Chapter 30 – စာအုပ်ထဲကူးပြောင်းလာခြင်း
.
စူးမန့် သူတို့ကိုခေါင်းညိတ်ပြလိုက်ပြီးမှ လုရှဆီတစ်ချက်လှမ်းကြည့်လိုက်သည်။ လုရှသည်သာမာန်ဆန်တဲ့ရုပ်ရည်သွင်ပြင်ရှိပြီး ရိူရှင်းတဲ့ဝတ်စုံဝတ်ဆင်ထားတာကို သတိပြုမိလိုက်သည်။ သူမကခြိမ်းခြောက်နိုင်ပုံမပေါ်တာကြောင့် စူးမန့်သည်သူမကိုပြုံးပြလိုက်ပြီး ယောက်ျားလေးနှစ်ယောက်နဲ့ စကားစမြည်ပြောတော့သည်။
ဒါပေါ့ ကုရှန့်နန်ကစကားအများဆုံးပြောသူဖြစ်သူပြီး ကျန်းကျွင်းမော့ကတော့သိပ်မတုံ့ပြန်ပေ။ စူးမန့်သည်လည်း*တင်ပါးအေးအေးမှာမျက်နှာပူပူမကပ်ချင်တာကြောင့် တဖြေးဖြေးနဲ့သူမနဲ့ကုရှန့်နန်တို့ပဲ စကားဝိုင်းမှာပါတော့သည်။
(T/N * စိတ်မဝင်စား/ အလေးမထားတဲ့သူကို ဖော်ဖော်ရွေရွေ/ အားတတ်သရောဖြစ်နေတာကိုပြောတာပါ)
ထိုအချိန်တွင် လုရှလည်းသေချာသွားတော့သည်။ ဆက်ကြည့်စရာမလိုတော့ပေ။ ဒီလူကကူးပြောင်းလာခဲ့တဲ့စူးမန့်ပဲဖြစ်ရမည်။ စာအုပ်ထဲမှာ စူးမန့်ရဲ့အမေသည်မူလကသူဌေးမိသားစုက မိန်းမပျိုလေးဖြစ်ပြီး သူမဖခင်ကတော့သူမအမေကိုလက်ထပ်လိုက်လို့ မြို့တော်မှာအလုပ်တစ်ခုရခဲ့သည့် ကျေးလက်ကကောင်လေးတစ်ယောက်ဖြစ်သည်။
နောက်ပိုင်း သူမအမေကွယ်လွန်သွားတော့ သူမအဖေကနောက်တစ်ခါလက်ထပ်ခဲ့သည်။ စူးမန့်ရဲ့အမေဘက်ကအဖိုးမိသားစုသည်လည်း ပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် သူမကလျစ်လျူရှုထားခံရသည့်ကလေးတစ်ယောက်ဖြစ်လာသည်။
သူမကမူလလုရှထက်ပင် ဆိုးရွားသည့်ဘဝနဲ့နေထိုင်ခဲ့ရသည်။ ဒါပေမဲ့ တကယ်တော့ဇာတ်လိုက်မရဲ့အမေက သူမအတွက်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ချို့ ချန်ထားခဲ့ပေးသည်။ အရင်က ထိုပစ္စည်းများသည် မိထွေးရဲ့လက်ထဲမှာရှိခဲ့ပေမဲ့ စူးမန့်ကူးပြောင်းလာပြီးနောက်တွင် နည်းပရိယာယ်အမျိုးမျိုးသုံးပြီး ထိုပစ္စည်းတွေကိုပြန်သိမ်းနိုင်ခဲ့သည်။
ထို့ကြောင့် သူမကျေးလက်ကိုထွက်လာတဲ့အခါ သူမမှာငွေအများအပြားရှိပြီး သက်သောင့်သက်သာဘဝနဲ့နေထိုင်ခဲ့ရသည်။ သူမရဲ့လက်ရှိဟန်များတဲ့အသွင်အပြင်လိုပဲ ငွေကြေးကသူမအတွက် ပြဿနာတစ်ရပ်မဟုတ်တာ သိသာပါသည်။
လုရှသည်နောက်ဘာဆက်လုပ်မလဲလို့ တိတ်ဆိတ်စွာတွေးတောချင့်ချိန်လိုက်သည်။
အခုချိန်မှာ စာအုပ်ထဲကိုကူးပြောင်းလာခြင်းဖြစ်ကြောင်း အတည်ပြုပြီးသွားသဖြင့် ဇာတ်ကြောင်းကိုဘယ်လိုရှောင်ရှားရမလဲဆိုတဲ့အကြောင်း တွေးဖို့လိုသည်။ သူမအတွက်ဇာတ်လိုက်ကိုချစ်ကြိုက်ဖို့ မဖြစ်နိုင်ပဲ သူတို့နဲ့မပတ်သတ်မဆက်နွယ်ချင်ပေ။ ဒါပေမဲ့ သူတို့တွေကရွာတစ်ရွာတည်းမှာ အဆုံးသတ်သွားမယ်ဆိုရင် ကြုံဆုံမိမှာတော့မြေကြီးလက်ခတ်မလွဲပင်။
ထို့ကြောင့် အဲ့ဒီအချိန်ကျရင် သူမရဲ့တည်ရှိမှုကိုလျှော့ချကာ ခပ်ကုပ်ကုပ်လေးနေဖို့ကြိုးစားရုံသာတတ်နိုင်ပြီး နောက်မှတခြားနည်းတွေးကြည့်ရမည်။
စာအုပ်ထဲမှာ သူမကြုံတွေ့ရမဲ့အဖြစ်အပျက်တွေအတွက်ကတော့ လုရှအကြည့်တွေအလေးအနက်ဖြစ်သွားသည်။ ကြည့်ရတာ ကျေးလက်ကလုံးဝစိတ်မချရတဲ့ပုံပင်။ သူမရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို အလျင်မြန်တိုးမြင့်ရန်လိုအပ်သည်။
ကျေးလက်သို့သူမခရီးစဉ်အကြောင်းတွေးနေရင်း ညနေခင်းသည်လျင်မြန်စွာနီးကပ်လာပြီး လူတိုင်းသည်ကိုယ်ပြင်ဆင်ခဲ့တဲ့စားစရာတွေကို ထုတ်ယူလိုက်ကြသည်။
ကုရှန့်နန်ကအကောင်းဆုံးဖြစ်ပြီး ပေကျင်းရဲ့နာမည်ကြီးဘဲကောင်လုံးကင်ဖြစ်သည်။ ဖွင့်လိုက်ချိန်တွင် ဘဲကင်ရဲ့ရနံ့သည် ရထားတွဲတစ်ခုလုံးချက်ချင်းပင် ပြည့်နှက်သွားသည်။
ကုရှန့်နန်ပြုံးပြီး သူတို့ကိုအတူစားဖို့ဖိတ်ခေါ်လိုက်ပေမဲ့ လုရှနဲ့ကျန်းကျွင်းမော့တို့နှစ်ယောက်စလုံး ငြင်းဆန်လိုက်ကြသည်။ နောက်ဆုံးမှာတော့ အသားဟင်းတစ်နပ်ပဲဖြစ်ကာ ပထမအကြိမ်တွေ့ဆုံစဉ်အတွင်းမှာ သူများဟာစားဖို့က မှန်တယ်လို့မခံစားရပေ။
စူးမန့်လည်းငြင်းဆိုလိုက်ပေမဲ့ ဝက်သားနှပ်ထမင်းဘူးတစ်ခုထုတ်ယူလိုက်ပြီး ကုရှန့်နန်ရဲ့ထမင်းလိုပင် အရသာရှိပြီး အလွန်မွှေးပျံ့တဲ့အနံ့ရှိသည်။ သူတို့ကိုအတူစားချင်မလားလို့ သူမကယဉ်ကျေးစွာမေးလိုက်ပေမဲ့ သူတို့တွေကလည်းငြင်းဆိုလိုက်ကြသည်။
လုရှသည် အိတ်ထဲမှ(တကယ်တော့ သူမရဲ့နေရာလွတ်ထဲက) အေးနေတဲ့ဘန်းမုန်နှစ်လုံးထုတ်ယူလိုက်ပြီး ကျန်းကျွင်းမော့ကတော့ အဆာသွပ်မုန့်တွေထုတ်ယူလိုက်ပြီး ရိုးရှင်းတဲ့တစ်နပ်စားလိုက်သည်။
မကြာခင် ညမိုးချုပ်လာတော့မည်ဖြစ်ပြီး သူတို့သည်ရထားပေါ်မှာ တစ်ညအိပ်ရအုံးမည်ဖြစ်ပေမဲ့ ညအိပ်အနားယူခြင်းကတော့ ပြဿနာတစ်ခုပင်။ ထိုင်ရင်းနဲ့အိပ်ဖို့ကဘမဖြစ်နိုင်ပေ။
လုရှနဲ့ကုရှန့်နန်တို့သည် လှဲလျောင်းလို့ရတဲ့စားပွဲငယ်လေးတစ်လုံးရှိတဲ့ ပြတင်းပေါက်ဘေးခုံတွေဖြစ်သည့်အတွက် သူတို့ကတေယ့အဆင်ပြေပါသည်။ ဒါပေမဲ့ မိန်းကလေးနှစ်ယောက်အတူလှဲလျောင်းအိပ်စက်နိုင်ရန် ကုရှန့်နန်သည်စူးမန့်အတွက် သူ့နေရာကိုပေးလိုက်ပြီး ယောက်ျားလေးနှစ်ယောက်ကတော့ ခုံမှာဆက်ထိုင်နေကြသည်။
ဒါပေမဲ့ ဒီစီစဉ်မှုဖြင့်ပင် လုရှသည်နှစ်ခြိုက်စွာအိပ်မပျော်နိုင်ပေ။ ရထားသည်အနံ့ပြင်းပြင်းတွေရှိပြီး ညဖက်မှာဆူညံသံအမျိုးမျိုးရှိတာကြောင့် သူမမှာတစ်နာရီကျော်ကျော်လေးပဲ အိပ်နိုင်ခဲ့သည်။ မနက်ခင်းသူမနိုးချိန်တွင် အားနည်းပြီးမူးနောက်နောက်ဖြစ်နေတုန်းပဲ။
သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့စူးမန့်သည်လည်း သူမသာကိုယ်မသာပင်။ သူမကမျက်မှောင်ကျုံ့ကာ ဆေးကြောသန့်စင်ရန်ထသွားပြီး အဝတ်အစားလဲလှယ်ဝတ်ဆင်ကာပြန်ရောက်လာသည်။
ဒီတစ်ခေါက်မှာတော့ သူမကဖက်ရှင်ကျတဲ့အဝတ်တွေမဝတ်ထားတော့ပဲ လက်ရှည်ရှပ်အင်္ကျီနဲ့ဘောင်းဘီရှည်ဝတ်ဆင်လိုက်သည်။ သူမကအများကြီးပိုရိုးရှင်းသွားပုံရပေမဲ့ သူမရဲ့ယုံကြည်ချက်ရှိတဲ့အမူအကျင့်နဲ့ မှင်သက်ဖွယ်အသွင်အပြင်တို့က ဒီခေတ်နဲ့မကိုက်ညီဖြစ်နေသေးသည်။
လုရှလည်းမြန်ဆန်စွာသန့်စင်ဆေးကြောလိုက်ပြီးနောက် ဘန်းမုန့်တစ်လုံးစားလိုက်သည်။ သူတို့တွေသည် လျောင်နင်စီရင်စုရဲ့မြို့တော် ဝမ့်ရှီးမြို့ကိုရောက်ပြီဖြစ်ကြောင်း ရေဒီယိုမှကြေငြာသံကို ကြားလိုက်ရပြီး သူမတို့မကြာမီရောက်တော့မည်ထင်သည်။
အမှန်ပါပဲ မနက်ပိုင်းဆယ်နာရီကျော်ကျော်လောက်တွင် သူတို့သည်ကျင်းဟွိုင်ခရိုင်မြို့ကိုရောက်လာကြသည်။
Zawgyi
Chapter 30 စာအုပ္ထဲကူးေျပာင္းလာျခင္း
.
စူးမန႔္ သူတို႔ကိုေခါင္းညိတ္ျပလိုက္ၿပီးမွ လုရွဆီတစ္ခ်က္လွမ္းၾကည့္လိုက္သည္။ လုရွသည္သာမာန္ဆန္တဲ့႐ုပ္ရည္သြင္ျပင္ရွိၿပီး ရိူရွင္းတဲ့ဝတ္စုံဝတ္ဆင္ထားတာကို သတိျပဳမိလိုက္သည္။ သူမကၿခိမ္းေျခာက္နိုင္ပုံမေပၚတာေၾကာင့္ စူးမန႔္သည္သူမကိုၿပဳံးျပလိုက္ၿပီး ေယာက္်ားေလးႏွစ္ေယာက္နဲ႕ စကားစျမည္ေျပာေတာ့သည္။
ဒါေပါ့ ကုရွန႔္နန္ကစကားအမ်ားဆုံးေျပာသူျဖစ္သူၿပီး က်န္းကြၽင္းေမာ့ကေတာ့သိပ္မတုံ႕ျပန္ေပ။ စူးမန႔္သည္လည္း*တင္ပါးေအးေအးမွာမ်က္ႏွာပူပူမကပ္ခ်င္တာေၾကာင့္ တေျဖးေျဖးနဲ႕သူမနဲ႕ကုရွန႔္နန္တို႔ပဲ စကားဝိုင္းမွာပါေတာ့သည္။
(T/N * စိတ္မဝင္စား/ အေလးမထားတဲ့သူကို ေဖာ္ေဖာ္ေ႐ြေ႐ြ/ အားတတ္သေရာျဖစ္ေနတာကိုေျပာတာပါ)
ထိုအခ်ိန္တြင္ လုရွလည္းေသခ်ာသြားေတာ့သည္။ ဆက္ၾကည့္စရာမလိုေတာ့ေပ။ ဒီလူကကူးေျပာင္းလာခဲ့တဲ့စူးမန႔္ပဲျဖစ္ရမည္။ စာအုပ္ထဲမွာ စူးမန႔္ရဲ႕အေမသည္မူလကသူေဌးမိသားစုက မိန္းမပ်ိဳေလးျဖစ္ၿပီး သူမဖခင္ကေတာ့သူမအေမကိုလက္ထပ္လိုက္လို႔ ၿမိဳ႕ေတာ္မွာအလုပ္တစ္ခုရခဲ့သည့္ ေက်းလက္ကေကာင္ေလးတစ္ေယာက္ျဖစ္သည္။
ေနာက္ပိုင္း သူမအေမကြယ္လြန္သြားေတာ့ သူမအေဖကေနာက္တစ္ခါလက္ထပ္ခဲ့သည္။ စူးမန႔္ရဲ႕အေမဘက္ကအဖိုးမိသားစုသည္လည္း ျပႆနာေတြနဲ႕ရင္ဆိုင္ေနရတာေၾကာင့္ သူမကလ်စ္လ်ဴရႈထားခံရသည့္ကေလးတစ္ေယာက္ျဖစ္လာသည္။
သူမကမူလလုရွထက္ပင္ ဆိုး႐ြားသည့္ဘဝနဲ႕ေနထိုင္ခဲ့ရသည္။ ဒါေပမဲ့ တကယ္ေတာ့ဇာတ္လိုက္မရဲ႕အေမက သူမအတြက္တန္ဖိုးရွိတဲ့ပိုင္ဆိုင္မႈတစ္ခ်ိဳ႕ ခ်န္ထားခဲ့ေပးသည္။ အရင္က ထိုပစၥည္းမ်ားသည္ မိေထြးရဲ႕လက္ထဲမွာရွိခဲ့ေပမဲ့ စူးမန႔္ကူးေျပာင္းလာၿပီးေနာက္တြင္ နည္းပရိယာယ္အမ်ိဳးမ်ိဳးသုံးၿပီး ထိုပစၥည္းေတြကိုျပန္သိမ္းနိုင္ခဲ့သည္။
ထို႔ေၾကာင့္ သူမေက်းလက္ကိုထြက္လာတဲ့အခါ သူမမွာေငြအမ်ားအျပားရွိၿပီး သက္ေသာင့္သက္သာဘဝနဲ႕ေနထိုင္ခဲ့ရသည္။ သူမရဲ႕လက္ရွိဟန္မ်ားတဲ့အသြင္အျပင္လိုပဲ ေငြေၾကးကသူမအတြက္ ျပႆနာတစ္ရပ္မဟုတ္တာ သိသာပါသည္။
လုရွသည္ေနာက္ဘာဆက္လုပ္မလဲလို႔ တိတ္ဆိတ္စြာေတြးေတာခ်င့္ခ်ိန္လိုက္သည္။
အခုခ်ိန္မွာ စာအုပ္ထဲကိုကူးေျပာင္းလာျခင္းျဖစ္ေၾကာင္း အတည္ျပဳၿပီးသြားသျဖင့္ ဇာတ္ေၾကာင္းကိုဘယ္လိုေရွာင္ရွားရမလဲဆိုတဲ့အေၾကာင္း ေတြးဖို႔လိုသည္။ သူမအတြက္ဇာတ္လိုက္ကိုခ်စ္ႀကိဳက္ဖို႔ မျဖစ္နိုင္ပဲ သူတို႔နဲ႕မပတ္သတ္မဆက္ႏြယ္ခ်င္ေပ။ ဒါေပမဲ့ သူတို႔ေတြက႐ြာတစ္႐ြာတည္းမွာ အဆုံးသတ္သြားမယ္ဆိုရင္ ႀကဳံဆုံမိမွာေတာ့ေျမႀကီးလက္ခတ္မလြဲပင္။
ထို႔ေၾကာင့္ အဲ့ဒီအခ်ိန္က်ရင္ သူမရဲ႕တည္ရွိမႈကိုေလွ်ာ့ခ်ကာ ခပ္ကုပ္ကုပ္ေလးေနဖို႔ႀကိဳးစား႐ုံသာတတ္နိုင္ၿပီး ေနာက္မွတျခားနည္းေတြးၾကည့္ရမည္။
စာအုပ္ထဲမွာ သူမႀကဳံေတြ႕ရမဲ့အျဖစ္အပ်က္ေတြအတြက္ကေတာ့ လုရွအၾကည့္ေတြအေလးအနက္ျဖစ္သြားသည္။ ၾကည့္ရတာ ေက်းလက္ကလုံးဝစိတ္မခ်ရတဲ့ပုံပင္။ သူမရဲ႕တိုက္ခိုက္ေရးစြမ္းရည္ကို အလ်င္ျမန္တိုးျမင့္ရန္လိုအပ္သည္။
ေက်းလက္သို႔သူမခရီးစဥ္အေၾကာင္းေတြးေနရင္း ညေနခင္းသည္လ်င္ျမန္စြာနီးကပ္လာၿပီး လူတိုင္းသည္ကိုယ္ျပင္ဆင္ခဲ့တဲ့စားစရာေတြကို ထုတ္ယူလိုက္ၾကသည္။
ကုရွန႔္နန္ကအေကာင္းဆုံးျဖစ္ၿပီး ေပက်င္းရဲ႕နာမည္ႀကီးဘဲေကာင္လုံးကင္ျဖစ္သည္။ ဖြင့္လိုက္ခ်ိန္တြင္ ဘဲကင္ရဲ႕ရနံ႕သည္ ရထားတြဲတစ္ခုလုံးခ်က္ခ်င္းပင္ ျပည့္ႏွက္သြားသည္။
ကုရွန႔္နန္ၿပဳံးၿပီး သူတို႔ကိုအတူစားဖို႔ဖိတ္ေခၚလိုက္ေပမဲ့ လုရွနဲ႕က်န္းကြၽင္းေမာ့တို႔ႏွစ္ေယာက္စလုံး ျငင္းဆန္လိုက္ၾကသည္။ ေနာက္ဆုံးမွာေတာ့ အသားဟင္းတစ္နပ္ပဲျဖစ္ကာ ပထမအႀကိမ္ေတြ႕ဆုံစဥ္အတြင္းမွာ သူမ်ားဟာစားဖို႔က မွန္တယ္လို႔မခံစားရေပ။
စူးမန႔္လည္းျငင္းဆိုလိုက္ေပမဲ့ ဝက္သားႏွပ္ထမင္းဘူးတစ္ခုထုတ္ယူလိုက္ၿပီး ကုရွန႔္နန္ရဲ႕ထမင္းလိုပင္ အရသာရွိၿပီး အလြန္ေမႊးပ်ံ့တဲ့အနံ႕ရွိသည္။ သူတို႔ကိုအတူစားခ်င္မလားလို႔ သူမကယဥ္ေက်းစြာေမးလိုက္ေပမဲ့ သူတို႔ေတြကလည္းျငင္းဆိုလိုက္ၾကသည္။
လုရွသည္ အိတ္ထဲမွ(တကယ္ေတာ့ သူမရဲ႕ေနရာလြတ္ထဲက) ေအးေနတဲ့ဘန္းမုန္ႏွစ္လုံးထုတ္ယူလိုက္ၿပီး က်န္းကြၽင္းေမာ့ကေတာ့ အဆာသြပ္မုန႔္ေတြထုတ္ယူလိုက္ၿပီး ရိုးရွင္းတဲ့တစ္နပ္စားလိုက္သည္။
မၾကာခင္ ညမိုးခ်ဳပ္လာေတာ့မည္ျဖစ္ၿပီး သူတို႔သည္ရထားေပၚမွာ တစ္ညအိပ္ရအုံးမည္ျဖစ္ေပမဲ့ ညအိပ္အနားယူျခင္းကေတာ့ ျပႆနာတစ္ခုပင္။ ထိုင္ရင္းနဲ႕အိပ္ဖို႔ကဘမျဖစ္နိုင္ေပ။
လုရွနဲ႕ကုရွန႔္နန္တို႔သည္ လွဲေလ်ာင္းလို႔ရတဲ့စားပြဲငယ္ေလးတစ္လုံးရွိတဲ့ ျပတင္းေပါက္ေဘးခုံေတြျဖစ္သည့္အတြက္ သူတို႔ကေတယ့အဆင္ေျပပါသည္။ ဒါေပမဲ့ မိန္းကေလးႏွစ္ေယာက္အတူလွဲေလ်ာင္းအိပ္စက္နိုင္ရန္ ကုရွန႔္နန္သည္စူးမန႔္အတြက္ သူ႕ေနရာကိုေပးလိုက္ၿပီး ေယာက္်ားေလးႏွစ္ေယာက္ကေတာ့ ခုံမွာဆက္ထိုင္ေနၾကသည္။
ဒါေပမဲ့ ဒီစီစဥ္မႈျဖင့္ပင္ လုရွသည္ႏွစ္ၿခိဳက္စြာအိပ္မေပ်ာ္နိုင္ေပ။ ရထားသည္အနံ႕ျပင္းျပင္းေတြရွိၿပီး ညဖက္မွာဆူညံသံအမ်ိဳးမ်ိဳးရွိတာေၾကာင့္ သူမမွာတစ္နာရီေက်ာ္ေက်ာ္ေလးပဲ အိပ္နိုင္ခဲ့သည္။ မနက္ခင္းသူမနိုးခ်ိန္တြင္ အားနည္းၿပီးမူးေနာက္ေနာက္ျဖစ္ေနတုန္းပဲ။
သူမနဲ႕မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့စူးမန႔္သည္လည္း သူမသာကိုယ္မသာပင္။ သူမကမ်က္ေမွာင္က်ဳံ႕ကာ ေဆးေၾကာသန႔္စင္ရန္ထသြားၿပီး အဝတ္အစားလဲလွယ္ဝတ္ဆင္ကာျပန္ေရာက္လာသည္။
ဒီတစ္ေခါက္မွာေတာ့ သူမကဖက္ရွင္က်တဲ့အဝတ္ေတြမဝတ္ထားေတာ့ပဲ လက္ရွည္ရွပ္အကၤ်ီနဲ႕ေဘာင္းဘီရွည္ဝတ္ဆင္လိုက္သည္။ သူမကအမ်ားႀကီးပိုရိုးရွင္းသြားပုံရေပမဲ့ သူမရဲ႕ယုံၾကည္ခ်က္ရွိတဲ့အမူအက်င့္နဲ႕ မွင္သက္ဖြယ္အသြင္အျပင္တို႔က ဒီေခတ္နဲ႕မကိုက္ညီျဖစ္ေနေသးသည္။
လုရွလည္းျမန္ဆန္စြာသန႔္စင္ေဆးေၾကာလိုက္ၿပီးေနာက္ ဘန္းမုန႔္တစ္လုံးစားလိုက္သည္။ သူတို႔ေတြသည္ ေလ်ာင္နင္စီရင္စုရဲ႕ၿမိဳ႕ေတာ္ ဝမ့္ရွီးၿမိဳ႕ကိုေရာက္ၿပီျဖစ္ေၾကာင္း ေရဒီယိုမွေၾကျငာသံကို ၾကားလိုက္ရၿပီး သူမတို႔မၾကာမီေရာက္ေတာ့မည္ထင္သည္။
အမွန္ပါပဲ မနက္ပိုင္းဆယ္နာရီေက်ာ္ေက်ာ္ေလာက္တြင္ သူတို႔သည္က်င္းဟြိုင္ခရိုင္ၿမိဳ႕ကိုေရာက္လာၾကသည္။