What's wrong? ( Completed )

By NangKhaingNiTun

19.6K 1.2K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 23

498 41 1
By NangKhaingNiTun

ကလပ် အပြင်ဘက်တွင်

' ယွီ့ကျင်း ဘာလုပ်လိုက်တာလဲ ...။'

' ဟွန်း !!!.'

ယွီ့ကျင်း ရှဲန့်မု ရဲ့ အမေးကို ချက်ချင်း မဖြေပဲ နောက်ကို ပြန်လှည့်ပြီး တစ်ချက် ရယ်ရင်း ...

' အဲ့ဒီ ရှောင်း ကို တကယ် ယောကျာ်းပေးစားမလို့လေ။'

' ဘာပြောတာလဲ ...။'

' ကဲပါ ... လာ ပြန်ရအောင်။ အခု လာချင်တဲ့ ကလပ်ကိုလည်း လာရပြီမလား ...။'

ရှဲန့်မု သူ့ကို ဆွဲခေါ်တဲ့ ယွီ့ကျင်း နောက် ပါသွားရင်း ခုန ဝမ်ရိပေါ် ကိုင်သွားတဲ့ ပုလင်း ထဲကို ယွီ့ကျင်း ဘာထည့်ခိုင်းလိုက်တယ်ဆိုတာ သိချင်နေပါသည်။

~~~~~~~

ဖဲဝိုင်း တွင်တော့ ရှောင်းကျန့် တစ်ယောက် သောက်ချင်နေတဲ့ ဝိုင် ကိုလည်း သောက်ရပြီး၊ ဝိုင် သောက်လိုက် ဖဲ ပွတ်လိုက် လုပ်နေရတော့ အချိန်ကိုလည်း မေ့သွားပါတယ်။

' ဝမ်ရိပေါ် ...။'

ရိပေါ် ဝိုင် သောက်နေရင်း သူ့ကို ခေါ်လာတဲ့ မုလုံ ကြောင့် ဘာလဲ ဆိုပြီး ခေါင်းဆတ်ပြလိုက်တော့ ...

' ငါ့မှာ ကြေးပြားတွေ မရှိတော့ဘူး။ မင်း ငါ့ကို ထပ်သွားပြီး လဲ ပေးလို့ ရလား ...။'

ရှောင်းကျန့် ကြားလိုက်ရတဲ့ စကားကြောင့် မုလုံ ကို ကြည့်လိုက်ပြီး ...

' မုလုံ ... မင်း အဲ့လို ပြောပြောနေတာ ဘယ်နှစ်ခါတောင် ရှိနေပြီလဲ ...။ မနိုင်တော့ရင်လည်း တော်လိုက်တော့ ...။'

မုလုံ မသောက်ဖူးတဲ့ ဝိုင်တွေ ဝင်ထားတာရော ပိုက်ဆံက သူ့အရင်းထဲကပါ ရှုံးသွားတာရောကြောင့် အခု ရှောင်းကျန့် ကပါ ဝင်ပြောလာတာကြောင့် စိတ်က ဆတ်လာပါတော့သည်။

' မတော်ဘူး။ ငါ့ပိုက်ဆံတွေ အကုန် ရအောင် ပြန်ယူမယ်။ ဝမ်ရိပေါ် မင်း သွားမလဲပေးရင်လည်း မာလု ကို ပေးပြီး သူ့ကို သွားလဲခိုင်းလိုက် ...။'

ရိပေါ် ကဒ် လည်း မထုတ်ပေးသေးပဲ ရှောင်း ကို ကြည့်တော့ ခေါင်းခါပြလာတာကြောင့် မုလုံ ကို ဘာမှပြန်မပြောတော့ပဲ ဒီတိုင်းပဲ နေ နေ လိုက်သည်။

' ဝမ်ရိပေါ် မင်း မပေးဘူးလား ...။'

ရှောင်းကျန့် ဖဲ စားပွဲဝိုင်း ပေါ်ထိပါ တက်တော့မယ့် ပုံစံနဲ့ မုလုံ ကြောင့် အမြန် ထ ဆွဲထားလိုက်ပြီး ဘေးဘီ ဝဲယာ ကို ခေါင်း လည်နေအောင် ကြည့်လိုက်သည်။ သူတို့က သူများနိုင်ငံမှာ လာနေ နေတာမလား။

ဒါပေမယ့် ကာစီနို ဝိုင်းမှာ ဖြစ်နေကြပုံစံမို့ ဘယ်သူ ဘာပြောပြော ဂရုစိုက်နေမယ့် လူ မရှိပါ။

' ကဲ ... ပြန်ထိုင် ...။ ငါ မင်း ကို ပေးမယ်။ ဒါပေမယ့် မင်း ဒီတစ်ခါ ထပ်ကုန်ရင် ပြန်ရမယ် ...။'

' အေး ... မြန်မြန် ပေး ...။'

ရှောင်းကျန့် မာလု ကို ခေါင်းဆတ်ပြပြီး လာယူခိုင်းလိုက်သည်။

ရိပေါ် ဝိုင် သောက်နေရင်း ရုတ်တရက် ပူ လာသလို ခံစားရပြီး ခန္ဓာကိုယ်ကလည်း မူ မမှန် ဖြစ်ချင်လာတာကြောင့် ခေါင်း ကို ဟိုဘက် ဒီဘက် ခါရမ်းပြီး လက်ထဲ က အနည်းငယ် ကျန်နေသေးတဲ့ ဝိုင် ကို ဆက်မော့လိုက်သည်။

ကာစီနို ဆိုသလို လောင်းကစား မျိုးစုံ ရှိတာကြောင့် လူကလည်း အမြဲစည်နေပြီး သူ သွားလိုက် ငါ လာလိုက် ဖြစ်နေပါတယ်။

ဒီတစ်ခါတော့ အရှေ့မှာ ကြေးပြားတွေ ပြန်လျော့ လျော့ သွားတာက ရှောင်းကျန့် ဖြစ်သွားပါတယ်။

လောင်းကစား သက်တမ်း မရှိတဲ့ ရှောင်းကျန့် မသိတာက ကစားနေစဉ် အတွင်း တစ်ခြားသူကို ပိုက်ဆံ မချေးသင့်ဘူးဆိုတာပေါ့။

' ဟာ !!!!!.'

ရိပေါ် မျက်နှာက ထိန်းမရချင်တော့အောင် မသာမယာ ဖြစ်နေတုန်း ရှောင်း ဆီက အသံ ထွက်လာတာကြောင့် အာရုံက ရှောင်း ဘက်ကို ပြန်စိုက်လိုက်ရသည်။

' ရှောင်း ... ဘာဖြစ်လို့လဲ ...။'

' ဒီမှာလေ ... ကျနော့် ပိုက်ဆံတွေ ကုန်တော့မယ်။'

' ဒါဆို ကိုယ်တို့ ပြန်ကြမလား။ နောက်ရက်မှ ထပ်လာချင် လာပေါ့။'

ရှောင်းကျန့် သူ ရှုံးခါမှ ထ ပြန်ဖို့ ပြောလာတဲ့ ရိပေါ်ကြောင့် မျက်မှောင် ကုပ်ပြီး လှည့်ကြည့်တော့ မျက်နှာမှာ ချွေးစတွေ ထွက်နေတဲ့ ဝမ်ရိပေါ် ကို တွေ့လိုက်ရသည်။

' ဟင် !!!! ရိပေါ် ခင်ဗျား ဘာဖြစ်တာလဲ ...။'

ရှောင်းကျန့် သူ ပြောမှ ဗိုက်ကို ထပ်ပြန်ကိုင်တဲ့ ရိပေါ် ကြောင့် ပို စိုးရိမ်သွားသည်။

' ရိပေါ် ဘာဖြစ်တာလဲ လို့ ...။'

ရိပေါ် ဒီတစ်ခါတော့ ထိန်းလို့တောင် မရတော့ပဲ အသံက တုန်တုန် ခါခါ နဲ့ ထွက်သွားရတယ်။

' ကိုယ် ... ကိုယ် ဆေး မိသွားပြီ ထင်တယ်။'

ရှောင်းကျန့် လက်ထဲက ဖဲ ကိုတောင် မကိုင်နိုင်တော့ပဲ စားပွဲဝိုင်းထဲ ပြန်ချပြီး ခန္ဓာကိုယ် ငိုက်ကျတော့မယ့် ရိပေါ် ကို လာထိန်းလိုက်သည်။

ထိုစဉ် စားပွဲဝိုင်းထဲက ပြင်သစ် စကားသံတွေရော တစ်ခြား ဘာသာ စကားတွေပါ ဆူဆူ ညံညံ ထွက်လာတယ်။

' ဟေး ... ဘာလုပ်တာလဲ... ပွဲ မပြီးသေးဘူး။'

' အေး ... ဟုတ်တယ်။ ခုနလည်း မင်းတို့တွေ အဖွဲ့ပဲ အသံ ထွက်နေတာ။ အခုလည်း ပွဲ မပြီးသေးတာကို ထွက်ပြန်ပြီ ...။'

ရှောင်းကျန့် စားပွဲဝိုင်းထဲက ပြောဆိုနေတဲ့ လူတွေဆီ လှည့်ကြည့်လိုက်ပြီး လက်ကျန် သူ့ ကြေးပြားတွေကို ဝိုင်းရဲ့ အလယ် ကို တွန်းပေးလိုက်သည်။

' အဲ့မှာ အကုန် ယူလိုက်။ ငါ ထွက်ပြီ။'

မုလုံ လည်း ခုမှ သူ့ ပိုက်ဆံတွေ ပြန်ရလာတာ ဖြစ်တာကြောင့် ရှောင်းကျန့် သူ့ ကို ခေါ်ပြန်မှာ စိုးရိမ်ပြီး အငြင်းစကားလည်း အလောတကြီး ထွက်လာတယ်။

' ရှောင်းကျန့် ငါ တော့ မပြန်သေးဘူးနော်။'

' ရှောင်း ...။'

ရှောင်းကျန့် သူ့လက်ကို လာဆုပ်ကိုင်တဲ့ ရိပေါ် ရဲ့ လက် အေးစက်စက်ကြီး ဖြစ်နေတာကြောင့် လန့်သွားပြီး မုလုံ ပြောတာကိုလည်း ဘာမှ မတုန့်ပြန်အားတော့ပဲ ရိပေါ် ကို တွဲပြီး အောက် ကို ဆင်းလာလိုက်သည်။

ပုခုံးပေါ် တင်ထားတဲ့ လက်က ပိုပြီး ဆုပ်ကိုင်လာတာကြောင့် ရှောင်းကျန့် ရိပေါ်ကို ထိန်းထားရင်း ...

' ရိပေါ် ရ ရဲ့လား။ အခု ဘယ်လိုလုပ်မလဲ ...။ ကျနော် ကား လည်း မမောင်းတတ်ဘူး။ ဟုန်လုံ ကို ခေါ်လိုက်မလား ...။'

' ကိုယ် ... ကိုယ် မရတော့ဘူး။ ကိုယ့်ကို အခန်း တစ်ခန်းကိုပဲ ခေါ်သွားပေးလို့ ရလား ...။'

ရှောင်းကျန့် ဒီလို ပုံစံမျိုး တစ်ခါမှ မကြုံဖူးတာကြောင့် အခုချိန် ဘာမှ မစဉ်းစား အားတော့ပဲ ရိပေါ် သက်သာဖို့ပဲ စိတ်ရောက်နေတာကြောင့် အခု ရိပေါ် ပြောတာကို ခေါင်း တဆတ်ဆတ် ညိတ်လိုက်သည်။

' အင်း ... အင်း ...။ ခေါ်သွားပေးမယ်။'

~~~~~~~~

' အိုး !!!!! ကုန်ပါပြီ ...။'

ဒီမွန် သူလည်း မြင်ပါတယ်။ သူ ရင်ခုန်သွားတဲ့ ကောင်လေးက သူ့ရဲ့ ပါတနာ ကို ခေါ်ပြီး နှစ်ဦးသဘောတူ ဝန်ဆောင်မှု ပေးတဲ့ အခန်းဘက် သွားကြတာကို။

' ဂွက် !!!.'

မိန်းကလေး စားပွဲပေါ်မှာ ဆောင့်ချ ခံလိုက်ရတဲ့ အရက် ခွက် ကြည့်ရင်း မျက်ဝန်း က ရယ်မြူးရိပ် သန်းသွားခဲ့သည်။ နှုတ်ခမ်းကလည်း ရယ်ချင်နေတဲ့ ပုံစံနဲ့ပေါ့။

ထိုစဉ် ...

!!!! ဘုတ် !!!! ဆိုတဲ့ အသံနဲ့အတူ စားပွဲပေါ်မှာ ပိုက်ဆံ တစ်ထပ် ကျလာသည်။

' ငါ ပြန်တော့မယ်။ မင်း ဘာသာ မင်း ပြန်လိုက်တော့။'

မိန်းကလေး စားပွဲပေါ်က ပိုက်ဆံကို ကြည့်ပြီး အိုခေ ပဲ ပြလိုက်သည်။ ဒီလောက်ဆို ဒီနေ့ အဖို့တော့ လုံလောက်ပြီလေ။ မဟုတ်လည်း သူ ဒီမွန် ကို စိတ်ပါအောင် လုပ်လို့ မှ မရတာ။

' အိုခေ ...။'

ဒီမွန် အခန်းဘက် ထပ်မကြည့်အောင် နေရင်း ကလပ်ထဲက ထွက်လာလိုက်သည်။ တစ်ရက်လေးပဲ မြင်ရသေးတာလေ ... ဒီလောက်နဲ့တော့ အသဲကွဲ ခြင်း မမည်သင့်သေးပါဘူး။

~~~~~~~

အခန်း တစ်ခန်း ထဲ ရောက်သွားတဲ့ ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ကလည်း ...

' ဘုတ် !!!!.'

' အ !!!!။'

ရှောင်းကျန့် သူလည်း ထိန်းရ အရမ်းခက်လာတာကြောင့် အခန်းထဲ ရောက်တာနဲ့ လွှတ်ချမိတာပင်။

လွှတ်ချ ခံရတဲ့ ဝမ်ရိပေါ် ဆီက အသံ ထွက်လာတော့လည်း သူ ပဲ အမြန်ပြန်ပြေးထူ ရသည်။

' ရိပေါ် !!!..။'

' အ !!! ကိုယ် ဗိုက်တွေ အောင့် နေပြီ။'

ပြောလည်း ပြော ခါးပတ် ကိုလည်း ချွတ် ဖို့ ပြင်နေသည်။

' ဝမ် ... ဝမ်ရိပေါ် ... ဘာ ... ဘာလုပ်တာလဲ ...။'

' ရှောင်း ... မင်း ... မင်း ... တစ်ခြားခန်းမှာ သွားနေလိုက် ...။'

ရှောင်းကျန့် အခု ရိပေါ် လုပ်နေတာတွေရော၊ သူ့ကို နှင်ထုတ်နေတာတွေရော ကြောင့် တစ်ခြား ခန်းပဲ သွားရမလား၊ ဆက်ပဲ နေရမလား ဝေခွဲ မရဖြစ်နေပြီး ခေါင်းလည်း ထူပူသွားသည်။

ရိပေါ် ခုန သူ ပြောလိုက်ကတည်းက ရှောင်း ထွက်သွားပြီ ဆိုတဲ့ အထင်နဲ့ သူ့ ကိစ္စသူ ဖြေရှင်းဖို့ လုပ်တော့သည်။

ရှောင်းကျန့် သူ ကြောင်ရပ်နေတုန်း ရုတ်တရက် မြင်လိုက်ရတဲ့ လုပ်ရပ်ကြောင့် မျက်နှာ ချက်ချင်း လှည့်ပစ်လိုက်သည်။

ထိုစဉ် ...

' အ !!!!.'

' ရှောင်း !!!!.'

ရှောင်းကျန့် အနောက်က ရိပေါ် ရဲ့ ညည်းသံရော သူ့ နာမည်ပါ ခေါ်လာတာကြောင့် ရိပေါ် ဘာများ ဖြစ်လို့လဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသိလွှတ်ပြီး အနောက်ကို ထပ်လှည့်ကြည့်မိလိုက်ပြန်သည်။

' အ !!!!!.'

ဒါပေမယ့် ဝမ်ရိပေါ်က အသိစိတ် လွှတ်နေတဲ့ သူလို မျက်လုံးတွေ မှိတ်ထားပြီး ညည်းညူနေတာပဲ တွေ့လိုက်ရတယ်။

ရှောင်းကျန့် အခုမှ ရိပေါ် ပြောတဲ့ သူ ဆေးမိထားတယ် ဆိုတဲ့ စကားကို နားလည်သွားခဲ့တယ်။

ရှောင်းကျန့် အခု ရိပေါ် ခံစားနေရတာ ကြည့်ပြီး သူ ဘာလုပ်ပေးနိုင်မလဲ လို့ တွေးတော့ သူ ကြည့်ဖူးတဲ့ ဇာတ်ကား ကို ပြန်မြင်ယောင်သွားတယ်။

တစ်ခါတစ်လေ သူ ကြည့်ဖူးတဲ့ ဇာတ်ကား ထဲမှာလည်း ဒီလို အခန်းတွေ ပါတတ်တယ်လေ။ မမြင်သာအောင် ဝါး ထားပေမယ့် ဘယ်နေရာကို ဘာလုပ်တယ် ဆိုတာတော့ တွေးကြည့်လို့ ရပါတယ်။

ရှောင်းကျန့် သူ ရိပေါ် အနားမှာ ထိုင်ချလိုက်ပြီး ရိပေါ် ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။

' ရှောင်း !!!!။'

' အင်း ...။ ကျနော် ...။'

' ရှောင်း ... မင်း ... မင်း ... ဒီမှာ ရှိနေသေးတာလား ...။'

' အင်း ...။ ကျနော် ခင်ဗျားကို ကူညီပေးမယ် ...။'

' ဟင့်အင်း ...။ မလိုဘူး။ မင်း ကို ဒီလိုတွေ မလုပ်စေချင်ဘူး။'

ရှောင်းကျန့် သူ့ကို တား နေတဲ့ ရိပေါ်က သူနဲ့ စကားပြောနေတုန်းမှာပဲ အပေါ်ကို ခေါင်းမော့ရင်း နှုတ်ခမ်းကိုလည်း ကိုက်ထားပြီး သူ ကိုင်ထားတဲ့ ရိပေါ်ရဲ့ လက်ကလည်း သူ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လာတယ်။

' ရိပေါ် ခင်ဗျား အရမ်းခံစားနေရတာ မလား။ မငြင်းနဲ့တော့ ကျနော် ကိုယ့်အသိစိတ်နဲ့ကို ခင်ဗျားကို သက်သာအောင် လုပ်ပေးချင်တာပါ။'

ရှောင်းကျန့် ပြောပြီးတာနဲ့ သူ့ ပါးစပ် ကို သူ ကိုယ်တိုင်ပဲ ပိတ်လိုက်ပါသည်။

' ရှောင်း !!!!!။'

ရိပေါ် အခု ခံစားလိုက်ရတဲ့ အရာကြောင့် ရှောင်း လို့ပဲ ညည်းညူနိုင်တော့သည်။

ရှောင်းကျန့် သူ ရိပေါ် ကို ခံစား ရ သက်သာအောင် လုပ်ပေးတော့မှ သူ့ ရဲ့ ခန္ဓာကိုယ်ကလည်း မူ မမှန် ဖြစ်ချင်လာသည်။

အဲ့ဒါကြောင့် သူ့ရဲ့ လက်တွေကလည်း ရိပေါ်ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ ပွတ်သပ်နေမိတယ်။

ရိပေါ် သူ့ ခန္ဓာကိုယ်မှာ ရှောင်း ရဲ့ အထိအတွေ့ ရောက်နေတယ်ဆိုတာနဲ့ ချုပ်တီး ထားတဲ့ စိတ်ကို အကုန် လွှတ်ချလိုက်တော့သည်။

အဲ့ဒါကြောင့် အခုမှပဲ နှစ်ဦး သဘောတူ ဝန်ဆောင်မှု အခန်း မှာ တကယ်ပဲ အခန်းရဲ့ အဓိပ္ပာယ် အတိုင်း ဖြစ်သွားပါတော့သည်။

~~~~~~~~~

အဲ့ဒီလိုပဲ ဟိုတယ် အခန်း တစ်ခန်း အတွင်း တွင်လည်း မုယွီ့ကျင်း နဲ့ ရှဲန့်မု သူတို့ အစ ရှိထားဖူးကြတဲ့ အထိ အတွေ့ကြောင့် အခုလည်း အဲ့ဒီ အထိ အတွေ့နောက် လိုက်နေကြပြန်သည်။

~~~~~~~~~

မုလုံ လား ... သူကတော့ နိုင်ငံခြားသားတွေရဲ့ ကြေးပြားတွေ အသားကုန် စားနေပြီး ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ဘယ်ရောက်နေလဲ လည်း မကြည့်အားတော့ပဲ၊ သူ အိမ်ပြန်ဖို့ ကလပ်မှာ လာကြိုမယ့် သူ မရှိတာကိုလည်း စိုးရိမ် မနေအားတော့ပါ။

သူ့ရဲ့ တပည့် မာလု ကတော့ ဘေးကနေ ခေါင်း တညိတ်ညိတ် နဲ့ ငိုက်နေပါတယ်။

အဲ့ဒါကိုလည်း မုလုံ က $ ဂရုတောင် မစိုက်အားပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.01.03 ( Wed ) စား နေကြပြီ။ 😆

Zawgyi

ကလပ္ အျပင္ဘက္တြင္

' ယြီ႕က်င္း ဘာလုပ္လိုက္တာလဲ ...။'

' ဟြန္း !!!.'

ယြီ႕က်င္း ရွဲန္႔မု ရဲ႕ အေမးကို ခ်က္ခ်င္း မေျဖပဲ ေနာက္ကို ျပန္လွည့္ၿပီး တစ္ခ်က္ ရယ္ရင္း ...

' အဲ့ဒီ ေရွာင္း ကို တကယ္ ေယာက်ာ္းေပးစားမလို႔ေလ။'

' ဘာေျပာတာလဲ ...။'

' ကဲပါ ... လာ ျပန္ရေအာင္။ အခု လာခ်င္တဲ့ ကလပ္ကိုလည္း လာရၿပီမလား ...။'

ရွဲန္႔မု သူ႔ကို ဆြဲေခၚတဲ့ ယြီ႕က်င္း ေနာက္ ပါသြားရင္း ခုန ဝမ္ရိေပၚ ကိုင္သြားတဲ့ ပုလင္း ထဲကို ယြီ႕က်င္း ဘာထည့္ခိုင္းလိုက္တယ္ဆိုတာ သိခ်င္ေနပါသည္။

~~~~~~~

ဖဲဝိုင္း တြင္ေတာ့ ေရွာင္းက်န္႔ တစ္ေယာက္ ေသာက္ခ်င္ေနတဲ့ ဝိုင္ ကိုလည္း ေသာက္ရၿပီး၊ ဝိုင္ ေသာက္လိုက္ ဖဲ ပြတ္လိုက္ လုပ္ေနရေတာ့ အခ်ိန္ကိုလည္း ေမ့သြားပါတယ္။

' ဝမ္ရိေပၚ ...။'

ရိေပၚ ဝိုင္ ေသာက္ေနရင္း သူ႔ကို ေခၚလာတဲ့ မုလုံ ေၾကာင့္ ဘာလဲ ဆိုၿပီး ေခါင္းဆတ္ျပလိုက္ေတာ့ ...

' ငါ့မွာ ေၾကးျပားေတြ မရွိေတာ့ဘူး။ မင္း ငါ့ကို ထပ္သြားၿပီး လဲ ေပးလို႔ ရလား ...။'

ေရွာင္းက်န္႔ ၾကားလိုက္ရတဲ့ စကားေၾကာင့္ မုလုံ ကို ၾကည့္လိုက္ၿပီး ...

' မုလုံ ... မင္း အဲ့လို ေျပာေျပာေနတာ ဘယ္ႏွစ္ခါေတာင္ ရွိေနၿပီလဲ ...။ မႏိုင္ေတာ့ရင္လည္း ေတာ္လိုက္ေတာ့ ...။'

မုလုံ မေသာက္ဖူးတဲ့ ဝိုင္ေတြ ဝင္ထားတာေရာ ပိုက္ဆံက သူ႔အရင္းထဲကပါ ရႈံးသြားတာေရာေၾကာင့္ အခု ေရွာင္းက်န္႔ ကပါ ဝင္ေျပာလာတာေၾကာင့္ စိတ္က ဆတ္လာပါေတာ့သည္။

' မေတာ္ဘူး။ ငါ့ပိုက္ဆံေတြ အကုန္ ရေအာင္ ျပန္ယူမယ္။ ဝမ္ရိေပၚ မင္း သြားမလဲေပးရင္လည္း မာလု ကို ေပးၿပီး သူ႔ကို သြားလဲခိုင္းလိုက္ ...။'

ရိေပၚ ကဒ္ လည္း မထုတ္ေပးေသးပဲ ေရွာင္း ကို ၾကည့္ေတာ့ ေခါင္းခါျပလာတာေၾကာင့္ မုလုံ ကို ဘာမွျပန္မေျပာေတာ့ပဲ ဒီတိုင္းပဲ ေန ေန လိုက္သည္။

' ဝမ္ရိေပၚ မင္း မေပးဘူးလား ...။'

ေရွာင္းက်န္႔ ဖဲ စားပြဲဝိုင္း ေပၚထိပါ တက္ေတာ့မယ့္ ပုံစံနဲ႔ မုလုံ ေၾကာင့္ အျမန္ ထ ဆြဲထားလိုက္ၿပီး ေဘးဘီ ဝဲယာ ကို ေခါင္း လည္ေနေအာင္ ၾကည့္လိုက္သည္။ သူတို႔က သူမ်ားႏိုင္ငံမွာ လာေန ေနတာမလား။

ဒါေပမယ့္ ကာစီႏို ဝိုင္းမွာ ျဖစ္ေနၾကပုံစံမို႔ ဘယ္သူ ဘာေျပာေျပာ ဂ႐ုစိုက္ေနမယ့္ လူ မရွိပါ။

' ကဲ ... ျပန္ထိုင္ ...။ ငါ မင္း ကို ေပးမယ္။ ဒါေပမယ့္ မင္း ဒီတစ္ခါ ထပ္ကုန္ရင္ ျပန္ရမယ္ ...။'

' ေအး ... ျမန္ျမန္ ေပး ...။'

ေရွာင္းက်န္႔ မာလု ကို ေခါင္းဆတ္ျပၿပီး လာယူခိုင္းလိုက္သည္။

ရိေပၚ ဝိုင္ ေသာက္ေနရင္း ႐ုတ္တရက္ ပူ လာသလို ခံစားရၿပီး ခႏၶာကိုယ္ကလည္း မူ မမွန္ ျဖစ္ခ်င္လာတာေၾကာင့္ ေခါင္း ကို ဟိုဘက္ ဒီဘက္ ခါရမ္းၿပီး လက္ထဲ က အနည္းငယ္ က်န္ေနေသးတဲ့ ဝိုင္ ကို ဆက္ေမာ့လိုက္သည္။

ကာစီႏို ဆိုသလို ေလာင္းကစား မ်ိဳးစုံ ရွိတာေၾကာင့္ လူကလည္း အၿမဲစည္ေနၿပီး သူ သြားလိုက္ ငါ လာလိုက္ ျဖစ္ေနပါတယ္။

ဒီတစ္ခါေတာ့ အေရွ႕မွာ ေၾကးျပားေတြ ျပန္ေလ်ာ့ ေလ်ာ့ သြားတာက ေရွာင္းက်န္႔ ျဖစ္သြားပါတယ္။

ေလာင္းကစား သက္တမ္း မရွိတဲ့ ေရွာင္းက်န္႔ မသိတာက ကစားေနစဥ္ အတြင္း တစ္ျခားသူကို ပိုက္ဆံ မေခ်းသင့္ဘူးဆိုတာေပါ့။

' ဟာ !!!!!.'

ရိေပၚ မ်က္ႏွာက ထိန္းမရခ်င္ေတာ့ေအာင္ မသာမယာ ျဖစ္ေနတုန္း ေရွာင္း ဆီက အသံ ထြက္လာတာေၾကာင့္ အာ႐ုံက ေရွာင္း ဘက္ကို ျပန္စိုက္လိုက္ရသည္။

' ေရွာင္း ... ဘာျဖစ္လို႔လဲ ...။'

' ဒီမွာေလ ... က်ေနာ့္ ပိုက္ဆံေတြ ကုန္ေတာ့မယ္။'

' ဒါဆို ကိုယ္တို႔ ျပန္ၾကမလား။ ေနာက္ရက္မွ ထပ္လာခ်င္ လာေပါ့။'

ေရွာင္းက်န္႔ သူ ရႈံးခါမွ ထ ျပန္ဖို႔ ေျပာလာတဲ့ ရိေပၚေၾကာင့္ မ်က္ေမွာင္ ကုပ္ၿပီး လွည့္ၾကည့္ေတာ့ မ်က္ႏွာမွာ ေခြၽးစေတြ ထြက္ေနတဲ့ ဝမ္ရိေပၚ ကို ေတြ႕လိုက္ရသည္။

' ဟင္ !!!! ရိေပၚ ခင္ဗ်ား ဘာျဖစ္တာလဲ ...။'

ေရွာင္းက်န္႔ သူ ေျပာမွ ဗိုက္ကို ထပ္ျပန္ကိုင္တဲ့ ရိေပၚ ေၾကာင့္ ပို စိုးရိမ္သြားသည္။

' ရိေပၚ ဘာျဖစ္တာလဲ လို႔ ...။'

ရိေပၚ ဒီတစ္ခါေတာ့ ထိန္းလို႔ေတာင္ မရေတာ့ပဲ အသံက တုန္တုန္ ခါခါ နဲ႔ ထြက္သြားရတယ္။

' ကိုယ္ ... ကိုယ္ ေဆး မိသြားၿပီ ထင္တယ္။'

ေရွာင္းက်န္႔ လက္ထဲက ဖဲ ကိုေတာင္ မကိုင္ႏိုင္ေတာ့ပဲ စားပြဲဝိုင္းထဲ ျပန္ခ်ၿပီး ခႏၶာကိုယ္ ငိုက္က်ေတာ့မယ့္ ရိေပၚ ကို လာထိန္းလိုက္သည္။

ထိုစဥ္ စားပြဲဝိုင္းထဲက ျပင္သစ္ စကားသံေတြေရာ တစ္ျခား ဘာသာ စကားေတြပါ ဆူဆူ ညံညံ ထြက္လာတယ္။

' ေဟး ... ဘာလုပ္တာလဲ... ပြဲ မၿပီးေသးဘူး။'

' ေအး ... ဟုတ္တယ္။ ခုနလည္း မင္းတို႔ေတြ အဖြဲ႕ပဲ အသံ ထြက္ေနတာ။ အခုလည္း ပြဲ မၿပီးေသးတာကို ထြက္ျပန္ၿပီ ...။'

ေရွာင္းက်န္႔ စားပြဲဝိုင္းထဲက ေျပာဆိုေနတဲ့ လူေတြဆီ လွည့္ၾကည့္လိုက္ၿပီး လက္က်န္ သူ႔ ေၾကးျပားေတြကို ဝိုင္းရဲ႕ အလယ္ ကို တြန္းေပးလိုက္သည္။

' အဲ့မွာ အကုန္ ယူလိုက္။ ငါ ထြက္ၿပီ။'

မုလုံ လည္း ခုမွ သူ႔ ပိုက္ဆံေတြ ျပန္ရလာတာ ျဖစ္တာေၾကာင့္ ေရွာင္းက်န္႔ သူ႔ ကို ေခၚျပန္မွာ စိုးရိမ္ၿပီး အျငင္းစကားလည္း အေလာတႀကီး ထြက္လာတယ္။

' ေရွာင္းက်န္႔ ငါ ေတာ့ မျပန္ေသးဘူးေနာ္။'

' ေရွာင္း ...။'

ေရွာင္းက်န္႔ သူ႔လက္ကို လာဆုပ္ကိုင္တဲ့ ရိေပၚ ရဲ႕ လက္ ေအးစက္စက္ႀကီး ျဖစ္ေနတာေၾကာင့္ လန္႔သြားၿပီး မုလုံ ေျပာတာကိုလည္း ဘာမွ မတုန္႔ျပန္အားေတာ့ပဲ ရိေပၚ ကို တြဲၿပီး ေအာက္ ကို ဆင္းလာလိုက္သည္။

ပုခုံးေပၚ တင္ထားတဲ့ လက္က ပိုၿပီး ဆုပ္ကိုင္လာတာေၾကာင့္ ေရွာင္းက်န္႔ ရိေပၚကို ထိန္းထားရင္း ...

' ရိေပၚ ရ ရဲ႕လား။ အခု ဘယ္လိုလုပ္မလဲ ...။ က်ေနာ္ ကား လည္း မေမာင္းတတ္ဘူး။ ဟုန္လုံ ကို ေခၚလိုက္မလား ...။'

' ကိုယ္ ... ကိုယ္ မရေတာ့ဘူး။ ကိုယ့္ကို အခန္း တစ္ခန္းကိုပဲ ေခၚသြားေပးလို႔ ရလား ...။'

ေရွာင္းက်န္႔ ဒီလို ပုံစံမ်ိဳး တစ္ခါမွ မႀကဳံဖူးတာေၾကာင့္ အခုခ်ိန္ ဘာမွ မစဥ္းစား အားေတာ့ပဲ ရိေပၚ သက္သာဖို႔ပဲ စိတ္ေရာက္ေနတာေၾကာင့္ အခု ရိေပၚ ေျပာတာကို ေခါင္း တဆတ္ဆတ္ ညိတ္လိုက္သည္။

' အင္း ... အင္း ...။ ေခၚသြားေပးမယ္။'

~~~~~~~~

' အိုး !!!!! ကုန္ပါၿပီ ...။'

ဒီမြန္ သူလည္း ျမင္ပါတယ္။ သူ ရင္ခုန္သြားတဲ့ ေကာင္ေလးက သူ႔ရဲ႕ ပါတနာ ကို ေခၚၿပီး ႏွစ္ဦးသေဘာတူ ဝန္ေဆာင္မႈ ေပးတဲ့ အခန္းဘက္ သြားၾကတာကို။

' ဂြက္ !!!.'

မိန္းကေလး စားပြဲေပၚမွာ ေဆာင့္ခ် ခံလိုက္ရတဲ့ အရက္ ခြက္ ၾကည့္ရင္း မ်က္ဝန္း က ရယ္ျမဴးရိပ္ သန္းသြားခဲ့သည္။ ႏႈတ္ခမ္းကလည္း ရယ္ခ်င္ေနတဲ့ ပုံစံနဲ႔ေပါ့။

ထိုစဥ္ ...

!!!! ဘုတ္ !!!! ဆိုတဲ့ အသံနဲ႔အတူ စားပြဲေပၚမွာ ပိုက္ဆံ တစ္ထပ္ က်လာသည္။

' ငါ ျပန္ေတာ့မယ္။ မင္း ဘာသာ မင္း ျပန္လိုက္ေတာ့။'

မိန္းကေလး စားပြဲေပၚက ပိုက္ဆံကို ၾကည့္ၿပီး အိုေခ ပဲ ျပလိုက္သည္။ ဒီေလာက္ဆို ဒီေန႔ အဖို႔ေတာ့ လုံေလာက္ၿပီေလ။ မဟုတ္လည္း သူ ဒီမြန္ ကို စိတ္ပါေအာင္ လုပ္လို႔ မွ မရတာ။

' အိုေခ ...။'

ဒီမြန္ အခန္းဘက္ ထပ္မၾကည့္ေအာင္ ေနရင္း ကလပ္ထဲက ထြက္လာလိုက္သည္။ တစ္ရက္ေလးပဲ ျမင္ရေသးတာေလ ... ဒီေလာက္နဲ႔ေတာ့ အသဲကြဲ ျခင္း မမည္သင့္ေသးပါဘူး။

~~~~~~~

အခန္း တစ္ခန္း ထဲ ေရာက္သြားတဲ့ ေရွာင္းက်န္႔ နဲ႔ ဝမ္ရိေပၚ ကလည္း ...

' ဘုတ္ !!!!.'

' အ !!!!။'

ေရွာင္းက်န္႔ သူလည္း ထိန္းရ အရမ္းခက္လာတာေၾကာင့္ အခန္းထဲ ေရာက္တာနဲ႔ လႊတ္ခ်မိတာပင္။

လႊတ္ခ် ခံရတဲ့ ဝမ္ရိေပၚ ဆီက အသံ ထြက္လာေတာ့လည္း သူ ပဲ အျမန္ျပန္ေျပးထူ ရသည္။

' ရိေပၚ !!!..။'

' အ !!! ကိုယ္ ဗိုက္ေတြ ေအာင့္ ေနၿပီ။'

ေျပာလည္း ေျပာ ခါးပတ္ ကိုလည္း ခြၽတ္ ဖို႔ ျပင္ေနသည္။

' ဝမ္ ... ဝမ္ရိေပၚ ... ဘာ ... ဘာလုပ္တာလဲ ...။'

' ေရွာင္း ... မင္း ... မင္း ... တစ္ျခားခန္းမွာ သြားေနလိုက္ ...။'

ေရွာင္းက်န္႔ အခု ရိေပၚ လုပ္ေနတာေတြေရာ၊ သူ႔ကို ႏွင္ထုတ္ေနတာေတြေရာ ေၾကာင့္ တစ္ျခား ခန္းပဲ သြားရမလား၊ ဆက္ပဲ ေနရမလား ေဝခြဲ မရျဖစ္ေနၿပီး ေခါင္းလည္း ထူပူသြားသည္။

ရိေပၚ ခုန သူ ေျပာလိုက္ကတည္းက ေရွာင္း ထြက္သြားၿပီ ဆိုတဲ့ အထင္နဲ႔ သူ႔ ကိစၥသူ ေျဖရွင္းဖို႔ လုပ္ေတာ့သည္။

ေရွာင္းက်န္႔ သူ ေၾကာင္ရပ္ေနတုန္း ႐ုတ္တရက္ ျမင္လိုက္ရတဲ့ လုပ္ရပ္ေၾကာင့္ မ်က္ႏွာ ခ်က္ခ်င္း လွည့္ပစ္လိုက္သည္။

ထိုစဥ္ ...

' အ !!!!.'

' ေရွာင္း !!!!.'

ေရွာင္းက်န္႔ အေနာက္က ရိေပၚ ရဲ႕ ညည္းသံေရာ သူ႔ နာမည္ပါ ေခၚလာတာေၾကာင့္ ရိေပၚ ဘာမ်ား ျဖစ္လို႔လဲ ဆိုတဲ့ စိုးရိမ္စိတ္နဲ႔ အသိလႊတ္ၿပီး အေနာက္ကို ထပ္လွည့္ၾကည့္မိလိုက္ျပန္သည္။

' အ !!!!!.'

ဒါေပမယ့္ ဝမ္ရိေပၚက အသိစိတ္ လႊတ္ေနတဲ့ သူလို မ်က္လုံးေတြ မွိတ္ထားၿပီး ညည္းညဴေနတာပဲ ေတြ႕လိုက္ရတယ္။

ေရွာင္းက်န္႔ အခုမွ ရိေပၚ ေျပာတဲ့ သူ ေဆးမိထားတယ္ ဆိုတဲ့ စကားကို နားလည္သြားခဲ့တယ္။

ေရွာင္းက်န္႔ အခု ရိေပၚ ခံစားေနရတာ ၾကည့္ၿပီး သူ ဘာလုပ္ေပးႏိုင္မလဲ လို႔ ေတြးေတာ့ သူ ၾကည့္ဖူးတဲ့ ဇာတ္ကား ကို ျပန္ျမင္ေယာင္သြားတယ္။

တစ္ခါတစ္ေလ သူ ၾကည့္ဖူးတဲ့ ဇာတ္ကား ထဲမွာလည္း ဒီလို အခန္းေတြ ပါတတ္တယ္ေလ။ မျမင္သာေအာင္ ဝါး ထားေပမယ့္ ဘယ္ေနရာကို ဘာလုပ္တယ္ ဆိုတာေတာ့ ေတြးၾကည့္လို႔ ရပါတယ္။

ေရွာင္းက်န္႔ သူ ရိေပၚ အနားမွာ ထိုင္ခ်လိုက္ၿပီး ရိေပၚ ရဲ႕ လက္ကို ဆုပ္ကိုင္လိုက္သည္။

' ေရွာင္း !!!!။'

' အင္း ...။ က်ေနာ္ ...။'

' ေရွာင္း ... မင္း ... မင္း ... ဒီမွာ ရွိေနေသးတာလား ...။'

' အင္း ...။ က်ေနာ္ ခင္ဗ်ားကို ကူညီေပးမယ္ ...။'

' ဟင့္အင္း ...။ မလိုဘူး။ မင္း ကို ဒီလိုေတြ မလုပ္ေစခ်င္ဘူး။'

ေရွာင္းက်န္႔ သူ႔ကို တား ေနတဲ့ ရိေပၚက သူနဲ႔ စကားေျပာေနတုန္းမွာပဲ အေပၚကို ေခါင္းေမာ့ရင္း ႏႈတ္ခမ္းကိုလည္း ကိုက္ထားၿပီး သူ ကိုင္ထားတဲ့ ရိေပၚရဲ႕ လက္ကလည္း သူ႔လက္ကို ခပ္တင္းတင္း ဆုပ္ကိုင္လာတယ္။

' ရိေပၚ ခင္ဗ်ား အရမ္းခံစားေနရတာ မလား။ မျငင္းနဲ႔ေတာ့ က်ေနာ္ ကိုယ့္အသိစိတ္နဲ႔ကို ခင္ဗ်ားကို သက္သာေအာင္ လုပ္ေပးခ်င္တာပါ။'

ေရွာင္းက်န္႔ ေျပာၿပီးတာနဲ႔ သူ႔ ပါးစပ္ ကို သူ ကိုယ္တိုင္ပဲ ပိတ္လိုက္ပါသည္။

' ေရွာင္း !!!!!။'

ရိေပၚ အခု ခံစားလိုက္ရတဲ့ အရာေၾကာင့္ ေရွာင္း လို႔ပဲ ညည္းညဴႏိုင္ေတာ့သည္။

ေရွာင္းက်န္႔ သူ ရိေပၚ ကို ခံစား ရ သက္သာေအာင္ လုပ္ေပးေတာ့မွ သူ႔ ရဲ႕ ခႏၶာကိုယ္ကလည္း မူ မမွန္ ျဖစ္ခ်င္လာသည္။

အဲ့ဒါေၾကာင့္ သူ႔ရဲ႕ လက္ေတြကလည္း ရိေပၚရဲ႕ ခႏၶာကိုယ္ အေပၚပိုင္းကိုပါ ပြတ္သပ္ေနမိတယ္။

ရိေပၚ သူ႔ ခႏၶာကိုယ္မွာ ေရွာင္း ရဲ႕ အထိအေတြ႕ ေရာက္ေနတယ္ဆိုတာနဲ႔ ခ်ဳပ္တီး ထားတဲ့ စိတ္ကို အကုန္ လႊတ္ခ်လိုက္ေတာ့သည္။

အဲ့ဒါေၾကာင့္ အခုမွပဲ ႏွစ္ဦး သေဘာတူ ဝန္ေဆာင္မႈ အခန္း မွာ တကယ္ပဲ အခန္းရဲ႕ အဓိပၸာယ္ အတိုင္း ျဖစ္သြားပါေတာ့သည္။

~~~~~~~~~

အဲ့ဒီလိုပဲ ဟိုတယ္ အခန္း တစ္ခန္း အတြင္း တြင္လည္း  မုယြီ႕က်င္း နဲ႔ ရွဲန္႔မု သူတို႔ အစ ရွိထားဖူးၾကတဲ့ အထိ အေတြ႕ေၾကာင့္ အခုလည္း အဲ့ဒီ အထိ အေတြ႕ေနာက္ လိုက္ေနၾကျပန္သည္။

~~~~~~~~~

မုလုံ လား ... သူကေတာ့ ႏိုင္ငံျခားသားေတြရဲ႕ ေၾကးျပားေတြ အသားကုန္ စားေနၿပီး ေရွာင္းက်န္႔ နဲ႔ ဝမ္ရိေပၚ ဘယ္ေရာက္ေနလဲ လည္း မၾကည့္အားေတာ့ပဲ၊ သူ အိမ္ျပန္ဖို႔ ကလပ္မွာ လာႀကိဳမယ့္ သူ မရွိတာကိုလည္း စိုးရိမ္ မေနအားေတာ့ပါ။

သူ႔ရဲ႕ တပည့္ မာလု ကေတာ့ ေဘးကေန ေခါင္း တညိတ္ညိတ္ နဲ႔ ငိုက္ေနပါတယ္။

အဲ့ဒါကိုလည္း မုလုံ က $ ဂ႐ုေတာင္ မစိုက္အားပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.01.03 ( Wed ) စား ေနၾကၿပီ။ 😆

Continue Reading

You'll Also Like

1.5K 103 18
W+X=? ဒါလေးက အခါးမပါတဲ့ ခပ်ချိုချိုအချစ်လူငယ်ဇာတ်လမ်းလေးပါဗျ မြန်မာပြည်က ကျောင်းတစ်ချို့မှာ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို အခြေခံရေးသားထားတာပါ Chinaပညာရေ...
293K 10.7K 91
Our infamous loner and future house husband in training somehow found himself ripped from his reality and reborn into a new one. Not conscious of the...
31K 585 39
Kate is in the foster system, her mom died when she was six and her dad didn't take it well, then Kate got sent to New York Safe Haven Orphanage, one...
65.8K 1.7K 11
What do you do when a yautja shows up at your door with a broken ship and a scowl on his face? Well you definitely shouldn't fall in love with him...