CHANDLER { Ongoing }

By Xylo_19

173K 6.7K 328

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 4 U

5.3K 275 4
By Xylo_19

"" စောဝန်း  ! ""

"" ဗျာ အဖေ ""

ဧည့်ခန်းထဲ အလုပ်လုပ်ကာထိုင်နေရင်း အဖေဖြစ်သူ၏ ခေါ်သံကြောင့် စောဝန်း ပြန်ထူးလိုက်၏ ။

ရှပ်အင်္ကျီ အဖြူကို အောက်က ဂျင်းဘောင်းဘီ အတိုဖြင့်လွတ်လွတ်လပ်လပ်ဝတ်ဆင်ထားကာ မျက်မှန်အောက်က မျက်ဝန်းအညို‌ ရောင်လေးတွေဟာလည်းအမေ့ဖြစ်သူဆီမှ အမွေရထားသည်ပင် ။ မျက်နှာဟာလည်း အေးချမ်းလှကာ မြင်သူအဖို့ တစ်ချက်ကြည့်ရုံဖြင့် အကြည့်မလွှဲချင်စရာ ကောင်းလှပေသည် ။ 

"" ချန်ဒလာ ဆီ သွားမတွေ့ဘူးလား ""

ဦးသောက အောက်ထပ်သို လှေကားမှ ဆင်းလာ‌ နေရင်းနှင့်ပင် ဧည့်ခန့်ထဲမှာထိုင်‌ နေသောသားဖြစ်သူကိုကြည့်ကာ ပြောလိုက်၏ ။

ချန်ဒလာဆိုသည့်နာမည်ကြားသည်နှင့် ကွန်ပျူတာပေါ်ပြေးလွှားနေသည့်လက်တို့ကား ခနမျှရပ်တန့်သွားသည်။ ထို့နောက် ပုံမှန် အသံလေအေးအေးလေးဖြင့်ပဲ

"" ပြန်ရောက်‌နေတာတောင် ကျွန်တော်မသိဘူး ""

ရှစ်နှစ်တောင်ရှိခဲ့ပြီပင် ။ မပြောမဆိုပဲထွက်သွားသော ချစ်ရသူဟာ နောက်ဆုံးတော့ပြန်လာခဲ့ပြီ ။

"" သူရောက်နေတာ ဘယ်လောက်ကြာပြီလည်းအဖေ  ။ ""

"" မကြာသေးဘူး !! ရော့ ""

ဘုန်း !

စားပွဲပေါ်ပြစ်တင်လာသည့် အမည်းရောင်ဖိုင်တွဲတစ်ခု ။

"" ချန်ဒလာတို့ Company နဲ့ လက်တွဲလုပ်ထားတဲ့
Medicinal creations project ။ မင်းလက်ထဲအပ်ခဲ့မယ် ငါဘာလိုဆိုလိုမှန်းမင်းသိမှာပါ ""

အဖေဖြစ်သူ ဦးသောကကို တစ်ချက်ကြည့်ကာရှေ့ရှိ ဖိုင်တွဲကို တစ်ရွက်ချင်းလှန်ကြည့်နေမိသည် ။

medical တိုင်း၌ ဘေးထွက်ဆိုးကျိုး 25% က ပါဝင်နေသည်ပင် ။ လွယ်လွယ်ကူကူရှာမရနိုင် အနံ့မရှိ အရသာမရှိ အရောင်အဆင်းမရှိသည့် ဆေးတစ်မျိုး ။ တစ်ခွက် သောက်လိုက်ရင်ကို အ‌သွေးအသား‌ တွေကို စုတ်ပြတ်သတ်သွားသည်အထိ လုပ်နိုင်သည့် အက်ဆစ်အရည်တစ်မျိုး ။နည်းနည်းချင်းစီ ရေရှည် ဆွဲသုံးလျှင်အသက်အန္တရယ်ကို အများကြီး ထိခိုက်စေနိုင်ပေသည် ။

"" အဖေ !! ""

"" ငါ့ကို ပြန်မအော်နဲ့ စောဝန်း ! သားကအသုံးမကျမှတော့ ငါကိုယ်တိုင်ဦးဆောင်ရမှာပဲ။  ဒီပရောဂျက်ကို မင်းခနအတွင်းနားလည်အောင်လုပ် ။ medical ပိုင်းနဲ့ ငါ့လူနှစ်ယောက်ကိုထည့်ထားတယ် ။ !! ""

"" အဖေ လုပ်နေတာ ကျန်တဲ့လူ တွေပါ ထိခိုက်နိုင်တယ်ဆိုတာ အဖေသိလား ""

"" မင်းငါ့ကိုမရှည်နဲ့ စောဝန်း ။ ငါအကျိုးအမြတ်ရဖို့ပဲ ငါကြည့်နိုင်တယ် ဘယ်သူဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး !! ""

"" ဟေဒန်မိသားစုပါ ထိခိုက်သွားနိုင်တာကော အဖေမသိတာလား ""

"" မင်းငါ့ကို မေးခွန်းပြန်မထုတ်နဲ့ !! ထိခိုက်သွားလည်း ငါ့အတွက်အရှုံးမရှိဘူး ။ ဒါ မင်းအတွက်
ချန်ဒလာနားပြန်ကပ်ဖို့ အခွင့်အရေးပဲ‌လေ ။ 
မင်းလည်းဟေဒန်မိသားစုထဲ မရရတဲ့နည်းနဲ့
ဝင်ဆံ့အောင်လုပ်ပေါ့ !!  ""

လက်ညှိုးထိုးကာ မျက်မှောင်ကျုံ့လျှက် စိတ်ဆိုးမာန်ဆိုးပြောနေသူအား မော့ကာ ငေးကာ ကြည့်ရုံသာတတ်နိုင်သည် ။

အဖေဖြစ်သူ ဦးသောက သူ့အတွက် အကျိုးမရှိရင် ဘယ်အရာမှ လုပ်မည်မဟုတ်ပေ ။ သားအဖနှစ်ယောက်သာကျန်သည့်အပြင် အမေဖြစ်သူဟာလည်း အဖေဖြစ်သူရဲ့ ဒဏ်တွေ မခံနိုင်လို့ ဆုံးပါးသွားရခြင်းဖြစ်၏ ။ သူ့အပေါ် နည်းနည်းပါးပါးလေးတောင် ငဲ့မကြည့်သူပင် ။ သားအဖဆုံသည့်အချိန်ဟာလည်းရှားလှသည် ။ သူအသုံးလိုသည့်အချိန်များ၌သာ ခေါ်ယူကာ အသုံးချခြင်းဖြစ်၏ ။ စောဝန်းဆိုသည့်သူအတွက်တော့ အဖေ၏သားမဟုတ် အသုံးလိုမှ ခေါ်တတ်သည့် အသုံးခံ သက်သက်သာ ။

အဖေအတွက်အန္တရာယ်ဟာ 50% မှာ မူတည်
နေသည် ။ အကျိုးအမြတ်အနည်းငယ်အတွက် မလုပ်တာ‌တွေ လုပ်ကိုင်လာသူ ။ စောဝန်းအဖေဖြစ်သူကိုလည်းမထိခိုက်စေချင်သလို  ချစ်ရသူကိုလည်း နည်းနည်းလေးမှ မထိခိုက်စေချင် ။

•~•~•~•~•~•~•~•~•~•~•~•~•~•~•~

ယိမ်းယိုင်း မြန်မာနိုင်ငံ ပြန်ရောက်နေသည်မှာ တစ်ပတ်ခန့်တိတိရှိသည် ဖြစ်သည် ။ အိမ်လည်း မပြန်ရသလို ဒီ အိမ်ကြီးထဲ၌ပင် အကျယ်ချုပ်ထောင်ကျနေရသည့်နှယ် ။ ကြာလာတော့ အိမ်ပြန်ပို့ဖို့ ညတိုင်းခနခနပြောရတာ အာညောင်းတာပဲ အဖတ်တင်သောကြောင့် ပြောကိုမပြောချင်တော့ ။ နေ့ဘက်တွေ၌ ချန်ဒလာဟာဘယ်တွေ့မှ စောစောပြန်လာခြင်းမရှိသူ့အတွက်တော့တစ်ပူအေးသေးသည်ပင် ။ ည ၁၀ နာရီထိုးက ချန်ဒလာပုံမှန်ပြန်လာသည့်အချိန်လိုပင် ဖြစ်နေသည် ။

ခြံဝန်းကျယ်ကြီး၌ပြုလုပ်ထားသည့် ခုံတန်းပေါ်၌ထိုင်ကာ စာအုပ်တစ်အုပ်ကိုသာ ကောက်ဖတ်နေသည် ။ မနက်ကတည်းထိုင်ပြီးဖတ်လိုက်တာနေ့ခင်း‌ထမင်းစားချိန်ရောက်သည်အထိ သူ့မှာ ဖင်မကြွနိုင် ။ တစ်စုံတစ်ခုကို စိတ်နှစ်ပြီး လုပ်ရတာကိုသူပိုပြီးနှစ်သက်သည်။ 

ခြံထဲ၌လည်း အရိပ်ရသစ်ပင်ကြီးနှစ်ပင်ကဘေးတစ်ဖက်စီ၌အုံ့ဆိုင်းနေလေသည်  ။ ခြံနှင့်အိမ်ထဲကိုရောက်ဖို့ပင် လမ်းမောအောင်လျှောက်ရလိမ့်မယ် ။ အိမ်ဘက် မျက်နှာစာကိုမှန်ပြင်တွေနှင့်ကာရံထားကာ အထပ်မြင့်သည့်အတွက် မြို့ပြရှုခင်းကိုအနည်းအကျဉ်းမျှမြင်နေရသည် ။ နောက်ပြီးဒီခြံဝန်းအတွင်း၌ သူလီလီပန်းတွေလည်း ထပ်စိုက်ချင်သေး၏ ။

"" အစ်ကိုလေး "'"

သူ့နားထိ အမောတကောပြေးလာသူ မိပုကြောင့်
သူပါ ဘာများဖြစ်တာလည်းဆိုသည့်အတွေးဖြင့် စိုးထိတ်သွားရသည်။ 

"" ဘာဖြစ်တာလည်း မိပု ""

"" သခင်လေး .. သခင်လေး ""

ပြောလာသူကလည်းအမောတကော ...

သခင်လေးဆိုသည့် စကားမှာရပ်ကာဆက်‌မပြောလာသောကြောင့်  ယိမ်းယိုင်ရင်ထဲထိတ်သွား‌တာတော့ အမှန်ပင် ။

"" ဘာဖြစ်တာလည်း ပြောစမ်းပါ ""

"" သခင်လေး ဖုန်းလာနေပါတယ်လို့ ။
သခင်လေးက အစ်ကိုလေးယိမ်းယိုင်ကို ခုချက်ချင်းလာကိုင်ဖို့မှာလိုက်ပါတယ် ။ ""

"" ကျစ် ! မိပုတို့ကဗျာ ""

"" အို ဘာဖြစ်သွားတာလည်းအစ်ကိုလေးက .. ""

သူလည်းဘာမှမလုပ် အကိုလေးကသာ စကားဆုံးအောင်နားမထောင်တာပင် ။ ပြီးရင်တော့ မိပုကိုပဲ ပြောကြအုန်းမယ် ..

ယိမ်းယိုင်ဧည့်ခန်းထဲ ရောက်ရောက်ချင်း
ဆိုဖာ ဘေးကထိုင်ခုံပေါ်တွင် ထားရှိထားသော
ကြိုးဖုန်းလေးကို အမြန်ကောက်ကိုင်လိုက်၏ ။

"" ဟယ်လို ! ""

"" ကျစ် ! ဖုန်းလေးတစ်ခါကိုင်ဖို့အရေးကြာလိုက်
တာဆိုတာ ""

"" အဲ့တာ ငါ့ကိစ္စ ။ ဘာလည်းပြောမင်းအခု
ဖုန်းဆက်တာ ""

ဖုန်းစကိုင်ကတည်းက အသံကအချိုးမပြေ ။ သူနဲ့ကျ အဲ့လို့ပဲပြောတတ်တာလား ချန်ဒလာလည်းမသိတော့ ။ ဒီနေ့အပြင်ခေါ်ထုတ်သွားဖို့စိတ်လေးတောင်ပျက်သွားလေ၏။

"" အသံကိုကြည့်ပြောလိုက် ! ကျုပ်ကို အမိန့်လာပေးတဲ့ အသံနဲ့လာမမေးနဲ့ ""

အနားမှာရှိနေရင် ယိမ်းယိုင် ထို့ကောင်မျက်နှာတွေကြီးပဲ ဆွဲဆုတ်ပစ်လိမ့်မည် ။ ရုပ်တောင်မမြင်ရသေး အသံကြားရနဲ့တင် ကျက်သရေအဖျာဖျာတုံးတယ် !

ယိမ်းယိုင်ဖုန်းကို နားနားခနခွာလိုက်သည် ။ ထို့နောက်လည်ချောင်းရှင်းလိုက်ကာ ချောင်းလေးတစ်ချက်ဟန့်လိုက်ပြီး ဖုန်းကို နားနားပြန်ကပ်ကာ ...

"" မောင်မောင်‌ဟေဒန်လေးဗျ ဟောဒီက ‌ယိမ်းယိုင်လေးကို ဖုန်းဆက်တာ ဘာအကြောင်းတွေများ
ပြောချင်လို့ပါလည်းခင်ဗျ ။ ဒါမှမဟုတ်
မောင်မောင်‌ဟေဒန်လေးက ယိမ်းယိုင်လေးကို
မတွေ့ရလို့ အရမ်းလွမ်းနေလို့လားဟင် ။ ""

"" ကျစ် ! ခင်ဗျားကျုပ်ကို ရွဲ့နေပြန်ပြီ ""

ဖုန်ထဲကနေကြားရုံနဲ့တင် ယိမ်းယိုင်သူ့ကိုရွဲ့နေမှန်း
‌သိသည် တစ်ခွန်းမကျန်ပြန်ပြောကာရွဲ့လိုက်ရမှ။ အကောင်သေးသေးလေးနဲ့ ကိုင်ဆောင့်ပစ်ချင်စရာ ...

"" ‌မင်းက ဟိုလေသံ မကြိုက် ၊ ဒီလေသံ မကြိုက် ငါဘယ်လိုပြောရမယ် ""

"" တော်ပြီ ဒီကိစ္စ နောက်မှပြောမယ်။ အပြင်သွားမှာမို့ ခင်ဗျားအဆင်သင့်လုပ်ထား ။ ငြိမ်းစံ ခင်ဗျားကို လာခေါ်လိမ့်မယ် ""

"" အဲ့တာပဲမလား ။ ဒါပဲ ။ ""

ဖုန်းကို စောင့်ကနဲ ပိတ်ချကာ အိမ်ပေါ်ထက်သို့ ပြေးတတ်လာခဲ့သည် ။ သူပြန်ရောက်ကတည်းက ပထမဆုံး အပြင်ထွက်ရခြင်းပင် ။

‌ဗီရိုထဲအနည်းငယ်စီထည့်ထားသည့် အင်္ကျီအနည်းငယ်ကို ထုတ်ကြည့်ကာ ကိုယ့်၌ ဟိုတစ်ထည် ဒီတစ်ထည်တိုင်းကြည့်နေမိသည် ။ နောက်ဆုံးအကြိုက်တွေ့သည်ဆိုမှ ကုတင်ပေါ်တင်ခဲ့ကာ ရေချိုးခန်းထဲသို့ အပြေးတစ်ပိုင်းဝင်သွားတော့သည် ။

အပြင်သွားတိုင်း အငယ်ဆုံးပီပီ လူပေါ်ကျော့လည်းနေတတ်သေးသည် ။ အပြင်သွားရင်တောင်အကြိုက်တွေ့ရင် အနည်းငယ်မျှဝယ်လိုက်ရမှ
ဟိုကျက်သတုန်းကောင်ကလည်း သူ့ကိုငွေထုတ်ပေးမည်မဟုတ် ။ အကို့ဖြစ်သူဆီလှမ်းတောင်းဖို့ကလည်း အဆင်မပြေလှ ။  သူအကြပ်ရိုက်လှ၏ ။

"" အဘစံ ""

အစ်ကိုလေးကို လိုက်ကြည့်နေသည့် အိမ်တော်ထိန်း အဘကို မိပုနောက်ကနေတိုးတိုးသသ ခေါ်လိုက်သည် ။

အဘက ပြုံးတုံးတုံးကြီးကြည့်နေလိုက်တာ မျက်စိတစ်ဆုံး ....

"" အစ်ကိုလေးက ရှစ်နှစ်အတွင်း အများကြီးပြောင်းသွားတယ်နော် ။ ""

"" အင်း ဟုတ်တယ် ။ ""

အပိုအလိုမပြောတတ်သာ ဒီတစ်အိမ်သာလုံးရဲ့အကျင့်ပေလား ..

"" အရပ်ကသာ ရှည်မလာတော့တာ ။ ငယ်ငယ်ကလို ကလေးရုပ်လေးလည်း မဟုတ်တော့ဘူး ။ အများကြီးရင့်ကျက်လာတာ ။ အရင်တုန်းကလို အစ်ကိုလေး သခင်လေး အပေါ် သံယောဇဉ်‌ရှိနေသေးတာ မိပုခံစားမိ ""

""တော်စမ်းမိပု ။ ကိုယ့်အလုပ်ကို သွားလုပ် ။ ဒီအိမ်မှာ ကိုယ်နဲ့မသက်ဆိုင်ရင် ဝင်မပါရဘူးဆိုတာ နင်နားမလည်ဘူးလား ။ ""

"" ဟုတ်ကဲ့ပါ အဘစံ ""

မိပုလည်း ကိုယ့်ရဲ့လျှာရှည်လွန်းသည့်ပါးစပ်ကိုသာ ဖြတ်ရိုက်ချင်မိသည်။  တော်တော်လျှာရှည်လွန်းတဲ့ ပါးစပ် ...

မိပုလည်း လှည့်ထွက်သွားသည်နှင့် အဘစံလည်း ခေါင်းတစ်ခါခါဖြင့် အပေါ်ထပ်သို့သာ တတ်လာခဲ့သည် ။

' ဒီကလေးမတွေ အရမ်းစပ်စုကြသည်ပင် ။ '

ယိမ်းယိုင် အောက်သို့ ပြန်ဆင်းလာသည်နှင့် ငြိမ်းစံဆိုသည့်လူက ခြံရှေ့တွင် အသင့်ရောက်နေပြီဖြစ်သည် ။

"" သခင်လေးက လာခေါ် ခိုင်းလိုက်လို့ပါ ""

"" အင်း အင်း ""

ကားပေါ်တတ်လိုက်သည်နှင့် အဲကွန်းရဲ့ အအေးဓါတ်က စိမ့်ခနဲ ကြက်‌သိန်းမွှေးလေးတွေတောင်အနည်းငယ်မျှ ထသွားစေသည်  ။ ကိုငြိမ်းစံကားမောင်းထွက်ကတည်းက နှစ်ယောက်လုံးလည်းစ စကားမပြောကြ ။ ဟိုအကြောင်းဒီအကြောင်း စတောင်မပြော သူပျင်းလှ၏ ။ တံခါးမှန်ဘက်သို့ တိုးကပ်သွားကာ အပြင်ဘက်ရှုခင်းကိုသာ အပြည့်အဝကြည့်ရှုနေလိုက်သည်။

တစ်နေရာရောက်တော့ ကားက ကုန်တိုက်ကြီးရှေ့တစ်ခု၌ ထိုးရပ်သွား‌၏ ။ ဆိုင်းဘုတ်အကြီးကြီးပေါ်၌လည်း Chandler ဆိုသည့် နာမည်က ရေးထိုးထားပြန်သည် ။ Chandler ဆိုသည့် စာတန်းပါဝင်နေသည့် ကုန်တိုက်ကြီးမှာဟာ နိုင်ငံ အဝန်းအပြား၌ တည်ရှိနေသည် ။ နိုင်ငံ အလိုက်ပေါ်မူတည်ကာ တည်ဆောက်ပုံ တွေဟာလည်း အမျိုးမျိုးရှိ၏ ။

' ချန်ဒလာဟာ အရမ်းကြွားတတ်သောလူသား ။  နေရာတစ်ကာ၌ သူ့နာမည်မပါပြီး '

ဒေါက် ! ဒေါက် !

ကားမှန်ကိုချလိုက်သည်နှင့် ....

"" မဆင်းပဲ ကားထဲမှာ တစ်သတ်လုံးထိုင်နေတော့မလို့လား ။ ""

ပြောလိုက်ရင်အမြဲ နားထဲကန့်လန့်ဝင်လာတတ်၏ ။ မပြောပဲပါးစပ်ပိတ်ထားရင် ပိုကောင်းပေလိမ့်မည် ။

"" ဆင်းပြီ ! ""

"" ဒါကလည်း မင်းအပိုင်ပဲလား ။ ""

"" အင်းဟုတ်တယ် ။ ခင်ဗျားယောကျာ်းအရမ်းချမ်းသာတာ ။ ""

ကုန်တိုက်ကြီးအတွင်း၌ လူတွေဟာလည်း အများအပြား ။ တစ်နေရာနှင့် တစ်နေရာ လုများဝယ်နေသလားလို့တောင်ထင်နေရ၏။  ဆိုင်တစ်ဆိုင်တိုင်း‌၌လည်း Local brand , Branded တွေကိုပဲ တင်ထားသည် ။

Diamond fashion shop

ဆိုင်ထဲရှိ အပြင်အဆင်တွေဟာလည်း အထက်တန်းဆန်လှ၏ ။ အပေါ်မှ မီးဆိုင်းတွေနှင့် ချိတ်ဆွဲထားကာ တစ်ခန်းလုံးကို အမဲရောင်သာ သုတ်ထားလေသည် ။ ပစ္စည်းတိုင်းဟာလည်း သူ့နေရာနှင့်သူ စည်းကမ်းရှိလှပေသည် ။

"" မင်္ဂလာပါ သခင်လေး ။ ""

"" အင်း ! သူနဲ့အဆင်ပြေမယ့်ဟာအကုန်ထုတ်လိုက် ။ ""

"" ငါရွေးအုန်းမယ်လေ !! ""

"" ရွေးနေလည်း ဒီပုံစံပဲ !! ""

ပြောပြီးကာဘေးနားရှိ ဆိုထာပေါ်မှာထိုင်ကာ အင်္ကျီရွေးချယ်နေသူကို စိတ်ရှည်ထိုင်စောင့်နေမိ၏ ။ ဆေးလိပ်ကို ထုတ်ကာ မီးညှိလိုက်ကာ အငွေ့များကိုလည်း အဆုတ်အထဲထိ အပြည့်အဝရှုထုတ်နေမိ၏ ။

ယိမ်းယိုင်ကတော့ အင်္ကျီရွေးကာအကြိုက်တွေ့သွားသည်နှယ့် အခန်းတစ်ခန်းထဲသို့ဝင်ကာ ဝင်လဲနေ၏။

ဂျောက် !

အခန်းတံခါးလေးဖွင့်သံနှင့်အတူ ...

ရှပ်အဖြူပေါ်မှာ Vest အမဲရောင်ဂျိုင်းပြတ်ကို ထပ်ဝတ်ထားကာ အောက်က ဂျင်းဘောင်းဘီနှင့်ပင် ။
Vest တွေ ဝတ်ရတာ အရမ်းကြိုက်သည့်ပုံ ။
အပြင်ထွက်တိုင်းအဲ့လိုတွေသာ ဝတ်တတ်တာ
ချန်ဒလာ သတိထားမိ၏ ။

' သူပြောသည့်အတိုင်းပင် ရွေးနေလည်း ယိမ်းယိုင်ဟာ ဒီပုံစံက ပုံစံပါပဲ ။ ' 

"" ငါ ဒါလေးယူမယ် ""

"" အင်း ခင်ဗျားနဲ့ လိုက်တယ် ""

"" ပြန်တော့မှာလား !! ""

ချန်ဒလာ ဘာမှတော့မပြော ခေါင်းတစ်ချက်တော့ ငြိမ့်ပြလာ၏ ။

"" ကျန်တာ အကုန်အိမ်ကို ပို့လိုက် ""

"" ဟုတ်ကဲ့ပါ သခင်လေး ""

ဆိုင်ထဲမှ ထွက်လာသည့်တိုင် တော်ရုံတန်ရုံနှင့်မပြန်သေး ။ လိုက်လျှောက်ပတ်ကြည့်နေကြသေး၏ ။
ဒီနေ့မှ ချန်ဒလာဟာ တော်တော်လေးသဘောကောင်းနေသယောင် ။

"" ချန်ဒလာ ""

နောက်ပါးဆီမှခပ်လွှင့်လွှင့်အသံလေးကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်၏ ။

"" စောဝန်း ""

ရှေ့ရှိလူကိုမြင်တာနဲ့ ချန်ဒလာ၏ လက်တို့ဟာသူ့ခါးပေါ်ကျရောက်လာတာကို ယိမ်းယိုင်သတိထားမိလိုက်၏ ။

ဘာလည်း ဒီလူနဲ့ သူနဲ့ကဘာမို့လို့ သူ့ခါးပေါ်ချက်ချင်းလက်လာတင်ရတာလည်း ။နောက်ပြီးရှေ့ရှိ လူကလည်းခါးပေါ်မှာ တင်ရှိနေသည့်လက်ကိုသာတစ်စိုက်မတ်မတ်စူးစိုက်ကြည့်နေတာပင်။ 

"" မင်းပြန်ရောက်တာတောင် ငါ့ကို မပြောဘူး ""

"" အင်း ။ အရေးမပါလို့လေ ""

စောဝန်း မျက်နှာပျက်သွားသော်လည်း ဟန်မပျက်ထိန်းလိုက်ကာ ...

"" ဘေးက ဘယ်သူလေးလည်း ချစ်စရာလေးပဲ ""

"" ကျုပ် အမျိုးသားဖြစ်လာမယ့်သူ ""

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်လိုက်မိကာ လက်သည်းနှင့်အသားထိုးမိကာပေါက်ထွက်မတတ် ။ချန်ဒလာဘေး၌ သူပဲရှိချင်သည် ။သူပဲရှိရမည် ။နောက်ဆုံးချိန်ထိရောက်ရင်တောင် သူလက်မလျော့ချင် ။

"" ခုမှပြန်တွေ့ကြတာဆိုတော့ ကိုယ်တို့ဆိုင်ထိုင်ရအောင်လား ဘလက်ကဖေးခုထိကြိုက်တုန်းမလားကိုယ်ဝယ်တိုက်မှာပါ။  ""

စောဝန်းရှေ့ရှိနှစ်ယောက်ကိုကြည့် စိတ်ပျက်မှုတို့က တစ်ဖွားဖွား ခုထိသူ့အပေါ်အကြည့်‌တစ်ချက်မစွန့်ကြဲလာသူကားကြည့်ကာ စိတ်လည်းတိုမိသည် ။

ချန်ဒလာ ယိမ်းယိုင်ဘက်တစ်ချက်ကြည့်လိုက်ကာ ...

"" ဒါလင် မင်းသွားချင်လား ။ ""

"" ဟင့်အင်း ။ ... မောင် ""

မောင်ဆိုသည့် စကားကို ယိမ်းယိုင် အချိန်တော်ကြာ စဉ်းစားပြီးမှ ခေါ်လိုက်ခြင်း ... သူလည်းဒီလူနှစ်ဦးကြားအနည်းငယ်မျှတော့ခနောင့်ဆန်ကြည့်ချင်သည် ။

စကားသံကြောင့် ယိမ်းယိုင်ခါးကိုဖက်တွယ်ထားသည့်လက်တို့ဟာ ပို၍ပင် တင်းကြပ်သွာသည် ။

ယိမ်းယိုင်လည်း ဖက်ထားသည့်လက်တွေဟာ ပ်ု၍ တင်းမာလာသည်ကြောင့်အောင့်မျက်မျက်ပင် ခံစားသွားရသည် ။

"" ခင်ဗျား ကြားတဲ့အတိုင်းကျုပ်အမျိုးသားက
မလိုက်ချင်ဘူးတဲ့ ""

"" အင်းပါ နောက်တစ်ခေါက်ပေါ့ ""

"" နောက်တစ်ခေါက်ဆိုတာလည်းမရှိနိုင်တာမို့
ကျုပ်တို့ကို သွားခွင့်ပြုပါအုန်း။  ""

နောက်မှာကျန်ခဲ့သည့်လူ ဘယ်လိုဖြစ်နေမလည်းစိတ်မဝင်စား ။ ယိမ်းယိုင်ကို ဖတ်မြဲအတိုင်းဖတ်ထားကာ လှည့်ထွက်လာခဲ့သည် ။

"" မင်းငါ့ကို နည်းနည်း လွှတ်စမ်းပါအုန်း ""

ပြောလိုက်ကာမှ အနားနားတိုးကပ်လာကာ အံကြိတ်သံကြီးဖြင့် ..

"" ကျုပ်ဒီလူကြားထဲ ခင်ဗျားကို တစ်ခုခုမလုပ်ခင် ခင်ဗျားငြိမ်ငြိမ်လေး အပေါက်ပိတ်လိုက်ခဲ့ရင်ကောင်းမယ် ။ ""

•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

"" ဟယ်ရီ အခြေအနေ ။ ""

အိမ်ပြန်ရောက်သည်နှင့်ရေးချိုးကာ
ဝရံတာဘက် ထွက်ကာဟယ်ရီကို ခိုင်းထားသည်ကို ဖုန်းလှမ်းဆက်အရင်မေးမိ၏ ။ ခေါင်းပါလျှော်ထားသဖြင့် ရေစက်တို့ဟာလည်း တစ်စက်စက် ။ သုတ်လည်းမသုတ်သဖြင့် ဆံပင်တို့ကို ဒီတိုင်းသာ ထားထားလိုကိသည် ။ဝတ်နေကြ အိမ်နေဘောင်းဘီကိုပဲဝတ်ဆင်ထားကာ သောက်နေကြဖြစ်သည့်ဆေးလိပ်ကိုလည်း ခဲထားသေး၏ ။ ဆေးလိပ်နှင့်အရက်သည် သူလိုလူအတွက်တော့ အကောင်းမွန်ဆုံး အဖော်မွန်ကောင်း ....

"" ဦးရိုးရာမင်းတို့ဘက်က မလှုပ်ရှားပဲ လှည့်ပြန်သွားပါတယ် သခင်လေး ။ ""

"" မိုက်ကယ်ကို မိထားတယ်မလား ။ ""

မိုက်ကယ်ဆိုတာ ဦးရိုးရာမင်းလက်အောက်အဖွဲ့ကာ ကြွက်ပုန်းတစ်ကောင်သာ ။ သူများပစ္စည်းတွေ ဖြတ်လုရတာ သိပ်ကြိုက်ပုံပဲ ။ ဒါမယ့် သူဖြတ်တိုက်လုသည့်လူကမှားနေသည်။ဦးရိုးရာမင်းဆီလည်း လက်ဆောင်ပဏ္ဏာလေး ဆက်သဖို့အချိန်ကောင်းပင် ။

"" မိထားပါတယ်သခင်လေး ။ ""

"" ကောင်းပြီ ငါအခု လာခဲ့မှာမို့ မင်းသူ့ကိုလက်ဖျားနဲ့တောင်မထိနဲ့ ။ ""

အခန်းထဲရှိထိုင်ခုံတင်ထားသည့် ရှပ်အင်္ကျီနှင့် ဂျာကင်ကို ကောက်ပြန်ဝတ်ကာ အပြင်ဘက်သို
အလောတကြီး ပြန်ထွက်လာခဲ့သည် ။

' ချန်ဒလာကိုလာထိရင် ဘာဖြစ်မလည်းဆိုတာတော့ ထိုက်ထိုက်တန်တန်ပြရမည် '

"" ညမိုးအရမ်းချုပ်နေပြီ မင်းဘယ်သွားအုန်းမလို့လည်း ""

"" ကျစ် !! ကျုပ်ဘယ်သွားသွား ခင်ဗျားကို
ပြန်ပြောနေ‌ရမှာလား ။ ""

"" ငါမင်းကို မိုးအရမ်းချုပ်နေပြီမို့ပြောတာ ""

"" ကိုယ့်နေရာကိုယ်သိ ယိမ်းယိုင်မှိုင်း။ နေရာတကာဝင်မပါနဲ့ ""

ကိုယ်က အကောင်းပြောနေရင် သူကထထဖောက်လာတတ်သည် ။ သူ့အတွက်စိုးရိမ်လို့ပြောသည်ကို လူလိုနားမလည်ပေ ။ လူလိုနားမလည်သည့်လူကို သူလည်း ပြောချင်စိတ်မရှိတော့ ။

မျက်မှောင်ကျုံ့ကာ တစ်လုံးချင်းနာမည်ကို ဖိနှိပ်ကာပြောလာသူကိုမကြည့်ချင် မျက်လွှာချကာ ခြေဖမိုးတွေကိုပဲ ယိမ်းယိုင်ကြည့်နေမိ၏ ။

"" ကျစ် !! ဖယ်စမ်း ""

အောက်မှာ သူ့လင်ရှိသည့်အတိုင်း ကြည့်နေသူကို စိတ်မရှည်တော့ တွန်းတိုက်ကာ ထွက်လာခဲ့လိုက်သည် ။

ချန်ဒလာကားဟာ တစ်ဖြေးဖြေးမောင်းလာခဲ့တာ
မြို့ပြင်ကိုပင် ရောက်လာခဲ့၏ ။ ဒီနဲ့ ယမ်ကို ထားဖို့အတွင် သူမြို့ပြင်၌ အိမ်တစ်လုံး ထပ်ဝယ်ထားခြင်း ။  ဒီနဲ့ ယမ်ကိုမြင်ရင် ယိမ်းယိုင်အမှန်ကို လန့်သွားမည်ပင်။  သူ့ ကလေးတွေကို မခွဲနိုင်တာကြောင့်လည်း ဒီထိတောင်ခေါ်လာခဲ့တာ ....

"" သခင်လေး ရောက်လာပြီလား ""

ခြံရှေ့ကားထိုးရပ်သည်နှင့် ဟယ်ရီက အသည်းအသန် အနားရောက်လာတော့၏။ 

"" ပြောထားတဲ့ အတိုင်း တစ်ချက်တောင်မထိထားပါဘူး ""

"" ကောင်းပြီ !! ""

အခန်းကျယ်ကြီးတစ်ခု၌ ဘာပရိဘောဂမှ ရှိမနေ ။ ဗလာကျင်း မီချောင်းတစ်ချောင်းသာ ထွန်းထားကာ
ချန်ဒလာ ဟယ်ရီနှင့် နောက်လူလေးယောက်က နောက်ပါးမှ မတ်တပ်ရပ်နေကြ၏ ။

"" မျက်လုံးစည်းကို ဖယ်လိုက် ""

မျက်လုံးကို စည်းထားသည့် ပဝါကိုဖယ်ထားလိုက်သည်နှင့် ရှေ့ရှိ မိုက်ကယ်ဆိုသည့် လူကား ဘေးတစ်ချက်စီ လိုက်ကြည့် အသားကုန် ကုန်းအော်တော့၏ ။

ထို့လူရဲ့ အော်သံဟာ ချန်ဒလာ့နားထဲသို့ထော်လော်ကန့်လန့်ဝင်လာ၏ ။ ချန်ဒလာနားတစ်ဖက်ကို လက်သန်းဖြင့် ထိုးကလော်လိုက်ကာ ... ဘေ့စ်ဘောရိုက်တံနှင့် တစ်ချက်လွှဲရိုက်လိုက်၏ ။

အားး!!

ထိုအခါမှ ထိုလူက သွေးတွေဖြင့် ပိုလှပနေသည် ။
ဦးရိုးရာမင်းဆိုသည့်လူ၏ ဘက်တော်သားဆိုသည့်အသိက ချန်ဒလာ၏ အသွေးအသားတို့ကို ဆူပွက်လာစေ၏ ။ခေါင်းကဆံပင်မွှေးတွေစုကိုင်ကာ အားဖြင့် နောက်က နံရံဖြင့် ခေါင်းကို အားပြင်းပြင်းပြေးတိုက်လိုက်၏ ။

နံရံနှင့်ခေါင်းကို တိုက်ပြီးသည်နှင့်လက်ကို ဟန်ပါပါ တစ်ချက်ခါထုတ်လိုက်ကာ ...

‌""တကယ်ဦးနှောက်မရှိသည့်လုပ်ရပ်ကိုလုပ်နေကြ
လို့လေ ။ မင်းကိုဦးနှောက်ပါမပါ တစ်ချက်စမ်းကြည့်တာ ။ဟုတ်နေတာပဲ မင်း က ခေါင်းတော့ပါတယ် ဦးနှောက်တော့ပါမလာဘူး ။ ""

"" မင်း ... မင်းက ဘာ .. ဘာ ကောင် မို့ .. ငါ့ .. ငါ့ကို
... ဒီလို .. လာ လုပ် .. တာလည်း ""

စကားတစ်ခွန်းပြောတိုင်း သွေးတွေဟာလည်းတစ်တောက်တောက် ...

ထိုလူ၏ဆံပင်ကိုတစ်ချက်လှန်ဆွဲချကာ

"" ချန်ဒလာဟေဒန် !! မင်းတို့တောင်မော်ကြည့်လို့မရနိုင်တဲ့ ချန်ဒလာဟေဒန်ဒမီထွီရပ်စ်ဆိုတာ ငါပဲ "" 

      •~•~•~•~•~•~•~•~•~•~•~•~•~•~•~•

6 • 1 • 2024 •
Xylo
• vote & com •




















Continue Reading

You'll Also Like

91.6K 677 63
You thought they didn't have a sister well the famous brothers on YouTube have a sister who's the same age as Jake
7.1K 416 23
~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအခ...
159K 4.5K 12
(COMPLETE) Grab your favorite drink and curl up to a quick romance! So, get ready to follow the adventure to finding love of Monica and Noah as they...
37.7K 963 22
Your life was in ruins. That was it. You were the most miserable person as you thought that nothing can save you. But at the breaking point of your l...