မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...
By XiaoManTou96
167K 29.1K 924
Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More
Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
049:နှင်းဆီပန်းတွေပို့မယ်
920 171 1
By XiaoManTou96
unicode
ထိုညတွင် အော့ဖ်လိုင်းဆင်းသွားပြီးနောက် ချင်ယွီသည် သူ၏ဦးထုပ်ကိုချွတ်၍ မှတ်တမ်းချစ်ပ်ပြားကို ထုတ်လိုက်သည်။ သူသည် ချစ်ပ်ပြားကို ကွန်ပြူတာနှင့် ချိတ်ဆက်ပြီး သူ့ကိုယ်တိုင် ဗီဒီယိုနှင့် အားကျင့်နှင့် ကွင်းအတွင်း PK လေ့ကျင့်နေသည့် ဗီဒီယိုကို ကွန်ပြူတာထဲသို့ ထည့်သွင်းခဲ့သည်။
ဟိုလိုဂရပ်ဖစ်ဦးထုပ်သည် ကစားသမားများအား ဂိမ်းဆော့သည့်ဗီဒီယိုများကို မှတ်တမ်းတင်နိုင်စေသော်လည်း ဦးထုပ်ပါရှိ ချစ်ပ်သည် ဇာတ်ကောင် ၏ရှုထောင့်မှသာလျှင် မှတ်တမ်းတင်နိုင်မည်ဖြစ်ပြီး အခြားရှုထောင့်များမှ မှတ်တမ်းတင်ရန်အတွက် သက်ဆိုင်ရာဆော့ဖ်ဝဲကို ကွန်ပျူတာတွင် ဒေါင်းလုဒ်ဆွဲရန် လိုအပ်လေသည်။
ချင်ယွီ သည် မတူညီသော ရှုထောင့်များဖြင့် ဗီဒီယိုနှစ်ခုကို စုစည်းထားပြီး ဖာရက်လေး အားကျင့် သည် ၃၆ ကြိမ်အထိ ညှဉ်းပန်းနှိပ်စက်ခြင်းခံလိုက် ရသည် ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ထို့နောက် ချင်ယွီ သည် ဗီဒီယိုကို တည်းဖြတ်ပြီး အားကျင့် ဂိမ်းအမည်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ခံရနိုင်သည့် ဖြစ်နိုင်ချေ အားလုံးကို ဖြတ်တောက်ကာသူ့၏အသံကိုလည်း ဖျက်လိုက်သည်။
သူသည် နောက်ဆုံးတွင် ဖင်းယွီဟောင် စီသို့ ပြီးဆုံးသည့်ရလဒ်ကို မပေးပို့မီ သူ၏ကိုယ်ပိုင်မှတ်ချက်ကိုလည်း မှတ်တမ်းတင်ခဲ့သည်။
ဖင်းယွီဟောင်: "နောက်တစ်ပတ်ရဲ့ ဗီဒီယို?"
ချင်ယွီ: "အင်း ဟုတ်တယ်"
ဖင်းယီဟောင် က သူ့ကို လက်မထောင်ပြကာ
"မင်းရဲ့အရှိန်ကို ငါကြိုက်တယ်!"
ဂိမ်းကိုရှင်းပြရန် "တိုက်ရိုက်" ထုတ်လွှင့်မှုအား ယာယီလုပ်ဆောင်၍မရသော ဟိုလိုဂရပ်ဖစ် ဗားရှင်းတွင် တရားဝင်ကုမ္ပဏီသည် အသင်းပြိုင်ပွဲမကျင်းပမီတွင် စျေးကွက်ကို လက်ဝါးကြီးအုပ်လိုသည်ဟု ခန့်မှန်းထားသော်လည်း Fly Tour Network မှ ယင်းအကြောင်းကို စဉ်းစားခဲ့သည်။ သူ တို့သည် ကြိုတင်ရိုက်ကူးထားသည့် ဗီဒီယိုများကို ဆက်လက်ထုတ်လွှင့်နိုင်ဆဲဖြစ်ပြီး နှလုံးသားမဲ့ မီး ၏ လူကြိုက်များမှုက ဗီဒီယိုရိုက်ကူးမှုမျှသာဖြစ်လျှင်ပင် လူအချို့က ၎င်းကို ကြည့်ရှုနေကြဆဲဖြစ်သည်။
ဖင်းယွီဟောင်သည် ဗီဒီယိုကို ကြည့်ခဲ့သည်။ ပထမမိနစ်အနည်းငယ်ကိုကြည့်ပြီးနောက်
"ဒါ ဒါကဘာလဲ? နတ်အိမ်မွေးတိရစ္ဆာန်လား?"
ချင်ယွီ: "ဟုတ်တယ်"
ဖင်းယွီဟောင် သည် ခဏတာ ကြည့်ရှု ပြီးနောက်
"မားရေ! ဗီဒီယိုတစ်ခုလုံးက မင်းကပဲ သတ်နေတာချည်းပဲ တစ်ဖက်လူက တစ်ကြိမ်တောင် ပြန်မတိုက်နိုင်နေဘူး! ဒီနတ်အိမ်မွေးတိရစ္ဆာန်က ဘယ်သူလဲ? ဒါက သိပ်သနားစရာ မကောင်းဘူးလား?"
ချင်ယွီ: "ငါ့မိန်းမ"
ဖင်းယွီဟောင် လန့်သွားသည်။ မြတ်စွာဘုရားရေ ဒီလူက သူ့မိန်းမက ယောကျ်ားလေးဆိုတာ သိသွားပြီး ဒီလို ရူးသွားတယ်လို့တော့ မပြောနဲ့နော်။ သူ့အာဃာတတွေက ဖန်သားပြင်ကနေ ထွက်လာတော့ မလိုတောင် ခံစားနေရတယ်!
ချင်ယွီ: "ဒါပေမယ့် သူ့အကောင့်အချက်အလက်တွေကို ဗီဒီယိုကနေ ဖျက်ထားတယ်။ သူ့အထောက်အထားကို လူတော်တော်များများ မသိကြဘူး မင်း ဒါကို လျှို့ဝှက်ထားရမယ် သူ့ကို ပြိုင်ပွဲမှာ လျှို့ဝှက်လက်နက်အဖြစ် သုံးဖို့ ငါစီစဉ်နေတာ"
ဖင်းယွီဟောင် သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၍ မိနစ်အနည်းငယ်ကြာအောင် စဉ်းစားနေကာ နောက်ဆုံးတော့ အပြုံးဖြင့် မော့ကြည့်လာ
သည်။
"အင်း ဟုတ်တာပေါ့ ဖာရက်ရဲ့ အလျင်က မြန်တယ် ပိုပြီး မြန်လာရုံပဲရှိမှာ"
ချင်ယွီ: "ဟုတ်တယ် သူ့မှာ အလားအလာရှိတယ်။"
ဖင်းယွီဟောင်: "အိုကေ! အဲ့ကိစ္စ ငါ့ကိုအပ်ထားလိုက် မင်းအိပ်တော့။"
ဖုန်းချပြီးနောက် ဖင်းယွီဟောင် သည် ဗီဒီယိုကို စိတ်ရှည်ရှည်ဖြင့် ကြည့်ရှုခဲ့သည်။ ဤဗီဒီယိုသည် အမျိုးသမီးပရိသတ်အချို့၏ ဒေါသကို နှိုးဆွပေးမည်ကို စိုးရွံ့မိသည်။ ပြောရမယ်ဆို ချစ်စရာတိရိစ္ဆာန်လေးတစ်ကောင်က အလွန်ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရကြီးကို...
အထူးသဖြင့် ဒီမြင်ကွင်း-ဖင်းယွီဟောင် သည် ဖန်သားပြင်ပေါ်ရှိ မီးသည် ဖာရက် ၏ လည်ပင်းကို ဆွဲကိုင်ကာ သယ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်။ အဖြူရောင် ဖာရက်လေး၏ ပုံသဏ္ဌာန်သည် ဖန်သားပြင်တစ်ခုလုံး ပြည့်သွားသည် (ထိုအ
ချိန်တုန်း က မီးကို ကြည့်ရန် ဟဲကျင့်ကတွန်းအားပေးခံလိုက်ရသောကြောင့်)
ထို့ကြောင့် ထိုအချိန်တွင် သူ၏ နူးညံ့သော မျက်လုံးတစ်စုံ သည် "ပရိသတ်" ကို မျက်နှာမူလျက် ရှိနေသည်။ သူတို့သည် တောက်ပြောင်နေပြီး အဆုံးမရှိသော အကြောက်တရားများကို ထုတ်ဖော်ပြနေကာ နောက်ဆုံးချိန် အသက်ဝိဉာဉ်အနှုတ်မခံရခင်
တွင် ကရုဏာကို တောင်းခံနေပုံပေါ်သည်...
...... အာ အာ ~ နှလုံးသားမဲ့ မင်း နတ်ဆိုး ~! ဖင်းယွီဟောင်လို ခက်ထန်တဲ့လူတောင် သူ့အသဲလေးကွဲသွားပါပြီနော် QAQ
သို့သော် နောက်တစက္ကန့်မှာတော့ ဗီဒီယိုထဲက မြင်ကွင်းက ပြောင်းလဲသွား၏။ နောက်ဆုံးတွင် မီး၏လက်ထဲတွင် အမွှေးထောင်နေနေသော ဖာရက် လေး နိုးလာသည်။ မီး သည် သူ၏လက်ချောင်းများကို အသုံးပြု၍ တိရစ္ဆာန်ငယ်လေးကို ညင်သာစွာ ပွတ်သပ်ခဲ့ရာ ရုပ်ပုံသည် အလွန်နွေးထွေးနေပုံရသည်။ ဗီဒီယို၏အဆုံးတွင် ဖာရက်လေးသည် သူ့ ကျောပြင်ပေါ်တွင် လှဲလျောင်းနေပြီး ဗိုက်ကလေးကို ဖော်ထားကာ ၎င်း၏ အိမ်မွေးသခင်အား ချစ်စရာကောင်းမူ တွေကို ရောင်းချနေသည်ကို ပြသထားသည်။ အနှေးပြကွက်ဖြင့် ဖန်တီးထားသည့် မြင်ကွင်းတွင် ချင်ယွီသည် ပန်းရောင်အလင်း နှင့် စန္ဒယားတီးခတ်ခြင်းဆိုင်ရာ effect ကို ထည့်သွင်းထားပြီး နွေးထွေးပြီး ချစ်စရာကောင်းသော လေထုကို ဖန်တီးထားသည်။
အနိုင်ကျင့်ခံရမူ များစွာကိုတွေ့ပြီးနောက် ဤချိုမြိန်သည့်အခိုက်အတန့်သည် အမှန်တကယ်တိုတောင်းသော်လည်း ဖင်းယွီဟောင် မျက်ရည်ကျ လောက်အောင်ပင် လှုပ်ခတ်သွားခဲ့သည်။ လုံးဝကုစားခံလိုက်ရသလို ခံစားရတယ်!
နှလုံးသားမဲ့ မင်းမကောင်းတဲ့အကောင်... TAT
သူ့စိတ်ထဲတွင် ကျိန်ဆဲကာ ဖင်းယွီဟောင် သည် ဗီဒီယို နာမည်ကို ပေးခဲ့သည်မှာ
"နှလုံးသားမဲ့ နတ်ဘုရားက မင်းကို နတ်အိမ်မွေး တိရိစ္ဆာန်ကို ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတာ သင်ပေးမယ်" ဟူ၍ပင်။
ထိုအချိန်တွင် ဟဲကျင့် သည် ထိုအရာအားလုံးကို မသိသေးပေ။ လောလောဆယ်တွင် သူသည် လွင့်မျောတိမ်တိုက် နှင့် ကြိုးကြာရိုင်း တို့၏ ဆက်ဆံရေးကို စဉ်းစားရင်း အိပ်ယာပေါ်တွင် လဲလျောင်းနလေသည်။ ဂိမ်းထဲမှာ သူတို့နှစ်ယောက်ကို အကြိမ်အနည်းငယ်သာ မြင်ဖူးပေမယ့် တစ်ယောက်နဲ့တစ်ယောက် သဘာဝအတိုင်း ရင်းနှီးမှုက သူ့ကို နည်းနည်းလေး အားကျစေခဲ့သည်။ သူ့အချစ်ဦးရဲ့ ကျဆုံးခန်းနဲ့ နှိုင်းယှဉ်ရရင်... ဟဲကျင့် ဟာသူနားလည်ထားတဲ့ခံစားချက်တွေက  လိင်တူချစ်
သူနှစ်ယောက်လောက် မကောင်းနိုင်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် မီးရဲ့ "လိင်စိတ် တိမ်းညွှတ်" မူအကြောင်း ဖော်ပြချက် နှင့် ချင်ယွီ၏ တစ်စုံတစ်ယောက်ကို "နှစ်သက်ခြင်း" အမြင်ကိုလည်း တွေးခဲ့သည်။ ဒါတွေအားလုံးက သူ့ကိုယ်ပိုင်အမြင် ဘယ်လောက် တိမ်မြုပ်နေသလဲဆိုတာကို ရိပ်မိသွားပုံရစေ၏။
လူတစ်ယောက်ကို ချစ်ရတာ ဘယ်လို ခံစားရလဲ?အလိုအလျောက် သူ့ဘာသူ ဖြစ်တည်လာတာလား?
ဟဲကျင့် စိတ်ထဲမှာထို အတွေးနဲ့ အိမ်မက်ထဲ ပြေးဝင်သွားတော့သည်။
နောက်တစ်နေ့တွင် ဟုန်တုန်ယွမ် မှဝယ်ထားသော ဦးထုပ်လည်းရောက်လာသည်။ သူသည် မျောက်တစ်ကောင်လိုပင် ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။
သို့သော် ဟုန်တုန်ယွမ် ၏ဗားရှင်းသည် ဟဲကျင့် နှင့် ကွဲပြားသည်။ သူ့ဦးထုပ်မှာ ငွေရောင် မှိုင်းမှိုင်းဖြစ်ပြီး စုဆောင်းသူ၏ လိုဂိုမပါရှိသော်လည်း ၎င်း
သည် တကယ်ကို မိုက်နေသေးသည်။
ဟုန်တုန်ယွမ် သည် နေ့ခင်းဘက် စာသင်ချိန်များတွင် အာရုံမစိုက်နိုင်တော့ဘဲ ဗီရိုထဲမှာ သိမ်းဆည်းထားသော ဦးထုပ် ကို ဆောင်းချင်လွန်းသဖြင့်  နှလုံးတွေ ယားယံနေတော့သည်။ သင်ကြားရေးအဆောက်အဦးသို့သွားရာလမ်းတွင် တစ်စုံတစ်ခုကို ရုတ်တရက်တွေးပြီး ဟဲကျင့် ကိုမေးလာသည်။
"ကျင့်ကော မင်းရဲ့ဂိမ်းနာမည်ကဘာလဲ? မင်းကအဆင့် 50 အထက် ဟုတ်တယ်မလား)"
ဟဲကျင့်: "..."
ဖြစ်လာမည့်အရာကို ရှောင်လွှဲ၍မရပေ။ ဟဲကျင့် နှလုံးသားထဲမှာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာ သည်။ အမှန်တရား ကို ဖုံးကွယ်ရန် ကြိုးစားခြင်းသည် အပြစ်ရှိကြောင်း ထင်ရှားသော စိတ်ကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သောကြောင့် စိတ်ကို တည်ငြိမ် အောင်ထားရမယ် ဟု ကိုယ့်ကိုယ်ကို အားပေးခဲ့လေသည်။
"အဲဒါက အားကျင့်"
"ငါ အား​ရင်​ အတူတူ ကစားဖို့ လာ​ရှာမယ်​!"
"..." ဟဲကျင့် က ဟုန်တုန်ယွမ် ဘယ်တော့မှ မအားပါစေနဲ့ လို့ သူ့စိတ်ထဲမှာ ဆုတောင်းနေခဲ့သည်။ (=_=)
အတန်းပြီးသောအခါ ဟုန်တုန်ယွမ် သည် ဟဲကျင့် ထမင်းသွားဝယ်တာကိုတောင် မစောင့်နိုင်ဘဲ ဂိမ်းကစားရန် အိပ်ဆောင်သို့ ဦးစွာပြန်ပြေးခဲ့သည်။ ဟဲကျင့် သည် ထမင်းဝယ်ကာ ပြန်လာပြီး ဘုံသုံး ထမင်းစားခန်းထဲတွင် ခေါင်းကြီးနှင့် ချီကော တို့နှင့်အတူ စားသောက်ခဲ့သည်။ ထမင်းစားပြီးနောက် ခေါင်းကြီး က ဆိုလာသည်။
"ကျင့် ကော မင်းမျောက်ရဲ့ မကောင်းတဲ့နမူနာကို
မလိုက် နဲ့နော် မင်း ဒီဦးထုပ်ဆောင်းထားတာကို မြင်ရတာက အရမ်းထူးဆန်းပြီး ကြောက်စရာကောင်းသလို ခံစားရတယ်ဟ!"
"..." သေချာသလောက်ကို မျောက်က ဂိမ်းဆော့လို့ အပြစ်တင်ခံနေရသည်။ ဟဲကျင့် သည် ဤ
အကြောင်းအရာကို လွန်ခဲ့သည့် တစ်ချိန်က ဆွေးနွေးခဲ့ကြတုန်းက မျောက်၏ အပြစ်ရှိသလို ခံစားနေရတာကို တွေးမိပြီး အလျင်စလိုရှင်းပြခဲ့သည်
"ဒါက သူ့အပြစ်မဟုတ်ပါဘူး မကြာခင်ကမှ ငါ
နည်းနည်း စိတ်ဖိစီးနေလို့ စိတ် အပန်းဖြေတဲ့အနေနဲ့ ဂိမ်းတွေစ ကစားနေတာ"
ညစာစားပြီးသောအခါ ဟဲကျင့် သည် သူ့အခန်းသို့ပြန်သွားသည့်အခါ ဟုန်တုန်ယွမ် သည် သူ့ဦးထုပ် ကိုဆောင်းထားသည်ကိုတွေ့လိုက်ရသည်။ ဂိမ်းကစားချိန်တွင် အလွန်သွက်လက်သော အမျိုးသား
သည် ယခုအခါ ရုပ်သေးရုပ်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပြီး အလွန်တိတ်ဆိတ်နေသည်။
ဟဲကျင့် က သူ့ထမင်းဗူးကို စားပွဲပေါ်တင်လိုက်ပြီး အခန်းသန့်ရှင်းရေးလုပ်ဖို့ အချိန်ယူလိုက်၏။ ပြီး
ပြည့်စုံသည့် သန့်ရှင်းမူ ပြီးသွားသည့်တိုင်
ဟုန်တုန်ယွမ် သည် မလှုပ်မယှက် ဖြစ်နေသေးသည်...။
ဂိမ်းကစားတဲ့အချိန် ငါလည်း ဒီလိုမျိုး လား? ဟဲကျင့် သည် ထိုပုံစံသည် ရယ်စရာကောင်းတယ်လို့ ထင်မိ၏။ ခေါင်းကြီးက အဲ့ဒါ ကို ကြောက်ဖို့
ကောင်းတယ် ပြောတာ အံ့သြစရာ မရှိတော့ပါဘူး။အပြင်လူ အနေနဲ့ကြည့်ရတာ ထူးဆန်းနေတာကြီးကို။
ဟဲကျင့် သည် စာဖတ်ချင်စိတ်မရှိသောကြောင့် သူလည်း ဦးထုပ်ဆောင်းလိုက်တော့သည်။
ဂိမ်းထဲကို ရောက်သွားတဲ့အခါ လှပတဲ့ အမျိုးသမီးတစ်ယောက်က ဟဲကျင့်ရှေ့မှာ ပေါ်လာသည်။ အမျိုးသမီး၏ အနီရောင်ဝတ်စုံသည် NPC ၀န်ထမ်းများ ဝတ်ဆင်ထားသည့် ပုံစံနှင့် ခပ်ဆင်ဆင်တူသည်။ သူမသည် နှင်းဆီပန်းစည်းကြီးကို ကိုင်ဆောင်ထားကာ သူ့နောက်မှာတော့ ငှက်ကြီး တစ်ကောင်က သူ့အတောင်ပံများကို တဖျပ်ဖျပ်ခတ် ကာ ရှိနေလေသည်။
ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းက ပြုံးကာ
"အားကျင့် ဒါ မင်း ခင်ပွန်း မီး ပေးတဲ့ နှင်းဆီပန်းတွေပါ။ ကျေးဇူးပြု၍ လက်ခံပါ။"
ဟဲကျင့် : "..."
ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းက လေးလံသောပန်း
စည်းကို သူ့လက်ထဲသို့ထည့်လိုက်ပြီး
"မင်းနဲ့မင်းခင်ပွန်းတို့ သာယာပျော်ရွှင်တဲ့ဘဝလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်!" ဟု ဆိုကာ ငှက်ကြီးပေါ်သို့ တက်ကာ ပျံသွားတော့သည်။
ဟဲကျင့်ဟာ သူပန်းစည်းကို ယူလိုက်တာနဲ့ World ချန်နယ်မှာ  မက်ဆေ့ချ်တစ်ခု ပေါ်လာတာကို မသိလိုက်ပေ။
〖World〗 "မှော် ပန်းဆိုင်"- ကစားသမား အား
ကျင့် သည် မီးစီ မှ နှင်းဆီပန်း 999 ပွင့်ကို လက်ခံရရှိခဲ့ပြီး "ထာဝရ" စုံတွဲ ကျင့်ကြံရေးကို ရရှိခဲ့သည်။
ဟိုလိုဂရပ်ဖစ်သည် ကီးဘုတ်ဗားရှင်းနှင့် ကွဲပြားသည်။ ကစားသမားသည် ချန်နယ်အချက်အလက်ကို တမင်တကာ မကြည့်မချင်း ဤစာမျက်နှာများ
သည် ပေါ်လာမည်မဟုတ်သောကြောင့် ဟဲကျင့် သည် ထိုစာကို မတွေ့ချေ။
ဒါပေမယ့် သူနဲ့မတူဘဲ လူတချို့က ဒါကိုမြင်ခဲ့တယ်။ ဥပမာအားဖြင့် ဟုန်တုန်ယွမ် ကဲ့သို့သော အတင်းအဖျင်းများကို ချစ်မြတ်နိုးသူများ
ဟုန်တုန်ယွမ် သည် အဆင့် 70 Demon ဖြစ်သည်။ နတ်ဆိုးကစားသမားများစွာတွင် အဆင့် 70 ကို အဆင့်အတန်းမြင့်သူအဖြစ် သတ်မှတ်နိုင်သည်။ ဂိမ်းထဲမှာ သူ့သူငယ်ချင်းတွေနဲ့ သတ်မှတ်ထားတဲ့ အဖွဲ့တွေရှိတာကြောင့် သူနဲ့ ဟဲကျင့် က ဂိမ်းတစ်ခုထဲ တူတူကစားခဲ့ပေမယ့် "ငါအားရင် မင်းကိုလာရှာမယ် " ဆိုတဲ့ သူ့ရဲ့ အရင်ကပြောခဲ့တဲ့ စကား ဟာ တကယ်တော့ ဒီတိုင်း ပြောလိုက်ခြင်း မျှသာ ဖြစ်
သည်။
လောလောဆယ် ဟုန်တုန်ယွမ် က သူ့သူငယ်ချင်းတွေနဲ့ Dungeon ဝင်နေတာပင်။ သူတို့ထဲမှာ World ချန်နယ် ထဲက အတင်းအဖျင်းတွေကို အမြဲမပြတ် ကြည့်တတ်တဲ့ အမျိုးသမီးတစ်ယောက်ရှိ၏။ ဆာဗာသုံးခုရှိ အဆင့် 50 နှင့်အထက် ကစားသမားများကို ပေါင်းစည်းထားသောကြောင့် World ချန်နယ်တွင် သတင်းများစွာရှိခဲ့သည်။ တစ်ခါတစ်ရံ သတင်းများသည် စက္ကန့်အနည်းငယ်အတွင်းပင် ပျောက်ကွယ်သွားသော်လည်း ထိုညီမမှာ စူးရှသော မျက်လုံးများရှိသည်။ သူမသည် ကြီးမြတ်သော
နတ်ဘုရားနှင့်ပတ်သက်သည့် သတင်းမှန်သမျှကို ဖမ်းယူနိုင်ခဲ့ပြီး သူ့အသင်းဖော်များကို ပြန်လည် ဖောက်သည်ချခဲ့သည်။
အခုလဲ မထူးမခြားနားပင်။
"အိုး ကြီးမြတ်တဲ့ နတ်ဘုရား နှလုံးသားမဲ့က သူ့ဇနီးကို ချစ်ခြင်းမေတ္တာတွေ လှစ်ဟပြနေတယ်ဟေး!"
တစ်စုံတစ်ယောက်ကမေးလာသည်။
"အဲဒီ မီး ဆိုတာက နှလုံးသားမဲ့ မီးလား?"
ညီမ: "ဟုတ်တယ် အာ ဟိုတနေ့ကတောင်ပြောသေးတယ်လေ သူဦးဆောင်တဲ့ အဖွဲ့က ဟိုလိုဂရပ်ဖစ်ရဲ့ Boss ကို ပထမဆုံးသတ်ဖြတ်ခဲ့တယ်ဆိုတာလေ မေ့သွားပြီလား?ဟေး ငါတို့ရဲ့ ဆာဗာက ဟန်ဂန် ဒတ်စ် ထက်တောင် နှလုံးသားမဲ့ ရဲ့ စကေးက ပို ကြမ်းတာနော်"
တစ်စုံတစ်ယောက်: "နှလုံးသားမဲ့က အားကြီးတယ် ဂိမ်းအဆင့်သတ်မှတ်ချက်စာရင်းမှာ အခုဆို နှစ်နှစ် သုံးနှစ်လောက်တောင် ရှိနေပြီ ပထမနေရာမှာချည်းပဲ"
သူတို့ပြောတာကို နားထောင်နေရင်း ဟုန်တုန်ယွမ် က World ချန်နယ် ကို ကြည့်လိုက်ရာ "အားကျင့်" ဆိုတဲ့ နာမည်ကို မြင်လိုက်တာနဲ့ မျက်မှောင်
ကြုတ်သွားတော့သည်။ ဒီနာမည်- အားကျင့် ? ဘာကြောင့် ဒီလောက်ရင်းနှီးနေရတာလဲ?......
အားကျင့် ! ဘယ်လိုတောင် အဲ့ဒါ ဟဲကျင့် မလား?
ဟုန်တုန်ယွမ်သည် သူပဲမှားနေတာ ဖြစ်ရမယ် ဟုခံစားရကာ ခေါင်းယမ်းလိုက် သည်။ ဒီ "အားကျင့်" သည် ပထမအဆင့် နတ်ဘုရားရဲ့ ဇနီးပဲ ပြီးတော့ သူမက ဂိမ်းကစားတာ ကြာပြီပဲနေမှာ
ဟဲကျင့်က အခုမှစကစားတာကို ဘယ်လိုလုပ် နတ်ဘုရားနဲ့ ဇနီးဖြစ်နိုင်မှာလဲနော့...
သို့သော် မကြာမီတွင် သူသည် ယခင်ဖြစ်ပျက်ခဲ့သော အသေးစိတ်အချက်အလက်အချို့ကို တွေးမိလိုက်သည် ဟဲကျင့် က အဆင့်စာရင်းကို ကြည့်နေခဲ့သေးတယ် ပြီးတော့ သူ့လိင်အမျိုးအစား ကိုနားလည်မှုလွဲနေတဲ့ သူငယ်ချင်းဟောင်းနဲ့တွေ့ခဲ့ပြီးတော့ ဂိမ်းထဲမှာ သူ့ကိုစောင့်နေတုန်းပုံပေါ်တယ်ဆိုပြီးလဲပြောခဲ့သေးတယ်... သူပိုတွေးလေလေ...လုပ် စမ်းပါ အဲ့ဒါ ဟဲကျင့်တော့ မဟုတ်ဘူးမလား? (=_=)
ထိုအချိန်တွင် ဟဲကျင့်သည် သူ့ ဂိမ်းဇာတ်ကောင် ထက် ပိုကြီးသော နှင်းဆီပန်းစည်းကြီးကို ကိုင် ဆောင်ထားဆဲဖြစ်သည်... ၎င်းသည် ဂိမ်းထဲတွင်ရှိသော်လည်း ဟိုလိုဂရပ်ဖစ် ဂိမ်း၏ သစ္စာရှိမှုသည် ပန်းများကို နူးညံ့သိမ်မွေ့စေကာ မွှေးကြိုင်သောမွှေးရနံ့ကိုလည်း သင်းပျံ့စေသည်။ .
ဟဲကျင့် သည် ပန်းရနံ့ကြောင့် မူးဝေလုမတတ် ခံစားခဲ့ရသည်။ သူက သူ့သူငယ်ချင်း စာရင်းကိုသွားကြည့်တော့မယ့်အချိန်မှာပဲ အနက်ရောင် ၀တ်စုံနဲ့ သူက သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတော့ သည်။
မီးသည် သူ၏ ချောမောသော မျက်နှာကို အပြုံးတန်ဆာဆင်ထားကာ သူ့ရှေရောက်လာသည်။သူ့လက်ထဲမှာ နှင်းဆီတစ်ပွင့်ကို ကိုင်ထားပြီး သူ့ရဲ့
နတ်ဆိုးဆန်တဲ့ ဆွဲဆောင်မူကို ဖော်ပြထားကာမေးလာသည်။
"မင်း ငါ့လက်ဆောင်ကို ကြိုက်လား?"
ဟဲကျင့်: "ဘာလို့ ပန်းတွေပေးတာလဲ...?"
မီး သည် သူ့လက်ထဲမှ နောက်ဆုံးပန်းကို ပန်းစည်းကြီးထဲသို့ ထည့်လိုက်ပြီး
"မက်ဆေ့ချ်ဘားကို ကြည့်လိုက်" လို့ ပြန်ဖြေလိုက် သည်။
ဟဲကျင့် သည် သူ့အကြည့်ကို ဘယ်ဘက်အောက်ထောင့်သို့ ရွှေ့လိုက်သည်။ ခဏအကြာတွင်စနစ်မက်ဆေ့ချ်အသစ်နှစ်ခုကိုပြသကာ သီးသန့်မက်ဆေ့ချ်ဘောက်စ် တစ်ခု ပေါ်လာသည်။
〖System〗 : နှင်းဆီပန်း 999 ပွင့်ကို သင်ရရှိပါတယ် မီး နဲ့ သင့်စုံတွဲ အညွှန်းအမှတ်က 499.5မှတ် တိုးလာပါသည်။
〖System〗 : နှင်းဆီ ပန်း 1 ပွင့်ကို သင်ရရှိခဲ့ပြီး မီး နှင့် သင့်စုံတွဲအညွှန်းအမှတ်သည် 0.5 မှတ် တိုးလာသည်။
[T/N နှင်းဆီပန်းတွေက တကယ့်ယွမ်နဲ့ ဝယ်ရတာပါနော် အမောင် မီး ကတော့ ရှယ်အမ်းနေပါတယ်🥹]
Zawgyi
ချင်ယွီ: "အင်း ဟုတ်တယ်"
ချင်ယွီ: "ဟုတ်တယ်"
ချင်ယွီ: "ငါ့မိန်းမ"
သည်။
ဟဲကျင့်: "..."
"အဲဒါက အားကျင့်"
ဟဲကျင့် : "..."
ဟဲကျင့်ဟာ သူပန်းစည်းကို ယူလိုက်တာနဲ့ World ချန်နယ်မှာ  မက်ဆေ့ခ်ျတစ်ခု ပေါ်လာတာကို မသိလိုက်ပေ။
သည်။
"မက်ဆေ့ခ်ျဘားကို ကြည့်လိုက်" လို့ ပြန်ဖြေလိုက် သည်။
Continue Reading
You'll Also Like
10.5K 1.9K 17
Title: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
654K 14.4K 54
"Leave me. I want to go home" said Madhu with lot of fear in her eyes while watching a man coming near her. "I said you can't go anywhere.You are min...
24.5K 3.3K 11
Title - The embarrassing days of accidentally wearing the same clothes as the campus prince (和校草撞衫的日子) Author - 迟小爷 (Master Chi) Status in COO - 10...