Paid gpလေးကို အစအဆုံး၃၀၀၀ကျပ်နဲ့လာဝင်လို့ရပါပြီရှင့်။ဂရုလေးဝင်ကြပါဦး ပိုက်ပိုက်မရှိတော့လို့။
Ch-51 ဟုန်ရှောင်ပေ့၏ဇာတ်လမ်း(P-3)
"ငါနဲ့လိုက်ခဲ့"
သူသည်သူမအားကားထဲသို့အတင်းအကြပ်ဆွဲခေါ်သွားသည်။ထို့နောက် သူသည်အရှိန်ပြင်းပြင်းမောင်းနှင်ကာ သူ၏တိုက်ခန်းဆီသူမအားခေါ်သွားလိုက်သည်။
"အိုး။ငါဒီကိုအရင်ကရောက်ဖူးတယ်။ငါကြက်ကြော်က်ိုမှတ်မိပြီ။အမ်းး ကြက်ကြော်ကဘယ်မှာလဲ။ငါကြက်ကြော်စားချင်တယ်လို့..."
ဟုန်ရှောင်ပေ့သည်ကြမ်းပြင်ပေါ်၌ ကယ်ဗင့်၏စားပွဲအားဖက်ကာ ရူးကြောင်ကြောင်ပြုံးနေခဲ့သည်။သူမသည်သွားရည်တမြားမြားဖြစ်နေသည်။
ကယ်ဗင်သည်သူ၏ခေါင်းအားယမ်းလိုက်သည်။
"အာ။ဆိုးဝါးလိုက်တာကွာ"
သူသည်ဟုန်ရှောင်ပေ့အားပွေ့လိုက်ပြီး သူ၏အခန်းဆီသယ်သွားလိုက်သည်။သူမအားသူ့အိပ်ရာေပါ်တင်ပြီးသည်နှင့် သူသည်သူမအပေါ်မှီချလာပြီး သူ၏အင်္ကျီများအားချွတ်တော့သည်။
"နင်ဘာလုပ်နေတာလဲ"
ဟုန်ရှောင်ပေ့သည် ကယ်ဗင့်အားစိုက်ကြည့်ရင်းအမူအယာမဲ့စွာမေးလိုက်သည်။
ကယ်ဗင်သည်သူ၏အဝတ်များအားဖယ်နေရင်း တည်တည်ငြိမ်ငြိမ်ရှင်းပြလာသည်။
"မင်းမပြောနိုင်ဘူးလား။ငါတော့ဒီအကြောင်းကိုတွေးပြီးပြီ။မင်းလုပ်နေတဲ့ပုံစံအရ ငါရှိမေနတဲ့တစ်နေ့ဆိုရင် မင်းတော့အဓ္ဓမပြုကျင့်ခံရတော့မှာပဲလေ။အဲ့လိုဆိုမှတော့ ငါတို့အနေနဲ့အရင်ဆက်ဆံလို့မရ ရမှာလဲ။ဒါမှအနာဂတ်ကျမင်းပြန်တွေးမိခဲ့ရင် ဘာနောင်တမှမရမှာလေ"
"ဘာရယ်။နင်ရူးနေလား။ငါအရင်ကပြောထားတယ်နော်။နင်သာငါ့ကိုထူးဆန်းတာတစ်ခုခုလုပ်ခဲ့မယ်ဆိုရင် ငါ....."
ဟုန်ရှောင်ပေ့သည်ကယ်ဗင်မှတစ်ခုခုလုပ်လိမ့်မည်ကိုတစ်ကယ်ကြီးမယုံကြည်ခဲ့ပေ။သူမသည်သူဟာလျှောက်စနေသည်ဟုသာထင်ခဲ့သည်။ထို့ကြောင့်သူမသည်သူ့အား သူမလက်ညှိုးဖြင့်သာထိုးပြီးသတိပေးခဲ့သည်။သို့သော်သူမမှစကားအားပြီးအောင်မပြောရသေးခင်တွင်ပင် ကယ်ဗင်သည်သူမလက်အားဖမ်းကိုင်လိုက်ပြီး သူတို့နှုတ်ခမ်းများမှာထိကပ်သွားကြသည်။
"နင်..."
သူမအသံကနေတောင်အံ့ဩမှုအားမဖုံးထားနိုင်တော့ပေ။ကယ်ဗင်၏အခြားလက်တစ်ဖက်သည် ဟုန်ရှောင်ပေ့၏အဝတ်များအားချွတ်ရင်းအလုပ်ရှုပ်နေသည်။
"ငါ့ကိုလွှတ်"
ရုန်းကန်နေပြီးနောက် ဟုန်ရှောင်ပေ့သည်သူမ၏လက်များလွတ်အောင်ရုန်းနိုင်ခဲ့ပြီး သူမသည်ကယ်ဗင်၏နောက်ကျောအားအဆက်မပြတ်ထုရိုက်တော့သည်။ကယ်ဗင်မှာသူမအားစနောက်နေသည်မဟုတ်သည်ကို သူမသိလိုက်ရသည်။
ဟုန်ရှောင်ပေ့သည်အလွန်ကြောက်လန့်နေသည်။အောက်စီဂျင်ပြတ်လပ်မှုကြောင့် သူမ၏ဦးနှောက်သည်ကောင်းကောင်းမခွဲဖြာနိုင်တော့ပေ။သူမသည်စတင်တုန်ယင်လာသည်။ကယ်ဗင့်ထံအရှုံးပေးလိုက်တော့မည့်ချိန်တွင် သူမမှာရုတ်ချည်းခေါင်းကြည်လာသည်။စိတ်ပျက်အားငယ်နေခိုက်တွင် သူမသည်ကယ်ဗင်၏ပါးစပ်အားကိုက်လိုက်ကာ သူ့အားကုတင်ပေါ်မှနေကန်ချလိုက်သည်။
"အ!"
"မင်းရူးနေတာလား"
ကယ်ဗင်သည်သူ၏နှုတ်ခမ်းများအားထိကာအော်လိုက်သည်။နှုတ်ခမ်းများမှာသွေးစို့နေလေသည်။
"နင်ကသာရူးနေတာလေ"
ဟုန်ရှောင်ပေ့သည်အော်လိုက်သည်။သူမသည်အိပ်ရာပေါ်မှခေါင်းအုံးတစ်လုံးအားယူလိုက်ပြီး ကယ်ဗင့်ထံပစ်ပေါက်လိုက်သည်။
"နင်ငါ့အပေါ်ကိုဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ"
သူတို့နှစ်ဦးသားမှာစကားတစ်ခွန်းမပြောဘဲတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။တစ်ယောက်မှာကုတင်ပေါ်ထိုင်နေပြီးသူမဆံပင်များမှာရှုပ်ပွနေကာ အခြားတစ်ယောက်မှာတော့ဖရိုဖရဲအဝတ်များဖြင့်မတ်တပ်ရပ်နေသည်။
ကြာညောင်းသောတိတ်ဆိတ်မှုအပြီးတွင် နှစ်ဦးသားမှာ သူတို့၏စိတ်မြန်လက်မြန်အမူအကျင့်မှနေတစ်ဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။ကယ်ဗင်သည်ဆေးသေတ္တာအားယူလိုက်ပြီး ရှောင်ပေ့အားသူမ၏မျက်နှာဘယ်ဘက်ခြမ်းပေါ်သုံးရန်ရေခဲအိတ်တစ်အိတ်ကမ်းပေးလိုက်သည်။ဟုန်ရှောင်ပေ့သည်လည်း ဂွမ်းစပေါ်အရက်ပြန်လောင်းချကာ ကယ်ဗင်၏မျက်နှာပေါ်ရှိဒဏ်ရာများအားပိုးသတ်ရန်ကူညီပေးလိုက်သည်။
"မင်းကဇွန်ဘီတစ်ကောင်လို တစ်ကယ်ကြီးဆက်နေမလို့လား"
တိတ်ဆိတ်မှုအားကယ်ဗင်မှအရင်ချိုးဖောက်လာသည်။
"ငါမသိဘူး"
ဟုန်ရှောင်ပေ့သည်သူမ၏ဘဝမှာဟာသတစ်ခုဟုထင်လေသည်။သူမကအခုကစပြီးဘာလုပ်မှာလဲ....သူမမှာထိုအတွက်ဘယ်တုန်းကမှမစဉ်းစားထားပေ။ညစဉ်ညတိုင်းသူမမျက်လုံးများအားပိတ်လိုက်ချိန်တွင် သူမသည်သူမ၏အနာဂတ်-အေမှာင်ထုတစ်ခုသာမြင်နိုင်ခဲ့ရသည်။
"အရင်လကရှုဝေ့ရှန်အင်္ဂလန်ကပြန်ရောက်လာတယ်။သူမကမင်းနဲ့ရုပ်ချင်းဆင်တဲ့တစ်ယောက်လေ"
အချိန်ကြာသည်အထိဟုန်ရှောင်ပေ့မှ စကားပြန်မလာ၍ ကယ်ဗင်မှဆက်ပြောလာသည်။
"ဘာဖြစ်ခဲ့တယ်ဆိုတာကိုမင်းမသိချင်ဘူးလား။ငါသူမနဲ့တွေ့တော့ သူမကငါ့ကိုတစ်ကယ်ကြီးဝန်ခံခဲ့တာနော်။ဟာသပဲ။ငါကသူမကိုနှစ်တွေအကြာကြီးမတွေ့ခဲ့ရတာကို ရုတ်တရက်ကြီး...."
ကယ်ဗင်သည်ရှောင်ပေ့၏အမူအယာအားအကဲခတ်နေသည်။
"ငါတို့ငယ်ငယ်တုန်းကဆို သူမကငါ့ကိုအမြဲအနိုင်ကျင့်တတ်တာလေ......ဖြစ်နိုင်တာတော့ ငါကအရမ်းချောလာလို့နေမယ်။ငါဆီသူမကဆွဲဆောင်ခံလိုက်ရတာကလည်းပုံမှန်ပဲလို့ငါထင်တယ်"
ကယ်ဗင်၏စကားများသည်ဟုန်ရှောင်ပေ့အားအပူအပင်မရှိရယ်မောမိစေသည်။
"အဲ့တော့ဘာဖြစ်လဲ။နင်တို့နှစ်ယောက်ကအခုအတူရှိနေကြပြီလား"
"မဟုတ်ပါဘူး။ငါကသူမကိုရုတ်ချည်းဆန်လွန်းတယ်လို့ပြောလိုက်တယ်။သူမကတော့ ငါ့အနေနဲ့စဉ်းစားဖို့အချိန်ပေးမယ်လို့ပြောတာပဲ"
ဤအခိုက်တွင် ကယ်ဗင်သည်ဟုန်ရှောင်ပေ့၏မေးအားပင့်လိုက်ကာ သူမအားရွှတ်နောက်နောက်စိုက်ကြည့်လိုက်သည်။
"ငါ့ကိုပြောပါဦး။ငါဘာလုပ်သင့်လဲလို့"
ဟုန်ရှောင်ပေ့၏မျက်လုံးများသည် ခေတ္တမျှတုန်ယင်သွားသော်လည်း လျင်မြန်စွာပျောက်ကွယ်သွားသည်။
"နင်ကဘာလို့ငါ့ကိုလာမေးနေတာလဲ။ငါတို့ကရုပ်ဆင်နေတယ်ဆိုမှတော့ သူမကသဘာဝကျကျလှနေမှာပဲ။ပြီးတော့ သူမမှာမိသားစုနောက်ခံကောင်းကောင်းလည်းရှိတယ်လေ။အင်္ဂလန်ကအရည်အချင်းရှိတဲ့မိန်းမပျိုေလးက နင့်လိုမျိုးချမ်းသာတဲ့သခင်လေးနဲ့မှလိုက်ဖက်တာလေ။မဟုတ်ဘူးလား"
"ဒါတွေကမင်းရဲ့တစ်ကယ့်အတွေးတွေလား"
ကယ်ဗင်သည်စိတ်ပျက်နေပုံရသည်။သူမျှော်လင့်ထားခဲ့သည်အဖြေကိုသူမရရှိခဲ့ပေ။
"ဒါပေါ့။ငါတို့ကအမြွှာတွေဆိုပေမယ့် ငါတို့မှာမတူညီတဲ့ဘဝတွေရှိတယ်လေ။သူမဘဝမှာဘာတွေပဲဖြစ်နေပါစေ ငါနဲ့မပတ်သက်ဘူးလေ။အဆုံးမှာတော့ ငါတို့ကသူစိမ်းနှစ်ယောက်ပဲလေ"
"မင်းကသူမနဲ့ဘယ်ေတာ့မှမတွေ့ဖို့တွေးထားတာလား။ဘယ်လိုပဲဖြစ်ဖြစ်မင်းရဲ့မွေးစားမိဘတွေကသေသွားကြပြီလေ။မင်းမှာအားကိုးနိုင်မယ့်လူတစ်ယောက်မှမရှိဘူးလေ"
"ငါ့ရဲ့အားကိုးရာ...."
ဟုန်ရှောင်ပေ့သည်ဝင်ပူးခံနေရသလို ထိုစကားလုံးများအားထပ်ကာထပ်ကာဆက်ပြောနေသည်။သူမ၏မျက်လုံးများသည်သူ့ထံတစ်ဖြည်းဖြည်းလှည့်လာသည်။
"ထားလိုက်ပါတော့ဟာ။သူမမှာသူမရဲ့ကိုယ်ပိုင်ဘဝရှိသလို ငါ့မှာလည်းရှိတယ်။ငါအနေနဲ့ဘာတစ်ခုမှမသိသလိုသာဟန်ဆောင်နေလိုက်တော့မယ်။ငါတို့ကငါတို့ရဲ့လမ်းေတွဆီသီးခြားသွားကြမှာပဲလေ။ပြီးတော့ ငါလည်းအရွယ်ရောက်နေပါပြီဟ။ငါ့ရဲ့ဘဝကိုဘယ်လိုနေထိုင်မယ်ဆိုတာ ငါတွက်ဆနိုင်နေပြီလေ။ဟုတ်တယ်မလား"
ဤအရာများအားလုံးမှာ သရုပ်ဆောင်မှုတစ်ခုသာပေ။အဘယ်ကြောင့်ဆိုသော် ဟုန်ရှောင်ပေ့သည် သူမ၏အားနည်းချက်အားကယ်ဗင့်ထံမထုတ်ဖော်ချင်၍ပင်။
သို့သော်ငြားအကြွေးရှင်များသည် ပျားအုံတစ်အုံလိုရောက်လာကြသည်။ဟုန်ရှောင်ပေ့သည် သူမမိခင်၏ဆေးဖိုးနှင့်နာရေးစရိတ်ပေးပြီးခါစသာရှိသေးသည်လေ။သူမ၌ပိုက်ဆံကျန်ပါဦးမည်လား။သူမသည်အခြားရွေးချယ်စရာမရှိတော့ပဲ ရှုဝေ့ရှန်အားသွားရှာရတော့သည်။
ထိုသည်မှာသူမ၏အမြွှာအစ်မနှင့်သူမတွေ့ဆုံသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။ရှုဝေ့ရှန်မှာထိတ်လန့်သွားခဲ့သည်။ဟုန်ရှောင်ပေ့၏ဇာတ်လမ်းအားကြားပြီးမှသာ သူမသည်လည်းမွေးစားခံခဲ့ရပြီး ဟုန်ရှောင်ပေ့သည်သူမ၏အမြွှာညီမဖြစ်ကြောင်းသိလိုက်ရသည်။
သူတို့၏ဆုံစည်းမှုမှာအလွန်ခံစားရလေသည်။သူတို့နှစ်ဦးသားမှာ သူတို့၏ဇာတ်ကြောင်းများနှင့်ဘဝအတွေ့အကြုံများကို တစ်ဦးကိုတစ်ဦးတစ်လှည့်စီပြောပြကြသည်။သို့သော်ပိုပြီးခံစားရသည့်သူမှာရှုဝေ့ရှန်သာဖြစ်သည်။ဟုန်ရှောင်ပေ့၏ဇာတ်လမ်းအားကြားပြီးသည်နှင့် သူမသည်သူမ၏ညီမငယ်လေးအတွက်အလွန်ဝမ်းနည်းမိသွားရသည်။
"အစ်မ ငါ့ကိုတစ်သိန်းလောက်ချေးပေးလို့ရမလား။လက်တလော အကြွေးရှင်တွေဆီပေးဖို့ငါ့မှာပိုက်ဆံမရှိတော့လို့ပါ။ငါ...."
ဟုန်ရှောင်ပေ့သည် သူမတောင်းဆိုနေရသည့်အပေါ်အမှန်တစ်ကယ်မုန်းတီးနေမိသည်။အထူးသဖြင့် ဤအချိန်သည်သို့၏ပထမဆုံးတွေ့ဆုံမှုဖြစ်လေသည်။ထိုသည်မှာခံစားချက်များရှိေနသင့်သည့်အချိန်ဖြစ်သော်ငြား သူမသည်ပိုက်ဆံအတွက်အဆင်မပြေစွာမေးနေခဲ့ရသည်။
"ဘာမှထပ်ပြောစရာမလိုတော့ဘူး။ငါမင်းရဲ့အကြွေးတွေကိုပေးဖို့ကူညီပေးနိုင်ပါတယ်"
ရှုဝေ့ရှန်သည် သူမအား အားပေးရန်ဟုန်ရှောင်ပေ့၏လက်အားဆုပ်ကိုင်လိုက်သည်။
"ဒီနှစ်တွေမှာမင်းအရမ်းခံစားခဲ့ရပြီ။အခုငါတို့ကပြန်ဆုံကြပြီဆိုတော့ မင်းအနေနဲ့မင်းရဲ့ဝမ်းနည်းမှုနဲ့ဖိစီးမှုတွေကို ငါနဲ့ဝေမျှလို့ရပါတယ်"
ဤသည်မှာ ဟုန်ရှောင်ပေ့အနေဖြင့် သူမ၏မွေးစားမိဘများဆုံးပါးသွားပြီးနောက် မိသားစု၏နွေးထွေးမှုကိုခံစားခဲ့ရသည့်ပထမဆုံးအကြိမ်ဖြစ်သည်။သူမသည် ဘုရားသခင်မှသူမအားမစွန့်ပစ်ခဲ့ဘဲ ကြင်နာတတ်သည့်နှလုံးသားရှိသောအစ်မနှင့်တွေ့ဆုံခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်နေမိသည်။
ရှုဝေ့ရှန်မှာလည်း သူမသည်ဟုန်ရှောင်ပေ့၏တည်ရှိမှုကို လျှို့ဝှက်ချက်အနေဖြင့်သာထားရန်ဆုံးဖြတ်လိုက်သည်။သူမသည်သူမ၏မိဘများထံမွေးစားသည့်အကြောင်းအရာအားယူဆောင်မသွားခဲ့ပေ။သူမမှာအရူးတစ်ယောက်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အတွက် မည်သည်ကအကောင်းဆုံးဆိုသည်ကိုသိလေသည်။
နောက်ဆုံးသူတို့အတူရှိနေကြစဉ်တွင် ဟုန်ရှောင်ပေ့သည်ရှုဝေ့ရှန်မှာလတ်တလော၌ကယ်ဗင်နှင့်တွဲနေသည်ကိုသိရှိလိုက်ရသည်။သူတို့အတူရှိေနသည်မှာမကြာသေးဘဲ နှစ်လသာရှိသေးသည်။
ဟုန်ရှောင်ပေ့သည်သက်ပြင်းချရင်း တိတ်တဆိတ်တွက်ချက်လိုက်သည်။ထိုအချိန်မှာ သူမသည်သူမမာနအားခဝါချကာ ရှုဝေ့ရှန်နှင့်ဆက်သွယ်ခဲ့သောအချိန်ပတ်လည်ဖြစ်နိုင်လေသည်။
ရာသီတစ်ခုမှာကုန်ဆုံးသွားပြီးနောက် သူတို့၏ပတ်သက်မှုမှာတည်ငြိမ်လာသော် ရှုဝေ့ရှန်သည်ဟုန်ရှောင်ပေ့အားကယ်ဗင်နှင့် တွေ့ပေးချင်ကြောင်း နောက်ဆုံးဆုံးဖြတ်ချက်လိုက်သည်။သူမသည်သူမ၏မိဘများထံမှဖုံးကွယ်ထားသော်ငြား သူမသည်ကယ်ဗင့်ဆီတွင်တော့ ဖုံးကွယ်မထားချင်ပေ။
သို့သော်သူတို့၏အတိတ်အကြောင်းတွေးပြီးနောက် ဟုန်ရှောင်ပေ့သည် ထိုအရာမှနေရှုဝေ့ရှန်နာကျင်သွားရမည်ကို စိုးရိမ်ခဲ့မိသည်။ထို့ကြောင့်ဟုန်ရှောင်ပေ့သည် ရှုဝေ့ရှန်၏ကယ်ဗင်နှင့်တွေ့ဆုံဖို့တောင်းဆိုမှုအား ခိုင်ခိုင်မာမာငြင်းဆိုခဲ့သည်။
အရင်နှစ်တစ်လျှောက်လုံး ရှုဝေ့ရှန်မှသူမအားပေးခဲ့သည့်ပိုက်ဆံအတွက်ကျေးဇူးတင်မိပြီး သူမသည်သူမမိသားစု၏အကြွေးများအားလုံးကိုရှင်းပစ်နိုင်ခဲ့သည်။ဖြစ်နိုင်သည်မှာ ငွေကြေးသည်ရှုဝေ့ရှန်အတွက်ကိစ္စကြီးမဟုတ်သော်ငြား ဟုန်ရှောင်ပေ့အတွက်တော့ ထိုသည်မှာသူမ၏ဘဝအားကယ်တင်ခဲ့လေသည်။ရှုဝေ့ရှန်မှာ ငရဲစွန်းမှနေသူမအားကယ်တင်ခဲ့သောလူဖြစ်လေသည်။ထို့ကြောင့်သူမသည်ကယ်ဗင့်ရှေ့၌ဘယ်လိုမျိုးပေါ်လာနိုင်ပါ့မည်နည်း။
ထိုသည်မှာသူမကိုယ်သူမမြင့်မြင့်မှန်းသည်မဟုတ်သော်ငြား အသင့်ပြင်ထားရပေမည်။ကယ်ဗင့်၏ပါးစပ်ချော်သွားခဲ့ပါလျှင်.....သူသာယိမ်းယိုင်သွားပါလျှင်.....
ထူးထူးဆန်းဆန်း ရှုဝေ့ရှန်သည်သူမအားကြိုတင်မပြောပြဘဲ သူမအားကော်ဖီဆိုင်ဆီဖိတ်လာခဲ့သည်။ထိုသည်မှာ ဟုန်ရှောင်ပေ့သည် ပြတင်းပေါက်နားထိုင်နေသည့်လူကို တစ်နှစ်အကြာ၌ ထပ်မံတွေ့ဆုံမိခြင်းဖြစ်သည်။
အချိန်နှင့်အမျှ သူမသည်သူ့ကိုတွေးနေမိသည်။
ဟုန်ရှောင်ပေ့သည်မြန်မြန်ထွက်သွားလိုက်သည်။နောက်နေ့၌ သူမသည်ကယ်ဗင့်အားသီးသန့်ဆက်သွယ်လိုက်သည်။သူတို့၏တွေ့ဆုံမှုသည် နွေးထွေးမှုမရှိသလို ချိုမြိန်မှုလည်းရှိမနေပေ။သူတို့သည် နှုတ်ဆက်စကားတောင်မပြောကြပေ။
ဟုန်ရှောင်ပေ့သည်သူမ၏အနေအထားနှင့်စိုးရိမ်မှုများကိုချက်ချင်းကြေညာလာသည်။
"ငါတို့တစ်ယောက်ကိုတစ်ယောက်မသိသလိုနေကြရအောင်။ငါ့ရဲ့အစ်မကဘယ်လိုပဲပြင်းပြင်းထန်ထန်တွန်းအားပေးနေပါစေ ငါတို့တွေတစ်ယောက်ကိုတစ်ယောက်တွေ့သင့်တယ်လို့ ငါမထင်ဘူး။ငါတို့တွေသာတွေ့လိုက်ရင် လူတိုင်းအတွက်ကောင်းမှာမဟုတ်ဘူးလေ"
ကယ်ဗင်သည်သူ၏နားထင်အားနှိပ်လိုက်သည်။ဟုန်ရှောင်ပေ့၏စကားများသည် ခေါင်းကိုက်မှုအားအစပျိုးလာစေသည်။သူသည်ခါးသက်စွာတုံ့ပြန်လိုက်သည်။
"တစ်နှစ်ကြာပြီးတဲ့နောက်မှာ မင်းကငါ့ကိုဒါတွေပြောဖို့သက်သက်နဲ့ဆက်သွယ်ခဲ့တာလား"
"ဟုတ်တယ်။တစ်နေ့ကျငါတို့မတော်တဆတွေ့မိကြမှာကိုငါကြောက်တယ်။ဒါကြောင့်မလို့ ငါနင်နဲ့အရင်ဆွေးနွေးထားချင်တယ်"
"ငါကမင်းထင်ထားသလောက်လည်းမတုံးပါဘူး"
"အိုး တစ်ကယ်လား။ငါမေ့သွားတယ်....ကောင်းပြီလေ။အခုငါသွားတော့မယ်"
"နေဦး"
ကယ်ဗင်သည်ဟုန်ရှောင်ပေ့အားဆွဲထားလိုက်သည်။
"အခုမင်းကငါနဲ့ပတ်သက်သမျှအကုန်လုံးကိုဖြတ်ပစ်ဖို့လုပ်နေတာလား"
"နင်လည်းငါနဲ့ပတ်သက်သမျှကို ဖြတ်တောက်ပစ်သင့်တယ်။ငါ့အစ်မကနေ ငါတို့နှစ်ယောက်ကိုအထင်လွဲသွားမှာငါမလိုချင်ဘူး။ပြောရရင် နင်တို့နှစ်ယောက်ကအခုအတူရှိနေကြပြီလေ"
"အထင်လွဲမယ်။ဘာအထင်လွဲစရာရှိလို့လဲ။မင်းတို့နှစ်ယောက်ပြန်တွေ့ပြီးကြပြီဆိုတော့ ငါလည်းမင်းကိုအမှန်အတိုင်းရဲရဲဝံ့ဝံ့ပြောနိုင်ပြီပေါ့။ငါမင်းကိုကြိုက်တယ်။သေချာတာကတော့ ငါမင်းကိုအရင်ကြိုက်ခဲ့တာ။ငါသူမနဲ့ရှိနေရတဲ့တစ်ခုတည်းသောအကြောင်းရင်းက မင်းကငါ့ကိုဘယ်တော့မှ တုံ့ပြန်မှုလေးတစ်ခုတောင်မပေးခဲ့ဘဲ လျစ်လျူရှုထားလို့လေ။ဘာလဲ။အခုငါသူမကိုအရင်နှစ်ကအကြောင်းတွေသွားပြောပြလိုက်မယ် မင်းကသူမရဲ့အစားထိုးပဲလို့လေ"
ကယ်ဗင်သည် အသားကုန်အော်ပြောလာသည်။
ဟုန်ရှောင်ပေ့သည်ကယ်ဗင်မှဘာေကြာင့်ရုတ်ချည်းအရမ်းဒေါသထွက်လာရသည်ကိုမသိခဲ့ပေ။သို့သော် သူ၏ရှက်ရွံ့ဖွယ်စကားများအားကြားရသည်မှာ သူမကိုစိုးရိမ်သွားစေမိသည်။
"ပါးစပ်ပိတ်ထားစမ်း။နင်ပြောလိုက်တာတွေကို ငါဘယ်တုန်းကမှမကြားခဲ့သလိုဟန်ဆောင်ပေးလိုက်မယ်။ရိုင်းစိုင်းတဲ့စကားတွေကို ဘယ်တော့မှထပ်မပြောနဲ့"
"မင်းကငါ့နံပါတ်ကိုသိမ်းထားတုန်းပဲလေ။တစ်ခုခုသက်သေပြမနေဘူးလား။မင်းသာငါနဲ့တစ်ကယ်မဆက်သွယ်ချင်ခဲ့ရင် ဘာလို့အဲ့တာကိုဖျက်မပစ်ရတာလဲ"
ကယ်ဗင်သည်စိတ်ဆိုးတကြီးခွန်းတုံ့ပြန်ခဲ့သည်။
ကယ်ဗင်သည်သူ၏နံပါတ်အား သူမအားအသိမပေးဘဲ ဟုန်ရှောင်ပေ့၏ဖုန်းထဲတစ်ကယ်ထည့်သွင်းထားခဲ့သည်။အရင်နှစ်သူမအိမ်ပြန်ပြီးမှသာ ထိုသည်ကိုဟုန်ရှောင်ပေ့သိလိုက်ရပြီး သူမ၏ contact list တွင်သူ၏နံပါတ်အားသတိပြုမိခဲ့သည်။
မူလကသူမသည်ထိုအရာအားဖျက်ပစ်ရန်လုပ်ခဲ့သည်။သို့သော်နောက်ဆုံးတော့ သူမသည်ဖျက်သည့်ခလုတ်အားဖိနှိပ်ေနမိသည်ကို ဘယ်တော့မှအဆုံးသတ်မသွားပါတော့ပေ။
"ဟုန်ရှောင်ပေ့။ငါကမင်းကိုပြောပြဖို့ကြောက်မနေဘူး။ဒါပေမယ့်မင်းကအဲ့ဒါကိုဝန်ခံဖို့ကြောက်နေတာလား။ငါကမင်းကို ငါ့ရဲ့နှလုံးသားအစစ်အမှန်ပေးခဲ့ပေမယ့် မင်းကတော့မြင်အောင်ကြည့်ဖို့ငြင်းနေတုန်းပဲ။လုံလောက်ပြီ။အရင်နှစ်ငါရှုဝေ့ရှန်နဲ့ရှိနေသမျှအချိန်တိုင်းမှာ သူမကအမြဲတမ်းမင်းရဲ့အရိပ်ဖြစ်နေခဲ့တာပဲ...."
ဟုန်ရှောင်ပေ့၏သွင်ပြင်မှာ ဖောက်ခွဲရေးပစ္စည်းတစ်ခုလိုဖြစ်နေသည်။သတိပေးချက်မရှိဘဲ ကယ်ဗင်၏ပုန်းကွယ်နေသောအတွေးများအားလုံးသည် ပေါက်ကွဲထွက်လာခဲ့သည်။
"ကျေးဇူးပြုပြီး ဒီစကားတွေမပြောဖို့ငါနင့်ကိုတောင်းပန်ပါတယ်။ပြီးတော့ ငါ့အစ်မကိုကောင်းကောင်းဆက်ဆံပေးပါလို့ ငါနင့်ကိုေကျးဇူးပြုပြီးတောင်းဆိုပါတယ်ဟာ"
ထိုသည်မှာတစ်ချိန်တည်းတွင် တောင်းဆိုသည်ရော သတိပေးသည်ပါဖြစ်လေသည်။
ပြီးနောက် ဟုန်ရှောင်ပေ့သည်ထွက်သွားလေသည်။ကယ်ဗင်သည်သူမအားမတားခဲ့ပေ။ကယ်ဗင်သည်ဟုန်ရှောင်ပေ့၏နောက်ကျောအားငေးကြည့်ရင်း စိတ်ဓာတ်ကျနေသည်။
သူတို့နှစ်ဦးထင်သည်မှာ ဤအကြိမ်သည်သူတို့အနေနှင့်နောက်ဆုံးတွေ့ဆုံမှုဟုထင်ထားခဲ့သော်ငြား ထင်မထားသည်မှာ သူတို့၏စကားဝိုင်းအားရှုဝေ့ရှန်မှကြားသွားခဲ့မိသည်။သူမသည်ကယ်ဗင့်နောက်လိုက်လာခဲ့သည်ဖြစ်သည်။