Magic Hides My Man

By Nway_Nwayy

230K 13.4K 1.2K

ကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34
YMHK & Zarni
Final
🖤 Art Gift 🖤
Thank You All
🖤🖤 Art Gift 🖤🖤
Extra

Part 28

3.8K 297 33
By Nway_Nwayy

Unicode

"မင်း အိမ်ပြန်မလား၊ ငါ ကိုခန့်ဆီ ဖုန်းဆက်လိုက်မယ်လေ"

ဇင်မင်းက တစ်ဖက်ကုတင်ပေါ်မှာ လှဲအိပ်နေရင်းက လှည့်ကြည့်ကာ မေးသည်။ ဗညားထွဋ်ခေါင် ခေါင်းသာ ခါပြလိုက်မိသည်။ ခေါင်းတစ်ခုလုံး ကြေမွတော့မလို ကိုက်ခဲနေကာ မျက်လုံးတွေလည်း မဖွင့်ချင်။ မနက်နိုးကတည်းက နှစ်ခါ သုံးခါလောက် အန်နေတာက မနေ့ညက အစာမစားထားဘဲ စွတ်သောက်လိုက်မိလို့ ဖြစ်မည်။

"အဆင်ပြေရဲ့လား ဗညား"

"ခေါင်းတွေကိုက်တယ်ကွာ ... သေတော့မလိုပဲ"

ဇင်မင်းက "ခဏလေး" ဟု ဆိုကာ Reception ကို ဖုန်းဆက်၍ ကော်ဖီလှမ်းမှာ နေသည်။ ဖြိုးအောင်ကတော့ ကလေးမို့ အိမ်ကနေ အကြာကြီး ထွက်လာလို့ မရ၍ထင်သည်။ ဒီနေ့တော့ ရောက်မလာပါ။

"မင်းလည်း အိမ်ပြန်ချင်ပြန်လေ၊ ငါ ဒီမှာ အဆင်ပြေပါတယ်"

"ငါက ရတယ်၊ အိမ်မှာက ငါ ရှိရှိ မရှိရှိ ဘာမှ မထူးဘူး"

ဇင်မင်းက သူ့ဟာသူပြောပြီး ရယ်နေ၏။ ဇင်မင်းကို လှည့်ကြည့်လိုက်ကာ လိုက်တော့ မရယ်မိပါ။ ဗညားထွဋ်ခေါင်ဆိုတဲ့ ကောင်ကရော။ မိသားစုအတွက်၊ ပတ်၀န်းကျင်အတွက် ရှိရှိ မရှိရှိ ဘာမှ မထူးဘူးလား။ ပြီးတော့ ပိုင်ခန့် အတွက်ရော ...။ တဆစ်ဆစ်ထိုးကိုက်လာသော ခေါင်း‌ကြောင့် မျက်နှာပေါ် ခေါင်းအုံးနှင့် ဖိအုပ်လိုက်ရသည်။

အခန်းတံခါးခေါက်သံနှင့်အတူ အခန်းထဲကို ၀င်ရောက်လာသော ကော်ဖီနံ့ ပြင်းပြင်းကလည်း ခေါင်းကိုက်ခြင်းကို မကုစားနိုင်သေး။ ကုတင်ပေါ် ထထိုင်ကာ မနက်ကတည်းက မှာထားပြီး မစားဖြစ်သေးသော ထမင်းပေါင်းပန်းကန်ကို လှမ်းကြည့်လိုက်မိသည်။ မမနဲ့ ပိုင်ခန့်ရော ထမင်းစားတဲ့အချိန်ဆို သူ့ကို စောင့်နေမှာလား။ ဘယ်စောင့်နေပါ့မလဲ။ ဇင်မင်းပြောသလို ရှိရှိ မရှိရှိ ဘာမှမထူးတဲ့ကောင် ပဲကို။

"မင်း ယူလာပြီလား"

ဇင်မင်းက ခေါင်းညိတ်ပြရင်း ဗညားကုတင်ဘက်ကို ကူးလာပြီး  ဘောင်းဘီအိတ်ထဲက အထုပ်ကို လှမ်းပေး၏။ ဘာအတွက်ကြောင့်နဲ့ ဘာကို ဆင်ခြင်ပြီး နေရဦးမှာလဲ။ ဟိုဘက်ကမ္ဘာကို ‌ပြန်ရောက်သွားတာပဲ ဖြစ်ဖြစ်၊ ဒီကမ္ဘာမှာ သေသွားတာပဲ ဖြစ်ဖြစ်ပေါ့။ ပြန်စရာအိမ်မရှိဘူးဆိုတဲ့ ခံစားချက်၊ ကိုယ့်ကို စောင့်မျှော်နေတဲ့သူ တစ်ယောက်တောင် မရှိပါလားဆိုတဲ့ ခံစားချက်က လုပ်ချင်တာတွေကို မတွေဝေဘဲ လုပ်ပစ်လိုက်ဖို့ တွန်းအားပေးသည်။

အရင်က ဘယ်သူ့စကားကိုမှ ဂရုမစိုက်တတ်တဲ့ ဗညားထွဋ်ခေါင်ဆိုတဲ့ ကောင်က အဲ့ဒီအကြည့်တွေ၊ အဲ့ဒီစကားတွေကိုတော့ အာရုံထဲကနေ ထုတ်မရအောင် ဘာလို့ဖြစ်နေရတာပါလဲ။ လုပ်ချင်ရာတွေလုပ်မယ် လို့ ကိုယ့်ဟာကိုယ် ကြုံးဝါးနေရင်းကပဲ "မင်း အိမ်ပြန်လာခဲ့" လို့ ဖုန်းဆက်ပြီး ပြောလာမှာကို စောင့်နေမိတယ်ဆိုရင် ရယ်ချင်စရာကြီး မဟုတ်လား။

အသေအချာ လိုက်ဖမ်းယူထားတဲ့ အငွေ့တို့က သွေးကြောထဲအထိ တစိမ့်စိမ့် ပျံ့နှံ့သွားချိန်မှာ စောစောကဖြစ်နေတဲ့ ခေါင်းကိုက်တာတွေ၊ ညောင်းညာနေတာတွေ့ တဖြည်းဖြည်း လျော့ပါးလာသည်။ မျက်လုံးတွေကို မှိတ်ထားလိုက်ရင်း ခဏငြိမ်နေပြီးမှ ဇင်မင်း အသင့်ရိုက်ထားပြီးသား ဖက်ကြမ်းတစ်တိုင်ကို ယူကာ ဖွာရှိုက်လိုက်တော့ အတွေးတွေက အဆုံးအစမရှိ ဖြန့်ကျက်ဖို့ ပြီးပြည့်စုံသွားသလို ...။

..........

မမက အသေးစိတ်မမေးပေမယ့် အခြေအနေကိုတော့ နားလည်ပုံရပါသည်။ ဗညားအပေါ်မှာလည်း အပြစ်မမြင်တဲ့သူမို့ ဗညားရဲ့ အမှားတွေကိုလည်း သိချင်ပုံမရ။ ဘာမှ သေချာမမေးဘဲ "စိတ်ဆိုးပြေရင်တော့ ပြန်ခေါ်လိုက်ပါ" ဟုသာ ပြောသည်။ ပိုင်ခန့်ကို ကိုယ်တိုင်လည်း စိတ်မပူ၍တော့ မဟုတ်ပေမယ့် အခုကိစ္စမှာတော့ ပြန်မခေါ်ချင်ပါ။ ဒီကိစ္စမှာ သူ့ကိုယ်သူ မှားတယ်ဆိုတာလေးတော့ လက်ခံစေချင်မိသည်။

ဇင်မင်းဆီ ဖုန်းဆက်မေးလိုက်ရင် ဗညားဘယ်မှာလဲဆိုတာ သိရမှာဖြစ်ပေမယ့် ဖုန်းလည်း စမဆက်ချင်။ အလုပ်ကိစ္စက မနက်ပိုင်းနဲ့တင် ပြီးသွားတာမို့ နေ့လည်ကတည်းက အိမ်ပြန်ရောက်နေတာ ဖြစ်သည်။ အိမ်ထဲ ၀င်၀င်ချင်း ဗညားရှိနေလားဟု အရင်ရှာမိသော ကိုယ့်ကိုယ်ကို အလိုမကျစွာ အိမ်ရှေ့ခန်းကြမ်းပြင်ပေါ် လှဲအိပ်လိုက်သည်။ ခေါင်းရင်းနံရံက သစ်သားတန်း‌ပေါ်မှာ တင်ထားသော ငွေရောင်ကြိုးလေးကို လှမ်းယူကာ ကြည့်လိုက်တော့ အရင်က ဗညားလက်မှာ၀တ်ထားနေကျ လက်ပတ်လေး ဖြစ်သည်။

ဒီလက်ပတ်ကရော ဘယ်လောက်တောင် ဈေးကြီးလိုက်မလဲမသိပါ။ ငွေရောင်လက်နေသော ကြိုးသေးသေးလေးကို တန်းပေါ်ပြန်တင်လိုက်ရင်း တွေးမိသည်။ ဗညားဟာ သူ့ဘ၀မှာ ဘယ်အရာကို တန်ဖိုးထားတာလဲ။ သူတန်ဖိုးထားသောအရာရော ရှိရဲ့လား မသိပါ။ အရာရာတိုင်းကို ဘာမှအရေးမကြီးသလို၊ ဘာတန်ဖိုးမှ မရှိသလိုပဲ သဘောထားတတ်သည်။ ပိုင်ခန့်ကိုပြောနေခဲ့သော စကားတွေ၊ သူ့အပေါ်ထားနေသော စေတနာတွေကိုလည်း တန်ဖိုးရှိတယ်လို့ မြင်ဖို့ဆိုတာ အဝေးကြီးပေါ့။ သူ့စိတ်အလိုမကျရင် အရာရာကို အာရုံနောက်စရာလို့ပဲ မြင်နေခဲ့တာ မဟုတ်လား။

ကိုယ့်ကိုယ်ကိုလည်း "ဘာတွေ မျှော်လင့်နေတာလဲ" ဟု ပြန်မေးမိသည်။ မတော်တဆ ခဏရောက်လာခဲ့တဲ့သူ လို့ သဘောမထားနိုင်ဘဲနဲ့၊ ဘာတွေပေးချင်နေတာလဲ။ ပြီးတော့ ဘာတွေ ပြန်လိုချင်နေသေးတာလဲ။ "စိတ်ကူးယဉ်ဖို့အချိန် နည်းနည်းလေးတောင် မရှိတဲ့ ဘ၀မှာ ငါ ဘယ်တုန်းက စိတ်ကူးယဉ်တတ်သွားတာလဲ" ဟု တွေးမိတော့ ပြုံးလိုက်မိတဲ့အပြုံးက နာနာကျင်ကျင်။

..........

"ကိုခန့် ...၊ ကိုခန့်ရေ ..."

အိမ်ရှေ့က အရေးတကြီးအော်ခေါ်သံကြောင့် ထွက်ကြည့်လိုက်တော့၊ ပိုင်ခန့်ကို မျက်လုံးထဲ ပြာခနဲ ဖြစ်သွားရသည်။ သတိကောင်းကောင်းရှိပုံမရသော ဗညားထွဋ်ခေါင်အား ဆိုက်ကားပေါ်မှာ ဇင်မင်းက အနောက်ကနေ ထိန်းကိုင်ပေးထားရသည်။ ပိုင်ခန့်ကိုအား အော်ခေါ်နေသော ဖြိုး‌အောင်ကလည်း မျက်နှာပျက်နေ၏။

"ဗညား ဘာဖြစ်တာလဲ"

"ဟို ... နည်းနည်းများသွားလို့ ကိုခန့်၊ သူက အားနည်းနေလို့ထင်တယ်၊ ကျွန်တော်တို့နဲ့ အတူရှိနေလို့ ပြန်ခေါ်လာပေးတာပါ"

"ဘာကို နည်းနည်းများသွားတာလဲ"

အင်္ကျီစကို ဆောင့်ဆွဲရင်း အော်မိတော့ ဇင်မင်းက ဆိုက်ကားပေါ်ကနေ လှမ်းအော်သည်။

"ကျွန်တော် တောင်းပန်တယ် ကိုခန့်ရာ၊ ကျန်တာတွေ နောက်မှ ပြောပါ၊ ဗညားက အခုအရေးကြီးနေတယ်၊ လုပ်ပါဦး"

ဆွဲထားသော အင်္ကျီစကို လွှတ်ပေးလိုက်တော့ ဖြိုးအောင်က လမ်းမမှာရပ်ထားသော ဆိုက်ကားနားကို အရင်ပြေးသွားသည်။

"ကျွန်တော်တို့ ချက်ချင်းခေါ်လာတာပါ"

"ဗညား .... ဗညား"

ဇင်မင်းစကားကို အာရုံမစိုက်နိုင်ဘဲ ဆိုက်ကားပေါ်မှာ ဇက်ကျိုးကျနေသော ဗညားထွဋ်ခေါင်ကို ကိုင်လှုပ်ရင်း ခေါ်ပေမယ့် သတိရှိပုံမရချေ။

"ကျွန်တော်တို့ ကူပေးမယ်"

"ရတယ် ...၊ အိမ်နောက်ဖေးမှာ ဆားရေတစ်ခွက် သွားလုပ်ပေး၊ ခွက်ကြီးကြီးနဲ့"

ဇင်မင်းကို လှည့်ပြောပြီး ဗညားထွဋ်ခေါင်အား ပွေ့ချီကာ အိမ်ပေါ်တင်ခဲ့လိုက်သည်။ အိမ်ရှေ့ခန်းမှာ လှဲအိပ်ခိုင်းပြီး ခေါင်းကို ပိုင်ခန့်ကို ပေါင်ပေါ်တင်ထားတဲ့ အနေအထားနဲ့ ထူမတ်ထားရသည်။ လုံး၀ သတိလွတ်သွားလို့ မဖြစ်ပါ။ ဇင်မင်းက ဆားရည်ခွက်ကို ယူလာပြီး လှမ်းပေးသည်။

"ဘာလုပ်ပေးရဦးမလဲ ကိုခန့်"

"ရပြီ ..၊ မင်းတို့ ပြန်တော့"

ဇင်မင်းက စောဒကမတက်ဘဲ ပြန်သွား၏။ ဒီကောင်တွေအကြောင်းကို ပိုင်ခန့်ကို အသိဆုံး ဖြစ်သည်။ သူတို့ဆီကို ဘာပြဿနာမှ အနွယ်ခံမဲ့ ကောင်မျိုးတွေ မဟုတ်။ အခုတောင် လမ်းမှာပစ်မထားခဲ့ဘဲ အိမ်အထိ ပြန်ခေါ်လာပေးလို့ တော်သေးသည်။

"ဗညား ... သတိထားစမ်း၊ ငါ ပြောနေတာ ကြားရလား၊ ငါ့ကို ကြည့်"

မေးစေ့ကနေ မျက်နှာကို ကိုင်မော့ကာ အတင်းကိုင်လှုပ်တော့ လုံး၀ပိတ်မကျသွားသေးတဲ့ မျက်လုံးတွေက ဖြည်းညင်းစွာ မျက်တောင်တစ်ချက်နှစ်ချက် ခတ်၏။ မျက်နှာကို မော့ထားပေးကာ ဆားရည်တစ်ခွက်လုံး ပါးစပ်ထဲ လောင်းထည့်ပေးလိုက်တော့ ပါးစပ်ထဲတ၀က်လောက်၀င်ပေမယ့် အင်္ကျီ တစ်ထည်လုံးလည်း စိုရွှဲသွားသည်။

ဘာလှုပ်ရှားမှုမှ မပြသော ဗညားထွဋ်ခေါင်ကို ခေါင်းအနောက်ကနေ ပင့်မထားရင်း ထိတ်လန့်လာရသည်။ စင်းကျနေသော မျက်လုံးတွေက မကြာခင်မှိတ်ကျသွားတော့ မလိုပင်။ ဗညား တခုခုဖြစ်သွားတော့မှာလားလို့ တွေးကာ သတိမထားမိလိုက်ခင် ပါးပေါ်ကိုစီးကျလာသော မျက်ရည်တို့က ထိန်းမရ။

"ဗညား ... မင်း ဘာမှ မဖြစ်ဘူးမလား၊ ငါ့ကို မြင်ရလား၊ ငါ ပြောနေတာတွေ ကြားလား"

ဒီထက်ပိုပြီးလည်း ဘာမှ လုပ်မပေးတတ်ဝောာ့ပါ။ ဒီအတိုင်း ထိုင်ကြည့်နေရတော့မှာလား။ သူ့မျက်စိရှေ့မှာ ဗညားထွဋ်ခေါင်မျက်လုံးတွေ လုံး၀မှိတ်ကျသွားတဲ့အထိ ဒီအတိုင်း ကြည့်နေရတော့မှာလား။

"ငါ ပြောထားသားနဲ့ကွာ၊ မင်း ဘာမှ ဖြစ်လို့မရဘူး၊ ဘာမှ မဖြစ်ပါနဲ့ ... ဘာမှ မဖြစ်ပါနဲ့ .."

ပိုင်ခန့်ကို ကိုယ်တိုင်လည်း သတိလက်လွတ် ငိုနေမိပြီး၊ လုံး၀ကို ပျော့ခွေကာ သတိကင်းမဲ့နေသော ဗညားထွဋ်ခေါင် ခန္ဓာကိုယ်ကို သူ့ရင်ဘတ်နား ဆွဲကာ ဖက်ထားမိသည်။ တဒုတ်ဒုတ်ကြားနေရသော နှလုံးခုန်သံတွေက သာမန်ထက် ကျယ်ပြီး ပိုမြန်နေလေသလားမသိ။ အဲ့ဒီနှလုံးခုန်သံတွေ ရပ်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ။

"ကျေးဇူးပြုပြီး ... ဘာမှ မဖြစ်ပါနဲ့၊ ငါ တောင်းပန်ပါတယ်၊ ငါ မင်းအိမ်ကို ပြန်ရှာပေးပါ့မယ်၊ မင်းကို အိမ်ပြန်ပို့ပေးပါ့မယ်"

"......."

ခပ်တိုးတိုးညည်းသံလိုလို ကြားလိုက်ရပြီး နောက်မှာ ခေါင်းငိုက်ကျသွားတဲ့ ဗညားက ဆားရည်တွေကို ပြန်အန်တော့၏။ ပိုင်ခန့်ကို လက်တွေ တဆတ်ဆတ်တုန်ရီနေကာ ဗညားကို ထိန်းကိုင်ထားပေးရသည်။

"အား ... တော်ပါသေးရဲ့၊ ရလား ... ဗညား"

ရေတွေအားလုံးကို ထိုးအန်ချလိုက်အပြီး၊ အခုမှ သတိ၀င်လာပုံရတဲ့ ဗညားက ပိုင်ခန့်ကို လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ထားသည်။

"ရရဲ့လား ... အဆင်ပြေပြီလား"

"......"

ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာရင်း ပိုင်ခန့်ကိုအား လှည့်ကြည့်ကာ ၀မ်းပန်းတနည်းနဲ့ ငိုလိုက်တဲ့ ဗညားထွဋ်ခေါင်ကြောင့် စောစောကအတိုင်း ပြန်ဖက်ထားပေးလိုက်မိသည်။

ချွေးစေးတွေနဲ့ တစ်ကိုယ်လုံးအေးစက်နေကာ အသက်ကို ကြိုးစားရှူရင်း မောဟိုက်နေသော ဗညားထွဋ်ခေါင်ကို ဖက်ထားပေးရင်းက ကျောကို ခပ်ဖွဖွသပ်ပေးနေလိုက်သည်။

"ငါ ရှိတယ်နော်၊ ငါ ရှိတယ် ဘာမှ မဖြစ်တော့ဘူး၊ အဆင်ပြေသွားပြီ"

................

"ငါ့ကို ပိုင်ခန့်ဆီ ပို့ပေး"

သတိလွတ်မသွားအောင် အားတင်းပြီး နောက်ဆုံးပြောလိုက်မိသေးတယ် ထင်သည်။ သေတော့ မသေချာပါ။ ဘေးပတ်၀န်ကျင်တစ်လုံးကို မြင်ရတချက်၊ မမြင်ရတချက်။ ကိုယ့်နှလုံးခုန်သံကို အကျယ်ကြီး ပြန်ကြားနေရသည်။ တစ်ချက်ချင်းကနေ တဖြည်းဖြည်း သိသိသာသာ မြန်လာသော နှလုံးခုန်သံတွေနဲ့အတူ အသိစိတ်တ၀က်က လွင့်ပါနေပြီ ဖြစ်သည်။ ငါ သေတော့မှာလား ဆိုတဲ့အတွေးက ဟိုးချောက်နက်နက်ကြီးထဲ ဆွဲခေါ်သွားသလို၊ လူတွေရဲ့စကားပြောသံတွေ ကြားရလိုက်၊ လေတိုးသံတွေ ကြားရလိုက်နဲ့။

*နောက်ဆုံးတော့ အိမ်ပြန်မရောက်နိုင်တော့ပါဘူး* လို့ လုံး၀စိတ်ကိုလျှော့ထားလိုက်ရင်း ပထမဆုံးတွေးမိတာက *ဖေဖေနဲ့‌မေမေကို ငါနှုတ်မဆက်ရတော့ဘူး* ဆိုတာပဲ ဖြစ်သည်။ ပြီးတော့ ပိုင်ခန့်။ ဒါတွေ မလုပ်ဖို့ အကြိမ်ကြိမ်တားခဲ့တဲ့ ပိုင်ခန့် ဆီကို ပြန်မရောက်နိုင်တော့ဘူး ထင်သည်။

"ဗညား ... သတိထားစမ်း"

ငှက်အော်သံတွေ၊ လေတိုးသံတွေရဲ့ ကြားထဲကနေ အဝေးကြီးကလွင့်လာတဲ့ စကားပြောသံဟာ ပိုင်ခန့်အသံ မဟုတ်လား။ သူ့နာမည်ကို ခေါ်နေတာလေ။ အားတင်းပြီး မျက်လုံးတွေကို ဇွတ်ဖွင့်နေပေမယ့် မအောင်မြင်ပါ။

"ဘာမှ မဖြစ်ပါနဲ့"

သစ်ပင်တစ်ပင်အောက်မှာ ရပ်နေတဲ့ ပိုင်ခန့်က သူ့ဆီလက်ကမ်းပေးရင်း ရှိုက်ငိုနေတာကို ခပ်လှမ်းလှမ်းက ရပ်ကြည့်နေရသည်။ စောစောကပဲ မြန်ဆန်လာတဲ့ နှလုံးခုန်သံတွေဟာ အခုတော့ တစ်ချက်ချင်း နှေးလာခဲ့ရင်း၊ နောက်ဆုံးမှာ ရပ်သွားလိမ့်မည် ထင်၏။

"ပိုင်ခန့် ... ငါ ဘာမှ မဖြစ်ချင်ဘူး"

အားကုန်အော်လိုက်ပေမယ့် အသံတို့က ထွက်မလာပါ။

"မင်းကို အိမ်ပြန်ပို့ပေးပါ့မယ်"

ပိုင်ခန့်အသံဟာ နီးလာလိုက်၊ ဝေးသွားလိုက် ...။

"အား ..."

အသံကုန် အော်ဟစ်လိုက်ပေမယ့် အသံတို့က လေထဲမှာ ပျောက်ကွယ်သွားတယ် ထင်သည်။ ဖျတ်ခနဲ သတိ၀င်လာချိန်မှာ ထိုးအန်နေသော သူ့ကို အနောက်ကနေ ကိုင်ထားပေးတဲ့ လက်တစ်စုံ။ ပိုင်ခန့် ... မင်း မဟုတ်လား။ အဲ့ဒီလက်တွေကို အားကိုးတကြီး ပြန်ဆုပ်ကိုင် ထားမိသည်။ မျက်လုံးတွေကို အားယူပြီး ကြိုးစားဖွင့်ကာ လှည့်ကြည့်လိုက်ဝောာ့ ...။

"ရရဲ့လား ... အဆင်ပြေပြီလား"

စိုးရိမ်တကြီးနဲ့ စိုက်ကြည့်ကာ မေးနေသော ပိုင်ခန့်ကို ကို အတွေ့၊ ရင်ထဲမှာ လှိုက်တက်လာသော ၀မ်းနည်းမှုနဲ့အတူ ထိန်းလို့မရစွာ ရှိုက်ငိုမိသည်။

"ငါ ရှိတယ်နော်၊ ငါ ရှိတယ် ဘာမှ မဖြစ်တော့ဘူး၊ အဆင်ပြေသွားပြီ"

ခပ်တိုးတိုး နှစ်သိမ့်လိုက်တဲ့စကားနဲ့ ပွေ့ဖက်ပေးထားမှုက ပိုပြီး၀မ်းနည်းစေသည်။ ပိုင်ခန့်ကို ရင်ဘတ်ထဲ မျက်နှာအပ်ထားရင်း အထပ်ထပ် ငိုရှိုက်နေမိ၏။ ကျောကိုသပ်ပေးနေရင်း အခုမှ စိတ်ချသွားသလို သက်ပြင်းချလိုက်တဲ့ ပိုင်ခန့် အသံထဲမှာလည်း ရှိုက်သံအနည်းငယ် ရောနေလေရဲ့။

အိမ်ကို လုံလုံခြုံခြုံပြန်ရောက်သွားတဲ့ ခံစားချက်မျိုးနဲ့။ ပိုင်ခန့်ကိုရဲ့ ရင်ခွင်ဟာ ဒီလောက်နွေးထွေးပြီး၊ လုံခြုံတယ်တဲ့လား။

................................................................................

(A/N - ဆေးပညာမှာတော့ Overdose Case ကို ဆားရည်မထိုးသင့်ဘူးလို့ သတ်မှတ်ထားပါတယ်။ အခုလို ဆားရည်တိုက်တဲ့နည်းလမ်းကလည်း အမှန် မဟုတ်ပါဘူးနော်။ အခုက ကိုယ်ခန္ဓာအားနည်းနေချိန် အခန့်မသင့်လို့ဖြစ်ရာကနေ၊ ကံကောင်းလို့သာ ပြန်ကောင်းသွားတဲ့ သဘောပါ။ ဆားရည်က အခြေအနေအားလုံးအတွက် သေချာမှန်ကန်တဲ့ ကုထုံးမဟုတ်ပါဘူး။ ကိုယ်သိပ်နားမလည်တဲ့ နယ်ပယ်မို့  အချက်အလက်မှားယွင်းမှု တစ်စုံတစ်ရာရှိခဲ့ရင် ကြိုတောင်းပန်ထားပါရစေ။)

❌ Side Effect နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ။ မည်သည့် မူးယစ်ဆေးဝါးကိုမဆို လုံး၀ (လုံး၀) မသုံးစွဲသင့်ပါကြောင်း။ ❌

Zawgyi

"မင္း အိမ္ျပန္မလား၊ ငါ ကိုခန္႔ဆီ ဖုန္းဆက္လိုက္မယ္ေလ"

ဇင္မင္းက တစ္ဖက္ကုတင္ေပၚမွာ လွဲအိပ္ေနရင္းက လွည့္ၾကည့္ကာ ေမးသည္။ ဗညားထြဋ္ေခါင္ ေခါင္းသာ ခါျပလိုက္မိသည္။ ေခါင္းတစ္ခုလုံး ေၾကမြေတာ့မလို ကိုက္ခဲေနကာ မ်က္လုံးေတြလည္း မဖြင့္ခ်င္။ မနက္ႏိုးကတည္းက ႏွစ္ခါ သုံးခါေလာက္ အန္ေနတာက မေန႔ညက အစာမစားထားဘဲ စြတ္ေသာက္လိုက္မိလို႔ ျဖစ္မည္။

"အဆင္ေျပရဲ႕လား ဗညား"

"ေခါင္းေတြကိုက္တယ္ကြာ ... ေသေတာ့မလိုပဲ"

ဇင္မင္းက "ခဏေလး" ဟု ဆိုကာ Reception ကို ဖုန္းဆက္၍ ေကာ္ဖီလွမ္းမွာ ေနသည္။ ၿဖိဳးေအာင္ကေတာ့ ကေလးမို႔ အိမ္ကေန အၾကာႀကီး ထြက္လာလို႔ မရ၍ထင္သည္။ ဒီေန႔ေတာ့ ေရာက္မလာပါ။

"မင္းလည္း အိမ္ျပန္ခ်င္ျပန္ေလ၊ ငါ ဒီမွာ အဆင္ေျပပါတယ္"

"ငါက ရတယ္၊ အိမ္မွာက ငါ ႐ွိ႐ွိ မ႐ွိ႐ွိ ဘာမွ မထူးဘူး"

ဇင္မင္းက သူ႕ဟာသူေျပာၿပီး ရယ္ေန၏။ ဇင္မင္းကို လွည့္ၾကည့္လိုက္ကာ လိုက္ေတာ့ မရယ္မိပါ။ ဗညားထြဋ္ေခါင္ဆိုတဲ့ ေကာင္ကေရာ။ မိသားစုအတြက္၊ ပတ္၀န္းက်င္အတြက္ ႐ွိ႐ွိ မ႐ွိ႐ွိ ဘာမွ မထူးဘူးလား။ ၿပီးေတာ့ ပိုင္ခန္႔ အတြက္ေရာ ...။ တဆစ္ဆစ္ထိုးကိုက္လာေသာ ေခါင္း‌ေၾကာင့္ မ်က္ႏွာေပၚ ေခါင္းအုံးႏွင့္ ဖိအုပ္လိုက္ရသည္။

အခန္းတံခါးေခါက္သံႏွင့္အတူ အခန္းထဲကို ၀င္ေရာက္လာေသာ ေကာ္ဖီနံ႔ ျပင္းျပင္းကလည္း ေခါင္းကိုက္ျခင္းကို မကုစားႏိုင္ေသး။ ကုတင္ေပၚ ထထိုင္ကာ မနက္ကတည္းက မွာထားၿပီး မစားျဖစ္ေသးေသာ ထမင္းေပါင္းပန္းကန္ကို လွမ္းၾကည့္လိုက္မိသည္။ မမနဲ႔ ပိုင္ခန္႔ေရာ ထမင္းစားတဲ့အခ်ိန္ဆို သူ႕ကို ေစာင့္ေနမွာလား။ ဘယ္ေစာင့္ေနပါ့မလဲ။ ဇင္မင္းေျပာသလို ႐ွိ႐ွိ မ႐ွိ႐ွိ ဘာမွမထူးတဲ့ေကာင္ ပဲကို။

"မင္း ယူလာၿပီလား"

ဇင္မင္းက ေခါင္းညိတ္ျပရင္း ဗညားကုတင္ဘက္ကို ကူးလာၿပီး  ေဘာင္းဘီအိတ္ထဲက အထုပ္ကို လွမ္းေပး၏။ ဘာအတြက္ေၾကာင့္နဲ႔ ဘာကို ဆင္ျခင္ၿပီး ေနရဦးမွာလဲ။ ဟိုဘက္ကမ႓ာကို ‌ျပန္ေရာက္သြားတာပဲ ျဖစ္ျဖစ္၊ ဒီကမ႓ာမွာ ေသသြားတာပဲ ျဖစ္ျဖစ္ေပါ့။ ျပန္စရာအိမ္မ႐ွိဘူးဆိုတဲ့ ခံစားခ်က္၊ ကိုယ့္ကို ေစာင့္ေမွ်ာ္ေနတဲ့သူ တစ္ေယာက္ေတာင္ မ႐ွိပါလားဆိုတဲ့ ခံစားခ်က္က လုပ္ခ်င္တာေတြကို မေတြေဝဘဲ လုပ္ပစ္လိုက္ဖို႔ တြန္းအားေပးသည္။

အရင္က ဘယ္သူ႕စကားကိုမွ ဂ႐ုမစိုက္တတ္တဲ့ ဗညားထြဋ္ေခါင္ဆိုတဲ့ ေကာင္က အဲ့ဒီအၾကည့္ေတြ၊ အဲ့ဒီစကားေတြကိုေတာ့ အာ႐ုံထဲကေန ထုတ္မရေအာင္ ဘာလို႔ျဖစ္ေနရတာပါလဲ။ လုပ္ခ်င္ရာေတြလုပ္မယ္ လို႔ ကိုယ့္ဟာကိုယ္ ၾကဳံးဝါးေနရင္းကပဲ "မင္း အိမ္ျပန္လာခဲ့" လို႔ ဖုန္းဆက္ၿပီး ေျပာလာမွာကို ေစာင့္ေနမိတယ္ဆိုရင္ ရယ္ခ်င္စရာႀကီး မဟုတ္လား။

အေသအခ်ာ လိုက္ဖမ္းယူထားတဲ့ အေငြ႕တို႔က ေသြးေၾကာထဲအထိ တစိမ့္စိမ့္ ပ်ံ႕ႏွံ႔သြားခ်ိန္မွာ ေစာေစာကျဖစ္ေနတဲ့ ေခါင္းကိုက္တာေတြ၊ ေညာင္းညာေနတာေတြ႕ တျဖည္းျဖည္း ေလ်ာ့ပါးလာသည္။ မ်က္လုံးေတြကို မွိတ္ထားလိုက္ရင္း ခဏၿငိမ္ေနၿပီးမွ ဇင္မင္း အသင့္႐ိုက္ထားၿပီးသား ဖက္ၾကမ္းတစ္တိုင္ကို ယူကာ ဖြာ႐ိႈက္လိုက္ေတာ့ အေတြးေတြက အဆုံးအစမ႐ွိ ျဖန္႔က်က္ဖို႔ ၿပီးျပည့္စုံသြားသလို ...။

..........

မမက အေသးစိတ္မေမးေပမယ့္ အေျခအေနကိုေတာ့ နားလည္ပုံရပါသည္။ ဗညားအေပၚမွာလည္း အျပစ္မျမင္တဲ့သူမို႔ ဗညားရဲ႕ အမွားေတြကိုလည္း သိခ်င္ပုံမရ။ ဘာမွ ေသခ်ာမေမးဘဲ "စိတ္ဆိုးေျပရင္ေတာ့ ျပန္ေခၚလိုက္ပါ" ဟုသာ ေျပာသည္။ ပိုင္ခန္႔ကို ကိုယ္တိုင္လည္း စိတ္မပူ၍ေတာ့ မဟုတ္ေပမယ့္ အခုကိစၥမွာေတာ့ ျပန္မေခၚခ်င္ပါ။ ဒီကိစၥမွာ သူ႕ကိုယ္သူ မွားတယ္ဆိုတာေလးေတာ့ လက္ခံေစခ်င္မိသည္။

ဇင္မင္းဆီ ဖုန္းဆက္ေမးလိုက္ရင္ ဗညားဘယ္မွာလဲဆိုတာ သိရမွာျဖစ္ေပမယ့္ ဖုန္းလည္း စမဆက္ခ်င္။ အလုပ္ကိစၥက မနက္ပိုင္းနဲ႔တင္ ၿပီးသြားတာမို႔ ေန႔လည္ကတည္းက အိမ္ျပန္ေရာက္ေနတာ ျဖစ္သည္။ အိမ္ထဲ ၀င္၀င္ခ်င္း ဗညား႐ွိေနလားဟု အရင္႐ွာမိေသာ ကိုယ့္ကိုယ္ကို အလိုမက်စြာ အိမ္ေ႐ွ႕ခန္းၾကမ္းျပင္ေပၚ လွဲအိပ္လိုက္သည္။ ေခါင္းရင္းနံရံက သစ္သားတန္း‌ေပၚမွာ တင္ထားေသာ ေငြေရာင္ႀကိဳးေလးကို လွမ္းယူကာ ၾကည့္လိုက္ေတာ့ အရင္က ဗညားလက္မွာ၀တ္ထားေနက် လက္ပတ္ေလး ျဖစ္သည္။

ဒီလက္ပတ္ကေရာ ဘယ္ေလာက္ေတာင္ ေဈးႀကီးလိုက္မလဲမသိပါ။ ေငြေရာင္လက္ေနေသာ ႀကိဳးေသးေသးေလးကို တန္းေပၚျပန္တင္လိုက္ရင္း ေတြးမိသည္။ ဗညားဟာ သူ႕ဘ၀မွာ ဘယ္အရာကို တန္ဖိုးထားတာလဲ။ သူတန္ဖိုးထားေသာအရာေရာ ႐ွိရဲ႕လား မသိပါ။ အရာရာတိုင္းကို ဘာမွအေရးမႀကီးသလို၊ ဘာတန္ဖိုးမွ မ႐ွိသလိုပဲ သေဘာထားတတ္သည္။ ပိုင္ခန္႔ကိုေျပာေနခဲ့ေသာ စကားေတြ၊ သူ႕အေပၚထားေနေသာ ေစတနာေတြကိုလည္း တန္ဖိုး႐ွိတယ္လို႔ ျမင္ဖို႔ဆိုတာ အေဝးႀကီးေပါ့။ သူ႕စိတ္အလိုမက်ရင္ အရာရာကို အာ႐ုံေနာက္စရာလို႔ပဲ ျမင္ေနခဲ့တာ မဟုတ္လား။

ကိုယ့္ကိုယ္ကိုလည္း "ဘာေတြ ေမွ်ာ္လင့္ေနတာလဲ" ဟု ျပန္ေမးမိသည္။ မေတာ္တဆ ခဏေရာက္လာခဲ့တဲ့သူ လို႔ သေဘာမထားႏိုင္ဘဲနဲ႔၊ ဘာေတြေပးခ်င္ေနတာလဲ။ ၿပီးေတာ့ ဘာေတြ ျပန္လိုခ်င္ေနေသးတာလဲ။ "စိတ္ကူးယဥ္ဖို႔အခ်ိန္ နည္းနည္းေလးေတာင္ မ႐ွိတဲ့ ဘ၀မွာ ငါ ဘယ္တုန္းက စိတ္ကူးယဥ္တတ္သြားတာလဲ" ဟု ေတြးမိေတာ့ ျပဳံးလိုက္မိတဲ့အျပဳံးက နာနာက်င္က်င္။

..........

"ကိုခန္႔ ...၊ ကိုခန္႔ေရ ..."

အိမ္ေ႐ွ႕က အေရးတႀကီးေအာ္ေခၚသံေၾကာင့္ ထြက္ၾကည့္လိုက္ေတာ့၊ ပိုင္ခန္႔ကို မ်က္လုံးထဲ ျပာခနဲ ျဖစ္သြားရသည္။ သတိေကာင္းေကာင္း႐ွိပုံမရေသာ ဗညားထြဋ္ေခါင္အား ဆိုက္ကားေပၚမွာ ဇင္မင္းက အေနာက္ကေန ထိန္းကိုင္ေပးထားရသည္။ ပိုင္ခန္႔ကိုအား ေအာ္ေခၚေနေသာ ၿဖိဳး‌ေအာင္ကလည္း မ်က္ႏွာပ်က္ေန၏။

"ဗညား ဘာျဖစ္တာလဲ"

"ဟို ... နည္းနည္းမ်ားသြားလို႔ ကိုခန္႔၊ သူက အားနည္းေနလို႔ထင္တယ္၊ ကြၽန္ေတာ္တို႔နဲ႔ အတူ႐ွိေနလို႔ ျပန္ေခၚလာေပးတာပါ"

"ဘာကို နည္းနည္းမ်ားသြားတာလဲ"

အက်ႌစကို ေဆာင့္ဆြဲရင္း ေအာ္မိေတာ့ ဇင္မင္းက ဆိုက္ကားေပၚကေန လွမ္းေအာ္သည္။

"ကြၽန္ေတာ္ ေတာင္းပန္တယ္ ကိုခန္႔ရာ၊ က်န္တာေတြ ေနာက္မွ ေျပာပါ၊ ဗညားက အခုအေရးႀကီးေနတယ္၊ လုပ္ပါဦး"

ဆြဲထားေသာ အက်ႌစကို လႊတ္ေပးလိုက္ေတာ့ ၿဖိဳးေအာင္က လမ္းမမွာရပ္ထားေသာ ဆိုက္ကားနားကို အရင္ေျပးသြားသည္။

"ကြၽန္ေတာ္တို႔ ခ်က္ခ်င္းေခၚလာတာပါ"

"ဗညား .... ဗညား"

ဇင္မင္းစကားကို အာ႐ုံမစိုက္ႏိုင္ဘဲ ဆိုက္ကားေပၚမွာ ဇက္က်ိဳးက်ေနေသာ ဗညားထြဋ္ေခါင္ကို ကိုင္လႈပ္ရင္း ေခၚေပမယ့္ သတိ႐ွိပုံမရေခ်။

"ကြၽန္ေတာ္တို႔ ကူေပးမယ္"

"ရတယ္ ...၊ အိမ္ေနာက္ေဖးမွာ ဆားေရတစ္ခြက္ သြားလုပ္ေပး၊ ခြက္ႀကီးႀကီးနဲ႔"

ဇင္မင္းကို လွည့္ေျပာၿပီး ဗညားထြဋ္ေခါင္အား ေပြ႕ခ်ီကာ အိမ္ေပၚတင္ခဲ့လိုက္သည္။ အိမ္ေ႐ွ႕ခန္းမွာ လွဲအိပ္ခိုင္းၿပီး ေခါင္းကို ပိုင္ခန္႔ကို ေပါင္ေပၚတင္ထားတဲ့ အေနအထားနဲ႔ ထူမတ္ထားရသည္။ လုံး၀ သတိလြတ္သြားလို႔ မျဖစ္ပါ။ ဇင္မင္းက ဆားရည္ခြက္ကို ယူလာၿပီး လွမ္းေပးသည္။

"ဘာလုပ္ေပးရဦးမလဲ ကိုခန္႔"

"ရၿပီ ..၊ မင္းတို႔ ျပန္ေတာ့"

ဇင္မင္းက ေစာဒကမတက္ဘဲ ျပန္သြား၏။ ဒီေကာင္ေတြအေၾကာင္းကို ပိုင္ခန္႔ကို အသိဆုံး ျဖစ္သည္။ သူတို႔ဆီကို ဘာျပႆနာမွ အႏြယ္ခံမဲ့ ေကာင္မ်ိဳးေတြ မဟုတ္။ အခုေတာင္ လမ္းမွာပစ္မထားခဲ့ဘဲ အိမ္အထိ ျပန္ေခၚလာေပးလို႔ ေတာ္ေသးသည္။

"ဗညား ... သတိထားစမ္း၊ ငါ ေျပာေနတာ ၾကားရလား၊ ငါ့ကို ၾကည့္"

ေမးေစ့ကေန မ်က္ႏွာကို ကိုင္ေမာ့ကာ အတင္းကိုင္လႈပ္ေတာ့ လုံး၀ပိတ္မက်သြားေသးတဲ့ မ်က္လုံးေတြက ျဖည္းညင္းစြာ မ်က္ေတာင္တစ္ခ်က္ႏွစ္ခ်က္ ခတ္၏။ မ်က္ႏွာကို ေမာ့ထားေပးကာ ဆားရည္တစ္ခြက္လုံး ပါးစပ္ထဲ ေလာင္းထည့္ေပးလိုက္ေတာ့ ပါးစပ္ထဲတ၀က္ေလာက္၀င္ေပမယ့္ အက်ႌ တစ္ထည္လုံးလည္း စို႐ႊဲသြားသည္။

ဘာလႈပ္႐ွားမႈမွ မျပေသာ ဗညားထြဋ္ေခါင္ကို ေခါင္းအေနာက္ကေန ပင့္မထားရင္း ထိတ္လန္႔လာရသည္။ စင္းက်ေနေသာ မ်က္လုံးေတြက မၾကာခင္မွိတ္က်သြားေတာ့ မလိုပင္။ ဗညား တခုခုျဖစ္သြားေတာ့မွာလားလို႔ ေတြးကာ သတိမထားမိလိုက္ခင္ ပါးေပၚကိုစီးက်လာေသာ မ်က္ရည္တို႔က ထိန္းမရ။

"ဗညား ... မင္း ဘာမွ မျဖစ္ဘူးမလား၊ ငါ့ကို ျမင္ရလား၊ ငါ ေျပာေနတာေတြ ၾကားလား"

ဒီထက္ပိုၿပီးလည္း ဘာမွ လုပ္မေပးတတ္ေဝာာ့ပါ။ ဒီအတိုင္း ထိုင္ၾကည့္ေနရေတာ့မွာလား။ သူ႕မ်က္စိေ႐ွ႕မွာ ဗညားထြဋ္ေခါင္မ်က္လုံးေတြ လုံး၀မွိတ္က်သြားတဲ့အထိ ဒီအတိုင္း ၾကည့္ေနရေတာ့မွာလား။

"ငါ ေျပာထားသားနဲ႔ကြာ၊ မင္း ဘာမွ ျဖစ္လို႔မရဘူး၊ ဘာမွ မျဖစ္ပါနဲ႔ ... ဘာမွ မျဖစ္ပါနဲ႔ .."

ပိုင္ခန္႔ကို ကိုယ္တိုင္လည္း သတိလက္လြတ္ ငိုေနမိၿပီး၊ လုံး၀ကို ေပ်ာ့ေခြကာ သတိကင္းမဲ့ေနေသာ ဗညားထြဋ္ေခါင္ ခႏၶာကိုယ္ကို သူ႕ရင္ဘတ္နား ဆြဲကာ ဖက္ထားမိသည္။ တဒုတ္ဒုတ္ၾကားေနရေသာ ႏွလုံးခုန္သံေတြက သာမန္ထက္ က်ယ္ၿပီး ပိုျမန္ေနေလသလားမသိ။ အဲ့ဒီႏွလုံးခုန္သံေတြ ရပ္သြားရင္ ဘယ္လိုလုပ္ရပါ့မလဲ။

"ေက်းဇူးျပဳၿပီး ... ဘာမွ မျဖစ္ပါနဲ႔၊ ငါ ေတာင္းပန္ပါတယ္၊ ငါ မင္းအိမ္ကို ျပန္႐ွာေပးပါ့မယ္၊ မင္းကို အိမ္ျပန္ပို႔ေပးပါ့မယ္"

"......."

ခပ္တိုးတိုးညည္းသံလိုလို ၾကားလိုက္ရၿပီး ေနာက္မွာ ေခါင္းငိုက္က်သြားတဲ့ ဗညားက ဆားရည္ေတြကို ျပန္အန္ေတာ့၏။ ပိုင္ခန္႔ကို လက္ေတြ တဆတ္ဆတ္တုန္ရီေနကာ ဗညားကို ထိန္းကိုင္ထားေပးရသည္။

"အား ... ေတာ္ပါေသးရဲ႕၊ ရလား ... ဗညား"

ေရေတြအားလုံးကို ထိုးအန္ခ်လိုက္အၿပီး၊ အခုမွ သတိ၀င္လာပုံရတဲ့ ဗညားက ပိုင္ခန္႔ကို လက္ကို တင္းတင္းျပန္ဆုပ္ကိုင္ထားသည္။

"ရရဲ႕လား ... အဆင္ေျပၿပီလား"

"......"

ျဖည္းျဖည္းခ်င္း မ်က္လုံးဖြင့္လာရင္း ပိုင္ခန္႔ကိုအား လွည့္ၾကည့္ကာ ၀မ္းပန္းတနည္းနဲ႔ ငိုလိုက္တဲ့ ဗညားထြဋ္ေခါင္ေၾကာင့္ ေစာေစာကအတိုင္း ျပန္ဖက္ထားေပးလိုက္မိသည္။

ေခြၽးေစးေတြနဲ႔ တစ္ကိုယ္လုံးေအးစက္ေနကာ အသက္ကို ႀကိဳးစား႐ွဴရင္း ေမာဟိုက္ေနေသာ ဗညားထြဋ္ေခါင္ကို ဖက္ထားေပးရင္းက ေက်ာကို ခပ္ဖြဖြသပ္ေပးေနလိုက္သည္။

"ငါ ႐ွိတယ္ေနာ္၊ ငါ ႐ွိတယ္ ဘာမွ မျဖစ္ေတာ့ဘူး၊ အဆင္ေျပသြားၿပီ"

................

"ငါ့ကို ပိုင္ခန္႔ဆီ ပို႔ေပး"

သတိလြတ္မသြားေအာင္ အားတင္းၿပီး ေနာက္ဆုံးေျပာလိုက္မိေသးတယ္ ထင္သည္။ ေသေတာ့ မေသခ်ာပါ။ ေဘးပတ္၀န္က်င္တစ္လုံးကို ျမင္ရတခ်က္၊ မျမင္ရတခ်က္။ ကိုယ့္ႏွလုံးခုန္သံကို အက်ယ္ႀကီး ျပန္ၾကားေနရသည္။ တစ္ခ်က္ခ်င္းကေန တျဖည္းျဖည္း သိသိသာသာ ျမန္လာေသာ ႏွလုံးခုန္သံေတြနဲ႔အတူ အသိစိတ္တ၀က္က လြင့္ပါေနၿပီ ျဖစ္သည္။ ငါ ေသေတာ့မွာလား ဆိုတဲ့အေတြးက ဟိုးေခ်ာက္နက္နက္ႀကီးထဲ ဆြဲေခၚသြားသလို၊ လူေတြရဲ႕စကားေျပာသံေတြ ၾကားရလိုက္၊ ေလတိုးသံေတြ ၾကားရလိုက္နဲ႔။

*ေနာက္ဆုံးေတာ့ အိမ္ျပန္မေရာက္ႏိုင္ေတာ့ပါဘူး* လို႔ လုံး၀စိတ္ကိုေလွ်ာ့ထားလိုက္ရင္း ပထမဆုံးေတြးမိတာက *ေဖေဖနဲ႔‌ေမေမကို ငါႏႈတ္မဆက္ရေတာ့ဘူး* ဆိုတာပဲ ျဖစ္သည္။ ၿပီးေတာ့ ပိုင္ခန္႔။ ဒါေတြ မလုပ္ဖို႔ အႀကိမ္ႀကိမ္တားခဲ့တဲ့ ပိုင္ခန္႔ ဆီကို ျပန္မေရာက္ႏိုင္ေတာ့ဘူး ထင္သည္။

"ဗညား ... သတိထားစမ္း"

ငွက္ေအာ္သံေတြ၊ ေလတိုးသံေတြရဲ႕ ၾကားထဲကေန အေဝးႀကီးကလြင့္လာတဲ့ စကားေျပာသံဟာ ပိုင္ခန္႔အသံ မဟုတ္လား။ သူ႕နာမည္ကို ေခၚေနတာေလ။ အားတင္းၿပီး မ်က္လုံးေတြကို ဇြတ္ဖြင့္ေနေပမယ့္ မေအာင္ျမင္ပါ။

"ဘာမွ မျဖစ္ပါနဲ႔"

သစ္ပင္တစ္ပင္ေအာက္မွာ ရပ္ေနတဲ့ ပိုင္ခန္႔က သူ႕ဆီလက္ကမ္းေပးရင္း ႐ိႈက္ငိုေနတာကို ခပ္လွမ္းလွမ္းက ရပ္ၾကည့္ေနရသည္။ ေစာေစာကပဲ ျမန္ဆန္လာတဲ့ ႏွလုံးခုန္သံေတြဟာ အခုေတာ့ တစ္ခ်က္ခ်င္း ေႏွးလာခဲ့ရင္း၊ ေနာက္ဆုံးမွာ ရပ္သြားလိမ့္မည္ ထင္၏။

"ပိုင္ခန္႔ ... ငါ ဘာမွ မျဖစ္ခ်င္ဘူး"

အားကုန္ေအာ္လိုက္ေပမယ့္ အသံတို႔က ထြက္မလာပါ။

"မင္းကို အိမ္ျပန္ပို႔ေပးပါ့မယ္"

ပိုင္ခန္႔အသံဟာ နီးလာလိုက္၊ ေဝးသြားလိုက္ ...။

"အား ..."

အသံကုန္ ေအာ္ဟစ္လိုက္ေပမယ့္ အသံတို႔က ေလထဲမွာ ေပ်ာက္ကြယ္သြားတယ္ ထင္သည္။ ဖ်တ္ခနဲ သတိ၀င္လာခ်ိန္မွာ ထိုးအန္ေနေသာ သူ႕ကို အေနာက္ကေန ကိုင္ထားေပးတဲ့ လက္တစ္စုံ။ ပိုင္ခန္႔ ... မင္း မဟုတ္လား။ အဲ့ဒီလက္ေတြကို အားကိုးတႀကီး ျပန္ဆုပ္ကိုင္ ထားမိသည္။ မ်က္လုံးေတြကို အားယူၿပီး ႀကိဳးစားဖြင့္ကာ လွည့္ၾကည့္လိုက္ေဝာာ့ ...။

"ရရဲ႕လား ... အဆင္ေျပၿပီလား"

စိုးရိမ္တႀကီးနဲ႔ စိုက္ၾကည့္ကာ ေမးေနေသာ ပိုင္ခန္႔ကို ကို အေတြ႕၊ ရင္ထဲမွာ လိႈက္တက္လာေသာ ၀မ္းနည္းမႈနဲ႔အတူ ထိန္းလို႔မရစြာ ႐ိႈက္ငိုမိသည္။

"ငါ ႐ွိတယ္ေနာ္၊ ငါ ႐ွိတယ္ ဘာမွ မျဖစ္ေတာ့ဘူး၊ အဆင္ေျပသြားၿပီ"

ခပ္တိုးတိုး ႏွစ္သိမ့္လိုက္တဲ့စကားနဲ႔ ေပြ႕ဖက္ေပးထားမႈက ပိုၿပီး၀မ္းနည္းေစသည္။ ပိုင္ခန္႔ကို ရင္ဘတ္ထဲ မ်က္ႏွာအပ္ထားရင္း အထပ္ထပ္ ငို႐ိႈက္ေနမိ၏။ ေက်ာကိုသပ္ေပးေနရင္း အခုမွ စိတ္ခ်သြားသလို သက္ျပင္းခ်လိုက္တဲ့ ပိုင္ခန္႔ အသံထဲမွာလည္း ႐ိႈက္သံအနည္းငယ္ ေရာေနေလရဲ႕။

အိမ္ကို လုံလုံျခဳံျခဳံျပန္ေရာက္သြားတဲ့ ခံစားခ်က္မ်ိဳးနဲ႔။ ပိုင္ခန္႔ကိုရဲ႕ ရင္ခြင္ဟာ ဒီေလာက္ေႏြးေထြးၿပီး၊ လုံျခဳံတယ္တဲ့လား။

................................................................................

(A/N - ေဆးပညာမွာေတာ့ Overdose Case ကို ဆားရည္မထိုးသင့္ဘူးလို႔ သတ္မွတ္ထားပါတယ္။ အခုလို ဆားရည္တိုက္တဲ့နည္းလမ္းကလည္း အမွန္ မဟုတ္ပါဘူးေနာ္။ အခုက ကိုယ္ခႏၶာအားနည္းေနခ်ိန္ အခန္႔မသင့္လို႔ျဖစ္ရာကေန၊ ကံေကာင္းလို႔သာ ျပန္ေကာင္းသြားတဲ့ သေဘာပါ။ ဆားရည္က အေျခအေနအားလုံးအတြက္ ေသခ်ာမွန္ကန္တဲ့ ကုထုံးမဟုတ္ပါဘူး။ ကိုယ္သိပ္နားမလည္တဲ့ နယ္ပယ္မို႔  အခ်က္အလက္မွားယြင္းမႈ တစ္စုံတစ္ရာ႐ွိခဲ့ရင္ ႀကိဳေတာင္းပန္ထားပါရေစ။)

❌ Side Effect နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ။ မည္သည့္ မူးယစ္ေဆးဝါးကိုမဆို လုံး၀ (လုံး၀) မသုံးစြဲသင့္ပါေၾကာင္း။ ❌











Continue Reading

You'll Also Like

4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
4.3M 270K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
115K 1K 37
-Warning: sensitive topics and swearing.- Romantic and sometimes platonic oneshots with all your favourite Disney characters ✨ 💖 💕 Please note that...