Chapter 29 – စူးမန့်
ဝတ္ထုထဲတွင် ကျန်းကျွင်းမော့၏တည်ရှိမှုသည် အလွန်နည်းပါးသည်။ သူကကျန်းမာရေးကောင်းပုံမရပဲ ကာယပိုင်းဆိုင်ရာအလုပ်တွေမလုပ်နိုင်ဘူးဆိုတာလောက်ပဲ သိရသည်။ သူကအရှေ့မြောက်ပိုင်းရဲ့ရာသီဥတုကိုလည်း တောင့်မခံနိုင်ပေ။ ကျေးလက်မှာလအနည်းငယ်ကြာပြီးနောက် ကိစ္စတွေသည်သူ့အတွက် အဆင်မပြေခဲ့ပေ။ ဆောင်းတွင်းရောက်လာချိန်တွင် သူကအအေးမိသွားခဲ့ပြီး မကျော်ဖြတ်နိုင်ခဲ့ပေ။
ဇာတ်လိုက်မသည် ဝမ်းနည်းမှုဖြင့်မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ကျန်းကျွင်းမော့ရဲ့ဈာပနလုပ်ထုံးလုပ်နည်းတွေကို ဇာတ်လိုက်နဲ့အတူကူညီခဲ့ပေးသည်။
ထို့ကြောင့်ပဲ သူမတို့မြို့တော်ပြန်ရောက်လာချိန်တွင် ကျန်းမိသားစုထံမှအကူအညီလက်ခံရရှိခဲ့ပြီး သူတို့အလုပ်အကိုင်တွေလည်း ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။ ဇာတ်လိုက်တွေလုပ်သမျှက အချည်းနှီးမဖြစ်ခဲ့ဘူးလို့ ပြောလို့ရသည်။
စိတ်ထဲထိုအတွေးတို့ဖြင့် လုရှသည်ကျန်းကျွင်းမော့ကို နောက်တစ်ခါထပ်ကြည့်လိုက်ကာ ထိုမျှရင်သပ်ရှုမောဖွယ်လူက ဒီလိုဆုံးပါးသွားခဲ့လို့ နှမြောစရာပဲလို့ခံစားလိုက်ရသည်။ ကျန်းကျွင်းမော့သည် သူမအကြည့်ကိုသတိပြုမိသွားပုံရပြီး ပြန်ကြည့်လာသည်။
သူကသူမကိုမှတ်မိသလားဆိုတာ လုရှမသိပေမဲ့ သူမကတော့သူ့ကိုမသိသလိုဟန်ဆောင်လိုက်သည်။ နောက်ဆုံးမှာတော့ ပန်းခြံထဲကအဖြစ်အပျက်က အတော်လေးရှက်စရာကောင်းသည်ပင်။
ထို့ကြောင့် သူမသူ့ကိုခေါင်းညိတ်ပြလိုက်ကာ သူကလည်းပြန်ညိတ်ပြလာသည်။ ထို့နောက် လုရှသည်ခေါင်းငုံ့ထားကာ ဆက်လက်တွေးတောနေလိုက်သည်။
ကျေးလက်ကိုရောက်တဲ့အခါ သူတို့နဲ့တစ်ရွာတည်းမှာတာဝန်မကျစေဖို့ သူမဆုတောင်းလိုက်သည်။ ဇာတ်လိုက်တွေရှိတဲ့နေရာတိုင်းမှာ ပြဿနာတွေကမြေကြီးလက်ခတ်မလွဲပဲလို့ လူသိများပါသည်။
သူမပြဿနာမဖြစ်ချင်ပါဘူး။ ဒီနှစ်တွေကိုအေးအေးချမ်းချမ်းလေးပဲ ကုန်ဆုံးသွားချင်တာပါ။
ဒါပေမဲ့ ရုတ်တရက်ဆိုးရွားတဲ့အလိုလိုသိစိတ်တစ်ခုရလိုက်သည်။ လက်ရှိမှာ သူမကစာအုပ်ထဲကဇာတ်ကောင်နှစ်ယောက်နဲ့အတူထိုင်နေတာ နောက်ပိုင်းကျ သူတို့နဲ့အတူတစ်ရွာတည်းမှာ တာဝန်ချပေးခံရရင်ဘယ်လိုလုပ်မလဲ?
လုရှသေသေချာချာတွေးတောလိုက်သည်။
စာအုပ်ထဲကနောက်ခံဇာတ်ကောင်တွေရဲ့ နာမည်တွေကိုသူမသိပ်မမှတ်မိတော့ပေမဲ့ သူတို့နဲ့ပတ်သတ်တဲ့ထင်မြင်ချက်တချို့တော့ရှိသည်။ သူမမှတ်ဉာဏ်ထဲမှာ ဇာတ်လိုက်ရယ်ဇာတ်လိုက်မရယ်နဲ့အတူ ကျေးလက်ကိုသွားခဲ့တဲ့ လူကြောက်ကာရှက်ရွံ့တတ်တဲ့မိန်းကလေးတစ်ယောက် ရှိနေသည်။
ကြည့်ရတာ သူမကရထားပေါ်မှာဇာတ်လိုက်ပေးခဲ့တဲ့ စားစရာကိုစားခဲ့ပုံရပြီး အဲ့ဒါကသူမကိုသူ့အပေါ်ခံစားချက်တွေ ဖြစ်တည်စေခဲ့သည်။ နောက်တော့ သူမသည်ကျေးလက်မှာဇာတ်လိုက်ဆီမှ အကူအညီနဲ့ဂရုစိုက်မှုတို့ကိုရရှိခဲ့ပြီး တဖြေးဖြေးနဲ့သူ့ကိုချစ်မိသွားခဲ့သည်။
ဒါပေမဲ့ သူမကလူကြောက်ကာသီးသန့်နေတတ်သူဖြစ်ရာ ခံစားချက်တွေထုတ်မပြရဲခဲ့ပေ။ သူ့ရဲ့အလုပ်တာဝန်တွေမှာပဲ တိတ်တိတ်လေးကူညီပေးခဲ့ပေမဲ့ သူမကငယ်ရွယ်နေသေးသည်ဖြစ်ရာ မကြာမီတွင်ဇာတ်လိုက်မကသိရှိသွားခဲ့သည်။
ဇာတ်လိုက်မကသူမကိုဘာမှမလှုပ်ရှားရသေးခင်မှာပဲ သူမသည်ရွာရဲ့ပြဿနာကောင်နဲ့ ငြိသွားခဲ့သည်။ သူမရဲ့ဂုဏ်သတင်းပျက်စီးသွားခဲ့ပြီး ကျေးလက်မှာကောလဟလတွေအချင်မြန်ပျံ့နှံ့သွားမှုနဲ့အတူ သူမကိုလူတကာနဲ့လုံးထွေးတတ်တဲ့ အမျိုးသမီးပညာတတ်လူငယ်အဖြစ် လူတွေသိလာကြသည်။
ထို့နောက် သူမကိုရိုက်ချိုးသွားတဲ့ နောက်ဆုံးသောကောက်ရိုးတစ်မျှင်က ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့တရားဝင်တွဲလိုက်ကြတဲ့အချိန်ပင်။ သူမဘဝသည်တောက်ပမှုတို့ပျောက်ဆုံးသွားခဲ့ပြီး ပြဿနာကောင်ကိုလက်မထပ်ရစေရန်အတွက် မြစ်ထဲခုန်ချသတ်သေသွားသည်။
ငယ်ရွယ်တဲ့ဘဝတစ်ခုက ထိုကဲ့သို့အဆုံးသတ်သွားခဲ့ပြီး သူမခန္ဓာကိုယ်ကိုလုံးဝပြန်ရှာမတွေ့ခဲ့ပေ။ ဒီအဖြစ်အပျက်သည်ဝတ္ထုထဲက အပိုင်းသေးသေးလေးတစ်ခုမျှဖြစ်သည်။ သူမကဇာတ်ပို့ဇာတ်ကောင်တစ်ယောက်ပင်မဟုတ်ပဲ အများဆုံးမှ အမြောက်စာသာသာလေးရယ်။
လုရှသည်ဒီမိန်းကလေးအကြောင်းတွေးလေလေ သူမကမူလကိုယ်ရဲ့ပင်ကိုယ်စရိုက်နဲ့တူပုံကို သဘောပေါက်လာလေပါပဲ။ ဆိုတော့ သူမကတကယ်ပဲဝတ္ထုထဲမှာပါခဲ့တယ် ဒါပေမဲ့ အမြောက်စာတစ်ယောက်အဖြစ်တဲ့လား?
လုရှအော်ဆဲမိလုနီးပါးပဲ!
ခုနလေးတင် ကျန်းကျွင်းမော့ကိုသူမကသနားဂရုဏာတွေသက်နေတာ ဒါပေမဲ့ သူမကိုယ်တိုင်ကလည်းအတူတူနဲ့အနူနူပဲဆိုတာ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ ဒါကတကယ်ပဲ ဝတ္ထုထဲကူးပြောင်းလာခြင်းဟုတ်မဟုတ်ဆိုတာက မသေချာသေးဘူး။ ဘာပဲဖြစ်ဖြစ် သူမဇာတ်လိုက်မကို မမြင်ခဲ့မိဘူးမဟုတ်လား?
နာမည်တူရှိနေတာက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါပဲ။ ဒါကဘာကိုမှမဆိုလိုပါဘူး။ လုရှရင်ထဲကျိတ်ဆုတောင်းလိုက်သည်။
ဒါပေမဲ့ ကိစ္စတွေကသူမမျှော်လင့်ထားသလို မဖြစ်ခဲ့ပေ။ နောက်ဘူတာမှာရထားရပ်သွားချိန်တွင် လှပပြီးယုံကြည်မှုအပြည့်နဲ့မိန်းကလေးတစ်ယောက် ရထားပေါ်တတ်လာသည်။ သူမကလည်းဆယ့်ရှစ် ဆယ့်ကိုးပတ်ချာလည်ပဲရှိလောက်ပြီး ဖက်ရှင်ကျတဲ့အဝတ်အစားတွေဝတ်ဆင်ကာ လက်ဆွဲသေတ္တာတစ်လုံးသယ်ထားသည်။
သူမကကျေးလက်ကိုသွားမှာနဲ့မတူပဲ အပျော်ခရီးထွက်မှာနဲ့ပိုတူသည်။ သူမရထားပေါ်ရောက်လာသည်နှင့် ကုရှန့်နန်ဘေးမှာထိုင်လိုက်ပြီး သူမကိုယ်သူမလူတိုင်းကိုမိတ်ဆက်ရင်း ပြုံးပြလိုက်သည်။
" အားလုံးပဲ မင်္ဂလာပါ ကျွန်မနာမည်ကမြက်ပင်တွေရှင်သန်ကြီးထွားခြင်းအဓိပ္ပါယ်'မန့်' နဲ့ စူးမန့်ပါ ကျွန်မကပညာတတ်လူငယ်တစ်ယောက်အဖြစ် ကျေးလက်ကိုသွားမှာပါ"
သူမဘေးမှာထိုင်နေသည့်ကုရှန့်နန်သည် သူမကိုပထမဆုံးမြင်လိုက်ရတော့ မှင်သက်သွားခဲ့ပေမဲ့ အလျင်မြန်ဟန်ကိုယ့်ဖို့ထိန်းလိုက်ကာ သူ့ကိုယ်သူမိတ်ဆက်ရင်း ပြုံးလိုက်သည်။
" ကျွန်တော်ကကုရှန့်နန်ပါ ဒီခုံတွဲကကျွန်တော်တို့အားလုံးက ပညာတတ်လူငယ်တွေအဖြစ် လျောင်နင်စီရင်စုကိုသွားကြမှာ"
စူစမန့်သည်ကုရှန့်နန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ချောမောခန့်ညားပုံကြောင့် အံ့အားသင့်သွားပုံရသည်။ ထို့နောက် သူမကမျက်နှာချင်းဆိုင်မှ ကျန်းကျွင်းမော့ကိုတစ်ချက်လှမ်းကြည့်ပြီး သူမမျက်လုံးတွေသည်သဘောကျမှုအပြည့်ဖြစ်သွားသည်။
ကျန်းကျွင်းမော့ သူမကိုခေါင်းဆတ်ပြလိုက်သည်။
" ကျန်းကျွင်းမော့ပါ"
ထို့နောက် လုရှလည်းရှက်ရွံ့ယောင်ဆောင်ကာ " မင်္ဂလာပါ ရဲဘော် ကျွန်မနာမည်ကလုရှပါ"
Zawgyi
Chapter 29 စူးမန႔္
ဝတၳဳထဲတြင္ က်န္းကြၽင္းေမာ့၏တည္ရွိမႈသည္ အလြန္နည္းပါးသည္။ သူကက်န္းမာေရးေကာင္းပုံမရပဲ ကာယပိုင္းဆိုင္ရာအလုပ္ေတြမလုပ္နိုင္ဘူးဆိုတာေလာက္ပဲ သိရသည္။ သူကအေရွ႕ေျမာက္ပိုင္းရဲ႕ရာသီဥတုကိုလည္း ေတာင့္မခံနိုင္ေပ။ ေက်းလက္မွာလအနည္းငယ္ၾကာၿပီးေနာက္ ကိစၥေတြသည္သူ႕အတြက္ အဆင္မေျပခဲ့ေပ။ ေဆာင္းတြင္းေရာက္လာခ်ိန္တြင္ သူကအေအးမိသြားခဲ့ၿပီး မေက်ာ္ျဖတ္နိုင္ခဲ့ေပ။
ဇာတ္လိုက္မသည္ ဝမ္းနည္းမႈျဖင့္မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ၿပီး က်န္းကြၽင္းေမာ့ရဲ႕ဈာပနလုပ္ထုံးလုပ္နည္းေတြကို ဇာတ္လိုက္နဲ႕အတူကူညီခဲ့ေပးသည္။
ထို႔ေၾကာင့္ပဲ သူမတို႔ၿမိဳ႕ေတာ္ျပန္ေရာက္လာခ်ိန္တြင္ က်န္းမိသားစုထံမွအကူအညီလက္ခံရရွိခဲ့ၿပီး သူတို႔အလုပ္အကိုင္ေတြလည္း ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ခဲ့သည္။ ဇာတ္လိုက္ေတြလုပ္သမွ်က အခ်ည္းႏွီးမျဖစ္ခဲ့ဘူးလို႔ ေျပာလို႔ရသည္။
စိတ္ထဲထိုအေတြးတို႔ျဖင့္ လုရွသည္က်န္းကြၽင္းေမာ့ကို ေနာက္တစ္ခါထပ္ၾကည့္လိုက္ကာ ထိုမွ်ရင္သပ္ရႈေမာဖြယ္လူက ဒီလိုဆုံးပါးသြားခဲ့လို႔ ႏွေျမာစရာပဲလို႔ခံစားလိုက္ရသည္။ က်န္းကြၽင္းေမာ့သည္ သူမအၾကည့္ကိုသတိျပဳမိသြားပုံရၿပီး ျပန္ၾကည့္လာသည္။
သူကသူမကိုမွတ္မိသလားဆိုတာ လုရွမသိေပမဲ့ သူမကေတာ့သူ႕ကိုမသိသလိုဟန္ေဆာင္လိုက္သည္။ ေနာက္ဆုံးမွာေတာ့ ပန္းၿခံထဲကအျဖစ္အပ်က္က အေတာ္ေလးရွက္စရာေကာင္းသည္ပင္။
ထို႔ေၾကာင့္ သူမသူ႕ကိုေခါင္းညိတ္ျပလိုက္ကာ သူကလည္းျပန္ညိတ္ျပလာသည္။ ထို႔ေနာက္ လုရွသည္ေခါင္းငုံ႕ထားကာ ဆက္လက္ေတြးေတာေနလိုက္သည္။
ေက်းလက္ကိုေရာက္တဲ့အခါ သူတို႔နဲ႕တစ္႐ြာတည္းမွာတာဝန္မက်ေစဖို႔ သူမဆုေတာင္းလိုက္သည္။ ဇာတ္လိုက္ေတြရွိတဲ့ေနရာတိုင္းမွာ ျပႆနာေတြကေျမႀကီးလက္ခတ္မလြဲပဲလို႔ လူသိမ်ားပါသည္။
သူမျပႆနာမျဖစ္ခ်င္ပါဘူး။ ဒီႏွစ္ေတြကိုေအးေအးခ်မ္းခ်မ္းေလးပဲ ကုန္ဆုံးသြားခ်င္တာပါ။
ဒါေပမဲ့ ႐ုတ္တရက္ဆိုး႐ြားတဲ့အလိုလိုသိစိတ္တစ္ခုရလိုက္သည္။ လက္ရွိမွာ သူမကစာအုပ္ထဲကဇာတ္ေကာင္ႏွစ္ေယာက္နဲ႕အတူထိုင္ေနတာ ေနာက္ပိုင္းက် သူတို႔နဲ႕အတူတစ္႐ြာတည္းမွာ တာဝန္ခ်ေပးခံရရင္ဘယ္လိုလုပ္မလဲ?
လုရွေသေသခ်ာခ်ာေတြးေတာလိုက္သည္။
စာအုပ္ထဲကေနာက္ခံဇာတ္ေကာင္ေတြရဲ႕ နာမည္ေတြကိုသူမသိပ္မမွတ္မိေတာ့ေပမဲ့ သူတို႔နဲ႕ပတ္သတ္တဲ့ထင္ျမင္ခ်က္တခ်ိဳ႕ေတာ့ရွိသည္။ သူမမွတ္ဉာဏ္ထဲမွာ ဇာတ္လိုက္ရယ္ဇာတ္လိုက္မရယ္နဲ႕အတူ ေက်းလက္ကိုသြားခဲ့တဲ့ လူေၾကာက္ကာရွက္႐ြံ႕တတ္တဲ့မိန္းကေလးတစ္ေယာက္ ရွိေနသည္။
ၾကည့္ရတာ သူမကရထားေပၚမွာဇာတ္လိုက္ေပးခဲ့တဲ့ စားစရာကိုစားခဲ့ပုံရၿပီး အဲ့ဒါကသူမကိုသူ႕အေပၚခံစားခ်က္ေတြ ျဖစ္တည္ေစခဲ့သည္။ ေနာက္ေတာ့ သူမသည္ေက်းလက္မွာဇာတ္လိုက္ဆီမွ အကူအညီနဲ႕ဂ႐ုစိုက္မႈတို႔ကိုရရွိခဲ့ၿပီး တေျဖးေျဖးနဲ႕သူ႕ကိုခ်စ္မိသြားခဲ့သည္။
ဒါေပမဲ့ သူမကလူေၾကာက္ကာသီးသန႔္ေနတတ္သူျဖစ္ရာ ခံစားခ်က္ေတြထုတ္မျပရဲခဲ့ေပ။ သူ႕ရဲ႕အလုပ္တာဝန္ေတြမွာပဲ တိတ္တိတ္ေလးကူညီေပးခဲ့ေပမဲ့ သူမကငယ္႐ြယ္ေနေသးသည္ျဖစ္ရာ မၾကာမီတြင္ဇာတ္လိုက္မကသိရွိသြားခဲ့သည္။
ဇာတ္လိုက္မကသူမကိုဘာမွမလႈပ္ရွားရေသးခင္မွာပဲ သူမသည္႐ြာရဲ႕ျပႆနာေကာင္နဲ႕ ၿငိသြားခဲ့သည္။ သူမရဲ႕ဂုဏ္သတင္းပ်က္စီးသြားခဲ့ၿပီး ေက်းလက္မွာေကာလဟလေတြအခ်င္ျမန္ပ်ံ့ႏွံ႕သြားမႈနဲ႕အတူ သူမကိုလူတကာနဲ႕လုံးေထြးတတ္တဲ့ အမ်ိဳးသမီးပညာတတ္လူငယ္အျဖစ္ လူေတြသိလာၾကသည္။
ထို႔ေနာက္ သူမကိုရိုက္ခ်ိဳးသြားတဲ့ ေနာက္ဆုံးေသာေကာက္ရိုးတစ္မွ်င္က ဇာတ္လိုက္နဲ႕ဇာတ္လိုက္မတို႔တရားဝင္တြဲလိုက္ၾကတဲ့အခ်ိန္ပင္။ သူမဘဝသည္ေတာက္ပမႈတို႔ေပ်ာက္ဆုံးသြားခဲ့ၿပီး ျပႆနာေကာင္ကိုလက္မထပ္ရေစရန္အတြက္ ျမစ္ထဲခုန္ခ်သတ္ေသသြားသည္။
ငယ္႐ြယ္တဲ့ဘဝတစ္ခုက ထိုကဲ့သို႔အဆုံးသတ္သြားခဲ့ၿပီး သူမခႏၶာကိုယ္ကိုလုံးဝျပန္ရွာမေတြ႕ခဲ့ေပ။ ဒီအျဖစ္အပ်က္သည္ဝတၳဳထဲက အပိုင္းေသးေသးေလးတစ္ခုမွ်ျဖစ္သည္။ သူမကဇာတ္ပို႔ဇာတ္ေကာင္တစ္ေယာက္ပင္မဟုတ္ပဲ အမ်ားဆုံးမွ အေျမာက္စာသာသာေလးရယ္။
လုရွသည္ဒီမိန္းကေလးအေၾကာင္းေတြးေလေလ သူမကမူလကိုယ္ရဲ႕ပင္ကိုယ္စရိုက္နဲ႕တူပုံကို သေဘာေပါက္လာေလပါပဲ။ ဆိုေတာ့ သူမကတကယ္ပဲဝတၳဳထဲမွာပါခဲ့တယ္ ဒါေပမဲ့ အေျမာက္စာတစ္ေယာက္အျဖစ္တဲ့လား?
လုရွေအာ္ဆဲမိလုနီးပါးပဲ!
ခုနေလးတင္ က်န္းကြၽင္းေမာ့ကိုသူမကသနားဂ႐ုဏာေတြသက္ေနတာ ဒါေပမဲ့ သူမကိုယ္တိုင္ကလည္းအတူတူနဲ႕အႏူႏူပဲဆိုတာ မထင္ထားခဲ့မိဘူး။ ဒါေပမဲ့ ဒါကတကယ္ပဲ ဝတၳဳထဲကူးေျပာင္းလာျခင္းဟုတ္မဟုတ္ဆိုတာက မေသခ်ာေသးဘူး။ ဘာပဲျဖစ္ျဖစ္ သူမဇာတ္လိုက္မကို မျမင္ခဲ့မိဘူးမဟုတ္လား?
နာမည္တူရွိေနတာက တိုက္ဆိုင္မႈတစ္ခုသက္သက္ပါပဲ။ ဒါကဘာကိုမွမဆိုလိုပါဘူး။ လုရွရင္ထဲက်ိတ္ဆုေတာင္းလိုက္သည္။
ဒါေပမဲ့ ကိစၥေတြကသူမေမွ်ာ္လင့္ထားသလို မျဖစ္ခဲ့ေပ။ ေနာက္ဘူတာမွာရထားရပ္သြားခ်ိန္တြင္ လွပၿပီးယုံၾကည္မႈအျပည့္နဲ႕မိန္းကေလးတစ္ေယာက္ ရထားေပၚတတ္လာသည္။ သူမကလည္းဆယ့္ရွစ္ ဆယ့္ကိုးပတ္ခ်ာလည္ပဲရွိေလာက္ၿပီး ဖက္ရွင္က်တဲ့အဝတ္အစားေတြဝတ္ဆင္ကာ လက္ဆြဲေသတၱာတစ္လုံးသယ္ထားသည္။
သူမကေက်းလက္ကိုသြားမွာနဲ႕မတူပဲ အေပ်ာ္ခရီးထြက္မွာနဲ႕ပိုတူသည္။ သူမရထားေပၚေရာက္လာသည္ႏွင့္ ကုရွန႔္နန္ေဘးမွာထိုင္လိုက္ၿပီး သူမကိုယ္သူမလူတိုင္းကိုမိတ္ဆက္ရင္း ၿပဳံးျပလိုက္သည္။
" အားလုံးပဲ မဂၤလာပါ ကျွန်မနာမည်ကမြက်ပင်တွေရှင်သန်ကြီးထွားခြင်းအဓိပ္ပါယ်'မန႔္' နဲ႕ စူးမန႔္ပါ ကြၽန္မကပညာတတ္လူငယ္တစ္ေယာက္အျဖစ္ ေက်းလက္ကိုသြားမွာပါ"
သူမေဘးမွာထိုင္ေနသည့္ကုရွန႔္နန္သည္ သူမကိုပထမဆုံးျမင္လိုက္ရေတာ့ မွင္သက္သြားခဲ့ေပမဲ့ အလ်င္ျမန္ဟန္ကိုယ့္ဖို႔ထိန္းလိုက္ကာ သူ႕ကိုယ္သူမိတ္ဆက္ရင္း ၿပဳံးလိုက္သည္။
" ကြၽန္ေတာ္ကကုရွန႔္နန္ပါ ဒီခုံတြဲကကြၽန္ေတာ္တို႔အားလုံးက ပညာတတ္လူငယ္ေတြအျဖစ္ ေလ်ာင္နင္စီရင္စုကိုသြားၾကမွာ"
စူစမန႔္သည္ကုရွန႔္နန္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕ရဲ႕ေခ်ာေမာခန႔္ညားပုံေၾကာင့္ အံ့အားသင့္သြားပုံရသည္။ ထို႔ေနာက္ သူမကမ်က္ႏွာခ်င္းဆိုင္မွ က်န္းကြၽင္းေမာ့ကိုတစ္ခ်က္လွမ္းၾကည့္ၿပီး သူမမ်က္လုံးေတြသည္သေဘာက်မႈအျပည့္ျဖစ္သြားသည္။
က်န္းကြၽင္းေမာ့ သူမကိုေခါင္းဆတ္ျပလိုက္သည္။
" က်န္းကြၽင္းေမာ့ပါ"
ထို႔ေနာက္ လုရွလည္းရွက္႐ြံ႕ေယာင္ေဆာင္ကာ " မဂၤလာပါ ရဲေဘာ္ ကြၽန္မနာမည္ကလုရွပါ"