ဒီညတော့ ညတာရှည်ဦးမယ်.....
ရေချိုးခန်းထဲမှ Geminiက အပေါ်ပိုင်းဗလာနှင့် အောက်က သပတ်ပတ်ထားပြီး ထွက်လာသည်။
"မင်းချိုးချင်ရင် ရေချိုးလို့ရပြီ Wat"
"အင်း"
"စိတ်မရှိရင် ကိုယ့်သပတ်တွေယူသုံးလို့ရတယ်"
"ဘယ်နားမှာလဲ"
"ရေချိုးခန်းထဲမှာပဲ ၊ ကိုယ်မင်းအတွက် ပြင်ဆင်ဖို့ အစေခံတွေခေါ်ပေးရမလား"
"ဘာကိုပြင်ဆင်ဖို့လဲ?"
"မင်းကိုရေချိုးပေးဖို့"
"အာ...မဟုတ်တာ ငါ့ဘာသာပဲချိုးမယ်"
ဟုဆိုကာ အကျီချွတ်နေသည်။ သူ့ကိုမှမရရင် သေပါတော့မယ်ဆိုသည့် လူရဲ့အရှေ့မှာမှ လာချွတ်ရဲသည်၊ မင်းသိပ်အတင့်ရဲတယ်နော်
*ဒေါက် ဒေါက်
"ဘယ်သူတွေလာတာလဲမသိဘူး"
"ခဏ မင်းပြန်၀တ်လိုက်တာ ပိုကောင်းမယ်"
"ဘာမှမဖြစ်ပါဘူး၊ ယောင်္ကျားလေးပဲဟာ"
"မင်းကသာမန်မဟုတ်ဘူးလေ Watရဲ့"
"အင်းအင်း"
သာမန်မဟုတ်ဘူးဆိုတာကို ရိုးရိုးပဲထင်ခဲ့သည်။
"သခင်လေး သမားတော်ရောက်ပါပြီ"
"ကြာလိုက်တာ မင်းတို့က"
"ဟုတ်ပါတယ် ၊ သမားတော်က တခြားလူနာတွေလဲကုနေရလို့ပါ၊ ဆန်နဝီ မှာကပ်ရောဂါတစ်ခုကျရောက်နေတယ်လို့ပြောပါတယ်"
"ဟမ် ဟုတ်လား...ထားပါဦး အခု Watကလမ်းလျှောက်နိုင်မှာမဟုတ်ဘူး၊ သမားတော်ကို ဒီခန်းဆောင်ထဲပင့်ခဲ့"
"ဟုတ်ကဲ့ သခင်လေး"
...
"ဘာတဲ့လဲ"
"အော် သမားတော်ရောက်လာပြီပြောတာ"
"ငါရေအရင်ချိုးချင်တယ်"
"မင်း သေချာရဲ့လား Wat"
"အင်း အခုနုန်းနေလို့၊ သူတို့ကစောင့်ခိုင်းလို့ရတယ်မလား"
"သိပ်ရတာပေါ့ ကိုယ်ရဲ့Wat"
"ဒါဆို ငါချွတ်ပြီနော်"
ဘယ်လိုတောင် စကားအသွားအနှောက်မလွတ်တဲ့စကားကိုပြောလိုက်တာလဲFourth၊ ငါရူးနေပြီ။
ရုတ်တရက် အကျီချွတ်တော့မှ ကျောကုန်းကအနာကနာလာသည်။
"အ့..."
"ဘာဖြစ်တာလဲ Wat"
"ငါ....ငါ့ကျောကုန်း အမလေး နာလိုက်တာ"
"ရလား၊ ကိုယ်ချွတ်ပေးရမလား Wat"
"ရတယ် ၊ ငါ့ဟာငါချွတ်နိုင်တယ်"
ထို့နောက်မှ ကျောကုန်းမှ သွေးအချို့ စီးကျလာသည်။
"Wat!! မင်းကျောကုန်းမှာသွေးတွေ"
"အာ့ နာတယ်ဟ"
"လာပါ အခုပဲ သမားတော်ဆီသွားရအောင်"
ဟုဆိုကာ အတင်းလက်ကိုဆွဲတော့သည်။ဒီမှာလူကသေတော့မယ်
"Gem!!!ငါနာနေတာနော်"
"မင်းနေခဲ့နော် ကိုယ်ပြန်လာခဲ့မယ်အချစ်၊ မင်းဘာမှမဖြစ်လို့မဖြစ်ဘူး"
"အမ်းပါ ဖြေးဖြေးသွား"
ထို့နောက် ၀ရုန်းသုန်းကားပြေးသွားသည်။ သူကဒီတစ်ယောက်ကို တကယ်ချစ်တာပဲ အကျီလေးတောင်မ၀တ်သွားဘူး။
_________
"သမားတော်...မြန်မြန်လေးလိုက်ခဲ့ပါ"
"သခင်လေး အကျီချွတ်ကြီးနဲ့ ဘာဖြစ်လို့လဲ"
"အဲ့တာအရေးမကြီးဘူး၊ အခုပဲမြန်မြန် ခန်းဆောင်တော်ထဲလိုက်ခဲ့ကြ"
သမားတော်နှင့် Earthကိုလမ်းမှာတွေ့လို့တော်သေးတယ်၊ လာတာကိုမြန်မြန်မလာ၍ ကျိမ်းခဲ့ရသေးတယ်။
"သခင်လေး ဖြေးဖြေးသွားပါ ၊ သခင်လေးNattawatဘာဖြစ်လို့လဲ"
"သူအကျီချွတ်တာ ကျောကုန်းကသွေးတွေစီးကျလာတယ်၊ "
သမားတော်မှ
"ဟင် အကျီချွတ်တာလား"
" သူဒဏ်ရာရထားတယ်လေ ဒါကြောင့်နေမှာပါ သခင်လေးရဲ့"
"ဘာပဲဖြစ်ဖြစ်၊ ငါကအမြန်ဆို အမြန်ပဲကြိုက်တယ်ဆိုတာသိတယ်နော် EARTH!!!"
"ဟုတ်ကဲ့"
ထို့နောက် အခန်းရှေ့ရောက်လာသည်။
"WAT"
"မင်းဘာလို့ပြေးလာတာလဲ"
"မင်းကိုစိတ်ပူလို့ပေါ့၊ မင်းအဆင်ပြေရဲ့လား"
"ငါဘာမှမဖြစ်ပါဘူး၊ ငါထင်တယ် ကျောကုန်းကအနာထိသွားလို့နေမှာ"
"မရဘူး...သမားတော် သူ့ ကျောကုန်းကိုအခုပဲကြည့်ပေးပါ"
"ဟုတ်ကဲ့...သခင်လေးNat အကျီလေးချွတ်မယ်နော်"
"သူ့ကို သခင်လေးNattawatလို့ခေါ်လို့ရတယ်၊ ပြီးတော့ ဖယ်ပါ ငါကိုယ်တိုင်ချွတ်ပေးမယ်"
"Gem!!!... ငါ့ဘာသာချွတ်နိုင်တယ်"
"ရေချိုးခန်းထဲသွားချွတ်ရအောင်"
ဟုပြောကာ လက်ကနေဆွဲသွားတော့ အ၀တ်စလေးလိုပါသွားရပြန်သည်။ကျန်ခဲ့တဲ့ သမားတော်မှာတော့ ပြူးတူးတူးနှင့်ပေါ့
"အိုးးး တော်တော်အဖြစ်သဲနေတာ ငါ့လက်ကိုလွှတ် နာတယ်"
"ကိုယ်ချွတ်ပေးမယ်"
အတင်းအကျီကိုလာချွတ်နေသည်။
"ငါ့ဘာသာချွတ်မယ် သွား"
"Wat...ခေါင်းမမာပါနဲ့ ငါမဟုတ်ပဲ မင်းရဲ့အသားကိုဘယ်သူမှကိုပေးမထိနဲ့၊ ငါမကြိုက်ဘူး"
"ငါ့အသားပဲ ငါထိစေချင်တဲ့သူထိလို့ရတယ်"
"မင်းကငါ့အပိုင် ၊ မင်းပိုင်တာလဲငါ့အပိုင်ပဲ ...မင်းကိုငါပဲထိမယ် ပြီးတော့ မင်းကငါနဲ့ပဲငြိရမယ်"
"မင်းဘယ်လိုကြီးငါ့ကိုကြည့်နေတာလဲ"
ထိုနောက်မှ အသိစိတ်ပြန်၀င်လာသည်။
"ငါ...မဟုတ်ဘူး။ ... Wat ကိုယ်တောင်းပန်ပါတယ်နော်၊ ကိုယ်အသိစိတ်လွှတ်သွားလို့ပါ"
"ငါ..နားလည်ပါတယ်"
မျက်လုံးအသေတွေနဲ့ပြောလာတဲ့ Wat၊ ဟင့်အင်း သူအရင်လိုပြန်ဖြစ်သွားလို့မဖြစ်ဘူး။ သူအရင်လိုကျတော့်ကိုပြန်စိမ်းကားသွားရင် ကျတော်ထပ်သေရလိမ့်မယ်။ကျတော်တို့အခုမှအဆင်ပြေခါစပဲရှိသေးတာ
"ကိုယ်တောင်းပန်ပါတယ် Wat ရယ်၊ ကိုယ်မင်းမကြိုက်တဲ့ပုံစံတွေ ပြုမူမိပြန်တယ်၊ မင်းငါ့ကိုရိုက်ပါကွာ...ထိုးပါ ဒါပေမဲ့ အဲ့မျက်၀န်းတွေနဲ့တော့ မနှိပ်စက်ပါနဲ့ အချစ်ရယ်"
"ငါဘာမှမဖြစ်ပါဘူး၊ ငါသွားတော့မယ်"
"မင်းအကျီချွတ်ဦးလေ"
"အော် အင်း"
"ကိုယ်ကူပေးမယ်နော်"
ထို့နောက် ချွတ်ပြီး ပြန်ထွက်လာကြသည်။
အပြင်ကနှစ်ယောက်ကတော့
"ဘာလို့အကျီလေးချွတ်ကိုကြာနေကြတာလဲမသိဘူးနော် ကိုယ်ရံတော်ကြီး Earth"
"ကျတော်လဲသေချာမသိပါဘူး၊ သခင်လေးNattawatက အရင်ကတော့ ခါးခါးသီးသီးငြင်းနေပြီး အခုမှဘာဖြစ်သွားလဲ"
"သခင်လေးမှာ ဆေးစွမ်းကောင်းတွေရှိတယ်ထင်တယ်"
"ဟိုမှာ လာနေပြီ"
"သခင်လေးNat...tawat ကုတင်ပေါ် မှောက်လျက် လှဲပေးနိုင်မလားခင်ဗျာ၊ ကျတော် ကျောကုန်းကအနာတွေ စစ်ကြည့်ချင်လို့ပါ"
"ရပါတယ်ဗျ"
မှောက်လျက် လှဲလိုက်ပြီး တွေ့လိုက်ရတာက ကျောကုန်းမှ အဆိပ်မြှားများစိုက်၀င်ထားသော အပေါက်ရာများ အဆိပ်များရှိနေသေးသော်လည်း သခင်လေးအသက်ရှင်နေသေးသည်။
"ကျတော်မျိုး ကြည့်ရတာ သခင်လေးကျောထဲမှာ အဆိပ်အချို့ရှိနေသေးတယ်၊ ကျတော် အဆိပ်ကိုထုတ်မှာဖြစ်တဲ့အတွက် နည်းနည်းတော့နာမယ်ဗျ"
"ဟမ် နာမှာလား၊ Wat မသေနိုင်ရင် မခွဲပါနဲ့တော့ သူနာမှာစိုးလို့"
"အဲ့လိုတော့လဲဘယ်ဟုတ်လိမ့်မလဲ သခင်လေးရယ်၊ မခွဲစိတ်မှ ကြာရင် ပိုနာသွားမှာစိုးလို့ပါ ခွဲလိုက်ရင် တစ်ခါပဲနာမှာပေါ့ခင်ဗျာ"
"သူပြောတာဟုတ်တယ် Gem"
"မင်းနာမယ်စိုးလွန်းလို့ပါကွာ၊ ဒီလိုဆိုလဲ သဘောပါပဲ"
"ကိုယ်ရံတော် ဒီဒဏ်ရာရတာ ဘယ်လောက်လောက်ကြာပြီလဲ"
"အနည်းဆုံး တစ်ပတ်လောက်တော့ရောပေါ့"
"တစ်ပတ်? တစ်ပတ်လုံး ကျောကုန်းထဲ အဆိပ်တွေရှိနေတာတောင်..."
"ကုစရာရှိတာသာ မြန်မြန်ကုပါ သမားတော်၊ ဘာကိုမှပြန်ပြောမနေပါနဲ့တော့"
ကျတော်လဲသိတာပေါ့ Watလို သွေးသန့် သာမာန်မျိုးရိုးအနေနဲ့ ဒီလိုသိပ်ပြင်းတဲ့အဆိပ်ကို ကြာကြာတောင့်မခံနိုင်ဘူးဆိုတာ၊ ဒါပေမဲ့ Watကတော့ တောင့်ခံနေသေးတယ် အဲ့တာအပြင်ကို ဘာမှသိပ်နာကျင်နေရပုံလဲမပေါ်ဘူး။
Wat၀မ်းနည်းမည်စိုး၍ဘာကိုမျှမပြောရန် ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။
"ကျတော်ကုဖို့ ရေနွေးတစ်ဇလုံရယ်၊ အ၀တ်စသန့်တစ်ခုရယ် ပေးပါ"
"မြန်မြန်သွားယူခဲ့ပါ Earth"
"ဟုတ်ကဲ့"
နည်းနည်းနေ တော့ အစေခံအချို့ ရွှေဇလုံနှင့် ရွှေလင်ဗန်းအချို့ ကိုင်ကာ၀င်လာကြသည်။
"ယူလာတွေ ချပြီးရင် အကုန်ထွက်"
ကျတော့်Watရဲ့ အလှတရားကိုဖြစ်နိုင်ရင် ကျတော်သာကြည့်နေချင်သည်၊ သမားတော်တောင်မဖြစ်မနေမို့
"ကျတော် စ ကုတော့မှာမို့ လုံး၀မခံနိုင်တော့ရင် ကျတော့်ကိုပြောလို့ရပါတယ်ဗျာ"
"ဟုတ်ကဲ့"
ဆေးကုလို့အပြီး ~~
"ကျတော် ဒီဆေးလေးလိမ်းပေးခဲ့မယ်ခင်ဗျာ၊ ဒီဆေးသာလိမ်းထားရင် အနာသိပ်မရင်းတော့ပဲ အမြန်ကျက်သွားမှာ"
"ရတယ် သမားတော်ကြီး၊ သူရေချိူးဦးမှာ ရေချိုးပြီးမှကျတော်လိမ်းပေးလိုက်မယ်"
"ကောင်းပါပြီဗျာ၊ ရေချိုးရင်တော့ ရေ အနွေးနဲ့သာချိုးပေးပါနော်၊ ပိုးသတ်ပြီးသားဖြစ်သွားအောင်၊ ပြီးတော့ အဲ့အနာရထားတဲ့နားကို သေချာဆေးပေးရမယ် ဆိုတော့...သခင်လေးချိုးပေးရင်ပိုအဆင်ပြေမယ်ခင်ဗျာ"
"Ouiii "
WATကပြူးကလယ်လေးလုပ်နေသည်။
"သေချာတာပေါ့ သမားတော်ကြီး၊ သိပ်တော်ပါပေတယ် ကျတော် ဒီငွေအချို့ ချီးမြှင့်ပါတယ် ဆေးကုသစရိတ်ကိုတော့ ကိုယ်ရံတော်ဆီကတောင်းသွားလိုက်ပါ"
"ကျေးဇူးကြီးမားလှပါတယ်သခင်လေး၊ ကျတော်နောက် ၁၀ရက်နေရင် ပြန်လာကြည့်ပေးပါမယ်ဗျာ"
"ကောင်းပါပြီ...Earth သမားတော်ကြီးကို လိုက်ပို့လိုက်ပါဦး ပြီးတော့ ငါနားချင်ပြီ ဘယ်သူမှအခန်းဆောင်တော်အရှေ့ကဖြတ်မလျှောက်စေနဲ့"
"ဟုတ်ကဲ့ပါ သခင်လေး"
သမားတော်တို့ထွက်သွားတော့ ရေချိုးခန်းထဲ ၀င်ရန်ပြင်သည့် Wat
"ကိုယ်ချိုးပေးမယ်လေ Wat"
"ရပါတယ်၊ တစ်ယောက်တည်းချိုးလဲ"
"သမားတော်ကမှာထားတယ်နော်"
ပြောစရာစကားတို့မရှိတော့သဖြင့် ခေါင်းသာငြိမ့်ပြလိုက်သည်။
ရေချိုးခန်းထဲနောက်တော့ Gemက ရေနွေးပူနှင့် ရေအေးတစ်ချို့ရောစပ်ကာ ရေနွေးစေသည်။ ထို့နောက် ဇိမ်အပြည့်နှင့် ရေချိုးဇလုံကြီးထဲနေရာယူရန် Geminiကပြောသည်။
ကျတော်၀င်လိုက်တော့ သူကပါ အနောက်ကလိုက်၀င်သည်။ အနေအထားကတော့ ပြောစရာတောင်မလိုဘူး ကျတော်ကသူ့ကိုကျောပေးထားသည်၊ သူကကျတော်ကျောကိုမျက်နှာမူကာထိုင်နေသည်။
"ကိုယ်ချိုးပေးတော့မယ်နော်"
"အင်း ဖြေးဖြေးထိနော် ငါနာတယ်"
"Wat..."
သူကကျောကိုအသာပွတ်ပေးရင်းခေါ်လာသည်။
"အင်း"
"ကိုယ့်ကို ဘာလို့ဂျန်လို့ခေါ်တာလဲ"
"ဂျန် မဟုတ်ပါဘူး၊ ဂျမ်ပါ"
"ဘာကွာလို့လဲ"
"ပြောရင် ဒီလို နှုတ်ခမ်းကိုပိတ်ပြီးပြောရတယ် ဂျန်ဆိုရင်နှုတ်ခမ်းကဖွင့်နေမှာ၊ ဂျမ်ဆိုရင် နှုတ်ခမ်းနှစ်ခုက ဒီလိုစေ့သွားလိမ့်မယ်"
နှုတ်ခမ်းကိုအမျိုးမျိုးလုပ်ပြနေသည့် ထိုအနှီးလူသားက ထိုလောက်ချစ်ဖို့ကောင်းမှန်းမသိခဲ့ရိုး အမှန်ပါ။
"မင်းကိုယ့်ကိုမြူဆွယ်နေတာလား Wat"
မျက်နှာချင်းဆိုင် အနေအထားအဖြစ် ဆွဲလှည့်လိုက်သည့် Gem
"ဘာလုပ်လို့လဲ ငါက ပြောပြတာကို"
"မင်းနှုတ်ခမ်းတွေတခါလှုပ်တိုင်း ငါမင်းကိုတစ်ခါနမ်းချင်တယ်...~"
"ဒါဆို ဘာလို့မလုပ်တာလဲ"
"မင်းလက်မခံလို့ ငြင်းရင် ကိုယ်တော့ခံစားနိုင်မယ်မထင်ဘူး"
"ငါငြင်းမယ်လို့ မင်းဘာလို့ထင်တာလဲ"
"မင်းအမြဲကိုယ့်ကိုငြင်းခဲ့တာပဲလေ Watရဲ့၊ အကြိမ်ပေါင်းများစွာ ငြင်းဆန်နေခဲ့တောင် ငါကမင်းဆီကမှမဟုတ်ရင် ကျန်တဲ့သူဆီကမလိုချင်ဘူး အဲ့ဒီနှုတ်ခမ်းတွေနဲ့ အဲ့ဒီအနမ်းတွေကို"
"ငါအဲ့လောက်များ ရက်စက်ခဲ့လား"
"ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါမင်းကိုချစ်နေဦးမယ် နောက်နှစ်ပေါင်း ၁၀၀ကျော်ထိ ချစ်နေမှာသေချာပါတယ်"
"ငါ့ကိုနမ်းပါ Gem~"
"....."
စကားသံတို့ပြန်ထွက်မလာခဲ့...စကားလုံးတွေအစား အနမ်းတွေနှင့်သာ ပြန်ပြောခဲ့သည်။
နူးနူးညံ့ညံ့အနမ်းတွေမှ ပြင်းထန်သည့် အနမ်းများအဖြစ်သို့ ကူးပြောင်းသွားသည်။ သခင်လေးရဲ့လက်တွေ ဟာ အနှောင့် အဖွဲ့အပြည့်နှင့် Fourthရင်ဘက်နား ပြေးလွှားနေသည်။
"အင်း~~"
"အင်းးး"
ညည်းသံအချို့မှာမူ ထိုနှုတ်ခမ်းပါးများမှ တိုးငြင်းစွာ ထွက်ပေါ်လျက်။ Gemရဲ့ လည်ပင်းသို့ရောက်သွားသည့် Fourth ရဲ့လက်များက ဖက်တွယ်လျက်...
Watရဲ့ခါးသိမ်သိမ်များကရူးလောက်အောင်ဆွဲဆောင်နေသည်။ ထိုအချစ်ပင်လယ်ထဲကူးခပ်နေသော ကျတော်တို့နှစ်ယောက်၊
သူ့ပိုင်နက်နှုတ်ခမ်းထဲသို့ ကျတော့်လျှာလေးကိုစေလွှတ်ခဲ့တယ်၊ သူကတော့ကြည်ဖြူစွာ လက်ခံဆဲ~~...
ပင်လယ်လို အဆုံးမရှိ ရင်ကောင်းမယ်။ကျတော် ဒီထက်အဆင့်ကျော်လို့မရဘူး...Watကဒဏ်ရာကြီးနဲ့မို့...
သို့သော်
မိနစ်အနည်းငယ်အထိ ဆက်နေမိသည်။
အနည်းငယ်ကြာတော့ ခွာခဲ့ကြတယ် နှုတ်ခမ်းများမှာ အချစ်ရဲ့သက်သေအဖြစ် အချစ်ရည်လေးများတွဲခိုနေသည်။
Watက ခပ်တောက်တောက်မျက်၀န်းများဖြင့်ကျတော်ကိုကြည့်လေတော့ ကျတော်ဟာ
မယိုးမယွစိတ်တို့ဖြစ်လာရသည်။ Watက ကျတော့်ကို ညှို့ယူဖို့ဆို အမြဲအသင့်ဖြစ်နေသည်။
"ငါတော့ ဒီအနမ်းတွေမရှိရင် မနေနိုင်တော့ဘူးထင်တယ် Gem"
______________
ကျတော် ဒီအပိုင်းကိုရေးချင်နေတာပေမဲ့ တော်တော်စဉ်းစားယူရတယ်ဗျာ ။ ရေးရတာကြောက်လဲကြောက်တယ်ဗျာ၊ ကောင်လေးတွေကိုဒီလိုရေးတာ ဖတ်ရတာအဆင်မပြေရင်ပြောပေးကြပါ ကျတော်ဖြုတ်ပေးပါ့မယ်ဗျ။ ကျေးဇူးပါနော် ❤️
#ထိုသို့ရေးသားထားခြင်းသည် ထို Actor
နှစ်ဦး နှစ်ယောက်လုံးကို ထိခိုက်လိုစိတ်
မရှိပါ။