အဆုံးမရှိတန်ခိုးထွားလှပါသောအမ...

By dream_n99

221K 25.8K 181

Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng N... More

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဂရုရပါပြီ🎉
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43+44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Tele Channel

Chapter 31

2.3K 278 3
By dream_n99

Chapter 31 – ခရီးပန်းတိုင်သို့နီးကပ်လာခြင်း

ဒီနေရာကိုရောက်ပြီးနောက် တွဲထဲမှပညာတတ်လူငယ်အများစုသည် ရထားပေါ်မှဆင်းကြသည်။

လုရှသည်ကင်းဗတ်အိတ်ကြီးနှစ်လုံးသယ်ဖို့ရုန်းကန်ကာ ရထားပေါ်မှတိုးဝှေ့ဆင်းလိုက်သည်။

ပြန်လှည့်ကြည့်လိုက်တော့ ကုရှန့်နန်သည်သူ့ခရီးဆောင်သေတ္တာကိုသယ်ထားရုံသာမက စူးမန့်အိတ်ကိုပါကူသယ်ထားပေးကြောင်း တွေ့လိုက်ရသည်။ ကျန်းကျွင်းမော့သည်လည်းအောက်ဆင်းဖို့ရုန်းကန်ကြိုးစားနေရပြီး သူမထက်ပင်ခွန်အားနည်းပါးပုံရသည်။

နောက်ဆုံးတွင် ရထားပေါ်မှဆင်းလိုက်နိုင်ပြီးနောက် လုရှသည်အသက်တစ်ဝက်လောက်ကုန်သွားသလို ခံစားလိုက်ရသည်။ ရထားပေါ်ကဆင်းပြီးတာနဲ့ အနီးနားကလူတွေသည် ပညာတတ်လူငယ်တွေကိုအော်ခေါ်နေကြတာကို ကြားလိုက်ရသည်။ လုရှနဲ့ကျန်သူတွေချဉ်းကပ်သွားကြတော့ ထိုသူတွေကသူမတို့ကိုကြိုဖို့ ရွာနဲ့မြို့ငယ်အမျိုးမျိုးမှစေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ရှားယွမ်မြို့မှလူကို သူမအလျင်မြန်ရှာတွေ့သွားခဲ့ပြီး ကုရှန့်နန်နဲ့စူးမန့်လည်းရောက်လာကြတာကို တွေ့လိုက်ရသည်။ ဒါပေမဲ့ သူမလှည့်ကြည့်လိုက်တော့ ဖြူဖျော့နေတဲ့မျက်နှာနဲ့ အတော်လေးစိုးရိမ်ဖွယ်ကောင်းပုံပေါက်နေသည့် ကျန်းကျွင်းမော့ကိုတွေ့လိုက်သည်။

ကုရှန့်နန်လည်သတိပြုမိသွားပြီး စိုးရိမ်စွာမေးလိုက်သည်။
" ရဲဘော်ကျန်း အဆင်ပြေရဲ့လား?"

ကျန်းကျွင်းမော့မျက်နှာသည်ချွေးအေးတစ်လွှာဖြင့် ဖုံးအုပ်နေပေမဲ့ ခေါင်းခါပြလိုက်တုန်းပါပဲ။
" ကျွန်တော်အဆင်ပြေပါတယ်"

ကုရှန့်နန်သည်ခေါင်းညိတ်ပြကာ လူတိုင်းရဲ့ခရီးဆောင်အိတ်တွေကို သူတို့ကိုလာကြိုတဲ့ထော်လာဂျီအပေါ်ကူတင်ပေးလိုက်သည်။

ဒီတစ်ခေါက်တွင် ပညာတတ်လူငယ်အတော်များများရောက်လာကြပြီး သူတို့မြို့လေးတစ်ခုတည်းကအယောက်သုံးဆယ်ကျော်ပါသည်။ ခရီးဆောင်အိတ်ကိုယ်စီနဲ့လူတိုင်းကို သယ်ယူပို့ဆောင်ရန် ထော်လာဂျီနှစ်စီးအသုံးပြုခဲ့ရသည်။

အပြန်လမ်းသည်မလွယ်ကူပဲ လုံးဝနီးပါးတောင်လမ်းတွေချည်းပင်။ ဒီနေရာမှာဘတ်စ်ကားတွေရှိပေမဲ့ နေ့တိုင်းထွက်ခွာချိန်တသမတ်တည်းသတ်မှတ်ထားကြောင်း ထော်လာဂျီမောင်းတဲ့သူကပြောပြခဲ့သည်။ မြို့မှမနက်ခြောက်နာရီဆိုထွက်ခွာပြီး ခရိုင်မှညနေငါးနာရီဆိုထွက်သည်။

လမ်းသည်မြေသားလမ်းဖြစ်ပြီး ထော်လာဂျီသည်တရွေ့ရွေ့သွားရင်း ဖုန်မှုန့်တွေတထောင်းထောင်းထသွားသည်။ လုရှသည်မျက်နှာအုပ်မယူလာခဲ့သည့်အတွက် နောင်တရမိပြီး လက်နဲ့နှာခေါင်းကိုအုပ်ထားဖို့ပဲတတ်နိုင်သည်။

စူးမန့်ကိုကြည့်လိုက်တော့ သူမကလက်ကိုင်ပုဝါတစ်ထည်နဲ့ ယာယီမျက်နှာကာတစ်ခုပြုလုပ်ထားပေမဲ့ သိပ်ထိရောက်မှုမရှိပုံရပြီး သူမသည်လည်းဖုန်တလူးလူးမျက်နှာနဲ့အဆုံးသတ်သွားသည်။

ထော်လာဂျီသည်နောက်ဆုံးမှာမြို့ဆီမရောက်ခင် နှစ်နာရီနီးပါးမောင်းနှင်ခဲ့သည်။ ထော်လာဂျီပေါ်မှဆင်းပြီးနောက် လုရှသည်တစ်ကိုယ်လုံးနာကျင်ကိုက်ခဲသလိုခံစားနေရသည်။ ထော်လာဂျီကခုန်လွန်းသည်။

ကျန်း‌ကျွင်းမော့ကိုကြည့်လိုက်တော့ လမ်းလျှောက်ရင်းယိမ်းထိုးနေပြီး ပိုပြီးတော့တောင်ကြောက်ဖို့ကောင်းပုံပေါက်နေသည်။ ဒါပေမဲ့ ဒီအချိန်မှာ သူတို့ရဲ့နောက်ဆုံးခရီးပန်းတိုင်ကိုမရောက်သေးပါဘူး။

မြို့ကိုရောက်တဲ့အခါ ထိုနေရာမှာသူတို့ကိုစောင့်နေတဲ့လူတွေရှိကြပြီး သူတို့သည်မတူညီတဲ့ရွာတွေသို့ တာဝန်ချမှတ်ပေးခံရမည်ဖြစ်သည်။ လုရှ၊ စူးမန့်၊ ကုရှန့်နန်၊ ကျန်းကျွင်းမော့၊ ကျွမ်းဟုန်မိန်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ရယ် လီရိလို့အမည်ရတဲ့ကောင်လေးတို့က တာ့ယင်းရှန်းရွာမှာတာဝန်ချမှတ်ခံရသည်။

နှစ်ဆယ်ကျော်လူငယ်လေးတစ်ယောက်ကသူတို့ကိုလာကြိုသည်။ သူကသူတို့ကိုနွားလှည်းပေါ်အထုတ်တွေတင်ပြီး သူတို့ကိုတော့အနောက်မှလျှောက်လာဖို့ ပြောသည်။

ကောင်းပါလေရော အခုတော့သူတို့မှာစီးစရာနွားလှည်းလေးတောင်မရှိတော့ဘူး။

လုရှကတော့လက်ခံနိုင်ပါသည်။ ရထားပေါ်မှာထိုင်ခဲ့ရလို့ ထုံကျင်ကျိန်းစပ်သလိုခံစားနေရသေးသဖြင့် လမ်းလျှောက်တာကသူမကိုအဆင်ပြေစေပေလိမ့်မည်။

ဒါပေမဲ့ ကျွမ်းဟုန်မိန်လို့ခေါ်တဲ့မိန်းကလေးကတော့ ဒါကိုလက်မခံနိုင်ပေ။ သူမက " နွားလှည်းပေါ်မှာနေရာရှိသေးတာပဲ ဘာလို့ကျွန်မတို့ကိုစီးခွင့်မပြုရတာလဲ?"

သူတို့ကိုလာကြိုတဲ့လူငယ်လေးနာမည်က လီဟုန်ကျွင်းဟုခေါ်ပြီး သူမစကားတွေကြောက့် ချက်ချင်းမျက်မှောင်ကျုံ့သွားသည်။

" မင်းတို့‌တွေယူလာခဲ့တဲ့အထုတ်အပိုးတွေဘယ်လောက်များလဲဆိုတာ မမြင်ဘူးလား? ဒါတွေနဲ့တင်လေးလံနေပြီ အဲ့ဒါကိုလှည်းပေါ်တတ်ပြီး နွားကိုပါမောသေစေချင်နေတာလား? ကျုပ်တို့ရွာမှာဒီနွားတစ်ကောင်ပဲရှိတယ် ထွန်ယက်ဖို့အတွက်လိုအပ်တယ်"

ကျွမ်းဟုန်မိန် သရော်လိုက်သည်။
" ဘာကအရေးကြီးတာလဲ? နွားလား လူလား?"

" သေချာပေါက် နွားကပိုအရေးကြီးတာပေါ့"
လီဟုန်ကျွင်းသည် အရှိကိုအရှိအတိုင်းပြန်ဖြေလိုက်သည်။
" နွားကမြေကိုထွန်ယက်ပြီး စားစရာစိုက်ပျိုးနိုင်တယ် မင်းကလုပ်နိုင်လို့လား?"

သူကမျက်လုံးထဲမှာလှောင်ပြောင်မှုအပြည့်ဖြင့် ကျွမ်းဟုန်မိန်ကိုတစ်ချက်ကြည့်လိုက်သည်။

သူ့ရင်ထဲမှာ ဒီပညာတတ်လူငယ်တွေကိုပို၍ပင်အထင်သေးသွားသည်။ ရွာလူကြီးရဲ့တောင်းဆိုမှုကြောင့်သာမဟုတ်ပါက သူကဒီလူတွေကိုလာကြိုပေးချင်မည်မဟုတ်ပေ။ ဒီပညာတတ်လူငယ်တွေကဘာကိုမှမသယ်နိုင်ကြပဲ ဟိုဟာဒီဟာတရစပ်မေးမြန်းနေပြီး အရင်းအမြစ်တွေကိုဖြုန်းတီးနေကြတာပဲ။ သူတို့ဖြုန်းပစ်ခဲ့တဲ့အချိန်နဲ့ဆို သူကအလုပ်ရမှတ်တစ်ချို့ရရှိနိုင်သည်။

ထိုသို့ဆိုပြီးနောက် သူကထိုလူတွေကိုလျစ်လျူရှုကာ ကြာပွတ်ဖြင့်နွားကိုမြန်မြန်သွားရန် လောဆော်လိုက်သည်။ အခုတော့ လုရှနဲ့ကျန်သူတွေမှာ နောက်‌ကနေအမှီလိုက်ဖို့ရုန်းကန်နေရတော့သည်။

အထူးသဖြင့် ဒယိမ်းဒယိုင်လျှောက်နေပြီး အချိန်မရွေးလဲကျသွားတော့မယောင်ရှိတဲ့ ကျန်းကျွင်းမော့ပင်။ သူမတို့နှစ်ယောက်စလုံးက အမြောက်စာတွေဖြစ်လို့ထင်သည်။ လုရှသည်သူ့အပေါ်ဂရုဏာသက်မိသလိုခံစားရပြီး စိုးရိမ်စွာမေးလိုက်သည်။
" ရှင်အဆင်ပြေရဲ့လား?"

လက်ရှိမှာကျန်းကျွင်းမော့ရဲ့နှုတ်ခမ်းတွေသည်ဖြူဖျော့နေပြီဖြစ်သည်။ သူကသူမစကားကိုကြားလိုက်ရတော့ ဖျော့တော့စွာခေါင်းညိတ်လေသည်။
".....ပြေပါတယ်"

ဒါပေမဲ့ သူ့ရဲ့လက်ရှိအခြေအနေက လုံးဝအဆင်ပြေပုံမရပေ။

Zawgyi

Chapter 31  ခရီးပန္းတိုင္သို႔နီးကပ္လာျခင္း

ဒီေနရာကိုေရာက္ၿပီးေနာက္ တြဲထဲမွပညာတတ္လူငယ္အမ်ားစုသည္ ရထားေပၚမွဆင္းၾကသည္။

လုရွသည္ကင္းဗတ္အိတ္ႀကီးႏွစ္လုံးသယ္ဖို႔႐ုန္းကန္ကာ ရထားေပၚမွတိုးေဝွ႕ဆင္းလိုက္သည္။

ျပန္လွည့္ၾကည့္လိုက္ေတာ့ ကုရွန႔္နန္သည္သူ႕ခရီးေဆာင္ေသတၱာကိုသယ္ထား႐ုံသာမက စူးမန႔္အိတ္ကိုပါကူသယ္ထားေပးေၾကာင္း ေတြ႕လိုက္ရသည္။ က်န္းကြၽင္းေမာ့သည္လည္းေအာက္ဆင္းဖို႔႐ုန္းကန္ႀကိဳးစားေနရၿပီး သူမထက္ပင္ခြန္အားနည္းပါးပုံရသည္။

ေနာက္ဆုံးတြင္ ရထားေပၚမွဆင္းလိုက္နိုင္ၿပီးေနာက္ လုရွသည္အသက္တစ္ဝက္ေလာက္ကုန္သြားသလို ခံစားလိုက္ရသည္။ ရထားေပၚကဆင္းၿပီးတာနဲ႕ အနီးနားကလူေတြသည္ ပညာတတ္လူငယ္ေတြကိုေအာ္ေခၚေနၾကတာကို ၾကားလိုက္ရသည္။ လုရွနဲ႕က်န္သူေတြခ်ဥ္းကပ္သြားၾကေတာ့ ထိုသူေတြကသူမတို႔ကိုႀကိဳဖို႔ ႐ြာနဲ႕ၿမိဳ႕ငယ္အမ်ိဳးမ်ိဳးမွေစလႊတ္လိုက္ျခင္းျဖစ္ေၾကာင္း သိလိုက္ရသည္။

ရွားယြမ္ၿမိဳ႕မွလူကို သူမအလ်င္ျမန္ရွာေတြ႕သြားခဲ့ၿပီး ကုရွန႔္နန္နဲ႕စူးမန႔္လည္းေရာက္လာၾကတာကို ေတြ႕လိုက္ရသည္။ ဒါေပမဲ့ သူမလွည့္ၾကည့္လိုက္ေတာ့ ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာနဲ႕ အေတာ္ေလးစိုးရိမ္ဖြယ္ေကာင္းပုံေပါက္ေနသည့္ က်န္းကြၽင္းေမာ့ကိုေတြ႕လိုက္သည္။

ကုရွန႔္နန္လည္သတိျပဳမိသြားၿပီး စိုးရိမ္စြာေမးလိုက္သည္။
" ရဲေဘာ္က်န္း အဆင္ေျပရဲ႕လား?"

က်န္းကြၽင္းေမာ့မ်က္ႏွာသည္ေခြၽးေအးတစ္လႊာျဖင့္ ဖုံးအုပ္ေနေပမဲ့ ေခါင္းခါျပလိုက္တုန္းပါပဲ။
" ကြၽန္ေတာ္အဆင္ေျပပါတယ္"

ကုရွန႔္နန္သည္ေခါင္းညိတ္ျပကာ လူတိုင္းရဲ႕ခရီးေဆာင္အိတ္ေတြကို သူတို႔ကိုလာႀကိဳတဲ့ေထာ္လာဂ်ီအေပၚကူတင္ေပးလိုက္သည္။

ဒီတစ္ေခါက္တြင္ ပညာတတ္လူငယ္အေတာ္မ်ားမ်ားေရာက္လာၾကၿပီး သူတို႔ၿမိဳ႕ေလးတစ္ခုတည္းကအေယာက္သုံးဆယ္ေက်ာ္ပါသည္။ ခရီးေဆာင္အိတ္ကိုယ္စီနဲ႕လူတိုင္းကို သယ္ယူပို႔ေဆာင္ရန္ ေထာ္လာဂ်ီႏွစ္စီးအသုံးျပဳခဲ့ရသည္။

အျပန္လမ္းသည္မလြယ္ကူပဲ လုံးဝနီးပါးေတာင္လမ္းေတြခ်ည္းပင္။ ဒီေနရာမွာဘတ္စ္ကားေတြရွိေပမဲ့ ေန႕တိုင္းထြက္ခြာခ်ိန္တသမတ္တည္းသတ္မွတ္ထားေၾကာင္း ေထာ္လာဂ်ီေမာင္းတဲ့သူကေျပာျပခဲ့သည္။ ၿမိဳ႕မွမနက္ေျခာက္နာရီဆိုထြက္ခြာၿပီး ခရိုင္မွညေနငါးနာရီဆိုထြက္သည္။

လမ္းသည္ေျမသားလမ္းျဖစ္ၿပီး ေထာ္လာဂ်ီသည္တေ႐ြ႕ေ႐ြ႕သြားရင္း ဖုန္မႈန႔္ေတြတေထာင္းေထာင္းထသြားသည္။ လုရွသည္မ်က္ႏွာအုပ္မယူလာခဲ့သည့္အတြက္ ေနာင္တရမိၿပီး လက္နဲ႕ႏွာေခါင္းကိုအုပ္ထားဖို႔ပဲတတ္နိုင္သည္။

စူးမန႔္ကိုၾကည့္လိုက္ေတာ့ သူမကလက္ကိုင္ပုဝါတစ္ထည္နဲ႕ ယာယီမ်က္ႏွာကာတစ္ခုျပဳလုပ္ထားေပမဲ့ သိပ္ထိေရာက္မႈမရွိပုံရၿပီး သူမသည္လည္းဖုန္တလူးလူးမ်က္ႏွာနဲ႕အဆုံးသတ္သြားသည္။

ေထာ္လာဂ်ီသည္ေနာက္ဆုံးမွာၿမိဳ႕ဆီမေရာက္ခင္ ႏွစ္နာရီနီးပါးေမာင္းႏွင္ခဲ့သည္။ ေထာ္လာဂ်ီေပၚမွဆင္းၿပီးေနာက္ လုရွသည္တစ္ကိုယ္လုံးနာက်င္ကိုက္ခဲသလိုခံစားေနရသည္။ ေထာ္လာဂ်ီကခုန္လြန္းသည္။

က်န္းကြၽင္းေမာ့ကိုၾကည့္လိုက္ေတာ့ လမ္းေလွ်ာက္ရင္းယိမ္းထိုးေနၿပီး ပိုၿပီးေတာ့ေတာင္ေၾကာက္ဖို႔ေကာင္းပုံေပါက္ေနသည္။ ဒါေပမဲ့ ဒီအခ်ိန္မွာ သူတို႔ရဲ႕ေနာက္ဆုံးခရီးပန္းတိုင္ကိုမေရာက္ေသးပါဘူး။

ၿမိဳ႕ကိုေရာက္တဲ့အခါ ထိုေနရာမွာသူတို႔ကိုေစာင့္ေနတဲ့လူေတြရွိၾကၿပီး သူတို႔သည္မတူညီတဲ့႐ြာေတြသို႔ တာဝန္ခ်မွတ္ေပးခံရမည္ျဖစ္သည္။ လုရွ၊ စူးမန႔္၊ ကုရွန႔္နန္၊ က်န္းကြၽင္းေမာ့၊ ကြၽမ္းဟုန္မိန္လို႔ေခၚတဲ့မိန္းကေလးတစ္ေယာက္ရယ္ လီရိလို႔အမည္ရတဲ့ေကာင္ေလးတို႔က တာ့ယင္းရွန္း႐ြာမွာတာဝန္ခ်မွတ္ခံရသည္။

ႏွစ္ဆယ္ေက်ာ္လူငယ္ေလးတစ္ေယာက္ကသူတို႔ကိုလာႀကိဳသည္။ သူကသူတို႔ကိုႏြားလွည္းေပၚအထုတ္ေတြတင္ၿပီး သူတို႔ကိုေတာ့အေနာက္မွေလွ်ာက္လာဖို႔ ေျပာသည္။

ေကာင္းပါေလေရာ အခုေတာ့သူတို႔မွာစီးစရာႏြားလွည္းေလးေတာင္မရွိေတာ့ဘူး။

လုရွကေတာ့လက္ခံနိုင္ပါသည္။ ရထားေပၚမွာထိုင္ခဲ့ရလို႔ ထုံက်င္က်ိန္းစပ္သလိုခံစားေနရေသးသျဖင့္ လမ္းေလွ်ာက္တာကသူမကိုအဆင္ေျပေစေပလိမ့္မည္။

ဒါေပမဲ့ ကြၽမ္းဟုန္မိန္လို႔ေခၚတဲ့မိန္းကေလးကေတာ့ ဒါကိုလက္မခံနိုင္ေပ။ သူမက " ႏြားလွည္းေပၚမွာေနရာရွိေသးတာပဲ ဘာလို႔ကြၽန္မတို႔ကိုစီးခြင့္မျပဳရတာလဲ?"

သူတို႔ကိုလာႀကိဳတဲ့လူငယ္ေလးနာမည္က လီဟုန္ကြၽင္းဟုေခၚၿပီး သူမစကားေတြေၾကာက့္ ခ်က္ခ်င္းမ်က္ေမွာင္က်ဳံ႕သြားသည္။

" မင္းတို႔ေတြယူလာခဲ့တဲ့အထုတ္အပိုးေတြဘယ္ေလာက္မ်ားလဲဆိုတာ မျမင္ဘူးလား? ဒါေတြနဲ႕တင္ေလးလံေနၿပီ အဲ့ဒါကိုလွည္းေပၚတတ္ၿပီး ႏြားကိုပါေမာေသေစခ်င္ေနတာလား? က်ဳပ္တို႔႐ြာမွာဒီႏြားတစ္ေကာင္ပဲရွိတယ္ ထြန္ယက္ဖို႔အတြက္လိုအပ္တယ္"

ကြၽမ္းဟုန္မိန္ သေရာ္လိုက္သည္။
" ဘာကအေရးႀကီးတာလဲ? ႏြားလား လူလား?"

" ေသခ်ာေပါက္ ႏြားကပိုအေရးႀကီးတာေပါ့"
လီဟုန္ကြၽင္းသည္ အရွိကိုအရွိအတိုင္းျပန္ေျဖလိုက္သည္။
" ႏြားကေျမကိုထြန္ယက္ၿပီး စားစရာစိုက္ပ်ိဳးနိုင္တယ္ မင္းကလုပ္နိုင္လို႔လား?"

သူကမ်က္လုံးထဲမွာေလွာင္ေျပာင္မႈအျပည့္ျဖင့္ ကြၽမ္းဟုန္မိန္ကိုတစ္ခ်က္ၾကည့္လိုက္သည္။

သူ႕ရင္ထဲမွာ ဒီပညာတတ္လူငယ္ေတြကိုပို၍ပင္အထင္ေသးသြားသည္။ ႐ြာလူႀကီးရဲ႕ေတာင္းဆိုမႈေၾကာင့္သာမဟုတ္ပါက သူကဒီလူေတြကိုလာႀကိဳေပးခ်င္မည္မဟုတ္ေပ။ ဒီပညာတတ္လူငယ္ေတြကဘာကိုမွမသယ္နိုင္ၾကပဲ ဟိုဟာဒီဟာတရစပ္ေမးျမန္းေနၿပီး အရင္းအျမစ္ေတြကိုျဖဳန္းတီးေနၾကတာပဲ။ သူတို႔ျဖဳန္းပစ္ခဲ့တဲ့အခ်ိန္နဲ႕ဆို သူကအလုပ္ရမွတ္တစ္ခ်ိဳ႕ရရွိနိုင္သည္။

ထိုသို႔ဆိုၿပီးေနာက္ သူကထိုလူေတြကိုလ်စ္လ်ဴရႈကာ ၾကာပြတ္ျဖင့္ႏြားကိုျမန္ျမန္သြားရန္ ေလာေဆာ္လိုက္သည္။ အခုေတာ့ လုရွနဲ႕က်န္သူေတြမွာ ေနာက္ကေနအမွီလိုက္ဖို႔႐ုန္းကန္ေနရေတာ့သည္။

အထူးသျဖင့္ ဒယိမ္းဒယိုင္ေလွ်ာက္ေနၿပီး အခ်ိန္မေ႐ြးလဲက်သြားေတာ့မေယာင္ရွိတဲ့ က်န္းကြၽင္းေမာ့ပင္။ သူမတို႔ႏွစ္ေယာက္စလုံးက အေျမာက္စာေတြျဖစ္လို႔ထင္သည္။ လုရွသည္သူ႕အေပၚဂ႐ုဏာသက္မိသလိုခံစားရၿပီး စိုးရိမ္စြာေမးလိုက္သည္။
" ရွင္အဆင္ေျပရဲ႕လား?"

လက္ရွိမွာက်န္းကြၽင္းေမာ့ရဲ႕ႏႈတ္ခမ္းေတြသည္ျဖဴေဖ်ာ့ေနၿပီျဖစ္သည္။ သူကသူမစကားကိုၾကားလိုက္ရေတာ့ ေဖ်ာ့ေတာ့စြာေခါင္းညိတ္ေလသည္။
".....ေျပပါတယ္"

ဒါေပမဲ့ သူ႕ရဲ႕လက္ရွိအေျခအေနက လုံးဝအဆင္ေျပပုံမရေပ။



Continue Reading

You'll Also Like

128K 3.6K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
42.6K 674 16
DELULU & GUILT PLEASURE
1.6M 109K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
2M 99.9K 37
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...