ... ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ စီမံရေးဌာနက ကောင်မလေးတချို့ရယ် ဒါပဲ ပါမယ်။”

စီမံရေးဌာန၏ အလုပ်က အရိုးရှင်းဆုံး ဖြစ်သည်။ ၉ နာရီတွင် အလုပ်စလုပ်ပြီး ၅ နာရီတွင် ပြန်ကြသည်။ သူတို့ ၁ မိနစ်လောက် နောက်ကျနိုင်သည်။ သို့သော် အလုပ်က ၁ မိနစ်လောက် ပြန်တော့မှ စောမပြန်ပါ။

သူတို့ ရုံးပိတ်ရက်တွေမှာလည်း ရှိကြမှာ မဟုတ်ပေ။

ဖေးချမ့်က သူတို့ကို တံခါးဖွင့်ခွင့်ပေးဖို့ အလွန်စိတ်ချပါသည်။ လက်ထောက်ရှင်းက မှတ်စုစာအုပ်ထဲမှာ ချမှတ်ထားလိုက်၏။ စကားကို ပြီးအောင် ပြောပြီးနောက် ဖေးချမ့် ပြဿနာသစ်တစ်ခုကို ထပ်ပြီး စဥ်းစားမိသွားပါသည်။

သူတို့ကို အချိန်ပိုလစာ ဘယ်လိုပေးရမလဲ။

တံခါးကို လော့ခ်ချလိုက်ခြင်းအားဖြင့် အားလုံး ရုံးမှာ အချိန်ပို လာလုပ်လို့ မရတော့ပေ။ သို့သော်လည်း အဲ့တာဆို သူတို့ကို အချိန်ပိုလစာလည်း ပေးလို့ မရတော့ဘူးဟူသည့် သဘောသက်ရောက်သည်။

အချိန်ပိုလစာပေးရတာ သိပ်မများသော်လည်း 'များလေကောင်းလေ' အစီအစဥ်ထဲ ပါဝင်သည်။ သူ့ပိုက်ဆံကို ဖြုန်းနိုင်မည့် အရေးကြီးသော နည်းလမ်းဖြစ်၏။ လူတစ်ယောက်စီ၏ အချိန်ပိုလစာက အများကြီး မဟုတ်သော်လည်း ဝန်ထမ်းများ တိုးလာသောအခါ ဧရာမ ပမာဏတစ်ခု ဖြစ်လာနိုင်သည်။

ဖေးချမ့် ခဏလောက်စဥ်းစားကြည့်လိုက််၏။ "ဒီလိုဆိုရင်ကော။ နောက်ပိုင်းကျရင် အားလုံး ကိုယ်ပိုင် အချိန်ပို နာရီတွေကို သတ်မှတ်နိုင်မယ်။ အချိန်ပိုလစာက သူတို့အိမ်မှာ အလုပ်လုပ်တဲ့ အချိန်လည်း ပါမယ်။”

ရှင်းဟိုက်လူ ကြောင်သွားပါသည်။ "သူတို့ တကယ် အလုပ်လုပ်လား မလုပ်လား ကျွန်မတို့ ဘယ်လို စစ်ဆေးကြမလဲ။”

စစ်ဆေးမယ် ဟုတ်လား။ ဘာကို စစ်ဆေးမှာတုန်း။ အားလုံး သူတို့အချိန်ပိုလုပ်တဲ့နာရီတွေကို လိမ်ပြောရင်တောင် ငါဂရုမစိုက်ဘူး။

အမှန်ပင်။ ဒီတိုင်းတော့ ဖေးချမ့် ပြောလို့ မဖြစ်ပါ။

ခဏလောက် တွေးကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "အားလုံးရဲ့ စည်းကမ်းရှိမှုကို ကျွန်တော် ယုံကြည်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်သာ အချိန်ပိုနာရီကို လိမ်ညာတင်ပြထားကြောင်း တွေ့ရမယ်ဆိုရင် သူတို့ရဲ့ တစ်လစာ အချိန်ပိုလစာကို လျှော့ပစ်မယ်။”

စနစ်ကို ကျေနပ်စေဖို့ အပြစ်ပေးခြင်းတစ်ခုကိုလည်း သတ်မှတ်ရသေးသည်။

ဘာပဲဖြစ်ဖြစ် အားလုံး အချိန်ပိုနာရီများကို လိမ်ပြောလား မပြောလား ဖေးချမ့် စစ်ဆေးမှာ မဟုတ်ပါ။။ ဖေးချမ့်က ဗလာကျင်းဖြစ်နေသော ရုံးခန်းကြီးကို မြင်ပြီး စိတ်ပြောင်းသွားပါသည်။ သူ မတ်တပ်ရပ်လိုက်ပြီး အိမ်မှာ အေးဆေး ပြန်အနားယူဖို့ ပြင်လိုက်၏။

ထိုအချိန်တွင် သူ့ဖုန်းသံမြည်လာခဲ့သည်။ ဟွမ်စစ်ပေါ်တစ်ယောက် ဖုန်းဆက်လာခြင်း ဖြစ်၏။

ဖေးချမ့်က ချက်ချင်း သတိကြီးသွားပါသည်။

ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကို ရိုက်ကူးပြီးနောက် ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့က လဝက်လောက် အနားယူဖို့ ပြင်ခဲ့ကြသည်။ အချိန်ကို တွက်ကြည့်သောအခါ သူတို့အနားယူချိန် မကြာခင် ပြီးဆုံးတော့မည်။ ပရောဂျက် အသစ်နဲ့ ဗီဒီယိုအသစ် ရိုက်ကူးဖို့ သူတို့ စဥ်စားနေလောက်ပြီ။

အားကောင်းသော သူ့စကားလုံးများနဲ့ ဖေးချမ့်က ဟွမ်စစ်ပေါ်၏ ကြိုးစားတိုက်ခိုက်လိုစိတ်ကို အားပေးခဲ့ပြီး ဘော့စ်ဖေး၏ နေ့စဥ်ဘဝကို ဆက်မရိုက်တော့ဘဲ ဒီအောင်မြင်နေသည့် IP ကို လက်လွှတ်လိုက်ဖို့ ဖြောင်းဖြနိုင်ခဲ့၏။ သို့သော်လည်း ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့ ဘာတွေ ထပ်ရိုက်ဖို့ စီစဥ်နေသလဲဆိုတာကို ဖေးချမ့် စိတ်မချ ဖြစ်နေပါသည်။

ဒီဖုန်းဆက်ရခြင်း အကြောင်းအရင်းမှာ ဖေးချမ့်နှင့် ဆွေးနွေးဖို့ သို့မဟုတ် တိုးတက်မှုကို တင်ပြဖို့ ဖြစ်နိုင်သည်။

အရှေ့က တစ်ခုသာ ဖြစ်ပါစေဟု ဖေးချမ့် ဆုတောင်းလိုက်၏။

သူ ဖုန်းကိုင်လိုက်သည်။

"ဘော့စ်ဖေး ဒီအချိန်ကြီး နှောင့်ယှက်ရတာ တောင်းပန်ပါတယ်။ ဖေးဟွမ်လုပ်ငန်းရဲ့ လုပ်ငန်းအစီအစဥ်တွေကို တင်ပြချင်လို့ပါ။”

"အရင်တစ်ခေါက်က ဘော့စ်ဖေးရဲ့ စကားတွေကြောင့် ကျွန်တော် အလင်းပွင့်သွားတယ်။ အစကတော့ ဒါရိုက်တာ ကျူးရှောင်စဲနဲ့ ကျွန်တော်တို့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝရဲ့ အငွေ့သက်မျိုး ရမယ့် ဗီဒီယိုအတိုစီးရီးလေးတွေ ထပ်ရိုက်ဖို့ စိတ်ကူးခဲ့တာ။ လက်ရှိ ရေပန်းစားနေတဲ့ ကိစ္စတွေကို စုံစမ်းပြီး ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝက နာမည်ကျော်ဇာတ်ကောင်တွေကို ဖော်ထုတ်ဖို့ စီစဥ်ထားခဲ့တာ။”

ဖေးချမ့် ပိုနားထောင်လေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။

ဒါ သောက် 'Surprise'(ဇာတ်ကောင်တစ်ယောက်၏ ဇာတ်ကြောင်းကို ချဲ့ကားကာ ဟာသဆန်သောပုံစံဖြင့် ပြောသော တရုတ်ဟာသစီးရီးတိုလေး) ဒါမှမဟုတ် 'Baozou Big News Events' (ရယ်စရာ သတင်းအကြောင်းအရာများကို တင်ပြသည့် အင်တာနက် စကားဝိုင်း variety show တစ်ခု) လား။

ဘယ်တစ်ခုဖြစ်ဖြစ် အကုန်လုံး အောင်မြင်နိုင်ခြေရှိသည့်ပုံပင်။

ဟွမ်စစ်ပေါ်က ဆက်ပြောပါသည်။ "ဒါပေမယ့် ဟိုတစ်နေ့က ဘော့စ်ဖေးရဲ့ စကားကြောင့် ကျွန်တော် ဉာဏ်အလင်းပွင့်သွားတယ်။ ကျွန်တော်တို့ရဲ့ အလွယ်ကြိုက်တဲ့စိတ်ကို ဖျောက်ပြီး အိပ်မက်တွေနောက်ကို ဆက်လိုက်သင့်တယ်လို့ ထင်တယ်။ ဗီဒီယိုအတိုလေးတွေက ငွေမြန်မြန်ရလွယ်ပြီး လူတွေကို ပြုံးစေတယ်ဆိုပေမယ့် အဲ့လောက်နဲ့ မလုံလောက်သေးဘူးလို့ ကျွန်တော်တို့ ခံစားမိတယ်။”

"ဒါရိုက်တာ ကျူးရှောင်စဲကလည်း ကျွန်တော်နဲ့ အမြင်တူတယ်။ အဲ့တာကြောင့် သူနဲ့ ဆွေးနွေးကြည့်ပြီးတော့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့  ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ဘယ်သူမှ မရိုက်ဖူးတဲ့ မှတ်တမ်းရုပ်ရှင်မျိုးကို ရိုက်ကူးချင်တာ။”

"ဟုတ်တာပေါ့။ လက်ရှိ အကန့်အသတ်ရှိတဲ့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံငွေကြောင့် အကြီးစားကြီးတော့ ရိုက်လို့ မရဘူး။ ကျွန်တော်တို့ အကြောင်းအရာကို သေချာ စဥ်းစားလိုက်ပါ့မယ်။ ကျွန်တော်တို့ ရနိုင်ဖို့ မျှော်လင့်မိတဲ့ တစ်ခုတည်းသောအရာက ကျွန်တော်တို့ရဲ့ ကင်မရာတွေကို သုံးပြီး အဓိပ္ပာယ်ရှိတာလေး တစ်ခုခု ရိုက်ကူးနိုင်ဖို့ပါပဲ...။”

ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း ခပ်မြန်မြန်ပဲ ထပ်ပြီး သတိထားလိုက်မိပါသည်။

သူ စိတ်အေးသွားရသည့် အကြောင်းအရင်းမှာ ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့ တကယ်ပဲ ဗီဒီယိုအတိုများ ရိုက်ဖို့ လက်လျှော့လိုက်ပြီ ဖြစ်သောကြောင့်ပင်။ ဒါက သူ့အတွက် သတင်းကောင်း ဖြစ်ပါသည်။

၎င်းတို့၏ မူလအစီအစဥ်တိုင်းသာ ဆက်လုပ်ပါက နောက်ထပ် ရေပန်းစားသည့် ဗီဒီယိုအတိုစီးရီးတစ်ခုကို ထုတ်လုပ်နိုင်ခြေများပါသည်။ 'Surprise' နှင့် 'Reporting, Boss' တို့လောက်အထိ အောင်မြင်အောင် ပြုလုပ်လိုက်ပါက ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါသည်။

ယခု ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့က မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးမည်ဆိုသောကြောင့် အကြောင်းအရာမှာ အမြတ်ရနိုင်ခြေ နည်းသည်ဟု ဆိုလိုပါသည်။ ဒါ သတင်းကောင်းပင်။

Zawgyi

ေဖးခ်မ့္ 143+144

အခန္း(၁၄၃) ေစ်းျဖတ္ျခင္း

ထုေ႐ြ႕က်ီကေတာ့ ေဖးခ်မ့္နဲ႔ ဆန္႔က်င္ဘက္ပင္။ ဂိမ္းမ်ားကို ကစားရင္း 'ငါ့မ်က္လုံးေတြ သြားပါၿပီ' ဟူေသာ ေဘာ့စ္ေဖး၏ မ်က္ႏွာကို ျမင္ေသာအခါ သူ႕ႏွလုံးသား ေျမႀကီးေပၚ ျပဳတ္က်သြားသလို ခံစားလိုက္ရသည္။ သူ႕ကုမၸဏီက ဂိမ္းေတြ ဘယ္ေလာက္ဆိုး႐ြားမွန္း သိသျဖင့္ ထုေ႐ြ႕က်ီ သူ႕ဂိမ္းေတြကို တစ္ခါမွ မကစားဖူးခဲ့ပါ။ ေဘာ့စ္ေဖးကို ဒီလို အမိႈက္သ႐ိုက္ဂိမ္းမ်ားကို ကစားခြင့္ေပးလိုက္ျခင္းျဖင့္ ရက္စက္လိုက္မိၿပီဟု ခံစားလိုက္ရပါသည္။

ေဘာ့စ္ေဖးသာ ဒီဂိမ္းႏွစ္ခုကို သေဘာမက်ပါက ဒါေတြကို အေၾကာင္းျပခ်က္အျဖစ္ အသုံးခ်ရင္း ေစ်းႏွိမ္ေလာက္သည္။ ထုေ႐ြ႕က်ီလည္း စိတ္ပိုင္းဆိုင္ရာအရ ျပင္ဆင္ထားၿပီးၿပီ ျဖစ္ပါသည္။

ေဖးခ်မ့္က လက္ပ္ေတာ့ကို ပိတ္လိုက္ၿပီး ဝမ္ေ႐ွာင္းပင္ကို ျပန္ေပးလိုက္ကာ ေျပာလိုက္ပါသည္။ "မဆိုးပါဘူး။”

မဆိုးပါဘူး ဟုတ္လား။

ထုေ႐ြ႕က်ီ ေဖးခ်မ့္ကို ႐ုတ္တရက္ႀကီး အလြန္ ေလးစားသြားမိပါသည္။ ေဘာ့စ္ေဖးက သူ႕ကို မ႐ွက္ေအာင္ ဟန္ေဆာင္ေပးေနသည္ဟု ထင္သြား၏။ ဒီလို အမိႈက္ဂိမ္းေတြကို ဘယ္လိုလုပ္ၿပီး မဆိုးပါဘူးဟု ေျပာရဲရတာလဲ။ သူက တကယ္ပဲ သေဘာေကာင္းလြန္းပါသည္။

တကယ္ေတာ့ ေဖးခ်မ့္ ဒီဂိမ္းေတြက တကယ္ မဆိုးဘူးဟု ထင္ေသာေၾကာင့္ပင္။ ေဖးခ်မ့္က ဒီဂိမ္းေတြရဲ႕ အမိႈက္သ႐ိုက္ဆန္သည့္ အဆင့္မ်ိဳးကို သူဘယ္ေတာ့မွ ေရာက္ႏိုင္မွာ မဟုတ္မွန္း နားလည္သြားသည္။ ထို႔အျပင္ ဘယ္လိုဂိမ္းအမ်ိဳးအစားပဲျဖစ္ျဖစ္ အျမတ္မရရင္ ဂိမ္းေကာင္းအျဖစ္ သတ္မွတ္ႏိုင္သည္။

ဝမ္ေ႐ွာင္းပင္က ပုံမွန္အတိုင္း ေမးလိုက္ပါသည္။ "ေဘာ့စ္ေဖး ဒီဂိမ္းႏွစ္ဂိမ္းနဲ႔ ပတ္သတ္ၿပီး ဘာေမးစရာ႐ွိေသးလဲ။ ေမးခ်င္တာ ေမးပါ ကြၽန္ေတာ္ ေျဖေပးပါ့မယ္။”

ထုေ႐ြ႕က်ီ ေဒါသထြက္လြန္းသြားၿပီး ဝမ္ေ႐ွာင္းပင္ကို ကန္ထုတ္ခ်င္သြားပါသည္။

မင္းဘာေတြ ေျပာေနတာလဲ မင္းသိရဲ႕လား။ ဒီကိစၥကို ျမန္ျမန္ေလး အဆုံးသတ္လိုက္လို႔ မရဘူးလား။ ဘာလို႔ ေဘာ့စ္ေဖးကို ဂိမ္းကို ေဝဖန္ေအာင္ အတင္းေတာင္းဆိုေနတာလဲ။

ေဖးခ်မ့္က ရယ္ေမာရင္း ေျပာလိုက္ပါသည္။ "ဒီဂိမ္းေတြရဲ႕ ဒီဇိုင္းကို ႐ွင္း႐ွင္းလင္းလင္း နားလည္ႏိုင္ပါတယ္။ ေမးစရာ မ႐ွိေတာ့ပါဘူး။”

တကယ္ေတာ့ ဒီေလာက္စုတ္ျပတ္သည့္ ဂိမ္းမ်ိဳး ဘယ္လိုထုတ္ထားတာလဲဟု သူတို႔ကို ေမးခ်င္ပါသည္။ သို႔ေသာ္လည္း ေသခ်ာ စဥ္းစားၾကည့္မွ ဒီေလာက္ႀကီး မပြင့္လင္းသင့္မွန္း ဆင္ျခင္မိသည္။

ဝမ္ေ႐ွာင္းပင္က လက္ပ္ေတာ့ကို လွမ္းယူလိုက္ၿပီး ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။ "ဟုတ္ပါတယ္ ေဘာ့စ္ေဖး။ ေဘာ့စ္ေဖးက ပေရာ္ဖက္႐ွင္နယ္တစ္ေယာက္ပဲကို။ ဒီဂိမ္းကို တစ္ခ်က္ေလာက္ ၾကည့္လိုက္တာနဲ႔ နားလည္မွာပါ။ ကြၽန္ေတာ္က စာအုပ္ႀကီးအတိုင္း လုပ္ေနမိတာပါ။”

ထုေ႐ြ႕က်ီ စိတ္ေအးစြာ သက္ျပင္းခ်လိုက္ပါေတာ့သည္။ ဒီကိစၥကို ျမန္ျမန္ အဆုံးသတ္ကာ ဝယ္ယူမႈကို ျမန္ျမန္ ၿပီးေစခ်င္ေနၿပီး ပိုက္ဆံပိုက္ကာ ထြက္သြားခ်င္ေနပါၿပီ။

ထိုအခ်ိန္ေရာက္ပါက ဒီေဟာင္းႏြမ္းေနသည့္ ပရိေဘာဂမ်ား ကြန္ပ်ဴတာမ်ား၊ အသုံးမဝင္သည့္ ဝန္ထမ္းမ်ားအားလုံးကို ထန္းတာ့ဆီသို႔ ပစ္ေပးႏိုင္ေတာ့မည္။ ေဘာ့စ္ေဖးက ထိုအရာေတြေၾကာင့္ ေခါင္းကိုက္ရမည့္သူ ျဖစ္သြားလိမ့္မည္။

ေဖးခ်မ့္က ေခါင္းကို အနည္းငယ္ လွည့္လိုက္ၿပီး ႐ွင္းဟိုက္လူကို စတင္ေစ်းေခၚလို႔ ရၿပီဟု အခ်က္ျပလိုက္ပါသည္။

ေဖးခ်မ့္က ေနာက္ထပ္ ယြမ္ ၃၀၀,၀၀၀ - ၄၀၀,၀၀၀ ေလာက္ ထပ္ၿပီး သုံးရတာ စိတ္မ႐ွိေသာ္လည္း သူ ဒီေလာက္ ေငြပိုေငြလွ်ံမ်ားကို ေပးလိုက္ပါက သူက ႐ႈံးသြားသည့္လူ ျဖစ္သြားမည္ဟု ခံစားမိပါသည္။ စနစ္၏ ပိုင္ဆိုင္မႈမ်ား ျဖစ္ေသာ္လည္း ေဘာ့စ္ထုကို ထိုပိုက္ဆံမ်ား ေပးဖို႔ကိုေတာ့ အနည္းငယ္ စိတ္မသက္မသာ ျဖစ္ေနပါသည္။

ထိုပိုက္ဆံမ်ားႏွင့္ ဝန္ထမ္းေတြ၏ ဖူလုံေရးကို တိုးျမႇင့္ေပးလို႔ ရတာပဲမဟုတ္လား။

ထို႔ေၾကာင့္ ေဘာ့စ္ထု၏ ရင္ထဲက အနိမ့္ဆုံး ေပးႏိုင္သည့္ ေစ်းကို မေရာက္ခင္အထိ ေစ်းကို ႏွိမ္သင့္ပါသည္။

လက္ေထာက္႐ွင္းက မွတ္စုစာအုပ္ကို ျပန္လွန္ၾကည့္လိုက္ၿပီး ေျပာလိုက္ပါသည္။ "ေဘာ့စ္ထု ကြၽန္မ သိသေလာက္ေတာ့ ဝန္ထမ္းေတြရဲ႕ တစ္လတာ လစာကို အခ်ိန္ဆြဲထားတယ္။ ဂိမ္းႏွစ္ခုထဲက တစ္ခုက မလည္ပတ္ေတာ့ဘူး။ တျခား ဝင္ေငြေတြလည္း ထိုးဆင္းေနတယ္လို႔ သိထားပါတယ္။ ေလာေလာဆယ္ ဂိမ္းႏွစ္ခုကို အရည္အေသြးျမင့္ ပိုင္ဆိုင္မႈလို႔ သတ္မွတ္လို႔မရေတာ့ဘဲ IP တန္ဖိုးလည္း သိပ္မ႐ွိေတာ့ဘူး။”

"ဒီပရိေဘာဂနဲ႔ ႐ုံးကြန္ပ်ဴတာေတြက လြန္ခဲ့တဲ့ ၂ ႏွစ္ ၃ ႏွစ္ေလာက္က ဝယ္ထားတာ။ အဲ့ကတည္းက ေစ်းႀကီးတဲ့ပစၥည္းေတြ မဟုတ္ဘူး။ ဘယ္ေလာက္ထိ သုံးၿပီးၿပီလဲဆိုတာကို ၾကည့္ျခင္းအားျဖင့္ အသင့္ေတာ္ဆုံးေစ်းကေတာ့ အေဟာင္းေစ်းပဲ ရႏိုင္မယ္လို႔ ထင္ပါတယ္။ ႐ွင္တို႔ သိတဲ့အတိုင္း ထန္းတာ့ရဲ႕ လက္႐ွိ အလုပ္ပတ္ဝန္းက်င္အတြက္ဆို ဒီအရာေတြက အသုံးမဝင္ပါဘူး...။”

လက္ေထာက္႐ွင္းက အလြန္လ်င္ျမန္စြာ ေျပာေနသည္။ ထုေ႐ြ႕က်ီ၏ မ်က္ႏွာလည္း တျဖည္းျဖည္း ျဖဴေရာ္လာပါသည္။

သြားပါၿပီ။ ခုနက သုံးခဲ့သမွ် ေလေတြ အလကား ျဖစ္ကုန္ၿပီ။

အစကေတာ့ ေဘာ့စ္ေဖးက အလြန္ငယ္႐ြယ္ၿပီး အေတြ႕အၾကဳံ သိပ္မ႐ွိေလာက္ဘူးဟု သူ ထင္ထားခဲ့သည္။ ထုေ႐ြ႕က်ီက ႂကြားဝါၿပီး သူ႕ဆီက ေငြမ်ာားမ်ား ပိုရႏိုင္မည္ဟု တြက္ထားခဲ့သည္။ သို႔ေသာ္လည္း သူ လူႂကြားမွားၿပီဆိုတာကို သိလိုက္ရပါသည္။

ေဘာ့စ္ေဖးက ဝယ္ယူဖို႔ ကိစၥအေသးစိတ္ေတြကို စိတ္မဝင္စားပါ။ အေနာက္က လက္ေထာက္ကသာ ဒါကို တာဝန္ယူထားျခင္း ျဖစ္သည္။ ထိုလက္ေထာက္က အလြန္ အေတြ႕အၾကဳံ႐ွိသည့္ပုံစံပင္။ သူမက ထုေ႐ြ႕က်ီထက္ ႐ႈေထာင့္ေပါင္းစုံက ပိုၿပီး သာလြန္ေနပါသည္။

တျခားဟာေတြ ခ်န္ထားဦး။ သူမ၏ တည္႐ွိမႈကပင္ ထုေ႐ြ႕က်ီထက္ အမ်ားႀကီး သာလြန္ေနပါၿပီ။ ထုေ႐ြ႕က်ီက ပ႐ိုက္ဗိတ္လုပ္ငန္းတစ္ခု၏ ေဘာ့စ္တစ္ေယာက္သာ ျဖစ္သည္။ ေကာ္ပိုေရး႐ွင္းအႀကီးစားမ်ားတြင္ အလုပ္လုပ္ဖူးသည့္ လက္ေထာက္႐ွင္းကို သြားယွဥ္လို႔ မရပါ။ သိပ္မၾကာခင္ သူမ ေျပာသြားသည့္ စကားမ်ားေၾကာင့္ သူဆြံ႕အသြားပါသည္။

လက္ေထာက္႐ွင္းက မွတ္စုစာအုပ္ကို ျပန္ပိတ္လိုက္သည္။ "ကြၽန္မတို႔ ေသခ်ာစဥ္းစားၿပီးတဲ့ေနာက္ ကမ္းလွမ္းႏိုင္တဲ့ေစ်းကေတာ့ ၅၅၀,၀၀၀ ယြမ္ပါ။”

ထုေ႐ြ႕က်ီက တံေတြးမ်ိဳခ်လိုက္ပါသည္။ ဒီေစ်းက သူ႕အတြက္ လက္ခံႏိုင္သည္ ဆို႐ုံေလာက္သာ ႐ွိသည္။ သို႔ေသာ္လည္း မေက်နပ္ေသးေပ။

ေဖးခ်မ့္က ျပဳံးကာ ေျပာလိုက္ပါသည္။ "အဆင္ေျပပါတယ္ ေဘာ့စ္ထု။ ကြၽန္ေတာ္ ေနာက္ထပ္ ၅၀,၀၀၀ တိုးေပးပါ့မယ္။ ကြၽန္ေတာ္တို႔ရဲ႕ ခင္မင္ရင္းႏွီးမႈအရ ၆၀၀,၀၀၀ ေပးပါ့မယ္။”

ထုေ႐ြ႕က်ီ ခဏေလာက္ စဥ္းစားၾကည့္လိုက္သည္။ သူ ေစ်းကိုေတာ့ ထပ္ျမင့္ေစခ်င္သည္။ သို႔ေသာ္လည္း စဥ္းစားၿပီးေနာက္ ထပ္ၿပီး ေစ်းမဆစ္ဖို႔ ဆုံးျဖတ္လိုက္ပါေတာ့သည္။

လက္ေထာက္႐ွင္းက သူမ၏ တြက္ခ်က္မႈမ်ားကို အလြန္တိက်စြာ ေဆာင္႐ြက္ထား၏။ သူ ထပ္ၿပီး ေစ်းဆစ္စရာ အေၾကာင္း မ႐ွိေတာ့ပါ။ ေဘာ့စ္ေဖး သေဘာမက်ေလာက္သည့္ စကားတစ္ခုခု ေျပာလိုက္မိပါက ခ်က္ခ်င္း ျပန္သြားႏိုင္သည္။ အဲ့တာဆို အကုန္ဆုံး႐ႈံးသြားမွာ မဟုတ္ဘူးလား။

ထုေ႐ြ႕က်ီ ဒါကို ေတြးလိုက္ၿပီးေနာက္ မ်က္ႏွာေပၚတြင္ ေတာက္ေတာက္ပပ အျပဳံးတစ္ခု ေဆာင္လိုက္ပါသည္။ "ေကာင္းပါၿပီ ေဘာ့စ္ေဖး။ ဒါဆိုလည္း ၆၀၀,၀၀၀ ေပါ့။ ကြၽန္ေတာ့္ ညီအစ္ကိုေတြ အနာဂတ္ေကာင္းေစဖို႔ ကြၽန္ေတာ္လက္ခံလိုက္တာပါ...။”

ေဖးခ်မ့္ ဆြံ႕အသြားပါသည္။ ဒီလူက စကားလုံးလွလွေလးမ်ားနဲ႔ ႂကြားဝါရတာကို အသားက်ေနသူ ျဖစ္ေလာက္သည္။ သူေျပာတာ မွန္သမွ် ယုံခ်င္စရာ မ႐ွိပါ။

"ဒါဆို လုပ္ငန္းေဆာင္တာေတြ ဆက္လုပ္ၾကတာေပါ့။” ေဖးခ်မ့္က လက္ေထာက္႐ွင္းကို ၾကည့္လိုက္ပါသည္။

သူတို႔ သေဘာတူညီခ်က္ ရသြားၿပီ ျဖစ္ေသာ္လည္း အမ်ားႀကီး လုပ္စရာ က်န္ပါေသးသည္။ ကုမၸဏီ၏ အေသးစိတ္မ်ားကို ေသခ်ာ အတည္ျပဳၿပီးမွ ဝယ္ယူမႈ သေဘာတူ စာခ်ဳပ္ကို ခ်ဳပ္ဆိုရပါမည္။ စူပါမားကတ္ထဲမွာ ေစ်းဝယ္သလို မဟုတ္ပါ။ ပစၥည္းကို ယူၿပီး ကတ္ျဖတ္ၿပီး အိမ္တန္းျပန္သြားလို႔ မရပါ။ သူတို႔ တစ္ဆင့္ခ်င္း လုပ္ရပါမည္။

သို႔ေသာ္လည္း ေဖးခ်မ့္က ဒါေတြ စိတ္ပူဖို႔ မလိုေပ။

"ေဘာ့စ္ေဖးက အရမ္း ေစတနာ႐ွိတာပဲ။ ေသခ်ာေပါက္ ေအာင္ျမင္မွာပါဗ်ာ။”

ထုေ႐ြ႕က်ီက အလြန္ေပ်ာ္႐ႊင္ေနပါသည္။ ေစ်းက သူေမွ်ာ္လင့္ထားတာထက္ ပိုနည္းေနေသာ္လည္း ေဘာ့စ္ေဖး ထပ္ေပါင္းလိုက္သည့္ ေနာက္ဆုံး ယြမ္ ၅၀,၀၀၀ က သူ႕ကိုေပ်ာ္သြားေစပါသည္။

အဓိက အခ်က္က ေနာက္ဆုံးေတာ့ သူ ဝန္ထုပ္ဝန္ပိုးမ်ား လႊတ္ခ်ႏိုင္တာ ျဖစ္ပါသည္။ ဒါနဲ႔တင္ သူေသေပ်ာ္ပါၿပီ။

"အျပင္က ဝန္ထမ္းေတြကို အလုပ္နားဖို႔ ေျပာလိုက္ေတာ့။ ဒီလုပ္ငန္းေဆာင္တာေတြ ၿပီးသြားမွ ျပန္လာဖို႔ ေျပာလိုက္။”

"အာ... လာမယ့္ တနလၤာေန႔ ေမလ ၁၀ ရက္ေန႔လို႔ သတ္မွတ္လိုက္ၾကမယ္။”

ေဖးခ်မ့္က ရက္စြဲကို ၾကည့္လိုက္သည္။ ဒီေန႔က ဗုဒၶဟူးေန႔။ ၄ ရက္ေလာက္ဆို လုပ္ငန္းေဆာင္တာ အေတာ္မ်ားမ်ားကို ၿပီးေလာက္ပါသည္။

ဘာပဲျဖစ္ျဖစ္ ဒါက သန္းခ်ီတန္သည့္ ဝယ္ယူျခင္းမ်ိဳး မဟုတ္ပါ။ ႐ွန္းယန္းဂိမ္း ကုမၸဏီက ကုမၸဏီ အေသးစားေလး ျဖစ္ပါသည္။ ႐ွင္းစရာ ကိစၥမ်ားစြာ ႐ွိသည္။ လက္ေထာက္႐ွင္းက အလြန္ အစြမ္းအစ႐ွိၿပီး ေသခ်ာေပါက္ အခ်ိန္မွီ တာဝန္မ်ားကို ၿပီးေျမာက္ႏိုင္ပါသည္။

ထန္းတာ့၏ အလုပ္အ႐ွိန္အဝါကို ႀကိဳတင္ အသားက်ထားရေအာင္ ဝန္ထမ္းမ်ားကို အနားေပးဖို႔ အခ်ိန္ေကာင္းျဖစ္၏။ ေနာက္ပိုင္းတြင္ ႐ွန္းယန္ဂိမ္းဆိုတာ ထန္းတာ့၏ အရန္လုပ္ငန္းခြဲ ျဖစ္လာေတာမ့ည္။ ၎တို႔ မူလကုမၸဏီႀကီး၏ က်င့္ဝတ္မ်ားႏွင့္ ခံစားခြင့္မ်ားကို လိုက္နာၾကရေတာ့မည္။

ဝမ္ေ႐ွာင္းပင္က ခဏေလာက္ ၾကက္ေသ ေသသြား၏။ သူက ေခါင္းၿငိမ့္လိုက္ၿပီး ျပန္ေျပာလိုက္ပါသည္္။ "ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး တျခားသူေတြကို အခုပဲ အေၾကာင္းၾကားလိုက္ပါေတာ့မယ္။”

ေဖးခ်မ့္ လိုက္မသြားဘဲ လက္ေထာက္႐ွင္းႏွင့္ ေဘာ့စ္ထုတို႔၏ ႐ုံးခန္းထဲက လုပ္ငန္းေဆာင္တာ စကားဝိုင္းကိုသာ ဆက္ၿပီး နားေထာင္ေနပါသည္။

ခဏၾကာေသာအခါ အျပင္ဘက္က ေရေသကန္တစ္ကန္ ျပန္လည္႐ွင္သန္လာသလိုမ်ိဳး အျပင္ဘက္က တီးတိုးေျပာသံမ်ား ထြက္လာပါသည္။

ဝမ္ေ႐ွာင္းပင္ ဝန္ထမ္းမ်ားကို ေနာက္တစ္ပတ္ တနလၤာေန႔အထိ အနားယူရမည္ဟုေျပာၿပီး ကုမၸဏီ၏ ပိုင္႐ွင္ေျပာင္းလဲေတာ့မည္ဟု ေၾကညာလိုက္ေသာအခါ ပြက္ေလာ႐ိုက္သြားခဲ့ပါသည္။

အစကေတာ့ ႐ွန္းယန္ဂိမ္းမွာ က်ဆုံးေနသည့္ အေျခအေနေရာက္ေနၿပီး ဝန္ထမ္းမ်ားစြာက အလုပ္သစ္မ်ားကိုေတာင္ ႐ွာေဖြေနၾကၿပီ ျဖစ္သည္။ လ်ိဳ႕ႀကီးလို ေလွ်ာက္လႊာေကာင္းေကာင္း႐ွိသည့္ လူေတြကေတာ့ အလုပ္သစ္မ်ားပင္ ရကုန္ၾကပါၿပီ။

သို႔ေသာ္လည္း ထုေ႐ြ႕က်ီက မေန႔ကတည္းက တျခားကုမၸဏီတစ္ခုက သူတို႔ ကုမၸဏီကို လႊဲေျပာင္း ဝယ္ယူေတာ့မည္ဟု ႐ုတ္တရက္ ေၾကညာခဲ့သည္။ အားလုံးကို တစ္ညေနလုံး ေနရာကို သန္႔႐ွင္းေရး လုပ္ခိုင္းကာ စားပြဲမ်ားကို စီရီခိုင္းခဲ့၏။ သူတို႔၏ ေဘာ့စ္အသစ္ ျဖစ္လာႏိုင္သည့္လူကို စိတ္ဓာတ္တက္ႂကြမႈမ်ားနဲ႔ ႀကိဳဆိုဖို႔ ေျပာခဲ့ပါသည္။

ထိုသတင္းေၾကာင့္ လူမ်ားစြာ ထိတ္လန္႔ကုန္ၾကပါသည္။ ဘာပဲျဖစ္ျဖစ္ ႐ွန္းယန္ဂိမ္း ဘယ္ေလာက္ ဆိုး႐ြားေနမွန္း အားလုံး သိၾကပါသည္။ ဘယ္လို စိတ္မွန္တဲ့လူက ဒီျပႆနာႀကီးကို လႊဲေျပာင္းယူမွာလဲ။

သို႔ေသာ္လည္း ေမးျမန္းမႈတခ်ိဳ႕ လုပ္ၿပီးေနာက္မွာေတာ့ သူတို႔ပိုင္႐ွင္အသစ္က ထန္းတာ့ဂိမ္းျဖစ္မွန္း သိလိုက္ရကာ တုန္လႈပ္သြားၾကပါသည္။

ဒီသတင္းေကာင္းက... ေ႐ႊမိုးေတြ ႐ြာခ်လိုက္သလိုပဲ။

ထန္းတာ့က ဂိမ္းေလာကထဲမွာ နာမည္ေကာင္း ရထားသူ ျဖစ္၏။ လူမ်ားစြာက ထိုကုမၸဏီကို ဝင္ခ်င္ေသာ္လည္း လမ္းစ ႐ွာမရခဲ့ပါ။

သူတို႔ကုမၸဏီကို ထန္းတာ့ဝယ္ယူမည္ဆိုပါက 'မယားပါသား' ကဲ့သို႔ သေဘာမ်ိဳး ျဖစ္ၿပီး 'သားအရင္းမ်ား' ကဲ့သို႔ အက်ိဳးခံစားခြင့္ေတြေတာ့ ရမွာ မဟုတ္ပါ။ သို႔ေသာ္လည္း သူတို႔ ထန္းတာ့လက္ေအာက္မွာ အလုပ္လုပ္ရမည္ ျဖစ္သည္။ သူတို႔ အနာဂတ္က အခုထက္ အမ်ားႀကီး အလားအလာ ႐ွိလာႏိုင္ပါသည္။

ဝယ္ယူမႈက အနည္းဆုံး ၁ ပတ္ေလာက္ ၾကာလိမ့္မည္ဟု ထင္ထားခဲ့ၿပီး အနားယူရလိမ့္မည္ဟု မထင္ထားခဲ့ပါ။ ဘာပဲျဖစ္ျဖစ္ အလုပ္ခ်ိန္မွာလည္း အားလုံးက အခ်ိန္ျဖန္းေန႐ုံသာ ျဖစ္ပါသည္။

သို႔ေသာ္လည္း ဒီလုပ္ငန္းစဥ္ႀကီး ဒီေလာက္ ေခ်ာေမြ႕ေနလိမ့္မည္ဟု မထင္ထားခဲ့ေပ။ ဒီေလာက္ အခ်ိန္တိုေလးနဲ႔ အႀကိဳသေဘာတူညီမႈကို ရလိုက္တာလား။ ေနာက္တစ္ပတ္ တနလၤာေန႔အထိ သူတို႔ နားၾကရေတာ့မွာလား။

႐ွန္းယန္ဂိမ္း၏ ဝန္ထမ္းမ်ားတြင္ အေတြးတစ္ခုသာ ႐ွိေတာ့သည္။ သူတို႔ ဘဝ အတက္အက်မ်ားက လ်င္ျမန္လြန္းလွပါသည္။

လြန္ခဲ့သည့္ ရက္အနည္းငယ္ေလာက္မွ သူတို႔ အလုပ္ျပဳတ္ေတာ့မည့္ ဒုကၡကို ခံစားခဲ့ရသည္။ ႐ုတ္တရက္ႀကီး ကံၾကမၼာအေျပာင္းမအလဲကို ၾကဳံေတြ႕ခဲ့ရၿပီး သူတို႔အားလုံး ထန္းတာ့၏ ဝန္ထမ္းမ်ား ျဖစ္သြားၾကပါသည္။

သူတို႔အိပ္မက္မက္ေနသလိုပင္။

အခန္း(၁၄၄) ေဘာ့စ္ေဖးရဲ႕ အားလပ္ရက္မ်ား

ေဖးခ်မ့္ ဒီတစ္ပတ္ အားလပ္ရက္မ်ားတြင္ အေတာ္ေလး အလုပ္မ်ားေနခဲ့ပါသည္။

အစကေတာ့ သူ႕အငွားတိုက္ခန္းမွာ ေအးေအးေဆးေဆး အိပ္ဖို႔ ၾကံထားခဲ့၏။ သို႔ေသာ္လည္း အိပ္ေပ်ာ္ဖို႔ ခက္ခဲသည္။ မ်က္လုံးကို ပိတ္လိုက္တိုင္း အင္တာနက္ကေဖး နာမည္ႀကီးလာၿပီး ေငြအလုံးလိုက္ႀကီး ဝင္လာတာကို ျမင္ေယာင္လာပါသည္။ ထို႔ေၾကာင့္ သူစိတ္မသက္မသာျဖစ္ေန၏။

ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ဘဲ လက္ေထာက္႐ွင္းကို ကားျဖင့္ လာေခၚခိုင္းရေတာ့သည္။ သူကိုယ္တိုင္ သြားၿပီး ေသခ်ာေအာင္ အတည္ျပဳမွ ျဖစ္မည္။

အမွန္ပင္။ ဒါက လက္ေထာက္႐ွင္းကို အခ်ိန္ပိုလစာ ေပးဖို႔အတြက္ ဆင္ေျခေကာင္းေကာင္းလည္း ရသြားေစပါသည္။

ပထမဆုံး ယြီအင္တာနက္ကေဖး၏ မူရင္းဗဟိုဆိုင္ကို အရင္ဆုံး သြားလိုက္ပါသည္။ ေကာ္ဖီတစ္ခြက္ေသာက္ကာ ဆိုင္ထဲတြင္ အခ်ိန္ျဖဳန္းၿပီးေနာက္ ဒီဆိုင္မွာေတာ့ အ႐ႈံးကို အျမတ္အျဖစ္ ေျပာင္းလဲႏိုင္မည့္ အေျခေအေနမ်ိဳး မ႐ွိတာ အတည္ျပဳႏိုင္ခဲ့ပါသည္။

ထို႔ေနာက္ ယြီအင္တာနက္ကေဖး ဆိုင္ခြဲသစ္မ်ား၏ ျပင္ဆင္မြမ္းမံမႈမ်ားကို သြားခဲ့ပါသည္။

ထိုဆိုင္ခြဲႏွစ္ဆိုင္၏ တည္ေနရာမ်ားမွာ မူရင္းဆိုင္ထက္ အမ်ားႀကီး ပိုဆိုးပါသည္။ ၎တို႔၏ တစ္ခုတည္းေသာ အားသာခ်က္က က်ယ္ဝန္းမႈသာ ျဖစ္သည္။ ထိုဆိုင္ခြဲႏွစ္ဆိုင္၏ အတြင္းပိုင္ဒီဇိုင္းမ်ားက မူရင္းဆိုင္နဲ႔ေတာ့ အတိအက် မတူႏိုင္ဘဲ ေဖးခ်မ့္၏ အသားေပးမႈအတိုင္းသာ ဖန္တီးႏိုင္ပါသည္။

အႏွစ္ခ်ဳပ္အားျဖင့္ ႐ိုး႐ွင္းသည့္ စတိုင္မ်ိဳး႐ွိကာ အလြန္ခ်ဲ႕ကားထားေသာ အေသးစိတ္ မ်ားစြာ မ႐ွိေပ။ သို႔ေသာ္လည္း စားပြဲခုံမ်ား၊ ထိုင္ခုံမ်ား၊ ဘားေကာင္တာ၊ စာအုပ္စင္မ်ားႏွင့္ တျခား ပရိေဘာဂမ်ားကေတာ့ အလြန္ အဆင့္ျမင့္သည့္ပုံစံေပါက္ပါသည္။

ေဖးခ်မ့္က ဒီလိုအဆင့္ျမင့္သည့္ စတိုင္ကို ႀကိဳက္တာ မဟုတ္ေပ။ ေ႐ြးလိုက္ရသည့္ အဓိက အေၾကာင္းအရင္းက ထိုစတိုင္ ပရိေဘာဂမ်ား၏ ေစ်းႏႈန္းေၾကာင့္ ျဖစ္ပါသည္။

ဆိုင္ခြဲသစ္ႏွစ္ခု၏ မန္ေနဂ်ာမ်ားက အလြန္ အလုပ္ႀကိဳးစားသည့္ပုံစံေပါက္ပါသည္။ ဆိုင္ကို ျပန္လည္ မြမ္းမံေနသည့္ အလုပ္သမားမ်ားအား ေသခ်ာ ေစာင့္ၾကည့္ေနသည္။ ေဖးခ်မ့္က သူတို႔ကို ခ်ဥ္းကပ္ၿပီး ေႏြးေထြးစြာ ႀကိဳဆိုလိုက္ပါသည္။ ဆိုင္ခြဲမန္ေနဂ်ာတစ္ေယာက္ကို အိမ္ျပန္ဖို႔ တိုက္တြန္းလိုက္၏။ သို႔ေသာ္လည္း တစ္ဖက္လူက အိမ္ျပန္ဖို႔ ဆႏၵမ႐ွိပါ။ ေဖးခ်မ့္ သူ႕ကို အခ်ိန္ပို လစာေပး႐ုံသာ ႐ွိေတာ့သည္။

အင္တာနက္ကေဖးမ်ား၏ ျပန္လည္မြမ္းမံမႈမ်ားကို ၾကည့္႐ႈၿပီးေနာက္ ေဖးခ်မ့္ စိတ္မခ်ေသးပါ။ ထိုဆိုင္ခြဲမ်ား ပတ္လည္တြင္ လမ္းေလွ်ာက္ရင္း အခ်ိန္ျဖဳန္းခဲ့ေသးသည္။ ေနာက္ဆုံးေတာ့ ဒီတည္ေနရာက မူလဆိုင္ထက္ေတာင္ ပိုၿပီး လူသူကင္းမဲ့ေနတာကို အတည္ျပဳႏိုင္ခဲ့ပါသည္။ ဒီဆိုင္ကိုလာသည့္ ကတ္စတမ္မာ မ်ားမ်ားစားစား မ႐ွိေလာက္ပါ။

အိမ္ျပန္လမ္းတြင္ ေဖးခ်မ့္ ႐ုတ္တရက္ႀကီး ကုမၸဏီကို သြားၾကည့္ခ်င္စိတ္ ေပၚလာ၏။ လုမင္လ်န္နဲ႔ တျခားဒီဇိုင္းအဖြဲ႕ဝင္မ်ား အခ်ိန္ပို လုပ္ေနၾကတာကို ျမင္သြားပါသည္။

ေဘာ့စ္ေဖး အလြန္စိတ္ဆိုးသြား၏။

အစကေတာ့ ဟြမ္စစ္ေပၚတို႔ကိုသာ အခ်ိန္ပိုလုပ္ခြင့္ျပဳခဲ့သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဟြမ္စစ္ေပၚႏွင့္ ေပါင္႐ႈတို႔က ထိုအခ်ိန္မ်ားတြင္ ဂိမ္းသာ ကစားေနသည္ဟု ထင္ေသာေၾကာင့္ ျဖစ္ပါသည္။ သို႔ေသာ္လည္း သူတို႔ အခ်ိန္ပိုလုပ္သည့္အခါ ဂိမ္းကစားေနတာ မဟုတ္မွန္း သိလိုက္ရ၏။ သူတို႔ အလုပ္လုပ္ေနၾကတာ သိသာပါသည္။

ထို႔ေၾကာင့္ ေဖးခ်မ့္က တင္းၾကပ္ေတာ့မည္ဟု ခံစားမိကာ အားလုံးကို ႐ုံးအလုပ္ခ်ိန္ၿပီးေနာက္ ႐ုံးမွာ ေပၚမလာဖို႔ တားျမစ္လိုက္ပါသည္။

ဒီတစ္ေခါက္ ေဖးခ်မ့္က ေပါင္႐ႈအပါအဝင္ အားလုံးကို အျပင္ထုတ္လိုက္ပါသည္။ အေၾကာင္းျပခ်က္ကေတာ့ သူတို႔ကို အိမ္မွာ အနားယူခိုင္းၿပီး ဆံပင္ကို ဂ႐ုစိုက္ဖို႔ ျဖစ္၏။

အရင္ေဆးစစ္ခ်က္မ်ား၏ ရလဒ္မ်ားကို ျပန္ေတြးၾကည့္ၿပီးေနာက္ ေပါင္႐ႈလည္း တျခား ဆင္ေျခေပးစရာ မ႐ွိေတာ့ဘဲ ပစၥည္းမ်ားထုပ္ပိုးကာ အိမ္ျပန္လိုက္ရေတာ့သည္။

အခုခ်ိန္တြင္ ေပါင္႐ႈလက္ထဲမွာ ပိုက္ဆံ အမ်ားႀကီး ႐ွိေနၿပီ ျဖစ္သည္။ အင္တာနက္ကေဖးတစ္ခုမွာ ေနထိုင္ေနတာ မဟုတ္ေတာ့ပါ။ စတူဒီယိုတိုက္ခန္းတစ္ခုကို ငွားရမ္းၿပီး ကြန္ပ်ဴတာအသစ္တစ္လုံး ဝယ္ထားသည္။ ယခု အိမ္မွာ ကြန္ပ်ဴတာ ဂိမ္းမ်ားကို ကစားႏိုင္ပါၿပီ။

ေပါင္႐ႈကို ေဘာ့စ္ေဖး ေအာင္ျမင္စြာ ေျဖာင္းျဖႏိုင္လိုက္တာကို ျမင္လိုက္ရေသာအခါ သူတို႔လည္း တိုးတိတ္စြာျဖင့္ အထုပ္အပိုးမ်ား ျပန္ျပင္ရင္း ျပန္ၾကရေတာ့သည္။ ျမင္ကြင္းက အေတာ္ေလး စိတ္ပ်က္ဖို႔ေကာင္းပါသည္။ အဖြဲ႕သားမ်ားက အျပင္ကို အလြန္စိတ္ဓာတ္က်စြာျဖင့္ ထြက္သြားၾကသည္။ အေၾကာင္းအရင္းကို မသိသည့္လူေတြကေတာ့ သူတို႔ အလုပ္ထုတ္ခံလိုက္ရသည္ဟု ထင္သြားႏိုင္ပါသည္။

အားလုံးကို ေမာင္းထုတ္ၿပီးေနာက္ ေဖးခ်မ့္ အနီးအနားက က်ပန္း ထိုင္ခုံတစ္လုံးမွာ ထိုင္ခ်လိုက္ပါသည္။ သူ စိတ္ပိုင္းဆိုင္ရာအရ အလြန္ပင္ပန္းေနသည္။

ဒီေကာင္ေတြကေတာ့ ငါ့ကို ေခါင္းကိုက္ေအာင္ လာလုပ္ေနတာပဲ။

"႐ုံးတံခါးေလာ့ခ္ကို ေျပာင္းဖို႔ အခ်ိန္က်ၿပီထင္တယ္။ အဆင့္ျမင့္တဲ့ ဒစ္ဂ်စ္တယ္ေလာ့္ခ္မ်ိဳးကို ဝယ္သင့္လား။ ေန႔ထူးေန႔ျမတ္ အားလပ္ရက္ေတြမွာ တခ်ိဳ႕အရာ႐ွိေတြကိုပဲ ဝင္ခြင့္ေပးတဲ့ ဟာမ်ိဳးေလ...။”

ေဖးခ်မ့္က လက္ေထာက္႐ွင္းကို ၾကည့္လိုက္ပါသည္။ ႐ွင္းဟိုက္လူက တြန္႔ဆုတ္စြာ ေျပာလိုက္သည္။ "အဲ့တာဆို အားလုံးရဲ႕ အလုပ္လုပ္ဖို႔ တက္ႂကြတဲ့စိတ္ကို ေလ်ာ့မသြားေစဘူးလား။”

အားလုံးရဲ႕ စိတ္ဓာတ္တက္ႂကြမႈကို ေလ်ာ့သြားေစမယ္ ဟုတ္လား။

အဲ့တာဆို သိပ္ေကာင္းတာေပါ့။ စိတ္ဓာတ္က်႐ုံတင္မဟုတ္ဘဲ စိတ္ကို လုံးဝ ဖ်က္ဆီးပစ္လိုက္ႏိုင္ရင္ ပိုေတာင္ ေကာင္းဦးမည္။

"ဒါဆိုလည္း ဆုံးျဖတ္လိုက္ၿပီ။ စီမံေရးဌာနေတြမွာ အဲ့လိုေလာ့ခ္မ်ိဳး ႐ွိလား သြားစုံစမ္းၾကည့္ဦး။ မဟုတ္ရင္ ဝယ္သာဝယ္လိုက္။”

"တံခါးကို ေန႔ထူးေန႔ျမတ္ အားလပ္ရက္ေတြမွာ အခြင့္႐ွိတဲ့လူႀကီးေတြပဲ ဝင္ႏိုင္မယ္။ အဲ့ဒီထဲမွာ... ခင္ဗ်ားရယ္၊ ကြၽန္ေတာ္ရယ္၊ စီမံေရးဌာနက ေကာင္မေလးတခ်ိဳ႕ရယ္ ဒါပဲ ပါမယ္။”

စီမံေရးဌာန၏ အလုပ္က အ႐ိုး႐ွင္းဆုံး ျဖစ္သည္။ ၉ နာရီတြင္ အလုပ္စလုပ္ၿပီး ၅ နာရီတြင္ ျပန္ၾကသည္။ သူတို႔ ၁ မိနစ္ေလာက္ ေနာက္က်ႏိုင္သည္။ သို႔ေသာ္ အလုပ္က ၁ မိနစ္ေလာက္ ျပန္ေတာ့မွ ေစာမျပန္ပါ။

သူတို႔ ႐ုံးပိတ္ရက္ေတြမွာလည္း ႐ွိၾကမွာ မဟုတ္ေပ။

ေဖးခ်မ့္က သူတို႔ကို တံခါးဖြင့္ခြင့္ေပးဖို႔ အလြန္စိတ္ခ်ပါသည္။ လက္ေထာက္႐ွင္းက မွတ္စုစာအုပ္ထဲမွာ ခ်မွတ္ထားလိုက္၏။ စကားကို ၿပီးေအာင္ ေျပာၿပီးေနာက္ ေဖးခ်မ့္ ျပႆနာသစ္တစ္ခုကို ထပ္ၿပီး စဥ္းစားမိသြားပါသည္။

သူတို႔ကို အခ်ိန္ပိုလစာ ဘယ္လိုေပးရမလဲ။

တံခါးကို ေလာ့ခ္ခ်လိုက္ျခင္းအားျဖင့္ အားလုံး ႐ုံးမွာ အခ်ိန္ပို လာလုပ္လို႔ မရေတာ့ေပ။ သို႔ေသာ္လည္း အဲ့တာဆို သူတို႔ကို အခ်ိန္ပိုလစာလည္း ေပးလို႔ မရေတာ့ဘူးဟူသည့္ သေဘာသက္ေရာက္သည္။

အခ်ိန္ပိုလစာေပးရတာ သိပ္မမ်ားေသာ္လည္း 'မ်ားေလေကာင္းေလ' အစီအစဥ္ထဲ ပါဝင္သည္။ သူ႕ပိုက္ဆံကို ျဖဳန္းႏိုင္မည့္ အေရးႀကီးေသာ နည္းလမ္းျဖစ္၏။ လူတစ္ေယာက္စီ၏ အခ်ိန္ပိုလစာက အမ်ားႀကီး မဟုတ္ေသာ္လည္း ဝန္ထမ္းမ်ား တိုးလာေသာအခါ ဧရာမ ပမာဏတစ္ခု ျဖစ္လာႏိုင္သည္။

ေဖးခ်မ့္ ခဏေလာက္စဥ္းစားၾကည့္လိုက္္၏။ "ဒီလိုဆိုရင္ေကာ။ ေနာက္ပိုင္းက်ရင္ အားလုံး ကိုယ္ပိုင္ အခ်ိန္ပို နာရီေတြကို သတ္မွတ္ႏိုင္မယ္။ အခ်ိန္ပိုလစာက သူတို႔အိမ္မွာ အလုပ္လုပ္တဲ့ အခ်ိန္လည္း ပါမယ္။”

႐ွင္းဟိုက္လူ ေၾကာင္သြားပါသည္။ "သူတို႔ တကယ္ အလုပ္လုပ္လား မလုပ္လား ကြၽန္မတို႔ ဘယ္လို စစ္ေဆးၾကမလဲ။”

စစ္ေဆးမယ္ ဟုတ္လား။ ဘာကို စစ္ေဆးမွာတုန္း။ အားလုံး သူတို႔အခ်ိန္ပိုလုပ္တဲ့နာရီေတြကို လိမ္ေျပာရင္ေတာင္ ငါဂ႐ုမစိုက္ဘူး။

အမွန္ပင္။ ဒီတိုင္းေတာ့ ေဖးခ်မ့္ ေျပာလို႔ မျဖစ္ပါ။

ခဏေလာက္ ေတြးၾကည့္လိုက္ၿပီး ေျပာလိုက္ပါသည္။ "အားလုံးရဲ႕ စည္းကမ္း႐ွိမႈကို ကြၽန္ေတာ္ ယုံၾကည္တယ္။ ဒါေပမယ့္ တစ္ေယာက္ေယာက္သာ အခ်ိန္ပိုနာရီကို လိမ္ညာတင္ျပထားေၾကာင္း ေတြ႕ရမယ္ဆိုရင္ သူတို႔ရဲ႕ တစ္လစာ အခ်ိန္ပိုလစာကို ေလွ်ာ့ပစ္မယ္။”

စနစ္ကို ေက်နပ္ေစဖို႔ အျပစ္ေပးျခင္းတစ္ခုကိုလည္း သတ္မွတ္ရေသးသည္။

ဘာပဲျဖစ္ျဖစ္ အားလုံး အခ်ိန္ပိုနာရီမ်ားကို လိမ္ေျပာလား မေျပာလား ေဖးခ်မ့္ စစ္ေဆးမွာ မဟုတ္ပါ။။ ေဖးခ်မ့္က ဗလာက်င္းျဖစ္ေနေသာ ႐ုံးခန္းႀကီးကို ျမင္ၿပီး စိတ္ေျပာင္းသြားပါသည္။ သူ မတ္တပ္ရပ္လိုက္ၿပီး အိမ္မွာ ေအးေဆး ျပန္အနားယူဖို႔ ျပင္လိုက္၏။

ထိုအခ်ိန္တြင္ သူ႕ဖုန္းသံျမည္လာခဲ့သည္။ ဟြမ္စစ္ေပၚတစ္ေယာက္ ဖုန္းဆက္လာျခင္း ျဖစ္၏။

ေဖးခ်မ့္က ခ်က္ခ်င္း သတိႀကီးသြားပါသည္။

ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝကို ႐ိုက္ကူးၿပီးေနာက္ ဟြမ္စစ္ေပၚနဲ႔ ေပါင္႐ႈတို႔က လဝက္ေလာက္ အနားယူဖို႔ ျပင္ခဲ့ၾကသည္။ အခ်ိန္ကို တြက္ၾကည့္ေသာအခါ သူတို႔အနားယူခ်ိန္ မၾကာခင္ ၿပီးဆုံးေတာ့မည္။ ပေရာဂ်က္ အသစ္နဲ႔ ဗီဒီယိုအသစ္ ႐ိုက္ကူးဖို႔ သူတို႔ စဥ္စားေနေလာက္ၿပီ။

အားေကာင္းေသာ သူ႕စကားလုံးမ်ားနဲ႔ ေဖးခ်မ့္က ဟြမ္စစ္ေပၚ၏ ႀကိဳးစားတိုက္ခိုက္လိုစိတ္ကို အားေပးခဲ့ၿပီး ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝကို ဆက္မ႐ိုက္ေတာ့ဘဲ ဒီေအာင္ျမင္ေနသည့္ IP ကို လက္လႊတ္လိုက္ဖို႔ ေျဖာင္းျဖႏိုင္ခဲ့၏။ သို႔ေသာ္လည္း ဟြမ္စစ္ေပၚႏွင့္ က်ဴးေ႐ွာင္စဲတို႔ ဘာေတြ ထပ္႐ိုက္ဖို႔ စီစဥ္ေနသလဲဆိုတာကို ေဖးခ်မ့္ စိတ္မခ် ျဖစ္ေနပါသည္။

ဒီဖုန္းဆက္ရျခင္း အေၾကာင္းအရင္းမွာ ေဖးခ်မ့္ႏွင့္ ေဆြးေႏြးဖို႔ သို႔မဟုတ္ တိုးတက္မႈကို တင္ျပဖို႔ ျဖစ္ႏိုင္သည္။

အေ႐ွ႕က တစ္ခုသာ ျဖစ္ပါေစဟု ေဖးခ်မ့္ ဆုေတာင္းလိုက္၏။

သူ ဖုန္းကိုင္လိုက္သည္။

"ေဘာ့စ္ေဖး ဒီအခ်ိန္ႀကီး ေႏွာင့္ယွက္ရတာ ေတာင္းပန္ပါတယ္။ ေဖးဟြမ္လုပ္ငန္းရဲ႕ လုပ္ငန္းအစီအစဥ္ေတြကို တင္ျပခ်င္လို႔ပါ။”

"အရင္တစ္ေခါက္က ေဘာ့စ္ေဖးရဲ႕ စကားေတြေၾကာင့္ ကြၽန္ေတာ္ အလင္းပြင့္သြားတယ္။ အစကေတာ့ ဒါ႐ိုက္တာ က်ဴးေ႐ွာင္စဲနဲ႔ ကြၽန္ေတာ္တို႔ ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝရဲ႕ အေငြ႕သက္မ်ိဳး ရမယ့္ ဗီဒီယိုအတိုစီးရီးေလးေတြ ထပ္႐ိုက္ဖို႔ စိတ္ကူးခဲ့တာ။ လက္႐ွိ ေရပန္းစားေနတဲ့ ကိစၥေတြကို စုံစမ္းၿပီး ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝက နာမည္ေက်ာ္ဇာတ္ေကာင္ေတြကို ေဖာ္ထုတ္ဖို႔ စီစဥ္ထားခဲ့တာ။”

ေဖးခ်မ့္ ပိုနားေထာင္ေလေလ ပိုစိတ္လႈပ္႐ွားလာေလေလျဖစ္သည္။

ဒါ ေသာက္ 'Surprise'(ဇာတ္ေကာင္တစ္ေယာက္၏ ဇာတ္ေၾကာင္းကို ခ်ဲ႕ကားကာ ဟာသဆန္ေသာပုံစံျဖင့္ ေျပာေသာ တ႐ုတ္ဟာသစီးရီးတိုေလး) ဒါမွမဟုတ္ 'Baozou Big News Events' (ရယ္စရာ သတင္းအေၾကာင္းအရာမ်ားကို တင္ျပသည့္ အင္တာနက္ စကားဝိုင္း variety show တစ္ခု) လား။

ဘယ္တစ္ခုျဖစ္ျဖစ္ အကုန္လုံး ေအာင္ျမင္ႏိုင္ေျခ႐ွိသည့္ပုံပင္။

ဟြမ္စစ္ေပၚက ဆက္ေျပာပါသည္။ "ဒါေပမယ့္ ဟိုတစ္ေန႔က ေဘာ့စ္ေဖးရဲ႕ စကားေၾကာင့္ ကြၽန္ေတာ္ ဉာဏ္အလင္းပြင့္သြားတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အလြယ္ႀကိဳက္တဲ့စိတ္ကို ေဖ်ာက္ၿပီး အိပ္မက္ေတြေနာက္ကို ဆက္လိုက္သင့္တယ္လို႔ ထင္တယ္။ ဗီဒီယိုအတိုေလးေတြက ေငြျမန္ျမန္ရလြယ္ၿပီး လူေတြကို ျပဳံးေစတယ္ဆိုေပမယ့္ အဲ့ေလာက္နဲ႔ မလုံေလာက္ေသးဘူးလို႔ ကြၽန္ေတာ္တို႔ ခံစားမိတယ္။”

"ဒါ႐ိုက္တာ က်ဴးေ႐ွာင္စဲကလည္း ကြၽန္ေတာ္နဲ႔ အျမင္တူတယ္။ အဲ့တာေၾကာင့္ သူနဲ႔ ေဆြးေႏြးၾကည့္ၿပီးေတာ့ မွတ္တမ္း႐ုပ္႐ွင္ ႐ိုက္ကူးဖို႔  ဆုံးျဖတ္လိုက္တယ္။ ကြၽန္ေတာ္တို႔ ဘယ္သူမွ မ႐ိုက္ဖူးတဲ့ မွတ္တမ္း႐ုပ္႐ွင္မ်ိဳးကို ႐ိုက္ကူးခ်င္တာ။”

"ဟုတ္တာေပါ့။ လက္႐ွိ အကန္႔အသတ္႐ွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံေငြေၾကာင့္ အႀကီးစားႀကီးေတာ့ ႐ိုက္လို႔ မရဘူး။ ကြၽန္ေတာ္တို႔ အေၾကာင္းအရာကို ေသခ်ာ စဥ္းစားလိုက္ပါ့မယ္။ ကြၽန္ေတာ္တို႔ ရႏိုင္ဖို႔ ေမွ်ာ္လင့္မိတဲ့ တစ္ခုတည္းေသာအရာက ကြၽန္ေတာ္တို႔ရဲ႕ ကင္မရာေတြကို သုံးၿပီး အဓိပၸာယ္႐ွိတာေလး တစ္ခုခု ႐ိုက္ကူးႏိုင္ဖို႔ပါပဲ...။”

ေဖးခ်မ့္ စိတ္ေအးစြာ သက္ျပင္းခ်လိုက္သည္။ သို႔ေသာ္လည္း ခပ္ျမန္ျမန္ပဲ ထပ္ၿပီး သတိထားလိုက္မိပါသည္။

သူ စိတ္ေအးသြားရသည့္ အေၾကာင္းအရင္းမွာ ဟြမ္စစ္ေပၚႏွင့္ က်ဴးေ႐ွာင္စဲတို႔ တကယ္ပဲ ဗီဒီယိုအတိုမ်ား ႐ိုက္ဖို႔ လက္ေလွ်ာ့လိုက္ၿပီ ျဖစ္ေသာေၾကာင့္ပင္။ ဒါက သူ႕အတြက္ သတင္းေကာင္း ျဖစ္ပါသည္။

၎တို႔၏ မူလအစီအစဥ္တိုင္းသာ ဆက္လုပ္ပါက ေနာက္ထပ္ ေရပန္းစားသည့္ ဗီဒီယိုအတိုစီးရီးတစ္ခုကို ထုတ္လုပ္ႏိုင္ေျခမ်ားပါသည္။ 'Surprise' ႏွင့္ 'Reporting, Boss' တို႔ေလာက္အထိ ေအာင္ျမင္ေအာင္ ျပဳလုပ္လိုက္ပါက ဆိုးဆိုး႐ြား႐ြား ျဖစ္သြားႏိုင္ပါသည္။

ယခု ဟြမ္စစ္ေပၚႏွင့္ က်ဴးေ႐ွာင္စဲတို႔က မွတ္တမ္း႐ုပ္႐ွင္တစ္ခု ႐ိုက္ကူးမည္ဆိုေသာေၾကာင့္ အေၾကာင္းအရာမွာ အျမတ္ရႏိုင္ေျခ နည္းသည္ဟု ဆိုလိုပါသည္။ ဒါ သတင္းေကာင္းပင္။

Continue Reading

You'll Also Like

510K 34.3K 31
story description>>>>> start-5/10/2021 end-1/1/2022
403K 78.2K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
47.3K 3.7K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...