သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-77+78

269 12 0
By Miracle_Phyu97

ဖေးချမ့် 77+78

အခန်း(၇၇) အစီအစဥ်ဆွဲခြင်း

ပေါင်ရှု ကြက်သေ သေသွားရသည်။ သူ ဝမ်းမသာပါ။

"အာ ဘော့စ်ဖေး ကျွန်တော်နားဖို့ မလိုပါဘူး။ ကျွန်တော် ကုမ္ပဏီမှာနေရတာ ကြိုက်ပါတယ်။" သူ တကယ်ပြောခြင်း ဖြစ်ပါသည်။

အပြင်ကို လျှောက်လည်ပြီး အပန်းဖြေရမှာလား။ သူ့မှာ အပန်းဖြေဖို့ ဘာရှိလို့လဲ။ အင်တာနက် ကဖေးဆိုင်ကိုပဲ ရောက်သွားမှာ မဟုတ်လား။ အင်တာနက်ကဖေးဆိုင်က ကုမ္ပဏီနဲ့ ဘယ်နေရာမှာ ယှဥ်နိုင်လို့လဲ။

ဒီကအားလုံးက ပါရမီရှိကြပြီး သူကလည်း စကားပြောရတာကို ကြိုက်နှစ်သက်ပါသည်။ ပေါင်ရှုက ဒီနေရာကို တကယ် သဘောကျပါသည်။

ဖေးချမ့်ကလည်း ပေါင်ရှုဒီလိုပြောလိမ့်မည်ဟု ခန့်မှန်းထားပြီးသားဖြစ်ပါသည်။ ဖေးချမ့်၏ မျက်နှာက အလွန်တင်းမာလာ၏။ "အဲ့လိုအတွေးမျိုးက အရမ်းမှားတယ်။"

"အသိပညာဗဟုသုတတိုးပွားဖို့ ကြိုးစားပြီး သင်ယူရတယ်။ ပြီးတော့ အဲ့ဒီအသိပညာကို လက်တွေ့ကမ္ဘာမှာ အသုံးချရတယ်။ ဂိမ်းဒီဇိုင်းတွေကို ပိတ်ထားတဲ့ တံခါးတွေနောက်မှာပဲ စဥ်းစားလို့ရတာမဟုတ်ဘူး။ အနာဂတ်မှာ မင်းကြီးမားတဲ့ အောင်မြင်မှု တစ်ခုခုကို ရချင်ရင် မင်းရဲ့အမြင်ကို ကျယ်ပြန့်အောင် လုပ်ရမယ်။"

"ဒီတစ်လအတွင်း မင်းဘယ် အင်တာနက်ကဖေးဆိုင်မှ သွားလို့မရဘူး။ လက်ထောက်ရှင်းကို မင်းလိုက်နာဖို့ အချိန်ဇယားဆွဲခိုင်းထားလိုက်မယ်။ မင်က နိုင်ငံထဲက နာမည်ကြီးတဲ့ နေရာတွေကို သွားရောက်လည်ပတ်ရမယ်။ နေရာတိုင်းကို စိတ်ပါဝင်စားရမယ်။ ပြီးရင် သင်ယူပြီး မင်းကိုယ်မင်း အဆင့်မြှင့်တင်ဖို့အတွက် ကြီးမားတဲ့ ဂိမ်းကုမ္ပဏီကြီးတွေဆီကို သွားရမယ်။"

"ဒါက မင်းအလုပ်အတွက် လိုအပ်တယ်။ မင်းငြင်းလို့မရဘူး။ နားလည်ပြီလား။"

ဘော့စ်ဖေး၏ မျက်နှာကို မြင်ကာ ပေါင်ရှု ဘာမှမပြောရဲတော့ဘဲ ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး"

သူတို့နှစ်ယောက်နားက လူတွေအားလုံး သူတို့ကြားလိုက်ရသော စကားဝိုင်းကြောင့် ကြက်သေ သေသွားကြသည်။

စိတ်ထားကောင်းလိုက်တဲ့ ဝန်ထမ်းနဲ့ ဘော့စ်ပါလား။

ဘော့စ်က ဝန်ထမ်းကို လစာမဖြတ်ဘဲ ခွင့်ရက်ပေးသည်။ ဝန်ထမ်းက အချိန်ပိုလုပ်ချင်နေ၏။

ဘုရားရေ...

ဒီကမ္ဘာကြီး တစ်ခုခု ဖြစ်နေတာများလား။

လင်းဝမ်က အခုပိုပြီးတောင် စိတ်ခံစားချက် ပြင်းပြနေပါပြီ။ သူမ ကင်မရာတစ်လုံးကိုယူပြီး ဒီမြင်ကွင်းကို ရိုက်ထားချင်မိ၏။ နောင်တစ်ချိန် ဒီမြင်ကွင်းကို တခြားသူများအား ပြန်ပြောပြသည့်အခါ ဘယ်သူမှ သူမကိုယုံကြည်မှာ မဟုတ်မှာကို စိုးရိမ်မိပါသည်။

သို့သော်လည်း ဒီလိုကုမ္ပဏီ၊ ဒီလိုဘော့စ်မျိုးနဲ့ ဒီလိုဝန်ထမ်းမျိုးတွေက တကယ်ရှိနေပါသည်။

ပါရမီရှိသော ဝန်ထမ်းနှစ်ယောက်ကို အောင်မြင်စွာဖြင့် ရှင်းထုတ်ပြီးသွားသောအခါ ဖေးချမ့် တကယ်လန်းဆန်းနေပါသည်။ ဟွမ်းစစ်ပေါ်က သူ့အစီအစဥ်နဲ့သူ ဂိမ်းလောကထဲက ထွက်သွားတော့မည်ဖြစ်သည်။ ပေါင်ရှုကတော့ လာမည့်လတွင် ခရီးထွက်ရမည်။ ပရောဂျက်အသစ်အတွက် အကြံသစ်များထုတ်ဖို့ မပါဝင်ရတော့ပါ။

တစ်လလောက်ကြာပြီး ပေါင်ရှုပြန်ရောက်လာသောအခါ ပရောဂျက်အသစ်၏ ဒီဇိုင်းကလည်း ပြီးဆုံးနေလောက်ပြီ။ ဖန်တီးခြင်းအဆင့်ကိုပင် ရောက်နေလောက်ပါပြီ. ပေါင်ရှု၏ အကြံတွေက ဘယ်လောက်ပဲကောင်းကောင်း ဘာမှ အသုံးဝင်မှာ မဟုတ်တော့ပေ။

အမှန်ပင်။ ဂိမ်းပရောဂျက်အသစ်က ဘယ်လိုမျိုးလဲ ဆိုတာကိုတော့ ဖေးချမ့် မစဥ်းစားရသေးပါ။

သို့သော်လည်း ဒီလူနှစ်ယောက်ကို အရင်ဖယ်ထုတ်လိုက်တာ မှန်ကန်သောလုပ်ရပ် ဖြစ်ပါသည်။

ထူးချွန်သည့် ဝန်ထမ်းများကို ဆုချပြီးနောက် ဖေးချမ့်က မာယန်ကို ရုံးခန်းသို့ ခေါ်လိုက်သည်။ အားလုံးကတော့ ကိုယ့်အလုပ်စားပွဲကိုယ် ပြန်သွားကြပါသ်ည။

ရှောင်လု အရင်တုန်းက သူ့အလုပ်အပေါ် ဒီလောက်အထိ စိတ်မလှုပ်ရှားခဲ့ဖူးပါ။ ဒီတစ်ခေါက် ထူးချွန်သည့် ဝန်ထမ်းဆုများမှာ အားလုံးအတွက် အားတက်စရာ ဖြစ်ပါသည်။ ဘော့စ်ဖေးက အလုပ်ကြိုးစားခြင်း၏  ရလဒ်များကို ပြသဖို့ ကြိုးစားနေခြင်းဖြစ်ပါသည်။ သူတို့အလုပ်ကြိုးစားကြပြီး အတော်ဆုံးဝန်ထမ်း ဖြစ်လာကြပါက သူတို့ အိပ်မက်ကို ဖြည့်ဆည်းဖို့ အိပ်မက်ရန်ပုံငွေများ ရနိုင်ပါသည်။

သူတို့ အတော်ဆုံးမဖြစ်နိုင်ဘဲ ဒုတိယနေရာ ရနိုင်ရင်တောင် တစ်လလောက် လစာခံစားခွင့် အားလပ်ရက်ရမည်ဖြစ်သည်။

ဒီလို တစ်ခါမှ မကြုံဖူးသည့် လုပ်ရပ်မျိုးက အရာရာထက် ပိုပြီးသက်ရောက်မှုရှိပါသည်။

...ဖေးချမ့်၏ ရုံးခန်းတွင်...

မာယန်က ဖေးချမ့်၏ အစီအစဥ်များကို အနည်းငယ် ဝေဖန်ချင်နေပါသည်၊။ "ယောက်ဖချမ့် အခု မင်းက ငါ့ဘော့စ်ဖြစ်နေပြီဆိုပေမယ့် ငါတို့ရဲ့ ရင်းနှီးခင်မင်မှုအရ မင်းကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ငါပြောမှာကို မင်းမကြိုက်ရင်တောင် ငါပြောမှာပဲ။"

"ဟွမ်းစစ်ပေါ်နေရာကို လုမင်းလျန် ယူသွားတာ မကောင်းဘူးလို့ ငါတော့ထင်တယ်။ လုမင်းလျန်မှာ ဘာမှ ထူးထူးခြားခြား စွမ်းရည်မရှိဘူးလို့ ငါခံစားနေရတယ်။ သူက အစီအစဥ်ဆွဲသူချုပ် ဖြစ်နိုင်ရင်... ငါလည်းဖြစ်နိုင်မယ် ထင်တယ်။"

"ငါလည်း ဒီတစ်ခေါက် ဒီဇိုင်းအတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။ အရင်တုန်းက အဲ့ဒီအလုပ်မ လုပ်ဖူးရင်တောင် အနည်းဆုံးတော့ ဘယ်လို လုပ်ရလဲ မြင်ဖူးပါတယ်။"

ဖေးချမ့်က ထိုင်ခုံပေါ်တွင် ခြေခွေထိုင်ကာ မာယန်ကို ခပ်ပါးပါး ပြုံးပြလိုက်ပါသည်။ "စိတ်အေးအေးထားစမ်းပါ။ ငါတို့ရဲ့ ခင်မင်မှုအရ မင်းကို မဟုတ်တာလုပ်ပါ့မလား။ မာကြီး မင်းက အတော်ဆုံးဝန်ထမ်း မဟုတ်ပေမယ့် မင်းက ငါ့အယုံကြည်ရဆုံးလူဆိုတာကိုတော့ ယုံကြည်ရမယ်။ အဲဲ့တာ ဘယ်တော့မှ မပြောင်းလဲသွားဘူး။"

"ငါမင်းအတွက် အရင်တုန်းက အရေးကြီးတဲ့ ရာထူးတစ်ခုမှ မစီစဥ်ပေးဖူးဘူး။ အဲ့တာ ဘာလို့လဲဆိုတော့ အခု ပိုပြီးအရေးကြီးတဲ့ကိစ္စတစ်ခုကို ကိုင်တွယ်ခိုင်းစရာရှိလို့ပဲ။"

"ဒါက ထန်းတာ့ကော်ပိုရေးရှင်းရဲ့ ပြောင်းလဲမှုအတွက် အချက်အချာကျတဲ့ ခြေလှမ်းပဲ။ ဒီတာဝန်ကို မင်းကိုပေးအပ်ဖို့ ငါပြင်ဆင်ထားပြီးပြီ။ မင်းအဆင်သင့်ဖြစ်ပြီလား။"

မာယန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ "တ... တကယ်လား။"

ဖေးချမ့်က သူ့ကွန်ပျူတာ ဖန်သားပြင်ကို ဖွင့်လိုက်ပြီး မာယန်ကို ကြည့်ခိုင်းလိုက်ပါသည်။ ထိုအပေါ်က ကျင်းကျိုးမြို့ မြေပုံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒီမှာလာကြည့်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ အဲ့တာတွေက ကျင်းကျိုးမြို့တော်မှာ စီးပွားရေး စည်ကားတဲ့ နေရာတွေပဲ။ ပြီးတော့ ငါတို့တက္ကသိုလ်ဝန်းကျင်က နေရာကလည်း ကောင်းတယ်လို့ထင်တယ်။"

"အဲ့ဒီနေရာတွေထဲက အကောင်းဆုံးနေရာကို ရွေးပြီး ကျယ်ပြန့်တဲ့ အင်တာနက်ကဖေးဆိုင်ဖွင့်ဖို့ စဥ်းစားနေတာ။ ဒီကိစ္စတစ်ခုလုံးကို မင်းလက်ထဲမှာပဲ အပ်ထားမှာနော်။ မင်း ဘယ်လို သဘောရလဲ။"

မာယန်၏ မျက်လုံးများက ရီဝေလာပြီး ပြောလိုက်ပါသည်။ "ယောက်ဖချမ့် မင်းပြောတဲ့ အရေးကြီးတဲ့ ရာထူးဆိုတာ... အင်တာနက်ကဖေးဆိုင်ရဲ့ ဘော့စ် လုပ်ဖို့လား။"

မာယန် အနည်းငယ် စိတ်ပျက်သွားပါသည်။

ဖေးချမ့် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်၏။ "အင်တာနက်ကဖေးဆိုင်ရဲ့ ဘော့စ်ဆိုတာ ဘာကိုပြောတာလဲ။ ဒါက မတူဘူးကွ။"

"ငါ့အစီအစဥ်ထဲမှာ ဒါက သာမန် အင်တာနက်ကဖေးဆိုင် မဟုတ်ဘူး။ အင်တာနက်ကဖေးရယ်၊ ဂိမ်းရသတွေရယ်၊ ဟာ့ဒ်ဝဲတွေ ရောင်းချဖို့ရယ်၊ ရှိုးပွဲတွေကြည့်ဖို့ရယ် စတာတွေပါတယ်။ အဲ့ဒီအရာတွေအားလုံး ပေါင်းစပ်ထားတဲ့ ဖျော်ဖြေရေး စင်တာကြီးတစ်ခုပဲကွ။"

"ဒါရဲ့ အရေးပါမှုကို မင်းနားမလည်သေးပါဘူး။"

"ထန်းတာ့က အဓိကစီးပွားရေးအကုန်လုံးက ဂိမ်းလောကထဲမှာပဲလေ။ ဒါပေမယ့် ငါတို့ ဘာတွေလိုနေသေးလဲ။ ငါတို့ ကစားသမားတွေနဲ့ ဆက်သွယ်ဖို့ ပလက်ဖောင်းနဲ့ နေရာတွေ လိုအပ်နေတယ်လေကွာ။ ထန်းတာ့ရဲ့ ပန်းတိုင်က ဂိမ်း၊ ဖျော်ဖြေရေး၊ ဟာ့ဒ်ဝဲနဲ့ တခြားလုပ်ငန်းတွေ အများကြီး ပေါင်းစပ်ပါဝင်တဲ့ ဘက်စုံစီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာဖို့ပဲ။ ဒီစင်တာက အဲ့ဒီပဟေဠိအတွက် အရေးကြီးတဲ့ အပိုင်းအစတစ်ခုဖြစ်လာမှာကွ။"

"အဲ့လောက်အရေးကြီးတဲ့ တာဝန်အတွက် တခြား ဘယ်သူ့ကိုမှ ငါမယုံနိုင်ဘူး။ ငါ့မှာ မင်းကိုပဲ အားကိုးစရာရှိတယ်။"

ဖေးချမ့်၏ စိတ်အားထက်သန်နေသောမျက်နှာကို မြင်သောအခါ ဖေးချမ့် နောက်နေတာမဟုတ်မှန်း မာယန်သေချာသွားပါပြီ။

သူအတည်ပြောနေတာပဲ။

မာယန်၏ လက်များက အနည်းငယ် တုန်ယင်လာပြီး ပြောလိုက်ပါသည်။ "ယောက်ဖချမ့် ငါ... ငါ..."

ဖေးချမ့်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်ပါသည်။ "မင်းဘာမှပြောစရာမလိုပါဘူး။ ငါနားလည်ပါတယ်ကွာ။"

"ဒါပေမယ့် ငါက စစ်တပ်မရှိတဲ့ စစ်သူကြီး တစ်ယောက်လိုပဲလေ။ ငါက တကယ်တော့ ဘာမှမဟုတ်ပါဘူး..." မာယန်၏ မျက်နှာက နာကျင်လာပါသည်။

"မင်းမှာ ပိုက်ဆံရှိတယ်။ မင်းဘာလိုချင်နေသေးလို့လဲ။ ပါရမီရှိတဲ့လူတွေ လိုနေသေးတယ်လို့ ခံစားရရင် ထပ်ခန့်အပ်လိုက်ပေါ့ကွ။ စိတ်မပူပါနဲ့။ ထန်းတာ့က အခု အားကောင်းတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပြီ။ ငါတို့ရဲ့ ဂိမ်းတွေ နှစ်ခုစလုံးက ငွေဝင်ပေါက်ကြီးတွေပဲ။ စိတ်ချထားပြီး မင်းအရဲစွန့်ချင်သလောက် စွန့်လိုက်စမ်းပါ။ ငါမင်းကို ထောက်ပံ့ပေးမယ်။ မင်းဘာတွေကြောက်နေတာလဲ။" ဖေးချမ့်က ပြောလိုက်ပါသည်။

"အဲ့တာဆို... ငါ့မှာ အရင်းအနှီး ဘယ်လောက် ရှိမှာလဲ" မာယန်က မေးလိုက်သည်။

"အရင်းအနှီးဟုတ်လား။ အကန့်အသတ်မရှိဘူး" ဖေးချမ့်က လက်ဟန်ပြကာ ပြောလိုက်ပါသည်။ "မင်း ဘယ်လောက်ပဲလိုလို တောင်းဖို့ပဲ လိုတယ်။ ဒါပေမယ့် ငါ့ကိုတော့ ကြိုပြီးအသိပေးရမယ်နော်။ ငါက ရန်ပုံငွေတွေကို ကစားဖို့ လိုသေးတယ်။"

မာယန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီ။ ငါသေချာပေါက် ဒီတာဝန်ကို အောင်မြင်စေရပါမယ်။"

"ဟုတ်ပြီ သွားပြင်ဆင်လိုက်တော့။ အစီအစဥ်မူကြမ်းကို အရင်ပြင်ဆင်လိုက်။ ငါမင်းကို ထပ်ပြီး သတိပေးလိုက်ဦးမယ်။ ထန်းတာ့က ပရောဂျက်အကြီးစားတွေကို ကိုင်မှာနော်။ ဆိုင်ခန်းဆိုရင်တောင် တခြား အင်တာနက်ကဖေးတွေလို မဖြစ်ရဘူး ကြားလား။ ပြုပြင်ပြင်ဆင်မှုတွေက ကုမ္ပဏီရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီနေရမယ်။ ငါတို့ ဘာမှချန်ထားလို့ မဖြစ်ဘူး။" ဖေးချမ့်က စိတ်အားထက်သန်စွာ ညွှန်ကြားလိုက်ပါသည်။

မာယန်က သူ့ရင်ဘတ်သူ ပုတ်လိုက်ပြီး ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့။ ငါတာတန်ယူလိုက်မယ်။"

မာယန် တံခါးဖွင့်ကာ ထွက်သွားသည်။ ဖေးချမ့်က မာယန်၏ နောက်ကျောကိုကြည့်ပြီး သက်ပြင်းနက်နက် ချလိုက်မိတော့သည်။

နောက်ဆုံးတော့လည်း ဘယ်သူ့ကိုမှ အားကိုးလို့ရတာမဟုတ်ပါ။

သူ့ယောက်ဖကို အာားကိုးရဦးမည်။

သမုဒ္ဒရာရဲတိုက်၏ ထင်မှတ်မထားသော အကျိုးအမြတ်များမှာ ဖေးချမ့်တစ်ယောက် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ကို အယုံမှားခဲ့သောကြောင့်ဖြစ်ပါသည်။ သူ ဒီပရောဂျက်ကိုသာ မာယန်လက်ထဲ အစကတည်းက အပ်ခဲ့ပါက အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါသည်။

ယခု ဟွမ်းစစ်ပေါ်က ယွမ် ၁ သန်းယူကာ သူလုပ်ချင်တာလုပ်ရင်း အလုပ်များနေပြီး ပေါင်ရှုကတော့ အားလပ်ရက် အတင်းအကြပ် သွားခိုင်းလိုက်ရသည်။

ဂိမ်းပရောဂျက်အသစ်ကို ရှောင်လုထံသို့ အပ်ထားပြီး အင်တာနက်ကဖေးပရောဂျက်ကိုတော့ မာယန့်တာဝန်ထားလိုက်ပါသည်။ အရင်တစ်ခေါက်တော့က ဖေးချမ့် အစွမ်းကုန်ကြိုးစားပြီး ယွမ်၂၀,၀၀၀ ဝန်းကျင် အရှုံးပေါ်နိုင်ခဲ့ပါသည်။

ဒီလောက်ရထားသော်လည်း သူ့လောဘက အတောမသတ်နိုင်သေးပါ။

နောက်ထပ် ငွေစာရင်းရှင်းချိန်ရောက်သောအခါ ဖေးချမ့် စနစ်ရန်ပုံငွေကို ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ဝန်းကျင်လောက်တွင် ထိန်းထားနိုင်ပါက သူ့အကောင့်ထဲ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ ယွမ်လောက် ချက်ချင်း ဝင်လာနိုင်သည်။ ထိုအကြောင်း တွေးကြည့်ရုံနဲ့ ရင်သပ်ရှုမောမိပါသည်။

ထိုအချိန်ရောက်လျှင် စနစ်က သူ့ကို တားမြစ်ထားခဲ့သည့် အရာမှန်သမျှကို ဝယ်ယူနိုင်ပါတော့မည်။

အခန်း(၇၈) ဂိမ်းနာမည် : ဂိမ်းဒီဇိုင်နာ

ဗုဒ္ဓဟူးနေ့...

အစည်းအဝေးခန်းထဲတွင်...

လုမင်းလျန်က အလွန်စိတ်လှုပ်ရှားနေပြီး အနည်းငယ် စိတ်လွင့်နေပါသည်။

အစည်းအဝေးစာပွဲပေါ်မှာ ယုံကြည်ချက်ရှိရှိနဲ့ ခြေထောက်တင်ထားနိုင်သည့် ဆရာကြီးနှစ်ယောက် မရှိတော့ပါ။

ပေါင်ရှုက မနေ့ကတည်းက အလုပ်မလာတော့တာဖြစ်သည်။ လစာခံစားခွင့် အားလပ်ရက် ၁ လ ပေးထားကာ ဘော့စ်ဖေးက သူ့ကို နိုင်ငံတော်ထဲက နာမည်ကြီး နေရာတချို့ကို သွားလည်ပြီး တခြား ဂိမ်းကုမ္ပဏီကြီးများထံမှ သွားသင်ယူဖို့ ပြောခဲ့ပါသည်။

ဟွမ်းစစ်ပေါ်ကလည်း အခုတလော ပေါ်မလာတော့ပါ။ ဘော့စ်ဖေး ဆုချထားသည့် ယွမ် ၁ သန်းဖြင့် သူဘာတွေလုပ်နေသလဲ ဘယ်သူမှမပြောနိုင်ပါ။

ထိုဘော့စ်ကြီးနှစ်ယောက်ကို အားကိုးလို့မရတော့သဖြင့် လုမင်းလျန်က အစီအစဥ်ဆွဲသူချုပ်ဖြစ်လာပြီး ဖိအားများစွာကို ခံစားလိုက်ရပါသည်။

ထို့အပြင် ဘော့စ်ဖေးက ဒီအစည်းအဝေးပွဲတွင် နောက်ထပ်ဆောင်ရွက်ရမည့် ပန်းတိုင်များကို ပြောပြသွားပြီးနောက် လုမင်းလျန် ပို၍ပင် စိတ်ပူပင်သွားခဲ့ပါသည်။

ဘော့စ်ဖေးပြောခဲ့တာက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို လတ်တလော အပ်ဒိတ်တင်ဦးမှာ မဟုတ်ကြောင်း ဖြစ်သည်။ ဝန်ထမ်းအင်အားအားလုံးကို နောက်ထပ် ဂိမ်းအသစ်ဖန်တီးဖို့သာ အာရုံစိုက်ထားမည်ဟု ပြောခဲ့၏။

ဒါက လုမင်းလျန် မထင်ထားသည့်အရာဖြစ်ပြီး သူ့အတွက် စိတ်ဖိစီးဖို့ ကောင်းပါသည်။

ယုတ္တိရှိအောင် ပြောရလျှင် အောင်မြင်သည့် ဂိမ်းနှစ်ခု လက်ထဲမှာ ရှိနေပြီးသားဖြစ်သဖြင့် အခုက ထိုဂိမ်းများမှတဆင့် ပိုက်ဆံရှာဖို့အချိန် ဖြစ်ပါသည်။ ဥပမာ edition အသစ်များ ထုတ်လုပ်ခြင်း၊ ကတ်အသစ်များ ဖန်တီးခြင်းနှင့် ဆန်းကြယ်လက်နက် အသစ်ထပ်မံဖန်တီးခြင်း စသည်တို့ ဖြစ်သည်။

သူတို့ ပိုက်ဆံကို အလွယ်လေးရှာနိုင်သည်။ အလွန် ဝင်ငွေကောင်းပါလိမ့်မည်။

လုမင်းလျန်ကလည်း ဒီအခွင့်အရေးကို အသုံးချပြီး သူ့လက်ရှိတာဝန်များကို အဆုံးသတ်ကာ တာဝန်အသစ်များကို ယူနိုင်သည်။ ပထမဆုံး တစ္ဆေစစ်သူကြီးနှင့် ဒီအတွက် edition အသစ်တစ်ခု ဖန်တီးမည် ဖြစ်သည်။ ထို့နောက် သူ့တာဝန်အသစ်ကို ဖြည်းဖြည်းချင်း အသားကျသွားအောင် လုပ်ပြီးမှ ဂိမ်းအသစ်တစ်ခုကို ဖန်တီးမည်ဖြစ်၏။ ဒါက ဘေးအကင်းဆုံး နည်းလမ်း ဖြစ်ပါသည်။

သို့သော်လည်း ဘော့စ်ဖေးကတော့ လက်ရှိ ဂိမ်းများအတွက် edition အသစ်များ ထုတ်လုပ်ဖို့ အစီအစဥ် မရှိဘဲ ချက်ချင်းဆိုသလို ပရောဂျက်အသစ်ကို စတင်ချင်နေပါသည်။

ထို့ကြောင့် သက်တမ်းနှစ်ရက်သာ ရှိသေးသည့် အစီအစဥ်ဆွဲသူချုပ်အသစ်လေးဖြစ်သူ လုမင်းလျန်အား အလွန်လမ်းပျောက်ကာ စိတ်ရှုပ်ထွေးသွားစေပါသည်။

အမှန်ပင်။ ဘော့စ်ဖေးမှာ သူ့ဆုံးဖြတ်ချက်များအတွက် အကြောင်းပြချက်ရှိနေမှာကိုတော့ လုမင်းလျန် သေချာသိပါသည်။ ဘော့စ်ဖေးက ရှေ့ကိုသာ ဆက်တိုးနေတတ်သည့် လူမျိုးဖြစ်သည်။ ဒီတိုင်း ရပ်နေပြီး အမြတ်ငွေများကို ထိုင်တွက်နေတတ်သည့် သာမန် ဘော့စ်မျိုး မဟုတ်ပါ။ edition အသစ် ထုတ်လုပ်ပြီး ပိုက်ဆံရှာဖို့ ခဏလေးတောင် မနားဘဲ ပရောဂျက်အသစ်ကို ချက်ချင်း စွန့်စားသည်။ ဘော့စ်ဖေး၏ ရည်မှန်းချက်များ၊ အမြော်အမြင်နဲ့ အကြံတို့က လုံးဝ ရှင်းလင်းပါသည်။

"ဂိမ်းအသစ်အတွက် ကျွန်တော့်မှာ အကြံတချို့ ရှိပြီးသားပါ။ ကျေးဇူးပြုပြီး နားထောင်ပေးကြပါ။"

အစည်းအဝေးစားပွဲကြီး၏ ထိပ်နေရာတွင် ဖေးချမ့်က အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားရင်း ပြီးပြည့်စုံစွာ ထိုင်နေပါသည်။ လုမင်းလျန်က ဖေးချမ့်အကြောင်း အရင်ကထက်ပင် ပိုသေချာ သိပါသည်။

သို့သော်လည်း...

ဖေးချမ့် ဒီလိုလုပ်ရသည့် အကြောင်းအရင်းကတော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ သူဘာလို့ edition အသစ်ကို မထုတ်ရတာလဲ။ edtition အသစ်တစ်ခုကို ထုတ်လုပ်ဖို့အတွက် သေချာပေါက် ပိုက်ဆံတောင်းရမည်။ DLC အဖြစ် ရောင်းချရင်း ပိုက်ဆံရှာချင်ရှာ၊ သို့မဟုတ် ဂိမ်းထဲမှာ ကစားနိုင်သည့် ကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းရမည်။

စနစ်က လုံးဝ အခမဲ့ဖြစ်နေသော edition အသစ်ကို လက်ခံမှာ မဟုတ်ပေ။ ပြဿနာက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့မှာ ကစားသမားများစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။ သူတို့က အလွန် ပိုက်ဆံသုံးချင်ကြသူများလည်း ဖြစ်သည်။ အခုအချိန်သာ edition အသစ်တစ်ခုကို ထုတ်လုပ်လိုက်ပါက ချက်ချင်းဆိုသလို ရောင်းအားတက်သွားနိုင်ပါသည်။

ထို့ကြောင့် နောက်ထပ် ပရောဂျက်အသစ်တစ်ခု လုပ်တာက ပိုဘေးကင်းလိမ့်မည်ဟု ဖေးချမ့် ခံစားမိခြင်း ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ပရောဂျက်အသစ်တစ်ခုကို ဖျက်ဆီးရတာက အောင်မြင်နေပြီးသား ဂိမ်းကို ဖျက်ဆီးရတာထက် အများကြီး ပိုလွယ်ကူသောကြောင့်ဖြစ်သည်။

ဂိမ်းသစ်ပေါင်းများစွာက ထုတ်ထုတ်လိုက်ချင်းမှာပင် ကျရှုံးသွားတတ်ကြသည်။ ၎င်းတို့နောက်ကွယ်တွင် ပရော်ဖက်ရှင်နယ် ကြယ်ပွင့် ပရိုဂျူဆာတစ်ယောက်ရှိနေရင်တောင် အားလုံးကို ချောမွေ့အောင် ပြုလုပ်ဖို့က ခက်ခဲပါသည်။ ထို့အပြင် ဂိမ်းဟောင်းပေါင်းများစွာက ဆက်ထိန်းထားနိုင်ကြသေးသော်လည်း ပြုတ်မကျရုံတမယ်သာ ဖြစ်ကြသည်။

ထို့ကြောင့် ဖေးချမ့်က အသစ်ကစဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ထို့အပြင် အရင်တုန်းက အဖြစ်အပျက်ဆီကလည်း သင်ခန်းစာယူရဦးမည် ဖြစ်သည်။

အဲ့ဒီတုန်းက သူ့ရဲ့ အကြီးမားဆုံး အမှားက ဘာလဲ။

ပေါင်ရှုနဲ့ ဟွမ်းစစ်ပေါ်တို့ကို အလွန်ယုံကြည်လိုက်ခြင်း ဖြစ်ပါသည်။

ဖေးချမ့်က သူ့တောင်းဆိုချက်သုံးခုကို သူတို့နှစ်ယောက်က ဂိမ်းရဲ့ ရောင်းကောင်းစေမည့် အချက်များအဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ ဒီတစ်ခေါက်တော့ ဖေးချမ့်က ပရောဂျက်တစ်ခုလုံးကို သူကိုယ်တိုင် ပိုပြီး ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပါသည်။ နောက်ထပ် သမုဒ္ဒရာရဲတိုက်တစ်ခုထွက်လာခွင့် မပေးနိုင််ပါ။

ရှောင်လုကိုပင် ဖန်တီးခွင့် မပေးရဲပေ။

အကယ်၍များ... ရှောင်လုက ပေါင်ရှုကို နောက်ကွယ်မှာ သွားတိုင်ပင်ပြီး ရုတ်တရက်ကြီး အကြံကောင်းတွေ ရသွားရင် ဘယ်လိုလုပ်မလဲ။

ထို့ကြောင့် ဖေးချမ့်က ဒီတစ်ခေါက်တော့ သူ့စကား သူ့ဥပဒေသာ လုပ်တော့မည် ဖြစ်သည်။ ဖေးချမ့်က ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒီတစ်ခေါက်တော့ ကျွန်တော်တို့ သမိုင်းဝင်နိုင်မယ့် ဂိမ်းတစ်ခုကို ဖန်တီးကြမယ်။"

"ဂိမ်းရဲ့နာမည်က..."

"ဂိမ်းဒီဇိုင်နာ"

အစည်းအဝေးခန်းထဲက လူအားလုံး ဖေးချမ့်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။ သူတို့ နားမလည်သော်လည်း အထင်ကြီးစရာတော့ ကောင်းပါသည်။

ဒါက မဆိုးဘူးဟု ပြောရမည်။ ဒါက ဂိမ်းလောကထဲမှာ ထန်းတာ့ရဲ့ ရာဇဝင်ကို ပြောင်းလဲပေးမယ့် ဂိမ်းလား။

သို့သော်လည်း ခေါင်းစဥ်ကို ကြည့်ခြင်းအားဖြင့် အင်တာဗျူး သို့မဟုတ် မှတ်တမ်းများတွင် သုံးလို့ရသော်လည်း ဂိမ်းတစ်ခုအဖြစ် ဘယ်လို ပြောင်းလဲနိုင်မည်နည်း။

ထို့ကြောင့် အားလုံး စိတ်ပါဝင်စားစွာ နားထောင်နေကြပါသည်။

ဖေးချမ့်က အလွန်ယုံကြည်ချက်ပြည့်ဝနေပြီး အထင်ကြီးဖို့ကောင်းစွာ ပြောလိုက်ပါသည်။

"ဒီဂိမ်းကတော့ အရမ်းရိုးရှင်းပါတယ်။ ဂိမ်းပရိုဂျူဆာတစ်ယောက်ရဲ့ ဘဝအကြောင််းပေါ့။ ဂိမ်းထဲမှာ ဂိမ်းဒီဇိုင်နာက ဆုံးဖြတ်ချက်တွေ ဆက်တိုက်ချရမယ်။ ဆုံးဖြတ်ချက်တိုင်းက မတူညီတဲ့ ရလဒ်တွေဆီကို ဦးတည်နေမယ်။"

"ဥပမာအာားဖြင့် ဂိမ်းအမျိုးအစား၊ Payment နည်းလမ်း၊ ကြော်ငြာဗျူဟာ စတာတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတယ်။ တစ်ချိန်တည်းမှာာပဲ။ ဂိမ်မာက ရုပ်ခြည်း ဖြစ်ပျက်လာတဲ့ event တွေနဲ့ ရင်ဆိုင်ရမယ်။ နောက်ဆုံးမှာတော့ ဂိမ်မာက ဂိမ်းတစ်ခုကို ဖန်တီးပြီး အမြတ်နဲ့ အွန်လိုင်းပေါ်က ရောင်းအားကို စောင့်ကြည့်နိုင်မယ်။ ဒါက အကြမ်းဖျင်း စိတ်ကူးပါ။ ခင်ဗျားတို့တွေ မေးစရာရှိရင် လွတ်လွတ်လပ်လပ်မေးလို့ ရပါတယ်။"

ဘယ်သူမှ စကားမပြောကြသေးပေ။ အားလုံးက အနည်းငယ် အံ့သြနေသည့်ပုံပင်။

ဖေးချမ့်က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပါသည်။

အံ့သြနေကြပြီမလား။

ဟုတ်တယ်>

ဒါက ဘယ်သူမှ မလုပ်ဖူးတဲ့ အသစ်အဆန်း အမျိုးအစားပဲ။ ပြီးတော့လည်း သူ့ရဲ့ content က စိတ်ဝင်စားဖို့ မကောင်းဘူး။ ခမ်းနားအောင် လုပ်နိုင်ဖို့လည်း နည်းလမ်း မရှိဘူး။ ဂိမ်းကစားပုံကလည်း အရမ်းရိုးရှင်းနေမှာ။ ဂိမ်းလောကက အရမ်းစိတ်ပျက်စရာကောင်းပြီး ထိုင်းမှိုင်းလွန်းတယ်။ အဲ့တာမျိုးသာ ဂိမ်းတစ်ခု ဖြစ်လာလို့ကတော့ သေချာပေါက် ပျော်ဖို့ကောင်းမှာ မဟုတ်ဘူး။

ဒီလိုအမျိုးအစားက အောင်မြင်မှာ မဟုတ်ဘူး။

ဂိမ်မာအနည်းငယ်ကို ဆွဲဆောင်နိုင်သည့် လွတ်လပ်သည့် ဂိမ်းဖြစ်နေရင်တောင် ဝင်ငွေ များများစားစားရဖို့ ခက်ခဲနိုင်ပါသည်။ ထိုအချိန််ကျလျှင် ပန်းချီရင်းမြစ်ပေါ်တွင် ပိုက်ဆံပိုသုံးခြင်းက ရောင်းအားကျဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး အရင်းတောင် ပြန်မရနိုင်လောက်ပါ။

အမှန်ပင်။ ဖေးချမ့်က ဒီလိုလုပ်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးသည်။

လုမင်းလျန်က ပထမဆုံး လက်ထောင်လိုက်သူ ဖြစ်သည်။

"ဘော့စ်ဖေး ဒီဂိမ်းနောက်ကွယ်က ယေဘုယျ အိုင်ဒီယာကိုတော့ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်မေးချင်တာက ဒီဂိမ်းကို ဘယ်လိုနည်းလမ်းနဲ့ ဖော်ပြပြီး မားကတ်တင်းဆင်းမှာလဲ။ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဝတ္ထုအမျိုးအစားမျိုးလား။"

စိတ်ကြိုက်ရွေးချယ်နိုင်သည့် ဝတ္ထုအမျိုးအစား ရှင်းရှင်းပြောရလျှင် ကစားသမားက ဝတ္ထုဇာတ်ကောင်များဖြင့် ဆက်သွယ်နိုင်သော ဂိမ်းတစ်ခု ဖြစ်သည်။

ဒီလိုဂိမ်းမျိုးက ဖန်တီးရလွန်ကူပြီး အသုံးချပုံမျိုးစုံလည်းရှိသည်။ တူးဒီဇာတ်ဝင်ခန်းများနှင့် မူရင်းဇာတ်ကောင်များကို ဖန်တီးပြီး ဂိမ်းထဲကို စာသားတွေ အများကြီး ထည့်သွင်းဖို့သာ လိုအပ်သည်။ ဒီလောက်ဆို ဂိမ်းထဲမှာပါသမျှ အကုန် ဖြစ်ပါသည်။

လုမင်းလျန်၏ တွေးခေါ်ပုံအရ ဒီဂိမ်းက Chinese Parents လို ဂိမ်းမျိုးနဲ့ ဆင်တူနေပါသည်။ အမှန်ပင်။ လုမင်းလျန်က Chinese Parents ဂိမ်းကို မသိပါ။ တခြား စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းများကိုတော့ မြင်ဖူးပါသည်။

ဖေးချမ့်က ခေါင်းခါလိုက်၏။ "မဟုတ်ဘူး။"

စိတ်ကြိုက်ရွေးချယ်ဝတ္ထုဟုတ်လား။ ဘယ်ဟုတ်ပါ့မလဲ။

စိကြိုက်ရွေးချယ်ဝတ္ထုဂိမ်းတစ်ခုလုပ်ဖို့ သူဘယ်လောက်သုံးဖို့လိုမှာလဲ။ ပန်းချီပုံအနည်းငယ်နဲ့ နာမည်ကျော် နောက်ခံစကားပြော တချို့သာ လိုအပ်မည်။ ဒါဆို ယွမ် သိန်းကျော်နည်းနည်းလေးသာ ကုန်နိုင်ပြီး လုံလောက်မည် မဟုတ်ပေ။

သမုဒ္ဒရာရဲတိုက်က တစ်ပတ်ကို ယွမ် ၄၀၀,၀၀၀ - ၅၀၀,၀၀၀ လောက် ဝင်နေသည်။ ထို့ကြောင့် ဂိမ်းအသစ်မှာ ဒီလောက် နည်းနည်းလေး ရင်းနှီးမြှုပ်နှံလိုက်ပါက ပြဿနာ မရှိနိုင်ဘူးလား။

ဒါက သူ့ပြဿနာကို မပြေလည်စေနိုင်ပါ။

ဖေးချမ့်က ဂိမ်းအသစ်အတွက် အနည်းဆုံး ယွမ် ၂ သန်းနဲ့ အထက် ပစ်မှတ်ထားနေသည်။ ဒါမှ အရှုံးပေါ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။ မဟုတ်ပါက ယွမ်သိန်းအနည်းငယ်လောက်သာ အရှုံးပေါ်တာက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ဆီက ပြန်ရတာနဲ့ ကာမိမှာ မဟုတ်ပေ။

"ငါတို့ အကုန်လုံးကို သရီးဒီပဲ သွားမယ်။ အဆင့်အမြင့်ဆုံး သရီးဒီမော်ဒယ်ကို သုံးမှာနော်။ လူတွေဖြစ်ဖြစ် ဆက်တင်ဖြစ်ဖြစ် အကောင်းဆုံးပဲ လိုချင်တယ်။"

လုမင်းလျန် ကြက်သေ သေသွားပါသည်။

ထိုသို့လုပ်လိုက်ပါက ဘယ်လိုဖြစ်လာမလဲ သူစိတ်ကူးကြည့်လို့မရပါ။

စဥ်းစားကြည့်ရုံနဲ့ ထူးဆန်းနေပါသည်။

"စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းတစ်ခုအတွက်... အကုန်လုံးကို သရီးဒီသုံးမှာလား" လုမင်းလျန်က မေးခွန်းထုတ်လိုက်သည်။

"ဘာလို့ စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းတွေပဲ ထင်နေတာလဲ။" ဖေးချမ့်က ဆွံ့အသွားပြီး ခေါင်းခါလိုက်ပါသည်။ "ငါက စိတ်ကြိုက်ရွေးချယ်ဂိမ်းပုံစံမျိုးကို သုံးဖို့ အစီအစဥ်မရှိဘူး။ အရမ်း ခေတ်နောက်ကျလွန်းတယ်။"

"ဒီဂိမ်းကို ဖန်တီးဖို့အတွက် ပိုခိုင်မာပြီး ခေတ်မီတဲ့ နည်းလမ်းတွေ ဗျူဟာတွေကို သုံးကြမယ်။"

Zawgyi

ေဖးခ်မ့္ 77+78

အခန္း(၇၇) အစီအစဥ္ဆြဲျခင္း

ေပါင္႐ႈ ၾကက္ေသ ေသသြားရသည္။ သူ ဝမ္းမသာပါ။

"အာ ေဘာ့စ္ေဖး ကြၽန္ေတာ္နားဖို႔ မလိုပါဘူး။ ကြၽန္ေတာ္ ကုမၸဏီမွာေနရတာ ႀကိဳက္ပါတယ္။" သူ တကယ္ေျပာျခင္း ျဖစ္ပါသည္။

အျပင္ကို ေလွ်ာက္လည္ၿပီး အပန္းေျဖရမွာလား။ သူ႕မွာ အပန္းေျဖဖို႔ ဘာ႐ွိလို႔လဲ။ အင္တာနက္ ကေဖးဆိုင္ကိုပဲ ေရာက္သြားမွာ မဟုတ္လား။ အင္တာနက္ကေဖးဆိုင္က ကုမၸဏီနဲ႔ ဘယ္ေနရာမွာ ယွဥ္ႏိုင္လို႔လဲ။

ဒီကအားလုံးက ပါရမီ႐ွိၾကၿပီး သူကလည္း စကားေျပာရတာကို ႀကိဳက္ႏွစ္သက္ပါသည္။ ေပါင္႐ႈက ဒီေနရာကို တကယ္ သေဘာက်ပါသည္။

ေဖးခ်မ့္ကလည္း ေပါင္႐ႈဒီလိုေျပာလိမ့္မည္ဟု ခန္႔မွန္းထားၿပီးသားျဖစ္ပါသည္။ ေဖးခ်မ့္၏ မ်က္ႏွာက အလြန္တင္းမာလာ၏။ "အဲ့လိုအေတြးမ်ိဳးက အရမ္းမွားတယ္။"

"အသိပညာဗဟုသုတတိုးပြားဖို႔ ႀကိဳးစားၿပီး သင္ယူရတယ္။ ၿပီးေတာ့ အဲ့ဒီအသိပညာကို လက္ေတြ႕ကမ႓ာမွာ အသုံးခ်ရတယ္။ ဂိမ္းဒီဇိုင္းေတြကို ပိတ္ထားတဲ့ တံခါးေတြေနာက္မွာပဲ စဥ္းစားလို႔ရတာမဟုတ္ဘူး။ အနာဂတ္မွာ မင္းႀကီးမားတဲ့ ေအာင္ျမင္မႈ တစ္ခုခုကို ရခ်င္ရင္ မင္းရဲ႕အျမင္ကို က်ယ္ျပန္႔ေအာင္ လုပ္ရမယ္။"

"ဒီတစ္လအတြင္း မင္းဘယ္ အင္တာနက္ကေဖးဆိုင္မွ သြားလို႔မရဘူး။ လက္ေထာက္႐ွင္းကို မင္းလိုက္နာဖို႔ အခ်ိန္ဇယားဆြဲခိုင္းထားလိုက္မယ္။ မင္က ႏိုင္ငံထဲက နာမည္ႀကီးတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္ရမယ္။ ေနရာတိုင္းကို စိတ္ပါဝင္စားရမယ္။ ၿပီးရင္ သင္ယူၿပီး မင္းကိုယ္မင္း အဆင့္ျမႇင့္တင္ဖို႔အတြက္ ႀကီးမားတဲ့ ဂိမ္းကုမၸဏီႀကီးေတြဆီကို သြားရမယ္။"

"ဒါက မင္းအလုပ္အတြက္ လိုအပ္တယ္။ မင္းျငင္းလို႔မရဘူး။ နားလည္ၿပီလား။"

ေဘာ့စ္ေဖး၏ မ်က္ႏွာကို ျမင္ကာ ေပါင္႐ႈ ဘာမွမေျပာရဲေတာ့ဘဲ ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။ "ေကာင္းပါၿပီ ေဘာ့စ္ေဖး"

သူတို႔ႏွစ္ေယာက္နားက လူေတြအားလုံး သူတို႔ၾကားလိုက္ရေသာ စကားဝိုင္းေၾကာင့္ ၾကက္ေသ ေသသြားၾကသည္။

စိတ္ထားေကာင္းလိုက္တဲ့ ဝန္ထမ္းနဲ႔ ေဘာ့စ္ပါလား။

ေဘာ့စ္က ဝန္ထမ္းကို လစာမျဖတ္ဘဲ ခြင့္ရက္ေပးသည္။ ဝန္ထမ္းက အခ်ိန္ပိုလုပ္ခ်င္ေန၏။

ဘုရားေရ...

ဒီကမ႓ာႀကီး တစ္ခုခု ျဖစ္ေနတာမ်ားလား။

လင္းဝမ္က အခုပိုၿပီးေတာင္ စိတ္ခံစားခ်က္ ျပင္းျပေနပါၿပီ။ သူမ ကင္မရာတစ္လုံးကိုယူၿပီး ဒီျမင္ကြင္းကို ႐ိုက္ထားခ်င္မိ၏။ ေနာင္တစ္ခ်ိန္ ဒီျမင္ကြင္းကို တျခားသူမ်ားအား ျပန္ေျပာျပသည့္အခါ ဘယ္သူမွ သူမကိုယုံၾကည္မွာ မဟုတ္မွာကို စိုးရိမ္မိပါသည္။

သို႔ေသာ္လည္း ဒီလိုကုမၸဏီ၊ ဒီလိုေဘာ့စ္မ်ိဳးနဲ႔ ဒီလိုဝန္ထမ္းမ်ိဳးေတြက တကယ္႐ွိေနပါသည္။

ပါရမီ႐ွိေသာ ဝန္ထမ္းႏွစ္ေယာက္ကို ေအာင္ျမင္စြာျဖင့္ ႐ွင္းထုတ္ၿပီးသြားေသာအခါ ေဖးခ်မ့္ တကယ္လန္းဆန္းေနပါသည္။ ဟြမ္းစစ္ေပၚက သူ႕အစီအစဥ္နဲ႔သူ ဂိမ္းေလာကထဲက ထြက္သြားေတာ့မည္ျဖစ္သည္။ ေပါင္႐ႈကေတာ့ လာမည့္လတြင္ ခရီးထြက္ရမည္။ ပေရာဂ်က္အသစ္အတြက္ အၾကံသစ္မ်ားထုတ္ဖို႔ မပါဝင္ရေတာ့ပါ။

တစ္လေလာက္ၾကာၿပီး ေပါင္႐ႈျပန္ေရာက္လာေသာအခါ ပေရာဂ်က္အသစ္၏ ဒီဇိုင္းကလည္း ၿပီးဆုံးေနေလာက္ၿပီ။ ဖန္တီးျခင္းအဆင့္ကိုပင္ ေရာက္ေနေလာက္ပါၿပီ. ေပါင္႐ႈ၏ အၾကံေတြက ဘယ္ေလာက္ပဲေကာင္းေကာင္း ဘာမွ အသုံးဝင္မွာ မဟုတ္ေတာ့ေပ။

အမွန္ပင္။ ဂိမ္းပေရာဂ်က္အသစ္က ဘယ္လိုမ်ိဳးလဲ ဆိုတာကိုေတာ့ ေဖးခ်မ့္ မစဥ္းစားရေသးပါ။

သို႔ေသာ္လည္း ဒီလူႏွစ္ေယာက္ကို အရင္ဖယ္ထုတ္လိုက္တာ မွန္ကန္ေသာလုပ္ရပ္ ျဖစ္ပါသည္။

ထူးခြၽန္သည့္ ဝန္ထမ္းမ်ားကို ဆုခ်ၿပီးေနာက္ ေဖးခ်မ့္က မာယန္ကို ႐ုံးခန္းသို႔ ေခၚလိုက္သည္။ အားလုံးကေတာ့ ကိုယ့္အလုပ္စားပြဲကိုယ္ ျပန္သြားၾကပါသ္ည။

ေ႐ွာင္လု အရင္တုန္းက သူ႕အလုပ္အေပၚ ဒီေလာက္အထိ စိတ္မလႈပ္႐ွားခဲ့ဖူးပါ။ ဒီတစ္ေခါက္ ထူးခြၽန္သည့္ ဝန္ထမ္းဆုမ်ားမွာ အားလုံးအတြက္ အားတက္စရာ ျဖစ္ပါသည္။ ေဘာ့စ္ေဖးက အလုပ္ႀကိဳးစားျခင္း၏  ရလဒ္မ်ားကို ျပသဖို႔ ႀကိဳးစားေနျခင္းျဖစ္ပါသည္။ သူတို႔အလုပ္ႀကိဳးစားၾကၿပီး အေတာ္ဆုံးဝန္ထမ္း ျဖစ္လာၾကပါက သူတို႔ အိပ္မက္ကို ျဖည့္ဆည္းဖို႔ အိပ္မက္ရန္ပုံေငြမ်ား ရႏိုင္ပါသည္။

သူတို႔ အေတာ္ဆုံးမျဖစ္ႏိုင္ဘဲ ဒုတိယေနရာ ရႏိုင္ရင္ေတာင္ တစ္လေလာက္ လစာခံစားခြင့္ အားလပ္ရက္ရမည္ျဖစ္သည္။

ဒီလို တစ္ခါမွ မၾကဳံဖူးသည့္ လုပ္ရပ္မ်ိဳးက အရာရာထက္ ပိုၿပီးသက္ေရာက္မႈ႐ွိပါသည္။

...ေဖးခ်မ့္၏ ႐ုံးခန္းတြင္...

မာယန္က ေဖးခ်မ့္၏ အစီအစဥ္မ်ားကို အနည္းငယ္ ေဝဖန္ခ်င္ေနပါသည္၊။ "ေယာက္ဖခ်မ့္ အခု မင္းက ငါ့ေဘာ့စ္ျဖစ္ေနၿပီဆိုေပမယ့္ ငါတို႔ရဲ႕ ရင္းႏွီးခင္မင္မႈအရ မင္းကို ႐ိုး႐ိုးသားသား ပြင့္ပြင့္လင္းလင္း ေျပာမယ္ေနာ္။ ငါေျပာမွာကို မင္းမႀကိဳက္ရင္ေတာင္ ငါေျပာမွာပဲ။"

"ဟြမ္းစစ္ေပၚေနရာကို လုမင္းလ်န္ ယူသြားတာ မေကာင္းဘူးလို႔ ငါေတာ့ထင္တယ္။ လုမင္းလ်န္မွာ ဘာမွ ထူးထူးျခားျခား စြမ္းရည္မ႐ွိဘူးလို႔ ငါခံစားေနရတယ္။ သူက အစီအစဥ္ဆြဲသူခ်ဳပ္ ျဖစ္ႏိုင္ရင္... ငါလည္းျဖစ္ႏိုင္မယ္ ထင္တယ္။"

"ငါလည္း ဒီတစ္ေခါက္ ဒီဇိုင္းအတြက္ အမ်ားႀကီး လုပ္ေပးခဲ့ပါတယ္။ အရင္တုန္းက အဲ့ဒီအလုပ္မ လုပ္ဖူးရင္ေတာင္ အနည္းဆုံးေတာ့ ဘယ္လို လုပ္ရလဲ ျမင္ဖူးပါတယ္။"

ေဖးခ်မ့္က ထိုင္ခုံေပၚတြင္ ေျခေခြထိုင္ကာ မာယန္ကို ခပ္ပါးပါး ျပဳံးျပလိုက္ပါသည္။ "စိတ္ေအးေအးထားစမ္းပါ။ ငါတို႔ရဲ႕ ခင္မင္မႈအရ မင္းကို မဟုတ္တာလုပ္ပါ့မလား။ မာႀကီး မင္းက အေတာ္ဆုံးဝန္ထမ္း မဟုတ္ေပမယ့္ မင္းက ငါ့အယုံၾကည္ရဆုံးလူဆိုတာကိုေတာ့ ယုံၾကည္ရမယ္။ အဲဲ႕တာ ဘယ္ေတာ့မွ မေျပာင္းလဲသြားဘူး။"

"ငါမင္းအတြက္ အရင္တုန္းက အေရးႀကီးတဲ့ ရာထူးတစ္ခုမွ မစီစဥ္ေပးဖူးဘူး။ အဲ့တာ ဘာလို႔လဲဆိုေတာ့ အခု ပိုၿပီးအေရးႀကီးတဲ့ကိစၥတစ္ခုကို ကိုင္တြယ္ခိုင္းစရာ႐ွိလို႔ပဲ။"

"ဒါက ထန္းတာ့ေကာ္ပိုေရး႐ွင္းရဲ႕ ေျပာင္းလဲမႈအတြက္ အခ်က္အခ်ာက်တဲ့ ေျခလွမ္းပဲ။ ဒီတာဝန္ကို မင္းကိုေပးအပ္ဖို႔ ငါျပင္ဆင္ထားၿပီးၿပီ။ မင္းအဆင္သင့္ျဖစ္ၿပီလား။"

မာယန္၏ မ်က္လုံးမ်ား ဝိုင္းစက္သြားသည္။ "တ... တကယ္လား။"

ေဖးခ်မ့္က သူ႕ကြန္ပ်ဴတာ ဖန္သားျပင္ကို ဖြင့္လိုက္ၿပီး မာယန္ကို ၾကည့္ခိုင္းလိုက္ပါသည္။ ထိုအေပၚက က်င္းက်ိဳးၿမိဳ႕ ေျမပုံကို လက္ညိႇဳးထိုးျပကာ ေျပာလိုက္သည္။

"ဒီမွာလာၾကည့္။ ဒီေနရာ၊ ဒီေနရာ၊ ဒီေနရာ အဲ့တာေတြက က်င္းက်ိဳးၿမိဳ႕ေတာ္မွာ စီးပြားေရး စည္ကားတဲ့ ေနရာေတြပဲ။ ၿပီးေတာ့ ငါတို႔တကၠသိုလ္ဝန္းက်င္က ေနရာကလည္း ေကာင္းတယ္လို႔ထင္တယ္။"

"အဲ့ဒီေနရာေတြထဲက အေကာင္းဆုံးေနရာကို ေ႐ြးၿပီး က်ယ္ျပန္႔တဲ့ အင္တာနက္ကေဖးဆိုင္ဖြင့္ဖို႔ စဥ္းစားေနတာ။ ဒီကိစၥတစ္ခုလုံးကို မင္းလက္ထဲမွာပဲ အပ္ထားမွာေနာ္။ မင္း ဘယ္လို သေဘာရလဲ။"

မာယန္၏ မ်က္လုံးမ်ားက ရီေဝလာၿပီး ေျပာလိုက္ပါသည္။ "ေယာက္ဖခ်မ့္ မင္းေျပာတဲ့ အေရးႀကီးတဲ့ ရာထူးဆိုတာ... အင္တာနက္ကေဖးဆိုင္ရဲ႕ ေဘာ့စ္ လုပ္ဖို႔လား။"

မာယန္ အနည္းငယ္ စိတ္ပ်က္သြားပါသည္။

ေဖးခ်မ့္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေျပာလိုက္၏။ "အင္တာနက္ကေဖးဆိုင္ရဲ႕ ေဘာ့စ္ဆိုတာ ဘာကိုေျပာတာလဲ။ ဒါက မတူဘူးကြ။"

"ငါ့အစီအစဥ္ထဲမွာ ဒါက သာမန္ အင္တာနက္ကေဖးဆိုင္ မဟုတ္ဘူး။ အင္တာနက္ကေဖးရယ္၊ ဂိမ္းရသေတြရယ္၊ ဟာ့ဒ္ဝဲေတြ ေရာင္းခ်ဖို႔ရယ္၊ ႐ိႈးပြဲေတြၾကည့္ဖို႔ရယ္ စတာေတြပါတယ္။ အဲ့ဒီအရာေတြအားလုံး ေပါင္းစပ္ထားတဲ့ ေဖ်ာ္ေျဖေရး စင္တာႀကီးတစ္ခုပဲကြ။"

"ဒါရဲ႕ အေရးပါမႈကို မင္းနားမလည္ေသးပါဘူး။"

"ထန္းတာ့က အဓိကစီးပြားေရးအကုန္လုံးက ဂိမ္းေလာကထဲမွာပဲေလ။ ဒါေပမယ့္ ငါတို႔ ဘာေတြလိုေနေသးလဲ။ ငါတို႔ ကစားသမားေတြနဲ႔ ဆက္သြယ္ဖို႔ ပလက္ေဖာင္းနဲ႔ ေနရာေတြ လိုအပ္ေနတယ္ေလကြာ။ ထန္းတာ့ရဲ႕ ပန္းတိုင္က ဂိမ္း၊ ေဖ်ာ္ေျဖေရး၊ ဟာ့ဒ္ဝဲနဲ႔ တျခားလုပ္ငန္းေတြ အမ်ားႀကီး ေပါင္းစပ္ပါဝင္တဲ့ ဘက္စုံစီးပြားေရးလုပ္ငန္းႀကီးတစ္ခု ျဖစ္လာဖို႔ပဲ။ ဒီစင္တာက အဲ့ဒီပေဟဠိအတြက္ အေရးႀကီးတဲ့ အပိုင္းအစတစ္ခုျဖစ္လာမွာကြ။"

"အဲ့ေလာက္အေရးႀကီးတဲ့ တာဝန္အတြက္ တျခား ဘယ္သူ႕ကိုမွ ငါမယုံႏိုင္ဘူး။ ငါ့မွာ မင္းကိုပဲ အားကိုးစရာ႐ွိတယ္။"

ေဖးခ်မ့္၏ စိတ္အားထက္သန္ေနေသာမ်က္ႏွာကို ျမင္ေသာအခါ ေဖးခ်မ့္ ေနာက္ေနတာမဟုတ္မွန္း မာယန္ေသခ်ာသြားပါၿပီ။

သူအတည္ေျပာေနတာပဲ။

မာယန္၏ လက္မ်ားက အနည္းငယ္ တုန္ယင္လာၿပီး ေျပာလိုက္ပါသည္။ "ေယာက္ဖခ်မ့္ ငါ... ငါ..."

ေဖးခ်မ့္က သူ႕ပခုံးကို ပုတ္လိုက္ၿပီး ေျပာလိုက္ပါသည္။ "မင္းဘာမွေျပာစရာမလိုပါဘူး။ ငါနားလည္ပါတယ္ကြာ။"

"ဒါေပမယ့္ ငါက စစ္တပ္မ႐ွိတဲ့ စစ္သူႀကီး တစ္ေယာက္လိုပဲေလ။ ငါက တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး..." မာယန္၏ မ်က္ႏွာက နာက်င္လာပါသည္။

"မင္းမွာ ပိုက္ဆံ႐ွိတယ္။ မင္းဘာလိုခ်င္ေနေသးလို႔လဲ။ ပါရမီ႐ွိတဲ့လူေတြ လိုေနေသးတယ္လို႔ ခံစားရရင္ ထပ္ခန္႔အပ္လိုက္ေပါ့ကြ။ စိတ္မပူပါနဲ႔။ ထန္းတာ့က အခု အားေကာင္းတဲ့ ကုမၸဏီတစ္ခု ျဖစ္လာၿပီ။ ငါတို႔ရဲ႕ ဂိမ္းေတြ ႏွစ္ခုစလုံးက ေငြဝင္ေပါက္ႀကီးေတြပဲ။ စိတ္ခ်ထားၿပီး မင္းအရဲစြန္႔ခ်င္သေလာက္ စြန္႔လိုက္စမ္းပါ။ ငါမင္းကို ေထာက္ပံ့ေပးမယ္။ မင္းဘာေတြေၾကာက္ေနတာလဲ။" ေဖးခ်မ့္က ေျပာလိုက္ပါသည္။

"အဲ့တာဆို... ငါ့မွာ အရင္းအႏွီး ဘယ္ေလာက္ ႐ွိမွာလဲ" မာယန္က ေမးလိုက္သည္။

"အရင္းအႏွီးဟုတ္လား။ အကန္႔အသတ္မ႐ွိဘူး" ေဖးခ်မ့္က လက္ဟန္ျပကာ ေျပာလိုက္ပါသည္။ "မင္း ဘယ္ေလာက္ပဲလိုလို ေတာင္းဖို႔ပဲ လိုတယ္။ ဒါေပမယ့္ ငါ့ကိုေတာ့ ႀကိဳၿပီးအသိေပးရမယ္ေနာ္။ ငါက ရန္ပုံေငြေတြကို ကစားဖို႔ လိုေသးတယ္။"

မာယန္က စိတ္အားထက္သန္စြာ ေခါင္းၿငိမ့္လိုက္ပါသည္။ "ဟုတ္ၿပီ။ ငါေသခ်ာေပါက္ ဒီတာဝန္ကို ေအာင္ျမင္ေစရပါမယ္။"

"ဟုတ္ၿပီ သြားျပင္ဆင္လိုက္ေတာ့။ အစီအစဥ္မူၾကမ္းကို အရင္ျပင္ဆင္လိုက္။ ငါမင္းကို ထပ္ၿပီး သတိေပးလိုက္ဦးမယ္။ ထန္းတာ့က ပေရာဂ်က္အႀကီးစားေတြကို ကိုင္မွာေနာ္။ ဆိုင္ခန္းဆိုရင္ေတာင္ တျခား အင္တာနက္ကေဖးေတြလို မျဖစ္ရဘူး ၾကားလား။ ျပဳျပင္ျပင္ဆင္မႈေတြက ကုမၸဏီရဲ႕ အဆင့္အတန္းနဲ႔ ကိုက္ညီေနရမယ္။ ငါတို႔ ဘာမွခ်န္ထားလို႔ မျဖစ္ဘူး။" ေဖးခ်မ့္က စိတ္အားထက္သန္စြာ ၫႊန္ၾကားလိုက္ပါသည္။

မာယန္က သူ႕ရင္ဘတ္သူ ပုတ္လိုက္ၿပီး ေျပာလိုက္ပါသည္။ "စိတ္မပူပါနဲ႔။ ငါတာတန္ယူလိုက္မယ္။"

မာယန္ တံခါးဖြင့္ကာ ထြက္သြားသည္။ ေဖးခ်မ့္က မာယန္၏ ေနာက္ေက်ာကိုၾကည့္ၿပီး သက္ျပင္းနက္နက္ ခ်လိုက္မိေတာ့သည္။

ေနာက္ဆုံးေတာ့လည္း ဘယ္သူ႕ကိုမွ အားကိုးလို႔ရတာမဟုတ္ပါ။

သူ႕ေယာက္ဖကို အာားကိုးရဦးမည္။

သမုဒၵရာရဲတိုက္၏ ထင္မွတ္မထားေသာ အက်ိဳးအျမတ္မ်ားမွာ ေဖးခ်မ့္တစ္ေယာက္ ဟြမ္းစစ္ေပၚႏွင့္ ေပါင္႐ႈတို႔ကို အယုံမွားခဲ့ေသာေၾကာင့္ျဖစ္ပါသည္။ သူ ဒီပေရာဂ်က္ကိုသာ မာယန္လက္ထဲ အစကတည္းက အပ္ခဲ့ပါက အေျခအေနေတြ ေျပာင္းလဲသြားႏိုင္ပါသည္။

ယခု ဟြမ္းစစ္ေပၚက ယြမ္ ၁ သန္းယူကာ သူလုပ္ခ်င္တာလုပ္ရင္း အလုပ္မ်ားေနၿပီး ေပါင္႐ႈကေတာ့ အားလပ္ရက္ အတင္းအၾကပ္ သြားခိုင္းလိုက္ရသည္။

ဂိမ္းပေရာဂ်က္အသစ္ကို ေ႐ွာင္လုထံသို႔ အပ္ထားၿပီး အင္တာနက္ကေဖးပေရာဂ်က္ကိုေတာ့ မာယန္႔တာဝန္ထားလိုက္ပါသည္။ အရင္တစ္ေခါက္ေတာ့က ေဖးခ်မ့္ အစြမ္းကုန္ႀကိဳးစားၿပီး ယြမ္၂၀,၀၀၀ ဝန္းက်င္ အ႐ႈံးေပၚႏိုင္ခဲ့ပါသည္။

ဒီေလာက္ရထားေသာ္လည္း သူ႕ေလာဘက အေတာမသတ္ႏိုင္ေသးပါ။

ေနာက္ထပ္ ေငြစာရင္း႐ွင္းခ်ိန္ေရာက္ေသာအခါ ေဖးခ်မ့္ စနစ္ရန္ပုံေငြကို ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ဝန္းက်င္ေလာက္တြင္ ထိန္းထားႏိုင္ပါက သူ႕အေကာင့္ထဲ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ ယြမ္ေလာက္ ခ်က္ခ်င္း ဝင္လာႏိုင္သည္။ ထိုအေၾကာင္း ေတြးၾကည့္႐ုံနဲ႔ ရင္သပ္႐ႈေမာမိပါသည္။

ထိုအခ်ိန္ေရာက္လွ်င္ စနစ္က သူ႕ကို တားျမစ္ထားခဲ့သည့္ အရာမွန္သမွ်ကို ဝယ္ယူႏိုင္ပါေတာ့မည္။

အခန္း(၇၈) ဂိမ္းနာမည္ : ဂိမ္းဒီဇိုင္နာ

ဗုဒၶဟူးေန႔...

အစည္းအေဝးခန္းထဲတြင္...

လုမင္းလ်န္က အလြန္စိတ္လႈပ္႐ွားေနၿပီး အနည္းငယ္ စိတ္လြင့္ေနပါသည္။

အစည္းအေဝးစာပြဲေပၚမွာ ယုံၾကည္ခ်က္႐ွိ႐ွိနဲ႔ ေျခေထာက္တင္ထားႏိုင္သည့္ ဆရာႀကီးႏွစ္ေယာက္ မ႐ွိေတာ့ပါ။

ေပါင္႐ႈက မေန႔ကတည္းက အလုပ္မလာေတာ့တာျဖစ္သည္။ လစာခံစားခြင့္ အားလပ္ရက္ ၁ လ ေပးထားကာ ေဘာ့စ္ေဖးက သူ႕ကို ႏိုင္ငံေတာ္ထဲက နာမည္ႀကီး ေနရာတခ်ိဳ႕ကို သြားလည္ၿပီး တျခား ဂိမ္းကုမၸဏီႀကီးမ်ားထံမွ သြားသင္ယူဖို႔ ေျပာခဲ့ပါသည္။

ဟြမ္းစစ္ေပၚကလည္း အခုတေလာ ေပၚမလာေတာ့ပါ။ ေဘာ့စ္ေဖး ဆုခ်ထားသည့္ ယြမ္ ၁ သန္းျဖင့္ သူဘာေတြလုပ္ေနသလဲ ဘယ္သူမွမေျပာႏိုင္ပါ။

ထိုေဘာ့စ္ႀကီးႏွစ္ေယာက္ကို အားကိုးလို႔မရေတာ့သျဖင့္ လုမင္းလ်န္က အစီအစဥ္ဆြဲသူခ်ဳပ္ျဖစ္လာၿပီး ဖိအားမ်ားစြာကို ခံစားလိုက္ရပါသည္။

ထို႔အျပင္ ေဘာ့စ္ေဖးက ဒီအစည္းအေဝးပြဲတြင္ ေနာက္ထပ္ေဆာင္႐ြက္ရမည့္ ပန္းတိုင္မ်ားကို ေျပာျပသြားၿပီးေနာက္ လုမင္းလ်န္ ပို၍ပင္ စိတ္ပူပင္သြားခဲ့ပါသည္။

ေဘာ့စ္ေဖးေျပာခဲ့တာက တေစၧစစ္သူႀကီးနဲ႔ သမုဒၵရာရဲတိုက္တို႔ကို လတ္တေလာ အပ္ဒိတ္တင္ဦးမွာ မဟုတ္ေၾကာင္း ျဖစ္သည္။ ဝန္ထမ္းအင္အားအားလုံးကို ေနာက္ထပ္ ဂိမ္းအသစ္ဖန္တီးဖို႔သာ အာ႐ုံစိုက္ထားမည္ဟု ေျပာခဲ့၏။

ဒါက လုမင္းလ်န္ မထင္ထားသည့္အရာျဖစ္ၿပီး သူ႕အတြက္ စိတ္ဖိစီးဖို႔ ေကာင္းပါသည္။

ယုတၱိ႐ွိေအာင္ ေျပာရလွ်င္ ေအာင္ျမင္သည့္ ဂိမ္းႏွစ္ခု လက္ထဲမွာ ႐ွိေနၿပီးသားျဖစ္သျဖင့္ အခုက ထိုဂိမ္းမ်ားမွတဆင့္ ပိုက္ဆံ႐ွာဖို႔အခ်ိန္ ျဖစ္ပါသည္။ ဥပမာ edition အသစ္မ်ား ထုတ္လုပ္ျခင္း၊ ကတ္အသစ္မ်ား ဖန္တီးျခင္းႏွင့္ ဆန္းၾကယ္လက္နက္ အသစ္ထပ္မံဖန္တီးျခင္း စသည္တို႔ ျဖစ္သည္။

သူတို႔ ပိုက္ဆံကို အလြယ္ေလး႐ွာႏိုင္သည္။ အလြန္ ဝင္ေငြေကာင္းပါလိမ့္မည္။

လုမင္းလ်န္ကလည္း ဒီအခြင့္အေရးကို အသုံးခ်ၿပီး သူ႕လက္႐ွိတာဝန္မ်ားကို အဆုံးသတ္ကာ တာဝန္အသစ္မ်ားကို ယူႏိုင္သည္။ ပထမဆုံး တေစၧစစ္သူႀကီးႏွင့္ ဒီအတြက္ edition အသစ္တစ္ခု ဖန္တီးမည္ ျဖစ္သည္။ ထို႔ေနာက္ သူ႕တာဝန္အသစ္ကို ျဖည္းျဖည္းခ်င္း အသားက်သြားေအာင္ လုပ္ၿပီးမွ ဂိမ္းအသစ္တစ္ခုကို ဖန္တီးမည္ျဖစ္၏။ ဒါက ေဘးအကင္းဆုံး နည္းလမ္း ျဖစ္ပါသည္။

သို႔ေသာ္လည္း ေဘာ့စ္ေဖးကေတာ့ လက္႐ွိ ဂိမ္းမ်ားအတြက္ edition အသစ္မ်ား ထုတ္လုပ္ဖို႔ အစီအစဥ္ မ႐ွိဘဲ ခ်က္ခ်င္းဆိုသလို ပေရာဂ်က္အသစ္ကို စတင္ခ်င္ေနပါသည္။

ထို႔ေၾကာင့္ သက္တမ္းႏွစ္ရက္သာ ႐ွိေသးသည့္ အစီအစဥ္ဆြဲသူခ်ဳပ္အသစ္ေလးျဖစ္သူ လုမင္းလ်န္အား အလြန္လမ္းေပ်ာက္ကာ စိတ္႐ႈပ္ေထြးသြားေစပါသည္။

အမွန္ပင္။ ေဘာ့စ္ေဖးမွာ သူ႕ဆုံးျဖတ္ခ်က္မ်ားအတြက္ အေၾကာင္းျပခ်က္႐ွိေနမွာကိုေတာ့ လုမင္းလ်န္ ေသခ်ာသိပါသည္။ ေဘာ့စ္ေဖးက ေ႐ွ႕ကိုသာ ဆက္တိုးေနတတ္သည့္ လူမ်ိဳးျဖစ္သည္။ ဒီတိုင္း ရပ္ေနၿပီး အျမတ္ေငြမ်ားကို ထိုင္တြက္ေနတတ္သည့္ သာမန္ ေဘာ့စ္မ်ိဳး မဟုတ္ပါ။ edition အသစ္ ထုတ္လုပ္ၿပီး ပိုက္ဆံ႐ွာဖို႔ ခဏေလးေတာင္ မနားဘဲ ပေရာဂ်က္အသစ္ကို ခ်က္ခ်င္း စြန္႔စားသည္။ ေဘာ့စ္ေဖး၏ ရည္မွန္းခ်က္မ်ား၊ အေျမာ္အျမင္နဲ႔ အၾကံတို႔က လုံးဝ ႐ွင္းလင္းပါသည္။

"ဂိမ္းအသစ္အတြက္ ကြၽန္ေတာ့္မွာ အၾကံတခ်ိဳ႕ ႐ွိၿပီးသားပါ။ ေက်းဇူးျပဳၿပီး နားေထာင္ေပးၾကပါ။"

အစည္းအေဝးစားပြဲႀကီး၏ ထိပ္ေနရာတြင္ ေဖးခ်မ့္က အားလုံး၏ အာ႐ုံစိုက္မႈကို ဖမ္းစားရင္း ၿပီးျပည့္စုံစြာ ထိုင္ေနပါသည္။ လုမင္းလ်န္က ေဖးခ်မ့္အေၾကာင္း အရင္ကထက္ပင္ ပိုေသခ်ာ သိပါသည္။

သို႔ေသာ္လည္း...

ေဖးခ်မ့္ ဒီလိုလုပ္ရသည့္ အေၾကာင္းအရင္းကေတာ့ လုံးဝ ဆန္႔က်င္ဘက္ျဖစ္ပါသည္။ သူဘာလို႔ edition အသစ္ကို မထုတ္ရတာလဲ။ edtition အသစ္တစ္ခုကို ထုတ္လုပ္ဖို႔အတြက္ ေသခ်ာေပါက္ ပိုက္ဆံေတာင္းရမည္။ DLC အျဖစ္ ေရာင္းခ်ရင္း ပိုက္ဆံ႐ွာခ်င္႐ွာ၊ သို႔မဟုတ္ ဂိမ္းထဲမွာ ကစားႏိုင္သည့္ က႑တစ္ခုအျဖစ္ ထည့္သြင္းရမည္။

စနစ္က လုံးဝ အခမဲ့ျဖစ္ေနေသာ edition အသစ္ကို လက္ခံမွာ မဟုတ္ေပ။ ျပႆနာက တေစၧစစ္သူႀကီးနဲ႔ သမုဒၵရာရဲတိုက္တို႔မွာ ကစားသမားမ်ားစြာ ႐ွိေနေသာေၾကာင့္ ျဖစ္ပါသည္။ သူတို႔က အလြန္ ပိုက္ဆံသုံးခ်င္ၾကသူမ်ားလည္း ျဖစ္သည္။ အခုအခ်ိန္သာ edition အသစ္တစ္ခုကို ထုတ္လုပ္လိုက္ပါက ခ်က္ခ်င္းဆိုသလို ေရာင္းအားတက္သြားႏိုင္ပါသည္။

ထို႔ေၾကာင့္ ေနာက္ထပ္ ပေရာဂ်က္အသစ္တစ္ခု လုပ္တာက ပိုေဘးကင္းလိမ့္မည္ဟု ေဖးခ်မ့္ ခံစားမိျခင္း ျဖစ္ပါသည္။

ဘာပဲျဖစ္ျဖစ္ ပေရာဂ်က္အသစ္တစ္ခုကို ဖ်က္ဆီးရတာက ေအာင္ျမင္ေနၿပီးသား ဂိမ္းကို ဖ်က္ဆီးရတာထက္ အမ်ားႀကီး ပိုလြယ္ကူေသာေၾကာင့္ျဖစ္သည္။

ဂိမ္းသစ္ေပါင္းမ်ားစြာက ထုတ္ထုတ္လိုက္ခ်င္းမွာပင္ က်႐ႈံးသြားတတ္ၾကသည္။ ၎တို႔ေနာက္ကြယ္တြင္ ပေရာ္ဖက္႐ွင္နယ္ ၾကယ္ပြင့္ ပ႐ိုဂ်ဴဆာတစ္ေယာက္႐ွိေနရင္ေတာင္ အားလုံးကို ေခ်ာေမြ႕ေအာင္ ျပဳလုပ္ဖို႔က ခက္ခဲပါသည္။ ထို႔အျပင္ ဂိမ္းေဟာင္းေပါင္းမ်ားစြာက ဆက္ထိန္းထားႏိုင္ၾကေသးေသာ္လည္း ျပဳတ္မက်႐ုံတမယ္သာ ျဖစ္ၾကသည္။

ထို႔ေၾကာင့္ ေဖးခ်မ့္က အသစ္ကစဖို႔ ဆုံးျဖတ္လိုက္ျခင္း ျဖစ္၏။ ထို႔အျပင္ အရင္တုန္းက အျဖစ္အပ်က္ဆီကလည္း သင္ခန္းစာယူရဦးမည္ ျဖစ္သည္။

အဲ့ဒီတုန္းက သူ႕ရဲ႕ အႀကီးမားဆုံး အမွားက ဘာလဲ။

ေပါင္႐ႈနဲ႔ ဟြမ္းစစ္ေပၚတို႔ကို အလြန္ယုံၾကည္လိုက္ျခင္း ျဖစ္ပါသည္။

ေဖးခ်မ့္က သူ႕ေတာင္းဆိုခ်က္သုံးခုကို သူတို႔ႏွစ္ေယာက္က ဂိမ္းရဲ႕ ေရာင္းေကာင္းေစမည့္ အခ်က္မ်ားအျဖစ္ ေျပာင္းလဲႏိုင္လိမ့္မည္ဟု မထင္ထားခဲ့ပါ။ ဒီတစ္ေခါက္ေတာ့ ေဖးခ်မ့္က ပေရာဂ်က္တစ္ခုလုံးကို သူကိုယ္တိုင္ ပိုၿပီး ကိုင္တြယ္ဖို႔ ဆုံးျဖတ္ထားပါသည္။ ေနာက္ထပ္ သမုဒၵရာရဲတိုက္တစ္ခုထြက္လာခြင့္ မေပးႏိုင္္ပါ။

ေ႐ွာင္လုကိုပင္ ဖန္တီးခြင့္ မေပးရဲေပ။

အကယ္၍မ်ား... ေ႐ွာင္လုက ေပါင္႐ႈကို ေနာက္ကြယ္မွာ သြားတိုင္ပင္ၿပီး ႐ုတ္တရက္ႀကီး အၾကံေကာင္းေတြ ရသြားရင္ ဘယ္လိုလုပ္မလဲ။

ထို႔ေၾကာင့္ ေဖးခ်မ့္က ဒီတစ္ေခါက္ေတာ့ သူ႕စကား သူ႕ဥပေဒသာ လုပ္ေတာ့မည္ ျဖစ္သည္။ ေဖးခ်မ့္က ၾကည့္လိုက္ၿပီး ျဖည္းညင္းစြာ ေျပာလိုက္သည္။ "ဒီတစ္ေခါက္ေတာ့ ကြၽန္ေတာ္တို႔ သမိုင္းဝင္ႏိုင္မယ့္ ဂိမ္းတစ္ခုကို ဖန္တီးၾကမယ္။"

"ဂိမ္းရဲ႕နာမည္က..."

"ဂိမ္းဒီဇိုင္နာ"

အစည္းအေဝးခန္းထဲက လူအားလုံး ေဖးခ်မ့္ကို စိတ္ဝင္စားစြာ ၾကည့္လိုက္ပါသည္။ သူတို႔ နားမလည္ေသာ္လည္း အထင္ႀကီးစရာေတာ့ ေကာင္းပါသည္။

ဒါက မဆိုးဘူးဟု ေျပာရမည္။ ဒါက ဂိမ္းေလာကထဲမွာ ထန္းတာ့ရဲ႕ ရာဇဝင္ကို ေျပာင္းလဲေပးမယ့္ ဂိမ္းလား။

သို႔ေသာ္လည္း ေခါင္းစဥ္ကို ၾကည့္ျခင္းအားျဖင့္ အင္တာဗ်ဴး သို႔မဟုတ္ မွတ္တမ္းမ်ားတြင္ သုံးလို႔ရေသာ္လည္း ဂိမ္းတစ္ခုအျဖစ္ ဘယ္လို ေျပာင္းလဲႏိုင္မည္နည္း။

ထို႔ေၾကာင့္ အားလုံး စိတ္ပါဝင္စားစြာ နားေထာင္ေနၾကပါသည္။

ေဖးခ်မ့္က အလြန္ယုံၾကည္ခ်က္ျပည့္ဝေနၿပီး အထင္ႀကီးဖို႔ေကာင္းစြာ ေျပာလိုက္ပါသည္။

"ဒီဂိမ္းကေတာ့ အရမ္း႐ိုး႐ွင္းပါတယ္။ ဂိမ္းပ႐ိုဂ်ဴဆာတစ္ေယာက္ရဲ႕ ဘဝအေၾကာင္္းေပါ့။ ဂိမ္းထဲမွာ ဂိမ္းဒီဇိုင္နာက ဆုံးျဖတ္ခ်က္ေတြ ဆက္တိုက္ခ်ရမယ္။ ဆုံးျဖတ္ခ်က္တိုင္းက မတူညီတဲ့ ရလဒ္ေတြဆီကို ဦးတည္ေနမယ္။"

"ဥပမာအာားျဖင့္ ဂိမ္းအမ်ိဳးအစား၊ Payment နည္းလမ္း၊ ေၾကာ္ျငာဗ်ဴဟာ စတာေတြကို လြတ္လြတ္လပ္လပ္ ေ႐ြးခ်ယ္လို႔ရတယ္။ တစ္ခ်ိန္တည္းမွာာပဲ။ ဂိမ္မာက ႐ုပ္ျခည္း ျဖစ္ပ်က္လာတဲ့ event ေတြနဲ႔ ရင္ဆိုင္ရမယ္။ ေနာက္ဆုံးမွာေတာ့ ဂိမ္မာက ဂိမ္းတစ္ခုကို ဖန္တီးၿပီး အျမတ္နဲ႔ အြန္လိုင္းေပၚက ေရာင္းအားကို ေစာင့္ၾကည့္ႏိုင္မယ္။ ဒါက အၾကမ္းဖ်င္း စိတ္ကူးပါ။ ခင္ဗ်ားတို႔ေတြ ေမးစရာ႐ွိရင္ လြတ္လြတ္လပ္လပ္ေမးလို႔ ရပါတယ္။"

ဘယ္သူမွ စကားမေျပာၾကေသးေပ။ အားလုံးက အနည္းငယ္ အံ့ၾသေနသည့္ပုံပင္။

ေဖးခ်မ့္က ယုံၾကည္ခ်က္႐ွိစြာ ျပဳံးလိုက္ပါသည္။

အံ့ၾသေနၾကၿပီမလား။

ဟုတ္တယ္>

ဒါက ဘယ္သူမွ မလုပ္ဖူးတဲ့ အသစ္အဆန္း အမ်ိဳးအစားပဲ။ ၿပီးေတာ့လည္း သူ႕ရဲ႕ content က စိတ္ဝင္စားဖို႔ မေကာင္းဘူး။ ခမ္းနားေအာင္ လုပ္ႏိုင္ဖို႔လည္း နည္းလမ္း မ႐ွိဘူး။ ဂိမ္းကစားပုံကလည္း အရမ္း႐ိုး႐ွင္းေနမွာ။ ဂိမ္းေလာကက အရမ္းစိတ္ပ်က္စရာေကာင္းၿပီး ထိုင္းမိႈင္းလြန္းတယ္။ အဲ့တာမ်ိဳးသာ ဂိမ္းတစ္ခု ျဖစ္လာလို႔ကေတာ့ ေသခ်ာေပါက္ ေပ်ာ္ဖို႔ေကာင္းမွာ မဟုတ္ဘူး။

ဒီလိုအမ်ိဳးအစားက ေအာင္ျမင္မွာ မဟုတ္ဘူး။

ဂိမ္မာအနည္းငယ္ကို ဆြဲေဆာင္ႏိုင္သည့္ လြတ္လပ္သည့္ ဂိမ္းျဖစ္ေနရင္ေတာင္ ဝင္ေငြ မ်ားမ်ားစားစားရဖို႔ ခက္ခဲႏိုင္ပါသည္။ ထိုအခ်ိန္္က်လွ်င္ ပန္းခ်ီရင္းျမစ္ေပၚတြင္ ပိုက္ဆံပိုသုံးျခင္းက ေရာင္းအားက်ဆင္းျခင္းကို ျဖစ္ေပၚေစႏိုင္ၿပီး အရင္းေတာင္ ျပန္မရႏိုင္ေလာက္ပါ။

အမွန္ပင္။ ေဖးခ်မ့္က ဒီလိုလုပ္ဖို႔ ေနာက္ထပ္ နည္းလမ္းတစ္ခု ႐ွိပါေသးသည္။

လုမင္းလ်န္က ပထမဆုံး လက္ေထာင္လိုက္သူ ျဖစ္သည္။

"ေဘာ့စ္ေဖး ဒီဂိမ္းေနာက္ကြယ္က ေယဘုယ် အိုင္ဒီယာကိုေတာ့ ကြၽန္ေတာ္နားလည္ပါတယ္။ ကြၽန္ေတာ္ေမးခ်င္တာက ဒီဂိမ္းကို ဘယ္လိုနည္းလမ္းနဲ႔ ေဖာ္ျပၿပီး မားကတ္တင္းဆင္းမွာလဲ။ စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္တဲ့ ဝတၳဳအမ်ိဳးအစားမ်ိဳးလား။"

စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္သည့္ ဝတၳဳအမ်ိဳးအစား ႐ွင္း႐ွင္းေျပာရလွ်င္ ကစားသမားက ဝတၳဳဇာတ္ေကာင္မ်ားျဖင့္ ဆက္သြယ္ႏိုင္ေသာ ဂိမ္းတစ္ခု ျဖစ္သည္။

ဒီလိုဂိမ္းမ်ိဳးက ဖန္တီးရလြန္ကူၿပီး အသုံးခ်ပုံမ်ိဳးစုံလည္း႐ွိသည္။ တူးဒီဇာတ္ဝင္ခန္းမ်ားႏွင့္ မူရင္းဇာတ္ေကာင္မ်ားကို ဖန္တီးၿပီး ဂိမ္းထဲကို စာသားေတြ အမ်ားႀကီး ထည့္သြင္းဖို႔သာ လိုအပ္သည္။ ဒီေလာက္ဆို ဂိမ္းထဲမွာပါသမွ် အကုန္ ျဖစ္ပါသည္။

လုမင္းလ်န္၏ ေတြးေခၚပုံအရ ဒီဂိမ္းက Chinese Parents လို ဂိမ္းမ်ိဳးနဲ႔ ဆင္တူေနပါသည္။ အမွန္ပင္။ လုမင္းလ်န္က Chinese Parents ဂိမ္းကို မသိပါ။ တျခား စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဂိမ္းမ်ားကိုေတာ့ ျမင္ဖူးပါသည္။

ေဖးခ်မ့္က ေခါင္းခါလိုက္၏။ "မဟုတ္ဘူး။"

စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဟုတ္လား။ ဘယ္ဟုတ္ပါ့မလဲ။

စိႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဂိမ္းတစ္ခုလုပ္ဖို႔ သူဘယ္ေလာက္သုံးဖို႔လိုမွာလဲ။ ပန္းခ်ီပုံအနည္းငယ္နဲ႔ နာမည္ေက်ာ္ ေနာက္ခံစကားေျပာ တခ်ိဳ႕သာ လိုအပ္မည္။ ဒါဆို ယြမ္ သိန္းေက်ာ္နည္းနည္းေလးသာ ကုန္ႏိုင္ၿပီး လုံေလာက္မည္ မဟုတ္ေပ။

သမုဒၵရာရဲတိုက္က တစ္ပတ္ကို ယြမ္ ၄၀၀,၀၀၀ - ၅၀၀,၀၀၀ ေလာက္ ဝင္ေနသည္။ ထို႔ေၾကာင့္ ဂိမ္းအသစ္မွာ ဒီေလာက္ နည္းနည္းေလး ရင္းႏွီးျမႇဳပ္ႏွံလိုက္ပါက ျပႆနာ မ႐ွိႏိုင္ဘူးလား။

ဒါက သူ႕ျပႆနာကို မေျပလည္ေစႏိုင္ပါ။

ေဖးခ်မ့္က ဂိမ္းအသစ္အတြက္ အနည္းဆုံး ယြမ္ ၂ သန္းနဲ႔ အထက္ ပစ္မွတ္ထားေနသည္။ ဒါမွ အ႐ႈံးေပၚႏိုင္မည့္ တစ္ခုတည္းေသာ နည္းလမ္း ျဖစ္ပါသည္။ မဟုတ္ပါက ယြမ္သိန္းအနည္းငယ္ေလာက္သာ အ႐ႈံးေပၚတာက တေစၧစစ္သူႀကီးနဲ႔ သမုဒၵရာရဲတိုက္တို႔ဆီက ျပန္ရတာနဲ႔ ကာမိမွာ မဟုတ္ေပ။

"ငါတို႔ အကုန္လုံးကို သရီးဒီပဲ သြားမယ္။ အဆင့္အျမင့္ဆုံး သရီးဒီေမာ္ဒယ္ကို သုံးမွာေနာ္။ လူေတြျဖစ္ျဖစ္ ဆက္တင္ျဖစ္ျဖစ္ အေကာင္းဆုံးပဲ လိုခ်င္တယ္။"

လုမင္းလ်န္ ၾကက္ေသ ေသသြားပါသည္။

ထိုသို႔လုပ္လိုက္ပါက ဘယ္လိုျဖစ္လာမလဲ သူစိတ္ကူးၾကည့္လို႔မရပါ။

စဥ္းစားၾကည့္႐ုံနဲ႔ ထူးဆန္းေနပါသည္။

"စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဂိမ္းတစ္ခုအတြက္... အကုန္လုံးကို သရီးဒီသုံးမွာလား" လုမင္းလ်န္က ေမးခြန္းထုတ္လိုက္သည္။

"ဘာလို႔ စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝတၳဳဂိမ္းေတြပဲ ထင္ေနတာလဲ။" ေဖးခ်မ့္က ဆြံ႕အသြားၿပီး ေခါင္းခါလိုက္ပါသည္။ "ငါက စိတ္ႀကိဳက္ေ႐ြးခ်ယ္ဂိမ္းပုံစံမ်ိဳးကို သုံးဖို႔ အစီအစဥ္မ႐ွိဘူး။ အရမ္း ေခတ္ေနာက္က်လြန္းတယ္။"

"ဒီဂိမ္းကို ဖန္တီးဖို႔အတြက္ ပိုခိုင္မာၿပီး ေခတ္မီတဲ့ နည္းလမ္းေတြ ဗ်ဴဟာေတြကို သုံးၾကမယ္။"

Continue Reading

You'll Also Like

114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung
41K 1.4K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
494K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000