သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

由 Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... 更多

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-123/124

212 15 0
由 Miracle_Phyu97

ဖေးချမ့် 123+124

အခန်း(၁၂၃) မျှော်လင့်ချက်မဲ့ ဖေးချမ့်

"အဲ့ဒီဆိုက်က... နာမည်က အိုင်လီကျွန်းနော်။” ဖေးချမ့်က မလန့်ချင်ယောင်ဆောင်ဖို့ အကောင်းဆုံး ကြိုးစားရင်း ဟွမ်းစစ်ပေါ်ကို ကြည့်လိုက်ပါသည်။

ဟွမ်းစစ်ပေါ်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ်။ ilid ဆိုတဲ့ အင်္ဂလိပ်အသံထွက်နဲ့ တူပြီး ဒီဆိုက်ကို အိုင်လီကျွန်းလို့ခေါ်တာပါ။”

ဖေးချမ့် ဆွံ့အသွားရသည်။

(တကယ်ကြီး အဓိပ္ပာယ်ရှိအောင် ပြောလိုက်တာပဲ)

"ဟုတ်ပြီ ဘော့စ်ဖေး ကျွန်တော်တို့အရင်သွားနှင့်တော့မယ်။ ဒီရက်ပိုင်းထဲ ကျွန်တော်တို့ ဖေးဟွမ်ရဲ့ အနာဂတ်ကို သေချာစဥ်းစားဖို့လိုတယ်။”

"ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကော ဂိမ်းဒီဇိုင်နာကော အမြတ်တွေ အများကြီးရပါစေလို့ မျှော်လင့်ပါတယ်ဗျာ။”

ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ၎င်းတို့၏ ရိုက်ကူးရေး ကိရိယာများကို သိမ်းဆည်းပြီး ကျိန်စာတိုက်ကာ ပြန်သွားပါသည်။

ရုံးတစ်ရုံးလုံး ဂုဏ်ယူဝင့်ကြွားခြင်းများ ပျော်ရွှင်ခြင်းများဖြစ့် ပြည့်နှက်နေခဲ့သည်။

ဖေးချမ့်လည်း သူ့ရုံးသူကြက်သေသေလျက် ပြန်သွားပါသည်။ သူ့ကွန်ပျူတာရှေ့မှာ တိတ်ဆိတ်စွာထိုင်လိုက်ပြီး အိုင်လီကျွန်း ဝက်ဘ်ဆိုက်ထဲသို့ ဝင်လိုက်ပါသည်။ ဝက်ဘ် စာမျက်နှာပေါ်လာသည်။ သူ့ရှေ့က မြင်ဖူးနေသော စာမျက်နှာကို မြင်သွားသောအခါ ဖေးချမ့် ပိုသေချာသွားပါသည်၊။

ဒါ တကယ်ကြီး B-site ပဲ။

ဖေးချမ့် ခပ်မြန်မြန်ပဲ Qiandu search engine ကိုသုံးပြီး ဝက်ဘ်ဆိုက်အခြေအနေကို ရှာဖွေကြည့်လိုက်သည်။ ရှာဖွေပြီးနောက် ပိုပြီး  စိတ်ဓာတ်ကျသွားရပါသည်။

အိုင်လီကျွန်းက အစောဆုံး bullet-screen ဝက်ဘ်ဆိုက် ဖြစ်သည်။ တည်ဆောက်ထားတာ မကြာသေးသော်လည်း ၎င်း၏ အရှိန်အဟုန်က ပြင်းထန်ပါသည်။ အခု ပိုတေးတိုးဝက်ဘ်နဲ့ တခြား ရှေးဟောင်းဝက်ဘ်ဆိုက်များကို ယှဥ်ပြိုင်နေလေပြီ။ ထို့အပြင် အိုင်လီကျွန်းတွင် B-siteနဲ့ ခြားနားချက်တစ်ခုရှိနေတာကို ဖေးချမ့် သိပါသည်။ ဒါကတော့ သူဌေးတွေဖြစ်နေခြင်းပင်။

အခု အရှုံးပေါ်နေကြသော်လည်း ရှန်းဟွာကော်ပိုရေးရှင်းနဲ့ ချမ့်သုတို့ဟာ မကြာသေးခင်ကမှ ရင်းနှီးမြှုပ်နှံထားသော သီးသန့်ဗီဒီယိုကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရေပန်းစားသည့် ဒရမ်မာစီးရီးများအား သီးသန့်ထုတ်လွှင့်ပြသမှု မူပိုင်ခွင့် ဝယ်ယူဖို့ ငွေကြေးများစွာ အသုံးပြုနိုင်ကြခြင်း ဖြစ်ပါသည်။

ပိုကံမကောင်းတာက ချမ့်သုက ထိုဝက်ဘ်ဆိုက်ထဲတွင်ရင်းနှီးမြှုပ်နှံထားသဖြင့် Qiandu search engineမှာ ဘာပဲရှာရှာ အိုင်လီကျွန်း ဗီဒီယိုဝက်ဘ်ဆိုက်ကို အမြဲလိုလို ဦးစားပေးဖော်ပြခံရမည်။

"B-siteရဲ့ ပိုအဆင့်မြင့်တဲ့ ဗားရှင်းပါလား"

"B-site နဲ့ iQiyi ကို ပေါင်းလိုက်တာလား"

"သွားပါပြီ..."

ဖေးချမ့် ထိုင်ခုံကို မှီထိုင််လိုက်ပါသည်။ သူ အတော်လေး နေလို့မကောင်းတော့ပါ။ ဒီနေ့ည ၈နာရီလောက်မှ သူ့သေမိန့်ကျမည်ဟု ထင်ထားခဲ့သည်။ အခုတော့ သေတမ်းစာတောင် ရေပြီးသွားပြီဖြစ်မှန်း သိလိုက်ရ၏။ ဒါ ပတ်ဝန်းကျင်ကို အကျွမ်းတဝင်ဖြစ်အောင် မလုပ်ခဲ့ခြင်း၏ ရလဒ် ဖြစ်သည်။

ဖေးချမ့်က ဒီလောက၏ ဗီဒီယိုဝက်ဘ်ဆိုက်များကို သေသေချာချာလေး စောင့်ကြည့်ခဲ့ပါသည်။ အထူးသဖြင့် A နဲ့ B တို့ဖြင့် စသည့် ဝက်ဘ်ဆိုက်များကို သတိထားသည်။ သို့သော်လည်း ဒီလောက၏ B-site ကို ပြောင်းပြန်ကြီး ရေးသားထားလိမ့်မည်ဟု ဖေးချမ့် တစ်ခါမှ မခန့်မှန်းမိခဲ့ပေ။ Bilibili မှ ilidilid ဖြစ်သွားပါသည်။

ဒီဆိုက်၏ ရယ်စရာကောင်းသော တရုတ်နာမည်ကိုကြည့်ပြီး မကြာခင် ပျက်စီးပျောက်ကွယ်သွားမည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်ဟု ဖေးချမ့် မှားယွင်းစွာ ထင်ခဲ့မိပါသည်။ သူ အများကြီး အာရုံမစိုက်ခဲ့မိပါ။

အခုတော့ အားလုံး ဆိုးရွားလာပါပြီ။ သူ့အတွက်လည်း အလွန်ရှက်ဖို့ကောင်းသည်။

အကြာကြီး ရီဝေနေပြီးနောက် ဖေးချမ့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်ကာ စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်ပါသည်။

[စည်းစိမ်အလဲအထပ်စနစ်]

[ပိုင်ရှင် : ဖေးချမ့်]

[အမြတ်ငွေ အလဲအထပ်အချိုး : ၁၀၀: ၁၊ အရှုံးငွေအလဲအထပ်အချိုး : ၁:၁]

[စနစ်ရန်ပုံငွေ : ၇၁၀,၀၀၀(⬇️၂၉၀,၀၀၀)]

[ကိုယ်ပိုင်စည်းစိမ် : ၄၈,၂၂၃.၅]

[ယခုရက်သတ္တပတ်၏ အထူးတာဝန် : လူစည်ကားသောမြို့ သို့မဟုတ် တက္ကသိုလ်တစ်ခုအနီးတွင် တည်ရှိသော ဆိုင်ခန်းတစ်ခုအား ကုမ္ပဏီမှ ဖွင့်လှစ်ဖို့လိုအပ်သည် <အောင်မြင်ပြီး>]

[အထူးတာဝန်အောင်မြင်မှုဆု : နောက်ဆုံး အလဲအထပ်ပြုလုပ်ပြီးသော ပမာဏထက် ထပ်စောင်းအပို ၁၀ ရာခိုင်နှုန်း]

ကြည့်ရသလောက်တော့ စနစ်က အရှုံးပေါ်နေဆဲ ဖြစ်ပါသည်။

သို့သော်လည်း သိပ်ပြီး မကြာတော့ပါ။

ယခင် ငွေစာရင်းရှင်းချိန်ကစလို့ ဖေးချမ့်၏ အဓိကဝင်ငွေများက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့မှ ဖြစ်သည်။

ဝယ်ယူမှု အခွင့်အရေး အသစ်များကို မဖန်တီးရသေးသဖြင့် တစ္ဆေစစ်သူကြီး၏ ဝင်ငွေက စတင်ပြီး လျော့နည်းလာပါပြီ။ သို့သော်လည်း အနည်းဆုံး ယွမ်တစ်သန်းလောက်ကတော့ လစဥ်ဝင်နေဆဲဖြစ်ပြီး အမြတ်က ၆၀၀,၀၀၀ - ၇၀၀,၀၀၀ လောက်ရှိနေဆဲဖြစ်သည်။

သမုဒ္ဒရာရဲတိုက်ကတော့ အမြဲတမ်းလိုလို မြင့်တက်နေသည့် ကစားသမား အရေအတွက်ကြောင့် ဆက်လက် အကျိုးအမြတ်ရနေဆဲဖြစ်ကာ တစ်လတာ ဝင်ငွေကလည်း မြင့်တက်နေဆဲ ဖြစ်သည်။ ဝင်ငွေက အခုဆို ယွမ် ၇သန်း နီးပါးလောက်ရှိနေပြီး အမြတ်ကတော့ ယွမ် ၃.၅သန်းလောက်ရှိပါသည်။

ဂိမ်းထဲတွင် ဆန်းကြယ်လက်နက် အနီရောင်ချီလင် တစ်လက်သာ ရောင်းချသော်လည်း ပြည်တွင်းစျေးကွက်ထဲတွင် FPS ကစားသမားများစွာရှိနေသောကြောင့်ဖြစ်သည်။

လောလောဆယ် သမုဒ္ဒရာရဲတိုက်က ပြည်တွင်း FPS ဂိမ်းများကို ဦးဆောင်နေသူဖြစ်ကာ Counter Strike ကစားသမားများကို အစုလိုက် အပြုံလိုက် ဆွဲဆောင်နေသည်။ ထန်းတာ့က ဆာဗာအသစ်များနဲ့ bandwidth များကို ဆက်လက်တိုးချဲ့ပေးသဖြင့် ကစားသမားများ ပိုပိုဝင်ရောက်လာကြကာ ဂိမ်း၏ ဝင်ငွေက မကျသွားရုံတင်မကဘဲ မြင့်တက်လာဦးမည့် လက္ခဏာပင် ပြသနေပါသည်။

ဘာပဲဖြစ်ဖြစ် FPS ဂိမ်းများက သက်တမ်းရှည်မှုကြောင့် လူသိများကြသည်။ ၂ လနဲ့ လဝက်အတွင်း ထိုဂိမ်းနှစ်ဂိမ်းက ဖေးချမ့်ကို အမြတ်ငွေ ၉ သန်းလောက် ရှာပေးနိုင်ခဲ့သည်။ စဦးစနစ်ရန်ပုံငွေ ၁သန်းနဲ့ ပေါင်းလိုက်သောအခါ စုစုပေါင်း ၁၀ သန်းကျော်နေပါပြီ။

ထို့အပြင် လက်ရှိ အကုန်အကျစရိတ်များကို တွက်ကြည့်လိုက်ပါက သူ့မှာ

ဖေးဟွမ်လုပ်ငန်းအတွက် ၁ သန်း၊

ဂိမ်းဒီဇိုင်နာကိုဖန်တီးဖို့အတွက် ၃ သန်း၊

ဂိမ်းကြော်ငြာဖို့နဲ့ စပွန်ဆာများအတွက် သုံးလိုက်သည့်ငွေ ၃၀၀,၀၀၀၊

ယွီအင်တာနက်ကဖေးအတွက် သုံးလတာ ဆိုင်ခန်းငှားခ အပါအဝင် ၃.၅ သန်း၊

ကုမ္ပဏီ၏ လစဥ်ငှားခက ၄၀၀,၀၀၀ အောက်ရှိပြီဂ ဝန်ထမ်းလစာများက ယွမ် ၂၀၀,၀၀၀ လောက် ရှိသည်။ တခြားအသေးအဖွဲကုန်ကျစရိတ်များနဲ့ပေါင်းလိုက်သောအခါ ထိုကျန်ကျစရိတ်များက ၂လခွဲအတွင်း ၂ သန်းဝန်းကျင်လောက် ကုန်ခဲ့ပါသည်။

ကုန်ကျစရိတ်အလုံးစုံကိုပေါင်းလိုက်သောအခါ ၉ သန်းနဲ့ ၈၀၀,၀၀၀ ဝန်းကျင်လောက်ရှိပါသည်။

အမှန်ပင်။ ဖေးချမ့်က ဂဏန်းအတိအကျများကို ဂရုစိုက်စရာမလိုပါ။ ကုမ္ပဏီ၏ စာရင်းကိုင်များက ဒါတွေကို တာဝန်ယူပါလိမ့်မည်။ ဖေးချမ့်က စနစ်ရန်ပုံငွေထဲက ကိန်းဂဏန်းများကိုသာ ကြည့်ဖို့ လိုအပ်ပြီး ပိုက်ဆံဘယ်လိုဆက်ဖြုန်းတီးရမလဲဆိုတာကိုသာ ဆက်ပြီး အစီအစဥ်ချဖို့ လိုအပ်ပါသည်။

အစကတော့ ကိန်းဂဏန်းများကို သေချာလေး ထိန်းချုပ်ထားနိုင်ပြီး စနစ်ရန်ပုံငွေကို ၈၀၀,၀၀၀အောက် လျော့ကျအောင် တွန်းပို့နိုင်ခဲ့ပါသည်။

ဒီလ ငွေစာရင်းမရှင်းခင် အကြီးအကျယ်ဖြုန်းတီးမှုကြီး တစ်ခုလောက်ထပ်လုပ်လိုက်ပြီး သူ့ဝန်ထမ်းအားလုံးကို ဘောနပ်စ်များပေးကာ သူ့အတွက်သူ ရှော့ပင်ထွက်လိုက်ပါက စနစ်ရန်ပုံငွေကို ၁၀၀,၀၀၀ ဝန်းကျင်လောက်ထိ လျော့သွားအောာင် ထိန်းချုပ်နိုင်ပါသည်။ ဒါဆို နောက်ထပ် ငွေစာရင်းရှင်းသည့်အခါ သူ့အိပ်ကပ်ထဲ ၈၀၀,၀၀၀ လောက် ဘေးကင်းကင်းနဲ့ ရောက်လာမည့်သဘောပင်။

သို့သော်လည်း လိုအပ်ချက်တော့ ရှိနေပါသည်။ ဂိမ်းအသစ်၊ ဗီဒီယိုအတိုလေးများနဲ့ အင်တာနက် ကဖေးတို့မှ ငွေဝင်လို့ မဖြစ်ပါ။ သို့မဟုတ် အများကြီး ငွေဝင်လို့ မဖြစ်ပါ။ တစ်လကို ၃၀၀,၀၀၀လောက် အရှုံးပေါ်နေသော အင်တာနက်ကဖေးကတော့ ဖေးချမ့်၏ လိုအပ်ချက်များကို ပြည့်မှီစေပါသည်။

သို့သော်လည်း ပြဿနာများ ပေါ်ထွက်လာခဲ့သည်။

ဘော့စ်ဖေး၏ နေ့စဥ်ဘဝကို အပြည့်အဝ မထုတ်လွှင့်ရသေးသော်လည်း ၎င်း၏ ရေပန်းစားမှုကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး ယွမ် ၁ သန်းလောက် ဝင်ငွေရလာလိမ့်မည်။ အမှန်ပင်။ ဖေးချမ့်က ဒီလောက်ကြီး မလိုချင်ပါ။ သို့သော်လည်း အနည်းဆုံးတော့ နည်းနည်းလောက်ယူရမည်။ မဟုတ်ပါက စနစ်က ခွင့်ပြုမည် မဟုတ်ပါ။

ဂိမ်းဒီဇိုင်နာ၏ ရောင်းအားကလည်း အဆမတန် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ကျန်လဝက်အတွင်း အနည်းဆုံး ၂၀၀,၀၀၀ ကော်ပီလောက် ဆက်ရောင်းရလိမ့်မည်။

အားလုံးကိုပေါင်းလိုက်ပါက ထိုပရောဂျက်နှစ်ခုမှ သူ့ကို ၃ သန်းလောက် ရှာပေးပါလိမ့်မည်။

အင်တာနက်ကဖေးကတော့ ဆက်လက်အရှုံးပေါ်နေနိုင်ပါသည်။ တခြား ဝင်ငွေနဲ့ အမြတ်ရင်းမြစ်များအတွက် များများစားစား သုံးစားလို့မရပါ။

ဖေးချမ့် အခုကစပြီး ဘာမှ မလုပ်ပါက အကောင်းဘက်က ကြည့်ရင်တော့ နောက်ဆုံး ၂ သန်း ၃သန်းလောက် ရနိုင်သေးသည်။

အဆိုးဘက်က ကြည့်ရင်တော့ ၅ သန်းလောက်ထိနဲ့တောင် အဆုံးသတ်သွားနိုင်ပါသည်။

အမြတ်ငွေက ၄ သန်းဖြစ်ပြီး ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ် ၄၀,၀၀၀အဖြစ် ပြောင်းလဲခံရပါက ယခု သူက ၅၀,၀၀၀အောက် နိမ့်ကျကာ စတင်ရသဖြင့် မဆိုးလှပါ။ ဘာမှမဟုတ်တာထက်တော့ ပိုကောင်းပါသေးသည်။

သို့သော်လည်း အဓိကအချက်က ဘာနဲ့ယှဥ်ကြည့်ရမလဲဆိုတာပင်။

သူအရှုံးပေါ်လျှင် သူ့ကိုယ်ပိုင်စည်းစိမ်ထဲသို့ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက် အလွယ်လေး ဝင်လာနိုင်သည်။ ၁၀ ဆလောက် ကွာခြားနေပါသည်။

ဖေးချမ့် စိတ်မကောင်းဖြစ်စွာ သက်ပြင်းချလိုက်ပါသည်။ သူ ဘာမှ မလုပ်နိုင်တော့ဘဲ ကံတရားကိုသာ အားကိုးရတော့မည်။

ကိန်းဂဏန်းအရေအတွက်များက ယခင်တုန်းကလို့ပဲဖြစ်နေပါက ဖေးချမ့် သေချာပေါက် နောက်ထပ်ရှော့ပင်များထွက်ကာ ဘောနပ်စ်များစွာ ပေးပစ်လိုက်လို့ရသည်။

သို့သော်လည်း အခုလို အခြေအနေမျိုးနဲ့ ဆိုရင်တော့...။

သူ တစ်ကြိမ်ကို ခြေတစ်လှမ်းသာ လှမ်းနိုင်ပါတော့သည်။

ဖေးချမ့် အနည်းငယ် စိတ်ဖိစီးကာ စိုးရိမ်ပူပန်နေပါသည်။

(ငါ့မှာ ၃ ဆင့်လောက်ရှိတဲ့ အာမခံအစီအစဥ်ရှိတယ်မဟုတ်ဘူးလား)

(ဘာလို့ ဒီလိုအဆုံးသတ်သွားရတာလဲ...)

အခန်း(၁၂၄) ဂိမ်း၏ အပြစ်အနာအဆာများကို ဆက်ခံခြင်း

ဧပြီလ ၁၅ ရက်နေ့ နေ့လည်ခင်း...

ဖေးချမ့်က ရုံးခန်းထဲတွင် အတွေးထဲနစ်မြောနေပါသည်။

မနေ့ညက ၈ နာရီတွင် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ အတွဲ ၃ အား အိုင်လီကျွန်း၌ သီးသန့် ထုတ်လွှင့်ပြသခဲ့သည်။ မနေ့ကစပြီး အခုချိန်ထိ အိုင်လီကျွန်း၏ အဓိက စာမျက်နှာ၏ အထင်ရှားဆုံး နေရာတွင် ဘော့စ်ဖေး၏ နေ့စဥ်ဘဝကို ပရိုမိုးရှင်းဆင်းပေးသော ဧရာမ ကြော်ငြာ banner ကြီးတစ်ခု ရှိနေပါသည်။

ကြည့်ရှုသူများစွာက ဂုဏ်သတင်းကြောင့် ဆွဲဆောင်ခံရပြီး ၎င်းတို့၏ မက်ဆေ့ချ်များကို Bullet Screenများပေါ်တွင် ပို့ကြသည်။ ၁ မိနစ်ဝန်းကျင်သာ ရှိသော ဗီဒီယိုအတိုလေးက ပိုတေးတိုးဝက်ဘ်လို ရှေးဟောင်းဝက်ဘ်ဆိုက်များမှ ကြည့်ရှုသူများစွာ၏ bullet message များကို ဆွဲဆောင်နိုင်ခဲ့သဖြင့် အလွန်သက်ရောက်မှုရှိမှန်း သိသာပါသည်။ ထိုကြည့်ရှဒသူအားလုံးက ဒီ 'bullet screen' ဟုခေါ်သည့် တုန့်ပြန်မှုနည်းလမ်းအသစ်၏ ထူးခြားချက်ကို မြင်လိုက်ရပါသည်။

ဖေးချမ့်က ထုတ်လွှင့်ပြသမှုကို မကြည့်သေးဘဲ ဒုတိယနေ့အထိ စောင့်နေသေးသည်။ ဒီနေ့မှ ဗီဒီယို၏ ကြည့်ရှုသူပမာဏကို ကြည့်လိုက်ပါသည်။ ၆၀၀,၀၀၀ အထိတောင် ရောက်နေလေပြီ။ ကြည့်ရသလောက်တော့ ဒီဗီဒီယို၏ နောက်ဆုံးကြည့်ရှုသူအရေအတွက်မှာ ၁သန်းလောက်အထိ ရောက်နိုင်ပါသည်။

အားလုံးက အတည်ပြု ကလစ်များ မဖြစ်နိုင်သော်လည်း သူ ဘယ်လောက်ပဲ ရေတွက်ကြည့်ပါစေ အနည်းဆုံးတော့ အိုင်လီကျွန်း၏ ဒီဗီဒီယိုအတွက် အမြတ်ငွေမှ ၂၀၀,၀၀၀ လောက် ရနိုင်ပါသည်။ ထို့အပြင် ဗီဒီယို၏ ရေပန်းစားမှုက မြင့်တက်လာလေလေ နောက်ပိုင်းဗီဒီယိုများက အရင်ဗီဒီယိုများထက် ကြည့်ရှုသူ ပိုများလာနိုင်လေလေ ဖြစ်သည်။

၁၀ ပိုင်းပါသည့် စီးရီးတွဲအပြည့်အစုံတစ်ခုက စုစုပေါင်း ၂သန်းနဲ့ ၃၀၀,၀၀၀ လောက် ရနိုင်ပါသည်။ ဆိုလိုရင်းက အိုင်လီကျွန်းမှာ ဘော့စ်ဖေး၏ နေ့စဥ်ဘဝ အတွဲ ၃ အား သီးသန့်ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူဖို့ ၂ သန်းကျော်သုံးခဲ့သည်ဟူသည့်သဘောပင်။

ထိုစျေးနှုန်းကို မြင့်မားသည်ဟု သတ်မှတ်လို့ မရပေ။ မူပိုင်ခွင့်ကြေး သန်းဆယ်ချီပြီးတောင်းနိုင်သော တခြား ရေပန်းစားသည့် ဒရမ်မာ စီးရီးများနဲ့ ရသစုံရှိုးပွဲများနဲ့ ယှဥ်လျှင် အများကြီး မဟုတ်ပါ။

သို့သော်လည်း ဖေးချမ့်အတွက်ကတော့ သူခန့်မှန်းထားသည့် အဆိုးရွားဆုံး အခြေအနေထက်တောင် ပိုဆိုးနေပါသေးသည်။ သူ စိတ်ဓာတ်ပြိုလဲသွားဖို့ လုံလောက်သည်။

ပြဿနာဆိုတာ ဘယ်တော့မှ တစ်ခုတည်း ရောက်မလာဘူးဆိုတာ ဒါကိုပြောတာဖြစ်နိုင်သည်။

ထိုစဥ် တံခါးခေါက်သံထွက်ပေါ်လာသည်။ လက်ထောက်ရှင်း ဖြစ်နေ၏။ "ဘော့စ်ဖေး ဒါက အရင်တုန်းက ဆုံးဖြတ်ထားတဲ့ ကုမ္ပဏီ အကျိုးအမြတ် ပုံစံသစ်ပါ။ ကျွန်မ နောက်တစ်ကြိမ်လောက် ဘော့စ်ဖေးဆီက အတည်ပြုချက်ယူဖို့ လိုအပ်လို့ပါ။ ပြဿနာမရှိရင် ကျွန်မ အစီအစဥ်အတိုင်း ပို့ပေးလိုက်ပါတော့မယ်။”

ဖေးချမ့်က ယူပြီး ကြည့်လိုက်ပါသည်။ ဒါက လွန်ခဲ့သည့် တစ်လလောက်ကမှ သတ်မှတ်လိုက်သော ကုမ္ပဏီ၏ အကျိုးအမြတ်နဲ့ အကျိုးခံစားခွင့် ပုံစံဖြစ်ပါသည်။

သမုဒ္ဒရာရဲတိုက် ဖန်တီးမှု ပြီးဆုံးသွားသောအခါ ဖေးချမ့်တစ်ယောက် ကုမ္ပဏီ၏ အကျိုးအမြတ်ပုံစံကို ပြောင်းလဲဖို့ အကြံများစွာ ပေးခဲ့ပါသည်။ ဥပမာအားဖြင့် လစာတိုးမြှင့်ပေးခြင်း၊ ပရောဂျက်ဘောနပ်စ်များပေးခြင်း၊ ရှော့ပင်လက်ဆောင်ကတ်များ ချီးမြှင့်ခြင်းနဲ့ အတင်းအကြပ်သုံးစွဲရန် သတ်မှတ်ထားသော ပမာဏ စသည်တို့ ဖြစ်ပါသည်။

ထို့အပြင် ဖေးချမ့်က ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုဆိုသည့် အကျိုးခံစားခွင့် အသစ်တစ်ခုကိုလည်း ထပ်ပေါင်းထည့်လိုက်သေးသည်။

အဆင့်မြင့်သည့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ရွေးချယ်ထားသည်။ ကျင်းကျိုးမြို့တော်က အကောင်းဆုံး ဆေးရုံကြီး AAAတွင် စစ်ဆေးရမည်။ ဒီအဆင့်မြင့် ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်က တစ်ယောက်ကို ယွမ် ၃,၂၀၀ လောက် ကုန်လိမ့်မည်။

ထန်းတာ့၏ ဖေးဟွမ်လုပ်ငန်းနှင့် ယွီအင်တာနက်ကဖေးတို့တွင် စုစုပေါင်း ဝန်ထမ်း ၅၀ ကျော်ရှိသဖြင့် စုစုပေါင်း ၁၆၀,၀၀၀ ယွမ် ကုန်ကျပါလိမ့်မည်။

ဒီ့အပြင်ယခင်သာမန် အကျိုးခံစားခွင့်ပုံစံများကိုလည်း ပုံမှန်အတိုင်း ဆက်လက်ထားရှိဆဲဖြစ်သည်။ ရှော့ပင်လက်ဆောင်ကတ်များ၏ အကန့်အသတ်ကို ၃,၀၀၀ အထိ တိုးမြှင့်လိုက်ပြီး ငွေဖြုန်းနိုင်ဖို့ ဆင်ခြေအနေဖြင့် တခြား အကျိုးခံစားခွင့်များကိုပါ ဖန်တီးလိုက်ပါသည်။ အားလုံး စုစုပေါင်း ၅၀၀,၀၀၀ လောက် ဖြုန်းနိုင်လိမ့်မည်။

အစကတော့ ဖေးချမ့်၏ နောက်ဆုံးအခြေအနေမှာ အတစ်လတာအတွက် အနှစ်ချုပ် အရှုံးပေါ်နိုင်အောင် ဖြစ်ပါသည်။ စနစ်ရန်ပုံငွေကို ၇၀၀,၀၀၀အောက် လျော့ကျအောင် သုံးပစ်နိုင်ပြီး ဒီ ထပ်စောင်း ၅၀၀,၀၀၀ကိုပါ အသုံးပြုနိုင်ပါက မကောင်းဘူးလား။

သို့သော်လည်း အခုတော့ အခြေအနေများက အနည်းငယ် ခွကျနေပါပြီ။

ဖေးချမ့်၏ တွက်ချက်မှုအသစ်အရ ၅၀၀,၀၀၀လောက် သုံးပြီးတာတောင် စနစ်ရန်ပုံငွေက ကျန်နေဆဲ ဖြစ်သည်။

အမြတ်ငွေအလဲအထပ်အချိုးကို ကြည့်ခြင်းအားဖြင့် ဒီပိုက်ဆံပမာဏက ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်အဖြစ်ဆို ယွမ် ၅,၀၀၀ လောက်သာ ရနိုင်ပါသည်။

ဖေးချမ့် ထပ်မစဥ်းစားတော့ဘဲ ပြောလိုက်သည်။ "ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ စာရွက်စာတမ်းတွေ အသေးစိတ်ကြည့်ဖို့ ထားခဲ့ပေးပါ။”

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး" လက်ထောက်ရှင်းက သူမ၏ မှတ်စုစာအုပ်ငယ်လေးကို လှန်လိုက်ပြီး ဒီတွေ့ဆုံပွဲတွင် ပါဝင်မှုများကို မှတ်တမ်းတင်လိုက်သည်။ "နောက်တစ်ခု ရှိပါသေးတယ် ဘော့စ်ဖေး။ Amusement Times ရဲ့ ဟူဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်က အင်တာဗျူးတစ်ခု စီစဥ်ချင်လို့ပါတဲ့။ ဒါ ဒီအပတ်မှာ ဖုန်းဆက်လာတဲ့ ၃ ယောက်မြောက် ဂျာနယ်လစ်ပါ။ အရင်လူတွေလိုပဲ ငြင်းလိုက်ရမလား။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "အင်း ကျေးဇူးပြုပြီး ငြင်းလိုက်ပါ။ အကြောင်းပြချက်ကတော့ အရင်တိုင်းပဲ။ ဘယ်သူမှ ကျွန်တော့် နာမည်အရင်းနဲ့ သရုပ်အမှန်ကို ဖော်ပြလို့မရသလို ကျွန်တော်တို့ လစာပမာဏနဲ့ ကုမ္ပဏီအကျိုးခံစားခွင့်ပုံစံတွေကို သိသွားလို့ မဖြစ်ဘူး။ ကျေးဇူးပြုပြီး အားလုံးကို ဒါတွေပြန်ပြောပေးပါဦး။”

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး" လက်ထောက်ရှင်းက လှည့်ထွက်သွားပါသည်။

အခုထိ ထန်းတာ့က ဂိမ်းမီဒီယာနှင့် ကစားသမားများအတွက် ဆန်းကြယ်သည့် ကုမ္ပဏီတစ်ခု ဖြစ်နေဆဲပင်။ ဒီကုမ္ပဏီရှိတာကို လူများစွာက သိကြပါသည်။ သို့သော်လည်း ဘော့စ် ဘယ်သူလဲ၊ ကုမ္ပဏီ၏ အကျိုးခံစားခွင့်များက ဘယ်လိုမျိုးလဲ၊ ကုမ္ပဏီထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ ဘယ်သူမှ ဘာမှမသိကြပါ။

ဖေးချမ့်ဘာကြောင့် ဒီတိုင်း လျှို့ဝှက်ထားချင်ရသလဲဆိုတာတော့ အကြောင်းပြချက်နှစ်ခုရှိပါသည်။

တစ်ခုက ထန်းတာ့၏ အကျိုးခံစားခွင့်ပုံစံများ ပေါက်ကြားသွားပါက ထန်းတာ့၏ ဝန်ထမ်းများ  လစာဘယ်လောက်တောင်ရသလဲ အားလုံး သိသွားကြပြီး ကျင်းကျိုးမြို့တော်က ပါရမီရှိသည့် လူအားလုံး ကြိုးစားပြီး ဝင်ရောက်ဖို့ ကြိုးစားရလိမ့်မည်။ ဒီအကြောင်းကို ကြားပြီးသောအခါ တခြားမြို့တော်က လူများပင် ရောက်လာနိုင်ပါသည်။

ထိုပါရမီရှိသည့်လူမျာားစွာက ၎င်းတို့၏ ကိုယ်ပိုင်လစာများကို လျှော့ဖို့ပင် ဆန္ဒရှိပါက ဖေးချမ့် သူတို့ကို ငြင်းဖို့ ယုတ္တိရှိသည့် အကြောင်းပြချက်များကို စဥ်းစားရမည်။ အကြောင်းပြချက်က ယုတ္တိမရှိလျှင် စနစ်က လက်ခံမှာ မဟုတ်ဘဲ ပါရမီရှိသည့် လူတချို့ကို အတင်းခန့်အပ်လိုက်ရပါလိမ့်မည်။

လောလောဆယ် ဘယ်သူ့ကို အလုပ်ထုတ်ရမယ်မှန်းတောင် မသိသေးဘဲ လူတွေ ထပ်ရောက်လာပါက ပိုဆိုးမသွားနိုင်ဘူးလား။

ဒုတိယတစ်ခုက သူ့သရုပ်မှန်ကို သူ့မိဘများအား ဖေးချမ့် အသိပေးလို့ မဖြစ်သေးပါ။ သူတစ်ရက်လောက်ပဲဖြစ်ဖြစ် ဆက်ပြီး ဖုံးကွယ်ထားနိုင်လျှင် ဖုံးကွယ်ထားပါဦးမည်။ ဖေးချမ့်က နာမည်လည်း မကြီးချင်ပါ။ ဘာပဲဖြစ်ဖြစ် နာမည်ကျော်များက အမြဲတမ်း အာရုံစိုက်ခံရသည်။ သူသာ နာမည်ကြီးပြီး လူများစွာ၏ အာရုံစိုက်မှုကို ခံရပါက သူ့အတွက် ကိစ္စများက အဆင်မပြေ ဖြစ်လာနိုင်ပါသည်။

စနစ်တွင် စည်းကမ်းတစ်ခုရှိသည်။ ဖေးချမ့်က စနစ်၏ တည်ရှိမှုကို ဘယ်သူ့ကိုမဆို အရိပ်အမြွက်လေးတောင် ပေးသိလို့ မဖြစ်ပါ။ ဖေးချမ့် သူ့ကိုယ်သူ မစွန့်စားရဲပါ။

ထို့ကြောင့် ဖေးချမ့်တစ်ယောက် ဘယ်လို မီဒီယာ အင်တာဗျူးကိုမှ လက်ခံမှာ မဟုတ်ပါ။

မီဒီယာများစွာက ထန်းတာ့၏ ဧည့်ကြိုကောင်တာကို ဖုန်းဆက်ပြီး အင်တာဗျူးတောင်းဆိုကြသည်။ အားလုံးအငြင်းခံရပါသည်။ ထို့အပြင် ဒီတစ်ခေါက်လည်း ခြွင်းချက်ဖြစ်မည်မဟုတ်ပါ။

ဖေးချမ့်က သူ့ရှေ့က ၅၀၀,၀၀၀ တန် အကျိုးခံစားခွင့်စာတမ်းကို ကြည့်လိုက်ပါသည်။

"အရမ်းကြီး မစဥ်းစားပါနဲ့။ ဝန်ထမ်းတွေကို ကိုယ့်ပိုက်ဆံ ၅၀၀,၀၀၀ သုံးပြီး အကျိုးခံစားခွင့်တွေပေးတယ်လို့ သတ်မှတ်လိုက်ပါ။”

"စဥ်းစားကြည့်မှ တော်တော်များတဲ့ ပမာဏပဲ"

"ဟုတ်တယ်။ ငါက ဘော့စ်ကောင်းတစ်ယောက်ပဲ။”

သူ့ဝန်ထမ်းများကို အကျိုးအမြတ် ၅၀၀,၀၀၀ ပေးခြင်းက ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၅၀၀,၀၀၀ ဝင်လာဖို့ ဖြစ်ပါသည်။ ဖေးချမ့်က ဒီလိုမျိုးလုပ်နိုင်သောလူ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းများက သူ့အတွက် အားတက်သရော အလုပ်လုပ်ပေးနေကြသည်။ ဟွမ်းစစ်ပေါ်၊ ပေါင်ရှုနဲ့ တခြားသူများက သူ့အစီအစဥ်များကို ဆက်တိုက် ဖျက်လိုဖျက်ဆီးလုပ်ခဲ့သော်လည်း ထိုလူများက သူ့အပေါ် သစ္စာရှိပါသည်။

ထို့အပြင် ဝန်ထမ်းများ၏ အမြင်ကကြည့်ရင်လည်း သူတို့ ကုမ္ပဏီကို စိတ်အားထက်သန်စွာ အကျိုးပြုနေခြင်း ဖြစ်သည်။

သို့သော်လည်း ဖေးချမ့်ဘက်ကကြည့်ရင်တော့ သူတို့အားလုံးက အကူအညီမဖြစ်ဘဲ သူ့အစီအစဥ်များကို ဖျက်ဆီးနေကြခြင်း ဖြစ်ပါသည်။

"ထားလိုက်ပါတော့ကွာ။ ငါကံကိုပဲ ပုံအပ်ရတော့မယ်။ အကျိုးခံစားခွင့်ပုံစံက ပုံမှန်အတိုင်းပဲ။ အရင်သဘောတူထားတဲ့ ပုံစံတွေကိုလည်း ပေါင်းထည့်သွားမယ်။”

"ငါ့ညီအစ်ကိုတွေကို ညစ်ပတ်လို့မဖြစ်ဘူး။ ဒီတ်စခေါက် အရှုံးမပေါ်နိုင်ခဲ့ဘူးဆိုတော့ နောက်တစ်ချီကျ ကြိုးစားတာပေါ့...။”

ဖေးချမ့် အနည်းငယ် ဝမ်းနည်းပါသည်။ သူ့ရဲ့ နာကျင်ရသော အတွေ့အကြုံများကို ရင်ထဲတွင် မှတ်သားထားလိုက်သည်။ သူ့အတွေ့အကြုံများကို ပြန်၍ တန်ပြန်ပြီး ဒီအမှားများမှ သင်ယူမည်။ ဂိမ်းဒီဇိုင်နာ ဘာကြောင့် အောင်မြင်လာရသလဲဆိုတာကို ရှာဖွေတော့မည်။ ဂိမ်းဒီဇိုင်နာမှာ သူပြန်သုံးလို့ရမည့် အပြစ်အနာအဆာများ ရှိမလား ပြန်ရှာဖွေမည်။

ဂိမ်းကိုထုတ်လိုက်တာ ၂ ပတ်လောက်ရှိပြီ။ အင်တာနက်ပေါ်တွင် ကစားသမားများစွာနဲ့ ပရော်ဖက်ရှင်နယ် ဂိမ်းဝေဖန်ရေးသမားများက ဒီဂိမ်းအား လေးလေးနက်နက် ဆန်းစစ်မှုများ လုပ်နေကြသည်။

ဒီတစ်ခေါက် ဖေးချမ့်က ဒီဇိုင်းအဖွဲ့ကို ၎င်းတို့၏ အတွေ့အကြုံများအား အနှစ်ချုပ် တင်ပြဖို့ မတောင်းဆိုတော့ပါ။ အွန်လိုင်းပေါ်က ဆွေးနွေးမှုတချို့ကိုသာ ကြည့်လိုက်ဖို့လိုသည်။ သူဘယ်နေရာမှာ ကျရှုံးသွားသလဲဆိုတာကို အကြမ်းဖျင်းသိနိုင်သည်။

ပထမဆုံး ပိုပြီး အဆင့်မြင့်သည့် ဂိမ်းမီဒီယာဆိုက်များကို ကြည့်လိုက်ပါသည်။

"ဂိမ်းဒီဇိုင်နာက အရမ်းအောင်မြင်တဲ့ အပြန်အလှန်အကျိုးသက်ရောက်မှု ဇာတ်ကြောင်းရသတစ်ခုပဲ။ ပြည်တွင်းဂိမ်းဇာတ်ကြောင်းပြနည်းလမ်းတွေကို လုံးဝ သိမ်းပိုက်သွားတယ်။”

"ဒီဂိမ်းထဲမှာ ကစားသမားက ဂိမ်းဒီဇိုင်နာဖြစ်လာပြီး ပန်းတိုင်က အတားအဆီးအားလုံးကို ကျော်လွန်ပြီး ဂိမ်းတစ်ခု ဖန်တီးဖို့ အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ရမှာ။ ကစားသမားက စူပါစတား ဂိမ်းဒီဇိုင်နာ တစ်ယောက်ဖြစ်လာမလား။ ဒေဝါလီခံသွားရမလားဆိုတာကတော့ ကစားသမားရဲ့ လက်ထဲမှာပဲ။”

"ဒီဂိမ်းရဲ့ အောင်ပန်းက ကစားသမားတွေကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ကြုံတွေ့စေပြီး ပဋိပက္ခဖြစ်ရတဲ့ ခံစားချက်ကို ခံစားရစေတာပဲ။ ဒါက လက်တွေ့ဘဝမှာ ဂိမ်းဒီဇိုင်နာတွေ ခံစားရတာနဲ့ ကွက်တိပဲ။"

"ဒါပေမယ့် ဒီတစ်ခုတည်းကြောင့်သာဆိုရင် ဂိမ်းကို ပြောင်မြောက်တဲ့ ဂိမ်းဆိုတာထက် ဂိမ်းကောင်းတစ်ခုဆိုရုံလောက်ပဲ သတ်မှတ်လို့ရမှာပေါ့။ တခြား simulation ဂိမ်းတွေနဲ့ ယှဥ်လိုက်ရင် သူ့ရဲ့လက်ရာမြောက်တဲ့ ပန်းချီစတိုင်ကြောင့်မဟုတ်ရင် ထင်ရှားလာမှာမဟုတ်ဘူး။”

"ဒီဂိမ်းကို ဂန္တဝင်လက်ရာဖြစ်သွားစေတဲ့ အရာက ကစားသမားနဲ့အတူ ဂိမ်းထဲမှာ ရှိနေပေးတဲ့ နောက်ခံစကားပြောပဲ။ ဒါက ဒီဂိမ်းအတွက် အဓိက အောင်ချက်ပဲ"

"အခုမှ စကစားတဲ့ ကစားသမားကတော့ နောက်ခံစကားပြောက စိတ်ရှုပ်ဖို့ကောင်းတယ်ထင်ပြီး လှောင်ပြောင်မှုတွေကြောင့် ဒေါသထွက်နိုင်တယ်။ ဒါပေမယ့် အချိန်ယူ စဥ်းစားပြီးတဲ့အခါမှတော့ နောက်ခံစကားပြောကြောင့်ပဲ ဂိမ်းက စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်မှန်း သိလိုက်ရမယ်။”

"နောက်ခံစကားပြောကို ဂိမ်းဒီဇိုင်နာတွေစိတ်ထဲက လောဘလို့ သတ်မှတ်လို့ရတယ်။။ ဒါမှမဟုတ် အကြံပေါင်းစုံပေးတဲ့ လူတွေပေါ့။ အကြောင်းအရာ ဖန်တီးသူတစ်ယောက်အတွက် ခက်ခဲမှုဆိုတာ အိုင်ဒီယာရှာဖို့မဟုတ်ဘဲ မှန်ကန်တဲ့ရွေးချယ်မှုတွေကို ရွေးချယ်ရတာပါပဲ။ အကြောင်းအရာ ဖန်တီးသူတွေက ကိုယ့်စံနှုန်းကို ထိန်းသိမ်းပြီး ဝေဖန်မှုတွေ၊ အကူအညီမဖြစ်တဲ့ ပြောဆိုမှုတွေ ရှိနေရင်တောင် ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို မမေ့ရဘူး။ အဲ့တာဆို အဆုံးသတ်မှာ အောင်မြင်မှုကို ရနိုင်လိမ့်မယ်။”

"အနှစ်ချုပ်ပြောရရင်တော့ ဒီဂိမ်းက အကြောင်းအရာကြွယ်ဝတဲ့ ဂိမ်းတစ်ခုပဲ။ နက်ရှိုင်းတဲ့ စိတ်ခံစားချက်တစ်ခုကို ချန်ခဲ့ပေးပြီး ဆန်းသစ်တဲ့ ဂိမ်းကစားနည်းလည်းပါတယ်။ တခြားဂိမ်းတွေနဲ့ ခြားနားတာပေါ့။ ဂိမ်းဒီဇိုင်နာတွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ငါတို့ကို ပြသလိုက်ရုံတင်မကသေးဘူး၊ ဗြောင်းဆန်နေတဲ့ ဂိမ်းစျေးကွက်ရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကိုပါ ဖော်ပြသွားတယ်။ ဒီဂိမ်းက အကြောင်းအရာ ဖန်တီးသူတွေအားလုံးကို ကိုယ့်ရဲ့စိတ်အားထက်သန်မှုကို မမေ့လျော့ဘဲ ရှေ့ဆက်တိုးဖို့ အားပေးနေတာပဲ။”

Rating : 9.0

နိဂုံး : ဂိမ်းလောကတစ်ခုလုံးကို ဝေဖန်ဖို့ အမှောင်ဟာသတွေ အသုံးပြုသွားတယ်။ ကစားသမားတွေကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ရသမျိုး ပေးစွမ်းတယ်။

ကောင်းကွက်များ : အမှောင်ဟာသများပါဝင်ခြင်း၊ လူတွေကို ထပ်ပြီး ကစားစေချင်သော ဇာတ်သိမ်းများစွာ ပါဝင်ခြင်း၊ အလွန်တော်သည့် နောက်ခံစကားပြော ပါဝင်ခြင်း၊
ဂိမ်းလောကကို အလင်းဆောင်ပြီး လေးလေးနက်နက် တွေးခေါ်တတ်အောင် သင်ပေးခြင်း၊

ဆိုးကွက်များ : တစ်ခါတစ်လေ ဂိမ်းက ကစားသမားတွေကို တမင်သက်သက် ကန့်သတ်လေ့ရှိတယ်။ ဒါပေမယ့် ဒါကလည်း ဂိမ်းကစားနည်းရဲ့ ကဏ္ဍတစ်ခုပါပဲ။

Zawgyi

ေဖးခ်မ့္ 123+124

အခန္း(၁၂၃) ေမွ်ာ္လင့္ခ်က္မဲ့ ေဖးခ်မ့္

"အဲ့ဒီဆိုက္က... နာမည္က အိုင္လီကြၽန္းေနာ္။” ေဖးခ်မ့္က မလန္႔ခ်င္ေယာင္ေဆာင္ဖို႔ အေကာင္းဆုံး ႀကိဳးစားရင္း ဟြမ္းစစ္ေပၚကို ၾကည့္လိုက္ပါသည္။

ဟြမ္းစစ္ေပၚက ေခါင္းၿငိမ့္လိုက္သည္။ "ဟုတ္ပါတယ္။ ilid ဆိုတဲ့ အဂၤလိပ္အသံထြက္နဲ႔ တူၿပီး ဒီဆိုက္ကို အိုင္လီကြၽန္းလို႔ေခၚတာပါ။”

ေဖးခ်မ့္ ဆြံ႕အသြားရသည္။

(တကယ္ႀကီး အဓိပၸာယ္႐ွိေအာင္ ေျပာလိုက္တာပဲ)

"ဟုတ္ၿပီ ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔အရင္သြားႏွင့္ေတာ့မယ္။ ဒီရက္ပိုင္းထဲ ကြၽန္ေတာ္တို႔ ေဖးဟြမ္ရဲ႕ အနာဂတ္ကို ေသခ်ာစဥ္းစားဖို႔လိုတယ္။”

"ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝေကာ ဂိမ္းဒီဇိုင္နာေကာ အျမတ္ေတြ အမ်ားႀကီးရပါေစလို႔ ေမွ်ာ္လင့္ပါတယ္ဗ်ာ။”

ဟြမ္းစစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔က ၎တို႔၏ ႐ိုက္ကူးေရး ကိရိယာမ်ားကို သိမ္းဆည္းၿပီး က်ိန္စာတိုက္ကာ ျပန္သြားပါသည္။

႐ုံးတစ္႐ုံးလုံး ဂုဏ္ယူဝင့္ႂကြားျခင္းမ်ား ေပ်ာ္႐ႊင္ျခင္းမ်ားျဖစ့္ ျပည့္ႏွက္ေနခဲ့သည္။

ေဖးခ်မ့္လည္း သူ႕႐ုံးသူၾကက္ေသေသလ်က္ ျပန္သြားပါသည္။ သူ႕ကြန္ပ်ဴတာေ႐ွ႕မွာ တိတ္ဆိတ္စြာထိုင္လိုက္ၿပီး အိုင္လီကြၽန္း ဝက္ဘ္ဆိုက္ထဲသို႔ ဝင္လိုက္ပါသည္။ ဝက္ဘ္ စာမ်က္ႏွာေပၚလာသည္။ သူ႕ေ႐ွ႕က ျမင္ဖူးေနေသာ စာမ်က္ႏွာကို ျမင္သြားေသာအခါ ေဖးခ်မ့္ ပိုေသခ်ာသြားပါသည္၊။

ဒါ တကယ္ႀကီး B-site ပဲ။

ေဖးခ်မ့္ ခပ္ျမန္ျမန္ပဲ Qiandu search engine ကိုသုံးၿပီး ဝက္ဘ္ဆိုက္အေျခအေနကို ႐ွာေဖြၾကည့္လိုက္သည္။ ႐ွာေဖြၿပီးေနာက္ ပိုၿပီး  စိတ္ဓာတ္က်သြားရပါသည္။

အိုင္လီကြၽန္းက အေစာဆုံး bullet-screen ဝက္ဘ္ဆိုက္ ျဖစ္သည္။ တည္ေဆာက္ထားတာ မၾကာေသးေသာ္လည္း ၎၏ အ႐ွိန္အဟုန္က ျပင္းထန္ပါသည္။ အခု ပိုေတးတိုးဝက္ဘ္နဲ႔ တျခား ေ႐ွးေဟာင္းဝက္ဘ္ဆိုက္မ်ားကို ယွဥ္ၿပိဳင္ေနေလၿပီ။ ထို႔အျပင္ အိုင္လီကြၽန္းတြင္ B-siteနဲ႔ ျခားနားခ်က္တစ္ခု႐ွိေနတာကို ေဖးခ်မ့္ သိပါသည္။ ဒါကေတာ့ သူေဌးေတြျဖစ္ေနျခင္းပင္။

အခု အ႐ႈံးေပၚေနၾကေသာ္လည္း ႐ွန္းဟြာေကာ္ပိုေရး႐ွင္းနဲ႔ ခ်မ့္သုတို႔ဟာ မၾကာေသးခင္ကမွ ရင္းႏွီးျမႇဳပ္ႏွံထားေသာ သီးသန္႔ဗီဒီယိုကုမၸဏီတစ္ခု ျဖစ္ပါသည္။ ထို႔ေၾကာင့္လည္း ေရပန္းစားသည့္ ဒရမ္မာစီးရီးမ်ားအား သီးသန္႔ထုတ္လႊင့္ျပသမႈ မူပိုင္ခြင့္ ဝယ္ယူဖို႔ ေငြေၾကးမ်ားစြာ အသုံးျပဳႏိုင္ၾကျခင္း ျဖစ္ပါသည္။

ပိုကံမေကာင္းတာက ခ်မ့္သုက ထိုဝက္ဘ္ဆိုက္ထဲတြင္ရင္းႏွီးျမႇဳပ္ႏွံထားသျဖင့္ Qiandu search engineမွာ ဘာပဲ႐ွာ႐ွာ အိုင္လီကြၽန္း ဗီဒီယိုဝက္ဘ္ဆိုက္ကို အၿမဲလိုလို ဦးစားေပးေဖာ္ျပခံရမည္။

"B-siteရဲ႕ ပိုအဆင့္ျမင့္တဲ့ ဗား႐ွင္းပါလား"

"B-site နဲ႔ iQiyi ကို ေပါင္းလိုက္တာလား"

"သြားပါၿပီ..."

ေဖးခ်မ့္ ထိုင္ခုံကို မွီထိုင္္လိုက္ပါသည္။ သူ အေတာ္ေလး ေနလို႔မေကာင္းေတာ့ပါ။ ဒီေန႔ည ၈နာရီေလာက္မွ သူ႕ေသမိန္႔က်မည္ဟု ထင္ထားခဲ့သည္။ အခုေတာ့ ေသတမ္းစာေတာင္ ေရၿပီးသြားၿပီျဖစ္မွန္း သိလိုက္ရ၏။ ဒါ ပတ္ဝန္းက်င္ကို အကြၽမ္းတဝင္ျဖစ္ေအာင္ မလုပ္ခဲ့ျခင္း၏ ရလဒ္ ျဖစ္သည္။

ေဖးခ်မ့္က ဒီေလာက၏ ဗီဒီယိုဝက္ဘ္ဆိုက္မ်ားကို ေသေသခ်ာခ်ာေလး ေစာင့္ၾကည့္ခဲ့ပါသည္။ အထူးသျဖင့္ A နဲ႔ B တို႔ျဖင့္ စသည့္ ဝက္ဘ္ဆိုက္မ်ားကို သတိထားသည္။ သို႔ေသာ္လည္း ဒီေလာက၏ B-site ကို ေျပာင္းျပန္ႀကီး ေရးသားထားလိမ့္မည္ဟု ေဖးခ်မ့္ တစ္ခါမွ မခန္႔မွန္းမိခဲ့ေပ။ Bilibili မွ ilidilid ျဖစ္သြားပါသည္။

ဒီဆိုက္၏ ရယ္စရာေကာင္းေသာ တ႐ုတ္နာမည္ကိုၾကည့္ၿပီး မၾကာခင္ ပ်က္စီးေပ်ာက္ကြယ္သြားမည့္ ဝက္ဘ္ဆိုက္တစ္ခုျဖစ္သည္ဟု ေဖးခ်မ့္ မွားယြင္းစြာ ထင္ခဲ့မိပါသည္။ သူ အမ်ားႀကီး အာ႐ုံမစိုက္ခဲ့မိပါ။

အခုေတာ့ အားလုံး ဆိုး႐ြားလာပါၿပီ။ သူ႕အတြက္လည္း အလြန္႐ွက္ဖို႔ေကာင္းသည္။

အၾကာႀကီး ရီေဝေနၿပီးေနာက္ ေဖးခ်မ့္ အနည္းငယ္ စိတ္ပ်က္လက္ပ်က္ျဖစ္ကာ စနစ္မ်က္ႏွာျပင္ကို ဆင့္ေခၚလိုက္ပါသည္။

[စည္းစိမ္အလဲအထပ္စနစ္]

[ပိုင္႐ွင္ : ေဖးခ်မ့္]

[အျမတ္ေငြ အလဲအထပ္အခ်ိဳး : ၁၀၀: ၁၊ အ႐ႈံးေငြအလဲအထပ္အခ်ိဳး : ၁:၁]

[စနစ္ရန္ပုံေငြ : ၇၁၀,၀၀၀(⬇️၂၉၀,၀၀၀)]

[ကိုယ္ပိုင္စည္းစိမ္ : ၄၈,၂၂၃.၅]

[ယခုရက္သတၱပတ္၏ အထူးတာဝန္ : လူစည္ကားေသာၿမိဳ႕ သို႔မဟုတ္ တကၠသိုလ္တစ္ခုအနီးတြင္ တည္႐ွိေသာ ဆိုင္ခန္းတစ္ခုအား ကုမၸဏီမွ ဖြင့္လွစ္ဖို႔လိုအပ္သည္ <ေအာင္ျမင္ၿပီး>]

[အထူးတာဝန္ေအာင္ျမင္မႈဆု : ေနာက္ဆုံး အလဲအထပ္ျပဳလုပ္ၿပီးေသာ ပမာဏထက္ ထပ္ေစာင္းအပို ၁၀ ရာခိုင္ႏႈန္း]

ၾကည့္ရသေလာက္ေတာ့ စနစ္က အ႐ႈံးေပၚေနဆဲ ျဖစ္ပါသည္။

သို႔ေသာ္လည္း သိပ္ၿပီး မၾကာေတာ့ပါ။

ယခင္ ေငြစာရင္း႐ွင္းခ်ိန္ကစလို႔ ေဖးခ်မ့္၏ အဓိကဝင္ေငြမ်ားက တေစၧစစ္သူႀကီးနဲ႔ သမုဒၵရာရဲတိုက္တို႔မွ ျဖစ္သည္။

ဝယ္ယူမႈ အခြင့္အေရး အသစ္မ်ားကို မဖန္တီးရေသးသျဖင့္ တေစၧစစ္သူႀကီး၏ ဝင္ေငြက စတင္ၿပီး ေလ်ာ့နည္းလာပါၿပီ။ သို႔ေသာ္လည္း အနည္းဆုံး ယြမ္တစ္သန္းေလာက္ကေတာ့ လစဥ္ဝင္ေနဆဲျဖစ္ၿပီး အျမတ္က ၆၀၀,၀၀၀ - ၇၀၀,၀၀၀ ေလာက္႐ွိေနဆဲျဖစ္သည္။

သမုဒၵရာရဲတိုက္ကေတာ့ အၿမဲတမ္းလိုလို ျမင့္တက္ေနသည့္ ကစားသမား အေရအတြက္ေၾကာင့္ ဆက္လက္ အက်ိဳးအျမတ္ရေနဆဲျဖစ္ကာ တစ္လတာ ဝင္ေငြကလည္း ျမင့္တက္ေနဆဲ ျဖစ္သည္။ ဝင္ေငြက အခုဆို ယြမ္ ၇သန္း နီးပါးေလာက္႐ွိေနၿပီး အျမတ္ကေတာ့ ယြမ္ ၃.၅သန္းေလာက္႐ွိပါသည္။

ဂိမ္းထဲတြင္ ဆန္းၾကယ္လက္နက္ အနီေရာင္ခ်ီလင္ တစ္လက္သာ ေရာင္းခ်ေသာ္လည္း ျပည္တြင္းေစ်းကြက္ထဲတြင္ FPS ကစားသမားမ်ားစြာ႐ွိေနေသာေၾကာင့္ျဖစ္သည္။

ေလာေလာဆယ္ သမုဒၵရာရဲတိုက္က ျပည္တြင္း FPS ဂိမ္းမ်ားကို ဦးေဆာင္ေနသူျဖစ္ကာ Counter Strike ကစားသမားမ်ားကို အစုလိုက္ အျပဳံလိုက္ ဆြဲေဆာင္ေနသည္။ ထန္းတာ့က ဆာဗာအသစ္မ်ားနဲ႔ bandwidth မ်ားကို ဆက္လက္တိုးခ်ဲ႕ေပးသျဖင့္ ကစားသမားမ်ား ပိုပိုဝင္ေရာက္လာၾကကာ ဂိမ္း၏ ဝင္ေငြက မက်သြား႐ုံတင္မကဘဲ ျမင့္တက္လာဦးမည့္ လကၡဏာပင္ ျပသေနပါသည္။

ဘာပဲျဖစ္ျဖစ္ FPS ဂိမ္းမ်ားက သက္တမ္း႐ွည္မႈေၾကာင့္ လူသိမ်ားၾကသည္။ ၂ လနဲ႔ လဝက္အတြင္း ထိုဂိမ္းႏွစ္ဂိမ္းက ေဖးခ်မ့္ကို အျမတ္ေငြ ၉ သန္းေလာက္ ႐ွာေပးႏိုင္ခဲ့သည္။ စဦးစနစ္ရန္ပုံေငြ ၁သန္းနဲ႔ ေပါင္းလိုက္ေသာအခါ စုစုေပါင္း ၁၀ သန္းေက်ာ္ေနပါၿပီ။

ထို႔အျပင္ လက္႐ွိ အကုန္အက်စရိတ္မ်ားကို တြက္ၾကည့္လိုက္ပါက သူ႕မွာ

ေဖးဟြမ္လုပ္ငန္းအတြက္ ၁ သန္း၊

ဂိမ္းဒီဇိုင္နာကိုဖန္တီးဖို႔အတြက္ ၃ သန္း၊

ဂိမ္းေၾကာ္ျငာဖို႔နဲ႔ စပြန္ဆာမ်ားအတြက္ သုံးလိုက္သည့္ေငြ ၃၀၀,၀၀၀၊

ယြီအင္တာနက္ကေဖးအတြက္ သုံးလတာ ဆိုင္ခန္းငွားခ အပါအဝင္ ၃.၅ သန္း၊

ကုမၸဏီ၏ လစဥ္ငွားခက ၄၀၀,၀၀၀ ေအာက္႐ွိၿပီဂ ဝန္ထမ္းလစာမ်ားက ယြမ္ ၂၀၀,၀၀၀ ေလာက္ ႐ွိသည္။ တျခားအေသးအဖြဲကုန္က်စရိတ္မ်ားနဲ႔ေပါင္းလိုက္ေသာအခါ ထိုက်န္က်စရိတ္မ်ားက ၂လခြဲအတြင္း ၂ သန္းဝန္းက်င္ေလာက္ ကုန္ခဲ့ပါသည္။

ကုန္က်စရိတ္အလုံးစုံကိုေပါင္းလိုက္ေသာအခါ ၉ သန္းနဲ႔ ၈၀၀,၀၀၀ ဝန္းက်င္ေလာက္႐ွိပါသည္။

အမွန္ပင္။ ေဖးခ်မ့္က ဂဏန္းအတိအက်မ်ားကို ဂ႐ုစိုက္စရာမလိုပါ။ ကုမၸဏီ၏ စာရင္းကိုင္မ်ားက ဒါေတြကို တာဝန္ယူပါလိမ့္မည္။ ေဖးခ်မ့္က စနစ္ရန္ပုံေငြထဲက ကိန္းဂဏန္းမ်ားကိုသာ ၾကည့္ဖို႔ လိုအပ္ၿပီး ပိုက္ဆံဘယ္လိုဆက္ျဖဳန္းတီးရမလဲဆိုတာကိုသာ ဆက္ၿပီး အစီအစဥ္ခ်ဖို႔ လိုအပ္ပါသည္။

အစကေတာ့ ကိန္းဂဏန္းမ်ားကို ေသခ်ာေလး ထိန္းခ်ဳပ္ထားႏိုင္ၿပီး စနစ္ရန္ပုံေငြကို ၈၀၀,၀၀၀ေအာက္ ေလ်ာ့က်ေအာင္ တြန္းပို႔ႏိုင္ခဲ့ပါသည္။

ဒီလ ေငြစာရင္းမ႐ွင္းခင္ အႀကီးအက်ယ္ျဖဳန္းတီးမႈႀကီး တစ္ခုေလာက္ထပ္လုပ္လိုက္ၿပီး သူ႕ဝန္ထမ္းအားလုံးကို ေဘာနပ္စ္မ်ားေပးကာ သူ႕အတြက္သူ ေ႐ွာ့ပင္ထြက္လိုက္ပါက စနစ္ရန္ပုံေငြကို ၁၀၀,၀၀၀ ဝန္းက်င္ေလာက္ထိ ေလ်ာ့သြားေအာာင္ ထိန္းခ်ဳပ္ႏိုင္ပါသည္။ ဒါဆို ေနာက္ထပ္ ေငြစာရင္း႐ွင္းသည့္အခါ သူ႕အိပ္ကပ္ထဲ ၈၀၀,၀၀၀ ေလာက္ ေဘးကင္းကင္းနဲ႔ ေရာက္လာမည့္သေဘာပင္။

သို႔ေသာ္လည္း လိုအပ္ခ်က္ေတာ့ ႐ွိေနပါသည္။ ဂိမ္းအသစ္၊ ဗီဒီယိုအတိုေလးမ်ားနဲ႔ အင္တာနက္ ကေဖးတို႔မွ ေငြဝင္လို႔ မျဖစ္ပါ။ သို႔မဟုတ္ အမ်ားႀကီး ေငြဝင္လို႔ မျဖစ္ပါ။ တစ္လကို ၃၀၀,၀၀၀ေလာက္ အ႐ႈံးေပၚေနေသာ အင္တာနက္ကေဖးကေတာ့ ေဖးခ်မ့္၏ လိုအပ္ခ်က္မ်ားကို ျပည့္မွီေစပါသည္။

သို႔ေသာ္လည္း ျပႆနာမ်ား ေပၚထြက္လာခဲ့သည္။

ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝကို အျပည့္အဝ မထုတ္လႊင့္ရေသးေသာ္လည္း ၎၏ ေရပန္းစားမႈကို ၾကည့္ျခင္းအားျဖင့္ အနည္းဆုံး ယြမ္ ၁ သန္းေလာက္ ဝင္ေငြရလာလိမ့္မည္။ အမွန္ပင္။ ေဖးခ်မ့္က ဒီေလာက္ႀကီး မလိုခ်င္ပါ။ သို႔ေသာ္လည္း အနည္းဆုံးေတာ့ နည္းနည္းေလာက္ယူရမည္။ မဟုတ္ပါက စနစ္က ခြင့္ျပဳမည္ မဟုတ္ပါ။

ဂိမ္းဒီဇိုင္နာ၏ ေရာင္းအားကလည္း အဆမတန္ ဆက္လက္ျမင့္တက္ေနဆဲျဖစ္သည္။ က်န္လဝက္အတြင္း အနည္းဆုံး ၂၀၀,၀၀၀ ေကာ္ပီေလာက္ ဆက္ေရာင္းရလိမ့္မည္။

အားလုံးကိုေပါင္းလိုက္ပါက ထိုပေရာဂ်က္ႏွစ္ခုမွ သူ႕ကို ၃ သန္းေလာက္ ႐ွာေပးပါလိမ့္မည္။

အင္တာနက္ကေဖးကေတာ့ ဆက္လက္အ႐ႈံးေပၚေနႏိုင္ပါသည္။ တျခား ဝင္ေငြနဲ႔ အျမတ္ရင္းျမစ္မ်ားအတြက္ မ်ားမ်ားစားစား သုံးစားလို႔မရပါ။

ေဖးခ်မ့္ အခုကစၿပီး ဘာမွ မလုပ္ပါက အေကာင္းဘက္က ၾကည့္ရင္ေတာ့ ေနာက္ဆုံး ၂ သန္း ၃သန္းေလာက္ ရႏိုင္ေသးသည္။

အဆိုးဘက္က ၾကည့္ရင္ေတာ့ ၅ သန္းေလာက္ထိနဲ႔ေတာင္ အဆုံးသတ္သြားႏိုင္ပါသည္။

အျမတ္ေငြက ၄ သန္းျဖစ္ၿပီး ေဖးခ်မ့္၏ ကိုယ္ပိုင္စည္းစိမ္ ၄၀,၀၀၀အျဖစ္ ေျပာင္းလဲခံရပါက ယခု သူက ၅၀,၀၀၀ေအာက္ နိမ့္က်ကာ စတင္ရသျဖင့္ မဆိုးလွပါ။ ဘာမွမဟုတ္တာထက္ေတာ့ ပိုေကာင္းပါေသးသည္။

သို႔ေသာ္လည္း အဓိကအခ်က္က ဘာနဲ႔ယွဥ္ၾကည့္ရမလဲဆိုတာပင္။

သူအ႐ႈံးေပၚလွ်င္ သူ႕ကိုယ္ပိုင္စည္းစိမ္ထဲသို႔ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ ေလာက္ အလြယ္ေလး ဝင္လာႏိုင္သည္။ ၁၀ ဆေလာက္ ကြာျခားေနပါသည္။

ေဖးခ်မ့္ စိတ္မေကာင္းျဖစ္စြာ သက္ျပင္းခ်လိုက္ပါသည္။ သူ ဘာမွ မလုပ္ႏိုင္ေတာ့ဘဲ ကံတရားကိုသာ အားကိုးရေတာ့မည္။

ကိန္းဂဏန္းအေရအတြက္မ်ားက ယခင္တုန္းကလို႔ပဲျဖစ္ေနပါက ေဖးခ်မ့္ ေသခ်ာေပါက္ ေနာက္ထပ္ေ႐ွာ့ပင္မ်ားထြက္ကာ ေဘာနပ္စ္မ်ားစြာ ေပးပစ္လိုက္လို႔ရသည္။

သို႔ေသာ္လည္း အခုလို အေျခအေနမ်ိဳးနဲ႔ ဆိုရင္ေတာ့...။

သူ တစ္ႀကိမ္ကို ေျခတစ္လွမ္းသာ လွမ္းႏိုင္ပါေတာ့သည္။

ေဖးခ်မ့္ အနည္းငယ္ စိတ္ဖိစီးကာ စိုးရိမ္ပူပန္ေနပါသည္။

(ငါ့မွာ ၃ ဆင့္ေလာက္႐ွိတဲ့ အာမခံအစီအစဥ္႐ွိတယ္မဟုတ္ဘူးလား)

(ဘာလို႔ ဒီလိုအဆုံးသတ္သြားရတာလဲ...)

အခန္း(၁၂၄) ဂိမ္း၏ အျပစ္အနာအဆာမ်ားကို ဆက္ခံျခင္း

ဧၿပီလ ၁၅ ရက္ေန႔ ေန႔လည္ခင္း...

ေဖးခ်မ့္က ႐ုံးခန္းထဲတြင္ အေတြးထဲနစ္ေျမာေနပါသည္။

မေန႔ညက ၈ နာရီတြင္ ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝ အတြဲ ၃ အား အိုင္လီကြၽန္း၌ သီးသန္႔ ထုတ္လႊင့္ျပသခဲ့သည္။ မေန႔ကစၿပီး အခုခ်ိန္ထိ အိုင္လီကြၽန္း၏ အဓိက စာမ်က္ႏွာ၏ အထင္႐ွားဆုံး ေနရာတြင္ ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝကို ပ႐ိုမိုး႐ွင္းဆင္းေပးေသာ ဧရာမ ေၾကာ္ျငာ banner ႀကီးတစ္ခု ႐ွိေနပါသည္။

ၾကည့္႐ႈသူမ်ားစြာက ဂုဏ္သတင္းေၾကာင့္ ဆြဲေဆာင္ခံရၿပီး ၎တို႔၏ မက္ေဆ့ခ်္မ်ားကို Bullet Screenမ်ားေပၚတြင္ ပို႔ၾကသည္။ ၁ မိနစ္ဝန္းက်င္သာ ႐ွိေသာ ဗီဒီယိုအတိုေလးက ပိုေတးတိုးဝက္ဘ္လို ေ႐ွးေဟာင္းဝက္ဘ္ဆိုက္မ်ားမွ ၾကည့္႐ႈသူမ်ားစြာ၏ bullet message မ်ားကို ဆြဲေဆာင္ႏိုင္ခဲ့သျဖင့္ အလြန္သက္ေရာက္မႈ႐ွိမွန္း သိသာပါသည္။ ထိုၾကည့္႐ွဒသူအားလုံးက ဒီ 'bullet screen' ဟုေခၚသည့္ တုန္႔ျပန္မႈနည္းလမ္းအသစ္၏ ထူးျခားခ်က္ကို ျမင္လိုက္ရပါသည္။

ေဖးခ်မ့္က ထုတ္လႊင့္ျပသမႈကို မၾကည့္ေသးဘဲ ဒုတိယေန႔အထိ ေစာင့္ေနေသးသည္။ ဒီေန႔မွ ဗီဒီယို၏ ၾကည့္႐ႈသူပမာဏကို ၾကည့္လိုက္ပါသည္။ ၆၀၀,၀၀၀ အထိေတာင္ ေရာက္ေနေလၿပီ။ ၾကည့္ရသေလာက္ေတာ့ ဒီဗီဒီယို၏ ေနာက္ဆုံးၾကည့္႐ႈသူအေရအတြက္မွာ ၁သန္းေလာက္အထိ ေရာက္ႏိုင္ပါသည္။

အားလုံးက အတည္ျပဳ ကလစ္မ်ား မျဖစ္ႏိုင္ေသာ္လည္း သူ ဘယ္ေလာက္ပဲ ေရတြက္ၾကည့္ပါေစ အနည္းဆုံးေတာ့ အိုင္လီကြၽန္း၏ ဒီဗီဒီယိုအတြက္ အျမတ္ေငြမွ ၂၀၀,၀၀၀ ေလာက္ ရႏိုင္ပါသည္။ ထို႔အျပင္ ဗီဒီယို၏ ေရပန္းစားမႈက ျမင့္တက္လာေလေလ ေနာက္ပိုင္းဗီဒီယိုမ်ားက အရင္ဗီဒီယိုမ်ားထက္ ၾကည့္႐ႈသူ ပိုမ်ားလာႏိုင္ေလေလ ျဖစ္သည္။

၁၀ ပိုင္းပါသည့္ စီးရီးတြဲအျပည့္အစုံတစ္ခုက စုစုေပါင္း ၂သန္းနဲ႔ ၃၀၀,၀၀၀ ေလာက္ ရႏိုင္ပါသည္။ ဆိုလိုရင္းက အိုင္လီကြၽန္းမွာ ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝ အတြဲ ၃ အား သီးသန္႔ထုတ္လႊင့္ျပသခြင့္ကို ဝယ္ယူဖို႔ ၂ သန္းေက်ာ္သုံးခဲ့သည္ဟူသည့္သေဘာပင္။

ထိုေစ်းႏႈန္းကို ျမင့္မားသည္ဟု သတ္မွတ္လို႔ မရေပ။ မူပိုင္ခြင့္ေၾကး သန္းဆယ္ခ်ီၿပီးေတာင္းႏိုင္ေသာ တျခား ေရပန္းစားသည့္ ဒရမ္မာ စီးရီးမ်ားနဲ႔ ရသစုံ႐ိႈးပြဲမ်ားနဲ႔ ယွဥ္လွ်င္ အမ်ားႀကီး မဟုတ္ပါ။

သို႔ေသာ္လည္း ေဖးခ်မ့္အတြက္ကေတာ့ သူခန္႔မွန္းထားသည့္ အဆိုး႐ြားဆုံး အေျခအေနထက္ေတာင္ ပိုဆိုးေနပါေသးသည္။ သူ စိတ္ဓာတ္ၿပိဳလဲသြားဖို႔ လုံေလာက္သည္။

ျပႆနာဆိုတာ ဘယ္ေတာ့မွ တစ္ခုတည္း ေရာက္မလာဘူးဆိုတာ ဒါကိုေျပာတာျဖစ္ႏိုင္သည္။

ထိုစဥ္ တံခါးေခါက္သံထြက္ေပၚလာသည္။ လက္ေထာက္႐ွင္း ျဖစ္ေန၏။ "ေဘာ့စ္ေဖး ဒါက အရင္တုန္းက ဆုံးျဖတ္ထားတဲ့ ကုမၸဏီ အက်ိဳးအျမတ္ ပုံစံသစ္ပါ။ ကြၽန္မ ေနာက္တစ္ႀကိမ္ေလာက္ ေဘာ့စ္ေဖးဆီက အတည္ျပဳခ်က္ယူဖို႔ လိုအပ္လို႔ပါ။ ျပႆနာမ႐ွိရင္ ကြၽန္မ အစီအစဥ္အတိုင္း ပို႔ေပးလိုက္ပါေတာ့မယ္။”

ေဖးခ်မ့္က ယူၿပီး ၾကည့္လိုက္ပါသည္။ ဒါက လြန္ခဲ့သည့္ တစ္လေလာက္ကမွ သတ္မွတ္လိုက္ေသာ ကုမၸဏီ၏ အက်ိဳးအျမတ္နဲ႔ အက်ိဳးခံစားခြင့္ ပုံစံျဖစ္ပါသည္။

သမုဒၵရာရဲတိုက္ ဖန္တီးမႈ ၿပီးဆုံးသြားေသာအခါ ေဖးခ်မ့္တစ္ေယာက္ ကုမၸဏီ၏ အက်ိဳးအျမတ္ပုံစံကို ေျပာင္းလဲဖို႔ အၾကံမ်ားစြာ ေပးခဲ့ပါသည္။ ဥပမာအားျဖင့္ လစာတိုးျမႇင့္ေပးျခင္း၊ ပေရာဂ်က္ေဘာနပ္စ္မ်ားေပးျခင္း၊ ေ႐ွာ့ပင္လက္ေဆာင္ကတ္မ်ား ခ်ီးျမႇင့္ျခင္းနဲ႔ အတင္းအၾကပ္သုံးစြဲရန္ သတ္မွတ္ထားေသာ ပမာဏ စသည္တို႔ ျဖစ္ပါသည္။

ထို႔အျပင္ ေဖးခ်မ့္က ဝန္ထမ္းမ်ား၏ ႐ုပ္ပိုင္းဆိုင္ရာစစ္ေဆးမႈဆိုသည့္ အက်ိဳးခံစားခြင့္ အသစ္တစ္ခုကိုလည္း ထပ္ေပါင္းထည့္လိုက္ေသးသည္။

အဆင့္ျမင့္သည့္ ႐ုပ္ပိုင္းဆိုင္ရာ စစ္ေဆးမႈကို ေ႐ြးခ်ယ္ထားသည္။ က်င္းက်ိဳးၿမိဳ႕ေတာ္က အေကာင္းဆုံး ေဆး႐ုံႀကီး AAAတြင္ စစ္ေဆးရမည္။ ဒီအဆင့္ျမင့္ ႐ုပ္ပိုင္းဆိုင္ရာ ေဆးစစ္ခ်က္က တစ္ေယာက္ကို ယြမ္ ၃,၂၀၀ ေလာက္ ကုန္လိမ့္မည္။

ထန္းတာ့၏ ေဖးဟြမ္လုပ္ငန္းႏွင့္ ယြီအင္တာနက္ကေဖးတို႔တြင္ စုစုေပါင္း ဝန္ထမ္း ၅၀ ေက်ာ္႐ွိသျဖင့္ စုစုေပါင္း ၁၆၀,၀၀၀ ယြမ္ ကုန္က်ပါလိမ့္မည္။

ဒီ့အျပင္ယခင္သာမန္ အက်ိဳးခံစားခြင့္ပုံစံမ်ားကိုလည္း ပုံမွန္အတိုင္း ဆက္လက္ထား႐ွိဆဲျဖစ္သည္။ ေ႐ွာ့ပင္လက္ေဆာင္ကတ္မ်ား၏ အကန္႔အသတ္ကို ၃,၀၀၀ အထိ တိုးျမႇင့္လိုက္ၿပီး ေငြျဖဳန္းႏိုင္ဖို႔ ဆင္ေျခအေနျဖင့္ တျခား အက်ိဳးခံစားခြင့္မ်ားကိုပါ ဖန္တီးလိုက္ပါသည္။ အားလုံး စုစုေပါင္း ၅၀၀,၀၀၀ ေလာက္ ျဖဳန္းႏိုင္လိမ့္မည္။

အစကေတာ့ ေဖးခ်မ့္၏ ေနာက္ဆုံးအေျခအေနမွာ အတစ္လတာအတြက္ အႏွစ္ခ်ဳပ္ အ႐ႈံးေပၚႏိုင္ေအာင္ ျဖစ္ပါသည္။ စနစ္ရန္ပုံေငြကို ၇၀၀,၀၀၀ေအာက္ ေလ်ာ့က်ေအာင္ သုံးပစ္ႏိုင္ၿပီး ဒီ ထပ္ေစာင္း ၅၀၀,၀၀၀ကိုပါ အသုံးျပဳႏိုင္ပါက မေကာင္းဘူးလား။

သို႔ေသာ္လည္း အခုေတာ့ အေျခအေနမ်ားက အနည္းငယ္ ခြက်ေနပါၿပီ။

ေဖးခ်မ့္၏ တြက္ခ်က္မႈအသစ္အရ ၅၀၀,၀၀၀ေလာက္ သုံးၿပီးတာေတာင္ စနစ္ရန္ပုံေငြက က်န္ေနဆဲ ျဖစ္သည္။

အျမတ္ေငြအလဲအထပ္အခ်ိဳးကို ၾကည့္ျခင္းအားျဖင့္ ဒီပိုက္ဆံပမာဏက ေဖးခ်မ့္၏ ကိုယ္ပိုင္စည္းစိမ္အျဖစ္ဆို ယြမ္ ၅,၀၀၀ ေလာက္သာ ရႏိုင္ပါသည္။

ေဖးခ်မ့္ ထပ္မစဥ္းစားေတာ့ဘဲ ေျပာလိုက္သည္။ "ဒီအတိုင္းပဲ လုပ္ၾကတာေပါ့။ စာ႐ြက္စာတမ္းေတြ အေသးစိတ္ၾကည့္ဖို႔ ထားခဲ့ေပးပါ။”

"ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး" လက္ေထာက္႐ွင္းက သူမ၏ မွတ္စုစာအုပ္ငယ္ေလးကို လွန္လိုက္ၿပီး ဒီေတြ႕ဆုံပြဲတြင္ ပါဝင္မႈမ်ားကို မွတ္တမ္းတင္လိုက္သည္။ "ေနာက္တစ္ခု ႐ွိပါေသးတယ္ ေဘာ့စ္ေဖး။ Amusement Times ရဲ႕ ဟူဆိုတဲ့ ဂ်ာနယ္လစ္တစ္ေယာက္က အင္တာဗ်ဴးတစ္ခု စီစဥ္ခ်င္လို႔ပါတဲ့။ ဒါ ဒီအပတ္မွာ ဖုန္းဆက္လာတဲ့ ၃ ေယာက္ေျမာက္ ဂ်ာနယ္လစ္ပါ။ အရင္လူေတြလိုပဲ ျငင္းလိုက္ရမလား။”

ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္သည္။ "အင္း ေက်းဇူးျပဳၿပီး ျငင္းလိုက္ပါ။ အေၾကာင္းျပခ်က္ကေတာ့ အရင္တိုင္းပဲ။ ဘယ္သူမွ ကြၽန္ေတာ့္ နာမည္အရင္းနဲ႔ သ႐ုပ္အမွန္ကို ေဖာ္ျပလို႔မရသလို ကြၽန္ေတာ္တို႔ လစာပမာဏနဲ႔ ကုမၸဏီအက်ိဳးခံစားခြင့္ပုံစံေတြကို သိသြားလို႔ မျဖစ္ဘူး။ ေက်းဇူးျပဳၿပီး အားလုံးကို ဒါေတြျပန္ေျပာေပးပါဦး။”

"ဟုတ္ကဲ့ပါ ေဘာ့စ္ေဖး" လက္ေထာက္႐ွင္းက လွည့္ထြက္သြားပါသည္။

အခုထိ ထန္းတာ့က ဂိမ္းမီဒီယာႏွင့္ ကစားသမားမ်ားအတြက္ ဆန္းၾကယ္သည့္ ကုမၸဏီတစ္ခု ျဖစ္ေနဆဲပင္။ ဒီကုမၸဏီ႐ွိတာကို လူမ်ားစြာက သိၾကပါသည္။ သို႔ေသာ္လည္း ေဘာ့စ္ ဘယ္သူလဲ၊ ကုမၸဏီ၏ အက်ိဳးခံစားခြင့္မ်ားက ဘယ္လိုမ်ိဳးလဲ၊ ကုမၸဏီထဲမွာ ဘာေတြျဖစ္ေနသလဲဆိုတာ ဘယ္သူမွ ဘာမွမသိၾကပါ။

ေဖးခ်မ့္ဘာေၾကာင့္ ဒီတိုင္း လွ်ိဳ႕ဝွက္ထားခ်င္ရသလဲဆိုတာေတာ့ အေၾကာင္းျပခ်က္ႏွစ္ခု႐ွိပါသည္။

တစ္ခုက ထန္းတာ့၏ အက်ိဳးခံစားခြင့္ပုံစံမ်ား ေပါက္ၾကားသြားပါက ထန္းတာ့၏ ဝန္ထမ္းမ်ား  လစာဘယ္ေလာက္ေတာင္ရသလဲ အားလုံး သိသြားၾကၿပီး က်င္းက်ိဳးၿမိဳ႕ေတာ္က ပါရမီ႐ွိသည့္ လူအားလုံး ႀကိဳးစားၿပီး ဝင္ေရာက္ဖို႔ ႀကိဳးစားရလိမ့္မည္။ ဒီအေၾကာင္းကို ၾကားၿပီးေသာအခါ တျခားၿမိဳ႕ေတာ္က လူမ်ားပင္ ေရာက္လာႏိုင္ပါသည္။

ထိုပါရမီ႐ွိသည့္လူမ်ာားစြာက ၎တို႔၏ ကိုယ္ပိုင္လစာမ်ားကို ေလွ်ာ့ဖို႔ပင္ ဆႏၵ႐ွိပါက ေဖးခ်မ့္ သူတို႔ကို ျငင္းဖို႔ ယုတၱိ႐ွိသည့္ အေၾကာင္းျပခ်က္မ်ားကို စဥ္းစားရမည္။ အေၾကာင္းျပခ်က္က ယုတၱိမ႐ွိလွ်င္ စနစ္က လက္ခံမွာ မဟုတ္ဘဲ ပါရမီ႐ွိသည့္ လူတခ်ိဳ႕ကို အတင္းခန္႔အပ္လိုက္ရပါလိမ့္မည္။

ေလာေလာဆယ္ ဘယ္သူ႕ကို အလုပ္ထုတ္ရမယ္မွန္းေတာင္ မသိေသးဘဲ လူေတြ ထပ္ေရာက္လာပါက ပိုဆိုးမသြားႏိုင္ဘူးလား။

ဒုတိယတစ္ခုက သူ႕သ႐ုပ္မွန္ကို သူ႕မိဘမ်ားအား ေဖးခ်မ့္ အသိေပးလို႔ မျဖစ္ေသးပါ။ သူတစ္ရက္ေလာက္ပဲျဖစ္ျဖစ္ ဆက္ၿပီး ဖုံးကြယ္ထားႏိုင္လွ်င္ ဖုံးကြယ္ထားပါဦးမည္။ ေဖးခ်မ့္က နာမည္လည္း မႀကီးခ်င္ပါ။ ဘာပဲျဖစ္ျဖစ္ နာမည္ေက်ာ္မ်ားက အၿမဲတမ္း အာ႐ုံစိုက္ခံရသည္။ သူသာ နာမည္ႀကီးၿပီး လူမ်ားစြာ၏ အာ႐ုံစိုက္မႈကို ခံရပါက သူ႕အတြက္ ကိစၥမ်ားက အဆင္မေျပ ျဖစ္လာႏိုင္ပါသည္။

စနစ္တြင္ စည္းကမ္းတစ္ခု႐ွိသည္။ ေဖးခ်မ့္က စနစ္၏ တည္႐ွိမႈကို ဘယ္သူ႕ကိုမဆို အရိပ္အႁမြက္ေလးေတာင္ ေပးသိလို႔ မျဖစ္ပါ။ ေဖးခ်မ့္ သူ႕ကိုယ္သူ မစြန္႔စားရဲပါ။

ထို႔ေၾကာင့္ ေဖးခ်မ့္တစ္ေယာက္ ဘယ္လို မီဒီယာ အင္တာဗ်ဴးကိုမွ လက္ခံမွာ မဟုတ္ပါ။

မီဒီယာမ်ားစြာက ထန္းတာ့၏ ဧည့္ႀကိဳေကာင္တာကို ဖုန္းဆက္ၿပီး အင္တာဗ်ဴးေတာင္းဆိုၾကသည္။ အားလုံးအျငင္းခံရပါသည္။ ထို႔အျပင္ ဒီတစ္ေခါက္လည္း ႁခြင္းခ်က္ျဖစ္မည္မဟုတ္ပါ။

ေဖးခ်မ့္က သူ႕ေ႐ွ႕က ၅၀၀,၀၀၀ တန္ အက်ိဳးခံစားခြင့္စာတမ္းကို ၾကည့္လိုက္ပါသည္။

"အရမ္းႀကီး မစဥ္းစားပါနဲ႔။ ဝန္ထမ္းေတြကို ကိုယ့္ပိုက္ဆံ ၅၀၀,၀၀၀ သုံးၿပီး အက်ိဳးခံစားခြင့္ေတြေပးတယ္လို႔ သတ္မွတ္လိုက္ပါ။”

"စဥ္းစားၾကည့္မွ ေတာ္ေတာ္မ်ားတဲ့ ပမာဏပဲ"

"ဟုတ္တယ္။ ငါက ေဘာ့စ္ေကာင္းတစ္ေယာက္ပဲ။”

သူ႕ဝန္ထမ္းမ်ားကို အက်ိဳးအျမတ္ ၅၀၀,၀၀၀ ေပးျခင္းက ကိုယ္ပိုင္စည္းစိမ္ထဲ ယြမ္ ၅၀၀,၀၀၀ ဝင္လာဖို႔ ျဖစ္ပါသည္။ ေဖးခ်မ့္က ဒီလိုမ်ိဳးလုပ္ႏိုင္ေသာလူ မဟုတ္ပါ။ ဘာပဲျဖစ္ျဖစ္ ဝန္ထမ္းမ်ားက သူ႕အတြက္ အားတက္သေရာ အလုပ္လုပ္ေပးေနၾကသည္။ ဟြမ္းစစ္ေပၚ၊ ေပါင္႐ႈနဲ႔ တျခားသူမ်ားက သူ႕အစီအစဥ္မ်ားကို ဆက္တိုက္ ဖ်က္လိုဖ်က္ဆီးလုပ္ခဲ့ေသာ္လည္း ထိုလူမ်ားက သူ႕အေပၚ သစၥာ႐ွိပါသည္။

ထို႔အျပင္ ဝန္ထမ္းမ်ား၏ အျမင္ကၾကည့္ရင္လည္း သူတို႔ ကုမၸဏီကို စိတ္အားထက္သန္စြာ အက်ိဳးျပဳေနျခင္း ျဖစ္သည္။

သို႔ေသာ္လည္း ေဖးခ်မ့္ဘက္ကၾကည့္ရင္ေတာ့ သူတို႔အားလုံးက အကူအညီမျဖစ္ဘဲ သူ႕အစီအစဥ္မ်ားကို ဖ်က္ဆီးေနၾကျခင္း ျဖစ္ပါသည္။

"ထားလိုက္ပါေတာ့ကြာ။ ငါကံကိုပဲ ပုံအပ္ရေတာ့မယ္။ အက်ိဳးခံစားခြင့္ပုံစံက ပုံမွန္အတိုင္းပဲ။ အရင္သေဘာတူထားတဲ့ ပုံစံေတြကိုလည္း ေပါင္းထည့္သြားမယ္။”

"ငါ့ညီအစ္ကိုေတြကို ညစ္ပတ္လို႔မျဖစ္ဘူး။ ဒီတ္စေခါက္ အ႐ႈံးမေပၚႏိုင္ခဲ့ဘူးဆိုေတာ့ ေနာက္တစ္ခ်ီက် ႀကိဳးစားတာေပါ့...။”

ေဖးခ်မ့္ အနည္းငယ္ ဝမ္းနည္းပါသည္။ သူ႕ရဲ႕ နာက်င္ရေသာ အေတြ႕အၾကဳံမ်ားကို ရင္ထဲတြင္ မွတ္သားထားလိုက္သည္။ သူ႕အေတြ႕အၾကဳံမ်ားကို ျပန္၍ တန္ျပန္ၿပီး ဒီအမွားမ်ားမွ သင္ယူမည္။ ဂိမ္းဒီဇိုင္နာ ဘာေၾကာင့္ ေအာင္ျမင္လာရသလဲဆိုတာကို ႐ွာေဖြေတာ့မည္။ ဂိမ္းဒီဇိုင္နာမွာ သူျပန္သုံးလို႔ရမည့္ အျပစ္အနာအဆာမ်ား ႐ွိမလား ျပန္႐ွာေဖြမည္။

ဂိမ္းကိုထုတ္လိုက္တာ ၂ ပတ္ေလာက္႐ွိၿပီ။ အင္တာနက္ေပၚတြင္ ကစားသမားမ်ားစြာနဲ႔ ပေရာ္ဖက္႐ွင္နယ္ ဂိမ္းေဝဖန္ေရးသမားမ်ားက ဒီဂိမ္းအား ေလးေလးနက္နက္ ဆန္းစစ္မႈမ်ား လုပ္ေနၾကသည္။

ဒီတစ္ေခါက္ ေဖးခ်မ့္က ဒီဇိုင္းအဖြဲ႕ကို ၎တို႔၏ အေတြ႕အၾကဳံမ်ားအား အႏွစ္ခ်ဳပ္ တင္ျပဖို႔ မေတာင္းဆိုေတာ့ပါ။ အြန္လိုင္းေပၚက ေဆြးေႏြးမႈတခ်ိဳ႕ကိုသာ ၾကည့္လိုက္ဖို႔လိုသည္။ သူဘယ္ေနရာမွာ က်႐ႈံးသြားသလဲဆိုတာကို အၾကမ္းဖ်င္းသိႏိုင္သည္။

ပထမဆုံး ပိုၿပီး အဆင့္ျမင့္သည့္ ဂိမ္းမီဒီယာဆိုက္မ်ားကို ၾကည့္လိုက္ပါသည္။

"ဂိမ္းဒီဇိုင္နာက အရမ္းေအာင္ျမင္တဲ့ အျပန္အလွန္အက်ိဳးသက္ေရာက္မႈ ဇာတ္ေၾကာင္းရသတစ္ခုပဲ။ ျပည္တြင္းဂိမ္းဇာတ္ေၾကာင္းျပနည္းလမ္းေတြကို လုံးဝ သိမ္းပိုက္သြားတယ္။”

"ဒီဂိမ္းထဲမွာ ကစားသမားက ဂိမ္းဒီဇိုင္နာျဖစ္လာၿပီး ပန္းတိုင္က အတားအဆီးအားလုံးကို ေက်ာ္လြန္ၿပီး ဂိမ္းတစ္ခု ဖန္တီးဖို႔ အသင့္ေတာ္ဆုံးနည္းလမ္းကို ေ႐ြးခ်ယ္ရမွာ။ ကစားသမားက စူပါစတား ဂိမ္းဒီဇိုင္နာ တစ္ေယာက္ျဖစ္လာမလား။ ေဒဝါလီခံသြားရမလားဆိုတာကေတာ့ ကစားသမားရဲ႕ လက္ထဲမွာပဲ။”

"ဒီဂိမ္းရဲ႕ ေအာင္ပန္းက ကစားသမားေတြကို ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ေတြကို ၾကဳံေတြ႕ေစၿပီး ပဋိပကၡျဖစ္ရတဲ့ ခံစားခ်က္ကို ခံစားရေစတာပဲ။ ဒါက လက္ေတြ႕ဘဝမွာ ဂိမ္းဒီဇိုင္နာေတြ ခံစားရတာနဲ႔ ကြက္တိပဲ။"

"ဒါေပမယ့္ ဒီတစ္ခုတည္းေၾကာင့္သာဆိုရင္ ဂိမ္းကို ေျပာင္ေျမာက္တဲ့ ဂိမ္းဆိုတာထက္ ဂိမ္းေကာင္းတစ္ခုဆို႐ုံေလာက္ပဲ သတ္မွတ္လို႔ရမွာေပါ့။ တျခား simulation ဂိမ္းေတြနဲ႔ ယွဥ္လိုက္ရင္ သူ႕ရဲ႕လက္ရာေျမာက္တဲ့ ပန္းခ်ီစတိုင္ေၾကာင့္မဟုတ္ရင္ ထင္႐ွားလာမွာမဟုတ္ဘူး။”

"ဒီဂိမ္းကို ဂႏၲဝင္လက္ရာျဖစ္သြားေစတဲ့ အရာက ကစားသမားနဲ႔အတူ ဂိမ္းထဲမွာ ႐ွိေနေပးတဲ့ ေနာက္ခံစကားေျပာပဲ။ ဒါက ဒီဂိမ္းအတြက္ အဓိက ေအာင္ခ်က္ပဲ"

"အခုမွ စကစားတဲ့ ကစားသမားကေတာ့ ေနာက္ခံစကားေျပာက စိတ္႐ႈပ္ဖို႔ေကာင္းတယ္ထင္ၿပီး ေလွာင္ေျပာင္မႈေတြေၾကာင့္ ေဒါသထြက္ႏိုင္တယ္။ ဒါေပမယ့္ အခ်ိန္ယူ စဥ္းစားၿပီးတဲ့အခါမွေတာ့ ေနာက္ခံစကားေျပာေၾကာင့္ပဲ ဂိမ္းက စိတ္ဝင္စားဖို႔ေကာင္းေနတာျဖစ္မွန္း သိလိုက္ရမယ္။”

"ေနာက္ခံစကားေျပာကို ဂိမ္းဒီဇိုင္နာေတြစိတ္ထဲက ေလာဘလို႔ သတ္မွတ္လို႔ရတယ္။။ ဒါမွမဟုတ္ အၾကံေပါင္းစုံေပးတဲ့ လူေတြေပါ့။ အေၾကာင္းအရာ ဖန္တီးသူတစ္ေယာက္အတြက္ ခက္ခဲမႈဆိုတာ အိုင္ဒီယာ႐ွာဖို႔မဟုတ္ဘဲ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈေတြကို ေ႐ြးခ်ယ္ရတာပါပဲ။ အေၾကာင္းအရာ ဖန္တီးသူေတြက ကိုယ့္စံႏႈန္းကို ထိန္းသိမ္းၿပီး ေဝဖန္မႈေတြ၊ အကူအညီမျဖစ္တဲ့ ေျပာဆိုမႈေတြ ႐ွိေနရင္ေတာင္ ကိုယ့္ရဲ႕ စိတ္အားထက္သန္မႈကို မေမ့ရဘူး။ အဲ့တာဆို အဆုံးသတ္မွာ ေအာင္ျမင္မႈကို ရႏိုင္လိမ့္မယ္။”

"အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ ဒီဂိမ္းက အေၾကာင္းအရာႂကြယ္ဝတဲ့ ဂိမ္းတစ္ခုပဲ။ နက္႐ိႈင္းတဲ့ စိတ္ခံစားခ်က္တစ္ခုကို ခ်န္ခဲ့ေပးၿပီး ဆန္းသစ္တဲ့ ဂိမ္းကစားနည္းလည္းပါတယ္။ တျခားဂိမ္းေတြနဲ႔ ျခားနားတာေပါ့။ ဂိမ္းဒီဇိုင္နာေတြ ရင္ဆိုင္ရတဲ့အခက္အခဲေတြကို ငါတို႔ကို ျပသလိုက္႐ုံတင္မကေသးဘူး၊ ေျဗာင္းဆန္ေနတဲ့ ဂိမ္းေစ်းကြက္ရဲ႕ ေနာက္ကြယ္က အေၾကာင္းအရင္းေတြကိုပါ ေဖာ္ျပသြားတယ္။ ဒီဂိမ္းက အေၾကာင္းအရာ ဖန္တီးသူေတြအားလုံးကို ကိုယ့္ရဲ႕စိတ္အားထက္သန္မႈကို မေမ့ေလ်ာ့ဘဲ ေ႐ွ႕ဆက္တိုးဖို႔ အားေပးေနတာပဲ။”

Rating : 9.0

နိဂုံး : ဂိမ္းေလာကတစ္ခုလုံးကို ေဝဖန္ဖို႔ အေမွာင္ဟာသေတြ အသုံးျပဳသြားတယ္။ ကစားသမားေတြကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္တဲ့ ရသမ်ိဳး ေပးစြမ္းတယ္။

ေကာင္းကြက္မ်ား : အေမွာင္ဟာသမ်ားပါဝင္ျခင္း၊ လူေတြကို ထပ္ၿပီး ကစားေစခ်င္ေသာ ဇာတ္သိမ္းမ်ားစြာ ပါဝင္ျခင္း၊ အလြန္ေတာ္သည့္ ေနာက္ခံစကားေျပာ ပါဝင္ျခင္း၊
ဂိမ္းေလာကကို အလင္းေဆာင္ၿပီး ေလးေလးနက္နက္ ေတြးေခၚတတ္ေအာင္ သင္ေပးျခင္း၊

ဆိုးကြက္မ်ား : တစ္ခါတစ္ေလ ဂိမ္းက ကစားသမားေတြကို တမင္သက္သက္ ကန္႔သတ္ေလ့႐ွိတယ္။ ဒါေပမယ့္ ဒါကလည္း ဂိမ္းကစားနည္းရဲ႕ က႑တစ္ခုပါပဲ။

繼續閱讀

You'll Also Like

14.1K 1.4K 13
ဦးက ကျွန်တော့်ကို မုန်းတဲ့ အမုန်းတွေနဲ့ လှောင်ပိတ်နေသလို ဖြစ်နေတာ...။ ကျွန်တော်ကို လှောင်ပိတ်ထားသလိုနဲ့ တကယ်တမ်းတော့ ကျွန်တော့်ပျံသန်းမှု ဟန်ချက်မပ...
148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021
234K 13.5K 75
Jeon Jungkook | Kim Taehyung