သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-117/118

198 16 0
By Miracle_Phyu97

ဖေးချမ့် 117+118

အခန်း(၁၁၇) ရီဗျူးတွေကို ဘယ်လိုတန်ပြန်ရမလဲ

ဧပြီလ သုံးရက်နေ့။

ထန်းတာ့နက်ခ်ဝေါ့နည်းပညာ ကုမ္ပဏီလိမိတက်...။

ပေါင်ရှု၊ လုမင်လျန်နှင့် တခြား ဝန်ထမ်းအားလုံးက ဂိမ်းဒီဇိုင်နာကို အနီးကပ် စောင့်ကြည့်နေကြပါသည်။ ကုမ္ပဏီထဲက အခြေအနေများက အလွန်တင်းမာနေပါသည်။ အားလုံးက စိတ်ညစ်နေကြသည့်ပုံပင်။ သုံးရက်ကြာတာတောင် ဘယ်ရှုထောင့်ကမဆို ဂိမ်းဒီဇိုင်နာက တာထွက်ဆိုးရွားနေပါသည်။

ဂိမ်း၏ စဦးကြော်ငြာများက ကောင်းမွန်သော သက်ရောက်မှု မရှိရုံတင်မကဘဲ ကစားသမားများစွာကို ဂိမ်းမကစားဖို့ တားမြစ်နေသလိုတောင် ဖြစ်နေပါသည်။ ဂိမ်းကို ပထမဆုံးအကြိမ် ကစားဖူးသည့် ကစားသမားများကလည်း ရီဗျူးကောင်းကောင်းများ မပေးကြပါ။ ရီဗျူးများက စုံလင်နေပါသည်။

ဂိမ်းဒီဇိုင်နာက တခြားဂိမ်းများနှင့် ခြားနားပါသည်။ တစ္ဆေစစ်သူကြီးနှင့် သမုဒ္ဒရာရဲတိုက်တို့က ကုမ္ပဏီအတွက် နာမည်ကောင်းကို ယူဆောင်ပေးခဲ့သည်။ ထို့ကြောင့် ကစားသမားများစွာက ဂိမ်းဒီဇိုင်နာထွက်မည့်နေ့ကို မျှော်လင့်နေခဲ့ကြပါသည်။

သို့သော်လည်း ကောမန့်အကန့်ကို ကြည့်ပြီးသောအခါ ကစားသမားများက ဂိမ်းကို သိပ်ပြီး ဘဝင်မကျမှန်း မြင်နိုင်ပါသည်။ ဂိမ်းကို ကစားပြီးသောအခါ အများစုက ဂိမ်းကို မကောင်းသည့် ရီဗျူးပေးကာ စွန့်ပစ်ကြပါသည်။

"ဒါ ဘာကြီးလဲဟ၊ ပျော်ဖို့လည်း မကောင်းဘူး။ ဒါက သမုဒ္ဒရာရဲတိုက်လုပ်တဲ့လူတွေပဲလုပ်တာ ဟုတ်ရဲ့လား။ ဘာလို့ အရည်အသွေးက သိသိသာသာကြီး လျော့ကျသွားရတာလဲ။”

"ဒီဂိမ်းမှာ ဆွဲဆောင်မှုဆိုလို့ရုပ်ထွက်ကောင်းတာပဲရှိတယ်။ ဂိမ်းမုဒ်ကလည်း တစ်ခုပဲရှိပြီး ပျင်းဖို့ကောင်းတယ်။ နောက်ခံစကားပြောဆို တော်တော်ဆိုး။ ငါတို့တွေကို တမင်သက်သက် ရွံအောင် လုပ်တာလား။”

"ငါအလိမ်ခံလိုက်ရသလိုပဲ။ ဒါ ငါ့အကြိုက် မဟုတ်ဘူးဟ။”

"ငါ ဒီဂိမ်းကို နားမလည်တော့ဘူး။ မူလတန်းကလေးလေး လုပ်ထားတဲ့ ဂိမ်းကျနေတာပဲ။”

"ဒီဇိုင်းအဖွဲ့က ယုံကြည်မှု လွန်ကဲနေတာလား။ ဒါမှမဟုတ် ကစားသမားတွေက မခြိမ်းခြောက်သေးလို့လား။ သမုဒ္ဒရာရဲတိုက်က အောင်မြင်သွားတာနဲ့ပဲ ကစားသမားတွေက သူတို့ထုတ်လုပ်သမျှကို ကစားမယ်လို့များ ထင်သွားတာလား။"

ကျန်ကောမန့်များကလည်း အထက်ကကောမန့်များနှင့် ဆင်တူနေပါသည်။

ကစားသမားများ ဒေါသအထွက်ဆုံးက ဂိမ်း၏ စဦး အတွေ့အကြုံပဲဖြစ်သည်။ ကစားသမား အနည်းငယ်သာ ဂိမ်းကို သည်းခံကစားနိုင်ပြီး ၎င်း၏ နက်နဲသော ရည်ရွယ်ချက်များကို နားလည်နိုင်ပါသည်။ ထို့ကြောင့် ဂိမ်းဒီဇိုင်နာ၏ ရီဗျူးများက စုံလင်နေသည်။ ကစားသမားများစွာက ကြယ် ၁ ပွင့် သို့မဟုတ် ၅ ပွင့်အထိ ပေးကြသည်။

လုမင်လျန် ပခုံးပေါ် ဝန်တော်တော်ပိနေပါပြီ။ ဟွမ်းစစ်ပေါ်ရဲ့ အစီစဥ်ဆွဲသူချုပ်ရာထူးကို လွှဲပြောင်းယူပြီး ပထမဆုံး ပရောဂျက်မှာတင် သူပြဿနာရှာမိပြီလား။ သူ့လက်အောက်ငယ်သားမျာားနဲ့ ဘော့စ်ကို ရှင်းပြနိုင်မှာ မဟုတ်တော့ပါ။

သူ ပေါင်ရှုကို မသိမသာ ကြည့်လိုက်မိပါသည်။ သို့သော်လည်း ပေါင်ရှု၏ မျက်နှာထားက သူ့ကို ပို၍ပင် စိတ်ညစ်သွားစေပါသည်။ ပေါင်ရှု၏ မျက််နှာက  'ငါမင်းကို ပြောသားပဲ' ဟူသော မျက်နှာထားမျိုးပင်။ လုမင်လျန် ပေါင်ရှုကို စကားပြောခဲ့တုန်းက ဒီဂိမ်းအတွက် ဖြစ်နိုင်ချေ ရလဒ်က နှစ်ခုသာရှိသည်ဟု ပြောခဲ့သည်။

ဂန္တဝင်လက်ရာတစ်ခု ဖြစ်လာရင်ဖြစ်လာ၊ ဖြစ်မလာပါက အဖတ်ဆယ်မရအောင် ကျရှုံးလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ဒီဂိမ်းက ခေတ်လွန်နေသောကြောင့်ဖြစ်ပါသည်။ ဂိမ်း၏ အကြောင်းအရာက ရှေ့ဆောင်လွန်းကာ ၎င်း၏ ရည်ရွယ်ချက်များကလည်း လေးလေးနက်နက် ဖုံးကွယ်နေသည်။ သာမန်ကစားသမားများကတော့ ဂိမ်း၏ နောက်ကွယ်က တကယ့် ရည်ရွယ်ချက်များကို နားမလည်နိုင်ခင်မှာပင် သည်းခံမှုကို ကျော်လွန်သွားကြပါသည်။

လုမင်ျန် ပေါင်ရှု၏ မျက်နှာထားကို မြင်သောအခါ ပို၍ပင် စိတ်ညစ်သွားပါသည်။ "ညီအစ်ကိုပေါင် အခုလက်ရှိအခြေအနေကို ကြည့်ရသလောက် ငါတို့ဘာလုပ်ကြမလဲ။” လုမင်လျန်တစ်ယောက် ယုံကြည်ချက် လုံးဝ မရှိတော့ပါ။

ပေါင်ရှုက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "စောင့်ကြည့်ရအောင်။ ဘော့စ်ဖေးလည်း ဒီလိုအခြေအနေမျိုးကို ခန့်မှန်းထားပြီးသားပဲ။ ငါတို့ အခု လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အားလုံးကို ဘုရားသခင်လက်ထဲပဲ ပုံအပ်ထားဖို့ ရှိတယ်။ ဒါသာ အလုပ်မဖြစ်ဘူးဆိုရင် အကျိုးဆက်တွေကို ဘော့စ်ဖေးနဲ့ အတူတူ ရင်ဆိုင်ရမှာပေါ့။”

...

...

ချောင်းလျန်တစ်ယောက် သူလုပ်ထားသည့် ဗီဒီယိုကို အစမှအဆုံးအထိ ပြန်ကြည့်ပြီးသွားပါပြီ။ သူကျေနပ်ပါသည်။

ဒီဗီဒီယိုက သူနှင့် သက်ဆိုင်လွန်းလှဿည်။ ထို့အပြင် ဂိမ်းအကြောင်းအရာကလည်း အလွန်ကြွယ်ဝ၏။ ထို့ကြောင့် ချောင်းလျန်တွင် အားတက်စရာများစွာရှိပြီး ဗီဒီယိုကို ဖန်တီးခဲ့သည်။ အိပ်ပင် မအိပ်တော့ဘဲ ဗီဒီယိုကို သုံးရက်အတွင်း ပြီးအောင်လုပ်ကာ အကြိမ်ကြိမ် တည်းဖြတ်ပြီး ပြီးပြည့်စုံအောင် လုပ်ခဲ့ပါသည်။

ဒီအပိုင်းက 'နတ်ဘုရားအဆင့်ထုတ်ကုန်များ' ဟူသော ခေါင်းစီးအတွက် ပထမဆုံးအပိုင်း ဖြစ်လိမ့်မည်။ ဒီစီးရီးအလွန်ရေပန်းစားလာလိမ့်မည်ဟု ချောင်းလျန် ခံစားနေမိပါသည်။ အမှိုက်ဂိမ်းဝေဖန်ခြင်းထက်ပင် ပိုရေပန်းစားလာနိုင်သည်။

သို့သော်လည်း ဗီဒီယိုကို မထုတ်ခင် ချောင်းလျန်မှာ ဖြေရှင်းစရာ ပြဿနာတစ်ခု ရှိနေပါသေးသည်။

ဒါကတော့... အရင်ဗီဒီယိုအတွက် ဘယ်လိုရှင်းပြချက်ပေးရမလဲ။

ဂိမ်းဒီဇိုင်နာနဲ့ပတ်သတ်သည့် ဗီဒီယိုနှစ်ခုကို ဆက်တိုက်တင်ခဲ့သည်။ လူတွေက သံသယဖြစ်လိမ့်မည်။ ယခင်ဗီဒီယိုအတွက်တော့ သူ ကော်မရှင်ခ ရခဲ့ပါသည်။ သို့သော်လည်း ဒုတိယဗီဒီယိုက ဂိမ်းအပေါ် သူ့အထင်အမြင် အစစ်အမှန်များကို ပြသပြီး အလွန်အဓိပ္ပာယ်ရှိပါသည်။

ပြဿနာက သူ့ပရိတ်သတ်များ သူ့ကိုယုံပါဦးမလားဆိုတာပင်။

ချောင်းလျန် ဦးနှောက်စားပြီး ပြဿနာကိုရှင်းဖို့အဖြေရှာသည်။

ဒီပြဿနာကို မဖြေရှင်းပါက ဒုတိိယဗီဒီယိုကို ထုတ်လုပ်လိုက်လည်း ဘာမှ ထူးလာမှာ မဟုတ်ပေ။ ကစားသမားအများစုက ဗီဒီယို၏ အကြောင်းအရာကို မသိဘဲနဲ့တောင် သူ့ကို ဆိုးဆိုးရွားရွား ဝေဖန်ကြလိမ့်မည်။ ဒီပြဿနာကို သေသေချာချာ ဖြေရှင်းနိုင်ပါက အရင်ဗီဒီယိုအတွက်တောင် နာမည်ကို ပြန်အဖတ်ဆယ်နိုင်ပါသည်။ ဒီလိုဆို နာမည်ကော အကျိုးအမြတ်ပါ သူ ရပါလိမ့်မည်။ ဒါဆို မကောင်းဘူးလား။

ရီဗျူးတွေကို ဘယ်လိုတန်ပြန်ပစ်ရမလဲ။

ချောင်းလျန်ကြိုးစားပန်းစား စဥ်းစားသည်။ ရုတ်တရက်ဆိုသလို သူ့ပေါင်သူထောင်းလိုက်မိ၏။ နောက်ဆုံးတော့ ပြောင်မြောက်သည့် အစီအစဥ်တစ်ခုကို စဥ်းစားမိသွားပါသည်။ ယခင် ဗီဒီယိုကို ဧပြီဖူးနေ့မှာ တင်ခဲ့သည်။ အချိန်ကိုက်ပင်။

ပိုတေးတိုးဝက်ဘ်က သူ့ရဲ့ အဓိကစစ်မြေပြင် ဖြစ်၏။ ထိုပလက်ဖောင်းတွင် သူ့ရှင်းလင်းချက်ကို ကြားချင်နေသော အမာခံပရိတ်သတ်များစွာ ရှိလောက်သည်။ နေရာကလည်း ကိုက်ညီသည်။

ထို့အပြင် ဗီဒီယိုကို တင်ခဲ့တာ သူတစ်ယောက်တည်း မဟုတ်ပါ။ တခြား အကြောင်းအရာ ဖန်တီးသူများစွာလည်း တင်ခဲ့ပါသည်။ ၎င်းတို့၏ ဇာတ်ညွှန်းများက တစ်ထေရာတည်း တူနေကြသည်။ လူတွေကလည်း အကိုက်ပင်။

အချိန်ကိုက်၊ နေရာကိုက်နှင့် လူပါကိုက်ညီသည်။ ယခု ဖြေစရာ မေးခွန်းတစ်ခုသာ ကျန်တော့သည်။ ထန်းတာ့ရဲ့ ဘော့စ်ဖေးက ဘာကြောင့် အများကြီး အားထုတ်ခဲ့ရသည့် အရာတစ်ခုကို ဒီလို မကျေနပ်စရာ ရလဒ်မျိုး ရလာအောင် လုပ်မှာလဲ။

အကြာကြီးစဥ်းစားပြီးနောက် ချောင်းလျန်သည် နောက်ဆုံးတော့ ဖြစ်နိုင်ခြေကို စဥ်းစားမိပါပြီ။ ကြီးမားသော ဧပြီဖူး လုပ်ရပ်ကြီးအဖြစ် သတ်မှတ်နိုင်သည်။

၎င်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လုပ်ဆောင်မှုများက ခေတ်မှီသည်။ သေသေချာချာ စီစဥ်ထားပြီး လုပ်ဆောင်သူများကိုယ်တိုင် တင်ပြသော ဖြစ်ရပ်များဖြစ်ကာ လူတွေနှင့် ဆက်သွယ်ခြင်းဖြင့် ထိုလုပ်ဆောင်ချက်များက အဆုံးသတ်ရလဒ်တစ်ခုကို ရလာစေမည်။

ဒီဖြစ်ရပ်နဲ့ လုံးဝ တိုက်ဆိုင်နေပါသည်။

အကြောင်းအရာ ဖန်တီးသူအားလုံးက ၎င်းတို့၏ ဗီဒီယိုအားလုံးကို ဘော့စ်ဖေး ပေးထားသည့် ဇာတ်ညွှန်းအတိုင်းပဲ ဖန်တီးခဲ့သည်။ ဗီဒီယိုကို တင်ပြီးသွားသောအခါ ၎င်းတို့၏ ပရိတ်သတ်များ ထိခိုက်မှု များပြားခဲ့သည်။ ဗီဒီယိုကလည်း လုံးဝ မအောင်မြင်သော မားကတ်တင်းဗျူဟာ ဖြစ်လာခဲ့၏။ ဒီဖြစ်ရပ်တွင် ဘော့စ်ဖေးကော တခြား တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ အားလုံးကောက လုပ်ဆောင်သူများ ဖြစ်၏။

လုပ်ဆောင်ချက်က သက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့ကြသည်။

ယခုသူစဥ်းစားကြည့်လိုက်မှ အားလုံး အဓိပ္ပာယ်ရှိလာပါသည်။ ၎င်းတို့၏ ယခင်တုန်းက အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်များက ပိုပြီး ကျိုးကြောင်းသင့်လာသည်။ သို့သော်လည်း ဒါက အယူအဆသက်သက်သာ ဖြစ်သည်။

ချောင်းလျန်  သက်သေ ပိုလိုအပ်ပါသေးသည်။

သူ့အတွေးများကို အတည်ပြုဖို့ ချောင်းလျန် ပိုတေးတိုးဝက်ဘ်ကို ဖွင့်လိုက်ကာ ကောမန့်များစွာနဲ့ သီးသန့်မက်ဆေ့ချ်များစွာကို လျစ်လျူရှုလိုက်ပြီး သက်သေများကို စတင်ရှာဖွေ၏။ သုံးရက်ဆက်တိုက် ဝေဖန်မှုများနဲ့ ဖြစ်ရပ်များစွာ ဖြစ်ပျက်ပြီးသောအခါ 'ချောင်း'စကားလုံးများ သို့မဟုတ် 'ချောင်းလော်ဂျီ' ဟူသော Meme တစ်ခုက ရေပန်းစားလာသည်။ ထို့အပြင် လူများစွာက ဗီဒီယိုများ တင်ခဲ့ကြပြီး ဒေါသအထွက်ပြိုင်သော ပြိုင်ပွဲများပင် ပြုလုပ်လာကြပါသည်။

သူတို့က တရုတ်နဲ့ အင်္ဂလိပ်စကားအရောများ ပြောကြပြီး 'wow' 'awesome' ဟူသော စကားလုံးများကို ထည့်သွင်းအသုံးပြုကြသည်။ Filler များနဲ့ အသံထွက်စကားလုံးများပင် ပါလာကြပါသည်။

အားလုံး meme များ ဖြစ်လာသည်။

ချောင်းလော်ဂျီဖြစ်ရပ်က အထူးသဖြင့် ဒစ်ဂျစ်တယ်ချန်နယ်များ၏ unboxing ဗီဒီယိုများတွင် ပိုတွေ့ရများသည်။ တစ်ဖက်မှာတော့ ဂိမ်းဒီဇိုင်နာအတွက်ဆိုး ရွားသော ရလဒ်များဖြစ်ပြီးနောက် တစ်ဖက်မှာတော့ ချောင်းလော်ဂျီ ရေပန်းစားလာမှုနဲ့ အင်တာနက်သုံးစွဲသူများ၏ မြူးထူးပျော်ရွှင်မှုများ ဖြစ်သည်။

ချောင်းလျန်၏ လက်များက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။

ငါထင်တဲ့အတိုင်းပဲ။ ငါခန့်မှန်းတာမှန်တယ်ကွ။

တကယ်ပဲ ကြီးမားတဲ့ ဧပြီဖူးလုပ်ရပ်ကြီးပဲ။ ပြီးတော့ တော်တော် အောင်မြင်သွားတယ်။

ဘော့စ်ဖေး ကျွန်တော်ခန့်မှန်းတာမှန်သွားပြီဗျ။

ဗီဒီယိုအယ်ဒီတာကို အမြန်ဖွင့်လိုက်ပြီး ဗီဒီယိုအပြည့်အစုံ၏ နောက်ဆုံးတွင် ချက်ချင်း အပိုင်းလေး တစ်ပိုင်းကို ထည့်လိုက်ပါသည်။

ပြီးသွားသောအခါ နောက်ဆုံးတော့ ချောင်းလျန် ဗီဒီယိုကို အားရသွားပြီး တင်လိုက်ပါတော့သည်။

"ဟုတ်တယ်။ အခုဗီဒီယိုကပဲ 'နတ်ဘုရားအဆင့်ထုတ်ကုန်' ဆိုတဲ့ ခေါင်းစီး နဲ့ကိုက်ညီနိုင်လိမ့်မယ်။"

ချောင်းလျန်က လောလောဆယ် သူ့လုပ်ငန်းအတွက် အကြီးမားဆုံး ကပ်ဘေးကြီးကို ရင်ဆိုင်နေရသော်လည်း အမွှေးတိုင် သုံးပုံတစ်ပုံလောက် လောင်ကျွမ်းသွားသောအခါ သို့မဟုတ် နာရီအနည်းငယ်လောက်ကြာသောအခါ အင်တာနက်ပေါ်က သူ့ဂုဏ်သတင်းများ အကြီးအကျယ် ပြောင်းလဲသွားပါလိမ့်မည်။

အခန်း(၁၁၈) ဒါဟန်ဆောင်လုပ်ရပ်ပဲ

ထိုနေ့ည ၈ နာရီထိုးသောအခါ စီးရီး အသစ်စက်စက်တစ်ခုနှင့် ဗီဒီယိုအသစ်စက်စက်တစ်ခုက စစ်ဆေးမှုကို အောင်မြင်သွားပါသည်။ 'နတ်ဘုရားအဆင့်ထုတ်ကုန်များ' စီးရီးအသစ်၏ ပထမဆုံးအပိုင်းက 'ဂိမ်းဒီဇိုင်နာနဲ့ ကြီးမားတဲ့ ဟန်ဆောင်လုပ်ရပ်ကြီး'။

ဆရာချောင်း၏ ပရိတ်သတ်များ ကြောင်သွားကြသည်။ ဘာတွေဖြစ်နေတာလဲ။ သူသေချင်ယောင် ဆောင်နေတာမဟုတ်ဘူးလား။ ၃ ရက်လောက် သေချင်ယောင်ဆောင်ပြီးမှ သူ့ကိုစောင့်ကြည့်နေကြတဲ့ လူတွေကိုဂရုမစိုက်ဘဲ ပြန်လာပြီလား။ ပြီးတော့လည်း အဲ့ဒီဂိမ်းအတွက်ပဲ စပွန်ဆာဗီဒီယိုလား။ သူပြဿနာရှာဖို့ ကြိုးစားနေတာပဲ။

မကြာသေးခင်မှ 'ချောင်းလော်ဂျီ'မှာ ဗီဒီယိုဝက်ဘ်ဆိုက်များစွာတွင်နာမည်ကြီးလာခဲ့ပါသည်။ တခြား အကြောင်းအရာ ဖန်တီးသူများကပါ ထိုကဲ့သို့ ဗီဒီယိုများကို တင်ခဲ့ကြသော်လည်း ဆရာချောင်းက ပထမဆုံးဖြစ်သည်။ ထို့ကြောင့် ထိုဗီဒီယိုများအတွက် တာဝန်အရှိဆုံးဖြစ်လာခဲ့ပါသည်။

လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် ထင်ထားသည့်အတိုင်း ကောမန့်အကန့်က ထို meme ကို တင်နေကြသည့် ပို့စ်များဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

သူက...ဘာမှဆုံးရှုံးစရာမရှိတော့လို့ အဆုံးထိလုပ်တော့မှာလား။

သူ့နာမည်ကိုပြန်ရဖို့ နည်းလမ်းမရှိတော့လို့ နာမည်ဆိုးနဲ့ ကျော်ကြားအောင်လုပ်နေတာလား။ 'ချောင်းလော်ဂျီ' ရေပန်းစားနေတာကို အခွင့်ကောင်းယူပြီဂ အမြတ်ထုတ်ချင်လို့လား။

ဆရာချောင်း၏ လက်ရှိအခြေအနေများကို စဥ်းစားကြည့်ခြင်းအားဖြင့် သူ့ပရိတ်သတ်များ ဒီလိုမတွေးဖို့ ခက်သည်။ အင်တာနက်ပေါ်က လူများက ဗီဒီယိုကို စိတ်ပူပန်နေသော သို့မဟုတ် စိတ်ဖိစီးနေသော ခံစားချက်များဖြင့် ဖွင့်လိုက်ရင်း သူ့ကို ဆော်ဖို့  အသင့်ဖြစ်နေကြပါသည်။ တချို့စောင့်ကြည့်သူများကလည်း ဗြောင်းဆန်သည့် အခြေအနေများကြားထဲ ရောက်လာကြပါသည်။

သို့သော်လည်း ဗီဒီယိုထဲက ဆရာချောင်း၏ ပထမဆုံး စကားကြောင့် သူတို့ ပါးစပ်ပိတ်သွားကြရသည်။

"ဟေး အားလုံးပဲ ငါ မင်းတို့အားလုံးရဲ့ ဆရာချောင်း ဖြစ်နေတုန်းပါပဲ။ အားလုံး ဘာပြောချင်ကြမလဲဆိုတာကို နားလည်ပါတယ်။ မင်းတို့တွေ ငါ့ကို မဆော်ခင် အရေးကြီးတာတစ်ခုကို ကြေညာစရာရှိတယ်။”

"လွန်ခဲ့တဲ့ ၃ ရက်တုန်းက ဧပြီဖူးနေ့မှာ ငါတို့ ဟန်ဆောင်လုပ်ရပ်တစ်ခုကို ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ကြပြီး အတော်လေး အောင်မြင်သွားခဲ့တယ်။ ဒါပေမယ့် ဒီလုပ်ရပ်စမ်းသပ်ချက်ရဲ့ ရလဒ်တွေကတော့ တကယ်ဝမ်းနည်းဖို့ကောင်းတယ်။”

"ဟုတ်တယ်။ ဒီဟန်ဆောင်လုပ်ရပ်ရဲ့ အဓိကရည်ရွယ်ချက်က... ဒစ်ဂျစ်တယ်ခေတ်မှာ ဘယ်လို အကြောင်းအရာက ပိုပြီး အလွယ်တကူ ရေပန်းစားလာမလဲ။ ရည်ရွယ်ချက်ရှိရှိ ရူးသွပ်အောင် ရိုက်ထားတဲ့ ဗီဒီယိုအတိုတွေလား။ ဒါမှမဟုတ် အကြောင်းအရာတွေနဲ့ ပြည့်ဝနေပြီး သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ အရည်အသွေးမြင့်ဂိမ်းတစ်ခုကလား။”

"ငါတို့စမ်းသပ်ပြီးတဲ့နောက်မှာတော့ တော်တော်လေး စိတ်ဓာတ်ကျစရာရလဒ်ကို လာကြေညာပေးတာပါ။”

"အရှေ့ကတစ်ခုက အနိုင်ရသွားတယ်။”

လူများစွာက သူ့ကို ဆဲဆိုချင်ကြသော်လည်း အဖွင့်စကားကြောင့် စကားလုံးများ ပြန်မျိုသိပ်လိုက်ရပါသည်။ ဇဝေဇဝါဖြစ်မှုသာ ကျန်ခဲ့တော့သည်။

ဘာ။ ဟန်ဆောင်လုပ်ရပ်ဟုတ်လား။ ဘယ်ရှိုးမှာ ဟန်ဆောင်နေတာလဲ။

သူတို့ ဇဝေဇဝါဖြစ်နေသော ခံစားချက်များဖြင့် ဆက်ကြည့်လိုက်ကြပါသည်။

ဆရာချောင်းက ဗီဒီယိုထဲက သရုပ်ဆောင်မှုကို ဆက်ပြောသည်။ သူပါဝင်ခဲ့သည့် ဟန်ဆောင်လုပ်ရပ်ကြီး၏ အဓိကရည်ရွယ်ချက်နဲ့၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အကြောင်းအရာများကို ရှင်းပြခဲ့ပါသည်။ သူပြောပုံအရဆို ဒီဟန်ဆောင်လုပ်ရပ်က ဆရာချောင်းမှ အစပြုခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်ကတော့ တကယ်ပဲ နက်ရှိုင်းသည့် ဆိုလိုရင်းကို ရှာဖွေဖို့ ဖြစ်သည်။

ဒစ်ဂျစ်တယ်ခေတ်တွင် လူများက အချက်အလက်များစွာကို တွေ့ရှိကြသည်။ ဒီခေတ်က အချက်အလက် ပေါများလွန်းခြင်းနှင့် အချက်အလက် ရှားပါးခြင်းတို့ အတူတကွ တည်ရှိနေသော ခေတ်မျိုးဖြစ်သည်။

အချက်အလက်များ ပေါများလွန်းခြင်းဆိုသည်မှာ လူတိုင်း နေ့စဥ် အွန်လိုင်းပေါ်က တွေ့နေရသော အချက်အလက် ပမာဏများစွာကို ဆိုလိုသည်။ မြို့ငယ်လေးတစ်မြို့ ထောင့်တစ်နေရာက အရေးမပါသည့် ပြဿနာလေးတစ်ခုကိုတောင် ဘာကြောင့်မှန်းမသိဘဲ ညတွင်းချင်း နာမည်ကြီးသွားအောင် လုပ်နိုင်သည်။ နောက်တစ်နေ့ရောက်တော့ နိုင်ငံတော်ထဲကလူအားလုံး ထိုပြဿနာအကြောင်း သိသွားနိုင်သည်။

အချက်အလက် ရှားပါးခြင်းဆိုတာကတော့ တန်ဖိုးရှိပြီး အဓိပ္ပာယ်နက်နဲသည့် အချက်အလက်များကို ထိုကဲ့သို့ အဓိပ္ပာယ်မဲ့၊ အပျော်သက်သက်၊ တန်ဖိုးမရှိသော အချက်အလက်များက ဖုံးလွှမ်းသွားခြင်းကို ဆိုလိုသည်။

ထို့ကြောင့် ဒီလိုဟန်ဆောင်လုပ်ရပ်ကြီးက နှိုင်းယှဥ်ပြသပေးနိုင်ခဲ့၏။

ဆရာချောင်းနဲ့ တခြား အကြောင်းအရာ ဖန်တီးသူများစွာက ၎င်းတို့၏ သက်ဆိုင်ရာ ဗီဒီယိုများကို တင်လိုက်ကြသည်။ ထိုဗီဒီယိုများ၏ အကြောင်းအရာက ရိုးရှင်းပြီး ၎င်းတို့ကို ဖားယားဖို့ လွန်ကျူးပြီး ချဲ့ကားထားသော လေသံနဲ့ စကားလုံးများကို အသုံးပြုဖို့ ဖြစ်သည်။ အားလုံး၏ ဗီဒီယိုများက အတော်လေး ဆင်တူနေပြီး ဇာတ်ညွှန်းတစ်ခုတည်းကိုသာ အသုံးပြုထားသည်။

ပရိတ်သတ်၏ အာရုံစိုက်မှုကို ရဖို့အတွက် ဗီဒီယိုက တတ်စွမ်းနိုင်သမျှ စွမ်းဆောင်ခဲ့သည်။ ဥပမာအားဖြင့် တရုတ်နဲ့ အင်္ဂလိပ်စကားလုံးများကို စကားထဲထည့်ပြောကာ အကြောင်းအရာနဲ့ မသက်ဆိုင်သော အပိုစကားလုံးများ ပြောဆိုခြင်းဖြင့် ၎င်းတို့၏ စိတ်ကို ဆွပေးသည်။

ဗီဒီယိုကိုက အဓိပ္ပာယ်မဲ့ပြီး ရည်ရွယ်ချက်မဲ့သည်။ သို့သော်လည်း ယူပီမာစတာများစွာက ဗီဒီယိုကို ဆက်တိုက်တင်ကြပြီး ဗီဒီယိုဖောင်းပွလာကာ စိတ်ဝင်စားစရာ အကြောင်းအရာကြောင့် အင်တာနက်သုံးစွဲသူများကလည်း အလိုက်သင့် ပါဝင်လာခဲ့ကြသည်။ ထို့ကြောင့် အင်တာနက်ပေါ်မှာ ရေပန်းစားလာခြင်း ဖြစ်ပါသည်။

ချောင်းလော်ဂျီ ပေါ်ပေါက်လာခြင်းက သက်သေပင်။

ရည်ရွယ်ချက်ရှိရှိပေါအောင်လုပ်ထားသော ဗီဒီယိုက ရေပန်းစားလာခဲ့ပြီး ရေပန်းစားသော meme ဖြစ်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် တော်တော့်ကို ပေါပြီး လူများစွာက ရေပန်းစားမှုနောက် လိုက်ပါခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ဒီခေတ်မှာ ဘာကြောင့်မှန်း မသိဘဲ ရေပန်းစားလာသည်ဟု ထင်ရသည့် ဖြစ်ရပ်များစွာကို နောက်ကွယ်မှာ တစ်စုံတစ်ယောက်က သေချာ စီစဥ်အကွက်ချထားခြင်းသာ ဖြစ်နေပါသည်။

တစ်ဖက်မှာတော့ ထန်းတာ့၏ ဂိမ်းဒီဇိုင်နာက ရေပန်းမစားသည့် လက်ရာတစ်ခု ဖြစ်လာသည်။ တကယ် နက်ရှိုင်းပြီး ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ပိုင်ဆိုင်ထားကာ ကစားသမားများ နားလည်ဖို့အတွက်ဆို စိတ်ရှည်ဖို့ လိုအပ်ပါသည်။ ဒီလောက၏ လက်ရှိအခြေအနေကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး ဒီလောကထဲက ဗြောင်းဆန်မှုများကို လှောင်ပြောင်လိုက်ခြင်း ဖြစ်ပါသည်။ ၎င်း၏ နောက်ခံစကားပြော၊ ရုပ်ထွက်စတိုင်နဲ့ ဂိမ်းမုဒ်များအားလုံးကို ဖန်တီးနိုင်စွမ်းနဲ့ စစ်မှန်မှုများဖြင့် ဖြည့်သွင်းထားသည်။

သို့သော်လည်း အခုတော့ ဒီလို အကြောင်းအရာ ကြွယ်ဝသည့် ဂိမ်း၏ အခြေအနေက ဘယ်လိုဖြစ်နေသနည်း။

ရီဗျူးများက စုံလင်နေသည်။ ကစားသမားများက ဂိမ်းကို နားမလည်ကြပါ။ ကစားသမားအများစုက ဂိမ်းကစားပြီး ငါးမိနစ်ကြာသောအခါ ထွက်လိုက်ကြပြီး ထပ်ပြီးတော့ပင် မကစားကြတော့ပါ။

ဗီဒီယိုအတိုများနဲ့ ဂိမ်းအကြားက နှိုင်းယှဥ်မှုက ဒီဟန်ဆောင်လုပ်ရပ်ကြီး၏ အဓိကအချက် ဖြစ်ပါသည်။ ကြည့်ရှုသူများစွာက ဒီနေရာထိကြည့်လာပြီးသောအခါ ကြက်သေ သေကုန်ကြပါသည်။ ဒီလိုဖြစ်ခဲ့တာလား။ စဥ်းစားကြည့်မှဖြစ်နိုင်တယ် ထင်တယ်။

ဘယ်လိုဂိမ်းကုမ္ပဏီက ဂိမ်းကို ဒီလောက်ထိ တမင်သက်သက် ရွံဖို့ကောင်းအောင် အကြောင်းအရာ ဖန်တီးသူတွေကို ကြော်ငြာခိုင်းရလောက်အောင် တုံးအမှာလဲ။ အဲ့တာဆို ကုမ္ပဏီရဲ့သိက္ခာနဲ့ သူ့ထုတ်ကုန်ရဲ့သိက္ခာကိုကော ကျဆင်းမသွားစေဘူးလား။

ဆရာချောင်းက အကျင့်သိပ်မကောင်းသော်လည်း သူ ယခင်က ဖန်တီးဖူးသော ဗီဒီယိုများကို ကြည့်ခြင်းအားဖြင့် ဗီဒီယိုများအပေါ် သူ့ရင်ဘတ်ကြီးတစ်ခုလုံး မြှုပ်နှံထားမှန်း သိနိုင်သည်။ ဘာလို့ သူက ဒီလိုအပေါစားဆန်တဲ့ နည်းလမ်းတွေကို စပွန်ဆာအတွက် အသုံးပြုမှာလဲ။

ဒီဟန်ဆောင်လုပ်ရပ်က သူ့ဂုဏ်သိက္ခာနဲ့မကိုက်ညီတာမျိုးမဟုတ်ဘဲ သူ့ဉာဏ်နဲ့ မကိုက်ညီတာမျိုး ဖြစ်နေပါသည်။

ထို့အပြင် ဆရာချောင်းတစ်ယောက်ပဲ ထူးခြားတာ မဟုတ်ပါ။ တခြား အကြောင်းအရာ ဖန်တီးသူတွေလည်း အများကြီး ရှိနေပါသည်။ ၎င်းတို့အားလုံးကလည်း တူညီသည့် ဇာတ်ညွှန်းများကို သုံးကြပါသည်။ ဒါဆိုရင်ကော ဘယ်လိုရှင်းပြနိုင်မှာလဲ။ မဟုတ်မှလွဲရော အဲ့ဒီ အကြောင်းအရာ ဖန်တီးသူတွေက သူ့ကိုချဥ်းကပ်ပြီး ဆရာချောင်းရဲ့ ဇာတ်ညွှန်းတွေကို သူတို့အတွက်နဲ့ သူတို့ ကော်ပီခိုးလိုက်ကြတာလား။

မဖြစ်နိုင်ပါ။

ဖြစ်နိုင်သည့် တစ်ခုတည်းသော ရှင်းလင်းချက်က သူတို့ကို ထန်းတာ့က တူညီသည့် ဇာတ်ညွှန်းကို ပေးခဲ့ခြင်းပင်။ ဘာကြောင့် အကြီးစား အလုပ်ရှင်တစ်ယောက်က ပိုက်ဆံပေးထားရတဲ့ အကြောင်းအရာ ဖန်တီးသူအားလုံးကို ဇာတ်ညွှန်းတစ်ခုတည်း သုံးစေချင်မှာလဲ။ ထို့အပြင် ဇာတ်ညွှန်းကိုလည်း ဆိုးဆိုးရွားရွား ရေးထားသေးသည်။

သို့သော်လည်း ထန်းတာ့က တကယ့်ကို ရူးသွပ်သော ကြော်ငြာနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပါသည်။ အကြောင်းအရာ ဖန်တီးသူအားလုံးကို ဇာတ်ညွှန်းအတိုင်း ဖတ်ခိုင်းပြီး ကြော်ငြာသက်ရောက်မှုကို လုံးဝ ပြောင်းပြန်လှန်မိတော့မလိုပင်။ ဒါက အတော်လေး အဓိပ္ပာယ်မဲ့ပါသည်။

အခုစဥ်းစားကြည့်မှ ဆရာချောင်း၏ ဆင်ခြေကသာ ဖြစ်နိုင်ချေရှိသော တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်သည်။

တကယ်ပဲ ကြီးမားသည့် ဟန်ဆောင်လုပ်ရပ်ကြီး ဖြစ်ပါသည်။ နောက်ဆက်တွဲ ဖြစ်လာသည့် ဖြစ်ရပ်များကလည်း အခုချိန်ထိ ကိုက်ညီမှုရှိနေသည်။ "ချောင်းလော်ဂျီ" က ရေပန်းစားလာပြီး ဂိမ်းဒီဇိုင်နာကတော့ တိမ်မြုပ်နေခဲ့ပါသည်။

အဲ့တာ သက်သေပဲ မဟုတ်လား။ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ အဓိပ္ပာယ် အစစ်အမှန်များပါသည့် အနုပညာလက်ရာများကို အချိန်ကုန်စေသော အမှိုက်သရိုက် အချက်အလက်များက ဖုံးကွယ်ထားကြသည်။

သူတို့ ပိုပြီး နားထောင်ကြည့်လေလေ ပိုပြီး ဖြစ်နိုင်ချေရှိလာလေလေ ဖြစ်သည်။ သူတို့ ဗီဒီယိုကို ဆက်ကြည့်လိုက်ကြပြီး ဗီဒီယို၏ အဓိက အကြောင်းအရာက ဂိမ်းဒီဇိုင်နာဘက်ကို လှည့်သွားပါသည်။ ဒါက ဆရာချောင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ စီးရီးက နာမည်က 'နတ်ဘုရားအဆင့် ထုတ်ကုန်များ' ဖြစ်၏။ အမှိုက်ဂိမ်းဝေဖန်ခြင်းနဲ့ တစ်လတာအကောင်းဆုံး ဂိမ်းအသစ်များ ခေါင်းစီးတို့နဲ့ လုံးဝ ခြားနားနေပါသည်။

ဆရာချောင်းက ဂိမ်းဒီဇိုင်နာကို ဂန္တဝင်လက်ရာဟု ခေါ်သင့်သည့် အကြောင်းအရင်းများကို  ဆန်းစစ်ပြသည်။

"ကစားသမားအများစုက ဂိမ်းတစ်ခုကို ဂန္တဝင်လက်ရာလို့ခေါ်ဖို့ဆိုရင် အဲ့ဒီဂိမ်းရဲ့ ရုပ်ထွက်ကို ကြည့်တယ်။ ဂိမ်းမုဒ်တွေကို ကြည့်တယ်၊ ဇာတ်လမ်းဇာတ်ကွက်ကို ကြည့်တယ်။ ကွန်ထရိုးကို ကြည့်တယ်။ ကစားရတာ လွယ်ကူမှုရှိ မရှိ ကြည့်တယ်။ ပြီးတော့ ရှိပါသေးတယ်။”

"ဒါပေမယ့် အဲ့တာတွေက သာမန်လက်ရာတွေနဲ့ ကောင်းမွန်တဲ့ လက်ရာတွေဆိုတာကိုပဲ ကွဲပြားစေတယ်။ အဲ့တာတွေက ဂန္တဝင်လက်ရာဆိုတာနဲ့ ဘာမှမသက်ဆိုင်ဘူး။”

"ဂန္တဝင်လက်ရာဆိုတာ ဂိမ်းလောကအတွက် သက်ရောက်မှုကြီးကြီးမားမားရှိစေတဲ့အရာဖြစ်ရမယ်။ အဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေရမယ်။ ဆွေးနွေးမှုတွေနဲ့ ဝေဖန်စမ်းသပ်မှုတွေကို တောင့်ခံနိုင်ရမယ်။ ငါတို့တွေရဲ့ စိတ်ဝိညာဥ်နဲ့ ဆက်နွယ်နိုင်ရမယ်။”

"ဂိမ်းဒီဇိုင်နာက အဲ့လိုဖော်ပြချက်တွေနဲ့ ကိုက်ညီတဲ့ ဂန္တဝင်လက်ရာတစ်ခုပဲ။”

Zawgyi

ေဖးခ်မ့္ 117+118

အခန္း(၁၁၇) ရီဗ်ဴးေတြကို ဘယ္လိုတန္ျပန္ရမလဲ

ဧၿပီလ သုံးရက္ေန႔။

ထန္းတာ့နက္ခ္ေဝါ့နည္းပညာ ကုမၸဏီလိမိတက္...။

ေပါင္႐ႈ၊ လုမင္လ်န္ႏွင့္ တျခား ဝန္ထမ္းအားလုံးက ဂိမ္းဒီဇိုင္နာကို အနီးကပ္ ေစာင့္ၾကည့္ေနၾကပါသည္။ ကုမၸဏီထဲက အေျခအေနမ်ားက အလြန္တင္းမာေနပါသည္။ အားလုံးက စိတ္ညစ္ေနၾကသည့္ပုံပင္။ သုံးရက္ၾကာတာေတာင္ ဘယ္႐ႈေထာင့္ကမဆို ဂိမ္းဒီဇိုင္နာက တာထြက္ဆိုး႐ြားေနပါသည္။

ဂိမ္း၏ စဦးေၾကာ္ျငာမ်ားက ေကာင္းမြန္ေသာ သက္ေရာက္မႈ မ႐ွိ႐ုံတင္မကဘဲ ကစားသမားမ်ားစြာကို ဂိမ္းမကစားဖို႔ တားျမစ္ေနသလိုေတာင္ ျဖစ္ေနပါသည္။ ဂိမ္းကို ပထမဆုံးအႀကိမ္ ကစားဖူးသည့္ ကစားသမားမ်ားကလည္း ရီဗ်ဴးေကာင္းေကာင္းမ်ား မေပးၾကပါ။ ရီဗ်ဴးမ်ားက စုံလင္ေနပါသည္။

ဂိမ္းဒီဇိုင္နာက တျခားဂိမ္းမ်ားႏွင့္ ျခားနားပါသည္။ တေစၧစစ္သူႀကီးႏွင့္ သမုဒၵရာရဲတိုက္တို႔က ကုမၸဏီအတြက္ နာမည္ေကာင္းကို ယူေဆာင္ေပးခဲ့သည္။ ထို႔ေၾကာင့္ ကစားသမားမ်ားစြာက ဂိမ္းဒီဇိုင္နာထြက္မည့္ေန႔ကို ေမွ်ာ္လင့္ေနခဲ့ၾကပါသည္။

သို႔ေသာ္လည္း ေကာမန္႔အကန္႔ကို ၾကည့္ၿပီးေသာအခါ ကစားသမားမ်ားက ဂိမ္းကို သိပ္ၿပီး ဘဝင္မက်မွန္း ျမင္ႏိုင္ပါသည္။ ဂိမ္းကို ကစားၿပီးေသာအခါ အမ်ားစုက ဂိမ္းကို မေကာင္းသည့္ ရီဗ်ဴးေပးကာ စြန္႔ပစ္ၾကပါသည္။

"ဒါ ဘာႀကီးလဲဟ၊ ေပ်ာ္ဖို႔လည္း မေကာင္းဘူး။ ဒါက သမုဒၵရာရဲတိုက္လုပ္တဲ့လူေတြပဲလုပ္တာ ဟုတ္ရဲ႕လား။ ဘာလို႔ အရည္အေသြးက သိသိသာသာႀကီး ေလ်ာ့က်သြားရတာလဲ။”

"ဒီဂိမ္းမွာ ဆြဲေဆာင္မႈဆိုလို႔႐ုပ္ထြက္ေကာင္းတာပဲ႐ွိတယ္။ ဂိမ္းမုဒ္ကလည္း တစ္ခုပဲ႐ွိၿပီး ပ်င္းဖို႔ေကာင္းတယ္။ ေနာက္ခံစကားေျပာဆို ေတာ္ေတာ္ဆိုး။ ငါတို႔ေတြကို တမင္သက္သက္ ႐ြံေအာင္ လုပ္တာလား။”

"ငါအလိမ္ခံလိုက္ရသလိုပဲ။ ဒါ ငါ့အႀကိဳက္ မဟုတ္ဘူးဟ။”

"ငါ ဒီဂိမ္းကို နားမလည္ေတာ့ဘူး။ မူလတန္းကေလးေလး လုပ္ထားတဲ့ ဂိမ္းက်ေနတာပဲ။”

"ဒီဇိုင္းအဖြဲ႕က ယုံၾကည္မႈ လြန္ကဲေနတာလား။ ဒါမွမဟုတ္ ကစားသမားေတြက မၿခိမ္းေျခာက္ေသးလို႔လား။ သမုဒၵရာရဲတိုက္က ေအာင္ျမင္သြားတာနဲ႔ပဲ ကစားသမားေတြက သူတို႔ထုတ္လုပ္သမွ်ကို ကစားမယ္လို႔မ်ား ထင္သြားတာလား။"

က်န္ေကာမန္႔မ်ားကလည္း အထက္ကေကာမန္႔မ်ားႏွင့္ ဆင္တူေနပါသည္။

ကစားသမားမ်ား ေဒါသအထြက္ဆုံးက ဂိမ္း၏ စဦး အေတြ႕အၾကဳံပဲျဖစ္သည္။ ကစားသမား အနည္းငယ္သာ ဂိမ္းကို သည္းခံကစားႏိုင္ၿပီး ၎၏ နက္နဲေသာ ရည္႐ြယ္ခ်က္မ်ားကို နားလည္ႏိုင္ပါသည္။ ထို႔ေၾကာင့္ ဂိမ္းဒီဇိုင္နာ၏ ရီဗ်ဴးမ်ားက စုံလင္ေနသည္။ ကစားသမားမ်ားစြာက ၾကယ္ ၁ ပြင့္ သို႔မဟုတ္ ၅ ပြင့္အထိ ေပးၾကသည္။

လုမင္လ်န္ ပခုံးေပၚ ဝန္ေတာ္ေတာ္ပိေနပါၿပီ။ ဟြမ္းစစ္ေပၚရဲ႕ အစီစဥ္ဆြဲသူခ်ဳပ္ရာထူးကို လႊဲေျပာင္းယူၿပီး ပထမဆုံး ပေရာဂ်က္မွာတင္ သူျပႆနာ႐ွာမိၿပီလား။ သူ႕လက္ေအာက္ငယ္သားမ်ာားနဲ႔ ေဘာ့စ္ကို ႐ွင္းျပႏိုင္မွာ မဟုတ္ေတာ့ပါ။

သူ ေပါင္႐ႈကို မသိမသာ ၾကည့္လိုက္မိပါသည္။ သို႔ေသာ္လည္း ေပါင္႐ႈ၏ မ်က္ႏွာထားက သူ႕ကို ပို၍ပင္ စိတ္ညစ္သြားေစပါသည္။ ေပါင္႐ႈ၏ မ်က္္ႏွာက  'ငါမင္းကို ေျပာသားပဲ' ဟူေသာ မ်က္ႏွာထားမ်ိဳးပင္။ လုမင္လ်န္ ေပါင္႐ႈကို စကားေျပာခဲ့တုန္းက ဒီဂိမ္းအတြက္ ျဖစ္ႏိုင္ေခ် ရလဒ္က ႏွစ္ခုသာ႐ွိသည္ဟု ေျပာခဲ့သည္။

ဂႏၲဝင္လက္ရာတစ္ခု ျဖစ္လာရင္ျဖစ္လာ၊ ျဖစ္မလာပါက အဖတ္ဆယ္မရေအာင္ က်႐ႈံးလိမ့္မည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ဒီဂိမ္းက ေခတ္လြန္ေနေသာေၾကာင့္ျဖစ္ပါသည္။ ဂိမ္း၏ အေၾကာင္းအရာက ေ႐ွ႕ေဆာင္လြန္းကာ ၎၏ ရည္႐ြယ္ခ်က္မ်ားကလည္း ေလးေလးနက္နက္ ဖုံးကြယ္ေနသည္။ သာမန္ကစားသမားမ်ားကေတာ့ ဂိမ္း၏ ေနာက္ကြယ္က တကယ့္ ရည္႐ြယ္ခ်က္မ်ားကို နားမလည္ႏိုင္ခင္မွာပင္ သည္းခံမႈကို ေက်ာ္လြန္သြားၾကပါသည္။

လုမင်္န္ ေပါင္႐ႈ၏ မ်က္ႏွာထားကို ျမင္ေသာအခါ ပို၍ပင္ စိတ္ညစ္သြားပါသည္။ "ညီအစ္ကိုေပါင္ အခုလက္႐ွိအေျခအေနကို ၾကည့္ရသေလာက္ ငါတို႔ဘာလုပ္ၾကမလဲ။” လုမင္လ်န္တစ္ေယာက္ ယုံၾကည္ခ်က္ လုံးဝ မ႐ွိေတာ့ပါ။

ေပါင္႐ႈက သက္ျပင္းခ်လိုက္ၿပီး ေျပာလိုက္သည္။ "ေစာင့္ၾကည့္ရေအာင္။ ေဘာ့စ္ေဖးလည္း ဒီလိုအေျခအေနမ်ိဳးကို ခန္႔မွန္းထားၿပီးသားပဲ။ ငါတို႔ အခု လုပ္ႏိုင္တဲ့ တစ္ခုတည္းေသာအရာက အားလုံးကို ဘုရားသခင္လက္ထဲပဲ ပုံအပ္ထားဖို႔ ႐ွိတယ္။ ဒါသာ အလုပ္မျဖစ္ဘူးဆိုရင္ အက်ိဳးဆက္ေတြကို ေဘာ့စ္ေဖးနဲ႔ အတူတူ ရင္ဆိုင္ရမွာေပါ့။”

...

...

ေခ်ာင္းလ်န္တစ္ေယာက္ သူလုပ္ထားသည့္ ဗီဒီယိုကို အစမွအဆုံးအထိ ျပန္ၾကည့္ၿပီးသြားပါၿပီ။ သူေက်နပ္ပါသည္။

ဒီဗီဒီယိုက သူႏွင့္ သက္ဆိုင္လြန္းလွႆည္။ ထို႔အျပင္ ဂိမ္းအေၾကာင္းအရာကလည္း အလြန္ႂကြယ္ဝ၏။ ထို႔ေၾကာင့္ ေခ်ာင္းလ်န္တြင္ အားတက္စရာမ်ားစြာ႐ွိၿပီး ဗီဒီယိုကို ဖန္တီးခဲ့သည္။ အိပ္ပင္ မအိပ္ေတာ့ဘဲ ဗီဒီယိုကို သုံးရက္အတြင္း ၿပီးေအာင္လုပ္ကာ အႀကိမ္ႀကိမ္ တည္းျဖတ္ၿပီး ၿပီးျပည့္စုံေအာင္ လုပ္ခဲ့ပါသည္။

ဒီအပိုင္းက 'နတ္ဘုရားအဆင့္ထုတ္ကုန္မ်ား' ဟူေသာ ေခါင္းစီးအတြက္ ပထမဆုံးအပိုင္း ျဖစ္လိမ့္မည္။ ဒီစီးရီးအလြန္ေရပန္းစားလာလိမ့္မည္ဟု ေခ်ာင္းလ်န္ ခံစားေနမိပါသည္။ အမိႈက္ဂိမ္းေဝဖန္ျခင္းထက္ပင္ ပိုေရပန္းစားလာႏိုင္သည္။

သို႔ေသာ္လည္း ဗီဒီယိုကို မထုတ္ခင္ ေခ်ာင္းလ်န္မွာ ေျဖ႐ွင္းစရာ ျပႆနာတစ္ခု ႐ွိေနပါေသးသည္။

ဒါကေတာ့... အရင္ဗီဒီယိုအတြက္ ဘယ္လို႐ွင္းျပခ်က္ေပးရမလဲ။

ဂိမ္းဒီဇိုင္နာနဲ႔ပတ္သတ္သည့္ ဗီဒီယိုႏွစ္ခုကို ဆက္တိုက္တင္ခဲ့သည္။ လူေတြက သံသယျဖစ္လိမ့္မည္။ ယခင္ဗီဒီယိုအတြက္ေတာ့ သူ ေကာ္မ႐ွင္ခ ရခဲ့ပါသည္။ သို႔ေသာ္လည္း ဒုတိယဗီဒီယိုက ဂိမ္းအေပၚ သူ႕အထင္အျမင္ အစစ္အမွန္မ်ားကို ျပသၿပီး အလြန္အဓိပၸာယ္႐ွိပါသည္။

ျပႆနာက သူ႕ပရိတ္သတ္မ်ား သူ႕ကိုယုံပါဦးမလားဆိုတာပင္။

ေခ်ာင္းလ်န္ ဦးေႏွာက္စားၿပီး ျပႆနာကို႐ွင္းဖို႔အေျဖ႐ွာသည္။

ဒီျပႆနာကို မေျဖ႐ွင္းပါက ဒုတိိယဗီဒီယိုကို ထုတ္လုပ္လိုက္လည္း ဘာမွ ထူးလာမွာ မဟုတ္ေပ။ ကစားသမားအမ်ားစုက ဗီဒီယို၏ အေၾကာင္းအရာကို မသိဘဲနဲ႔ေတာင္ သူ႕ကို ဆိုးဆိုး႐ြား႐ြား ေဝဖန္ၾကလိမ့္မည္။ ဒီျပႆနာကို ေသေသခ်ာခ်ာ ေျဖ႐ွင္းႏိုင္ပါက အရင္ဗီဒီယိုအတြက္ေတာင္ နာမည္ကို ျပန္အဖတ္ဆယ္ႏိုင္ပါသည္။ ဒီလိုဆို နာမည္ေကာ အက်ိဳးအျမတ္ပါ သူ ရပါလိမ့္မည္။ ဒါဆို မေကာင္းဘူးလား။

ရီဗ်ဴးေတြကို ဘယ္လိုတန္ျပန္ပစ္ရမလဲ။

ေခ်ာင္းလ်န္ႀကိဳးစားပန္းစား စဥ္းစားသည္။ ႐ုတ္တရက္ဆိုသလို သူ႕ေပါင္သူေထာင္းလိုက္မိ၏။ ေနာက္ဆုံးေတာ့ ေျပာင္ေျမာက္သည့္ အစီအစဥ္တစ္ခုကို စဥ္းစားမိသြားပါသည္။ ယခင္ ဗီဒီယိုကို ဧၿပီဖူးေန႔မွာ တင္ခဲ့သည္။ အခ်ိန္ကိုက္ပင္။

ပိုေတးတိုးဝက္ဘ္က သူ႕ရဲ႕ အဓိကစစ္ေျမျပင္ ျဖစ္၏။ ထိုပလက္ေဖာင္းတြင္ သူ႕႐ွင္းလင္းခ်က္ကို ၾကားခ်င္ေနေသာ အမာခံပရိတ္သတ္မ်ားစြာ ႐ွိေလာက္သည္။ ေနရာကလည္း ကိုက္ညီသည္။

ထို႔အျပင္ ဗီဒီယိုကို တင္ခဲ့တာ သူတစ္ေယာက္တည္း မဟုတ္ပါ။ တျခား အေၾကာင္းအရာ ဖန္တီးသူမ်ားစြာလည္း တင္ခဲ့ပါသည္။ ၎တို႔၏ ဇာတ္ၫႊန္းမ်ားက တစ္ေထရာတည္း တူေနၾကသည္။ လူေတြကလည္း အကိုက္ပင္။

အခ်ိန္ကိုက္၊ ေနရာကိုက္ႏွင့္ လူပါကိုက္ညီသည္။ ယခု ေျဖစရာ ေမးခြန္းတစ္ခုသာ က်န္ေတာ့သည္။ ထန္းတာ့ရဲ႕ ေဘာ့စ္ေဖးက ဘာေၾကာင့္ အမ်ားႀကီး အားထုတ္ခဲ့ရသည့္ အရာတစ္ခုကို ဒီလို မေက်နပ္စရာ ရလဒ္မ်ိဳး ရလာေအာင္ လုပ္မွာလဲ။

အၾကာႀကီးစဥ္းစားၿပီးေနာက္ ေခ်ာင္းလ်န္သည္ ေနာက္ဆုံးေတာ့ ျဖစ္ႏိုင္ေျခကို စဥ္းစားမိပါၿပီ။ ႀကီးမားေသာ ဧၿပီဖူး လုပ္ရပ္ႀကီးအျဖစ္ သတ္မွတ္ႏိုင္သည္။

၎၏ အဓိပၸာယ္ဖြင့္ဆိုခ်က္အရ လုပ္ေဆာင္မႈမ်ားက ေခတ္မွီသည္။ ေသေသခ်ာခ်ာ စီစဥ္ထားၿပီး လုပ္ေဆာင္သူမ်ားကိုယ္တိုင္ တင္ျပေသာ ျဖစ္ရပ္မ်ားျဖစ္ကာ လူေတြႏွင့္ ဆက္သြယ္ျခင္းျဖင့္ ထိုလုပ္ေဆာင္ခ်က္မ်ားက အဆုံးသတ္ရလဒ္တစ္ခုကို ရလာေစမည္။

ဒီျဖစ္ရပ္နဲ႔ လုံးဝ တိုက္ဆိုင္ေနပါသည္။

အေၾကာင္းအရာ ဖန္တီးသူအားလုံးက ၎တို႔၏ ဗီဒီယိုအားလုံးကို ေဘာ့စ္ေဖး ေပးထားသည့္ ဇာတ္ၫႊန္းအတိုင္းပဲ ဖန္တီးခဲ့သည္။ ဗီဒီယိုကို တင္ၿပီးသြားေသာအခါ ၎တို႔၏ ပရိတ္သတ္မ်ား ထိခိုက္မႈ မ်ားျပားခဲ့သည္။ ဗီဒီယိုကလည္း လုံးဝ မေအာင္ျမင္ေသာ မားကတ္တင္းဗ်ဴဟာ ျဖစ္လာခဲ့၏။ ဒီျဖစ္ရပ္တြင္ ေဘာ့စ္ေဖးေကာ တျခား တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္သူ အားလုံးေကာက လုပ္ေဆာင္သူမ်ား ျဖစ္၏။

လုပ္ေဆာင္ခ်က္က သက္ေရာက္မႈ ႀကီးႀကီးမားမား ႐ွိခဲ့ၾကသည္။

ယခုသူစဥ္းစားၾကည့္လိုက္မွ အားလုံး အဓိပၸာယ္႐ွိလာပါသည္။ ၎တို႔၏ ယခင္တုန္းက အဓိပၸာယ္မဲ့သည့္ လုပ္ရပ္မ်ားက ပိုၿပီး က်ိဳးေၾကာင္းသင့္လာသည္။ သို႔ေသာ္လည္း ဒါက အယူအဆသက္သက္သာ ျဖစ္သည္။

ေခ်ာင္းလ်န္  သက္ေသ ပိုလိုအပ္ပါေသးသည္။

သူ႕အေတြးမ်ားကို အတည္ျပဳဖို႔ ေခ်ာင္းလ်န္ ပိုေတးတိုးဝက္ဘ္ကို ဖြင့္လိုက္ကာ ေကာမန္႔မ်ားစြာနဲ႔ သီးသန္႔မက္ေဆ့ခ်္မ်ားစြာကို လ်စ္လ်ဴ႐ႈလိုက္ၿပီး သက္ေသမ်ားကို စတင္႐ွာေဖြ၏။ သုံးရက္ဆက္တိုက္ ေဝဖန္မႈမ်ားနဲ႔ ျဖစ္ရပ္မ်ားစြာ ျဖစ္ပ်က္ၿပီးေသာအခါ 'ေခ်ာင္း'စကားလုံးမ်ား သို႔မဟုတ္ 'ေခ်ာင္းေလာ္ဂ်ီ' ဟူေသာ Meme တစ္ခုက ေရပန္းစားလာသည္။ ထို႔အျပင္ လူမ်ားစြာက ဗီဒီယိုမ်ား တင္ခဲ့ၾကၿပီး ေဒါသအထြက္ၿပိဳင္ေသာ ၿပိဳင္ပြဲမ်ားပင္ ျပဳလုပ္လာၾကပါသည္။

သူတို႔က တ႐ုတ္နဲ႔ အဂၤလိပ္စကားအေရာမ်ား ေျပာၾကၿပီး 'wow' 'awesome' ဟူေသာ စကားလုံးမ်ားကို ထည့္သြင္းအသုံးျပဳၾကသည္။ Filler မ်ားနဲ႔ အသံထြက္စကားလုံးမ်ားပင္ ပါလာၾကပါသည္။

အားလုံး meme မ်ား ျဖစ္လာသည္။

ေခ်ာင္းေလာ္ဂ်ီျဖစ္ရပ္က အထူးသျဖင့္ ဒစ္ဂ်စ္တယ္ခ်န္နယ္မ်ား၏ unboxing ဗီဒီယိုမ်ားတြင္ ပိုေတြ႕ရမ်ားသည္။ တစ္ဖက္မွာေတာ့ ဂိမ္းဒီဇိုင္နာအတြက္ဆိုး ႐ြားေသာ ရလဒ္မ်ားျဖစ္ၿပီးေနာက္ တစ္ဖက္မွာေတာ့ ေခ်ာင္းေလာ္ဂ်ီ ေရပန္းစားလာမႈနဲ႔ အင္တာနက္သုံးစြဲသူမ်ား၏ ျမဴးထူးေပ်ာ္႐ႊင္မႈမ်ား ျဖစ္သည္။

ေခ်ာင္းလ်န္၏ လက္မ်ားက စိတ္လႈပ္႐ွားမႈေၾကာင့္ တုန္ယင္ေနသည္။

ငါထင္တဲ့အတိုင္းပဲ။ ငါခန္႔မွန္းတာမွန္တယ္ကြ။

တကယ္ပဲ ႀကီးမားတဲ့ ဧၿပီဖူးလုပ္ရပ္ႀကီးပဲ။ ၿပီးေတာ့ ေတာ္ေတာ္ ေအာင္ျမင္သြားတယ္။

ေဘာ့စ္ေဖး ကြၽန္ေတာ္ခန္႔မွန္းတာမွန္သြားၿပီဗ်။

ဗီဒီယိုအယ္ဒီတာကို အျမန္ဖြင့္လိုက္ၿပီး ဗီဒီယိုအျပည့္အစုံ၏ ေနာက္ဆုံးတြင္ ခ်က္ခ်င္း အပိုင္းေလး တစ္ပိုင္းကို ထည့္လိုက္ပါသည္။

ၿပီးသြားေသာအခါ ေနာက္ဆုံးေတာ့ ေခ်ာင္းလ်န္ ဗီဒီယိုကို အားရသြားၿပီး တင္လိုက္ပါေတာ့သည္။

"ဟုတ္တယ္။ အခုဗီဒီယိုကပဲ 'နတ္ဘုရားအဆင့္ထုတ္ကုန္' ဆိုတဲ့ ေခါင္းစီး နဲ႔ကိုက္ညီႏိုင္လိမ့္မယ္။"

ေခ်ာင္းလ်န္က ေလာေလာဆယ္ သူ႕လုပ္ငန္းအတြက္ အႀကီးမားဆုံး ကပ္ေဘးႀကီးကို ရင္ဆိုင္ေနရေသာ္လည္း အေမႊးတိုင္ သုံးပုံတစ္ပုံေလာက္ ေလာင္ကြၽမ္းသြားေသာအခါ သို႔မဟုတ္ နာရီအနည္းငယ္ေလာက္ၾကာေသာအခါ အင္တာနက္ေပၚက သူ႕ဂုဏ္သတင္းမ်ား အႀကီးအက်ယ္ ေျပာင္းလဲသြားပါလိမ့္မည္။

အခန္း(၁၁၈) ဒါဟန္ေဆာင္လုပ္ရပ္ပဲ

ထိုေန႔ည ၈ နာရီထိုးေသာအခါ စီးရီး အသစ္စက္စက္တစ္ခုႏွင့္ ဗီဒီယိုအသစ္စက္စက္တစ္ခုက စစ္ေဆးမႈကို ေအာင္ျမင္သြားပါသည္။ 'နတ္ဘုရားအဆင့္ထုတ္ကုန္မ်ား' စီးရီးအသစ္၏ ပထမဆုံးအပိုင္းက 'ဂိမ္းဒီဇိုင္နာနဲ႔ ႀကီးမားတဲ့ ဟန္ေဆာင္လုပ္ရပ္ႀကီး'။

ဆရာေခ်ာင္း၏ ပရိတ္သတ္မ်ား ေၾကာင္သြားၾကသည္။ ဘာေတြျဖစ္ေနတာလဲ။ သူေသခ်င္ေယာင္ ေဆာင္ေနတာမဟုတ္ဘူးလား။ ၃ ရက္ေလာက္ ေသခ်င္ေယာင္ေဆာင္ၿပီးမွ သူ႕ကိုေစာင့္ၾကည့္ေနၾကတဲ့ လူေတြကိုဂ႐ုမစိုက္ဘဲ ျပန္လာၿပီလား။ ၿပီးေတာ့လည္း အဲ့ဒီဂိမ္းအတြက္ပဲ စပြန္ဆာဗီဒီယိုလား။ သူျပႆနာ႐ွာဖို႔ ႀကိဳးစားေနတာပဲ။

မၾကာေသးခင္မွ 'ေခ်ာင္းေလာ္ဂ်ီ'မွာ ဗီဒီယိုဝက္ဘ္ဆိုက္မ်ားစြာတြင္နာမည္ႀကီးလာခဲ့ပါသည္။ တျခား အေၾကာင္းအရာ ဖန္တီးသူမ်ားကပါ ထိုကဲ့သို႔ ဗီဒီယိုမ်ားကို တင္ခဲ့ၾကေသာ္လည္း ဆရာေခ်ာင္းက ပထမဆုံးျဖစ္သည္။ ထို႔ေၾကာင့္ ထိုဗီဒီယိုမ်ားအတြက္ တာဝန္အ႐ွိဆုံးျဖစ္လာခဲ့ပါသည္။

လက္႐ွိအေျခအေနကိုၾကည့္ျခင္းအားျဖင့္ ထင္ထားသည့္အတိုင္း ေကာမန္႔အကန္႔က ထို meme ကို တင္ေနၾကသည့္ ပို႔စ္မ်ားျဖင့္ ျပည့္ႏွက္သြားခဲ့ပါသည္။

သူက...ဘာမွဆုံး႐ႈံးစရာမ႐ွိေတာ့လို႔ အဆုံးထိလုပ္ေတာ့မွာလား။

သူ႕နာမည္ကိုျပန္ရဖို႔ နည္းလမ္းမ႐ွိေတာ့လို႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားေအာင္လုပ္ေနတာလား။ 'ေခ်ာင္းေလာ္ဂ်ီ' ေရပန္းစားေနတာကို အခြင့္ေကာင္းယူၿပီဂ အျမတ္ထုတ္ခ်င္လို႔လား။

ဆရာေခ်ာင္း၏ လက္႐ွိအေျခအေနမ်ားကို စဥ္းစားၾကည့္ျခင္းအားျဖင့္ သူ႕ပရိတ္သတ္မ်ား ဒီလိုမေတြးဖို႔ ခက္သည္။ အင္တာနက္ေပၚက လူမ်ားက ဗီဒီယိုကို စိတ္ပူပန္ေနေသာ သို႔မဟုတ္ စိတ္ဖိစီးေနေသာ ခံစားခ်က္မ်ားျဖင့္ ဖြင့္လိုက္ရင္း သူ႕ကို ေဆာ္ဖို႔  အသင့္ျဖစ္ေနၾကပါသည္။ တခ်ိဳ႕ေစာင့္ၾကည့္သူမ်ားကလည္း ေျဗာင္းဆန္သည့္ အေျခအေနမ်ားၾကားထဲ ေရာက္လာၾကပါသည္။

သို႔ေသာ္လည္း ဗီဒီယိုထဲက ဆရာေခ်ာင္း၏ ပထမဆုံး စကားေၾကာင့္ သူတို႔ ပါးစပ္ပိတ္သြားၾကရသည္။

"ေဟး အားလုံးပဲ ငါ မင္းတို႔အားလုံးရဲ႕ ဆရာေခ်ာင္း ျဖစ္ေနတုန္းပါပဲ။ အားလုံး ဘာေျပာခ်င္ၾကမလဲဆိုတာကို နားလည္ပါတယ္။ မင္းတို႔ေတြ ငါ့ကို မေဆာ္ခင္ အေရးႀကီးတာတစ္ခုကို ေၾကညာစရာ႐ွိတယ္။”

"လြန္ခဲ့တဲ့ ၃ ရက္တုန္းက ဧၿပီဖူးေန႔မွာ ငါတို႔ ဟန္ေဆာင္လုပ္ရပ္တစ္ခုကို ႀကီးႀကီးက်ယ္က်ယ္ လုပ္ခဲ့ၾကၿပီး အေတာ္ေလး ေအာင္ျမင္သြားခဲ့တယ္။ ဒါေပမယ့္ ဒီလုပ္ရပ္စမ္းသပ္ခ်က္ရဲ႕ ရလဒ္ေတြကေတာ့ တကယ္ဝမ္းနည္းဖို႔ေကာင္းတယ္။”

"ဟုတ္တယ္။ ဒီဟန္ေဆာင္လုပ္ရပ္ရဲ႕ အဓိကရည္႐ြယ္ခ်က္က... ဒစ္ဂ်စ္တယ္ေခတ္မွာ ဘယ္လို အေၾကာင္းအရာက ပိုၿပီး အလြယ္တကူ ေရပန္းစားလာမလဲ။ ရည္႐ြယ္ခ်က္႐ွိ႐ွိ ႐ူးသြပ္ေအာင္ ႐ိုက္ထားတဲ့ ဗီဒီယိုအတိုေတြလား။ ဒါမွမဟုတ္ အေၾကာင္းအရာေတြနဲ႔ ျပည့္ဝေနၿပီး သန္းေပါင္းမ်ားစြာ တန္ဖိုး႐ွိတဲ့ အရည္အေသြးျမင့္ဂိမ္းတစ္ခုကလား။”

"ငါတို႔စမ္းသပ္ၿပီးတဲ့ေနာက္မွာေတာ့ ေတာ္ေတာ္ေလး စိတ္ဓာတ္က်စရာရလဒ္ကို လာေၾကညာေပးတာပါ။”

"အေ႐ွ႕ကတစ္ခုက အႏိုင္ရသြားတယ္။”

လူမ်ားစြာက သူ႕ကို ဆဲဆိုခ်င္ၾကေသာ္လည္း အဖြင့္စကားေၾကာင့္ စကားလုံးမ်ား ျပန္မ်ိဳသိပ္လိုက္ရပါသည္။ ဇေဝဇဝါျဖစ္မႈသာ က်န္ခဲ့ေတာ့သည္။

ဘာ။ ဟန္ေဆာင္လုပ္ရပ္ဟုတ္လား။ ဘယ္႐ိႈးမွာ ဟန္ေဆာင္ေနတာလဲ။

သူတို႔ ဇေဝဇဝါျဖစ္ေနေသာ ခံစားခ်က္မ်ားျဖင့္ ဆက္ၾကည့္လိုက္ၾကပါသည္။

ဆရာေခ်ာင္းက ဗီဒီယိုထဲက သ႐ုပ္ေဆာင္မႈကို ဆက္ေျပာသည္။ သူပါဝင္ခဲ့သည့္ ဟန္ေဆာင္လုပ္ရပ္ႀကီး၏ အဓိကရည္႐ြယ္ခ်က္နဲ႔၊ အဓိပၸာယ္ဖြင့္ဆိုခ်က္၊ အေၾကာင္းအရာမ်ားကို ႐ွင္းျပခဲ့ပါသည္။ သူေျပာပုံအရဆို ဒီဟန္ေဆာင္လုပ္ရပ္က ဆရာေခ်ာင္းမွ အစျပဳခဲ့သည္။ ၎၏ ရည္႐ြယ္ခ်က္ကေတာ့ တကယ္ပဲ နက္႐ိႈင္းသည့္ ဆိုလိုရင္းကို ႐ွာေဖြဖို႔ ျဖစ္သည္။

ဒစ္ဂ်စ္တယ္ေခတ္တြင္ လူမ်ားက အခ်က္အလက္မ်ားစြာကို ေတြ႕႐ွိၾကသည္။ ဒီေခတ္က အခ်က္အလက္ ေပါမ်ားလြန္းျခင္းႏွင့္ အခ်က္အလက္ ႐ွားပါးျခင္းတို႔ အတူတကြ တည္႐ွိေနေသာ ေခတ္မ်ိဳးျဖစ္သည္။

အခ်က္အလက္မ်ား ေပါမ်ားလြန္းျခင္းဆိုသည္မွာ လူတိုင္း ေန႔စဥ္ အြန္လိုင္းေပၚက ေတြ႕ေနရေသာ အခ်က္အလက္ ပမာဏမ်ားစြာကို ဆိုလိုသည္။ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ ေထာင့္တစ္ေနရာက အေရးမပါသည့္ ျပႆနာေလးတစ္ခုကိုေတာင္ ဘာေၾကာင့္မွန္းမသိဘဲ ညတြင္းခ်င္း နာမည္ႀကီးသြားေအာင္ လုပ္ႏိုင္သည္။ ေနာက္တစ္ေန႔ေရာက္ေတာ့ ႏိုင္ငံေတာ္ထဲကလူအားလုံး ထိုျပႆနာအေၾကာင္း သိသြားႏိုင္သည္။

အခ်က္အလက္ ႐ွားပါးျခင္းဆိုတာကေတာ့ တန္ဖိုး႐ွိၿပီး အဓိပၸာယ္နက္နဲသည့္ အခ်က္အလက္မ်ားကို ထိုကဲ့သို႔ အဓိပၸာယ္မဲ့၊ အေပ်ာ္သက္သက္၊ တန္ဖိုးမ႐ွိေသာ အခ်က္အလက္မ်ားက ဖုံးလႊမ္းသြားျခင္းကို ဆိုလိုသည္။

ထို႔ေၾကာင့္ ဒီလိုဟန္ေဆာင္လုပ္ရပ္ႀကီးက ႏိႈင္းယွဥ္ျပသေပးႏိုင္ခဲ့၏။

ဆရာေခ်ာင္းနဲ႔ တျခား အေၾကာင္းအရာ ဖန္တီးသူမ်ားစြာက ၎တို႔၏ သက္ဆိုင္ရာ ဗီဒီယိုမ်ားကို တင္လိုက္ၾကသည္။ ထိုဗီဒီယိုမ်ား၏ အေၾကာင္းအရာက ႐ိုး႐ွင္းၿပီး ၎တို႔ကို ဖားယားဖို႔ လြန္က်ဴးၿပီး ခ်ဲ႕ကားထားေသာ ေလသံနဲ႔ စကားလုံးမ်ားကို အသုံးျပဳဖို႔ ျဖစ္သည္။ အားလုံး၏ ဗီဒီယိုမ်ားက အေတာ္ေလး ဆင္တူေနၿပီး ဇာတ္ၫႊန္းတစ္ခုတည္းကိုသာ အသုံးျပဳထားသည္။

ပရိတ္သတ္၏ အာ႐ုံစိုက္မႈကို ရဖို႔အတြက္ ဗီဒီယိုက တတ္စြမ္းႏိုင္သမွ် စြမ္းေဆာင္ခဲ့သည္။ ဥပမာအားျဖင့္ တ႐ုတ္နဲ႔ အဂၤလိပ္စကားလုံးမ်ားကို စကားထဲထည့္ေျပာကာ အေၾကာင္းအရာနဲ႔ မသက္ဆိုင္ေသာ အပိုစကားလုံးမ်ား ေျပာဆိုျခင္းျဖင့္ ၎တို႔၏ စိတ္ကို ဆြေပးသည္။

ဗီဒီယိုကိုက အဓိပၸာယ္မဲ့ၿပီး ရည္႐ြယ္ခ်က္မဲ့သည္။ သို႔ေသာ္လည္း ယူပီမာစတာမ်ားစြာက ဗီဒီယိုကို ဆက္တိုက္တင္ၾကၿပီး ဗီဒီယိုေဖာင္းပြလာကာ စိတ္ဝင္စားစရာ အေၾကာင္းအရာေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားကလည္း အလိုက္သင့္ ပါဝင္လာခဲ့ၾကသည္။ ထို႔ေၾကာင့္ အင္တာနက္ေပၚမွာ ေရပန္းစားလာျခင္း ျဖစ္ပါသည္။

ေခ်ာင္းေလာ္ဂ်ီ ေပၚေပါက္လာျခင္းက သက္ေသပင္။

ရည္႐ြယ္ခ်က္႐ွိ႐ွိေပါေအာင္လုပ္ထားေသာ ဗီဒီယိုက ေရပန္းစားလာခဲ့ၿပီး ေရပန္းစားေသာ meme ျဖစ္လာခဲ့သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ေတာ္ေတာ့္ကို ေပါၿပီး လူမ်ားစြာက ေရပန္းစားမႈေနာက္ လိုက္ပါခဲ့ၾကေသာေၾကာင့္ ျဖစ္ပါသည္။ ဒီေခတ္မွာ ဘာေၾကာင့္မွန္း မသိဘဲ ေရပန္းစားလာသည္ဟု ထင္ရသည့္ ျဖစ္ရပ္မ်ားစြာကို ေနာက္ကြယ္မွာ တစ္စုံတစ္ေယာက္က ေသခ်ာ စီစဥ္အကြက္ခ်ထားျခင္းသာ ျဖစ္ေနပါသည္။

တစ္ဖက္မွာေတာ့ ထန္းတာ့၏ ဂိမ္းဒီဇိုင္နာက ေရပန္းမစားသည့္ လက္ရာတစ္ခု ျဖစ္လာသည္။ တကယ္ နက္႐ိႈင္းၿပီး ဖုံးကြယ္ထားေသာ ရည္႐ြယ္ခ်က္မ်ားကို ပိုင္ဆိုင္ထားကာ ကစားသမားမ်ား နားလည္ဖို႔အတြက္ဆို စိတ္႐ွည္ဖို႔ လိုအပ္ပါသည္။ ဒီေလာက၏ လက္႐ွိအေျခအေနကို ေဖာ္ျပလိုက္ျခင္းျဖစ္ၿပီး ဒီေလာကထဲက ေျဗာင္းဆန္မႈမ်ားကို ေလွာင္ေျပာင္လိုက္ျခင္း ျဖစ္ပါသည္။ ၎၏ ေနာက္ခံစကားေျပာ၊ ႐ုပ္ထြက္စတိုင္နဲ႔ ဂိမ္းမုဒ္မ်ားအားလုံးကို ဖန္တီးႏိုင္စြမ္းနဲ႔ စစ္မွန္မႈမ်ားျဖင့္ ျဖည့္သြင္းထားသည္။

သို႔ေသာ္လည္း အခုေတာ့ ဒီလို အေၾကာင္းအရာ ႂကြယ္ဝသည့္ ဂိမ္း၏ အေျခအေနက ဘယ္လိုျဖစ္ေနသနည္း။

ရီဗ်ဴးမ်ားက စုံလင္ေနသည္။ ကစားသမားမ်ားက ဂိမ္းကို နားမလည္ၾကပါ။ ကစားသမားအမ်ားစုက ဂိမ္းကစားၿပီး ငါးမိနစ္ၾကာေသာအခါ ထြက္လိုက္ၾကၿပီး ထပ္ၿပီးေတာ့ပင္ မကစားၾကေတာ့ပါ။

ဗီဒီယိုအတိုမ်ားနဲ႔ ဂိမ္းအၾကားက ႏိႈင္းယွဥ္မႈက ဒီဟန္ေဆာင္လုပ္ရပ္ႀကီး၏ အဓိကအခ်က္ ျဖစ္ပါသည္။ ၾကည့္႐ႈသူမ်ားစြာက ဒီေနရာထိၾကည့္လာၿပီးေသာအခါ ၾကက္ေသ ေသကုန္ၾကပါသည္။ ဒီလိုျဖစ္ခဲ့တာလား။ စဥ္းစားၾကည့္မွျဖစ္ႏိုင္တယ္ ထင္တယ္။

ဘယ္လိုဂိမ္းကုမၸဏီက ဂိမ္းကို ဒီေလာက္ထိ တမင္သက္သက္ ႐ြံဖို႔ေကာင္းေအာင္ အေၾကာင္းအရာ ဖန္တီးသူေတြကို ေၾကာ္ျငာခိုင္းရေလာက္ေအာင္ တုံးအမွာလဲ။ အဲ့တာဆို ကုမၸဏီရဲ႕သိကၡာနဲ႔ သူ႕ထုတ္ကုန္ရဲ႕သိကၡာကိုေကာ က်ဆင္းမသြားေစဘူးလား။

ဆရာေခ်ာင္းက အက်င့္သိပ္မေကာင္းေသာ္လည္း သူ ယခင္က ဖန္တီးဖူးေသာ ဗီဒီယိုမ်ားကို ၾကည့္ျခင္းအားျဖင့္ ဗီဒီယိုမ်ားအေပၚ သူ႕ရင္ဘတ္ႀကီးတစ္ခုလုံး ျမႇဳပ္ႏွံထားမွန္း သိႏိုင္သည္။ ဘာလို႔ သူက ဒီလိုအေပါစားဆန္တဲ့ နည္းလမ္းေတြကို စပြန္ဆာအတြက္ အသုံးျပဳမွာလဲ။

ဒီဟန္ေဆာင္လုပ္ရပ္က သူ႕ဂုဏ္သိကၡာနဲ႔မကိုက္ညီတာမ်ိဳးမဟုတ္ဘဲ သူ႕ဉာဏ္နဲ႔ မကိုက္ညီတာမ်ိဳး ျဖစ္ေနပါသည္။

ထို႔အျပင္ ဆရာေခ်ာင္းတစ္ေယာက္ပဲ ထူးျခားတာ မဟုတ္ပါ။ တျခား အေၾကာင္းအရာ ဖန္တီးသူေတြလည္း အမ်ားႀကီး ႐ွိေနပါသည္။ ၎တို႔အားလုံးကလည္း တူညီသည့္ ဇာတ္ၫႊန္းမ်ားကို သုံးၾကပါသည္။ ဒါဆိုရင္ေကာ ဘယ္လို႐ွင္းျပႏိုင္မွာလဲ။ မဟုတ္မွလြဲေရာ အဲ့ဒီ အေၾကာင္းအရာ ဖန္တီးသူေတြက သူ႕ကိုခ်ဥ္းကပ္ၿပီး ဆရာေခ်ာင္းရဲ႕ ဇာတ္ၫႊန္းေတြကို သူတို႔အတြက္နဲ႔ သူတို႔ ေကာ္ပီခိုးလိုက္ၾကတာလား။

မျဖစ္ႏိုင္ပါ။

ျဖစ္ႏိုင္သည့္ တစ္ခုတည္းေသာ ႐ွင္းလင္းခ်က္က သူတို႔ကို ထန္းတာ့က တူညီသည့္ ဇာတ္ၫႊန္းကို ေပးခဲ့ျခင္းပင္။ ဘာေၾကာင့္ အႀကီးစား အလုပ္႐ွင္တစ္ေယာက္က ပိုက္ဆံေပးထားရတဲ့ အေၾကာင္းအရာ ဖန္တီးသူအားလုံးကို ဇာတ္ၫႊန္းတစ္ခုတည္း သုံးေစခ်င္မွာလဲ။ ထို႔အျပင္ ဇာတ္ၫႊန္းကိုလည္း ဆိုးဆိုး႐ြား႐ြား ေရးထားေသးသည္။

သို႔ေသာ္လည္း ထန္းတာ့က တကယ့္ကို ႐ူးသြပ္ေသာ ေၾကာ္ျငာနည္းလမ္းတစ္ခုကို ေ႐ြးခ်ယ္ခဲ့ပါသည္။ အေၾကာင္းအရာ ဖန္တီးသူအားလုံးကို ဇာတ္ၫႊန္းအတိုင္း ဖတ္ခိုင္းၿပီး ေၾကာ္ျငာသက္ေရာက္မႈကို လုံးဝ ေျပာင္းျပန္လွန္မိေတာ့မလိုပင္။ ဒါက အေတာ္ေလး အဓိပၸာယ္မဲ့ပါသည္။

အခုစဥ္းစားၾကည့္မွ ဆရာေခ်ာင္း၏ ဆင္ေျခကသာ ျဖစ္ႏိုင္ေခ်႐ွိေသာ တစ္ခုတည္းေသာ ႐ွင္းလင္းခ်က္ ျဖစ္သည္။

တကယ္ပဲ ႀကီးမားသည့္ ဟန္ေဆာင္လုပ္ရပ္ႀကီး ျဖစ္ပါသည္။ ေနာက္ဆက္တြဲ ျဖစ္လာသည့္ ျဖစ္ရပ္မ်ားကလည္း အခုခ်ိန္ထိ ကိုက္ညီမႈ႐ွိေနသည္။ "ေခ်ာင္းေလာ္ဂ်ီ" က ေရပန္းစားလာၿပီး ဂိမ္းဒီဇိုင္နာကေတာ့ တိမ္ျမဳပ္ေနခဲ့ပါသည္။

အဲ့တာ သက္ေသပဲ မဟုတ္လား။ ဒစ္ဂ်စ္တယ္ေခတ္ႀကီးမွာ အဓိပၸာယ္ အစစ္အမွန္မ်ားပါသည့္ အႏုပညာလက္ရာမ်ားကို အခ်ိန္ကုန္ေစေသာ အမိႈက္သ႐ိုက္ အခ်က္အလက္မ်ားက ဖုံးကြယ္ထားၾကသည္။

သူတို႔ ပိုၿပီး နားေထာင္ၾကည့္ေလေလ ပိုၿပီး ျဖစ္ႏိုင္ေခ်႐ွိလာေလေလ ျဖစ္သည္။ သူတို႔ ဗီဒီယိုကို ဆက္ၾကည့္လိုက္ၾကၿပီး ဗီဒီယို၏ အဓိက အေၾကာင္းအရာက ဂိမ္းဒီဇိုင္နာဘက္ကို လွည့္သြားပါသည္။ ဒါက ဆရာေခ်ာင္း၏ ရည္႐ြယ္ခ်က္ ျဖစ္သည္။ စီးရီးက နာမည္က 'နတ္ဘုရားအဆင့္ ထုတ္ကုန္မ်ား' ျဖစ္၏။ အမိႈက္ဂိမ္းေဝဖန္ျခင္းနဲ႔ တစ္လတာအေကာင္းဆုံး ဂိမ္းအသစ္မ်ား ေခါင္းစီးတို႔နဲ႔ လုံးဝ ျခားနားေနပါသည္။

ဆရာေခ်ာင္းက ဂိမ္းဒီဇိုင္နာကို ဂႏၲဝင္လက္ရာဟု ေခၚသင့္သည့္ အေၾကာင္းအရင္းမ်ားကို  ဆန္းစစ္ျပသည္။

"ကစားသမားအမ်ားစုက ဂိမ္းတစ္ခုကို ဂႏၲဝင္လက္ရာလို႔ေခၚဖို႔ဆိုရင္ အဲ့ဒီဂိမ္းရဲ႕ ႐ုပ္ထြက္ကို ၾကည့္တယ္။ ဂိမ္းမုဒ္ေတြကို ၾကည့္တယ္၊ ဇာတ္လမ္းဇာတ္ကြက္ကို ၾကည့္တယ္။ ကြန္ထ႐ိုးကို ၾကည့္တယ္။ ကစားရတာ လြယ္ကူမႈ႐ွိ မ႐ွိ ၾကည့္တယ္။ ၿပီးေတာ့ ႐ွိပါေသးတယ္။”

"ဒါေပမယ့္ အဲ့တာေတြက သာမန္လက္ရာေတြနဲ႔ ေကာင္းမြန္တဲ့ လက္ရာေတြဆိုတာကိုပဲ ကြဲျပားေစတယ္။ အဲ့တာေတြက ဂႏၲဝင္လက္ရာဆိုတာနဲ႔ ဘာမွမသက္ဆိုင္ဘူး။”

"ဂႏၲဝင္လက္ရာဆိုတာ ဂိမ္းေလာကအတြက္ သက္ေရာက္မႈႀကီးႀကီးမားမား႐ွိေစတဲ့အရာျဖစ္ရမယ္။ အဓိပၸာယ္ေတြနဲ႔ ျပည့္ဝေနရမယ္။ ေဆြးေႏြးမႈေတြနဲ႔ ေဝဖန္စမ္းသပ္မႈေတြကို ေတာင့္ခံႏိုင္ရမယ္။ ငါတို႔ေတြရဲ႕ စိတ္ဝိညာဥ္နဲ႔ ဆက္ႏြယ္ႏိုင္ရမယ္။”

"ဂိမ္းဒီဇိုင္နာက အဲ့လိုေဖာ္ျပခ်က္ေတြနဲ႔ ကိုက္ညီတဲ့ ဂႏၲဝင္လက္ရာတစ္ခုပဲ။”

Continue Reading

You'll Also Like

148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung
246K 14.8K 40
My priority /property/privacy
14K 1.4K 13
ဦးက ကျွန်တော့်ကို မုန်းတဲ့ အမုန်းတွေနဲ့ လှောင်ပိတ်နေသလို ဖြစ်နေတာ...။ ကျွန်တော်ကို လှောင်ပိတ်ထားသလိုနဲ့ တကယ်တမ်းတော့ ကျွန်တော့်ပျံသန်းမှု ဟန်ချက်မပ...
493K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000