သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-93+94+95

233 15 0
By Miracle_Phyu97

ဖေးချမ့် 93+94+95

အခန်း(၉၃) အဖေဖေးရဲ့ သဘောထားကို ပြောင်းလဲခြင်း

နှစ်သစ်ကူးတွင် ဘာမှ ထူးထူးခြားခြား မဖြစ်ပျက်ခဲ့ပါ။ သူတို့လုပ်ခဲ့တာဆိုလို့ ဆွေမျိုးများထံသို့ သွားလည်ခြင်း သို့မဟုတ် ဆွေးမျိုးများလာလည်တာကို ဧည့်ခံခြင်း ဖြစ်သည်။ လူနာ နှစ်သစ်ကူး တတိယနေ့တွင် ဖေးချမ့် နောက်ဆုံးတော့ အခြေငြိမ်သွားပါပြီ။ ထိုင်ခုံပေါ်မှာထိုင်ရင်း တီဗီကြည့်နေ၏။

"သား နင့်ဗီဒီယိုအတိုတွေ ထွက်လာပြီလား။" ဖေးချမ့်၏ အမေက သူ့ကို အခွံနွှာထားသည့် ပန်းသီးတစ်လုံးပေးလိုက်ပါသည်။

ဖေးချမ့်က လှမ်းယူလိုက်ကာ တစ်ကိုက်စားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဟင့်အင်း ရိုက်ကူးပြီးပြီးချင်း အဲ့ဒီဗီဒီယိုတွေကို ကြည့်လို့ရတာမျိုး မဟုတ်ဘူးလေ။ နည်းနည်းပြုပြင်ပြီး နောက်ဆုံးအဆင့် အတည်ပြုဖို့ လိုသေးတယ်။ ကျွန်တော့်ကိုမေးတာ ဒီနေ့ ၈ ခါရှိပြီနော်။"

"ဒါရိုက်တာကို သွားမေးကြည့်ပါလား။" ဖေးချမ့်၏ အမေက လက်မလျှော့ဘဲပြောလိုက်ပါသည်။

ဖေးချမ့် စိတ်ရှုပ်သွားသည်။ ရွေးချယ်စရာမရှိတော့ဘဲ ဟွမ်းစစ်ပေါ်ကို မက်ဆေ့တစ်စောင် ပို့လိုက်ပါသည်။

သိပ်မကြာခင် ဟွမ်းစစ်ပေါ်က စာပြန်လာ၏။ "ဘော့စ်ဖေး မနေ့က တင်လိုက်ပြီလေ။ Potato Web ထဲ ဝင်လိုက်တာနဲ့ မြင်လိမ့်မယ်။ 'ဟာသများ' ဆိုတဲ့အောက်မှာ ရှိတယ်။ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ဆိုတဲ့ ခေါင်းစဥ်နဲ့ တင်ထားတယ်။"

တကယ်ထွက်လာပြီ။

အဆင်ပြေလိုက်တာ။

ဖေးချမ့်က သူ့လက်ပ်တော့ကို ယူလိုက်ကာ Potato Web သို့ လော့အင်ဝင်ပြီး ဟာသများ အပိုင်းကို သွားလိုက်ပါသည်။

တကယ်ပဲ ညွှန်းဆိုထားသည့် နေရာတွင် ရှိနေသည်။ မျက်စိကျစရာ အကောင်းဆုံး ရှိုး မဟုတ်သော်လည်း အဆိုးကြီးလည်း မဟုတ်ပါ။

ဒီမတိုင်ခင်က ကျိုးရှောင်စဲက သူ့မှာ Potato Web တွင်အလုပ်လုပ်သည့် စီနီယာတစ်ယောာက်ရှိသည်ဟု ဆိုခဲ့ပြီး ရှိုးကို ညွှန်းဆိုသည့် နေရာသို့ ရောက်အောင် လုပ်ပေးနိုင်သည်ဟု ပြောခဲ့ပါသည်။ သူလုပ်မည်ဟု ပြောခဲ့သည့်အတိုင်း တကယ်လုပ်ခဲ့သည်။

အမှန်ပင် အလကားတော့ မဟုတ်လောက်ပါ။ ကြော်ညာခတော့ ပေးခဲ့ရလောက်ပါသည်။

ဖေးချမ့် နှိပ်ကြည့်လိုက်သောအခါ ရင်ထဲ နင့်သွားရ၏။

ဗီဒီယိုတင်တာ ၁ ရက်သာ ရှိသေးသော်လည်း ကြည့်ရှုသူ ၂,၀၀၀ တောင်ရှိနေပါပြီ။

ဒါတောင် အကောင့်အသစ် ဖြစ်သည်။

ဖေးချမ့် အောက်က ကောမန့်များကို ဖတ်ကြည့်လိုက်ပါသည်။

အသက်ဝင်လိုက်တာ။

သေသေချာချာ ဆန်းစစ်ကြည့်ပြီးနောက် ဖျော်ဖြေရေးအပိုင်းက အင်တာနက်အသုံးပြုသူများက အလွန် စည်ကားနေကြသည်ကို မြင်လိုက်ရပါသည်။ ကောမန့်နဲ့တင် စာမျက်နှာ ဆယ်ချီပြီး ရှိနေပါပြီ။

သွားပြီ။ သူ စိုးရိမ်နေခဲ့တာ တကယ်ဖြစ်လာပြီ။

ဖေးချမ့်က သူ့မိဘများ သတိမထားမိအောင် သူ့စိတ်ခံစားချက်များကို ထိန်းဖို့ ကြိုးစားလိုက်ပါသည်။ ထို့နောက် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး လက်ပ်တော့ကို ပေးလိုက်ပါသည်။ "ဒီမှာလေ။"

သူ့မိဘများက လက်ပ်တော့ကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

"ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ဟုတ်လား။" အဖေဖေးက ဖေးချမ့်ကို သံသယဖြစ်စွာ ကြည့်လိုက်ပါသည်။

"ဟီးဟီးအဲ့တာ ဗီဒီယိုအတိုလေးတွေ ပေါင်းထားတဲ့ စီးရီးရဲ့ နာမည်ပါ။ ကျွန်တော်က အဲ့ရှိုးထဲမှာ ကုမ္ပဏီဘော့စ်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာလေ။" ဖေးချမ့်က ရှင်းပြလိုက်ပါသည်။

ထို့နောက် ဗီဒီယို စတင်ခဲ့၏။

"ကျွန်တော့် ရိုးလက်စ်နာရီကို ကြည့်လိုက်တယ်။ အချိန်ကို သိရဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ကို ကျွန်တော်က သူဌေးဆိုတာ အသိပေးဖို့ပါ။”

"ဒီနေ့ ကျွန်တော် စိတ်ကူးတစ်ခုရခဲ့တယ်။ ဂိမ်းအသစ်တစ်ခု ဖန်တီးဖို့။ ကစားသမားတွေကို ကစာားချင်သလောက် ကစားစေနိုင်မယ့် ဂိမ်းတစ်ခုပေါ့။”

စိတ်ဝင်စားဖို့ မကောင်းသည့် နောက်ခံတီးလုံးနဲ့ ငြီးငွေ့ဖွယ်ကောင်းသည့် နောက်ခံစကားပြောက ဒီဗီဒီယိုကို အထူးတလည် လက်ရာမြောက်စေခဲ့သည်။

ဗီဒီယိုထဲတွင် ဖေးချမ့်က ဝတ်စုံတစ်ခုဝတ်ထားပြီး ရိုးလက်စ်နာရီတစ်လုံး ပတ်ထားသည်။ ရုံး၏ ဧည့်သည်အခန်းက ဆိုဖာတွင် ထိုင်နေ၏။ သူ့ဘေးက ကော်ဖီစားပွဲပေါ်မှာလည်း အဆင့်မြင့် လက်ဖက်ရည်ပန်းကန်များနဲ့ အဆင့်မြင့် လက်ဖက်ရည်များ ရှိနေသည်။ အားလုံးက သဘာဝကျလှပါသည်။

ဖေးချမ့်၏ ခံစားချက်မဲ့နေသော မျက်နှာကပင် သဘာဝကျလှပါသည်။

ဘော့စ်ဖေး၏ နေ့စဥ်ဘဝ စတိုင်က ကျူးယိထန်၏ ပျင်းစရာဘဝနဲ့ တော်တော်လေး ဆင်တူပါသည်။

ဒီဗီဒီယိုကိုကြည့်ရင်း ပရိတ်သတ်ပထမဆုံး ခံစားမိတာက သူဌေးတစ်ယောက်၏ ဘဝမှာ တကယ်ပဲ အလွန်ပျင်းဖို့ကောင်း၊ အဓိပ္ပာယ်မဲ့၊ စိတ်ဝင်စားဖို့မကောင်းဘဲ နေလို့တောင် မကောင်းလှပါ။

သို့သော်လည်း သူတို့ ပိုပြီးကြည့်လေလေ ဒီခံစားချက်နဲ့ ပိုပြီးအသားကျလာလေလေဖြစ်ပါသည်။

ဗီဒီယို၏ စတိုင်တွင် အားသာချက်နှစ်ချက်ရှိသည်။

တစ်ခုက ထင်ရှားသည်။ နောက်တစ်ခုက တင်စားမှု လှပသည်။

ပိုပြီးကြာကြာကြည့်လေလေ မှန်သားပြင်ပေါ်က အဖြစ်အပျက်များ၏ နောက်ကွယ်က နက်ရှိုင်းသော အဓိပ္ပာယ်ကို ပိုပြီးနားလည်လာနိုင်လေလေဖြစ်ပါသည်။ ထောင့်များမှ ရိုက်ကူးထားသော ပုံရိပ်များကစပြီး မပြောင်းလဲသည့် နောက်ခံတီးလုံးများနဲ့ ရည်ရွယ်ချက်ရှိရှိ ပျင်းဖို့ကောင်းအောင် လုပ်ထားသည့် နောက်ခံစကားပြော အားလုံးက အလွန်အမှတ်ရစရာကောင်းလှပါသည်။

တင်စားမှုများကတော့....

လူတွေက အများကြီး တွေးခေါ်နိုင်ကြသည်ဟု မစဥ်းစားမိဘဲ ဒါရိုက်တာက ဗီဒီယိုထဲမှာ ပါးနပ်သော မက်ဆေ့များစွာ ထည့်ထာားသည့် ပုံပင်။ ဒီလို မှောင်မိုက်သည့်ဟာသမျိုးက ဗီဒီယိုကို သာမန်ထက် ပိုကောင်းပြီး အနောက်တိုင်း ဟာသများနဲ့ ဆင်တူစေသည်။

ဖေးချမ့်က သူ့မိဘများ နောက်ဘက်မှာ မတ်တပ်ရပ်ပြီး ဖန်သားပြင်ပေါ်က သူ့ကိုယ်သူ ကြည့်နေပါသည်။ သူ မနေနိုင်ဘဲ ပြုံးမိသည်။

ဘာလို့ ကင်မရာပေါ်မှာ ငါအရမ်းချောနေရတာလဲ။ သရုပ်ဆောင်တာလည်း တကယ်တော်တယ်။

အဲ့တာကြောင့်လဲ ဒါရိုက်တာကျူးရှောင်စဲက ကတ်လို့ အော်စရာမလိုခဲ့တာကိုး။ ငါက သူ့ဘော့စ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူဖြစ်လို့ မဟုတ်ဘူး။ ငါ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းနေလို့ပဲ။

ဖေးချမ့်က သူ့ကိုယ်သူ အလွန်ဂုဏ်ယူလာမိပါသည်။

တစ်မိနစ်ကြာ ဗီဒီယိုထဲမှာ လှည့်ကွက်များစွာရှိပြီး ဇာတ်ညွှန်းထဲမှာလည်း ဟာသများစွာ ပါဝင်သည်။ အဆုံးသတ်သွားသောအခါ ထပ်ပြီး ကြည့်ချင်စိတ်လေးဖြစ်ပေါ်စေ၏။

"ဒါပဲလား။ ကြည့်လို့မဝသေးဘူး။"

"သား မင်းဗီဒီယိုက အရမ်းမတိုလွန်းဘူးလား။"

အဖေဖေးက ဗီဒီယိုအတိုတစ်ပုဒ်မှာ အနည်းဆုံး တစ်ပိုင်း ၁၀ မိနစ်လောက် ကြာလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ဒီ တစ်ပုဒ်က ပိုဆိုးသည်။ တစ်ပုဒ်ကို ၁ မိနစ်သာ ကြာ၏။

ဖေးချမ့်က ရှင်းပြလိုက်သည်။ "ဒီလိုတိုတဲ့ ဗီဒီယိုတွေက ဒီခေတ်မှာ ပိုရေပန်းစားတယ်လေ။"

သူ့အမေက ဗီဒီယိုကို ထပ်ကာထပ်ကာ ဖွင့်ကြည့်နေပါသည်။ "ကျွန်မသားမှာ သရုပ်ဆောင်ပါရမီ ပါတယ်ထင်တယ်။ ဘော့စ်တစ်ယောက်လို သရုပ်ဆောင်တာ ဘယ်လောက် ကောင်းလဲ ကြည့်ပါဦး။ သဘာဝ ကျလိုက်တာ။ ဒီကုမ္ပဏီကို သူထောင်ထားတဲ့အတိုင်းပဲ။"

အဖေဖေးကလည်း ခေါင်းငြိမ့်လိုက်သည်။ "တကယ်လည်း မဆိုးပါဘူး။ ဒါပေမယ့် ငါတို့သားက အရမ်းငယ်လွန်းနေသေးတယ်။ ဒီလို အသက်ငယ်ငယ်နဲ့ ဘော့စ်တစ်ယောက်လို သရုပ်ဆောင်တာက သိပ်ပြီး ယုံချင်စရာမကောင်းဘူး ဟုတ်တယ်မလား။ ... ဘာလို့ ဒါရိုက်တာက မင်းအတွက် နှုတ်ခမ်းမွှေးတွေ ဘာတွေ တပ်မပေးတာလဲ။ ပြီးတော့ အဲ့ဒီ အသံကြီးက..."

ဖေးချမ့်က အမြန်ဖြတ်ပြောလိုက်သည်။ "အဲ့တာ သူများအသံပါ။"

အဖေဖေးက ခေါင်းငြိမ့်လိုက်သည်။ "ငါသိပါတယ်။ ဒါပေမယ့် သာမန် ဘော့စ်ကြီးတစ်ယောက်နဲ့ မတူဘူး။"

ဖေးချမ့်၏ အမေက အဖေဖေးကို သဘောမတူစွာ ကြည့်လိုက်သည်။ "ရှင်က ဘော့စ်ကြီးတွေ အများကြီးနဲ့ တွေ့ဖူးတဲ့ပုံစံနဲ့ လာပြောနေတာပဲ။"

အဖေဖေးက ချက်ချင်း တိတ်ဆိတ်သွားပါသည်။ ထိုသို့ ငါးစက္ကန့်လောက်ထိ ငြိမ်ကျသွားပြီးမှ ပြန်ပြောလိုက်သည်။ "အေး မင်းလည်း မမြင်ဖူးဘူးမဟုတ်လား။"

"မမြင်ဖူးဘူး ဒါပေမယ့် ကျွန်မက ရှင့်ထက် ရုပ်ရှင်တွေ ပိုကြည့်ဖူးတယ်။ ဒါက ရုပ်ရှင်ထဲက ဘော့စ်ကြီးတွေ သရုပ်ဆောင်တဲ့အတိုင်းပဲ။ ကျွန်မတို့သားက သရုပ်ဆောင်တာ တော်တော်ကောင်းတယ်လို့ ထင်တယ်။ အဲ့တာ ဘာဖြစ်လဲ။" အမေက တဖြည်းဖြည်းနဲ့ အစွန်းရောက်လာပါသည်။

"အေးပါ အေးပါ အေးပါ... ဘာပဲဖြစ်ဖြစ် ဒီခွေးကောင်က အခုရုပ်ရှင်ရိုက်ပြီး ပိုက်ဆံရနေပြီ။ အရွယ်လည်းရောက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေပြီ။ အဲ့တာ ကောင်းတာပဲ။" အဖေဖေးက ပြောလိုက်ပါသည်။

အဖေဖေး စိတ်ကောင်းဝင်နေတာကို မြင်ပြီး  ဖေးချမ့်က ချက်ချင်း အခွင့်ကောင်းဝင်ယူလိုက်ပါသည်။ "အဖေ ဒီဗီဒီယိုအတိုလေးတွကို ဂိမ်းလောကကို ဟာသလုပ်ဖို့အတွက် ဖန်တီးထားတာလေ။"

"ကြည့်ပါဦး။ ဘော့စ်က လေ့လာမှုနဲ့ ဖန်တီးမှုအတွက် ယွမ် ၂၀၀,၀၀၀ သတ်မှတ်ပေးထားတယ်။ ဒါပေမယ့် တစ်ဆင့်ချင်း ဆင်းသွားတိုင်း လူတိုင်းက ငွေကို ဖြတ်ခုတ်သွားကြတယ်။ နောက်ဆုံး တကယ်အလုပ်လုပ်ရမယ့် လူဆီရောက်သွားတော့ ယွမ် ၅၀,၀၀၀ ပဲ ကျန်တော့တယ်။ ဒါက ဂိမ်းကုမ္ပဏီများစွာမှာ အခုဖြစ်ပျက်နေတဲ့ အတွင်းပိုင်း စီမံရေးပြဿနာတစ်ခုပဲ။"

"သူတို့တွေက ယွမ် ၅၀,၀၀၀ နဲ့ အဓိပ္ပာယ်မရှိတဲ့ ဂိမ်းတွေကို ဖန်တီးကြတယ်။ ဒါတောင် ကစားသမားတွေက ဝယ်ကြတုန်းပဲ။ ဒါက ဂိမ်းစျေးကွက်ရဲ့ ရှုပ်ထွေးမှုတွေပဲ။"

"ဒါက အမှောင်ဟာသမျိုးပဲ။ သရော်ပြီး လိပ်ပြာမလုံစေတဲ့ သက်ရောက်မှုမျိုး ရအောင် လုပ်ထားတာ။ အစကတည်းက ဒါရိုက်တာက ဒီလို စီစဥ်ထားခဲ့တာလေ။"

အဖေဖေး၏ မျက်နှာထားက တောင့်တင်းနေရာမှ စိတ်ဝင်စားသော မျက်နှာထားအဖြစ် ပြောင်းလဲသွားပါသည်။ ထို့နောက် နားလည်သွားသော မျက်နှာထားအဖြစ်သို့...။

"သြော်... ဒီလိုကိုး။"

ဖေးချမ့် နောက်ဆုံးတော့ အဖေဖေး၏ စိတ်ဝင်စားမှုကို ရခဲ့ပြီဟု ခံစားမိပါသည်။ သူအမြန်ဆုံး အဖေဖေး၏ ခံယူချက်ကို ချိုးဖျက်ဖို့ ကြိုးစားပါသည်။

"ပြီးတော့ ဒီဇာတ်ကွက်က အတော်လေး နက်ရှိုင်းတယ်။ ဒါရိုက်တာကျိုးက ဂိမ်းကုမ္ပဏီတစ်ခုကို တာဝန်ယူထားတဲ့ စိတ်ကောင်းရှိတဲ့ ဘော့စ်တစ်ယောက်ကို ပုံဖော်ချင်တာ။ ဒါက ဒီကုမ္ပဏီနဲ့ သာမန် ဂိမ်းကုမ္ပဏီတွေကြားက ခြားနားမှုကို ဖန်တီးတယ်။"

"သြော် သူ အဲ့တာကို ဘယ်လိုဖန်တီးတာလဲ။" အဖေဖေးက စိတ်ဝင်စားနေပါပြီ။

အဖေဖေးက မျိုးဆက်ဟောင်းများမှ သာမန် လူကြီးမျိုးဖြစ်ပါသည်။ ဂိမ်းတွေအပေါ်ထားသည့် သူ့ခံယူချက်မှာ သူ့အပြစ်တော့မဟုတ်ပါ။ ကြော်ငြာများကြောင့် ဖြစ်ပါသည်။ ဂိမ်းများက ရေပန်းစားလာသည့် အရာဟု သတ်မှတ်နိုင်သည်။ အဖေဖေးလို လူမျိုးက ဘယ်လိုလုပ် လိုက်မှီနိုင်မည်နည်း။ သူ ဂိမ်းများအကြောင်း သိထားခြင်းက တီဗီမှ မြင်ဖူးခြင်း သို့မဟုတ် တခြားမိဘများထံမှ ကြားဖူးခြင်းသာဖြစ်နိုင်သည်။

နေ့တိုင်း သတင်းများ ကြည့်ပြီး ကျောင်းသားတစ်ယောက် အင်တာနက်ကဖေးသွားဖို့ ကျောင်းလစ်သည့်အကြောင်း ဖတ်မိပြန်သည်။ ရလဒ်အနေဖြင့် ကျောင်းသား၏ အဆင့်များ ထိခိုက်လာပြီး မိဘများ၏ ကြိုးစားပမ်းစားရှာထားသော ပိုက်ဆံလည်း ဂိမ်းထဲက ငွေကြေးကို  ဝယ်ယူဖို့ ဖြုန်းခံရပြီး သဲထဲရေသွန် ဖြစ်သွားပါသည်။

အမှန်ပင်။ သူ ဂိမ်းတွေကို လုံးဝသဘောမကျပါ။

ထို့ကြောင့် မသမာသော စျေးသည်များနဲ့ မီဒီယာများကိုသာ အပြစ်တင်ရပါမည်။

ယခုဖေးချမ့်က ကြိုးစားပြီး အဖေဖေး  ဂိမ်းလောကအပေါ်ထားသည့် ခံယူချက်ကို ပြောင်းလဲပေးရမည်။

"ဒါရိုက်တာကျူးက ဒီလိုစီစဥ်ခဲ့တာလေ။"

"ဂိမ်းကုမ္ပဏီရဲ့ ဒီဘော့စ်ရဲ့ တခြားတစ်ဖက်ကို ပြသချင်နေတာ။ အားလုံးအတွက် အပြုသဘောဆောင်တဲ့ အားအင်တွေ ယူဆောင်လာပေးပြီး လူတွေကို အားပေးပြီးတော့ ဂိမ်းဖန်တီးစေတဲ့လူမျိုးကိုလေ။"

"ဥပမာအားဖြင့် ကားသူခိုးတစ်ယောက်ကို ဖမ်းဖို့ ကြိုးစားရင်း ကျောင်းသားတစ်ယောက်က ဂန်းစတားတစ်ယောာက် တိုက်ခိုက်တာကို ခံရတယ်။ ကံမကောင်းစွာနဲ့ သူက နောက်ဆုံးတော့ သေသွားတယ်။ ဒီဇိုင်နာက သူ့ဂိမ်းထဲက ကျောင်းသားအဖြစ်ကနေ ဝင်ခံစားကြည့်တယ်။ ဒါမှ ကစားသမားတွေက သူ့ကိုအမှတ်ရနိုင်မှာပေါ့။”

"နောက်ဆုံးတော့ ဘာဖြစ်လာလဲသိလား။ သူ့ဂိမ်းတွေက တော်တော်လေးကို ရေပန်းစားလာတယ်။"

အဖေဖေးက ဒီအရာများကိုတစ်ခါမှ မကြားဖူးပါ။ အခုတော့ သူစိတ်ဝင်စားလာပါပြီ။ "မင်းသရုပ်ဆောင်နေတာ အဲ့လိုဇာတ်ကောင်မျိုးလား။"

ဖေးချမ့်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်တယ်။"

"မဆိုးပါဘူး။" အဖေဖေးကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။

ဖေးချမ့်က ဆက်ပြော၏။ "ရိုးရိုးသားသား ပြောရရင် ဂိမ်းလောကက တကယ်ပဲ ပျက်စီးနေပြီ။ ဒါပေမယ့် ဂိမ်းဆိုတာ ဖျော်ဖြေရေး အမျိုးအစားတစ်ခုပဲ။ အရေးအကြီးဆုံးက ဂိမ်းဖန်တီးတဲ့လူက ဘယ်လိုမျိုးလဲဆိုတာပဲ။"

"ဂိမ်းဖန်တီးသူက အမြတ်ရဖို့ကြီးပဲ ကြိုးစားနေတဲ့လူဆိုရင် သေချာပေါက် ကလေးတွေကို မိဘတွေဆီက ပိုက်ဆံခိုးပြီး ဂိမ်းထဲက ငွေကြေးကို ပြန်ဖြည့်ဖို့ ဆွဲဆောင်မှာပဲ။ ဆန့်ကျင်ဘက်အနေနဲ့ ဂိမ်းဖန်တီးသူရဲ့ ပန်းတိုင်က ကစားသမားတွေကို ပျော်စေချင်ရုံသက်သက်ဆိုရင်ကော ဘယ်လိုမျိုးလဲ။"

"အလုပ်သမားတွေလည်း တစ်နေကုန် အလုပ်မှာ ပင်ပန်းလာပြီး ဂိမ်း ကစားနိုင်တယ်။ ရုပ်ရှင်သွားကြည့်တာ၊ စာအုပ်ဖတ်တာနဲ့ အတူတူပဲ။ သူတို့အတွက် စိတ်ဖိစီးမှု လျှော့ကျစေပြီး အပန်းပြေစေတဲ့ နည်းလမ်းတစ်ခုပဲ။ အဲ့တာ မကောင်းဘူးလား။”

"အဲ့တာကြောင့် ဒီပြဿနာကို သာမန်အတိုင်း ဖြေရှင်းလို့မဖြစ်ဘူး။ ကျွန်တော်တို့ အားလုံးအတွက် လမ်းညွှန်ပေးဖို့ အကောင်းဆုံး ကြိုးစားရမယ်။ ဒါမှ သူတို့ ဂိမ်းကစားတဲ့အခါ  စွဲမသွားဘဲ ပျော်ပြီး အပန်းပြေစေမှာ။ အဲ့တာ လမ်းမှန်လို့ ကျွန်တော်ထင်တယ်။”

"အဲ့ဒါ ဒီဗီဒီယိုအတိုလေးတွေကနေတဆင့် ဒါရိုက်တာကျူးပေးဖို့ ကြိုးစားနေတဲ့ မက်ဆေ့ပဲ။ အဲ့တာ ဗီဒီယိုထဲက ကျွန်တော့်ဇာတ်ကောင်ရဲ့ ရည်ရွယ်ချက်လည်း ဟုတ်တယ်။"

အဖေဖေးက နားထောင်ရင်း ခေါင်းငြိမ့်နေပါသည်။

ထိုစကားလုံးများက ဒါရိုက်တာကျူးပြောခဲ့တုန်းကထက် ပိုပြီး ယုံချင်စရာကောင်းနေပါသည်။ အဖေဖေး ဂိမ်းတွေအပေါ်ထားသည့် သဘောထား အများကြီး ပိုနူးညံ့သွားတာကို ဖေးချမ့် မြင်နိုင်ပါသည်။

"ဒါရိုက်တာက ဘယ်ဆိုးလို့လဲ။ သူဦးတည်ချက် ရှင်းရှင်းလင်းလင်းရှိတာပဲ။ သူ့နာမည်က ဘာတဲ့လဲ။"

ဖေးချမ့်က ပြန်ပြောလိုက်သည်။ "ကျူးရှောင်စဲတဲ့။"

"ဒါရိုက်တာကျူးက အသက်ဘယ်လောက်ရှိပြီလဲ။"

"တက္ကသိုလ်နောက်ဆုံးနှစ်ရောက်နေပါပြီ။"

"ငယ်ပြီး အလားအလာရှိတဲ့ ကလေးပဲ" အဖေဖေးက လေးစားစွာ ပြောလိုက်ပါသည်။ "အရမ်းငယ်တာတောင် အဓိပ္ပာယ်ရှိတာတွေ အများကြီး ပြောနိုင်တယ်။ သူသာ ဂိမ်းကုမ္ပဏီတစ်ခုရဲ့ ဘော့စ် ဖြစ်လာနိုင်ရင် တကယ်ကောင်းမှာပဲ။"

ဖေးချမ့်က အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။ "မဖြစ်လာနိုင်ဘူးလို့ ဘယ်သူပြောလဲ။"

သူ့အမေက လက်ပ်တော့ကို ကိုင်ကာ ဗီဒီယိုကို ကြည့်နေဆဲဖြစ်ပါသည်။  "သားသရုပ်ဆောင်တာက အရမ်းကောင်းတာပဲ။ နည်းနည်းလောက် ထပ်ကြည့်ချင်သေးတယ်။ သား ငါတို့ အိမ်က ကွန်ပျူတာထဲ ကော်ပီကူးပေးစမ်းပါ။”

ဖေးချမ့် အထက်တန်းကျောင်းတုန်းက ဝယ်ထားသည့် Desktopဟောင်းတစ်လုံး အိမ်မှာ ရှိသည်။ အခုတော့ အတော်လေး နှေးနေပါပြီ။

ဖေးချမ့်က ဗီဒီယိုကို Desktop ထဲသို့ ကူးပေးလိုက်သည်။ အမေက ချက်ချင်းပဲပျော်ရွှင်စွာ ဖက်လိုက်ပါသည်။ ဗီဒီယီုကို ထပ်ခါထပ်ခါ ပြန်ကြည့်နေ၏။ သူမ ကြည့်နေရင်း ငြီးငွေ့ဖွယ် နောက်ခံတီးလုံးကလည်း မရပ်မနား ထွက်ပေါ်နေပါသည်။

အခန်း(၉၄) ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ရေပန်းစားလာခြင်း

ဖေးချမ့်က အခန်းထဲ ပြန်ဝင်သွားသည်။ သူ သမိုင်းဝင်ခြေလှမ်းကြီး လှမ်းနိုင်ခဲ့ပြီဟု ခံစားနေရသည်။ အဆင့်တစ်ခုလောက်အထိ အဖေဖေး၏ ခံယူချက်ကို နည်းနည်း ပြောင်းလဲပေးနိုင်ခဲ့ပါသည်။ အဖေဖေးကို ဒီတိုင်း တိုက်ရိုက်ပြောလိုက်ပါက အများကြီး ပိုခက်ခဲနိုင်တာ ဖေးချမ့် သိပါသည်။

သို့သော်လည်း ဒါရိုက်တာကျူးကို သူအသုံးချနိုင်ပါသည်။ ညီမျှခြင်းမှာ တတိယလူနဲ့ သူတူနေပါသည်။ ထို့ကြောင့် အဖေဖေးအတွက် ပိုပြီး ယုံချင်စရာကောင်းခဲ့ခြင်း ဖြစ်ပါသည်။

အမှန်ပင်။ အဖေဖေးက ထို အမြင်များကို သဘောတူပါသည်။

ဂိမ်းတွေအပေါ် သူ့ဘက်လိုက်မှုက လုံးဝ ပျောက်သွားပြီလား။ မပျောက်ကွယ်သေးပါဘူး။

သို့သော်လည်း အနည်းဆုံးတော့ အဖေဖေးက တချို့ဂိမ်းများမှာ မဆိုးကြောင်း လက်ခံနိုင်ခဲ့ပါပြီ။ သို့သော်လည်း တချို့က ရုပ်ရှင်နဲ့ ဝတ္ထုများလိုပင်။ ဂိမ်းတွေက သာမန်ဖြစ်ပြီး ကျန်းမာရေး မထိခိုက်စေသော ဖျော်ဖြေရေး အမျိုးအစားမျိုး ဖြစ်ရမည်။

ဒါက ခြေလှမ်းအကြီးကြီး လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဖေးချမ့်က သူ့အနာဂတ်အစီအစဥ်များအကြောင်း စဥ်းစားလိုက်သည်။ အနာဂတ်မှာာ လက်ရာမြောက်သည့် ဂိမ်းတစ်ခုသာ ဖန်တီးနိုင်ပါက အဖေဖေးကို စမ်းကစားကြည့်ခိုင်းလိုက်မည်။ သူစွဲလမ်းသွားပါက ဖွင့်ပြောနိုင်ပါလိမ့်မည်။

ထို့နောက် အဖေဖေးက သူ့ကို သေချာပေါက် လက်ခံပါလိမ့်မည်။

အရင်တုန်းက မုန်းနေတောင် ဂိမ်းများကို စွဲလမ်းသည့် ကျိန်စာထံက ဘယ်သူမှ မလွတ်မြောက်နိုင်ကြောင်း ဖေးချမ့် ယုံကြည်ထားပါသည်။

...

ထို့နောက်မှ ဖေးချမ့်တစ်ယောက် အောက်က ကောမန့်များကို ဖတ်ဖို့ အချိန်ရခဲ့ခြင်းဖြစ်သည်။

Potato Web မှာ ကျည်ဆန်စခရင် လုပ်ဆောင်ချက်မျိုး မရှိသေးပါ။ ဒီလို လုပ်ဆောင်မှုမျိုး ပေါ်လာဖို့ အနည်းဆုံး ၂ နှစ်လောက် ကြာဦးမည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

သို့သော်လည်း Potato Web မှာ ဒီလို လုပ်ဆောင်ချက်မျိုးရှိနေတောင် အသုံးဝင်မှာ မဟုတ်ပေ။ အလွန်လျှင်မြန်စွာ အစားထိုးခံရပါလိမ့်မည်။။ ရလဒ်အနေနဲ့  ဆက်တိုက် ကျဆင်းသွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အခုက ဗီဒီယိုများအလွန်ရေပန်းစားနေသည့် အချိန်ဖြစ်ပါသည်။ ထူးချွန်သည့် Content ဖန်တီးသူများစွာ ရှိပါသည်။

ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝအောက်မှာ ကောမန့်များစွာ ရှိပါသည်။ တချို့က ရန်ရှာချင်သည့် လူတချို့ ရေးထားတာ ဖြစ်သော်လည်း အများစုကတော့ ဗီဒီယိုကို ချီးကျူးကြခြင်း ဖြစ်ပါသည်။

"ဒါကို သာမန် ဗီဒီယိုအတိုလေးလို့ ထင်ထားတာ။ ဒါပေမယ့် ကြည့်ပြီးတာနဲ့ နောက်ကွယ်မှာ နက်နဲတဲ့ အဓိပ္ပာယ်ရှိနေမှန်း နားလည်ခဲ့ရတယ်။ တော်တော်လေး ရယ်ရပေမယ့် လေးလေးနက်နက် စဥ်းစားကြည့်မယ်ဆိုရင် သဘာဝကျတယ်။ ကြက်သီးတောင် ထမိပါတယ်။”

"ဒီသရုပ်ဆောင်ငယ်လေးရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်။ ပိုက်ဆံအများကြီးရှိတဲ့ သူဌေးတစ်ယောက်ရဲ့ ဇာတ်ကောင်စရိုက်မျိုးကို တိတိကျကျ ပုံဖော်နိုင်ခဲ့တယ်။ အရမ်းလည်း သဘာဝကျတယ်။ တခြား သရုပ်ဆောင်ငယ်တွေထက် အများကြီး ပိုကောင်းတယ်။”

"လူမှုပတ်ဝန်းကျင်ရဲ့ အမှားတွေကို ဖော်ထုတ်ဖို့အတွက် အမှောင်ဟာသတွေကို သုံးနေတာ။ ဒီဗီဒီယိုကြောင့် ဘဝအကြောင်း ပြန်ထင်ဟပ်စေတယ်။ ဝေဖန်မှုလည်းပါပြီး ဒီလောကရဲ့ ဆိုးရွားမှုကို သရော်နေတာလေ။"

"သူ့မျက်နှာာထားက တော်တော်လေး  တိကျတယ်။ ကမ္ဘာကြီးအကြောင်း တွေးခေါ်မှုတွေနဲ့ ပြည့်နှက်နေတာ။ ဒါ သူဌေးတွေရဲ့ ကမ္ဘာလား။"

"ဘော့စ်ဖေးက သရုပ်ဆောင်ကောင်းရုံတင်မကဘဲ မျက်နှာထားတွေကလည်း တကယ် ကောင်းတယ်။ သူဆိုဖာပေါ်လှဲရင်း ကုမ္ပဏီရဲ့ဘော့စ်ဖြစ်ကြောင်း ပြောနေတဲ့ ပုံစံကြီးက။ တကယ့် ရုပ်ရှင်ဘုရင်ပဲ။ ပရိတ်သတ်တွေ အများကြီးကို ဆွဲဆောင်နိုင်တယ်။”

"အရင်ကောမန့်ကလူ ငါတို့ရဲ့ အတုအယောင် ကောမန့်တွေကို ဖျက်ပြီးပြီမဟုတ်ဘူးလား။ မင်းတို့ အရမ်းအဖြစ်သည်းကြတာပဲ။"

"ဒီဗီဒီယိုက ထုတ်လုပ်မှုတန်ဖိုး မမြင့်မားပေမယ့် ပုံစံကို ကြည့်ရသလောက်တော့ DSLR သုံးပြီး ရိုက်ထားကြောင်း ပြောနိုင်တယ်။ တော်တော်လေး နက်ရှိုင်းတယ်လို့ ထင်တယ်။ နောက်ကွယ်မှာလည်း အဓိပ္ပာယ်တွေ အများကြီးပဲ။ အထူးပြုလုပ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဗီဒီယိုအတိုတွေထက် အများကြီး ပိုကောင်းတယ်။”

"ထုတ်လုပ်မှုတန်ဖိုး မမြင့်ဖူးလို့ ဘယ်သူပြောလဲ။ ပစ္စည်းတွေနဲ့ ဝတ်စုံတွေဝယ်ဖို့ ပိုက်ဆံမကုန်ဘူးလား။ စိတ်ကြိုက်ချုပ် အဝတ်အစားဝတ်စုံတွေနဲ့ ရိုးလက်စ်နာရီဝယ်ဖို့ ပိုက်ဆံမကုန်ဘူးလား။ ငါ ရိုးလက်စ် နာရီကို သေချာကြည့်ပြီးသွားပြီ။ အဲ့တာ အစစ်ကြီး။ အတု မဟုတ်ဘူး။"

"ငါထင်တာတော့ သူတို့ စုစုပေါင်း ယွမ် ၂၀၀,၀၀၀ ရင်းနှီးမြှုပ်နှံပြီး ယွမ် ၁၈၀,၀၀၀ ကို နာရီဝယ်ဖို့ သုံးလိုက်တာဖြစ်မယ် ဟားဟား"

"ဗီဒီယီုထဲမှာ ၈ နာရီကြာ ကားမောင်းတဲ့ ဂိမ်းတစ်ခုကို ဖန်တီးဖို့ ယွမ် ၅၀,၀၀၀ သုံးခဲ့ရတဲ့အကြောင်း ပြောနေတာကွ။ သူတို့ အထီးကျန်ကန္တာရလမ်းကို ပြောနေတာတော့ မဟုတ်ဘူးမလား။”

"ဘာ ဒီဗီဒီယိုက လက်တွေ့ဘဝနဲ့ ဆက်စပ်နေတာလား။ မိုက်လိုက်တာ။"

"လက်တွေ့ဘဝကို မှီငြမ်းထားတာမလား။"

"ဒါဆို... ဂိမ်းကို ဒီပုံစံအတိုင်း တကယ် ဖန်တီးထားတာလား မသိဘူးနော်။"

"ဟားဟားဟား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ ပုံကြီးချဲ့ထားတာပါကွာ။ အထီးကျန်ကန္တာရလမ်းက စုတ်ပြတ်ပေမယ့်  ဒီဇိုင်နာက အများကြီး အတွေးတွေ ထည့်ထားတာ။"

အစုတ်အပြတ် အင်တာနက်အသုံးပြုသူများက ကောမန့်ထဲမှာ ဦးနှောက်စားနေကြသည်။ ဗီဒီယိုနဲ့ ထန်းတာ့တို့အကြား ဆက်စပ်ဖို့ ကြိုးစားနေသည့် လူတချို့လည်း ရှိသည်။ သို့သော်လည်း ဗီဒီယိုက ထန်းတာ့နဲ့ ဆက်စပ်နေသည်ဟု ထင်ကြသည့် လူတွေမှာ သက်သေမရှိပါ။ အမှန်ပင်။ သူတို့ အကြီးအကျယ်လည်း မဆိုရဲကြပေ။

ဖေးချမ့်ထုတ်လုပ်သည့် ဂိမ်းတိုင်းက ထန်းတာ့ နက်ခ်ဝေါ့နည်းပညာ ကုမ္ပဏီလီမိတက် နာမည်ဖြင့် ဖြစ်သည်။ ဒီကုမ္ပဏီ၏ တရားဝင် ပိုင်ရှင်အကြောင်း သေသေချာချာ မရှာဖွေကြသည့် လူတွေကတော့ ဖေးချမ့်က ဘော့စ်ဖြစ်ကြောင်း ဘယ်တော့မှ သိနိုင်ကြမှာ မဟုတ်ပေ။ ဖေးချမ့်က ဒီဗီဒီယိုထဲက သရုပ်ဆောင်ဆိုတာကို သိဖို့ ပိုဝေးပါသေးသည်။

သာမန်လူတွေက ကုမ္ပဏီ၏ တရားဝင်ပိုင်ရှင်များကို သိချင်တောင် ရှာဖွေဖို့ အလွန်ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ထျန်းယန်ချန်းလို ဆော့ဝဲမျိုးက နောက်ထပ် ၄ နှစ်လောက်ကြာမှ လက်တွေ့ကမ္ဘာမှာ ပေါ်လာမှာ ဖြစ်သောကြောင့်ဖြစ်ပါသည်။

ဒီလောကက ၂၀၁၀ ခုနှစ်သာ ရှိသေးသည်။ ဒီလိုဆော့ဝဲမျိုး မရှိသေးပါ။ ထို့ကြောင့် ပရိတ်သတ်များစွာက ဖေးချမ့်ကို သာမန် သရုပ်ဆောင်လေးဟုသာ ထင်ထားကြပါသည်။

ဗီဒီယိုိ၏ အောက်ဘက်မှာတော့ ရန်ရှာနေသည့် လူတချို့ရှိပါသည်။

"စုတ်ပြတ်လိုက်တဲ့ ထုတ်လုပ်မှု ဒီဗီဒီယို ဘာကို ဦးတည်နေလဲဆိုတာတောာင် မပြောတတ်ဘူး။"

"ဒီဗီဒီယိုကို ဖန်တီးတဲ့ကောင်က ဟာသပဲ။ ဘာဗဟုသုတမှလည်း မရှိဘူး။ ဘော့စ်တိုင်းက စိတ်ကြိုက်ချုပ်ဝတ်စုံတွေဝတ်ပြီး ရိုးလက်စ်နာရီပိုင်တယ် ထင်လို့လား။ ခံယူချက်တွေကတော့။ တကယ့် ဘော့စ်တွေက ပိုလိုရှပ်အင်္ကျီတွေနဲ့ ဘောင်းဘီတိုတွေပဲ ဝတ်ကြတာ။ သူတို့ပုံစံကိုတောာင် သူတို့ ဂရုမစိုက်ကြဘူး။"

"ဟုတ်တယ်။ အရမ်းရေပန်းစားလာတဲ့ ဂိမ်းတစ်ခုလုပ်ဖို့ ယွမ် ၅၀,၀၀၀ သုံးခဲ့တယ်လို့တောင် ပြောတယ်။ ဟာသပဲ။ ဗီဒီယိုတစ်ခုကို စိတ်ဝင်စားဖို့ကောင်းအောင် ဒီလိုမလုပ်ရဘူးကွ။ အထီးကျန် ကန္တာရလမ်းက ထုတ်လုပ်ဖို့ ပိုက်ဆံအများကြီး မကုန်နိုင်ပေမယ့် သေချာပေါက် ယွမ် ၅၀,၀၀၀ ထက်တော့ ပိုကုန်နိုင်တယ်။"

"မင်းတို့ ဘော့စ်ဖေးနေရာက သရုပ်ဆောင်ဖို့ သက်လတ်ပိုင်းလူတစ်ယောက်လောက် ရှာသင့်တယ်ထင်တယ်။ ဘော့စ်ဖေးရဲ့ သရုပ်ဆောင်က ကောင်းပါတယ်။ ဒါပေမယ့် သူက ငယ်လွန်းတယ်။ သဘာဝ မကျဘူး။"

ထိုကောမန့်များက အနည်းစု ဖြစ်သော်လည်း ဒီလိုတွေးကြသည့် လူများရှိကြပါသည်။

သို့သော်လည်း ဖေးချမ့်က တကယ်ဂရုမစိုက်တော့ပါ။

"သြော် အားလုံး တော်တော် အတွေးခေါင်ကြတာပဲ။ ရေပန်းစားတဲ့ဂိမ်းတစ်ခုကို ဖန်တီးဖို့ ယွမ် ၅၀,၀၀၀ ပဲ ကုန်တယ်။ ငါလည်း အဲ့ဒါကို ယုံမှာမဟုတ်ပေမယ့် တကယ်ဖြစ်ခဲ့တာပဲကို... ဘယ်လိုပြောရမလဲ။"

ဖေးချမ့်က ဗီဒီယို၏ ကြည့်ရှုသူအရေအတွက်ကိုသာ ကြည့်နေမိသည်။

အခြေအနေကို ကြည့်ရသလောက်တော့ မကောင်းတော့ပါ။

ဖေးချမ့်မှာ  လူတွေ ဗီဒီယိုကို သဘောမကျနိုင်မည့် မျှော်လင့်ချက် အသေးစားလေးတော့ ရှိခဲ့ပါသေးသည်။ လူတွေသာ ဒီလိုသူဌေးတွေကို လှောင်ပြောင်တာမျိုးကို သဘောမကျရင် ဘယ်လိုလုပ်မလဲ။

ဖြစ်ချင်တော့ ဒီလိုမျိုး မဟုတ်ခဲ့ပါ။

အခုတော့ ဖေးချမ့် ရွေးချယ်စရာမရှိတော့ဘဲ ဒါရိုက်တာကျူးတစ်ယောက် ကြော်ငြာအလုပ်များ လက်မခံဖို့ကိုသာ ဆုတောာင်းနေမိတော့သည်။ သူတို့ ကြော်ငြာခ မရပါက ဒီကြည့်ရှုသူ အရေအတွက်မှာ ဘယ်လောက်ပဲ မြင့်လာပါစ အသုံးမဝင်ပါ။ ၎င်းတို့က အမြတ်များ ရရှိစေမှာ မဟုတ်ပေ။

...

လူနာ နှစ်သစ်ကူး ၅ ရက်မြောက်နေ့တွင် ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ဒုတိယပိုင်းကို ထုတ်လွှင့်ခဲ့ပါသည်။

လူနာ နှစ်သစ်ကူး၏ ၇ ရက်မြောက်နေ့တွင် ဖေးချမ့် အိမ်က ပြန်လာပြီး အလုပ်သို့ ပြန်သွားခဲ့ပါသည်။

အိမ်က လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို သူပြောင်းလဲချင်သည်။ သို့သော်လည်း ဘယ်လောက်ပဲ ပြောပြော သူ့မိဘများက ငြင်းဆန်ပါသည်။ ရွေးချယ်စရာမရှိတော့ဘဲ လောလောဆယ်တော့ ဒီတိုင်းထားဖို့သာ ရှိသည်။

အဖေဖေးအတွက် သူ့သားပိုက်ဆံရှာနိုင်တာ ကောင်းပါသည်။ သို့သော်လည်း ယွမ် ၃,၀၀၀ သာ ရထားသဖြင့် သူ့အတွက်သူ သုံးဖို့ စုထားတာ အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့်လည်း ငွေကို လက်မခံခဲ့ခြင်း ဖြစ်သည်။

ဖေးချမ့် စောင့်နေဖို့သာ ရှိတော့သည်။

သူတို့ကို ထမင်းချက်ဖို့ အကူအညီပေးနိုင်သည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ဝယ်လာပါက သူ့မိဘများက အစပိုင်း ငြင်းခဲ့ရင်တောင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို လဲပါလိမ့်မည်။ ဖေးချမ့်က အလုပ်သို့မပြန်ခင် ဆောင်းရာသီပြီးဆုံးသည့်အထိ စောင့်နိုင်သော်လည်း ရုံးက အခြေအနေများကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်တော့ ရှိရမည်။

သူ မရှိတုန်း ကုမ္ပဏီ၏ ပရောဂျက်များ ကျရှုံးသွားမှာကို မစိုးရိမ်ပါ။ မကျရှုံးမှာကို စိုးရိမ်မိခြင်း ဖြစ်ပါသည်။

အများကြီး ကြိုးစားပြီးနောက် နောက်ဆုံးတော့ အရင်တစ်ခေါက်တုန်းက ယွမ် ၂၀,၀၀၀ အရှုံးပေါ်ခြင်း၏ အသီးအပွင့်များကို ခံစားခဲ့ရပါသည်။ ဒီတစ်ခေါက်လည်း သူ ဆက်ပြီး ကြိုးစားပါက ယွမ် ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက်အထိ အရှုံးပေါ်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ထို့နောက် သူ့ဗီဒီယိုအတိုလေးများ ရေပန်းစားလာသဖြင့် ပိုက်ဆံအများကြီး ရလာသည်ဟု ဆင်ခြေပေးလို့ ရပါသည်။ ထိုအခါ သူ့မိဘများ ငြင်းဆန်တာကို မခံရဘဲ အိမ်သုံးပစ္စည်းများအတွက် သုံးစွဲနိုင်မည်ဖြစ်ပါသည်။

ဒီလိုစီစဥ်ထားပါသည်။

...

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ တတိယပိုင်းကို ထုတ်လွှင့်ခဲ့သည်။

နောက်တစ်ဖန် ဖေးချမ့် ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်ပြီး ဗီဒီယိုကို ကြည့်လိုက်သည်။ ဗီဒီယို သုံးပုဒ်စလုံးက ကြည့်ရှုသူ ၅၀၀,၀၀၀ လောက် ရှိနေပါပြီ။ပရိတ်သတ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ လောက်ကလည်း ဆက်တိုက် တိုးတက်နေခဲ့ပါသည်။

Potato Web ပေါ်က ညွှန်းဆိုနေရာမှာလည်း ပိုပိုပြီး ကောင်းမွန်လာပါသည်။ ထို့အပြင် ဒီဗီဒီယိုတွေက Weibo လို တခြားလမ်းကြောင်းများအထိပါ ပြန့်နှံ့သွားနိုင်ခြေ ရှိပါသည်။

ဖေးချမ့် တိတ်ဆိတ်စွာဖြင့် ဗီဒီယိုကို ပိတ်လိုက်သည်။ စိတ်အေးအေးထားနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါသည်။

ရပါတယ်၊ ရပါတယ်၊ ဗီဒီယိုအတိုလေး တစ်ပုဒ်တည်းပါ။

ငါ ယွမ် ၁ သန်းတောင် ရင်းနှီးထာားတာ။ အဲ့ငွေပြန်ရဖို့ အဝေးကြီး လိုပါသေးတယ်။

စပွန်ဆာတွေရမယ်လို့လည်း အာမမခံနိုင်ဘူး။ ရရင်တောင် ပိုက်ဆံ အများကြီး မဝင်နိုင်ပါဘူး။

ဖေးချမ့် ဒီနည်းနဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေသည်။ သူ ထိုအကြောင်းများကို စဥ်းစားနေစဥ်မှာပင် သူ့ရုံးခန်းအပြင်ဘက်မှ နှုတ်ဆက်စကားသံများကို ကြားလိုက်ရပါသည်။

"ဒါရိုက်တာကျူးရောက်လာပြီ။"

"ဒါရိုက်တာကျူး ဗီဒီယိုအတိုတွေက ရေပန်းစားနေပြီနော်။ ကျွန်တော်တို့ကို လိုက်မကျွေးချင်ဘူးလား။"

"ဒါရိုက်တာကျူး ကျွန်တော်ပါတဲ့ အပိုင်းကို ဘယ်တော့ လွှင့်မှာလဲ။"

ရုံးထဲက လူအများစုလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ ဥပမာအားဖြင့် ရှောင်းလု။ သူက သရုပ်ဆောင်ရမည့် ကဏ္ဍများစွာ ပါသည်။ ဥပမာအားဖြင့် ပထမပိုင်းမှာ ယွမ် ၅၀,၀၀၀ နဲ့ ဂိမ်းကို ဖန်တီးခဲ့သည့် အလုပ်သင်အဖြစ် သရုပ်ဆောင်ရသည်။

သူတို့သရုပ်ဆောင်ကြေးက အများကြီး မရသော်လည်း အလွန်စိတ်အားထက်သန်ကြပါသည်။ သူတို့ ပိုက်ဆံရတာမရတာ အရေးကြီးပေ။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာကျူးက သူတို့ကို ဘယ်လောာက်ပဲ ကမ်းလှမ်းပါစေ ဘော့စ်ဖေးပေးနေသည့် လစာထက် ပိုပြီး မကမ်းလှမ်းနိုင်ပါ။

သူတို့အတွက်  အရေးကြီးဆုံးက သူတို့မျက်နှာများကို ပြနိုင်ခြင်း ဖြစ်ပါသည်။

ရေပန်းမစားချင်တဲ့လူမျိုး ရှိပါ့မလား။ ထို့ကြောင့် ကျူးရှောင်စဲ ရောက်လာတာကို မြင်သည့်အခါ သူတို့အားလုံး အလွန်အမင်း နွေးထွေးလာခြင်း ဖြစ်ပါသည်။

သူတို့အားလုံး ဒါရိုက်တာကျူးနဲ့ ရင်းနှီးချင်ကြ၏။ ဒါမှ နောက်ပိုင်း အပိုင်းများတွင် သူတို့ကို ဇာတ်ကောင်နေရာ ပိုပေးနိုင်မည်ဖြစ်သည်။ ဖြစ်နိုင်ပါက ၎င်းတို့၏ ကိုယ်ပိုင် အထူးအပိုင်းလေးများပင် လိုချင်ပါသည်။ ဥပမာ ဘော့စ်ဖေးရဲ့ အလုပ်သင် နေ့စဥ်ဘဝ ဟူ၍ ဖြစ်သည်။

ကျူးရှောင်စဲက သူ့ DSLR ကိုကိုင်ထားပြီး ရုံးထဲက လူပေါင်းစုံကို ကတိပေးလိုက်ပါသည်။ "စိတ်မပူကြပါနဲ့။ နောက်ပိုင်း ရိုက်ကူးရမယ့် ဇာတ်ကောင်နေရာတွေ ထပ်ရှိလာဦးမှာပါ။ ဒါပြီးရင် အားလုံး ဗီဒီယိုအတိုလေးတွေပါတဲ့ စီးရီးတစ်ခု ရိုက်ရမယ်။"

"ဒါပေမယ့် အခုတော့ ကိုယ့်အလုပ်ကိုယ် လုပ်ကြပါဦး။ မဟုတ်ရင် ဘော့စ်ဖေး ကျွန်တော့်ကို ကြည်မှာ မဟုတ်ဘူး။"

သူက လူအုပ်ကြီးကို နှစ်သိမ့်ပြီးနောက် ကျူးရှောင်စဲ ဖေးချမ့်၏ ရုံးခန်းတံခါးသို့ ချဥ်းကပ်လာပြီး နူးညံ့စွာဖြင့် တံခါးခေါက်လိုက်ပါသည်။

အခန်း(၉၅) ဘော့စ်ဖေးရဲ့ အကြံပေးမှု၊ စပွန်ဆာတွေကို ငြင်းပါ

ဖေးချမ့်က သူတို့ နောက်တစ်ပိုင်း ရိုက်ရတော့မည်ဆိုတာကို သိလိုက်ပါသည်။

နှစ်သစ်ကူး မတိုင်ခင် ၃ ပိုင်း ရိုက်ကူးခဲ့ပြီး အားလုံး ထုတ်လွှင့်ပြီးပါပြီ။

သူတို့ နောက်ထပ် ၃ ရက်အတွင်း အပိုင်း ၄ ကို ထုတ်လွှင့်ချင်ပါက နောက် ၂ ရက်လောက်ကို အသုံးချရမည်။

သို့သော်လည်း ဘော့စ်ဖေး၏ နေ့စဥ်ဘဝလို ဗီဒီယိုမျိုးအတွက် ဇာတ်ညွှန်းထွက်လာတာနဲ့ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ နောက်ခံစကားပြောခြင်း စတာတွေအားလုံးကို နာရီပိုင်းအတွင်းမှာပင် အပြီးလုပ်နိုင်ပါသည်။ မြန်နှုန်းမြင့် ထုတ်လုပ်ရေးအတွက် အလွန် သင့်တော်သည်။

ထို့ကြောင့် အချိန်က ပြဿနာ မဟုတ်ပါ။

ဖေးချမ့်လည်း ရွေးချယ်စရာမရှိပေ။ စာချုပ်လက်မှတ်ထိုးထားပြီးသားဖြစ်ကာ လျော်ကြေးလည်း မပေးနိုင်သဖြင့် စာချုပ်ပါအတိုင်းပဲ နာခံပြီး ရိုက်ကူးနိုင်ပါသည်။

လွတ်လမ်းမရှိတော့သဖြင့် သူ့အတွက်  နာကျင်မှုနည်းပါးအောင် ဒါကို အဆိုးဘက်က မြင်ကြည့်ရမည် ဖြစ်ပါသည်။

မကြာမီ အပိုင်း ၄ ကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့ပါသည်။

ကျူးရှောင်စဲက သူ့ DSLR ကို ကိုင်လိုက်ပြီး ကြည့်လိုက်ကာ လက်ကိုမြှောက်လိုက်ပြီး အိုကေ သင်္ကေတ လုပ်ပြလိုက်ပါသည်။

"ကောင်းလိုက်တာ ဘော့စ်ဖေးရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ။ တကယ်ကောင်းတာ။ ရုပ်ရှင်ဘုရင် မဖြစ်ချင်တဲ့ ဂိမ်းပရိုဂျူဆာဆိုတာ ဘော့စ်ကောင်း တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ ဟုတ်သားပဲ ဘော့စ်ဖေး ဗီဒီယိုလောကနဲ့ ပူးပေါင်းဖို့အတွက် အစ်ကိုဟွမ်းက ခင်ဗျားရဲ့အမြင်ကို မေးခိုင်းလိုက်ပါတယ်...။”

ကျူးရှောင်စဲက အနီးအနားရှိ ဧည့်သည်အခန်းကို ကြည့်လိုက်သည်။ ဖေးချမ့်က ကျူးရှောင်စဲ သူနဲ့ သီးသန့်စကား ပြောချင်ကြောင်း ချက်ချင်း နားလည်သွားပါသည်။  တခြား အကြောင်းအရာဆိုလျှင် ဖေးချမ့်က လက်ဟန်သာပြလိုက်ပြီး ကျူးရှောင်စဲနဲ့ ဟွမ်းစစ်ပေါ်တို့ကိုသာ ဆုံးဖြတ်ခိုင်းလိုက်မည် ဖြစ်သည်။

သို့သော်လည်း လုပ်ငန်းပူးတွဲလုပ်ဆောင်မှုနဲ့ ပတ်သက်သည်ဟု ကြားလိုက်ရသောအခါ ဖေးချမ့် စိတ်ပါသွားပါသည်။ "ဧည့်သည်အခန်းကို သွားကြရအောင်။"

ဗီဒီယိုလောကနဲ့ ပူးပေါင်းတယ်ဆိုတော့... စပွန်ဆာကို ပြောတာပဲ။

ဖေးချမ့် ဒါကို အလွန်အမင်း စိတ်ပူမိပါသည်။

ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့သာ ဒီအကြောင်း ထုတ်ပြောမလာပါက ဖေးချမ့်က ရှက်ရှက်နဲ့ မေးရမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဖေးချမ့်က ယွမ် ၁ သန်းကို ရင်းနှီးမြှုပ်နှံဖို့ ပေးခဲ့ပြီး ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ဟု ပြောခဲ့သည်။ ယခု အပိုင်းများကို ထုတ်လွှင့်နေပြီး ရေပန်းစားလာမှ သူ ရုတ်တရက်ကြီး ဝင်ပါလိုက်ပါက သင့်တော်မှာ မဟုတ်ပါ။ ဆက်ဆံရေးကို ပျက်စီးစေပါလိမ့်မည်။

ဂုဏ်သိက္ခာ ကျဆင်းသွားပါက အဖွဲ့ကို ဦးဆောင်ဖို့ ခက်ခဲသွားပါလိမ့်မည်။

ယခု ကျူးရှောင်စဲက ဒီကိစ္စကို အရင်ဆုံး ဖွင့်ပြောလာသဖြင့် ဖေးချမ့်က ဆွေးနွေးနိုင်သွားပါသည်။

ဧည့်သည်ခန်းထဲသို့ ဝင်ပြီးသွားသောအခါ ဖေးချမ့်က စိတ်ပါလက်ပါနဲ့ စတင်နားထောင်လေသည်။

ကျူးရှောင်စဲက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ တကယ်ကြီး လွန်ခဲ့တဲ့ ၂ ရက်တုန်းက ပထမဆုံး ကော်မာရှယ်ကို လက်ခံရရှိခဲ့တယ်။ အဟမ်း ဆိုလိုတာက ကျွန်တော်တို့ စပွန်ဆာတွေ စလက်ခံလို့ရပြီဆိုတာပဲ။"

"..."

လခွမ်း မြန်လိုက်တာ။

ဖေးချမ့်က စပွန်ဆာများမှာ ၂ ပတ် ၃ ပတ်လောက်ကြာမှ ရောက်လာတတ်သည်ဟု ထင်ထားခဲ့သည်။ သို့မဟုတ် ၁ လလောက်တောင် ကြာနိုင်သည််။ သို့သော်လည်း ရက်အနည်းငယ်လောက်နဲ့ စပွန်ဆာတစ်ယောက် ရောက်လာခဲ့ပြီလား။

ဖေးချမ့်က သူ့မျက်နှာထားကို တည်ငြိမ်အောာင်ထားဖို့ ကြိုးစားနေသည်။ "အင်း ကမ်းလှမ်းချက်က ဘယ်လိုလဲ။"

ကျူးရှောင်စဲက ပြောလိုက်ည်။ "အွန်လိုင်း အဝတ်အထည် ကော်မာရှယ်ပါ။ သူတို့ရဲ့ တီရှပ်မော်ဒယ်အသစ်ကို ကြော်ငြာပေးရမှာပါ။"

"ကမ်းလှမ်းချက်က ဇာတ်ပို့တစ်ယောာက်ကို သူတို့ အထည်တွေဝတ်ပြီး ဒီကော်မာရှယ်အကြောင်း စကားတစ်ခွန်းလောက် ပြောပေးဖို့ပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကြည့်ရှုသူတွေ နားလည်မယ်လို့ ထင်ပါတယ်။ ပြဿနာကြီးကြီးမားမား ရှိမှာမဟုတ်ဘူး။”

ဖေးချမ့် ခေတ္တရပ်တန့်သွားပြီး မေးလိုက်ပါသည်။ "ကမ်းလှမ်းစျေးက ဘယ်လိုလဲ။"

"ယွမ် ၅,၀၀၀ တဲ့။ အများကြီးတော့ မဟုတ်ပေမယ့် အခုမှ အစပဲ ရှိသေးတယ်လေ။ ကျွန်တော်တို့ရဲ့ ပထမဆုံး ခြေလှမ်းပေါ့။" ကျူးရှောင်စဲက ပြောလိုက်ပါသည်။

ဘာလဲဟ။

ပထမဆုံး စပွန်ဆာဖြစ်တာတောင် ယွမ် ၅,၀၀၀ ကမ်းလှမ်းနေပြီလား။

ဖေးချမ့် ကြက်သေ သေသွားပါသည်။

အဲ့လောက်တောင်လား။

UP မာစတာများ၏  စပွန်ဆာများက ဘယ်လိုလဲဆိုတာ ဖေးချမ့် သေချာနားမလည်သော်လည်း အကြမ်းဖျင်းတော့ နားလည်ပါသည်။ ၂၀၁၀ ခုနှစ်တွင် လူအများစုက ဗီဒီယိုဖန်တီးသူများကို အထင်သေးကြသည်။ သူတို့က ဗီဒီယိုဖန်တီးသူများများကို အဆင့်မရှိသူများဟုပင် သတ်မှတ်ကြ၏။

ရေပန်းစားသည့် UP မာစတာကြီးများကလည်း ကိုယ်ပိုင် မူလအလုပ်ဖြစ်သော အချိန်ပြည့်အလုပ်များ ရှိကြပါသည်။

ဖေးချမ့်က ၂၀၁၉ ခုနှစ်တွင် Hawk Ao ၏ ဗီဒီယိုတစ်ပုဒ်ကို မြင်ခဲ့ဖူးတာကို မှတ်မိဆဲဖြစ်ပါသည်။ သူ စပွန်ဆာ ပထမဆုံး စတင်လုပ်ခဲ့သော အချိန်ကို ပြန်စဥ်းစားကြည့်လိုက်သည်။ ၂၀၁၁ ခုနှစ်တွင် ဗီဒီယိုအတိုများအတွက် ကြည့်ရှုသူ ၁၀၀,၀၀၀ သာ ရှိသေးသည်။ သို့သော်လည်း သူ့စပွန်ဆာ ခရီးလမ်းမှာ League of Legends ၏ Partnership ကို လက်ခံပြီးမှ စတင်ခဲ့ပါသည်။

ထိုအချိန်တုန်းက Hawk Ao စပွန်ဆာ ဘယ်လောက်တောင် ရခဲ့သလဲ။

ယွမ် ၁,၀၀၀ သာ ဖြစ်သည်။

အမှန်ပင်။ ရေပန်းစားသည့် ဂိမ်းတစ်ခုအတွက်၊ ဧရာမ ကုမ္ပဏီကြီးတစ်ခုအတွက် ယွမ် ၁,၀၀၀ သာ ဖြစ်သည်။

ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ ပုံမှန် တစ်ပိုင်းကြည့်ရှုသူနှုန်းက ယွမ် ၅၀၀,၀၀၀ ဝန်းကျင်မှာ ရှိသော်လည်း လွန်ခဲ့သည့် ရက်နည်းနည်းလောက်ကမှ ရေပန်းစားလာခြင်းဖြစ်ပါသည်။ ဒီစီးရီးရဲ့ ဖန်တီးသူ အဖျားရှူးသွားပြီး အဆုံးသတ်မသွားနိုင်ဘူးလို့ ပြောနိုင်လို့လား။

ထို့ကြောင့် ဒီယွမ် ၅,၀၀၀ ကို သင့်တော်သည့် စျေးနှုန်းဟု သတ်မှတ်နိုင်သည်။

အမှန်ပင် ဒါက သာမန် Up မာစတာများ၏ စပွန်ဆာစျေးနှုန်းများအပေါ် မူတည်ပြီး သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ မူပိုင်ခွင့်နှင့် တခြား အချက်များကိုပါ ထည့်တွက်ပါက လုံးဝ ခြားနားသွားနိုင်ပါသည်။

ဖေးချမ့် ခေတ္တ သက်ပြင်းချလိုက်မိသည်။ "ကျွန်တော် အကြံပေးချင်တာကတော့... ကမ်းလှမ်းချက်ကို ငြင်းလိုက်ပါ။”

ကျူးရှောင်စဲ အံ့သြသွားပါသည်။

ဒီပိုက်ဆံက ဘော့စ်ဖေးအပိုင် ဖြစ်သည်။

ဘော့စ်ဖေးက အားလုံးထက် ပိုစိတ်အားထက်သန်ပြီး မျှော်လင့်ချက် ရှိနေရမှာ မဟုတ်ဘူးလား။ ဒါမှ သူ့အရင်းကို ပြန်ရပြီး အမြတ်ရနိုင်မှာလေ။

"ကျွန်တော် နားမလည်ဘူး။ အသေးစိတ် ရှင်းပြပေးပါလား ဘော့စ်ဖေး" ကျူးရှောင်စဲက အလွန်ကျိုးနွံစွာ ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ ဘယ်လောက်ပဲ တော်နေပါစေ၊ သူက စတုတ္ထနှစ်ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ ဘော့စ်ဖေးနဲ့ သူ့အကြံပေးချက်ကို နားထောင်ရပါမည်။

ဖေးချမ့်က ခေတ္တစဥ်းစားပေးလိုက်ပြီး ပြောလိုက်ပသါည်။ "စီးပွားရေးလုပ်ဖို့အတွက် အရေးအကြီးဆုံးက အမြင်ကို ကျယ်ကျယ်ထားဖို့ပဲ။"

"ဟုတ်ပါတယ်။ စပွန်ဆာအတွက် ယွမ် ၅,၀၀၀ ဆိုတာ မက်လောက်စရာပါပဲ။ နောက်တစ်ပိုင်းမှာ နည်းနည်းလောက် မားကတ်တင်း ဆင်းပေးလိုက်တာနဲ့ ယွမ် ၅,၀၀၀ တောင်ရမှာ။ ကမ္ဘာပေါ်မှာာ ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းချက်မျိုး ဘယ်မှာရနိုင်ဦးမလဲ။"

"ဒါပေမယ့် အဲ့ဒီတီရှပ်ကို ဗီဒီယိုထဲထည့်ချင်တယ်ဆိုရင် ငါတို့ အတင်းအကြပ်ထည့်ရလိမ့်မယ်။ ဒါမှမဟုတ် ဇာတ်ညွှန်းကို ပြန်ပြင်ရလိမ့်မယ်။ မူလ ရည်မှန်းထားတဲ့ သက်ရောက်မှုမျိုးကို ရနိုင်ပါဦးမလား။"

"ဒါ ငါတို့ရဲ့ နာမည်ကို ပျက်စီးစေတာပဲ။"

ဖေးချမ့်၏ မျက်နှာထားက ထိုသို့ဖြစ်လာမည်ကို ကြိုမြင်နေသကဲ့သို့ နာကျင်နေပါသည်။

"နောက်တစ်ခေါက် စပွန်ဆာက အလှအပထုတ်ကုန်ဖြစ်တဲ့ ရေချိုးဆပ်ပြာ ဒါမှမဟုတ် ရှန်ပူလိုဟာတွေ ကြော်ငြာခိုင်းရင် ဘယ်လိုလုပ်မလဲ။ ထုတ်လုပ်ရေးကသာာ အဲ့လို စပွန်ဆာတွေနဲ့ ကိုက်ညီအောင် လိုက်လုပ်ရမယ်ဆိုရင် မင်းရဲ့ အကောင်းဆုံးလက်ရာကို ဘယ်လိုလုပ် ပြသနိုင်တော့မှာလဲ။"

"မင်းလို မူပိုင်ခွင့်ကြီးမားတဲ့ ပရောဂျက်တစ်ခုသာ... ယွမ် ၅,၀၀၀ လောက်အတွက်နဲ့ ကျရှုံးသွားမယ်ဆိုရင် အမြတ်ထက် အရှုံးက ပိုအားမသာသွားဘူးလား။"

ကျူးရှောင်စဲ တုန်လှုပ်သွားပါသည်။ အမှန်ပင်။ ဘော့စ်ဖေး ပြောလိုက်တာနဲ့ သူ့အမြင်များ ပြောင်းလဲသွားပါသည်။ ကျူးရှောင်စဲ က ယွမ် ၅,၀၀၀ ကိုသာ မြင်ခဲ့မိသည်။ သို့သော်လည်း ဘော့စ်ဖေးကတော့ ဒီစီးရီး၏ မူပိုင်ခွင့်တန်ဖိုးကိုသာ အာရုံစိုက်ထားပါသည်။

ဒါက... ဘော့စ်တစ်ယောက်နဲ့ အတွေးအကြုံမရှိတဲ့ ကျောင်းသားတစ်ယောက်တို့အကြားက ကွာခြားချက်လား။

ဖေးချမ့်က ခေတ္တရပ်တန့်သွားပြိး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "မင်းကိုကော ဟွမ်းစစ်ပေါ်ကိုကော ဖိအားမများစေချင်ဘူး။ ဒါက ယွမ် ၁ သန်းတည်းပါ။ အရှုံးပေါ်လည်း ဘာဖြစ်လဲ။ ပြဿနာသေးသေးလေးပါပဲ။"

"ကောင်းမွန်တဲ့အရာတွေကို ရရှိဖို့ အရည်အသွေးက ပမာဏထက် ပိုသာလွန်နေရမယ်။ ငါတို့ စွန့်စားရင် စွန့်စား ဒါမှမဟုတ် အားလုံးကို ဆုံးရှုံးပြီး နာမည်ကောင်း ရအောင် လုပ်ရင်လုပ်။ ငါတို့ ပိုက်ဆံလည်း မရ၊ နာမည်လည်း ပျက်မှာမျိုးတော့ လုပ်လို့မဖြစ်ဘူး။ အဲ့တာ တော်တော်လေးကို ရူးသွပ်ရာကျလိမ့်မယ်။ နားလည်လား။"

ကျူးရှောင်စဲ ခေါင်းကို ပြင်းထန်စွာ ငြိမ့်လိုက်ပါသည်။ "ဟုတ်ပါပြီ။ ဘော့စ်ဖေး နားလည်ပါပြီ။"

ဖေးချမ့်က တည်ငြိမ်စွာဖြင့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး  ဆက်ပြောလိုက်သည်။ "ဒီလိုဆိုရင်ကော မင်းတို့တွေ နားထောင်မယ်ဆို ဒီစီးရီးအတွက် စပွန်ဆာ စံနှုန်းတစ်ခု သတ်မှတ်လို့ရတယ်။ ကော်မာရှယ်တစ်ခုကို တိုက်ရိုက်ကြီး ထည့်ဖို့ကျတော့ အတင်းလုပ်ယူထားသလို ဖြစ်လိမ့်မယ်။ ငါတို့ အဲ့တာမျိုး မလုပ်သင့်ဘူး။ ငါတို့ လက်ခံမယ်ဆိုရင် စိတ်ကြိုက်ချုပ် အဝတ်အစားနဲ့ အဆင့်အတန်းမြင့်တဲ့ စပွန်ဆာတွေပဲ လက်ခံမယ်။"

"စပွန်ဆာတစ်ခုကို ယွမ် ၁၀၀,၀၀၀ ပဲ။ ဒါပေမယ့် စျေးနှုန်းအရမ်းမြင့်အောင် ထားလို့တော့ မရဘူး။ တခြားဗီဒီယိုတွေဆို ဖန်တီးသူတွေက အဲ့ဒီကော်မာရှယ်တွေကို အတင်းလုပ်ယူပြီး ထည့်ထားကြတာ။ မင်းတို့တွေကတော့ စိတ်ကြိုက်ချုပ် အဝတ်အစားနဲ့ အဆင့်မြင့်ထုတ်ကုန်တွေပဲထည့်လို့ရမယ်။"

"ဗီဒီယိုအတိုတစ်ခုစီအတွက် အစကနေ အဆုံးအထိ အရည်အသွေးနဲ့ ပမာဏကို ထိန်းသိမ်းရင်း စပွန်ဆာအတွက်လည်း ပြီးပြည့်စုံအောာင် ထည့်သွင်းပေးသွားမယ်။"

"ဒီလိုဆို  ငါတို့ရဲ့ကြည့်ရှုသူတွေရဲ့ ရသကို မပျက်စီးစေဘဲ ကော်မာရှယ်ရဲ့ အာနိသင်ကိုလည်း အာမခံနိုင်မယ်။ ဗီဒီယိုရဲ့ နာမည်ကိုလည်း ထိန်းသိမ်းနိုင်မယ်။ ဒါ သုံးဘက်စလုံး အရှုံးမရှိတဲ့ နည်းလမ်းပဲ။"

ကျူးရှောင်စဲ အနည်းငယ် မျက်နှာပျက်သွားပါသည်။ "ဒါပေမယ့် ဘော့စ်ဖေး ဒီလိုအပ်ချက်က နည်းနည်း မြင့်လွန်းမနေဘူးလား။ လူတွေ ကျွန်တော်တို့ကို စပွန်ဆာပေးဖို့တောင် မလွယ်တာ။ ကျွန်တော်တို့ ဗီဒီယိုတွေကို အရည်အသွေးနဲ့ ပမာဏကော၊ စပွန်ဆာ ပစ္စည်းအတွက်ကော ထိန်းသိမ်းပေးမယ်ဆိုရင် ဒါက..."

ဖေချမ့်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး လက်ဖက်ရည် သောက်လိုက်ပါသည်။ ကျူးရှောင်စဲကို ယုံကြည်ချက်များ ပြည့်ဝနေသော မျက်လုံးမျိုးဖြင့် ကြည့်လိုက်ပါသည်။။

"မင်းရဲ့ ပါရမီကို ငါယုံကြည်တယ်။ မင်းလည်း မင်းကိုယ်မင်း ယုံကြည်ရမယ်။"

ကျူးရှောင်စဲ၏ ပါးစပ် ဟကာ ပြန်ပိတ်သွားသည်။ သို့သော် ဘာမှ မပြောခဲ့ပါ။

ဘော့စ်ဖေး၏ မျက်နှာထားက အားလုံး ပြောပြီးသွားပါပြီ။

"ဟုတ်ပါပြီ ဘော့စ်ဖေး ကျွန်တော် နားလည်ပါပြီ။" ကျူးရှောင်စဲ စိတ်အားထက်သန်စွာဖြင့် ခေါင်းသာငြိမ့်လိုက်ပါသည်။

Zawgyi

ေဖးခ်မ့္ 93+94+95

အခန္း(၉၃) အေဖေဖးရဲ႕ သေဘာထားကို ေျပာင္းလဲျခင္း

ႏွစ္သစ္ကူးတြင္ ဘာမွ ထူးထူးျခားျခား မျဖစ္ပ်က္ခဲ့ပါ။ သူတို႔လုပ္ခဲ့တာဆိုလို႔ ေဆြမ်ိဳးမ်ားထံသို႔ သြားလည္ျခင္း သို႔မဟုတ္ ေဆြးမ်ိဳးမ်ားလာလည္တာကို ဧည့္ခံျခင္း ျဖစ္သည္။ လူနာ ႏွစ္သစ္ကူး တတိယေန႔တြင္ ေဖးခ်မ့္ ေနာက္ဆုံးေတာ့ အေျခၿငိမ္သြားပါၿပီ။ ထိုင္ခုံေပၚမွာထိုင္ရင္း တီဗီၾကည့္ေန၏။

"သား နင့္ဗီဒီယိုအတိုေတြ ထြက္လာၿပီလား။" ေဖးခ်မ့္၏ အေမက သူ႕ကို အခြံႏႊာထားသည့္ ပန္းသီးတစ္လုံးေပးလိုက္ပါသည္။

ေဖးခ်မ့္က လွမ္းယူလိုက္ကာ တစ္ကိုက္စားလိုက္ၿပီး ျပန္ေျပာလိုက္ပါသည္။ "ဟင့္အင္း ႐ိုက္ကူးၿပီးၿပီးခ်င္း အဲ့ဒီဗီဒီယိုေတြကို ၾကည့္လို႔ရတာမ်ိဳး မဟုတ္ဘူးေလ။ နည္းနည္းျပဳျပင္ၿပီး ေနာက္ဆုံးအဆင့္ အတည္ျပဳဖို႔ လိုေသးတယ္။ ကြၽန္ေတာ့္ကိုေမးတာ ဒီေန႔ ၈ ခါ႐ွိၿပီေနာ္။"

"ဒါ႐ိုက္တာကို သြားေမးၾကည့္ပါလား။" ေဖးခ်မ့္၏ အေမက လက္မေလွ်ာ့ဘဲေျပာလိုက္ပါသည္။

ေဖးခ်မ့္ စိတ္႐ႈပ္သြားသည္။ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘဲ ဟြမ္းစစ္ေပၚကို မက္ေဆ့တစ္ေစာင္ ပို႔လိုက္ပါသည္။

သိပ္မၾကာခင္ ဟြမ္းစစ္ေပၚက စာျပန္လာ၏။ "ေဘာ့စ္ေဖး မေန႔က တင္လိုက္ၿပီေလ။ Potato Web ထဲ ဝင္လိုက္တာနဲ႔ ျမင္လိမ့္မယ္။ 'ဟာသမ်ား' ဆိုတဲ့ေအာက္မွာ ႐ွိတယ္။ ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝ ဆိုတဲ့ ေခါင္းစဥ္နဲ႔ တင္ထားတယ္။"

တကယ္ထြက္လာၿပီ။

အဆင္ေျပလိုက္တာ။

ေဖးခ်မ့္က သူ႕လက္ပ္ေတာ့ကို ယူလိုက္ကာ Potato Web သို႔ ေလာ့အင္ဝင္ၿပီး ဟာသမ်ား အပိုင္းကို သြားလိုက္ပါသည္။

တကယ္ပဲ ၫႊန္းဆိုထားသည့္ ေနရာတြင္ ႐ွိေနသည္။ မ်က္စိက်စရာ အေကာင္းဆုံး ႐ိႈး မဟုတ္ေသာ္လည္း အဆိုးႀကီးလည္း မဟုတ္ပါ။

ဒီမတိုင္ခင္က က်ိဳးေ႐ွာင္စဲက သူ႕မွာ Potato Web တြင္အလုပ္လုပ္သည့္ စီနီယာတစ္ေယာာက္႐ွိသည္ဟု ဆိုခဲ့ၿပီး ႐ိႈးကို ၫႊန္းဆိုသည့္ ေနရာသို႔ ေရာက္ေအာင္ လုပ္ေပးႏိုင္သည္ဟု ေျပာခဲ့ပါသည္။ သူလုပ္မည္ဟု ေျပာခဲ့သည့္အတိုင္း တကယ္လုပ္ခဲ့သည္။

အမွန္ပင္ အလကားေတာ့ မဟုတ္ေလာက္ပါ။ ေၾကာ္ညာခေတာ့ ေပးခဲ့ရေလာက္ပါသည္။

ေဖးခ်မ့္ ႏွိပ္ၾကည့္လိုက္ေသာအခါ ရင္ထဲ နင့္သြားရ၏။

ဗီဒီယိုတင္တာ ၁ ရက္သာ ႐ွိေသးေသာ္လည္း ၾကည့္႐ႈသူ ၂,၀၀၀ ေတာင္႐ွိေနပါၿပီ။

ဒါေတာင္ အေကာင့္အသစ္ ျဖစ္သည္။

ေဖးခ်မ့္ ေအာက္က ေကာမန္႔မ်ားကို ဖတ္ၾကည့္လိုက္ပါသည္။

အသက္ဝင္လိုက္တာ။

ေသေသခ်ာခ်ာ ဆန္းစစ္ၾကည့္ၿပီးေနာက္ ေဖ်ာ္ေျဖေရးအပိုင္းက အင္တာနက္အသုံးျပဳသူမ်ားက အလြန္ စည္ကားေနၾကသည္ကို ျမင္လိုက္ရပါသည္။ ေကာမန္႔နဲ႔တင္ စာမ်က္ႏွာ ဆယ္ခ်ီၿပီး ႐ွိေနပါၿပီ။

သြားၿပီ။ သူ စိုးရိမ္ေနခဲ့တာ တကယ္ျဖစ္လာၿပီ။

ေဖးခ်မ့္က သူ႕မိဘမ်ား သတိမထားမိေအာင္ သူ႕စိတ္ခံစားခ်က္မ်ားကို ထိန္းဖို႔ ႀကိဳးစားလိုက္ပါသည္။ ထို႔ေနာက္ ဘာမွမျဖစ္သလို ဟန္ေဆာင္ၿပီး လက္ပ္ေတာ့ကို ေပးလိုက္ပါသည္။ "ဒီမွာေလ။"

သူ႕မိဘမ်ားက လက္ပ္ေတာ့ကို ေကာ္ဖီစားပြဲေပၚတင္လိုက္ၿပီး တစ္ၿပိဳင္တည္း ၾကည့္လိုက္ၾကသည္။

"ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝ ဟုတ္လား။" အေဖေဖးက ေဖးခ်မ့္ကို သံသယျဖစ္စြာ ၾကည့္လိုက္ပါသည္။

"ဟီးဟီးအဲ့တာ ဗီဒီယိုအတိုေလးေတြ ေပါင္းထားတဲ့ စီးရီးရဲ႕ နာမည္ပါ။ ကြၽန္ေတာ္က အဲ့႐ိႈးထဲမွာ ကုမၸဏီေဘာ့စ္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ရတာေလ။" ေဖးခ်မ့္က ႐ွင္းျပလိုက္ပါသည္။

ထို႔ေနာက္ ဗီဒီယို စတင္ခဲ့၏။

"ကြၽန္ေတာ့္ ႐ိုးလက္စ္နာရီကို ၾကည့္လိုက္တယ္။ အခ်ိန္ကို သိရဖို႔ မဟုတ္ဘူး။ ခင္ဗ်ားတို႔ကို ကြၽန္ေတာ္က သူေဌးဆိုတာ အသိေပးဖို႔ပါ။”

"ဒီေန႔ ကြၽန္ေတာ္ စိတ္ကူးတစ္ခုရခဲ့တယ္။ ဂိမ္းအသစ္တစ္ခု ဖန္တီးဖို႔။ ကစားသမားေတြကို ကစာားခ်င္သေလာက္ ကစားေစႏိုင္မယ့္ ဂိမ္းတစ္ခုေပါ့။”

စိတ္ဝင္စားဖို႔ မေကာင္းသည့္ ေနာက္ခံတီးလုံးနဲ႔ ၿငီးေငြ႕ဖြယ္ေကာင္းသည့္ ေနာက္ခံစကားေျပာက ဒီဗီဒီယိုကို အထူးတလည္ လက္ရာေျမာက္ေစခဲ့သည္။

ဗီဒီယိုထဲတြင္ ေဖးခ်မ့္က ဝတ္စုံတစ္ခုဝတ္ထားၿပီး ႐ိုးလက္စ္နာရီတစ္လုံး ပတ္ထားသည္။ ႐ုံး၏ ဧည့္သည္အခန္းက ဆိုဖာတြင္ ထိုင္ေန၏။ သူ႕ေဘးက ေကာ္ဖီစားပြဲေပၚမွာလည္း အဆင့္ျမင့္ လက္ဖက္ရည္ပန္းကန္မ်ားနဲ႔ အဆင့္ျမင့္ လက္ဖက္ရည္မ်ား ႐ွိေနသည္။ အားလုံးက သဘာဝက်လွပါသည္။

ေဖးခ်မ့္၏ ခံစားခ်က္မဲ့ေနေသာ မ်က္ႏွာကပင္ သဘာဝက်လွပါသည္။

ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝ စတိုင္က က်ဴးယိထန္၏ ပ်င္းစရာဘဝနဲ႔ ေတာ္ေတာ္ေလး ဆင္တူပါသည္။

ဒီဗီဒီယိုကိုၾကည့္ရင္း ပရိတ္သတ္ပထမဆုံး ခံစားမိတာက သူေဌးတစ္ေယာက္၏ ဘဝမွာ တကယ္ပဲ အလြန္ပ်င္းဖို႔ေကာင္း၊ အဓိပၸာယ္မဲ့၊ စိတ္ဝင္စားဖို႔မေကာင္းဘဲ ေနလို႔ေတာင္ မေကာင္းလွပါ။

သို႔ေသာ္လည္း သူတို႔ ပိုၿပီးၾကည့္ေလေလ ဒီခံစားခ်က္နဲ႔ ပိုၿပီးအသားက်လာေလေလျဖစ္ပါသည္။

ဗီဒီယို၏ စတိုင္တြင္ အားသာခ်က္ႏွစ္ခ်က္႐ွိသည္။

တစ္ခုက ထင္႐ွားသည္။ ေနာက္တစ္ခုက တင္စားမႈ လွပသည္။

ပိုၿပီးၾကာၾကာၾကည့္ေလေလ မွန္သားျပင္ေပၚက အျဖစ္အပ်က္မ်ား၏ ေနာက္ကြယ္က နက္႐ိႈင္းေသာ အဓိပၸာယ္ကို ပိုၿပီးနားလည္လာႏိုင္ေလေလျဖစ္ပါသည္။ ေထာင့္မ်ားမွ ႐ိုက္ကူးထားေသာ ပုံရိပ္မ်ားကစၿပီး မေျပာင္းလဲသည့္ ေနာက္ခံတီးလုံးမ်ားနဲ႔ ရည္႐ြယ္ခ်က္႐ွိ႐ွိ ပ်င္းဖို႔ေကာင္းေအာင္ လုပ္ထားသည့္ ေနာက္ခံစကားေျပာ အားလုံးက အလြန္အမွတ္ရစရာေကာင္းလွပါသည္။

တင္စားမႈမ်ားကေတာ့....

လူေတြက အမ်ားႀကီး ေတြးေခၚႏိုင္ၾကသည္ဟု မစဥ္းစားမိဘဲ ဒါ႐ိုက္တာက ဗီဒီယိုထဲမွာ ပါးနပ္ေသာ မက္ေဆ့မ်ားစြာ ထည့္ထာားသည့္ ပုံပင္။ ဒီလို ေမွာင္မိုက္သည့္ဟာသမ်ိဳးက ဗီဒီယိုကို သာမန္ထက္ ပိုေကာင္းၿပီး အေနာက္တိုင္း ဟာသမ်ားနဲ႔ ဆင္တူေစသည္။

ေဖးခ်မ့္က သူ႕မိဘမ်ား ေနာက္ဘက္မွာ မတ္တပ္ရပ္ၿပီး ဖန္သားျပင္ေပၚက သူ႕ကိုယ္သူ ၾကည့္ေနပါသည္။ သူ မေနႏိုင္ဘဲ ျပဳံးမိသည္။

ဘာလို႔ ကင္မရာေပၚမွာ ငါအရမ္းေခ်ာေနရတာလဲ။ သ႐ုပ္ေဆာင္တာလည္း တကယ္ေတာ္တယ္။

အဲ့တာေၾကာင့္လဲ ဒါ႐ိုက္တာက်ဴးေ႐ွာင္စဲက ကတ္လို႔ ေအာ္စရာမလိုခဲ့တာကိုး။ ငါက သူ႕ေဘာ့စ္ျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္လို႔ မဟုတ္ဘူး။ ငါ့သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းေကာင္းလြန္းေနလို႔ပဲ။

ေဖးခ်မ့္က သူ႕ကိုယ္သူ အလြန္ဂုဏ္ယူလာမိပါသည္။

တစ္မိနစ္ၾကာ ဗီဒီယိုထဲမွာ လွည့္ကြက္မ်ားစြာ႐ွိၿပီး ဇာတ္ၫႊန္းထဲမွာလည္း ဟာသမ်ားစြာ ပါဝင္သည္။ အဆုံးသတ္သြားေသာအခါ ထပ္ၿပီး ၾကည့္ခ်င္စိတ္ေလးျဖစ္ေပၚေစ၏။

"ဒါပဲလား။ ၾကည့္လို႔မဝေသးဘူး။"

"သား မင္းဗီဒီယိုက အရမ္းမတိုလြန္းဘူးလား။"

အေဖေဖးက ဗီဒီယိုအတိုတစ္ပုဒ္မွာ အနည္းဆုံး တစ္ပိုင္း ၁၀ မိနစ္ေလာက္ ၾကာလိမ့္မည္ဟု ထင္ခဲ့မိသည္။ သို႔ေသာ္လည္း ဒီ တစ္ပုဒ္က ပိုဆိုးသည္။ တစ္ပုဒ္ကို ၁ မိနစ္သာ ၾကာ၏။

ေဖးခ်မ့္က ႐ွင္းျပလိုက္သည္။ "ဒီလိုတိုတဲ့ ဗီဒီယိုေတြက ဒီေခတ္မွာ ပိုေရပန္းစားတယ္ေလ။"

သူ႕အေမက ဗီဒီယိုကို ထပ္ကာထပ္ကာ ဖြင့္ၾကည့္ေနပါသည္။ "ကြၽန္မသားမွာ သ႐ုပ္ေဆာင္ပါရမီ ပါတယ္ထင္တယ္။ ေဘာ့စ္တစ္ေယာက္လို သ႐ုပ္ေဆာင္တာ ဘယ္ေလာက္ ေကာင္းလဲ ၾကည့္ပါဦး။ သဘာဝ က်လိုက္တာ။ ဒီကုမၸဏီကို သူေထာင္ထားတဲ့အတိုင္းပဲ။"

အေဖေဖးကလည္း ေခါင္းၿငိမ့္လိုက္သည္။ "တကယ္လည္း မဆိုးပါဘူး။ ဒါေပမယ့္ ငါတို႔သားက အရမ္းငယ္လြန္းေနေသးတယ္။ ဒီလို အသက္ငယ္ငယ္နဲ႔ ေဘာ့စ္တစ္ေယာက္လို သ႐ုပ္ေဆာင္တာက သိပ္ၿပီး ယုံခ်င္စရာမေကာင္းဘူး ဟုတ္တယ္မလား။ ... ဘာလို႔ ဒါ႐ိုက္တာက မင္းအတြက္ ႏႈတ္ခမ္းေမႊးေတြ ဘာေတြ တပ္မေပးတာလဲ။ ၿပီးေတာ့ အဲ့ဒီ အသံႀကီးက..."

ေဖးခ်မ့္က အျမန္ျဖတ္ေျပာလိုက္သည္။ "အဲ့တာ သူမ်ားအသံပါ။"

အေဖေဖးက ေခါင္းၿငိမ့္လိုက္သည္။ "ငါသိပါတယ္။ ဒါေပမယ့္ သာမန္ ေဘာ့စ္ႀကီးတစ္ေယာက္နဲ႔ မတူဘူး။"

ေဖးခ်မ့္၏ အေမက အေဖေဖးကို သေဘာမတူစြာ ၾကည့္လိုက္သည္။ "႐ွင္က ေဘာ့စ္ႀကီးေတြ အမ်ားႀကီးနဲ႔ ေတြ႕ဖူးတဲ့ပုံစံနဲ႔ လာေျပာေနတာပဲ။"

အေဖေဖးက ခ်က္ခ်င္း တိတ္ဆိတ္သြားပါသည္။ ထိုသို႔ ငါးစကၠန္႔ေလာက္ထိ ၿငိမ္က်သြားၿပီးမွ ျပန္ေျပာလိုက္သည္။ "ေအး မင္းလည္း မျမင္ဖူးဘူးမဟုတ္လား။"

"မျမင္ဖူးဘူး ဒါေပမယ့္ ကြၽန္မက ႐ွင့္ထက္ ႐ုပ္႐ွင္ေတြ ပိုၾကည့္ဖူးတယ္။ ဒါက ႐ုပ္႐ွင္ထဲက ေဘာ့စ္ႀကီးေတြ သ႐ုပ္ေဆာင္တဲ့အတိုင္းပဲ။ ကြၽန္မတို႔သားက သ႐ုပ္ေဆာင္တာ ေတာ္ေတာ္ေကာင္းတယ္လို႔ ထင္တယ္။ အဲ့တာ ဘာျဖစ္လဲ။" အေမက တျဖည္းျဖည္းနဲ႔ အစြန္းေရာက္လာပါသည္။

"ေအးပါ ေအးပါ ေအးပါ... ဘာပဲျဖစ္ျဖစ္ ဒီေခြးေကာင္က အခု႐ုပ္႐ွင္႐ိုက္ၿပီး ပိုက္ဆံရေနၿပီ။ အ႐ြယ္လည္းေရာက္လာၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ႏိုင္ေနၿပီ။ အဲ့တာ ေကာင္းတာပဲ။" အေဖေဖးက ေျပာလိုက္ပါသည္။

အေဖေဖး စိတ္ေကာင္းဝင္ေနတာကို ျမင္ၿပီး  ေဖးခ်မ့္က ခ်က္ခ်င္း အခြင့္ေကာင္းဝင္ယူလိုက္ပါသည္။ "အေဖ ဒီဗီဒီယိုအတိုေလးတြကို ဂိမ္းေလာကကို ဟာသလုပ္ဖို႔အတြက္ ဖန္တီးထားတာေလ။"

"ၾကည့္ပါဦး။ ေဘာ့စ္က ေလ့လာမႈနဲ႔ ဖန္တီးမႈအတြက္ ယြမ္ ၂၀၀,၀၀၀ သတ္မွတ္ေပးထားတယ္။ ဒါေပမယ့္ တစ္ဆင့္ခ်င္း ဆင္းသြားတိုင္း လူတိုင္းက ေငြကို ျဖတ္ခုတ္သြားၾကတယ္။ ေနာက္ဆုံး တကယ္အလုပ္လုပ္ရမယ့္ လူဆီေရာက္သြားေတာ့ ယြမ္ ၅၀,၀၀၀ ပဲ က်န္ေတာ့တယ္။ ဒါက ဂိမ္းကုမၸဏီမ်ားစြာမွာ အခုျဖစ္ပ်က္ေနတဲ့ အတြင္းပိုင္း စီမံေရးျပႆနာတစ္ခုပဲ။"

"သူတို႔ေတြက ယြမ္ ၅၀,၀၀၀ နဲ႔ အဓိပၸာယ္မ႐ွိတဲ့ ဂိမ္းေတြကို ဖန္တီးၾကတယ္။ ဒါေတာင္ ကစားသမားေတြက ဝယ္ၾကတုန္းပဲ။ ဒါက ဂိမ္းေစ်းကြက္ရဲ႕ ႐ႈပ္ေထြးမႈေတြပဲ။"

"ဒါက အေမွာင္ဟာသမ်ိဳးပဲ။ သေရာ္ၿပီး လိပ္ျပာမလုံေစတဲ့ သက္ေရာက္မႈမ်ိဳး ရေအာင္ လုပ္ထားတာ။ အစကတည္းက ဒါ႐ိုက္တာက ဒီလို စီစဥ္ထားခဲ့တာေလ။"

အေဖေဖး၏ မ်က္ႏွာထားက ေတာင့္တင္းေနရာမွ စိတ္ဝင္စားေသာ မ်က္ႏွာထားအျဖစ္ ေျပာင္းလဲသြားပါသည္။ ထို႔ေနာက္ နားလည္သြားေသာ မ်က္ႏွာထားအျဖစ္သို႔...။

"ေၾသာ္... ဒီလိုကိုး။"

ေဖးခ်မ့္ ေနာက္ဆုံးေတာ့ အေဖေဖး၏ စိတ္ဝင္စားမႈကို ရခဲ့ၿပီဟု ခံစားမိပါသည္။ သူအျမန္ဆုံး အေဖေဖး၏ ခံယူခ်က္ကို ခ်ိဳးဖ်က္ဖို႔ ႀကိဳးစားပါသည္။

"ၿပီးေတာ့ ဒီဇာတ္ကြက္က အေတာ္ေလး နက္႐ိႈင္းတယ္။ ဒါ႐ိုက္တာက်ိဳးက ဂိမ္းကုမၸဏီတစ္ခုကို တာဝန္ယူထားတဲ့ စိတ္ေကာင္း႐ွိတဲ့ ေဘာ့စ္တစ္ေယာက္ကို ပုံေဖာ္ခ်င္တာ။ ဒါက ဒီကုမၸဏီနဲ႔ သာမန္ ဂိမ္းကုမၸဏီေတြၾကားက ျခားနားမႈကို ဖန္တီးတယ္။"

"ေၾသာ္ သူ အဲ့တာကို ဘယ္လိုဖန္တီးတာလဲ။" အေဖေဖးက စိတ္ဝင္စားေနပါၿပီ။

အေဖေဖးက မ်ိဳးဆက္ေဟာင္းမ်ားမွ သာမန္ လူႀကီးမ်ိဳးျဖစ္ပါသည္။ ဂိမ္းေတြအေပၚထားသည့္ သူ႕ခံယူခ်က္မွာ သူ႕အျပစ္ေတာ့မဟုတ္ပါ။ ေၾကာ္ျငာမ်ားေၾကာင့္ ျဖစ္ပါသည္။ ဂိမ္းမ်ားက ေရပန္းစားလာသည့္ အရာဟု သတ္မွတ္ႏိုင္သည္။ အေဖေဖးလို လူမ်ိဳးက ဘယ္လိုလုပ္ လိုက္မွီႏိုင္မည္နည္း။ သူ ဂိမ္းမ်ားအေၾကာင္း သိထားျခင္းက တီဗီမွ ျမင္ဖူးျခင္း သို႔မဟုတ္ တျခားမိဘမ်ားထံမွ ၾကားဖူးျခင္းသာျဖစ္ႏိုင္သည္။

ေန႔တိုင္း သတင္းမ်ား ၾကည့္ၿပီး ေက်ာင္းသားတစ္ေယာက္ အင္တာနက္ကေဖးသြားဖို႔ ေက်ာင္းလစ္သည့္အေၾကာင္း ဖတ္မိျပန္သည္။ ရလဒ္အေနျဖင့္ ေက်ာင္းသား၏ အဆင့္မ်ား ထိခိုက္လာၿပီး မိဘမ်ား၏ ႀကိဳးစားပမ္းစား႐ွာထားေသာ ပိုက္ဆံလည္း ဂိမ္းထဲက ေငြေၾကးကို  ဝယ္ယူဖို႔ ျဖဳန္းခံရၿပီး သဲထဲေရသြန္ ျဖစ္သြားပါသည္။

အမွန္ပင္။ သူ ဂိမ္းေတြကို လုံးဝသေဘာမက်ပါ။

ထို႔ေၾကာင့္ မသမာေသာ ေစ်းသည္မ်ားနဲ႔ မီဒီယာမ်ားကိုသာ အျပစ္တင္ရပါမည္။

ယခုေဖးခ်မ့္က ႀကိဳးစားၿပီး အေဖေဖး  ဂိမ္းေလာကအေပၚထားသည့္ ခံယူခ်က္ကို ေျပာင္းလဲေပးရမည္။

"ဒါ႐ိုက္တာက်ဴးက ဒီလိုစီစဥ္ခဲ့တာေလ။"

"ဂိမ္းကုမၸဏီရဲ႕ ဒီေဘာ့စ္ရဲ႕ တျခားတစ္ဖက္ကို ျပသခ်င္ေနတာ။ အားလုံးအတြက္ အျပဳသေဘာေဆာင္တဲ့ အားအင္ေတြ ယူေဆာင္လာေပးၿပီး လူေတြကို အားေပးၿပီးေတာ့ ဂိမ္းဖန္တီးေစတဲ့လူမ်ိဳးကိုေလ။"

"ဥပမာအားျဖင့္ ကားသူခိုးတစ္ေယာက္ကို ဖမ္းဖို႔ ႀကိဳးစားရင္း ေက်ာင္းသားတစ္ေယာက္က ဂန္းစတားတစ္ေယာာက္ တိုက္ခိုက္တာကို ခံရတယ္။ ကံမေကာင္းစြာနဲ႔ သူက ေနာက္ဆုံးေတာ့ ေသသြားတယ္။ ဒီဇိုင္နာက သူ႕ဂိမ္းထဲက ေက်ာင္းသားအျဖစ္ကေန ဝင္ခံစားၾကည့္တယ္။ ဒါမွ ကစားသမားေတြက သူ႕ကိုအမွတ္ရႏိုင္မွာေပါ့။”

"ေနာက္ဆုံးေတာ့ ဘာျဖစ္လာလဲသိလား။ သူ႕ဂိမ္းေတြက ေတာ္ေတာ္ေလးကို ေရပန္းစားလာတယ္။"

အေဖေဖးက ဒီအရာမ်ားကိုတစ္ခါမွ မၾကားဖူးပါ။ အခုေတာ့ သူစိတ္ဝင္စားလာပါၿပီ။ "မင္းသ႐ုပ္ေဆာင္ေနတာ အဲ့လိုဇာတ္ေကာင္မ်ိဳးလား။"

ေဖးခ်မ့္က ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။ "ဟုတ္တယ္။"

"မဆိုးပါဘူး။" အေဖေဖးကလည္း ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။

ေဖးခ်မ့္က ဆက္ေျပာ၏။ "႐ိုး႐ိုးသားသား ေျပာရရင္ ဂိမ္းေလာကက တကယ္ပဲ ပ်က္စီးေနၿပီ။ ဒါေပမယ့္ ဂိမ္းဆိုတာ ေဖ်ာ္ေျဖေရး အမ်ိဳးအစားတစ္ခုပဲ။ အေရးအႀကီးဆုံးက ဂိမ္းဖန္တီးတဲ့လူက ဘယ္လိုမ်ိဳးလဲဆိုတာပဲ။"

"ဂိမ္းဖန္တီးသူက အျမတ္ရဖို႔ႀကီးပဲ ႀကိဳးစားေနတဲ့လူဆိုရင္ ေသခ်ာေပါက္ ကေလးေတြကို မိဘေတြဆီက ပိုက္ဆံခိုးၿပီး ဂိမ္းထဲက ေငြေၾကးကို ျပန္ျဖည့္ဖို႔ ဆြဲေဆာင္မွာပဲ။ ဆန္႔က်င္ဘက္အေနနဲ႔ ဂိမ္းဖန္တီးသူရဲ႕ ပန္းတိုင္က ကစားသမားေတြကို ေပ်ာ္ေစခ်င္႐ုံသက္သက္ဆိုရင္ေကာ ဘယ္လိုမ်ိဳးလဲ။"

"အလုပ္သမားေတြလည္း တစ္ေနကုန္ အလုပ္မွာ ပင္ပန္းလာၿပီး ဂိမ္း ကစားႏိုင္တယ္။ ႐ုပ္႐ွင္သြားၾကည့္တာ၊ စာအုပ္ဖတ္တာနဲ႔ အတူတူပဲ။ သူတို႔အတြက္ စိတ္ဖိစီးမႈ ေလွ်ာ့က်ေစၿပီး အပန္းေျပေစတဲ့ နည္းလမ္းတစ္ခုပဲ။ အဲ့တာ မေကာင္းဘူးလား။”

"အဲ့တာေၾကာင့္ ဒီျပႆနာကို သာမန္အတိုင္း ေျဖ႐ွင္းလို႔မျဖစ္ဘူး။ ကြၽန္ေတာ္တို႔ အားလုံးအတြက္ လမ္းၫႊန္ေပးဖို႔ အေကာင္းဆုံး ႀကိဳးစားရမယ္။ ဒါမွ သူတို႔ ဂိမ္းကစားတဲ့အခါ  စြဲမသြားဘဲ ေပ်ာ္ၿပီး အပန္းေျပေစမွာ။ အဲ့တာ လမ္းမွန္လို႔ ကြၽန္ေတာ္ထင္တယ္။”

"အဲ့ဒါ ဒီဗီဒီယိုအတိုေလးေတြကေနတဆင့္ ဒါ႐ိုက္တာက်ဴးေပးဖို႔ ႀကိဳးစားေနတဲ့ မက္ေဆ့ပဲ။ အဲ့တာ ဗီဒီယိုထဲက ကြၽန္ေတာ့္ဇာတ္ေကာင္ရဲ႕ ရည္႐ြယ္ခ်က္လည္း ဟုတ္တယ္။"

အေဖေဖးက နားေထာင္ရင္း ေခါင္းၿငိမ့္ေနပါသည္။

ထိုစကားလုံးမ်ားက ဒါ႐ိုက္တာက်ဴးေျပာခဲ့တုန္းကထက္ ပိုၿပီး ယုံခ်င္စရာေကာင္းေနပါသည္။ အေဖေဖး ဂိမ္းေတြအေပၚထားသည့္ သေဘာထား အမ်ားႀကီး ပိုႏူးညံ့သြားတာကို ေဖးခ်မ့္ ျမင္ႏိုင္ပါသည္။

"ဒါ႐ိုက္တာက ဘယ္ဆိုးလို႔လဲ။ သူဦးတည္ခ်က္ ႐ွင္း႐ွင္းလင္းလင္း႐ွိတာပဲ။ သူ႕နာမည္က ဘာတဲ့လဲ။"

ေဖးခ်မ့္က ျပန္ေျပာလိုက္သည္။ "က်ဴးေ႐ွာင္စဲတဲ့။"

"ဒါ႐ိုက္တာက်ဴးက အသက္ဘယ္ေလာက္႐ွိၿပီလဲ။"

"တကၠသိုလ္ေနာက္ဆုံးႏွစ္ေရာက္ေနပါၿပီ။"

"ငယ္ၿပီး အလားအလာ႐ွိတဲ့ ကေလးပဲ" အေဖေဖးက ေလးစားစြာ ေျပာလိုက္ပါသည္။ "အရမ္းငယ္တာေတာင္ အဓိပၸာယ္႐ွိတာေတြ အမ်ားႀကီး ေျပာႏိုင္တယ္။ သူသာ ဂိမ္းကုမၸဏီတစ္ခုရဲ႕ ေဘာ့စ္ ျဖစ္လာႏိုင္ရင္ တကယ္ေကာင္းမွာပဲ။"

ေဖးခ်မ့္က အားတက္သေရာ ေခါင္းၿငိမ့္လိုက္ပါသည္။ "မျဖစ္လာႏိုင္ဘူးလို႔ ဘယ္သူေျပာလဲ။"

သူ႕အေမက လက္ပ္ေတာ့ကို ကိုင္ကာ ဗီဒီယိုကို ၾကည့္ေနဆဲျဖစ္ပါသည္။  "သားသ႐ုပ္ေဆာင္တာက အရမ္းေကာင္းတာပဲ။ နည္းနည္းေလာက္ ထပ္ၾကည့္ခ်င္ေသးတယ္။ သား ငါတို႔ အိမ္က ကြန္ပ်ဴတာထဲ ေကာ္ပီကူးေပးစမ္းပါ။”

ေဖးခ်မ့္ အထက္တန္းေက်ာင္းတုန္းက ဝယ္ထားသည့္ Desktopေဟာင္းတစ္လုံး အိမ္မွာ ႐ွိသည္။ အခုေတာ့ အေတာ္ေလး ေႏွးေနပါၿပီ။

ေဖးခ်မ့္က ဗီဒီယိုကို Desktop ထဲသို႔ ကူးေပးလိုက္သည္။ အေမက ခ်က္ခ်င္းပဲေပ်ာ္႐ႊင္စြာ ဖက္လိုက္ပါသည္။ ဗီဒီယီုကို ထပ္ခါထပ္ခါ ျပန္ၾကည့္ေန၏။ သူမ ၾကည့္ေနရင္း ၿငီးေငြ႕ဖြယ္ ေနာက္ခံတီးလုံးကလည္း မရပ္မနား ထြက္ေပၚေနပါသည္။

အခန္း(၉၄) ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝ ေရပန္းစားလာျခင္း

ေဖးခ်မ့္က အခန္းထဲ ျပန္ဝင္သြားသည္။ သူ သမိုင္းဝင္ေျခလွမ္းႀကီး လွမ္းႏိုင္ခဲ့ၿပီဟု ခံစားေနရသည္။ အဆင့္တစ္ခုေလာက္အထိ အေဖေဖး၏ ခံယူခ်က္ကို နည္းနည္း ေျပာင္းလဲေပးႏိုင္ခဲ့ပါသည္။ အေဖေဖးကို ဒီတိုင္း တိုက္႐ိုက္ေျပာလိုက္ပါက အမ်ားႀကီး ပိုခက္ခဲႏိုင္တာ ေဖးခ်မ့္ သိပါသည္။

သို႔ေသာ္လည္း ဒါ႐ိုက္တာက်ဴးကို သူအသုံးခ်ႏိုင္ပါသည္။ ညီမွ်ျခင္းမွာ တတိယလူနဲ႔ သူတူေနပါသည္။ ထို႔ေၾကာင့္ အေဖေဖးအတြက္ ပိုၿပီး ယုံခ်င္စရာေကာင္းခဲ့ျခင္း ျဖစ္ပါသည္။

အမွန္ပင္။ အေဖေဖးက ထို အျမင္မ်ားကို သေဘာတူပါသည္။

ဂိမ္းေတြအေပၚ သူ႕ဘက္လိုက္မႈက လုံးဝ ေပ်ာက္သြားၿပီလား။ မေပ်ာက္ကြယ္ေသးပါဘူး။

သို႔ေသာ္လည္း အနည္းဆုံးေတာ့ အေဖေဖးက တခ်ိဳ႕ဂိမ္းမ်ားမွာ မဆိုးေၾကာင္း လက္ခံႏိုင္ခဲ့ပါၿပီ။ သို႔ေသာ္လည္း တခ်ိဳ႕က ႐ုပ္႐ွင္နဲ႔ ဝတၳဳမ်ားလိုပင္။ ဂိမ္းေတြက သာမန္ျဖစ္ၿပီး က်န္းမာေရး မထိခိုက္ေစေသာ ေဖ်ာ္ေျဖေရး အမ်ိဳးအစားမ်ိဳး ျဖစ္ရမည္။

ဒါက ေျခလွမ္းအႀကီးႀကီး လွမ္းႏိုင္ခဲ့ျခင္း ျဖစ္ပါသည္။

ေဖးခ်မ့္က သူ႕အနာဂတ္အစီအစဥ္မ်ားအေၾကာင္း စဥ္းစားလိုက္သည္။ အနာဂတ္မွာာ လက္ရာေျမာက္သည့္ ဂိမ္းတစ္ခုသာ ဖန္တီးႏိုင္ပါက အေဖေဖးကို စမ္းကစားၾကည့္ခိုင္းလိုက္မည္။ သူစြဲလမ္းသြားပါက ဖြင့္ေျပာႏိုင္ပါလိမ့္မည္။

ထို႔ေနာက္ အေဖေဖးက သူ႕ကို ေသခ်ာေပါက္ လက္ခံပါလိမ့္မည္။

အရင္တုန္းက မုန္းေနေတာင္ ဂိမ္းမ်ားကို စြဲလမ္းသည့္ က်ိန္စာထံက ဘယ္သူမွ မလြတ္ေျမာက္ႏိုင္ေၾကာင္း ေဖးခ်မ့္ ယုံၾကည္ထားပါသည္။

...

ထို႔ေနာက္မွ ေဖးခ်မ့္တစ္ေယာက္ ေအာက္က ေကာမန္႔မ်ားကို ဖတ္ဖို႔ အခ်ိန္ရခဲ့ျခင္းျဖစ္သည္။

Potato Web မွာ က်ည္ဆန္စခရင္ လုပ္ေဆာင္ခ်က္မ်ိဳး မ႐ွိေသးပါ။ ဒီလို လုပ္ေဆာင္မႈမ်ိဳး ေပၚလာဖို႔ အနည္းဆုံး ၂ ႏွစ္ေလာက္ ၾကာဦးမည္ဟု ေဖးခ်မ့္ ခန္႔မွန္းမိပါသည္။

သို႔ေသာ္လည္း Potato Web မွာ ဒီလို လုပ္ေဆာင္ခ်က္မ်ိဳး႐ွိေနေတာင္ အသုံးဝင္မွာ မဟုတ္ေပ။ အလြန္လွ်င္ျမန္စြာ အစားထိုးခံရပါလိမ့္မည္။။ ရလဒ္အေနနဲ႔  ဆက္တိုက္ က်ဆင္းသြားလိမ့္မည္။ ဘာပဲျဖစ္ျဖစ္ အခုက ဗီဒီယိုမ်ားအလြန္ေရပန္းစားေနသည့္ အခ်ိန္ျဖစ္ပါသည္။ ထူးခြၽန္သည့္ Content ဖန္တီးသူမ်ားစြာ ႐ွိပါသည္။

ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝေအာက္မွာ ေကာမန္႔မ်ားစြာ ႐ွိပါသည္။ တခ်ိဳ႕က ရန္႐ွာခ်င္သည့္ လူတခ်ိဳ႕ ေရးထားတာ ျဖစ္ေသာ္လည္း အမ်ားစုကေတာ့ ဗီဒီယိုကို ခ်ီးက်ဴးၾကျခင္း ျဖစ္ပါသည္။

"ဒါကို သာမန္ ဗီဒီယိုအတိုေလးလို႔ ထင္ထားတာ။ ဒါေပမယ့္ ၾကည့္ၿပီးတာနဲ႔ ေနာက္ကြယ္မွာ နက္နဲတဲ့ အဓိပၸာယ္႐ွိေနမွန္း နားလည္ခဲ့ရတယ္။ ေတာ္ေတာ္ေလး ရယ္ရေပမယ့္ ေလးေလးနက္နက္ စဥ္းစားၾကည့္မယ္ဆိုရင္ သဘာဝက်တယ္။ ၾကက္သီးေတာင္ ထမိပါတယ္။”

"ဒီသ႐ုပ္ေဆာင္ငယ္ေလးရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းေကာင္းတယ္။ ပိုက္ဆံအမ်ားႀကီး႐ွိတဲ့ သူေဌးတစ္ေယာက္ရဲ႕ ဇာတ္ေကာင္စ႐ိုက္မ်ိဳးကို တိတိက်က် ပုံေဖာ္ႏိုင္ခဲ့တယ္။ အရမ္းလည္း သဘာဝက်တယ္။ တျခား သ႐ုပ္ေဆာင္ငယ္ေတြထက္ အမ်ားႀကီး ပိုေကာင္းတယ္။”

"လူမႈပတ္ဝန္းက်င္ရဲ႕ အမွားေတြကို ေဖာ္ထုတ္ဖို႔အတြက္ အေမွာင္ဟာသေတြကို သုံးေနတာ။ ဒီဗီဒီယိုေၾကာင့္ ဘဝအေၾကာင္း ျပန္ထင္ဟပ္ေစတယ္။ ေဝဖန္မႈလည္းပါၿပီး ဒီေလာကရဲ႕ ဆိုး႐ြားမႈကို သေရာ္ေနတာေလ။"

"သူ႕မ်က္ႏွာာထားက ေတာ္ေတာ္ေလး  တိက်တယ္။ ကမ႓ာႀကီးအေၾကာင္း ေတြးေခၚမႈေတြနဲ႔ ျပည့္ႏွက္ေနတာ။ ဒါ သူေဌးေတြရဲ႕ ကမ႓ာလား။"

"ေဘာ့စ္ေဖးက သ႐ုပ္ေဆာင္ေကာင္း႐ုံတင္မကဘဲ မ်က္ႏွာထားေတြကလည္း တကယ္ ေကာင္းတယ္။ သူဆိုဖာေပၚလွဲရင္း ကုမၸဏီရဲ႕ေဘာ့စ္ျဖစ္ေၾကာင္း ေျပာေနတဲ့ ပုံစံႀကီးက။ တကယ့္ ႐ုပ္႐ွင္ဘုရင္ပဲ။ ပရိတ္သတ္ေတြ အမ်ားႀကီးကို ဆြဲေဆာင္ႏိုင္တယ္။”

"အရင္ေကာမန္႔ကလူ ငါတို႔ရဲ႕ အတုအေယာင္ ေကာမန္႔ေတြကို ဖ်က္ၿပီးၿပီမဟုတ္ဘူးလား။ မင္းတို႔ အရမ္းအျဖစ္သည္းၾကတာပဲ။"

"ဒီဗီဒီယိုက ထုတ္လုပ္မႈတန္ဖိုး မျမင့္မားေပမယ့္ ပုံစံကို ၾကည့္ရသေလာက္ေတာ့ DSLR သုံးၿပီး ႐ိုက္ထားေၾကာင္း ေျပာႏိုင္တယ္။ ေတာ္ေတာ္ေလး နက္႐ိႈင္းတယ္လို႔ ထင္တယ္။ ေနာက္ကြယ္မွာလည္း အဓိပၸာယ္ေတြ အမ်ားႀကီးပဲ။ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဗီဒီယိုအတိုေတြထက္ အမ်ားႀကီး ပိုေကာင္းတယ္။”

"ထုတ္လုပ္မႈတန္ဖိုး မျမင့္ဖူးလို႔ ဘယ္သူေျပာလဲ။ ပစၥည္းေတြနဲ႔ ဝတ္စုံေတြဝယ္ဖို႔ ပိုက္ဆံမကုန္ဘူးလား။ စိတ္ႀကိဳက္ခ်ဳပ္ အဝတ္အစားဝတ္စုံေတြနဲ႔ ႐ိုးလက္စ္နာရီဝယ္ဖို႔ ပိုက္ဆံမကုန္ဘူးလား။ ငါ ႐ိုးလက္စ္ နာရီကို ေသခ်ာၾကည့္ၿပီးသြားၿပီ။ အဲ့တာ အစစ္ႀကီး။ အတု မဟုတ္ဘူး။"

"ငါထင္တာေတာ့ သူတို႔ စုစုေပါင္း ယြမ္ ၂၀၀,၀၀၀ ရင္းႏွီးျမႇဳပ္ႏွံၿပီး ယြမ္ ၁၈၀,၀၀၀ ကို နာရီဝယ္ဖို႔ သုံးလိုက္တာျဖစ္မယ္ ဟားဟား"

"ဗီဒီယီုထဲမွာ ၈ နာရီၾကာ ကားေမာင္းတဲ့ ဂိမ္းတစ္ခုကို ဖန္တီးဖို႔ ယြမ္ ၅၀,၀၀၀ သုံးခဲ့ရတဲ့အေၾကာင္း ေျပာေနတာကြ။ သူတို႔ အထီးက်န္ကႏၲာရလမ္းကို ေျပာေနတာေတာ့ မဟုတ္ဘူးမလား။”

"ဘာ ဒီဗီဒီယိုက လက္ေတြ႕ဘဝနဲ႔ ဆက္စပ္ေနတာလား။ မိုက္လိုက္တာ။"

"လက္ေတြ႕ဘဝကို မွီျငမ္းထားတာမလား။"

"ဒါဆို... ဂိမ္းကို ဒီပုံစံအတိုင္း တကယ္ ဖန္တီးထားတာလား မသိဘူးေနာ္။"

"ဟားဟားဟား ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။ ဒါ ပုံႀကီးခ်ဲ႕ထားတာပါကြာ။ အထီးက်န္ကႏၲာရလမ္းက စုတ္ျပတ္ေပမယ့္  ဒီဇိုင္နာက အမ်ားႀကီး အေတြးေတြ ထည့္ထားတာ။"

အစုတ္အျပတ္ အင္တာနက္အသုံးျပဳသူမ်ားက ေကာမန္႔ထဲမွာ ဦးေႏွာက္စားေနၾကသည္။ ဗီဒီယိုနဲ႔ ထန္းတာ့တို႔အၾကား ဆက္စပ္ဖို႔ ႀကိဳးစားေနသည့္ လူတခ်ိဳ႕လည္း ႐ွိသည္။ သို႔ေသာ္လည္း ဗီဒီယိုက ထန္းတာ့နဲ႔ ဆက္စပ္ေနသည္ဟု ထင္ၾကသည့္ လူေတြမွာ သက္ေသမ႐ွိပါ။ အမွန္ပင္။ သူတို႔ အႀကီးအက်ယ္လည္း မဆိုရဲၾကေပ။

ေဖးခ်မ့္ထုတ္လုပ္သည့္ ဂိမ္းတိုင္းက ထန္းတာ့ နက္ခ္ေဝါ့နည္းပညာ ကုမၸဏီလီမိတက္ နာမည္ျဖင့္ ျဖစ္သည္။ ဒီကုမၸဏီ၏ တရားဝင္ ပိုင္႐ွင္အေၾကာင္း ေသေသခ်ာခ်ာ မ႐ွာေဖြၾကသည့္ လူေတြကေတာ့ ေဖးခ်မ့္က ေဘာ့စ္ျဖစ္ေၾကာင္း ဘယ္ေတာ့မွ သိႏိုင္ၾကမွာ မဟုတ္ေပ။ ေဖးခ်မ့္က ဒီဗီဒီယိုထဲက သ႐ုပ္ေဆာင္ဆိုတာကို သိဖို႔ ပိုေဝးပါေသးသည္။

သာမန္လူေတြက ကုမၸဏီ၏ တရားဝင္ပိုင္႐ွင္မ်ားကို သိခ်င္ေတာင္ ႐ွာေဖြဖို႔ အလြန္ခက္ခဲပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ထ်န္းယန္ခ်န္းလို ေဆာ့ဝဲမ်ိဳးက ေနာက္ထပ္ ၄ ႏွစ္ေလာက္ၾကာမွ လက္ေတြ႕ကမ႓ာမွာ ေပၚလာမွာ ျဖစ္ေသာေၾကာင့္ျဖစ္ပါသည္။

ဒီေလာကက ၂၀၁၀ ခုႏွစ္သာ ႐ွိေသးသည္။ ဒီလိုေဆာ့ဝဲမ်ိဳး မ႐ွိေသးပါ။ ထို႔ေၾကာင့္ ပရိတ္သတ္မ်ားစြာက ေဖးခ်မ့္ကို သာမန္ သ႐ုပ္ေဆာင္ေလးဟုသာ ထင္ထားၾကပါသည္။

ဗီဒီယိုိ၏ ေအာက္ဘက္မွာေတာ့ ရန္႐ွာေနသည့္ လူတခ်ိဳ႕႐ွိပါသည္။

"စုတ္ျပတ္လိုက္တဲ့ ထုတ္လုပ္မႈ ဒီဗီဒီယို ဘာကို ဦးတည္ေနလဲဆိုတာေတာာင္ မေျပာတတ္ဘူး။"

"ဒီဗီဒီယိုကို ဖန္တီးတဲ့ေကာင္က ဟာသပဲ။ ဘာဗဟုသုတမွလည္း မ႐ွိဘူး။ ေဘာ့စ္တိုင္းက စိတ္ႀကိဳက္ခ်ဳပ္ဝတ္စုံေတြဝတ္ၿပီး ႐ိုးလက္စ္နာရီပိုင္တယ္ ထင္လို႔လား။ ခံယူခ်က္ေတြကေတာ့။ တကယ့္ ေဘာ့စ္ေတြက ပိုလို႐ွပ္အက်ႌေတြနဲ႔ ေဘာင္းဘီတိုေတြပဲ ဝတ္ၾကတာ။ သူတို႔ပုံစံကိုေတာာင္ သူတို႔ ဂ႐ုမစိုက္ၾကဘူး။"

"ဟုတ္တယ္။ အရမ္းေရပန္းစားလာတဲ့ ဂိမ္းတစ္ခုလုပ္ဖို႔ ယြမ္ ၅၀,၀၀၀ သုံးခဲ့တယ္လို႔ေတာင္ ေျပာတယ္။ ဟာသပဲ။ ဗီဒီယိုတစ္ခုကို စိတ္ဝင္စားဖို႔ေကာင္းေအာင္ ဒီလိုမလုပ္ရဘူးကြ။ အထီးက်န္ ကႏၲာရလမ္းက ထုတ္လုပ္ဖို႔ ပိုက္ဆံအမ်ားႀကီး မကုန္ႏိုင္ေပမယ့္ ေသခ်ာေပါက္ ယြမ္ ၅၀,၀၀၀ ထက္ေတာ့ ပိုကုန္ႏိုင္တယ္။"

"မင္းတို႔ ေဘာ့စ္ေဖးေနရာက သ႐ုပ္ေဆာင္ဖို႔ သက္လတ္ပိုင္းလူတစ္ေယာက္ေလာက္ ႐ွာသင့္တယ္ထင္တယ္။ ေဘာ့စ္ေဖးရဲ႕ သ႐ုပ္ေဆာင္က ေကာင္းပါတယ္။ ဒါေပမယ့္ သူက ငယ္လြန္းတယ္။ သဘာဝ မက်ဘူး။"

ထိုေကာမန္႔မ်ားက အနည္းစု ျဖစ္ေသာ္လည္း ဒီလိုေတြးၾကသည့္ လူမ်ား႐ွိၾကပါသည္။

သို႔ေသာ္လည္း ေဖးခ်မ့္က တကယ္ဂ႐ုမစိုက္ေတာ့ပါ။

"ေၾသာ္ အားလုံး ေတာ္ေတာ္ အေတြးေခါင္ၾကတာပဲ။ ေရပန္းစားတဲ့ဂိမ္းတစ္ခုကို ဖန္တီးဖို႔ ယြမ္ ၅၀,၀၀၀ ပဲ ကုန္တယ္။ ငါလည္း အဲ့ဒါကို ယုံမွာမဟုတ္ေပမယ့္ တကယ္ျဖစ္ခဲ့တာပဲကို... ဘယ္လိုေျပာရမလဲ။"

ေဖးခ်မ့္က ဗီဒီယို၏ ၾကည့္႐ႈသူအေရအတြက္ကိုသာ ၾကည့္ေနမိသည္။

အေျခအေနကို ၾကည့္ရသေလာက္ေတာ့ မေကာင္းေတာ့ပါ။

ေဖးခ်မ့္မွာ  လူေတြ ဗီဒီယိုကို သေဘာမက်ႏိုင္မည့္ ေမွ်ာ္လင့္ခ်က္ အေသးစားေလးေတာ့ ႐ွိခဲ့ပါေသးသည္။ လူေတြသာ ဒီလိုသူေဌးေတြကို ေလွာင္ေျပာင္တာမ်ိဳးကို သေဘာမက်ရင္ ဘယ္လိုလုပ္မလဲ။

ျဖစ္ခ်င္ေတာ့ ဒီလိုမ်ိဳး မဟုတ္ခဲ့ပါ။

အခုေတာ့ ေဖးခ်မ့္ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘဲ ဒါ႐ိုက္တာက်ဴးတစ္ေယာက္ ေၾကာ္ျငာအလုပ္မ်ား လက္မခံဖို႔ကိုသာ ဆုေတာာင္းေနမိေတာ့သည္။ သူတို႔ ေၾကာ္ျငာခ မရပါက ဒီၾကည့္႐ႈသူ အေရအတြက္မွာ ဘယ္ေလာက္ပဲ ျမင့္လာပါစ အသုံးမဝင္ပါ။ ၎တို႔က အျမတ္မ်ား ရ႐ွိေစမွာ မဟုတ္ေပ။

...

လူနာ ႏွစ္သစ္ကူး ၅ ရက္ေျမာက္ေန႔တြင္ ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝ ဒုတိယပိုင္းကို ထုတ္လႊင့္ခဲ့ပါသည္။

လူနာ ႏွစ္သစ္ကူး၏ ၇ ရက္ေျမာက္ေန႔တြင္ ေဖးခ်မ့္ အိမ္က ျပန္လာၿပီး အလုပ္သို႔ ျပန္သြားခဲ့ပါသည္။

အိမ္က လွ်ပ္စစ္အသုံးအေဆာင္ပစၥည္းမ်ားကို သူေျပာင္းလဲခ်င္သည္။ သို႔ေသာ္လည္း ဘယ္ေလာက္ပဲ ေျပာေျပာ သူ႕မိဘမ်ားက ျငင္းဆန္ပါသည္။ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘဲ ေလာေလာဆယ္ေတာ့ ဒီတိုင္းထားဖို႔သာ ႐ွိသည္။

အေဖေဖးအတြက္ သူ႕သားပိုက္ဆံ႐ွာႏိုင္တာ ေကာင္းပါသည္။ သို႔ေသာ္လည္း ယြမ္ ၃,၀၀၀ သာ ရထားသျဖင့္ သူ႕အတြက္သူ သုံးဖို႔ စုထားတာ အေကာင္းဆုံးျဖစ္ပါသည္။ ထို႔ေၾကာင့္လည္း ေငြကို လက္မခံခဲ့ျခင္း ျဖစ္သည္။

ေဖးခ်မ့္ ေစာင့္ေနဖို႔သာ ႐ွိေတာ့သည္။

သူတို႔ကို ထမင္းခ်က္ဖို႔ အကူအညီေပးႏိုင္သည့္ လွ်ပ္စစ္အသုံးအေဆာင္ပစၥည္းမ်ား ဝယ္လာပါက သူ႕မိဘမ်ားက အစပိုင္း ျငင္းခဲ့ရင္ေတာင္ လွ်ပ္စစ္အသုံးအေဆာင္ပစၥည္းမ်ားကို လဲပါလိမ့္မည္။ ေဖးခ်မ့္က အလုပ္သို႔မျပန္ခင္ ေဆာင္းရာသီၿပီးဆုံးသည့္အထိ ေစာင့္ႏိုင္ေသာ္လည္း ႐ုံးက အေျခအေနမ်ားကို ေစာင့္ၾကည့္ဖို႔ တစ္ေယာက္ေယာက္ေတာ့ ႐ွိရမည္။

သူ မ႐ွိတုန္း ကုမၸဏီ၏ ပေရာဂ်က္မ်ား က်႐ႈံးသြားမွာကို မစိုးရိမ္ပါ။ မက်႐ႈံးမွာကို စိုးရိမ္မိျခင္း ျဖစ္ပါသည္။

အမ်ားႀကီး ႀကိဳးစားၿပီးေနာက္ ေနာက္ဆုံးေတာ့ အရင္တစ္ေခါက္တုန္းက ယြမ္ ၂၀,၀၀၀ အ႐ႈံးေပၚျခင္း၏ အသီးအပြင့္မ်ားကို ခံစားခဲ့ရပါသည္။ ဒီတစ္ေခါက္လည္း သူ ဆက္ၿပီး ႀကိဳးစားပါက ယြမ္ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ ေလာက္အထိ အ႐ႈံးေပၚႏိုင္လိမ့္မည္ဟု ယုံၾကည္ပါသည္။

ထို႔ေနာက္ သူ႕ဗီဒီယိုအတိုေလးမ်ား ေရပန္းစားလာသျဖင့္ ပိုက္ဆံအမ်ားႀကီး ရလာသည္ဟု ဆင္ေျခေပးလို႔ ရပါသည္။ ထိုအခါ သူ႕မိဘမ်ား ျငင္းဆန္တာကို မခံရဘဲ အိမ္သုံးပစၥည္းမ်ားအတြက္ သုံးစြဲႏိုင္မည္ျဖစ္ပါသည္။

ဒီလိုစီစဥ္ထားပါသည္။

...

ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔တြင္ ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝ တတိယပိုင္းကို ထုတ္လႊင့္ခဲ့သည္။

ေနာက္တစ္ဖန္ ေဖးခ်မ့္ ဝက္ဘ္ဆိုက္ထဲ ဝင္လိုက္ၿပီး ဗီဒီယိုကို ၾကည့္လိုက္သည္။ ဗီဒီယို သုံးပုဒ္စလုံးက ၾကည့္႐ႈသူ ၅၀၀,၀၀၀ ေလာက္ ႐ွိေနပါၿပီ။ပရိတ္သတ္ ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ေလာက္ကလည္း ဆက္တိုက္ တိုးတက္ေနခဲ့ပါသည္။

Potato Web ေပၚက ၫႊန္းဆိုေနရာမွာလည္း ပိုပိုၿပီး ေကာင္းမြန္လာပါသည္။ ထို႔အျပင္ ဒီဗီဒီယိုေတြက Weibo လို တျခားလမ္းေၾကာင္းမ်ားအထိပါ ျပန္႔ႏွံ႔သြားႏိုင္ေျခ ႐ွိပါသည္။

ေဖးခ်မ့္ တိတ္ဆိတ္စြာျဖင့္ ဗီဒီယိုကို ပိတ္လိုက္သည္။ စိတ္ေအးေအးထားႏိုင္ဖို႔ အေကာင္းဆုံး ႀကိဳးစားေနပါသည္။

ရပါတယ္၊ ရပါတယ္၊ ဗီဒီယိုအတိုေလး တစ္ပုဒ္တည္းပါ။

ငါ ယြမ္ ၁ သန္းေတာင္ ရင္းႏွီးထာားတာ။ အဲ့ေငြျပန္ရဖို႔ အေဝးႀကီး လိုပါေသးတယ္။

စပြန္ဆာေတြရမယ္လို႔လည္း အာမမခံႏိုင္ဘူး။ ရရင္ေတာင္ ပိုက္ဆံ အမ်ားႀကီး မဝင္ႏိုင္ပါဘူး။

ေဖးခ်မ့္ ဒီနည္းနဲ႔ ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ေနသည္။ သူ ထိုအေၾကာင္းမ်ားကို စဥ္းစားေနစဥ္မွာပင္ သူ႕႐ုံးခန္းအျပင္ဘက္မွ ႏႈတ္ဆက္စကားသံမ်ားကို ၾကားလိုက္ရပါသည္။

"ဒါ႐ိုက္တာက်ဴးေရာက္လာၿပီ။"

"ဒါ႐ိုက္တာက်ဴး ဗီဒီယိုအတိုေတြက ေရပန္းစားေနၿပီေနာ္။ ကြၽန္ေတာ္တို႔ကို လိုက္မေကြၽးခ်င္ဘူးလား။"

"ဒါ႐ိုက္တာက်ဴး ကြၽန္ေတာ္ပါတဲ့ အပိုင္းကို ဘယ္ေတာ့ လႊင့္မွာလဲ။"

႐ုံးထဲက လူအမ်ားစုလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကသည္။ ဥပမာအားျဖင့္ ေ႐ွာင္းလု။ သူက သ႐ုပ္ေဆာင္ရမည့္ က႑မ်ားစြာ ပါသည္။ ဥပမာအားျဖင့္ ပထမပိုင္းမွာ ယြမ္ ၅၀,၀၀၀ နဲ႔ ဂိမ္းကို ဖန္တီးခဲ့သည့္ အလုပ္သင္အျဖစ္ သ႐ုပ္ေဆာင္ရသည္။

သူတို႔သ႐ုပ္ေဆာင္ေၾကးက အမ်ားႀကီး မရေသာ္လည္း အလြန္စိတ္အားထက္သန္ၾကပါသည္။ သူတို႔ ပိုက္ဆံရတာမရတာ အေရးႀကီးေပ။ ဘာပဲျဖစ္ျဖစ္ ဒါ႐ိုက္တာက်ဴးက သူတို႔ကို ဘယ္ေလာာက္ပဲ ကမ္းလွမ္းပါေစ ေဘာ့စ္ေဖးေပးေနသည့္ လစာထက္ ပိုၿပီး မကမ္းလွမ္းႏိုင္ပါ။

သူတို႔အတြက္  အေရးႀကီးဆုံးက သူတို႔မ်က္ႏွာမ်ားကို ျပႏိုင္ျခင္း ျဖစ္ပါသည္။

ေရပန္းမစားခ်င္တဲ့လူမ်ိဳး ႐ွိပါ့မလား။ ထို႔ေၾကာင့္ က်ဴးေ႐ွာင္စဲ ေရာက္လာတာကို ျမင္သည့္အခါ သူတို႔အားလုံး အလြန္အမင္း ေႏြးေထြးလာျခင္း ျဖစ္ပါသည္။

သူတို႔အားလုံး ဒါ႐ိုက္တာက်ဴးနဲ႔ ရင္းႏွီးခ်င္ၾက၏။ ဒါမွ ေနာက္ပိုင္း အပိုင္းမ်ားတြင္ သူတို႔ကို ဇာတ္ေကာင္ေနရာ ပိုေပးႏိုင္မည္ျဖစ္သည္။ ျဖစ္ႏိုင္ပါက ၎တို႔၏ ကိုယ္ပိုင္ အထူးအပိုင္းေလးမ်ားပင္ လိုခ်င္ပါသည္။ ဥပမာ ေဘာ့စ္ေဖးရဲ႕ အလုပ္သင္ ေန႔စဥ္ဘဝ ဟူ၍ ျဖစ္သည္။

က်ဴးေ႐ွာင္စဲက သူ႕ DSLR ကိုကိုင္ထားၿပီး ႐ုံးထဲက လူေပါင္းစုံကို ကတိေပးလိုက္ပါသည္။ "စိတ္မပူၾကပါနဲ႔။ ေနာက္ပိုင္း ႐ိုက္ကူးရမယ့္ ဇာတ္ေကာင္ေနရာေတြ ထပ္႐ွိလာဦးမွာပါ။ ဒါၿပီးရင္ အားလုံး ဗီဒီယိုအတိုေလးေတြပါတဲ့ စီးရီးတစ္ခု ႐ိုက္ရမယ္။"

"ဒါေပမယ့္ အခုေတာ့ ကိုယ့္အလုပ္ကိုယ္ လုပ္ၾကပါဦး။ မဟုတ္ရင္ ေဘာ့စ္ေဖး ကြၽန္ေတာ့္ကို ၾကည္မွာ မဟုတ္ဘူး။"

သူက လူအုပ္ႀကီးကို ႏွစ္သိမ့္ၿပီးေနာက္ က်ဴးေ႐ွာင္စဲ ေဖးခ်မ့္၏ ႐ုံးခန္းတံခါးသို႔ ခ်ဥ္းကပ္လာၿပီး ႏူးညံ့စြာျဖင့္ တံခါးေခါက္လိုက္ပါသည္။

အခန္း(၉၅) ေဘာ့စ္ေဖးရဲ႕ အၾကံေပးမႈ၊ စပြန္ဆာေတြကို ျငင္းပါ

ေဖးခ်မ့္က သူတို႔ ေနာက္တစ္ပိုင္း ႐ိုက္ရေတာ့မည္ဆိုတာကို သိလိုက္ပါသည္။

ႏွစ္သစ္ကူး မတိုင္ခင္ ၃ ပိုင္း ႐ိုက္ကူးခဲ့ၿပီး အားလုံး ထုတ္လႊင့္ၿပီးပါၿပီ။

သူတို႔ ေနာက္ထပ္ ၃ ရက္အတြင္း အပိုင္း ၄ ကို ထုတ္လႊင့္ခ်င္ပါက ေနာက္ ၂ ရက္ေလာက္ကို အသုံးခ်ရမည္။

သို႔ေသာ္လည္း ေဘာ့စ္ေဖး၏ ေန႔စဥ္ဘဝလို ဗီဒီယိုမ်ိဳးအတြက္ ဇာတ္ၫႊန္းထြက္လာတာနဲ႔ ႐ိုက္ကူးျခင္း၊ တည္းျဖတ္ျခင္း၊ ေနာက္ခံစကားေျပာျခင္း စတာေတြအားလုံးကို နာရီပိုင္းအတြင္းမွာပင္ အၿပီးလုပ္ႏိုင္ပါသည္။ ျမန္ႏႈန္းျမင့္ ထုတ္လုပ္ေရးအတြက္ အလြန္ သင့္ေတာ္သည္။

ထို႔ေၾကာင့္ အခ်ိန္က ျပႆနာ မဟုတ္ပါ။

ေဖးခ်မ့္လည္း ေ႐ြးခ်ယ္စရာမ႐ွိေပ။ စာခ်ဳပ္လက္မွတ္ထိုးထားၿပီးသားျဖစ္ကာ ေလ်ာ္ေၾကးလည္း မေပးႏိုင္သျဖင့္ စာခ်ဳပ္ပါအတိုင္းပဲ နာခံၿပီး ႐ိုက္ကူးႏိုင္ပါသည္။

လြတ္လမ္းမ႐ွိေတာ့သျဖင့္ သူ႕အတြက္  နာက်င္မႈနည္းပါးေအာင္ ဒါကို အဆိုးဘက္က ျမင္ၾကည့္ရမည္ ျဖစ္ပါသည္။

မၾကာမီ အပိုင္း ၄ ကို ေအာင္ျမင္စြာ ႐ိုက္ကူးႏိုင္ခဲ့ပါသည္။

က်ဴးေ႐ွာင္စဲက သူ႕ DSLR ကို ကိုင္လိုက္ၿပီး ၾကည့္လိုက္ကာ လက္ကိုေျမႇာက္လိုက္ၿပီး အိုေက သေကၤတ လုပ္ျပလိုက္ပါသည္။

"ေကာင္းလိုက္တာ ေဘာ့စ္ေဖးရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းေကာင္းတာပဲ။ တကယ္ေကာင္းတာ။ ႐ုပ္႐ွင္ဘုရင္ မျဖစ္ခ်င္တဲ့ ဂိမ္းပ႐ိုဂ်ဴဆာဆိုတာ ေဘာ့စ္ေကာင္း တစ္ေယာက္ျဖစ္လာမွာ မဟုတ္ဘူး။ ဟုတ္သားပဲ ေဘာ့စ္ေဖး ဗီဒီယိုေလာကနဲ႔ ပူးေပါင္းဖို႔အတြက္ အစ္ကိုဟြမ္းက ခင္ဗ်ားရဲ႕အျမင္ကို ေမးခိုင္းလိုက္ပါတယ္...။”

က်ဴးေ႐ွာင္စဲက အနီးအနား႐ွိ ဧည့္သည္အခန္းကို ၾကည့္လိုက္သည္။ ေဖးခ်မ့္က က်ဴးေ႐ွာင္စဲ သူနဲ႔ သီးသန္႔စကား ေျပာခ်င္ေၾကာင္း ခ်က္ခ်င္း နားလည္သြားပါသည္။  တျခား အေၾကာင္းအရာဆိုလွ်င္ ေဖးခ်မ့္က လက္ဟန္သာျပလိုက္ၿပီး က်ဴးေ႐ွာင္စဲနဲ႔ ဟြမ္းစစ္ေပၚတို႔ကိုသာ ဆုံးျဖတ္ခိုင္းလိုက္မည္ ျဖစ္သည္။

သို႔ေသာ္လည္း လုပ္ငန္းပူးတြဲလုပ္ေဆာင္မႈနဲ႔ ပတ္သက္သည္ဟု ၾကားလိုက္ရေသာအခါ ေဖးခ်မ့္ စိတ္ပါသြားပါသည္။ "ဧည့္သည္အခန္းကို သြားၾကရေအာင္။"

ဗီဒီယိုေလာကနဲ႔ ပူးေပါင္းတယ္ဆိုေတာ့... စပြန္ဆာကို ေျပာတာပဲ။

ေဖးခ်မ့္ ဒါကို အလြန္အမင္း စိတ္ပူမိပါသည္။

ဟြမ္းစစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔သာ ဒီအေၾကာင္း ထုတ္ေျပာမလာပါက ေဖးခ်မ့္က ႐ွက္႐ွက္နဲ႔ ေမးရမည္ ျဖစ္သည္။

ဘာပဲျဖစ္ျဖစ္ ေဖးခ်မ့္က ယြမ္ ၁ သန္းကို ရင္းႏွီးျမႇဳပ္ႏွံဖို႔ ေပးခဲ့ၿပီး ဘာမွ ဝင္စြက္ဖက္မွာ မဟုတ္ဟု ေျပာခဲ့သည္။ ယခု အပိုင္းမ်ားကို ထုတ္လႊင့္ေနၿပီး ေရပန္းစားလာမွ သူ ႐ုတ္တရက္ႀကီး ဝင္ပါလိုက္ပါက သင့္ေတာ္မွာ မဟုတ္ပါ။ ဆက္ဆံေရးကို ပ်က္စီးေစပါလိမ့္မည္။

ဂုဏ္သိကၡာ က်ဆင္းသြားပါက အဖြဲ႕ကို ဦးေဆာင္ဖို႔ ခက္ခဲသြားပါလိမ့္မည္။

ယခု က်ဴးေ႐ွာင္စဲက ဒီကိစၥကို အရင္ဆုံး ဖြင့္ေျပာလာသျဖင့္ ေဖးခ်မ့္က ေဆြးေႏြးႏိုင္သြားပါသည္။

ဧည့္သည္ခန္းထဲသို႔ ဝင္ၿပီးသြားေသာအခါ ေဖးခ်မ့္က စိတ္ပါလက္ပါနဲ႔ စတင္နားေထာင္ေလသည္။

က်ဴးေ႐ွာင္စဲက အနည္းငယ္ စိတ္လႈပ္႐ွားသြားသည္။ "ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔ တကယ္ႀကီး လြန္ခဲ့တဲ့ ၂ ရက္တုန္းက ပထမဆုံး ေကာ္မာ႐ွယ္ကို လက္ခံရ႐ွိခဲ့တယ္။ အဟမ္း ဆိုလိုတာက ကြၽန္ေတာ္တို႔ စပြန္ဆာေတြ စလက္ခံလို႔ရၿပီဆိုတာပဲ။"

"..."

လခြမ္း ျမန္လိုက္တာ။

ေဖးခ်မ့္က စပြန္ဆာမ်ားမွာ ၂ ပတ္ ၃ ပတ္ေလာက္ၾကာမွ ေရာက္လာတတ္သည္ဟု ထင္ထားခဲ့သည္။ သို႔မဟုတ္ ၁ လေလာက္ေတာင္ ၾကာႏိုင္သည္္။ သို႔ေသာ္လည္း ရက္အနည္းငယ္ေလာက္နဲ႔ စပြန္ဆာတစ္ေယာက္ ေရာက္လာခဲ့ၿပီလား။

ေဖးခ်မ့္က သူ႕မ်က္ႏွာထားကို တည္ၿငိမ္ေအာာင္ထားဖို႔ ႀကိဳးစားေနသည္။ "အင္း ကမ္းလွမ္းခ်က္က ဘယ္လိုလဲ။"

က်ဴးေ႐ွာင္စဲက ေျပာလိုက္ည္။ "အြန္လိုင္း အဝတ္အထည္ ေကာ္မာ႐ွယ္ပါ။ သူတို႔ရဲ႕ တီ႐ွပ္ေမာ္ဒယ္အသစ္ကို ေၾကာ္ျငာေပးရမွာပါ။"

"ကမ္းလွမ္းခ်က္က ဇာတ္ပို႔တစ္ေယာာက္ကို သူတို႔ အထည္ေတြဝတ္ၿပီး ဒီေကာ္မာ႐ွယ္အေၾကာင္း စကားတစ္ခြန္းေလာက္ ေျပာေပးဖို႔ပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ၾကည့္႐ႈသူေတြ နားလည္မယ္လို႔ ထင္ပါတယ္။ ျပႆနာႀကီးႀကီးမားမား ႐ွိမွာမဟုတ္ဘူး။”

ေဖးခ်မ့္ ေခတၱရပ္တန္႔သြားၿပီး ေမးလိုက္ပါသည္။ "ကမ္းလွမ္းေစ်းက ဘယ္လိုလဲ။"

"ယြမ္ ၅,၀၀၀ တဲ့။ အမ်ားႀကီးေတာ့ မဟုတ္ေပမယ့္ အခုမွ အစပဲ ႐ွိေသးတယ္ေလ။ ကြၽန္ေတာ္တို႔ရဲ႕ ပထမဆုံး ေျခလွမ္းေပါ့။" က်ဴးေ႐ွာင္စဲက ေျပာလိုက္ပါသည္။

ဘာလဲဟ။

ပထမဆုံး စပြန္ဆာျဖစ္တာေတာင္ ယြမ္ ၅,၀၀၀ ကမ္းလွမ္းေနၿပီလား။

ေဖးခ်မ့္ ၾကက္ေသ ေသသြားပါသည္။

အဲ့ေလာက္ေတာင္လား။

UP မာစတာမ်ား၏  စပြန္ဆာမ်ားက ဘယ္လိုလဲဆိုတာ ေဖးခ်မ့္ ေသခ်ာနားမလည္ေသာ္လည္း အၾကမ္းဖ်င္းေတာ့ နားလည္ပါသည္။ ၂၀၁၀ ခုႏွစ္တြင္ လူအမ်ားစုက ဗီဒီယိုဖန္တီးသူမ်ားကို အထင္ေသးၾကသည္။ သူတို႔က ဗီဒီယိုဖန္တီးသူမ်ားမ်ားကို အဆင့္မ႐ွိသူမ်ားဟုပင္ သတ္မွတ္ၾက၏။

ေရပန္းစားသည့္ UP မာစတာႀကီးမ်ားကလည္း ကိုယ္ပိုင္ မူလအလုပ္ျဖစ္ေသာ အခ်ိန္ျပည့္အလုပ္မ်ား ႐ွိၾကပါသည္။

ေဖးခ်မ့္က ၂၀၁၉ ခုႏွစ္တြင္ Hawk Ao ၏ ဗီဒီယိုတစ္ပုဒ္ကို ျမင္ခဲ့ဖူးတာကို မွတ္မိဆဲျဖစ္ပါသည္။ သူ စပြန္ဆာ ပထမဆုံး စတင္လုပ္ခဲ့ေသာ အခ်ိန္ကို ျပန္စဥ္းစားၾကည့္လိုက္သည္။ ၂၀၁၁ ခုႏွစ္တြင္ ဗီဒီယိုအတိုမ်ားအတြက္ ၾကည့္႐ႈသူ ၁၀၀,၀၀၀ သာ ႐ွိေသးသည္။ သို႔ေသာ္လည္း သူ႕စပြန္ဆာ ခရီးလမ္းမွာ League of Legends ၏ Partnership ကို လက္ခံၿပီးမွ စတင္ခဲ့ပါသည္။

ထိုအခ်ိန္တုန္းက Hawk Ao စပြန္ဆာ ဘယ္ေလာက္ေတာင္ ရခဲ့သလဲ။

ယြမ္ ၁,၀၀၀ သာ ျဖစ္သည္။

အမွန္ပင္။ ေရပန္းစားသည့္ ဂိမ္းတစ္ခုအတြက္၊ ဧရာမ ကုမၸဏီႀကီးတစ္ခုအတြက္ ယြမ္ ၁,၀၀၀ သာ ျဖစ္သည္။

ေဘာ့စ္ေဖးရဲ႕ေန႔စဥ္ဘဝ ပုံမွန္ တစ္ပိုင္းၾကည့္႐ႈသူႏႈန္းက ယြမ္ ၅၀၀,၀၀၀ ဝန္းက်င္မွာ ႐ွိေသာ္လည္း လြန္ခဲ့သည့္ ရက္နည္းနည္းေလာက္ကမွ ေရပန္းစားလာျခင္းျဖစ္ပါသည္။ ဒီစီးရီးရဲ႕ ဖန္တီးသူ အဖ်ား႐ွဴးသြားၿပီး အဆုံးသတ္မသြားႏိုင္ဘူးလို႔ ေျပာႏိုင္လို႔လား။

ထို႔ေၾကာင့္ ဒီယြမ္ ၅,၀၀၀ ကို သင့္ေတာ္သည့္ ေစ်းႏႈန္းဟု သတ္မွတ္ႏိုင္သည္။

အမွန္ပင္ ဒါက သာမန္ Up မာစတာမ်ား၏ စပြန္ဆာေစ်းႏႈန္းမ်ားအေပၚ မူတည္ၿပီး သတ္မွတ္ထားျခင္း ျဖစ္ပါသည္။ မူပိုင္ခြင့္ႏွင့္ တျခား အခ်က္မ်ားကိုပါ ထည့္တြက္ပါက လုံးဝ ျခားနားသြားႏိုင္ပါသည္။

ေဖးခ်မ့္ ေခတၱ သက္ျပင္းခ်လိုက္မိသည္။ "ကြၽန္ေတာ္ အၾကံေပးခ်င္တာကေတာ့... ကမ္းလွမ္းခ်က္ကို ျငင္းလိုက္ပါ။”

က်ဴးေ႐ွာင္စဲ အံ့ၾသသြားပါသည္။

ဒီပိုက္ဆံက ေဘာ့စ္ေဖးအပိုင္ ျဖစ္သည္။

ေဘာ့စ္ေဖးက အားလုံးထက္ ပိုစိတ္အားထက္သန္ၿပီး ေမွ်ာ္လင့္ခ်က္ ႐ွိေနရမွာ မဟုတ္ဘူးလား။ ဒါမွ သူ႕အရင္းကို ျပန္ရၿပီး အျမတ္ရႏိုင္မွာေလ။

"ကြၽန္ေတာ္ နားမလည္ဘူး။ အေသးစိတ္ ႐ွင္းျပေပးပါလား ေဘာ့စ္ေဖး" က်ဴးေ႐ွာင္စဲက အလြန္က်ိဳးႏြံစြာ ေျပာလိုက္ပါသည္။ ဘာပဲျဖစ္ျဖစ္ သူ ဘယ္ေလာက္ပဲ ေတာ္ေနပါေစ၊ သူက စတုတၳႏွစ္ေက်ာင္းသားတစ္ေယာက္သာ ျဖစ္သည္။ ေဘာ့စ္ေဖးနဲ႔ သူ႕အၾကံေပးခ်က္ကို နားေထာင္ရပါမည္။

ေဖးခ်မ့္က ေခတၱစဥ္းစားေပးလိုက္ၿပီး ေျပာလိုက္ပသါည္။ "စီးပြားေရးလုပ္ဖို႔အတြက္ အေရးအႀကီးဆုံးက အျမင္ကို က်ယ္က်ယ္ထားဖို႔ပဲ။"

"ဟုတ္ပါတယ္။ စပြန္ဆာအတြက္ ယြမ္ ၅,၀၀၀ ဆိုတာ မက္ေလာက္စရာပါပဲ။ ေနာက္တစ္ပိုင္းမွာ နည္းနည္းေလာက္ မားကတ္တင္း ဆင္းေပးလိုက္တာနဲ႔ ယြမ္ ၅,၀၀၀ ေတာင္ရမွာ။ ကမ႓ာေပၚမွာာ ဒီေလာက္ေကာင္းတဲ့ ကမ္းလွမ္းခ်က္မ်ိဳး ဘယ္မွာရႏိုင္ဦးမလဲ။"

"ဒါေပမယ့္ အဲ့ဒီတီ႐ွပ္ကို ဗီဒီယိုထဲထည့္ခ်င္တယ္ဆိုရင္ ငါတို႔ အတင္းအၾကပ္ထည့္ရလိမ့္မယ္။ ဒါမွမဟုတ္ ဇာတ္ၫႊန္းကို ျပန္ျပင္ရလိမ့္မယ္။ မူလ ရည္မွန္းထားတဲ့ သက္ေရာက္မႈမ်ိဳးကို ရႏိုင္ပါဦးမလား။"

"ဒါ ငါတို႔ရဲ႕ နာမည္ကို ပ်က္စီးေစတာပဲ။"

ေဖးခ်မ့္၏ မ်က္ႏွာထားက ထိုသို႔ျဖစ္လာမည္ကို ႀကိဳျမင္ေနသကဲ့သို႔ နာက်င္ေနပါသည္။

"ေနာက္တစ္ေခါက္ စပြန္ဆာက အလွအပထုတ္ကုန္ျဖစ္တဲ့ ေရခ်ိဳးဆပ္ျပာ ဒါမွမဟုတ္ ႐ွန္ပူလိုဟာေတြ ေၾကာ္ျငာခိုင္းရင္ ဘယ္လိုလုပ္မလဲ။ ထုတ္လုပ္ေရးကသာာ အဲ့လို စပြန္ဆာေတြနဲ႔ ကိုက္ညီေအာင္ လိုက္လုပ္ရမယ္ဆိုရင္ မင္းရဲ႕ အေကာင္းဆုံးလက္ရာကို ဘယ္လိုလုပ္ ျပသႏိုင္ေတာ့မွာလဲ။"

"မင္းလို မူပိုင္ခြင့္ႀကီးမားတဲ့ ပေရာဂ်က္တစ္ခုသာ... ယြမ္ ၅,၀၀၀ ေလာက္အတြက္နဲ႔ က်႐ႈံးသြားမယ္ဆိုရင္ အျမတ္ထက္ အ႐ႈံးက ပိုအားမသာသြားဘူးလား။"

က်ဴးေ႐ွာင္စဲ တုန္လႈပ္သြားပါသည္။ အမွန္ပင္။ ေဘာ့စ္ေဖး ေျပာလိုက္တာနဲ႔ သူ႕အျမင္မ်ား ေျပာင္းလဲသြားပါသည္။ က်ဴးေ႐ွာင္စဲ က ယြမ္ ၅,၀၀၀ ကိုသာ ျမင္ခဲ့မိသည္။ သို႔ေသာ္လည္း ေဘာ့စ္ေဖးကေတာ့ ဒီစီးရီး၏ မူပိုင္ခြင့္တန္ဖိုးကိုသာ အာ႐ုံစိုက္ထားပါသည္။

ဒါက... ေဘာ့စ္တစ္ေယာက္နဲ႔ အေတြးအၾကဳံမ႐ွိတဲ့ ေက်ာင္းသားတစ္ေယာက္တို႔အၾကားက ကြာျခားခ်က္လား။

ေဖးခ်မ့္က ေခတၱရပ္တန္႔သြားၿပိး စိတ္အားထက္သန္စြာ ေျပာလိုက္သည္။ "မင္းကိုေကာ ဟြမ္းစစ္ေပၚကိုေကာ ဖိအားမမ်ားေစခ်င္ဘူး။ ဒါက ယြမ္ ၁ သန္းတည္းပါ။ အ႐ႈံးေပၚလည္း ဘာျဖစ္လဲ။ ျပႆနာေသးေသးေလးပါပဲ။"

"ေကာင္းမြန္တဲ့အရာေတြကို ရ႐ွိဖို႔ အရည္အေသြးက ပမာဏထက္ ပိုသာလြန္ေနရမယ္။ ငါတို႔ စြန္႔စားရင္ စြန္႔စား ဒါမွမဟုတ္ အားလုံးကို ဆုံး႐ႈံးၿပီး နာမည္ေကာင္း ရေအာင္ လုပ္ရင္လုပ္။ ငါတို႔ ပိုက္ဆံလည္း မရ၊ နာမည္လည္း ပ်က္မွာမ်ိဳးေတာ့ လုပ္လို႔မျဖစ္ဘူး။ အဲ့တာ ေတာ္ေတာ္ေလးကို ႐ူးသြပ္ရာက်လိမ့္မယ္။ နားလည္လား။"

က်ဴးေ႐ွာင္စဲ ေခါင္းကို ျပင္းထန္စြာ ၿငိမ့္လိုက္ပါသည္။ "ဟုတ္ပါၿပီ။ ေဘာ့စ္ေဖး နားလည္ပါၿပီ။"

ေဖးခ်မ့္က တည္ၿငိမ္စြာျဖင့္ လက္ဖက္ရည္ကို တစ္ငုံေသာက္လိုက္ၿပီး  ဆက္ေျပာလိုက္သည္။ "ဒီလိုဆိုရင္ေကာ မင္းတို႔ေတြ နားေထာင္မယ္ဆို ဒီစီးရီးအတြက္ စပြန္ဆာ စံႏႈန္းတစ္ခု သတ္မွတ္လို႔ရတယ္။ ေကာ္မာ႐ွယ္တစ္ခုကို တိုက္႐ိုက္ႀကီး ထည့္ဖို႔က်ေတာ့ အတင္းလုပ္ယူထားသလို ျဖစ္လိမ့္မယ္။ ငါတို႔ အဲ့တာမ်ိဳး မလုပ္သင့္ဘူး။ ငါတို႔ လက္ခံမယ္ဆိုရင္ စိတ္ႀကိဳက္ခ်ဳပ္ အဝတ္အစားနဲ႔ အဆင့္အတန္းျမင့္တဲ့ စပြန္ဆာေတြပဲ လက္ခံမယ္။"

"စပြန္ဆာတစ္ခုကို ယြမ္ ၁၀၀,၀၀၀ ပဲ။ ဒါေပမယ့္ ေစ်းႏႈန္းအရမ္းျမင့္ေအာင္ ထားလို႔ေတာ့ မရဘူး။ တျခားဗီဒီယိုေတြဆို ဖန္တီးသူေတြက အဲ့ဒီေကာ္မာ႐ွယ္ေတြကို အတင္းလုပ္ယူၿပီး ထည့္ထားၾကတာ။ မင္းတို႔ေတြကေတာ့ စိတ္ႀကိဳက္ခ်ဳပ္ အဝတ္အစားနဲ႔ အဆင့္ျမင့္ထုတ္ကုန္ေတြပဲထည့္လို႔ရမယ္။"

"ဗီဒီယိုအတိုတစ္ခုစီအတြက္ အစကေန အဆုံးအထိ အရည္အေသြးနဲ႔ ပမာဏကို ထိန္းသိမ္းရင္း စပြန္ဆာအတြက္လည္း ၿပီးျပည့္စုံေအာာင္ ထည့္သြင္းေပးသြားမယ္။"

"ဒီလိုဆို  ငါတို႔ရဲ႕ၾကည့္႐ႈသူေတြရဲ႕ ရသကို မပ်က္စီးေစဘဲ ေကာ္မာ႐ွယ္ရဲ႕ အာနိသင္ကိုလည္း အာမခံႏိုင္မယ္။ ဗီဒီယိုရဲ႕ နာမည္ကိုလည္း ထိန္းသိမ္းႏိုင္မယ္။ ဒါ သုံးဘက္စလုံး အ႐ႈံးမ႐ွိတဲ့ နည္းလမ္းပဲ။"

က်ဴးေ႐ွာင္စဲ အနည္းငယ္ မ်က္ႏွာပ်က္သြားပါသည္။ "ဒါေပမယ့္ ေဘာ့စ္ေဖး ဒီလိုအပ္ခ်က္က နည္းနည္း ျမင့္လြန္းမေနဘူးလား။ လူေတြ ကြၽန္ေတာ္တို႔ကို စပြန္ဆာေပးဖို႔ေတာင္ မလြယ္တာ။ ကြၽန္ေတာ္တို႔ ဗီဒီယိုေတြကို အရည္အေသြးနဲ႔ ပမာဏေကာ၊ စပြန္ဆာ ပစၥည္းအတြက္ေကာ ထိန္းသိမ္းေပးမယ္ဆိုရင္ ဒါက..."

ေဖခ်မ့္က ေခါင္းကို ျဖည္းညႇင္းစြာ ခါလိုက္ၿပီး လက္ဖက္ရည္ ေသာက္လိုက္ပါသည္။ က်ဴးေ႐ွာင္စဲကို ယုံၾကည္ခ်က္မ်ား ျပည့္ဝေနေသာ မ်က္လုံးမ်ိဳးျဖင့္ ၾကည့္လိုက္ပါသည္။။

"မင္းရဲ႕ ပါရမီကို ငါယုံၾကည္တယ္။ မင္းလည္း မင္းကိုယ္မင္း ယုံၾကည္ရမယ္။"

က်ဴးေ႐ွာင္စဲ၏ ပါးစပ္ ဟကာ ျပန္ပိတ္သြားသည္။ သို႔ေသာ္ ဘာမွ မေျပာခဲ့ပါ။

ေဘာ့စ္ေဖး၏ မ်က္ႏွာထားက အားလုံး ေျပာၿပီးသြားပါၿပီ။

"ဟုတ္ပါၿပီ ေဘာ့စ္ေဖး ကြၽန္ေတာ္ နားလည္ပါၿပီ။" က်ဴးေ႐ွာင္စဲ စိတ္အားထက္သန္စြာျဖင့္ ေခါင္းသာၿငိမ့္လိုက္ပါသည္။

Continue Reading

You'll Also Like

550K 52.1K 200
The Distinguished cute master manhwa myanmar translation This is fan translation. All works crd given to original author and artist. status - ongoi...
14.1K 1.4K 13
ဦးက ကျွန်တော့်ကို မုန်းတဲ့ အမုန်းတွေနဲ့ လှောင်ပိတ်နေသလို ဖြစ်နေတာ...။ ကျွန်တော်ကို လှောင်ပိတ်ထားသလိုနဲ့ တကယ်တမ်းတော့ ကျွန်တော့်ပျံသန်းမှု ဟန်ချက်မပ...
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung