သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-83+84

232 12 0
By Miracle_Phyu97

ဖေးချမ့် 83+84

အခန်း(၈၃) ကွန်ပျူတာ အလုံး ၅၀ အရင် ဆင်မယ်

"လာပါ ထိုင်ပါဦး"

ဖေးချမ့်က အလွန်ယဥ်ကျေးပါသည်။ ကျန်းယွမ်ကို သူ့ဘေးက ဆိုဖာမှာ ထိုင်ဖို့ ဖိတ်လိုက်ပါသည်။ လက်ထောက်ရှင်းက  လက်ဖက်ရည် တည်ခင်းပေးပြီးနောက် ဧည့်သည်အခန်းထဲမှ ထွက်သွားလေသည်။ မာယန်လည်း ထွက်သွားပါသည်။ ဖေးချမ့်နဲ့ ကျန်းယွမ်တို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

ကျန်းယွမ်က မျက်လုံးထောင့်မှ သူ့ပတ်ဝန်းကျင်ကို စစ်ကြည့်နေပါသည်။

အခန်းထဲက အရာအားလုံးကို  အဖိုးတန်အရာများဖြင့် စီခြယ်ထားသလိုပင်။ ဘော့စ်၏ ဝတ်စုံနဲ့ ကုမ္ပဏီ၏ အတွင်းဘက်ဒီဇိုင်းကို ကြည့်ခြင်းအားဖြင့် ကျန်းယွမ်က သူမြင်သမျှ ပစ္စည်းတိုင်းမှာ စျေးနှုန်းကတ် သတ်မှတ်လို့မရတော့ကြောင်း နားလည်လိုက်ရပါသည်။ အားလုံးက အလွန်စျေးကြီးလိမ့်မည်ဟု ခံစားနေရပါသည်။

ဖေးချမ့်က ဖော်ရွေစွာ ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "အရမ်းနေရမခက်ပါနဲ့။ ကိုယ့်အိမ်ကိုယ့်ရာလိုပဲ သဘောထားပါ။ ကျေးဇူးပြုပြီး အရမ်းအားမနာပါနဲ့။ လက်ဖက်ရည် သောက်ပါဦး။"

ကျန်းယွမ်က စိတ်မလှုပ်ရှားသည့်ပုံပေါ်အောင် အကောင်းဆုံးကြိုးစားပါသည်။ သို့သော်လည်း သူ့၏ ပုံမကျပန်းမကျထိုင်နေပုံက သူ့ကိုသစ္စာဖောက်သွားသည်။ ဖေးချမ့်က စကားဘယ်လိုစရမလဲ စဥ်းစားနေ၏။

အရှေ့မြောက် တရုတ်စကားသံနဲ့ မျက်နှာလေးထောင့် အားအင်တက်ကြွပြီး သူ့ရှေ့မှာ ထိုင်နေသည့်လူက ဒစ်ဂျစ်တယ်ထုတ်ကုန်အားလုံးနဲ့ ကွန်ပျူတာဟာ့ဒ်ဝဲအပိုင်းမှာ ကျွမ်းကျင်သည်ဟု မာယန်ထံမှ ကြားပြီးသား ဖြစ်ပါသည်။

ဒါကလွဲပြီး ဒီလူ့အကြောင်း သူဘာမှမသိပါ။

ဖေးချမ့်က ဒီလူ့မှာ ကွန်ပျူတာ တပ်ဆင်သည့် အသိပညာကလွဲပြီး တခြား ပါရမီရှိသေးသလားဆိုတာ နားလည်မှ ဖြစ်မည်။ ဥပမာအားဖြင့် သူက မားကတ်တင်းဆင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး စီးပွားရေးလုပ်တတ်သူလား။ ဒါဆို ဖေးချမ့် သူ့ကို လုံးဝ လက်ခံမှာ မဟုတ်ပါ။

ဧကန္တ သူ ကွန်ပျူတာ တပ်ဆင်ရာမှ စတင်သင့်သည်ဟု ထင်ပါသည်။

ဖေးချမ့် ခဏလောက်စဥ်းစားပြီးမှ မေးလိုက်ပါသည်။ "လက်ရှိ စျေးကွက်ထဲမှာ ရှိနေတဲ့ဂိမ်းကြီးတွေကို ကွန်ပျူတာတစ်လုံးက ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ဆိုရင် မင်းရဲ့ စံတပ်ဆင်မှုတွေက ဘယ်လိုလဲ။ ဘယ်လောက်ဆို သင့်တော်တဲ့ စျေးနှုန်းလို့ထင်လဲ။"

ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး ထပ်မေးလိုက်ပါသည််။ "အဓိက ရည်ရွယ်ချက်ကတော့ ဂိမ်းကို ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ပဲ။  အပြင်ဘက် ဒီဇိုင်း တွေလည်း ထည့်ပေါင်းလို့ရတယ်။ ဒါပေမယ့် အလွန်အကြူးတော့ လှပနေစရာမလိုဘူး။”

DIY စနစ်များ ယွမ် ၆၀,၀၀၀ - ၇၀,၀၀၀ လောက် ကုန်ကျတာ ပုံမှန်ပဲ ဖြစ်ပါသည်။ သို့သော်လည်း စနစ်၏ ရှုပ်ထွေးမှုကို ထည့်တွက်ပြီး ထိုကွန်ပျူတာအမျိုးအစာများက သာမန် ဂိမ်းကွန်ပျူတာများ၏ လိုအပ်ချက်ကိုကျော်လွန်ကာ အင်တာနက်ကဖေးများတွင် အသုံးပြုပါက စည်းမျဥ်းကို ချိုးဖောက်ရာကျပါလိမ့်မည်။

ဖေးချမ့် သူ့ဝန်ထမ်းများကို ပေးအပ်ထားသည့် အလုပ်နေရာမှာ အဆင့်မြင့် စားပွဲများ၊ အဆင့်မြင့် ဂိမ်းထိုင်ခုံများ၊ အဆင့်မြင့် ကွန်ပျူတာ စနစ်ယူနစ်များ၊ Refresh Rate မြင့်မားသည့် မော်ဒီတာနှစ်လုံး၊ ကီးဘုတ် အကောင်းစားများပါဝင်သည်။ ဒီတစ်စုံလုံးကို စုစုပေါင်း ယွမ် ၂၀,၀၀၀ လောက်ကုန်ပါသည်။

စနစ်က လိုအပ်တာထက် ပိုသည့်ပမာဏများကို လက်ခံမှာမဟုတ်ပေ။

တကယ်တော့ ဖေးချမ့်က ရုံးသုံးကွန်ပျူတာများ၏ စံနှုန်းကို အင်တာနက်ကဖေးများတွင် အသုံးချနိုင်ပါသည်။

သို့သော်လည်း လက်ထောက်ရှင်း ဝယ်ထားသည့် ရုံးသုံးကွန်ပျူတာများက ရုံးတွင်အသုံးပြုဖို့ ဒီဇိုင်းဆွဲထားသည့် အဆင့်မြင့် လုပ်ငန်းမော်ဒယ်များဖြစ်ကြသည်။ အပြင်ပိုင်းက အတော်လေး ရိုးပြီး အင်တာနက်ကဖေးများမှာ အသုံးချဖို့ မသင့်တော်လှပါ။ ထို့အပြင် အသုံးပြုသူများ၏ လိုအပ်ချက်များနဲ့ မကိုက်ညီနိုင်ပါ။

ထို့ကြောင့် ဖေးချမ့်က ကျန်းယွမ်၏ အမြင်ကို ကြားချင်ခြင်း ဖြစ်ပါသည်။

ကျန်းယွမ်က သူကွန်ပျူတာ တစ်လုံးဆင်ချင်နေတာ ဆိုတာကို နားလည်သွားပါသည်။ ကြည့်ရတာ ခါပါဖိုရမ်၏ ဖိုရမ်မန်နေဂျာဆိုသည့် ရာထူးမှာ တကယ်ပဲ အကျိုးကျေးဇူးရှိသည့်ပုံပင်။ ကျန်းယွမ်က ခေတ္တ တွက်ချက်ကြည့်လိုက်ပါသည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ သူ့ရှေ့က ဘော့စ်ဖေးက ငွေရေးကြေးရေး ခေသူ မဟုတ်မှန်း သိနိုင်ပါသည်။

သူ့အလုပ်စားပွဲပေါ်မှာ တင်ထားသည့် လက်ပ်တော့က အဆင့်မြင့် ဂိမ်းကွန်ပျူတာ Alienware ဖြစ်ပုံရသည်။ ၎င်း၏ စျေးကွက် စျေးနှုန်းက ၁၀,၀၀၀ ယွမ်ကျော် ရှိလောက်သည်။

ဒါဆို...

ဂိမ်းကွန်ပျူတစ်လုံးလောက်နဲ့တော့ ဘော့စ်ဖေး၏ လိုအပ်ချက်ကို ပြည့်မှီနိုင်မှာ မဟုတ်ပေ။ သူက စျေးကြီးသည့် ကွန်ပျူတာတစ်လုံးကို အဆင့်မြင့် ပြုပြင်ပြောင်းလဲမှုများဖြင့် တပ်ဆင်ဖို့ စီစဥ်လိုက်ပါသည်။

သို့သော်လည်း သူက ကွန်ပျူတာ ဆင်ခြင်းအကြောင်း နားမလည်ဘဲ လျှပ်စစ်ပစ္စည်းရှော့ပင်းမောလ်က လူတွေလိမ်တာခံရမှာကိုလည်း စိုးရိမ်နေသည်။

ထို့ကြောင့် သူ့ကို ခါပါဖိုရမ်မှာတွေ့ပြီး သူ့ကွန်ပျူတာ ဆင်ပေးဖို့အတွက် ယွမ် ၃,၀၀၀ ပေးခဲ့တာ ဖြစ်နိုင်ပါသည်။

ဟုတ်တယ်။ အဲ့လိုပဲဖြစ်မှာပါ။

သူ့ပထမဦးစားပေးက သူ့ရဲ့ ဂိမ်းလိုအပ်ချက်တွေကို ပြည့်ဝစေဖို့ ဖြစ်ပါသည်။ လုပ်ဆောင်ချက်ထက် အလှအပကို မပိုစေလိုပါ။

ကျန်းယွှမ်က ထိုအချက်အလက်ကို အမြန် မှတ်ထားလိုက်ပါသည်။

စိတ်ကူးယဥ် တပ်ဆင်ခြင်း စာရင်း။ သူ့အတွက်တော့ မခက်ခဲပါ။ သူက ချက်ချင်း စာရင်းချရေးနိုင်ပြီ အစိတ်အပိုင်းများ၏ စျေးအတိအကျကိုလည်း သိထားပါသည်။ သို့သော်လည်း ကျန်းယွမ် တခြားစဥ်းစားစရာများ ရှိပါသေးသည်။

သူ့ရှေ့က ဘော့စ်ကြီးကို ကျေနပ်အောင် လုပ်ပေးဖို့ လိုမလား မသိပါ။ ကျန်းယွမ်က တခြားသူမျာားကို လိမ်ညာဖို့ တစ်ခါမှ မစဥ်းစားဖူးပေ။ သူ တပ်ဆင်မှုစာရင်းကို ပြင်ဆင်ပြီးတာနဲ့ ဒီဘော့စ်ကြီးက တစ်ယောက်ယောက်ကို စစ်ကြည့်ခိုင်းလိမ့်မည်။ ဘော့စ်ကြီးကို လိမ်ညာလိုက်ပါက အဆင်ပြေမှာ မဟုတ်ပါ။

ထို့ကြောင့် ကွန်ပျူတာတစ်လုံးကို မှင်သက်စရာ ပြုပြင်ပြောင်းလဲမှုများနဲ့ တပ်ဆင်ပြီး တစ်ချိန်တည်းမှာပဲ စျေးနှုန်းကိုလည်း သင့်တော်အောင် လုပ်ပေးရပါမည်။ ဘော့စ်ကြီးကို ယွမ် ၃,၀၀၀ အလကားဖြစ်သွားသည်ဟု ခံစားသွားစေလို့မဖြစ်ပါ။

ကျန်းယွမ်က ကွန်ပျူတာလေး တစ်လုံးဆင်ဖို့အတွက်နဲ့ ဘော့စ်ကြီးထံမှ ထောက်ပံ့ငွေ ယွမ် ၃,၀၀၀ ယူထားတာကို အနည်းငယ် လိပ်ပြာမလုံသလို ဖြစ်နေသည်။

ဆိုရိုးစကားအတိုင်းပင်။ သူငယ်ချင်း မိတ်ဆွေများများ ရလာလေလေ၊ ဘဝမှာ အမြင်တွေ ပိုကျယ်လာလေလေ ဖြစ်သည်။

ဂရုတစိုက် စဥ်းစားပြီးနောက် ကျန်းယွမ်က ထောက်ပံ့ကြေး ယွမ် ၃,၀၀၀ ထဲမှ ယွမ် ၁,၀၀၀ လောက်ယူပြီး ကွန်ပျူတာ အစိတ်အပိုင်းများ တပ်ဆင်ဖို့ သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒီလိုသာဆို ဘော့စ်ကြီးနဲ့လည်း ရင်းနှီးပြီး သူ့အားစိုက်ထုတ်မှုအတွက်လည်း ယွမ် ၂,၀၀၀ ရနိုင်သည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိခြင်းဖြစ်သဖြင့် ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

အချိန်ယူစဥ်းစားပြီးနောက် ကျန်းယွမ်က သူ့အမြင်မျာကို စတင်မျှဝေပေးပါသည်။ CPU, Graphics card နဲ့ ဟာ့ဒ်ဝဲမျိုးစုံ၊ အောက်ခံပုံးနဲ့ အောက်ခံပုံးမှာ တပ်ဆင်မည့် ပစ္စည်းများကိုပါ ထည့်ပြောလိုက်ပါသည်။

ဥပမာအားဖြင့် မျက်လုံးတစ်လုံးပေါင်းထည့်လိုက်ခြင်းက ကွန်ပျူတာ၏ ဆွဲဆောင်မှုကို တိုးမြင့်သွားစေပြီး RGB အလင်းရောင်များကို တပ်ဆင်လိုက်ပါက ၎င်း၏ ချောမွေ့မှုကို အများကြီး တိုးမြင့်သွားစေပါမည်။ Graphics Card, ကီးဘုတ်၊ ဂိမ်းနားကြပ်များ၊ တခြား အစိတ်အပိုင်းများကတော့ သူ့အတွက် အေးအေးဆေးဆေးပဲ ဖြစ်သည်။

နောက်ဆုံးတော့ ကျန်းယွမ် စျေးနှုန်းတစ်ခုကို ပြောလိုက်ပါသည်။

"ဒီတစ်စုံလုံးကို ယွမ် ၁၅,၀၀၀ ဝန်းကျင်လောက်နဲ့ တပ်ဆင်လို့ ရနိုင်ပါတယ်။"

သူပြောလိုက်သည့် စျေးနှုန်းက ၁၅,၀၀၀ ယွမ် ဖြစ်သော်လည်း တကယ့် အစိတ်အပိုင်းများ ကုန်ကျစရိတ်က ၁၆,၀၀၀ ယွမ် ဖြစ်ပါသည်။ သူတိ့သာ လျှပ်စစ်ပစ္စည်း ရှော့ပင်းမောလ်လ်များမှ လူများကို သွားတပ်ဆင်ခိုင်းလိုက်ပါက စျေးနှုန်းများ ၂၀,၀၀၀ ယွမ်ဝန်းကျင် ဖြစ်သွားနိုင်ပါသည်။

ဖေးချမ့်၏ မျက်ခုံးများ အနည်းငယ် ကြုံ့သွားသည်။ သူ စျေးနှုန်းကို အားမရပါ။

ဘာလို့ DIY ကွန်ပျူတာတစ်လုံးက သူ့ရဲ့ ရုံးသုံးကွန်ပျူတာတွေထက် ပိုစျေးနည်းနေရတာလဲ။

ဘော့စ်ဖေး၏ မျက်နှာကို မြင်သောအခါ ကျန်းယွမ် နှလုံးခုန်နှုန်းရပ်တန့်သွားခဲ့ပါသည်။ သူ့မျက်နှာထားက 'ငါ့ကိုအထင်သေးနေတာလား' ဆိုသည့်ပုံစံမျိုးပင်။

ဘော့စ်ဖေးက ထင်သည့်အတိုင်း သူ့ပါးစပ်ကို ဟလာပါသည။ "ငါမင်းကို အိပ်မက် တပ်ဆင်ခြင်း လုပ်ခိုင်းနေတာလေ။ မင်ပြောလိုက်တဲ့ အစုံတွေက ဘယ်လိုပြောရမလဲ နည်းနည်းလောက် ပိုအဆင့်မြင့်ပြီး 'အိပ်မက်' ဆိုတဲ့ စာလုံးနဲ့ နည်းနည်းလောက်ပိုပြီး ကိုက်ညီရင် ပိုကောင်းမယ်။ ငါဆိုလိုတာကို နားလည်လား။"

ကျန်းယွမ်က ခေတ္တတွန့်ဆုတ်သွားပြီး ပြောလိုက်ပါသည်။ "ဒါပေမယ့် ဘော့စ်ဖေး ခုနက ပြောတော့ ထိပ်တန်းဦးစားပေးက ဂိမ်းရသလိုအပ်ချက်ကို ပြည့်ဝစေဖို့ဆို။ ဒီတပ်ဆင်မှုနဲ့ဆို အခုလက်ရှိ စျေးကွက်ထဲက နာမည်ကြီး ဂိမ်းတော်တော်များများကို ကစားနိုင်ပါတယ်။"

ဖေးချမ့် ခေတ္တ ဆွံ့အသွားပါသည်။ သူပြောတာလည်း... မှန်သလိုလိုပင်။

ဒီတပ်ဆင်မှုကို တိုးမြှင့်ရဦးမည်ဆိုပါက ကုန်ကျစရိတ်နဲ့ ကိုက်ညီမှာ မဟုတ်တော့ပါ။ ဒီတပ်ဆင်မှုက အခု လက်ရှိ ဂိမ်းများ၏ လိုအပ်ချက်ထက်ပင် အများကြီး ပိုကောင်းနေပါပြီ။ ကျန်းယွမ်က ဂိမ်းကြီးအားလုံးကို ချောမွေ့စွာ ကစားနိုင်ပြီး သူ့သတ်မှတ်ချက်နဲ့လည်း ကိုက်ညီသည့် အရည်အသွေးမြင့် တပ်ဆင်မှုတစ်ခုကို ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း သုံးစွဲရမည့် ပမာဏကိုတော့ သူတိုးမြှင့်ရပါဦးမည်။

ဖေးချမ့်က ချောင်းနှစ်ခါလောက်ဆိုးလိုက်ပါသည်။ "မင်းပြောတာ ဟုတ်တော့ဟုတ်တယ်။ စျေးကွက်ထဲက ဂိမ်းအများစုကို ကစားနိုင်မှာပါ။ ဒါပေမယ့် မင်းစဥ်းစားကြည့်လိုက်ပါဦး။ ဒီ့ထက်ပိုကောင်းတဲ့ တပ်ဆင်မှုတွေကို လိုအပ်တဲ့ ဂိမ်းတွေ အနာဂတ်မှာ ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ အနာဂတ်ကို လှမ်းမြင်ကြည့်တတ်ရမယ်။ နောက်ကို ဘာဆက်ဖြစ်မလဲဆိုတာကိုပဲ ကြည့်ရမယ်။ နားလည်လား။"

"ဒီလိုဆိုရင်ကော။ လက်ရှိ ဘက်ဂျက်ထက် ယွမ် ၁၀,၀၀၀ လောက် ထပ်ပေါင်းလိုက်မယ်။ မင်းအဆင်ပြေမလား။"

"..." ကျန်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "အမ်... ဟုတ်ကဲ့"

ခင်ဗျားပိုက်ဆံတွေပဲကို။ ကျွန်တော် ပိုက်ဆံ ထုတ်ရတာမှ မဟုတ်တာ ဘာလို့ အဆင်မပြေရမှာလဲ။

ခင်ဗျားလိုချင်ရင် ယွမ် ၉.၈ ဘီလီယံလောက် တန်တဲ့ စနစ်ယူနစ်ကိုတောင် ကမ်းလှမ်းပေးလို့ရတယ်။

ကျန်းယွမ်က အမြန်တွေးလိုက်ပြီး ကွန်ဗျူတာ တပ်ဆင်မှုများကို နောက်တစ်ဆင့်အထိ ထပ်တက်လိုက်ပါသည်။

ဒီတစ်ခေါက် ယွမ် ၂၅,၀၀၀ ဝန်းကျင် ကုန်ကျသည့် DIY ကွန်ပျူတာတစ်လုံးကို တည်ဆောက်ဖို့ စီစဥ်လိုက်ပါသည်။

ကျန်းယွမ်ရဲ့ အမြင်မှာတော့ ကွန်ပျူတာရဲ့ တချို့ လုပ်ဆောင်ချက်တွေက လုံးဝ မလိုအပ်ပါ။ လက်ရှိ ကွန်ပျူတာမှာ ရုပ်ထွက်များကို အမြင့်ဆုံးအထိ တိုးလိုက်ရင်တောင် စျေးကွက်ထဲက ဂိမ်းအားလုံးနီးပါးကို ကစားနိုင်ပါသည်။ ထို့အပြင် ဒီတပ်ဆင်မှုက နောက်ထပ် နှစ်ပေါင်းများစွာအထိတိုင်အောင် ဒိတ်အောက်မှာလည်း မဟုတ်ပေ။ ထို့အပြင် ၎င်း၏ အပြင်ပိုင်းဒီဇိုင်းက ထိပ်တန်းအဆင့်မှီသည်။ သေချာပေါက် ဂိမ်းရသကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပါလိမ့်မည်။

အမှန်ပင်။ ကျန်းယွမ်က ဖေးချမ့်ကို တပ်ဆင်ခ ၂၅,၀၀၀ ယွမ်ဟု ပြောခဲ့သော်လည်း တကယ့်ကုန်ကျစရိတ်က ၂၆,၀၀၀ ယွမ်ဝန်းကျင် ဖြစ်ပါသည်။ ကျန်းယွမ်က ဘော့စ်ဖေးနဲ့ မိတ်ဆွေဖွဲ့ချင်သဖြင့် သူရထားသည့် ယွမ် ၃,၀၀၀ ထဲမှ ယွမ် ၁,၀၀၀ ကို ထုတ်သုံးဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ဖေးချမ့်က ထိုအကြောင်းကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။ ဒီလိုမှပေါ့။

အင်တာနက်ကဖေး၏ လိုအပ်ချက်များကို တွက်ကြည့်လိုက်သောာအခါ စနစ်၏ သတိပေးချက်ကို မခံရဘဲ ရန်ပုံငွေအများစုကို ဖြုန်းနိုင်ပါလိမ့်မည်။

"တပ်ဆင်မှု ကောင်းသားပဲ" ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။

ကျန်းယွမ်က အလွန်အမင်း ပျော်ရွှင်သွားပါသည်။ "ဘော့စ်ဖေး သဘောကျရင် ရပါပြီ" သူ ပြန်ပြောလိုက်သည်။

ဘော့စ်ဖေးနဲ့ ရင်းနှီးရဖို့ ယွမ် ၁,၀၀၀ သုံးခဲ့သည်။ ဒါက သူ့အတွက် စျေးဆစ်ခြင်း ဖြစ်သည်။

"ဒါဆိုရင် အရင်ဆုံး အလုံး ၅၀ လောက် တပ်ဆင်ကြတာပေါ့" ဖေးချမ့်က လက်ဖက်ရည်သောက်ရင်း တည်ငြိမ်စွာ ပြောလိုက်ပါသည်။

အခန်း(၈၄) အင်တာနက်ကဖေးအတွက် နေရာကောင်းရှာခြင်း

"ဖွီးးး"

ကျန်းယွမ် ပါးစပ်ထဲက လက်ဖက်ရည်များ ထွေးထုတ်မိတော့မလို ဖြစ်သွားပါသည်။

အလုံး ၅၀ ဟုတ်လား။

ဘော့စ်ဖေး မှားနေပြီ။

အစကတည်းက ကွန်ပျူတာ အလုံး ၅၀ လိုချင်တယ်လို့ ပြောလိုက်ရမှာ။

ခင်ဗျားနဲ့ ရင်းနှီးချင်လို့ ကျွန်တော် ယွမ် ၁,၀၀၀ ထုတ်ပေးချင်တာ။ အခု အလုံး ၅၀ ဆိုရင် ကျွန်တော် ယွမ် ၅၀,၀၀၀ လောက် ထုတ်ပေးရမယ်ဆိုတဲ့သဘော မဟုတ်ဘူးလား။

ကျွန်တော်က ဘားတစ်ခုက အဆိုတော်လေး တစ်ယောက်ပါဗျာ။ ဘယ်လိုလုပ်ပြီး အဲ့ဒီ ယွမ် ၅၀,၀၀၀ ကို ရှာနိုင်မှာလဲ။

ကျန်းယွမ် ကြက်သေ သေသွားပါသည်။

"မဟုတ်သေးဘူး ဘော့စ်ဖေး ကွန်ပျူတာ ဘယ်နှလုံး အတိအကျ လိုချင်တာလဲ။ ကျွန်တော်က ထောက်ပံ့ကြေး ယွမ် ၃,၀၀၀ ယူရမှာ လိပ်ပြာမလုံလို့ ကွန်ပျူတာ အစိတ်အပိုင်းတွေဝယ်ဖို့ ယွမ် ၁,၀၀၀ ထုတ်ပေးချင်တာ။ အခု ကွန်ပျူတာာ အလုံး ၅၀ လိုချင်တယ်ဆိုရင် အဲ့ဒီစျေးနှုန်းအတိုင်း မရတော့ဘူး..."

ဖေးချမ့်က ခေတ္တ ကြောင်သွားပြီး ဒီကောင်က တကယ်ရိုးသားသည်ဟု ထင်သွားပါသည်။ "မဟုတ်တာပဲ။ မင်းက ယွမ် ၃,၀၀၀ နဲ့ ထိုက်တန်ပါတယ်။ ဘာလို့ ငါ့ကိုပြန်ပြောချင်တာလဲ။ အဓိပ္ပာယ်မရှိတာ။"

"ဒါဆို ဒီတပ်ဆင်မှုက ၂၆,၀၀၀ ယွမ် ကုန်ကျတယ်ဆိုတဲ့ သဘောလား" ဖေးချမ့်က မေးလိုက်ပါသည်။

ကျန်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ် အရှက်ကွဲသွားပါသည်။ သူက ဘော့စ်ဖေးရှေ့မှာ ဖုံးကွယ်ထားပြီး ရင်းနှီးအောင်လုပ်ချင်ခဲ့သည်။ နောက်ဆုံးမှာတော့ ပေါ်သွားခဲ့ပါသည်။

ဒီကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ ကြည့်ပါဦး။

သို့သော်လည်း ဘော့စ်ဖေး ဒီလောက် ကွန်ပျူတာတွေ အများကြီး ဘာကြောင့် လိုရတာလဲဆိုတာကို အနည်းငယ် စိတ်ဝင်စားနေမိပါသည်။ ရုံးက ကွန်ပျူတာတွေ အကုန်လုံးကို လဲချင်လို့လား။

မဖြစ်နိုင်ပါ။

ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "ဒီလိုဆိုရင်ကော ကွန်ပျူတာ တစ်လုံးစီကို ယွမ် ၂၆,၀၀၀ ကုန်တယ်။ မင်းကို ဒါတွေအကုန်လုံးကိုလည်း အလကား လုပ်ခိုင်းလို့ မဖြစ်ဘူး။ ထောက်ပံ့ကြေး ယွမ် ၃,၀၀၀ အပြင် မင်းတပ်ဆင်ပြီးတဲ့ ကွန်ပျူတာ တစ်လုံးစီတိုင်းအတွက် ယွမ် ၂၀၀ ပေးမယ်"

ကျန်းယွမ်က တစ်ခုခုပြောချင်နေသည်။ သို့သော်လည်း ဖေးချမ့်က လက်ကာပြီး တားလိုက်သည်။

"ငြင်းစရာမလိုဘူး။  ဆုံးဖြတ်ချက်ချပြီးသားပါ။"

"တခြားအကြောင်းအရာတစ်ခုခုပြောကြရအောင်"

ကျန်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ အမ်... ဘော့စ်ဖေး ကျွန်တော် မဆိုင်တာ တစ်ခုခုမေးလို့ရမလား။ ဘာလို့ ကွန်ပျူတာတွေ အများကြီး လိုတာလဲဟင်..."

"သြော် ငါက အင်တာနက်ကဖေးဆိုင်ဖွင့်ဖို့ စီစဥ်နေတာလေ။ မင်းကို ဒီခေါ်လာတဲ့ မာယန်က အင်တာနက်ကဖေးဆိုင်ရဲ့ နေ့စဥ်လုပ်ငန်းတွေအတွက် မန်နေဂျာပဲ။ မင်း ငါတို့ရဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ်ဆိုရင် ကျင်းကျိုးမြို့မှာ အလုပ်လုပ်ချင်လား" ဖေးချမ့်က မေးလိုက်ပါသည်။

ကျိုးယွမ်မျက်လုံးများပြူးကျယ်သွားရပါသည်။

ဒီလိုကိုး...။ ဘော့စ်ကြီးက အင်တာနက်ကဖေးဆိုင်တစ်ခု ရင်းနှီးမြှုပ်နှံချင်တာကိုး။ ဘော့စ်ကြီး ချမ်းသာတာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဝန်ထမ်းခံစားခွင့်တွေကလည်း ကောင်းလောက်တယ်။

ပြီးတော့ ဘော့စ်ကြီးက ငါ့ကို ဒီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းနေတာာလား။

ဘော့စ်ကြီးကိုယ်တိုင် ကမ်းလှမ်းတာဆိုရင် ငါ့အလုပ်က သာမန် အင်တာနက်ကဖေး ဝန်ထမ်းတော့ မဟုတ်လောက်ဘူးထင်တယ်။ ငါအနည်းဆုံး မန်နေဂျာရာထူးလောက်တော့ ရလောက်တယ်။

သူ ပိုက်ဆံကို ဘယ်လိုတောင် သုံးလိုက်လဲ ကြည့်ပါဦး...

အင်တာနက်ကဖေးရဲ့ ဝန်ထမ်း အကျိုးခံစားခွင့်တွေက တော်တော်ကောင်းလောက်တယ်။

ကျန်းယွမ်က သူ့ကိုယ်သူ စိတ်လျှော့နိုင်ခဲ့သော်လည်း ထိုစကားကြားသောအခါ ပြန်လည် စိတ်မသက်သာရာရလာပြန်ပါသည်။

"ကျွန်တော် အခြေအနေတွေကို ကိုက်ညီမယ်ဆိုရင် ကျွန်တော်လုပ်ချင်တာပေါ့။"

ဖေးချမ့်က ခေါင်းငြိမ့်ကာ မေးလိုက်ပါသည်။ "ဒါဆို မင်းရဲ့ အရင်အလုပ်အတွေ့အကြုံအကြောင်း ပြောပြလို့ရမလား။"

လခွမ်း...။

ကျန်းယွမ် အသက်ဝဝရှူလိုက်ပါသည်။ ဒီအလုပ်အခွင့်အလမ်းတော့ တဖြည်းဖြည်း ပျောက်ကွယ်နေတာကို ခံစားမိသည်။

ဘော့စ်ဖေးက ငါ့ရဲ့ ခါပါဖိုရမ်က ဖိုရမ်မန်နေဂျာဆိုတဲ့ ရာထူးရယ်၊ ငါ့ရဲ့ ကွန်ပျူတာနဲ့ ဟာ့ဒ်ဝဲ အသိပညာတွေကြောင့် ခေါ်ချင်တာဖြစ်မယ်။

ငါသူ့ကို ဘားမှာသီချင်းဆိုပြီး အချိန်ပိုင်း ဘားထိုင်လုပ်တယ်လို့ အမှန်တိုင်းပြောလိုက်ရင်...

ဘော့စ်ဖေးငါ့ကို ခေါ်ချင်ပါဦးမလား။ ငါဘာလုပ်ရမလဲ။။ ညာလိုက်ရမလား။

မဖြစ်နိုင်ဘူး။ ဘော့စ်ဖေးက အရမ်းဗဟုသုတ ကြွယ်ပြီး ကိစ္စတိုင်းမှာ နှံ့စပ်တယ်။ ငါလိမ်တာကို သေချာပေါက် မြင်မှာပဲ။

ကျန်းယွမ် စိတ်ထဲမှာ ရုန်းကန်နေရသည်။ နောက်ဆုံးမှာတော့ အမှန်တိုင်းပြောလိုက်ဖို့သာ ဆုံးဖြတ်လိုက်ပါတော့သည်။ "ဘော့စ်ဖေး ကျွန်တော်က လက်ရှိမှာ ဘားတစ်ခုမှာ သီချင်းဆိုပါတယ်။ ပြီးတော့ ဘားထိုင်အဖြစ် အချိန်ပိုင်း အလုပ်လုပ်ပါတယ်။ ခါပါဖိုရမ်မှာလည်း ဖိုရမ်မန်နေဂျာလေးတစ်ယောက် ဖြစ်ပါတယ်..."

ကျန်းယွမ်စကားပြောလေလေ ပိုပြီး စိတ်မသက်သာ ဖြစ်လာလေလေ ဖြစ်ပါသည်။

ဘော့စ်ဖေး၏ စိတ်ပျက်မှုကို သူကြိုမြင်နိုင်ပါသည်။ သူ့ရှေ့မှာထိုင်နေသည့် ဘော့စ်ဖေး၏ မျက်လုံးများ ဝိုင်းစက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။

"ကောင်းတာပေါ့။ မင်းက ဘက်စုံ ပါရမီပါတာပဲ ဒါဆို အင်တာနက်ကဖေးဆိုင်မှာ မင်းဝိုင်တွေရောဖို့ မီနီဘားလေးတစ်ခု လုပ်ဖို့ စီစဥ်ရမယ်။ မင်းရဲ့လစာကို အဲ့ဒီအတွက်ပါ ၂ ဆ တိုးပေးမယ်။"

"မဟုတ်သေးဘူး။ မင်းက အဆိုတော်လည်း လုပ်လို့ရသေးတယ်ဆိုတော့ လစာကို ၃ ဆ တိုးပေးမယ်။"

ဖေးချမ့် အလွန်ဝမ်းသာသွားပါသည်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အလုပ်သမားလဲ။

ဘားထိုင်ခြင်းနဲ့ သီချင်းဆိုခြင်းက အင်တာနက်ကဖေးနဲ့ ဘာမှမသက်ဆိုင်ပါ။

ထို့အပြင် သူ့ကို ကြီးကြပ်သူ၊ ဘားထိုင်၊ အဆိုတော် စသည်တို့အတွက် လစာ ၃ ဆ ပေးလိုက်ပါက သူစနစ်ရန်ပုံငွေကို ပိုသုံးနိုင်ပါလိမ့်မည်။

သူနဲ့ မာယန်တို့သာ အတူတူ အလုပ်လုပ်ကြပါက သေချာပေါက် ဒီဟိုမရောက်ဒီမရောက် ဆိုင်ကြီးကို ဗြောင်းဆန်သွားစေပါလိမ့်မည်။

ကျန်းယွမ် နားကြားမှားသွားသလားဟုပင် ထင်သွားမိသည်။

ဘော့စ်ဖေးက အရမ်ကျေနပ်နေပါ့လား။ ငါ့လစာကိုတောင် ၃ ဆတိုးပေးမယ်ဟုတ်လား။ ဒါ...  ဒါ...

ဘာတွေဖြစ်နေသလဲ သူမသိသော်လည်း ဘော့စ်ဖေး၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် တကယ်ပြောနေတာဆိုတာကို သိနိုင်ပါသည်။ ကျန်းယွမ် မနေနိုင်ဘဲ ဘော့စ်ဖေးမှာ တကယ်ပဲ ပါရမီရှင်တွေကို မြင်နိုင်သည့် မျက်လုံးရှိနေတာလားဟု တွေးမိပါသည်။

ငါ့ပါရမီကို ဒီတိုင်းပဲ ပြောနိုင်တယ်လား။

ဖေးချမ့်က မေးခွန်းတချို့ ဆက်မေးသည်။ ဖေးချမ့်က ဆက်ပြီးမေးလေလေ ပိုပြီးအားရလာလေလေဖြစ်သည်။

"ကောင်းလိုက်တာ ခဏလောက်နေဦး။ ငါ စာချုပ်သွားယူလိုက်မယ်" ဖေးချမ့်က ဧည့်သည်အခန်းထဲမှ ထွက်သွားပါသည်။ သိပ်မကြာလိုက်ဘဲ လက်ထဲမှာ စာချုပ်တစ်ခုဖြင့် ပြန်လာခဲ့သည်။ "မင်းရဲ့အဓိက အလုပ်ကတော့ အင်တာနက်ကဖေး စီမံကြီးကြပ်သူပေါ့။ အချိန်ပိုင်း ဘားထိုင်နဲ့ အဆိုတော် အဖြစ်လည်း လုပ်ကိုင်ရမယ်။ အလုပ် ၃ ခုလို့ သတ်မှတ်လိုက်ရင် မင်းရဲ့ စုစုပေါင်းလစာက တစ်လကို ၁၄,၀၀၀ ယွမ်ပဲ။"

"မာယန်က မင်းရဲ့ ကြီးကြပ်သူဖြစ်လိမ့်မယ်။ မင်း ပြဿနာ တစ်ခုခု ဖြစ်လာရင် သူ့ကိုပြောလို့ရတယ်။ သူ မဖြေရှင်းနိုင်ရင် ငါ့ကိုလာတွေ့လို့ရတယ်။ အင်တာနက်ကဖေးကို မင်းလုပ်ချင်တာ လုပ်လို့ရတယ်။ ငါမင်းကို ထောက်ပံ့ပေးမှာပါ။”

"လာပါ။ ပြဿနာမရှိရင် လက်မှတ်ထိုးလိုက်တော့။"

ကျန်းယွမ် လုံးဝ ရီဝေနေပါသည်။ ယွမ် ၁၄,၀၀၀ ဟုတ်လား။

ကျန်းယွမ် သူ့ရှေ့က ဖောင်တိန်ကိုတောင် မကိုင်ရဲတော့ပါ။

ဒီလိုအခွင့်အရေးမျိုး တကယ်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းယွမ် တွန့်ဆုတ်နေတာကို မြင်သောအခါ ဖေးချမ့်က မေးခွန်းနည်းနည်းလောက် မေးလိုက်ပါသည်။ "အမ်... မင်းအခု တခြားစာချုပ်တွေ ချုပ်ထားတာ ရှိလို့လား။ အရင်အလုပ်ကကော ထွက်ပြီးပြီလား။"

ကျန်းယွမ်က ခေါင်းခါကာ ပြန်ပြောလိုက်ပါသည်။ "ကျွန်တော် အရင်လုပ်တဲ့ ဘားမှာ စာချုပ်ချုပ်ထားတာ မရှိပါဘူး။ လူလိုရင် ဒီတိုင်း ဝင်လုပ်လိုက်တာပဲ။"

"ကောင်းတာပေါ့။ ဒါဆို စာချုပ်ချုပ်လိုက်လေ။ မင်းစဥ်းစားချင်သေးလို့လာား။ ရပါတယ်။ အချိန်ယူပြီး သေချာစဥ်းစားပါ။ မင်းဆုံးဖြတ်ချက်ချပြီးရင် လက်ထောက်ရှင်းကို သွားတွေ့လို့ရတယ်။"

ဖေးချမ့်က တံခါးကို ဖွင့်ထွက်သွားပြီး ဧည့်သည်အခန်းထဲမှာ ကျန်းယွမ်ကို တစ်ယောက်တည်း ထားခဲ့ပါသည်။

ကျန်းယွမ်က စာချုပ်တစ်ခုလုံးကို အမြန် ဖတ်ကြည့်လိုက်ပါသည်။ ပြဿနာဘာမှမရှိပါ။ သာမန် ဝန်ထမ်းစာချုပ်တစ်ခုပဲဖြစ်သည်။ ထောင်ချောက်မရှိသလို လျှို့ဝှက် အချက်အလက်များလည်း မရှိပါ။ ၁၄,၀၀၀ ယွမ် လစာကို စာချုပ်ထဲတွင် ရှင်းရှင်းလင်းလင်းကို ရေးသားထာားပါသည်။

ကျန်းယွမ် တုန်ယင်နေသောလက်များဖြင့် သူ့နာမည်ကို ရေးထိုးလိုက်သည်။

"နောက်ဆုံးတော့ ငါဆင်းရဲမွဲတေမှုကနေ လွတ်မြောက်တော့မယ်။ နောက်ဆုံးတော့ ငါ့အတွက်ငါ နာမည်တစ်ခု ဖန်တီးနိုင်တော့မယ်ကွ။ "

... မိနစ်အနည်းငယ် ကြာသောအခါ ဧည့်သည်အခန်းထဲတွင်....

"ယောက်ဖချမ့် ဘယ်လိုနေလဲ။ သူက ပညာရှင်ပါလို့ ငါပြောသားပဲ။ သူက အားကိုးရတယ် မဟုတ်လား။”

ကျန်းယွမ် ကုမ္ပဏီနဲ့ တရားဝင် စာချုပ်တစ်ခု ချုပ်လိုက်ကြောင်းကို ကြားလိုက်ရသောအခါ မာယန် အလွန်ပျော်ရွှင်သွားပါသည်။ သူ့မှာ ပါရမီရှင် ရှာဖွေသည့် မျက်လုံးမျိုး တကယ်ရှိပြီး ဖေးချမ့်၏ အသိအမှတ်ပြုမှုကို ရခဲ့ပါသည်။

ဖေးချမ့်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်လေသည်။ "တော်တယ်ကွာ။ ဒီတစ်ခေါက် မင်းကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ"

ထိုအခါမှ ကျန်းယွမ်မှာ သူ့ကိုခေါ်လာခဲ့သည့် မျက်နှာရှည်ရှည်နဲ့ တုံးအသည့်ပုံစံနဲ့လူမှာ သာမန်လူမဟုတ်ကြောင်း သိလိုက်ရပါသည်။

သူက ဘော့စ်ဖေးနဲ့ တကယ်နီးစပ်ပုံရသည်။ ပိုကောင်းတာက ညီအစ်ကိုမာကော ဘော့စ်ဖေးကော သူ့ကို အသိအမှတ်ပြုကြပါသည်။

မာယန်က လက်ပ်တော့ကို ဖွင့်လိုက်ပြီး တချို့ အချက်အလက်များကို ပြလိုက်ပါသည်။ "ယောက်ဖချမ့် ငါအင်တာနက်ကဖေးအတွက် နေရာတွေရှာထားပြီးပြီ။ ဒီနားပတ်လည်နားမှာပဲ။ နှစ်ထပ် လုံးချင်း အဆောက်အဦးတစ်လုံးပဲ။ အသေးစိတ်က ဒီမှာ။ ကြည့်လိုက်ပါဦး။"

ဖေးချမ့်နဲ့ ကျန်းယွမ်တို့ မာယန်ပြင်ထားသည့် အချက်အလက်များကို ကြည့်လိုက်ပါသည်။ ထိုနေရာက ဟန်တုံး တက္ကသိုလ်ပတ်လည်မှာ မဟုတ်ဘဲ ကျန်းကျိုးမြို့တော်၏ အစည်ကားဆုံး စီးပွားရေးနယ်ပယ်နဲ့ ဝေးကွာပါသည်။

ပတ်ဝန်းကျင်က စီးပွားရေးနယ်ပယ်အသေးစားလေးဟု သတ်မှတ်နိုင်ပြီး အနီးအနားတွင် ရှော့ပင်းမောလ်လ်တစ်ခုရှိသည်။ သို့သော်လည်း ဒီနေရာကို ကြွယ်ဝပြီး လူနေထူထပ်သည်ဟု ပြောလို့တော့ မရပါ။  ထို့အပြင် ရှော့ပင်းမောလ်လ်နဲ့ လမ်းတစ်လမ်းခြားသည်။ အတူတူရှိနေတာမဟုတ်ပေ။

လူစည်ကားသော နယ်မြေတွင် တည်နေရာ ရွေးချယ်ရမည်ဟူသည့် စနစ်၏ လိုအပ်ချက်ကို ပြည့်မှီရုံလောက်သာ ရှိပါသည်။

လုံးချင်း နှစ်ထပ်အဆောက်အဦးတစ်ခုဖြစ်ပြီး အတော်လည်း သစ်လွင်သည့်ပုံပေါ်သည်။ လွန်ခဲ့သည့် ၁ နှစ် ၂ နှစ် လောက်ကမှ တည်ဆောာက်ထားသည့်ပုံပင်။ အတွင်းဘက်က မြင်နိုင်သည့် ဖန်နံရံများစွာ ရှိသည်။ ထို့အပြင် လှပသည့် အတွင်းဘက် ဒီဇိုင်းလည်းရှိပါသည်။ ပုံထဲက အတွင်းဒီဇိုင်းများကို ကြည့်ခြင်းအားဖြင့် စားသောက်ဆိုင်တစ်ခု ဖြစ်ပုံပေါ်သည်။ သို့သော်လည်း ရောင်းမကောင်းသဖြင့် လုပ်ငန်းကို ရပ်တန့်တော့မည့်ပုံပင်။

လုပ်ငန်းဧရိယာက ၃,၀၀၀ စတုရန်းမီတာလောက် ကျယ်ဝန်းပြီး ငှားရမ်းခက တစ်လကို ၃၁၅,၀၀၀ ယွမ်ဖြစ်ပါသည်။ ဆိုလိုတာက တစ်ရက်ကို တစ်စတုရန်းမီတာာလျှင် ၃.၅ ယွမ် ကုန်ကျသည့်သဘော ဖြစ်သည်။

မာယန်က ပြောလိုက်၏။ "ယောက်ဖချမ့် အဲ့ဒီနေရာကို ငါစုံစမ်းပြီးပြီ။ ပတ်ဝန်းကျင်ကော အတွင်းဘက် ဒီဇိုင်းကော တော်တော်လေး ကောင်းတယ်။ အဆောက်အဦးကလည်း တော်တော်လေး သစ်လွင်တယ်။"

"အစကတော့ အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ထားတာပဲ။ ဒါပေမယ့် လုပ်ငန်းမကောင်းလို့ ပိတ်ရတော့မှာ။ ငှားရမ်းခကလည်း အဆင်ပြေတယ်။ ငါတော့ ဒီနေရာကို တော်တော်ကောင်းတယ်လို့ ထင်တယ်။ ပြီးတော့လည်း လုံးချင်းအဆောက်အဦးဖြစ်နေတယ်။ ဘယ်လိုသဘောရလဲ။”

ဖေးချမ့် ဘာမှမပြောပါ။ ကျန်းယွမ်ကတော့ မျက်မှောင်ကြုတ်သွားသည်။

ဒီနေရာက... စိတ်ချရတဲ့ပုံလည်း မပေါ်ဘူး။

စားသောက်ဆိုင်ပိတ်လိုက်ရတဲ့ အကြောင်းအရင်းကို ဒီမျက်နှာရှည်က ဘာလို့မစဥ်းစားမိတာလဲ။

Zawgyi

ေဖးခ်မ့္ 83+84

အခန္း(၈၃) ကြန္ပ်ဴတာ အလုံး ၅၀ အရင္ ဆင္မယ္

"လာပါ ထိုင္ပါဦး"

ေဖးခ်မ့္က အလြန္ယဥ္ေက်းပါသည္။ က်န္းယြမ္ကို သူ႕ေဘးက ဆိုဖာမွာ ထိုင္ဖို႔ ဖိတ္လိုက္ပါသည္။ လက္ေထာက္႐ွင္းက  လက္ဖက္ရည္ တည္ခင္းေပးၿပီးေနာက္ ဧည့္သည္အခန္းထဲမွ ထြက္သြားေလသည္။ မာယန္လည္း ထြက္သြားပါသည္။ ေဖးခ်မ့္နဲ႔ က်န္းယြမ္တို႔ ႏွစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့သည္။

က်န္းယြမ္က မ်က္လုံးေထာင့္မွ သူ႕ပတ္ဝန္းက်င္ကို စစ္ၾကည့္ေနပါသည္။

အခန္းထဲက အရာအားလုံးကို  အဖိုးတန္အရာမ်ားျဖင့္ စီျခယ္ထားသလိုပင္။ ေဘာ့စ္၏ ဝတ္စုံနဲ႔ ကုမၸဏီ၏ အတြင္းဘက္ဒီဇိုင္းကို ၾကည့္ျခင္းအားျဖင့္ က်န္းယြမ္က သူျမင္သမွ် ပစၥည္းတိုင္းမွာ ေစ်းႏႈန္းကတ္ သတ္မွတ္လို႔မရေတာ့ေၾကာင္း နားလည္လိုက္ရပါသည္။ အားလုံးက အလြန္ေစ်းႀကီးလိမ့္မည္ဟု ခံစားေနရပါသည္။

ေဖးခ်မ့္က ေဖာ္ေ႐ြစြာ ျပဳံးလိုက္ၿပီး ေျပာလိုက္ပါသည္။ "အရမ္းေနရမခက္ပါနဲ႔။ ကိုယ့္အိမ္ကိုယ့္ရာလိုပဲ သေဘာထားပါ။ ေက်းဇူးျပဳၿပီး အရမ္းအားမနာပါနဲ႔။ လက္ဖက္ရည္ ေသာက္ပါဦး။"

က်န္းယြမ္က စိတ္မလႈပ္႐ွားသည့္ပုံေပၚေအာင္ အေကာင္းဆုံးႀကိဳးစားပါသည္။ သို႔ေသာ္လည္း သူ႕၏ ပုံမက်ပန္းမက်ထိုင္ေနပုံက သူ႕ကိုသစၥာေဖာက္သြားသည္။ ေဖးခ်မ့္က စကားဘယ္လိုစရမလဲ စဥ္းစားေန၏။

အေ႐ွ႕ေျမာက္ တ႐ုတ္စကားသံနဲ႔ မ်က္ႏွာေလးေထာင့္ အားအင္တက္ႂကြၿပီး သူ႕ေ႐ွ႕မွာ ထိုင္ေနသည့္လူက ဒစ္ဂ်စ္တယ္ထုတ္ကုန္အားလုံးနဲ႔ ကြန္ပ်ဴတာဟာ့ဒ္ဝဲအပိုင္းမွာ ကြၽမ္းက်င္သည္ဟု မာယန္ထံမွ ၾကားၿပီးသား ျဖစ္ပါသည္။

ဒါကလြဲၿပီး ဒီလူ႕အေၾကာင္း သူဘာမွမသိပါ။

ေဖးခ်မ့္က ဒီလူ႕မွာ ကြန္ပ်ဴတာ တပ္ဆင္သည့္ အသိပညာကလြဲၿပီး တျခား ပါရမီ႐ွိေသးသလားဆိုတာ နားလည္မွ ျဖစ္မည္။ ဥပမာအားျဖင့္ သူက မားကတ္တင္းဆင္းတဲ့ေနရာမွာ ကြၽမ္းက်င္ၿပီး စီးပြားေရးလုပ္တတ္သူလား။ ဒါဆို ေဖးခ်မ့္ သူ႕ကို လုံးဝ လက္ခံမွာ မဟုတ္ပါ။

ဧကႏၲ သူ ကြန္ပ်ဴတာ တပ္ဆင္ရာမွ စတင္သင့္သည္ဟု ထင္ပါသည္။

ေဖးခ်မ့္ ခဏေလာက္စဥ္းစားၿပီးမွ ေမးလိုက္ပါသည္။ "လက္႐ွိ ေစ်းကြက္ထဲမွာ ႐ွိေနတဲ့ဂိမ္းႀကီးေတြကို ကြန္ပ်ဴတာတစ္လုံးက ေခ်ာေခ်ာေမြ႕ေမြ႕ လည္ပတ္ႏိုင္ဖို႔ဆိုရင္ မင္းရဲ႕ စံတပ္ဆင္မႈေတြက ဘယ္လိုလဲ။ ဘယ္ေလာက္ဆို သင့္ေတာ္တဲ့ ေစ်းႏႈန္းလို႔ထင္လဲ။"

ေဖးခ်မ့္က ေခတၱစဥ္းစားလိုက္ၿပီး ထပ္ေမးလိုက္ပါသည္္။ "အဓိက ရည္႐ြယ္ခ်က္ကေတာ့ ဂိမ္းကို ေခ်ာေခ်ာေမြ႕ေမြ႕ လည္ပတ္ႏိုင္ဖို႔ပဲ။  အျပင္ဘက္ ဒီဇိုင္း ေတြလည္း ထည့္ေပါင္းလို႔ရတယ္။ ဒါေပမယ့္ အလြန္အၾကဴးေတာ့ လွပေနစရာမလိုဘူး။”

DIY စနစ္မ်ား ယြမ္ ၆၀,၀၀၀ - ၇၀,၀၀၀ ေလာက္ ကုန္က်တာ ပုံမွန္ပဲ ျဖစ္ပါသည္။ သို႔ေသာ္လည္း စနစ္၏ ႐ႈပ္ေထြးမႈကို ထည့္တြက္ၿပီး ထိုကြန္ပ်ဴတာအမ်ိဳးအစာမ်ားက သာမန္ ဂိမ္းကြန္ပ်ဴတာမ်ား၏ လိုအပ္ခ်က္ကိုေက်ာ္လြန္ကာ အင္တာနက္ကေဖးမ်ားတြင္ အသုံးျပဳပါက စည္းမ်ဥ္းကို ခ်ိဳးေဖာက္ရာက်ပါလိမ့္မည္။

ေဖးခ်မ့္ သူ႕ဝန္ထမ္းမ်ားကို ေပးအပ္ထားသည့္ အလုပ္ေနရာမွာ အဆင့္ျမင့္ စားပြဲမ်ား၊ အဆင့္ျမင့္ ဂိမ္းထိုင္ခုံမ်ား၊ အဆင့္ျမင့္ ကြန္ပ်ဴတာ စနစ္ယူနစ္မ်ား၊ Refresh Rate ျမင့္မားသည့္ ေမာ္ဒီတာႏွစ္လုံး၊ ကီးဘုတ္ အေကာင္းစားမ်ားပါဝင္သည္။ ဒီတစ္စုံလုံးကို စုစုေပါင္း ယြမ္ ၂၀,၀၀၀ ေလာက္ကုန္ပါသည္။

စနစ္က လိုအပ္တာထက္ ပိုသည့္ပမာဏမ်ားကို လက္ခံမွာမဟုတ္ေပ။

တကယ္ေတာ့ ေဖးခ်မ့္က ႐ုံးသုံးကြန္ပ်ဴတာမ်ား၏ စံႏႈန္းကို အင္တာနက္ကေဖးမ်ားတြင္ အသုံးခ်ႏိုင္ပါသည္။

သို႔ေသာ္လည္း လက္ေထာက္႐ွင္း ဝယ္ထားသည့္ ႐ုံးသုံးကြန္ပ်ဴတာမ်ားက ႐ုံးတြင္အသုံးျပဳဖို႔ ဒီဇိုင္းဆြဲထားသည့္ အဆင့္ျမင့္ လုပ္ငန္းေမာ္ဒယ္မ်ားျဖစ္ၾကသည္။ အျပင္ပိုင္းက အေတာ္ေလး ႐ိုးၿပီး အင္တာနက္ကေဖးမ်ားမွာ အသုံးခ်ဖို႔ မသင့္ေတာ္လွပါ။ ထို႔အျပင္ အသုံးျပဳသူမ်ား၏ လိုအပ္ခ်က္မ်ားနဲ႔ မကိုက္ညီႏိုင္ပါ။

ထို႔ေၾကာင့္ ေဖးခ်မ့္က က်န္းယြမ္၏ အျမင္ကို ၾကားခ်င္ျခင္း ျဖစ္ပါသည္။

က်န္းယြမ္က သူကြန္ပ်ဴတာ တစ္လုံးဆင္ခ်င္ေနတာ ဆိုတာကို နားလည္သြားပါသည္။ ၾကည့္ရတာ ခါပါဖိုရမ္၏ ဖိုရမ္မန္ေနဂ်ာဆိုသည့္ ရာထူးမွာ တကယ္ပဲ အက်ိဳးေက်းဇူး႐ွိသည့္ပုံပင္။ က်န္းယြမ္က ေခတၱ တြက္ခ်က္ၾကည့္လိုက္ပါသည္။ တစ္ခ်က္ေလာက္ၾကည့္လိုက္႐ုံနဲ႔ သူ႕ေ႐ွ႕က ေဘာ့စ္ေဖးက ေငြေရးေၾကးေရး ေခသူ မဟုတ္မွန္း သိႏိုင္ပါသည္။

သူ႕အလုပ္စားပြဲေပၚမွာ တင္ထားသည့္ လက္ပ္ေတာ့က အဆင့္ျမင့္ ဂိမ္းကြန္ပ်ဴတာ Alienware ျဖစ္ပုံရသည္။ ၎၏ ေစ်းကြက္ ေစ်းႏႈန္းက ၁၀,၀၀၀ ယြမ္ေက်ာ္ ႐ွိေလာက္သည္။

ဒါဆို...

ဂိမ္းကြန္ပ်ဴတစ္လုံးေလာက္နဲ႔ေတာ့ ေဘာ့စ္ေဖး၏ လိုအပ္ခ်က္ကို ျပည့္မွီႏိုင္မွာ မဟုတ္ေပ။ သူက ေစ်းႀကီးသည့္ ကြန္ပ်ဴတာတစ္လုံးကို အဆင့္ျမင့္ ျပဳျပင္ေျပာင္းလဲမႈမ်ားျဖင့္ တပ္ဆင္ဖို႔ စီစဥ္လိုက္ပါသည္။

သို႔ေသာ္လည္း သူက ကြန္ပ်ဴတာ ဆင္ျခင္းအေၾကာင္း နားမလည္ဘဲ လွ်ပ္စစ္ပစၥည္းေ႐ွာ့ပင္းေမာလ္က လူေတြလိမ္တာခံရမွာကိုလည္း စိုးရိမ္ေနသည္။

ထို႔ေၾကာင့္ သူ႕ကို ခါပါဖိုရမ္မွာေတြ႕ၿပီး သူ႕ကြန္ပ်ဴတာ ဆင္ေပးဖို႔အတြက္ ယြမ္ ၃,၀၀၀ ေပးခဲ့တာ ျဖစ္ႏိုင္ပါသည္။

ဟုတ္တယ္။ အဲ့လိုပဲျဖစ္မွာပါ။

သူ႕ပထမဦးစားေပးက သူ႕ရဲ႕ ဂိမ္းလိုအပ္ခ်က္ေတြကို ျပည့္ဝေစဖို႔ ျဖစ္ပါသည္။ လုပ္ေဆာင္ခ်က္ထက္ အလွအပကို မပိုေစလိုပါ။

က်န္းယႊမ္က ထိုအခ်က္အလက္ကို အျမန္ မွတ္ထားလိုက္ပါသည္။

စိတ္ကူးယဥ္ တပ္ဆင္ျခင္း စာရင္း။ သူ႕အတြက္ေတာ့ မခက္ခဲပါ။ သူက ခ်က္ခ်င္း စာရင္းခ်ေရးႏိုင္ၿပီ အစိတ္အပိုင္းမ်ား၏ ေစ်းအတိအက်ကိုလည္း သိထားပါသည္။ သို႔ေသာ္လည္း က်န္းယြမ္ တျခားစဥ္းစားစရာမ်ား ႐ွိပါေသးသည္။

သူ႕ေ႐ွ႕က ေဘာ့စ္ႀကီးကို ေက်နပ္ေအာင္ လုပ္ေပးဖို႔ လိုမလား မသိပါ။ က်န္းယြမ္က တျခားသူမ်ာားကို လိမ္ညာဖို႔ တစ္ခါမွ မစဥ္းစားဖူးေပ။ သူ တပ္ဆင္မႈစာရင္းကို ျပင္ဆင္ၿပီးတာနဲ႔ ဒီေဘာ့စ္ႀကီးက တစ္ေယာက္ေယာက္ကို စစ္ၾကည့္ခိုင္းလိမ့္မည္။ ေဘာ့စ္ႀကီးကို လိမ္ညာလိုက္ပါက အဆင္ေျပမွာ မဟုတ္ပါ။

ထို႔ေၾကာင့္ ကြန္ပ်ဴတာတစ္လုံးကို မွင္သက္စရာ ျပဳျပင္ေျပာင္းလဲမႈမ်ားနဲ႔ တပ္ဆင္ၿပီး တစ္ခ်ိန္တည္းမွာပဲ ေစ်းႏႈန္းကိုလည္း သင့္ေတာ္ေအာင္ လုပ္ေပးရပါမည္။ ေဘာ့စ္ႀကီးကို ယြမ္ ၃,၀၀၀ အလကားျဖစ္သြားသည္ဟု ခံစားသြားေစလို႔မျဖစ္ပါ။

က်န္းယြမ္က ကြန္ပ်ဴတာေလး တစ္လုံးဆင္ဖို႔အတြက္နဲ႔ ေဘာ့စ္ႀကီးထံမွ ေထာက္ပံ့ေငြ ယြမ္ ၃,၀၀၀ ယူထားတာကို အနည္းငယ္ လိပ္ျပာမလုံသလို ျဖစ္ေနသည္။

ဆို႐ိုးစကားအတိုင္းပင္။ သူငယ္ခ်င္း မိတ္ေဆြမ်ားမ်ား ရလာေလေလ၊ ဘဝမွာ အျမင္ေတြ ပိုက်ယ္လာေလေလ ျဖစ္သည္။

ဂ႐ုတစိုက္ စဥ္းစားၿပီးေနာက္ က်န္းယြမ္က ေထာက္ပံ့ေၾကး ယြမ္ ၃,၀၀၀ ထဲမွ ယြမ္ ၁,၀၀၀ ေလာက္ယူၿပီး ကြန္ပ်ဴတာ အစိတ္အပိုင္းမ်ား တပ္ဆင္ဖို႔ သုံးစြဲဖို႔ ဆုံးျဖတ္လိုက္ပါသည္။ ဒီလိုသာဆို ေဘာ့စ္ႀကီးနဲ႔လည္း ရင္းႏွီးၿပီး သူ႕အားစိုက္ထုတ္မႈအတြက္လည္း ယြမ္ ၂,၀၀၀ ရႏိုင္သည္။

ႏွစ္ဦးႏွစ္ဖက္ အက်ိဳး႐ွိျခင္းျဖစ္သျဖင့္ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္သလဲ။

အခ်ိန္ယူစဥ္းစားၿပီးေနာက္ က်န္းယြမ္က သူ႕အျမင္မ်ာကို စတင္မွ်ေဝေပးပါသည္။ CPU, Graphics card နဲ႔ ဟာ့ဒ္ဝဲမ်ိဳးစုံ၊ ေအာက္ခံပုံးနဲ႔ ေအာက္ခံပုံးမွာ တပ္ဆင္မည့္ ပစၥည္းမ်ားကိုပါ ထည့္ေျပာလိုက္ပါသည္။

ဥပမာအားျဖင့္ မ်က္လုံးတစ္လုံးေပါင္းထည့္လိုက္ျခင္းက ကြန္ပ်ဴတာ၏ ဆြဲေဆာင္မႈကို တိုးျမင့္သြားေစၿပီး RGB အလင္းေရာင္မ်ားကို တပ္ဆင္လိုက္ပါက ၎၏ ေခ်ာေမြ႕မႈကို အမ်ားႀကီး တိုးျမင့္သြားေစပါမည္။ Graphics Card, ကီးဘုတ္၊ ဂိမ္းနားၾကပ္မ်ား၊ တျခား အစိတ္အပိုင္းမ်ားကေတာ့ သူ႕အတြက္ ေအးေအးေဆးေဆးပဲ ျဖစ္သည္။

ေနာက္ဆုံးေတာ့ က်န္းယြမ္ ေစ်းႏႈန္းတစ္ခုကို ေျပာလိုက္ပါသည္။

"ဒီတစ္စုံလုံးကို ယြမ္ ၁၅,၀၀၀ ဝန္းက်င္ေလာက္နဲ႔ တပ္ဆင္လို႔ ရႏိုင္ပါတယ္။"

သူေျပာလိုက္သည့္ ေစ်းႏႈန္းက ၁၅,၀၀၀ ယြမ္ ျဖစ္ေသာ္လည္း တကယ့္ အစိတ္အပိုင္းမ်ား ကုန္က်စရိတ္က ၁၆,၀၀၀ ယြမ္ ျဖစ္ပါသည္။ သူတိ့သာ လွ်ပ္စစ္ပစၥည္း ေ႐ွာ့ပင္းေမာလ္လ္မ်ားမွ လူမ်ားကို သြားတပ္ဆင္ခိုင္းလိုက္ပါက ေစ်းႏႈန္းမ်ား ၂၀,၀၀၀ ယြမ္ဝန္းက်င္ ျဖစ္သြားႏိုင္ပါသည္။

ေဖးခ်မ့္၏ မ်က္ခုံးမ်ား အနည္းငယ္ ၾကဳံ႕သြားသည္။ သူ ေစ်းႏႈန္းကို အားမရပါ။

ဘာလို႔ DIY ကြန္ပ်ဴတာတစ္လုံးက သူ႕ရဲ႕ ႐ုံးသုံးကြန္ပ်ဴတာေတြထက္ ပိုေစ်းနည္းေနရတာလဲ။

ေဘာ့စ္ေဖး၏ မ်က္ႏွာကို ျမင္ေသာအခါ က်န္းယြမ္ ႏွလုံးခုန္ႏႈန္းရပ္တန္႔သြားခဲ့ပါသည္။ သူ႕မ်က္ႏွာထားက 'ငါ့ကိုအထင္ေသးေနတာလား' ဆိုသည့္ပုံစံမ်ိဳးပင္။

ေဘာ့စ္ေဖးက ထင္သည့္အတိုင္း သူ႕ပါးစပ္ကို ဟလာပါသည။ "ငါမင္းကို အိပ္မက္ တပ္ဆင္ျခင္း လုပ္ခိုင္းေနတာေလ။ မင္ေျပာလိုက္တဲ့ အစုံေတြက ဘယ္လိုေျပာရမလဲ နည္းနည္းေလာက္ ပိုအဆင့္ျမင့္ၿပီး 'အိပ္မက္' ဆိုတဲ့ စာလုံးနဲ႔ နည္းနည္းေလာက္ပိုၿပီး ကိုက္ညီရင္ ပိုေကာင္းမယ္။ ငါဆိုလိုတာကို နားလည္လား။"

က်န္းယြမ္က ေခတၱတြန္႔ဆုတ္သြားၿပီး ေျပာလိုက္ပါသည္။ "ဒါေပမယ့္ ေဘာ့စ္ေဖး ခုနက ေျပာေတာ့ ထိပ္တန္းဦးစားေပးက ဂိမ္းရသလိုအပ္ခ်က္ကို ျပည့္ဝေစဖို႔ဆို။ ဒီတပ္ဆင္မႈနဲ႔ဆို အခုလက္႐ွိ ေစ်းကြက္ထဲက နာမည္ႀကီး ဂိမ္းေတာ္ေတာ္မ်ားမ်ားကို ကစားႏိုင္ပါတယ္။"

ေဖးခ်မ့္ ေခတၱ ဆြံ႕အသြားပါသည္။ သူေျပာတာလည္း... မွန္သလိုလိုပင္။

ဒီတပ္ဆင္မႈကို တိုးျမႇင့္ရဦးမည္ဆိုပါက ကုန္က်စရိတ္နဲ႔ ကိုက္ညီမွာ မဟုတ္ေတာ့ပါ။ ဒီတပ္ဆင္မႈက အခု လက္႐ွိ ဂိမ္းမ်ား၏ လိုအပ္ခ်က္ထက္ပင္ အမ်ားႀကီး ပိုေကာင္းေနပါၿပီ။ က်န္းယြမ္က ဂိမ္းႀကီးအားလုံးကို ေခ်ာေမြ႕စြာ ကစားႏိုင္ၿပီး သူ႕သတ္မွတ္ခ်က္နဲ႔လည္း ကိုက္ညီသည့္ အရည္အေသြးျမင့္ တပ္ဆင္မႈတစ္ခုကို ကမ္းလွမ္းခဲ့သည္။

သို႔ေသာ္လည္း သုံးစြဲရမည့္ ပမာဏကိုေတာ့ သူတိုးျမႇင့္ရပါဦးမည္။

ေဖးခ်မ့္က ေခ်ာင္းႏွစ္ခါေလာက္ဆိုးလိုက္ပါသည္။ "မင္းေျပာတာ ဟုတ္ေတာ့ဟုတ္တယ္။ ေစ်းကြက္ထဲက ဂိမ္းအမ်ားစုကို ကစားႏိုင္မွာပါ။ ဒါေပမယ့္ မင္းစဥ္းစားၾကည့္လိုက္ပါဦး။ ဒီ့ထက္ပိုေကာင္းတဲ့ တပ္ဆင္မႈေတြကို လိုအပ္တဲ့ ဂိမ္းေတြ အနာဂတ္မွာ ေပၚလာရင္ ဘယ္လိုလုပ္မလဲ။ အနာဂတ္ကို လွမ္းျမင္ၾကည့္တတ္ရမယ္။ ေနာက္ကို ဘာဆက္ျဖစ္မလဲဆိုတာကိုပဲ ၾကည့္ရမယ္။ နားလည္လား။"

"ဒီလိုဆိုရင္ေကာ။ လက္႐ွိ ဘက္ဂ်က္ထက္ ယြမ္ ၁၀,၀၀၀ ေလာက္ ထပ္ေပါင္းလိုက္မယ္။ မင္းအဆင္ေျပမလား။"

"..." က်န္းယြမ္က ေခါင္းၿငိမ့္လိုက္ၿပီး ေျပာလိုက္ပါသည္။ "အမ္... ဟုတ္ကဲ့"

ခင္ဗ်ားပိုက္ဆံေတြပဲကို။ ကြၽန္ေတာ္ ပိုက္ဆံ ထုတ္ရတာမွ မဟုတ္တာ ဘာလို႔ အဆင္မေျပရမွာလဲ။

ခင္ဗ်ားလိုခ်င္ရင္ ယြမ္ ၉.၈ ဘီလီယံေလာက္ တန္တဲ့ စနစ္ယူနစ္ကိုေတာင္ ကမ္းလွမ္းေပးလို႔ရတယ္။

က်န္းယြမ္က အျမန္ေတြးလိုက္ၿပီး ကြန္ဗ်ဴတာ တပ္ဆင္မႈမ်ားကို ေနာက္တစ္ဆင့္အထိ ထပ္တက္လိုက္ပါသည္။

ဒီတစ္ေခါက္ ယြမ္ ၂၅,၀၀၀ ဝန္းက်င္ ကုန္က်သည့္ DIY ကြန္ပ်ဴတာတစ္လုံးကို တည္ေဆာက္ဖို႔ စီစဥ္လိုက္ပါသည္။

က်န္းယြမ္ရဲ႕ အျမင္မွာေတာ့ ကြန္ပ်ဴတာရဲ႕ တခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြက လုံးဝ မလိုအပ္ပါ။ လက္႐ွိ ကြန္ပ်ဴတာမွာ ႐ုပ္ထြက္မ်ားကို အျမင့္ဆုံးအထိ တိုးလိုက္ရင္ေတာင္ ေစ်းကြက္ထဲက ဂိမ္းအားလုံးနီးပါးကို ကစားႏိုင္ပါသည္။ ထို႔အျပင္ ဒီတပ္ဆင္မႈက ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာအထိတိုင္ေအာင္ ဒိတ္ေအာက္မွာလည္း မဟုတ္ေပ။ ထို႔အျပင္ ၎၏ အျပင္ပိုင္းဒီဇိုင္းက ထိပ္တန္းအဆင့္မွီသည္။ ေသခ်ာေပါက္ ဂိမ္းရသကို အဆေပါင္းမ်ားစြာ ျမႇင့္တင္ေပးႏိုင္ပါလိမ့္မည္။

အမွန္ပင္။ က်န္းယြမ္က ေဖးခ်မ့္ကို တပ္ဆင္ခ ၂၅,၀၀၀ ယြမ္ဟု ေျပာခဲ့ေသာ္လည္း တကယ့္ကုန္က်စရိတ္က ၂၆,၀၀၀ ယြမ္ဝန္းက်င္ ျဖစ္ပါသည္။ က်န္းယြမ္က ေဘာ့စ္ေဖးနဲ႔ မိတ္ေဆြဖြဲ႕ခ်င္သျဖင့္ သူရထားသည့္ ယြမ္ ၃,၀၀၀ ထဲမွ ယြမ္ ၁,၀၀၀ ကို ထုတ္သုံးဖို႔ ဆုံးျဖတ္ထားျခင္း ျဖစ္သည္။

ေဖးခ်မ့္က ထိုအေၾကာင္းၾကားေသာအခါ ေခါင္းၿငိမ့္လိုက္ပါသည္။ ဒီလိုမွေပါ့။

အင္တာနက္ကေဖး၏ လိုအပ္ခ်က္မ်ားကို တြက္ၾကည့္လိုက္ေသာာအခါ စနစ္၏ သတိေပးခ်က္ကို မခံရဘဲ ရန္ပုံေငြအမ်ားစုကို ျဖဳန္းႏိုင္ပါလိမ့္မည္။

"တပ္ဆင္မႈ ေကာင္းသားပဲ" ေဖးခ်မ့္က ေခါင္းၿငိမ့္လိုက္ပါသည္။

က်န္းယြမ္က အလြန္အမင္း ေပ်ာ္႐ႊင္သြားပါသည္။ "ေဘာ့စ္ေဖး သေဘာက်ရင္ ရပါၿပီ" သူ ျပန္ေျပာလိုက္သည္။

ေဘာ့စ္ေဖးနဲ႔ ရင္းႏွီးရဖို႔ ယြမ္ ၁,၀၀၀ သုံးခဲ့သည္။ ဒါက သူ႕အတြက္ ေစ်းဆစ္ျခင္း ျဖစ္သည္။

"ဒါဆိုရင္ အရင္ဆုံး အလုံး ၅၀ ေလာက္ တပ္ဆင္ၾကတာေပါ့" ေဖးခ်မ့္က လက္ဖက္ရည္ေသာက္ရင္း တည္ၿငိမ္စြာ ေျပာလိုက္ပါသည္။

အခန္း(၈၄) အင္တာနက္ကေဖးအတြက္ ေနရာေကာင္း႐ွာျခင္း

"ဖြီးးး"

က်န္းယြမ္ ပါးစပ္ထဲက လက္ဖက္ရည္မ်ား ေထြးထုတ္မိေတာ့မလို ျဖစ္သြားပါသည္။

အလုံး ၅၀ ဟုတ္လား။

ေဘာ့စ္ေဖး မွားေနၿပီ။

အစကတည္းက ကြန္ပ်ဴတာ အလုံး ၅၀ လိုခ်င္တယ္လို႔ ေျပာလိုက္ရမွာ။

ခင္ဗ်ားနဲ႔ ရင္းႏွီးခ်င္လို႔ ကြၽန္ေတာ္ ယြမ္ ၁,၀၀၀ ထုတ္ေပးခ်င္တာ။ အခု အလုံး ၅၀ ဆိုရင္ ကြၽန္ေတာ္ ယြမ္ ၅၀,၀၀၀ ေလာက္ ထုတ္ေပးရမယ္ဆိုတဲ့သေဘာ မဟုတ္ဘူးလား။

ကြၽန္ေတာ္က ဘားတစ္ခုက အဆိုေတာ္ေလး တစ္ေယာက္ပါဗ်ာ။ ဘယ္လိုလုပ္ၿပီး အဲ့ဒီ ယြမ္ ၅၀,၀၀၀ ကို ႐ွာႏိုင္မွာလဲ။

က်န္းယြမ္ ၾကက္ေသ ေသသြားပါသည္။

"မဟုတ္ေသးဘူး ေဘာ့စ္ေဖး ကြန္ပ်ဴတာ ဘယ္ႏွလုံး အတိအက် လိုခ်င္တာလဲ။ ကြၽန္ေတာ္က ေထာက္ပံ့ေၾကး ယြမ္ ၃,၀၀၀ ယူရမွာ လိပ္ျပာမလုံလို႔ ကြန္ပ်ဴတာ အစိတ္အပိုင္းေတြဝယ္ဖို႔ ယြမ္ ၁,၀၀၀ ထုတ္ေပးခ်င္တာ။ အခု ကြန္ပ်ဴတာာ အလုံး ၅၀ လိုခ်င္တယ္ဆိုရင္ အဲ့ဒီေစ်းႏႈန္းအတိုင္း မရေတာ့ဘူး..."

ေဖးခ်မ့္က ေခတၱ ေၾကာင္သြားၿပီး ဒီေကာင္က တကယ္႐ိုးသားသည္ဟု ထင္သြားပါသည္။ "မဟုတ္တာပဲ။ မင္းက ယြမ္ ၃,၀၀၀ နဲ႔ ထိုက္တန္ပါတယ္။ ဘာလို႔ ငါ့ကိုျပန္ေျပာခ်င္တာလဲ။ အဓိပၸာယ္မ႐ွိတာ။"

"ဒါဆို ဒီတပ္ဆင္မႈက ၂၆,၀၀၀ ယြမ္ ကုန္က်တယ္ဆိုတဲ့ သေဘာလား" ေဖးခ်မ့္က ေမးလိုက္ပါသည္။

က်န္းယြမ္က ေခါင္းၿငိမ့္လိုက္ၿပီး အနည္းငယ္ အ႐ွက္ကြဲသြားပါသည္။ သူက ေဘာ့စ္ေဖးေ႐ွ႕မွာ ဖုံးကြယ္ထားၿပီး ရင္းႏွီးေအာင္လုပ္ခ်င္ခဲ့သည္။ ေနာက္ဆုံးမွာေတာ့ ေပၚသြားခဲ့ပါသည္။

ဒီကိစၥ ဘယ္လိုျဖစ္သြားၿပီလဲ ၾကည့္ပါဦး။

သို႔ေသာ္လည္း ေဘာ့စ္ေဖး ဒီေလာက္ ကြန္ပ်ဴတာေတြ အမ်ားႀကီး ဘာေၾကာင့္ လိုရတာလဲဆိုတာကို အနည္းငယ္ စိတ္ဝင္စားေနမိပါသည္။ ႐ုံးက ကြန္ပ်ဴတာေတြ အကုန္လုံးကို လဲခ်င္လို႔လား။

မျဖစ္ႏိုင္ပါ။

ေဖးခ်မ့္က ေခတၱစဥ္းစားလိုက္ၿပီး ေျပာလိုက္ပါသည္။ "ဒီလိုဆိုရင္ေကာ ကြန္ပ်ဴတာ တစ္လုံးစီကို ယြမ္ ၂၆,၀၀၀ ကုန္တယ္။ မင္းကို ဒါေတြအကုန္လုံးကိုလည္း အလကား လုပ္ခိုင္းလို႔ မျဖစ္ဘူး။ ေထာက္ပံ့ေၾကး ယြမ္ ၃,၀၀၀ အျပင္ မင္းတပ္ဆင္ၿပီးတဲ့ ကြန္ပ်ဴတာ တစ္လုံးစီတိုင္းအတြက္ ယြမ္ ၂၀၀ ေပးမယ္"

က်န္းယြမ္က တစ္ခုခုေျပာခ်င္ေနသည္။ သို႔ေသာ္လည္း ေဖးခ်မ့္က လက္ကာၿပီး တားလိုက္သည္။

"ျငင္းစရာမလိုဘူး။  ဆုံးျဖတ္ခ်က္ခ်ၿပီးသားပါ။"

"တျခားအေၾကာင္းအရာတစ္ခုခုေျပာၾကရေအာင္"

က်န္းယြမ္က ေခါင္းၿငိမ့္လိုက္ၿပီး ေျပာလိုက္ပါသည္။ "ဟုတ္ကဲ့ အမ္... ေဘာ့စ္ေဖး ကြၽန္ေတာ္ မဆိုင္တာ တစ္ခုခုေမးလို႔ရမလား။ ဘာလို႔ ကြန္ပ်ဴတာေတြ အမ်ားႀကီး လိုတာလဲဟင္..."

"ေၾသာ္ ငါက အင္တာနက္ကေဖးဆိုင္ဖြင့္ဖို႔ စီစဥ္ေနတာေလ။ မင္းကို ဒီေခၚလာတဲ့ မာယန္က အင္တာနက္ကေဖးဆိုင္ရဲ႕ ေန႔စဥ္လုပ္ငန္းေတြအတြက္ မန္ေနဂ်ာပဲ။ မင္း ငါတို႔ရဲ႕ အေျခအေနေတြနဲ႔ ကိုက္ညီမယ္ဆိုရင္ က်င္းက်ိဳးၿမိဳ႕မွာ အလုပ္လုပ္ခ်င္လား" ေဖးခ်မ့္က ေမးလိုက္ပါသည္။

က်ိဳးယြမ္မ်က္လုံးမ်ားျပဴးက်ယ္သြားရပါသည္။

ဒီလိုကိုး...။ ေဘာ့စ္ႀကီးက အင္တာနက္ကေဖးဆိုင္တစ္ခု ရင္းႏွီးျမႇဳပ္ႏွံခ်င္တာကိုး။ ေဘာ့စ္ႀကီး ခ်မ္းသာတာကို ၾကည့္ျခင္းအားျဖင့္ သူ႕ရဲ႕ ဝန္ထမ္းခံစားခြင့္ေတြကလည္း ေကာင္းေလာက္တယ္။

ၿပီးေတာ့ ေဘာ့စ္ႀကီးက ငါ့ကို ဒီမွာ အလုပ္လုပ္ဖို႔ ကမ္းလွမ္းေနတာာလား။

ေဘာ့စ္ႀကီးကိုယ္တိုင္ ကမ္းလွမ္းတာဆိုရင္ ငါ့အလုပ္က သာမန္ အင္တာနက္ကေဖး ဝန္ထမ္းေတာ့ မဟုတ္ေလာက္ဘူးထင္တယ္။ ငါအနည္းဆုံး မန္ေနဂ်ာရာထူးေလာက္ေတာ့ ရေလာက္တယ္။

သူ ပိုက္ဆံကို ဘယ္လိုေတာင္ သုံးလိုက္လဲ ၾကည့္ပါဦး...

အင္တာနက္ကေဖးရဲ႕ ဝန္ထမ္း အက်ိဳးခံစားခြင့္ေတြက ေတာ္ေတာ္ေကာင္းေလာက္တယ္။

က်န္းယြမ္က သူ႕ကိုယ္သူ စိတ္ေလွ်ာ့ႏိုင္ခဲ့ေသာ္လည္း ထိုစကားၾကားေသာအခါ ျပန္လည္ စိတ္မသက္သာရာရလာျပန္ပါသည္။

"ကြၽန္ေတာ္ အေျခအေနေတြကို ကိုက္ညီမယ္ဆိုရင္ ကြၽန္ေတာ္လုပ္ခ်င္တာေပါ့။"

ေဖးခ်မ့္က ေခါင္းၿငိမ့္ကာ ေမးလိုက္ပါသည္။ "ဒါဆို မင္းရဲ႕ အရင္အလုပ္အေတြ႕အၾကဳံအေၾကာင္း ေျပာျပလို႔ရမလား။"

လခြမ္း...။

က်န္းယြမ္ အသက္ဝဝ႐ွဴလိုက္ပါသည္။ ဒီအလုပ္အခြင့္အလမ္းေတာ့ တျဖည္းျဖည္း ေပ်ာက္ကြယ္ေနတာကို ခံစားမိသည္။

ေဘာ့စ္ေဖးက ငါ့ရဲ႕ ခါပါဖိုရမ္က ဖိုရမ္မန္ေနဂ်ာဆိုတဲ့ ရာထူးရယ္၊ ငါ့ရဲ႕ ကြန္ပ်ဴတာနဲ႔ ဟာ့ဒ္ဝဲ အသိပညာေတြေၾကာင့္ ေခၚခ်င္တာျဖစ္မယ္။

ငါသူ႕ကို ဘားမွာသီခ်င္းဆိုၿပီး အခ်ိန္ပိုင္း ဘားထိုင္လုပ္တယ္လို႔ အမွန္တိုင္းေျပာလိုက္ရင္...

ေဘာ့စ္ေဖးငါ့ကို ေခၚခ်င္ပါဦးမလား။ ငါဘာလုပ္ရမလဲ။။ ညာလိုက္ရမလား။

မျဖစ္ႏိုင္ဘူး။ ေဘာ့စ္ေဖးက အရမ္းဗဟုသုတ ႂကြယ္ၿပီး ကိစၥတိုင္းမွာ ႏွံ႔စပ္တယ္။ ငါလိမ္တာကို ေသခ်ာေပါက္ ျမင္မွာပဲ။

က်န္းယြမ္ စိတ္ထဲမွာ ႐ုန္းကန္ေနရသည္။ ေနာက္ဆုံးမွာေတာ့ အမွန္တိုင္းေျပာလိုက္ဖို႔သာ ဆုံးျဖတ္လိုက္ပါေတာ့သည္။ "ေဘာ့စ္ေဖး ကြၽန္ေတာ္က လက္႐ွိမွာ ဘားတစ္ခုမွာ သီခ်င္းဆိုပါတယ္။ ၿပီးေတာ့ ဘားထိုင္အျဖစ္ အခ်ိန္ပိုင္း အလုပ္လုပ္ပါတယ္။ ခါပါဖိုရမ္မွာလည္း ဖိုရမ္မန္ေနဂ်ာေလးတစ္ေယာက္ ျဖစ္ပါတယ္..."

က်န္းယြမ္စကားေျပာေလေလ ပိုၿပီး စိတ္မသက္သာ ျဖစ္လာေလေလ ျဖစ္ပါသည္။

ေဘာ့စ္ေဖး၏ စိတ္ပ်က္မႈကို သူႀကိဳျမင္ႏိုင္ပါသည္။ သူ႕ေ႐ွ႕မွာထိုင္ေနသည့္ ေဘာ့စ္ေဖး၏ မ်က္လုံးမ်ား ဝိုင္းစက္သြားလိမ့္မည္ဟု မထင္ထားခဲ့ပါ။

"ေကာင္းတာေပါ့။ မင္းက ဘက္စုံ ပါရမီပါတာပဲ ဒါဆို အင္တာနက္ကေဖးဆိုင္မွာ မင္းဝိုင္ေတြေရာဖို႔ မီနီဘားေလးတစ္ခု လုပ္ဖို႔ စီစဥ္ရမယ္။ မင္းရဲ႕လစာကို အဲ့ဒီအတြက္ပါ ၂ ဆ တိုးေပးမယ္။"

"မဟုတ္ေသးဘူး။ မင္းက အဆိုေတာ္လည္း လုပ္လို႔ရေသးတယ္ဆိုေတာ့ လစာကို ၃ ဆ တိုးေပးမယ္။"

ေဖးခ်မ့္ အလြန္ဝမ္းသာသြားပါသည္။ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ အလုပ္သမားလဲ။

ဘားထိုင္ျခင္းနဲ႔ သီခ်င္းဆိုျခင္းက အင္တာနက္ကေဖးနဲ႔ ဘာမွမသက္ဆိုင္ပါ။

ထို႔အျပင္ သူ႕ကို ႀကီးၾကပ္သူ၊ ဘားထိုင္၊ အဆိုေတာ္ စသည္တို႔အတြက္ လစာ ၃ ဆ ေပးလိုက္ပါက သူစနစ္ရန္ပုံေငြကို ပိုသုံးႏိုင္ပါလိမ့္မည္။

သူနဲ႔ မာယန္တို႔သာ အတူတူ အလုပ္လုပ္ၾကပါက ေသခ်ာေပါက္ ဒီဟိုမေရာက္ဒီမေရာက္ ဆိုင္ႀကီးကို ေျဗာင္းဆန္သြားေစပါလိမ့္မည္။

က်န္းယြမ္ နားၾကားမွားသြားသလားဟုပင္ ထင္သြားမိသည္။

ေဘာ့စ္ေဖးက အရမ္ေက်နပ္ေနပါ့လား။ ငါ့လစာကိုေတာင္ ၃ ဆတိုးေပးမယ္ဟုတ္လား။ ဒါ...  ဒါ...

ဘာေတြျဖစ္ေနသလဲ သူမသိေသာ္လည္း ေဘာ့စ္ေဖး၏ မ်က္ႏွာကို ၾကည့္ျခင္းအားျဖင့္ တကယ္ေျပာေနတာဆိုတာကို သိႏိုင္ပါသည္။ က်န္းယြမ္ မေနႏိုင္ဘဲ ေဘာ့စ္ေဖးမွာ တကယ္ပဲ ပါရမီ႐ွင္ေတြကို ျမင္ႏိုင္သည့္ မ်က္လုံး႐ွိေနတာလားဟု ေတြးမိပါသည္။

ငါ့ပါရမီကို ဒီတိုင္းပဲ ေျပာႏိုင္တယ္လား။

ေဖးခ်မ့္က ေမးခြန္းတခ်ိဳ႕ ဆက္ေမးသည္။ ေဖးခ်မ့္က ဆက္ၿပီးေမးေလေလ ပိုၿပီးအားရလာေလေလျဖစ္သည္။

"ေကာင္းလိုက္တာ ခဏေလာက္ေနဦး။ ငါ စာခ်ဳပ္သြားယူလိုက္မယ္" ေဖးခ်မ့္က ဧည့္သည္အခန္းထဲမွ ထြက္သြားပါသည္။ သိပ္မၾကာလိုက္ဘဲ လက္ထဲမွာ စာခ်ဳပ္တစ္ခုျဖင့္ ျပန္လာခဲ့သည္။ "မင္းရဲ႕အဓိက အလုပ္ကေတာ့ အင္တာနက္ကေဖး စီမံႀကီးၾကပ္သူေပါ့။ အခ်ိန္ပိုင္း ဘားထိုင္နဲ႔ အဆိုေတာ္ အျဖစ္လည္း လုပ္ကိုင္ရမယ္။ အလုပ္ ၃ ခုလို႔ သတ္မွတ္လိုက္ရင္ မင္းရဲ႕ စုစုေပါင္းလစာက တစ္လကို ၁၄,၀၀၀ ယြမ္ပဲ။"

"မာယန္က မင္းရဲ႕ ႀကီးၾကပ္သူျဖစ္လိမ့္မယ္။ မင္း ျပႆနာ တစ္ခုခု ျဖစ္လာရင္ သူ႕ကိုေျပာလို႔ရတယ္။ သူ မေျဖ႐ွင္းႏိုင္ရင္ ငါ့ကိုလာေတြ႕လို႔ရတယ္။ အင္တာနက္ကေဖးကို မင္းလုပ္ခ်င္တာ လုပ္လို႔ရတယ္။ ငါမင္းကို ေထာက္ပံ့ေပးမွာပါ။”

"လာပါ။ ျပႆနာမ႐ွိရင္ လက္မွတ္ထိုးလိုက္ေတာ့။"

က်န္းယြမ္ လုံးဝ ရီေဝေနပါသည္။ ယြမ္ ၁၄,၀၀၀ ဟုတ္လား။

က်န္းယြမ္ သူ႕ေ႐ွ႕က ေဖာင္တိန္ကိုေတာင္ မကိုင္ရဲေတာ့ပါ။

ဒီလိုအခြင့္အေရးမ်ိဳး တကယ္႐ွိလိမ့္မည္ဟု မထင္ထားခဲ့ေပ။

က်န္းယြမ္ တြန္႔ဆုတ္ေနတာကို ျမင္ေသာအခါ ေဖးခ်မ့္က ေမးခြန္းနည္းနည္းေလာက္ ေမးလိုက္ပါသည္။ "အမ္... မင္းအခု တျခားစာခ်ဳပ္ေတြ ခ်ဳပ္ထားတာ ႐ွိလို႔လား။ အရင္အလုပ္ကေကာ ထြက္ၿပီးၿပီလား။"

က်န္းယြမ္က ေခါင္းခါကာ ျပန္ေျပာလိုက္ပါသည္။ "ကြၽန္ေတာ္ အရင္လုပ္တဲ့ ဘားမွာ စာခ်ဳပ္ခ်ဳပ္ထားတာ မ႐ွိပါဘူး။ လူလိုရင္ ဒီတိုင္း ဝင္လုပ္လိုက္တာပဲ။"

"ေကာင္းတာေပါ့။ ဒါဆို စာခ်ဳပ္ခ်ဳပ္လိုက္ေလ။ မင္းစဥ္းစားခ်င္ေသးလို႔လာား။ ရပါတယ္။ အခ်ိန္ယူၿပီး ေသခ်ာစဥ္းစားပါ။ မင္းဆုံးျဖတ္ခ်က္ခ်ၿပီးရင္ လက္ေထာက္႐ွင္းကို သြားေတြ႕လို႔ရတယ္။"

ေဖးခ်မ့္က တံခါးကို ဖြင့္ထြက္သြားၿပီး ဧည့္သည္အခန္းထဲမွာ က်န္းယြမ္ကို တစ္ေယာက္တည္း ထားခဲ့ပါသည္။

က်န္းယြမ္က စာခ်ဳပ္တစ္ခုလုံးကို အျမန္ ဖတ္ၾကည့္လိုက္ပါသည္။ ျပႆနာဘာမွမ႐ွိပါ။ သာမန္ ဝန္ထမ္းစာခ်ဳပ္တစ္ခုပဲျဖစ္သည္။ ေထာင္ေခ်ာက္မ႐ွိသလို လွ်ိဳ႕ဝွက္ အခ်က္အလက္မ်ားလည္း မ႐ွိပါ။ ၁၄,၀၀၀ ယြမ္ လစာကို စာခ်ဳပ္ထဲတြင္ ႐ွင္း႐ွင္းလင္းလင္းကို ေရးသားထာားပါသည္။

က်န္းယြမ္ တုန္ယင္ေနေသာလက္မ်ားျဖင့္ သူ႕နာမည္ကို ေရးထိုးလိုက္သည္။

"ေနာက္ဆုံးေတာ့ ငါဆင္းရဲမြဲေတမႈကေန လြတ္ေျမာက္ေတာ့မယ္။ ေနာက္ဆုံးေတာ့ ငါ့အတြက္ငါ နာမည္တစ္ခု ဖန္တီးႏိုင္ေတာ့မယ္ကြ။ "

... မိနစ္အနည္းငယ္ ၾကာေသာအခါ ဧည့္သည္အခန္းထဲတြင္....

"ေယာက္ဖခ်မ့္ ဘယ္လိုေနလဲ။ သူက ပညာ႐ွင္ပါလို႔ ငါေျပာသားပဲ။ သူက အားကိုးရတယ္ မဟုတ္လား။”

က်န္းယြမ္ ကုမၸဏီနဲ႔ တရားဝင္ စာခ်ဳပ္တစ္ခု ခ်ဳပ္လိုက္ေၾကာင္းကို ၾကားလိုက္ရေသာအခါ မာယန္ အလြန္ေပ်ာ္႐ႊင္သြားပါသည္။ သူ႕မွာ ပါရမီ႐ွင္ ႐ွာေဖြသည့္ မ်က္လုံးမ်ိဳး တကယ္႐ွိၿပီး ေဖးခ်မ့္၏ အသိအမွတ္ျပဳမႈကို ရခဲ့ပါသည္။

ေဖးခ်မ့္က သူ႕ပခုံးကို ပုတ္လိုက္ၿပီး ေျပာလိုက္ေလသည္။ "ေတာ္တယ္ကြာ။ ဒီတစ္ေခါက္ မင္းေကာင္းေကာင္း လုပ္ႏိုင္ခဲ့တာပဲ"

ထိုအခါမွ က်န္းယြမ္မွာ သူ႕ကိုေခၚလာခဲ့သည့္ မ်က္ႏွာ႐ွည္႐ွည္နဲ႔ တုံးအသည့္ပုံစံနဲ႔လူမွာ သာမန္လူမဟုတ္ေၾကာင္း သိလိုက္ရပါသည္။

သူက ေဘာ့စ္ေဖးနဲ႔ တကယ္နီးစပ္ပုံရသည္။ ပိုေကာင္းတာက ညီအစ္ကိုမာေကာ ေဘာ့စ္ေဖးေကာ သူ႕ကို အသိအမွတ္ျပဳၾကပါသည္။

မာယန္က လက္ပ္ေတာ့ကို ဖြင့္လိုက္ၿပီး တခ်ိဳ႕ အခ်က္အလက္မ်ားကို ျပလိုက္ပါသည္။ "ေယာက္ဖခ်မ့္ ငါအင္တာနက္ကေဖးအတြက္ ေနရာေတြ႐ွာထားၿပီးၿပီ။ ဒီနားပတ္လည္နားမွာပဲ။ ႏွစ္ထပ္ လုံးခ်င္း အေဆာက္အဦးတစ္လုံးပဲ။ အေသးစိတ္က ဒီမွာ။ ၾကည့္လိုက္ပါဦး။"

ေဖးခ်မ့္နဲ႔ က်န္းယြမ္တို႔ မာယန္ျပင္ထားသည့္ အခ်က္အလက္မ်ားကို ၾကည့္လိုက္ပါသည္။ ထိုေနရာက ဟန္တုံး တကၠသိုလ္ပတ္လည္မွာ မဟုတ္ဘဲ က်န္းက်ိဳးၿမိဳ႕ေတာ္၏ အစည္ကားဆုံး စီးပြားေရးနယ္ပယ္နဲ႔ ေဝးကြာပါသည္။

ပတ္ဝန္းက်င္က စီးပြားေရးနယ္ပယ္အေသးစားေလးဟု သတ္မွတ္ႏိုင္ၿပီး အနီးအနားတြင္ ေ႐ွာ့ပင္းေမာလ္လ္တစ္ခု႐ွိသည္။ သို႔ေသာ္လည္း ဒီေနရာကို ႂကြယ္ဝၿပီး လူေနထူထပ္သည္ဟု ေျပာလို႔ေတာ့ မရပါ။  ထို႔အျပင္ ေ႐ွာ့ပင္းေမာလ္လ္နဲ႔ လမ္းတစ္လမ္းျခားသည္။ အတူတူ႐ွိေနတာမဟုတ္ေပ။

လူစည္ကားေသာ နယ္ေျမတြင္ တည္ေနရာ ေ႐ြးခ်ယ္ရမည္ဟူသည့္ စနစ္၏ လိုအပ္ခ်က္ကို ျပည့္မွီ႐ုံေလာက္သာ ႐ွိပါသည္။

လုံးခ်င္း ႏွစ္ထပ္အေဆာက္အဦးတစ္ခုျဖစ္ၿပီး အေတာ္လည္း သစ္လြင္သည့္ပုံေပၚသည္။ လြန္ခဲ့သည့္ ၁ ႏွစ္ ၂ ႏွစ္ ေလာက္ကမွ တည္ေဆာာက္ထားသည့္ပုံပင္။ အတြင္းဘက္က ျမင္ႏိုင္သည့္ ဖန္နံရံမ်ားစြာ ႐ွိသည္။ ထို႔အျပင္ လွပသည့္ အတြင္းဘက္ ဒီဇိုင္းလည္း႐ွိပါသည္။ ပုံထဲက အတြင္းဒီဇိုင္းမ်ားကို ၾကည့္ျခင္းအားျဖင့္ စားေသာက္ဆိုင္တစ္ခု ျဖစ္ပုံေပၚသည္။ သို႔ေသာ္လည္း ေရာင္းမေကာင္းသျဖင့္ လုပ္ငန္းကို ရပ္တန္႔ေတာ့မည့္ပုံပင္။

လုပ္ငန္းဧရိယာက ၃,၀၀၀ စတုရန္းမီတာေလာက္ က်ယ္ဝန္းၿပီး ငွားရမ္းခက တစ္လကို ၃၁၅,၀၀၀ ယြမ္ျဖစ္ပါသည္။ ဆိုလိုတာက တစ္ရက္ကို တစ္စတုရန္းမီတာာလွ်င္ ၃.၅ ယြမ္ ကုန္က်သည့္သေဘာ ျဖစ္သည္။

မာယန္က ေျပာလိုက္၏။ "ေယာက္ဖခ်မ့္ အဲ့ဒီေနရာကို ငါစုံစမ္းၿပီးၿပီ။ ပတ္ဝန္းက်င္ေကာ အတြင္းဘက္ ဒီဇိုင္းေကာ ေတာ္ေတာ္ေလး ေကာင္းတယ္။ အေဆာက္အဦးကလည္း ေတာ္ေတာ္ေလး သစ္လြင္တယ္။"

"အစကေတာ့ အဆင့္ျမင့္ စားေသာက္ဆိုင္ တစ္ဆိုင္ဖြင့္ထားတာပဲ။ ဒါေပမယ့္ လုပ္ငန္းမေကာင္းလို႔ ပိတ္ရေတာ့မွာ။ ငွားရမ္းခကလည္း အဆင္ေျပတယ္။ ငါေတာ့ ဒီေနရာကို ေတာ္ေတာ္ေကာင္းတယ္လို႔ ထင္တယ္။ ၿပီးေတာ့လည္း လုံးခ်င္းအေဆာက္အဦးျဖစ္ေနတယ္။ ဘယ္လိုသေဘာရလဲ။”

ေဖးခ်မ့္ ဘာမွမေျပာပါ။ က်န္းယြမ္ကေတာ့ မ်က္ေမွာင္ၾကဳတ္သြားသည္။

ဒီေနရာက... စိတ္ခ်ရတဲ့ပုံလည္း မေပၚဘူး။

စားေသာက္ဆိုင္ပိတ္လိုက္ရတဲ့ အေၾကာင္းအရင္းကို ဒီမ်က္ႏွာ႐ွည္က ဘာလို႔မစဥ္းစားမိတာလဲ။

Continue Reading

You'll Also Like

148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021
237K 31.4K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
550K 52.1K 200
The Distinguished cute master manhwa myanmar translation This is fan translation. All works crd given to original author and artist. status - ongoi...
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung