မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...
By XiaoManTou96
168K 29.2K 929
Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More
Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
043:အိမ်ဆောက်မယ်
901 169 1
By XiaoManTou96
Unicode
ဟဲကျင့် သည် မီး ၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း သူသည် World ချန်နယ်ရှိ ကစားသမားများနှင့် ထပ်တူခံစားရဆဲဖြစ်သည်... ချမ်းသာသူများ၏ကမ္ဘာသည် ငါ နားမလည်နိုင်သော အရာတစ်ခုပါပဲ။
ဟဲကျင့် မှာ ပိုက်ဆံမရှိသလို၊ ရေရှည်မှာ မြေဝယ်ရင် ဝင်ငွေမှန်မှန်ရနိုင်တယ်ဆိုတာ သူသိပေမယ့် ဒီကိစ္စမှာ ငွေအစစ်ပါ၀င်တာကြောင့် ဒီလုပ်ငန်းမှာ မပါဝင်နိုင်သေးပေ။ မီး သည် အားကျင့် ကို ဂိမ်းထဲနှင့် လက်တွေ့ မဆက်နွယ်ပါဘူးဟု ကတိပေးထားသည့်အတွက် ထိုကောင်လေးအား မြေဝယ်ရန် မတိုက်တွန်းခဲ့ပေ။ သူ လောဘကြီးတာ မဟုတ်ဘူး ဂိမ်းမှာရတဲ့ ပိုက်ဆံက သူတို့နှစ်ယောက်ကို ထောက်ပံ့ဖို့ သုံးနိုင်သရွေ့တော့ အဆင်ပြေတယ်လေ။
မီးသည် ကောင်းကင်ဘုံနယ်မြေနှင့် သာမာန်နယ် မြေတွင် မြေကွက် ၈ ကွက်ဝယ်ယူခဲ့တာ ကျန် ၂ကွက်ကိုတော့ အားကျင့်နဲ့ သူ့အတွက် အိမ်ဆောက်ရန်သိမ်းထားလိုက်သည်။ဟုတ်ပါတယ် ရက်
ကန်းသမရဲ့ ရည်ညွှန်းမှတ် ကြောင်းကြားပြီးထဲက သူ့ရဲ့ အဓိကရည်ရွယ်ချက်ကဒါပါပဲ။တကယ်ဆို သူတို့ကလင်မယားဆိုတော့ တကယ့်လက်တွေ့ကလိုပူးပူးကပ်ကပ် နေသင့်တာပဲလေ
သေချာတာပေါ့ အဲ့အိမ်မှာ အခန်းတစ်ခန်းလဲပါရမယ်!
မီးက အားကျင့် ကိုမေးလိုက်သည်။
"မင်း ငါတို့အိမ်ကို ဘယ်မှာဆောက်ချင်လဲ?"
အားကျင့် က ဒီကိစ္စကိုသတိရပြီး ရှက်ရွံစွာနဲ့ပြောလာလေသည်။
"မင်းတကယ် အိမ်ဆောက်ချင်တာလား? ဒီမြေက အရမ်းဈေးကြီးတာနော် အိမ်ဆောက်ဖို့ပဲ သုံးရင် မတန်ဘူး...။ "
မီး က မျက်ခုံးပင့်လိုက်ပြီး "ဒါက ဘာလို့မတန်ရမှာလဲ? ငါတို့က အိမ်ထောင်သည် လင်မယားတွေပဲကို အိမ်လိုအရာတွေ လိုအပ်တာတော့ အမှန်ပဲ"
အားကျင့်: "..."
ဟဲကျင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး တွေးလိုက်သည်
ဒီဂိမ်းရဲ့ စစ်မှန်မူ က မမြင့်နေသင့်တာ ဟုတ်တယ်ဟုတ်?ငါတို့အခန်းတစ်ခန်းထဲ အတူရရှိပေမဲ့ ဘာမှဖြစ်မလာနိုင်ဘူး မဟုတ်လား?
အိမ်ကို ဆောက်ထားရင်တောင် အိမ်ထဲမှာ သူတို့နေထိုင်တာက သင်္ကေတတစ်ခုသာ ဖြစ်သင့်တယ်ဒါက မီးရဲ့ဆန္ဒဖြစ်တာကြောင့်... သူဖြည့်ဆည်းပေးမှာ
ပင်...
မီးကသူ့ကိုမေးလေသည်။
"ဘယ်မှာဆောက်မလဲ သာမာန်နယ်မြေ? ဒါမှမဟုတ် ကောင်းကင်ဘုံ? ကြိုက်တဲ့နေရာရွေးလေ"
အားကျင့် : "မင်းရွေးလိုက်လေ မင်းရဲ့ဆုံးဖြတ်ချက်ကို ငါလိုက်နာပါ့မယ်။"
မီး : "မိန်းမ အိမ်အပြင်ကိစ္စ ဆိုငါ ဆုံးဖြတ်ပါ့မယ်၊ ဒါပေမယ့် ငါတို့ မိသားစုကိစ္စနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို မင်းဆုံးဖြတ်ရမှာပေါ့ မင်းတာဝန်ကို လျော့မပစ်ပါနဲ့"
ဟဲကျင့် : "....." ကောင်လေး မင်းတကယ်ပြောနိုင်တယ်! ( ̄_ ̄| | |)
သူတို့သည် Demon God ကို ဆော့ကစားနေသောကြောင့် ၎င်းတို့သည် မသေမျိုး ပျော်စရာကောင်းသည့် အတွေ့အကြုံကို ခံစားကြရမည်ဖြစ်ပြီး သေမျိုးလူသားကဲ့သို့ ဤလောကတွင် နေထိုင်ရမည် ဤမျှလောက် စဉ်းစားစရာမလိုတော့ပေ။
သူတို့နှစ်ဦးသည် သနားဖွယ် မီးလျှံပေါ်တွင် ပြန်ထိုင်လိုက်ကာ ကောင်းကင်ဘုံပေါ်တွင် ခဏတာမျှ လွင့်မျောနေခဲ့သည်။
ကောင်းကင်ဘုံတွင် ကောင်းကင်ဘုံနန်းတော်, နက်ရှိုင်းရေကန်နှင့် လနှစ်စင်းတို့ဟူသည့် အဓိကမြို့ကြီးသုံးမြို့ရှိသည်။ သို့သော် ထိုမြို့များမှ ကစားသမားများ အဝင်အထွက်များလွန်းသောကြောင့် ၎င်းတို့သည် အိမ်ရာအတွက် မသင့်တော်ပေ။ လွင့်မျောကျွန်း တွင် အကျော်ကြားဆုံးသော မသေမျိုးကျွန်း သည် အဆင့်တက်သည့်မြေဖြစ်ပြီး ထိုနေရာတွင် လူအုပ်အများစုရှိသောကြောင့် ၎င်းသည်လည်း မသင့်လျော်ပေ။ ဟဲကျင့်သည် ကောင်းသည်ဟု ထင်သည့် နေရာ နှစ်ခုပဲရှိသည်။ တစ်ခုက မက်မွန် သစ်တော နဲ့ ဒုတိယနေရာက နဝမမြောက် ကောင်းကင်ဘုံရေတံခွန် ပင်။
ဤနေရာနှစ်နေရာသည် တစ်ခုနှင့်တစ်ခု မဝေးလှဘဲ နှစ်ခုစလုံးသည် မြေပြင်မစ်ရှင်နှင့် နောက် Dungeon ၏တည်နေရာများနှင့် ချိတ်ဆက်ထားသည်။ ၎င်းတို့တွင် NPC အနည်းငယ်မျှသာရှိပြီး လှပသောရှုခင်းများနှင့် ဆိတ်ငြိမ်သောပတ်ဝန်းကျင်ဖြင့် ဝန်းရံထားပြီး အိမ်ဆောက်ရန် အမှန်တကယ်ကောင်းမွန်သောနေရာတစ်ခုဖြစ်သည်။ သို့သော် မက်မွန်သစ်တော သည် ငယ်ရွယ်သောမောင်နှံများအတွက် ပို၍ဆွဲဆောင်မှုရှိသည်။ လစဉ်လတိုင်း ဤနေရာသို့ စုံတွဲအများအပြားလာရောက်လေ့ရှိလေ၏။ အခြားတစ်ဖက်တွင်တော့ နဝမမြောက် ကောင်းကင်ဘုံရေတံခွန်သည် သာမန်နယ်နိမိတ်ရှိ လင်းရှီရေကန် သို့ တိုက်ရိုက်ဦးတည်သည့် တောင်ပေါ်မှ စီးဆင်းသွားသည်။ ရေတံခွန်သည် တစ်နှစ်ပတ်လုံး အဆက်မပြတ်စီးဆင်းနေသဖြင့် ပိုမို၍ ကောင်းကင်ဘုံခံစားမှုကိုပေးသည်။
အဆုံးမှာတော့ ဟဲကျင့်ကနောက်ဆုံးတစ်ခုကိုရွေးခဲ့လေသည်။ထိုနေရာရဲ့ သန့်စင်တဲ့အလှကြောင့်အပြင် တခြားအကြောင်းပြချက်တစ်ခုလဲရှိသေးသည်။ နဝမမြောက် ကောင်းကင်ရေတံခွန်သည် လက်ဖက်ရည်နတ်သမီး လုလုရဲ့ မြေဖြစ်ပြီး လက်ဖက်စိုက်ခင်း ဧကထောင်ပေါင်းများစွာလဲရှိသည်။ဒါကြောင့် လယ်ယာလုပ်ငန်းလည်းလုပ်လို့ရတယ်!
လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က Spirit Fairy ကစားခဲ့တုန်းက ဟဲကျင့်သည် သူ့ကိုယ်ပိုင်သွေးပြန်ဖြည့်တဲ့ အစားအစာကို ချက်ပြုတ်ချင်ခဲ့သည်။သေချာတာပေါ့ ချက်ပြုတ်နိုင်ရန် ကစားသမားများသည် ကုန်ကြမ်းများကို စုဆောင်းရမည်ဖြစ်ပြီး ကစားသမားအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်လယ်ထွက်ပစ္စည်းများကို သူတို့၏ အကြီးဆုံးရင်းမြစ်အဖြစ် အသုံးပြုကြသည်။
သို့သော် ဟဲကျင့် သည် ထိုအကြောင်းကိုလေ့လာခဲ့ပြီးသည့်နောက်တွင်တော့ လက်တွေ့ အကောင်အထည် ဖော်ရန် အခွင့်အရေးမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့မိဘများက ဂိမ်းကစားခြင်းမှ အတင်းအကြပ် တားမြစ်ခံခဲ့ရသောကြောင့် ပင်။ ထိုကြောင့် သူ ဒီဂိမ်းကို ပြန်ရောက်လာတာနဲ့အမျှ ဟဲကျင့် ဟာ လယ်ယာစိုက်ပျိုးခြင်း၊ ချက်ပြုတ်ခြင်း သို့မဟုတ် ဆေးဝါးပြုလုပ်ခြင်းပဲ ဖြစ်ဖြစ် ဒီစွမ်းရည်တွေကို သင်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီနော်!
မီး သည် သူ၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်းမပြုဘဲ ကျန်ကူပွန်နှစ်ခုကိုလုံး ယူကာ မြေရှင်ကိုခေါ်လိုက်တော့သည်။ ဟဲကျင့်သည် ဒါကိုမြင်တော့ သူအံ့သြသွားတော့၏
"မင်းဘာလို့ နှစ်ခုလုံးနဲ့ လဲလိုက်တာလဲ?"
ပင်မမြို့၌ မြေကွက်ကို သူတို့ဝယ်လိုက်သောအခါတွင် မြေဧရိယာတစ်ခုစီသည် စတုရန်းပေ 20 ခန့်သာ ရှိသည်ကို မီး မှ တွေ့ရှိခဲ့သည်။ ဤသည်မှာ အကန့်အသတ်မဲ့ နေရာလွတ်ပေးနိုင်သော NPC ကို ရှာတွေ့နိုင်သရွေ့ မျက်နှာစာ သေးသေးလေးကိုသာ ကောင်းကောင်းအသုံးပြုနိုင်သည့် ကီးဘုတ်ဂိမ်းတစ်ခုမဟုတ်တော့ပေ။ ဟိုလိုဂရပ်ဖစ်အခြေအနေတွင်တော့ ကစားသမားများသည် ဤကမ္ဘာကြီး၏နေရာကို လူကိုယ်တိုင်ခံစားနိုင်မည်ဖြစ်သည်။
အဓိက မဟုတ်သော မြို့များတွင် မြေကွက်တစ်ကွက်မှာ စတုရန်း ၆၀ ခန့်ရှိသည်။ မီးသည်သူ့တိုင်းတာမူသာမှန်ရင် အိမ်တစ်လုံးဆောက်ပြီး အထပ်နှစ်ထပ်ခွဲထားရင် နည်းနည်းတော့ သေးနေမည်စိုးလေသည်။ ထို့ကြောင့် သူသည် မြေကူပွန်နှစ်ခုကို ရိုးရှင်းစွာအသုံးပြုခဲ့သည်။
မီးသည် မြေ၏တစ်စိတ်တစ်ပိုင်းကို လက်ညှိုးထိုးပြပြီး "တစ်ပိုင်းက အဆောက်အအုံအတွက် နောက် တစ်ပိုင်းက စိုက်ပျိုးမြေအတွက်"ဟုဆိုလာ၏။
ဟဲကျင့် က ထူးဆန်းသလိုမေးလာသည်။
" အာ မင်းက လယ်မြေဝယ်ချင်တာလား ? "
ဂိမ်းရှိ ခြံများသည် ငှားရမ်းခစျေးနှုန်းမရှိသဖြင့် ၎င်းတို့ကို မည်သည့်ကစားသမားမဆို အခမဲ့စိုက်ပျိုးအသုံးပြုနိုင်လေသည်။ သို့သော် သီးနှံများ ရင့်မှည့်လာပါကအချိန်မှီ မစုဆောင်းပါက အခြားကစားသမားများက သိမ်းသွားနိုင်သည်။
မီး က ဤသို့ရှင်းပြလာသည်။
"ဒီလယ်မြေက မင်းတစ်ယောက်တည်းသုံးဖို့အတွက်ပဲ။ "
ကစားသမားက မြေကိုဝယ်ပြီး ခြံပတ်ပတ်လည်မှာ ခြံစည်းရိုး ဆောက်ထားသရွေ့သူတို့စိုက်ထားတဲ့ အသီးအရွက်တွေကို တခြားသူတွေက ခိုးယူလို့ရမှာမဟုတ်ပေ။
အားကျင့် : "..." မင်္ဂလာပါ တာ့တာ့နော် သူခိုးများ။ (=_=)
ထို့နောက် မီး မှ ဆောက်လုပ်ရေးတာဝန်ခံ NPC ကို ခေါ်ခဲ့သည်။ သူနှင့် အားကျင့် သည် အနည်းငယ် ဆွေးနွေးပြီးနောက်တွင် အထပ်နှစ်ထပ်ဖြင့် သေး
ငယ် သော ဗီလာတစ်ခု ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်— ပထမထပ်သည် ဧည့်ခန်းအတွက် အသုံးပြုမည်ဖြစ်ပြီး ချက်ပြုတ်ရန်နှင့် ဆေးဝါးပြုလုပ်ရန် စက်ကိရိယာများ အပြည့်ထည့်ထားမည်ဖြစ်သည်။ ဒုတိယထပ်ကို ၎င်းတို့၏ အိပ်ခန်းအတွက် အသုံးပြုမည်ဖြစ်သည်။ တတိယထပ်တော့ ခေါင်မိုးထပ် ဝရံတာ ထားမည်ဖြစ်သည်။
လယ်မြေကိုလည်း နှစ်ခြမ်းခွဲထားပြီး တစ်ဝက်မှာ ဟဲကျင့်အတွက် ဟင်းသီးဟင်းရွက်စိုက်ရန်ဖြစ်ပြီး ကျန်တစ်ဝက်ကို မက်မွန်ပင်များ စိုက်ပျိုးမည်ဖြစ်သည်။ သူတို့သည် ထိုနေရာတွင် ကျောက်စားပွဲနှင့် ကုလားထိုင်များ ပြင်ဆင်ကာ ဧည့်သည်များအတွက် လက်ဖက်ရည်သောက်ရန် နေရာတစ်ခု ဖန်တီးဖို့ စီစဉ်ခဲ့ကြသည်။ စုစုပေါင်း တည်ဆောက်မှုကုန်ကျစရိတ်က ရွှေဒင်္ဂါးတစ်သိန်းနီးပါးအထိ ရှိသွားပြီဟ!
ဟဲကျင့် ၏ ငွေကြေးအမြင်သည် ဂိမ်း၏ပိုက်ဆံထောင်ချောက်များကြောင့် ပျက်စီးနေပြီဖြစ်သော်လည်း မီးကဲ့သို့ ရေလို ပိုက်ဆံကို လွယ်လွယ်သုံးရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ တကယ်တော့ ဒီချမ်းသာတဲ့ ကျောင်း သားက မြေ ၁၀ ကွက်ဝယ်ပြီး ဒီ "ငွေအနည်းငယ်" အတွက် တကယ်ကို ဂရုမစိုက်ဘဲ လုပ်ခဲ့တယ်။
(ချင်ယွီ:ဒါတွေ အားလုံးက အခန်းတစ်ခန်းထဲ အတူရှိဖို့အတွက်ပဲလေ! )
တည်ဆောက်မှုဟာ ခုနစ်ရက်လောက်ကြာမယ်လို့ NPC က ပြောခဲ့လေ၏။ သူတို့သည်ရွှေဒဂ်ါးတွေပေးရုံဖြင့် အိမ်သည်ချက်ချင်းပေါ်ပေါက်လာမည်မဟုတ်ပေ။လိုအပ်ချက်များကိုဂိမ်း၏စနစ်ထဲသို့ ဦးစွာထည့်သွင်းရမည်ဖြစ်သည်။ ပြီးသွားရင်တော့ မီး နဲ့ အားကျင့် တို့သာမက Demon God ကစားသမားတွေအားလုံးက သူတို့ရဲ့အိမ်ကို မြင်နိုင်မှာဖြစ်သည်။
မီး က ကျေနပ်အားရစွာ ခေါင်းညိတ်ကာပြောလာသည်။
"ဒီလောက်ပိုက်ဆံနည်းနည်းလေးနဲ့ ရလိုက်တဲ့ တန်ဖိုးက အရမ်းများတယ်"
ဟဲကျင့် ဟာ သူနဲ့ပက်သက်ပြီး ကူရာမဲ့နေခဲ့တော့သည်... သူကြိုက်နေသရွေ့ ဘာပဲဖြစ်ဖြစ် ပါလေ။
သူတို့နှစ်ဦးသည် မြေဝယ်ခြင်းနှင့် အိမ်ဆောက်ရန် အချိန်အနည်းငယ် သုံးစွဲခဲ့ကြပြီး ဇနီးမောင်နှံ ရည်ညွှန်းမှတ် မပြည့်ခြင်းကြောင့် လျှို့ဝှက်လင်မယားတာဝန်ကို ခဏတာ မလုပ်နိုင်ကြသေးပေ။
ဟဲကျင့် သည် ဂိမ်းတွင်ပြသထားသည့် တကယ့်
ကမ္ဘာ့အချိန်ကို ကြည့်ပြီး အံ့သြသွားသည်- မမျှော်လင့်ဘဲ သန်းခေါင်ကျော်နေပြီဖြစ်သည်။ သူကမီးကို အလျင်စလိုပြောလာတော့သည်။
"နောက်ကျနေပြီ အိမ်ဖို့အချိန်တန်ပြီ..."
ဒီလောက်ထိနောက်ကျသွားမယ်လို့ မထင်ထားမိပါဘူးနော်!
မီး : "မနက်ဖြန် လာမှာလား?"
မနက်ဖြန်သည် တနင်္လာနေ့ဖြစ်သောကြောင့် မီး တွင် တိုက်ရိုက်ထုတ်လွှင့်မည့် အချိန်ဇယားမရှိပေ။ရှိခဲလျှင်လည်း အမှန်တကယ်တော့ အရေးမကြီးပေ။ ယနေ့သည် ဟိုလိုဂရပ်ဖစ် ဖွင့်ပွဲနေ့ဖြစ်သောကြောင့် မီး သည် Flying Tour ကွန်ရက်တွင် ထုတ်လွှင့်ခြင်းမှ တစ်ပတ်ခန့်အနားယူမည်ဟု ကြေညာခဲ့သည်။
အားကျင့်: "အရေးတကြီးကိစ္စမရှိရင်တော့ ငါလာခဲ့မယ်။ မဟုတ်ရင်တော့ ME ကနေ စကားစမြည်ပြောလို့ရတယ်။"
"ကောင်းပြီ" ဟဲကျင့်က အော့ဖ်လိုင်းထွက်တော့မည့်အချိန်တွင် မီး သည် ရုတ်တရက် သူ့လက်ကိုဆွဲကိုင်၍ သူ့အနားကိုဆွဲကာ ဆိုလာသည်။
"လာပါဉီး ဒီနားကို ဖက်ပါရစေဉီး"
အားကျင့် : "..."
မီး၏ရင်ခွင်ထဲသို့ တစ်ဖန်ရောက်သွားရသည့်အခါတွင်ဟဲကျင့် သည် အလွန်စိတ်လှုပ်ရှားနေသေးသည်။ ဒါပေမယ့် သူတို့တစ်နေကုန် အတူတူ ရှိနေတာကြောင့် ဖြစ်ကောင်းဖြစ်မည် ဒီတစ်ခါတော့ မီး ရဲ့ ပွေ့ဖက်မှုကြောင့် သူ ရှက်ရွံ့မနေတော့ဘဲ အရပ်ရှည်ရှည် ကစားသမားကို ပွေ့ဖက်ပြီး ကျောကို ညင်သာစွာ ပွတ်သပ်ပေးဖို့ရန်တောင် စိတ်အားထက်သန်မှု အနည်းငယ် ခံစားခဲ့ရသေး၏။
"မနက်ဖြန် မင်းကိုစောင့်နေမယ်" မီးက သူ့ကို လွှတ်လိုက်ကာ နှခမ်းတစ်ဖက်ပင့်၍ပြောလာသည်မှာ
"မှတ်ထားနော် မင်း ငါ့ကို ယောကျာ်း လို့ခေါ်ဖို့ ကျန်နေသေးတယ်"
အားကျင့်: "..." သူ့မျက်နှာသည် နောက်ဆုံးတော့ ပန်းသီးကဲ့သို့ နီရဲသွားတော့သည်။
မီး က သူ့ကိုပြုံးပြပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့မှာ ရပ်နေတဲ့ လူနှစ်ယောက်သည် ဂိမ်းထဲက ထွက်လိုက်ကြတော့၏။
Zawgyi
043: အိမ်ဆောက်မယ်
အားကျင့်: "..."
ပင်...
မီးကသူ့ကိုမေးလေသည်။