သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-133/134

192 15 0
By Miracle_Phyu97

ဖေးချမ့် 133+134

အခန်း(၁၃၃) ရန်သူကို လှည့်စားမယ့် ဘော့စ်ဖေးရဲ့ ဗျူဟာ

မာယန်အနည်းငယ် ကြောင်သွားပါသည်။ သူ့မျက်လုံးများ စိုစွတ်လာ၏။"ညီအစ်ကိုချမ့် အခြေအနေတွေ ဒီလောက်ထိ ဆိုးရွားနေတာတောင် ငါ့ကိုယုံကြည်တုန်းပဲလား။ ငါတကယ်...။”

ဖေးချမ့်က မာယန်၏ ပခုံးကိုပုတ်ပေးလိုက်ပြီး ကျန်းယွမ်ကို ကြည့်လိုက်ပါသည်။ "မှတ်ထားပါ။ ငါမင်းတို့နှစ်ယောက်အပေါ်မှာ အမြဲတမ်း မျှော်လင့်ချက်မြင့်မြင့်ထားတယ်။ အဲ့တာ မပြောင်းလဲဘူး။ ငါတို့ တစ်လကို ၃၀၀,၀၀၀ လောက် အရှုံးပေါ်နေလဲ ဘာဖြစ်လဲ။ ထန်းတာ့က အခု ကုမ္ပဏီအကြီးစားကြီးတစ်ခုပဲလေ။ ပိုက်ဆံတွေ ဒီတိုင်း ပုံထားလို့ ဘာအသုံးဝင်မှာလဲ။ ကောင်းကောင်း အသုံးချရမှာပေါ့။”

"ငါထပ်ပြောလိုက်မယ်။ ယွီအင်တာနက်ကဖေးက ထန်းတာ့ကော်ပိုရေးရှင်းအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲနော်။ ဒီပရောဂျက်ကို ငါအများကြီးမျှော်လင့်ထားတယ်။ အဲ့တာကြောင့် မင်းတို့ နှစ်ယောက်ကို တာဝန်ပေးထားတာ။  အမြတ်တွေဘာညာကို လုံးဝခေါင်းထဲထည့်မနေနဲ့။ ငါတို့ အခု သတ်မှတ်ထားတဲ့ စျေးတွေကိုလည်း လျှော့ပေးလို့မရဘူး။ မင်းတို့လုပ်ရမှာက ဒီအဆင့်အတန်းအတိုင်း ဆက်ပြီး ထိန်းသိမ်းထားဖို့ပဲ။ နားလည်လား။”

"မာယန် ၃၀၀,၀၀၀ ကို အာရုံစိုက်မနေစမ်းပါနဲ့။ ယွမ် ၃ သန်းဖြစ်ဖြစ် သန်း ၃၀ လောက်ဖြစ်ဖြစ် ဖြစ်နေရင်တောင် မင်းတို့ ငါ့ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာသရွေ့ မင်းတို့ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ၊ ငါမျက်မှောင်တစ်ချက်မကြုတ်စေရဘူး။”

"စိတ်ချထား။ ငါထပ်ပြောမယ်နော်၊ မင်းတို့ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ ငါတာဝန်ယူမယ်။”

ဖေးချမ့် အင်တာနက်ကဖေးထဲက စိတ်မသက်သာဖြစ်နေသော ဝန်ထမ်းများအားလုံးကို ကြည့်လိုက်သည်။

"မင်းတို့အားလုံးလည်း အတူတူပဲ။ မင်းတို့တွေ စိတ်ပိုင်းဆိုင်ရာမှာ ဝန်မပိစေချင်ဘူး။ ယွီအင်တာနက်ကဖေးက ဘယ်လောက်ပဲဆုံးရှုံးပါစေ မင်းတို့ညီအစ်ကိုတွေကို တစ်ယောက်မှ အပြစ်မတင်ဘူးလို့ ငါအာမခံတယ်။"

"ဒီအင်တာနက်ကဖေးမှာ အလုပ်လုပ်နေတဲ့ ငါ့ညီအစ်ကိုတွေအားလုံးကို ၃၀ ရာခိုင်နှုန်း လစာတိုးပေးမယ်။ အားလုံး စိတ်အားထက်သန်မှုတွေနဲ့ ပြည့်ဝပြီး ကတ်စတမ်မာတိုင်းကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

"နောက်လကျရင် ငါတို့ ကျင်းကျိုးမြို့မှာ အင်တာနက်ကဖေးဆိုင်ခွဲတွေ ထပ်ဖွင့်ကြမယ်။ အဲ့အချိန်ကျရင် အဲ့ဒီဆိုင်ခွဲတွေမှာ မင်းတို့အားလုံး ဆိုင်ခွဲမန်နေဂျာဖြစ်လာနိုင်ချေရှိတယ် "

ဖေးချမ့်၏ စကားလုံးများက စိတ်အားထက်သန်မှုများနဲ့ ပြည့်နှက်နေပြီး အားလုံး၏ စိတ်ဓာတ်ကလည်း မိုးထိုးကာ မြင့်တက်သွားပါသည်။

ဝန်ထမ်းများ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ တစ်ယောက်မကျန် လစာတိုးမယ်တဲ့လား။

ထို့အပြင် ဆိုင်ခွဲများကိုလည်း မကြာခင်ဖွင့်တော့မည်။ ဆိုင်ခွဲအတွက် မန်နေဂျာများကိုလည်း ရှိပြီးသား ဝန်ထမ်းများထဲမှ ရွေးချယ်ပါလိမ့်မည်။

ကောင်းလိုက်တာ၊ တကယ်ကောင်းတာပဲ။

အစကတော့ အင်တာနက်ကဖေး ဆက်တိုက်အရှုံးပေါ်နေမှုကြောင့် ဘော့စ်ဖေးက ဒီလုပ်ငန်းကို လက်လျှော့လိုက်မှာကို အားလုံးစိတ်ပူနေခဲ့ပါသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် သူတို့ ဒီလို အလုပ်ကောင်းကောင်း မရှိတော့မှာကို စိုးရိမ်နေခဲ့ကြသည်။ သို့သော်လည်း ဘော့စ်ဖေးက ဘယ်သူ့ကိုမှ မစွန့်ပစ်ချင်ပါ။ တကယ်တော့ အကုန်လုံးကို မြှင့်တင်ပေးချင်နေပါသည်။

အခုတော့ အားလုံး၏ ရင်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ဘော့စ်ဖေးအတွက် အားလုံး ကြိုးစားကြမည်။

"ဟုတ်ပြီ၊ ငါပြန်တော့မယ်။ အင်တာနက်ကဖေးကို မင်းတို့လက်ထဲ အပ်ခဲ့မယ်နော်။ ငါစိတ်ချမယ်။" ဖေးချမ့်က မာယန်၏ လက်မောင်းကို ပုတ်လိုက်ပြီး ပြန်သွားပါသည်။

ဖေးချမ့်တစ်ယောက် လက်ထောက်ရှင်း၏ Cayenne ကားကြီးထဲ ဝင်ထိုင်ပြီး ပြန်သွားတာကို ကြည့်ရင်း မာယန်၏ စိတ်ခံစားချက်များ စုစည်းလာခဲ့သည်။ "ငါ အခု အကြံသစ်တွေ စဥ်းစားမယ်။ ငါဟွမ်စစ်ပေါ်ကို မရှုံးစေရဘူး။”

ကျန်းယွမ်ကလည်း စိတ်အားထက်သန်မှုများနဲ့ ပြည့်ဝနေပါသည်။ "ညမိုးချုပ်တော့မယ်။ ငါ ဒီနေ့ည သီချင်းနည်းနည်းလောက် ထပ်ဆိုဦးမယ်။ ကတ်စတမ်မာတွေကို အရက်လာဝယ်အောင် ကြိုးစားပေးမယ်။”

ကားထဲတွင်။

ဖေးချမ့်က သူ့အားပေးစကားက ယွီအင်တာနက်ကဖေး၏ ဝန်ထမ်းများအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ အလွန်ရှင်းလင်းသိသာနေပါသည်။

သို့သော်လည်း သူ စိတ်မပူပါ။ ကိစ္စတော်တော်များများက လမ်းချော်ခဲ့ပြီးသားပင်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားပါစေ အသုံးမဝင်တော့ပါ။

မာယန်က အရမ်းစိတ်လှုပ်ရှားသွားလည်း ဘာဖြစ်လဲ။

ဘာမှ ပြောင်မြောက်တာ လုပ်နိုင်မှာလည်း မဟုတ်သဖြင့် ဖေးချမ့် လုံးဝ စိတ်မပူပါ။ ကျန်းယွမ်က အရက်များများ ပိုရောင်းရပြီး သီချင်းကောင်းကောင်းဆိုနိုင်ရင်လည်း ဘာဖြစ်လဲ။ တခြားသူတွေက ကတ်စတမ်မာတွေကို ဘုရင်တစ်ပါးလို ဝန်ဆောင်မှုပေးရင်လည်း ဘာဖြစ်လဲ။

ယွီအင်တာနက်ကဖေး၏ တည်နေရာနဲ့ စျေးနှုန်းတို့နဲ့တင် ကတ်စတမ်မာအများစုကို မလာဖို့ တားမြစ်နိုင်နေပြီးသား ဖြစ်သည်။

ဝန်ထမ်းအားလုံးက အကောင်းဆုံး ကြိုးစားပြီး ဒီနေရာမှာ စျေးနှုန်းများကို မြှင့်ထားရင်တောင် သူဌေးများက လာမှာ မဟုတ်ပါ။ မတတ်နိုင်သည့် သာမန်လူများကလည်း အားပေးမှာ မဟုတ်ပါ။ ဘာမှ များများစားစား ပြောင်းလဲသွားမှာ မဟုတ်ပေ။

ထို့အပြင် ဖေးချမ့် နောက်လထဲ ဆိုင်ခွဲများ စတင်ဖွင့်လှစ်ပါက အရှုံးများ ဆက်လက်ပေါ်နေဦးမည် ဖြစ်သည်။ အဲ့ကျရင် တဖြည်းဖြည်းနဲ့ ကြည့်ကောင်းလာပြီပဲမဟုတ်လား။

ဖေးချမ့်ရုံးသို့ ပြန်ရောက်လာပါသည်။ အခု ဘာမှ လုပ်စရာမရှိတော့ဘူးဟု ခံစားမိ၏။ ငွေစာရင်းရှင်းချိန်ရောက်ဖို့သာ စောင့်နေတော့သည်။ အခု ကုမ္ပဏီဝန်ထမ်းများကို ဘေးမဲ့ပေးထားသဖြင့် သူတို့လုပ်ချင်တာ လုပ်နိုင်ပါသည်။

သို့သော်လည်း ဒီနေ့ ဖေးချမ့်ရုံးကိုရောက်လာချိန်တွင် ရုံး၏ သွင်ပြင် တစ်ခုခု လွဲနေတာကို ခံစားလိုက်မိသည်။

အနည်းငယ် ဆူညံသောင်းကျန်းနေသည်။

လူတော်တော်များများက လုမင်လျန်ကို ဝန်းရံနေကြသည်။ ဘာတွေကြည့်နေကြသလဲ သူ မသိပါ။ သို့သော်လည်း အားလုံးက ပျော်ပျော်ကြီး ပြုံးနေကြပါသည်။ ထို့အပြင် သူတို့ကြားထဲမှာ ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ကိုပါ ဖေးချမ့် တွေ့လိုက်ရပါသည်။

သူတို့နှစ်ကောင်က ဒီမှာ ဘာလုပ်နေတာလဲ။

ဖေးချမ့် မသိစိတ်က သတိကြီးလာသည်။ သူတို့နှစ်ယောက်က ဂြိုဟ်ကောင်များ ဖြစ်သည်။ ဖေးချမ့် သူတို့ကို မြင်လိုက်တိုင်း ဘာမှ ကောင်းတာ ဖြစ်မလာနိုင်ပါ။

ငါ ပြန်စဥ်းစားကြည့်ဦးမယ်။ ငါ တစ်ခုခု လွတ်သွားလို့လား။

ဂိမ်းဒီဇိုင်နာကလည်း ရေပန်းစားနေပြီ။ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝလည်း အတူတူပဲ။ ငါအင်တာနက်ကဖေးကနေ ခုမှ ပြန်လာတာပါ။ အင်တာနက်ကဖေးကလည်း အတော် အရှုံးပေါ်နေတုန်းပဲ။ ဘာမှ မလွတ်ခဲ့ဘူးမလား။

ဘော့စ်ဖေးက အခု မြေအောက်ထဲထိ ရောက်နေသူ ဖြစ်နေပါပြီ။ ဒီ့ထပ်ဆိုးတဲ့ ဘာသတင်းဆိုး ရှိနိုင်ဦးမှာလဲ။ ဒီအုပ်စု ဘာတွေ ဆွေးနွေးနေကြတာလဲ။

အခုတော့ သူ့ခံစားချက်များ ခြားနားလာသည်။

"ဘော့စ်ဖေး ပြန်လာပြီဟေ့" တစ်ယောက်ယောက်က အော်လိုက်သည်။

ဟွမ်စစ်ပေါ်က ဘော့စ်ဖေးဆီသို့လျှောက်လာသည်။ အလွန်ပျော်ရွှင်နေသည့်ပုံပေါက်ကာ ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဒီလောက်ထိ အခြေခိုင်အောင် လုပ်ခဲ့မယ်လို့ ထင်မထားဘူး။ ကျွန်တော် ဘော့စ်ဖေးကို အရမ်းလေးစားသွားပြီဗျာ။"

လုမင်လျန်ကလည်း သက်ပြင်းချလိုက်ပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး သာမန်ကာလျှံကာ ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ ဒီလောက်ထိအဓိပ္ပာယ်တွေရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ။”

မာယိချွမ်ကလည်း လက်မထောင်ပြလိုက်ပါသည်။"အဝေးကြီး လိုသေးတဲ့ အောင်မြင်မှုအတွက် ဗျူဟာကြိုဖန်တီးထားတယ်ဆိုတာ ဘော့စ်ဖေးကိုပဲပြောတာဖြစ်မယ်။”

ဖေးချမ့်ကို အားလုံးက ချီးကျူးနေပြီး သူ့စိတ်ကတော့ ဗလာကျင်းဖြစ်နေပါသည်။

သူတို့ ဘာတွေပြောနေကြတာလဲ။ ငါ ဘာလို့ ဘာမှ နားမလည်တာလဲ။

ဖေးချမ့်က စိတ်အေးအေးထားဖို့ အကောင်းဆုံးကြိုးစားလိုက်သည်။ "ဘာဖြစ်တာလဲ။”

ပေါင်ရှုက ဖေးချမ့်ရှေ့သို့ရောက်လာပါသည်။ ပုံမှန်ဆို တည်ငြိမ်အေးဆေးသည့် ပေါင်ရှုကပါ အခု လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။ "ဘော့စ်ဖေး ရဲ့သရုပ်မှန်နဲ့ ထန်းတာ့ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်နဲ့ လစာတွေကို မပေါက်ကြားစေဖို့ အရင်တုန်းက ပြောခဲ့ဖူးတယ်။ အစကတော့ အဲ့ဒီစကားရဲ့အဓိပ္ပာယ်ကို နားမလည်ဘဲ အပေါ်ယံပဲ မြင်ခဲ့မိတယ်။”

"ဘော့စ်ဖေးက ထန်းတာ့ရဲ့ အရမ်းမြင့်မားတဲ့ အကျိုးခံစားခွင့်တွေကြောင့် ပြည်တွင်းဂိမ်းလောက တစ်ခုလုံးကို မထိခိုက်စေချင်တာလို့ ထင်ခဲ့မိတယ်။ အခုတော့ နောက်ထပ်အဓိပ္ပာယ်တစ်ခုရှိသေးမှန်း သိလိုက်ရပြီ။”

"ဘော့စ်ဖေး ဒီသတင်းကိုကြည့်ပါဦး။”

ပေါင်ရှုက ဖုန်းကိုပေးလိုက်ပြီး သတင်းကိုဖတ်ခိုင်းလိုက်ပါသည်။

'ဆန်းကြယ်သည့် ထန်းတာ့ဂိမ်းကုမ္ပဏီကို အနီးကပ်ကြည့်ရှုခြင်း၊ ပြည်တွင်းဂိမ်းလောကရဲ့ စိတ်ကူးယဥ်နယ်မြေ'

ဖေးချမ့်၏ မျက်လုံးများ မြင့်တက်သွားပါသည်။

ဘာလဲဟ၊ ဘယ်ကောင့်လက်ချက်လဲ။

သတင်းကို သေချာဖတ်ပြီးသောအခါ ဖေးချမ့် အနည်းငယ် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။

တော်သေးတာပေါ့ အများကြီး ထိခိုက်မှု မရှိဘူး။

သတင်းထဲတွင် သူ့နာမည်အစစ်ကိုကော ထန်းတာ့၏ အကျိုးခံစားခွင့်များကိုကော မရေးထားပါ။ သတင်းတစ်ပုဒ်လုံးများ အင်တာဗျူးခံရသူ ဘယ်သူလဲဆိုတာတောင် ထည့်မရေးထားပါ။ သိပ်မယုံရပေ။ ဒါဆိုရင် ဒီသတင်းက ဘာထူးခြားလို့လဲ။

ဘာလို့ အားလုံး မြူးနေကြတာလဲ။

ဖေးချမ့် ဖတ်ပြီးသွားတာကိုမြင်သောအခါ ပေါင်ရှုက သည်းမခံနိုင်တော့ဘဲ ဆက်ပြောပါသည်။ သူက ကြွားတတ်သူ မဟုတ်ပေ။ သို့သော်လည်း ဒီနေ့တော့ ကြွားဝါချင်နေပါသည်။ တစ်ဖက်မှာတော့ ဘော့စ်ဖေး၏ အသိအမှတ်ပြုခြင်းကို ခံချင်လို့ ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ အားလုံးနဲ့ ဒီလို ကောင်းမွန်သည့် အစီအစဥ်တစ်ခုကို မျှဝေပေးချင်လို့ ဖြစ်ပါသည်။

"ဘော့စ်ဖေးရဲ့ သရုပ်မှန်ကိုကော ထန်းတာ့ရဲ့အကျိုးခံစားခွင့်တွေကိုကော တမင်သက်သက် ဖုံးကွယ်ထားခဲ့တာ မဟုတ်လား။ ရန်သူတွေကို လှည့်စားတဲ့ ဒီဗျူဟာက တကယ်ပြောင်မြောက်တယ်ဗျာ။ ဂိမ်းဒီဇိုင်နာကလည်း အရည်အသွေးမြင့်မှုနဲ့ ပြိုင်ဘက်ကင်း ဟန်ဆောင်မားကတ်တင်းစတိုင်ကြောင့် ပြည်တွင်းမှာ နာမည်ကြီးလာတယ်။”

"ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကလည်း ဗီဒီယိုအတိုလောကမှာ စိတ်ဝင်စားမှု အများကြီး ရရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနှစ်ခုစလုံးက ဘော့စ်ဖေးရဲ့ အစီအစဥ် တစ်စိတ်တစ်ပိုင်းမှန်း မသိခဲ့ဘူးဗျာ။”

"ဂိမ်းဒီဇိုင်နာနဲ့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝက မီးတောက်နှစ်ခုလိုပဲ။ ဘော့စ်ဖေးလုပ်ဖို့လိုတာဆိုလို့ မီးပွားလေးတစ်ခု ဖွင့်ပေးလိုက်ဖို့ပဲ။ အဲ့ဒီမီးတောက်နှစ်ခုက ပိုကြီးလာပြီး ပိုပိုတောက်ပလာပြီ။"

"အဲ့ဒီမီးတောက်က ဘော့စ်ဖေးရဲ့ လှည့်စားတဲ့ ဗျူဟာပေါ့။"

"ဒီသတင်းထွက်လာပြီးကတည်းက ကစားသမားနဲ့ ကြည့်ရှုသူအရေအတွက်တွေ အများကြီး ကျွန်တော်တို့ ကုမ္ပဏီကို အာရုံစိုက်လာကြတယ်။ တကယ့် သတင်းအစစ်သာဆိုရင် သူတို့စိတ်လှုပ်ရှားမှုကို ထိန်းနိုင်မှာတောင် မဟုတ်ဘူး။”

"ဒါပေမယ့် ဒီသတင်းရဲ့ လှည့်စားတဲ့ တင်ပြချက်ပုံစံက အများကြီး မျက်စိဖွင့်နားဖွင့်ပေးလိုက်နိုင်တယ်။ သတင်းအစစ်နဲ့ အတုကရောနှောနေတယ်။ ဒီသတင်း ချက်ချင်းပဲ ရေပန်းစားလာတယ်။”

"ထန်းတာ့ဂိမ်းက ဝေ့ပေါ် ပေါ်မှာ ရေပန်းစားအကြောင်းအရာ ဖြစ်လာတယ်လေ။ အင်တာနက်အသုံးပြုသူတွေ အများကြီးကိုလည်း လမ်းဖောက်ပေးလိုက်နိုင်တယ်။ တချို့ကို ကျွန်တော်တို့ရဲ့ ဂိမ်းတွေဆီကို လမ်းဖောက်ပေးလိုက်ပြီး တချို့ကိုတော့ ဗီဒီယိုအတိုစီးရီးဆီကို လမ်းဖောက်ပေးလိုက်နိုင်တယ်။ ဒီ ၂ ရက်အတွင်း ကျွန်တော်တို့ ဂိမ်းတွေအားလုံးရဲ့ ရေပန်းစားမှုက မြင့်တက်လာတယ်။ အထီးကျန်ကန္တာရလမ်းတောင် ပါသေးတယ်။”

"ဗီဒီယိုအတိုစီးရီးက ပိုတောင်ကောင်းသေးတယ်။ အပိုင်းတိုင်းရဲ့ ပျမ်းမျှ ကြည့်ရှုသူ ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက် တက်သွားတယ်။ ထန်းတာ့ရဲ့ ဘော့စ်ဖေးက ဗီဒီယိုအတိုထဲက ဘော့စ်ဖေးနဲ့ တူရဲ့လားဆိုတာ တော်တော်များများက သိချင်နေကြတယ်။”

"ဘော့စ်ဖေးရဲ့ သရုပ်မှန်ကို လူသိရှင်ကြားထုတ်ပြနိုင်တဲ့နေ့ကျရင် မီးတောက်က ပိုတောင်ကြီးလာမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘော့စ်ဖေး ဒီလို ဘယ်တော့လုပ်မလဲတော့ မသိဘူး။ ကျွန်တော်တို့ နောက်တစ်ဂိမ်းထုတ်တဲ့အခါကျရင်လား။"

"ကျွန်တော်တကယ် မျှော်နေမိပြီ" ဒီလို ဖားယားမှုကို ရင်ဆိုင်လိုက်ရသောအခါ ဖေးချမ့် ရင်ထဲထိ ကြက်သေ သေသွားပါတော့သည်။

ဒါ ဘာသဘောလဲ။ ငါမြေကြီးထဲတောင် ဝင်နေပါပြီ။ ဒီ့ထက် ပိုမဆိုးရွားနိုင်တော့ဘူးလို့ ထင်ထားတာ။ မင်းတို့ကောင်တွေ ငါ့အလောင်းကိုတောင် ပြန်လာတူးကြသေးတယ်ပေါ့။

အခန်း(၁၃၄) ယွီအင်တာနက်ကဖေးရဲ့ အောင်မြင်မှုကို ပိုမြင့်တက်စေဖို့ရန်

ဖေးချမ့် ပေါင်ရှု၏ စကားလုံးများကိုနားမလည်ပါ။ သို့သော်လည်း တစ်ခုခုတော့ သေချာသွားပါသည်။ မကောင်းတာ တစ်ခုခု ထပ်ဖြစ်ပြန်ပြီ။

အစကတော့ သူခံစားရတာတွေ များနေပြီဟု ဖေးချမ့် ထင်ခဲ့မိသည်။ ဘော့စ်ဖေး၏ နေ့စဥ်ဘဝက ဝင်ငွေရှိနေပြီ။ ဂိမ်းဒီဇိုင်နာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ စနစ်ရန်ပုံငွေကို အကုန်သုံးဖို့ မဖြစ်နိုင်တော့သလောက် ရှိသည်။

ဒီ့ထက် ဆိုးရွားနိုင်သေးလို့လား။

အဖြေကတော့ ဆိုးရွားနိုင်ပါသေးသည်။

သတင်းတစ်ပုဒ်ကြောင့် ဖြတ်သွားဖြတ်လာများက ထန်းတာ့ကို အလွန်စိတ်ဝင်စားလာကြသည်။ ထို့ကြောင့် ၎င်း၏ ဂိမ်းများ တစ်ခေတ်ထလာခဲ့ပြန်သည်။

ဖေးချမ့် အခုဆို ပိုပြီးတောင် စိတ်ဓာတ်ကျသွားပါသည်။

ဒါဘာဖြစ်တာလဲ။ ဘဝက အတက်အကျတွေ များလှချည်လား။

သို့သော်လည်း တခြားရှုထောင့်ကကြည့်ရင်တော့ သတင်းအဆိုးကြီးတော့ မဟုတ်လှပါ။ သူက စနစ်ရန်ပုံငွေကို သုံးမကုန်တော့ပေ။ အရှုံးပေါ်ဖို့ မျှော်လင့်ချက် မရှိတော့သဖြင့် အမြတ်များများရလေလေ သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ငွေပိုဝင်လာလေလေ မဟုတ်လား။ ဒီရှုထောင့်က ကြည့်ရင်တော့... မဆိုးသလိုပဲ မဟုတ်ပါလား။

ဖေးချမ့် ကိုယ့်ဘဝကို သံသယဖြစ်လာပါသည်။

"ဒီနေ့အရမ်းပျော်ဖို့ကောင်းတဲ့နေ့ပဲ။ ငါတို့အားလုံး ဓာတ်ပုံအတူတူရိုက်ကြမလား" ကျူးရှောင်စဲက သူ့ DSLR ကိုမြှောက်ရင်း အော်လိုက်ပါသည်။

"အကြံကောင်းတယ်။”

"ဟုတ်တယ်၊ ဟုတ်တယ်။ မိသားစုဓာတ်ပုံရိုက်ကြရအောင်။”

"အားလုံး လာကြလာကြ သေချာမတ်တပ်ရပ်ကြဟေ့။”

"ဘော့စ်ဖေး ဘော့စ်ဖေးက အလယ်မှာနေပါ။"

အားလုံးက တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ကြရင်း ဖေးချမ့်ကို အလယ်ရောက်အောင် တွန်းလိုက်ပါသည်။

ကျူးရှောင်စဲက သူ့ DSLR ကို ကုန်းရင်း ချိန်ညှိနေသည်။ "ဟုတ်ပြီ အားလုံး ပြုံးမယ် ဝမ်း တူး သရီး အားလုံးပဲ အော်ကြမယ် - 'ဧရာမ ရောင်းအားကြီးအတွက် ဂုဏ်ပြုပါတယ်။”

"ဧရာမ ရောင်းအားကြီးအတွက် ဂုဏ်ပြုပါတယ်။”

အားလုံးအတူတူအော်လိုက်ကြပြီး ကျယ်ပြောသည့် အပြုံးများ မျက်နှာပေါ်တွင် ပေါ်လာကြပါသည်။

ဖေးချမ့်က ဝန်ထမ်းများကြားထဲမှာ ရပ်နေပြီး အားလုံး၏ စစ်မှန်သော ဂုဏ်ပြုသံများကို ကြားလိုက်ရသောအခါ အလွန်ဇဝေဇဝါဖြစ်သွားမိသည်။ သူဘယ်လောက်ပဲ ကြိုးစားပါစေ ဒီတစ်ခေါက် ငွေစာရင်းရှင်းချိန်မှာ အရှုံးမပေါ်နိုင်တော့မှာကြောင့်  ဝမ်းနည်းမိပါသည်။ သို့သော်လည်း ငွေပမာဏ အတော်များများကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ်တော့ ပြောင်းနိုင်လိမ့်မည်။ ဒါက သူ့အတွက် မျှော်လင့်ချက်လေး ဖြစ်သည်။

ထို့ကြောင့် သူပျော်ရမှာလား မပျော်ရဘူးလား...

ဖေးချမ့်၏ စိတ်ဓာတ်ကျနေသော မျက်နှာထားက မသေချာမရေရာစွာဖြင့် ရုတ်တရက် အနည်းငယ် ပြုံးလိုက်ပါသည်။

ချလပ်…

ကျူးရှောင်စဲက ခလုတ်ကို နှိပ်လိုက်သောအခါ အလင်းရောင် ဖြတ်ခနဲ လင်းသွားပါသည်။ ဒီပုံရိပ်ကို DSLR ဖြင့် ပြီးပြည့်စုံစွာ ရိုက်ကူးနိုင်ခဲ့သည်။

ဖေးချမ့်က သက်ပြင်းချရင်း ရုံးခန်းထဲ ဦးတည်လိုက်ပါသည်။ တကယ်စိတ်အေးအေးထားပြီး ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ အတည်ပေါက် စဥ်းစားဖို့ အချိန်သာ လိုချင်မိပါသည်။

ကျုးရှောင်စဲက ဓာတ်ပုံကို ကွန်ပျူတာထဲ ထည့်လိုက်ပြီး အားလုံးကလည်း ဝိုင်းကြည့်လာကြပါသည်။

"ငါ့ကို မြန်မြန်ပို့ပေးပါ။”

"ဒါရိုက်တာကျူးရဲ့ ဓာတ်ပုံစကေးတွေက တကယ်ကောင်းတာပဲ။။ တကယ့်ပရော်ဖက်ရှင်နယ်ပဲ။"

"ဟမ် ဘော့စ်ဖေးအပြုံးက ဘာလား။"

"ချဲ့လိုက်စမ်း။"

"ထပ်ချဲ့ဦး။"

အားလုံးက ကွန်ပျူတာ ဖန်သားပြင်ကို အနီးကပ် ကြည့်လိုက်ကြသည်။ ဓာတ်ပုံထဲတွင် ဖေးချမ့်၏ မျက်နှာကြီးကို အကြိမ်ပေါင်းများစွာ ချဲ့ကားထားပြီးပြီ ဖြစ်သည်။ DSLR ၏ ရုပ်ထွက်ကြည်တောက်မှုကြောင့် ဖေးချမ့်၏ မျက်နှာထားက ရှင်းလင်းတောက်ပနေပါသည်။

သူ့မျက်လုံးများက ဝမ်းနည်းနေသည့် ခံစားချက်ကို သယ်ဆောင်နေသော်လည်း နှုတ်ခမ်းကတော့ ပြုံးနေပါသည်။ အပြုံးက အတင်းလုပ်ယူထားသော အပြုံးမျိုး မဟုတ်ပါ။ အပြုံးစစ်စစ်ဖြစ်ပါသည်။

ကျူးရှောင်စဲက ဟွမ်စစ်ပေါ်ကိုကြည့်လိုက်သည်။ ထို့နောက် ပေါင်ရှုနဲ့ အခြားသူများကိုပါ ကြည့်လိုက်ပါသည်။

"ဘော့စ်ဖေးရဲ့ အပြုံးက..."

"ဘာသဘောလဲ"

ရုံးခန်းထဲတွင်။

ဖေးချမ့်က စိတ်မပါစွာဖြင့် အင်တာနက်ပေါ် လျှောက်ကြည့်နေပါသည်။ ပေါင်ရှု၏ စကားများက အမှန်ပင်။ "ထန်းတာ့ဂိမ်း" ဆိုတာက  ဝေ့ပေါ် ပေါ်မှာ ရေပန်းစားရှာဖွေမှုတစ်ခု ဖြစ်လာခဲ့ကာ အင်တာနက်အသုံးပြုသူများကလည်း ဒီအကြောင်းအရာကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပါသည်။ တချို့လူများက သူတို့အိုင်ဒီယာများကိုပင် စတင် ထုတ်ဖော်လာသည်။

ဒီသတင်းက အထောက်အထား မခိုင်လုံသဖြင့် ဘယ်လောက်မှန်ကန်ပြီး ဘယ်လောက် မှားယွင်းကြောင်း ဘယ်သူမှ မသိပါ။ တချို့လူများက အကြီးအကျယ် ခန့်မှန်းနေကြသည်။ သို့သော်လည်း တကယ့် အစစ်နဲ့ အတုက ရောယှက်နေသည်။ အချိန်တိုအတွင်း ဘယ်သူမှ မခွဲခြားနိုင်လောက်ပါ။

ဖေးချမ့်က အချက်အလက်အားလုံးကို ကောင်းမွန်စွာ လျှို့ဝှက်ထားနိုင်ခဲ့သည်။ သူ့ဂုဏ်သတင်းနဲ့ ကုမ္ပဏီထဲမှာ တည်ရှိနေမှုကြောင့် အဓိက ဖြစ်သည်။ ထန်းတာ့ဝန်ထမ်းတိုင်းက ဖေးချမ့်အပေါ် ကျေးဇူးရှိသလို ခံစားရပြီး သူ့ကို ကိုးကွယ်ကြသည်။ ဖေးချမ့်က သူ့သရုပ်မှန် သို့မဟုတ် ကုမ္ပဏီ၏ အကျိုးခံစားခွင့်များကို မထုတ်ဖော်ဖို့ ရှင်းရှင်းလင်းလင်း တောင်းဆိုထားပြီးသားဖြစ်သဖြင့် အားလုံး တင်းတင်းကြပ်ကြပ် လိုက်နာကြပါသည်။

မာယိချွမ်လိုလူမျိုးက တိတ်တဆိတ် ထန်းတာ့ကိုကြော်ငြာဖို့ ကူညီပေးပြီး အင်တာဗျူးတစ်ခုကို လက်ခံခဲ့ရင်တောင် ဖေးချမ့်၏ ဆန္ဒအတိုင်းပဲ လိုက်နာရပါသည်။ ထန်းတာ့၏ ဝန်ထမ်းတစ်ယောက်ဖြစ်သည်ဟု လူရှေ့ထွက်ပြမှာ မဟုတ်ကြပါ။

ထို့ကြောင့် အခုထွက်ပေါ်နေသည့် ကောလဟာလများက အစစ်ကော အတုကော ရောနှောပါဝင်နေပါသည်။ ဘယ်သူကမှလည်း သတင်းရင်းမြစ်ကို အတည်မပြုနိုင်ပါ။

ဒီလျှို့ဝှက်အင်တာဗျူးက ဆန်းကြယ်သည့် ထန်းတာ့၏ အခွံကိုလှန်ပစ်ဖို့ ဖြစ်သည်။ နောက်ဆုံးတော့လည်း အခွံကို တစ်ဝက်သာ လှန်နိုင်ခဲ့ပါသည်။ အနောက်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပါ။ သို့သော်လည်း ဒီလို မသေချာ မရေရာတာကို ခန့်မှန်းရသည့် ခံစားချက်က လူတွေကို ပိုပြီး စိတ်ဝင်စားလာစေသည်။

ဂိမ်းဒီဇိုင်နာနဲ့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝတို့က ပေါင်းစပ်သွားပြီး ထန်းတာ့၏ မှုန်ဝါးဝါး ပုံရိပ်တစ်ခုကို ပုံဖော်နိုင်ခဲ့ပါသည်။ လူပြောများသည့် ထိုနှစ်ခု ပေါင်းစပ်သွားသောအခါ ပြီးပြည့်စုံသော တစ်ခေတ်ပြန်ထမှုကို ဆောင်ကျဥ်းပေးနိုင်သွားခဲ့ပါသည်။

ဖေးချမ့်က သူ့ဂိမ်းမျိုးစုံ၏ အခြေအနေကို ကြည့်ဖို့ ပလက်ဖောင်းကို ဖွင့်ကြည့်လိုက်ပါသည်။ ကစားသမား မြင့်တက်လာမှုက ထင်သလောက် မမြန်ဆန်သော်လည်း ဂိမ်းလေးခုစလုံးမှာ မြင့်တက်လာခြင်း ဖြစ်ပါသည်။ အထီးကျန်ကန္တာရလမ်းကတောင် ဒေါင်းလုတ်ပမာဏ အနည်းငယ် တက်လာသည်။

ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝနဲ့ အိုင်လီကျွမ်း၏ သီးသန့်သဘောတူစာချုပ်ကြောင့် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကို တစ်ချက်နှိပ်လိုက်တိုင်း ငွေတွေဝင်နေပါလိမ့်မည်။

ဖေးချမ့်က ပလက်ဖောင်းကို ပိတ်လိုက်သည်။ အရင်တုန်းက တစ်ခါမှ မဖြစ်ဖူးသလို ကိုယ့်ကိုယ်ကို သံသယဖြစ်လာမိပါပြီ။ သူတကယ်ပဲ ကံကောင်းလွန်းကာ လုပ်လိုက်သည့် အရာတိုင်းက အောင်မြင်နေမှာလား။ စိတ်မပါလက်မပါ ကိစ္စတွေကို ဆောင်ရွက်ရင်တောင် အောင်မြင်နေဦးမှာလား။

မဖြစ်နိုင်ပါ။

ဖေးချမ့်က သူ့အကန့်အသတ်သူ သိပါသည်။ ယခင်တုန်းက သူ့အောင်မြင်မှုများကို ပြန်စဥ်းစားကြည့်ပါက ကံသက်သက်ကြောင့် အောင်မြင်ခဲ့တာလား။ မဟုတ်ပါ။

ကံလည်း ပါပါသည်။ ဥပမာအားဖြင့် ဆရာချောင်းသာ အထီးကျန်ကန္တာရလမ်းကို တိုက်တိုက်ဆိုင်ဆိုင် ရှာမတွေ့ခဲ့ပါက ဒီဂိမ်းကျရှုံးသွားလိမ့်မည်။ သို့သော်လည်း အားလုံးကံကြောင့်ဟု ပြောဖို့ကတော့ မမှန်ကန်ပါ။ ထို့အပြင် နက်ရှိုင်းသည့်အကြောင်းအရင်းများလည်း ရှိသေးပုံပေါ်ပါသည်။ ဖေးချမ့် လျစ်လျူရှုထားမိသည့် အချက်များ ဖြစ်သည်။

ဖေးချမ့် အချိန်ယူပြီး လေးလေးနက်နက် စဥ်းစားလိုက်ပါသည်။

အထီးကျန်ကန္တာရလမ်း၏ အောင်မြင်မှုက ၎င်း၏ ထူးခြားမှုကြောင့် ဖြစ်သည်။ တစ္ဆေစစ်သူကြီး၊ သမုဒ္ဒရာရဲတိုက်နဲ့ ဂိမ်းဒီဇိုင်နာတို့ကတော့...

၎င်းတို့လည်း အတူတူပဲ ဖြစ်သည်။ ၎င်းတို့အောင်မြင်ဖို့ အခွင့်အရေးက နည်းပါးသော်လည်း အဆင်ပြေသွားနိုင်ချေ အတိုင်းအတာတစ်ခုအထိတော့ ရှိပါသည်။ တစ်ဖက်မှာတော့ ဖေးချမ့်က စျေးကွက်၏ စီစဥ်မှုကို တန်ပြန်ကာ ဂိမ်မာများ၏ အကြိုက်ကို ပြောင်းပြန်လှန်ချင်ခဲ့သည်။ သူစမ်းသပ်ကြည့်လိုက်တိုင်း ထူးကဲတာတွေပဲ လုပ်မိနေပါသည်။

နောက်တစ်ဖက်မှာတော့ ပိုက်ဆံပိုရဖို့အတွက် ဖေးချမ့်က လက်ရာမြောက်သည့် ပန်းချီရင်းမြစ်များအတွက် ငွေများစွာ သုံးစွဲခဲ့ပြီး ဝန်ထမ်းများ၏ စိတ်ခွန်အားနဲ့ စိတ်အားတက်ကြွမှုအတွက် ဘောနပ်စ်များစွာနဲ့ အကျိုးခံစားခွင့်များစွာ ပေးခဲ့သည်။

ထို့ကြောင့် အရည်အသွေး ကောင်းမွန်သည့် ဂိမ်းတစ်ခု အမြဲထွက်လာခဲ့သည်။

ဖေးချမ့် သူ့ခေါင်းသူ ရိုက်လိုက်ပါသည်။

"...ဒါ့ကြောင့်ကိုး... ငါလမ်းမှားနေခဲ့တာပဲ ဒီနည်းလမ်းအတိုင်း ငါ ဘာမှလုပ်လို့မရဘူး။ ငါတကယ် တုံးအတာပဲ။ ဂိမ်းတွေကို ဖန်တီးတဲ့အခါ ပုံမှန်အတိုင်းလေးပဲ လုပ်ရမလား။”

"မဟုတ်ဘူး၊ နေဦး။ ဒါလည်း မဟုတ်သေးဘူး..."

ဖေးချမ့်က ချက်ချင်းပဲ ဒီအတွေးကို ဖျောက်လိုက်ပါသည်။

တချို့ကုမ္ပဏီများက ရှိနေပြီးသား ဂိမ်းများကို အခြေခံပြီး ဖန်တီးခဲ့ရာ အောင်မြင်သွားသော အဖြစ်အပျက်များစွာ ရှိနေပါသည်။ ဖေးချမ့်၏ ကုမ္ပဏီတွင် "ထန်း" ဟူသည့်စာလုံးပါနေပြီး ဟာသ မဟုတ်ပါ။

"ငါသေချာစဥ်းစားဖို့ အချိန်လိုတယ်။ ငါမသိရမချင်း ဂိမ်းသစ် ဖန်တီးတာတွေကို ရပ်ထားလိုက်မယ်။ ငါထပ်ပြီး စွန့်စားလို့ မဖြစ်တော့ဘူး။ ငါ့မှာ အခု ငွေဝင်ပေါက်ကြီး ၃ ခုရှိနေပြီ။ နောက်တစ်ခုသာ ထပ်ပေါ်လာရင် ငါသေလိမ့်မယ်။”

ဖေးချမ့် ချက်ချင်းဆိုသလို ဂိမ်းသစ်ထုတ်လုပ်တာတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ အဆင်ပြေသည်။ မကြာသေးခင်ကမှ အရင်ဂိမ်းများအတွက် အပ်ဒိတ်များ တင်ပေးမည်ဟု ဂိမ်မာများကို ကတိပေးခဲ့သည်။

နောက်အပတ်ကျရင် လုမင်လျန်နဲ့ တခြားသူတွေကို ရှိပြီးသားဂိမ်းတွေကိုပဲ အာရုံစိုက်ခိုင်းထားလိုက်မယ်။

ပုံမှန်အတိုင်းပဲ နောက်လကျရင် ပထမနေရာ ပထုတ်ခြင်းစနစ်ကို ဒီကောင်ရလိမ့်မယ်။

သို့သော်လည်း ဖေးချမ့်က လုမင်လျန်ကို မထုတ်ပစ်ချင်ပါ။ လက်ရှိ အခြေအနေအရဆို လုမင်လျန်က ဖေးချမ့်၏ ညွှန်ကြားချက်များအတိုင်း လိုက်နာခဲ့သူ ဖြစ်ပါသည်။ ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့လို ကိုယ့်သဘောနဲ့ကိုယ် ဟိုထည့် ဒီထည့် မလုပ်တတ်ပေ။

ဖေးချမ့်က ဒါကို သဘောကျပါသည်။

ဒီတစ်ခေါက် ဂိမ်းဒီဇိုင်နာ၏ကျရှုံးမှုက ဖေးချမ့်အပြစ်သာ ဖြစ်သည်။ လုမင်လျန်ကို အပြစ်မတင်သင့်ပါ။ လုမင်လျန် တာဝန်ယူသည့် နောက်ခံစကားပြောကြောင့် ဂိမ်းအောင်မြင်လာတာ ဖြစ်သော်လည်း နောက်တစ်ခေါက် ဖေးချမ့် သူ့ကို ဒါမျိုးထပ်မလုပ်ခိုင်းပါက အဆင်ပြေပါပြီ။

ဖေးချမ့်က လုမင်လျန်အပေါ် ယုံကြည်ချက် ရှိသေးသဖြင့် သူ့ကို အလွယ်လေး ပထုတ်မှာ မဟုတ်ပါ။ အရေးအကြီးဆုံးက လုမင်လျန်ကို ဒုတိယဟွမ်စစ်ပေါ်ဖြစ်လာအောင် ပြောင်းလဲပေးလိုက်မိပါက သူဒုက္ခရောက်ပါလိမ့်မည်။

ထို့ကြောင့် စဥ်းစားပြီးနောက် လုမင်လျန်ကို လက်ရှိဂိမ်းများ၏ တည်းဖြတ်ထုတ်ဝေမှု အသစ်များအတွက် အစီအစဥ်ဆွဲသူချုပ် ဆက်လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထို့နောက် တည်းဖြတ်ထုတ်ဝေမှုအသစ်များအတွက် စျေးနိမ့်နိမ့် သတ်မှတ်ပေးလိုက်မည်။ ဒါက ပိုက်ဆံရနေနိုင်ဆဲ ဖြစ်သော်လည်း နည်းနိုင်သမျှ နည်းအောင် သူကြိုးစားပါမည်။

သူသာ အရှုံးပေါ်ချင်ပါက တခြားနည်းလမ်း ရှာရပါမည်။

"ငါ့တွေးပေါ်ခေါ်ပုံကို ပြန်ပြောင်းလဲရမယ်။ ဒီလိုသာဆို အရှုံးပေါ်ဖို့ အခု ငါဘာလုပ်ရမလဲ ရှင်းနေပြီ။ ငါ ယွီအင်တာနက်ကဖေးရဲ့ အောင်မြင်မှုကို ပိုမြင့်မားအောင် လုပ်ရမယ်။”

"ကျင်းကျိုးမြို့မှာ ဆိုင်ခွဲတွေ ဖွင့်မယ်။”

ဒီသံသရာကြီး ပြီးဆုံးဖို့အတွက် ၁ ပတ်သာ လိုတော့သည်။ ငွေစာရင်းရှင်းချိန် ရောက်ပါတော့မည်။ သို့သော်လည်း ဖေးချမ့်က နောက်တစ်ခေါက် ငွေစာရင်းရှင်းချိန်အတွက် ကြိုတင်စဥ်းစားနေပြီ ဖြစ်သည်။

  BO5 ပြိုင်ပွဲလိုပင်။ အလွန်ဆိုးဆိုးရွားရွား ရှုံးနိမ့်နေပါက နောက်တစ်ပွဲအကြောင်း စဥ်းစားလို့ရပါပြီ....။

အခုချိန်ထိ ဖေးချမ့်၏ အအောင်မြင်ဆုံး လုပ်ငန်းက ယွီအင်တာနက်ကဖေး ဖြစ်သည်။ အရင်းငွေ ၃သန်းကို ပြန်မရသည့်အပြင် လတိုင်းလည်း ၃၀၀,၀၀၀ လောက် အရှုံးပေါ်နေပါသည်။ ဖေးချမ့်၏ အအောင်မြင်ဆုံး စမ်းသပ်မှု ဖြစ်သည်။

ထို့ကြောင့် ဒီအတွေ့ကအကြုံကိုအသုံးချပြီး နောက်ထပ် ဆိုင်ခွဲများ ထပ်ဖွင့်ပါက...

သူရှုံးချင်သမျှ ရှုံးနိုင်ပြီမဟုတ်လား။

Zawgyi

ေဖးခ်မ့္ 133+134

အခန္း(၁၃၃) ရန္သူကို လွည့္စားမယ့္ ေဘာ့စ္ေဖးရဲ႕ ဗ်ဴဟာ

မာယန္အနည္းငယ္ ေၾကာင္သြားပါသည္။ သူ႕မ်က္လုံးမ်ား စိုစြတ္လာ၏။"ညီအစ္ကိုခ်မ့္ အေျခအေနေတြ ဒီေလာက္ထိ ဆိုး႐ြားေနတာေတာင္ ငါ့ကိုယုံၾကည္တုန္းပဲလား။ ငါတကယ္...။”

ေဖးခ်မ့္က မာယန္၏ ပခုံးကိုပုတ္ေပးလိုက္ၿပီး က်န္းယြမ္ကို ၾကည့္လိုက္ပါသည္။ "မွတ္ထားပါ။ ငါမင္းတို႔ႏွစ္ေယာက္အေပၚမွာ အၿမဲတမ္း ေမွ်ာ္လင့္ခ်က္ျမင့္ျမင့္ထားတယ္။ အဲ့တာ မေျပာင္းလဲဘူး။ ငါတို႔ တစ္လကို ၃၀၀,၀၀၀ ေလာက္ အ႐ႈံးေပၚေနလဲ ဘာျဖစ္လဲ။ ထန္းတာ့က အခု ကုမၸဏီအႀကီးစားႀကီးတစ္ခုပဲေလ။ ပိုက္ဆံေတြ ဒီတိုင္း ပုံထားလို႔ ဘာအသုံးဝင္မွာလဲ။ ေကာင္းေကာင္း အသုံးခ်ရမွာေပါ့။”

"ငါထပ္ေျပာလိုက္မယ္။ ယြီအင္တာနက္ကေဖးက ထန္းတာ့ေကာ္ပိုေရး႐ွင္းအတြက္ အေရးႀကီးတဲ့ ေျခလွမ္းတစ္ခုပဲေနာ္။ ဒီပေရာဂ်က္ကို ငါအမ်ားႀကီးေမွ်ာ္လင့္ထားတယ္။ အဲ့တာေၾကာင့္ မင္းတို႔ ႏွစ္ေယာက္ကို တာဝန္ေပးထားတာ။  အျမတ္ေတြဘာညာကို လုံးဝေခါင္းထဲထည့္မေနနဲ႔။ ငါတို႔ အခု သတ္မွတ္ထားတဲ့ ေစ်းေတြကိုလည္း ေလွ်ာ့ေပးလို႔မရဘူး။ မင္းတို႔လုပ္ရမွာက ဒီအဆင့္အတန္းအတိုင္း ဆက္ၿပီး ထိန္းသိမ္းထားဖို႔ပဲ။ နားလည္လား။”

"မာယန္ ၃၀၀,၀၀၀ ကို အာ႐ုံစိုက္မေနစမ္းပါနဲ႔။ ယြမ္ ၃ သန္းျဖစ္ျဖစ္ သန္း ၃၀ ေလာက္ျဖစ္ျဖစ္ ျဖစ္ေနရင္ေတာင္ မင္းတို႔ ငါ့ၫႊန္ၾကားခ်က္အတိုင္း တိတိက်က် လိုက္နာသေ႐ြ႕ မင္းတို႔ ဘယ္ေလာက္ပဲ ဆုံး႐ႈံးပါေစ၊ ငါမ်က္ေမွာင္တစ္ခ်က္မၾကဳတ္ေစရဘူး။”

"စိတ္ခ်ထား။ ငါထပ္ေျပာမယ္ေနာ္၊ မင္းတို႔ ဘယ္ေလာက္ပဲ ဆုံး႐ႈံးပါေစ ငါတာဝန္ယူမယ္။”

ေဖးခ်မ့္ အင္တာနက္ကေဖးထဲက စိတ္မသက္သာျဖစ္ေနေသာ ဝန္ထမ္းမ်ားအားလုံးကို ၾကည့္လိုက္သည္။

"မင္းတို႔အားလုံးလည္း အတူတူပဲ။ မင္းတို႔ေတြ စိတ္ပိုင္းဆိုင္ရာမွာ ဝန္မပိေစခ်င္ဘူး။ ယြီအင္တာနက္ကေဖးက ဘယ္ေလာက္ပဲဆုံး႐ႈံးပါေစ မင္းတို႔ညီအစ္ကိုေတြကို တစ္ေယာက္မွ အျပစ္မတင္ဘူးလို႔ ငါအာမခံတယ္။"

"ဒီအင္တာနက္ကေဖးမွာ အလုပ္လုပ္ေနတဲ့ ငါ့ညီအစ္ကိုေတြအားလုံးကို ၃၀ ရာခိုင္ႏႈန္း လစာတိုးေပးမယ္။ အားလုံး စိတ္အားထက္သန္မႈေတြနဲ႔ ျပည့္ဝၿပီး ကတ္စတမ္မာတိုင္းကို အေကာင္းဆုံးဝန္ေဆာင္မႈ ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။”

"ေနာက္လက်ရင္ ငါတို႔ က်င္းက်ိဳးၿမိဳ႕မွာ အင္တာနက္ကေဖးဆိုင္ခြဲေတြ ထပ္ဖြင့္ၾကမယ္။ အဲ့အခ်ိန္က်ရင္ အဲ့ဒီဆိုင္ခြဲေတြမွာ မင္းတို႔အားလုံး ဆိုင္ခြဲမန္ေနဂ်ာျဖစ္လာႏိုင္ေခ်႐ွိတယ္ "

ေဖးခ်မ့္၏ စကားလုံးမ်ားက စိတ္အားထက္သန္မႈမ်ားနဲ႔ ျပည့္ႏွက္ေနၿပီး အားလုံး၏ စိတ္ဓာတ္ကလည္း မိုးထိုးကာ ျမင့္တက္သြားပါသည္။

ဝန္ထမ္းမ်ား၏ မ်က္လုံးမ်ား ဝိုင္းစက္သြားသည္။ တစ္ေယာက္မက်န္ လစာတိုးမယ္တဲ့လား။

ထို႔အျပင္ ဆိုင္ခြဲမ်ားကိုလည္း မၾကာခင္ဖြင့္ေတာ့မည္။ ဆိုင္ခြဲအတြက္ မန္ေနဂ်ာမ်ားကိုလည္း ႐ွိၿပီးသား ဝန္ထမ္းမ်ားထဲမွ ေ႐ြးခ်ယ္ပါလိမ့္မည္။

ေကာင္းလိုက္တာ၊ တကယ္ေကာင္းတာပဲ။

အစကေတာ့ အင္တာနက္ကေဖး ဆက္တိုက္အ႐ႈံးေပၚေနမႈေၾကာင့္ ေဘာ့စ္ေဖးက ဒီလုပ္ငန္းကို လက္ေလွ်ာ့လိုက္မွာကို အားလုံးစိတ္ပူေနခဲ့ပါသည္။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္က်လွ်င္ သူတို႔ ဒီလို အလုပ္ေကာင္းေကာင္း မ႐ွိေတာ့မွာကို စိုးရိမ္ေနခဲ့ၾကသည္။ သို႔ေသာ္လည္း ေဘာ့စ္ေဖးက ဘယ္သူ႕ကိုမွ မစြန္႔ပစ္ခ်င္ပါ။ တကယ္ေတာ့ အကုန္လုံးကို ျမႇင့္တင္ေပးခ်င္ေနပါသည္။

အခုေတာ့ အားလုံး၏ ရင္ထဲတြင္ အေတြးတစ္ခုသာ ႐ွိေတာ့သည္။ ေဘာ့စ္ေဖးအတြက္ အားလုံး ႀကိဳးစားၾကမည္။

"ဟုတ္ၿပီ၊ ငါျပန္ေတာ့မယ္။ အင္တာနက္ကေဖးကို မင္းတို႔လက္ထဲ အပ္ခဲ့မယ္ေနာ္။ ငါစိတ္ခ်မယ္။" ေဖးခ်မ့္က မာယန္၏ လက္ေမာင္းကို ပုတ္လိုက္ၿပီး ျပန္သြားပါသည္။

ေဖးခ်မ့္တစ္ေယာက္ လက္ေထာက္႐ွင္း၏ Cayenne ကားႀကီးထဲ ဝင္ထိုင္ၿပီး ျပန္သြားတာကို ၾကည့္ရင္း မာယန္၏ စိတ္ခံစားခ်က္မ်ား စုစည္းလာခဲ့သည္။ "ငါ အခု အၾကံသစ္ေတြ စဥ္းစားမယ္။ ငါဟြမ္စစ္ေပၚကို မ႐ႈံးေစရဘူး။”

က်န္းယြမ္ကလည္း စိတ္အားထက္သန္မႈမ်ားနဲ႔ ျပည့္ဝေနပါသည္။ "ညမိုးခ်ဳပ္ေတာ့မယ္။ ငါ ဒီေန႔ည သီခ်င္းနည္းနည္းေလာက္ ထပ္ဆိုဦးမယ္။ ကတ္စတမ္မာေတြကို အရက္လာဝယ္ေအာင္ ႀကိဳးစားေပးမယ္။”

ကားထဲတြင္။

ေဖးခ်မ့္က သူ႕အားေပးစကားက ယြီအင္တာနက္ကေဖး၏ ဝန္ထမ္းမ်ားအေပၚ ဘယ္လိုသက္ေရာက္မႈ႐ွိမလဲဆိုတာ အလြန္႐ွင္းလင္းသိသာေနပါသည္။

သို႔ေသာ္လည္း သူ စိတ္မပူပါ။ ကိစၥေတာ္ေတာ္မ်ားမ်ားက လမ္းေခ်ာ္ခဲ့ၿပီးသားပင္။ သူတို႔ ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ အသုံးမဝင္ေတာ့ပါ။

မာယန္က အရမ္းစိတ္လႈပ္႐ွားသြားလည္း ဘာျဖစ္လဲ။

ဘာမွ ေျပာင္ေျမာက္တာ လုပ္ႏိုင္မွာလည္း မဟုတ္သျဖင့္ ေဖးခ်မ့္ လုံးဝ စိတ္မပူပါ။ က်န္းယြမ္က အရက္မ်ားမ်ား ပိုေရာင္းရၿပီး သီခ်င္းေကာင္းေကာင္းဆိုႏိုင္ရင္လည္း ဘာျဖစ္လဲ။ တျခားသူေတြက ကတ္စတမ္မာေတြကို ဘုရင္တစ္ပါးလို ဝန္ေဆာင္မႈေပးရင္လည္း ဘာျဖစ္လဲ။

ယြီအင္တာနက္ကေဖး၏ တည္ေနရာနဲ႔ ေစ်းႏႈန္းတို႔နဲ႔တင္ ကတ္စတမ္မာအမ်ားစုကို မလာဖို႔ တားျမစ္ႏိုင္ေနၿပီးသား ျဖစ္သည္။

ဝန္ထမ္းအားလုံးက အေကာင္းဆုံး ႀကိဳးစားၿပီး ဒီေနရာမွာ ေစ်းႏႈန္းမ်ားကို ျမႇင့္ထားရင္ေတာင္ သူေဌးမ်ားက လာမွာ မဟုတ္ပါ။ မတတ္ႏိုင္သည့္ သာမန္လူမ်ားကလည္း အားေပးမွာ မဟုတ္ပါ။ ဘာမွ မ်ားမ်ားစားစား ေျပာင္းလဲသြားမွာ မဟုတ္ေပ။

ထို႔အျပင္ ေဖးခ်မ့္ ေနာက္လထဲ ဆိုင္ခြဲမ်ား စတင္ဖြင့္လွစ္ပါက အ႐ႈံးမ်ား ဆက္လက္ေပၚေနဦးမည္ ျဖစ္သည္။ အဲ့က်ရင္ တျဖည္းျဖည္းနဲ႔ ၾကည့္ေကာင္းလာၿပီပဲမဟုတ္လား။

ေဖးခ်မ့္႐ုံးသို႔ ျပန္ေရာက္လာပါသည္။ အခု ဘာမွ လုပ္စရာမ႐ွိေတာ့ဘူးဟု ခံစားမိ၏။ ေငြစာရင္း႐ွင္းခ်ိန္ေရာက္ဖို႔သာ ေစာင့္ေနေတာ့သည္။ အခု ကုမၸဏီဝန္ထမ္းမ်ားကို ေဘးမဲ့ေပးထားသျဖင့္ သူတို႔လုပ္ခ်င္တာ လုပ္ႏိုင္ပါသည္။

သို႔ေသာ္လည္း ဒီေန႔ ေဖးခ်မ့္႐ုံးကိုေရာက္လာခ်ိန္တြင္ ႐ုံး၏ သြင္ျပင္ တစ္ခုခု လြဲေနတာကို ခံစားလိုက္မိသည္။

အနည္းငယ္ ဆူညံေသာင္းက်န္းေနသည္။

လူေတာ္ေတာ္မ်ားမ်ားက လုမင္လ်န္ကို ဝန္းရံေနၾကသည္။ ဘာေတြၾကည့္ေနၾကသလဲ သူ မသိပါ။ သို႔ေသာ္လည္း အားလုံးက ေပ်ာ္ေပ်ာ္ႀကီး ျပဳံးေနၾကပါသည္။ ထို႔အျပင္ သူတို႔ၾကားထဲမွာ ဟြမ္စစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔ကိုပါ ေဖးခ်မ့္ ေတြ႕လိုက္ရပါသည္။

သူတို႔ႏွစ္ေကာင္က ဒီမွာ ဘာလုပ္ေနတာလဲ။

ေဖးခ်မ့္ မသိစိတ္က သတိႀကီးလာသည္။ သူတို႔ႏွစ္ေယာက္က ၿဂိဳဟ္ေကာင္မ်ား ျဖစ္သည္။ ေဖးခ်မ့္ သူတို႔ကို ျမင္လိုက္တိုင္း ဘာမွ ေကာင္းတာ ျဖစ္မလာႏိုင္ပါ။

ငါ ျပန္စဥ္းစားၾကည့္ဦးမယ္။ ငါ တစ္ခုခု လြတ္သြားလို႔လား။

ဂိမ္းဒီဇိုင္နာကလည္း ေရပန္းစားေနၿပီ။ ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝလည္း အတူတူပဲ။ ငါအင္တာနက္ကေဖးကေန ခုမွ ျပန္လာတာပါ။ အင္တာနက္ကေဖးကလည္း အေတာ္ အ႐ႈံးေပၚေနတုန္းပဲ။ ဘာမွ မလြတ္ခဲ့ဘူးမလား။

ေဘာ့စ္ေဖးက အခု ေျမေအာက္ထဲထိ ေရာက္ေနသူ ျဖစ္ေနပါၿပီ။ ဒီ့ထပ္ဆိုးတဲ့ ဘာသတင္းဆိုး ႐ွိႏိုင္ဦးမွာလဲ။ ဒီအုပ္စု ဘာေတြ ေဆြးေႏြးေနၾကတာလဲ။

အခုေတာ့ သူ႕ခံစားခ်က္မ်ား ျခားနားလာသည္။

"ေဘာ့စ္ေဖး ျပန္လာၿပီေဟ့" တစ္ေယာက္ေယာက္က ေအာ္လိုက္သည္။

ဟြမ္စစ္ေပၚက ေဘာ့စ္ေဖးဆီသို႔ေလွ်ာက္လာသည္။ အလြန္ေပ်ာ္႐ႊင္ေနသည့္ပုံေပါက္ကာ ေျပာလိုက္ပါသည္။ "ေဘာ့စ္ေဖး ဒီေလာက္ထိ အေျခခိုင္ေအာင္ လုပ္ခဲ့မယ္လို႔ ထင္မထားဘူး။ ကြၽန္ေတာ္ ေဘာ့စ္ေဖးကို အရမ္းေလးစားသြားၿပီဗ်ာ။"

လုမင္လ်န္ကလည္း သက္ျပင္းခ်လိုက္ပါသည္။ "ဟုတ္တယ္ ေဘာ့စ္ေဖး သာမန္ကာလွ်ံကာ ေျပာလိုက္တဲ့ စကားတစ္ခြန္းမွာ ဒီေလာက္ထိအဓိပၸာယ္ေတြ႐ွိေနမယ္လို႔ ဘယ္သူကထင္မွာလဲ။”

မာယိခြၽမ္ကလည္း လက္မေထာင္ျပလိုက္ပါသည္။"အေဝးႀကီး လိုေသးတဲ့ ေအာင္ျမင္မႈအတြက္ ဗ်ဴဟာႀကိဳဖန္တီးထားတယ္ဆိုတာ ေဘာ့စ္ေဖးကိုပဲေျပာတာျဖစ္မယ္။”

ေဖးခ်မ့္ကို အားလုံးက ခ်ီးက်ဴးေနၿပီး သူ႕စိတ္ကေတာ့ ဗလာက်င္းျဖစ္ေနပါသည္။

သူတို႔ ဘာေတြေျပာေနၾကတာလဲ။ ငါ ဘာလို႔ ဘာမွ နားမလည္တာလဲ။

ေဖးခ်မ့္က စိတ္ေအးေအးထားဖို႔ အေကာင္းဆုံးႀကိဳးစားလိုက္သည္။ "ဘာျဖစ္တာလဲ။”

ေပါင္႐ႈက ေဖးခ်မ့္ေ႐ွ႕သို႔ေရာက္လာပါသည္။ ပုံမွန္ဆို တည္ၿငိမ္ေအးေဆးသည့္ ေပါင္႐ႈကပါ အခု ေလးစားအားက်မႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ "ေဘာ့စ္ေဖး ရဲ႕သ႐ုပ္မွန္နဲ႔ ထန္းတာ့ဝန္ထမ္းေတြရဲ႕ အက်ိဳးခံစားခြင့္နဲ႔ လစာေတြကို မေပါက္ၾကားေစဖို႔ အရင္တုန္းက ေျပာခဲ့ဖူးတယ္။ အစကေတာ့ အဲ့ဒီစကားရဲ႕အဓိပၸာယ္ကို နားမလည္ဘဲ အေပၚယံပဲ ျမင္ခဲ့မိတယ္။”

"ေဘာ့စ္ေဖးက ထန္းတာ့ရဲ႕ အရမ္းျမင့္မားတဲ့ အက်ိဳးခံစားခြင့္ေတြေၾကာင့္ ျပည္တြင္းဂိမ္းေလာက တစ္ခုလုံးကို မထိခိုက္ေစခ်င္တာလို႔ ထင္ခဲ့မိတယ္။ အခုေတာ့ ေနာက္ထပ္အဓိပၸာယ္တစ္ခု႐ွိေသးမွန္း သိလိုက္ရၿပီ။”

"ေဘာ့စ္ေဖး ဒီသတင္းကိုၾကည့္ပါဦး။”

ေပါင္႐ႈက ဖုန္းကိုေပးလိုက္ၿပီး သတင္းကိုဖတ္ခိုင္းလိုက္ပါသည္။

'ဆန္းၾကယ္သည့္ ထန္းတာ့ဂိမ္းကုမၸဏီကို အနီးကပ္ၾကည့္႐ႈျခင္း၊ ျပည္တြင္းဂိမ္းေလာကရဲ႕ စိတ္ကူးယဥ္နယ္ေျမ'

ေဖးခ်မ့္၏ မ်က္လုံးမ်ား ျမင့္တက္သြားပါသည္။

ဘာလဲဟ၊ ဘယ္ေကာင့္လက္ခ်က္လဲ။

သတင္းကို ေသခ်ာဖတ္ၿပီးေသာအခါ ေဖးခ်မ့္ အနည္းငယ္ စိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။

ေတာ္ေသးတာေပါ့ အမ်ားႀကီး ထိခိုက္မႈ မ႐ွိဘူး။

သတင္းထဲတြင္ သူ႕နာမည္အစစ္ကိုေကာ ထန္းတာ့၏ အက်ိဳးခံစားခြင့္မ်ားကိုေကာ မေရးထားပါ။ သတင္းတစ္ပုဒ္လုံးမ်ား အင္တာဗ်ဴးခံရသူ ဘယ္သူလဲဆိုတာေတာင္ ထည့္မေရးထားပါ။ သိပ္မယုံရေပ။ ဒါဆိုရင္ ဒီသတင္းက ဘာထူးျခားလို႔လဲ။

ဘာလို႔ အားလုံး ျမဴးေနၾကတာလဲ။

ေဖးခ်မ့္ ဖတ္ၿပီးသြားတာကိုျမင္ေသာအခါ ေပါင္႐ႈက သည္းမခံႏိုင္ေတာ့ဘဲ ဆက္ေျပာပါသည္။ သူက ႂကြားတတ္သူ မဟုတ္ေပ။ သို႔ေသာ္လည္း ဒီေန႔ေတာ့ ႂကြားဝါခ်င္ေနပါသည္။ တစ္ဖက္မွာေတာ့ ေဘာ့စ္ေဖး၏ အသိအမွတ္ျပဳျခင္းကို ခံခ်င္လို႔ ျဖစ္သည္။ ေနာက္တစ္ဖက္မွာေတာ့ အားလုံးနဲ႔ ဒီလို ေကာင္းမြန္သည့္ အစီအစဥ္တစ္ခုကို မွ်ေဝေပးခ်င္လို႔ ျဖစ္ပါသည္။

"ေဘာ့စ္ေဖးရဲ႕ သ႐ုပ္မွန္ကိုေကာ ထန္းတာ့ရဲ႕အက်ိဳးခံစားခြင့္ေတြကိုေကာ တမင္သက္သက္ ဖုံးကြယ္ထားခဲ့တာ မဟုတ္လား။ ရန္သူေတြကို လွည့္စားတဲ့ ဒီဗ်ဴဟာက တကယ္ေျပာင္ေျမာက္တယ္ဗ်ာ။ ဂိမ္းဒီဇိုင္နာကလည္း အရည္အေသြးျမင့္မႈနဲ႔ ၿပိဳင္ဘက္ကင္း ဟန္ေဆာင္မားကတ္တင္းစတိုင္ေၾကာင့္ ျပည္တြင္းမွာ နာမည္ႀကီးလာတယ္။”

"ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝကလည္း ဗီဒီယိုအတိုေလာကမွာ စိတ္ဝင္စားမႈ အမ်ားႀကီး ရ႐ွိခဲ့တယ္။ ဒါေပမယ့္ အဲ့ဒီႏွစ္ခုစလုံးက ေဘာ့စ္ေဖးရဲ႕ အစီအစဥ္ တစ္စိတ္တစ္ပိုင္းမွန္း မသိခဲ့ဘူးဗ်ာ။”

"ဂိမ္းဒီဇိုင္နာနဲ႔ ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝက မီးေတာက္ႏွစ္ခုလိုပဲ။ ေဘာ့စ္ေဖးလုပ္ဖို႔လိုတာဆိုလို႔ မီးပြားေလးတစ္ခု ဖြင့္ေပးလိုက္ဖို႔ပဲ။ အဲ့ဒီမီးေတာက္ႏွစ္ခုက ပိုႀကီးလာၿပီး ပိုပိုေတာက္ပလာၿပီ။"

"အဲ့ဒီမီးေတာက္က ေဘာ့စ္ေဖးရဲ႕ လွည့္စားတဲ့ ဗ်ဴဟာေပါ့။"

"ဒီသတင္းထြက္လာၿပီးကတည္းက ကစားသမားနဲ႔ ၾကည့္႐ႈသူအေရအတြက္ေတြ အမ်ားႀကီး ကြၽန္ေတာ္တို႔ ကုမၸဏီကို အာ႐ုံစိုက္လာၾကတယ္။ တကယ့္ သတင္းအစစ္သာဆိုရင္ သူတို႔စိတ္လႈပ္႐ွားမႈကို ထိန္းႏိုင္မွာေတာင္ မဟုတ္ဘူး။”

"ဒါေပမယ့္ ဒီသတင္းရဲ႕ လွည့္စားတဲ့ တင္ျပခ်က္ပုံစံက အမ်ားႀကီး မ်က္စိဖြင့္နားဖြင့္ေပးလိုက္ႏိုင္တယ္။ သတင္းအစစ္နဲ႔ အတုကေရာေႏွာေနတယ္။ ဒီသတင္း ခ်က္ခ်င္းပဲ ေရပန္းစားလာတယ္။”

"ထန္းတာ့ဂိမ္းက ေဝ့ေပၚ ေပၚမွာ ေရပန္းစားအေၾကာင္းအရာ ျဖစ္လာတယ္ေလ။ အင္တာနက္အသုံးျပဳသူေတြ အမ်ားႀကီးကိုလည္း လမ္းေဖာက္ေပးလိုက္ႏိုင္တယ္။ တခ်ိဳ႕ကို ကြၽန္ေတာ္တို႔ရဲ႕ ဂိမ္းေတြဆီကို လမ္းေဖာက္ေပးလိုက္ၿပီး တခ်ိဳ႕ကိုေတာ့ ဗီဒီယိုအတိုစီးရီးဆီကို လမ္းေဖာက္ေပးလိုက္ႏိုင္တယ္။ ဒီ ၂ ရက္အတြင္း ကြၽန္ေတာ္တို႔ ဂိမ္းေတြအားလုံးရဲ႕ ေရပန္းစားမႈက ျမင့္တက္လာတယ္။ အထီးက်န္ကႏၲာရလမ္းေတာင္ ပါေသးတယ္။”

"ဗီဒီယိုအတိုစီးရီးက ပိုေတာင္ေကာင္းေသးတယ္။ အပိုင္းတိုင္းရဲ႕ ပ်မ္းမွ် ၾကည့္႐ႈသူ ၃၀၀,၀၀၀ - ၄၀၀,၀၀၀ ေလာက္ တက္သြားတယ္။ ထန္းတာ့ရဲ႕ ေဘာ့စ္ေဖးက ဗီဒီယိုအတိုထဲက ေဘာ့စ္ေဖးနဲ႔ တူရဲ႕လားဆိုတာ ေတာ္ေတာ္မ်ားမ်ားက သိခ်င္ေနၾကတယ္။”

"ေဘာ့စ္ေဖးရဲ႕ သ႐ုပ္မွန္ကို လူသိ႐ွင္ၾကားထုတ္ျပႏိုင္တဲ့ေန႔က်ရင္ မီးေတာက္က ပိုေတာင္ႀကီးလာမယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္။ ေဘာ့စ္ေဖး ဒီလို ဘယ္ေတာ့လုပ္မလဲေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ ေနာက္တစ္ဂိမ္းထုတ္တဲ့အခါက်ရင္လား။"

"ကြၽန္ေတာ္တကယ္ ေမွ်ာ္ေနမိၿပီ" ဒီလို ဖားယားမႈကို ရင္ဆိုင္လိုက္ရေသာအခါ ေဖးခ်မ့္ ရင္ထဲထိ ၾကက္ေသ ေသသြားပါေတာ့သည္။

ဒါ ဘာသေဘာလဲ။ ငါေျမႀကီးထဲေတာင္ ဝင္ေနပါၿပီ။ ဒီ့ထက္ ပိုမဆိုး႐ြားႏိုင္ေတာ့ဘူးလို႔ ထင္ထားတာ။ မင္းတို႔ေကာင္ေတြ ငါ့အေလာင္းကိုေတာင္ ျပန္လာတူးၾကေသးတယ္ေပါ့။

အခန္း(၁၃၄) ယြီအင္တာနက္ကေဖးရဲ႕ ေအာင္ျမင္မႈကို ပိုျမင့္တက္ေစဖို႔ရန္

ေဖးခ်မ့္ ေပါင္႐ႈ၏ စကားလုံးမ်ားကိုနားမလည္ပါ။ သို႔ေသာ္လည္း တစ္ခုခုေတာ့ ေသခ်ာသြားပါသည္။ မေကာင္းတာ တစ္ခုခု ထပ္ျဖစ္ျပန္ၿပီ။

အစကေတာ့ သူခံစားရတာေတြ မ်ားေနၿပီဟု ေဖးခ်မ့္ ထင္ခဲ့မိသည္။ ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝက ဝင္ေငြ႐ွိေနၿပီ။ ဂိမ္းဒီဇိုင္နာလည္း ထိုနည္းလည္းေကာင္း ျဖစ္သည္။ စနစ္ရန္ပုံေငြကို အကုန္သုံးဖို႔ မျဖစ္ႏိုင္ေတာ့သေလာက္ ႐ွိသည္။

ဒီ့ထက္ ဆိုး႐ြားႏိုင္ေသးလို႔လား။

အေျဖကေတာ့ ဆိုး႐ြားႏိုင္ပါေသးသည္။

သတင္းတစ္ပုဒ္ေၾကာင့္ ျဖတ္သြားျဖတ္လာမ်ားက ထန္းတာ့ကို အလြန္စိတ္ဝင္စားလာၾကသည္။ ထို႔ေၾကာင့္ ၎၏ ဂိမ္းမ်ား တစ္ေခတ္ထလာခဲ့ျပန္သည္။

ေဖးခ်မ့္ အခုဆို ပိုၿပီးေတာင္ စိတ္ဓာတ္က်သြားပါသည္။

ဒါဘာျဖစ္တာလဲ။ ဘဝက အတက္အက်ေတြ မ်ားလွခ်ည္လား။

သို႔ေသာ္လည္း တျခား႐ႈေထာင့္ကၾကည့္ရင္ေတာ့ သတင္းအဆိုးႀကီးေတာ့ မဟုတ္လွပါ။ သူက စနစ္ရန္ပုံေငြကို သုံးမကုန္ေတာ့ေပ။ အ႐ႈံးေပၚဖို႔ ေမွ်ာ္လင့္ခ်က္ မ႐ွိေတာ့သျဖင့္ အျမတ္မ်ားမ်ားရေလေလ သူ႕ကိုယ္ပိုင္စည္းစိမ္ထဲ ေငြပိုဝင္လာေလေလ မဟုတ္လား။ ဒီ႐ႈေထာင့္က ၾကည့္ရင္ေတာ့... မဆိုးသလိုပဲ မဟုတ္ပါလား။

ေဖးခ်မ့္ ကိုယ့္ဘဝကို သံသယျဖစ္လာပါသည္။

"ဒီေန႔အရမ္းေပ်ာ္ဖို႔ေကာင္းတဲ့ေန႔ပဲ။ ငါတို႔အားလုံး ဓာတ္ပုံအတူတူ႐ိုက္ၾကမလား" က်ဴးေ႐ွာင္စဲက သူ႕ DSLR ကိုေျမႇာက္ရင္း ေအာ္လိုက္ပါသည္။

"အၾကံေကာင္းတယ္။”

"ဟုတ္တယ္၊ ဟုတ္တယ္။ မိသားစုဓာတ္ပုံ႐ိုက္ၾကရေအာင္။”

"အားလုံး လာၾကလာၾက ေသခ်ာမတ္တပ္ရပ္ၾကေဟ့။”

"ေဘာ့စ္ေဖး ေဘာ့စ္ေဖးက အလယ္မွာေနပါ။"

အားလုံးက တစ္ေယာက္ကိုတစ္ေယာက္ ေအာ္ဟစ္ၾကရင္း ေဖးခ်မ့္ကို အလယ္ေရာက္ေအာင္ တြန္းလိုက္ပါသည္။

က်ဴးေ႐ွာင္စဲက သူ႕ DSLR ကို ကုန္းရင္း ခ်ိန္ညႇိေနသည္။ "ဟုတ္ၿပီ အားလုံး ျပဳံးမယ္ ဝမ္း တူး သရီး အားလုံးပဲ ေအာ္ၾကမယ္ - 'ဧရာမ ေရာင္းအားႀကီးအတြက္ ဂုဏ္ျပဳပါတယ္။”

"ဧရာမ ေရာင္းအားႀကီးအတြက္ ဂုဏ္ျပဳပါတယ္။”

အားလုံးအတူတူေအာ္လိုက္ၾကၿပီး က်ယ္ေျပာသည့္ အျပဳံးမ်ား မ်က္ႏွာေပၚတြင္ ေပၚလာၾကပါသည္။

ေဖးခ်မ့္က ဝန္ထမ္းမ်ားၾကားထဲမွာ ရပ္ေနၿပီး အားလုံး၏ စစ္မွန္ေသာ ဂုဏ္ျပဳသံမ်ားကို ၾကားလိုက္ရေသာအခါ အလြန္ဇေဝဇဝါျဖစ္သြားမိသည္။ သူဘယ္ေလာက္ပဲ ႀကိဳးစားပါေစ ဒီတစ္ေခါက္ ေငြစာရင္း႐ွင္းခ်ိန္မွာ အ႐ႈံးမေပၚႏိုင္ေတာ့မွာေၾကာင့္  ဝမ္းနည္းမိပါသည္။ သို႔ေသာ္လည္း ေငြပမာဏ အေတာ္မ်ားမ်ားကို သူ႕ကိုယ္ပိုင္စည္းစိမ္အျဖစ္ေတာ့ ေျပာင္းႏိုင္လိမ့္မည္။ ဒါက သူ႕အတြက္ ေမွ်ာ္လင့္ခ်က္ေလး ျဖစ္သည္။

ထို႔ေၾကာင့္ သူေပ်ာ္ရမွာလား မေပ်ာ္ရဘူးလား...

ေဖးခ်မ့္၏ စိတ္ဓာတ္က်ေနေသာ မ်က္ႏွာထားက မေသခ်ာမေရရာစြာျဖင့္ ႐ုတ္တရက္ အနည္းငယ္ ျပဳံးလိုက္ပါသည္။

ခ်လပ္…

က်ဴးေ႐ွာင္စဲက ခလုတ္ကို ႏွိပ္လိုက္ေသာအခါ အလင္းေရာင္ ျဖတ္ခနဲ လင္းသြားပါသည္။ ဒီပုံရိပ္ကို DSLR ျဖင့္ ၿပီးျပည့္စုံစြာ ႐ိုက္ကူးႏိုင္ခဲ့သည္။

ေဖးခ်မ့္က သက္ျပင္းခ်ရင္း ႐ုံးခန္းထဲ ဦးတည္လိုက္ပါသည္။ တကယ္စိတ္ေအးေအးထားၿပီး ဒီကမ႓ာႀကီးက ဘာေတြျဖစ္ေနတာလဲ အတည္ေပါက္ စဥ္းစားဖို႔ အခ်ိန္သာ လိုခ်င္မိပါသည္။

က်ဳးေ႐ွာင္စဲက ဓာတ္ပုံကို ကြန္ပ်ဴတာထဲ ထည့္လိုက္ၿပီး အားလုံးကလည္း ဝိုင္းၾကည့္လာၾကပါသည္။

"ငါ့ကို ျမန္ျမန္ပို႔ေပးပါ။”

"ဒါ႐ိုက္တာက်ဴးရဲ႕ ဓာတ္ပုံစေကးေတြက တကယ္ေကာင္းတာပဲ။။ တကယ့္ပေရာ္ဖက္႐ွင္နယ္ပဲ။"

"ဟမ္ ေဘာ့စ္ေဖးအျပဳံးက ဘာလား။"

"ခ်ဲ႕လိုက္စမ္း။"

"ထပ္ခ်ဲ႕ဦး။"

အားလုံးက ကြန္ပ်ဴတာ ဖန္သားျပင္ကို အနီးကပ္ ၾကည့္လိုက္ၾကသည္။ ဓာတ္ပုံထဲတြင္ ေဖးခ်မ့္၏ မ်က္ႏွာႀကီးကို အႀကိမ္ေပါင္းမ်ားစြာ ခ်ဲ႕ကားထားၿပီးၿပီ ျဖစ္သည္။ DSLR ၏ ႐ုပ္ထြက္ၾကည္ေတာက္မႈေၾကာင့္ ေဖးခ်မ့္၏ မ်က္ႏွာထားက ႐ွင္းလင္းေတာက္ပေနပါသည္။

သူ႕မ်က္လုံးမ်ားက ဝမ္းနည္းေနသည့္ ခံစားခ်က္ကို သယ္ေဆာင္ေနေသာ္လည္း ႏႈတ္ခမ္းကေတာ့ ျပဳံးေနပါသည္။ အျပဳံးက အတင္းလုပ္ယူထားေသာ အျပဳံးမ်ိဳး မဟုတ္ပါ။ အျပဳံးစစ္စစ္ျဖစ္ပါသည္။

က်ဴးေ႐ွာင္စဲက ဟြမ္စစ္ေပၚကိုၾကည့္လိုက္သည္။ ထို႔ေနာက္ ေပါင္႐ႈနဲ႔ အျခားသူမ်ားကိုပါ ၾကည့္လိုက္ပါသည္။

"ေဘာ့စ္ေဖးရဲ႕ အျပဳံးက..."

"ဘာသေဘာလဲ"

႐ုံးခန္းထဲတြင္။

ေဖးခ်မ့္က စိတ္မပါစြာျဖင့္ အင္တာနက္ေပၚ ေလွ်ာက္ၾကည့္ေနပါသည္။ ေပါင္႐ႈ၏ စကားမ်ားက အမွန္ပင္။ "ထန္းတာ့ဂိမ္း" ဆိုတာက  ေဝ့ေပၚ ေပၚမွာ ေရပန္းစား႐ွာေဖြမႈတစ္ခု ျဖစ္လာခဲ့ကာ အင္တာနက္အသုံးျပဳသူမ်ားကလည္း ဒီအေၾကာင္းအရာကို စိတ္အားထက္သန္စြာ ေဆြးေႏြးေနၾကပါသည္။ တခ်ိဳ႕လူမ်ားက သူတို႔အိုင္ဒီယာမ်ားကိုပင္ စတင္ ထုတ္ေဖာ္လာသည္။

ဒီသတင္းက အေထာက္အထား မခိုင္လုံသျဖင့္ ဘယ္ေလာက္မွန္ကန္ၿပီး ဘယ္ေလာက္ မွားယြင္းေၾကာင္း ဘယ္သူမွ မသိပါ။ တခ်ိဳ႕လူမ်ားက အႀကီးအက်ယ္ ခန္႔မွန္းေနၾကသည္။ သို႔ေသာ္လည္း တကယ့္ အစစ္နဲ႔ အတုက ေရာယွက္ေနသည္။ အခ်ိန္တိုအတြင္း ဘယ္သူမွ မခြဲျခားႏိုင္ေလာက္ပါ။

ေဖးခ်မ့္က အခ်က္အလက္အားလုံးကို ေကာင္းမြန္စြာ လွ်ိဳ႕ဝွက္ထားႏိုင္ခဲ့သည္။ သူ႕ဂုဏ္သတင္းနဲ႔ ကုမၸဏီထဲမွာ တည္႐ွိေနမႈေၾကာင့္ အဓိက ျဖစ္သည္။ ထန္းတာ့ဝန္ထမ္းတိုင္းက ေဖးခ်မ့္အေပၚ ေက်းဇူး႐ွိသလို ခံစားရၿပီး သူ႕ကို ကိုးကြယ္ၾကသည္။ ေဖးခ်မ့္က သူ႕သ႐ုပ္မွန္ သို႔မဟုတ္ ကုမၸဏီ၏ အက်ိဳးခံစားခြင့္မ်ားကို မထုတ္ေဖာ္ဖို႔ ႐ွင္း႐ွင္းလင္းလင္း ေတာင္းဆိုထားၿပီးသားျဖစ္သျဖင့္ အားလုံး တင္းတင္းၾကပ္ၾကပ္ လိုက္နာၾကပါသည္။

မာယိခြၽမ္လိုလူမ်ိဳးက တိတ္တဆိတ္ ထန္းတာ့ကိုေၾကာ္ျငာဖို႔ ကူညီေပးၿပီး အင္တာဗ်ဴးတစ္ခုကို လက္ခံခဲ့ရင္ေတာင္ ေဖးခ်မ့္၏ ဆႏၵအတိုင္းပဲ လိုက္နာရပါသည္။ ထန္းတာ့၏ ဝန္ထမ္းတစ္ေယာက္ျဖစ္သည္ဟု လူေ႐ွ႕ထြက္ျပမွာ မဟုတ္ၾကပါ။

ထို႔ေၾကာင့္ အခုထြက္ေပၚေနသည့္ ေကာလဟာလမ်ားက အစစ္ေကာ အတုေကာ ေရာေႏွာပါဝင္ေနပါသည္။ ဘယ္သူကမွလည္း သတင္းရင္းျမစ္ကို အတည္မျပဳႏိုင္ပါ။

ဒီလွ်ိဳ႕ဝွက္အင္တာဗ်ဴးက ဆန္းၾကယ္သည့္ ထန္းတာ့၏ အခြံကိုလွန္ပစ္ဖို႔ ျဖစ္သည္။ ေနာက္ဆုံးေတာ့လည္း အခြံကို တစ္ဝက္သာ လွန္ႏိုင္ခဲ့ပါသည္။ အေနာက္ကို ဘယ္သူမွ ႐ွင္း႐ွင္းလင္းလင္း မျမင္ရႏိုင္ပါ။ သို႔ေသာ္လည္း ဒီလို မေသခ်ာ မေရရာတာကို ခန္႔မွန္းရသည့္ ခံစားခ်က္က လူေတြကို ပိုၿပီး စိတ္ဝင္စားလာေစသည္။

ဂိမ္းဒီဇိုင္နာနဲ႔ ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝတို႔က ေပါင္းစပ္သြားၿပီး ထန္းတာ့၏ မႈန္ဝါးဝါး ပုံရိပ္တစ္ခုကို ပုံေဖာ္ႏိုင္ခဲ့ပါသည္။ လူေျပာမ်ားသည့္ ထိုႏွစ္ခု ေပါင္းစပ္သြားေသာအခါ ၿပီးျပည့္စုံေသာ တစ္ေခတ္ျပန္ထမႈကို ေဆာင္က်ဥ္းေပးႏိုင္သြားခဲ့ပါသည္။

ေဖးခ်မ့္က သူ႕ဂိမ္းမ်ိဳးစုံ၏ အေျခအေနကို ၾကည့္ဖို႔ ပလက္ေဖာင္းကို ဖြင့္ၾကည့္လိုက္ပါသည္။ ကစားသမား ျမင့္တက္လာမႈက ထင္သေလာက္ မျမန္ဆန္ေသာ္လည္း ဂိမ္းေလးခုစလုံးမွာ ျမင့္တက္လာျခင္း ျဖစ္ပါသည္။ အထီးက်န္ကႏၲာရလမ္းကေတာင္ ေဒါင္းလုတ္ပမာဏ အနည္းငယ္ တက္လာသည္။

ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝနဲ႔ အိုင္လီကြၽမ္း၏ သီးသန္႔သေဘာတူစာခ်ဳပ္ေၾကာင့္ ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝကို တစ္ခ်က္ႏွိပ္လိုက္တိုင္း ေငြေတြဝင္ေနပါလိမ့္မည္။

ေဖးခ်မ့္က ပလက္ေဖာင္းကို ပိတ္လိုက္သည္။ အရင္တုန္းက တစ္ခါမွ မျဖစ္ဖူးသလို ကိုယ့္ကိုယ္ကို သံသယျဖစ္လာမိပါၿပီ။ သူတကယ္ပဲ ကံေကာင္းလြန္းကာ လုပ္လိုက္သည့္ အရာတိုင္းက ေအာင္ျမင္ေနမွာလား။ စိတ္မပါလက္မပါ ကိစၥေတြကို ေဆာင္႐ြက္ရင္ေတာင္ ေအာင္ျမင္ေနဦးမွာလား။

မျဖစ္ႏိုင္ပါ။

ေဖးခ်မ့္က သူ႕အကန္႔အသတ္သူ သိပါသည္။ ယခင္တုန္းက သူ႕ေအာင္ျမင္မႈမ်ားကို ျပန္စဥ္းစားၾကည့္ပါက ကံသက္သက္ေၾကာင့္ ေအာင္ျမင္ခဲ့တာလား။ မဟုတ္ပါ။

ကံလည္း ပါပါသည္။ ဥပမာအားျဖင့္ ဆရာေခ်ာင္းသာ အထီးက်န္ကႏၲာရလမ္းကို တိုက္တိုက္ဆိုင္ဆိုင္ ႐ွာမေတြ႕ခဲ့ပါက ဒီဂိမ္းက်႐ႈံးသြားလိမ့္မည္။ သို႔ေသာ္လည္း အားလုံးကံေၾကာင့္ဟု ေျပာဖို႔ကေတာ့ မမွန္ကန္ပါ။ ထို႔အျပင္ နက္႐ိႈင္းသည့္အေၾကာင္းအရင္းမ်ားလည္း ႐ွိေသးပုံေပၚပါသည္။ ေဖးခ်မ့္ လ်စ္လ်ဴ႐ႈထားမိသည့္ အခ်က္မ်ား ျဖစ္သည္။

ေဖးခ်မ့္ အခ်ိန္ယူၿပီး ေလးေလးနက္နက္ စဥ္းစားလိုက္ပါသည္။

အထီးက်န္ကႏၲာရလမ္း၏ ေအာင္ျမင္မႈက ၎၏ ထူးျခားမႈေၾကာင့္ ျဖစ္သည္။ တေစၧစစ္သူႀကီး၊ သမုဒၵရာရဲတိုက္နဲ႔ ဂိမ္းဒီဇိုင္နာတို႔ကေတာ့...

၎တို႔လည္း အတူတူပဲ ျဖစ္သည္။ ၎တို႔ေအာင္ျမင္ဖို႔ အခြင့္အေရးက နည္းပါးေသာ္လည္း အဆင္ေျပသြားႏိုင္ေခ် အတိုင္းအတာတစ္ခုအထိေတာ့ ႐ွိပါသည္။ တစ္ဖက္မွာေတာ့ ေဖးခ်မ့္က ေစ်းကြက္၏ စီစဥ္မႈကို တန္ျပန္ကာ ဂိမ္မာမ်ား၏ အႀကိဳက္ကို ေျပာင္းျပန္လွန္ခ်င္ခဲ့သည္။ သူစမ္းသပ္ၾကည့္လိုက္တိုင္း ထူးကဲတာေတြပဲ လုပ္မိေနပါသည္။

ေနာက္တစ္ဖက္မွာေတာ့ ပိုက္ဆံပိုရဖို႔အတြက္ ေဖးခ်မ့္က လက္ရာေျမာက္သည့္ ပန္းခ်ီရင္းျမစ္မ်ားအတြက္ ေငြမ်ားစြာ သုံးစြဲခဲ့ၿပီး ဝန္ထမ္းမ်ား၏ စိတ္ခြန္အားနဲ႔ စိတ္အားတက္ႂကြမႈအတြက္ ေဘာနပ္စ္မ်ားစြာနဲ႔ အက်ိဳးခံစားခြင့္မ်ားစြာ ေပးခဲ့သည္။

ထို႔ေၾကာင့္ အရည္အေသြး ေကာင္းမြန္သည့္ ဂိမ္းတစ္ခု အၿမဲထြက္လာခဲ့သည္။

ေဖးခ်မ့္ သူ႕ေခါင္းသူ ႐ိုက္လိုက္ပါသည္။

"...ဒါ့ေၾကာင့္ကိုး... ငါလမ္းမွားေနခဲ့တာပဲ ဒီနည္းလမ္းအတိုင္း ငါ ဘာမွလုပ္လို႔မရဘူး။ ငါတကယ္ တုံးအတာပဲ။ ဂိမ္းေတြကို ဖန္တီးတဲ့အခါ ပုံမွန္အတိုင္းေလးပဲ လုပ္ရမလား။”

"မဟုတ္ဘူး၊ ေနဦး။ ဒါလည္း မဟုတ္ေသးဘူး..."

ေဖးခ်မ့္က ခ်က္ခ်င္းပဲ ဒီအေတြးကို ေဖ်ာက္လိုက္ပါသည္။

တခ်ိဳ႕ကုမၸဏီမ်ားက ႐ွိေနၿပီးသား ဂိမ္းမ်ားကို အေျခခံၿပီး ဖန္တီးခဲ့ရာ ေအာင္ျမင္သြားေသာ အျဖစ္အပ်က္မ်ားစြာ ႐ွိေနပါသည္။ ေဖးခ်မ့္၏ ကုမၸဏီတြင္ "ထန္း" ဟူသည့္စာလုံးပါေနၿပီး ဟာသ မဟုတ္ပါ။

"ငါေသခ်ာစဥ္းစားဖို႔ အခ်ိန္လိုတယ္။ ငါမသိရမခ်င္း ဂိမ္းသစ္ ဖန္တီးတာေတြကို ရပ္ထားလိုက္မယ္။ ငါထပ္ၿပီး စြန္႔စားလို႔ မျဖစ္ေတာ့ဘူး။ ငါ့မွာ အခု ေငြဝင္ေပါက္ႀကီး ၃ ခု႐ွိေနၿပီ။ ေနာက္တစ္ခုသာ ထပ္ေပၚလာရင္ ငါေသလိမ့္မယ္။”

ေဖးခ်မ့္ ခ်က္ခ်င္းဆိုသလို ဂိမ္းသစ္ထုတ္လုပ္တာေတြကို ရပ္တန္႔ဖို႔ ဆုံးျဖတ္လိုက္ပါသည္။ အဆင္ေျပသည္။ မၾကာေသးခင္ကမွ အရင္ဂိမ္းမ်ားအတြက္ အပ္ဒိတ္မ်ား တင္ေပးမည္ဟု ဂိမ္မာမ်ားကို ကတိေပးခဲ့သည္။

ေနာက္အပတ္က်ရင္ လုမင္လ်န္နဲ႔ တျခားသူေတြကို ႐ွိၿပီးသားဂိမ္းေတြကိုပဲ အာ႐ုံစိုက္ခိုင္းထားလိုက္မယ္။

ပုံမွန္အတိုင္းပဲ ေနာက္လက်ရင္ ပထမေနရာ ပထုတ္ျခင္းစနစ္ကို ဒီေကာင္ရလိမ့္မယ္။

သို႔ေသာ္လည္း ေဖးခ်မ့္က လုမင္လ်န္ကို မထုတ္ပစ္ခ်င္ပါ။ လက္႐ွိ အေျခအေနအရဆို လုမင္လ်န္က ေဖးခ်မ့္၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာခဲ့သူ ျဖစ္ပါသည္။ ဟြမ္စစ္ေပၚနဲ႔ ေပါင္႐ႈတို႔လို ကိုယ့္သေဘာနဲ႔ကိုယ္ ဟိုထည့္ ဒီထည့္ မလုပ္တတ္ေပ။

ေဖးခ်မ့္က ဒါကို သေဘာက်ပါသည္။

ဒီတစ္ေခါက္ ဂိမ္းဒီဇိုင္နာ၏က်႐ႈံးမႈက ေဖးခ်မ့္အျပစ္သာ ျဖစ္သည္။ လုမင္လ်န္ကို အျပစ္မတင္သင့္ပါ။ လုမင္လ်န္ တာဝန္ယူသည့္ ေနာက္ခံစကားေျပာေၾကာင့္ ဂိမ္းေအာင္ျမင္လာတာ ျဖစ္ေသာ္လည္း ေနာက္တစ္ေခါက္ ေဖးခ်မ့္ သူ႕ကို ဒါမ်ိဳးထပ္မလုပ္ခိုင္းပါက အဆင္ေျပပါၿပီ။

ေဖးခ်မ့္က လုမင္လ်န္အေပၚ ယုံၾကည္ခ်က္ ႐ွိေသးသျဖင့္ သူ႕ကို အလြယ္ေလး ပထုတ္မွာ မဟုတ္ပါ။ အေရးအႀကီးဆုံးက လုမင္လ်န္ကို ဒုတိယဟြမ္စစ္ေပၚျဖစ္လာေအာင္ ေျပာင္းလဲေပးလိုက္မိပါက သူဒုကၡေရာက္ပါလိမ့္မည္။

ထို႔ေၾကာင့္ စဥ္းစားၿပီးေနာက္ လုမင္လ်န္ကို လက္႐ွိဂိမ္းမ်ား၏ တည္းျဖတ္ထုတ္ေဝမႈ အသစ္မ်ားအတြက္ အစီအစဥ္ဆြဲသူခ်ဳပ္ ဆက္လုပ္ခိုင္းဖို႔ ဆုံးျဖတ္လိုက္ပါသည္။ ထို႔ေနာက္ တည္းျဖတ္ထုတ္ေဝမႈအသစ္မ်ားအတြက္ ေစ်းနိမ့္နိမ့္ သတ္မွတ္ေပးလိုက္မည္။ ဒါက ပိုက္ဆံရေနႏိုင္ဆဲ ျဖစ္ေသာ္လည္း နည္းႏိုင္သမွ် နည္းေအာင္ သူႀကိဳးစားပါမည္။

သူသာ အ႐ႈံးေပၚခ်င္ပါက တျခားနည္းလမ္း ႐ွာရပါမည္။

"ငါ့ေတြးေပၚေခၚပုံကို ျပန္ေျပာင္းလဲရမယ္။ ဒီလိုသာဆို အ႐ႈံးေပၚဖို႔ အခု ငါဘာလုပ္ရမလဲ ႐ွင္းေနၿပီ။ ငါ ယြီအင္တာနက္ကေဖးရဲ႕ ေအာင္ျမင္မႈကို ပိုျမင့္မားေအာင္ လုပ္ရမယ္။”

"က်င္းက်ိဳးၿမိဳ႕မွာ ဆိုင္ခြဲေတြ ဖြင့္မယ္။”

ဒီသံသရာႀကီး ၿပီးဆုံးဖို႔အတြက္ ၁ ပတ္သာ လိုေတာ့သည္။ ေငြစာရင္း႐ွင္းခ်ိန္ ေရာက္ပါေတာ့မည္။ သို႔ေသာ္လည္း ေဖးခ်မ့္က ေနာက္တစ္ေခါက္ ေငြစာရင္း႐ွင္းခ်ိန္အတြက္ ႀကိဳတင္စဥ္းစားေနၿပီ ျဖစ္သည္။

  BO5 ၿပိဳင္ပြဲလိုပင္။ အလြန္ဆိုးဆိုး႐ြား႐ြား ႐ႈံးနိမ့္ေနပါက ေနာက္တစ္ပြဲအေၾကာင္း စဥ္းစားလို႔ရပါၿပီ....။

အခုခ်ိန္ထိ ေဖးခ်မ့္၏ အေအာင္ျမင္ဆုံး လုပ္ငန္းက ယြီအင္တာနက္ကေဖး ျဖစ္သည္။ အရင္းေငြ ၃သန္းကို ျပန္မရသည့္အျပင္ လတိုင္းလည္း ၃၀၀,၀၀၀ ေလာက္ အ႐ႈံးေပၚေနပါသည္။ ေဖးခ်မ့္၏ အေအာင္ျမင္ဆုံး စမ္းသပ္မႈ ျဖစ္သည္။

ထို႔ေၾကာင့္ ဒီအေတြ႕ကအၾကဳံကိုအသုံးခ်ၿပီး ေနာက္ထပ္ ဆိုင္ခြဲမ်ား ထပ္ဖြင့္ပါက...

သူ႐ႈံးခ်င္သမွ် ႐ႈံးႏိုင္ၿပီမဟုတ္လား။

Continue Reading

You'll Also Like

532K 35.2K 136
Author -Elizabeth chi Type-System လင္းေလ်ာင္တစ္ေယာက္ေယာက္်ားမယူခ်င္လို႔ထြက္ေျပးရင္း Systemနဲ႔ခ်ိတ္မိၿပီးဘယ္လိုေတြကေမာက္ကမျဖစ္ၾကမလဲ oocျဖစ္ေနတဲ့world...