သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-139/140

191 17 0
By Miracle_Phyu97

ဖေးချမ့် 139+140

အခန်း(၁၃၉) ဆိုင်ခွဲသစ်များ၏ တည်နေရာ

ဖေးချမ့်က အစီအစဥ်ကို စိတ်ကျေနပ်မှုရှိပါသည်။

ဘာပဲဖြစ်ဖြစ် လုမင်လျန်တွင် ဟွမ်စစ်ပေါ်မှာ မရှိခဲ့သော အဓိက အရည်အသွေး တစ်ခု ရှိသည်။ လုမင်လျန်က အလွန်အမိန့်နာခံတတ်ပြီး အပြောင်းအလဲများ မလုပ်တတ်ပေ။ ဖေးချမ့် လုပ်ခိုင်းသမျှကို ရိုးရိုးသားသားသာ လုပ်သည်။ နာမည်ရဖို့ စိတ်ကူးမရှိဘဲ အမှား မလုပ်မိအောင်သာ မျှော်လင့်သည်။

သို့သော်လည်း ထို့ကြောင့်ပဲ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ သူက စွန့်စားဝံ့သူ မဟုတ်ပါ။ ဒီအစီအစဥ်ကိုပဲ နမူနာယူကြည့်ပါ။ သုံးစွဲရမည့် ငွေပမာဏက နည်းပါးသည်။ ယခု စျေးနှုန်းကို အတည်ပြုပြီးသွားပြီဖြစ်သဖြင့် များများသုံးရလေလေ ပိုကောင်းလေလေ ဖြစ်ပါသည်။

ဖေးချမ့်က တခဏတာမျှ အတွေးထဲ နစ်မြောသွားခဲ့သည်။ "အထီးကျန်ကန္တာရလမ်းရဲ့ မြေပုံအသစ်မှာ ဆက်တင်သုံးခုပဲ ပါတယ်။ နည်းလွန်းတယ်။ ထပ်ထည့်ရအောင်။ တစ္ဆေစစ်သူကြီးမှာလည်း စစ်သူကြီးအသစ် ၁၀ ယောက်တည်းလား။ မလုံလောက်ဘူး။ အယောက် ၅၀ လောက် လုပ်ရအောင်။ ဂိမ်းဒီဇိုင်နာက ဆက်တင်စတိုင်တစ်ခုပဲ ထပ်ထည့်မှာဆိုရင်တောင် အရင်တစ်ခုနဲ့ အဆင့် အတူတူပဲ ဖြစ်လို့ ရမလား။”

"ငါတို့ ရွမ်ကွမ်းကျန့်ကို တစ္ဆေစစ်သူကြီးအတွက် ရုပ်ပုံပန်းချီလုပ်ခိုင်းလိုက်ရင် ဒီ့အတွက် အချိန်အားမှာ မဟုတ်တော့ဘူး။ ရွမ်ကွမ်းကျန့်ရဲ့ အဆင့်လောက်ရှိတဲ့ ဘော့စ်ကြီး နောက်တစ်ယောက်ကို ရှာပြီး  အလုပ်ချိန်ကို နှစ်ဆ တိုးလိုက်ကြရအောင်။ အလုပ်ကို တိတိကျကျနဲ့ သေသေသပ်သပ် လုပ်နိုင်ရမယ်။ ဒီစတိုင်အသစ်က အရင်တစ်ခုထက် ပိုကောင်းရမယ်။”

"သမုဒ္ဒရာရဲတိုက်အတွက်တော့... အင်း ဒီ ဆန်းကြယ်လက်နက်အသစ်အပြင် ဇာတ်ကြောင်းမုဒ်ထဲကို နောက်ထပ် ၂ နာရီစာလောက် ထပ်ထည့်ပြီး  ဆက်တင်အသစ်လည်း ထည့်မယ်။ ဇာတ်ကောင်ကာရိုက်တာ အသစ် ၃ ကောင်နဲ့ လက်နက်အသစ် ၁၀ ခုလည်း ထပ်ထည့်မယ်။”

"ဒီအတိုင်းပဲ လုပ်ကြရအောင်။ ငါတို့ အမြန် အလုပ်စလုပ်မှဖြစ်မယ်။ ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် အပ်ဒိတ်တွေ အားလုံးပြီးမှ ဖြစ်မယ်။”

လုမင်လျန်ကြောင်သွားသည်။ DLC ကောင်းကောင်းမရောင်းရပါက အရင်းပြန်မကျေမှာ စိုးရိမ်သဖြင့် လုမင်လျန်က အနိမ့်ဆုံး အကြောင်းအရာအသစ်များကိုသာ စီစဥ်ထားခဲ့ခြင်းဖြစ်သည်။

လုမင်လျန်၏ အစီအစဥ်အရ ပေါင်းထည့်မည့် အကြောင်းအရာအသစ်များ၏ ပမာဏက အကန့်အသတ်တစ်ခု ရှိပါသည်။

ဥပမာအားဖြင့် အထီးကျန်ကန္တာရလမ်းကို ကြည့်လိုက်ပါ။ ဆက်တင်နမူနာအသစ်တစ်ခုကို ယွမ်၄၀,၀၀၀ ကုန်ကျပြီး မူရင်းအစီအစဥ်က ဒီလိုဆက်တင် ၃ မျိုး ထပ်ထည့်ဖို့ ဖြစ်သည်။ ဒီ့အတွက် DLC ကို တစ်ယွမ်ဖြင့်သာ ရောင်းချမည်ဆိုသဖြင့် သူတို့ အရင်းပြန်ရဖို့ DLC ၁၂၀,၀၀၀ လောက် ရောင်းထွက်မှ ဖြစ်ပါမည်။

နောက်ဆုံးတော့ ဖေးချမ့်က ချက်ချင်းပဲ ဒီပမာဏကို ဆက်တင် အသစ် ၁၀ ခုအဖြစ် ပြောင်းလဲလိုက်၏။ သူတို့အရင်းပြန်ရဖို့ DLC  ၄၀၀,၀၀၀ လောက် ရောင်းရမှ ဖြစ်ပါတော့မည်။

ဒါ နည်းနည်း မများလွန်းဘူးလား။

တစ္ဆေစစ်သူကြီး၏ ရုပ်ပုံပန်းချီကို ရွမ်ကွမ်းကျန့်က ကိုင်တွယ်လိမ့်မည်။ အမှန်ပင် ရွမ်ကွမ်းကျန့်မှာ ကူညီပေးနိုင်သည့် သူငယ်ချင်းများစွာရှိသော်လည်း ရွမ်ကွမ်းကျန့်ကို မျှော်လင့်ထားတာထက် ပိုနည်းအောင်ပေးလို့မဖြစ်ပါ။

ယခင်တုန်းက တစ္ဆေစစ်သူကြီးထဲက စစ်သူကြီးများအတွက် ရုပ်ပုံပန်းချီမှာ စစ်သူကြီးတစ်ယောက်ကို ၄ ခုစီ ဖြစ်သည်။ စုစုပေါင်း ယွမ် ၃,၀၀ ၀ဖြစ်၏။ ယခု ရွမ်ကွမ်းကျန့်က အများကြီး နာမည်ပိုကြီးနေပြီဖြစ်သဖြင့် သူ့နှုန်းထားကလည်း သေချာပေါက် မြင့်တက်သွားလောက်ပါပြီ။

ဘော့စ်ဖေးက ရွမ်ကွမ်းကျန့်ဆီမှု ခင်မင်ရင်းနှီးမှု လျှော့စျေးကို မတောင်းခံစေဘဲ စျေးကွက်နှုန်းအတိုင်းသာ ပေးဖို့ ပြောထားသည်။ ဆိုလိုရင်းက ရုပ်ပုံပန်းချီတစ်စုံစီကို ယွမ်၅,၀၀၀ ကုန်ကျပါလိမ့်မည်။

စစ်သူကြီး အယောက် ၅၀ ဆို ၂၅၀,၀၀၀ ကျလိမ့်မည်။ ထိုစစ်သူကြီးများကို ၅ ယွမ်ဖြင့် ရောင်းချမည်ဆိုသောကြောင့် အရင်းပြန်ရဖို့ ၁၀၀,၀၀၀ ရောင်းရမှ ဖြစ်မည်။

သမုဒ္ဒရာရဲတိုက်အတွက်ကတော့ ဇာတ်လမ်းအသစ်၊ ဆက်တင်အသစ်၊ ဇာတ်ကောင်အသစ်၊ လက်နက်အသစ်... အားလုံးနီးပါးကို ကစားသမားများက အခမဲ့ပေးနေသလို ဖြစ်နေပါသည်။ စျေးသတ်မှတ်နိုင်သည့် တစ်ခုတည်းသောအရာက ဆန်းကြယ်လက်နက်အသစ်သာဖြစ်၏။ သို့သော် ထိုလက်နက်ကလည်း လစဥ်အကန့်အသတ်ဖြင့် ရောင်းချမှာပဲ ဖြစ်ပါသည်။

"ဘော့စ်ဖေး... ဒီလိုဆို... ကျွန်တော်တို့ အရင်းပြန်မရလောက်ဘူးနော်...." လုမင်လျန်က သူ့မှတ်စုစာအုပ်ထဲမှာ အမြန်တွက်ချက်ကြည့်လိုက်ပြီး စတင်စိတ်ပူပန်လာသည်။

ဖေးချမ့်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။ "အဲ့လို မဖြစ်ပါဘူး။ မှတ်ထား။ ငါတို့လူတွေအပေါ်မှာ ရိုးသားရမယ်။ မင်းကစားသမားတွေကို စိတ်ရင်းနဲ့ ဆက်ဆံတဲ့အခါ ကစားသမားတွေကလည်း အဲ့ဒီရိုးသားမှုကို တန်ပြန်တတ်တယ်။ ပြီးတော့လည်း ငါတို့ ပိုက်ဆံပြန်မရလည်း ဘာဖြစ်လဲ။ ငါတို့ကစားသမားတွေက ငါတို့ကို ပိုက်ဆံတွေ ဒီလောက်တောင် ပေးပြီးသွားပြီ။ ငါတို့ သူတို့ကို ပြန်ပြီး အလျော်ပေးရမှာပေါ့။”

လုမင်လျန်က ကြောင်စီစီဖြင့် မျက်တောင်ခတ်လိုက်ပါသည်။ ဘော့စ်ဖေး၏ စကားလုံးများက မှန်သလိုလိုရှိပြီး သူ့ကို အလင်းပြပေးလိုက်သလို ခံစားရပါသည်။

သို့သော်လည်း တစ်ခုခုတော့ လွဲနေသည်ဟုတော့ ခံစားမိနေဆဲ ဖြစ်၏။

"ဟုတ်ပြီ။ အချိန်က အရေးကြီးတယ်။ တာဝန်တွေကို မြန်မြန် ခွဲပေးလိုက်တော့။ ငါတို့ အဲ့တာတွေကို ဇွန်လ ၁၈ ရက်နေ့ မတိုင်ခင် ပြီးရမယ်နော်။”

ဖေးချမ့်က ဇွန်လ ၁၈ ရက်နေ့ကို Deadline အဖြစ် ရွေးချယ်လိုက်ခြင်းမှာ နောက်ထပ် ငွေစာရင်းရှင်းချိန် မရောက်မှီ နောက်ဆုံး အလုပ်လုပ်ရမည့်နေ့ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ၁၉ရက်နဲ့ ၂၀ ရက်နေ့က ပိတ်ရက်များ ဖြစ်ပြီး ဖေးချမ့်က ၂၁ မှ ၂၃ ရက်အတွင်းကို တစ်ခုခုဖြစ်ခဲ့သည်ရှိသော် လိုရမယ်ရ အချိန်ပိုချန်ထားခြင်း ဖြစ်သည်။

၂၄ ရက်နေ့မတိုင်ခင် အလုပ်အားလုံးကို ပြီးဆုံးအောင်လုပ်ရပြီး DLC များကိုလည်း အသစ်ပြန်လုပ်ရမည်။ မဟုတ်ပါက ငွေစာရင်းရှင်းချိန်ကို ထိခိုက်စေလိမ့်မည်။

ဖေးချမ့်က အစည်းအဝေးခန်းထဲမှ စိတ်ပေါ့ပါးစွာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ထွက်သွားသည်။ လုမင်လျန််ကတော့ အသည်းအသန် လုပ်ငန်းများ ခွဲဝေပေးဖို့ ပြင်ဆင်ပါသည်။

ဒီတစ်ခေါက် အလုပ်တာဝန်များက အရင်တစ်ခေါက်ကထက် များသော်လည်း အများစုက ပန်းချီရင်းမြစ်များနဲ့ ဆိုင်သည်။ သူတို့နည်းနည်းလောက် လောလောလေး လုပ်လိုက်ပါက ပေးထားသည့် Deadline အတွင်း အားလုံးကို ပြီးဆုံးအောင် လုပ်နိုင်လိမ့်မည်။

တစ်ခုတည်းသော ပြဿနာက သူတို့ သုံးစွဲမည့်ငွေမှာ တော်တော်လေး များပြားနေသောကြောင့်ပင်။

မေလ ၆ ရက်နေ့ ကြာသပတေးနေ့...

မာယန်နဲ့ ကျန်းယွမ်တို့ ဖေးချမ့်၏ ရုံးခန်းဆီလာခဲ့ပြီး သူတို့ လေ့လာထားသည့် တည်နေရာတချို့ကို တင်ပြခဲ့ပါသည်။ မာယန်၏ လက်ပ်တော့ကို ရုံးထဲက ပရိုဂျက်တာနဲ့ ချိတ်ဆက်ထားပြီး တည်နေရာများ၏ အသေးစိတ်ကို ပြသနေပါသည်။

ဒီတစ်ခေါက် ကျန်းယွမ်က အလုပ်အများစုကို လုပ်ရသည်။ တည်နေရာကောင်းသည့် နေရာများကို ရွေးချယ်ရသည်။ မာယန်လည်း ကြိုးစားပါသည်။

ဆိုင်ခွဲအသစ်များဖွင့်ဖို့အတွက် ဖေးချမ့်က တည်နေရာ ရွေးချယ်မှု ၁၀ ခုကို တောင်းဆိုထားသည်။ အားလုံးကို တွေ့ပြီးပါပြီ။

ဒီတစ်ခေါက် ကျန်းယွမ်က အများကြီး စိတ်ရှုပ်ရ၏။

ဘာလို့ ဘော့စ်ဖေးရဲ့ တခြားပရောဂျက်တွေက အရမ်းအဆင်ပြေနေပြီး ယွီအင်တာနက်ကဖေးတစ်ခုတည်းကပဲ ကွက်ပြီး အရှုံးပေါ်နေရတာလဲ။

ရှက်ဖို့ကောင်းလိုက်တာ။

ပြီးတော့ ဘော့စ်ဖေးက ငါတို့ကို အရမ်းအထင်ကြီးပြီး ယုံကြည်ထားတာ။ ငါတို့ ဒီတစ်ခေါက် တကယ်ကြိုးစားပြီး အရှုံးတွေကို အမြတ်အဖြစ် ပြန်ပြောင်းလဲရမယ်။

ဒီတစ်ခေါက် ဆိုင်ခွဲများကို ဖွင့်လှစ်ခြင်းက အခွင့်အရေးကောင်း ဖြစ်သည်။  ကျန်းယွမ်၏ အမြင်အရ လက်ရှိ အင်တာနက်ကဖေး ဆက်တိုက် အရှုံးပေါ်နေရသည့် အဓိကအကြောင်းအရင်းမှာ တည်နေရာကြောင့် ဖြစ်နိုင်ပါသည်။

အနီးအနားမှာ ကြီးမားကျယ်ပြန့်သည့် စီးပွားရေး ရပ်ကွက်လည်း မရှိသလို အဆင့်မြင့် ရုံအးဆောက်အဦးကြီးများလည်း ရှိမနေပါ။ အဆင့်မြင့် အိမ်ရာကြီးတွေနားမှာလည်း မဟုတ်ပေ။ ကီလိုမီတာဝန်းကျင် အနည်းငယ်အတွင်း လူစည်ကားမှုနဲ့ အားပေးသူ လုံလုံလောက်လောက် မရှိဘဲ ဒီအဆင့်မြင့် အင်တာနက်ကဖေးကြီးက ဘယ်လိုလုပ် ရှေ့ဆက်နိုင်မည်နည်း။

သူဌေးတွေ အရက်သောက်ဖို့လောက်နဲ့ ဒီအထိ ကာမောင်းလာကြဖို့တော့ မျှော်လင့်လို့ မရဘူးမလား။

အမှန်ပင်။  တချို့ အထင်ကြီးစရာ ဘားများကတော့ ဒီလိုဖြစ်လာအောင် လုပ်နိုင်ကြသည်။ သို့သော်လည်း ယွီအင်တာနက်ကဖေးက သာမန်ဘားမဟုတ်ဘဲ အင်တာနက်ကဖေး၊ ကော်ဖီအိမ်၊ စားသောက်ဆိုင်၊ စာအုပ်ဆိုင် စသဖြင့် အကုန်ရောစပ်ထားခြင်း ဖြစ်သည်။ ထူးထူးခြားခြား ရောင်းအားကောင်းနိုင်မည့်အချက်မရှိဘဲ လူတွေကို အဝေးကြီးက လာအောင် မခေါ်နိုင်ပါ။ သိပ်မတန်ပေ။

ထို့ကြောင့် ကျန်းယွမ် စဥ်းစားနေတာကြာပြီဖြစ်ပြီး တည်နေရာကောင်းကောင်းရှာဖို့ အများကြီး အားထုတ်ခဲ့ပါသည်။ လူစည်ကားသည့် စီးပွားရေးနယ်မြေတွေထဲမှာပဲ ဖြစ်ရမည်။

"ဘော့စ်ဖေး ကျွန်တော် ဒီနေရာ ၃ နေရာကို ထောက်ခံပေးချင်ပါတယ်။”

"ဒီတစ်ခုက ဟန်တုန်းတက္ကသိုလ်ရဲ့ တောင်ပိုင်း ဂိတ်ပေါက်နားမှာပါ။ ယောက်ျားလေး အဆောင်တချို့နဲ့ နီးပြီး သူ့ရဲ့ မျက်နှာချင်းဆိုင်မှာလည်း အဆင့်မြင့်အိမ်ရာတစ်ခု ရှိတယ်။”

"အင်တာနက်ကဖေးတချို့ ရှိပြီးသားဆိုပေမယ့် လူတွေနဲ့ အမြဲစည်ကားနေတာပါ။ ကျွန်တော်တို့ ယွီအင်တာနက်ကဖေးရဲ့ ပတ်ဝန်းကျင်အခြေအနေက ကောင်းမွန်ပြီး ကွန်ပျူတာတွေကလည်း အဆင့်မြင့်တွေပဲမလို့ သေချာပေါက် ဂိမ်းကစားရတဲ့ ပတ်ဝန်းကျင်ကို ကြေးများတတ်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဆွဲဆောင်နိုင်မှာပါ။ ငွေဖြုန်းနိုင်တဲ့ ဒုတိယမျိုးဆက်သူဌေးသားတွေလည်း ပါတယ်။”

"ဒီနေရာက အစတုန်းက ကော်ဖီဆိုင်ပါ။ ကျွန်တော်တို့ အင်တာနက်ကဖေးတည်ဆောက်ပုံနဲ့လည်း ကိုက်ညီမှုရှိတယ်။ မြေဧရိယာကလည်း မသေးဘူး။ ဒါ ကျွန်တော် ပထမဆုံး ထောက်ခံပေးချင်တဲ့ နေရာပါပဲ။”

ဖေးချမ့်က ဘာမှမပြောပါ။ ဒီနေရာကို သူ ကောင်းကောင်းသိသည်။ သူက ဟန်တုန်း တက္ကသိုလ်မှာ ပညာသင်နေတာဖြစ်ပြီး လက်ထောက်ရှင်း ငှားပေးထားသည့် တိုက်ခန်းကလည်း ဒီလမ်းမျက်နှာချင်းဆိုင်မှာပဲ ဖြစ်သည်။

ထိုနေရာက အင်တာနက်ကဖေးများက အမြဲတမ်း လူတွေနဲ့ ပြည့်ကြပ်နေတတ်သည်။ ကျန်းယွမ် ပြောတာ မှန်ပါသည်။

သို့သော် ဖေးချမ့်ကတော့ သေချာပေါက် ဒီနေရာကို ရွေးမှာ မဟုတ်ပေ။ ဒီနေရာကိုသာ ရွေးလိုက်ပြီး သူတို့ငွေတွေ ဝင်လာပါက ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။

ဖေးချမ့် ဘာမှ မတုန့်ပြန်တာကို မြင်သောအခါ ကျန်းယွမ် နောက်တစ်နေရာကိုသာ ဆက်လက် ညွှန်းပေးနိုင်တော့သည်။

"ဒီနေရာက ကျင်းကျိုးမြို့ရဲ့ အကြီးမားဆုံး ရှော့ပင်းမောလ်ကြီးထဲက ပထမထပ်မှာပါ။ တစ်ခုတည်းသော အပြစ်က ငှားရမ်းခ အရမ်းစျေးကြီးတာပဲ။ ဒါပေမယ့် ကျွန်တော် စုံစမ်းကြည့်ပြီးပြီ။ ဒီမောလ်ကြီးထဲမှာ အနားယူပြီး အပန်းဖြေလို့ရတဲ့ နေရာ များများစားစား မရှိဘူး။ မိန်းမတို့ ကောင်မလေးတို့ကို လိုက်ပို့တဲ့ ယောက်ျားလေးတွေ ပင်ပန်းတဲ့အခါ နားဖို့ နေရာ မရှိပါဘူး။ အဲ့တာ စိတ်မကောင်းစရာပဲ။”

"ကျွန်တော်တို့ ဒီမှာ အင်တာနက်ကဖေးတစ်ခု ဖွင့်လိုက်ရင် အဲ့ဒီအောင်မြင်တဲ့ မိန်းမတွေကို လိုက်ပို့တဲ့ အဲ့ဒီအောင်မြင်တဲ့ ယောက်ျားတွေ ပင်ပန်းတဲ့အခါ အင်တာနက်လေးလာသုံး ကော်ဖီလေးလာသောက်လို့ရတယ်။ သူတို့ သုံးစွဲနိုင်စွမ်းကလည်း မသေးလောက်ဘူး။”

"ဒီလူစည်ကားနှုန်းကိုကြည့်ခြင်းအားဖြင့် ငှားရမ်းခက မြင့်ရင်တောင် ကျွန်တော်တို့ သေချာပေါက် အမြတ်ရနိုင်မှာပါ။”

ဖေးချမ့်က ဘာမှ မတုန့်ပြန်ဆဲဖြစ်သည်။

ကျန်းယွမ်က ပို၍ပင် စိတ်ဖိစီးလာပြီး တခြား နေရာများကို ဆက်လက် တင်ပြပေးပါသည်။ စာရင်းအောက်သို့ရောက်လာလေလေ နေရာများက ပိုပိုပြီး ဆိုးလာလေလေဖြစ်သည်။

မတတ်နိုင်ပါ။ ဖေးချမ့်က ယွီအင်တာနက်ကဖေးကို ကျင်းကျိုးမြို့အတွင်းမှာသာ ဖွင့်ရမည်ဟု သတ်မှတ်ထားပြီး တောင်းဆိုချက်တွေလည်း အများကြီးရှိသောကြောင့် ငှားမည့် ဆိုင် ဒီလောက် အများကြီး ကျန်းယွမ်ရှာဖို့တောင် မလွယ်ကူခဲ့ပါ။

ကျန်းယွမ် နေရာအားလုံးကို မိတ်ဆက်ပေးပြီးသောအခါ စိတ်မသက်သာစွာဖြင့် ဖေးချမ့်ကို ကြည့်လိုက်ပါသည်။ ဘော့စ်ဖေးက စကားတစ်ခွန်းတောင် မပြောပါ။ ဒါ ဘာသဘောလဲ။ သူ မပျော်တာလား။

ဖေးချမ့်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်လိုက်သည်။ "မဆိုးပါဘူး။ မင်းကြိုးစားခဲ့တာပဲ။”

ကျန်းယွမ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်မိပါသည်။

ဖေးချမ့် မပျော်တာမဟုတ်ဘူးပဲ။ တော်သေးတာပေါ့။

ဖေးချမ့်က ပရိုဂျက်တာကို ကြည့်လိုက်ပြီး ချီးကျူးလိုက်ပါသည်။ "မင်းတင်ပြတဲ့အထဲက နောက်ဆုံး ၄ နေရာက မဆိုးဘူးလို့ ထင်တယ်။”

နောက်ဆုံး ၄ နေရာ ဟုတ်လား။

ကျန်းယွမ် မျက်နှာပြင်ကိုကြည့်လိုက်ပြီး ဘော့စ်ဖေးကို ပြန်လှည့်ကြည့်လိုက်သည်။ သူ ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါ။

ဒါတွေက... ဘော့စ်ဖေးရဲ့ ၁၀ နေရာပြည့်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ပြည့်ရုံသက်သက် ထည့်ထားတဲ့ ဆိုင်တွေလေ၊။

အခန်း(၁၄၀) ရှန်းယန်ဂိမ်းကုမ္ပဏီအား အနီးကပ် လေ့လာခြင်း

ကျန်းယွမ်က သူတင်ပြထားသည့် ပထမဆုံး ဆိုင်သုံးဆိုင်ကို အကြိုက်ဆုံး ဖြစ်ပါသည်။ ထိုသုံးဆိုင်သာဆို သေချာပေါက် ဝင်ငွေကောင်းနိုင်မှန်း ယုံကြည်ချက်ရှိသည်။ စာရင်းအောက်ဘက်ရှိ ၄ နေရာမှ ၆ နေရာလောက်ထိကလည်း သိပ်မဆိုးကြသေးပေ။ အရှံးပေါ်နိုင်သော်လည်း အရမ်းကြီး ဆိုးဝါးမှာတော့ မဟုတ်ပေ။

နောက်ဆုံး ၄ နေရာကတော့ ယွီအင်တာနက်ကဖေး မူရင်းဆိုင်ထက်ပင် တည်နေရာ ပိုဆိုးကြပါသည်။ ၁၀ နေရာပြည့်ရုံသာ ထည့်ထားသည့် နေရာများ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဖေးချမ့်က ၁၀ နေရာ ပြည့်ရမည်ဟူသော ကန့်သတ်ချက်ကို တိတိကျကျ သတ်မှတ်ထားသောကြောင့် ဖြစ်၏။

ကျန်းယွမ်က အနည်းငယ် ဒုက္ခများနေသည်။ နောက်ဆုံးတော့ ထုတ်ပြောလိုက်ပါ၏။ "ဘော့စ်ဖေး ဒီ ၄နေရာက မကောင်းတာတော့ မဟုတ်ပေမယ့် ပထမ ၃ နေရာလောက် မသင့်တော်ဘူးထင်တယ်...။”

ကျန်းယွမ်က  ဒီ ၄ နေရာကို တိုက်ရိုက်ကြီး မကောင်းမပြောပါ။ ဒါတွေက မာယန် တင်ပြထားသည့် စာရင်းထဲမှာ ပါနေသည်။ ဆိုင်တွေက မကောင်းဘူးဟု ပြောလိုက်ပါက ကိုယ့်သေတွင်းကိုယ် တူးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။

ဘာလို့ မကောင်းတဲ့ဆိုင်နေရာ ၄ ခုကို အစကတည်းက ထည့်ထားတာလဲဟု ဘော့စ်ဖေး မေးလာပါက သူတို့ ဘယ်လိုပြန်ဖြေရမည်နည်း။ ထို့ကြောင့် ကျန်းယွမ်က ဘော့စ်ဖေးကို ပထမ ၃ ဆိုင်က ပိုကောင်းတယ်ဆိုတာ အရိပ်အမြွက်ပေးဖို့ သွယ်ဝိုက်သော နည်းလမ်းကို အသုံးပြုခဲ့ပါသည်။

ဖေးချမ့်က မတ်တပ်ရပ်လိုက်ပြီး အားအင်ပြည့်ဝစွာဖြင့် ပရိုဂျက်တာ မျက်နှာပြင်ဆီ လျှောက်သွားပြီး ထိုနေရာများကို အသေးစိတ် ကြည့်ရှုလိုက်ပါသည်။ "ငါကတော့ ဒီနေရာ ၄ ခုက တကယ်မဆိုးဘူးလို့ ထင်တယ်။”

"ယွီအင်တာနက်ကဖေးက လူတွေကို လာဖို့ လွယ်ကူတဲ့နေရာမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ပေးသင့်တယ်လို့ ငါထင်တယ်။ သူတို့ တွေ့လိုက်ရတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုမျိုးကို လူတွေကို ခံစားစေချင်တာ။”

"လူစည်ကားနေတဲ့ မြို့နေရပ်ကွက်တွေမှာ ဆိုင်ခွဲတွေကို ဖွင့်ရမှာလား။ မဟုတ်သေးဘူး။ အဲ့တာဆို အရမ်းဆူညံနေမှာပေါ့။ ငါတို့ အင်တာနက်ကဖေးနဲ့ ကိုက်ညီမှု မရှိဘူး။ ငါတို့ အင်တာနက်ကဖေးရဲ့ မုဒ်က တိတ်ဆိတ် အေးချမ်းတဲ့ မုဒ်လေ။ အဲ့တာ ငါတို့အစကတည်းက ဆုံးဖြတ်ထားတဲ့ သွင်ပြင်လက္ခဏာပဲ မဟုတ်ဘူးလား။”

"ငါတို့က ဆေးလိပ်သောက်တာကို တားမြစ်ထားပြီး ကွန်ပျူတာလည်း အလုံး ၅၀ ပဲရှိတယ်။ ပုံပြင်စာအုပ်တွေအများကြီးရှိတယ်။ ပြီးတော့ ညဘက်ကျရင် ဖျော်ဖြေပွဲတွေပါ ရှိသေးတယ်။ ဆိုတဲ့သီချင်းတွေကတောင် ရော့ခ်သီချင်းတွေ မဟုတ်ဘူး၊ ရိုးရာတေးသီချင်းတွေ။ အကုန်လုံးက ငါတို့ အင်တာနက်ကဖေးရဲ့ မုဒ်ကို အထောက်အကူပြုပေးနေတာပဲ။”

"ငါတို့တွေ တခြားလူတွေလိုပဲ လူစည်ကားတဲ့နေရာမှာ ဖွင့်လိုက်ရင် ငါတို့အင်တာနက်ကဖေးက ဗရုသုက္ခ အသီးအရွက်စျေးလို ဖြစ်မသွားဘူးလား။ ငါတို့ရဲ့ လက္ခဏာနဲ့ လုံးဝ ကွာခြားနေပြီး ထန်းတာ့ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေတယ်။”

ကျန်းယွမ် ကြက်သေ သေသွားသည်။

ထန်းတာ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့တော့ ဘော့စ်ဖေးက ပြောလာတယ်လား။ ဘော့စ်ဖေး ငါ့အပေါ်ပုံချနေတဲ့ တာဝန်တွေကို ငါမယူနိုင်တော့ဘူး။

ဖေးချမ့်က နောက်ဆုံး နေရာ ၄ နေရာကို ညွှန်ပြလိုက်ပါသည်။ "အဲ့ဒီနေရာတွေက ပိုကောင်းတယ်။ တိတ်ဆိတ်တယ်။ အေးချမ်းတယ်။ လူတစ်ယောက်ရဲ့ စိတ်ကို ရှင်းလင်းစေပြီး ဘဝအကြောင်း သုံးသပ်ဖို့ အထူးကောင်းမွန်တဲ့ နေရာတွေပဲ။”

ကျန်းယွမ်က ပို၍ပင် အံ့သြသွားပါသည်။ ဘာလို့ ကတ်စတမ်မာတွေက ဘဝအကြောင်း သုံးသပ်ရမှာလဲ။ ကတ်စတမ်မာတွေကို ပိုက်ဆံပိုသုံးချင်စိတ်ပေါ်အောင် လုပ်ရမှာ မဟုတ်ဘူလား။

ဖေးချမ့်က ဆက်ပြောသည်။ "ပြီးတော့လည်း ပိုအရေးကြီးတာက ဒီတည်နေရာ ၄ ခုရဲ့ မြေနေရာက တော်တော်လေး ပြည့်စုံတယ်။ အရမ်းကျယ်ပြီး ငါတို့ကတ်စတမ်မာတွေကို နေရာပိုပေးနိုင်တယ်။ ဒီလိုရသမျိုးက အရမ်းအရေးကြီးတာ။”

ကျန်းယွမ် ဆွံ့အနေပါပြီ။

ဒီနေရာ ၄ ခုရဲ့ မြေနေရာက ကျယ်တယ်ဟုတ်လား။ ကျယ်မှာပေါ့၊ အဲ့တာတွေက ကော်မာရှယ်ရပ်ကွက်တွေနဲ့ နီးမှ မနီးတာ။ ပြီးတော့ မြေကလည်း စျေးပေါတယ်။ မြေနေရာ ကျယ်တာ ပုံမှန်ပဲပေါ့။

ကျန်းယွမ်က ထပ်ပြီး ရှင်းလင်းပြဖို့ တွေးမိပါသေးသည်။ သို့သော်လည်း ဖေးချမ့်က သူ့ထိုင်ခုံသူ ပြန်သွားပါပြီ။ "ဒီတစ်ခေါက် မင်းတို့ နှစ်ယောက် အရမ်းတော်တယ်။ ဒါဆို ငါတို့ အဲ့ဒီ ၄ နေရာမှာ အခြေချကြတာပေါ့။”

ပါးစပ်ထဲက ထွက်လာခါနီး စကားလုံးများကို ကျန်းယွမ် ပြန်မျိုသိပ်လိုက်ပါသည်။

"မင်းတို့ပြန်ရင် ဆိုင်ခွဲမန်နေဂျာတွေကို ဘယ်ဆိုင်ခွဲကို စီမံချင်သလဲ ရွေးခိုင်းလိုက်ဦး။ အများကြီး ပြန်ပြုပြင်ရမယ့် ဆိုင်တွေကို ဦးစားပေးမယ်။ သိပ်ပြီး ပြောင်းလဲစရာမလိုတဲ့ ဆိုင်တွေကို နောက်ပို့လိုက်။ ငွေလွှဲဖို့ အချိန်ရောက်ပြီဆိုရင် လက်ထောက်ရှင်းကိုပဲ ဆက်သွယ်လိုက်။”

ထိုဆိုင်ခွဲ ၄ ခု၏ တည်နေရာများက လက်ရှိ မူရင်းဆိုင်ထက် ပို၍ပင် လူသူကင်းမဲ့သဖြင့် ငှားရမ်းခများက သေချာပေါက် ပိုစျေးပေါလိမ့်မည်။

သို့သော် ဖေးချမ့်မှာလည်း လောလောဆယ် လက်ထဲမှာ ငွေအများကြီး မရှိသေးပါ။ အများဆုံး ဆိုင် ၂ ဆိုင်လောက်သာ အရင်ဖွင့်နိုင်သည်။ လက်ရှိ ဂိမ်းများထံမှ ဝင်ငွေတချို့ကို ရပြီးနောက် ထိုငွေများကို ကျန် ၂ဆိုင် ဖွင့်ဖို့ သုံးနိုင်ပါသည်။

သို့သော် ဒီကိစ္စကိုလည်း လောဖို့ မလိုအပ်ပါ။ ၂ လလောက် ကျန်နေပါသေးသည်။ နောက်ထပ် ငွေစာရင်းရှင်းချိန် မတိုင်ခင် တစ်ပတ်အလိုတွင် အားလုံး ဖွင့်နိုင်ပါက အဆင်ပြေပါသည်။

ကျန်းယွမ်က မာယန်ကို ဘော့စ်ဖေးအား ထပ်ပြီး ဖျောင်းဖျချင်သေးလား ဟူသည့်သဘောဖြင့် လှမ်းကြည့်လိုက်ပါသည်။

မာယန်က အရိပ်အကဲနားလည်သည့်ပုံစံဖြင့် ဖေးချမ့်ရှေ့ကို လျှောက်သွားလိုက်ပါသည်။

"ဟုတ်ပြီ ညီအစ်ကိုချမ့်။ ငါတို့ ဒါတွေ သွားကိုင်တွယ်လိုက်တော့မယ်။ ဘာမှ အလွဲအချော် မရှိစေရဘူး။”

ကျန်းယွမ် "..."

ငါမင်းကို ကြည့်တဲ့သဘောက ဒါ မဟုတ်ဘူးကွာ။

သို့သော်လည်း မာယန်က ပြောလိုက်ပြီဖြစ်သဖြင့် မာယန့်နောက်ကလိုက်ပြီး စိတ်ပျက်လက်ပျက် ရုံးခန်းထဲက ထွက်သာထွက်လာနိုင်တော့သည်။

ကျန်းယွမ်က သူ့လက်ပ်တော့ကို ဖက်ထားပြီး စိတ်ထဲမှာလည်း စိတ်ဓာတ်ကျနေပါသည်။ ဒီကမ်းလှမ်းချက်များအတွက် သူအလွန်ကြိုးစားခဲ့သည်။ နေရာတိုင်းဆီကို သွားရောက်ပြီး သေသေချာချာ တွက်ချက်မှုများ ဆောင်ရွက်ခဲ့၏။ ပထမ ၃ နေရာကို သူထပ်ခါထပ်ခါ အတည်ပြုထားပြီး အမြတ်ရမှာ သေချာသလောက်ရှိသည်ဟုပင် ဆိုနိုင်ပါသည်။

နောက်ဆုံး ၄ နေရာက ၁၀ ခုပြည့်ရုံသာဖြစ်ပြီး အများကြီး အားမစိုက်ခဲ့ပါ။ နောက်ဆုံးတော့ ဖေးချမ့်က သေချာတောင် မကြည့်ဘဲ ထိုနေရာ ၄ နေရာကို ရွေးချယ်ခဲ့ပါသည်။

တကယ့်ကို... ဒေါသထွက်ဖို့ကောင်းပါသည်။

ဒီလိုဆုံးဖြတ်တာ တခြားဘော့စ်တစ်ယောက်သာဆို ကျန်းယွမ် ထိုဘော့စ်ကို အားကိုးလို့မရသည့်အတွက် ဆဲဆိုဝေဖန်မိလောက်သည်။

အမှန်ပင်။ ကျန်းယွမ်က စိတ်ထဲမှာပဲ ဝေဖန်မှာ ဖြစ်သည်။ သူ အလုပ်မပြုတ်ချင်ပါ။ ဒီလို လစာမျိုး တခြားနေရာမှာလည်း မရနိုင်ပေ။

သို့သော်လည်း ဒီဆုံးဖြတ်ချက်ချတာ ဘော့စ်ဖေးဖြစ်သဖြင့် ကျန်းယွမ် ဘာမှ အငြှိုးမထားတော့ပါ။ ဘော့စ်ဖေး၏ ရည်ရွယ်ချက်များကို နားလည်ရလောက်အောင် သူ ဉာဏ်မကောင်းဘူးဟုသာ ပြောနိုင်ပါတော့သည်။

ဘော့စ်ဖေးက တည်နေရာ မရွေးတတ်ဘဲ နေပါ့မလား။

သေချာပေါက် ရွေးတတ်ပါသည်။ ဘာကြောင့် အမြတ်ရမှာ သေချာသည့် နေရာတွေကို မရွေးခဲ့တာလဲ ဆိုတာကတော့ ဘော့စ်ဖေးမှာ တခြား အတွေးတွေရှိလို့ ဖြစ်နိုင်သည်။

ကျန်းယွမ်က ခဏလောက် စိတ်ဓာတ်ကျသွားသော်လည်း ဆိုင်ခွဲသစ်များဖွင့်ဖို့ ပြင်ဆင်ရန်နဲ့ ငှားရမ်းခများ ဆွေးနွေးရန် မာယန်နဲ့ လိုက်သွားရင်း အတွေးများကို ထုတ်ပစ်လိုက်ပါတော့သည်။

ဖေးချမ့်က ရွေးချယ်လိုက်သည့် နေရာများကို အလွန်အားရ ကျေနပ်မှု ရှိပါသည်။ သူသာ ဒီတိုင်း ဆက်သွားပါက ထိုဆိုင်ခွဲများက မူလဆိုင်ထက်ပင် ပိုပြီး အရှုံးပေါ်နိုင်ပါသည်။ ဖြစ်နိုင်သည်။ မူရင်းဆိုင်အနေဖြင့် ပထမဆုံး တည်နေရာက ရောင်းအား အကောင်းဆုံး ဖြစ်ရမည်။ မဟုတ်ပါက မူရင်းဆိုင်ဟုခေါ်နိုင်မှာ မဟုတ်ပေ။

အပန်းဖြေကာ လက်ဖက်ရည် ခဏလောက် သောက်ပြီးနောက် လက်ထောက်ရှင်းက တံခါးခေါက်ပြီး ဝင်လာပါသည်။ "ဘော့စ်ဖေး ရှန်းယန်ဂိမ်းကုမ္ပဏီနဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ ရလာပါတယ်။ ဘော့စ်ဖေး စစ်ကြည့်ချင်လား။”

ဖေးချမ့် ချက်ချင်း စိတ်အားထက်သန်သွား၏။ "ကြည့်မယ်။”

ဖေးချမ့်က လတ်တလော ဒါကို အာရုံအစိုက်ထားဆုံး ဖြစ်ပါသည်။ ရှန်းယန်ဂိမ်းကုမ္ပဏီကို သူသာ ဝယ်နိုင်လိုက်ပါက ယွီအင်တာနက်ကဖေး ပြီးနောက် ဒုတိယ တည်မြဲသည့် အရှုံးရင်းမြစ်တစ်ခု ရလာပါလိမ့်မည်။ အချိန်အကြာကြီး အကျိုးကျေးဇူးပြုနေမည့်အရာမျိုး ဖြစ်၏။

လက်ထောက်ရှင်းက ဖိုင်တွဲတစ်ခုကို ဖေးချမ့်အား ပေးလိုက်သည်။ ဖေးချမ့်က ဖတ်နေကာ လက်ထောက်ရှင်းက စတင်ရှင်းပြပါသည်။

"ရှန်းယန်ဂိမ်းက ဝန်ထမ်း ၅၂ ယောက်ရှိတဲ့ ပရိုက်ဗိတ် ကုမ္ပဏီတစ်ခုပါ။ လက်ရှိ ရှန်းယွမ်ဂိမ်းကုမ္ပဏီမှာ ဂိမ်းနှစ်ခုရှိတယ်။ တစ်ခုက Romantic Taoist လို့ ခေါ်ပါတယ်။ စီးပွားရေး ဂိမ်းတစ်ခုပါ။ နောက်တစ်ခကတော့ Bloody Battle Song လို့ ခေါ်တယ်။ Web နဲ့ ကစားရတဲ့ စစ်ဂိမ်းတစ်ခုပါ။”

ထိုဂိမ်းနာမည်များကို ကြားသောအခါ ဖေးချမ့် အသိအမှတ်ပြုစွာဖြင့် သက်ပြင်းချလိုက်သည်။ ဂိမ်းစုတ်တွေ ဖန်တီးဖို့ဆိုတာ ကောင်းချီးနဲ့ အထုံပါရမီတွေ လိုအပ်သေးတာပဲ။

ဒီဂီမ်းနာမည်ကို ကြည့်လိုက်ပါဦး။ Romantic Taoist တဲ့။ ဂိမ်းနာမည်ကိုက မသင့်တော်ပေ။ ဒိလိုနာမည်နဲ့ ဂိမ်းမျိုးသာ ရေပန်းစားလာပြီး ရောင်းအားကောင်းလာပါက ကမ္ဘာကြီးထဲက အကြီးမားဆုံး ဟာသကြီး ဖြစ်သွားလိမ့်မည်။ ဒါက အတော်လေး ဒွိဟဖြစ်စေသည့် နာမည်ဖြစ်တာကို ဖေးချမ့် သိသော်လည်း ဒီဂိမ်းက ဘယ်လိုဂိမ်းလဲ သိချင်ပါသေးသည်။

"Romantic Taoist က လောလောဆယ် ရပ်နားထားပါတယ်။ ဝင်ငွေက ယွမ် ၅၀,၀၀၀ အောက် နည်းနေတာ တာ်တော်ကြာပြီ။ တစ်ဖက်မှာ Bloody Battle Song ကတော့ ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ အဓိကဝင်ငွေလမ်းကြောင်းပါပဲ။ ဒါပေမယ့် ဂိမ်းထဲက တချို့ပြောင်းလဲမှုတွေကြောင့် ဗြောင်းဆန်သွားပြီး သူ့ဝင်ငွေလည်း တော်တော်လေးကို ကျဆင်းသွားပါတယ်။”

ဖေးချမ့်က ဒီဗြောင်းဆန်မှုအကြောင်း သိပါသည်။ မာယိချွမ် ပြောဖူးသည်။

Bloody Battle Song က အစ်ကိုကြီးလျို့က ဓားတစ်လက်ကို ၈၈၈ ယွမ်နဲ့ ရောင်းချလိုက်ပြီး ကုမ္ပဏီ ကစားသမားများ ပက်စက်စွာ ဝေဖန်တာကို ခံခဲ့ရသည့် ဂိမ်းဖြစ်လောက်သည်။

မဆိုးပါဘူး။ ဒါတွေက သိမ်းပိုက်လို့ ကောင်းမယ့် အခွင့်အရေးတွေပဲ။

လက်ထောက်ရှင်းက ဆက်ပြောလိုက်သည်။ "အကြမ်းဖျင်း ခန့်မှန်းချက်အရ ရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ငှားရမ်းခက တစ်လကို ၁၅၀,၀၀၀ ဖြစ်ပြီးတော့ လစာတွေက တစ်လကို ၂၀၀,၀၀၀ လောက် ရှိတယ်။ လက်ရှိမှာ ဒီလိုဆက်ပြီး ထိန်းသိမ်းထားဖို့တောင် အရမ်းခက်ခဲနေပြီ။ ဒီလ လစာတောင် ပေးဖို့ မရှိတော့ဘူးလို့ ကောလဟာလတွေတောင် ထွက်ပေါ်နေပါတယ်။”

ထန်းတာ့ထက် ဝန်ထမ်း ပိုများပေမယ့် အဲ့ဒီကုမ္ပဏီထဲမှာ ရာထူးတွေကများပြီး ပျမ်းမျှလစာကလည်း နည်းပါတယ်။။ အဲ့တာကြောင့် ကုမ္ပဏီနေရာ ငှားရမ်းခနဲ့ လစာတွေက ထန်းတာ့ထက် အများကြီး ပိုနည်းတယ်။”

ဖေးချမ့်က ဒါကို စိတ်မဝင်စားပါ။ သူ သိမ်းပိုက်ပြီးတာနဲ့ အခြေအနေကို ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်သည်။ အကျိုးအမြတ်များ ရလာနိုင်သည့် ပုံးကွယ်နေသော ဒုက္ခအိုးများ မရှိပါက အားလုံး အဆင်ပြေပါသည်။

Zawgyi

ေဖးခ်မ့္ 139+140

အခန္း(၁၃၉) ဆိုင္ခြဲသစ္မ်ား၏ တည္ေနရာ

ေဖးခ်မ့္က အစီအစဥ္ကို စိတ္ေက်နပ္မႈ႐ွိပါသည္။

ဘာပဲျဖစ္ျဖစ္ လုမင္လ်န္တြင္ ဟြမ္စစ္ေပၚမွာ မ႐ွိခဲ့ေသာ အဓိက အရည္အေသြး တစ္ခု ႐ွိသည္။ လုမင္လ်န္က အလြန္အမိန္႔နာခံတတ္ၿပီး အေျပာင္းအလဲမ်ား မလုပ္တတ္ေပ။ ေဖးခ်မ့္ လုပ္ခိုင္းသမွ်ကို ႐ိုး႐ိုးသားသားသာ လုပ္သည္။ နာမည္ရဖို႔ စိတ္ကူးမ႐ွိဘဲ အမွား မလုပ္မိေအာင္သာ ေမွ်ာ္လင့္သည္။

သို႔ေသာ္လည္း ထို႔ေၾကာင့္ပဲ ျပႆနာတစ္ခု ျဖစ္လာခဲ့သည္။ သူက စြန္႔စားဝံ့သူ မဟုတ္ပါ။ ဒီအစီအစဥ္ကိုပဲ နမူနာယူၾကည့္ပါ။ သုံးစြဲရမည့္ ေငြပမာဏက နည္းပါးသည္။ ယခု ေစ်းႏႈန္းကို အတည္ျပဳၿပီးသြားၿပီျဖစ္သျဖင့္ မ်ားမ်ားသုံးရေလေလ ပိုေကာင္းေလေလ ျဖစ္ပါသည္။

ေဖးခ်မ့္က တခဏတာမွ် အေတြးထဲ နစ္ေျမာသြားခဲ့သည္။ "အထီးက်န္ကႏၲာရလမ္းရဲ႕ ေျမပုံအသစ္မွာ ဆက္တင္သုံးခုပဲ ပါတယ္။ နည္းလြန္းတယ္။ ထပ္ထည့္ရေအာင္။ တေစၧစစ္သူႀကီးမွာလည္း စစ္သူႀကီးအသစ္ ၁၀ ေယာက္တည္းလား။ မလုံေလာက္ဘူး။ အေယာက္ ၅၀ ေလာက္ လုပ္ရေအာင္။ ဂိမ္းဒီဇိုင္နာက ဆက္တင္စတိုင္တစ္ခုပဲ ထပ္ထည့္မွာဆိုရင္ေတာင္ အရင္တစ္ခုနဲ႔ အဆင့္ အတူတူပဲ ျဖစ္လို႔ ရမလား။”

"ငါတို႔ ႐ြမ္ကြမ္းက်န္႔ကို တေစၧစစ္သူႀကီးအတြက္ ႐ုပ္ပုံပန္းခ်ီလုပ္ခိုင္းလိုက္ရင္ ဒီ့အတြက္ အခ်ိန္အားမွာ မဟုတ္ေတာ့ဘူး။ ႐ြမ္ကြမ္းက်န္႔ရဲ႕ အဆင့္ေလာက္႐ွိတဲ့ ေဘာ့စ္ႀကီး ေနာက္တစ္ေယာက္ကို ႐ွာၿပီး  အလုပ္ခ်ိန္ကို ႏွစ္ဆ တိုးလိုက္ၾကရေအာင္။ အလုပ္ကို တိတိက်က်နဲ႔ ေသေသသပ္သပ္ လုပ္ႏိုင္ရမယ္။ ဒီစတိုင္အသစ္က အရင္တစ္ခုထက္ ပိုေကာင္းရမယ္။”

"သမုဒၵရာရဲတိုက္အတြက္ေတာ့... အင္း ဒီ ဆန္းၾကယ္လက္နက္အသစ္အျပင္ ဇာတ္ေၾကာင္းမုဒ္ထဲကို ေနာက္ထပ္ ၂ နာရီစာေလာက္ ထပ္ထည့္ၿပီး  ဆက္တင္အသစ္လည္း ထည့္မယ္။ ဇာတ္ေကာင္ကာ႐ိုက္တာ အသစ္ ၃ ေကာင္နဲ႔ လက္နက္အသစ္ ၁၀ ခုလည္း ထပ္ထည့္မယ္။”

"ဒီအတိုင္းပဲ လုပ္ၾကရေအာင္။ ငါတို႔ အျမန္ အလုပ္စလုပ္မွျဖစ္မယ္။ ဇြန္လ ၁၈ ရက္ေန႔မတိုင္ခင္ အပ္ဒိတ္ေတြ အားလုံးၿပီးမွ ျဖစ္မယ္။”

လုမင္လ်န္ေၾကာင္သြားသည္။ DLC ေကာင္းေကာင္းမေရာင္းရပါက အရင္းျပန္မေက်မွာ စိုးရိမ္သျဖင့္ လုမင္လ်န္က အနိမ့္ဆုံး အေၾကာင္းအရာအသစ္မ်ားကိုသာ စီစဥ္ထားခဲ့ျခင္းျဖစ္သည္။

လုမင္လ်န္၏ အစီအစဥ္အရ ေပါင္းထည့္မည့္ အေၾကာင္းအရာအသစ္မ်ား၏ ပမာဏက အကန္႔အသတ္တစ္ခု ႐ွိပါသည္။

ဥပမာအားျဖင့္ အထီးက်န္ကႏၲာရလမ္းကို ၾကည့္လိုက္ပါ။ ဆက္တင္နမူနာအသစ္တစ္ခုကို ယြမ္၄၀,၀၀၀ ကုန္က်ၿပီး မူရင္းအစီအစဥ္က ဒီလိုဆက္တင္ ၃ မ်ိဳး ထပ္ထည့္ဖို႔ ျဖစ္သည္။ ဒီ့အတြက္ DLC ကို တစ္ယြမ္ျဖင့္သာ ေရာင္းခ်မည္ဆိုသျဖင့္ သူတို႔ အရင္းျပန္ရဖို႔ DLC ၁၂၀,၀၀၀ ေလာက္ ေရာင္းထြက္မွ ျဖစ္ပါမည္။

ေနာက္ဆုံးေတာ့ ေဖးခ်မ့္က ခ်က္ခ်င္းပဲ ဒီပမာဏကို ဆက္တင္ အသစ္ ၁၀ ခုအျဖစ္ ေျပာင္းလဲလိုက္၏။ သူတို႔အရင္းျပန္ရဖို႔ DLC  ၄၀၀,၀၀၀ ေလာက္ ေရာင္းရမွ ျဖစ္ပါေတာ့မည္။

ဒါ နည္းနည္း မမ်ားလြန္းဘူးလား။

တေစၧစစ္သူႀကီး၏ ႐ုပ္ပုံပန္းခ်ီကို ႐ြမ္ကြမ္းက်န္႔က ကိုင္တြယ္လိမ့္မည္။ အမွန္ပင္ ႐ြမ္ကြမ္းက်န္႔မွာ ကူညီေပးႏိုင္သည့္ သူငယ္ခ်င္းမ်ားစြာ႐ွိေသာ္လည္း ႐ြမ္ကြမ္းက်န္႔ကို ေမွ်ာ္လင့္ထားတာထက္ ပိုနည္းေအာင္ေပးလို႔မျဖစ္ပါ။

ယခင္တုန္းက တေစၧစစ္သူႀကီးထဲက စစ္သူႀကီးမ်ားအတြက္ ႐ုပ္ပုံပန္းခ်ီမွာ စစ္သူႀကီးတစ္ေယာက္ကို ၄ ခုစီ ျဖစ္သည္။ စုစုေပါင္း ယြမ္ ၃,၀၀ ၀ျဖစ္၏။ ယခု ႐ြမ္ကြမ္းက်န္႔က အမ်ားႀကီး နာမည္ပိုႀကီးေနၿပီျဖစ္သျဖင့္ သူ႕ႏႈန္းထားကလည္း ေသခ်ာေပါက္ ျမင့္တက္သြားေလာက္ပါၿပီ။

ေဘာ့စ္ေဖးက ႐ြမ္ကြမ္းက်န္႔ဆီမႈ ခင္မင္ရင္းႏွီးမႈ ေလွ်ာ့ေစ်းကို မေတာင္းခံေစဘဲ ေစ်းကြက္ႏႈန္းအတိုင္းသာ ေပးဖို႔ ေျပာထားသည္။ ဆိုလိုရင္းက ႐ုပ္ပုံပန္းခ်ီတစ္စုံစီကို ယြမ္၅,၀၀၀ ကုန္က်ပါလိမ့္မည္။

စစ္သူႀကီး အေယာက္ ၅၀ ဆို ၂၅၀,၀၀၀ က်လိမ့္မည္။ ထိုစစ္သူႀကီးမ်ားကို ၅ ယြမ္ျဖင့္ ေရာင္းခ်မည္ဆိုေသာေၾကာင့္ အရင္းျပန္ရဖို႔ ၁၀၀,၀၀၀ ေရာင္းရမွ ျဖစ္မည္။

သမုဒၵရာရဲတိုက္အတြက္ကေတာ့ ဇာတ္လမ္းအသစ္၊ ဆက္တင္အသစ္၊ ဇာတ္ေကာင္အသစ္၊ လက္နက္အသစ္... အားလုံးနီးပါးကို ကစားသမားမ်ားက အခမဲ့ေပးေနသလို ျဖစ္ေနပါသည္။ ေစ်းသတ္မွတ္ႏိုင္သည့္ တစ္ခုတည္းေသာအရာက ဆန္းၾကယ္လက္နက္အသစ္သာျဖစ္၏။ သို႔ေသာ္ ထိုလက္နက္ကလည္း လစဥ္အကန္႔အသတ္ျဖင့္ ေရာင္းခ်မွာပဲ ျဖစ္ပါသည္။

"ေဘာ့စ္ေဖး... ဒီလိုဆို... ကြၽန္ေတာ္တို႔ အရင္းျပန္မရေလာက္ဘူးေနာ္...." လုမင္လ်န္က သူ႕မွတ္စုစာအုပ္ထဲမွာ အျမန္တြက္ခ်က္ၾကည့္လိုက္ၿပီး စတင္စိတ္ပူပန္လာသည္။

ေဖးခ်မ့္ကေတာ့ တည္တည္ၿငိမ္ၿငိမ္ပဲ ေျပာလိုက္သည္။ "အဲ့လို မျဖစ္ပါဘူး။ မွတ္ထား။ ငါတို႔လူေတြအေပၚမွာ ႐ိုးသားရမယ္။ မင္းကစားသမားေတြကို စိတ္ရင္းနဲ႔ ဆက္ဆံတဲ့အခါ ကစားသမားေတြကလည္း အဲ့ဒီ႐ိုးသားမႈကို တန္ျပန္တတ္တယ္။ ၿပီးေတာ့လည္း ငါတို႔ ပိုက္ဆံျပန္မရလည္း ဘာျဖစ္လဲ။ ငါတို႔ကစားသမားေတြက ငါတို႔ကို ပိုက္ဆံေတြ ဒီေလာက္ေတာင္ ေပးၿပီးသြားၿပီ။ ငါတို႔ သူတို႔ကို ျပန္ၿပီး အေလ်ာ္ေပးရမွာေပါ့။”

လုမင္လ်န္က ေၾကာင္စီစီျဖင့္ မ်က္ေတာင္ခတ္လိုက္ပါသည္။ ေဘာ့စ္ေဖး၏ စကားလုံးမ်ားက မွန္သလိုလို႐ွိၿပီး သူ႕ကို အလင္းျပေပးလိုက္သလို ခံစားရပါသည္။

သို႔ေသာ္လည္း တစ္ခုခုေတာ့ လြဲေနသည္ဟုေတာ့ ခံစားမိေနဆဲ ျဖစ္၏။

"ဟုတ္ၿပီ။ အခ်ိန္က အေရးႀကီးတယ္။ တာဝန္ေတြကို ျမန္ျမန္ ခြဲေပးလိုက္ေတာ့။ ငါတို႔ အဲ့တာေတြကို ဇြန္လ ၁၈ ရက္ေန႔ မတိုင္ခင္ ၿပီးရမယ္ေနာ္။”

ေဖးခ်မ့္က ဇြန္လ ၁၈ ရက္ေန႔ကို Deadline အျဖစ္ ေ႐ြးခ်ယ္လိုက္ျခင္းမွာ ေနာက္ထပ္ ေငြစာရင္း႐ွင္းခ်ိန္ မေရာက္မွီ ေနာက္ဆုံး အလုပ္လုပ္ရမည့္ေန႔ ျဖစ္ေသာေၾကာင့္ ျဖစ္ပါသည္။ ၁၉ရက္နဲ႔ ၂၀ ရက္ေန႔က ပိတ္ရက္မ်ား ျဖစ္ၿပီး ေဖးခ်မ့္က ၂၁ မွ ၂၃ ရက္အတြင္းကို တစ္ခုခုျဖစ္ခဲ့သည္႐ွိေသာ္ လိုရမယ္ရ အခ်ိန္ပိုခ်န္ထားျခင္း ျဖစ္သည္။

၂၄ ရက္ေန႔မတိုင္ခင္ အလုပ္အားလုံးကို ၿပီးဆုံးေအာင္လုပ္ရၿပီး DLC မ်ားကိုလည္း အသစ္ျပန္လုပ္ရမည္။ မဟုတ္ပါက ေငြစာရင္း႐ွင္းခ်ိန္ကို ထိခိုက္ေစလိမ့္မည္။

ေဖးခ်မ့္က အစည္းအေဝးခန္းထဲမွ စိတ္ေပါ့ပါးစြာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ ထြက္သြားသည္။ လုမင္လ်န္္ကေတာ့ အသည္းအသန္ လုပ္ငန္းမ်ား ခြဲေဝေပးဖို႔ ျပင္ဆင္ပါသည္။

ဒီတစ္ေခါက္ အလုပ္တာဝန္မ်ားက အရင္တစ္ေခါက္ကထက္ မ်ားေသာ္လည္း အမ်ားစုက ပန္းခ်ီရင္းျမစ္မ်ားနဲ႔ ဆိုင္သည္။ သူတို႔နည္းနည္းေလာက္ ေလာေလာေလး လုပ္လိုက္ပါက ေပးထားသည့္ Deadline အတြင္း အားလုံးကို ၿပီးဆုံးေအာင္ လုပ္ႏိုင္လိမ့္မည္။

တစ္ခုတည္းေသာ ျပႆနာက သူတို႔ သုံးစြဲမည့္ေငြမွာ ေတာ္ေတာ္ေလး မ်ားျပားေနေသာေၾကာင့္ပင္။

ေမလ ၆ ရက္ေန႔ ၾကာသပေတးေန႔...

မာယန္နဲ႔ က်န္းယြမ္တို႔ ေဖးခ်မ့္၏ ႐ုံးခန္းဆီလာခဲ့ၿပီး သူတို႔ ေလ့လာထားသည့္ တည္ေနရာတခ်ိဳ႕ကို တင္ျပခဲ့ပါသည္။ မာယန္၏ လက္ပ္ေတာ့ကို ႐ုံးထဲက ပ႐ိုဂ်က္တာနဲ႔ ခ်ိတ္ဆက္ထားၿပီး တည္ေနရာမ်ား၏ အေသးစိတ္ကို ျပသေနပါသည္။

ဒီတစ္ေခါက္ က်န္းယြမ္က အလုပ္အမ်ားစုကို လုပ္ရသည္။ တည္ေနရာေကာင္းသည့္ ေနရာမ်ားကို ေ႐ြးခ်ယ္ရသည္။ မာယန္လည္း ႀကိဳးစားပါသည္။

ဆိုင္ခြဲအသစ္မ်ားဖြင့္ဖို႔အတြက္ ေဖးခ်မ့္က တည္ေနရာ ေ႐ြးခ်ယ္မႈ ၁၀ ခုကို ေတာင္းဆိုထားသည္။ အားလုံးကို ေတြ႕ၿပီးပါၿပီ။

ဒီတစ္ေခါက္ က်န္းယြမ္က အမ်ားႀကီး စိတ္႐ႈပ္ရ၏။

ဘာလို႔ ေဘာ့စ္ေဖးရဲ႕ တျခားပေရာဂ်က္ေတြက အရမ္းအဆင္ေျပေနၿပီး ယြီအင္တာနက္ကေဖးတစ္ခုတည္းကပဲ ကြက္ၿပီး အ႐ႈံးေပၚေနရတာလဲ။

႐ွက္ဖို႔ေကာင္းလိုက္တာ။

ၿပီးေတာ့ ေဘာ့စ္ေဖးက ငါတို႔ကို အရမ္းအထင္ႀကီးၿပီး ယုံၾကည္ထားတာ။ ငါတို႔ ဒီတစ္ေခါက္ တကယ္ႀကိဳးစားၿပီး အ႐ႈံးေတြကို အျမတ္အျဖစ္ ျပန္ေျပာင္းလဲရမယ္။

ဒီတစ္ေခါက္ ဆိုင္ခြဲမ်ားကို ဖြင့္လွစ္ျခင္းက အခြင့္အေရးေကာင္း ျဖစ္သည္။  က်န္းယြမ္၏ အျမင္အရ လက္႐ွိ အင္တာနက္ကေဖး ဆက္တိုက္ အ႐ႈံးေပၚေနရသည့္ အဓိကအေၾကာင္းအရင္းမွာ တည္ေနရာေၾကာင့္ ျဖစ္ႏိုင္ပါသည္။

အနီးအနားမွာ ႀကီးမားက်ယ္ျပန္႔သည့္ စီးပြားေရး ရပ္ကြက္လည္း မ႐ွိသလို အဆင့္ျမင့္ ႐ုံအးေဆာက္အဦးႀကီးမ်ားလည္း ႐ွိမေနပါ။ အဆင့္ျမင့္ အိမ္ရာႀကီးေတြနားမွာလည္း မဟုတ္ေပ။ ကီလိုမီတာဝန္းက်င္ အနည္းငယ္အတြင္း လူစည္ကားမႈနဲ႔ အားေပးသူ လုံလုံေလာက္ေလာက္ မ႐ွိဘဲ ဒီအဆင့္ျမင့္ အင္တာနက္ကေဖးႀကီးက ဘယ္လိုလုပ္ ေ႐ွ႕ဆက္ႏိုင္မည္နည္း။

သူေဌးေတြ အရက္ေသာက္ဖို႔ေလာက္နဲ႔ ဒီအထိ ကာေမာင္းလာၾကဖို႔ေတာ့ ေမွ်ာ္လင့္လို႔ မရဘူးမလား။

အမွန္ပင္။  တခ်ိဳ႕ အထင္ႀကီးစရာ ဘားမ်ားကေတာ့ ဒီလိုျဖစ္လာေအာင္ လုပ္ႏိုင္ၾကသည္။ သို႔ေသာ္လည္း ယြီအင္တာနက္ကေဖးက သာမန္ဘားမဟုတ္ဘဲ အင္တာနက္ကေဖး၊ ေကာ္ဖီအိမ္၊ စားေသာက္ဆိုင္၊ စာအုပ္ဆိုင္ စသျဖင့္ အကုန္ေရာစပ္ထားျခင္း ျဖစ္သည္။ ထူးထူးျခားျခား ေရာင္းအားေကာင္းႏိုင္မည့္အခ်က္မ႐ွိဘဲ လူေတြကို အေဝးႀကီးက လာေအာင္ မေခၚႏိုင္ပါ။ သိပ္မတန္ေပ။

ထို႔ေၾကာင့္ က်န္းယြမ္ စဥ္းစားေနတာၾကာၿပီျဖစ္ၿပီး တည္ေနရာေကာင္းေကာင္း႐ွာဖို႔ အမ်ားႀကီး အားထုတ္ခဲ့ပါသည္။ လူစည္ကားသည့္ စီးပြားေရးနယ္ေျမေတြထဲမွာပဲ ျဖစ္ရမည္။

"ေဘာ့စ္ေဖး ကြၽန္ေတာ္ ဒီေနရာ ၃ ေနရာကို ေထာက္ခံေပးခ်င္ပါတယ္။”

"ဒီတစ္ခုက ဟန္တုန္းတကၠသိုလ္ရဲ႕ ေတာင္ပိုင္း ဂိတ္ေပါက္နားမွာပါ။ ေယာက်္ားေလး အေဆာင္တခ်ိဳ႕နဲ႔ နီးၿပီး သူ႕ရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာလည္း အဆင့္ျမင့္အိမ္ရာတစ္ခု ႐ွိတယ္။”

"အင္တာနက္ကေဖးတခ်ိဳ႕ ႐ွိၿပီးသားဆိုေပမယ့္ လူေတြနဲ႔ အၿမဲစည္ကားေနတာပါ။ ကြၽန္ေတာ္တို႔ ယြီအင္တာနက္ကေဖးရဲ႕ ပတ္ဝန္းက်င္အေျခအေနက ေကာင္းမြန္ၿပီး ကြန္ပ်ဴတာေတြကလည္း အဆင့္ျမင့္ေတြပဲမလို႔ ေသခ်ာေပါက္ ဂိမ္းကစားရတဲ့ ပတ္ဝန္းက်င္ကို ေၾကးမ်ားတတ္တဲ့ တကၠသိုလ္ေက်ာင္းသားေတြကို ဆြဲေဆာင္ႏိုင္မွာပါ။ ေငြျဖဳန္းႏိုင္တဲ့ ဒုတိယမ်ိဳးဆက္သူေဌးသားေတြလည္း ပါတယ္။”

"ဒီေနရာက အစတုန္းက ေကာ္ဖီဆိုင္ပါ။ ကြၽန္ေတာ္တို႔ အင္တာနက္ကေဖးတည္ေဆာက္ပုံနဲ႔လည္း ကိုက္ညီမႈ႐ွိတယ္။ ေျမဧရိယာကလည္း မေသးဘူး။ ဒါ ကြၽန္ေတာ္ ပထမဆုံး ေထာက္ခံေပးခ်င္တဲ့ ေနရာပါပဲ။”

ေဖးခ်မ့္က ဘာမွမေျပာပါ။ ဒီေနရာကို သူ ေကာင္းေကာင္းသိသည္။ သူက ဟန္တုန္း တကၠသိုလ္မွာ ပညာသင္ေနတာျဖစ္ၿပီး လက္ေထာက္႐ွင္း ငွားေပးထားသည့္ တိုက္ခန္းကလည္း ဒီလမ္းမ်က္ႏွာခ်င္းဆိုင္မွာပဲ ျဖစ္သည္။

ထိုေနရာက အင္တာနက္ကေဖးမ်ားက အၿမဲတမ္း လူေတြနဲ႔ ျပည့္ၾကပ္ေနတတ္သည္။ က်န္းယြမ္ ေျပာတာ မွန္ပါသည္။

သို႔ေသာ္ ေဖးခ်မ့္ကေတာ့ ေသခ်ာေပါက္ ဒီေနရာကို ေ႐ြးမွာ မဟုတ္ေပ။ ဒီေနရာကိုသာ ေ႐ြးလိုက္ၿပီး သူတို႔ေငြေတြ ဝင္လာပါက ဘယ္သူ႕ကို အျပစ္တင္ရမည္နည္း။

ေဖးခ်မ့္ ဘာမွ မတုန္႔ျပန္တာကို ျမင္ေသာအခါ က်န္းယြမ္ ေနာက္တစ္ေနရာကိုသာ ဆက္လက္ ၫႊန္းေပးႏိုင္ေတာ့သည္။

"ဒီေနရာက က်င္းက်ိဳးၿမိဳ႕ရဲ႕ အႀကီးမားဆုံး ေ႐ွာ့ပင္းေမာလ္ႀကီးထဲက ပထမထပ္မွာပါ။ တစ္ခုတည္းေသာ အျပစ္က ငွားရမ္းခ အရမ္းေစ်းႀကီးတာပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ စုံစမ္းၾကည့္ၿပီးၿပီ။ ဒီေမာလ္ႀကီးထဲမွာ အနားယူၿပီး အပန္းေျဖလို႔ရတဲ့ ေနရာ မ်ားမ်ားစားစား မ႐ွိဘူး။ မိန္းမတို႔ ေကာင္မေလးတို႔ကို လိုက္ပို႔တဲ့ ေယာက်္ားေလးေတြ ပင္ပန္းတဲ့အခါ နားဖို႔ ေနရာ မ႐ွိပါဘူး။ အဲ့တာ စိတ္မေကာင္းစရာပဲ။”

"ကြၽန္ေတာ္တို႔ ဒီမွာ အင္တာနက္ကေဖးတစ္ခု ဖြင့္လိုက္ရင္ အဲ့ဒီေအာင္ျမင္တဲ့ မိန္းမေတြကို လိုက္ပို႔တဲ့ အဲ့ဒီေအာင္ျမင္တဲ့ ေယာက်္ားေတြ ပင္ပန္းတဲ့အခါ အင္တာနက္ေလးလာသုံး ေကာ္ဖီေလးလာေသာက္လို႔ရတယ္။ သူတို႔ သုံးစြဲႏိုင္စြမ္းကလည္း မေသးေလာက္ဘူး။”

"ဒီလူစည္ကားႏႈန္းကိုၾကည့္ျခင္းအားျဖင့္ ငွားရမ္းခက ျမင့္ရင္ေတာင္ ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ အျမတ္ရႏိုင္မွာပါ။”

ေဖးခ်မ့္က ဘာမွ မတုန္႔ျပန္ဆဲျဖစ္သည္။

က်န္းယြမ္က ပို၍ပင္ စိတ္ဖိစီးလာၿပီး တျခား ေနရာမ်ားကို ဆက္လက္ တင္ျပေပးပါသည္။ စာရင္းေအာက္သို႔ေရာက္လာေလေလ ေနရာမ်ားက ပိုပိုၿပီး ဆိုးလာေလေလျဖစ္သည္။

မတတ္ႏိုင္ပါ။ ေဖးခ်မ့္က ယြီအင္တာနက္ကေဖးကို က်င္းက်ိဳးၿမိဳ႕အတြင္းမွာသာ ဖြင့္ရမည္ဟု သတ္မွတ္ထားၿပီး ေတာင္းဆိုခ်က္ေတြလည္း အမ်ားႀကီး႐ွိေသာေၾကာင့္ ငွားမည့္ ဆိုင္ ဒီေလာက္ အမ်ားႀကီး က်န္းယြမ္႐ွာဖို႔ေတာင္ မလြယ္ကူခဲ့ပါ။

က်န္းယြမ္ ေနရာအားလုံးကို မိတ္ဆက္ေပးၿပီးေသာအခါ စိတ္မသက္သာစြာျဖင့္ ေဖးခ်မ့္ကို ၾကည့္လိုက္ပါသည္။ ေဘာ့စ္ေဖးက စကားတစ္ခြန္းေတာင္ မေျပာပါ။ ဒါ ဘာသေဘာလဲ။ သူ မေပ်ာ္တာလား။

ေဖးခ်မ့္က အသိအမွတ္ျပဳစြာ ေခါင္းၿငိမ့္လိုက္သည္။ "မဆိုးပါဘူး။ မင္းႀကိဳးစားခဲ့တာပဲ။”

က်န္းယြမ္က စိတ္သက္သာစြာ သက္ျပင္းခ်လိုက္မိပါသည္။

ေဖးခ်မ့္ မေပ်ာ္တာမဟုတ္ဘူးပဲ။ ေတာ္ေသးတာေပါ့။

ေဖးခ်မ့္က ပ႐ိုဂ်က္တာကို ၾကည့္လိုက္ၿပီး ခ်ီးက်ဴးလိုက္ပါသည္။ "မင္းတင္ျပတဲ့အထဲက ေနာက္ဆုံး ၄ ေနရာက မဆိုးဘူးလို႔ ထင္တယ္။”

ေနာက္ဆုံး ၄ ေနရာ ဟုတ္လား။

က်န္းယြမ္ မ်က္ႏွာျပင္ကိုၾကည့္လိုက္ၿပီး ေဘာ့စ္ေဖးကို ျပန္လွည့္ၾကည့္လိုက္သည္။ သူ ဘာမွ မတုန္႔ျပန္ႏိုင္ခဲ့ပါ။

ဒါေတြက... ေဘာ့စ္ေဖးရဲ႕ ၁၀ ေနရာျပည့္ရမယ္ဆိုတဲ့ ေတာင္းဆိုခ်က္ကို ျပည့္႐ုံသက္သက္ ထည့္ထားတဲ့ ဆိုင္ေတြေလ၊။

အခန္း(၁၄၀) ႐ွန္းယန္ဂိမ္းကုမၸဏီအား အနီးကပ္ ေလ့လာျခင္း

က်န္းယြမ္က သူတင္ျပထားသည့္ ပထမဆုံး ဆိုင္သုံးဆိုင္ကို အႀကိဳက္ဆုံး ျဖစ္ပါသည္။ ထိုသုံးဆိုင္သာဆို ေသခ်ာေပါက္ ဝင္ေငြေကာင္းႏိုင္မွန္း ယုံၾကည္ခ်က္႐ွိသည္။ စာရင္းေအာက္ဘက္႐ွိ ၄ ေနရာမွ ၆ ေနရာေလာက္ထိကလည္း သိပ္မဆိုးၾကေသးေပ။ အ႐ွံးေပၚႏိုင္ေသာ္လည္း အရမ္းႀကီး ဆိုးဝါးမွာေတာ့ မဟုတ္ေပ။

ေနာက္ဆုံး ၄ ေနရာကေတာ့ ယြီအင္တာနက္ကေဖး မူရင္းဆိုင္ထက္ပင္ တည္ေနရာ ပိုဆိုးၾကပါသည္။ ၁၀ ေနရာျပည့္႐ုံသာ ထည့္ထားသည့္ ေနရာမ်ား ျဖစ္သည္။

ဘာပဲျဖစ္ျဖစ္ ေဖးခ်မ့္က ၁၀ ေနရာ ျပည့္ရမည္ဟူေသာ ကန္႔သတ္ခ်က္ကို တိတိက်က် သတ္မွတ္ထားေသာေၾကာင့္ ျဖစ္၏။

က်န္းယြမ္က အနည္းငယ္ ဒုကၡမ်ားေနသည္။ ေနာက္ဆုံးေတာ့ ထုတ္ေျပာလိုက္ပါ၏။ "ေဘာ့စ္ေဖး ဒီ ၄ေနရာက မေကာင္းတာေတာ့ မဟုတ္ေပမယ့္ ပထမ ၃ ေနရာေလာက္ မသင့္ေတာ္ဘူးထင္တယ္...။”

က်န္းယြမ္က  ဒီ ၄ ေနရာကို တိုက္႐ိုက္ႀကီး မေကာင္းမေျပာပါ။ ဒါေတြက မာယန္ တင္ျပထားသည့္ စာရင္းထဲမွာ ပါေနသည္။ ဆိုင္ေတြက မေကာင္းဘူးဟု ေျပာလိုက္ပါက ကိုယ့္ေသတြင္းကိုယ္ တူးလိုက္တာနဲ႔ အတူတူပဲ မဟုတ္လား။

ဘာလို႔ မေကာင္းတဲ့ဆိုင္ေနရာ ၄ ခုကို အစကတည္းက ထည့္ထားတာလဲဟု ေဘာ့စ္ေဖး ေမးလာပါက သူတို႔ ဘယ္လိုျပန္ေျဖရမည္နည္း။ ထို႔ေၾကာင့္ က်န္းယြမ္က ေဘာ့စ္ေဖးကို ပထမ ၃ ဆိုင္က ပိုေကာင္းတယ္ဆိုတာ အရိပ္အႁမြက္ေပးဖို႔ သြယ္ဝိုက္ေသာ နည္းလမ္းကို အသုံးျပဳခဲ့ပါသည္။

ေဖးခ်မ့္က မတ္တပ္ရပ္လိုက္ၿပီး အားအင္ျပည့္ဝစြာျဖင့္ ပ႐ိုဂ်က္တာ မ်က္ႏွာျပင္ဆီ ေလွ်ာက္သြားၿပီး ထိုေနရာမ်ားကို အေသးစိတ္ ၾကည့္႐ႈလိုက္ပါသည္။ "ငါကေတာ့ ဒီေနရာ ၄ ခုက တကယ္မဆိုးဘူးလို႔ ထင္တယ္။”

"ယြီအင္တာနက္ကေဖးက လူေတြကို လာဖို႔ လြယ္ကူတဲ့ေနရာမဟုတ္ဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ေပးသင့္တယ္လို႔ ငါထင္တယ္။ သူတို႔ ေတြ႕လိုက္ရတဲ့အခ်ိန္မွာ မေမွ်ာ္လင့္ထားတဲ့ ေပ်ာ္႐ႊင္မႈမ်ိဳးကို လူေတြကို ခံစားေစခ်င္တာ။”

"လူစည္ကားေနတဲ့ ၿမိဳ႕ေနရပ္ကြက္ေတြမွာ ဆိုင္ခြဲေတြကို ဖြင့္ရမွာလား။ မဟုတ္ေသးဘူး။ အဲ့တာဆို အရမ္းဆူညံေနမွာေပါ့။ ငါတို႔ အင္တာနက္ကေဖးနဲ႔ ကိုက္ညီမႈ မ႐ွိဘူး။ ငါတို႔ အင္တာနက္ကေဖးရဲ႕ မုဒ္က တိတ္ဆိတ္ ေအးခ်မ္းတဲ့ မုဒ္ေလ။ အဲ့တာ ငါတို႔အစကတည္းက ဆုံးျဖတ္ထားတဲ့ သြင္ျပင္လကၡဏာပဲ မဟုတ္ဘူးလား။”

"ငါတို႔က ေဆးလိပ္ေသာက္တာကို တားျမစ္ထားၿပီး ကြန္ပ်ဴတာလည္း အလုံး ၅၀ ပဲ႐ွိတယ္။ ပုံျပင္စာအုပ္ေတြအမ်ားႀကီး႐ွိတယ္။ ၿပီးေတာ့ ညဘက္က်ရင္ ေဖ်ာ္ေျဖပြဲေတြပါ ႐ွိေသးတယ္။ ဆိုတဲ့သီခ်င္းေတြကေတာင္ ေရာ့ခ္သီခ်င္းေတြ မဟုတ္ဘူး၊ ႐ိုးရာေတးသီခ်င္းေတြ။ အကုန္လုံးက ငါတို႔ အင္တာနက္ကေဖးရဲ႕ မုဒ္ကို အေထာက္အကူျပဳေပးေနတာပဲ။”

"ငါတို႔ေတြ တျခားလူေတြလိုပဲ လူစည္ကားတဲ့ေနရာမွာ ဖြင့္လိုက္ရင္ ငါတို႔အင္တာနက္ကေဖးက ဗ႐ုသုကၡ အသီးအ႐ြက္ေစ်းလို ျဖစ္မသြားဘူးလား။ ငါတို႔ရဲ႕ လကၡဏာနဲ႔ လုံးဝ ကြာျခားေနၿပီး ထန္းတာ့ရဲ႕ ပုံရိပ္ကိုလည္း ထိခိုက္ေစတယ္။”

က်န္းယြမ္ ၾကက္ေသ ေသသြားသည္။

ထန္းတာ့ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတယ္လို႔ေတာ့ ေဘာ့စ္ေဖးက ေျပာလာတယ္လား။ ေဘာ့စ္ေဖး ငါ့အေပၚပုံခ်ေနတဲ့ တာဝန္ေတြကို ငါမယူႏိုင္ေတာ့ဘူး။

ေဖးခ်မ့္က ေနာက္ဆုံး ေနရာ ၄ ေနရာကို ၫႊန္ျပလိုက္ပါသည္။ "အဲ့ဒီေနရာေတြက ပိုေကာင္းတယ္။ တိတ္ဆိတ္တယ္။ ေအးခ်မ္းတယ္။ လူတစ္ေယာက္ရဲ႕ စိတ္ကို ႐ွင္းလင္းေစၿပီး ဘဝအေၾကာင္း သုံးသပ္ဖို႔ အထူးေကာင္းမြန္တဲ့ ေနရာေတြပဲ။”

က်န္းယြမ္က ပို၍ပင္ အံ့ၾသသြားပါသည္။ ဘာလို႔ ကတ္စတမ္မာေတြက ဘဝအေၾကာင္း သုံးသပ္ရမွာလဲ။ ကတ္စတမ္မာေတြကို ပိုက္ဆံပိုသုံးခ်င္စိတ္ေပၚေအာင္ လုပ္ရမွာ မဟုတ္ဘူလား။

ေဖးခ်မ့္က ဆက္ေျပာသည္။ "ၿပီးေတာ့လည္း ပိုအေရးႀကီးတာက ဒီတည္ေနရာ ၄ ခုရဲ႕ ေျမေနရာက ေတာ္ေတာ္ေလး ျပည့္စုံတယ္။ အရမ္းက်ယ္ၿပီး ငါတို႔ကတ္စတမ္မာေတြကို ေနရာပိုေပးႏိုင္တယ္။ ဒီလိုရသမ်ိဳးက အရမ္းအေရးႀကီးတာ။”

က်န္းယြမ္ ဆြံ႕အေနပါၿပီ။

ဒီေနရာ ၄ ခုရဲ႕ ေျမေနရာက က်ယ္တယ္ဟုတ္လား။ က်ယ္မွာေပါ့၊ အဲ့တာေတြက ေကာ္မာ႐ွယ္ရပ္ကြက္ေတြနဲ႔ နီးမွ မနီးတာ။ ၿပီးေတာ့ ေျမကလည္း ေစ်းေပါတယ္။ ေျမေနရာ က်ယ္တာ ပုံမွန္ပဲေပါ့။

က်န္းယြမ္က ထပ္ၿပီး ႐ွင္းလင္းျပဖို႔ ေတြးမိပါေသးသည္။ သို႔ေသာ္လည္း ေဖးခ်မ့္က သူ႕ထိုင္ခုံသူ ျပန္သြားပါၿပီ။ "ဒီတစ္ေခါက္ မင္းတို႔ ႏွစ္ေယာက္ အရမ္းေတာ္တယ္။ ဒါဆို ငါတို႔ အဲ့ဒီ ၄ ေနရာမွာ အေျခခ်ၾကတာေပါ့။”

ပါးစပ္ထဲက ထြက္လာခါနီး စကားလုံးမ်ားကို က်န္းယြမ္ ျပန္မ်ိဳသိပ္လိုက္ပါသည္။

"မင္းတို႔ျပန္ရင္ ဆိုင္ခြဲမန္ေနဂ်ာေတြကို ဘယ္ဆိုင္ခြဲကို စီမံခ်င္သလဲ ေ႐ြးခိုင္းလိုက္ဦး။ အမ်ားႀကီး ျပန္ျပဳျပင္ရမယ့္ ဆိုင္ေတြကို ဦးစားေပးမယ္။ သိပ္ၿပီး ေျပာင္းလဲစရာမလိုတဲ့ ဆိုင္ေတြကို ေနာက္ပို႔လိုက္။ ေငြလႊဲဖို႔ အခ်ိန္ေရာက္ၿပီဆိုရင္ လက္ေထာက္႐ွင္းကိုပဲ ဆက္သြယ္လိုက္။”

ထိုဆိုင္ခြဲ ၄ ခု၏ တည္ေနရာမ်ားက လက္႐ွိ မူရင္းဆိုင္ထက္ ပို၍ပင္ လူသူကင္းမဲ့သျဖင့္ ငွားရမ္းခမ်ားက ေသခ်ာေပါက္ ပိုေစ်းေပါလိမ့္မည္။

သို႔ေသာ္ ေဖးခ်မ့္မွာလည္း ေလာေလာဆယ္ လက္ထဲမွာ ေငြအမ်ားႀကီး မ႐ွိေသးပါ။ အမ်ားဆုံး ဆိုင္ ၂ ဆိုင္ေလာက္သာ အရင္ဖြင့္ႏိုင္သည္။ လက္႐ွိ ဂိမ္းမ်ားထံမွ ဝင္ေငြတခ်ိဳ႕ကို ရၿပီးေနာက္ ထိုေငြမ်ားကို က်န္ ၂ဆိုင္ ဖြင့္ဖို႔ သုံးႏိုင္ပါသည္။

သို႔ေသာ္ ဒီကိစၥကိုလည္း ေလာဖို႔ မလိုအပ္ပါ။ ၂ လေလာက္ က်န္ေနပါေသးသည္။ ေနာက္ထပ္ ေငြစာရင္း႐ွင္းခ်ိန္ မတိုင္ခင္ တစ္ပတ္အလိုတြင္ အားလုံး ဖြင့္ႏိုင္ပါက အဆင္ေျပပါသည္။

က်န္းယြမ္က မာယန္ကို ေဘာ့စ္ေဖးအား ထပ္ၿပီး ေဖ်ာင္းဖ်ခ်င္ေသးလား ဟူသည့္သေဘာျဖင့္ လွမ္းၾကည့္လိုက္ပါသည္။

မာယန္က အရိပ္အကဲနားလည္သည့္ပုံစံျဖင့္ ေဖးခ်မ့္ေ႐ွ႕ကို ေလွ်ာက္သြားလိုက္ပါသည္။

"ဟုတ္ၿပီ ညီအစ္ကိုခ်မ့္။ ငါတို႔ ဒါေတြ သြားကိုင္တြယ္လိုက္ေတာ့မယ္။ ဘာမွ အလြဲအေခ်ာ္ မ႐ွိေစရဘူး။”

က်န္းယြမ္ "..."

ငါမင္းကို ၾကည့္တဲ့သေဘာက ဒါ မဟုတ္ဘူးကြာ။

သို႔ေသာ္လည္း မာယန္က ေျပာလိုက္ၿပီျဖစ္သျဖင့္ မာယန္႔ေနာက္ကလိုက္ၿပီး စိတ္ပ်က္လက္ပ်က္ ႐ုံးခန္းထဲက ထြက္သာထြက္လာႏိုင္ေတာ့သည္။

က်န္းယြမ္က သူ႕လက္ပ္ေတာ့ကို ဖက္ထားၿပီး စိတ္ထဲမွာလည္း စိတ္ဓာတ္က်ေနပါသည္။ ဒီကမ္းလွမ္းခ်က္မ်ားအတြက္ သူအလြန္ႀကိဳးစားခဲ့သည္။ ေနရာတိုင္းဆီကို သြားေရာက္ၿပီး ေသေသခ်ာခ်ာ တြက္ခ်က္မႈမ်ား ေဆာင္႐ြက္ခဲ့၏။ ပထမ ၃ ေနရာကို သူထပ္ခါထပ္ခါ အတည္ျပဳထားၿပီး အျမတ္ရမွာ ေသခ်ာသေလာက္႐ွိသည္ဟုပင္ ဆိုႏိုင္ပါသည္။

ေနာက္ဆုံး ၄ ေနရာက ၁၀ ခုျပည့္႐ုံသာျဖစ္ၿပီး အမ်ားႀကီး အားမစိုက္ခဲ့ပါ။ ေနာက္ဆုံးေတာ့ ေဖးခ်မ့္က ေသခ်ာေတာင္ မၾကည့္ဘဲ ထိုေနရာ ၄ ေနရာကို ေ႐ြးခ်ယ္ခဲ့ပါသည္။

တကယ့္ကို... ေဒါသထြက္ဖို႔ေကာင္းပါသည္။

ဒီလိုဆုံးျဖတ္တာ တျခားေဘာ့စ္တစ္ေယာက္သာဆို က်န္းယြမ္ ထိုေဘာ့စ္ကို အားကိုးလို႔မရသည့္အတြက္ ဆဲဆိုေဝဖန္မိေလာက္သည္။

အမွန္ပင္။ က်န္းယြမ္က စိတ္ထဲမွာပဲ ေဝဖန္မွာ ျဖစ္သည္။ သူ အလုပ္မျပဳတ္ခ်င္ပါ။ ဒီလို လစာမ်ိဳး တျခားေနရာမွာလည္း မရႏိုင္ေပ။

သို႔ေသာ္လည္း ဒီဆုံးျဖတ္ခ်က္ခ်တာ ေဘာ့စ္ေဖးျဖစ္သျဖင့္ က်န္းယြမ္ ဘာမွ အၿငႇိဳးမထားေတာ့ပါ။ ေဘာ့စ္ေဖး၏ ရည္႐ြယ္ခ်က္မ်ားကို နားလည္ရေလာက္ေအာင္ သူ ဉာဏ္မေကာင္းဘူးဟုသာ ေျပာႏိုင္ပါေတာ့သည္။

ေဘာ့စ္ေဖးက တည္ေနရာ မေ႐ြးတတ္ဘဲ ေနပါ့မလား။

ေသခ်ာေပါက္ ေ႐ြးတတ္ပါသည္။ ဘာေၾကာင့္ အျမတ္ရမွာ ေသခ်ာသည့္ ေနရာေတြကို မေ႐ြးခဲ့တာလဲ ဆိုတာကေတာ့ ေဘာ့စ္ေဖးမွာ တျခား အေတြးေတြ႐ွိလို႔ ျဖစ္ႏိုင္သည္။

က်န္းယြမ္က ခဏေလာက္ စိတ္ဓာတ္က်သြားေသာ္လည္း ဆိုင္ခြဲသစ္မ်ားဖြင့္ဖို႔ ျပင္ဆင္ရန္နဲ႔ ငွားရမ္းခမ်ား ေဆြးေႏြးရန္ မာယန္နဲ႔ လိုက္သြားရင္း အေတြးမ်ားကို ထုတ္ပစ္လိုက္ပါေတာ့သည္။

ေဖးခ်မ့္က ေ႐ြးခ်ယ္လိုက္သည့္ ေနရာမ်ားကို အလြန္အားရ ေက်နပ္မႈ ႐ွိပါသည္။ သူသာ ဒီတိုင္း ဆက္သြားပါက ထိုဆိုင္ခြဲမ်ားက မူလဆိုင္ထက္ပင္ ပိုၿပီး အ႐ႈံးေပၚႏိုင္ပါသည္။ ျဖစ္ႏိုင္သည္။ မူရင္းဆိုင္အေနျဖင့္ ပထမဆုံး တည္ေနရာက ေရာင္းအား အေကာင္းဆုံး ျဖစ္ရမည္။ မဟုတ္ပါက မူရင္းဆိုင္ဟုေခၚႏိုင္မွာ မဟုတ္ေပ။

အပန္းေျဖကာ လက္ဖက္ရည္ ခဏေလာက္ ေသာက္ၿပီးေနာက္ လက္ေထာက္႐ွင္းက တံခါးေခါက္ၿပီး ဝင္လာပါသည္။ "ေဘာ့စ္ေဖး ႐ွန္းယန္ဂိမ္းကုမၸဏီနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္တခ်ိဳ႕ ရလာပါတယ္။ ေဘာ့စ္ေဖး စစ္ၾကည့္ခ်င္လား။”

ေဖးခ်မ့္ ခ်က္ခ်င္း စိတ္အားထက္သန္သြား၏။ "ၾကည့္မယ္။”

ေဖးခ်မ့္က လတ္တေလာ ဒါကို အာ႐ုံအစိုက္ထားဆုံး ျဖစ္ပါသည္။ ႐ွန္းယန္ဂိမ္းကုမၸဏီကို သူသာ ဝယ္ႏိုင္လိုက္ပါက ယြီအင္တာနက္ကေဖး ၿပီးေနာက္ ဒုတိယ တည္ၿမဲသည့္ အ႐ႈံးရင္းျမစ္တစ္ခု ရလာပါလိမ့္မည္။ အခ်ိန္အၾကာႀကီး အက်ိဳးေက်းဇူးျပဳေနမည့္အရာမ်ိဳး ျဖစ္၏။

လက္ေထာက္႐ွင္းက ဖိုင္တြဲတစ္ခုကို ေဖးခ်မ့္အား ေပးလိုက္သည္။ ေဖးခ်မ့္က ဖတ္ေနကာ လက္ေထာက္႐ွင္းက စတင္႐ွင္းျပပါသည္။

"႐ွန္းယန္ဂိမ္းက ဝန္ထမ္း ၅၂ ေယာက္႐ွိတဲ့ ပ႐ိုက္ဗိတ္ ကုမၸဏီတစ္ခုပါ။ လက္႐ွိ ႐ွန္းယြမ္ဂိမ္းကုမၸဏီမွာ ဂိမ္းႏွစ္ခု႐ွိတယ္။ တစ္ခုက Romantic Taoist လို႔ ေခၚပါတယ္။ စီးပြားေရး ဂိမ္းတစ္ခုပါ။ ေနာက္တစ္ခကေတာ့ Bloody Battle Song လို႔ ေခၚတယ္။ Web နဲ႔ ကစားရတဲ့ စစ္ဂိမ္းတစ္ခုပါ။”

ထိုဂိမ္းနာမည္မ်ားကို ၾကားေသာအခါ ေဖးခ်မ့္ အသိအမွတ္ျပဳစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ ဂိမ္းစုတ္ေတြ ဖန္တီးဖို႔ဆိုတာ ေကာင္းခ်ီးနဲ႔ အထုံပါရမီေတြ လိုအပ္ေသးတာပဲ။

ဒီဂီမ္းနာမည္ကို ၾကည့္လိုက္ပါဦး။ Romantic Taoist တဲ့။ ဂိမ္းနာမည္ကိုက မသင့္ေတာ္ေပ။ ဒိလိုနာမည္နဲ႔ ဂိမ္းမ်ိဳးသာ ေရပန္းစားလာၿပီး ေရာင္းအားေကာင္းလာပါက ကမ႓ာႀကီးထဲက အႀကီးမားဆုံး ဟာသႀကီး ျဖစ္သြားလိမ့္မည္။ ဒါက အေတာ္ေလး ဒြိဟျဖစ္ေစသည့္ နာမည္ျဖစ္တာကို ေဖးခ်မ့္ သိေသာ္လည္း ဒီဂိမ္းက ဘယ္လိုဂိမ္းလဲ သိခ်င္ပါေသးသည္။

"Romantic Taoist က ေလာေလာဆယ္ ရပ္နားထားပါတယ္။ ဝင္ေငြက ယြမ္ ၅၀,၀၀၀ ေအာက္ နည္းေနတာ တာ္ေတာ္ၾကာၿပီ။ တစ္ဖက္မွာ Bloody Battle Song ကေတာ့ ႐ွန္းယန္ဂိမ္းကုမၸဏီရဲ႕ အဓိကဝင္ေငြလမ္းေၾကာင္းပါပဲ။ ဒါေပမယ့္ ဂိမ္းထဲက တခ်ိဳ႕ေျပာင္းလဲမႈေတြေၾကာင့္ ေျဗာင္းဆန္သြားၿပီး သူ႕ဝင္ေငြလည္း ေတာ္ေတာ္ေလးကို က်ဆင္းသြားပါတယ္။”

ေဖးခ်မ့္က ဒီေျဗာင္းဆန္မႈအေၾကာင္း သိပါသည္။ မာယိခြၽမ္ ေျပာဖူးသည္။

Bloody Battle Song က အစ္ကိုႀကီးလ်ိဳ႕က ဓားတစ္လက္ကို ၈၈၈ ယြမ္နဲ႔ ေရာင္းခ်လိုက္ၿပီး ကုမၸဏီ ကစားသမားမ်ား ပက္စက္စြာ ေဝဖန္တာကို ခံခဲ့ရသည့္ ဂိမ္းျဖစ္ေလာက္သည္။

မဆိုးပါဘူး။ ဒါေတြက သိမ္းပိုက္လို႔ ေကာင္းမယ့္ အခြင့္အေရးေတြပဲ။

လက္ေထာက္႐ွင္းက ဆက္ေျပာလိုက္သည္။ "အၾကမ္းဖ်င္း ခန္႔မွန္းခ်က္အရ ႐ွန္းယန္ဂိမ္းကုမၸဏီရဲ႕ ငွားရမ္းခက တစ္လကို ၁၅၀,၀၀၀ ျဖစ္ၿပီးေတာ့ လစာေတြက တစ္လကို ၂၀၀,၀၀၀ ေလာက္ ႐ွိတယ္။ လက္႐ွိမွာ ဒီလိုဆက္ၿပီး ထိန္းသိမ္းထားဖို႔ေတာင္ အရမ္းခက္ခဲေနၿပီ။ ဒီလ လစာေတာင္ ေပးဖို႔ မ႐ွိေတာ့ဘူးလို႔ ေကာလဟာလေတြေတာင္ ထြက္ေပၚေနပါတယ္။”

ထန္းတာ့ထက္ ဝန္ထမ္း ပိုမ်ားေပမယ့္ အဲ့ဒီကုမၸဏီထဲမွာ ရာထူးေတြကမ်ားၿပီး ပ်မ္းမွ်လစာကလည္း နည္းပါတယ္။။ အဲ့တာေၾကာင့္ ကုမၸဏီေနရာ ငွားရမ္းခနဲ႔ လစာေတြက ထန္းတာ့ထက္ အမ်ားႀကီး ပိုနည္းတယ္။”

ေဖးခ်မ့္က ဒါကို စိတ္မဝင္စားပါ။ သူ သိမ္းပိုက္ၿပီးတာနဲ႔ အေျခအေနကို ျဖည္းျဖည္းခ်င္း ေျပာင္းလဲႏိုင္သည္။ အက်ိဳးအျမတ္မ်ား ရလာႏိုင္သည့္ ပုံးကြယ္ေနေသာ ဒုကၡအိုးမ်ား မ႐ွိပါက အားလုံး အဆင္ေျပပါသည္။

Continue Reading

You'll Also Like

237K 31.3K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
47.5K 3.7K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
404K 78.3K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
14.8K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant