သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

Od Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... Více

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-141/142

184 16 0
Od Miracle_Phyu97

ဖေးချမ့် 141+142

အခန်း(၁၄၁) ကုမ္ပဏီကို ဝယ်ယူသိမ်းပိုက်ခြင်း

ဖေးချမ့် ခဏလောက်စဥ်းစားလိုက်ပြီး မေးလိုက်ပါသည်။ "ဒါက ကျွန်တော် ကုမ္ပဏီတစ်ခုကို ပထမဆုံး ဝယ်ဖူးတာဆိုတော့ သတိထားရမယ့်အချက်တွေ ရှိလား။”

လက်ထောက်ရှင်းက သူမ၏ မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "စွန့်စားရမှာတွေတော့ ရှိတယ်။ ဥပမာအားဖြင့် တချို့ကုမ္ပဏီတွေက မကြာခဏဆိုသလိုပဲ သူတို့ရဲ့ စာရင်းရှိ အရင်းအနှီး ပြဿနာတွေ ရှိတတ်ကြတယ်။ သူတို့မှာ အရင်းအနှီး အတုအယောင်တွေ ဒါမှမဟုတ် ပြန်ထုတ်ထားတာတွေ ရှိသလားဆိုတာ စစ်ဆေးရမယ်။”

"ပြီးတောလ့ည်း သူတို့ရဲ့ ကုမ္ပဏီပိုင်ဆိုင်မှု၊ တာဝန်တွေ၊ ပိုင်ရှင်ရဲ့ ရှယ်ယာတန်ဖိုး စတာတွေကိုပါ စစ်ဆေးရမယ်။ ပြီးရင် သူတို့ရဲ့ ပုံသေပိုင်ဆိုင်မှုနှုန်း၊ ကြွေးမြီနဲ့ ပြန်မရနိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုပါ သတိထားရမယ်။”

"ဒါပေမယ့် ဒါက အသေးစား ပရိုက်ဗိတ်လုပ်ငန်းလေးပါ။ ပိုင်ရှင်က ထုရွေ့ကျီလို့ခေါ်တယ်။ သူနဲ့ တခြား ပါတနာတစ်ယောက်က ကုမ္ပဏီရဲ့ ရှယ်ယာအားလုံးကို ကိုင်ဆောင်ထားတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ထုရွေ့ကျီက ကုမ္ပဏီရဲ့ အော်ပရေးရှင်းတွေအတွက် အဓိက တာဝန်ရှိသူပဲ။”

"အခု ကုမ္ပဏီကို ပေးရဖို့ အတော်အသည်းအသန်ဖြစ်နေပြီထင်တယ်။ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေကလည်း အနုတ်ဘက်ကို ရောက်နေပြီး လတိုင်းအရှုံးပေါ်နေတာကိုး။ ကျွန်မတို့ နည်းနည်းလောက်ထပ်စောင့်လိုက်ရင် စျေးကို ထပ်နှိမ်ပြီး ကုမ္ပဏီကို သိန်းဂဏန်းလောက်နဲ့ ရနိုင်လိမ့်မယ်။”

"စိတ်ရှည်မယ်ဆို အဲ့ထက်နိမ့်တဲ့စျေးနဲ့တောင် ရနိုင်လိမ့်မယ်။”

ဖေးချမ့်က ခဏလောက်ကြောင်သွားပါသည်။ "အဲ့လောက် စျေးပေါတာလား။”

သူ အနည်းငယ် စိတ်ပျက်သွားပါသည်။

တစ်ဖက်လူက ကုမ္ပဏီကို အနည်းဆုံး ၁ သန်း ၂ သန်းလောက်နဲ့ ရောင်းလိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော်လည်း ယွမ်သိန်းဂဏန်းလောက်နဲ့ သူတို့ရနိုင်မှာတဲ့လား။

လက်ထောက်ရှင်းက ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဒါပေါ့ ဘော့စ်ဖေးရဲ့။ ဒီကုမ္ပဏီကို ထုရွေ့ကျီနဲ့ တခြား ပါတနာတစ်ယောက်က တည်ထောင်ထားတာ။ စဦး အရင်းအနှီးကလည်း ယွမ် ၁ သန်းပဲရှိတယ်။ ဒါပေမယ့် သူတို့ကံကောင်းပြီး သူတို့လုပ်ထားတဲ့ ဂိမ်းတွေကနေ ဝင်ငွေရတာကြောင့် အခုလို အဆင့်ထိရောက်လာနိုင်တာပါ။”

"ထုရွေ့ကျီက အဲ့ဒါကနေ အများကြီးရခဲ့ပြီးပြီ။ သူ့လက်ထဲက ဒုက္ခအိုးကိုသာ ရောင်းနိုင်ရင် နောက်ထပ် သိန်းဂဏန်းလောက်တော့ ရနိုင်သေးတယ်။ အဲ့ပိုက်ဆံကို ရဖို့အသေအလဲ ကြိုးစားနေတာ။ သူစျေးကို မြှင့်ရဲမှာမဟုတ်ဘူး။”

"ကုမ္ပဏီရဲ့ အော်ပရေးရှင်းတွေကို ဘယ်သူမှ မယူဘူးဆိုရင် ကုမ္ပဏီပိုင်ဆိုင်မှုတွေကို စျေးပေါပေါနဲ့ ရောင်းဖို့ပဲရှိတော့တယ်။ ဝန််ထမ်းတွေ သုံးထားတဲ့ ကွန်ပျူတာတွေကို ဝန််ထမ်းတွေကိုပဲရောင်းပြီး လစာထဲက ပြန်ဖြတ်မယ်လို့တောင် ထုရွေ့ကျီစီစဥ်နေတယ်လို့ ကြားမိပါတယ်။”

ဖေးချမ့် ဆွံ့အသွားသည်။

တော်လိုက်တာ။

တစ်ဖက်မှာတော့ လုပ်ငန်းသုံးကွန်ပျူတာ အဟောင်းများစွာကို ပြန်ရောင်းရမည့်ဒုက္ခမှ လွတ်သွားသည်။ နောက်တစ်ဖက်မှာလည်း ဝန်ထမ်းများ၏ လစာနှောင့်နှေးခြင်းကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။ ဒီဘော့စ်ထုဆိုတာ တကယ့်ဉာဏ်ကြီးရှင်ပါလား။

ဖေးချမ့်က စျေးမတင်ချင်ပါ။ တစ်ဖက်မှာ စျေးကို အတင်းအကြပ်တင်လိုက်ပါက သဘာဝမကျရာကျလွန်းမည်။ ကုမ္ပဏီကို ယွမ် သိန်းဂဏန်းလောက်နဲ့ ရနိုင်ပါလျက်နဲ့ သန်းဂဏန်းထိမြှင့်ပေးပါက သိသာလွန်းလိမ့်မည်။ ဒီလိုလုပ်ပါက သူ့ကိုသံသယဖြစ်လာနိုင်ပါသည်။

နောက်တစ်ဖက်မှာတော့ ဖေးချမ့်က သူ့ရန်ပုံငွေများကို ယွီအင်တာနက်ကဖေးများဖွင့်ဖို့သာ ရင်းနှီးထားချင်သည်။ ထို့ကြောင့်လက်ထဲမှာလည်း အရင်းအနှီး သိပ်မရှိပေ။

ထို့ကြောင့် ပုံမှန်စျေးအတိုင်းပဲ ရရင် အဆင်ပြေပါပြီ။

လက်ထောက်ရှင်းက သူလုပ်ရမည့် တခြား အရေးကြီး အချက်များစွာကိုလည်း ထောက်ပြသည်။ ကုမ္ပဏီ၏ အစုရှယ်ယာဝင် ပြောင်းလဲမှုများကို စစ်ဆေးခြင်း၊ ဘဏ္ဍာရေး၊ ဝန်ထမ်းများ၏ အလုပ်သမား စာချုပ်နဲ့ ၎င်းတို့၏ အာမခံ၊ လစာများနဲ့ပတ်သတ်သည့် အချက်အလက်များကို စုဆောင်းခြင်း၊ သက်ဆိုင်ရာ စာချုပ်စာတမ်းများကို အတည်ပြုခြင်း စသည်တို့ဖြစ်သည်။

ဖေးချမ့်က ဒါတွေကို စိတ်မပူပါဘူး။ သူက ပိုက်ဆုံထုတ်ပေးဖို့သာ တာဝန်ရှိသည်။ ထိုအသေးစိတ်လုပ်ငန်းများကို ပရော်ဖက်ရှင်နယ်များကိုသာ တာဝန်ပေးလိုက်ပါမည်။

လက်ထောက်ရှင်းက သူမ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒါသတိထားရမယ့်အချက် အားလုံးပါပဲ ဘော့စ်ဖေး။ ကုမ္ပဏီကို လျှို့ဝှက်စစ်ဆေးချင်သေးလား။”

ဖေးချမ့်ကြောင်သွား၏။ "ဘာကို စစ်ဆေးမှာလဲ။”

"ဝယ်ယူဖို့ အတည်ပြုပြီးသွားပြီဆိုရင် ဘော့စ်ဖေး ကုမ္ပဏီကို သွားစစ်ဆေးတဲ့အခါ ဘော့စ်ထုက သေချာပေါက် ပြင်ဆင်မှုတွေ လုပ်ထားပြီးလောက်ပြီ။ အဲ့တာကြောင့် ရှန်းယန်ဂိမ်းရဲ့ အခြေအနေ အစစ်အမှန်ကို မသိရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။” လက်ထောက်ရှင်းက ရှင်းပြလိုက်ပါသည်။ "ဘော့စ်ဖေး သရုပ်မှန်ကို ဖုံးကွယ်ပြီး ဝန်ထမ်းတွေရဲ့ အလုပ်အခြေအနေနဲ့ အလုပ်ပတ်ဝန်းကျင်ကို သွားလေ့လာလို့ရပါတယ်။ အဲ့တာဆို နောက်ပိုင်းဆွေးနွေးတဲ့အခါ စျေးနှိမ်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။”

သူမ ဆိုလိုရင်းကို ဖေးချမ့် သဘောပေါက်ပါသည်။ သူမ ပြောချင်တာက ကုမ္ပဏီတစ်ခု၏ အထက်လူကြီးများ ရုတ်တရက် လာရောက်စစ်ဆေးတာမျိုးနဲ့တူပါသည်။

တစ်ဖက်လူက လာရောက်စစ်ဆေးမှာကို သိထားပါက ရှိုးထုတ်ဖို့အတွက် သေချာပေါက် ပြင်ဆင်ထားလိမ့်မည်။ အထက်လူကြီးများက အခြေအနေမှန်ကို မသိရလောက်ပါ။

ဖေးချမ့်က ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "အဲ့လိုလုပ်ဖို့ မလိုဘူးး။ ရှိုးထုတ်ဖို့ သက်သက် လုပ်ထားတာတွေကလည်း အသေးအဖွဲတွေပဲနေမှာ။ တချို့အရာတွေက ဖုံးကွယ်ထားလို့ မရနိုင်ဘူး။”

ဘော့စ်ဖေးက ကုမ္ပဏီကို သူ့လက်ထက်မှာ ပိုင်ဆိုင်ထားသလိုမျိုး ယုံကြည်ချက်ပြည့်ဝနေပါသည်။

လက်ထောက်ရှင်းက ဒီကိစ္စကို ဆက်ပြီး မတိုက်တွန်းတော့ပါ။ "ဘော့စ်ထုနဲ့တွေ့ဆုံဖို့အတွက် တစ်ဖက်ကို ကျွန်မ ဆက်သွယ်လိုက်ပါ့မယ်။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည််။ "မြန်လေ ကောင်းလေပဲ။”

နောက်တစ်နေ့ နေ့လည်ခင်း...။

ဖေးချမ့်တစ်ယောက် ရှန်းယန်ဂိမ်းကုမ္ပဏီသို့ ရောက်လာသည်။ Cayenne ကားတံခါးကို ဖွင့်လိုက်တာနဲ့ အသက် ၂၀ နှောင်းပိုင်း မျက်မှန်နဲ့ ယောက်ျားတစ်ယောက်က လာကြိုပါသည်။

"ခင်ဗျားက ဘော့စ်ဖေးလား မသိဘူး။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဝမ်ရှောင်းပင်ပါ။ ရှန်းယန်ဂိမ်းရဲ့ အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်ပါ။ ဘော့စ်ထုက အပေါ်ထပ်မှာ စောင့်နေပါတယ်။” ဝမ်ရှောင်းပင်က အလွန်နွေးထွေးစွာ ကြိုဆိုပါသည်။

သို့သော်လည်း ဖေးချမ့် အနည်းငယ် ကြောင်စီစီ ဖြစ်သွား၏။ "အစ်ကိုကြီးလျို့က အစီအစဥ်ရေးဆွဲသူချုပ် မဟုတ်ဘူးလား။”

ရှန်းယန်ဂိမ်းကုမ္ပဏီအကြောင်း အများကြီး မသိသော်လည်း အစ်ကိုကြီးလျို့က အစီအစဥ်ရေးဆွဲသူချုပ်ဆိုတာ သေချာပါသည်။ သူနဲ့လည်း ရင်းရင်းနှီးနှီးသိ၏။ ထန်းတာ့မှာ အင်တာဗျူးလာဖြေတုန်းက အစ်ကိုကြီးလျို့ကို ဖေးချမ့် တွေ့ဖူးပါသည်။ သူ့သတင်းများကို ဟွမ်စစ်ပိုနဲ့ မာယန်တို့ဆီကလည်းကြားဖူး၏။

အစ်ကိုကြီးလျို့ လုပ်ခဲ့သည့်အရာများကို ကြားတိုင်း ဖေးချမ့် နောင်တရမိသည်။ ပထမ အင်တာဗျူးမှာ ပါရမီရှင်တစ်ယောက်ကို သူ လက်လွှတ်ခဲ့မိသည်။ ထိုအချိန်တုန်းက အစ်ကိုကြီးလျို့ကိုသာ အလုပ်ခန့်ခဲ့ပါက ဂိမ်းများ ကျရှုံးနေလောက်ပြီ။ ပိုက်ဆံဆုံးရှုံးဖို့ ဒီလောက်ထိ ဒုက္ခခံနေစရာလည်း မလိုလောက်ပါ။

ကောင်းတာတစ်ခုကတော့ ကျရှုံးပြီးနောက် သင်ခန်းစာ ပြန်ယူလို့ရတာပင်။ အရမ်းကြီး မနောက်ကျသေးပါဘူး။

ဖေးချမ့်က ရှန်းယန်ဂိမ်း၏ တစ်ဖွဲ့လုံးကို ဆက်ပြီး ခေါ်ထားချင်သည်။ အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်ဖြစ်သည့် အစ်ကိုကြီးလျို့က ဒီအဖွဲ့၏ အရေးပါသည့် လူတစ်ယောက်ဖြစ်တာ သိသာပါသည်။

သို့သော်လည်း ဒီနေ့ဘာလို့ အစ်ကိုကြီးလျို့ လာမကြိုတာလဲ။ ဘာလို့ သူစိမ်းတစ်ယောက်က လာကြိုရတာလဲ။

ဝမ်ရှောင်းပင် အနည်းငယ် နေရခက်သွားပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ကုမ္ပဏီအကြောင်းကို အများကြီး သိနေမယ် မထင်ထားဘူး။ ခဏနေရင် ကျွန်တော်ရှင်းပြပါမယ်။ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ။”

သံသယအပြည့်ဖြင့် ဖေးချမ့်တစ်ယောက် ဝမ်ရှောင်းပင်အနောက်မှ ရုံးခန်းအဆောက်အဦး၏ ကုမ္ပဏီဒုတိယထပ်ကို တက်လာခဲ့ပါသည်။

သူတို့ ရုံးနေရာကို အရင်ဆုံးဖြတ်သွားရ၏။ အလုပ်စားပွဲခုံများက ပြွတ်သိပ်နေသည်။ ဖေးချမ့် အနည်းငယ် အသားမကျဖြစ်သွားပါသည်။ သူက ထန်းတာ့မှ ကျယ်ဝန်းသေသပ်သည့် အခင်းအကျင်းကိုသာ မြင်နေကျ ဖြစ်သည်။ ထို့ကြောင့် အလုပ်ပတ်ဝန်းကျင် ဘယ်လောက်  ကျဥ်းမြောင်းနေမှန်း မြင်လိုက်ရသောအခါ သူ အနည်းငယ် အသက်ရှူကျပ်သွားပါသည်။

အနှစ်ချုပ်ဆိုရင်တော့ အလုပ်ပတ်ဝန်းကျင်က ကောင်းမွန်ပါသည်။ ကြမ်းပြင်များက သန့်ရှင်းနေသည်။ အလုပ်စားပွဲများက သပ်ရပ်၏။ ဝန်ထမ်းအားလုံးကလည်း ကွန်ပျူတာရှေ့မှာ ကီးဘုတ်ရိုက်နေကြသည် သို့မဟုတ် အယ်ဒီတာကို သုံးနေကြသည်။ သူတို့ အလုပ်ကို အာရုံစိုက်နေကြသည့် ပုံစံပင်။

ဒါတွေက ရုတ်တရက် လာရောက်စစ်ဆေးမှုအတွက် ရှိုးထုတ်ပြရုံသက်သက် ဟန်ပြတွေမှန်း ဖေးချမ့် သိပါသည်။ သေချာကြည့်လိုက်ပါက ဝန်ထမ်းတွေက တကယ်အလုပ်လုပ်နေတာမဟုတ်ဘဲ လုပ်ချင်ယောင်ဆောင်နေတာမှန်း မြင်နိုင်ပါသည်။

လူများစွာက ၎င်းတို့၏ စာတမ်းတွင် စကားလုံး တစ်လုံး နှစ်လုံးသာ ရိုက်ပြီး ဖန်သားပြင်ကြီးကို စိုက်ကြည့်နေသည်။ဘာတွေ စဥ်းစားနေမှန်းလည်း မသိပါ။

ဖေးချမ့်ကတော့ ဟန်ပြများကို မဖော်ထုတ်ခဲ့ပါ။ သူနဲ့ လက်ထောက်ရှင်းတို့ ဝမ်ရှောင်းပင်နောက်သို့ လိုက်လာပြီး ထုရွေ့ကျီ၏ ရုံးခန်းသို့ သွားခဲ့ကြပါသည်။ သူက ရှန်းယန်ဂိမ်းကုမ္ပဏီ၏ ဘော့စ် ဖြစ်သည်။

ထုရွေ့ကျီက သူ့ရုံးခန်းတံခါးဝမှာ စောင့်နေပါသည်။

ဘော့စ်ထုက အသက် ၃၀ ဝန်းကျင်ရှိသူဟု ထင်ရသည်။ ခေါင်းပေါ်မှာ ဆံပင်ပါးပါးနဲ့ ဗိုက်ကတော့ မပူပါ။ သူ့ပုံစံက ထပ်မြက်သည့် သက်လက်ပိုင်းအရွယ် အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပုံစံနဲ့ တူပါသည်။

"ဘော့စ်ဖေး ကြိုဆိုပါတယ်ဗျာ။ ဘော့စ်ဖေးက အလားအလာရှိတဲ့လူငယ်တစ်ယောက်လို့ ကျွန်တော်ကြားထားတာ။ ကောလဟာလတွေက တကယ်ပဲကိုး။”

ထုရွေ့ကျီက ရှေ့တိုးလာပြီး ဖေးချမ့်နဲ့ လက်ထောက်ရှင်းတို့ကို ရုံးခန်းထဲ ဖိတ်လိုက်ပါသည်။ ဝမ်ရှောင်းပင်က လက်ဖက်ရည် အမြန်သွားဖျော်၏။

လက်ဖက်ရည်ဖျော်တယ်ဆိုတာ လက်ထောက်တစ်ယောက် သို့မဟုတ် စီမံရေးအပိုင်းက လူများ၏ တာဝန် ဖြစ်သည်။ သို့သော်လည်း ရှန်းယန်ဂိမ်းမှာတော့ စီမံရေး ရာထူး မရှိပါ။ ထို့ကြောင့် ဝန်ထမ်းများကပဲ ဒီအလုပ်များကို လုပ်ရပါသည်။

တကယ်တော့ ဒါက အသေးစားဂိမ်းကုမ္ပဏီများအတွက် ပုံမှန်ပဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ စီမံရေးဝန်ထမ်းများကိုလည်း လစာပေးရဦးမည်။ ကုမ္ပဏီတစ်ခု၏ အရွယ်က အတိုင်းအတာတစ်ခုထိ မကျယ်ပြန့်သေးပါက ဂိမ်းကုမ္ပဏီအများစုမှာ တတ်နိုင်သမျှ ကုန်ကျစရိတ်များကို လျှော့ချပါလိမ့်မည်။

သာမန်လူတွေကတော့ ဖေးချမ့်လို ဂိမ်းတစ်ခုတောင် မထုတ်ရသေးဘဲ လှပသည့် ဧည့်ကြိုကောင်မလေးနှစ်ယောက်ကို ခန့်အပ်တာမျိုး လုပ်မှာ မဟုတ်ပါ။

ဝမ်ရှောင်းပင်က အလွန်လျင်မြန်စွာဖြင့် လက်ဖက်ရည်ယူကာ ပြန်ရောက်လာပါသည်။ ဖေးချမ့်က လက်ဖက်ရည်ကို မျက်လုံးထောင့်ဖြင့် ကြည့်လိုက်ပြီး အရည်အသွေး သိပ်ကောင်းတဲ့ လက်ဖက်ရည်တော့ မဟုတ်ဘူး ဟုတွေးလိုက်ပါသည်။ ခွက်ကို ကိုင်လိုက်ပြီး အယောင်သောက်ပြကာ ပြန်ချလိုက်ပါသည်။

"မင်းလည်းထိုင် ရှောင်းပင်။ မင်းက ဂိမ်းတွေနဲ့ ပတ်သတ်ပြီး ဘော့စ်ဖေး မေးတဲ့မေးခွန်းတွေကို ဖြေပေးလိုက်" ထုရွေ့ကျီက ဝမ်ရှောင်းပင်ကို သူ့ဘေးမှာ ထိုင်ဖို့ အမူအယာလုပ်ပြလိုက်ပါသည်။

ဘော့စ်ထုက ငွေလိုက်ကောက်ဖို့သာ တာဝန်ရှိပြီး သူ့ဂိမ်းတွေအကြောင်းသိပ်ပြီး မသိတာ သိသာပါသည်။

ဘော့စ်ဖေးက ဘော့စ်တစ်ယောက်ဖြစ်ရုံတင်မကဘဲ အလွန်တော်သည့် ဂိမ်းဒီဇိုင်နာတစ်ယောက် ဖြစ်ကြောင်းကိုလည်း ထုရွေ့ကျီ ကြားဖူးပြီးသား ဖြစ်သည်။ ဂိမ်းနဲ့ပတ်သတ်ပြီး သူမသိသည့် အကြောင်းအရာတွေကို ဘော့စ်ဖေး မေးမှာ ကြောက်သဖြင့် ဝမ်ရှောင်းပင်ကို ကူညီဖြေပေးစေခြင်း ဖြစ်သည်။

ဝမ်ရှောင်းပင်လည်း ကုမ္ပဏီတစ်ခုလုံး၏ နောက်ဆုံးမျှော်လင့်ချက်က သူ့ပခုံးပေါ်တွင်ရှိနေသည်ဟူသောအတွေးကြောင့် အနည်းငယ် စိတ်လှုပ်ရှားလာပါသည်။

အခန်း(၁၄၂) ငွေတွေဆုံးရှုံးဖို့ ပရော်ဖက်ရှင်နယ်တွေကို အားကိုးရမယ်

"ဘော့စ်ဖေးနဲ့ ထန်းတာ့ဂိမ်းတို့က ကျင်းကျိုးမြို့တော်မှာ တကယ့် ပွဲတိုင်းကျော်တွေပဲလို့ ကျွန်တော်ကြားမိတာကြာပါပြီ။ ဘော့စ်ဖေးဖန်တီးတဲ့ ဂိမ်းတိုင်းက ရေပန်းစားလာပြီး ဝေ့ပေါ် ပေါ်မှာလည်း ရေပန်းစား ရှာဖွေမှုတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ အရမ်းအားကျတာပဲ။” ထုရွေ့ကျီက လက်ဖက်ရည် သောက်ရင်း ပြောလိုက်ပါသည်။

ဖေးချမ့်က ယဥ်ယဥ်ကျေးကျေးပဲ ပြန်ပြောလိုက်ပါသည်။ "တကယ်တော့ ကျွန်တော်လည်း ဘော့စ်ထုကို အားကျပါတယ်။”

ထုရွေ့ကျီက ကြောင်သွားသည်။ "ဘာကို အားကျတာလဲဗျ။”

"အာ... ခင်ဗျားရဲ့ ကံကို အားကျတာပါ။” ဖေးချမ့်က 'သူ့ရဲ့ ငွေကို အရှုံးပေါ်စေသည့် အစွမ်းအစကို အားကျသည်' ဟုပြောဖို့ အစက ကြံစည်နေပါသည်။ သို့သော်လည်း ထိုစကားလုံးများက မသင့်တော်မှန်း ရုတ်တရက် နားလည်သွားပြီး စကားလုံးများကို ပြောင်းလဲလိုက်ရပါသည်။

ထုရွေ့ကျီက အကျယ်ကြီး ရယ်မောလိုက်၏။ "ဘော့စ်ဖေး ခင်ဗျားက တကယ်ရယ်ရတာပဲ။ ကြည့်ရတာ ကျွန်တော့်ကံက တကယ်ကောင်းတယ်ထင်ပါတယ်။ တခြားကုမ္ပဏီတွေသာ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင် သူတို့ သိပ်မကြာခင်မှာပဲ ပိတ်ချလိုက်ရမှာ။ ဘော့စ်ဖေးက ဒီကုမ္ပဏီကို ဝယ်ယူချင်တယ်ဆိုတော့ ကျွန်တော် ကံကောင်းတာပေါ့။”

"ဘော့စ်ဖေး ရှန်းယန်ဂိမ်းကို ကယ်တင်ချင်တာ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အဲ့တာကြောင့် လှည့်ကွက်တွေ အကုန်လုံးကို ပယ်ပြီး ခင်ဗျားကို အမှန်တိုင်း ပြောပါ့မယ်။”

"တကယ်တမ်းတော့ ကုမ္ပဏီရဲ့ ဆိုးရွားတဲ့ အော်ပရေးရှင်းတွေအတွက် ကျွန်တော့်မှာ တာဝန်အရှိဆုံးပါပဲ။ ရှန်းယန်ဂိမ်းကို ကျရှုံးမှုကနေ ကယ်တယ်ပြီး ဘဝသစ်ပေးနိုင်မယ်ဆိုရင် ကုမ္ပဏီကို ခင်ဗျားကို တိုက်ရိုက်ပေးလိုက်မှာပါ။”

"ဒါပေမယ့်... ပထမဆုံးအနေနဲ့ ဒီကုမ္ပဏီက ကျွန်တော်နဲ့ တခြား ညီအစ်ကိုတစ်ယောက် အတူတူ တည်ထောင်ခဲ့ကြတာ။ ကျွန်တော်တို့ သွေးတွေ ချွေးတွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ ဒုတိယအနေနဲ့ကတော့ ဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေ အားလုံးက ကျွန်တော့်ရဲ့ ညီအစ်ကိုတွေချည်းပဲ။ သူတို့ သွားဖို့ နေရာကောင်းကောင်း ရှာပေးနိုင်ဖို့ မျှော်လင့်မိပါတယ်...။” ထုရွေ့ကျီက လက်ဖက်ရည်သောက်ရင်း ပြောလိုက်ပါသည်။

ထုရွေ့ကျီက စကားလုံးလှလှလေးများ ပြောနေသော်လည်း ဘော့စ်ထု စျေးတင်ချင်နေတယ်ဆိုတာ ဖေးချမ့် နားလည်ထားပါသည်။

သူ့စကားလုံးများ၏ အဓိကနေရာက 'ဒါပေမယ့်' ဆိုသည့် စကားလုံးနောက်က ပါလာသည်။

ခြုံပြောရလျှင်တော့ ဘော့စ်ထုက ကုမ္ပဏီဖွင့်စဥ်တုန်းက သူ့အခက်အခဲများနှင့် ဝန်ထမ်းများ ဘယ်လောက် တော်ကြောင်း ထုတ်ပြောချင်ခြင်း ဖြစ်သည်။ လည်ပတ်နေဆဲဖြစ်သည့် ဂိမ်းနှစ်ခုကလည်း မျှော်လင့်ချက်ရှိသေးပြီး နည်းနည်းလောက် အားစိုက်ထုတ်လိုက်ပါက ပြန်လည် အမြတ်ရလာနိုင်သည်ဟုလည်း ပြောချင်နေပုံရသည်။

ဖေးချမ့်က တိုးတိတ်စွာ နားထောင်ရင်း ပြုံးလိုက်ပါသည်။

ထုရွေ့ကျီက ၁၀ မိနစ်ကြီးများတောင် စကားကို ဆက်တိုက်ပြောနေခဲ့သည်။ ရှန်းယန်ဂိမ်းကုမ္ပဏီ၏ အခြေအနေကို တင်ပြပြီး ကိုယ်ရေးကိုယ်တာာ အမြင်များစွာကိုလည်း ပြောပြ၏။ သူက အလွန်ပြင်ဆင်ထားက ရှိန်လောက်စရာပုံပင်။

ဖေးချမ့်က သူ့စကားများကို ဘာမှ မတုန့်ပြန်သေးပေ။ ဒီအကြောင်းအရာတွေကိုလည်း လုံးဝ စိတ်မဝင်စားပါ။

ဖေးချမ့်၏ အသက်အရွယ်ကြောင့်လားမသိ။ ဘော့စ်ထုက သူ့ကို ကြွားဝါပြီး စျေးမြင့်မြင့်ပေးဖို့ အယုံသွင်းနေသည်။ သို့သော်လည်း ဖေးချမ့်က ဒါတွေကို စိတ်မဝင်စားဘဲ တာဝန်လည်း ယူမထားတာကို သူ မသိခဲ့ပါ။ အားလုံးက လက်ထောက်ရှင်း၏ အလုပ်သာ ဖြစ်သည်။

လက်ထောက်ရှင်းသည် ဖေးချမ့်၏ နောက်ကွယ်မှ တိုးတိတ်စွာ နားထောင်ရင်း အချက်အလက်များကို သူ၏ မှတ်စုစာအုပ်ထဲ မှတ်တမ်းတင်နေပါသည်။ ဖေးချမ့်၏ အမိန့်နဲ့ စျေးကို အချိန်မရွေး စတင်ဖြတ်နိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်၏။

"ဘော့စ်ဖေး ဒါအကုန်ပါပဲ။ ကျွန်တော် ခင်ဗျားကို အရမ်းသင့်တော်တဲ့ စျေးပဲ ခေါ်မှာပါ။ အစွန်းထွက်တွေ အကုန်ဖျက်ပြီး ၁ သန်း တိတိကျကျနဲ့ ပေးပါ့မယ်။ ဘယ်လိုသဘောရလဲ။”

ဘော့စ်ထု၏ မျက်နှာပေါ်တွင် "ဒါ ခင်ဗျားကို စျေးလျှော့ပေးတာ" ဟူသော အနေအထားမျိုး ပေါ်နေ၏။

ဖေးချမ့်က ဘာမှ မတုန့်ပြန်ဘဲ ဒီတိုင်း မေးလိုက်ပါသည်။ "ခင်ဗျားတို့ရဲ့ အရင်တုန်းက အစီအစဥ်ရေးဆွဲသူချုပ်က လျို့ကြီးလို့ခေါ်တဲ့ တစ်ယောက်မလား။ သူ ဘယ်ရောက်သွားတာလဲ။”

ထုရွေ့ကျီ ကြက်သေ သေသွားပါသည််။ ထို့နောက် ခေါင်းကို အနည်းငယ် ခါလိုက်၏။ "သြော် လျို့ကြီးလား။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အလုပ်ထွက်သွားတယ်လေ။ သူ နောက်ထပ် ကုမ္ပဏီတစ်ခု ရှာတွေ့သွားပြီ ထင်ပါတယ်။”

"စိတ်ချပါ ဘော့စ်ဖေး ရှောင်းပင်ကလည်း ကျွန်တော်တို့ရဲ့ စနစ်ဒီဇိုင်နာ လုပ်တာ ကြာပါပြီ။ သူ့အစွမ်းအစတွေက အရမ်းကောင်းတယ်။ အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ရာထူးတိုးလိုက်ပြီး သေချာပေါက် လျို့ကြီးရဲ့ တာဝန်တွေကို လွှဲယူနိုင်မှာပါ။ အဲ လျို့ကြီးထက်တောင် ပိုပြီး တော်နိုင်လောက်တယ်။”

အလုပ်ထွက်သွားတယ် ဟုတ်လား။

ဘယ်လို...

ဖေးချမ့်  အနည်းငယ် ဒုက္ခတွေ့သွားပါသည်။

ကုမ္ပဏီ ပြိုကွဲတော့မှာကို လျို့ကြီးက သိသွားပြီး တခြား အလုပ်တစ်ခုကို ကြိုတင် ရှာဖွေခဲ့သည်။ အမှန်ပင်။ လျို့ကြီး၏ ဂိမ်းအစီအစဥ်ဆွဲ အတွေ့အကြုံနှင့် ပြောင်မြောက်သော လျှောက်လွှာတို့ကြောင့် အလုပ်ရှာဖို့ မခက်ခဲခဲ့ပေ။

သို့သော်လည်း နည်းနည်းတော့ သနားစရာ ကောင်းပါသည်။ ဒီလို မက်လောက်စရာ ကုမ္ပဏီက မဝယ်ခင်မှာတင် မပြည့်မစုံ ဖြစ်နေပါသည်။ သို့သော်လည်း ဖေးချမ့် ရင်ထဲ သိပ်မထားခဲ့ဘဲ လျို့ကြီးကိုလည်း ပြန်ခေါ်ဖို့ အစီအစဥ် မရှိခဲ့ပါ။

ကုမ္ပဏီမှာ အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်သာ လျော့နည်းသွားခြင်း ဖြစ်၏။ ထို ရာထူးကို တာဝန်ယူဖို့ နောက်တစ်ယောက် ရှာလိုက်ခြင်းအားဖြင့် ဆက်လက် လည်ပတ်နိုင်ပါသည်။

သို့သော်လည်း ဖေးချမ့်က ဝမ်ရှောင်းပင်ကို လှမ်းကြည့်လိုက်ပြီး ဒီကောင် အစီအစဥ်ရေးဆွဲသူချုပ် မဖြစ်နိုင်ဘူးဟု ခံစားလိုက်မိပါသည်။

ဘော့စ်ထု ပြောပုံအရဆို သူက အရင်ပရောဂျက်များအတွက် စနစ်ဒီဇိုင်နာ ဖြစ်သည်။ သူက ပရောဂျက်များကို လေးလေးနက်နက် နားလည်ထားပြီး အလွန်စွမ်းဆောင်နိုင်၏။ ဒါအမှန်ပဲ ဖြစ်လောက်သည်။ ဒီလိုသာဆို သေချာပေါက် သူ့ကို ဖေးချမ့် အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် ခန့်အပ်လို့ မရပါ။ သူသာ လျို့ကြီးထက် ပိုတော်နေရင် ဘယ်လိုလုပ်မလဲ။  နောက်တစ်ယောက်ကို ပြောင်းခန့်ရပါလိမ့်မည်။

ဖေးချမ့်က ဒါကို ရင်ထဲမှာ ချိန်ဆကြည့်ကာ မျက်နှာပေါ်မှာတော့ ထုတ်မပြခဲ့ပေ။

"ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဂိမ်းနှစ်ဂိမ်းကို ကစားကြည့်လို့ရမလားဗျ" ဖေးချမ့်က မေးလိုက်သည်။

ထုရွေ့ကျီက ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ရတာပေါ့။ ရှောင်းပင် လက်ပ်တော့ တစ်လုံး ယူလာခဲ့။ ဘော့စ်ဖေးကို ငါတို့ဂိမ်း စမ်းပြီး ကစားကြည့်ခိုင်းလိုက်။”
ဝမ်ရှောင်းပင်က ခေါင်းငြိမ့်လိုက်ပြီး ရုံးခန်းထဲက ထွက်သွားကာ အပြင်မှာ လက်ပ်တော့တစ်လုံး သွားရှာလိုက်ပါသည်။

ထုရွေ့ကျီ၏ ရုံးခန်းစားပွဲပေါ်မှာ လက်ပ်တော့တစ်လုံး ရှိနေတာကို ဖေးချမ့် သတိထားမိသည်။ ဆိုလိုတာက ထုရွေ့ကျီ သူ့ကုမ္ပဏီက ဂိမ်းများကို တစ်ခါမှ မကစားဖူးဘူးဟူသည့်သဘောပင်။ ဖေးချမ့် အနည်းငယ် အားကျမိပါသည်။

ကြည့်လိုက်ပါဦး။ ရင့်ကျက်တဲ့ ကုမ္ပဏီတစ်ခုဆိုတာ ဒီလိုပဲဖြစ်သင့်တာ။ ဘော့စ်က အော်ပရေးရှင်းတွေ အကြောင်းကို စိတ်မဝင်စားဘူး။ ကုမ္ပဏီက သူ့ဖာသာသူ အရှုံးပေါ်နိုင်တယ်။

ထန်းတာ့ကို ကြည့်လိုက်။ ငါက ဂိမ်းအတွက် အသေးစိတ်မှန်သမျှကို လိုက်ဂရုစိုက်တာတောင် ဒုက္ခပေးနေတုန်းပဲ။

သိပ်မကြာခင် ဝမ်ရှောင်းပင် လက်ပ်တော့တစ်လုံးဖြင့် ရောက်လာခဲ့ပါသည်။

ရှန်းယန်ဂိမ်းက ဂိမ်းနှစ်ခုကို ထုတ်လုပ်ထား၏။ တစ်ခုက Romantic Taoist ဟုခေါ်ပြီး နောက်တစ်ခုက Bloody Battle Song ဟု အမည်ရသည်။ နှစ်ခုစလုံးက အင်တာနက် Browser ဂိမ်းများ ဖြစ်ကြသည်။ သို့သော်လည်း ပထမတစ်ခုက စီမံရေးအမျိုးအစား ဂိမ်းဖြစ်ပြီး နောက်တစ်ခုက နိုင်ငံနှစ်ခုအကြား စစ်ပွဲအကြောင်း RPG ဂိမ်းတစ်ခု ဖြစ်ပါသည်။

ဖေးချမ့် Romantic Taoist ကို အရင်ဆုံး ဖွင့်ကြည့်လိုသည်။

အကောင့်တစ်ခုဖွင့်ပြီး ပထမဆုံး မြင်လိုက်ရတာကတော့ နှာခေါင်းသွေးလျှံလောက်သည့် မြင်ကွင်းတစ်ခု ဖြစ်သည်။လှပသော မိန်းကလေးတစ်ယောက်၏ ပုံအကြီးကြီးကို အလယ်တွင် ပြထားသည်။ သူမက မလုံမလဲ ဝတ်ထားပြီး နှာခေါင်းသွေးလျှံလောက်သည်။

ထုရွေ့ကျီနှင့် ဝမ်ရှောင်းပင်တို့က အနည်းငယ် စိတ်မသက်မသာဖြစ်နေသည့် ပုံပင်။ ရုပ်ဆိုးဆိုး ကောင်မလေးတစ်ယောက် ယောက္ခမကို တွေ့ခါနီးအချိန်လိုမျိုး ရှက်နေကြပါငသည်။ ဘော့စ်ဖေးက ဘော့စ်တစ်ယောက်ဖြစ်ရုံမကဘဲ ထန်းတာ့ဂိမ်း၏ ခေါင်းဆောင်ဒီဇိုင်နာဖြစ်သည်ဟုလည်း ကြားဖူးပါသည်။

ဥပမာအားဖြင့် လတ်တလော ရေပန်းစားနေသည့် ဂိမ်းဒီဇိုင်နာဂိမ်းမှာ ပြည်တွင်းဂိမ်းလောကို နှံ့နှံ့စပ်စပ် လေ့လာဆန်းစစ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသော ဂိမ်း ဖြစ်သည်။ ၎င်း၏ Gameplay ရုပ်ထွက်နှင့် အဓိက ပေးချင်သည့် မက်ဆေ့ချ်တို့က နိုင်ငံခြား ထိပ်တန်း ဂိမ်းပရိုဂျူဆာများနှင့် ယှဥ်နိုင်လောက်သည်။

သို့သော်လည်း ရှန်းယန်ဂိမ်းတွေကို ကြည့်လိုက်ပါဦး။ လက်ခံနိုင်လောက်သည်ဟူသော အဆင့်လောက်သာ ရှိသည်။

၎င်းတို့၏ အဆင့်အတန်းမြင့်မားမှုက အဝေးကြီး ခြားနားပါသည်။

ဘော့စ်ဖေးသာ ဒီလိုဂိမ်းမျိုးကို မြင်ပြီး သဘောမကျဖြစ်လာပြီး သူတို့ကုမ္ပဏီကို မဝယ်ယူဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ဖေးချမ့်က ဂိမ်းကို သေချာ စမ်းကစားကြည့်လိုက်ပြီး အချိန်တိုအတွင်းမှာပဲ ဒီဂိမ်းရဲ့အမည်က တော်တော်လေးလွဲနေတာကို အတည်ပြုလိုက်နိုင်ပါသည်။ ဒါက ကောင်မလေးများစွာ ပါဝင်သည့် သာမန် Browser စီမံရေးဂိမ်းမျိုးသာ ဖြစ်သည်။ အချိန်အတော်ကြာသောအခါ အသစ်သစ်သော မိန်းမလှလေးများ ထပ်ပြီး ပွင့်လာမည်။

ဂိမ်းက ဘယ်ဘက်ကကြည့်ကြည့် တော်တော် ဆိုးရွားပါသည်။ ထို့ကြောင့်လည်း ဒီဂိမ်းလည်ပတ်တာကို ရပ်တန့်ရတော့မှာ ဖြစ်သည်။

ဖေးချမ့်က ဂိမ်းကို ပိတ်လိုက်ပြီး Bloody Battle Song ကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပါသည်။

ဒီဂိမ်းရုပ်ထွက်က အရင်ဂိမ်းထက် အများကြီး ပိုကောင်းပါသည်။ သို့သော်လည်း ဆိုးရွားတာတော့ ဆိုးရွားနေဆဲ ဖြစ်သည်။

ရိုးရိုတန်းတန်း လိုက်လံခုတ်ထစ်ရသော ဂိမ်းမျိုး ဖြစ်၏။ ၎င်း၏ 2D ရုပ်ထွက်ကြောင့် ဖေးချမ့် ကျောက်ခေတ်ပြန်ရောက်သွားသလို ခံစားလိုက်ရပါသည်။

ဒီဂိမ်းက ရှန်းယန်ဂိမ်း၏ လစဥ် လည်ပတ်ခ ၃၀၀,၀၀၀ ကို ကာမိအောင် ပထမနှစ်လအတွင်း အမြတ် တော်တော်လေး ရခဲ့တာ မယုံနိုင်စရာ ကောင်းလှပါသည်။ ဆန်းကြယ်မှု တစ်ခုအဖြစ်တောင် သတ်မှတ်နိုင်ပါသည်။

ထိုဂိမ်းနှစ်ခုကို မြင်ပြီးသောအခါ ဖေးချမ့် ရုတ်တရက်ကြီး သဘောပေါက်လာသည်။ ဘာကြောင့် သူ အရှုံးမပေါ်နိုင်တာလဲဆိုတာကို နားလည်လာပုံရသည်။ သူက တွေးခေါ်ခြင်း မရှိသောကြောင့်ပင်။ ၂၀၁၉ ခုနှစ်က လူတစ်ယောက်အဖြစ် သူ့အမြင်နှင့် စတိုင်တို့က ထိုခေတ်အခါက ဂန္တဝင်လက်ရာမျိုးစုံ၏ လွှမ်းမိုးမှုကို ခံနေရဆဲ ဖြစ်၏။

အမှိုက်သရိုက်ဂိမ်းများကို တမင်သက်သက် ထုတ်လုပ်ချင်ရင်တောင် သူ စဥ်းစားနိုင်သည့် တစ်ခုတည်းသောအရာက စျေးကွက်ပေါ်က High Paywall များဖြင့် ဂိမ်းများဖြစ်သည်။ သို့သော်လည်း Paywall ပါသည့် ဂိမ်းများအားလုံးက စျေးကွက်ထဲက ပြင်းထန်သည့် တိုက်ပွဲများကို ရှင်သန်ပြီး အမြတ်ရနိုင်သည့် အောင်နိုင်သူများသာ ဖြစ်ကြသည်။

သူ့တွေးခေါ်နိုင်စွမ်းက အကန့်အသတ်ရှိနေပါသည်။ ဒါ့ထက်ပိုပြီး အမှိုက်ဆန်သည့် ဂိမ်းများကို မတွေးနိုင်ပါ။ သို့သော်လည်း အခုတော့ နားလည်သွားပါပြီ။

Romantic Taoist နှင့် Bloody Battle Song ကဲ့သို့သော ဂိမ်းတွေ...

ဂိမ်းထဲ ပထမဆုံး ဝင်ဝင်ချင်း ၂ မိနစ်အတွင်းမှာပင် သူ့ဦးနှောက် မြေပေါ် အလုံးလိုက် ထွက်ကျသွားသလို ခံစားလိုက်ရပါသည်။

ထင်ထားသည့်အတိုင်း 'ငွေဆုံးရှုံးဖို့ ပရော်ဖက်ရှင်နယ်များကိုသာ အားကိုးရမည်'။ ဒီအပေးအယူက တကယ်ပဲ တန်ပါသည်။

Zawgyi

ေဖးခ်မ့္ 141+142

အခန္း(၁၄၁) ကုမၸဏီကို ဝယ္ယူသိမ္းပိုက္ျခင္း

ေဖးခ်မ့္ ခဏေလာက္စဥ္းစားလိုက္ၿပီး ေမးလိုက္ပါသည္။ "ဒါက ကြၽန္ေတာ္ ကုမၸဏီတစ္ခုကို ပထမဆုံး ဝယ္ဖူးတာဆိုေတာ့ သတိထားရမယ့္အခ်က္ေတြ ႐ွိလား။”

လက္ေထာက္႐ွင္းက သူမ၏ မွတ္စုစာအုပ္ကို လွန္ၾကည့္လိုက္ၿပီး ျပန္ေျပာလိုက္ပါသည္။ "စြန္႔စားရမွာေတြေတာ့ ႐ွိတယ္။ ဥပမာအားျဖင့္ တခ်ိဳ႕ကုမၸဏီေတြက မၾကာခဏဆိုသလိုပဲ သူတို႔ရဲ႕ စာရင္း႐ွိ အရင္းအႏွီး ျပႆနာေတြ ႐ွိတတ္ၾကတယ္။ သူတို႔မွာ အရင္းအႏွီး အတုအေယာင္ေတြ ဒါမွမဟုတ္ ျပန္ထုတ္ထားတာေတြ ႐ွိသလားဆိုတာ စစ္ေဆးရမယ္။”

"ၿပီးေတာလ့ည္း သူတို႔ရဲ႕ ကုမၸဏီပိုင္ဆိုင္မႈ၊ တာဝန္ေတြ၊ ပိုင္႐ွင္ရဲ႕ ႐ွယ္ယာတန္ဖိုး စတာေတြကိုပါ စစ္ေဆးရမယ္။ ၿပီးရင္ သူတို႔ရဲ႕ ပုံေသပိုင္ဆိုင္မႈႏႈန္း၊ ေႂကြးၿမီနဲ႔ ျပန္မရႏိုင္တဲ့ ပိုင္ဆိုင္မႈေတြကိုပါ သတိထားရမယ္။”

"ဒါေပမယ့္ ဒါက အေသးစား ပ႐ိုက္ဗိတ္လုပ္ငန္းေလးပါ။ ပိုင္႐ွင္က ထုေ႐ြ႕က်ီလို႔ေခၚတယ္။ သူနဲ႔ တျခား ပါတနာတစ္ေယာက္က ကုမၸဏီရဲ႕ ႐ွယ္ယာအားလုံးကို ကိုင္ေဆာင္ထားတယ္။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ထုေ႐ြ႕က်ီက ကုမၸဏီရဲ႕ ေအာ္ပေရး႐ွင္းေတြအတြက္ အဓိက တာဝန္႐ွိသူပဲ။”

"အခု ကုမၸဏီကို ေပးရဖို႔ အေတာ္အသည္းအသန္ျဖစ္ေနၿပီထင္တယ္။ ကုမၸဏီရဲ႕ ႐ွယ္ယာတန္ဖိုးေတြကလည္း အႏုတ္ဘက္ကို ေရာက္ေနၿပီး လတိုင္းအ႐ႈံးေပၚေနတာကိုး။ ကြၽန္မတို႔ နည္းနည္းေလာက္ထပ္ေစာင့္လိုက္ရင္ ေစ်းကို ထပ္ႏွိမ္ၿပီး ကုမၸဏီကို သိန္းဂဏန္းေလာက္နဲ႔ ရႏိုင္လိမ့္မယ္။”

"စိတ္႐ွည္မယ္ဆို အဲ့ထက္နိမ့္တဲ့ေစ်းနဲ႔ေတာင္ ရႏိုင္လိမ့္မယ္။”

ေဖးခ်မ့္က ခဏေလာက္ေၾကာင္သြားပါသည္။ "အဲ့ေလာက္ ေစ်းေပါတာလား။”

သူ အနည္းငယ္ စိတ္ပ်က္သြားပါသည္။

တစ္ဖက္လူက ကုမၸဏီကို အနည္းဆုံး ၁ သန္း ၂ သန္းေလာက္နဲ႔ ေရာင္းလိမ့္မည္ဟု ထင္ထားခဲ့၏။ သို႔ေသာ္လည္း ယြမ္သိန္းဂဏန္းေလာက္နဲ႔ သူတို႔ရႏိုင္မွာတဲ့လား။

လက္ေထာက္႐ွင္းက ေခါင္းၿငိမ့္လိုက္ၿပီး ျပန္ေျပာလိုက္ပါသည္။ "ဒါေပါ့ ေဘာ့စ္ေဖးရဲ႕။ ဒီကုမၸဏီကို ထုေ႐ြ႕က်ီနဲ႔ တျခား ပါတနာတစ္ေယာက္က တည္ေထာင္ထားတာ။ စဦး အရင္းအႏွီးကလည္း ယြမ္ ၁ သန္းပဲ႐ွိတယ္။ ဒါေပမယ့္ သူတို႔ကံေကာင္းၿပီး သူတို႔လုပ္ထားတဲ့ ဂိမ္းေတြကေန ဝင္ေငြရတာေၾကာင့္ အခုလို အဆင့္ထိေရာက္လာႏိုင္တာပါ။”

"ထုေ႐ြ႕က်ီက အဲ့ဒါကေန အမ်ားႀကီးရခဲ့ၿပီးၿပီ။ သူ႕လက္ထဲက ဒုကၡအိုးကိုသာ ေရာင္းႏိုင္ရင္ ေနာက္ထပ္ သိန္းဂဏန္းေလာက္ေတာ့ ရႏိုင္ေသးတယ္။ အဲ့ပိုက္ဆံကို ရဖို႔အေသအလဲ ႀကိဳးစားေနတာ။ သူေစ်းကို ျမႇင့္ရဲမွာမဟုတ္ဘူး။”

"ကုမၸဏီရဲ႕ ေအာ္ပေရး႐ွင္းေတြကို ဘယ္သူမွ မယူဘူးဆိုရင္ ကုမၸဏီပိုင္ဆိုင္မႈေတြကို ေစ်းေပါေပါနဲ႔ ေရာင္းဖို႔ပဲ႐ွိေတာ့တယ္။ ဝန္္ထမ္းေတြ သုံးထားတဲ့ ကြန္ပ်ဴတာေတြကို ဝန္္ထမ္းေတြကိုပဲေရာင္းၿပီး လစာထဲက ျပန္ျဖတ္မယ္လို႔ေတာင္ ထုေ႐ြ႕က်ီစီစဥ္ေနတယ္လို႔ ၾကားမိပါတယ္။”

ေဖးခ်မ့္ ဆြံ႕အသြားသည္။

ေတာ္လိုက္တာ။

တစ္ဖက္မွာေတာ့ လုပ္ငန္းသုံးကြန္ပ်ဴတာ အေဟာင္းမ်ားစြာကို ျပန္ေရာင္းရမည့္ဒုကၡမွ လြတ္သြားသည္။ ေနာက္တစ္ဖက္မွာလည္း ဝန္ထမ္းမ်ား၏ လစာေႏွာင့္ေႏွးျခင္းကိုလည္း ေျဖ႐ွင္းၿပီးသားျဖစ္သြားလိမ့္မည္။ ဒီေဘာ့စ္ထုဆိုတာ တကယ့္ဉာဏ္ႀကီး႐ွင္ပါလား။

ေဖးခ်မ့္က ေစ်းမတင္ခ်င္ပါ။ တစ္ဖက္မွာ ေစ်းကို အတင္းအၾကပ္တင္လိုက္ပါက သဘာဝမက်ရာက်လြန္းမည္။ ကုမၸဏီကို ယြမ္ သိန္းဂဏန္းေလာက္နဲ႔ ရႏိုင္ပါလ်က္နဲ႔ သန္းဂဏန္းထိျမႇင့္ေပးပါက သိသာလြန္းလိမ့္မည္။ ဒီလိုလုပ္ပါက သူ႕ကိုသံသယျဖစ္လာႏိုင္ပါသည္။

ေနာက္တစ္ဖက္မွာေတာ့ ေဖးခ်မ့္က သူ႕ရန္ပုံေငြမ်ားကို ယြီအင္တာနက္ကေဖးမ်ားဖြင့္ဖို႔သာ ရင္းႏွီးထားခ်င္သည္။ ထို႔ေၾကာင့္လက္ထဲမွာလည္း အရင္းအႏွီး သိပ္မ႐ွိေပ။

ထို႔ေၾကာင့္ ပုံမွန္ေစ်းအတိုင္းပဲ ရရင္ အဆင္ေျပပါၿပီ။

လက္ေထာက္႐ွင္းက သူလုပ္ရမည့္ တျခား အေရးႀကီး အခ်က္မ်ားစြာကိုလည္း ေထာက္ျပသည္။ ကုမၸဏီ၏ အစု႐ွယ္ယာဝင္ ေျပာင္းလဲမႈမ်ားကို စစ္ေဆးျခင္း၊ ဘ႑ာေရး၊ ဝန္ထမ္းမ်ား၏ အလုပ္သမား စာခ်ဳပ္နဲ႔ ၎တို႔၏ အာမခံ၊ လစာမ်ားနဲ႔ပတ္သတ္သည့္ အခ်က္အလက္မ်ားကို စုေဆာင္းျခင္း၊ သက္ဆိုင္ရာ စာခ်ဳပ္စာတမ္းမ်ားကို အတည္ျပဳျခင္း စသည္တို႔ျဖစ္သည္။

ေဖးခ်မ့္က ဒါေတြကို စိတ္မပူပါဘူး။ သူက ပိုက္ဆုံထုတ္ေပးဖို႔သာ တာဝန္႐ွိသည္။ ထိုအေသးစိတ္လုပ္ငန္းမ်ားကို ပေရာ္ဖက္႐ွင္နယ္မ်ားကိုသာ တာဝန္ေပးလိုက္ပါမည္။

လက္ေထာက္႐ွင္းက သူမ မွတ္စုစာအုပ္ကို ပိတ္လိုက္ၿပီး ေျပာလိုက္ပါသည္။ "ဒါသတိထားရမယ့္အခ်က္ အားလုံးပါပဲ ေဘာ့စ္ေဖး။ ကုမၸဏီကို လွ်ိဳ႕ဝွက္စစ္ေဆးခ်င္ေသးလား။”

ေဖးခ်မ့္ေၾကာင္သြား၏။ "ဘာကို စစ္ေဆးမွာလဲ။”

"ဝယ္ယူဖို႔ အတည္ျပဳၿပီးသြားၿပီဆိုရင္ ေဘာ့စ္ေဖး ကုမၸဏီကို သြားစစ္ေဆးတဲ့အခါ ေဘာ့စ္ထုက ေသခ်ာေပါက္ ျပင္ဆင္မႈေတြ လုပ္ထားၿပီးေလာက္ၿပီ။ အဲ့တာေၾကာင့္ ႐ွန္းယန္ဂိမ္းရဲ႕ အေျခအေန အစစ္အမွန္ကို မသိရတာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။” လက္ေထာက္႐ွင္းက ႐ွင္းျပလိုက္ပါသည္။ "ေဘာ့စ္ေဖး သ႐ုပ္မွန္ကို ဖုံးကြယ္ၿပီး ဝန္ထမ္းေတြရဲ႕ အလုပ္အေျခအေနနဲ႔ အလုပ္ပတ္ဝန္းက်င္ကို သြားေလ့လာလို႔ရပါတယ္။ အဲ့တာဆို ေနာက္ပိုင္းေဆြးေႏြးတဲ့အခါ ေစ်းႏွိမ္ဖို႔ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။”

သူမ ဆိုလိုရင္းကို ေဖးခ်မ့္ သေဘာေပါက္ပါသည္။ သူမ ေျပာခ်င္တာက ကုမၸဏီတစ္ခု၏ အထက္လူႀကီးမ်ား ႐ုတ္တရက္ လာေရာက္စစ္ေဆးတာမ်ိဳးနဲ႔တူပါသည္။

တစ္ဖက္လူက လာေရာက္စစ္ေဆးမွာကို သိထားပါက ႐ိႈးထုတ္ဖို႔အတြက္ ေသခ်ာေပါက္ ျပင္ဆင္ထားလိမ့္မည္။ အထက္လူႀကီးမ်ားက အေျခအေနမွန္ကို မသိရေလာက္ပါ။

ေဖးခ်မ့္က ေခါင္းခါလိုက္ၿပီး ေျပာလိုက္ပါသည္။ "အဲ့လိုလုပ္ဖို႔ မလိုဘူးး။ ႐ိႈးထုတ္ဖို႔ သက္သက္ လုပ္ထားတာေတြကလည္း အေသးအဖြဲေတြပဲေနမွာ။ တခ်ိဳ႕အရာေတြက ဖုံးကြယ္ထားလို႔ မရႏိုင္ဘူး။”

ေဘာ့စ္ေဖးက ကုမၸဏီကို သူ႕လက္ထက္မွာ ပိုင္ဆိုင္ထားသလိုမ်ိဳး ယုံၾကည္ခ်က္ျပည့္ဝေနပါသည္။

လက္ေထာက္႐ွင္းက ဒီကိစၥကို ဆက္ၿပီး မတိုက္တြန္းေတာ့ပါ။ "ေဘာ့စ္ထုနဲ႔ေတြ႕ဆုံဖို႔အတြက္ တစ္ဖက္ကို ကြၽန္မ ဆက္သြယ္လိုက္ပါ့မယ္။”

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္သည္္။ "ျမန္ေလ ေကာင္းေလပဲ။”

ေနာက္တစ္ေန႔ ေန႔လည္ခင္း...။

ေဖးခ်မ့္တစ္ေယာက္ ႐ွန္းယန္ဂိမ္းကုမၸဏီသို႔ ေရာက္လာသည္။ Cayenne ကားတံခါးကို ဖြင့္လိုက္တာနဲ႔ အသက္ ၂၀ ေႏွာင္းပိုင္း မ်က္မွန္နဲ႔ ေယာက်္ားတစ္ေယာက္က လာႀကိဳပါသည္။

"ခင္ဗ်ားက ေဘာ့စ္ေဖးလား မသိဘူး။ ေတြ႕ရတာ ဝမ္းသာပါတယ္။ ကြၽန္ေတာ္က ဝမ္ေ႐ွာင္းပင္ပါ။ ႐ွန္းယန္ဂိမ္းရဲ႕ အစီအစဥ္ေရးဆြဲသူခ်ဳပ္တစ္ေယာက္ပါ။ ေဘာ့စ္ထုက အေပၚထပ္မွာ ေစာင့္ေနပါတယ္။” ဝမ္ေ႐ွာင္းပင္က အလြန္ေႏြးေထြးစြာ ႀကိဳဆိုပါသည္။

သို႔ေသာ္လည္း ေဖးခ်မ့္ အနည္းငယ္ ေၾကာင္စီစီ ျဖစ္သြား၏။ "အစ္ကိုႀကီးလ်ိဳ႕က အစီအစဥ္ေရးဆြဲသူခ်ဳပ္ မဟုတ္ဘူးလား။”

႐ွန္းယန္ဂိမ္းကုမၸဏီအေၾကာင္း အမ်ားႀကီး မသိေသာ္လည္း အစ္ကိုႀကီးလ်ိဳ႕က အစီအစဥ္ေရးဆြဲသူခ်ဳပ္ဆိုတာ ေသခ်ာပါသည္။ သူနဲ႔လည္း ရင္းရင္းႏွီးႏွီးသိ၏။ ထန္းတာ့မွာ အင္တာဗ်ဴးလာေျဖတုန္းက အစ္ကိုႀကီးလ်ိဳ႕ကို ေဖးခ်မ့္ ေတြ႕ဖူးပါသည္။ သူ႕သတင္းမ်ားကို ဟြမ္စစ္ပိုနဲ႔ မာယန္တို႔ဆီကလည္းၾကားဖူး၏။

အစ္ကိုႀကီးလ်ိဳ႕ လုပ္ခဲ့သည့္အရာမ်ားကို ၾကားတိုင္း ေဖးခ်မ့္ ေနာင္တရမိသည္။ ပထမ အင္တာဗ်ဴးမွာ ပါရမီ႐ွင္တစ္ေယာက္ကို သူ လက္လႊတ္ခဲ့မိသည္။ ထိုအခ်ိန္တုန္းက အစ္ကိုႀကီးလ်ိဳ႕ကိုသာ အလုပ္ခန္႔ခဲ့ပါက ဂိမ္းမ်ား က်႐ႈံးေနေလာက္ၿပီ။ ပိုက္ဆံဆုံး႐ႈံးဖို႔ ဒီေလာက္ထိ ဒုကၡခံေနစရာလည္း မလိုေလာက္ပါ။

ေကာင္းတာတစ္ခုကေတာ့ က်႐ႈံးၿပီးေနာက္ သင္ခန္းစာ ျပန္ယူလို႔ရတာပင္။ အရမ္းႀကီး မေနာက္က်ေသးပါဘူး။

ေဖးခ်မ့္က ႐ွန္းယန္ဂိမ္း၏ တစ္ဖြဲ႕လုံးကို ဆက္ၿပီး ေခၚထားခ်င္သည္။ အစီအစဥ္ေရးဆြဲသူခ်ဳပ္တစ္ေယာက္ျဖစ္သည့္ အစ္ကိုႀကီးလ်ိဳ႕က ဒီအဖြဲ႕၏ အေရးပါသည့္ လူတစ္ေယာက္ျဖစ္တာ သိသာပါသည္။

သို႔ေသာ္လည္း ဒီေန႔ဘာလို႔ အစ္ကိုႀကီးလ်ိဳ႕ လာမႀကိဳတာလဲ။ ဘာလို႔ သူစိမ္းတစ္ေယာက္က လာႀကိဳရတာလဲ။

ဝမ္ေ႐ွာင္းပင္ အနည္းငယ္ ေနရခက္သြားပါသည္။ "ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔ကုမၸဏီအေၾကာင္းကို အမ်ားႀကီး သိေနမယ္ မထင္ထားဘူး။ ခဏေနရင္ ကြၽန္ေတာ္႐ွင္းျပပါမယ္။ ေက်းဇူးျပဳၿပီး ဒီဘက္ကို ႂကြပါ။”

သံသယအျပည့္ျဖင့္ ေဖးခ်မ့္တစ္ေယာက္ ဝမ္ေ႐ွာင္းပင္အေနာက္မွ ႐ုံးခန္းအေဆာက္အဦး၏ ကုမၸဏီဒုတိယထပ္ကို တက္လာခဲ့ပါသည္။

သူတို႔ ႐ုံးေနရာကို အရင္ဆုံးျဖတ္သြားရ၏။ အလုပ္စားပြဲခုံမ်ားက ႁပြတ္သိပ္ေနသည္။ ေဖးခ်မ့္ အနည္းငယ္ အသားမက်ျဖစ္သြားပါသည္။ သူက ထန္းတာ့မွ က်ယ္ဝန္းေသသပ္သည့္ အခင္းအက်င္းကိုသာ ျမင္ေနက် ျဖစ္သည္။ ထို႔ေၾကာင့္ အလုပ္ပတ္ဝန္းက်င္ ဘယ္ေလာက္  က်ဥ္းေျမာင္းေနမွန္း ျမင္လိုက္ရေသာအခါ သူ အနည္းငယ္ အသက္႐ွဴက်ပ္သြားပါသည္။

အႏွစ္ခ်ဳပ္ဆိုရင္ေတာ့ အလုပ္ပတ္ဝန္းက်င္က ေကာင္းမြန္ပါသည္။ ၾကမ္းျပင္မ်ားက သန္႔႐ွင္းေနသည္။ အလုပ္စားပြဲမ်ားက သပ္ရပ္၏။ ဝန္ထမ္းအားလုံးကလည္း ကြန္ပ်ဴတာေ႐ွ႕မွာ ကီးဘုတ္႐ိုက္ေနၾကသည္ သို႔မဟုတ္ အယ္ဒီတာကို သုံးေနၾကသည္။ သူတို႔ အလုပ္ကို အာ႐ုံစိုက္ေနၾကသည့္ ပုံစံပင္။

ဒါေတြက ႐ုတ္တရက္ လာေရာက္စစ္ေဆးမႈအတြက္ ႐ိႈးထုတ္ျပ႐ုံသက္သက္ ဟန္ျပေတြမွန္း ေဖးခ်မ့္ သိပါသည္။ ေသခ်ာၾကည့္လိုက္ပါက ဝန္ထမ္းေတြက တကယ္အလုပ္လုပ္ေနတာမဟုတ္ဘဲ လုပ္ခ်င္ေယာင္ေဆာင္ေနတာမွန္း ျမင္ႏိုင္ပါသည္။

လူမ်ားစြာက ၎တို႔၏ စာတမ္းတြင္ စကားလုံး တစ္လုံး ႏွစ္လုံးသာ ႐ိုက္ၿပီး ဖန္သားျပင္ႀကီးကို စိုက္ၾကည့္ေနသည္။ဘာေတြ စဥ္းစားေနမွန္းလည္း မသိပါ။

ေဖးခ်မ့္ကေတာ့ ဟန္ျပမ်ားကို မေဖာ္ထုတ္ခဲ့ပါ။ သူနဲ႔ လက္ေထာက္႐ွင္းတို႔ ဝမ္ေ႐ွာင္းပင္ေနာက္သို႔ လိုက္လာၿပီး ထုေ႐ြ႕က်ီ၏ ႐ုံးခန္းသို႔ သြားခဲ့ၾကပါသည္။ သူက ႐ွန္းယန္ဂိမ္းကုမၸဏီ၏ ေဘာ့စ္ ျဖစ္သည္။

ထုေ႐ြ႕က်ီက သူ႕႐ုံးခန္းတံခါးဝမွာ ေစာင့္ေနပါသည္။

ေဘာ့စ္ထုက အသက္ ၃၀ ဝန္းက်င္႐ွိသူဟု ထင္ရသည္။ ေခါင္းေပၚမွာ ဆံပင္ပါးပါးနဲ႔ ဗိုက္ကေတာ့ မပူပါ။ သူ႕ပုံစံက ထပ္ျမက္သည့္ သက္လက္ပိုင္းအ႐ြယ္ ေအာင္ျမင္သည့္ စီးပြားေရး လုပ္ငန္း႐ွင္တစ္ေယာက္ပုံစံနဲ႔ တူပါသည္။

"ေဘာ့စ္ေဖး ႀကိဳဆိုပါတယ္ဗ်ာ။ ေဘာ့စ္ေဖးက အလားအလာ႐ွိတဲ့လူငယ္တစ္ေယာက္လို႔ ကြၽန္ေတာ္ၾကားထားတာ။ ေကာလဟာလေတြက တကယ္ပဲကိုး။”

ထုေ႐ြ႕က်ီက ေ႐ွ႕တိုးလာၿပီး ေဖးခ်မ့္နဲ႔ လက္ေထာက္႐ွင္းတို႔ကို ႐ုံးခန္းထဲ ဖိတ္လိုက္ပါသည္။ ဝမ္ေ႐ွာင္းပင္က လက္ဖက္ရည္ အျမန္သြားေဖ်ာ္၏။

လက္ဖက္ရည္ေဖ်ာ္တယ္ဆိုတာ လက္ေထာက္တစ္ေယာက္ သို႔မဟုတ္ စီမံေရးအပိုင္းက လူမ်ား၏ တာဝန္ ျဖစ္သည္။ သို႔ေသာ္လည္း ႐ွန္းယန္ဂိမ္းမွာေတာ့ စီမံေရး ရာထူး မ႐ွိပါ။ ထို႔ေၾကာင့္ ဝန္ထမ္းမ်ားကပဲ ဒီအလုပ္မ်ားကို လုပ္ရပါသည္။

တကယ္ေတာ့ ဒါက အေသးစားဂိမ္းကုမၸဏီမ်ားအတြက္ ပုံမွန္ပဲ ျဖစ္သည္။ ဘာပဲျဖစ္ျဖစ္ သူတို႔ စီမံေရးဝန္ထမ္းမ်ားကိုလည္း လစာေပးရဦးမည္။ ကုမၸဏီတစ္ခု၏ အ႐ြယ္က အတိုင္းအတာတစ္ခုထိ မက်ယ္ျပန္႔ေသးပါက ဂိမ္းကုမၸဏီအမ်ားစုမွာ တတ္ႏိုင္သမွ် ကုန္က်စရိတ္မ်ားကို ေလွ်ာ့ခ်ပါလိမ့္မည္။

သာမန္လူေတြကေတာ့ ေဖးခ်မ့္လို ဂိမ္းတစ္ခုေတာင္ မထုတ္ရေသးဘဲ လွပသည့္ ဧည့္ႀကိဳေကာင္မေလးႏွစ္ေယာက္ကို ခန္႔အပ္တာမ်ိဳး လုပ္မွာ မဟုတ္ပါ။

ဝမ္ေ႐ွာင္းပင္က အလြန္လ်င္ျမန္စြာျဖင့္ လက္ဖက္ရည္ယူကာ ျပန္ေရာက္လာပါသည္။ ေဖးခ်မ့္က လက္ဖက္ရည္ကို မ်က္လုံးေထာင့္ျဖင့္ ၾကည့္လိုက္ၿပီး အရည္အေသြး သိပ္ေကာင္းတဲ့ လက္ဖက္ရည္ေတာ့ မဟုတ္ဘူး ဟုေတြးလိုက္ပါသည္။ ခြက္ကို ကိုင္လိုက္ၿပီး အေယာင္ေသာက္ျပကာ ျပန္ခ်လိုက္ပါသည္။

"မင္းလည္းထိုင္ ေ႐ွာင္းပင္။ မင္းက ဂိမ္းေတြနဲ႔ ပတ္သတ္ၿပီး ေဘာ့စ္ေဖး ေမးတဲ့ေမးခြန္းေတြကို ေျဖေပးလိုက္" ထုေ႐ြ႕က်ီက ဝမ္ေ႐ွာင္းပင္ကို သူ႕ေဘးမွာ ထိုင္ဖို႔ အမူအယာလုပ္ျပလိုက္ပါသည္။

ေဘာ့စ္ထုက ေငြလိုက္ေကာက္ဖို႔သာ တာဝန္႐ွိၿပီး သူ႕ဂိမ္းေတြအေၾကာင္းသိပ္ၿပီး မသိတာ သိသာပါသည္။

ေဘာ့စ္ေဖးက ေဘာ့စ္တစ္ေယာက္ျဖစ္႐ုံတင္မကဘဲ အလြန္ေတာ္သည့္ ဂိမ္းဒီဇိုင္နာတစ္ေယာက္ ျဖစ္ေၾကာင္းကိုလည္း ထုေ႐ြ႕က်ီ ၾကားဖူးၿပီးသား ျဖစ္သည္။ ဂိမ္းနဲ႔ပတ္သတ္ၿပီး သူမသိသည့္ အေၾကာင္းအရာေတြကို ေဘာ့စ္ေဖး ေမးမွာ ေၾကာက္သျဖင့္ ဝမ္ေ႐ွာင္းပင္ကို ကူညီေျဖေပးေစျခင္း ျဖစ္သည္။

ဝမ္ေ႐ွာင္းပင္လည္း ကုမၸဏီတစ္ခုလုံး၏ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္က သူ႕ပခုံးေပၚတြင္႐ွိေနသည္ဟူေသာအေတြးေၾကာင့္ အနည္းငယ္ စိတ္လႈပ္႐ွားလာပါသည္။

အခန္း(၁၄၂) ေငြေတြဆုံး႐ႈံးဖို႔ ပေရာ္ဖက္႐ွင္နယ္ေတြကို အားကိုးရမယ္

"ေဘာ့စ္ေဖးနဲ႔ ထန္းတာ့ဂိမ္းတို႔က က်င္းက်ိဳးၿမိဳ႕ေတာ္မွာ တကယ့္ ပြဲတိုင္းေက်ာ္ေတြပဲလို႔ ကြၽန္ေတာ္ၾကားမိတာၾကာပါၿပီ။ ေဘာ့စ္ေဖးဖန္တီးတဲ့ ဂိမ္းတိုင္းက ေရပန္းစားလာၿပီး ေဝ့ေပၚ ေပၚမွာလည္း ေရပန္းစား ႐ွာေဖြမႈေတြ ျဖစ္လာတယ္။ ကြၽန္ေတာ္တို႔ အရမ္းအားက်တာပဲ။” ထုေ႐ြ႕က်ီက လက္ဖက္ရည္ ေသာက္ရင္း ေျပာလိုက္ပါသည္။

ေဖးခ်မ့္က ယဥ္ယဥ္ေက်းေက်းပဲ ျပန္ေျပာလိုက္ပါသည္။ "တကယ္ေတာ့ ကြၽန္ေတာ္လည္း ေဘာ့စ္ထုကို အားက်ပါတယ္။”

ထုေ႐ြ႕က်ီက ေၾကာင္သြားသည္။ "ဘာကို အားက်တာလဲဗ်။”

"အာ... ခင္ဗ်ားရဲ႕ ကံကို အားက်တာပါ။” ေဖးခ်မ့္က 'သူ႕ရဲ႕ ေငြကို အ႐ႈံးေပၚေစသည့္ အစြမ္းအစကို အားက်သည္' ဟုေျပာဖို႔ အစက ၾကံစည္ေနပါသည္။ သို႔ေသာ္လည္း ထိုစကားလုံးမ်ားက မသင့္ေတာ္မွန္း ႐ုတ္တရက္ နားလည္သြားၿပီး စကားလုံးမ်ားကို ေျပာင္းလဲလိုက္ရပါသည္။

ထုေ႐ြ႕က်ီက အက်ယ္ႀကီး ရယ္ေမာလိုက္၏။ "ေဘာ့စ္ေဖး ခင္ဗ်ားက တကယ္ရယ္ရတာပဲ။ ၾကည့္ရတာ ကြၽန္ေတာ့္ကံက တကယ္ေကာင္းတယ္ထင္ပါတယ္။ တျခားကုမၸဏီေတြသာ ဒီလိုအေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ရရင္ သူတို႔ သိပ္မၾကာခင္မွာပဲ ပိတ္ခ်လိုက္ရမွာ။ ေဘာ့စ္ေဖးက ဒီကုမၸဏီကို ဝယ္ယူခ်င္တယ္ဆိုေတာ့ ကြၽန္ေတာ္ ကံေကာင္းတာေပါ့။”

"ေဘာ့စ္ေဖး ႐ွန္းယန္ဂိမ္းကို ကယ္တင္ခ်င္တာ တကယ္ပဲ ေက်းဇူးတင္ပါတယ္။ အဲ့တာေၾကာင့္ လွည့္ကြက္ေတြ အကုန္လုံးကို ပယ္ၿပီး ခင္ဗ်ားကို အမွန္တိုင္း ေျပာပါ့မယ္။”

"တကယ္တမ္းေတာ့ ကုမၸဏီရဲ႕ ဆိုး႐ြားတဲ့ ေအာ္ပေရး႐ွင္းေတြအတြက္ ကြၽန္ေတာ့္မွာ တာဝန္အ႐ွိဆုံးပါပဲ။ ႐ွန္းယန္ဂိမ္းကို က်႐ႈံးမႈကေန ကယ္တယ္ၿပီး ဘဝသစ္ေပးႏိုင္မယ္ဆိုရင္ ကုမၸဏီကို ခင္ဗ်ားကို တိုက္႐ိုက္ေပးလိုက္မွာပါ။”

"ဒါေပမယ့္... ပထမဆုံးအေနနဲ႔ ဒီကုမၸဏီက ကြၽန္ေတာ္နဲ႔ တျခား ညီအစ္ကိုတစ္ေယာက္ အတူတူ တည္ေထာင္ခဲ့ၾကတာ။ ကြၽန္ေတာ္တို႔ ေသြးေတြ ေခြၽးေတြ အမ်ားႀကီး ေပးဆပ္ခဲ့ရတယ္။ ဒုတိယအေနနဲ႔ကေတာ့ ဒီကုမၸဏီရဲ႕ ဝန္ထမ္းေတြ အားလုံးက ကြၽန္ေတာ့္ရဲ႕ ညီအစ္ကိုေတြခ်ည္းပဲ။ သူတို႔ သြားဖို႔ ေနရာေကာင္းေကာင္း ႐ွာေပးႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္...။” ထုေ႐ြ႕က်ီက လက္ဖက္ရည္ေသာက္ရင္း ေျပာလိုက္ပါသည္။

ထုေ႐ြ႕က်ီက စကားလုံးလွလွေလးမ်ား ေျပာေနေသာ္လည္း ေဘာ့စ္ထု ေစ်းတင္ခ်င္ေနတယ္ဆိုတာ ေဖးခ်မ့္ နားလည္ထားပါသည္။

သူ႕စကားလုံးမ်ား၏ အဓိကေနရာက 'ဒါေပမယ့္' ဆိုသည့္ စကားလုံးေနာက္က ပါလာသည္။

ျခဳံေျပာရလွ်င္ေတာ့ ေဘာ့စ္ထုက ကုမၸဏီဖြင့္စဥ္တုန္းက သူ႕အခက္အခဲမ်ားႏွင့္ ဝန္ထမ္းမ်ား ဘယ္ေလာက္ ေတာ္ေၾကာင္း ထုတ္ေျပာခ်င္ျခင္း ျဖစ္သည္။ လည္ပတ္ေနဆဲျဖစ္သည့္ ဂိမ္းႏွစ္ခုကလည္း ေမွ်ာ္လင့္ခ်က္႐ွိေသးၿပီး နည္းနည္းေလာက္ အားစိုက္ထုတ္လိုက္ပါက ျပန္လည္ အျမတ္ရလာႏိုင္သည္ဟုလည္း ေျပာခ်င္ေနပုံရသည္။

ေဖးခ်မ့္က တိုးတိတ္စြာ နားေထာင္ရင္း ျပဳံးလိုက္ပါသည္။

ထုေ႐ြ႕က်ီက ၁၀ မိနစ္ႀကီးမ်ားေတာင္ စကားကို ဆက္တိုက္ေျပာေနခဲ့သည္။ ႐ွန္းယန္ဂိမ္းကုမၸဏီ၏ အေျခအေနကို တင္ျပၿပီး ကိုယ္ေရးကိုယ္တာာ အျမင္မ်ားစြာကိုလည္း ေျပာျပ၏။ သူက အလြန္ျပင္ဆင္ထားက ႐ွိန္ေလာက္စရာပုံပင္။

ေဖးခ်မ့္က သူ႕စကားမ်ားကို ဘာမွ မတုန္႔ျပန္ေသးေပ။ ဒီအေၾကာင္းအရာေတြကိုလည္း လုံးဝ စိတ္မဝင္စားပါ။

ေဖးခ်မ့္၏ အသက္အ႐ြယ္ေၾကာင့္လားမသိ။ ေဘာ့စ္ထုက သူ႕ကို ႂကြားဝါၿပီး ေစ်းျမင့္ျမင့္ေပးဖို႔ အယုံသြင္းေနသည္။ သို႔ေသာ္လည္း ေဖးခ်မ့္က ဒါေတြကို စိတ္မဝင္စားဘဲ တာဝန္လည္း ယူမထားတာကို သူ မသိခဲ့ပါ။ အားလုံးက လက္ေထာက္႐ွင္း၏ အလုပ္သာ ျဖစ္သည္။

လက္ေထာက္႐ွင္းသည္ ေဖးခ်မ့္၏ ေနာက္ကြယ္မွ တိုးတိတ္စြာ နားေထာင္ရင္း အခ်က္အလက္မ်ားကို သူ၏ မွတ္စုစာအုပ္ထဲ မွတ္တမ္းတင္ေနပါသည္။ ေဖးခ်မ့္၏ အမိန္႔နဲ႔ ေစ်းကို အခ်ိန္မေ႐ြး စတင္ျဖတ္ႏိုင္ဖို႔ ျပင္ဆင္ထားၿပီးသား ျဖစ္၏။

"ေဘာ့စ္ေဖး ဒါအကုန္ပါပဲ။ ကြၽန္ေတာ္ ခင္ဗ်ားကို အရမ္းသင့္ေတာ္တဲ့ ေစ်းပဲ ေခၚမွာပါ။ အစြန္းထြက္ေတြ အကုန္ဖ်က္ၿပီး ၁ သန္း တိတိက်က်နဲ႔ ေပးပါ့မယ္။ ဘယ္လိုသေဘာရလဲ။”

ေဘာ့စ္ထု၏ မ်က္ႏွာေပၚတြင္ "ဒါ ခင္ဗ်ားကို ေစ်းေလွ်ာ့ေပးတာ" ဟူေသာ အေနအထားမ်ိဳး ေပၚေန၏။

ေဖးခ်မ့္က ဘာမွ မတုန္႔ျပန္ဘဲ ဒီတိုင္း ေမးလိုက္ပါသည္။ "ခင္ဗ်ားတို႔ရဲ႕ အရင္တုန္းက အစီအစဥ္ေရးဆြဲသူခ်ဳပ္က လ်ိဳ႕ႀကီးလို႔ေခၚတဲ့ တစ္ေယာက္မလား။ သူ ဘယ္ေရာက္သြားတာလဲ။”

ထုေ႐ြ႕က်ီ ၾကက္ေသ ေသသြားပါသည္္။ ထို႔ေနာက္ ေခါင္းကို အနည္းငယ္ ခါလိုက္၏။ "ေၾသာ္ လ်ိဳ႕ႀကီးလား။ လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္က အလုပ္ထြက္သြားတယ္ေလ။ သူ ေနာက္ထပ္ ကုမၸဏီတစ္ခု ႐ွာေတြ႕သြားၿပီ ထင္ပါတယ္။”

"စိတ္ခ်ပါ ေဘာ့စ္ေဖး ေ႐ွာင္းပင္ကလည္း ကြၽန္ေတာ္တို႔ရဲ႕ စနစ္ဒီဇိုင္နာ လုပ္တာ ၾကာပါၿပီ။ သူ႕အစြမ္းအစေတြက အရမ္းေကာင္းတယ္။ အစီအစဥ္ေရးဆြဲသူခ်ဳပ္အျဖစ္ ရာထူးတိုးလိုက္ၿပီး ေသခ်ာေပါက္ လ်ိဳ႕ႀကီးရဲ႕ တာဝန္ေတြကို လႊဲယူႏိုင္မွာပါ။ အဲ လ်ိဳ႕ႀကီးထက္ေတာင္ ပိုၿပီး ေတာ္ႏိုင္ေလာက္တယ္။”

အလုပ္ထြက္သြားတယ္ ဟုတ္လား။

ဘယ္လို...

ေဖးခ်မ့္  အနည္းငယ္ ဒုကၡေတြ႕သြားပါသည္။

ကုမၸဏီ ၿပိဳကြဲေတာ့မွာကို လ်ိဳ႕ႀကီးက သိသြားၿပီး တျခား အလုပ္တစ္ခုကို ႀကိဳတင္ ႐ွာေဖြခဲ့သည္။ အမွန္ပင္။ လ်ိဳ႕ႀကီး၏ ဂိမ္းအစီအစဥ္ဆြဲ အေတြ႕အၾကဳံႏွင့္ ေျပာင္ေျမာက္ေသာ ေလွ်ာက္လႊာတို႔ေၾကာင့္ အလုပ္႐ွာဖို႔ မခက္ခဲခဲ့ေပ။

သို႔ေသာ္လည္း နည္းနည္းေတာ့ သနားစရာ ေကာင္းပါသည္။ ဒီလို မက္ေလာက္စရာ ကုမၸဏီက မဝယ္ခင္မွာတင္ မျပည့္မစုံ ျဖစ္ေနပါသည္။ သို႔ေသာ္လည္း ေဖးခ်မ့္ ရင္ထဲ သိပ္မထားခဲ့ဘဲ လ်ိဳ႕ႀကီးကိုလည္း ျပန္ေခၚဖို႔ အစီအစဥ္ မ႐ွိခဲ့ပါ။

ကုမၸဏီမွာ အစီအစဥ္ေရးဆြဲသူခ်ဳပ္တစ္ေယာက္သာ ေလ်ာ့နည္းသြားျခင္း ျဖစ္၏။ ထို ရာထူးကို တာဝန္ယူဖို႔ ေနာက္တစ္ေယာက္ ႐ွာလိုက္ျခင္းအားျဖင့္ ဆက္လက္ လည္ပတ္ႏိုင္ပါသည္။

သို႔ေသာ္လည္း ေဖးခ်မ့္က ဝမ္ေ႐ွာင္းပင္ကို လွမ္းၾကည့္လိုက္ၿပီး ဒီေကာင္ အစီအစဥ္ေရးဆြဲသူခ်ဳပ္ မျဖစ္ႏိုင္ဘူးဟု ခံစားလိုက္မိပါသည္။

ေဘာ့စ္ထု ေျပာပုံအရဆို သူက အရင္ပေရာဂ်က္မ်ားအတြက္ စနစ္ဒီဇိုင္နာ ျဖစ္သည္။ သူက ပေရာဂ်က္မ်ားကို ေလးေလးနက္နက္ နားလည္ထားၿပီး အလြန္စြမ္းေဆာင္ႏိုင္၏။ ဒါအမွန္ပဲ ျဖစ္ေလာက္သည္။ ဒီလိုသာဆို ေသခ်ာေပါက္ သူ႕ကို ေဖးခ်မ့္ အစီအစဥ္ေရးဆြဲသူခ်ဳပ္အျဖစ္ ခန္႔အပ္လို႔ မရပါ။ သူသာ လ်ိဳ႕ႀကီးထက္ ပိုေတာ္ေနရင္ ဘယ္လိုလုပ္မလဲ။  ေနာက္တစ္ေယာက္ကို ေျပာင္းခန္႔ရပါလိမ့္မည္။

ေဖးခ်မ့္က ဒါကို ရင္ထဲမွာ ခ်ိန္ဆၾကည့္ကာ မ်က္ႏွာေပၚမွာေတာ့ ထုတ္မျပခဲ့ေပ။

"ကုမၸဏီက ထုတ္လုပ္ထားတဲ့ ဂိမ္းႏွစ္ဂိမ္းကို ကစားၾကည့္လို႔ရမလားဗ်" ေဖးခ်မ့္က ေမးလိုက္သည္။

ထုေ႐ြ႕က်ီက ေခါင္းၿငိမ့္လိုက္ၿပီး ျပန္ေျပာလိုက္ပါသည္။ "ရတာေပါ့။ ေ႐ွာင္းပင္ လက္ပ္ေတာ့ တစ္လုံး ယူလာခဲ့။ ေဘာ့စ္ေဖးကို ငါတို႔ဂိမ္း စမ္းၿပီး ကစားၾကည့္ခိုင္းလိုက္။”
ဝမ္ေ႐ွာင္းပင္က ေခါင္းၿငိမ့္လိုက္ၿပီး ႐ုံးခန္းထဲက ထြက္သြားကာ အျပင္မွာ လက္ပ္ေတာ့တစ္လုံး သြား႐ွာလိုက္ပါသည္။

ထုေ႐ြ႕က်ီ၏ ႐ုံးခန္းစားပြဲေပၚမွာ လက္ပ္ေတာ့တစ္လုံး ႐ွိေနတာကို ေဖးခ်မ့္ သတိထားမိသည္။ ဆိုလိုတာက ထုေ႐ြ႕က်ီ သူ႕ကုမၸဏီက ဂိမ္းမ်ားကို တစ္ခါမွ မကစားဖူးဘူးဟူသည့္သေဘာပင္။ ေဖးခ်မ့္ အနည္းငယ္ အားက်မိပါသည္။

ၾကည့္လိုက္ပါဦး။ ရင့္က်က္တဲ့ ကုမၸဏီတစ္ခုဆိုတာ ဒီလိုပဲျဖစ္သင့္တာ။ ေဘာ့စ္က ေအာ္ပေရး႐ွင္းေတြ အေၾကာင္းကို စိတ္မဝင္စားဘူး။ ကုမၸဏီက သူ႕ဖာသာသူ အ႐ႈံးေပၚႏိုင္တယ္။

ထန္းတာ့ကို ၾကည့္လိုက္။ ငါက ဂိမ္းအတြက္ အေသးစိတ္မွန္သမွ်ကို လိုက္ဂ႐ုစိုက္တာေတာင္ ဒုကၡေပးေနတုန္းပဲ။

သိပ္မၾကာခင္ ဝမ္ေ႐ွာင္းပင္ လက္ပ္ေတာ့တစ္လုံးျဖင့္ ေရာက္လာခဲ့ပါသည္။

႐ွန္းယန္ဂိမ္းက ဂိမ္းႏွစ္ခုကို ထုတ္လုပ္ထား၏။ တစ္ခုက Romantic Taoist ဟုေခၚၿပီး ေနာက္တစ္ခုက Bloody Battle Song ဟု အမည္ရသည္။ ႏွစ္ခုစလုံးက အင္တာနက္ Browser ဂိမ္းမ်ား ျဖစ္ၾကသည္။ သို႔ေသာ္လည္း ပထမတစ္ခုက စီမံေရးအမ်ိဳးအစား ဂိမ္းျဖစ္ၿပီး ေနာက္တစ္ခုက ႏိုင္ငံႏွစ္ခုအၾကား စစ္ပြဲအေၾကာင္း RPG ဂိမ္းတစ္ခု ျဖစ္ပါသည္။

ေဖးခ်မ့္ Romantic Taoist ကို အရင္ဆုံး ဖြင့္ၾကည့္လိုသည္။

အေကာင့္တစ္ခုဖြင့္ၿပီး ပထမဆုံး ျမင္လိုက္ရတာကေတာ့ ႏွာေခါင္းေသြးလွ်ံေလာက္သည့္ ျမင္ကြင္းတစ္ခု ျဖစ္သည္။လွပေသာ မိန္းကေလးတစ္ေယာက္၏ ပုံအႀကီးႀကီးကို အလယ္တြင္ ျပထားသည္။ သူမက မလုံမလဲ ဝတ္ထားၿပီး ႏွာေခါင္းေသြးလွ်ံေလာက္သည္။

ထုေ႐ြ႕က်ီႏွင့္ ဝမ္ေ႐ွာင္းပင္တို႔က အနည္းငယ္ စိတ္မသက္မသာျဖစ္ေနသည့္ ပုံပင္။ ႐ုပ္ဆိုးဆိုး ေကာင္မေလးတစ္ေယာက္ ေယာကၡမကို ေတြ႕ခါနီးအခ်ိန္လိုမ်ိဳး ႐ွက္ေနၾကပါငသည္။ ေဘာ့စ္ေဖးက ေဘာ့စ္တစ္ေယာက္ျဖစ္႐ုံမကဘဲ ထန္းတာ့ဂိမ္း၏ ေခါင္းေဆာင္ဒီဇိုင္နာျဖစ္သည္ဟုလည္း ၾကားဖူးပါသည္။

ဥပမာအားျဖင့္ လတ္တေလာ ေရပန္းစားေနသည့္ ဂိမ္းဒီဇိုင္နာဂိမ္းမွာ ျပည္တြင္းဂိမ္းေလာကို ႏွံ႔ႏွံ႔စပ္စပ္ ေလ့လာဆန္းစစ္ၿပီး ျပင္းျပင္းထန္ထန္ ေဝဖန္႐ႈတ္ခ်ထားေသာ ဂိမ္း ျဖစ္သည္။ ၎၏ Gameplay ႐ုပ္ထြက္ႏွင့္ အဓိက ေပးခ်င္သည့္ မက္ေဆ့ခ်္တို႔က ႏိုင္ငံျခား ထိပ္တန္း ဂိမ္းပ႐ိုဂ်ဴဆာမ်ားႏွင့္ ယွဥ္ႏိုင္ေလာက္သည္။

သို႔ေသာ္လည္း ႐ွန္းယန္ဂိမ္းေတြကို ၾကည့္လိုက္ပါဦး။ လက္ခံႏိုင္ေလာက္သည္ဟူေသာ အဆင့္ေလာက္သာ ႐ွိသည္။

၎တို႔၏ အဆင့္အတန္းျမင့္မားမႈက အေဝးႀကီး ျခားနားပါသည္။

ေဘာ့စ္ေဖးသာ ဒီလိုဂိမ္းမ်ိဳးကို ျမင္ၿပီး သေဘာမက်ျဖစ္လာၿပီး သူတို႔ကုမၸဏီကို မဝယ္ယူဖို႔ ဆုံးျဖတ္လိုက္ရင္ ဘယ္လိုလုပ္မလဲ။

ေဖးခ်မ့္က ဂိမ္းကို ေသခ်ာ စမ္းကစားၾကည့္လိုက္ၿပီး အခ်ိန္တိုအတြင္းမွာပဲ ဒီဂိမ္းရဲ႕အမည္က ေတာ္ေတာ္ေလးလြဲေနတာကို အတည္ျပဳလိုက္ႏိုင္ပါသည္။ ဒါက ေကာင္မေလးမ်ားစြာ ပါဝင္သည့္ သာမန္ Browser စီမံေရးဂိမ္းမ်ိဳးသာ ျဖစ္သည္။ အခ်ိန္အေတာ္ၾကာေသာအခါ အသစ္သစ္ေသာ မိန္းမလွေလးမ်ား ထပ္ၿပီး ပြင့္လာမည္။

ဂိမ္းက ဘယ္ဘက္ကၾကည့္ၾကည့္ ေတာ္ေတာ္ ဆိုး႐ြားပါသည္။ ထို႔ေၾကာင့္လည္း ဒီဂိမ္းလည္ပတ္တာကို ရပ္တန္႔ရေတာ့မွာ ျဖစ္သည္။

ေဖးခ်မ့္က ဂိမ္းကို ပိတ္လိုက္ၿပီး Bloody Battle Song ကို တိတ္ဆိတ္စြာ ဖြင့္လိုက္ပါသည္။

ဒီဂိမ္း႐ုပ္ထြက္က အရင္ဂိမ္းထက္ အမ်ားႀကီး ပိုေကာင္းပါသည္။ သို႔ေသာ္လည္း ဆိုး႐ြားတာေတာ့ ဆိုး႐ြားေနဆဲ ျဖစ္သည္။

႐ိုး႐ိုတန္းတန္း လိုက္လံခုတ္ထစ္ရေသာ ဂိမ္းမ်ိဳး ျဖစ္၏။ ၎၏ 2D ႐ုပ္ထြက္ေၾကာင့္ ေဖးခ်မ့္ ေက်ာက္ေခတ္ျပန္ေရာက္သြားသလို ခံစားလိုက္ရပါသည္။

ဒီဂိမ္းက ႐ွန္းယန္ဂိမ္း၏ လစဥ္ လည္ပတ္ခ ၃၀၀,၀၀၀ ကို ကာမိေအာင္ ပထမႏွစ္လအတြင္း အျမတ္ ေတာ္ေတာ္ေလး ရခဲ့တာ မယုံႏိုင္စရာ ေကာင္းလွပါသည္။ ဆန္းၾကယ္မႈ တစ္ခုအျဖစ္ေတာင္ သတ္မွတ္ႏိုင္ပါသည္။

ထိုဂိမ္းႏွစ္ခုကို ျမင္ၿပီးေသာအခါ ေဖးခ်မ့္ ႐ုတ္တရက္ႀကီး သေဘာေပါက္လာသည္။ ဘာေၾကာင့္ သူ အ႐ႈံးမေပၚႏိုင္တာလဲဆိုတာကို နားလည္လာပုံရသည္။ သူက ေတြးေခၚျခင္း မ႐ွိေသာေၾကာင့္ပင္။ ၂၀၁၉ ခုႏွစ္က လူတစ္ေယာက္အျဖစ္ သူ႕အျမင္ႏွင့္ စတိုင္တို႔က ထိုေခတ္အခါက ဂႏၲဝင္လက္ရာမ်ိဳးစုံ၏ လႊမ္းမိုးမႈကို ခံေနရဆဲ ျဖစ္၏။

အမိႈက္သ႐ိုက္ဂိမ္းမ်ားကို တမင္သက္သက္ ထုတ္လုပ္ခ်င္ရင္ေတာင္ သူ စဥ္းစားႏိုင္သည့္ တစ္ခုတည္းေသာအရာက ေစ်းကြက္ေပၚက High Paywall မ်ားျဖင့္ ဂိမ္းမ်ားျဖစ္သည္။ သို႔ေသာ္လည္း Paywall ပါသည့္ ဂိမ္းမ်ားအားလုံးက ေစ်းကြက္ထဲက ျပင္းထန္သည့္ တိုက္ပြဲမ်ားကို ႐ွင္သန္ၿပီး အျမတ္ရႏိုင္သည့္ ေအာင္ႏိုင္သူမ်ားသာ ျဖစ္ၾကသည္။

သူ႕ေတြးေခၚႏိုင္စြမ္းက အကန္႔အသတ္႐ွိေနပါသည္။ ဒါ့ထက္ပိုၿပီး အမိႈက္ဆန္သည့္ ဂိမ္းမ်ားကို မေတြးႏိုင္ပါ။ သို႔ေသာ္လည္း အခုေတာ့ နားလည္သြားပါၿပီ။

Romantic Taoist ႏွင့္ Bloody Battle Song ကဲ့သို႔ေသာ ဂိမ္းေတြ...

ဂိမ္းထဲ ပထမဆုံး ဝင္ဝင္ခ်င္း ၂ မိနစ္အတြင္းမွာပင္ သူ႕ဦးေႏွာက္ ေျမေပၚ အလုံးလိုက္ ထြက္က်သြားသလို ခံစားလိုက္ရပါသည္။

ထင္ထားသည့္အတိုင္း 'ေငြဆုံး႐ႈံးဖို႔ ပေရာ္ဖက္႐ွင္နယ္မ်ားကိုသာ အားကိုးရမည္'။ ဒီအေပးအယူက တကယ္ပဲ တန္ပါသည္။

Pokračovat ve čtení

Mohlo by se ti líbit

148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021
494K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung
512K 34.4K 31
story description>>>>> start-5/10/2021 end-1/1/2022