ဖေးချမ့် 85+86
အခန်း(၈၅) မီနူးတစ်ဖက်မှာ အကောင်းစားဝိုင်၊ တစ်ဖက်မှာတော့ အပေါစားအစားအစာ
ကျန်းယွမ် ဒါတွေနားမလည်သော်လည်း အနည်းဆုံးတော့ အသေးစိတ် နားလည်ဝေခွဲနိုင်စွမ်း ရှိပါသေးသည်။
ဆိုင်တစ်ဆိုင်ကို ရွေးချယ်ဖို့က တည်နေရာမှာ အရေးကြီးသည်။ တချို့ 'ရွှေလမ်းမများ' ဟုခေါ်သည့် နေရာများက တစ်ရက်ကို တစ်စတုရန်းမီတာ ၆ယွမ် ၇ယွမ်လောက်ထိ ငှားရမ်းခ ရှိလေသည်။
အကြောင်းမှာ တည်နေရာက ကောင်းလွန်းသောကြောင့် ဖြစ်ပါသည်။
တည်နေရာသာကောင်းကာ ပတ်ဝန်းကျင်ကလည်း အဆင့်မြင့်ပြီး လူစည်းကားမှုမြင့်မားပါက ဘာဆိုင်မဆို သေချာပေါက် ဝင်ငွေးကောင်းနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် တည်နေရာက ဆိုးရွားပြီး လူစည်ကားမှု နည်းပါးပါက ဆိုင်တစ်ဆိုင်က ဘယ်လောက်ပဲ ကောင်းမွန်ပါစေ ဘယ်သူက ထိုနေရာထိသွားပြီး အားပေးကြမည်နည်း။
ထို့ကြောင့် အကောင်းဆုံးတည်နေရာမှာ သေချာပေါက် ဧရာမ ရှော့ပင်းနေရာကြီးများတွင် ဖြစ်သည်။ အထူးသဖြင့် ကြီးမားသော ရှော့ပင်းမောလ်လ်ကြီးများတွင် ဖြစ်ကြ၏။
တက္ကသိုလ်တစ်ခုနားက နယ်မြေကလည်း မဆိုးလှပါ။
ဒီနေရာက သာမန်ရှော့ပင်းနယ်မြေအတွင်းမှာ ဖြစ်သည်။ ရှော့ပင်းမောလ်လ်နဲ့ လမ်းတစ်လမ်းသာ ကွာ၏။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး ဗလာကျင်းဖြစ်နေသည်။ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ဒီက လူစည်ကားမှုက မများကြောင်း မာယန် သိနိုင်သည်။
တစ်ရက်ကို တစ်စတုရန်းမီတာ ၃.၅၀ ယွမ်က စျေးကြီးသည်ဟု သတ်မှတ်လို့ မရနိုင်ပါ။ သို့သော်လည်း ပြဿနာက တည်နေရာနဲ့ မတန်သောကြောင့် ဖြစ်ပါသည်။
ကျန်းယွမ်က ဒါကိုစဥ်းစားနေတုန်း သူ့အတွေးများကို ထုတ်ပြောသင့်လားဟု တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူက လူသစ်ဖြစ်ပြီး ထုတ်ပြောလိုက်ပါက သင့်တော်နိုင်ပါ့မလား။
သို့သော်လည်း သူ ဘာမှမပြောပါဘဲ ဒီလုပ်ငန်း ပျက်စီးသွားရင် ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။
ကျန်းယွမ် အလွန် ဇဝေဇဝါ ဖြစ်နေပါသည်။
"ဟုတ်ပြီ ဒီနေရာက မဆိုးဘူး ငါဆုံးဖြတ်လိုက်ပြီ။" ဖေးချမ့်က ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ကျန်းယွမ် : ".."
သူ ဘာမှ ဆက်ပြီးစဥ်းစားဖို့ မလိုတော့ပါ။ ဘော့စ်ဖေးကိုယ်တိုင် ပြောလိုက်ပြီဖြစ်သဖြင့် ကျန်းယွမ်သာ ဒီနေရာကို ဆက်ပြီးဝေဖန်ပါက ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲမဟုတ်လား။
ကျန်းယွမ် တီးတိုးသာ ရေရွတ်နိုင်တော့သည်။
"ဒီနေရာအတွက် Floor Plan ရှိလား" ဖေးချမ့်က မေးလိုက်သည်။
"ရှိတယ် ရှိတယ်" မာယန်က အမြန် သူ့မောက်စ်ကို နှိပ်လိုက်ပြီး အဆောက်အဦးအတွက် Floor Plan ကို ရှာလိုက်ပါသည်။ "ဒီမှာပါ"
ဖေးချမ့်က ကြည့်လိုက်၏။ နေရာက မသေးပါ။ ၃,၀၀၀ စတုရန်းမီတာရှိ၏။ ဒီနေရာက တကယ်တမ်း ယခုလက်ရှိ ထန်းတာ့ရုံးနေရာနဲ့ အကျယ်အဝန်း အတူတူလောက် ရှိသည်။ သို့သော်လည်း ဒီနေရာကို နှစ်ထပ်အဖြစ် ခွဲထားပြီး တစ်ထပ်စီက ၁,၅၀၀ စတုရန်းမီတာ ရှိပါသည်။
"ငါ ဒီ Plan ကို အသေးစိတ် ရှင်းပြပေးမယ်။ ဒီနေရာကို ဖွင့်ပြီးရင် မင်းတို့နှစ်ယောက် ကိုင်တွယ်ရမှာ။ အင်တာနက်ကဖေးဆိုတာ ဒီဆိုင်ရဲ့ ဝန်ဆောင်မှုတွေထဲက တစ်ခုပဲ ရှိသေးတယ်။ ငါ ကွန်ပျူတာ အလုံး ၅၀ လိုချင်တယ်။ ကတ်စတမ်မာက ၅၀ ထက်ကျော်နေရင် တန်းစီပြီး စောင့်ခိုင်းလိုက်။”
"စျေးကတော့... တစ်နာရီကို ၁၀ ယွမ် များနေမလားမသိဘူး။”
"ဘားကောင်တာတစ်ခုလည်း လုပ်ချင်တယ်။ အယ်ကိုဟော ပါတာကော မပါတဲ့ သောက်စရာတွေ မျိုးစုံကော ရှိမယ်။ ကျန်းယွမ် မင်းက သောက်စရာတွေ ရောစပ်တတ်တယ်မလား။ ကတ်စတမ်မာလည်း များများစားစားမရှိမှာမို့လို့ မင်းဘာမှလုပ်စရာမရှိရင် သူတို့အတွက် သောက်စရာတွေ ရောပေးပြီး မင်းရဲ့စကေးကို ပြသလိုက်။ မဟုတ်ရင် မင်း ပျင်းနေလိမ့်မယ်။”
"ဘားကောင်တာအနားမှာ ဧည့်သည်တွေကို ဧည့်ခံဖို့ နေရာတစ်ခုထား။ နေ့ဘက်မှာဆို နူးညံ့တဲ့ ဂီတနဲ့ ကဖေးဆိုင်တစ်ခု ဖြစ်နိုင်တယ်။ လူတွေက လက်ဖက်ရည် လာသောာက်ပြီး ဘုတ်ဂိမ်းတွေ ကစားလို့ရတယ်။ ညဘက်မှာဆိုရင်တော့ အရက်ဆိုင်ပေါ့။ ကျန်းယွမ် မင်းက သီချင်းဆိုတတ်တယ်မလား။ မင်းဆိုချင်ရင် သီချင်းနည်းနည်းဆိုလို့ ရပါတယ်။”
"ပြီးတော့လည်း နေရာတစ်ခုခြားထားပြီး စာအုပ်နည်းနည်းထည့်ထားမယ်။ စာအုပ်တွေကို အွန်လိုင်းက ဒါမှမဟုတ်စာအုပ်ဆိုင်တွေကနေ အော်ဒါမှာလိုက်။ ကတ်စတမ်မာတွေက အနားယူပြီး ကော်ဖီသောက်နေတုန်း ဘာမှလုပ်စရာမရှိဘူးဆိုရင် သူတို့ စာအုပ်တစ်အုပ်ဖတ်ပြီး ခံစားကြည့်လို့ရတယ်။”
"ပြီးတော့ တစ်ရက်ကို အစားအသောက် ၃ နှပ်စာ ကမ်းလှမ်းကြရအောင်။ ဒီနေရာက အရင်တုန်းက စားသောက်ဆိုင် မဟုတ်လား။ ဒီနေရာမှာ မီးဖိုချောင်တော့ရှိမှာပဲမဟုတ်လား။ ဒါပေမယ့် သူတို့ သုံးပြီးသား မီးဖိုချောင်သုံးပစ္စည်းတွေကို ဆက်မသုံးနဲ့။ ငါ အားလုံးကို အသစ်ပဲ ဖြစ်စေချင်တယ်။”
"အွန်လိုင်းပေါ်သွားပြီး ပရော်ဖက်ရှင်နယ် စားဖိုမှူးခေါင်းဆောင်ဆောင်တစ်ယောက်ကို ငှားလိုက်။ ပြင်သစ်စာ ဂျပန်စာ ဒါမှမဟုတ် တခြားဟင်းလျာ ဘာအမျိုးအစားမှ လုပ်မနေနဲ့။ သက်တောင့်သက်သာရှိတဲ့ အစားအစာမျိုးပဲ လုပ်မယ်။ ကြက်ဥနဲ့ ခရမ်းချဥ်သိးတို့ ယုရှန်း ဝက်သားမွှကြော်နဲ့ ဂေါ်ဖီကြော်တို့ဆို အဆင်ပြေပြီ။”
"မီနူးပေါ်မှာ ဟင်းလျာတွေ အများကြီး မထားနဲ့။ လတိုင်း ဟင်းလျာ ၁၀ မျိုးလောက်ဆို အဆင်ပြေပါပြီ။ မင်းတို့တွေ ဟင်းလျာတွေက ပျင်းဖို့ကောင်းလာပြီလို့ ထင်ရင် မီနူးကို လတိုင်း ပြောင်းလို့ရတယ်။”
"စျေးနှုန်းကတော့ အပြင်ဘက်က စားသောက်ဆိုင်တွေထက် ပိုပြီးစျေးကြီးရမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ စားဖိုမှူးခေါင်းဆောင်ရဲ့ စကေးတွေက ရှယ်ကိုး။ ဒါပေါ့ ငါတို့ အရမ်းကြီးတော့ စျေးကြီးအောင် လုပ်လိုက်လို့ မရဘူး။ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းလောက်ဆိုရင် အဆင်ပြေပြီ။”
"ဒုတိယထပ်က နေရာတစ်ခုကို စျေးရောင်းဖို့အတွက် သုံးမယ်။ မောက်စ်တို့ ကီးဘုတ်တို့ ဂိမ်းခလုတ်တို့လို ပစ္စည်းမျိုးစုံ ရောင်းကြရအောင်။ အားလုံးကို နာမည်ကြီး ကုန်ပစ္စည်းတွေကြီးပဲ လိုချင်တယ်နော်။ ဒီကနေ အမြတ်ရဖို့ ငါမမျှော်လင့်ထားဘူး။ ငါတို့အရင်းပြန်ရရင်ပဲ ပျော်ပါပြီ။”
"ဒီနေရာအပြင် အသေးစား ရုပ်ရှင်ရုံလေး လုပ်ကြရအောင်။ သီးသန့်ရုပ်ရှင်ရုံလေးလို့ သတ်မှတ်လို့ရတယ်။ ၁၀ ခုံကျော်ကျော်ဆိုရင် လုံလောက်ပါပြီ။”
"အင်း ဒီလောက်ဆို အဆင်ပြေလောက်ပြီ။"
"ငါတို့နေရာက သေးပေမယ့် လူတိုင်း လိုအပ်တဲ့ အရာမျိုးစုံရှိမှာပဲ။ ပြီးပြည့်စုံတယ်။"
မာယန်က အလျင်အမြန်ပဲ အားလုံးကို မှတ်ထားလိုက်ပါသည်။ သို့သော်လည်း ဖေးချမ့် စကားပြောတာကို ကြာားသောအခါ ကျန်းယွမ်တစ်ယောက် အလွန်အံ့သြသွားမိပါသည်။
ငါ နားကြားတော့ မမှားဘူးမလား။
ဒိနေရာက ၃,၀၀၀ စတုရန်းမီတာပဲရှိတာ မဟုတ်ဘူးလား။ မသိတဲ့လူတစ်ယောက်သာဆိုရင် ဘော့ဖေး ရှော့ပင်းမောလ်လ်တစ်ခုလုံးကို တောင်ဝယ်ထားတယ်လို့ ထင်သွားနိုင်လောက်တယ်။
ဒါက တော်တော်လေးကို ဗြုတ်စဗျင်းတောင်းနိုင်တဲ့ အကြံတွေပဲ။ အရေးအကြီးဆုံးက ဒီအရာတွေအတွက် ပစ်မှတ်ထားတဲ့ ဖောက်သည်က ဘယ်သူတွေလဲ။ အင်တာနက် လာသုံးတဲ့လူတွေလား။ ဒါမှမဟုတ် ကော်ဖီလာသောက်ကြတဲ့လူတွေလား။
ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ အမြတ်တွေက သေချာပေါက် အချိုးညီလို့တော့ မဖြစ်ဘူးမလား။ ခုံ ၁၀ ခုံလောက်ပါတဲ့ သီးသန့်ရုပ်ရှင်ရုံလေးလုပ်မယ်ဟုတ်လား။ ကျန်တဲ့လူတွေက မတ်တပ်ရပ်ပြီး ကြည့်ရမှာလား။
၃,၀၀၀ စတုရန်းမီတာလောက်ရှိတဲ့ အဆောက်အဦးမှာ ကွန်ပျူတာ အလုံး ၅၀ ပဲ တပ်ဆင်မှာလား။
ပြီးတော့လည်း နေ့ဘက်မှာ ကဖေးဖွင့်ပြီး ညဘက်မှာ အရက်ဆိုင်ဖွင့်မယ့် အကြံက နည်းနည်း ထူးဆန်းနေတယ်။
စာအုပ်နေရာတွေလည်းရှိပြီး စာအုပ်တွေအများကြီး ဝယ်နိုင်ကြဦးမယ် ဟုတ်လား။
လူတွေသာ ဒီကို အင်တာနက် လာသုံးတာဆို ဘယ်သူက စာအုပ်ဖတ်မှာလဲ။
အရာများကို ရှုထောင့်တစ်ခုက ကြည့်ရင်တော့ ဝန်ဆောင်မှုများလေလေ ပိုကောင်းလေလေ ဖြစ်သည်။ သို့သော် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါ။ ဖင်မနိုင်ဘဲ ပဲကြီးလှော်စားသည်ဟူသည့် ဆိုရိုးစကားနဲ့ တူနေပါသည်။
အခုခေတ် အင်တာနက်စွဲလမ်းနေသော လူငယ်များက အလွန်ဆင်းရဲကြသည်။ သူတို့က ဂိမ်းကစားဖို့သာ လိုင်းပေါ်တက်ကြခြင်း ဖြစ်သည်။ သူတို့ စားဖို့သောက်ဖို့ စိတ်မဝင်စားကြပေ။ အများဆုံး သူတို့ အပြင်ဘက်က စူပါမားကတ်ဆီသွားပြီး ဓာတ်ဆားရေ တစ်ဗူးလောက် ဝယ်နိုင်သည်။ သူတို့ အရက်တွေကိုတော့ ဝယ်သောက်မှာ မဟုတ်ကြပေ။
ထို့အပြင် ၁ နာရီကို ၁၀ ယွမ်သတ်မှတ်လိုက်သောကြောင့် လူတိုင်း မတတ်နိုင်ပါ။
ဒီနေရာကြီးက လူသူလည်း ကင်းမဲ့နေသည်။ လူတချို့က ဒီကိုလာပြီး ကော်ဖီသောက်ရင်တောင် မိုးထိုးနေသည့် ကုန်ကျစရိတ်များကို တတ်နိုင်မည်မဟုတ်ပါ။ ရိုးရိုးဟင်းလျာများကလည်း ပိုပြီးတောင် အဓိပ္ပာယ်မဲ့လှသည်။
အရက်ဆိုင်ကတော့...
သာမန်အရက်ဆိုင်များတွင် လှုပ်ရှားမှုများစွာ ရှိကြသည်။ ဥပမာအားဖြင့် အမျိုးသမီးများ အခမဲ့ဝင်နိုင်သော Lad Night များ ရှိသည်။ အထင်ကြီးစရာကောင်းသော ဂီတဘန်ဖျော်ဖြေမှုများလည်း ရှိသည်။ တစ်နည်းအားဖြင့် အရက်ဆိုင်များ အောင်မြင်လာဖို့ဆိုတာ နည်းလမ်းတစ်ခုအရ ကိုင်တွယ်ဖို့ လိုသည်။ စတုရန်းမီတာ ရာကျော်လောက်လေးကို ဒီလို စုတ်ပြတ်သည့် တည်နေရာမျိုးမှာ အရက်ဆိုင် တစ်ခုဖွင့်ဖို့ လုပ်လိုက်ပါက ကြီးမားတာ တစ်ခုခု ဖြစ်လာနိုင်ပါဦးမလား။
ထို့အပြင် မီနူးကို ကြည့်လိုက်ရင်လည််း တစ်ဖက်မှာတော့ အဆင့်မြင့် အနောက်တိုင်း ဝိုင်မျိုးစုံ ရှိနေသော်လည်း နောက်တစ်ဖက်မှာတော့ ကြက်ဥခရမ်းချဥ်သီးနဲ့ ယုရှန်းဝက်သားကြော်သာ ရှိနေသည်။
ဘယ်လိုလုပ်ပြီး လိုက်ဖက်မှုရှိမှာလဲ။
ကျန်းယွမ် ပိုပြီးစဥ်းစားမိလေလေ ဒီလုပ်ငန်း အခြေအနေကောင်းမှာ မဟုတ်ဘူးဟု ပိုခံစားလာရလေလေ ဖြစ်သည်။
တစ်လအတွင်း နှစ်လအတွင်း အကုန် ကျရှုံးလိမ့်မည်။
ကျန်းယွမ်၏ သဘောထားကို အာရုံရနေသည့်အလား ဖေးချမ့်က သူ့ကို ဆွံ့အသွားစေမည့် အရာတစ်ခုပြောလိုက်ပါသည်။
"ဒီဆိုင်က ထန်းတာ့ကော်ပိုရေးရှင်းရဲ့ ဆိုင်ခန်းတစ်ခုဖွင့်နိုင်ဖို့ ပထမဆုံး ခြေလှမ်းပဲ။ အချိန်တို ဆုံးရှုံးမှာတွေကို စိတ်ပူမနေနဲ့။ ဖျော်ဖြေရေး၊ ဘဝနေထိုင်မှုပုံစံ၊ ဂိမ်းနဲ့ တခြား ကဏ္ဍမျိုးစုံ ပါဝင်တဲ့ ဖျော်ဖြေရေးနေရာကြီးတစ်ခုပဲ။ ခဏတာ အရှုံးပေါ်တာတွေကို လက်မခံနိုင်တာက သာမန်ပါပဲ။ အရေးကြီးတာက လူတွေရဲ့ စိတ်ကို တဖြည်းဖြည်း ပြောင်းလဲပေးဖို့ပဲ။”
ကျန်းယွမ်က ပါးစပ်ဟလိုက်သည်။ သို့သော်လည်း စကားထွက်မလာတော့ပါ။
ဟုတ်ပါပြီ။ ဘော့စ်ဖေးကိုယ်တိုင်က ခဏတာ အရှုံးပေါ်တာတွေက အရေးမကြီးဘူးလို့ ပြောတော့ လုပ်ကြတာပေါ့။
ဘာပဲဖြစ်ဖြစ် ငါက တစ်လကို ယွမ် ၁၀,၀၀၀ ကျော် လစာရမှာပဲလေ။
...
မာယန်နဲ့ ကျန်းယွမ်တို့ကို လိုက်ပို့ပြီးနောက် ဖေးချမ့် ပိုပြီး စိတ်အေးသွားပါသည်။ ဖေးချမ့်က ဒီနယ်မြေကို အလွန်ကျေနပ်မိပါသည်။ အထူးသဖြင့် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ဖူးပြီး အရှုံးပေါ်သွားသည်ဟု ကြားလိုက်ရသောအခါတွင် ဖြစ်သည်။ ဖေးချမ့်က ပို၍ပင် ပျော်ပါသေးသည်။
ဒီနေရာမှာသာ ဟိုမရောက် ဒီမရောက် ဆိုင်တစ်ဆိုင်ဖွင့်လိုက်ပြီး ကိစ္စများကို အတည်တကျ မဆောင်ရွက်ရသေးခင် တောက်တောက်ပပဖြစ်အောင် ပြင်ဆင်လိုက်ပြီး နောက်ပိုင်း ရလာသည့် ငွေများကိုလည်း သုံးစွဲလိုက်ပါက ဒီနေရာကြီး သေချာပေါက် ပြိုလဲသွားလိမ့်မည်။
သူ့ရဲ့ ဂိမ်းပရောဂျက်နဲ့ ဒီဆိုင်ခန်းက ဖေးချမ့် အရှုံးပေါ်နိုင်ဖို့ ပစ်မှတ်ထားသည့် အဓိက အချက်နှစ်ခု ဖြစ်ပါသည်။
ဟွမ်းစစ်ပေါ်ကတော့ သူအရှုံးပေါ်ရင်တောင် အများဆုံး ယွမ် ၁ သန်းလောက်သာ ရှိမည်။ ဖေးချမ့် သူ့ကို အများကြီး အာရုံစိုက်ဖို့ မတန်ပါ။ ဟွမ်းစစ်ပေါ် ပိုက်ဆံရနိုင်သည့် လုပ်ရပ်မျိုး မလုပ်သရွေ့ ဖေးချမ့် ဂရုမစိုက်ပါ။
ဗီဒီယိုအတိုလေးတဲ့။ နာမည်ကျော်တချို့ရဲ့ အာရုံစိုက်မှုကို ခံရရင်တောင် ပိုက်ဆံ ဘယ်လောက်ရနိုင်မှာမို့လို့လဲ။
ဘာမှကြောက်စရာမလိုဘူး။
အခန်း(၈၆) ငါ့ကိုယ်ငါ ငှားရမှာလား
နေ့လည်ခင်းတွင် ဟွမ်းစစ်ပေါ် ကုမ္ပဏီသို့ ရောက်လာခဲ့ပါသည်။
ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို တိုးတက်မှုအကြောင်း ဆက်တိုက် မေးမနေသော်လည်း ဟွမ်းစစ်ပေါ်က နားလည်ပါသည်။
ယွမ် ၁ သန်းနဲ့ သူလုပ်ချင်တာကိုပဲ လုပ်လို့ မရမှန်း သိပါသည်။ အရင်ဆုံး ဘော့စ်ဖေးနဲ့ တိုင်ပင်စမ်းသပ်ကြည့်တာ ပိုကောင်းမည်။ ဘော့စ်ဖေးကို စိတ်မပျက်စေဘဲ သူ့အပေါ်ထားသည့် ယုံကြည်မှုကိုလည်း မပျက်ဆီးစေချင်ပါ။
အထူးသဖြင့် ရှောင်လုလိုအားလုံးနဲ့ အမှီလိုက်ပြီးနောက် ဟွမ်းစစ်ပေါ်က အလွန်ငယ်ရွယ်ပြီး ကျောင်းသားလို လူတစ်ယောက်ကိုခေါ်လာကာ ဧည့်သည်အခန်းထဲသို့ ဝင်လာခဲ့ပါသည်။
"ဘော့စ်ဖေး ဒါက ကျွန်တော် ဖိတ်ထားတဲ့ ဒါရိုက်တာပါ။ သူက ဟန်တုံးတက္ကသိုလ်မှာ ဒါရိုက်တာပညာ သင်ယူနေတဲ့ စတုတ္ထနှစ် ကျောင်းသားတစ်ယောက်ပါ။ သူ့နာမည်က ကျူးရှောင်စဲတဲ့။” ဟွမ်းစစ်ပေါ်က သူ့ကို နွေးထွေးစွာ မိတ်ဆက်ပေးလိုက်ပါသည်။
"တွေ့ရတာဝမ်းသာပါတယ် ဘော့စ်ဖေး" ကျူးရှောင်စဲက ယုံကြည်ချက် ပြည့်ဝပြီး စိတ်အားထက်သန်သည့် ပုံမျိုး ဖြစ်သည်။ သူက စိတ်လှုပ်ရှားသည့်ပုံကော ကြောက်ရွံ့သည့်ပုံကော မပေါက်ပါ။ အလွန်နွေးထွေးပါသည်။
သူက တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားဟု ဘော့စ်ဖေး ကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားပါသည်။
အဆင့်မြင့်သည့် အတန်းတစ်ခု သို့မဟုတ် နောက်ခံကောင်းကောင်းရှိသည့် ဒါရိုက်တာ တစ်ယောက်သာဆိုရင် ဖေးချမ့် ဘယ်လိုငြင်းရမလဲဟု စဥ်းစားနေရဦးမည်။
ဒါအဆင်ပြေသည်။ ဒီလူက ကျောင်းမှာ ဒါရိုက်တာပညာ အထူးပြုသော်လည်း ကျွမ်းကျင်သူဖြစ်ဖို့တော့ အများကြီး လိုပါသေးသည်။
ဒါရိုက်တာဖြစ်ဖို့ဆိုတာ အလွန်ရှုပ်ထွေးသော အလုပ် ဖြစ်ပါသည်။ ဒါရိုက်တာများစွာက အောင်မြင်လာဖို့ အသက် ၃၀ - ၄၀ လောက်အထိ စောင့်ရသည်။ ဒါတောင် သူတို့က ငယ်ရွယ်သေးသည့်အထဲပါသည်။
စတုတ္ထနှစ် ကျောင်းသားတစ်ယောက်က... ဘာလုပ်နိုင်မှာလဲ။
"မင်းတို့တွေ ဗီဒီယိုအတိုလေး ရိုက်မယ်လို့ ကြားတယ်။ Theme တစ်ခုကို စဥ်းစားပြီးပြီလား။" ဖေးချမ့်က ပြုံးကာ မေးလိုက်ပါသည်။
ဟွမ်းစစ်ပေါ်က ခေါင်းငြိမ့်လိုက်ပါသည်။ "စဥ်းစားပြီးပါပြီ ဘော့စ်ဖေး။ ဘော့စ်ဖေးအကြောင်း ရိုက်မှာပါ။"
ဖေးချမ့် နားကြားမှားနေသည်ဟုပင် ထင်သွားသည်။
"ငါ့ကို ရိုက်မှာ ဟုတ်လား။ ငါ့အကြောင်း ဘာရိုက်စရာရှိလို့လဲ။”
ဟွမ်းစစ်ပေါ်က ပြုံးကာ ပြောလိုက်ပါသည်။ "ဒါက တကယ်တော့ ကျွန်တော့်အကြံပါ။ ရာဇဝင်တွေဖန်တီးမယ့် ဘော့စ်ဖေးက ရိုက်ကူးဖို့ အကောင်းဆုံးလူဖြစ်မယ်လို့ ခံစားမိတယ်။ ဟုတ်ပါတယ်။ Content အသေးစိတ်ကိုတော့ မသိသေးပါဘူး။ ဒါရိုက်တာကျူးက အဲ့တာတွေကို တာဝန်ယူပါလိမ့်မယ်။ ဒါရိုက်တာကျူး ကျေးဇူးပြုပြီး ဘော့စ်ဖေးကို မင်းရဲ့အိုင်ဒီယာတွေ ပြောပြလိုက်ပါ့ဦး။"
"ကောင်းပါပြီ" ဒါရိုက်တာ ကျူးရှောင်းစဲက ဆက်ပြောသည်။ "အစ်ကိုဟွမ်းဆီက ခင်ဗျားရဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေအကြောင်း ကြားဖူးပါတယ်။ ခင်ဗျားက တကယ်ပဲ ရိုက်ကူးလို့ကောင်းမယ့်လူလို့ ကျွန်တော် ထင်တယ်။ ခင်ဗျားရဲ့ နေ့စဥ်ဘဝ လုပ်ငန်းတွေထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာတွေကို ရိုက်ကူးချင်တယ်။”
ဖေးချမ့် အနည်းငယ် စိတ်ရှုပ်သွားသည်။
"အလုပ်လုပ်တဲ့အချိန်တွေမှာ... စိတ်ဝင်စားဖို့ ကောင်းတာဖြစ်တတ်လို့လား။”
သူ အသေးစိတ် ပြန်စဥ်းစားကြည့်လိုက်သည်။ သူ့အလုပ်က ဘာတွေ စိတ်ဝင်စားဖို့ ကောင်းနေလို့လဲ။
အလုပ်က လစ်တာက စိတ်ဝင်စားဖို့ကောင်းလို့လား။
ဂိမ်းတစ်ခုကို ဖန်တီးဖို့ ၂ လလောက် ကြာမြင့်သော်လည်း သူ ရုံးကို လာသည့်အကြိမ်က လက်ချိုးရေတွက်လို့ရတယ်မဟုတ်လား။
ရိုက်ကူးဖို့ ဘာမှ စိတ်ဝင်စားဖို့ကောင်းတာ မရှိပါ။
ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ဘာလို့ရိုက်ချင်ကြတာလဲ။ မဟုတ်မှလွဲရော... သူတို့ ဖားချင်ကြတာလား။
အင်း... အဲ့တာပဲဖြစ်နိုင်တယ်...
ဖေးချမ့် တကယ်တော့ မကန့်ကွက်ပါ။ ဘယ်သူက အမြောက်ခံရတာ မကြိုက်ဘဲနေမှာလဲ။
သူပိုက်ဆံအရှုံးပေါ်ရင် အဆင်ပြေပါပြီ။
ဒီ Theme က ပျင်းဖို့ကောင်းလွန်းသည်။ ဆိုလိုရင်းက ဒီဗီဒီယိုအတိုမှာ နောက်ဆုံးမှာ မအောင်မြင်နိုင်ပါ။ စီးပွားရေးများနဲ့ မချိတ်ဆက်နိုင်သလို အင်တာနက် ဝက်ဘ်ဆိုက်များနဲ့လည်း ပူးပေါင်းနိုင်မှာ မဟုတ်ပေ။ ကျရှုံးနိုင်ချေက အလွန်မြင့်မားပါသည်။
အလားအလာရှိသည့်ပုံပင်။
ကျူးရှောင်စဲက အမြန်ပြောလိုက်သည်။ "ဘော့စ်ဖေး Theme ကို စိတ်မပူပါနဲ့။ အနုပညာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေကနေ ဖြစ်တည်လာတာ။ ဒါပေမယ့် အဲ့တာတွေကို ကျော်လွန်သွားတယ်။ ကျွန်တော် ရိုက်ကူးတဲ့အချိန်ကျရင် ခင်ဗျားရဲ့ ဂုဏ်သိက္ခာနဲ့ သင့်တော်မယ့် အနုပညာနည်းလမ်းတွေကို သုံးသွားမှာပါ။"
"ဟုတ်တာပေါ့။ ကျွန်တော် အထူးဆက်တင် တချို့နဲ့ စတိုင်တွေလည်း သုံးနိုင်တယ်။ ဒါက ရိုက်ကူးနေတုန်း စိတ်ဝင်စားမှုအပေါ် မူတည်တာပေါ့။”
ကျူးရှောင်စဲက ပရော်ဖက်ရှင်နယ်ဆန်သည့် ပုံစံမျိုးဖြင့် ဆက်ပြောသည်။ အနည်းငယ် အခြေအမြစ်မရှိဘဲ သူ ဒီစကားလုံးများကို သုံးရတာ အလေ့အကျင့်ဖြစ်နေသလိုပင်။
ဖေးချမ့်အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် အကျွမ်းဝင်သည့် အရာတစ်ခုကို ခံစားလိုက်ရသလိုပင်။
သို့သော်လည်း ဒီ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် အကျွမ်းဝင်သည့် အရာက ဘယ်ကနေ ရောက်လာသလဲ မမှတ်မိနိုင်ပါ။
ဒီ Theme ကိုတော့ သူ ဘာမှ အထင်အမြင် ပေးစရာ မရှိပေ။ အမြတ်မရရင် အဆင်ပြေပါပြီ။
ဖေးချမ့်က ဒီကိစ္စကိုသာ အဓိက စိတ်ဖိစီးနေရခြင်း ဖြစ်သည်။ ဒီလို ရိုက်ကူးသည့်ပုံစံအရ ယွမ် ၁ သန်း အကုန်သုံးနိုင်ပါ့မလား။
ရည်ရွယ်ချက်က သူ့နေ့စဥ်လုပ်ငန်းများကို ရိုက်ကူးဖို့ဆိုလျှင် ဆက်တင်က သူ့ရုံးခန်းထဲမှာ ဖြစ်ရမည်။ ထိုအချိန်တွင် နေရာငှားခတွေလည်း သက်သာလိမ့်မည်။ ပစ္စည်းများ၊ ဝတ်စုံများ စတာတွေကလည်း လိုအပ်မှာ မဟုတ်ပါ။ ကုန်ကျစရိတ်က ရှည်လျားလွန်းပါက တကယ်ပဲ အရှုံးပေါ်နိုင်ရင်တောင် အများကြီး မဟုတ်လောက်ပါ။
ယွမ် ၁ သန်းကို အကုန် မသုံးနိုင်ပါက ပြဿနာ တက်လာနိုင်ပါသည်။
"ဒီလိုရိုက်ကူးမယ်ဆိုရင် ယွမ် ၁ သန်းကုန်ပါ့မလား။ မင်းတို့တွေ ဘက်ဂျက်ကို စိတ်ပူစရာ မလိုဘူးနော်။ ဒိပမာဏနဲ့ မလုံလောက်ရင် ငါအမြဲတမ်း ထပ်ဖြည့်ပေးလို့ရတယ်။ ဦးစားပေးက ကောင်းကောင်းမွန်မွန် ရိုက်ကူးနိုင်ဖို့ပဲ နားလည်လား။”
ဖေးချမ့်က ဒီဗီဒီယိုကို တကယ် စိတ်ပူနေသည့် ပုံစံပင်။
ကျူးရှောင်စဲက ပြုံးကာ ပြောလိုက်သည်။ "စိတ်ချပါ ဘော့စ်ဖေး အစ်ကိုဟွမ်းနဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ ဘော့စ်ဖေးနဲ့ တခြားဝန်ထမ်းတွေကို ရိုက်ကူးရေးအတွင်းမှာ ရိုက်ကူးခပေးမှာပါ။ ခင်ဗျားငွေမလိုဘူးဆိုတာသိပေမယ့် ဒီတိုင်း အသေးအဖွဲကိစ္စလေးပဲကို။”
"နေရာငှားခကိုလည်း အထိုက်အလျောက် ပေးသွားမှာပါ။”
"ကျွန်တောတို့ နောက်ပိုင်း Editing တွေအတွက် ပစ္စည်းကိရိယာတွေ ဝယ်ဖို့လည်း သုံးလို့ရတာပဲ။ ကျန်ငွေတွေကိုတော့ ကြော်ညာဖို့ သုံးမယ်။ ကျွန်တော် တွက်ချက်ပြီးပါပြီ။ ဘက်ဂျက်က လုံလောက်မှာပါ။”
"ရိုက်ကူးရေးခနဲ့ နေရာငှားခ ဟုတ်လား" ဖေးချမ့် အနည်းငယ် အံ့သြသွားပါသည်။
ကျူးရှောင်စဲက ပြန်ပြောလိုက်ပါသည်။ "ကျွန်တော်တို့ အပိုင်းအရေအတွက် အပေါ် မူတည်ပြီး ရိုက်ကူးရေးခပေးဖို့ စီစဥ်ထားတယ်။ ရုပ်ရှင်အတိုတစ်ခုကို တစ်မိနစ်ပဲကြာမယ်။ ရိုက်ကူးရေးခက တစ်ပိုင်းကို ဘော့စ်ဖေးအတွက် ၁,၀၀၀ ယွမ်ပါ။ ကျန်တဲ့လူတွေကတော့ တစ်ပိုင်းကို ယွမ် ၂၀၀ စီရမှာပါ။”
"ဘာပဲဖြစ်ဖြစ် ခင်ဗျားက အဓိကဇာတ်ကောင်ဖြစ်ပြီး ခင်ဗျားရဲ့ ဇာတ်ဝင်ခန်းတွေကလည်း များတာကိုး။"
"ကျွန်တော်တို့ အတွဲ ၃ခု အတွဲတစ်ခုကို ၁၀ ပိုင်းစီ ရိုက်ကူးဖို့ စီစဥ်ထားပါတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့ ငွေအမြန်ပြန်ရဖို့ ရည်ရွယ်ထားတယ်။ စုစုပေါင်း ခင်ဗျားရဲ့ ရိုက်ကူးခက ၃၀,၀၀၀ ယွမ်လောက် ရှိမှာပါ။ နေရာငှားခကိုတော့ ၅၀,၀၀၀ ယွမ်ဆို လုံလောက်မလား။ အများကြီး မဟုတ်ဘဲ ခင်ဗျားလည်း လိုမှာမဟုတ်တာ သိပါတယ်။ အရေးအကြီးဆုံးက ဒါက ကျွန်တော်တို့ရဲ့ လေးစားသမှုပါ။ ကျွန်တော်တို့ အားလုံးကို အလကားအလုပ်ရှုပ်ခိုင်းလို့တော့ မရဘူးလေ။"
ဖေးချမ့်၏ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားပါသည်။
နပေါဦး။
ငါ့ကို ရိုက်ကူးခပေးမယ် ဟုတ်လား။
တစ်ခုခုတော့ မှားနေပြီ။
ပြန်စဥ်းစားကြည့်လိုက်ရအောင်
ငါက ဟွမ်းစစ်ပေါ်ကို သူလုပ်ချင်တာကို ရင်းနှီးမြှုပ်နှံဖို့ ယွမ် ၁ သန်းပေးလိုက်တယ်။ ရလဒ်အနေနဲ့ ဟွမ်းစစ်ပေါ်က ဒီယွမ် ၁ သန်းကို သုံးပြီး ငါ့ကို ဗီဒီယိုအတိုတစ်ပုဒ်အတွက် ဇာတ်လိုက်လုပ်ဖို့ ဖိတ်ကြားတယ်။ ပြီးတော့ ရိုက်ကူးခလည်း ပေးမယ်။ ငါ့ပိုက်ဆံက သံသရာလည်ပြီး ငါ့ဆီပြန်ရောက်လာတာပဲ။ ငါက ငါ့ကိုယ်ငါ ငှားဖို့ ပိုက်ဆံသုံးနေရတာပဲ။
ရူးချင်စရာကြီး>
ဟမ်... မဟုတ်ဘူး နေဦး။
ဒီလိုမဟုတ်ဘူး။
ဖေးချမ့် တစ်ခုခု မှားနေတာကို ရုတ်တရက် သိသွားသည်။
သူက သူ့ကိုယ်သူ ငှားဖို့ ပိုက်ဆံသုံးတာ မဟုတ်ပေ။
စနစ်ရန်ပုံငွေကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် တစ်နည်းတစ်ဖုံ ပြောင်းလဲနေခြင်းပင်။
အဲ့ဒီ ယွမ် ၁ သန်းက စနစ်ရန်ပုံငွေပဲ။ အိပ်မက်ရန်ပုံငွေအကြောင်းပြပြီး ဟွမ်းစစ်ပေါ်ကို ရင်းနှီးမြှုပ်နှံခိုင်းလိုက်တာပဲ။
ဟွမ်းစစ်ပေါ်က ကျူးရှောင်စဲတို့က ငါ့ကို ရိုက်ကူးခပေးတော့ ငါ့ရဲ့ကိုယ်ပိုင်စည်းစိမ်အဖြစ် သတ်မှတ်လို့ ရတာပေါ့။
ဘော့စ်တစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ ပိုက်ဆံကို သုံးပြီး ကိုယ့်ကိုယ်ကို လစာပေးလို့မရဘူးလို့ပဲ စနစ်ကပြောထားတာ။
ဒါပေမယ့် တခြားတစ်ယောက်ယောက်က ငါ့ကိုလစာပေးရင် စနစ်က ခွင့်မပြုဘူးလို့မပြောဘူး။
ဖေးချမ့်၏ မိသားစုဝင်များက သူ့ကို ပိုက်ဆံ တချို့ ပေးတုန်းကလိုဖြစ်သည်။ စနစ်က ဂရုမစိုက်ပါ။
ပိုက်ဆံကို ဟွမ်းစစ်ပေါ်ကို ပေးလိုက်ကတည်းက စနစ်ရန်ပုံငွေကို သုံးလိုက်ပြီဟု သတ်မှတ်နိုင်သည််။
ထို့အပြင် ဇာတ်လမ်းတို၏ သရုပ်ဆောင်တစ်ယောက်အနေဖြင့် ဖေးချမ့် ရိုက်ကူးရေးခနည်းနည်းရတာ ဖြစ်သင့်ပါသည်။ ဒါက အလုပ်လုပ်ပြီး ရလာသော သာမန်လစာဖြစ်သည်။ စနစ်အရဆို တားမြစ်ထားသော အရာမဟုတ်ပေ။
ဖေးချမ့် သဘောပေါက်သွားသည်။
သူ ရိုက်ကူးရေးခ မလိုဘူးလို့ ဘယ်သူပြောလဲ။
သူ အများကြီး လိုအပ်သည်။
ဖေးချမ့် တိုးတိတ်စွာဖြင့် စိတ်ထဲမှ မေးလိုက်သည်။ "စနစ် ငါဒီရိုက်ကူးရေးခကို လက်ခံလို့ရလား။"
"ရပါတယ်" ဟူသော စာလုံးက စနစ်မျက်နှာပြင်တွင် ပေါ်လာခဲ့ပါသည်။
[ အလုပ်လုပ်ဆောင်ခြင်းမှ ရလာသော အခကြေးငွေတိုင်းကို တရားမျှတသော ဝင်ငွေဟု သတ်မှတ်နိုင်ပါတယ်။ စနစ်က ပယ်ရှားမှာ မဟုတ်ပါ။ လိုအပ်ချက်ကတော့ စနစ်ရန်ပုံငွေကို မသမာသောနည်းလမ်းဖြင့် မပြောင်းလဲဘဲ အခကြေးငွေကလည်း စျေးကွက်စံနှုန်းအတိုင်း ကိုက်ညီသင့်တော်မှု ရှိရပါမယ် ]
ဟုတ်တယ်လို့ ဖြေလိုက်တာပဲ။
ဖေးချမ့် အားတက်သရော လက်ဟန်ပြကာ ပြောလိုက်သည်။ "နေရာငှားခပေးစရာမလိုဘူး။ အဲ့ဒီပိုက်ဆံတွေကို တခြားနေရာမှာ သုံးလိုက်။ ရိုက်ကူးရေးခကိုတော့... မင်းတို့ကို အသိအမှတ်ပြုလို့ ယူလိုက်မယ်။”
"ဒါဆို ...ကောင်းတာပေါ့" ကျူးရှောင်စဲက အလွန်ပျောင်ရွှင်သွားကာ ပြောလိုက်သည်။
"ကျေးဇူးအများကြီး တင်ပါတယ် ဘော့စ်ဖေး။”
နေရာငှားခ ယွမ် ၅၀,၀၀၀ ပေးမယ်ဟုတ်လား။
ဖေးချမ့် ဂရုမစိုက်ပါ။
အရေးကြီးတာက... ထိုပိုက်ဆံတွေက သူ့လက်ထဲ ရောက်လာမှာ မဟုတ်ပါ။
နေရာငှားခမှာ သေချာပေါက် ကုမ္ပဏီနဲ့ သက်ဆိုင်မှာဖြစ်သည်။ ထို့အပြင် ကုမ္ပဏီ၏ လယ်ဂျာစာအုပ်ထဲ ဝင်သွားတာနဲ့ စနစ်ရန်ပုံငွေအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ဖေးချမ့် ဒီပိုက်ဆံကို ရဖို့ စနစ်ကို အသုံးချလို့မရပါ။ ရုံးနေရာက ကုမ္ပဏီ၏ ပိုင်ဆိုင်မှု ဖြစ်သည်။
အပြန်အလှန်အားဖြင့် သရုပ်ဆောင်တစ်ယောက် အနေဖြင့် ဖေးချမ့်နဲ့ ကျူးရှောင်စဲတို့က အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးတစ်ခု တည်ဆောက်လိုက်ရသည်။ ကျူးရှောင်စဲနဲ့ သဘောတူညီမှုဖြစ်ပြီး ဟွမ်းစစ်ပေါ် ဖန်တီးထားသည့် အရန်လုပ်ငန်းတစ်ခု ဖြစ်သည်။
ဒါက ထန်းတာ့ ကော်ပိုရေးရှင်းနဲ့ မတူညီဘဲ ကုမ္ပဏီ လယ်ဂျာစာအုပ်ထဲလည်း ရောက်လာမှာ မဟုတ်ပေ။ ထို့အပြင် အကြောင်းပြချက်က လုံလောက်ပြီး သင့်တော်သဖြင့် စနစ်က ဂရုမစိုက်ပါ။
ဖေးချမ့်က ဆန္ဒရှိပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးသွားလုပ်ကာ ပိုက်ဆံရလာသလိုပင်။ စနစ်က ထိုပိုက်ဆံများကို ဂရုစိုက်မှာ မဟုတ်ပါ။ လိုအပ်ချက်က ဖေးချမ့်မှာ စနစ်ကို ဖျံကျဖို့ စားသောက်ဆိုင်နဲ့ မသမာစွာ မပူးပေါင်းထားဖို့ ဖြစ်ပါသည်။
စနစ်ကို ဖျံကျတယ်ဆိုတာ ဘာကိုကြည့်ပြီး သတ်မှတ်သနည်း။
ဥပမာအားဖြင့် ဖေးချမ့်က မာယန်နဲ့ တိုင်ပင်ပြီး ယွမ် ၁ သန်းပေးကာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ခိုင်းလိုက်သည်။ မာယန်က ယွမ် ၃၀၀,၀၀၀ ထုတ်ပြီး ဖေးချမ့်ကို ပန်းကန်ဆေးဖို့ ငှားလိုက်၏။ ဒါကို စနစ်အား ဖျံကျသည်ဟု ခေါ်နိုင်ပါသည်။
ပထမဆုံး ဖေးချမ့်ရထားသည့် ပိုက်ဆံမှာ သူစိုက်ထုတ်ရသည့် အားနဲ့ ညီမျှရမည်။ ဒုတိယက ထိုပိုက်ဆံမှာ ကုမ္ပဏီစာရင်းငွေနဲ့ တိုက်ရိုက်ဆက်နွယ်မှုမရှိရပါ။ ဖေးချမ့်သာ ကုမ္ပဏီအကောင့်ကို သုံးပြီး သူ့ကိုယ်သူ ပိုက်ဆံပေးဖို့ ကြိုးစားပါက တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ပါ။
သို့သော်လည်း ဒီလိုမျိုး အရန်ကုမ္ပဏီသို့မဟုတ် ကြားခံလုပ်ငန်းမျိုး ဖြစ်ပါက ကုမ္ပဏီအကောင့်နဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိဘဲ သင့်တင့်သော လုပ်ခလစာကိုလည်း ပေးအပ်ပါက ခွင့်ပြုနိုင်ပါသည်။
ထို့ကြောင့် စနစ်က ဖေးချမ့် ရိုက်ကူးခယူခြင်းကို စည်းကမ်းနဲ့မညီဘူးဟု မသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ဖေးချမ့် အရင်တုန်းက အားအများကြီး စိုက်ထုတ်ခဲ့တာတောာင် ယွမ် ၂၀,၀၀၀ သာ ရခဲ့ပါသည်။
ဒီတစ်ခေါက်တော့ ဇာတ်လမ်းတိုလေးမှာ တစ်ပိုင်းကို တစ်မိနစ်သာရှိမည်။ အပိုင်း ၃၀ အတွက် ၃၀,၀၀၀ ယွမ် ဖြစ်ပါသည်။ အလွန်အကျိုးအမြတ်ရှိပါသည်။
အရင်တုန်းက ဒီလိုလှည့်ကွက်မျိုး ဘာလို့ မစဥ်းစားမိပါလိမ့်။
ဖေးချမ့်က တကယ်ပဲ ရင်ထဲမှာ ပန်းပွင့်နေပါသည်။ ဒီအစီအစဥ်က အလုပ်ဖြစ်နိုင်တာပဲ။
"ဟုတ်ပြီ ဘော့စ်ဖေး စာချုပ်ချုပ်ကြစို့။"
ကျူးရှောင်စဲက သူ့ကျောပိုးအိတ်ထဲမှ စာချုပ်တစ်ခုကို ထုတ်ကာ ဖေးချမ့်ကို ပေးလိုက်ပါသည်။
"ငါထပ်ပြီး သေချာအောင်မေးမယ်နော်။ မင်းတို့ကောင်တွေရိုက်မယ့် ရုပ်ရှင်တို့က 'အံ့အားသင့်ဖွယ်' ဆိုတဲ့ နာမည်နဲ့ မဟုတ်ဘူးမလား" ဖေးချမ့်က ဘာမှမဟုတ်သလို မေးလိုက်ပါသည်။
ကျူးရှောင်စဲက အနည်းငယ် ကြောင်သွား၏။ "မဟုတ်ပါဘူးဗျာ။”
ဖေးချမ့် စိတ်အေးသွားပါသည်။
Zawgyi
ေဖးခ်မ့္ 85+86
အခန္း(၈၅) မီႏူးတစ္ဖက္မွာ အေကာင္းစားဝိုင္၊ တစ္ဖက္မွာေတာ့ အေပါစားအစားအစာ
က်န္းယြမ္ ဒါေတြနားမလည္ေသာ္လည္း အနည္းဆုံးေတာ့ အေသးစိတ္ နားလည္ေဝခြဲႏိုင္စြမ္း ႐ွိပါေသးသည္။
ဆိုင္တစ္ဆိုင္ကို ေ႐ြးခ်ယ္ဖို႔က တည္ေနရာမွာ အေရးႀကီးသည္။ တခ်ိဳ႕ 'ေ႐ႊလမ္းမမ်ား' ဟုေခၚသည့္ ေနရာမ်ားက တစ္ရက္ကို တစ္စတုရန္းမီတာ ၆ယြမ္ ၇ယြမ္ေလာက္ထိ ငွားရမ္းခ ႐ွိေလသည္။
အေၾကာင္းမွာ တည္ေနရာက ေကာင္းလြန္းေသာေၾကာင့္ ျဖစ္ပါသည္။
တည္ေနရာသာေကာင္းကာ ပတ္ဝန္းက်င္ကလည္း အဆင့္ျမင့္ၿပီး လူစည္းကားမႈျမင့္မားပါက ဘာဆိုင္မဆို ေသခ်ာေပါက္ ဝင္ေငြးေကာင္းႏိုင္ပါသည္။ ဆန္႔က်င္ဘက္အေနျဖင့္ တည္ေနရာက ဆိုး႐ြားၿပီး လူစည္ကားမႈ နည္းပါးပါက ဆိုင္တစ္ဆိုင္က ဘယ္ေလာက္ပဲ ေကာင္းမြန္ပါေစ ဘယ္သူက ထိုေနရာထိသြားၿပီး အားေပးၾကမည္နည္း။
ထို႔ေၾကာင့္ အေကာင္းဆုံးတည္ေနရာမွာ ေသခ်ာေပါက္ ဧရာမ ေ႐ွာ့ပင္းေနရာႀကီးမ်ားတြင္ ျဖစ္သည္။ အထူးသျဖင့္ ႀကီးမားေသာ ေ႐ွာ့ပင္းေမာလ္လ္ႀကီးမ်ားတြင္ ျဖစ္ၾက၏။
တကၠသိုလ္တစ္ခုနားက နယ္ေျမကလည္း မဆိုးလွပါ။
ဒီေနရာက သာမန္ေ႐ွာ့ပင္းနယ္ေျမအတြင္းမွာ ျဖစ္သည္။ ေ႐ွာ့ပင္းေမာလ္လ္နဲ႔ လမ္းတစ္လမ္းသာ ကြာ၏။ ပတ္ဝန္းက်င္ကလည္း တိတ္ဆိတ္ၿပီး ဗလာက်င္းျဖစ္ေနသည္။ တစ္ခ်က္ေလာက္ ၾကည့္လိုက္႐ုံနဲ႔ ဒီက လူစည္ကားမႈက မမ်ားေၾကာင္း မာယန္ သိႏိုင္သည္။
တစ္ရက္ကို တစ္စတုရန္းမီတာ ၃.၅၀ ယြမ္က ေစ်းႀကီးသည္ဟု သတ္မွတ္လို႔ မရႏိုင္ပါ။ သို႔ေသာ္လည္း ျပႆနာက တည္ေနရာနဲ႔ မတန္ေသာေၾကာင့္ ျဖစ္ပါသည္။
က်န္းယြမ္က ဒါကိုစဥ္းစားေနတုန္း သူ႕အေတြးမ်ားကို ထုတ္ေျပာသင့္လားဟု ေတြးလိုက္မိသည္။ ဘာပဲျဖစ္ျဖစ္ သူက လူသစ္ျဖစ္ၿပီး ထုတ္ေျပာလိုက္ပါက သင့္ေတာ္ႏိုင္ပါ့မလား။
သို႔ေသာ္လည္း သူ ဘာမွမေျပာပါဘဲ ဒီလုပ္ငန္း ပ်က္စီးသြားရင္ ဘယ္သူ႕ကို အျပစ္တင္ရမည္နည္း။
က်န္းယြမ္ အလြန္ ဇေဝဇဝါ ျဖစ္ေနပါသည္။
"ဟုတ္ၿပီ ဒီေနရာက မဆိုးဘူး ငါဆုံးျဖတ္လိုက္ၿပီ။" ေဖးခ်မ့္က ခ်က္ခ်င္းပဲ ဆုံးျဖတ္ခ်က္ခ်လိုက္ပါသည္။
က်န္းယြမ္ : ".."
သူ ဘာမွ ဆက္ၿပီးစဥ္းစားဖို႔ မလိုေတာ့ပါ။ ေဘာ့စ္ေဖးကိုယ္တိုင္ ေျပာလိုက္ၿပီျဖစ္သျဖင့္ က်န္းယြမ္သာ ဒီေနရာကို ဆက္ၿပီးေဝဖန္ပါက ကိုယ့္ဒုကၡကိုယ္႐ွာေနတာပဲမဟုတ္လား။
က်န္းယြမ္ တီးတိုးသာ ေရ႐ြတ္ႏိုင္ေတာ့သည္။
"ဒီေနရာအတြက္ Floor Plan ႐ွိလား" ေဖးခ်မ့္က ေမးလိုက္သည္။
"႐ွိတယ္ ႐ွိတယ္" မာယန္က အျမန္ သူ႕ေမာက္စ္ကို ႏွိပ္လိုက္ၿပီး အေဆာက္အဦးအတြက္ Floor Plan ကို ႐ွာလိုက္ပါသည္။ "ဒီမွာပါ"
ေဖးခ်မ့္က ၾကည့္လိုက္၏။ ေနရာက မေသးပါ။ ၃,၀၀၀ စတုရန္းမီတာ႐ွိ၏။ ဒီေနရာက တကယ္တမ္း ယခုလက္႐ွိ ထန္းတာ့႐ုံးေနရာနဲ႔ အက်ယ္အဝန္း အတူတူေလာက္ ႐ွိသည္။ သို႔ေသာ္လည္း ဒီေနရာကို ႏွစ္ထပ္အျဖစ္ ခြဲထားၿပီး တစ္ထပ္စီက ၁,၅၀၀ စတုရန္းမီတာ ႐ွိပါသည္။
"ငါ ဒီ Plan ကို အေသးစိတ္ ႐ွင္းျပေပးမယ္။ ဒီေနရာကို ဖြင့္ၿပီးရင္ မင္းတို႔ႏွစ္ေယာက္ ကိုင္တြယ္ရမွာ။ အင္တာနက္ကေဖးဆိုတာ ဒီဆိုင္ရဲ႕ ဝန္ေဆာင္မႈေတြထဲက တစ္ခုပဲ ႐ွိေသးတယ္။ ငါ ကြန္ပ်ဴတာ အလုံး ၅၀ လိုခ်င္တယ္။ ကတ္စတမ္မာက ၅၀ ထက္ေက်ာ္ေနရင္ တန္းစီၿပီး ေစာင့္ခိုင္းလိုက္။”
"ေစ်းကေတာ့... တစ္နာရီကို ၁၀ ယြမ္ မ်ားေနမလားမသိဘူး။”
"ဘားေကာင္တာတစ္ခုလည္း လုပ္ခ်င္တယ္။ အယ္ကိုေဟာ ပါတာေကာ မပါတဲ့ ေသာက္စရာေတြ မ်ိဳးစုံေကာ ႐ွိမယ္။ က်န္းယြမ္ မင္းက ေသာက္စရာေတြ ေရာစပ္တတ္တယ္မလား။ ကတ္စတမ္မာလည္း မ်ားမ်ားစားစားမ႐ွိမွာမို႔လို႔ မင္းဘာမွလုပ္စရာမ႐ွိရင္ သူတို႔အတြက္ ေသာက္စရာေတြ ေရာေပးၿပီး မင္းရဲ႕စေကးကို ျပသလိုက္။ မဟုတ္ရင္ မင္း ပ်င္းေနလိမ့္မယ္။”
"ဘားေကာင္တာအနားမွာ ဧည့္သည္ေတြကို ဧည့္ခံဖို႔ ေနရာတစ္ခုထား။ ေန႔ဘက္မွာဆို ႏူးညံ့တဲ့ ဂီတနဲ႔ ကေဖးဆိုင္တစ္ခု ျဖစ္ႏိုင္တယ္။ လူေတြက လက္ဖက္ရည္ လာေသာာက္ၿပီး ဘုတ္ဂိမ္းေတြ ကစားလို႔ရတယ္။ ညဘက္မွာဆိုရင္ေတာ့ အရက္ဆိုင္ေပါ့။ က်န္းယြမ္ မင္းက သီခ်င္းဆိုတတ္တယ္မလား။ မင္းဆိုခ်င္ရင္ သီခ်င္းနည္းနည္းဆိုလို႔ ရပါတယ္။”
"ၿပီးေတာ့လည္း ေနရာတစ္ခုျခားထားၿပီး စာအုပ္နည္းနည္းထည့္ထားမယ္။ စာအုပ္ေတြကို အြန္လိုင္းက ဒါမွမဟုတ္စာအုပ္ဆိုင္ေတြကေန ေအာ္ဒါမွာလိုက္။ ကတ္စတမ္မာေတြက အနားယူၿပီး ေကာ္ဖီေသာက္ေနတုန္း ဘာမွလုပ္စရာမ႐ွိဘူးဆိုရင္ သူတို႔ စာအုပ္တစ္အုပ္ဖတ္ၿပီး ခံစားၾကည့္လို႔ရတယ္။”
"ၿပီးေတာ့ တစ္ရက္ကို အစားအေသာက္ ၃ ႏွပ္စာ ကမ္းလွမ္းၾကရေအာင္။ ဒီေနရာက အရင္တုန္းက စားေသာက္ဆိုင္ မဟုတ္လား။ ဒီေနရာမွာ မီးဖိုေခ်ာင္ေတာ့႐ွိမွာပဲမဟုတ္လား။ ဒါေပမယ့္ သူတို႔ သုံးၿပီးသား မီးဖိုေခ်ာင္သုံးပစၥည္းေတြကို ဆက္မသုံးနဲ႔။ ငါ အားလုံးကို အသစ္ပဲ ျဖစ္ေစခ်င္တယ္။”
"အြန္လိုင္းေပၚသြားၿပီး ပေရာ္ဖက္႐ွင္နယ္ စားဖိုမႉးေခါင္းေဆာင္ေဆာင္တစ္ေယာက္ကို ငွားလိုက္။ ျပင္သစ္စာ ဂ်ပန္စာ ဒါမွမဟုတ္ တျခားဟင္းလ်ာ ဘာအမ်ိဳးအစားမွ လုပ္မေနနဲ႔။ သက္ေတာင့္သက္သာ႐ွိတဲ့ အစားအစာမ်ိဳးပဲ လုပ္မယ္။ ၾကက္ဥနဲ႔ ခရမ္းခ်ဥ္သိးတို႔ ယု႐ွန္း ဝက္သားမႊေၾကာ္နဲ႔ ေဂၚဖီေၾကာ္တို႔ဆို အဆင္ေျပၿပီ။”
"မီႏူးေပၚမွာ ဟင္းလ်ာေတြ အမ်ားႀကီး မထားနဲ႔။ လတိုင္း ဟင္းလ်ာ ၁၀ မ်ိဳးေလာက္ဆို အဆင္ေျပပါၿပီ။ မင္းတို႔ေတြ ဟင္းလ်ာေတြက ပ်င္းဖို႔ေကာင္းလာၿပီလို႔ ထင္ရင္ မီႏူးကို လတိုင္း ေျပာင္းလို႔ရတယ္။”
"ေစ်းႏႈန္းကေတာ့ အျပင္ဘက္က စားေသာက္ဆိုင္ေတြထက္ ပိုၿပီးေစ်းႀကီးရမယ္။ ဘာပဲျဖစ္ျဖစ္ ငါတို႔ စားဖိုမႉးေခါင္းေဆာင္ရဲ႕ စေကးေတြက ႐ွယ္ကိုး။ ဒါေပါ့ ငါတို႔ အရမ္းႀကီးေတာ့ ေစ်းႀကီးေအာင္ လုပ္လိုက္လို႔ မရဘူး။ ပုံမွန္ထက္ ၃၀ ရာခိုင္ႏႈန္းေလာက္ဆိုရင္ အဆင္ေျပၿပီ။”
"ဒုတိယထပ္က ေနရာတစ္ခုကို ေစ်းေရာင္းဖို႔အတြက္ သုံးမယ္။ ေမာက္စ္တို႔ ကီးဘုတ္တို႔ ဂိမ္းခလုတ္တို႔လို ပစၥည္းမ်ိဳးစုံ ေရာင္းၾကရေအာင္။ အားလုံးကို နာမည္ႀကီး ကုန္ပစၥည္းေတြႀကီးပဲ လိုခ်င္တယ္ေနာ္။ ဒီကေန အျမတ္ရဖို႔ ငါမေမွ်ာ္လင့္ထားဘူး။ ငါတို႔အရင္းျပန္ရရင္ပဲ ေပ်ာ္ပါၿပီ။”
"ဒီေနရာအျပင္ အေသးစား ႐ုပ္႐ွင္႐ုံေလး လုပ္ၾကရေအာင္။ သီးသန္႔႐ုပ္႐ွင္႐ုံေလးလို႔ သတ္မွတ္လို႔ရတယ္။ ၁၀ ခုံေက်ာ္ေက်ာ္ဆိုရင္ လုံေလာက္ပါၿပီ။”
"အင္း ဒီေလာက္ဆို အဆင္ေျပေလာက္ၿပီ။"
"ငါတို႔ေနရာက ေသးေပမယ့္ လူတိုင္း လိုအပ္တဲ့ အရာမ်ိဳးစုံ႐ွိမွာပဲ။ ၿပီးျပည့္စုံတယ္။"
မာယန္က အလ်င္အျမန္ပဲ အားလုံးကို မွတ္ထားလိုက္ပါသည္။ သို႔ေသာ္လည္း ေဖးခ်မ့္ စကားေျပာတာကို ၾကာားေသာအခါ က်န္းယြမ္တစ္ေယာက္ အလြန္အံ့ၾသသြားမိပါသည္။
ငါ နားၾကားေတာ့ မမွားဘူးမလား။
ဒိေနရာက ၃,၀၀၀ စတုရန္းမီတာပဲ႐ွိတာ မဟုတ္ဘူးလား။ မသိတဲ့လူတစ္ေယာက္သာဆိုရင္ ေဘာ့ေဖး ေ႐ွာ့ပင္းေမာလ္လ္တစ္ခုလုံးကို ေတာင္ဝယ္ထားတယ္လို႔ ထင္သြားႏိုင္ေလာက္တယ္။
ဒါက ေတာ္ေတာ္ေလးကို ျဗဳတ္စဗ်င္းေတာင္းႏိုင္တဲ့ အၾကံေတြပဲ။ အေရးအႀကီးဆုံးက ဒီအရာေတြအတြက္ ပစ္မွတ္ထားတဲ့ ေဖာက္သည္က ဘယ္သူေတြလဲ။ အင္တာနက္ လာသုံးတဲ့လူေတြလား။ ဒါမွမဟုတ္ ေကာ္ဖီလာေသာက္ၾကတဲ့လူေတြလား။
ၿပီးေတာ့လည္း ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ အျမတ္ေတြက ေသခ်ာေပါက္ အခ်ိဳးညီလို႔ေတာ့ မျဖစ္ဘူးမလား။ ခုံ ၁၀ ခုံေလာက္ပါတဲ့ သီးသန္႔႐ုပ္႐ွင္႐ုံေလးလုပ္မယ္ဟုတ္လား။ က်န္တဲ့လူေတြက မတ္တပ္ရပ္ၿပီး ၾကည့္ရမွာလား။
၃,၀၀၀ စတုရန္းမီတာေလာက္႐ွိတဲ့ အေဆာက္အဦးမွာ ကြန္ပ်ဴတာ အလုံး ၅၀ ပဲ တပ္ဆင္မွာလား။
ၿပီးေတာ့လည္း ေန႔ဘက္မွာ ကေဖးဖြင့္ၿပီး ညဘက္မွာ အရက္ဆိုင္ဖြင့္မယ့္ အၾကံက နည္းနည္း ထူးဆန္းေနတယ္။
စာအုပ္ေနရာေတြလည္း႐ွိၿပီး စာအုပ္ေတြအမ်ားႀကီး ဝယ္ႏိုင္ၾကဦးမယ္ ဟုတ္လား။
လူေတြသာ ဒီကို အင္တာနက္ လာသုံးတာဆို ဘယ္သူက စာအုပ္ဖတ္မွာလဲ။
အရာမ်ားကို ႐ႈေထာင့္တစ္ခုက ၾကည့္ရင္ေတာ့ ဝန္ေဆာင္မႈမ်ားေလေလ ပိုေကာင္းေလေလ ျဖစ္သည္။ သို႔ေသာ္ လက္ေတြ႕မွာေတာ့ ဒီလိုမဟုတ္ပါ။ ဖင္မႏိုင္ဘဲ ပဲႀကီးေလွာ္စားသည္ဟူသည့္ ဆို႐ိုးစကားနဲ႔ တူေနပါသည္။
အခုေခတ္ အင္တာနက္စြဲလမ္းေနေသာ လူငယ္မ်ားက အလြန္ဆင္းရဲၾကသည္။ သူတို႔က ဂိမ္းကစားဖို႔သာ လိုင္းေပၚတက္ၾကျခင္း ျဖစ္သည္။ သူတို႔ စားဖို႔ေသာက္ဖို႔ စိတ္မဝင္စားၾကေပ။ အမ်ားဆုံး သူတို႔ အျပင္ဘက္က စူပါမားကတ္ဆီသြားၿပီး ဓာတ္ဆားေရ တစ္ဗူးေလာက္ ဝယ္ႏိုင္သည္။ သူတို႔ အရက္ေတြကိုေတာ့ ဝယ္ေသာက္မွာ မဟုတ္ၾကေပ။
ထို႔အျပင္ ၁ နာရီကို ၁၀ ယြမ္သတ္မွတ္လိုက္ေသာေၾကာင့္ လူတိုင္း မတတ္ႏိုင္ပါ။
ဒီေနရာႀကီးက လူသူလည္း ကင္းမဲ့ေနသည္။ လူတခ်ိဳ႕က ဒီကိုလာၿပီး ေကာ္ဖီေသာက္ရင္ေတာင္ မိုးထိုးေနသည့္ ကုန္က်စရိတ္မ်ားကို တတ္ႏိုင္မည္မဟုတ္ပါ။ ႐ိုး႐ိုးဟင္းလ်ာမ်ားကလည္း ပိုၿပီးေတာင္ အဓိပၸာယ္မဲ့လွသည္။
အရက္ဆိုင္ကေတာ့...
သာမန္အရက္ဆိုင္မ်ားတြင္ လႈပ္႐ွားမႈမ်ားစြာ ႐ွိၾကသည္။ ဥပမာအားျဖင့္ အမ်ိဳးသမီးမ်ား အခမဲ့ဝင္ႏိုင္ေသာ Lad Night မ်ား ႐ွိသည္။ အထင္ႀကီးစရာေကာင္းေသာ ဂီတဘန္ေဖ်ာ္ေျဖမႈမ်ားလည္း ႐ွိသည္။ တစ္နည္းအားျဖင့္ အရက္ဆိုင္မ်ား ေအာင္ျမင္လာဖို႔ဆိုတာ နည္းလမ္းတစ္ခုအရ ကိုင္တြယ္ဖို႔ လိုသည္။ စတုရန္းမီတာ ရာေက်ာ္ေလာက္ေလးကို ဒီလို စုတ္ျပတ္သည့္ တည္ေနရာမ်ိဳးမွာ အရက္ဆိုင္ တစ္ခုဖြင့္ဖို႔ လုပ္လိုက္ပါက ႀကီးမားတာ တစ္ခုခု ျဖစ္လာႏိုင္ပါဦးမလား။
ထို႔အျပင္ မီႏူးကို ၾကည့္လိုက္ရင္လည္္း တစ္ဖက္မွာေတာ့ အဆင့္ျမင့္ အေနာက္တိုင္း ဝိုင္မ်ိဳးစုံ ႐ွိေနေသာ္လည္း ေနာက္တစ္ဖက္မွာေတာ့ ၾကက္ဥခရမ္းခ်ဥ္သီးနဲ႔ ယု႐ွန္းဝက္သားေၾကာ္သာ ႐ွိေနသည္။
ဘယ္လိုလုပ္ၿပီး လိုက္ဖက္မႈ႐ွိမွာလဲ။
က်န္းယြမ္ ပိုၿပီးစဥ္းစားမိေလေလ ဒီလုပ္ငန္း အေျခအေနေကာင္းမွာ မဟုတ္ဘူးဟု ပိုခံစားလာရေလေလ ျဖစ္သည္။
တစ္လအတြင္း ႏွစ္လအတြင္း အကုန္ က်႐ႈံးလိမ့္မည္။
က်န္းယြမ္၏ သေဘာထားကို အာ႐ုံရေနသည့္အလား ေဖးခ်မ့္က သူ႕ကို ဆြံ႕အသြားေစမည့္ အရာတစ္ခုေျပာလိုက္ပါသည္။
"ဒီဆိုင္က ထန္းတာ့ေကာ္ပိုေရး႐ွင္းရဲ႕ ဆိုင္ခန္းတစ္ခုဖြင့္ႏိုင္ဖို႔ ပထမဆုံး ေျခလွမ္းပဲ။ အခ်ိန္တို ဆုံး႐ႈံးမွာေတြကို စိတ္ပူမေနနဲ႔။ ေဖ်ာ္ေျဖေရး၊ ဘဝေနထိုင္မႈပုံစံ၊ ဂိမ္းနဲ႔ တျခား က႑မ်ိဳးစုံ ပါဝင္တဲ့ ေဖ်ာ္ေျဖေရးေနရာႀကီးတစ္ခုပဲ။ ခဏတာ အ႐ႈံးေပၚတာေတြကို လက္မခံႏိုင္တာက သာမန္ပါပဲ။ အေရးႀကီးတာက လူေတြရဲ႕ စိတ္ကို တျဖည္းျဖည္း ေျပာင္းလဲေပးဖို႔ပဲ။”
က်န္းယြမ္က ပါးစပ္ဟလိုက္သည္။ သို႔ေသာ္လည္း စကားထြက္မလာေတာ့ပါ။
ဟုတ္ပါၿပီ။ ေဘာ့စ္ေဖးကိုယ္တိုင္က ခဏတာ အ႐ႈံးေပၚတာေတြက အေရးမႀကီးဘူးလို႔ ေျပာေတာ့ လုပ္ၾကတာေပါ့။
ဘာပဲျဖစ္ျဖစ္ ငါက တစ္လကို ယြမ္ ၁၀,၀၀၀ ေက်ာ္ လစာရမွာပဲေလ။
...
မာယန္နဲ႔ က်န္းယြမ္တို႔ကို လိုက္ပို႔ၿပီးေနာက္ ေဖးခ်မ့္ ပိုၿပီး စိတ္ေအးသြားပါသည္။ ေဖးခ်မ့္က ဒီနယ္ေျမကို အလြန္ေက်နပ္မိပါသည္။ အထူးသျဖင့္ စားေသာက္ဆိုင္တစ္ဆိုင္ ဖြင့္ဖူးၿပီး အ႐ႈံးေပၚသြားသည္ဟု ၾကားလိုက္ရေသာအခါတြင္ ျဖစ္သည္။ ေဖးခ်မ့္က ပို၍ပင္ ေပ်ာ္ပါေသးသည္။
ဒီေနရာမွာသာ ဟိုမေရာက္ ဒီမေရာက္ ဆိုင္တစ္ဆိုင္ဖြင့္လိုက္ၿပီး ကိစၥမ်ားကို အတည္တက် မေဆာင္႐ြက္ရေသးခင္ ေတာက္ေတာက္ပပျဖစ္ေအာင္ ျပင္ဆင္လိုက္ၿပီး ေနာက္ပိုင္း ရလာသည့္ ေငြမ်ားကိုလည္း သုံးစြဲလိုက္ပါက ဒီေနရာႀကီး ေသခ်ာေပါက္ ၿပိဳလဲသြားလိမ့္မည္။
သူ႕ရဲ႕ ဂိမ္းပေရာဂ်က္နဲ႔ ဒီဆိုင္ခန္းက ေဖးခ်မ့္ အ႐ႈံးေပၚႏိုင္ဖို႔ ပစ္မွတ္ထားသည့္ အဓိက အခ်က္ႏွစ္ခု ျဖစ္ပါသည္။
ဟြမ္းစစ္ေပၚကေတာ့ သူအ႐ႈံးေပၚရင္ေတာင္ အမ်ားဆုံး ယြမ္ ၁ သန္းေလာက္သာ ႐ွိမည္။ ေဖးခ်မ့္ သူ႕ကို အမ်ားႀကီး အာ႐ုံစိုက္ဖို႔ မတန္ပါ။ ဟြမ္းစစ္ေပၚ ပိုက္ဆံရႏိုင္သည့္ လုပ္ရပ္မ်ိဳး မလုပ္သေ႐ြ႕ ေဖးခ်မ့္ ဂ႐ုမစိုက္ပါ။
ဗီဒီယိုအတိုေလးတဲ့။ နာမည္ေက်ာ္တခ်ိဳ႕ရဲ႕ အာ႐ုံစိုက္မႈကို ခံရရင္ေတာင္ ပိုက္ဆံ ဘယ္ေလာက္ရႏိုင္မွာမို႔လို႔လဲ။
ဘာမွေၾကာက္စရာမလိုဘူး။
အခန္း(၈၆) ငါ့ကိုယ္ငါ ငွားရမွာလား
ေန႔လည္ခင္းတြင္ ဟြမ္းစစ္ေပၚ ကုမၸဏီသို႔ ေရာက္လာခဲ့ပါသည္။
ေဖးခ်မ့္က ဟြမ္းစစ္ေပၚကို တိုးတက္မႈအေၾကာင္း ဆက္တိုက္ ေမးမေနေသာ္လည္း ဟြမ္းစစ္ေပၚက နားလည္ပါသည္။
ယြမ္ ၁ သန္းနဲ႔ သူလုပ္ခ်င္တာကိုပဲ လုပ္လို႔ မရမွန္း သိပါသည္။ အရင္ဆုံး ေဘာ့စ္ေဖးနဲ႔ တိုင္ပင္စမ္းသပ္ၾကည့္တာ ပိုေကာင္းမည္။ ေဘာ့စ္ေဖးကို စိတ္မပ်က္ေစဘဲ သူ႕အေပၚထားသည့္ ယုံၾကည္မႈကိုလည္း မပ်က္ဆီးေစခ်င္ပါ။
အထူးသျဖင့္ ေ႐ွာင္လုလိုအားလုံးနဲ႔ အမွီလိုက္ၿပီးေနာက္ ဟြမ္းစစ္ေပၚက အလြန္ငယ္႐ြယ္ၿပီး ေက်ာင္းသားလို လူတစ္ေယာက္ကိုေခၚလာကာ ဧည့္သည္အခန္းထဲသို႔ ဝင္လာခဲ့ပါသည္။
"ေဘာ့စ္ေဖး ဒါက ကြၽန္ေတာ္ ဖိတ္ထားတဲ့ ဒါ႐ိုက္တာပါ။ သူက ဟန္တုံးတကၠသိုလ္မွာ ဒါ႐ိုက္တာပညာ သင္ယူေနတဲ့ စတုတၳႏွစ္ ေက်ာင္းသားတစ္ေယာက္ပါ။ သူ႕နာမည္က က်ဴးေ႐ွာင္စဲတဲ့။” ဟြမ္းစစ္ေပၚက သူ႕ကို ေႏြးေထြးစြာ မိတ္ဆက္ေပးလိုက္ပါသည္။
"ေတြ႕ရတာဝမ္းသာပါတယ္ ေဘာ့စ္ေဖး" က်ဴးေ႐ွာင္စဲက ယုံၾကည္ခ်က္ ျပည့္ဝၿပီး စိတ္အားထက္သန္သည့္ ပုံမ်ိဳး ျဖစ္သည္။ သူက စိတ္လႈပ္႐ွားသည့္ပုံေကာ ေၾကာက္႐ြံ႕သည့္ပုံေကာ မေပါက္ပါ။ အလြန္ေႏြးေထြးပါသည္။
သူက တကၠသိုလ္ စတုတၳႏွစ္ေက်ာင္းသားဟု ေဘာ့စ္ေဖး ၾကားလိုက္ရေသာအခါ အလြန္ေပ်ာ္႐ႊင္သြားပါသည္။
အဆင့္ျမင့္သည့္ အတန္းတစ္ခု သို႔မဟုတ္ ေနာက္ခံေကာင္းေကာင္း႐ွိသည့္ ဒါ႐ိုက္တာ တစ္ေယာက္သာဆိုရင္ ေဖးခ်မ့္ ဘယ္လိုျငင္းရမလဲဟု စဥ္းစားေနရဦးမည္။
ဒါအဆင္ေျပသည္။ ဒီလူက ေက်ာင္းမွာ ဒါ႐ိုက္တာပညာ အထူးျပဳေသာ္လည္း ကြၽမ္းက်င္သူျဖစ္ဖို႔ေတာ့ အမ်ားႀကီး လိုပါေသးသည္။
ဒါ႐ိုက္တာျဖစ္ဖို႔ဆိုတာ အလြန္႐ႈပ္ေထြးေသာ အလုပ္ ျဖစ္ပါသည္။ ဒါ႐ိုက္တာမ်ားစြာက ေအာင္ျမင္လာဖို႔ အသက္ ၃၀ - ၄၀ ေလာက္အထိ ေစာင့္ရသည္။ ဒါေတာင္ သူတို႔က ငယ္႐ြယ္ေသးသည့္အထဲပါသည္။
စတုတၳႏွစ္ ေက်ာင္းသားတစ္ေယာက္က... ဘာလုပ္ႏိုင္မွာလဲ။
"မင္းတို႔ေတြ ဗီဒီယိုအတိုေလး ႐ိုက္မယ္လို႔ ၾကားတယ္။ Theme တစ္ခုကို စဥ္းစားၿပီးၿပီလား။" ေဖးခ်မ့္က ျပဳံးကာ ေမးလိုက္ပါသည္။
ဟြမ္းစစ္ေပၚက ေခါင္းၿငိမ့္လိုက္ပါသည္။ "စဥ္းစားၿပီးပါၿပီ ေဘာ့စ္ေဖး။ ေဘာ့စ္ေဖးအေၾကာင္း ႐ိုက္မွာပါ။"
ေဖးခ်မ့္ နားၾကားမွားေနသည္ဟုပင္ ထင္သြားသည္။
"ငါ့ကို ႐ိုက္မွာ ဟုတ္လား။ ငါ့အေၾကာင္း ဘာ႐ိုက္စရာ႐ွိလို႔လဲ။”
ဟြမ္းစစ္ေပၚက ျပဳံးကာ ေျပာလိုက္ပါသည္။ "ဒါက တကယ္ေတာ့ ကြၽန္ေတာ့္အၾကံပါ။ ရာဇဝင္ေတြဖန္တီးမယ့္ ေဘာ့စ္ေဖးက ႐ိုက္ကူးဖို႔ အေကာင္းဆုံးလူျဖစ္မယ္လို႔ ခံစားမိတယ္။ ဟုတ္ပါတယ္။ Content အေသးစိတ္ကိုေတာ့ မသိေသးပါဘူး။ ဒါ႐ိုက္တာက်ဴးက အဲ့တာေတြကို တာဝန္ယူပါလိမ့္မယ္။ ဒါ႐ိုက္တာက်ဴး ေက်းဇူးျပဳၿပီး ေဘာ့စ္ေဖးကို မင္းရဲ႕အိုင္ဒီယာေတြ ေျပာျပလိုက္ပါ့ဦး။"
"ေကာင္းပါၿပီ" ဒါ႐ိုက္တာ က်ဴးေ႐ွာင္းစဲက ဆက္ေျပာသည္။ "အစ္ကိုဟြမ္းဆီက ခင္ဗ်ားရဲ႕ သည္းထိတ္ရင္ဖို စြန္႔စားခန္းေတြအေၾကာင္း ၾကားဖူးပါတယ္။ ခင္ဗ်ားက တကယ္ပဲ ႐ိုက္ကူးလို႔ေကာင္းမယ့္လူလို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ားရဲ႕ ေန႔စဥ္ဘဝ လုပ္ငန္းေတြထဲမွာ စိတ္ဝင္စားဖို႔ ေကာင္းတာေတြကို ႐ိုက္ကူးခ်င္တယ္။”
ေဖးခ်မ့္ အနည္းငယ္ စိတ္႐ႈပ္သြားသည္။
"အလုပ္လုပ္တဲ့အခ်ိန္ေတြမွာ... စိတ္ဝင္စားဖို႔ ေကာင္းတာျဖစ္တတ္လို႔လား။”
သူ အေသးစိတ္ ျပန္စဥ္းစားၾကည့္လိုက္သည္။ သူ႕အလုပ္က ဘာေတြ စိတ္ဝင္စားဖို႔ ေကာင္းေနလို႔လဲ။
အလုပ္က လစ္တာက စိတ္ဝင္စားဖို႔ေကာင္းလို႔လား။
ဂိမ္းတစ္ခုကို ဖန္တီးဖို႔ ၂ လေလာက္ ၾကာျမင့္ေသာ္လည္း သူ ႐ုံးကို လာသည့္အႀကိမ္က လက္ခ်ိဳးေရတြက္လို႔ရတယ္မဟုတ္လား။
႐ိုက္ကူးဖို႔ ဘာမွ စိတ္ဝင္စားဖို႔ေကာင္းတာ မ႐ွိပါ။
ဟြမ္းစစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔က ဘာလို႔႐ိုက္ခ်င္ၾကတာလဲ။ မဟုတ္မွလြဲေရာ... သူတို႔ ဖားခ်င္ၾကတာလား။
အင္း... အဲ့တာပဲျဖစ္ႏိုင္တယ္...
ေဖးခ်မ့္ တကယ္ေတာ့ မကန္႔ကြက္ပါ။ ဘယ္သူက အေျမာက္ခံရတာ မႀကိဳက္ဘဲေနမွာလဲ။
သူပိုက္ဆံအ႐ႈံးေပၚရင္ အဆင္ေျပပါၿပီ။
ဒီ Theme က ပ်င္းဖို႔ေကာင္းလြန္းသည္။ ဆိုလိုရင္းက ဒီဗီဒီယိုအတိုမွာ ေနာက္ဆုံးမွာ မေအာင္ျမင္ႏိုင္ပါ။ စီးပြားေရးမ်ားနဲ႔ မခ်ိတ္ဆက္ႏိုင္သလို အင္တာနက္ ဝက္ဘ္ဆိုက္မ်ားနဲ႔လည္း ပူးေပါင္းႏိုင္မွာ မဟုတ္ေပ။ က်႐ႈံးႏိုင္ေခ်က အလြန္ျမင့္မားပါသည္။
အလားအလာ႐ွိသည့္ပုံပင္။
က်ဴးေ႐ွာင္စဲက အျမန္ေျပာလိုက္သည္။ "ေဘာ့စ္ေဖး Theme ကို စိတ္မပူပါနဲ႔။ အႏုပညာဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝေတြကေန ျဖစ္တည္လာတာ။ ဒါေပမယ့္ အဲ့တာေတြကို ေက်ာ္လြန္သြားတယ္။ ကြၽန္ေတာ္ ႐ိုက္ကူးတဲ့အခ်ိန္က်ရင္ ခင္ဗ်ားရဲ႕ ဂုဏ္သိကၡာနဲ႔ သင့္ေတာ္မယ့္ အႏုပညာနည္းလမ္းေတြကို သုံးသြားမွာပါ။"
"ဟုတ္တာေပါ့။ ကြၽန္ေတာ္ အထူးဆက္တင္ တခ်ိဳ႕နဲ႔ စတိုင္ေတြလည္း သုံးႏိုင္တယ္။ ဒါက ႐ိုက္ကူးေနတုန္း စိတ္ဝင္စားမႈအေပၚ မူတည္တာေပါ့။”
က်ဴးေ႐ွာင္စဲက ပေရာ္ဖက္႐ွင္နယ္ဆန္သည့္ ပုံစံမ်ိဳးျဖင့္ ဆက္ေျပာသည္။ အနည္းငယ္ အေျခအျမစ္မ႐ွိဘဲ သူ ဒီစကားလုံးမ်ားကို သုံးရတာ အေလ့အက်င့္ျဖစ္ေနသလိုပင္။
ေဖးခ်မ့္အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားသည္။ တစ္ခုခု ထူးဆန္းေနသလို ခံစားလိုက္ရသည္။ သူ ၿငီးေငြ႕ဖြယ္ ေကာင္းေလာက္ေအာင္ အကြၽမ္းဝင္သည့္ အရာတစ္ခုကို ခံစားလိုက္ရသလိုပင္။
သို႔ေသာ္လည္း ဒီ ၿငီးေငြ႕ဖြယ္ ေကာင္းေလာက္ေအာင္ အကြၽမ္းဝင္သည့္ အရာက ဘယ္ကေန ေရာက္လာသလဲ မမွတ္မိႏိုင္ပါ။
ဒီ Theme ကိုေတာ့ သူ ဘာမွ အထင္အျမင္ ေပးစရာ မ႐ွိေပ။ အျမတ္မရရင္ အဆင္ေျပပါၿပီ။
ေဖးခ်မ့္က ဒီကိစၥကိုသာ အဓိက စိတ္ဖိစီးေနရျခင္း ျဖစ္သည္။ ဒီလို ႐ိုက္ကူးသည့္ပုံစံအရ ယြမ္ ၁ သန္း အကုန္သုံးႏိုင္ပါ့မလား။
ရည္႐ြယ္ခ်က္က သူ႕ေန႔စဥ္လုပ္ငန္းမ်ားကို ႐ိုက္ကူးဖို႔ဆိုလွ်င္ ဆက္တင္က သူ႕႐ုံးခန္းထဲမွာ ျဖစ္ရမည္။ ထိုအခ်ိန္တြင္ ေနရာငွားခေတြလည္း သက္သာလိမ့္မည္။ ပစၥည္းမ်ား၊ ဝတ္စုံမ်ား စတာေတြကလည္း လိုအပ္မွာ မဟုတ္ပါ။ ကုန္က်စရိတ္က ႐ွည္လ်ားလြန္းပါက တကယ္ပဲ အ႐ႈံးေပၚႏိုင္ရင္ေတာင္ အမ်ားႀကီး မဟုတ္ေလာက္ပါ။
ယြမ္ ၁ သန္းကို အကုန္ မသုံးႏိုင္ပါက ျပႆနာ တက္လာႏိုင္ပါသည္။
"ဒီလို႐ိုက္ကူးမယ္ဆိုရင္ ယြမ္ ၁ သန္းကုန္ပါ့မလား။ မင္းတို႔ေတြ ဘက္ဂ်က္ကို စိတ္ပူစရာ မလိုဘူးေနာ္။ ဒိပမာဏနဲ႔ မလုံေလာက္ရင္ ငါအၿမဲတမ္း ထပ္ျဖည့္ေပးလို႔ရတယ္။ ဦးစားေပးက ေကာင္းေကာင္းမြန္မြန္ ႐ိုက္ကူးႏိုင္ဖို႔ပဲ နားလည္လား။”
ေဖးခ်မ့္က ဒီဗီဒီယိုကို တကယ္ စိတ္ပူေနသည့္ ပုံစံပင္။
က်ဴးေ႐ွာင္စဲက ျပဳံးကာ ေျပာလိုက္သည္။ "စိတ္ခ်ပါ ေဘာ့စ္ေဖး အစ္ကိုဟြမ္းနဲ႔ ကြၽန္ေတာ္တို႔ ေဆြးေႏြးၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ ေဘာ့စ္ေဖးနဲ႔ တျခားဝန္ထမ္းေတြကို ႐ိုက္ကူးေရးအတြင္းမွာ ႐ိုက္ကူးခေပးမွာပါ။ ခင္ဗ်ားေငြမလိုဘူးဆိုတာသိေပမယ့္ ဒီတိုင္း အေသးအဖြဲကိစၥေလးပဲကို။”
"ေနရာငွားခကိုလည္း အထိုက္အေလ်ာက္ ေပးသြားမွာပါ။”
"ကြၽန္ေတာတို႔ ေနာက္ပိုင္း Editing ေတြအတြက္ ပစၥည္းကိရိယာေတြ ဝယ္ဖို႔လည္း သုံးလို႔ရတာပဲ။ က်န္ေငြေတြကိုေတာ့ ေၾကာ္ညာဖို႔ သုံးမယ္။ ကြၽန္ေတာ္ တြက္ခ်က္ၿပီးပါၿပီ။ ဘက္ဂ်က္က လုံေလာက္မွာပါ။”
"႐ိုက္ကူးေရးခနဲ႔ ေနရာငွားခ ဟုတ္လား" ေဖးခ်မ့္ အနည္းငယ္ အံ့ၾသသြားပါသည္။
က်ဴးေ႐ွာင္စဲက ျပန္ေျပာလိုက္ပါသည္။ "ကြၽန္ေတာ္တို႔ အပိုင္းအေရအတြက္ အေပၚ မူတည္ၿပီး ႐ိုက္ကူးေရးခေပးဖို႔ စီစဥ္ထားတယ္။ ႐ုပ္႐ွင္အတိုတစ္ခုကို တစ္မိနစ္ပဲၾကာမယ္။ ႐ိုက္ကူးေရးခက တစ္ပိုင္းကို ေဘာ့စ္ေဖးအတြက္ ၁,၀၀၀ ယြမ္ပါ။ က်န္တဲ့လူေတြကေတာ့ တစ္ပိုင္းကို ယြမ္ ၂၀၀ စီရမွာပါ။”
"ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားက အဓိကဇာတ္ေကာင္ျဖစ္ၿပီး ခင္ဗ်ားရဲ႕ ဇာတ္ဝင္ခန္းေတြကလည္း မ်ားတာကိုး။"
"ကြၽန္ေတာ္တို႔ အတြဲ ၃ခု အတြဲတစ္ခုကို ၁၀ ပိုင္းစီ ႐ိုက္ကူးဖို႔ စီစဥ္ထားပါတယ္။ ကြၽန္ေတာ္တို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနည္းနည္းနဲ႔ ေငြအျမန္ျပန္ရဖို႔ ရည္႐ြယ္ထားတယ္။ စုစုေပါင္း ခင္ဗ်ားရဲ႕ ႐ိုက္ကူးခက ၃၀,၀၀၀ ယြမ္ေလာက္ ႐ွိမွာပါ။ ေနရာငွားခကိုေတာ့ ၅၀,၀၀၀ ယြမ္ဆို လုံေလာက္မလား။ အမ်ားႀကီး မဟုတ္ဘဲ ခင္ဗ်ားလည္း လိုမွာမဟုတ္တာ သိပါတယ္။ အေရးအႀကီးဆုံးက ဒါက ကြၽန္ေတာ္တို႔ရဲ႕ ေလးစားသမႈပါ။ ကြၽန္ေတာ္တို႔ အားလုံးကို အလကားအလုပ္႐ႈပ္ခိုင္းလို႔ေတာ့ မရဘူးေလ။"
ေဖးခ်မ့္၏ မ်က္လုံးမ်ား ႐ုတ္တရက္ ဝိုင္းစက္သြားပါသည္။
နေပါဦး။
ငါ့ကို ႐ိုက္ကူးခေပးမယ္ ဟုတ္လား။
တစ္ခုခုေတာ့ မွားေနၿပီ။
ျပန္စဥ္းစားၾကည့္လိုက္ရေအာင္
ငါက ဟြမ္းစစ္ေပၚကို သူလုပ္ခ်င္တာကို ရင္းႏွီးျမႇဳပ္ႏွံဖို႔ ယြမ္ ၁ သန္းေပးလိုက္တယ္။ ရလဒ္အေနနဲ႔ ဟြမ္းစစ္ေပၚက ဒီယြမ္ ၁ သန္းကို သုံးၿပီး ငါ့ကို ဗီဒီယိုအတိုတစ္ပုဒ္အတြက္ ဇာတ္လိုက္လုပ္ဖို႔ ဖိတ္ၾကားတယ္။ ၿပီးေတာ့ ႐ိုက္ကူးခလည္း ေပးမယ္။ ငါ့ပိုက္ဆံက သံသရာလည္ၿပီး ငါ့ဆီျပန္ေရာက္လာတာပဲ။ ငါက ငါ့ကိုယ္ငါ ငွားဖို႔ ပိုက္ဆံသုံးေနရတာပဲ။
႐ူးခ်င္စရာႀကီး>
ဟမ္... မဟုတ္ဘူး ေနဦး။
ဒီလိုမဟုတ္ဘူး။
ေဖးခ်မ့္ တစ္ခုခု မွားေနတာကို ႐ုတ္တရက္ သိသြားသည္။
သူက သူ႕ကိုယ္သူ ငွားဖို႔ ပိုက္ဆံသုံးတာ မဟုတ္ေပ။
စနစ္ရန္ပုံေငြကို သူ႕ကိုယ္ပိုင္စည္းစိမ္အျဖစ္ တစ္နည္းတစ္ဖုံ ေျပာင္းလဲေနျခင္းပင္။
အဲ့ဒီ ယြမ္ ၁ သန္းက စနစ္ရန္ပုံေငြပဲ။ အိပ္မက္ရန္ပုံေငြအေၾကာင္းျပၿပီး ဟြမ္းစစ္ေပၚကို ရင္းႏွီးျမႇဳပ္ႏွံခိုင္းလိုက္တာပဲ။
ဟြမ္းစစ္ေပၚက က်ဴးေ႐ွာင္စဲတို႔က ငါ့ကို ႐ိုက္ကူးခေပးေတာ့ ငါ့ရဲ႕ကိုယ္ပိုင္စည္းစိမ္အျဖစ္ သတ္မွတ္လို႔ ရတာေပါ့။
ေဘာ့စ္တစ္ေယာက္အေနနဲ႔ ကုမၸဏီရဲ႕ ပိုက္ဆံကို သုံးၿပီး ကိုယ့္ကိုယ္ကို လစာေပးလို႔မရဘူးလို႔ပဲ စနစ္ကေျပာထားတာ။
ဒါေပမယ့္ တျခားတစ္ေယာက္ေယာက္က ငါ့ကိုလစာေပးရင္ စနစ္က ခြင့္မျပဳဘူးလို႔မေျပာဘူး။
ေဖးခ်မ့္၏ မိသားစုဝင္မ်ားက သူ႕ကို ပိုက္ဆံ တခ်ိဳ႕ ေပးတုန္းကလိုျဖစ္သည္။ စနစ္က ဂ႐ုမစိုက္ပါ။
ပိုက္ဆံကို ဟြမ္းစစ္ေပၚကို ေပးလိုက္ကတည္းက စနစ္ရန္ပုံေငြကို သုံးလိုက္ၿပီဟု သတ္မွတ္ႏိုင္သည္္။
ထို႔အျပင္ ဇာတ္လမ္းတို၏ သ႐ုပ္ေဆာင္တစ္ေယာက္အေနျဖင့္ ေဖးခ်မ့္ ႐ိုက္ကူးေရးခနည္းနည္းရတာ ျဖစ္သင့္ပါသည္။ ဒါက အလုပ္လုပ္ၿပီး ရလာေသာ သာမန္လစာျဖစ္သည္။ စနစ္အရဆို တားျမစ္ထားေသာ အရာမဟုတ္ေပ။
ေဖးခ်မ့္ သေဘာေပါက္သြားသည္။
သူ ႐ိုက္ကူးေရးခ မလိုဘူးလို႔ ဘယ္သူေျပာလဲ။
သူ အမ်ားႀကီး လိုအပ္သည္။
ေဖးခ်မ့္ တိုးတိတ္စြာျဖင့္ စိတ္ထဲမွ ေမးလိုက္သည္။ "စနစ္ ငါဒီ႐ိုက္ကူးေရးခကို လက္ခံလို႔ရလား။"
"ရပါတယ္" ဟူေသာ စာလုံးက စနစ္မ်က္ႏွာျပင္တြင္ ေပၚလာခဲ့ပါသည္။
[ အလုပ္လုပ္ေဆာင္ျခင္းမွ ရလာေသာ အခေၾကးေငြတိုင္းကို တရားမွ်တေသာ ဝင္ေငြဟု သတ္မွတ္ႏိုင္ပါတယ္။ စနစ္က ပယ္႐ွားမွာ မဟုတ္ပါ။ လိုအပ္ခ်က္ကေတာ့ စနစ္ရန္ပုံေငြကို မသမာေသာနည္းလမ္းျဖင့္ မေျပာင္းလဲဘဲ အခေၾကးေငြကလည္း ေစ်းကြက္စံႏႈန္းအတိုင္း ကိုက္ညီသင့္ေတာ္မႈ ႐ွိရပါမယ္ ]
ဟုတ္တယ္လို႔ ေျဖလိုက္တာပဲ။
ေဖးခ်မ့္ အားတက္သေရာ လက္ဟန္ျပကာ ေျပာလိုက္သည္။ "ေနရာငွားခေပးစရာမလိုဘူး။ အဲ့ဒီပိုက္ဆံေတြကို တျခားေနရာမွာ သုံးလိုက္။ ႐ိုက္ကူးေရးခကိုေတာ့... မင္းတို႔ကို အသိအမွတ္ျပဳလို႔ ယူလိုက္မယ္။”
"ဒါဆို ...ေကာင္းတာေပါ့" က်ဴးေ႐ွာင္စဲက အလြန္ေပ်ာင္႐ႊင္သြားကာ ေျပာလိုက္သည္။
"ေက်းဇူးအမ်ားႀကီး တင္ပါတယ္ ေဘာ့စ္ေဖး။”
ေနရာငွားခ ယြမ္ ၅၀,၀၀၀ ေပးမယ္ဟုတ္လား။
ေဖးခ်မ့္ ဂ႐ုမစိုက္ပါ။
အေရးႀကီးတာက... ထိုပိုက္ဆံေတြက သူ႕လက္ထဲ ေရာက္လာမွာ မဟုတ္ပါ။
ေနရာငွားခမွာ ေသခ်ာေပါက္ ကုမၸဏီနဲ႔ သက္ဆိုင္မွာျဖစ္သည္။ ထို႔အျပင္ ကုမၸဏီ၏ လယ္ဂ်ာစာအုပ္ထဲ ဝင္သြားတာနဲ႔ စနစ္ရန္ပုံေငြအျဖစ္ ေျပာင္းလဲသြားလိမ့္မည္။ ေဖးခ်မ့္ ဒီပိုက္ဆံကို ရဖို႔ စနစ္ကို အသုံးခ်လို႔မရပါ။ ႐ုံးေနရာက ကုမၸဏီ၏ ပိုင္ဆိုင္မႈ ျဖစ္သည္။
အျပန္အလွန္အားျဖင့္ သ႐ုပ္ေဆာင္တစ္ေယာက္ အေနျဖင့္ ေဖးခ်မ့္နဲ႔ က်ဴးေ႐ွာင္စဲတို႔က အလုပ္႐ွင္အလုပ္သမား ဆက္ဆံေရးတစ္ခု တည္ေဆာက္လိုက္ရသည္။ က်ဴးေ႐ွာင္စဲနဲ႔ သေဘာတူညီမႈျဖစ္ၿပီး ဟြမ္းစစ္ေပၚ ဖန္တီးထားသည့္ အရန္လုပ္ငန္းတစ္ခု ျဖစ္သည္။
ဒါက ထန္းတာ့ ေကာ္ပိုေရး႐ွင္းနဲ႔ မတူညီဘဲ ကုမၸဏီ လယ္ဂ်ာစာအုပ္ထဲလည္း ေရာက္လာမွာ မဟုတ္ေပ။ ထို႔အျပင္ အေၾကာင္းျပခ်က္က လုံေလာက္ၿပီး သင့္ေတာ္သျဖင့္ စနစ္က ဂ႐ုမစိုက္ပါ။
ေဖးခ်မ့္က ဆႏၵ႐ွိၿပီး စားေသာက္ဆိုင္တစ္ဆိုင္မွာ စားပြဲထိုးသြားလုပ္ကာ ပိုက္ဆံရလာသလိုပင္။ စနစ္က ထိုပိုက္ဆံမ်ားကို ဂ႐ုစိုက္မွာ မဟုတ္ပါ။ လိုအပ္ခ်က္က ေဖးခ်မ့္မွာ စနစ္ကို ဖ်ံက်ဖို႔ စားေသာက္ဆိုင္နဲ႔ မသမာစြာ မပူးေပါင္းထားဖို႔ ျဖစ္ပါသည္။
စနစ္ကို ဖ်ံက်တယ္ဆိုတာ ဘာကိုၾကည့္ၿပီး သတ္မွတ္သနည္း။
ဥပမာအားျဖင့္ ေဖးခ်မ့္က မာယန္နဲ႔ တိုင္ပင္ၿပီး ယြမ္ ၁ သန္းေပးကာ စားေသာက္ဆိုင္တစ္ဆိုင္ ဖြင့္ခိုင္းလိုက္သည္။ မာယန္က ယြမ္ ၃၀၀,၀၀၀ ထုတ္ၿပီး ေဖးခ်မ့္ကို ပန္းကန္ေဆးဖို႔ ငွားလိုက္၏။ ဒါကို စနစ္အား ဖ်ံက်သည္ဟု ေခၚႏိုင္ပါသည္။
ပထမဆုံး ေဖးခ်မ့္ရထားသည့္ ပိုက္ဆံမွာ သူစိုက္ထုတ္ရသည့္ အားနဲ႔ ညီမွ်ရမည္။ ဒုတိယက ထိုပိုက္ဆံမွာ ကုမၸဏီစာရင္းေငြနဲ႔ တိုက္႐ိုက္ဆက္ႏြယ္မႈမ႐ွိရပါ။ ေဖးခ်မ့္သာ ကုမၸဏီအေကာင့္ကို သုံးၿပီး သူ႕ကိုယ္သူ ပိုက္ဆံေပးဖို႔ ႀကိဳးစားပါက တစ္ျပားတစ္ခ်ပ္မွ ရမွာမဟုတ္ပါ။
သို႔ေသာ္လည္း ဒီလိုမ်ိဳး အရန္ကုမၸဏီသို႔မဟုတ္ ၾကားခံလုပ္ငန္းမ်ိဳး ျဖစ္ပါက ကုမၸဏီအေကာင့္နဲ႔ တိုက္႐ိုက္ဆက္ႏြယ္မႈ မ႐ွိဘဲ သင့္တင့္ေသာ လုပ္ခလစာကိုလည္း ေပးအပ္ပါက ခြင့္ျပဳႏိုင္ပါသည္။
ထို႔ေၾကာင့္ စနစ္က ေဖးခ်မ့္ ႐ိုက္ကူးခယူျခင္းကို စည္းကမ္းနဲ႔မညီဘူးဟု မသတ္မွတ္ခဲ့ျခင္းျဖစ္ပါသည္။
ေဖးခ်မ့္ အရင္တုန္းက အားအမ်ားႀကီး စိုက္ထုတ္ခဲ့တာေတာာင္ ယြမ္ ၂၀,၀၀၀ သာ ရခဲ့ပါသည္။
ဒီတစ္ေခါက္ေတာ့ ဇာတ္လမ္းတိုေလးမွာ တစ္ပိုင္းကို တစ္မိနစ္သာ႐ွိမည္။ အပိုင္း ၃၀ အတြက္ ၃၀,၀၀၀ ယြမ္ ျဖစ္ပါသည္။ အလြန္အက်ိဳးအျမတ္႐ွိပါသည္။
အရင္တုန္းက ဒီလိုလွည့္ကြက္မ်ိဳး ဘာလို႔ မစဥ္းစားမိပါလိမ့္။
ေဖးခ်မ့္က တကယ္ပဲ ရင္ထဲမွာ ပန္းပြင့္ေနပါသည္။ ဒီအစီအစဥ္က အလုပ္ျဖစ္ႏိုင္တာပဲ။
"ဟုတ္ၿပီ ေဘာ့စ္ေဖး စာခ်ဳပ္ခ်ဳပ္ၾကစို႔။"
က်ဴးေ႐ွာင္စဲက သူ႕ေက်ာပိုးအိတ္ထဲမွ စာခ်ဳပ္တစ္ခုကို ထုတ္ကာ ေဖးခ်မ့္ကို ေပးလိုက္ပါသည္။
"ငါထပ္ၿပီး ေသခ်ာေအာင္ေမးမယ္ေနာ္။ မင္းတို႔ေကာင္ေတြ႐ိုက္မယ့္ ႐ုပ္႐ွင္တို႔က 'အံ့အားသင့္ဖြယ္' ဆိုတဲ့ နာမည္နဲ႔ မဟုတ္ဘူးမလား" ေဖးခ်မ့္က ဘာမွမဟုတ္သလို ေမးလိုက္ပါသည္။
က်ဴးေ႐ွာင္စဲက အနည္းငယ္ ေၾကာင္သြား၏။ "မဟုတ္ပါဘူးဗ်ာ။”
ေဖးခ်မ့္ စိတ္ေအးသြားပါသည္။