သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-137/138

198 15 0
By Miracle_Phyu97

ဖေးချမ့် 137+138

အခန်း(၁၃၇) ဆိုင်ခွဲမန်နေဂျာအသစ်များ ရွေးချယ်ခြင်း

ဖေးချမ့်က လက်ထောက်ရှင်းကို ခေါ်လိုက်သည်။ ယွီအင်တာနက်ကဖေးကို လိုက်ပို့ခိုင်းလိုက်၏။ လမ်းတွင် ဖေးချမ့်က ရှန်းယန်ဂိမ်း၏ အခြေအနေအကြောင်း အသေးစိတ် ရှင်းပြလိုက်သည်။

"အားလပ်ရက်တွေပြီးရင် ရှန်းယန်ဂိမ်းကုမ္ပဏီကို စုံစမ်းဖို့ အချိန်ယူပြီး ကျွန်တော့်အကြောင်း ရှင်းပြလိုက်ပါ။ တချို့အချက်အလက်တွေကိုတော့ သူတို့ဘော့စ်ကို ပြောပြလို့ရတယ်။ ကျွန်တော်က သူတို့ကုမ္ပဏီကို ဝယ်ဖို့ စိတ်ဝင်စားတယ်လို့ ပြောလိုက်။”

သူတို့အကြောင်းကို စတင်စုံစမ်းတာနဲ့ သူတို့ ကုမ္ပဏီကို ဖြိုခွဲလိုက်မှာ ဖေးချမ့် စိတ်ပူပါသည်။ ဒီလိုသာဖြစ်လာလျှင် ဝန်ထမ်းများကို တစ်ယောက်ချင်း ပြန်ရှာနေရဦးမည်။ ဒီလိုသာဆို တော်တော် ဒုက္ခများနိုင်ပါသည်။

မှန်ကွဲတစ်ချပ်ကတော့ အက်ကွဲကြောင်းများ ရှိနေပါလိမ့်မည်။ အဆိုပါလုပ်ငန်းကို သူသိမ်းပိုက်ချင်ပါက တစ်ခုလုံးကို သိမ်းပိုက်ရမည်။

ထို့ကြောင့်လည်း ရှန်းယန်ဂိမ်း၏ ဘော့စ်ကြီးကို အချက်အလက်တချို့ ပြောပြဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူက ဒီလုပ်ငန်းကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ဖြစ်၏။ ဒါဆို သူ့ကို ရှန်သန်ဖို့ မျှော်လင့်ချက်ပေးလိုက်သလို ဖြစ်မည်။ ဒါမှ ကုမ္ပဏီကို အလွန်လျင်မြန်စွာ မဖြိုခွဲလိုက်မှာ ဖြစ်ပါသည်။

လက်ထောက်ရှင်းက ကားမောင်းနေ၏။ သူမ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ဒါပေမယ့် ကျွန်မ နားလည်သလောက်တော့ အဲ့ကုမ္ပဏီက အတော်အခြေအနေဆိုးနေတဲ့ ကုမ္ပဏီ ထင်တယ်နော်။”

လက်ထောက်ရှင်းက အလွန်ဗျူဟာကြွယ်၏။

"အခု လက်ရှိအခြေအနေကို စိတ်မဝင်စားဘူး ရေရှည်အတွက်ပဲ ကြည့်တာပါ။” ဖေးချမ့်က ယုံကြည်ချက်ပြည့်ဝစွာ ဖြေလိုက်ပါသည်။

"ဟုတ်ကဲ့ ဘော့စ်ဖေးရဲ့ အမြော်အမြင်ကို ကျွန်မယုံကြည်ပါတယ်။” လက်ထောက်ရှင်းက ပြန်ဖြေလိုက်ပါသည်။ "သူတို့အကြောင်း စုံစမ်းဖို့ အချိန်ဘယ်လောက်ပေးချင်လဲ။ အချိန်များများရလေလေ ကျွန်မ ပိုနားလည်လေလေဖြစ်မှာမို့လို့ပါ။ ဆွေးနွေးတဲ့အခါကျရင် ကျွန်မတို့ အားသာချက် ပိုရနိုင်တယ်။”

လက်ထောက်ရှင်းက ခဏလောက် ရပ်တန့်သွားပြီး ထပ်ပြောလိုက်ပါသည်။ "ပြီးတော့လည်း လောလောဆယ် သူတို့ အရှုံးပေါ်နေတဲ့ပုံပဲ။ ကျွန်မတို့ ဝယ်ယူမှုကိုလောလောဆယ် ခဏ ရွှေ့ဆိုင်းထားလို့ရတယ်။ အဲ့တာဆို စျေးကို နှိမ်ဖို့ ပိုလွယ်သွားလိမ့်မယ်။”

စျေးနှိမ်မယ်ဟုတ်လား။

ဘာလို့စျေးနှိမ်မှာလဲ။ စျေးကြီးလေ ကောင်းလေပဲ။

ဖေးချမ့်ချင်ချင်း ခေါင်းခါလိုက်ပါသည်။ "ကျွန်တော်တို့ ဒီကိစ္စကို တမင်တကာ အချိန်ထပ်မဆွဲသင့်တော့ဘူး။ တတ်နိုင်သမျှ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ပါ။”

"ဂိမ်းလောကထဲက ပြိုင်ဆိုင်မှုတွေက အမြဲတမ်း ပြင်းထန်နေတာ။ စျေးနှိမ်ဖို့အတွက်နဲ့ အချိန်ဆွဲတာထက်စာရင် အမြန်အပိုင်သိမ်းပြီး သူ့ရဲ့လည်ပတ်မှုတွေကို စုံစမ်းလိုက်တာ ပိုကောင်းမယ်။ ကျွန်တော်တို့ ဒီလိုအသေးအဖွဲကိစ္စတွေကြောင့် ပိုကြီးတဲ့ ပန်းတိုင်တွေကို မမြင်လို့ မဖြစ်ဘူး။”

"ကောင်းပါပြီ" လက်ထောက်ရှင်းက ထပ်မေးသည်။ "ဒါဆို ကျွန်မတို့ ကုမ္ပဏီတစ်ခုလုံးကို ဝယ်မှာလား ဒါမှမဟုတ်...။”

ကုမ္ပဏီများကို နည်းလမ်းပေါင်းစုံဖြင့် ဝယ်ယူနိုင်သည်။ တစ်ခုက မူလဝန်ထမ်းများ မပါဘဲ ကုမ္ပဏီအခွံသက်သက်ကို ဝယ်ယူခြင်း ဖြစ်၏။ ကုမ္ပဏီပိုင်ဂိမ်းများ၏ IP မူပိုင်ခွင့်များအတွက်သာ ဖြစ်သည်။ နောက်တစ်ခုက ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူဖို့ ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်တစ်ယောက်ကို ထုတ်ပယ်ခြင်း၊ လူသားရင်းမြစ်စနစ်ကို ပြောင်းလဲခြင်း စသဖြင့် ၎င်း၏ တည်ဆောက်ပုံကို ပြောင်းလဲနိုင်သည်။

ဒီတစ်ခေါက် ကုမ္ပဏီကို ဘယ်လိုနည်းလမ်းနဲ့ ဝယ်ယူချင်တာလဲဆိုတာကတော့ ဖေးချမ့်ဘာကြောင့် ရှန်းယန်ဂိမ်းကို စိတ်ဝင်စားတာလဲ ဆိုသည့်အပေါ်မှာ မူတည်ပါသည်။ ဒါဆို လက်ထောက်ရှင်း စျေးနှုန်းညှိနှိုင်းရတာာ ပိုလွယ်ကူပါသည်။

ဖေးချမ့်က ရှန်းယန်ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်နေသည့် ဝန်ထမ်းများကို စိတ်မဝင်စားပါ။ ကုမ္ပဏီလက်အောက်က ဂိမ်းတစ်ခုကိုမှလည်း စိတ်မဝင်စားပေ။ သူစိတ်ဝင်စားတာက ရှန်းယန်ဂိမ်းများ၏ အရှုံးပေါ်နိုင်သည့် အလားအလာကို ဖြစ်သည်။

ထို့ကြောင့် ဖေးချမ့်က ရှန်းယန်ဂိမ်းကုမ္ပဏီကို သူ့ရှိသည့်အတိုင်း အားလုံးဝယ်ယူပါမည်။ ဒါမှ 'မူလအနှစ်သာရ' ကိုဆက်ပြီးထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ဖေးချမ့်က ချက်ချင်း ပြန်ဖြေလိုက်၏။ "တစ်ခုလုံးကို ဝယ်လိုက်။ မူလ တည်ဆောက်ပုံကို ဘာမှ မပြောင်းလဲနဲ့။”

"ကောင်းပါပြီ ဘော့စ်ဖေး ကျွန်မ နားလည်ပါပြီ" သူမဘော့စ်၏ ရည်ရွယ်ချက်များကို နားလည်သွားသောအခါ လက်ထောက်ရှင်း မေးခွန်း ထပ်မမေးတော့ပါ။

ဒါက ကျိုးကြောင်းသင့်လျော်သည့် ဝယ်ယူမှုတော့ မဟုတ်လှပါ။ အဘယ့်ကြောင့်ဆိုသော် ရှန်းယန်ဂိမ်းကုမ္ပဏီထဲက ဘာကမှ ဝယ်ယူဖို့ မတန်သောကြောင့် ဖြစ်သည်။ ဖေးချမ့်သာ ပါရမီရှင်တစ်ယောက်ယောက်ကို ခေါ်ယူချင်တာဆို ထန်းတာ့ဆီ တိုက်ရိုက်ခေါ်လိုက်တာက ပိုမရှင်းသွားဘူးလား။

ဒါတောင် ဖေးချမ့်က အပြည့်အဝ ဝယ်ယူဖို့ စဥ်းစားနေတယ်တဲ့လား။

ကျိုးကြောင့်သင့်လျော်မှု မရှိပေ။

သို့သော်လည်း လက်ထောက်ရှင်းက မေးခွန်း ထပ်မထုတ်တော့ပါ။ ဒါ သူမအလုပ်ပဲ ဖြစ်သည်။ သူမဘော့စ် ညွှန်ကြားသည့်အရာများကို အတည်တကျ လုပ်ရမည်။ အဖြေများကို သိဖို့ မလိုအပ်ပါက မေးခွန်းများ မမေးသင့်ပါ။

ထို့အပြင် ဘော့စ်ဖေးမှာလည်း ဒီလိုစီစဥ်ရသည့် ကိုယ်ပိုင် အကြောင်းအရင်း ရှိပေလိမ့်မည်။ ရှန်းယန်ဂိမ်းကုမ္ပဏီမှာ တန်ဖိုး တစ်ခုခုကိုတွေ့မိလို့ ဖြစ်နိုင်သည်။

အလုပ်သမားနေ့ပိတ်ရက်ရှည်ကြီးကို ရောက်လာပြီဖြစ်သဖြင့် ကျင်းကျိုးမြို့မှာ လူစည်ကားနေပါသည်။ ယွီအင်တာနက်ကဖေးကိုရောက်ဖို့ သူတို့ပုံမှန်အချိန်ထက် ပို၍ ကြာမြင့်သွား၏။ ဖေးချမ့်က ကားထဲကထွက်လာပြီး အင်တာနက်ကဖေးထဲ ဝင်သွားပါသည်။

အင်း... ပုံမှန်အတိုင်း  တိတ်ဆိတ်ခြောက်ကပ်နေတာပဲ။ တော်သေးတာပေါ့။

အခုချိန်ထိ ယွီအင်တာနက်ကဖေးတွင် တချို့ ဖောက်သည်တွေတော့ ရှိနေပါသည်။ ထိုလူတွေက စျေးနှုန်းကို စိတ်မဝင်စားသည့် သူဌေးများ ဖြစ်ကြသည်။ သူတို့လာရတာ ပျော်သည်။ အင်တာနက်သုံးရင်း ကော်ဖီလေးသောက်ရင်း တချို့ဆို သူတို့ဧည့်သည်များကိုတောင် ဒီခေါ်လာပြီး ဧည့်ခံတတ်ပါသေးသည်။

တစ်ခါတစ်လေ သူငယ်ချင်းတစ်အုပ်စုလုံး ဒီကိုလာပြီး ဂိမ်းကစားတတ်သေးသည်။ ဘာပဲဖြစ်ဖြစ် ဒီက ပတ်ဝန်းကျင်အခြေအနေနဲ့ ဝန်ဆောင်မှုများက ကောင်းမွန်သည် မဟုတ်လား။ လူတွေလည်း အလွန်နည်းပါသည်။ ထိုသူဌေးများအတွက် ဒီလိုပတ်ဝန်းကျင်ကောင်းမှာ ဂိမ်းကစားရဖို့ ပိုက်ဆံသုံးရတာ တန်ပါသည်။

ဒီလိုဆိုရင်တောင် ယွီအင်တာနက်ကဖေးက အရင်းတောင် ပြန်မရသေးပါ။ ပတ်ဝန်းကျင်မှာ သူဌေးတွေ နည်းလွန်းသောကြောင့်ပင်။

ကဖေးက စျေးရပ်ကွက်နဲ့ တစ်လမ်းကျော်လောက်မှာ ရှိနေသည်။ လူတွေကို ဒီနေရာသို့ ညွှန်ကြားပေးသည့် ဧရာမ ဆိုင်းဘုတ်ကြီးများလည်း မရှိ၊  အဆင့်မြင့် အိမ်ရာကြီးများလည်း အနားမှာ မရှိပါ။ ကဖေး၏ တည်နေရာနဲ့ စျေးနှုန်းကြောင့် သူဌေးအုပ်စုငယ်တစ်စုသာ လာအားပေးနိုင်သည်။ သူတို့ရသည့် ပိုက်ဆံပမာဏက လုပ်ငန်းကို မလည်ပတ်နိုင်ပါ။

ထို့ကြောင့် ဖေးချမ့် လုံးဝ စိတ်မပူပေ။

ဖေးချမ့်ရောက်လာတာကို မြင်သောအခါ မာယန်နဲ့ ကျန်းယွမ်တို့ ချက်ချင်း ဧည့်ခံလိုက်ပါသည်။

"ဘော့စ်ဖေး ရောက်လာတာလား။ ဘာသောက်ချင်လဲ။” ကျန်းယွမ်က မေးလိုက်၏။

ဖေးချမ့်က မီနူးကိုကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "Margarita တစ်ခွက်။”

အင်တာနက်ကဖေးကို သူလှည့်ပတ်ကြည့်လိုက်သည်။ အင်တာနက်ဧရိယာထဲမှာကော ကော်ဖီဧရိယာထဲမှာကော ဖောက်သည် မရှိပါ။ ဒီနေ့ တစ်ဆိုင်လုံး တော်တော်လေး ခြောက်ကပ်နေပါသည်။

"ဒီနေ့ ကတ်စတမ်မာမရှိဘူးလား" ဖေးချမ့်က သာမန်အတိုင်း မေးလိုက်ပါသည်။

မာယန်က လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး ရှက်ရွံ့သည့်ပုံစံဖြင့် ပြောလိုက်ပါသည်။ "ဟုတ်တယ် ညီအစ်ကိုချမ့်။ ဒီနေ့ဘာဖြစ်တာလဲ မသိဘူး။ အားလပ်ရက်တွေကြောင့်လားတော့ မသိပါဘူး။”

ဒိနေ့မတိုင်ခင်က ဂိမ်းလာကစားသည့် ကတ်စတမ်မာတချို့တော့ရှိသေးသည်။ သို့သော်လည်း ဒီနေ့ကျမှ ကတ်စတမ်မာ တစ်ယောက်တစ်လေတောင် ရောက်မလာပါ။ အတော်လေး အဓိပ္ပာယ်မဲ့ပါသည်။

သို့သော် ဖေးချမ့်ကတော့ နည်းနည်းလေးမှ ဂရုမစိုက်ပေ။ တကယ်တော့ ပျော်တောင် ပျော်နေပါသေးသည်။

"အေးပါ ဆိုင်တံခါးသာ ပိတ်လိုက်တော့။ ငါတို့ ဒီနေ့ ကဖေးကို စောစောပိတ်ကြမယ်။ ကျန်းယွမ် ဒီက ငါတို့ ညီအစ်ကိုတွေအတွက်လည်း တစ်ခွက်စီ လုပ်ပေးလိုက်။ ကုမ္ပဏီက တိုက်တာ။ ဒီနေ့ ဘာအလုပ်မှမလုပ်ကြနဲ့။ အားလုံးပဲ လာထိုင်ကြ။”

ဖေးချမ့်က ကော်ဖီဧရိယာမှာ ထိုင်ရင်း အားလုံးကို လာဖို့ ခေါ်လိုက်ပါသည်။ စားပွဲထိုး တချို့က ချက်ချင်း လှုပ်ရှားကြသည် တချို့ကတော့ အထုတ်အပိုးများ ပြင်ဆင်ကြ၏။ တချို့က စားပွဲများ ထိုင်ခုံများကို စီရီနေသည်။ ကျန်းယွမ် သူတို့အားလုံးအတွက် ကော့တေးများ စဖျော်ပါသည်။

အလွန်လျင်မြန်စွာဖြင့် စားပွဲထိုးများနဲ့ စားဖိုမှူး ၃ ယောက် (အစကတော့ တစ်ယောက်တည်း ရှိသော်လည်း ထန်းတာ့ကို ဟင်းလျာများချက်ပြုတ်ပေးဖို့ စားဖိုမှူး ၂ ယောက် ထပ်မံ ခန့်အပ်ခဲ့သည်) အားလုံး ကော်ဖီနယ်မြေအတွင်းမှာ ထိုင်လိုက်ကြပါသည်။ သူတို့တစ်ယောက်ချင်းစီ၏ ရှေ့တွင် ကော့တေး တစ်ခွက် ရှိနေသည်။

ကျန်းယွမ်နဲ့ မာယန်တို့က ဖေးချမ့်၏ တစ်ဖက်တစ်ချက် ရှေ့တည့်တည့်တွင် ထိုင်လိုက်ကြပါသည်။ သူတို့အားလုံး သူ စကားပြောမှာကို စောင့်နေသည်။ ဖေးချမ့်က လည်ချောင်းရှင်းလိုက်ပြီး မုဒ်သွင်းလိုက်၏။

"နောက်လကစပြီး ယွီအင်တာနက်ကဖေးကို ဆိုင်ခွဲ ၄ ဆိုင် ထပ်ဖွင့်တော့မယ်။ ဒါပေမယ့် အစဥ်လိုက်ဖွင့်သွားမှာ။ တစ်ချီတည်းနဲ့ ငွေအကုန်မလောက်လို့။”

"ဆိုင်ခွဲတစ်ခု စီမံချင်တဲ့လူတိုင်း လက်ထောင်ကြ။”

အရှေ့က စားပွဲထိုး ၄ ယောက်က ချက်ချင်း လက်ထောင်လိုက်ပါသည်။ အနောက်မှာ ထိုင်နေသည့် စားဖိုမှူးတစ်ယောာက်ကလည်း ခဏလောက် တွန့်ဆုတ်သွားပြီး လက်ထောင်လိုက်ပါသည်။

ကျန်းယွမ်လည်း လက်ထောင်သည်။

ဖေးချမ့်က ကျန်းယွမ်ကို လက်ချခိုင်းလိုက်သည်။"မင်းက နောက်ပိုင်း မန်နေဂျာအဖြစ် ရာထူးတိုးခံရမှာ။ ဆိုင်ခွဲမန်နေဂျာတွေထက် ပိုဦးစားပေးခံရမယ်။ အဲ့တာကြောင့် လက်မထောင်နဲ့။”

ကျန်းယွမ်က ကျေနပ်သွားသည့်ပုံစံဖြင့် လက်ချလိုက်ပါသည်။ ဘာတွေ ဖြစ်နေတာလဲ။ အကြောင်းအရင်းမရှိဘဲ သူ ရာထူးတိုးခံလိုက်ရပါသည်။

ဖေးချမ့်က လက်ထောင်ထားသည့် လူ ၄ ယောက်ကို ကြည့်လိုက်ပါသည်။ "ဟုတ်ပြီ။ ဒါဆို မင်းတို့ ၅ ယောက်ပဲပေါ့။ ကျန်းယွမ် သူတို့နာမည်ကို မှတ်ထားလိုက်။ သူတို့ ၅ ယောက်က အင်တာနက်ကဖေးဆိုင်ခွဲအသစ်တွေအတွက် ဆိုင်ခွဲမန်နေဂျာ လုပ်လိမ့်မယ်။”

ဒီကဖေးအတွက် ဆိုင်ခွဲမန်နေဂျာက မာယန် ဖြစ်သည်။ သို့သော်လည်း ဆိုင်ခွဲများစွာကို ဖွင့်ပြီးနောက်ပိုင်း မာယန်နဲ့ ကျန်းယွမ်တို့ကို စီမံရေးအပိုင်းထဲ ရာထူးတိုးပေးမည်ဖြစ်သည်။ ထို့ကြောင့် ဒီဆိုင်ခွဲ၏ မန်နေဂျာ ရာထူးလည်း လစ်ဟာသွားပါလိမ့်မည်။

ထို့ကြောင့်ဖေးချမ့်က ဆိုင်ခွဲမန်နေဂျာ ၅ ယောက် ရွေးလိုက်ခြင်း ဖြစ်သည်။

အားလုံး ကြောင်စီစီ ဖြစ်သွားကြ၏။ နည်းနည်း မလောလွန်းဘူးလား။

လက်မထောင်ခဲ့သည့် တချို့ စားပွဲထိုးများက ရီဝေသွားကြပါသည်။ လခွမ်း။ ငါတို့သာ စောစောသိရင် လက်ထောင်လိုက်ပါတယ်။

အားလုံးက ဆိုင်ခွဲမန်နေဂျာရာထူးအတွက် အရည်အချင်း မပြည့်မှီမှာ ကြောက်ရွံ့နေကြသဖြင့် တွန့်ဆုတ်နေခဲ့ကြသည်။ စမ်းသပ်ချက်ပြီးမှ အရည်အချင်း မပြည့်မှီမှန်း သိလိုက်ရပါက ရှက်ဖို့ကောင်းပါသည်။

သို့သော်လည်း ဘာစမ်းသပ်ချက်မှ ရှိမနေပါ။

ဇဝေဇဝါအဖြစ်ဆုံးလူက လက်ထောင်လိုက်သည့် စားဖိုမှူးပင်။ ယုတ္တိရှိရှိပြောရလျှင် အင်တာနက်ကဖေးဆိုင်ခွဲများအတွက် ဆိုင်ခွဲမန်နေဂျာများ ရွေးချယ်ခြင်းက စားဖိုမှူးများနဲ့ ဘာမှမသက်ဆိုင်ပါ။ ရွေးချယ်သင့်သည့် လူများက အရှေ့က စားပွဲထိုးများ ဖြစ်သည်။

သို့သော်လည်း လက်ကို ယောင်ပြီး ထောင်လိုက်မိတာနဲ့ အရွေးခံလိုက်ရတာလား။ ထိုအချိန်တွင် စားဖိုမှူးတစ်ယောက်အဖြစ်မှ ဆိုင်ခွဲမန်နေဂျာတစ်ယောက်အဖြစ် ၁၈၀ ဒီဂရီ ပြောင်းလဲမှုကြီးကို သူလက်မခံနိုင်တော့ပေ။

မာယန်က ဖေးချမ့်က အင်္ကျီလက်ကို ဆွဲလိုက်ကာ တီးတိုးပြောလိုက်၏။ "ညီအစ်ကိုချမ့် အဆင်ပြေပါ့မလား။ ဒီတိုင်း ရိုးရိုးတန်းတန်း ဝန်ထမ်းခေါ်ကြရအောင်လား။”

ဖေးချမ့်က ခေါင်းခါလိုက်သည်။ "ဒါတွေက မင်းခန့်ထားတဲ့ ဝန်ထမ်းတွေပဲလေ။ ငါမင်းကလွဲပြီး ဘယ်သူ့ကိုမှ မယုံဘူး။”

မာယန်က ရှက်ရွံ့စွာ ပြုံးလိုက်၏။ "ဟုတ်သားပဲ။”

အခန်း(၁၃၈) အရှုံးပေါ်ချင်စိတ် ပိုပြင်းပြလာခြင်း

ဆိုင်ခွဲမန်နေဂျာသစ်များကို ရွေးချယ်ပြီးနောက် ဖေးချမ့် မာဘန်ဘက်သို့ လှည့်လိုက်သည်။ "မာကြီးနဲ့ ကျန်းယွမ် ငါဆိုင်ခွဲတွေ ဖွင့်တာနဲ့ ဒီဆိုင်ခွဲက အခရာဆိုင် ဖြစ်လာမှာ။ မင်းတို့နှစ်ယောက်စလုံး အင်တာနက်ကဖေးတွေကို စီမံဖို့ အရမ်းကြိုးစားဖို့ မလိုပါဘူး။”

"ကျန်းယွမ် နောက်ပိုင်း မင်းက ကျင်းကျိုးမြို့က ယွီအင်တာနက်ကဖေးတွေအတွက် ဒေသဆိုင်ရာမန်နေဂျာ ဖြစ်လာမယ်။ ဒီက အင်တာနက်ကဖေးတွေ အကုန်လုံးကို မင်းတာဝန်ယူရမယ်။ မာယန် မင်းကတော့ ယွီအင်တာနက်ကဖေးအားလုံးရဲ့ အထွေထွေမန်နေဂျာပေါ့။ မင်းက အရင်တုန်းကအတိုင်းပဲ ဆောင်ရွက်ရမယ်။ ငါမေးတာဖြေပြီး ငါ့ဆီ တိုက်ရိုက်တင်ပြပေးဖို့ပဲ။”

"ငါရွေးလိုက်တဲ့ ဆိုင်ခွဲမန်နေဂျာတွေထဲမှာ မင်းတို့ သဘောအကျဆုံး မန်နေဂျာကို ရွေးလိုက်။ သူက ဒီအင်တာနက်ကဖေးရဲ့ ဆိုင်ခွဲမန်နေဂျာ လုပ်ရမယ်။ ဒီကဖေးက ငါတို့ရဲ့ ပထမဆုံး ယွီအင်တာနက်ကဖေးမို့လို့ အဓိပ္ပာယ်တစ်ခု ရှိတယ်။ အခုကစပြီ ငါတို့ရဲ့ အခရာဆိုင်လည်း ဖြစ်လိမ့်မယ်။”

"ဆိုင်ခွဲမန်နေဂျာအဖြစ် အရွေးချယ်မခံရတဲ့ တခြား ညီအစ်ကိုတွေကလည်း မစိုးရိမ်ပါနဲ့။ နောက်ပိုင်း ယွီအင်တာနက်ကဖေး ဆိုင်ခွဲတွေ ထပ်ဖွင့်တဲ့အခါ ငါတို့နဲ့ အချိန်အကြာဆုံး အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတွေထဲကပဲ ဆိုင်ခွဲမန်နေဂျာတွေအဖြစ် ရွေးချယ်သွားမယ်။”

"မင်းတို့တွေ ရာထူးတိုးခံရပြီး လစ်ဟာသွားမယ့် နေရာတွေအတွက်လည်း ကျေးဇူးပြုပြီး အမြန်ဆုံး လူတွေပြန်ခန့်အပ်ပြီး ပြန်ဖြည့်ပါ။”

"မာယန်နဲ့ ကျန်းယွမ် အားလပ်ရက်တွေ ပြီးတဲ့အခါကျရင် မင်းတို့နှစ်ယောက်စလုံးကို ဆန်းစစ်လေ့လာဖို့အတွက် ၁ ပတ် အချိန်ပေးမယ်။ သင့်တော်တဲ့ တည်နေရာ ၁၀ ခုကို ရွေးချယ်ပြီး အကောင်းဆုံး ၄ ခုကို ပြန်ရွေးလိုက်။ အဲ့နေရာ ၄ နေရာမှာ ဆိုင်ခွဲတွေ ဖွင့်ကြမယ်။”

"တည်နေရာရွေးချယ်မှု၊ ပြန်လည်ပြုပြင်မှုနဲ့ ဆိုင်ခန်းအလှဆင်မှုတွေကို... ဒီကဖေးအတွက် လုပ်ခဲ့သလိုပဲ အကုန်လုံးကို အတိအကျလုပ်။ နားလည်လား။”

မာယန်က ရင်ဘတ်ကို ထုလိုက်ပြီး ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့ ညီအစ်ကိုချမ့် အားလုံး ငါ့တာဝန်သာထား"

အားလုံး စိတ်လှုပ်ရှားနေသည့်ပုံပင်။ ဘော့စ်ဖေးက အလကား စကားသက်သက် ပြောနေတာ မဟုတ်ပါ။ သူအရင်တုန်းက ပြောခဲ့သမျှက အကုန် အမှန်ဖြစ်လာသည်။ အလင်း၏ မြန်နှုန်းဖြင့် အားလုံးအမှန်ဖြစ်လာခဲ့သည်။

တချို့ဘော့စ်များက အပေါ်ယံ ကတိများ ပေးတာ တော်သည်။ သူတို့လုပ်မည်ပြောသည့် အရာများက အကြောင်းပြချက်တချို့ကြောင့် ဆက်တိုက် နှောင့်နှေးလေ့ ရှိသည်။ သို့သော်လည်း ဘော့စ်ဖေးကတော့ ခြားနားပါသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်လောက်ကမှ ဆိုင်ခွဲအသစ်တချို့ ထပ်ဖွင့်မည်ဟု ပြောခဲ့သည်။ ချက်ချင်းပဲ ထိုနေ့သို့ ရောက်လာခဲ့ပါပြီ။

သူတို့ သိပ်မကြာသေးခင်ကမှ ဒီဆိုင်အတွက် ယွမ် ၃ သန်းကို မြှုပ်နှံခဲ့သည်။ ဆိုင် ၄ဆိုင် ထပ်ဖွင့်ပါက ယွမ် ၁၀ သန်းကျော် ကုန်ကျလိမ့်မည်။ဒါတောင် ဘော့စ်ဖေးက မျက်မှောင်တောင် မကြုတ်ပါ။ တကယ်ပဲ သူက ကြီးမြတ်သည့် အရာများကို လုပ်ဖို့ ကံပါလာသူ ဖြစ်သည်။

သူတို့ ဒီလိုဘော့စ်မျိုးအတွက် အလုပ်လုပ်ပေးရသည်ဟူသည့် အတွေးကြောင့် စားပွဲထိုး တချို့ ဂုဏ်ယူသွားကြပါသည်။

ညွှန်ကြားချက်များ ပေးပြီးတာနဲ့ ဖေးချမ့် အသေးစိတ်အတွက် နောက်ဆုံးစကားများ ပေးခဲ့ပြီး စိတ်သက်သာစွာဖြင့် ပြန်သွားတော့သည်။

အလုပ်သမားနေ့....

ကုမ္ပဏီအား ပိတ်ထားသည်။ ကျောင်းမှာလည်း ဘာမှလုပ်စရာမရှိပေ။ ဖေးချမ့်က အိမ်ပြန်ဖို့ ဆုံးဖြတ်ထား၏။ သို့သော်လည်း သူအိမ်မပြန်ခင် ကိုယ်ပိုင်စည်းစိမ်ထဲ ၈၀,၀၀၀ လောက်ရှိသည့် ဘဏ်ကတ်ကို ထုတ်လိုက်ပြီး အနီးအနားရှိ အိမ်အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်ကို သွားလိုက်ပါသည်။

ပိတ်ရက်ရှည်ကြီးဖြစ်သဖြင့် ဆိုင်ထဲမှာ လူတော်တော်များနေပါသည်။ တကယ်တော့အားလုံး တစ်ယောက်ပခုံးတောင် တစ်ယော်က တိုက်မိနေကြပြီ။

ထိုအချိန်တုန်းက အိမ်အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းပေါ်က ဝယ်တာမျိုး ခေတ်မစားသေးပေ။ သိုလှောင်ပို့ဆောင်ရေးများကလည်း ဖွဲ့စည်းဖို့ မလွယ်ကူသေးပါ။ ဝယ်ယူပြီးနောက် ဝယ်သူကို ဝန်ဆောင်မှု ပေးရတာလည်း ခက်ခဲလှပါသည်။ ထို့ကြောင့်လည်း လူအများစုက ဆိုင်ခန်းတွေကိုသာ သွားပြီး အိမ်အသုံးအဆောင်ပစ္စည်းကဲ့သို့ စျေးကြီးသည့် အရာများကို ဝယ်ရတာ ပိုအားပေးခြင်း ဖြစ်သည်။

နှစ်အနည်းငယ်ကြာပြီးနောက် အင်တာနက် လုပ်ငန်းများ ပိုရေပန်းစားလာသည့်အခါ ထိုဆိုင်ခန်းများက နည်းပါးသွားပါလိမ့်မည်။

ဖေးချမ့်က ခြေဦးတည့်ရာ လျှောက်ကြည့်နေမိသည်။ "စျေးဝယ်ရတာ တော်တော်ခက်တာပဲဟ။ လက်ထောက်ရှင်းသာ ရှိရင် ကောင်းမှာပဲ..."

ဖေးချမ့် လက်ထောက်ရှင်းကို သတိရနေပါသည်။ သူမ သာရှိပါက ဖေးချမ့်၏ ဦးစားပေးအချက်များအလိုက် အကောင်းဆုံးဆိုင်များကို တင်ပြပေးနိုင်သည်။ ဖေးချမ့်လုပ်ဖို့ လိုတာဆိုလို့ ကတ်ဖြတ်လိုက်ဖို့သာ ဖြစ်သည်။

သို့သော်လည်း ဒီနေ့က အားလပ်ရက်ဖြစ်သဖြင့် လက်ထောက်ရှင်းလည်း ပိတ်ရက်ယူပါသည်။ တိတိကျကျပြောရပါက သူ့အိမ်အတွက် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်းက သူမ အလုပ် မဟုတ်ပါ။ လက်ထောက်ရှင်းကို ဒီလိုကိစ္စမျိုးကအစ အကူအညီတောင်းဖို့ မကောင်းပေ။ စနစ်က သတိပင် ပေးနိုင်ပါသည်။

ထို့ကြောင့် ဖေးချမ့်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ပင်ပန်းတာကို တောင့်ခံပြီး တစ်ယောက်တည်း လျှောက်သွားနေရပါသည်။

တီဗီ၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ အဲကွန်း...။

အိမ်က ပစ္စည်း အားလုံးနီးပါးကို ပြောင်းရမည်ဆိုတာ ဖေးချမ့် သေချာပါသည်။ သို့သော်လည်း သူတစ်ယောက်တည်း ထိုပစ္စည်းများကို ရွေးချယ်ဖို့က ခက်ခဲနေပါသည်။

အဘယ့်ကြောင့်ဆိုသော် အားလုံးက အတော်လေး ဆိုးရွားသည့်ပုံစံပေါက်နေသောာကြောင့်ပင်။

ထိုအိမ်အသုံးအဆောင်ပစ္စည်းများ၏ ဘရန်းများက ဖေးချမ့် မှတ်မိတာနဲ့ ခြားနားနေသည်။ သို့သော်လည်း ဘယ်ဟာကကောင်းပြီး ဘယ်ဟာက ဆိုးသလဲဆိုတာတော့ အကြမ်းဖျင်း မှတ်မိပါသေးသည်။ ဖေးချမ့် ခေါင်းအကိုက်ရဆုံးက ဒီလောကမှာ ဆဲလ်ဖုန်းနဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲများ တိုးတက်တာ အလွန်မြန်သော်လည်း အိမ်အသုံးအဆောင်ပစ္စည်းများကတော့ သူမှတ်မိတာတွေနဲ့ အတူတူလောက်သာ ရှိသည်။

ဖေးချမ့်က ၂၀၁၀ ခုနှစ်က အသုံးအဆောင်ပစ္စည်းများကို ၂၀၁၉ ခုနှစ်က လူတစ်ယောက်အမြင်ဖြင့် ကြည့်နေရခြင်း ဖြစ်၏။ ထို့ကြောင့် ထိုပစ္စည်းအားလုံး မသင့်တော်ဘူးဟု ခံစားရခြင်း ဖြစ်သည်။ တကယ်တော့ ထိုအိမ်အသုံးအဆောင်ပစ္စည်း ဘရန်းအကြီးစား များစွာက စျေးကွက်ထဲက မကြာခင် ထုတ်ခံရတော့မည်။ သူတို့ ကျရှုံးတော့မှာ ဖေးချမ့် သိပါသည်။ သို့သော် ထိုအသုံးအဆောင်ပစ္စည်းများကို ခေတ်မှီထုတ်ကုန်များအဖြစ် ဆိုင်မှာ တင်သွင်းထားတုန်းပင်။

ဥပမာအားဖြင့် တီဗီ။ ထိုအချိန်တုန်းက နိုင်ငံခြား တီဗီ ၄၀ လက်မများက ယွမ် ၅,၀၀၀ - ၆,၀၀၀ ဝန်းကျင်လောက် ရှိသည်။ ဖေးချမ့်အတွက် ဒါ ကနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ခံနေရသလိုပင်။ ထို ပုံတုံးတုံး ၄၀ လက်မ တီဗီများကို ယွမ် ၁,၀၀၀ ဝန်းကျင်လောက်နဲ့ ရောင်းကြတာကို မြင်နေကျဖြစ်သဖြင့် ဒီလိုတီဗီများကို ဒီလောက်စျေးနဲ့ လုံးဝ မဝယ်ချင်ပါ။

သူ ဒီလိုခံစားရတာလည်း ပုံမှန်ပဲ ဖြစ်သည်။ ဆိုရိုစကားအတိုင်းပင်။ စောစောဝယ်ပါက ကြာကြာ သုံးနိုင်သည်။ နောက်ကျမှ ဝယ်ပါက လျှော့စျေးရနိုင်သည်။ စိတ်ရှည်သည့်လူများက ကျေးကျွန် မဖြစ်တတ်ဟူသော ဆိုရိုးစကားလည်း ရှိပါသေးသည်။

ဒီလိုထုတ်ကုန်မျိုးတွေက ဖွံ့ဖြိုးမြန်ပြီး တိုးတက်လွယ်သည်။ အနာဂတ် ၁၀ နှစ်လောက်က လာခဲ့သော လူတစ်ယောက်၏ အမြင်ဖြင့် ဒီပစ္စည်းများက အနှေးနှင့် အမြန်ဆိုသလို ပြောင်းလဲတော့မည် ဖြစ်သည်။ သို့သော်လည်း သူ စောစောဝယ်ပါက စောစော အသုံးပြုနိုင်ပါလိမ့်မည်။

သူ့မိဘများ၏ အိမ်အသုံးအဆောင်ပစ္စည်းအသစ်များကို ဝယ်ယူလိုက်ပါက အနည်းဆုံးတော့ အဝတ်လျှော်စက်ကြီးမှာ အဝတ်များကို အခြောက်ခံစဥ် ထိန်းမရအောင် လှုပ်တော့မှာ မဟုတ်ဟု ဖေးချမ့် ထင်မိပါသည်။ သူတို့ ရေခဲသေတ္တာထဲမှာလည်း ပစ္စည်းတွေ ထပ်သိုလှောင်နိုင်သလို မျက်စိအတွက် သက်တောင့်သက်သာရှိသည့် တီဗီအကြီးကြီးနဲ့လည်း ကြည့်နိုင်မည်။ အားလုံးက တစ်နေ့တာ လုပ်ငန်းများ ဖြစ်သည်။ ထို့ကြောင့် ထိုအသုံးအဆောင်ပစ္စည်းများကို မြန်မြန်လဲလေ ကောင်းလေ ဖြစ်ပါသည်။

ဖေးချမ့် ဆိုင်ကို ၂ ပတ်ပတ်ကြည့်လိုက်ပြီး သူ ဝယ်ချင်သည့် အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံး ဖြတ်လိုက်ပါသည်။ ချက်ချင်းပဲ ကတ်ကိုဖြတ်ကာ ဝယ်ယူမှုကို အဆုံးသတ်လိုက်သည်။

၄၂ လက်မ တီဗီတစ်လုံးက ၆,၀၀၀ ယွမ်ကျော်တန်သည်။ တံခါးနှစ်ခုပါ ရေခဲသေတ္တာများကလည်း ထိုခေတ်က ဆန်းသစ်ဆဲ ဖြစ်၏။ ယွမ် ၁၀,၀၀၀ ပေးခဲ့ရပါသည်။ အဲကွန်းတစ်လုံးကို ယွမ် ၂,၀၀၀ ဖြင့် ဝယ်ခဲ့သည်။ ကျင်းကျိုးမြို့က နွေရာသီမှာ အတော်လေး ပူတတ်သဖြင့် အဲကွန်းဝယ်ဖို့ အချိန်မှန် ဖြစ်ပါသည်။ အဝတ်လျှော်စက်တစ်လုံးကို ၃,၀၀၀ ယွမ်ကျော်ကျော်ဖြင့် ဝယ်ယူခဲ့သည်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ် ထမင်းပေါင်းအိုး၊ ဖုန်စုပ်စက်၊ တခြားအိမ်အသုံးအဆောင်ပစ္စည်းများကို ဝယ်ခဲ့ပါသည်။ အားလုံးကို ပေါင်းလိုက်ပါက ယွမ် ၂,၀၀၀ ကျော်သည်။

ဖေးချမ့် ရွေးချယ်လိုက်သည့် အသုံးအဆောင်ပစ္စည်းတိုင်းက အပြည့်အဝ ကောင်းမွန်ပြီး အရည်အသွေးကောင်းသည့် ဘရန်းများဖြစ်ကြသည်။ ပြည်တွင်း အသုံးအဆောင်ပစ္စည်းများနဲ့ နိုင်ငံခြားထုတ် အသုံးအဆောင်ပစ္စည်းများဟူ၍ ရှိသည်။ ထို့ကြောင့် သာမန်အသုံးအဆောင်ပစ္စည်းများထက် ပိုစျေးကြီးခြင်း ဖြစ်ပါသည်။

နောက်ဆုံးတော့ အားလုံးပေါင်းလိုက်သောအခါ ယွမ် ၃၀,၀၀၀ ဝန်းကျင်လောက် ကုန်ကျခဲ့ပါသည်။ ဒီလိုနဲ့ အဆုံးသတ်သွားခဲ့၏။

အသုံးအဆောင်ပစ္စည်းများကို ဝယ်ပြီးသွားသောအခါ ဖေးချမ့် ဆိုင်ကို နည်းနည်းလောက် လျှောက်ကြည့်လိုက်သေးသည်။ တံမြက်စည်းလှည်း စက်ရုပ်တစ်ရုပ်ကို မြင်သွားသည်။

၂၀၁၀ ခုနှစ်မတိုင်ခင်ကတည်းက တံမြက်စည်းလှည်း စက်ရုပ်များကို လူတွေ စတင်အသုံးပြုနေကြပြီ ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တုန်းက ဘယ်သူမှ ဒီလိုပစ္စည်းမျိုးကို မဝယ်ကြပါ။ စျေးနဲ့လည်း လုံးဝ မတန်သောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုအချိန်တုန်းက စက်ရုပ်ကို ထိန်းချုပ်နိုင်သည့် အပီလီကေးရှင်းမျိုးလည်း မရှိသေးပါ။  တစ်နည်းအားဖြင့် စက်ရုပ်များက ငတုံးများဖြစ်သည်ဟု ဆိုနိုင်သည်။ နောက်ပိုင်းလောက် လူတွေအတွက် အချိန်ကော ခွန်အားကော မသက်သာစေပါ။

ဖေးချမ့်က တံမြက်စည်းလှည်းစက်ရုပ်ကို ကြည့်လိုက်ပြီး ဒီမော်ဒယ်က သိပ်မဆိုးကြောင်း တွေ့သွားပါသည်။ တံမြက်စည်းလှည်းရမည့် လမ်းကြောင်းကို သတ်မှတ်ပေးလို့မရသော်လည်း သန့်ရှင်းရေးမုဒ်များစွာ ပါဝင်၏။ ယွမ် ၃,၀၀၀ ကျော် ကုန်ကျသည်။ သူ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါသည်။သူ့ အသုံးအဆောင်ပစ္စည်းဟောင်းများကို ပြန်ရောင်းချဖို့ စျေးကို ဆွေးနွေးကြည့်သည်။ ထို့နောက် ဆိုင်က ထရပ်ကားကြီးဖြင့် သူ့အသုံးအဆောင်ပစ္စည်းသစ်များကို သူ့အိမ်သို့ သယ်သွားတာကို ကြည့်နေလိုက်ပါသည်။

ဆိုင်က သူ့အိမ်နဲ့ မဝေးပါ။ ဖေးချမ့်က စတိုးဆိုင် ထရပ်ကားနောက်မှ အိမ်သို့ လိုက်လာခဲ့ပါသည်။

"လာပါ အထဲကို ရွှေ့ပေးပါ။” ဖေးချမ့်က သူတို့ကို အသုံးအဆောင်ပစ္စည်းအသစ်များ ထားရမည့်နေရာကို ညွှန်ကြားပေးလိုက်သည်။

သူ့အမေက မီးဖိုချောင်ထဲက ပြေးထွက်လာပြီး အနည်းငယ် ကြောင်နေပါသည်။ "ဟဲ့ ဘာဖြစ်တာလဲ။ သား နင် ဒါတွေ အကုန် ဝယ်လာတာလား။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။ အဖေကော။”

"အလုပ်ရှင်တွေကို ဧည့်ခံဖို့ သွားတယ်။ ဒီနေ့ည နောက်ကျလိမ့်မယ်။”ဖေးချမ့်က အမေက သူမအိမ်ထဲ ရွှေ့နေကြသည့် အသုံးအဆောင်ပစ္စည်းကြီးများကို ကြည့်ကာ စိတ်ချောက်ချားလာ၏။ "ငါ့သား ဘယ်လောက်တောင် ဝယ်ခဲ့တာလဲ။ ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးခဲ့ရလဲ။”

"စိတ်မပူပါနဲ့ဗျာ။ ၂၀,၀၀၀ ယွမ်ကျော်ကျော်လောက်ပဲ သုံးခဲ့တာ။ ကျွန်တော့်ရိုက်ကူးရေးခနဲ့ ကာမိပါတယ်။ ဆိုင်နဲ့ ဒီက အဟောင်းတွေ ပြန်ရောင်းဖို့ ပြောပြီးပြီ။ သူတို့က အလဲအထပ် လက်ခံတယ်လေ။ အဲ့တာကြောင့် ပစ္စည်းအသစ်တွေအတွက် လျှော့စျေး ရလာတယ်။ စိတ်မပူပါနဲ့။”

ဖေးချမ့်က ဒီကိစ္စတွေ အကုန်လုံးကို အမြန်လုပ်ရမှာ သိနေပါသည်။ သူ့အမေကို တုန့်ပြန်ခွင့်ပေးလို့ မဖြစ်ပါ။ အိမ်အသုံးအဆောင် ပစ္စည်းသစ်အားလုံးကို သူ့အိမ်ထဲမှာ ပါကင်ဖောက်ပြီး ပစ္စည်းဟောင်းများကိုတော့ အကုန်ထုတ်ရပါမည်။

"ဒါ..."

သူ့အမေက တီဗီအသစ်ကို ကြည့်လိုက်ကြသည်။ ရေခဲသေတ္တာအသစ်ကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် အဝတ်လျှော်စက်အသစ်ကို ဆန်းစစ်ကြည့်လိုက်၏။ ထိုအချိန်တွင် သူမ ဘာပြောရမှန်းတောင် မသိတော့ပါ။

"အဲကွန်းက မနက်ဖြန် မနက်ရောက်လိမ့်မယ်။ အမေ့ အိပ်ခန်းထဲမှာ တပ်မယ်။ အရမ်းပူလို့ နေ့ဘက် မအိပ်နိုင်ရင် ဖွင့်အိပ်လို့ ရတယ်။ နည်းနည်း အပူချိန်ညှိပေးလိုက်၊ အဲ့တာပဲ။”

"ဒီမှာ တံမြက်စည်းလှည်းစက်ရုပ်လေးလည်း ပါတယ်။ ဘယ်လိုသုံးရလဲ သားသင်ပေးမယ်။”

ဖေးချမ့်က အသုံးအဆောင်ပစ္စည်းသစ်များကို ဘယ်လိုသုံးရသလဲ သူ့အမေကို စတင်ရှင်းပြသည်။ တစ်ချိန်တည်းမှာပင် ညစ်ပေနေသည့် အိပ်ယာခင်းတစ်ခုကို ယူကာ အဝတ်လျှော်စက်ထဲ ပစ်ထည့်ကာ လျှော်ပြလိုက်သည်။ အဝတ်လျှောက်စက်က သိမ်မွေ့ နူးညံ့သည့် အသံများသာ ထွက်သည်။ အခြေကိုလည်း ထိန်းညှိထားပြီးသား ဖြစ်၏။ အဝတ်လျှော်စက်က ခါတောင် မခါပါ။

"ဒီအဝတ်လျှော်စက်က သုံးရ တကယ်လွယ်တာပဲ" ဖေးချမ့်က အမေက အံ့သြစွာ ပြောလိုက်ပါသည်။

ဖေးချမ့်က ခေါင်းငြိမ့်လိုက်၏။ "ဒါပေါ့ သုံးရလွယ်ရုံတင်မကဘူး။ ရေကုန်လည်း သက်သာတယ်။ ရေခဲသေတ္တာက အရင်အလုံးထက် မီတာစားသက်သာတယ်။ အသုံးအဆောင်ပစ္စည်းတွေကို လဲရတာ စျေးမပေါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သုံးစွဲမှုနဲ့ မီတာခတွေကို သက်သာစေလိမ့်မယ်။”

အမေက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်တာပေါ့။”

အလွန်လျင်မြန်စွာဖြင့် ရေခဲသေတ္တာထဲ အစားအသောက်များဖြင့် ပြည့်နှက်သွားပါသည်။ အဝတ်လျှော်စက်ထဲမှာလည်း အဝတ်များစွာ ထည့်လျှော်နေပါပြီ။ တံမြက်စည်းလှည်း စက်ရုပ်ကလည်း ကြမ်းပြင်ပေါ်မှာ လည်နေသည်။ ရုပ်သံအစီအစဥ်တစ်ခုလည်း တီဗီကြီးပေါ်မှာ လာနေသည်။

အမေက အဝတ်လျှော်စက်အသစ်ကို အလွန်သဘောကျနေပါသည်။ လျှော်စရာ အဝတ်အစားအားလုံးကို စုလိုက်သည်။ ဒီအဝတ်လျှော်စက်အသစ်ကို ကောင်းကောင်း အသုံးချချင်နေသည့်ပုံပင်။

ဖေးချမ့်က ဆိုဖာပေါ်တွင် လှဲလျောင်းလိုက်၏။ အိမ်အတွက် အနည်းငယ် ကြီးလွန်းနေသည့် တံခါးနှစ်ချပ်ပါ ရေခဲသေတ္တာကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားပါသည်။

"ဒီအိမ်သာ ဒီ့ထက်ပိုကြီးရင်..."

"ငါအရှုံးပေါ်ဖို့ ပိုကြိုးစားရတော့မယ်...။”

ပိတ်ရက်ရှည်ကြီး၏ အဆုံး ၄ ရက်မြောက်နေ့တွင်...

သူ ရုံးသို့ ပြန်ရောက်နေပြီဖြစ်သည်။ ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၅၀,၀၀၀ လောက် လျော့သွားလေပြီ။ အရှုံးပေါ်ချင်သည့် စိတ်များ ပိုပြင်းပြလာ၏။

"အပ်ဒိတ်အသစ်အတွက် အကြောင်းအရာတွေ စီစဥ်ပြီးပြီလား။” ဖေးချမ့်က လုမင်လျန်၏ အလုပ်စားပွဲနားက ဖြတ်သွားရင်း ပုံမှန်အတိုင်း မေးလိုက်ပါသည်။

လုမင်လျန်က ချက်ချင်းပဲ ခေါင်းငြိမ့်လိုက်သည်။ "အားလုံး အသင့်ဖြစ်ပါပြီ ဘော့စ်ဖေး"

"ဟမ်" တစ်ခုခု လွဲနေတာကို ဖေးချမ့် သတိထားလိုက်မိပါသည်။ "မင်း အလုပ်သမားအားလပ်ရက်တွေမှာပါ အလုပ်လုပ်နေတာလား။”

လုမင်လျန်က ရပ်တန့်သွား၏။ ဘော့စ်ဖေးက ငါ့ကို စောင့်နေတာလား။

သူ လုပ်နိုင်တာ ဘာမှ များများစားစား မရှိပါ။ အချိန်ပိုမလုပ်ဘဲ မဖြစ်နိုင်ပေ။

သူ့တာဝန်ကို ဧပြီလ ၃၀ ရက်နေ့မှာ ပေးခဲ့သည်။ မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိက အားလပ်ရက်ဖြစ်၏။ မေလ ၄ ရက်နေ့ဖြစ်ပြီး ပထမဆုံး အလုပ်ပြန်လုပ်ရသည့်နေ့ ဖြစ်သည်။ ဒါတောင် အစီအစဥ်ဆွဲပြီးသွားပြီတဲ့။ သူအချိန်ပိုမလုပ်ဘူးဟု ပြောပါက မည်သူယုံမည်နည်း။

လုမင်လျန်က အမြန်ရှင်းပြလိုက်၏။ "မဟုတ်ဘူး ဘော့စ်ဖေး။ ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေက အိမ်မှာ ဘာမှလုပ်စရာမရှိလို့။ အပ်ဒိတ်အသစ်အတွက် အစီအစဥ်တွေပဲ စဥ်းစားမိလို့ပါ။”

ဖေးချမ့်က မျက်နှာတည်ကြီးနဲ့ ပြောလိုက်ပါသည်။ "မင်းအိမ်မှာအလုပ်လုပ်လည်း အချိန်ပို လုပ်တာပဲ စည်းကမ်းတွေအတိုင်း အားလပ်ရက်မှာ အချိန်ပိုလုပ်တဲ့အတွက် လစာ ၃ ဆယူ။”

လုမင်လျန် "... ဟုတ်ကဲ့ပါ ဘော့စ်ဖေး။”

ဖေးချမ့် လှည့်ထွက်သွားပြီး အစည်းအဝေးခန်းမထဲ ဝင်သွားပါသည်။ "ဟုတ်ပြီ ထပ်မဖြစ်စေနဲ့။ အားလုံး အစည်းအဝေးခေါ်မယ်။ အပ်ဒိတ်အသစ်တွေအကြောင်း ဆွေးနွေးကြမယ်။”

အလွန်လျင်မြန်စွာဖြင့် ဂိမ်းဖန်တီးအဖွဲ့က လူအားလုံး ရောက်လာကြသည်။  မာယိချွမ်က အရင်တုန်းကလိုပဲ ထောင့်နားလေးမှာ တိတ်တိတ်လေး ထိုင်နေပါသည်။ သူ့မှတ်စုစာအုပ်ကို ကိုင်ထားရင်း မှတ်စုများ ရေးဖို့ အသင့်ဖြစ်နေသည်။

လုမင်လျန်က သူတို့မှာ ရှိနေပြီးသား ဂိမ်းအတွက် အစီအစဥ်များကို စတင်တင်ဆက်သည်။ မကြာသေးခင်က ဖေးချမ့် ပေးခဲ့သည့် ညွှန်ကြားချက်များနဲ့ တော်တော်လေး ဆင်တူနေပါသည်။

အထီးကျန်ကန္တာရလမ်းအတွက် အဆုံးမရှိမုဒ်၊ အတူတွဲကစားလို့ရသည့်မုဒ်နှင့် မြေပုံအသစ်များ ထည့်သွင်းမည်။ စျေးနှုန်းက တစ်ယွမ်ဖြစ်၏။

တစ္ဆေစစ်သူကြီးအတွက် စစ်သူကြီးအသစ်များ ထည့်သွင်းပြီး စျေးနှုန်းကို ၅ ယွမ်အဖြစ် သတ်မှတ်မည်။

သမုဒ္ဒရာရဲတိုက်အတွက် ဆန်းကြယ်လက်နက်အသစ်အသစ် ရှိမည်ဖြစ်ပြီး ၈၈၈ ယွမ်စျေးဖြင့် ရောင်းမည်။ တစ်လကို လက်နက် အခုရေ ၅၀၀ သာ ရောင်းရမည်ဟူသော ကန့်သတ်ချက်လည်း ရှိသေး၏။

ဂိမ်းဒီဇိုင်နာအတွက်ကတော့ ဘာသာစကားအသစ်များနဲ့ ဆက်တင်စတိုင် အသစ်တို့ ပါဝင်ပြီး ၅ယွမ်ဖြင့် ရောင်းချမည်။

တစ်ခုတည်းသော ခြားနားချက်က လုမင်လျန်၏ ရှင်းပြချက်က ဖေးချမ့်ထက် အသေးစိတ်ပိုကျခြင်း ဖြစ်သည်။ ဥပမာအားဖြင့် တစ္ဆေစစ်သူကြီးအတွက် စစ်သူကြီးအသစ်တွေထဲ ဘယ်သူတွေပါမလဲ။ ဘာအစွမ်းတွေရှိမလဲ။ ၎င်းတို့၏ ရုပ်ပုံပန်းချီက ယေဘုယျအားဖြင့် ဘယ်လိုဖြစ်မလဲ စသဖြင့် ရှင်းပြသည်။

ဒါက အသေးစိတ် ပိုကျသော အစီအစဥ် ဖြစ်ပါသည်။ ထို့အပြင် ဒီအစီအစဥ်ကို ကြည့်ခြင်းအားဖြင့် သူတို့ စုစုပေါင်း ကုန်ကျစရိတ်ကို စတင်တွက်ချက်နိုင်နေပါပြီ။

Zawgyi

ေဖးခ်မ့္ 137+138

အခန္း(၁၃၇) ဆိုင္ခြဲမန္ေနဂ်ာအသစ္မ်ား ေ႐ြးခ်ယ္ျခင္း

ေဖးခ်မ့္က လက္ေထာက္႐ွင္းကို ေခၚလိုက္သည္။ ယြီအင္တာနက္ကေဖးကို လိုက္ပို႔ခိုင္းလိုက္၏။ လမ္းတြင္ ေဖးခ်မ့္က ႐ွန္းယန္ဂိမ္း၏ အေျခအေနအေၾကာင္း အေသးစိတ္ ႐ွင္းျပလိုက္သည္။

"အားလပ္ရက္ေတြၿပီးရင္ ႐ွန္းယန္ဂိမ္းကုမၸဏီကို စုံစမ္းဖို႔ အခ်ိန္ယူၿပီး ကြၽန္ေတာ့္အေၾကာင္း ႐ွင္းျပလိုက္ပါ။ တခ်ိဳ႕အခ်က္အလက္ေတြကိုေတာ့ သူတို႔ေဘာ့စ္ကို ေျပာျပလို႔ရတယ္။ ကြၽန္ေတာ္က သူတို႔ကုမၸဏီကို ဝယ္ဖို႔ စိတ္ဝင္စားတယ္လို႔ ေျပာလိုက္။”

သူတို႔အေၾကာင္းကို စတင္စုံစမ္းတာနဲ႔ သူတို႔ ကုမၸဏီကို ၿဖိဳခြဲလိုက္မွာ ေဖးခ်မ့္ စိတ္ပူပါသည္။ ဒီလိုသာျဖစ္လာလွ်င္ ဝန္ထမ္းမ်ားကို တစ္ေယာက္ခ်င္း ျပန္႐ွာေနရဦးမည္။ ဒီလိုသာဆို ေတာ္ေတာ္ ဒုကၡမ်ားႏိုင္ပါသည္။

မွန္ကြဲတစ္ခ်ပ္ကေတာ့ အက္ကြဲေၾကာင္းမ်ား ႐ွိေနပါလိမ့္မည္။ အဆိုပါလုပ္ငန္းကို သူသိမ္းပိုက္ခ်င္ပါက တစ္ခုလုံးကို သိမ္းပိုက္ရမည္။

ထို႔ေၾကာင့္လည္း ႐ွန္းယန္ဂိမ္း၏ ေဘာ့စ္ႀကီးကို အခ်က္အလက္တခ်ိဳ႕ ေျပာျပဖို႔ ဆုံးျဖတ္လိုက္ျခင္း ျဖစ္သည္။ သူက ဒီလုပ္ငန္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေၾကာင္း ျဖစ္၏။ ဒါဆို သူ႕ကို ႐ွန္သန္ဖို႔ ေမွ်ာ္လင့္ခ်က္ေပးလိုက္သလို ျဖစ္မည္။ ဒါမွ ကုမၸဏီကို အလြန္လ်င္ျမန္စြာ မၿဖိဳခြဲလိုက္မွာ ျဖစ္ပါသည္။

လက္ေထာက္႐ွင္းက ကားေမာင္းေန၏။ သူမ ေခါင္းၿငိမ့္လိုက္ၿပီး ေျပာလိုက္ပါသည္။ "ေကာင္းပါၿပီ ေဘာ့စ္ေဖး။ ဒါေပမယ့္ ကြၽန္မ နားလည္သေလာက္ေတာ့ အဲ့ကုမၸဏီက အေတာ္အေျခအေနဆိုးေနတဲ့ ကုမၸဏီ ထင္တယ္ေနာ္။”

လက္ေထာက္႐ွင္းက အလြန္ဗ်ဴဟာႂကြယ္၏။

"အခု လက္႐ွိအေျခအေနကို စိတ္မဝင္စားဘူး ေရ႐ွည္အတြက္ပဲ ၾကည့္တာပါ။” ေဖးခ်မ့္က ယုံၾကည္ခ်က္ျပည့္ဝစြာ ေျဖလိုက္ပါသည္။

"ဟုတ္ကဲ့ ေဘာ့စ္ေဖးရဲ႕ အေျမာ္အျမင္ကို ကြၽန္မယုံၾကည္ပါတယ္။” လက္ေထာက္႐ွင္းက ျပန္ေျဖလိုက္ပါသည္။ "သူတို႔အေၾကာင္း စုံစမ္းဖို႔ အခ်ိန္ဘယ္ေလာက္ေပးခ်င္လဲ။ အခ်ိန္မ်ားမ်ားရေလေလ ကြၽန္မ ပိုနားလည္ေလေလျဖစ္မွာမို႔လို႔ပါ။ ေဆြးေႏြးတဲ့အခါက်ရင္ ကြၽန္မတို႔ အားသာခ်က္ ပိုရႏိုင္တယ္။”

လက္ေထာက္႐ွင္းက ခဏေလာက္ ရပ္တန္႔သြားၿပီး ထပ္ေျပာလိုက္ပါသည္။ "ၿပီးေတာ့လည္း ေလာေလာဆယ္ သူတို႔ အ႐ႈံးေပၚေနတဲ့ပုံပဲ။ ကြၽန္မတို႔ ဝယ္ယူမႈကိုေလာေလာဆယ္ ခဏ ေ႐ႊ႕ဆိုင္းထားလို႔ရတယ္။ အဲ့တာဆို ေစ်းကို ႏွိမ္ဖို႔ ပိုလြယ္သြားလိမ့္မယ္။”

ေစ်းႏွိမ္မယ္ဟုတ္လား။

ဘာလို႔ေစ်းႏွိမ္မွာလဲ။ ေစ်းႀကီးေလ ေကာင္းေလပဲ။

ေဖးခ်မ့္ခ်င္ခ်င္း ေခါင္းခါလိုက္ပါသည္။ "ကြၽန္ေတာ္တို႔ ဒီကိစၥကို တမင္တကာ အခ်ိန္ထပ္မဆြဲသင့္ေတာ့ဘူး။ တတ္ႏိုင္သမွ် အျမန္ဆုံး ၿပီးေျမာက္ေအာင္ လုပ္ပါ။”

"ဂိမ္းေလာကထဲက ၿပိဳင္ဆိုင္မႈေတြက အၿမဲတမ္း ျပင္းထန္ေနတာ။ ေစ်းႏွိမ္ဖို႔အတြက္နဲ႔ အခ်ိန္ဆြဲတာထက္စာရင္ အျမန္အပိုင္သိမ္းၿပီး သူ႕ရဲ႕လည္ပတ္မႈေတြကို စုံစမ္းလိုက္တာ ပိုေကာင္းမယ္။ ကြၽန္ေတာ္တို႔ ဒီလိုအေသးအဖြဲကိစၥေတြေၾကာင့္ ပိုႀကီးတဲ့ ပန္းတိုင္ေတြကို မျမင္လို႔ မျဖစ္ဘူး။”

"ေကာင္းပါၿပီ" လက္ေထာက္႐ွင္းက ထပ္ေမးသည္။ "ဒါဆို ကြၽန္မတို႔ ကုမၸဏီတစ္ခုလုံးကို ဝယ္မွာလား ဒါမွမဟုတ္...။”

ကုမၸဏီမ်ားကို နည္းလမ္းေပါင္းစုံျဖင့္ ဝယ္ယူႏိုင္သည္။ တစ္ခုက မူလဝန္ထမ္းမ်ား မပါဘဲ ကုမၸဏီအခြံသက္သက္ကို ဝယ္ယူျခင္း ျဖစ္၏။ ကုမၸဏီပိုင္ဂိမ္းမ်ား၏ IP မူပိုင္ခြင့္မ်ားအတြက္သာ ျဖစ္သည္။ ေနာက္တစ္ခုက ကုမၸဏီတစ္ခုလုံးကို ဝယ္ယူဖို႔ ျဖစ္သည္။ သို႔ေသာ္လည္း ေခါင္းေဆာင္တစ္ေယာက္ကို ထုတ္ပယ္ျခင္း၊ လူသားရင္းျမစ္စနစ္ကို ေျပာင္းလဲျခင္း စသျဖင့္ ၎၏ တည္ေဆာက္ပုံကို ေျပာင္းလဲႏိုင္သည္။

ဒီတစ္ေခါက္ ကုမၸဏီကို ဘယ္လိုနည္းလမ္းနဲ႔ ဝယ္ယူခ်င္တာလဲဆိုတာကေတာ့ ေဖးခ်မ့္ဘာေၾကာင့္ ႐ွန္းယန္ဂိမ္းကို စိတ္ဝင္စားတာလဲ ဆိုသည့္အေပၚမွာ မူတည္ပါသည္။ ဒါဆို လက္ေထာက္႐ွင္း ေစ်းႏႈန္းညႇိႏိႈင္းရတာာ ပိုလြယ္ကူပါသည္။

ေဖးခ်မ့္က ႐ွန္းယန္ဂိမ္းကုမၸဏီမွာ အလုပ္လုပ္ေနသည့္ ဝန္ထမ္းမ်ားကို စိတ္မဝင္စားပါ။ ကုမၸဏီလက္ေအာက္က ဂိမ္းတစ္ခုကိုမွလည္း စိတ္မဝင္စားေပ။ သူစိတ္ဝင္စားတာက ႐ွန္းယန္ဂိမ္းမ်ား၏ အ႐ႈံးေပၚႏိုင္သည့္ အလားအလာကို ျဖစ္သည္။

ထို႔ေၾကာင့္ ေဖးခ်မ့္က ႐ွန္းယန္ဂိမ္းကုမၸဏီကို သူ႕႐ွိသည့္အတိုင္း အားလုံးဝယ္ယူပါမည္။ ဒါမွ 'မူလအႏွစ္သာရ' ကိုဆက္ၿပီးထိန္းသိမ္းထားႏိုင္မည္ျဖစ္သည္။ ေဖးခ်မ့္က ခ်က္ခ်င္း ျပန္ေျဖလိုက္၏။ "တစ္ခုလုံးကို ဝယ္လိုက္။ မူလ တည္ေဆာက္ပုံကို ဘာမွ မေျပာင္းလဲနဲ႔။”

"ေကာင္းပါၿပီ ေဘာ့စ္ေဖး ကြၽန္မ နားလည္ပါၿပီ" သူမေဘာ့စ္၏ ရည္႐ြယ္ခ်က္မ်ားကို နားလည္သြားေသာအခါ လက္ေထာက္႐ွင္း ေမးခြန္း ထပ္မေမးေတာ့ပါ။

ဒါက က်ိဳးေၾကာင္းသင့္ေလ်ာ္သည့္ ဝယ္ယူမႈေတာ့ မဟုတ္လွပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ ႐ွန္းယန္ဂိမ္းကုမၸဏီထဲက ဘာကမွ ဝယ္ယူဖို႔ မတန္ေသာေၾကာင့္ ျဖစ္သည္။ ေဖးခ်မ့္သာ ပါရမီ႐ွင္တစ္ေယာက္ေယာက္ကို ေခၚယူခ်င္တာဆို ထန္းတာ့ဆီ တိုက္႐ိုက္ေခၚလိုက္တာက ပိုမ႐ွင္းသြားဘူးလား။

ဒါေတာင္ ေဖးခ်မ့္က အျပည့္အဝ ဝယ္ယူဖို႔ စဥ္းစားေနတယ္တဲ့လား။

က်ိဳးေၾကာင့္သင့္ေလ်ာ္မႈ မ႐ွိေပ။

သို႔ေသာ္လည္း လက္ေထာက္႐ွင္းက ေမးခြန္း ထပ္မထုတ္ေတာ့ပါ။ ဒါ သူမအလုပ္ပဲ ျဖစ္သည္။ သူမေဘာ့စ္ ၫႊန္ၾကားသည့္အရာမ်ားကို အတည္တက် လုပ္ရမည္။ အေျဖမ်ားကို သိဖို႔ မလိုအပ္ပါက ေမးခြန္းမ်ား မေမးသင့္ပါ။

ထို႔အျပင္ ေဘာ့စ္ေဖးမွာလည္း ဒီလိုစီစဥ္ရသည့္ ကိုယ္ပိုင္ အေၾကာင္းအရင္း ႐ွိေပလိမ့္မည္။ ႐ွန္းယန္ဂိမ္းကုမၸဏီမွာ တန္ဖိုး တစ္ခုခုကိုေတြ႕မိလို႔ ျဖစ္ႏိုင္သည္။

အလုပ္သမားေန႔ပိတ္ရက္႐ွည္ႀကီးကို ေရာက္လာၿပီျဖစ္သျဖင့္ က်င္းက်ိဳးၿမိဳ႕မွာ လူစည္ကားေနပါသည္။ ယြီအင္တာနက္ကေဖးကိုေရာက္ဖို႔ သူတို႔ပုံမွန္အခ်ိန္ထက္ ပို၍ ၾကာျမင့္သြား၏။ ေဖးခ်မ့္က ကားထဲကထြက္လာၿပီး အင္တာနက္ကေဖးထဲ ဝင္သြားပါသည္။

အင္း... ပုံမွန္အတိုင္း  တိတ္ဆိတ္ေျခာက္ကပ္ေနတာပဲ။ ေတာ္ေသးတာေပါ့။

အခုခ်ိန္ထိ ယြီအင္တာနက္ကေဖးတြင္ တခ်ိဳ႕ ေဖာက္သည္ေတြေတာ့ ႐ွိေနပါသည္။ ထိုလူေတြက ေစ်းႏႈန္းကို စိတ္မဝင္စားသည့္ သူေဌးမ်ား ျဖစ္ၾကသည္။ သူတို႔လာရတာ ေပ်ာ္သည္။ အင္တာနက္သုံးရင္း ေကာ္ဖီေလးေသာက္ရင္း တခ်ိဳ႕ဆို သူတို႔ဧည့္သည္မ်ားကိုေတာင္ ဒီေခၚလာၿပီး ဧည့္ခံတတ္ပါေသးသည္။

တစ္ခါတစ္ေလ သူငယ္ခ်င္းတစ္အုပ္စုလုံး ဒီကိုလာၿပီး ဂိမ္းကစားတတ္ေသးသည္။ ဘာပဲျဖစ္ျဖစ္ ဒီက ပတ္ဝန္းက်င္အေျခအေနနဲ႔ ဝန္ေဆာင္မႈမ်ားက ေကာင္းမြန္သည္ မဟုတ္လား။ လူေတြလည္း အလြန္နည္းပါသည္။ ထိုသူေဌးမ်ားအတြက္ ဒီလိုပတ္ဝန္းက်င္ေကာင္းမွာ ဂိမ္းကစားရဖို႔ ပိုက္ဆံသုံးရတာ တန္ပါသည္။

ဒီလိုဆိုရင္ေတာင္ ယြီအင္တာနက္ကေဖးက အရင္းေတာင္ ျပန္မရေသးပါ။ ပတ္ဝန္းက်င္မွာ သူေဌးေတြ နည္းလြန္းေသာေၾကာင့္ပင္။

ကေဖးက ေစ်းရပ္ကြက္နဲ႔ တစ္လမ္းေက်ာ္ေလာက္မွာ ႐ွိေနသည္။ လူေတြကို ဒီေနရာသို႔ ၫႊန္ၾကားေပးသည့္ ဧရာမ ဆိုင္းဘုတ္ႀကီးမ်ားလည္း မ႐ွိ၊  အဆင့္ျမင့္ အိမ္ရာႀကီးမ်ားလည္း အနားမွာ မ႐ွိပါ။ ကေဖး၏ တည္ေနရာနဲ႔ ေစ်းႏႈန္းေၾကာင့္ သူေဌးအုပ္စုငယ္တစ္စုသာ လာအားေပးႏိုင္သည္။ သူတို႔ရသည့္ ပိုက္ဆံပမာဏက လုပ္ငန္းကို မလည္ပတ္ႏိုင္ပါ။

ထို႔ေၾကာင့္ ေဖးခ်မ့္ လုံးဝ စိတ္မပူေပ။

ေဖးခ်မ့္ေရာက္လာတာကို ျမင္ေသာအခါ မာယန္နဲ႔ က်န္းယြမ္တို႔ ခ်က္ခ်င္း ဧည့္ခံလိုက္ပါသည္။

"ေဘာ့စ္ေဖး ေရာက္လာတာလား။ ဘာေသာက္ခ်င္လဲ။” က်န္းယြမ္က ေမးလိုက္၏။

ေဖးခ်မ့္က မီႏူးကိုၾကည့္လိုက္ၿပီး ေျပာလိုက္ပါသည္။ "Margarita တစ္ခြက္။”

အင္တာနက္ကေဖးကို သူလွည့္ပတ္ၾကည့္လိုက္သည္။ အင္တာနက္ဧရိယာထဲမွာေကာ ေကာ္ဖီဧရိယာထဲမွာေကာ ေဖာက္သည္ မ႐ွိပါ။ ဒီေန႔ တစ္ဆိုင္လုံး ေတာ္ေတာ္ေလး ေျခာက္ကပ္ေနပါသည္။

"ဒီေန႔ ကတ္စတမ္မာမ႐ွိဘူးလား" ေဖးခ်မ့္က သာမန္အတိုင္း ေမးလိုက္ပါသည္။

မာယန္က လက္ႏွစ္ဖက္ကို ပြတ္လိုက္ၿပီး ႐ွက္႐ြံ႕သည့္ပုံစံျဖင့္ ေျပာလိုက္ပါသည္။ "ဟုတ္တယ္ ညီအစ္ကိုခ်မ့္။ ဒီေန႔ဘာျဖစ္တာလဲ မသိဘူး။ အားလပ္ရက္ေတြေၾကာင့္လားေတာ့ မသိပါဘူး။”

ဒိေန႔မတိုင္ခင္က ဂိမ္းလာကစားသည့္ ကတ္စတမ္မာတခ်ိဳ႕ေတာ့႐ွိေသးသည္။ သို႔ေသာ္လည္း ဒီေန႔က်မွ ကတ္စတမ္မာ တစ္ေယာက္တစ္ေလေတာင္ ေရာက္မလာပါ။ အေတာ္ေလး အဓိပၸာယ္မဲ့ပါသည္။

သို႔ေသာ္ ေဖးခ်မ့္ကေတာ့ နည္းနည္းေလးမွ ဂ႐ုမစိုက္ေပ။ တကယ္ေတာ့ ေပ်ာ္ေတာင္ ေပ်ာ္ေနပါေသးသည္။

"ေအးပါ ဆိုင္တံခါးသာ ပိတ္လိုက္ေတာ့။ ငါတို႔ ဒီေန႔ ကေဖးကို ေစာေစာပိတ္ၾကမယ္။ က်န္းယြမ္ ဒီက ငါတို႔ ညီအစ္ကိုေတြအတြက္လည္း တစ္ခြက္စီ လုပ္ေပးလိုက္။ ကုမၸဏီက တိုက္တာ။ ဒီေန႔ ဘာအလုပ္မွမလုပ္ၾကနဲ႔။ အားလုံးပဲ လာထိုင္ၾက။”

ေဖးခ်မ့္က ေကာ္ဖီဧရိယာမွာ ထိုင္ရင္း အားလုံးကို လာဖို႔ ေခၚလိုက္ပါသည္။ စားပြဲထိုး တခ်ိဳ႕က ခ်က္ခ်င္း လႈပ္႐ွားၾကသည္ တခ်ိဳ႕ကေတာ့ အထုတ္အပိုးမ်ား ျပင္ဆင္ၾက၏။ တခ်ိဳ႕က စားပြဲမ်ား ထိုင္ခုံမ်ားကို စီရီေနသည္။ က်န္းယြမ္ သူတို႔အားလုံးအတြက္ ေကာ့ေတးမ်ား စေဖ်ာ္ပါသည္။

အလြန္လ်င္ျမန္စြာျဖင့္ စားပြဲထိုးမ်ားနဲ႔ စားဖိုမႉး ၃ ေယာက္ (အစကေတာ့ တစ္ေယာက္တည္း ႐ွိေသာ္လည္း ထန္းတာ့ကို ဟင္းလ်ာမ်ားခ်က္ျပဳတ္ေပးဖို႔ စားဖိုမႉး ၂ ေယာက္ ထပ္မံ ခန္႔အပ္ခဲ့သည္) အားလုံး ေကာ္ဖီနယ္ေျမအတြင္းမွာ ထိုင္လိုက္ၾကပါသည္။ သူတို႔တစ္ေယာက္ခ်င္းစီ၏ ေ႐ွ႕တြင္ ေကာ့ေတး တစ္ခြက္ ႐ွိေနသည္။

က်န္းယြမ္နဲ႔ မာယန္တို႔က ေဖးခ်မ့္၏ တစ္ဖက္တစ္ခ်က္ ေ႐ွ႕တည့္တည့္တြင္ ထိုင္လိုက္ၾကပါသည္။ သူတို႔အားလုံး သူ စကားေျပာမွာကို ေစာင့္ေနသည္။ ေဖးခ်မ့္က လည္ေခ်ာင္း႐ွင္းလိုက္ၿပီး မုဒ္သြင္းလိုက္၏။

"ေနာက္လကစၿပီး ယြီအင္တာနက္ကေဖးကို ဆိုင္ခြဲ ၄ ဆိုင္ ထပ္ဖြင့္ေတာ့မယ္။ ဒါေပမယ့္ အစဥ္လိုက္ဖြင့္သြားမွာ။ တစ္ခ်ီတည္းနဲ႔ ေငြအကုန္မေလာက္လို႔။”

"ဆိုင္ခြဲတစ္ခု စီမံခ်င္တဲ့လူတိုင္း လက္ေထာင္ၾက။”

အေ႐ွ႕က စားပြဲထိုး ၄ ေယာက္က ခ်က္ခ်င္း လက္ေထာင္လိုက္ပါသည္။ အေနာက္မွာ ထိုင္ေနသည့္ စားဖိုမႉးတစ္ေယာာက္ကလည္း ခဏေလာက္ တြန္႔ဆုတ္သြားၿပီး လက္ေထာင္လိုက္ပါသည္။

က်န္းယြမ္လည္း လက္ေထာင္သည္။

ေဖးခ်မ့္က က်န္းယြမ္ကို လက္ခ်ခိုင္းလိုက္သည္။"မင္းက ေနာက္ပိုင္း မန္ေနဂ်ာအျဖစ္ ရာထူးတိုးခံရမွာ။ ဆိုင္ခြဲမန္ေနဂ်ာေတြထက္ ပိုဦးစားေပးခံရမယ္။ အဲ့တာေၾကာင့္ လက္မေထာင္နဲ႔။”

က်န္းယြမ္က ေက်နပ္သြားသည့္ပုံစံျဖင့္ လက္ခ်လိုက္ပါသည္။ ဘာေတြ ျဖစ္ေနတာလဲ။ အေၾကာင္းအရင္းမ႐ွိဘဲ သူ ရာထူးတိုးခံလိုက္ရပါသည္။

ေဖးခ်မ့္က လက္ေထာင္ထားသည့္ လူ ၄ ေယာက္ကို ၾကည့္လိုက္ပါသည္။ "ဟုတ္ၿပီ။ ဒါဆို မင္းတို႔ ၅ ေယာက္ပဲေပါ့။ က်န္းယြမ္ သူတို႔နာမည္ကို မွတ္ထားလိုက္။ သူတို႔ ၅ ေယာက္က အင္တာနက္ကေဖးဆိုင္ခြဲအသစ္ေတြအတြက္ ဆိုင္ခြဲမန္ေနဂ်ာ လုပ္လိမ့္မယ္။”

ဒီကေဖးအတြက္ ဆိုင္ခြဲမန္ေနဂ်ာက မာယန္ ျဖစ္သည္။ သို႔ေသာ္လည္း ဆိုင္ခြဲမ်ားစြာကို ဖြင့္ၿပီးေနာက္ပိုင္း မာယန္နဲ႔ က်န္းယြမ္တို႔ကို စီမံေရးအပိုင္းထဲ ရာထူးတိုးေပးမည္ျဖစ္သည္။ ထို႔ေၾကာင့္ ဒီဆိုင္ခြဲ၏ မန္ေနဂ်ာ ရာထူးလည္း လစ္ဟာသြားပါလိမ့္မည္။

ထို႔ေၾကာင့္ေဖးခ်မ့္က ဆိုင္ခြဲမန္ေနဂ်ာ ၅ ေယာက္ ေ႐ြးလိုက္ျခင္း ျဖစ္သည္။

အားလုံး ေၾကာင္စီစီ ျဖစ္သြားၾက၏။ နည္းနည္း မေလာလြန္းဘူးလား။

လက္မေထာင္ခဲ့သည့္ တခ်ိဳ႕ စားပြဲထိုးမ်ားက ရီေဝသြားၾကပါသည္။ လခြမ္း။ ငါတို႔သာ ေစာေစာသိရင္ လက္ေထာင္လိုက္ပါတယ္။

အားလုံးက ဆိုင္ခြဲမန္ေနဂ်ာရာထူးအတြက္ အရည္အခ်င္း မျပည့္မွီမွာ ေၾကာက္႐ြံ႕ေနၾကသျဖင့္ တြန္႔ဆုတ္ေနခဲ့ၾကသည္။ စမ္းသပ္ခ်က္ၿပီးမွ အရည္အခ်င္း မျပည့္မွီမွန္း သိလိုက္ရပါက ႐ွက္ဖို႔ေကာင္းပါသည္။

သို႔ေသာ္လည္း ဘာစမ္းသပ္ခ်က္မွ ႐ွိမေနပါ။

ဇေဝဇဝါအျဖစ္ဆုံးလူက လက္ေထာင္လိုက္သည့္ စားဖိုမႉးပင္။ ယုတၱိ႐ွိ႐ွိေျပာရလွ်င္ အင္တာနက္ကေဖးဆိုင္ခြဲမ်ားအတြက္ ဆိုင္ခြဲမန္ေနဂ်ာမ်ား ေ႐ြးခ်ယ္ျခင္းက စားဖိုမႉးမ်ားနဲ႔ ဘာမွမသက္ဆိုင္ပါ။ ေ႐ြးခ်ယ္သင့္သည့္ လူမ်ားက အေ႐ွ႕က စားပြဲထိုးမ်ား ျဖစ္သည္။

သို႔ေသာ္လည္း လက္ကို ေယာင္ၿပီး ေထာင္လိုက္မိတာနဲ႔ အေ႐ြးခံလိုက္ရတာလား။ ထိုအခ်ိန္တြင္ စားဖိုမႉးတစ္ေယာက္အျဖစ္မွ ဆိုင္ခြဲမန္ေနဂ်ာတစ္ေယာက္အျဖစ္ ၁၈၀ ဒီဂရီ ေျပာင္းလဲမႈႀကီးကို သူလက္မခံႏိုင္ေတာ့ေပ။

မာယန္က ေဖးခ်မ့္က အက်ႌလက္ကို ဆြဲလိုက္ကာ တီးတိုးေျပာလိုက္၏။ "ညီအစ္ကိုခ်မ့္ အဆင္ေျပပါ့မလား။ ဒီတိုင္း ႐ိုး႐ိုးတန္းတန္း ဝန္ထမ္းေခၚၾကရေအာင္လား။”

ေဖးခ်မ့္က ေခါင္းခါလိုက္သည္။ "ဒါေတြက မင္းခန္႔ထားတဲ့ ဝန္ထမ္းေတြပဲေလ။ ငါမင္းကလြဲၿပီး ဘယ္သူ႕ကိုမွ မယုံဘူး။”

မာယန္က ႐ွက္႐ြံ႕စြာ ျပဳံးလိုက္၏။ "ဟုတ္သားပဲ။”

အခန္း(၁၃၈) အ႐ႈံးေပၚခ်င္စိတ္ ပိုျပင္းျပလာျခင္း

ဆိုင္ခြဲမန္ေနဂ်ာသစ္မ်ားကို ေ႐ြးခ်ယ္ၿပီးေနာက္ ေဖးခ်မ့္ မာဘန္ဘက္သို႔ လွည့္လိုက္သည္။ "မာႀကီးနဲ႔ က်န္းယြမ္ ငါဆိုင္ခြဲေတြ ဖြင့္တာနဲ႔ ဒီဆိုင္ခြဲက အခရာဆိုင္ ျဖစ္လာမွာ။ မင္းတို႔ႏွစ္ေယာက္စလုံး အင္တာနက္ကေဖးေတြကို စီမံဖို႔ အရမ္းႀကိဳးစားဖို႔ မလိုပါဘူး။”

"က်န္းယြမ္ ေနာက္ပိုင္း မင္းက က်င္းက်ိဳးၿမိဳ႕က ယြီအင္တာနက္ကေဖးေတြအတြက္ ေဒသဆိုင္ရာမန္ေနဂ်ာ ျဖစ္လာမယ္။ ဒီက အင္တာနက္ကေဖးေတြ အကုန္လုံးကို မင္းတာဝန္ယူရမယ္။ မာယန္ မင္းကေတာ့ ယြီအင္တာနက္ကေဖးအားလုံးရဲ႕ အေထြေထြမန္ေနဂ်ာေပါ့။ မင္းက အရင္တုန္းကအတိုင္းပဲ ေဆာင္႐ြက္ရမယ္။ ငါေမးတာေျဖၿပီး ငါ့ဆီ တိုက္႐ိုက္တင္ျပေပးဖို႔ပဲ။”

"ငါေ႐ြးလိုက္တဲ့ ဆိုင္ခြဲမန္ေနဂ်ာေတြထဲမွာ မင္းတို႔ သေဘာအက်ဆုံး မန္ေနဂ်ာကို ေ႐ြးလိုက္။ သူက ဒီအင္တာနက္ကေဖးရဲ႕ ဆိုင္ခြဲမန္ေနဂ်ာ လုပ္ရမယ္။ ဒီကေဖးက ငါတို႔ရဲ႕ ပထမဆုံး ယြီအင္တာနက္ကေဖးမို႔လို႔ အဓိပၸာယ္တစ္ခု ႐ွိတယ္။ အခုကစၿပီ ငါတို႔ရဲ႕ အခရာဆိုင္လည္း ျဖစ္လိမ့္မယ္။”

"ဆိုင္ခြဲမန္ေနဂ်ာအျဖစ္ အေ႐ြးခ်ယ္မခံရတဲ့ တျခား ညီအစ္ကိုေတြကလည္း မစိုးရိမ္ပါနဲ႔။ ေနာက္ပိုင္း ယြီအင္တာနက္ကေဖး ဆိုင္ခြဲေတြ ထပ္ဖြင့္တဲ့အခါ ငါတို႔နဲ႔ အခ်ိန္အၾကာဆုံး အလုပ္လုပ္ခဲ့တဲ့ ဝန္ထမ္းေတြထဲကပဲ ဆိုင္ခြဲမန္ေနဂ်ာေတြအျဖစ္ ေ႐ြးခ်ယ္သြားမယ္။”

"မင္းတို႔ေတြ ရာထူးတိုးခံရၿပီး လစ္ဟာသြားမယ့္ ေနရာေတြအတြက္လည္း ေက်းဇူးျပဳၿပီး အျမန္ဆုံး လူေတြျပန္ခန္႔အပ္ၿပီး ျပန္ျဖည့္ပါ။”

"မာယန္နဲ႔ က်န္းယြမ္ အားလပ္ရက္ေတြ ၿပီးတဲ့အခါက်ရင္ မင္းတို႔ႏွစ္ေယာက္စလုံးကို ဆန္းစစ္ေလ့လာဖို႔အတြက္ ၁ ပတ္ အခ်ိန္ေပးမယ္။ သင့္ေတာ္တဲ့ တည္ေနရာ ၁၀ ခုကို ေ႐ြးခ်ယ္ၿပီး အေကာင္းဆုံး ၄ ခုကို ျပန္ေ႐ြးလိုက္။ အဲ့ေနရာ ၄ ေနရာမွာ ဆိုင္ခြဲေတြ ဖြင့္ၾကမယ္။”

"တည္ေနရာေ႐ြးခ်ယ္မႈ၊ ျပန္လည္ျပဳျပင္မႈနဲ႔ ဆိုင္ခန္းအလွဆင္မႈေတြကို... ဒီကေဖးအတြက္ လုပ္ခဲ့သလိုပဲ အကုန္လုံးကို အတိအက်လုပ္။ နားလည္လား။”

မာယန္က ရင္ဘတ္ကို ထုလိုက္ၿပီး ေျပာလိုက္ပါသည္။ "စိတ္မပူပါနဲ႔ ညီအစ္ကိုခ်မ့္ အားလုံး ငါ့တာဝန္သာထား"

အားလုံး စိတ္လႈပ္႐ွားေနသည့္ပုံပင္။ ေဘာ့စ္ေဖးက အလကား စကားသက္သက္ ေျပာေနတာ မဟုတ္ပါ။ သူအရင္တုန္းက ေျပာခဲ့သမွ်က အကုန္ အမွန္ျဖစ္လာသည္။ အလင္း၏ ျမန္ႏႈန္းျဖင့္ အားလုံးအမွန္ျဖစ္လာခဲ့သည္။

တခ်ိဳ႕ေဘာ့စ္မ်ားက အေပၚယံ ကတိမ်ား ေပးတာ ေတာ္သည္။ သူတို႔လုပ္မည္ေျပာသည့္ အရာမ်ားက အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ ဆက္တိုက္ ေႏွာင့္ေႏွးေလ့ ႐ွိသည္။ သို႔ေသာ္လည္း ေဘာ့စ္ေဖးကေတာ့ ျခားနားပါသည္။ လြန္ခဲ့သည့္ ရက္အနည္းငယ္ေလာက္ကမွ ဆိုင္ခြဲအသစ္တခ်ိဳ႕ ထပ္ဖြင့္မည္ဟု ေျပာခဲ့သည္။ ခ်က္ခ်င္းပဲ ထိုေန႔သို႔ ေရာက္လာခဲ့ပါၿပီ။

သူတို႔ သိပ္မၾကာေသးခင္ကမွ ဒီဆိုင္အတြက္ ယြမ္ ၃ သန္းကို ျမႇဳပ္ႏွံခဲ့သည္။ ဆိုင္ ၄ဆိုင္ ထပ္ဖြင့္ပါက ယြမ္ ၁၀ သန္းေက်ာ္ ကုန္က်လိမ့္မည္။ဒါေတာင္ ေဘာ့စ္ေဖးက မ်က္ေမွာင္ေတာင္ မၾကဳတ္ပါ။ တကယ္ပဲ သူက ႀကီးျမတ္သည့္ အရာမ်ားကို လုပ္ဖို႔ ကံပါလာသူ ျဖစ္သည္။

သူတို႔ ဒီလိုေဘာ့စ္မ်ိဳးအတြက္ အလုပ္လုပ္ေပးရသည္ဟူသည့္ အေတြးေၾကာင့္ စားပြဲထိုး တခ်ိဳ႕ ဂုဏ္ယူသြားၾကပါသည္။

ၫႊန္ၾကားခ်က္မ်ား ေပးၿပီးတာနဲ႔ ေဖးခ်မ့္ အေသးစိတ္အတြက္ ေနာက္ဆုံးစကားမ်ား ေပးခဲ့ၿပီး စိတ္သက္သာစြာျဖင့္ ျပန္သြားေတာ့သည္။

အလုပ္သမားေန႔....

ကုမၸဏီအား ပိတ္ထားသည္။ ေက်ာင္းမွာလည္း ဘာမွလုပ္စရာမ႐ွိေပ။ ေဖးခ်မ့္က အိမ္ျပန္ဖို႔ ဆုံးျဖတ္ထား၏။ သို႔ေသာ္လည္း သူအိမ္မျပန္ခင္ ကိုယ္ပိုင္စည္းစိမ္ထဲ ၈၀,၀၀၀ ေလာက္႐ွိသည့္ ဘဏ္ကတ္ကို ထုတ္လိုက္ၿပီး အနီးအနား႐ွိ အိမ္အသုံးအေဆာင္ပစၥည္းအေရာင္းဆိုင္ကို သြားလိုက္ပါသည္။

ပိတ္ရက္႐ွည္ႀကီးျဖစ္သျဖင့္ ဆိုင္ထဲမွာ လူေတာ္ေတာ္မ်ားေနပါသည္။ တကယ္ေတာ့အားလုံး တစ္ေယာက္ပခုံးေတာင္ တစ္ေယာ္က တိုက္မိေနၾကၿပီ။

ထိုအခ်ိန္တုန္းက အိမ္အသုံးအေဆာင္ပစၥည္းမ်ားကို အြန္လိုင္းေပၚက ဝယ္တာမ်ိဳး ေခတ္မစားေသးေပ။ သိုေလွာင္ပို႔ေဆာင္ေရးမ်ားကလည္း ဖြဲ႕စည္းဖို႔ မလြယ္ကူေသးပါ။ ဝယ္ယူၿပီးေနာက္ ဝယ္သူကို ဝန္ေဆာင္မႈ ေပးရတာလည္း ခက္ခဲလွပါသည္။ ထို႔ေၾကာင့္လည္း လူအမ်ားစုက ဆိုင္ခန္းေတြကိုသာ သြားၿပီး အိမ္အသုံးအေဆာင္ပစၥည္းကဲ့သို႔ ေစ်းႀကီးသည့္ အရာမ်ားကို ဝယ္ရတာ ပိုအားေပးျခင္း ျဖစ္သည္။

ႏွစ္အနည္းငယ္ၾကာၿပီးေနာက္ အင္တာနက္ လုပ္ငန္းမ်ား ပိုေရပန္းစားလာသည့္အခါ ထိုဆိုင္ခန္းမ်ားက နည္းပါးသြားပါလိမ့္မည္။

ေဖးခ်မ့္က ေျခဦးတည့္ရာ ေလွ်ာက္ၾကည့္ေနမိသည္။ "ေစ်းဝယ္ရတာ ေတာ္ေတာ္ခက္တာပဲဟ။ လက္ေထာက္႐ွင္းသာ ႐ွိရင္ ေကာင္းမွာပဲ..."

ေဖးခ်မ့္ လက္ေထာက္႐ွင္းကို သတိရေနပါသည္။ သူမ သာ႐ွိပါက ေဖးခ်မ့္၏ ဦးစားေပးအခ်က္မ်ားအလိုက္ အေကာင္းဆုံးဆိုင္မ်ားကို တင္ျပေပးႏိုင္သည္။ ေဖးခ်မ့္လုပ္ဖို႔ လိုတာဆိုလို႔ ကတ္ျဖတ္လိုက္ဖို႔သာ ျဖစ္သည္။

သို႔ေသာ္လည္း ဒီေန႔က အားလပ္ရက္ျဖစ္သျဖင့္ လက္ေထာက္႐ွင္းလည္း ပိတ္ရက္ယူပါသည္။ တိတိက်က်ေျပာရပါက သူ႕အိမ္အတြက္ လွ်ပ္စစ္အသုံးအေဆာင္ပစၥည္းမ်ား ဝယ္ယူျခင္းက သူမ အလုပ္ မဟုတ္ပါ။ လက္ေထာက္႐ွင္းကို ဒီလိုကိစၥမ်ိဳးကအစ အကူအညီေတာင္းဖို႔ မေကာင္းေပ။ စနစ္က သတိပင္ ေပးႏိုင္ပါသည္။

ထို႔ေၾကာင့္ ေဖးခ်မ့္လည္း ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ဘဲ ပင္ပန္းတာကို ေတာင့္ခံၿပီး တစ္ေယာက္တည္း ေလွ်ာက္သြားေနရပါသည္။

တီဗီ၊ အဝတ္ေလွ်ာ္စက္၊ ေရခဲေသတၱာ၊ အဲကြန္း...။

အိမ္က ပစၥည္း အားလုံးနီးပါးကို ေျပာင္းရမည္ဆိုတာ ေဖးခ်မ့္ ေသခ်ာပါသည္။ သို႔ေသာ္လည္း သူတစ္ေယာက္တည္း ထိုပစၥည္းမ်ားကို ေ႐ြးခ်ယ္ဖို႔က ခက္ခဲေနပါသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ အားလုံးက အေတာ္ေလး ဆိုး႐ြားသည့္ပုံစံေပါက္ေနေသာာေၾကာင့္ပင္။

ထိုအိမ္အသုံးအေဆာင္ပစၥည္းမ်ား၏ ဘရန္းမ်ားက ေဖးခ်မ့္ မွတ္မိတာနဲ႔ ျခားနားေနသည္။ သို႔ေသာ္လည္း ဘယ္ဟာကေကာင္းၿပီး ဘယ္ဟာက ဆိုးသလဲဆိုတာေတာ့ အၾကမ္းဖ်င္း မွတ္မိပါေသးသည္။ ေဖးခ်မ့္ ေခါင္းအကိုက္ရဆုံးက ဒီေလာကမွာ ဆဲလ္ဖုန္းနဲ႔ ကြန္ပ်ဴတာ ေဆာ့ဖ္ဝဲမ်ား တိုးတက္တာ အလြန္ျမန္ေသာ္လည္း အိမ္အသုံးအေဆာင္ပစၥည္းမ်ားကေတာ့ သူမွတ္မိတာေတြနဲ႔ အတူတူေလာက္သာ ႐ွိသည္။

ေဖးခ်မ့္က ၂၀၁၀ ခုႏွစ္က အသုံးအေဆာင္ပစၥည္းမ်ားကို ၂၀၁၉ ခုႏွစ္က လူတစ္ေယာက္အျမင္ျဖင့္ ၾကည့္ေနရျခင္း ျဖစ္၏။ ထို႔ေၾကာင့္ ထိုပစၥည္းအားလုံး မသင့္ေတာ္ဘူးဟု ခံစားရျခင္း ျဖစ္သည္။ တကယ္ေတာ့ ထိုအိမ္အသုံးအေဆာင္ပစၥည္း ဘရန္းအႀကီးစား မ်ားစြာက ေစ်းကြက္ထဲက မၾကာခင္ ထုတ္ခံရေတာ့မည္။ သူတို႔ က်႐ႈံးေတာ့မွာ ေဖးခ်မ့္ သိပါသည္။ သို႔ေသာ္ ထိုအသုံးအေဆာင္ပစၥည္းမ်ားကို ေခတ္မွီထုတ္ကုန္မ်ားအျဖစ္ ဆိုင္မွာ တင္သြင္းထားတုန္းပင္။

ဥပမာအားျဖင့္ တီဗီ။ ထိုအခ်ိန္တုန္းက ႏိုင္ငံျခား တီဗီ ၄၀ လက္မမ်ားက ယြမ္ ၅,၀၀၀ - ၆,၀၀၀ ဝန္းက်င္ေလာက္ ႐ွိသည္။ ေဖးခ်မ့္အတြက္ ဒါ ကေန႔ခင္းေၾကာင္ေတာင္ႀကီး ဓားျပတိုက္ခံေနရသလိုပင္။ ထို ပုံတုံးတုံး ၄၀ လက္မ တီဗီမ်ားကို ယြမ္ ၁,၀၀၀ ဝန္းက်င္ေလာက္နဲ႔ ေရာင္းၾကတာကို ျမင္ေနက်ျဖစ္သျဖင့္ ဒီလိုတီဗီမ်ားကို ဒီေလာက္ေစ်းနဲ႔ လုံးဝ မဝယ္ခ်င္ပါ။

သူ ဒီလိုခံစားရတာလည္း ပုံမွန္ပဲ ျဖစ္သည္။ ဆို႐ိုစကားအတိုင္းပင္။ ေစာေစာဝယ္ပါက ၾကာၾကာ သုံးႏိုင္သည္။ ေနာက္က်မွ ဝယ္ပါက ေလွ်ာ့ေစ်းရႏိုင္သည္။ စိတ္႐ွည္သည့္လူမ်ားက ေက်းကြၽန္ မျဖစ္တတ္ဟူေသာ ဆို႐ိုးစကားလည္း ႐ွိပါေသးသည္။

ဒီလိုထုတ္ကုန္မ်ိဳးေတြက ဖြံ႕ၿဖိဳးျမန္ၿပီး တိုးတက္လြယ္သည္။ အနာဂတ္ ၁၀ ႏွစ္ေလာက္က လာခဲ့ေသာ လူတစ္ေယာက္၏ အျမင္ျဖင့္ ဒီပစၥည္းမ်ားက အေႏွးႏွင့္ အျမန္ဆိုသလို ေျပာင္းလဲေတာ့မည္ ျဖစ္သည္။ သို႔ေသာ္လည္း သူ ေစာေစာဝယ္ပါက ေစာေစာ အသုံးျပဳႏိုင္ပါလိမ့္မည္။

သူ႕မိဘမ်ား၏ အိမ္အသုံးအေဆာင္ပစၥည္းအသစ္မ်ားကို ဝယ္ယူလိုက္ပါက အနည္းဆုံးေတာ့ အဝတ္ေလွ်ာ္စက္ႀကီးမွာ အဝတ္မ်ားကို အေျခာက္ခံစဥ္ ထိန္းမရေအာင္ လႈပ္ေတာ့မွာ မဟုတ္ဟု ေဖးခ်မ့္ ထင္မိပါသည္။ သူတို႔ ေရခဲေသတၱာထဲမွာလည္း ပစၥည္းေတြ ထပ္သိုေလွာင္ႏိုင္သလို မ်က္စိအတြက္ သက္ေတာင့္သက္သာ႐ွိသည့္ တီဗီအႀကီးႀကီးနဲ႔လည္း ၾကည့္ႏိုင္မည္။ အားလုံးက တစ္ေန႔တာ လုပ္ငန္းမ်ား ျဖစ္သည္။ ထို႔ေၾကာင့္ ထိုအသုံးအေဆာင္ပစၥည္းမ်ားကို ျမန္ျမန္လဲေလ ေကာင္းေလ ျဖစ္ပါသည္။

ေဖးခ်မ့္ ဆိုင္ကို ၂ ပတ္ပတ္ၾကည့္လိုက္ၿပီး သူ ဝယ္ခ်င္သည့္ အသုံးအေဆာင္ပစၥည္းမ်ားကို အျမန္ဆုံး ျဖတ္လိုက္ပါသည္။ ခ်က္ခ်င္းပဲ ကတ္ကိုျဖတ္ကာ ဝယ္ယူမႈကို အဆုံးသတ္လိုက္သည္။

၄၂ လက္မ တီဗီတစ္လုံးက ၆,၀၀၀ ယြမ္ေက်ာ္တန္သည္။ တံခါးႏွစ္ခုပါ ေရခဲေသတၱာမ်ားကလည္း ထိုေခတ္က ဆန္းသစ္ဆဲ ျဖစ္၏။ ယြမ္ ၁၀,၀၀၀ ေပးခဲ့ရပါသည္။ အဲကြန္းတစ္လုံးကို ယြမ္ ၂,၀၀၀ ျဖင့္ ဝယ္ခဲ့သည္။ က်င္းက်ိဳးၿမိဳ႕က ေႏြရာသီမွာ အေတာ္ေလး ပူတတ္သျဖင့္ အဲကြန္းဝယ္ဖို႔ အခ်ိန္မွန္ ျဖစ္ပါသည္။ အဝတ္ေလွ်ာ္စက္တစ္လုံးကို ၃,၀၀၀ ယြမ္ေက်ာ္ေက်ာ္ျဖင့္ ဝယ္ယူခဲ့သည္။ တစ္ခ်ိန္တည္းမွာပဲ လွ်ပ္စစ္ ထမင္းေပါင္းအိုး၊ ဖုန္စုပ္စက္၊ တျခားအိမ္အသုံးအေဆာင္ပစၥည္းမ်ားကို ဝယ္ခဲ့ပါသည္။ အားလုံးကို ေပါင္းလိုက္ပါက ယြမ္ ၂,၀၀၀ ေက်ာ္သည္။

ေဖးခ်မ့္ ေ႐ြးခ်ယ္လိုက္သည့္ အသုံးအေဆာင္ပစၥည္းတိုင္းက အျပည့္အဝ ေကာင္းမြန္ၿပီး အရည္အေသြးေကာင္းသည့္ ဘရန္းမ်ားျဖစ္ၾကသည္။ ျပည္တြင္း အသုံးအေဆာင္ပစၥည္းမ်ားနဲ႔ ႏိုင္ငံျခားထုတ္ အသုံးအေဆာင္ပစၥည္းမ်ားဟူ၍ ႐ွိသည္။ ထို႔ေၾကာင့္ သာမန္အသုံးအေဆာင္ပစၥည္းမ်ားထက္ ပိုေစ်းႀကီးျခင္း ျဖစ္ပါသည္။

ေနာက္ဆုံးေတာ့ အားလုံးေပါင္းလိုက္ေသာအခါ ယြမ္ ၃၀,၀၀၀ ဝန္းက်င္ေလာက္ ကုန္က်ခဲ့ပါသည္။ ဒီလိုနဲ႔ အဆုံးသတ္သြားခဲ့၏။

အသုံးအေဆာင္ပစၥည္းမ်ားကို ဝယ္ၿပီးသြားေသာအခါ ေဖးခ်မ့္ ဆိုင္ကို နည္းနည္းေလာက္ ေလွ်ာက္ၾကည့္လိုက္ေသးသည္။ တံျမက္စည္းလွည္း စက္႐ုပ္တစ္႐ုပ္ကို ျမင္သြားသည္။

၂၀၁၀ ခုႏွစ္မတိုင္ခင္ကတည္းက တံျမက္စည္းလွည္း စက္႐ုပ္မ်ားကို လူေတြ စတင္အသုံးျပဳေနၾကၿပီ ျဖစ္သည္။ သို႔ေသာ္လည္း ထိုအခ်ိန္တုန္းက ဘယ္သူမွ ဒီလိုပစၥည္းမ်ိဳးကို မဝယ္ၾကပါ။ ေစ်းနဲ႔လည္း လုံးဝ မတန္ေသာေၾကာင့္ ျဖစ္သည္။ ထို႔အျပင္ ထိုအခ်ိန္တုန္းက စက္႐ုပ္ကို ထိန္းခ်ဳပ္ႏိုင္သည့္ အပီလီေကး႐ွင္းမ်ိဳးလည္း မ႐ွိေသးပါ။  တစ္နည္းအားျဖင့္ စက္႐ုပ္မ်ားက ငတုံးမ်ားျဖစ္သည္ဟု ဆိုႏိုင္သည္။ ေနာက္ပိုင္းေလာက္ လူေတြအတြက္ အခ်ိန္ေကာ ခြန္အားေကာ မသက္သာေစပါ။

ေဖးခ်မ့္က တံျမက္စည္းလွည္းစက္႐ုပ္ကို ၾကည့္လိုက္ၿပီး ဒီေမာ္ဒယ္က သိပ္မဆိုးေၾကာင္း ေတြ႕သြားပါသည္။ တံျမက္စည္းလွည္းရမည့္ လမ္းေၾကာင္းကို သတ္မွတ္ေပးလို႔မရေသာ္လည္း သန္႔႐ွင္းေရးမုဒ္မ်ားစြာ ပါဝင္၏။ ယြမ္ ၃,၀၀၀ ေက်ာ္ ကုန္က်သည္။ သူ ဝယ္ယူဖို႔ ဆုံးျဖတ္လိုက္ပါသည္။သူ႕ အသုံးအေဆာင္ပစၥည္းေဟာင္းမ်ားကို ျပန္ေရာင္းခ်ဖို႔ ေစ်းကို ေဆြးေႏြးၾကည့္သည္။ ထို႔ေနာက္ ဆိုင္က ထရပ္ကားႀကီးျဖင့္ သူ႕အသုံးအေဆာင္ပစၥည္းသစ္မ်ားကို သူ႕အိမ္သို႔ သယ္သြားတာကို ၾကည့္ေနလိုက္ပါသည္။

ဆိုင္က သူ႕အိမ္နဲ႔ မေဝးပါ။ ေဖးခ်မ့္က စတိုးဆိုင္ ထရပ္ကားေနာက္မွ အိမ္သို႔ လိုက္လာခဲ့ပါသည္။

"လာပါ အထဲကို ေ႐ႊ႕ေပးပါ။” ေဖးခ်မ့္က သူတို႔ကို အသုံးအေဆာင္ပစၥည္းအသစ္မ်ား ထားရမည့္ေနရာကို ၫႊန္ၾကားေပးလိုက္သည္။

သူ႕အေမက မီးဖိုေခ်ာင္ထဲက ေျပးထြက္လာၿပီး အနည္းငယ္ ေၾကာင္ေနပါသည္။ "ဟဲ့ ဘာျဖစ္တာလဲ။ သား နင္ ဒါေတြ အကုန္ ဝယ္လာတာလား။”

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္ပါသည္။ "ဟုတ္တယ္။ အေဖေကာ။”

"အလုပ္႐ွင္ေတြကို ဧည့္ခံဖို႔ သြားတယ္။ ဒီေန႔ည ေနာက္က်လိမ့္မယ္။”ေဖးခ်မ့္က အေမက သူမအိမ္ထဲ ေ႐ႊ႕ေနၾကသည့္ အသုံးအေဆာင္ပစၥည္းႀကီးမ်ားကို ၾကည့္ကာ စိတ္ေခ်ာက္ခ်ားလာ၏။ "ငါ့သား ဘယ္ေလာက္ေတာင္ ဝယ္ခဲ့တာလဲ။ ပိုက္ဆံေတြ ဘယ္ေလာက္ေတာင္ သုံးခဲ့ရလဲ။”

"စိတ္မပူပါနဲ႔ဗ်ာ။ ၂၀,၀၀၀ ယြမ္ေက်ာ္ေက်ာ္ေလာက္ပဲ သုံးခဲ့တာ။ ကြၽန္ေတာ့္႐ိုက္ကူးေရးခနဲ႔ ကာမိပါတယ္။ ဆိုင္နဲ႔ ဒီက အေဟာင္းေတြ ျပန္ေရာင္းဖို႔ ေျပာၿပီးၿပီ။ သူတို႔က အလဲအထပ္ လက္ခံတယ္ေလ။ အဲ့တာေၾကာင့္ ပစၥည္းအသစ္ေတြအတြက္ ေလွ်ာ့ေစ်း ရလာတယ္။ စိတ္မပူပါနဲ႔။”

ေဖးခ်မ့္က ဒီကိစၥေတြ အကုန္လုံးကို အျမန္လုပ္ရမွာ သိေနပါသည္။ သူ႕အေမကို တုန္႔ျပန္ခြင့္ေပးလို႔ မျဖစ္ပါ။ အိမ္အသုံးအေဆာင္ ပစၥည္းသစ္အားလုံးကို သူ႕အိမ္ထဲမွာ ပါကင္ေဖာက္ၿပီး ပစၥည္းေဟာင္းမ်ားကိုေတာ့ အကုန္ထုတ္ရပါမည္။

"ဒါ..."

သူ႕အေမက တီဗီအသစ္ကို ၾကည့္လိုက္ၾကသည္။ ေရခဲေသတၱာအသစ္ကို ဖြင့္ၾကည့္လိုက္သည္။ ထို႔ေနာက္ အဝတ္ေလွ်ာ္စက္အသစ္ကို ဆန္းစစ္ၾကည့္လိုက္၏။ ထိုအခ်ိန္တြင္ သူမ ဘာေျပာရမွန္းေတာင္ မသိေတာ့ပါ။

"အဲကြန္းက မနက္ျဖန္ မနက္ေရာက္လိမ့္မယ္။ အေမ့ အိပ္ခန္းထဲမွာ တပ္မယ္။ အရမ္းပူလို႔ ေန႔ဘက္ မအိပ္ႏိုင္ရင္ ဖြင့္အိပ္လို႔ ရတယ္။ နည္းနည္း အပူခ်ိန္ညႇိေပးလိုက္၊ အဲ့တာပဲ။”

"ဒီမွာ တံျမက္စည္းလွည္းစက္႐ုပ္ေလးလည္း ပါတယ္။ ဘယ္လိုသုံးရလဲ သားသင္ေပးမယ္။”

ေဖးခ်မ့္က အသုံးအေဆာင္ပစၥည္းသစ္မ်ားကို ဘယ္လိုသုံးရသလဲ သူ႕အေမကို စတင္႐ွင္းျပသည္။ တစ္ခ်ိန္တည္းမွာပင္ ညစ္ေပေနသည့္ အိပ္ယာခင္းတစ္ခုကို ယူကာ အဝတ္ေလွ်ာ္စက္ထဲ ပစ္ထည့္ကာ ေလွ်ာ္ျပလိုက္သည္။ အဝတ္ေလွ်ာက္စက္က သိမ္ေမြ႕ ႏူးညံ့သည့္ အသံမ်ားသာ ထြက္သည္။ အေျခကိုလည္း ထိန္းညႇိထားၿပီးသား ျဖစ္၏။ အဝတ္ေလွ်ာ္စက္က ခါေတာင္ မခါပါ။

"ဒီအဝတ္ေလွ်ာ္စက္က သုံးရ တကယ္လြယ္တာပဲ" ေဖးခ်မ့္က အေမက အံ့ၾသစြာ ေျပာလိုက္ပါသည္။

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္၏။ "ဒါေပါ့ သုံးရလြယ္႐ုံတင္မကဘူး။ ေရကုန္လည္း သက္သာတယ္။ ေရခဲေသတၱာက အရင္အလုံးထက္ မီတာစားသက္သာတယ္။ အသုံးအေဆာင္ပစၥည္းေတြကို လဲရတာ ေစ်းမေပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ သုံးစြဲမႈနဲ႔ မီတာခေတြကို သက္သာေစလိမ့္မယ္။”

အေမက ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။ "ဟုတ္တာေပါ့။”

အလြန္လ်င္ျမန္စြာျဖင့္ ေရခဲေသတၱာထဲ အစားအေသာက္မ်ားျဖင့္ ျပည့္ႏွက္သြားပါသည္။ အဝတ္ေလွ်ာ္စက္ထဲမွာလည္း အဝတ္မ်ားစြာ ထည့္ေလွ်ာ္ေနပါၿပီ။ တံျမက္စည္းလွည္း စက္႐ုပ္ကလည္း ၾကမ္းျပင္ေပၚမွာ လည္ေနသည္။ ႐ုပ္သံအစီအစဥ္တစ္ခုလည္း တီဗီႀကီးေပၚမွာ လာေနသည္။

အေမက အဝတ္ေလွ်ာ္စက္အသစ္ကို အလြန္သေဘာက်ေနပါသည္။ ေလွ်ာ္စရာ အဝတ္အစားအားလုံးကို စုလိုက္သည္။ ဒီအဝတ္ေလွ်ာ္စက္အသစ္ကို ေကာင္းေကာင္း အသုံးခ်ခ်င္ေနသည့္ပုံပင္။

ေဖးခ်မ့္က ဆိုဖာေပၚတြင္ လွဲေလ်ာင္းလိုက္၏။ အိမ္အတြက္ အနည္းငယ္ ႀကီးလြန္းေနသည့္ တံခါးႏွစ္ခ်ပ္ပါ ေရခဲေသတၱာကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္သြားပါသည္။

"ဒီအိမ္သာ ဒီ့ထက္ပိုႀကီးရင္..."

"ငါအ႐ႈံးေပၚဖို႔ ပိုႀကိဳးစားရေတာ့မယ္...။”

ပိတ္ရက္႐ွည္ႀကီး၏ အဆုံး ၄ ရက္ေျမာက္ေန႔တြင္...

သူ ႐ုံးသို႔ ျပန္ေရာက္ေနၿပီျဖစ္သည္။ ေဖးခ်မ့္၏ ကိုယ္ပိုင္စည္းစိမ္ထဲ ယြမ္ ၅၀,၀၀၀ ေလာက္ ေလ်ာ့သြားေလၿပီ။ အ႐ႈံးေပၚခ်င္သည့္ စိတ္မ်ား ပိုျပင္းျပလာ၏။

"အပ္ဒိတ္အသစ္အတြက္ အေၾကာင္းအရာေတြ စီစဥ္ၿပီးၿပီလား။” ေဖးခ်မ့္က လုမင္လ်န္၏ အလုပ္စားပြဲနားက ျဖတ္သြားရင္း ပုံမွန္အတိုင္း ေမးလိုက္ပါသည္။

လုမင္လ်န္က ခ်က္ခ်င္းပဲ ေခါင္းၿငိမ့္လိုက္သည္။ "အားလုံး အသင့္ျဖစ္ပါၿပီ ေဘာ့စ္ေဖး"

"ဟမ္" တစ္ခုခု လြဲေနတာကို ေဖးခ်မ့္ သတိထားလိုက္မိပါသည္။ "မင္း အလုပ္သမားအားလပ္ရက္ေတြမွာပါ အလုပ္လုပ္ေနတာလား။”

လုမင္လ်န္က ရပ္တန္႔သြား၏။ ေဘာ့စ္ေဖးက ငါ့ကို ေစာင့္ေနတာလား။

သူ လုပ္ႏိုင္တာ ဘာမွ မ်ားမ်ားစားစား မ႐ွိပါ။ အခ်ိန္ပိုမလုပ္ဘဲ မျဖစ္ႏိုင္ေပ။

သူ႕တာဝန္ကို ဧၿပီလ ၃၀ ရက္ေန႔မွာ ေပးခဲ့သည္။ ေမလ ၁ ရက္ေန႔မွ ၃ ရက္ေန႔အထိက အားလပ္ရက္ျဖစ္၏။ ေမလ ၄ ရက္ေန႔ျဖစ္ၿပီး ပထမဆုံး အလုပ္ျပန္လုပ္ရသည့္ေန႔ ျဖစ္သည္။ ဒါေတာင္ အစီအစဥ္ဆြဲၿပီးသြားၿပီတဲ့။ သူအခ်ိန္ပိုမလုပ္ဘူးဟု ေျပာပါက မည္သူယုံမည္နည္း။

လုမင္လ်န္က အျမန္႐ွင္းျပလိုက္၏။ "မဟုတ္ဘူး ေဘာ့စ္ေဖး။ ကြၽန္ေတာ္ လြန္ခဲ့တဲ့ ရက္ေတြက အိမ္မွာ ဘာမွလုပ္စရာမ႐ွိလို႔။ အပ္ဒိတ္အသစ္အတြက္ အစီအစဥ္ေတြပဲ စဥ္းစားမိလို႔ပါ။”

ေဖးခ်မ့္က မ်က္ႏွာတည္ႀကီးနဲ႔ ေျပာလိုက္ပါသည္။ "မင္းအိမ္မွာအလုပ္လုပ္လည္း အခ်ိန္ပို လုပ္တာပဲ စည္းကမ္းေတြအတိုင္း အားလပ္ရက္မွာ အခ်ိန္ပိုလုပ္တဲ့အတြက္ လစာ ၃ ဆယူ။”

လုမင္လ်န္ "... ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး။”

ေဖးခ်မ့္ လွည့္ထြက္သြားၿပီး အစည္းအေဝးခန္းမထဲ ဝင္သြားပါသည္။ "ဟုတ္ၿပီ ထပ္မျဖစ္ေစနဲ႔။ အားလုံး အစည္းအေဝးေခၚမယ္။ အပ္ဒိတ္အသစ္ေတြအေၾကာင္း ေဆြးေႏြးၾကမယ္။”

အလြန္လ်င္ျမန္စြာျဖင့္ ဂိမ္းဖန္တီးအဖြဲ႕က လူအားလုံး ေရာက္လာၾကသည္။  မာယိခြၽမ္က အရင္တုန္းကလိုပဲ ေထာင့္နားေလးမွာ တိတ္တိတ္ေလး ထိုင္ေနပါသည္။ သူ႕မွတ္စုစာအုပ္ကို ကိုင္ထားရင္း မွတ္စုမ်ား ေရးဖို႔ အသင့္ျဖစ္ေနသည္။

လုမင္လ်န္က သူတို႔မွာ ႐ွိေနၿပီးသား ဂိမ္းအတြက္ အစီအစဥ္မ်ားကို စတင္တင္ဆက္သည္။ မၾကာေသးခင္က ေဖးခ်မ့္ ေပးခဲ့သည့္ ၫႊန္ၾကားခ်က္မ်ားနဲ႔ ေတာ္ေတာ္ေလး ဆင္တူေနပါသည္။

အထီးက်န္ကႏၲာရလမ္းအတြက္ အဆုံးမ႐ွိမုဒ္၊ အတူတြဲကစားလို႔ရသည့္မုဒ္ႏွင့္ ေျမပုံအသစ္မ်ား ထည့္သြင္းမည္။ ေစ်းႏႈန္းက တစ္ယြမ္ျဖစ္၏။

တေစၧစစ္သူႀကီးအတြက္ စစ္သူႀကီးအသစ္မ်ား ထည့္သြင္းၿပီး ေစ်းႏႈန္းကို ၅ ယြမ္အျဖစ္ သတ္မွတ္မည္။

သမုဒၵရာရဲတိုက္အတြက္ ဆန္းၾကယ္လက္နက္အသစ္အသစ္ ႐ွိမည္ျဖစ္ၿပီး ၈၈၈ ယြမ္ေစ်းျဖင့္ ေရာင္းမည္။ တစ္လကို လက္နက္ အခုေရ ၅၀၀ သာ ေရာင္းရမည္ဟူေသာ ကန္႔သတ္ခ်က္လည္း ႐ွိေသး၏။

ဂိမ္းဒီဇိုင္နာအတြက္ကေတာ့ ဘာသာစကားအသစ္မ်ားနဲ႔ ဆက္တင္စတိုင္ အသစ္တို႔ ပါဝင္ၿပီး ၅ယြမ္ျဖင့္ ေရာင္းခ်မည္။

တစ္ခုတည္းေသာ ျခားနားခ်က္က လုမင္လ်န္၏ ႐ွင္းျပခ်က္က ေဖးခ်မ့္ထက္ အေသးစိတ္ပိုက်ျခင္း ျဖစ္သည္။ ဥပမာအားျဖင့္ တေစၧစစ္သူႀကီးအတြက္ စစ္သူႀကီးအသစ္ေတြထဲ ဘယ္သူေတြပါမလဲ။ ဘာအစြမ္းေတြ႐ွိမလဲ။ ၎တို႔၏ ႐ုပ္ပုံပန္းခ်ီက ေယဘုယ်အားျဖင့္ ဘယ္လိုျဖစ္မလဲ စသျဖင့္ ႐ွင္းျပသည္။

ဒါက အေသးစိတ္ ပိုက်ေသာ အစီအစဥ္ ျဖစ္ပါသည္။ ထို႔အျပင္ ဒီအစီအစဥ္ကို ၾကည့္ျခင္းအားျဖင့္ သူတို႔ စုစုေပါင္း ကုန္က်စရိတ္ကို စတင္တြက္ခ်က္ႏိုင္ေနပါၿပီ။

Continue Reading

You'll Also Like

114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
229K 32.2K 101
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung
148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021