သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

46.8K 3.4K 34

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-125/126

245 16 0
By Miracle_Phyu97

ဖေးချမ့် 125+126

အခန်း(၁၂၅) ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်

ဖေးချမ့်က ဒီဂိမ်းမီဒီယာ၏ ဖားယားမှုကို ပိတ်လိုက်ပါသည်။ တစ်ခုတည်းသော အပြစ်ကိုတောင် ဂိမ်း၏ ကဏ္ဍတစ်ခုဖြစ်သည်ဟု ပြောရဲသေးသည်။

(မင်းတို့ကောင်တွေ ဒီလို ရီဗျူးတွေရေးနေရင် လူတွေက မင်းတို့ကို ငါပိုက်ဆံပေးပြီး ရေးခိုင်းထားတယ်လို့ ထင်သွားမယ်။ မင်းတို့တွေက ပရော်ဖက်ရှင်နယ် ဂိမ်းမှတ်ချက်သူတွေ မဟုတ်ဘူးလား။ မင်းတို့ကောင်တွေ အပြစ်ဘယ်လိုရှာရမလဲ မသိကြဘူးလား)

ဖေးချမ့် အလွန်စိတ်ပျက်သွားပါသည်။

(ထားလိုက်ပါတော့ ကစားသမားတွေရဲ့ ရီဗျူးတွေကို ကြည့်ရအောင်)

ကစားသမားတွေက အလွန်ချေးများတတ်သည်။ သူတို့ အပြစ်အနာအဆာတွေ အများကြီး ထောက်ပြနိုင်ကြမှာပါ ဟုတ်တယ်မလား။

ဖေးချမ့် နောက်တစ်ခေါက် ကစားသမား ရီဗျူးစာမျက်နှာတစ်ခုကို ထပ်ဖွင့်လိုက်ပါသည်။ သို့သော်လည်း နောက်ဆုံးရ ရီဗျူးများအားလုံးက ကြယ်ငါးပွင့် ရီဗျူးကောင်းများ ဖြစ်နေကြပါသည်။

ကြယ် ၁ ပွင့် အဆင့်သတ်မှတ်ချက်များ ဟိုးအောက်ခြေသို့ ရောက်နေပါပြီ။

"ပန်းချီစတိုင်က တကယ်ကောင်းတာပဲ။  ရုပ်မဲ့ အချက်အလက်တွေကို အရမ်းတိကျတဲ့ပုံစံနဲ့ ပုံဖော်သွားတယ်။ ဒီလိုပျင်းဖို့အရမ်းကောင်းတဲ့ themeက တကယ်ကြီး သက်ဝင်လာပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။”

"ငါ ဆရာချောင်းကြောင့် ရောက်လာတာ။ ဒါ လက်ရာမြောက်တဲ့ အမှောင်ဟာသပဲ။”

"ငါ ကြယ်ငါးပွင့်ပေးမှဖြစ်မယ်။ ကြယ်ငါးပွင့်မပေးတဲ့လူတွေက ဒီဂိမ်းကို နားမလည်လို့ပဲ။”

"နောက်ခံစကားပြောက တော်တော်ရယ်ဖို့ကောင်းတယ်။ ဒီဂိမ်းကို မကစားချင်ပေမယ့် နောက်ခံစကားပြောကောင်နဲ့ အပြင်မှာတွေ့ချင်တယ်။”

"ရိုးရိုးသားသားပြောရရင် ငါ့ကိုစိတ်ဝင်စားစေတဲ့ ဂိမ်းမျိုးမကစားရတာ တော်တော်ကြာပြီ။ အခုခေတ်ဂိမ်းတွေက paywallတွေ ဖန်တီးဖို့ ဒါမှမဟုတ် လူတွေအကြိုက်ပဲ လိုက်လုပ်ပေးနေကြတာ။ ဒီလိုလေးနက်ပြီး လူတွေအကြိုက်လိုက်မလုပ်တဲ့ ဂိမ်းမျိုးတွေက အရမ်းရှားတယ်။”

"ဒီဂိမ်းက အသားကျဖို့ အချိန်ယူရတဲ့ဂိမ်းမျိုးပဲ။ အစကတော့ ငါလည်း မကစားချင်တော့ဘူး။ ဒါပေမယ့် ဒုတိယတစ်ခေါက် ပြန်ကစားတဲ့အထိ သည်းခံလိုက်တာ ဒီဂိမ်းက ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတယ်လို့ ခံစားရတယ်။ ငါမရပ်နိုင်တော့ဘူး။ အခုတော့ ၁၈ကြိမ်မြောက်ကစားဖို့ ပြင်နေပြီ"

"ကုမ္ပဏီက ဒီဂိမ်းကို ၂၈ ယွမ်တည်းနဲ့ ရောင်းပေးတာ အရမ်းသဘောကောင်းတာပဲ။ သူတို့ အရင်းတောင် ပြန်ကျေနိုင်ပါ့မလား။ ကြည့်ရတာ ဒီဂိမ်းထဲမှာ တော်တော့်ကို ရင်းနှီးမြှုပ်နှံထားကြတဲ့ပုံပဲ။ ငါကော်ပီ ၃ ခုတောင် ဝယ်ထားတယ်။ ၂ ခုက ငါ့သူငယ်ချင်းတွေအတွက်ပါ။ ဒါပေမယ့် အရှုံးမပေါ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။”

ကစားသမားများ၏ ရီဗျူးများကို ဖတ်ပြီးနောက် ဖေးချမ့် အတွေးထဲနစ်မြောသွားသည်။

(ကော်ပီ ၃ ခု ဝယ်သွားတဲ့ကောင် အိမ်လိပ်စာ ပေးပါလား။ မုန့်လေး ဘာလေးဝယ်ကျွေးချင်လို့...။

အဓိပ္ပာယ်မရှိတာတွေ....။

ကစားသမားတွေ မကစားဖို့ နည်းလမ်းစဥ်းစားဖို့အတွက် ဦးနှောက်စားခဲ့ရတာ။ အဲ့ဒီအချက်တွေက တကယ့်ရောင်းရတဲ့အချက်တွေ ဖြစ်သွားတာလား။

တချို့က နောက်ခံစကားပြောကောင်နဲ့ အပြင်မှာ တွေ့ချင်တယ်လို့တောင် ပြောနေကြတယ်လား။ ကောင်းပြီလေ မင်းတို့ကောင်တွေ စိတ်ကျေနပ်အောင် လုမင်လျန်ကို မနက်ဖြန် လူရှေ့ထွက်ပြခိုင်းလိုက်မယ်။ မင်းတို့ အိုင်ဒေါလုပ်လိုက်ကြ)

ဖေးချမ့်  စိတ်ဓာတ်ပြိုလဲလာပါပြီ။ ဂိမ်း၏ ရီဗျူးများကိုဖတ်ပြီး ဂိမ်း၏ ဆိုးရွားသော အချက်တွေက ဘာလဲ သို့မဟုတ် နောက်တစ်ခေါက် ရှောင်လို့ရမည့် ကောင်းကွက်များက ဘာလဲ ရှာဖွေချင်ခဲ့သည်။

သို့သော်လည်း... အားလုံးက ဒီဂိမ်း၏ ကဏ္ဍအားလုံးကို သဘောကျနေသည့်ပုံပင်။ ပန်းချီစတိုင်က မဆိုးပါ၊ ကစားပုံကစားနည်းက မဆိုးပါ၊ စိတ်ပျက်စရာ နောက်ခံစကားပြောကတောင် ရောင်းအားကောင်းရသည့် အကြောင်းအရင်း ဖြစ်လာသည်။

ဖေးချမ့် ဒါတွေကိုကြည့်ပြီး ဘာရနိုင်မှာလဲ။

(လုံးဝပြီးပြည့်စုံပြီး အပြစ်အနာအဆာမရှိတဲ့ ဂိမ်းတစ်ခုကို တကယ်ကြီး ငါဖန်တီးနိုင်ခဲ့တာလား၊ ဒါဘယ်လိုဟာသမျိုးလဲ)

ဖေးချမ့် ထိုင်ခုံပေါ်မှာ ထိုင်ရင်း အားချိနဲ့လာခဲ့ပါတော့သည်။

...

...

ဧပြီလ ၁၉ ရက်နေ့ တနင်္လာနေ့....

ကျင်းကျိုးမြို့တော် AAA ဆေးရုံကြီး....

ထန်းတာ့၏ ဝန်ထမ်းများက ၎င်းတို့၏ ခန္ဓာကိုယ်ဆေးစစ်ချက်များ ပြီးဆုံးသွားပြီဖြစ်ပြီး ယခု မနက်စာ အတူတူ စားနေကြပါသည်။ ဟွမ်းစစ်ပေါ်နဲ့ ပေါင်ရှုတို့က စားပွဲတစ်လုံးတည်း ထိုင်ကြပြီး ပေါင်မုန့်နဲ့ ပဲနို့တို့ သောက်ကာ ၎င်းတို့၏ ဆေးစစ်ချက်များကို  ဆွေးနွေးနေကြပါသည်။

"ညီအစ်ကိုပေါင် ဆေးစစ်ချက်ဘယ်လိုနေလဲ"

"အဆင်ပြေပါတယ်။ ငါ့အူမှာ ပြဿနာနည်းနည်းတော့ရှိတယ်။ ဆရာဝန်ပြောတာကတော့ တစ်ညလုံး မအိပ်တာတွေရယ် ပုံမှန်မဟုတ်တဲ့ စားသောက်မှုတွေရယ်ကြောင့်တဲ့။ မင်းကော ညီအစ်ကိုဟွမ်။”

"အသည်းမှာ ပြဿနာနည်းနည်းရှိတယ်၊ သွေးပေါင်ချိန်လည်း နည်းနည်းတက်နေတယ်။ ဒါပေမယ့် ပြဿနာကြီးကြီးမားမားတော့ မရှိသေးပါဘူး။”

"ငါတို့တွေ နှစ်ဝက်တိုင်း ဆေးစစ်ရမယ်ကြားတယ်နော်။ ငါတို့ မလာလို့လည်း မရဘူးတဲ့..." ပေါင်ရှု စကားလုံးတွေ အနည်းငယ် ပျောက်ဆုံးနေပါသည်။ သူ့အတွက်တော့ ဘဝဆိုတာ နှစ်ခုပဲ ဖြစ်သည်။ ဂိမ်းနဲ့ တခြားအရာများပင်။ ဆေးစစ်ခြင်းကဲ့သို့ အရာများက သူ့ 'တခြားအရာများ' ဟူသော အမျိုးအစားထဲ ပါဝင်သည်။ သူ့ဂိမ်းကစားချိန်ကို နှောင့်ယှက်သော လုပ်ရပ်မျိုး ဖြစ်သည်။ တတ်နိုင်သမျှ ထိုအချိန်ကို လျှော့ချချင်နေပါသည်။

သာမန်ကုမ္ပဏီများက ဝန်ထမ်းများကို အလုပ်စလုပ်ခါစတွင်သာ ဆေးစစ်ချက် လုပ်ခိုင်းခြင်း ဖြစ်သည်။ ပိုကောင်းသည့် ကုမ္ပဏီများကတော့ တစ်နှစ်ကို တစ်ခေါက် လုပ်နိုင်သည်။ သို့သော် ထန်းတာ့က တစ်နှစ်ကို နှစ်ခေါက် ဆေးစစ်ခိုင်းသည်။ ငြင်းလို့လည်း မရပါ။ ထို့ကြောင့် ပေါင်ရှု အနည်းငယ် နာကျင်သွားပါသည်။

ဟွမ်းစစ်ပေါ်က ပဲနို့ကို သောက်လိုက်ပါသည်။ "ဟေ့ ညီအစ်ကိုပေါင် ဒီလိုမတွေးနဲ့လေကွာ။ ဆေးစစ်တယ်ဆိုတာ ငါတို့အတွက် ကောင်းတယ်လေ။ ဒီဆေးစစ်ချက်ကြောင့်သာမဟုတ်ရင် ငါ့မှာ အသည်းပြဿနာရှိမှန်းတောင် သိမှာ မဟုတ်ဘဲ နောက်ပိုင်း အစားအသောက် ဆင်ခြင်ရကောင်းမှန်း သိလာမှာ မဟုတ်ဘူးး။ ယိချွမ် မင်းကော"

ဘေးမှာထိုင်နေသည့် မာယိချွမ်က ပြောလိုက်သည်။ "ငါလည်း အဆင်ပြေပါတယ်။ နာတာရှည် အစာအိမ်ရောင်ရောဂါ အသေးစားလေး ဖြစ်နေတာ။ ညီအစ်ကိုပေါင်လိုမျိုး အူလမ်းကြောင်း ပြဿနာတစ်ခုပါပဲ။"

ဟွမ်းစစ်ပေါ်က ခေါင်းငြိမ့်လိုက်သည်။ "အင်း ဒါတွေက ထင်ထားစရာပါပဲ။ မင်း ရှန်းယန်ဂိမ်းမှာ ရှိနေတုန်းက အချိန်ပို ဆက်တိုက်လုပ်ရတယ်။ ပြီးတော့ စားချိန်တွေလည်းမမှန်ဘဲ အပြင်စာ မှာစားရတယ်။ ဒီပြဿနာရှိတာက ပုံမှန်လိုပဲ။ ငါတို့ အစားအသောက်တွေကို အခုချိန်ကစပြီး ဂရုစိုက်ထိန်းညှိဖို့ပဲ လိုတယ်။”

မာယိချွမ်က စိတ်ခံစားချက်ပြင်းစွာ သက်ပြင်းချလိုက်သည်။ "ထန်းတာ့က အရမ်းကောင်းတာပဲ။ အကျိုးခံစားခွင့်တွေကလည်း ကောင်းလွန်းတယ်။ ငါတို့ကို ဆေးတောင် စစ်ပေးတယ်။ ဘော့စ်ဖေးက တကယ့်ဘော့စ်ကောင်းပဲ။”

ဟွမ်းစစ်ပေါ်က အနည်းငယ်ပြုံးလိုက်ပါသည်။ "အမှန်တရားဆိုတာ ပြောဖို့တောင် မလိုပါဘူး။"

အားလုံးစားသောက်ပြီးနောက်် ပြန်ကြဖို့ ပြင်လိုက်သည်။ ဆေးစစ်ချက်က မနက်ပိုင်းမှာ လုပ်ခဲ့ပြီး အားလုံး နေ့လည်ခင်းနားခွင့်ရှိသဖြင့် အိမ်ကို တက္ကစီဖြင့်ပြန်ကာ တက္ကစီခလည်း ပြန်ယူနိုင်ပါသည်။

"ဟမ် ငါ့ထီး ဆေးရုံထဲမှာကျန်ခဲ့ပြီထင်တယ်။ မင်းတို့တွေပြန်နှင့်ကြ။ ငါသွားယူလိုက်ဦးမယ်။"

မာယိချွမ်က သူ့ထီးအား ဆေးစစ်နေစဥ် ဆေးရုံထဲက ထိုင်ခုံတစ်ခုပေါ် ထားခဲ့ကာ ပြန်ယူဖို့မေ့လာမှန်း သတိရသွားပါသည်။

ထီးကိုပြန်သွားယူပြီး ပြန်ဖို့ ပြင်လိုက်စဥ်မှာ တစ်ယောက်ယောက်က အနောက်မှ လှမ်းအော်လိုက်ပါသည်။

"ခဏလောက် စောင့်ပါဦးရှင့်"

မာယိချွမ်က နောက်လှည့်ကြည့်လိုက်သည်။

မျက်မှန်တပ်ထားသော ဆံပင်တိုတို မိန်းကလေးတစ်ယောက်က သူ့ဆီပြေးလာသည်။

"မင်္ဂလာပါ ရှင်က ထန်းတာ့ ဝန်ထမ်းလားဟင်" ကောင်မလေးက ဟောဟဲစိုက်ကာ အလွန်မောပန်းနေပါသည်။ သို့သော်လည်း ဒါက လုပ်ငန်းမှာ ကြုံနေကျဖြစ်သဖြင့် သူမ၏ စကားလုံးများကို သေချာထင်ရှားအောင် ပြောနိုင်ပါသေးသည်။

မာယိချွမ်က အနည်းငယ် သတိထားကာ ခေါင်းငြိမ့်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်ရှင့်။ ကျွန်မက ကျင်းကျိုးမြို့ Amusement Timesရဲ့ ဂျာနယ်လစ် ဟူယွဲ့ပါ။ ကျွန်မ ထန်းတာ့ဂိမ်းနဲ့ ပတ်သတ်ပြီး သတင်းတစ်ပုဒ်ရေးချင်လို့ အင်တာဗျူးခွင့်ပေးနိုင်မလားရှင့်။” ဟူယွဲ့က အသက်ရှူသံကို တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားပြီး သူမ၏ ဆံပင်တိုတိုကို စည်းလိုက်ပါသည်။

မာယိချွမ် ကြောင်သွား၏။ "ကျွန်တော်က ထန်းတာ့ဝန်ထမ်းဆိုတာ ဘယ်လိုသိတာလဲ။”

ဟူယွဲ့က အနည်းငယ် ပြုံးလိုက်ပါသည်။"ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ကျွန်မ အတန်းဖော်သူငယ်ချင်းတစ်ယောက်ရှိတယ်လေ။ ထန်းတာ့ဝန်ထမ်းတွေ ဒီနေ့ ဆေးရုံမှာ ဆေးလာစစ်မယ်လို့ ပြောလို့ ကျွန်မ အမြန်ပြေးလာခဲ့တာပါ။”

Amusement Times ဟုတ်လား။

မာယိချွမ်က ဒီကုမ္ပဏီကို အနည်းငယ် အထင်ကြီးပါသည်။ အတော်လေး လူသိများသော ဂိမ်းမီဒီယာကုမ္ပဏီတစ်ခု ဖြစ်သည်။ ၎င်း၏ သတင်းများနဲ့ ဗီဒီယိုအတိုလေးများက ရေပန်းစားသည်။ သာမန်အခြေအနေသာဆိုရင် မာယိချွမ်က သေချာပေါက် သူမ၏ တောင်းဆိုချက်ကို လက်ခံမည် ဖြစ်သည်။

သို့သော်လည်း ထန်းတာ့၏ အခြေအနေက သာမန်မဟုတ်ပါ။ ဘော့စ်ဖေးကိုယ်တိုင် အပြင်လူများကို သူ့နာမည် သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မဖော်ထုတ်ဖို့၊ ပြီးတော့ ကုမ္ပဏီ၏ လစာနဲ့ အကျိုးခံစားခွင့်များကို မဖော်ထုတ်ဖို့ ညွှန်ကြားထားသည်။

တခြားဂျာနယ်လစ်များစွာကလည်း ဟူယွဲ့လိုပဲ အငြင်းခံခဲ့ရပါသည်။ အားလုံး လက်လျှော့လိုက်ကြသည်။ သို့သော်လည်း ဟူယွဲ့ကတော့ အရှုံးမပေးသေးပါ။ တိုက်တိုက်ဆိုင်ဆိုင် ဆေးရုံမှာ အလုပ်လုပ်သည့် သူမသူငယ်ချင်းတစ်ယောက်ရှိပြီး ထန်းတာ့ဝန်ထမ်းများ ဒီကို ဆေးလာစစ်တာ သိသွားပါသည်။ ထို့ကြောင့် ဟူယွဲ့က အမြန်လာခဲ့ပြီး တစ်ယောက်ကို ရှာတွေ့သွားပါသည်။

မာယိချွမ်က ဘော့စ်ဖေး၏ စည်းကမ်းမျာားကို လိုက်နာဖို့ ဆုံးဖြတ်လိုက်ပြီး တောင်းဆိုချက်ကို ငြင်းလိုက်ပါသည်။ "စိတ်မကောင်းပါဘူးဗျ။ ကျွန်တော်တို့ ကုမ္ပဏီမှာ စည်းကမ်းတွေရှိလို့ပါ။ ကျွန်တာ်တို့ ဘော့စ်နဲ့ ပတ်သတ်တဲ့အရာတွေ၊ ကုမ္ပဏီရဲ့ လစာနဲ့ အကျိုးခံစားခွင့်နဲ့ ပတ်သတ်တဲ့အရာတွေ ဘာမှပြောပိုင်ခွင့် မရှိလို့ပါ။ တခြားတစ်ယောက်ယောက်ကို သွားရှာတာ ပိုကောင်းပါလိမ့်မယ်" မာယိချွမ်က ပြောလိုက်ပြီး လှည့်ပြန်ဖို့ ပြင်လိုက်ပါသည်။

"ခဏလေးနေပါဦး။” ဟူယွဲ့က မာယိချွမ်ကို အမြန်အော်လိုက်ပြီး မပြန်အောင် တားလိုက်ပါသည်။ ခက်ခဲမှုများစွာကို ကျော်ဖြတ်ပြီးခါမှ သူမ ထန်းတာ့ဝန်ထမ်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ဒီလို အလွယ်တကူ လွှတ်မပေးနိုင်ပါ။

အခန်း(၁၂၆) ဘော့စ်ဖေးရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အမြော်အမြင်ရှိမှု

"ဘော့စ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ ဘာမှ ပြောပြစရာမလိုဘူး။ ပြီးတော့လည်း လစာ ဘာညာကိုလည်း အသေးစိတ်ပြောပြဖို့ မလိုပါဘူး။ မသဲမကွဲပုံစံမျိုးနဲ့ ပြန်ဖြေပေးလို့ရပါတယ်။ စိတ်မပူပါနဲ့၊ ဒီအင်တာဗျူးကို လုံးဝ လူမသိစေရပါဘူး။ ပြီးတော့ မှတ်တမ်းတင်တဲ့ စက်ပစ္စည်း သို့မဟုတ် ဗီဒီယိုရိုက်တာတွေ ဘာတွေ မသုံးဘဲ လက်နဲ့ပဲ အားလုံးကို အမြန်ချရေးသွားမှာပါ။"

ဟူယွဲ့က သေချာပြင်ဆင်ထားသည့်ပုံစံဖြင့် သူမ၏ မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး သူမ၏ အိတ်ကပ်များထဲတွင် ဘာအသံဖမ်းစက်မှ မရှိကြောင်း သက်သေပြလိုက်သည်။

မာယိချွမ် နည်းနည်း မှင်သက်သွားပါသည်။ "ခင်ဗျားက အလုပ်ကို အရမ်းအစွန်းရောက်လွန်းတယ် မထင်ဘူးလား။ ထန်းတာ့ကြောင့်လား။ ဒါပေမယ့် သာမန်ဂိမ်းကုမ္ပဏီတစ်ခုသက်သက်ပဲလေ။ ဘာလို့ ဒီတာဗျူးကို လုပ်မှ ဖြစ်မှာလဲ။”

"မဟုတ်ပါဘူး" ဟူယွဲ့က အတည်ပေါက် ပြန်ဖြေလိုက်ပါသည်။ "ကျွန်မက ပြည်တွင်းဂိမ်းလောကရဲ့ အခြေအနေနဲ့ တိုးတက်မှုတွေအတွက် အင်တာဗျူး လုပ်နေတာပါ။"

မာယိချွမ်က အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသည်။ "ဟမ် ခင်ဗျား ဘာကို ဆိုလိုတာလဲ။"

ဟူယွဲ့၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်ပါသည်။ "ဒါက သာမန်အင်တာဗျူးတစ်ခုဆိုရင် ကျွန်မ လက်လျှော့လိုက်ပါပြီ။ ဒါပေမယ့် ထန်းတာ့က ခြားနားတယ်။ ကျွန်မ ထန်းတာ့ကို အင်တာဗျူးချင်တာက သူ့ရဲ့ အကျိုးခံစားခွင့်တွေ လစာတွေကို သိချင်လို့ မဟုတ်ဘူး။ ပြည်တွင်းဂိမ်းလောကကို ဒီလို စိတ်ထားကောင်းတဲ့ ဂိမ်းကုမ္ပဏီ တည်ရှိကြောင်း ပြသချင်လို့ပါ။"

"ဒီ့မတိုင်ခင်က ပြည်တွင်း ဂိမ်းလောကကြီးက ကြမ်းတမ်းပြီး ညစ်ပတ်တဲ့အတွက် ကစားသမားတွေ အထင်သေးတာကို အမြဲတမ်း ခံခဲ့ရတယ်။ သူတို့တွေက paywallတွေကို သုံးပြီး ပိုက်ဆံရှာဖို့ပဲ စဥ်းစားနေကြတယ်။ ဖန်တီးနိုင်စွမ်းတွေ လျော့နည်းကြတယ်။ ဂိမ်းမီဒီယာရဲ့ မန်ဘာတစ်ယောက်အနေနဲ့ ကျွန်မလည်း ဒါတွေကြောင့် စိတ်ဖိစီးပြီး စိတ်ဓာတ်ကျမိတယ် ဒါပေမယ့် ဘာမှမလုပ်နိုင်လောက်အောင် အာဏာမဲ့နေတယ်။”

"ဒါပေမယ့် ထန်းတာ့ပေါ်လာတာကြောင့် ခြားနားတဲ့ ကုမ္ပဏီတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့ရတယ်။ ကိုယ့်ဂိမ်းရဲ့ အရည်အသွေးကို အရမ်းတန်ဖိုးထားတဲ့ ကုမ္ပဏီ၊ ဖန်တီးနိုင်စွမ်း ရဲတင်းတဲ့ ကုမ္ပဏီ၊ လောဘမကြီးဘဲ ဂိမ်းတွေကို အနုပညာလို့မြင်တဲ့ကုမ္ပဏီပေါ့။”

"ကျွန်မထင်လိုက်တာက ထန်းတာ့ရဲ့ ကုမ္ပဏီတွင်း အလုပ်လုပ်ပုံတွေကလည်း တခြားကုမ္ပဏီတွေနဲ့ ခြားနားမယ်လို့ ထင်လိုက်မိလို့ပါ။ ကျွန်မ ဒီအင်တာဗျူးကို လုပ်နိုင်မယ်ဆိုရင် ပြည်တွင်းဂိမ်းလောကပေါ် သေချာပေါက် အကျိုးသက်ရောက်မှု ကြီးမားမှာပါ။"

"ထန်းတာ့က စံပြဖြစ်လာဖို့ မျှော်လင့်တယ်။ ပြည်တွင်းဂိမ်းလောကရဲ့ မနက်ဖြန်တွေ လှပအောင် လမ်းပြပေးမယ့် စံပြမျိုး။ ပြည်တွင်းထုတ်ဂိမ်းတွေကို သဘောကျတဲ့ ကစားသမားတွေအားလုံးလည်း ဒီဂိမ်းတွေအပေါ် ယုံကြည်ချက်ရှိလာဖို့ မျှော်လင့်တာပါ။"

မာယိချွမ် တိတ်ဆိတ်သွားသည်။ အစကတော့ ဟူယွဲ့က အတွင်းသတင်းများ နှိုက်ယူပြီး အထင်လွဲစရာ သတင်းခေါင်းစီးမျိုး ရေးသားပါက မာယိချွမ် သေချာပေါက် မတွန့်ဆုတ်ဘဲ ပြတ်ပြတ်သားသား ငြင်းလိုက်မည်ဖြစ်သည်။ သို့သော်လည်း ဟူယွဲ့၏ စကားလုံးများကြောင့် သူစိတ်ပြောင်းသွားရသည်။

ထန်းတာ့သာ စံပြဖြစ်လာနိုင်ပြီး ပြည်တွင်းဂိမ်းလောက တစ်ခုလုံးကို အဆင့်တစ်ခုထိ ပြောင်းလဲပေးနိုင်ပါက ကောင်းသည့်ကိစ္စ မဟုတ်ဘူးလား။

ဒီလိုကြည့်ရင်တော့ သူအင်တာဗျူးကို လက်ခံသင့်ပါသည်။ သို့သော်လည်း ဘော့စ်ဖေးက သူ့သရုပ်မှန်နဲ့ ကုမ္ပဏီ၏ အကျိုးခံစားခွင့်များနဲ့ ပတ်သတ်တာကို ဘာမှထုတ်မပြောဖို့ သေသေချာချာ မှာကြားထားသည်။

သူ အကျပ်ရိုက်နေပါပြီ။

မာယိချွမ် ခဏတာမျှ စဥ်းစားလိုက်သည်။ "ဒီလိုဆိုရင်ကော ခင်ဗျားရဲ့ ဖုန်းနံပါတ် ကျွန်တော့်ကို ပေးထားလိုက်လေ။ ကျွန်တော့်ကို တစ်ရက်လောက်တော့ စဥ်းစားခွင့်ပေးပါ။”

"ကောင်းပါပြီ" ဟူယွဲ့လည်း ဒီကိစ္စကို လောလို့ မရတာ နားလည်ပြီး သူမ၏ ဖုန်းနံပါတ်ကို မာယိချွမ်အား ပေးလိုက်ပါသည်။

...

...

တစ်ညတာလောက် စဥ်းစားပြီးတာတောင် မာယိချွမ် မဆုံးဖြတ်နိုင်သေးပေ။ ထပ်စဥ်းစားကာ ရုံးသို့ရောက်သောအခါ ပေါင်ရှု၏ အမြင်ကို မေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

အင်တာဗျူးက လူမသိသူမသိလုပ်ရမည်ဖြစ်သော်လည်း ဒီကိစ္စကြောင့် ဘော့စ်ဖေး စိတ်မကျေနပ်ဖြစ်သွားလျှင် မကောင်းနိုင်ပါ။ မာယိချွမ် လိပ်ပြာမလုံ ဖြစ်သွားနိုင်ပါသည်။

ဘော့စ်ဖေးကို တိုက်ရိုက်သွားမေးဖို့ကလည်း မဖြစ်နိုင်ပါ။ ပေါင်ရှုက ဘော့စ်ဖေးအကြောင်း အသိဆုံးလူ ဖြစ်သည်။ သူ့အမြင်ကို မေးခြင်းက အဆင်ပြေနိုင်ပါသည်။

နောက်တစ်နေ့မနက် မာယိချွမ် ပေါင်ရှုကို သွားတွေ့ပြီး ဒီကိစ္စကို ရိုးရိုးရှင်းရှင်း ရှင်းပြခဲ့ပါသည်။ ပေါင်ရှုက ခဏတာမျှ စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "မင်း ဒီအင်တာဗျူးကို လက်ခံလို့ရမယ်ထင်တယ်။”

မာယိချွမ်က အနည်းငယ် တွန့်ဆုတ်သွား၏။ "ဒါပေမယ့် ငါတို့ သူ့သရုပ်မှန်ကိုကော၊ ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တွေကိုကော အပြင်လောကကို ထုတ်ပြလို့မရဘူးလို့ သေသေချာချာ မှာထားတယ် မဟုတ်ဘူးလား။"

ပေါင်ရှုက ခေါင်းခါလိုက်သည်။ "အဲ့လောက် မတုံးအစမ်းပါနဲ့ကွာ။ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက် အစစ်တွေကို နားလည်အောင် ကြိုးစားစမ်းပါ။”

မာယိချွမ် မျက်လုံးကျယ်သွား၏။ "ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်အစစ်ဟုတ်လား။”

အမှန်ပင်။ သူလူမေးမှန်သွားပါသည်။ ပေါင်ရှုလို့ အစွမ်းထက်သည့် လူမျိုးကသာ ဘော့စ်ဖေး၏ ရည်ရွယ်ချက်ကို နားလည်နိုင်လိမ့်မည်။ ပေါင်ရှုပြောသည့်အတိုင်းလုပ်ပါက ဘာမှမမှားနိုင်ပါ။

ပေါင်ရှုက အတွေးများကို စုစည်းလိုက်ပြီး  ဆန်းစစ်လိုက်ပါသည်။ "ဘော့စ်ဖေးက ငါတို့ကို သူ့သရုပ်မှန်ကို မဖော်ပြဘဲ ထန်းတာ့ရဲ့ အကျိုးခံစားခွင့်တွေကိုလည်း တခြားသူတွေကို အသိမပေးစေချင်ဘူး။ ဒီအချက်ကို အစက ငါထူးဆန်းတယ်လို့ထင်ပြီး နားလည်ဖို့လည်း ခက်ခဲခဲ့တယ်။ နာမည်မကြီးချင်တဲ့လူ ဘယ်မှာရှိလို့လဲ။ ဒါပေမယ့် ဖြည်းဖြည်းချင်း စဥ်းစားကြည့်လိုက်တော့ နောက်ဆုံး နားလည်သွားခဲ့တယ်။”

"ဘော့စ်ဖေးက ဘာလို့ ငါတို့ကို သူ့သရုပ်မှန်ကို မဖော်ပြစေချင်တာလဲ။ ဘာလို့လဲဆိုတော့ ဘော့စ်ဖေးက ဇာတ်နိမ့်နေတတ်တဲ့လူဖြစ်နေလို့ပေါ့။ သူက ဆွဲဆောင်မှုအများကြီးရှိတဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက်။ သူ့သရုပ်မှန်ကိုသာ လူသိရှင်ကြားချပြလိုက်ရင် ဂိမ်မာတွေက ဂိမ်းတွေထက် သူ့ကို ပိုပြီးအာရုံစိုက်လာနိုင်လို့ဖြစ်မယ်။"

"အဲ့တာကြောင့် ဘော့စ်ဖေးက သူ့ကိုမဟုတ်ဘဲ သူဖန်တီးတဲ့ဂိမ်းတွေကိုပဲ လူတွေကို အာရုံစိုက်စေချင်တာပဲ။”

"ကစားသမားတွေကို စူပါစတားတွေ အိုင်ဒေါတွေကိုပဲ ကြိုက်တဲ့ အစွန်းရောက်ဖန်တွေ ဖြစ်မလာစေချင်ဘူး။ အားလုံးကို သူ့ရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုကို မကြည့်ဘဲ သူ့ဂိမ်းတွေကို စစ်မှန်စွာနဲ့ သေသေချာချာ ရီဗျူးပေးဖို့ မျှော်လင့်တာ။”

မာယိချွမ် ရုက်တရက် သဘောပေါက်သွားသည်။ "ငါနားလည်သွားပြီ။ စာရေးဆရာတစ်ယောက် အရင်က ပြောခဲ့ဖူးသလိုပေါ့။ 'ကြက်ဥတစ်လုံးကို စားပြီး အရသာရှိတယ်လို့ထင်ရင် ကြက်ဥဥပေးတဲ့ ကြက်မကြီးကို သိဖို့လိုလို့လား'တဲ့။”

ပေါင်ရှုက ခေါင်းငြိမ့်လိုက်သည်။ "အမှန်ပဲ။ အဓိကအချက်က အဲ့တာပဲ။ မင်းက တကယ့် တရုတ်ဘာသာနဲ့ ယဥ်ကျေးမှုတက္ကသိုလ်ကျောင်းသာပဲ။”

မာယိချွမ်က အနည်းငယ် ရှက်သွားပြီး ပြောလိုက်ပါသည်။ "ညီအစ်ကိုပေါင်က သဘောကောင်းလို့ပါ။ ငါလည်း ဒီကိစ္စကို တိုက်တိုက်ဆိုင်ဆိုင် စဥ်းစားဖူးတယ်။ ကြည့်ရတာ တကယ့်ဆရာကြီးတွေက အမြဲတမ်း ကျိုးနွံပြီး ဇာတ်နိမ့်ပဲနေတတ်ကြတယ်ထင်တယ်နော်။”

"အဲ့တာဆို... ဘော့စ်ဖေးက ဘာလို့ ကုမ္ပဏီအကျိုးကျေးဇူးတွေနဲ့ လစာခံစားခွင့်တွေကို မဖော်ထုတ်ခိုင်းတာလဲ" မာယိချွမ်က ဆက်မေးလိုက်ပါသည်။

ပေါင်ရှုက သက်ပြင်းချကာ ပြောလိုက်သည်။ "ဘော့စ်ဖေး ဒီလိုလုပ်တာက ပြည်တွင်းဂိမ်း လောကတစ်ခုလုံးရဲ့ ကောင်းကျိုးအတွက်လို့ မြင်မိတယ်။ ထန်းတာ့ရဲ့ အကျိုးခံစားခွင့်နဲ့ လစာတွေကို ဘယ်သူမှ မယှဥ်နိုင်မှန်း ငါတို့ သိတယ်လေ။ တခြား ဘယ်ဂိမ်းကုမ္ပဏီကမှ ထန်းတာ့လောက် မပေးနိုင်ဘူး။ ဒါတွေကိုသာ လူသိရှင်ကြား ထုတ်ပြလိုက်ရင် ဘာဖြစ်သွားမလဲ။"

"ဂိမ်းလောကတစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ် မဟုတ်ဘူးလား။"

မာယိချွမ်က အနည်းငယ် ဇဝေဇဝါဖြစ်နေပါသည်။ "အဲ့တာဆိုလည်း ပါရမီရှိတဲ့ လူတွေအကုန်လုံး ထန်းတာ့ကို ဝင်လာမှာပေါ့။ အဲ့တာ ကောင်းတဲ့အရာ မဟုတ်ဘူးလား။"

ပေါင်ရှုက ခေါင်းကိုခါလိုက်သည်။ "မင်းက ဒီပြဿနာကို တစ်ဖက်သတ်အမြင်နဲ့ ကြည့်နေတာပဲ။ ထန်းတာ့က ဂိမ်းလောက စံနှုန်းတွေကို ချိုးဖောက်ပြီး ဝန်ထမ်းတွေကို ဒီလောက်ကောင်းတဲ့ အကျိုးခံစားခွင့်တွေပေးရင် တခြား ကုမ္ပဏီတွေမှာ ဗြောင်းဆန်မသွားနိုင်ဘူးလား။ ထန်းတာ့က အဓိက အပြစ်တင်ခံရတဲ့သူ ဖြစ်လာလိမ့်မယ်။ ဖြစ်နိုင်ချေက အဲ့လောက်မများပေမယ့် ငါတို့ သတိတော့ ထားရမှာပေါ့။”

"ပြီးတော့လည်း ဒီအကြောင်းကို လူသိရှင်ကြား ထုတ်ပြလိုက်ရင် တခြား အသစ်စက်စက် တည်ထောင်ထားတဲ့ ဂိမ်းကုမ္ပဏီအသေးစားလေးအတွက် မကောင်းတဲ့ သက်ရောက်မှုမျိုး ရှိလာနိုင်တယ်။ အကျိုးခံစားခွင့်ကောင်းတွေ ပေးတာ ကောင်းပေမယ့် ကုမ္ပဏီတိုင်းရဲ့ဘော့စ်တွေက ဘော့စ်ဖေးလိုမျိုး ကောင်းနေတာမှမဟုတ်တာ"

"ဝန်ထမ်းတွေကို အကျိုးခံစားခွင့်နည်းနည်းပဲ ပေးတဲ့ ကုမ္ပဏီတိုင်းက ညစ်ပတ်တာ မဖြစ်နိုင်ဘူး။ သူတို့ တကယ်ပဲ ရုန်းကန်နေရလို့ ဖြစ်နိုင်တယ်။ အသစ်တည်ထောင်ထားတဲ့ အုပ်စုတွေရဲ့ ဘော့စ်တွေက သူတို့ဝန်ထမ်းတွေနဲ့ အတူတူ ကြိုးစားပြီး အချိန်ပိုလုပ်ကြရင်း အခက်အခဲကို ကျော်ဖြတ်ပေးကြတယ်။ ဒီလိုသာဓကတွေ ငါတို့နားမှာ အများကြီး ရှိပါတယ်။”

"ထန်းတာ့က သူ့ရဲ့အကျိုးခံစားခွင့်တွေကို အားလုံးကို ထုတ်ပြလိုက်တာနဲ့ အဆင်ပြေနေတဲ့ ကုမ္ပဏီတွေ ထန်းတာ့ကြောင့် ပြိုကွဲသွားရင် ကောင်းတာလား ဆိုးတာလား။  ဂိမ်းလောကရဲ့ ယေဘုယျ ရိုးရာနဲ့ အခြေအနေတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲရတယ်။ ထန်းတာ့ကသာ စံနှုန်းတွေကို ရုတ်တရက်ကြီး အရမ်းမြင့်မြင့်ထားလိုက်ရင် စျေးကွက်ပြိုကွဲမှုကြီး ဖြစ်လာလိမ့်မယ်။”

မာယိချွမ် နားလည်သွားပါသည်။"သြော်ငါနားလည်သွားပြီ။ Zi Gong Ransoming Someone ထဲက ဇာတ်လမ်းအတိုင်းပဲ။"

ပေါင်ရှုက အနည်းငယ် မှင်သက်သွားပါသည်။ တကယ်ပဲ ကလေးတစ်ယောက်က တရုတ်ဘာသာစကားနဲ့ယဥ်ကျေးမှု ကျောင်းသားတစ်ယောက်ကို စကားပြောနေရသလိုပင်။

Zawgyi

ေဖးခ်မ့္ 125+126

အခန္း(၁၂၅) ႐ုပ္ပိုင္းဆိုင္ရာ ေဆးစစ္ခ်က္

ေဖးခ်မ့္က ဒီဂိမ္းမီဒီယာ၏ ဖားယားမႈကို ပိတ္လိုက္ပါသည္။ တစ္ခုတည္းေသာ အျပစ္ကိုေတာင္ ဂိမ္း၏ က႑တစ္ခုျဖစ္သည္ဟု ေျပာရဲေသးသည္။

(မင္းတို႔ေကာင္ေတြ ဒီလို ရီဗ်ဴးေတြေရးေနရင္ လူေတြက မင္းတို႔ကို ငါပိုက္ဆံေပးၿပီး ေရးခိုင္းထားတယ္လို႔ ထင္သြားမယ္။ မင္းတို႔ေတြက ပေရာ္ဖက္႐ွင္နယ္ ဂိမ္းမွတ္ခ်က္သူေတြ မဟုတ္ဘူးလား။ မင္းတို႔ေကာင္ေတြ အျပစ္ဘယ္လို႐ွာရမလဲ မသိၾကဘူးလား)

ေဖးခ်မ့္ အလြန္စိတ္ပ်က္သြားပါသည္။

(ထားလိုက္ပါေတာ့ ကစားသမားေတြရဲ႕ ရီဗ်ဴးေတြကို ၾကည့္ရေအာင္)

ကစားသမားေတြက အလြန္ေခ်းမ်ားတတ္သည္။ သူတို႔ အျပစ္အနာအဆာေတြ အမ်ားႀကီး ေထာက္ျပႏိုင္ၾကမွာပါ ဟုတ္တယ္မလား။

ေဖးခ်မ့္ ေနာက္တစ္ေခါက္ ကစားသမား ရီဗ်ဴးစာမ်က္ႏွာတစ္ခုကို ထပ္ဖြင့္လိုက္ပါသည္။ သို႔ေသာ္လည္း ေနာက္ဆုံးရ ရီဗ်ဴးမ်ားအားလုံးက ၾကယ္ငါးပြင့္ ရီဗ်ဴးေကာင္းမ်ား ျဖစ္ေနၾကပါသည္။

ၾကယ္ ၁ ပြင့္ အဆင့္သတ္မွတ္ခ်က္မ်ား ဟိုးေအာက္ေျခသို႔ ေရာက္ေနပါၿပီ။

"ပန္းခ်ီစတိုင္က တကယ္ေကာင္းတာပဲ။  ႐ုပ္မဲ့ အခ်က္အလက္ေတြကို အရမ္းတိက်တဲ့ပုံစံနဲ႔ ပုံေဖာ္သြားတယ္။ ဒီလိုပ်င္းဖို႔အရမ္းေကာင္းတဲ့ themeက တကယ္ႀကီး သက္ဝင္လာၿပီး စိတ္ဝင္စားဖို႔ ေကာင္းလာတယ္။”

"ငါ ဆရာေခ်ာင္းေၾကာင့္ ေရာက္လာတာ။ ဒါ လက္ရာေျမာက္တဲ့ အေမွာင္ဟာသပဲ။”

"ငါ ၾကယ္ငါးပြင့္ေပးမွျဖစ္မယ္။ ၾကယ္ငါးပြင့္မေပးတဲ့လူေတြက ဒီဂိမ္းကို နားမလည္လို႔ပဲ။”

"ေနာက္ခံစကားေျပာက ေတာ္ေတာ္ရယ္ဖို႔ေကာင္းတယ္။ ဒီဂိမ္းကို မကစားခ်င္ေပမယ့္ ေနာက္ခံစကားေျပာေကာင္နဲ႔ အျပင္မွာေတြ႕ခ်င္တယ္။”

"႐ိုး႐ိုးသားသားေျပာရရင္ ငါ့ကိုစိတ္ဝင္စားေစတဲ့ ဂိမ္းမ်ိဳးမကစားရတာ ေတာ္ေတာ္ၾကာၿပီ။ အခုေခတ္ဂိမ္းေတြက paywallေတြ ဖန္တီးဖို႔ ဒါမွမဟုတ္ လူေတြအႀကိဳက္ပဲ လိုက္လုပ္ေပးေနၾကတာ။ ဒီလိုေလးနက္ၿပီး လူေတြအႀကိဳက္လိုက္မလုပ္တဲ့ ဂိမ္းမ်ိဳးေတြက အရမ္း႐ွားတယ္။”

"ဒီဂိမ္းက အသားက်ဖို႔ အခ်ိန္ယူရတဲ့ဂိမ္းမ်ိဳးပဲ။ အစကေတာ့ ငါလည္း မကစားခ်င္ေတာ့ဘူး။ ဒါေပမယ့္ ဒုတိယတစ္ေခါက္ ျပန္ကစားတဲ့အထိ သည္းခံလိုက္တာ ဒီဂိမ္းက ပိုပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းလာတယ္လို႔ ခံစားရတယ္။ ငါမရပ္ႏိုင္ေတာ့ဘူး။ အခုေတာ့ ၁၈ႀကိမ္ေျမာက္ကစားဖို႔ ျပင္ေနၿပီ"

"ကုမၸဏီက ဒီဂိမ္းကို ၂၈ ယြမ္တည္းနဲ႔ ေရာင္းေပးတာ အရမ္းသေဘာေကာင္းတာပဲ။ သူတို႔ အရင္းေတာင္ ျပန္ေက်ႏိုင္ပါ့မလား။ ၾကည့္ရတာ ဒီဂိမ္းထဲမွာ ေတာ္ေတာ့္ကို ရင္းႏွီးျမႇဳပ္ႏွံထားၾကတဲ့ပုံပဲ။ ငါေကာ္ပီ ၃ ခုေတာင္ ဝယ္ထားတယ္။ ၂ ခုက ငါ့သူငယ္ခ်င္းေတြအတြက္ပါ။ ဒါေပမယ့္ အ႐ႈံးမေပၚပါေစနဲ႔လို႔ ဆုေတာင္းေပးပါတယ္။”

ကစားသမားမ်ား၏ ရီဗ်ဴးမ်ားကို ဖတ္ၿပီးေနာက္ ေဖးခ်မ့္ အေတြးထဲနစ္ေျမာသြားသည္။

(ေကာ္ပီ ၃ ခု ဝယ္သြားတဲ့ေကာင္ အိမ္လိပ္စာ ေပးပါလား။ မုန္႔ေလး ဘာေလးဝယ္ေကြၽးခ်င္လို႔...။

အဓိပၸာယ္မ႐ွိတာေတြ....။

ကစားသမားေတြ မကစားဖို႔ နည္းလမ္းစဥ္းစားဖို႔အတြက္ ဦးေႏွာက္စားခဲ့ရတာ။ အဲ့ဒီအခ်က္ေတြက တကယ့္ေရာင္းရတဲ့အခ်က္ေတြ ျဖစ္သြားတာလား။

တခ်ိဳ႕က ေနာက္ခံစကားေျပာေကာင္နဲ႔ အျပင္မွာ ေတြ႕ခ်င္တယ္လို႔ေတာင္ ေျပာေနၾကတယ္လား။ ေကာင္းၿပီေလ မင္းတို႔ေကာင္ေတြ စိတ္ေက်နပ္ေအာင္ လုမင္လ်န္ကို မနက္ျဖန္ လူေ႐ွ႕ထြက္ျပခိုင္းလိုက္မယ္။ မင္းတို႔ အိုင္ေဒါလုပ္လိုက္ၾက)

ေဖးခ်မ့္  စိတ္ဓာတ္ၿပိဳလဲလာပါၿပီ။ ဂိမ္း၏ ရီဗ်ဴးမ်ားကိုဖတ္ၿပီး ဂိမ္း၏ ဆိုး႐ြားေသာ အခ်က္ေတြက ဘာလဲ သို႔မဟုတ္ ေနာက္တစ္ေခါက္ ေ႐ွာင္လို႔ရမည့္ ေကာင္းကြက္မ်ားက ဘာလဲ ႐ွာေဖြခ်င္ခဲ့သည္။

သို႔ေသာ္လည္း... အားလုံးက ဒီဂိမ္း၏ က႑အားလုံးကို သေဘာက်ေနသည့္ပုံပင္။ ပန္းခ်ီစတိုင္က မဆိုးပါ၊ ကစားပုံကစားနည္းက မဆိုးပါ၊ စိတ္ပ်က္စရာ ေနာက္ခံစကားေျပာကေတာင္ ေရာင္းအားေကာင္းရသည့္ အေၾကာင္းအရင္း ျဖစ္လာသည္။

ေဖးခ်မ့္ ဒါေတြကိုၾကည့္ၿပီး ဘာရႏိုင္မွာလဲ။

(လုံးဝၿပီးျပည့္စုံၿပီး အျပစ္အနာအဆာမ႐ွိတဲ့ ဂိမ္းတစ္ခုကို တကယ္ႀကီး ငါဖန္တီးႏိုင္ခဲ့တာလား၊ ဒါဘယ္လိုဟာသမ်ိဳးလဲ)

ေဖးခ်မ့္ ထိုင္ခုံေပၚမွာ ထိုင္ရင္း အားခ်ိနဲ႔လာခဲ့ပါေတာ့သည္။

...

...

ဧၿပီလ ၁၉ ရက္ေန႔ တနလၤာေန႔....

က်င္းက်ိဳးၿမိဳ႕ေတာ္ AAA ေဆး႐ုံႀကီး....

ထန္းတာ့၏ ဝန္ထမ္းမ်ားက ၎တို႔၏ ခႏၶာကိုယ္ေဆးစစ္ခ်က္မ်ား ၿပီးဆုံးသြားၿပီျဖစ္ၿပီး ယခု မနက္စာ အတူတူ စားေနၾကပါသည္။ ဟြမ္းစစ္ေပၚနဲ႔ ေပါင္႐ႈတို႔က စားပြဲတစ္လုံးတည္း ထိုင္ၾကၿပီး ေပါင္မုန္႔နဲ႔ ပဲႏို႔တို႔ ေသာက္ကာ ၎တို႔၏ ေဆးစစ္ခ်က္မ်ားကို  ေဆြးေႏြးေနၾကပါသည္။

"ညီအစ္ကိုေပါင္ ေဆးစစ္ခ်က္ဘယ္လိုေနလဲ"

"အဆင္ေျပပါတယ္။ ငါ့အူမွာ ျပႆနာနည္းနည္းေတာ့႐ွိတယ္။ ဆရာဝန္ေျပာတာကေတာ့ တစ္ညလုံး မအိပ္တာေတြရယ္ ပုံမွန္မဟုတ္တဲ့ စားေသာက္မႈေတြရယ္ေၾကာင့္တဲ့။ မင္းေကာ ညီအစ္ကိုဟြမ္။”

"အသည္းမွာ ျပႆနာနည္းနည္း႐ွိတယ္၊ ေသြးေပါင္ခ်ိန္လည္း နည္းနည္းတက္ေနတယ္။ ဒါေပမယ့္ ျပႆနာႀကီးႀကီးမားမားေတာ့ မ႐ွိေသးပါဘူး။”

"ငါတို႔ေတြ ႏွစ္ဝက္တိုင္း ေဆးစစ္ရမယ္ၾကားတယ္ေနာ္။ ငါတို႔ မလာလို႔လည္း မရဘူးတဲ့..." ေပါင္႐ႈ စကားလုံးေတြ အနည္းငယ္ ေပ်ာက္ဆုံးေနပါသည္။ သူ႕အတြက္ေတာ့ ဘဝဆိုတာ ႏွစ္ခုပဲ ျဖစ္သည္။ ဂိမ္းနဲ႔ တျခားအရာမ်ားပင္။ ေဆးစစ္ျခင္းကဲ့သို႔ အရာမ်ားက သူ႕ 'တျခားအရာမ်ား' ဟူေသာ အမ်ိဳးအစားထဲ ပါဝင္သည္။ သူ႕ဂိမ္းကစားခ်ိန္ကို ေႏွာင့္ယွက္ေသာ လုပ္ရပ္မ်ိဳး ျဖစ္သည္။ တတ္ႏိုင္သမွ် ထိုအခ်ိန္ကို ေလွ်ာ့ခ်ခ်င္ေနပါသည္။

သာမန္ကုမၸဏီမ်ားက ဝန္ထမ္းမ်ားကို အလုပ္စလုပ္ခါစတြင္သာ ေဆးစစ္ခ်က္ လုပ္ခိုင္းျခင္း ျဖစ္သည္။ ပိုေကာင္းသည့္ ကုမၸဏီမ်ားကေတာ့ တစ္ႏွစ္ကို တစ္ေခါက္ လုပ္ႏိုင္သည္။ သို႔ေသာ္ ထန္းတာ့က တစ္ႏွစ္ကို ႏွစ္ေခါက္ ေဆးစစ္ခိုင္းသည္။ ျငင္းလို႔လည္း မရပါ။ ထို႔ေၾကာင့္ ေပါင္႐ႈ အနည္းငယ္ နာက်င္သြားပါသည္။

ဟြမ္းစစ္ေပၚက ပဲႏို႔ကို ေသာက္လိုက္ပါသည္။ "ေဟ့ ညီအစ္ကိုေပါင္ ဒီလိုမေတြးနဲ႔ေလကြာ။ ေဆးစစ္တယ္ဆိုတာ ငါတို႔အတြက္ ေကာင္းတယ္ေလ။ ဒီေဆးစစ္ခ်က္ေၾကာင့္သာမဟုတ္ရင္ ငါ့မွာ အသည္းျပႆနာ႐ွိမွန္းေတာင္ သိမွာ မဟုတ္ဘဲ ေနာက္ပိုင္း အစားအေသာက္ ဆင္ျခင္ရေကာင္းမွန္း သိလာမွာ မဟုတ္ဘူးး။ ယိခြၽမ္ မင္းေကာ"

ေဘးမွာထိုင္ေနသည့္ မာယိခြၽမ္က ေျပာလိုက္သည္။ "ငါလည္း အဆင္ေျပပါတယ္။ နာတာ႐ွည္ အစာအိမ္ေရာင္ေရာဂါ အေသးစားေလး ျဖစ္ေနတာ။ ညီအစ္ကိုေပါင္လိုမ်ိဳး အူလမ္းေၾကာင္း ျပႆနာတစ္ခုပါပဲ။"

ဟြမ္းစစ္ေပၚက ေခါင္းၿငိမ့္လိုက္သည္။ "အင္း ဒါေတြက ထင္ထားစရာပါပဲ။ မင္း ႐ွန္းယန္ဂိမ္းမွာ ႐ွိေနတုန္းက အခ်ိန္ပို ဆက္တိုက္လုပ္ရတယ္။ ၿပီးေတာ့ စားခ်ိန္ေတြလည္းမမွန္ဘဲ အျပင္စာ မွာစားရတယ္။ ဒီျပႆနာ႐ွိတာက ပုံမွန္လိုပဲ။ ငါတို႔ အစားအေသာက္ေတြကို အခုခ်ိန္ကစၿပီး ဂ႐ုစိုက္ထိန္းညႇိဖို႔ပဲ လိုတယ္။”

မာယိခြၽမ္က စိတ္ခံစားခ်က္ျပင္းစြာ သက္ျပင္းခ်လိုက္သည္။ "ထန္းတာ့က အရမ္းေကာင္းတာပဲ။ အက်ိဳးခံစားခြင့္ေတြကလည္း ေကာင္းလြန္းတယ္။ ငါတို႔ကို ေဆးေတာင္ စစ္ေပးတယ္။ ေဘာ့စ္ေဖးက တကယ့္ေဘာ့စ္ေကာင္းပဲ။”

ဟြမ္းစစ္ေပၚက အနည္းငယ္ျပဳံးလိုက္ပါသည္။ "အမွန္တရားဆိုတာ ေျပာဖို႔ေတာင္ မလိုပါဘူး။"

အားလုံးစားေသာက္ၿပီးေနာက္္ ျပန္ၾကဖို႔ ျပင္လိုက္သည္။ ေဆးစစ္ခ်က္က မနက္ပိုင္းမွာ လုပ္ခဲ့ၿပီး အားလုံး ေန႔လည္ခင္းနားခြင့္႐ွိသျဖင့္ အိမ္ကို တကၠစီျဖင့္ျပန္ကာ တကၠစီခလည္း ျပန္ယူႏိုင္ပါသည္။

"ဟမ္ ငါ့ထီး ေဆး႐ုံထဲမွာက်န္ခဲ့ၿပီထင္တယ္။ မင္းတို႔ေတြျပန္ႏွင့္ၾက။ ငါသြားယူလိုက္ဦးမယ္။"

မာယိခြၽမ္က သူ႕ထီးအား ေဆးစစ္ေနစဥ္ ေဆး႐ုံထဲက ထိုင္ခုံတစ္ခုေပၚ ထားခဲ့ကာ ျပန္ယူဖို႔ေမ့လာမွန္း သတိရသြားပါသည္။

ထီးကိုျပန္သြားယူၿပီး ျပန္ဖို႔ ျပင္လိုက္စဥ္မွာ တစ္ေယာက္ေယာက္က အေနာက္မွ လွမ္းေအာ္လိုက္ပါသည္။

"ခဏေလာက္ ေစာင့္ပါဦး႐ွင့္"

မာယိခြၽမ္က ေနာက္လွည့္ၾကည့္လိုက္သည္။

မ်က္မွန္တပ္ထားေသာ ဆံပင္တိုတို မိန္းကေလးတစ္ေယာက္က သူ႕ဆီေျပးလာသည္။

"မဂၤလာပါ ႐ွင္က ထန္းတာ့ ဝန္ထမ္းလားဟင္" ေကာင္မေလးက ေဟာဟဲစိုက္ကာ အလြန္ေမာပန္းေနပါသည္။ သို႔ေသာ္လည္း ဒါက လုပ္ငန္းမွာ ၾကဳံေနက်ျဖစ္သျဖင့္ သူမ၏ စကားလုံးမ်ားကို ေသခ်ာထင္႐ွားေအာင္ ေျပာႏိုင္ပါေသးသည္။

မာယိခြၽမ္က အနည္းငယ္ သတိထားကာ ေခါင္းၿငိမ့္လိုက္သည္။

"ေတြ႕ရတာဝမ္းသာပါတယ္႐ွင့္။ ကြၽန္မက က်င္းက်ိဳးၿမိဳ႕ Amusement Timesရဲ႕ ဂ်ာနယ္လစ္ ဟူယြဲ႕ပါ။ ကြၽန္မ ထန္းတာ့ဂိမ္းနဲ႔ ပတ္သတ္ၿပီး သတင္းတစ္ပုဒ္ေရးခ်င္လို႔ အင္တာဗ်ဴးခြင့္ေပးႏိုင္မလား႐ွင့္။” ဟူယြဲ႕က အသက္႐ွဴသံကို တည္ၿငိမ္ေအာင္ အေကာင္းဆုံးႀကိဳးစားၿပီး သူမ၏ ဆံပင္တိုတိုကို စည္းလိုက္ပါသည္။

မာယိခြၽမ္ ေၾကာင္သြား၏။ "ကြၽန္ေတာ္က ထန္းတာ့ဝန္ထမ္းဆိုတာ ဘယ္လိုသိတာလဲ။”

ဟူယြဲ႕က အနည္းငယ္ ျပဳံးလိုက္ပါသည္။"ေဆး႐ုံမွာ အလုပ္လုပ္ေနတဲ့ ကြၽန္မ အတန္းေဖာ္သူငယ္ခ်င္းတစ္ေယာက္႐ွိတယ္ေလ။ ထန္းတာ့ဝန္ထမ္းေတြ ဒီေန႔ ေဆး႐ုံမွာ ေဆးလာစစ္မယ္လို႔ ေျပာလို႔ ကြၽန္မ အျမန္ေျပးလာခဲ့တာပါ။”

Amusement Times ဟုတ္လား။

မာယိခြၽမ္က ဒီကုမၸဏီကို အနည္းငယ္ အထင္ႀကီးပါသည္။ အေတာ္ေလး လူသိမ်ားေသာ ဂိမ္းမီဒီယာကုမၸဏီတစ္ခု ျဖစ္သည္။ ၎၏ သတင္းမ်ားနဲ႔ ဗီဒီယိုအတိုေလးမ်ားက ေရပန္းစားသည္။ သာမန္အေျခအေနသာဆိုရင္ မာယိခြၽမ္က ေသခ်ာေပါက္ သူမ၏ ေတာင္းဆိုခ်က္ကို လက္ခံမည္ ျဖစ္သည္။

သို႔ေသာ္လည္း ထန္းတာ့၏ အေျခအေနက သာမန္မဟုတ္ပါ။ ေဘာ့စ္ေဖးကိုယ္တိုင္ အျပင္လူမ်ားကို သူ႕နာမည္ သို႔မဟုတ္ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားကို မေဖာ္ထုတ္ဖို႔၊ ၿပီးေတာ့ ကုမၸဏီ၏ လစာနဲ႔ အက်ိဳးခံစားခြင့္မ်ားကို မေဖာ္ထုတ္ဖို႔ ၫႊန္ၾကားထားသည္။

တျခားဂ်ာနယ္လစ္မ်ားစြာကလည္း ဟူယြဲ႕လိုပဲ အျငင္းခံခဲ့ရပါသည္။ အားလုံး လက္ေလွ်ာ့လိုက္ၾကသည္။ သို႔ေသာ္လည္း ဟူယြဲ႕ကေတာ့ အ႐ႈံးမေပးေသးပါ။ တိုက္တိုက္ဆိုင္ဆိုင္ ေဆး႐ုံမွာ အလုပ္လုပ္သည့္ သူမသူငယ္ခ်င္းတစ္ေယာက္႐ွိၿပီး ထန္းတာ့ဝန္ထမ္းမ်ား ဒီကို ေဆးလာစစ္တာ သိသြားပါသည္။ ထို႔ေၾကာင့္ ဟူယြဲ႕က အျမန္လာခဲ့ၿပီး တစ္ေယာက္ကို ႐ွာေတြ႕သြားပါသည္။

မာယိခြၽမ္က ေဘာ့စ္ေဖး၏ စည္းကမ္းမ်ာားကို လိုက္နာဖို႔ ဆုံးျဖတ္လိုက္ၿပီး ေတာင္းဆိုခ်က္ကို ျငင္းလိုက္ပါသည္။ "စိတ္မေကာင္းပါဘူးဗ်။ ကြၽန္ေတာ္တို႔ ကုမၸဏီမွာ စည္းကမ္းေတြ႐ွိလို႔ပါ။ ကြၽန္တာ္တို႔ ေဘာ့စ္နဲ႔ ပတ္သတ္တဲ့အရာေတြ၊ ကုမၸဏီရဲ႕ လစာနဲ႔ အက်ိဳးခံစားခြင့္နဲ႔ ပတ္သတ္တဲ့အရာေတြ ဘာမွေျပာပိုင္ခြင့္ မ႐ွိလို႔ပါ။ တျခားတစ္ေယာက္ေယာက္ကို သြား႐ွာတာ ပိုေကာင္းပါလိမ့္မယ္" မာယိခြၽမ္က ေျပာလိုက္ၿပီး လွည့္ျပန္ဖို႔ ျပင္လိုက္ပါသည္။

"ခဏေလးေနပါဦး။” ဟူယြဲ႕က မာယိခြၽမ္ကို အျမန္ေအာ္လိုက္ၿပီး မျပန္ေအာင္ တားလိုက္ပါသည္။ ခက္ခဲမႈမ်ားစြာကို ေက်ာ္ျဖတ္ၿပီးခါမွ သူမ ထန္းတာ့ဝန္ထမ္းတစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ရျခင္း ျဖစ္သည္။ ဒီလို အလြယ္တကူ လႊတ္မေပးႏိုင္ပါ။

အခန္း(၁၂၆) ေဘာ့စ္ေဖးရဲ႕ ေတြးေခၚႏိုင္စြမ္းနဲ႔ အေျမာ္အျမင္႐ွိမႈ

"ေဘာ့စ္နဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာ ဘာမွ ေျပာျပစရာမလိုဘူး။ ၿပီးေတာ့လည္း လစာ ဘာညာကိုလည္း အေသးစိတ္ေျပာျပဖို႔ မလိုပါဘူး။ မသဲမကြဲပုံစံမ်ိဳးနဲ႔ ျပန္ေျဖေပးလို႔ရပါတယ္။ စိတ္မပူပါနဲ႔၊ ဒီအင္တာဗ်ဴးကို လုံးဝ လူမသိေစရပါဘူး။ ၿပီးေတာ့ မွတ္တမ္းတင္တဲ့ စက္ပစၥည္း သို႔မဟုတ္ ဗီဒီယို႐ိုက္တာေတြ ဘာေတြ မသုံးဘဲ လက္နဲ႔ပဲ အားလုံးကို အျမန္ခ်ေရးသြားမွာပါ။"

ဟူယြဲ႕က ေသခ်ာျပင္ဆင္ထားသည့္ပုံစံျဖင့္ သူမ၏ မွတ္စုစာအုပ္ကို ထုတ္လိုက္ၿပီး သူမ၏ အိတ္ကပ္မ်ားထဲတြင္ ဘာအသံဖမ္းစက္မွ မ႐ွိေၾကာင္း သက္ေသျပလိုက္သည္။

မာယိခြၽမ္ နည္းနည္း မွင္သက္သြားပါသည္။ "ခင္ဗ်ားက အလုပ္ကို အရမ္းအစြန္းေရာက္လြန္းတယ္ မထင္ဘူးလား။ ထန္းတာ့ေၾကာင့္လား။ ဒါေပမယ့္ သာမန္ဂိမ္းကုမၸဏီတစ္ခုသက္သက္ပဲေလ။ ဘာလို႔ ဒီတာဗ်ဴးကို လုပ္မွ ျဖစ္မွာလဲ။”

"မဟုတ္ပါဘူး" ဟူယြဲ႕က အတည္ေပါက္ ျပန္ေျဖလိုက္ပါသည္။ "ကြၽန္မက ျပည္တြင္းဂိမ္းေလာကရဲ႕ အေျခအေနနဲ႔ တိုးတက္မႈေတြအတြက္ အင္တာဗ်ဴး လုပ္ေနတာပါ။"

မာယိခြၽမ္က အနည္းငယ္ ဇေဝဇဝါျဖစ္သြားပါသည္။ "ဟမ္ ခင္ဗ်ား ဘာကို ဆိုလိုတာလဲ။"

ဟူယြဲ႕၏ မ်က္လုံးမ်ား အေရာင္လက္သြားၿပီး ေျပာလိုက္ပါသည္။ "ဒါက သာမန္အင္တာဗ်ဴးတစ္ခုဆိုရင္ ကြၽန္မ လက္ေလွ်ာ့လိုက္ပါၿပီ။ ဒါေပမယ့္ ထန္းတာ့က ျခားနားတယ္။ ကြၽန္မ ထန္းတာ့ကို အင္တာဗ်ဴးခ်င္တာက သူ႕ရဲ႕ အက်ိဳးခံစားခြင့္ေတြ လစာေတြကို သိခ်င္လို႔ မဟုတ္ဘူး။ ျပည္တြင္းဂိမ္းေလာကကို ဒီလို စိတ္ထားေကာင္းတဲ့ ဂိမ္းကုမၸဏီ တည္႐ွိေၾကာင္း ျပသခ်င္လို႔ပါ။"

"ဒီ့မတိုင္ခင္က ျပည္တြင္း ဂိမ္းေလာကႀကီးက ၾကမ္းတမ္းၿပီး ညစ္ပတ္တဲ့အတြက္ ကစားသမားေတြ အထင္ေသးတာကို အၿမဲတမ္း ခံခဲ့ရတယ္။ သူတို႔ေတြက paywallေတြကို သုံးၿပီး ပိုက္ဆံ႐ွာဖို႔ပဲ စဥ္းစားေနၾကတယ္။ ဖန္တီးႏိုင္စြမ္းေတြ ေလ်ာ့နည္းၾကတယ္။ ဂိမ္းမီဒီယာရဲ႕ မန္ဘာတစ္ေယာက္အေနနဲ႔ ကြၽန္မလည္း ဒါေတြေၾကာင့္ စိတ္ဖိစီးၿပီး စိတ္ဓာတ္က်မိတယ္ ဒါေပမယ့္ ဘာမွမလုပ္ႏိုင္ေလာက္ေအာင္ အာဏာမဲ့ေနတယ္။”

"ဒါေပမယ့္ ထန္းတာ့ေပၚလာတာေၾကာင့္ ျခားနားတဲ့ ကုမၸဏီတစ္ခုကို ကြၽန္မ ႐ွာေတြ႕ခဲ့ရတယ္။ ကိုယ့္ဂိမ္းရဲ႕ အရည္အေသြးကို အရမ္းတန္ဖိုးထားတဲ့ ကုမၸဏီ၊ ဖန္တီးႏိုင္စြမ္း ရဲတင္းတဲ့ ကုမၸဏီ၊ ေလာဘမႀကီးဘဲ ဂိမ္းေတြကို အႏုပညာလို႔ျမင္တဲ့ကုမၸဏီေပါ့။”

"ကြၽန္မထင္လိုက္တာက ထန္းတာ့ရဲ႕ ကုမၸဏီတြင္း အလုပ္လုပ္ပုံေတြကလည္း တျခားကုမၸဏီေတြနဲ႔ ျခားနားမယ္လို႔ ထင္လိုက္မိလို႔ပါ။ ကြၽန္မ ဒီအင္တာဗ်ဴးကို လုပ္ႏိုင္မယ္ဆိုရင္ ျပည္တြင္းဂိမ္းေလာကေပၚ ေသခ်ာေပါက္ အက်ိဳးသက္ေရာက္မႈ ႀကီးမားမွာပါ။"

"ထန္းတာ့က စံျပျဖစ္လာဖို႔ ေမွ်ာ္လင့္တယ္။ ျပည္တြင္းဂိမ္းေလာကရဲ႕ မနက္ျဖန္ေတြ လွပေအာင္ လမ္းျပေပးမယ့္ စံျပမ်ိဳး။ ျပည္တြင္းထုတ္ဂိမ္းေတြကို သေဘာက်တဲ့ ကစားသမားေတြအားလုံးလည္း ဒီဂိမ္းေတြအေပၚ ယုံၾကည္ခ်က္႐ွိလာဖို႔ ေမွ်ာ္လင့္တာပါ။"

မာယိခြၽမ္ တိတ္ဆိတ္သြားသည္။ အစကေတာ့ ဟူယြဲ႕က အတြင္းသတင္းမ်ား ႏိႈက္ယူၿပီး အထင္လြဲစရာ သတင္းေခါင္းစီးမ်ိဳး ေရးသားပါက မာယိခြၽမ္ ေသခ်ာေပါက္ မတြန္႔ဆုတ္ဘဲ ျပတ္ျပတ္သားသား ျငင္းလိုက္မည္ျဖစ္သည္။ သို႔ေသာ္လည္း ဟူယြဲ႕၏ စကားလုံးမ်ားေၾကာင့္ သူစိတ္ေျပာင္းသြားရသည္။

ထန္းတာ့သာ စံျပျဖစ္လာႏိုင္ၿပီး ျပည္တြင္းဂိမ္းေလာက တစ္ခုလုံးကို အဆင့္တစ္ခုထိ ေျပာင္းလဲေပးႏိုင္ပါက ေကာင္းသည့္ကိစၥ မဟုတ္ဘူးလား။

ဒီလိုၾကည့္ရင္ေတာ့ သူအင္တာဗ်ဴးကို လက္ခံသင့္ပါသည္။ သို႔ေသာ္လည္း ေဘာ့စ္ေဖးက သူ႕သ႐ုပ္မွန္နဲ႔ ကုမၸဏီ၏ အက်ိဳးခံစားခြင့္မ်ားနဲ႔ ပတ္သတ္တာကို ဘာမွထုတ္မေျပာဖို႔ ေသေသခ်ာခ်ာ မွာၾကားထားသည္။

သူ အက်ပ္႐ိုက္ေနပါၿပီ။

မာယိခြၽမ္ ခဏတာမွ် စဥ္းစားလိုက္သည္။ "ဒီလိုဆိုရင္ေကာ ခင္ဗ်ားရဲ႕ ဖုန္းနံပါတ္ ကြၽန္ေတာ့္ကို ေပးထားလိုက္ေလ။ ကြၽန္ေတာ့္ကို တစ္ရက္ေလာက္ေတာ့ စဥ္းစားခြင့္ေပးပါ။”

"ေကာင္းပါၿပီ" ဟူယြဲ႕လည္း ဒီကိစၥကို ေလာလို႔ မရတာ နားလည္ၿပီး သူမ၏ ဖုန္းနံပါတ္ကို မာယိခြၽမ္အား ေပးလိုက္ပါသည္။

...

...

တစ္ညတာေလာက္ စဥ္းစားၿပီးတာေတာင္ မာယိခြၽမ္ မဆုံးျဖတ္ႏိုင္ေသးေပ။ ထပ္စဥ္းစားကာ ႐ုံးသို႔ေရာက္ေသာအခါ ေပါင္႐ႈ၏ အျမင္ကို ေမးဖို႔ ဆုံးျဖတ္လိုက္ပါသည္။

အင္တာဗ်ဴးက လူမသိသူမသိလုပ္ရမည္ျဖစ္ေသာ္လည္း ဒီကိစၥေၾကာင့္ ေဘာ့စ္ေဖး စိတ္မေက်နပ္ျဖစ္သြားလွ်င္ မေကာင္းႏိုင္ပါ။ မာယိခြၽမ္ လိပ္ျပာမလုံ ျဖစ္သြားႏိုင္ပါသည္။

ေဘာ့စ္ေဖးကို တိုက္႐ိုက္သြားေမးဖို႔ကလည္း မျဖစ္ႏိုင္ပါ။ ေပါင္႐ႈက ေဘာ့စ္ေဖးအေၾကာင္း အသိဆုံးလူ ျဖစ္သည္။ သူ႕အျမင္ကို ေမးျခင္းက အဆင္ေျပႏိုင္ပါသည္။

ေနာက္တစ္ေန႔မနက္ မာယိခြၽမ္ ေပါင္႐ႈကို သြားေတြ႕ၿပီး ဒီကိစၥကို ႐ိုး႐ိုး႐ွင္း႐ွင္း ႐ွင္းျပခဲ့ပါသည္။ ေပါင္႐ႈက ခဏတာမွ် စဥ္းစားလိုက္ၿပီး ေျပာလိုက္ပါသည္။ "မင္း ဒီအင္တာဗ်ဴးကို လက္ခံလို႔ရမယ္ထင္တယ္။”

မာယိခြၽမ္က အနည္းငယ္ တြန္႔ဆုတ္သြား၏။ "ဒါေပမယ့္ ငါတို႔ သူ႕သ႐ုပ္မွန္ကိုေကာ၊ ကုမၸဏီရဲ႕ အက်ိဳးခံစားခြင့္ေတြကိုေကာ အျပင္ေလာကကို ထုတ္ျပလို႔မရဘူးလို႔ ေသေသခ်ာခ်ာ မွာထားတယ္ မဟုတ္ဘူးလား။"

ေပါင္႐ႈက ေခါင္းခါလိုက္သည္။ "အဲ့ေလာက္ မတုံးအစမ္းပါနဲ႔ကြာ။ ေဘာ့စ္ေဖးရဲ႕ ရည္႐ြယ္ခ်က္ အစစ္ေတြကို နားလည္ေအာင္ ႀကိဳးစားစမ္းပါ။”

မာယိခြၽမ္ မ်က္လုံးက်ယ္သြား၏။ "ေဘာ့စ္ေဖးရဲ႕ ရည္႐ြယ္ခ်က္အစစ္ဟုတ္လား။”

အမွန္ပင္။ သူလူေမးမွန္သြားပါသည္။ ေပါင္႐ႈလို႔ အစြမ္းထက္သည့္ လူမ်ိဳးကသာ ေဘာ့စ္ေဖး၏ ရည္႐ြယ္ခ်က္ကို နားလည္ႏိုင္လိမ့္မည္။ ေပါင္႐ႈေျပာသည့္အတိုင္းလုပ္ပါက ဘာမွမမွားႏိုင္ပါ။

ေပါင္႐ႈက အေတြးမ်ားကို စုစည္းလိုက္ၿပီး  ဆန္းစစ္လိုက္ပါသည္။ "ေဘာ့စ္ေဖးက ငါတို႔ကို သူ႕သ႐ုပ္မွန္ကို မေဖာ္ျပဘဲ ထန္းတာ့ရဲ႕ အက်ိဳးခံစားခြင့္ေတြကိုလည္း တျခားသူေတြကို အသိမေပးေစခ်င္ဘူး။ ဒီအခ်က္ကို အစက ငါထူးဆန္းတယ္လို႔ထင္ၿပီး နားလည္ဖို႔လည္း ခက္ခဲခဲ့တယ္။ နာမည္မႀကီးခ်င္တဲ့လူ ဘယ္မွာ႐ွိလို႔လဲ။ ဒါေပမယ့္ ျဖည္းျဖည္းခ်င္း စဥ္းစားၾကည့္လိုက္ေတာ့ ေနာက္ဆုံး နားလည္သြားခဲ့တယ္။”

"ေဘာ့စ္ေဖးက ဘာလို႔ ငါတို႔ကို သူ႕သ႐ုပ္မွန္ကို မေဖာ္ျပေစခ်င္တာလဲ။ ဘာလို႔လဲဆိုေတာ့ ေဘာ့စ္ေဖးက ဇာတ္နိမ့္ေနတတ္တဲ့လူျဖစ္ေနလို႔ေပါ့။ သူက ဆြဲေဆာင္မႈအမ်ားႀကီး႐ွိတဲ့ ဂိမ္းဒီဇိုင္နာတစ္ေယာက္။ သူ႕သ႐ုပ္မွန္ကိုသာ လူသိ႐ွင္ၾကားခ်ျပလိုက္ရင္ ဂိမ္မာေတြက ဂိမ္းေတြထက္ သူ႕ကို ပိုၿပီးအာ႐ုံစိုက္လာႏိုင္လို႔ျဖစ္မယ္။"

"အဲ့တာေၾကာင့္ ေဘာ့စ္ေဖးက သူ႕ကိုမဟုတ္ဘဲ သူဖန္တီးတဲ့ဂိမ္းေတြကိုပဲ လူေတြကို အာ႐ုံစိုက္ေစခ်င္တာပဲ။”

"ကစားသမားေတြကို စူပါစတားေတြ အိုင္ေဒါေတြကိုပဲ ႀကိဳက္တဲ့ အစြန္းေရာက္ဖန္ေတြ ျဖစ္မလာေစခ်င္ဘူး။ အားလုံးကို သူ႕ရဲ႕ကိုယ္ပိုင္ဆြဲေဆာင္မႈကို မၾကည့္ဘဲ သူ႕ဂိမ္းေတြကို စစ္မွန္စြာနဲ႔ ေသေသခ်ာခ်ာ ရီဗ်ဴးေပးဖို႔ ေမွ်ာ္လင့္တာ။”

မာယိခြၽမ္ ႐ုက္တရက္ သေဘာေပါက္သြားသည္။ "ငါနားလည္သြားၿပီ။ စာေရးဆရာတစ္ေယာက္ အရင္က ေျပာခဲ့ဖူးသလိုေပါ့။ 'ၾကက္ဥတစ္လုံးကို စားၿပီး အရသာ႐ွိတယ္လို႔ထင္ရင္ ၾကက္ဥဥေပးတဲ့ ၾကက္မႀကီးကို သိဖို႔လိုလို႔လား'တဲ့။”

ေပါင္႐ႈက ေခါင္းၿငိမ့္လိုက္သည္။ "အမွန္ပဲ။ အဓိကအခ်က္က အဲ့တာပဲ။ မင္းက တကယ့္ တ႐ုတ္ဘာသာနဲ႔ ယဥ္ေက်းမႈတကၠသိုလ္ေက်ာင္းသာပဲ။”

မာယိခြၽမ္က အနည္းငယ္ ႐ွက္သြားၿပီး ေျပာလိုက္ပါသည္။ "ညီအစ္ကိုေပါင္က သေဘာေကာင္းလို႔ပါ။ ငါလည္း ဒီကိစၥကို တိုက္တိုက္ဆိုင္ဆိုင္ စဥ္းစားဖူးတယ္။ ၾကည့္ရတာ တကယ့္ဆရာႀကီးေတြက အၿမဲတမ္း က်ိဳးႏြံၿပီး ဇာတ္နိမ့္ပဲေနတတ္ၾကတယ္ထင္တယ္ေနာ္။”

"အဲ့တာဆို... ေဘာ့စ္ေဖးက ဘာလို႔ ကုမၸဏီအက်ိဳးေက်းဇူးေတြနဲ႔ လစာခံစားခြင့္ေတြကို မေဖာ္ထုတ္ခိုင္းတာလဲ" မာယိခြၽမ္က ဆက္ေမးလိုက္ပါသည္။

ေပါင္႐ႈက သက္ျပင္းခ်ကာ ေျပာလိုက္သည္။ "ေဘာ့စ္ေဖး ဒီလိုလုပ္တာက ျပည္တြင္းဂိမ္း ေလာကတစ္ခုလုံးရဲ႕ ေကာင္းက်ိဳးအတြက္လို႔ ျမင္မိတယ္။ ထန္းတာ့ရဲ႕ အက်ိဳးခံစားခြင့္နဲ႔ လစာေတြကို ဘယ္သူမွ မယွဥ္ႏိုင္မွန္း ငါတို႔ သိတယ္ေလ။ တျခား ဘယ္ဂိမ္းကုမၸဏီကမွ ထန္းတာ့ေလာက္ မေပးႏိုင္ဘူး။ ဒါေတြကိုသာ လူသိ႐ွင္ၾကား ထုတ္ျပလိုက္ရင္ ဘာျဖစ္သြားမလဲ။"

"ဂိမ္းေလာကတစ္ခုလုံး တုန္လႈပ္သြားလိမ့္မယ္ မဟုတ္ဘူးလား။"

မာယိခြၽမ္က အနည္းငယ္ ဇေဝဇဝါျဖစ္ေနပါသည္။ "အဲ့တာဆိုလည္း ပါရမီ႐ွိတဲ့ လူေတြအကုန္လုံး ထန္းတာ့ကို ဝင္လာမွာေပါ့။ အဲ့တာ ေကာင္းတဲ့အရာ မဟုတ္ဘူးလား။"

ေပါင္႐ႈက ေခါင္းကိုခါလိုက္သည္။ "မင္းက ဒီျပႆနာကို တစ္ဖက္သတ္အျမင္နဲ႔ ၾကည့္ေနတာပဲ။ ထန္းတာ့က ဂိမ္းေလာက စံႏႈန္းေတြကို ခ်ိဳးေဖာက္ၿပီး ဝန္ထမ္းေတြကို ဒီေလာက္ေကာင္းတဲ့ အက်ိဳးခံစားခြင့္ေတြေပးရင္ တျခား ကုမၸဏီေတြမွာ ေျဗာင္းဆန္မသြားႏိုင္ဘူးလား။ ထန္းတာ့က အဓိက အျပစ္တင္ခံရတဲ့သူ ျဖစ္လာလိမ့္မယ္။ ျဖစ္ႏိုင္ေခ်က အဲ့ေလာက္မမ်ားေပမယ့္ ငါတို႔ သတိေတာ့ ထားရမွာေပါ့။”

"ၿပီးေတာ့လည္း ဒီအေၾကာင္းကို လူသိ႐ွင္ၾကား ထုတ္ျပလိုက္ရင္ တျခား အသစ္စက္စက္ တည္ေထာင္ထားတဲ့ ဂိမ္းကုမၸဏီအေသးစားေလးအတြက္ မေကာင္းတဲ့ သက္ေရာက္မႈမ်ိဳး ႐ွိလာႏိုင္တယ္။ အက်ိဳးခံစားခြင့္ေကာင္းေတြ ေပးတာ ေကာင္းေပမယ့္ ကုမၸဏီတိုင္းရဲ႕ေဘာ့စ္ေတြက ေဘာ့စ္ေဖးလိုမ်ိဳး ေကာင္းေနတာမွမဟုတ္တာ"

"ဝန္ထမ္းေတြကို အက်ိဳးခံစားခြင့္နည္းနည္းပဲ ေပးတဲ့ ကုမၸဏီတိုင္းက ညစ္ပတ္တာ မျဖစ္ႏိုင္ဘူး။ သူတို႔ တကယ္ပဲ ႐ုန္းကန္ေနရလို႔ ျဖစ္ႏိုင္တယ္။ အသစ္တည္ေထာင္ထားတဲ့ အုပ္စုေတြရဲ႕ ေဘာ့စ္ေတြက သူတို႔ဝန္ထမ္းေတြနဲ႔ အတူတူ ႀကိဳးစားၿပီး အခ်ိန္ပိုလုပ္ၾကရင္း အခက္အခဲကို ေက်ာ္ျဖတ္ေပးၾကတယ္။ ဒီလိုသာဓကေတြ ငါတို႔နားမွာ အမ်ားႀကီး ႐ွိပါတယ္။”

"ထန္းတာ့က သူ႕ရဲ႕အက်ိဳးခံစားခြင့္ေတြကို အားလုံးကို ထုတ္ျပလိုက္တာနဲ႔ အဆင္ေျပေနတဲ့ ကုမၸဏီေတြ ထန္းတာ့ေၾကာင့္ ၿပိဳကြဲသြားရင္ ေကာင္းတာလား ဆိုးတာလား။  ဂိမ္းေလာကရဲ႕ ေယဘုယ် ႐ိုးရာနဲ႔ အေျခအေနေတြကို ျဖည္းျဖည္းခ်င္း ေျပာင္းလဲရတယ္။ ထန္းတာ့ကသာ စံႏႈန္းေတြကို ႐ုတ္တရက္ႀကီး အရမ္းျမင့္ျမင့္ထားလိုက္ရင္ ေစ်းကြက္ၿပိဳကြဲမႈႀကီး ျဖစ္လာလိမ့္မယ္။”

မာယိခြၽမ္ နားလည္သြားပါသည္။"ေၾသာ္ငါနားလည္သြားၿပီ။ Zi Gong Ransoming Someone ထဲက ဇာတ္လမ္းအတိုင္းပဲ။"

ေပါင္႐ႈက အနည္းငယ္ မွင္သက္သြားပါသည္။ တကယ္ပဲ ကေလးတစ္ေယာက္က တ႐ုတ္ဘာသာစကားနဲ႔ယဥ္ေက်းမႈ ေက်ာင္းသားတစ္ေယာက္ကို စကားေျပာေနရသလိုပင္။

Continue Reading

You'll Also Like

301K 22.7K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
246K 28.5K 160
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
35.4K 2K 12
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant