[COMPLETED]ကျုန်းလိဘုရင်က ဒီန...

By Deity_YuZhang

129K 10.9K 121

Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yao... More

Description
(၁)
(၂)
(၃)
(၄)
(၅) ❗️
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉) ❗️
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂)
(၄၃)
V1 end
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
(၆၄)
(၆၅)
(၆၆)
(၆၇)
(၆၈)
(၆၉)
(၇၀)
(၇၁)
(၇၂)
(၇၃)
(၇၄)
(၇၅)
(၇၆)
(၇၇)❗️
(၇၈)
(၇၉)
(၈၀)
(၈၁)
(၈၂)
(၈၃)
(၈၄)
(၈၅)
(၈၆)
(၈၇)
(၈၈)
(၈၉)
(၉၀)
(၉၁) ❗️
(၉၂)
(၉၃)
Extra - ဖုန်းရွှယ်ပိုင်
(၉၄)
(၉၅)
(၉၆)
(၉၇)
(၉၈)
99
(၁၀၀)
(၁၀၁)
(၁၀၂)
(၁၀၃)
(၁၀၄)
(၁၀၅)
(၁၀၆)
(၁၀၇)
(၁၀၈)
(၁၀၉)
(၁၁၀)
(၁၁၁) ❗️
(၁၁၂) - ပထမပိုင်း
(၁၁၂) - ဒုတိယပိုင်း
(၁၁၃)
(၁၁၄)
(၁၁၅)
(၁၁၆)
(၁၁၇)
(၁၁၈) ❗️ 3p
(၁၁၉)
(၁၂၀)
(၁၂၁)
(၁၂၂)
(၁၂၃)
(၁၂၄)
(၁၂၅)
(၁၂၆)
(၁၂၇)
(၁၂၈)
(၁၂၉)
Extra - လီယွန်ဟာ
Extra - သွမ့်ဟန်ချင်း
Extra - လျိုကျန့်နန်
Extra - ဖုန်းရွှယ်ပိုင်

(၁၃၀) - ဇာတ်သိမ်းပိုင်း

1.7K 69 2
By Deity_YuZhang

U••

[ကျွန်ုပ်တို့၏ဧကရာဇ်အရှင်]

ကျုန်းလိသက်တမ်း ၈၃ နှစ်၊ တတိယမင်းဆက်၏တစ်ဆယ့်တစ်နှစ်မြောက် ကျုန်းလိ-ရှယ်ဟန့်စစ်ပွဲ၌ ကြီးမားသောတိုက်ဆိုင်မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။

၎င်းမှာစစ်ပွဲကာလ၌ပင် ရှယ်ဟန့်ဘုရင်သည် ရွှေနန်းတော်အတွင်းသေဆုံးနေခဲ့ပြီးဖြစ်ကာ အလောင်းကိုရှာတွေ့ချိန်၌တိုင်းပြည်တစ်ခုလုံးပွက်လောရိုက်သွားခဲ့ရလေ၏။ ထို့နည်းတူ တစ်ဖက်မှကျုန်းလိဘုရင်သည်လည်း ကိုယ်တော်တိုင်စစ်ချီတက်လေရာ ခံတပ်အတွင်းသစ္စာဖောက်သူလျိုများ၏ပုန်ကန်မှုကြောင့် ကံတော်ကုန်လေသည်ဟူသော သတင်းစကားများထွက်လာခဲ့တော့သည်။

နှစ်ဖက်တိုင်းပြည်မှလူအပေါင်းမှာ အံ့သြထိတ်လန့်ရချေပြီ။ လျစ်လျူရှုတတ်သောရှယ်ဟန့်ဘုရင်အတွက်မူ မထူးခြားသော်လည်း တစ်ဖက်မှကျုန်းလိအတွက်မူ သူတို့၏ဘုရင်မင်းမြတ်သည်သာအချက်အချာဖြစ်၏။ ၎င်းမှာတိုင်းပြည်၏ဖခင်ဖြစ်ကာ လူများစွာ၏ဘဝကိုကောင်းမွန်လာစေခဲ့သော ခေါင်းဆောင်ကောင်းတစ်ယောက်ပင်ဖြစ်လေသည်။

ဘုရင်ပိုင်လီထျန်းနန်းတက်ချိန်မှစ၍ တော်ဝင်နန်းတော်နှင့်ပြည်သူသည်တစ်သားတည်းဖြစ်လာခဲ့ကာ လူအားလုံးသည်ပိုင်လီထျန်းအားလေးစားချစ်ခင်ခဲ့ကြ၏။ ယခုတွင်မူအနှီပုဂ္ဂိုလ်မှာမရှိတော့ဟုဆိုလာလေရာ အဘယ်မှာလက်ခံနိုင်ပါမည်နည်း။

လူအပေါင်းသည် ဘုရင်မင်းမြတ်မရှိသောအနာဂါတ်ကို ကြောက်ရွံ့ထိတ်လန့်မိနေကြကာ တစ်ဖက်မှသစ္စာဖောက်များကိုလည်း ပြစ်တင်မုန်းတီးမိကြလေ၏။ သူတို့သည်အလွန်အကူအညီမဲ့ကာကြောက်ရွံ့လျက် ၎င်းမှာသတင်းမှားသာဖြစ်ကြောင်း၊ သူတို့၏ဘုရင်မင်းမြတ်ကထွက်ပေါ်လာ၍ဖြေရှင်းမည်ကိုမျှော်လင့်မိကြသည်။

သို့သော်လည်းထိုဖြစ်ရပ်မျိုးမှာရှိမလာခဲ့ချေ။ ရှေ့တန်းမှအခြေအနေသည်အလွန်ငြိမ်သက်နေခဲ့ပြီး ကောလဟာလများကိုရှင်းထုတ်ဖို့ဘယ်သူကမှမကြိုးစားကြချေ။ တစ်ချိန်တည်း၌ ရှယ်ဟန့်ပြည်တွင်မူ ရှယ်ဟန့်ဘုရင်၏ဈာပနကိုပင်လုပ်ဆောင်နေကြပြီဖြစ်သည်။

ထိုသို့ပွက်လောရိုက်၍ ကျုန်းလိပြည်စစ်မက်ရပ်စဲမည်ဟုခန့်မှန်းထားသည့်အချိန်၌ မထင်မှတ်ထားစွာဖြင့် ဘုရင်ငယ်ပိုင်ယွီသည် ကိုယ်ရံတော်ဖုန်းရွှယ်ပိုင်ဦးဆောင်သောအင်အားတောင့်တင်းသောစစ်ကူတပ်ကြီးအား ဖင်းယန်နယ်စပ်သို့စေလွှတ်ခဲ့ကာ စီမံကွပ်ကဲမှုကောင်းစွာဖြင့် ဖင်းယန်တိုင်းပြည်အားသိမ်းပိုက်နိုင်ခဲ့လေသည်။

ဤသို့ဖြင့် စစ်ပွဲနှစ်ခုကိုတစ်ပြိုင်နက်ရင်ဆိုင်နေခဲ့ရသော ကျုန်းလိပြည်၏အခြေအနေမှာရုတ်ချည်းအမြင့်ပိုင်းသို့ရောက်သွားခဲ့ပြီး ဆန့်ကျင်ဘက်အနေဖြင့်ဖိအားအလုံးစုံကိုရင်ဆိုင်နေရသူမှာ ရှယ်ဟန့်ပြည်အဖြစ်ပြောင်းလဲသွားတော့သည်။

တစ်ချိန်တည်း၌...

ပိုင်လီထျန်းနိုးထလာသည့်အချိန်၌ သူ၏ကြက်သွေးနီရောင်မျက်ဝန်းများမှာ ခဲရောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီး ဘုရင်မင်းမြတ်သည် သူနှင့်မရင်းနှီးသောပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်နေခဲ့လေ၏။

သူသည်ကျောင်းကန်တင်းတစ်ခု၌ထိုင်နေပုံရကာ စိမ်းသက်သောယူနီဖောင်းကိုဝတ်ဆင်ထားပေ၏။ အကောင်းစားနာရီပတ်ထားသော သူ၏ဖြူဖွေးသောလက်ကောက်ဝတ်ပေါ်၌သွေးကြောစိမ်းစိမ်းများရှိနေခဲ့ကာ လက်ဖဝါးတစ်ခုလုံးနူးညံ့ချောမွတ်နေပုံမှာလည်း မိမိ၏အတိတ်ဘဝနှစ်ခုလုံးနှင့်လုံးဝမသက်ဆိုင်နေခဲ့ပေ။

သူ့ရှေ့တွင်လည်း တူညီသောယူနီဖောင်းကိုဝတ်ဆင်ထားသောလူငယ်နှစ်ယောက်ရှိနေကာ သူ၏သူငယ်ချင်းနှစ်ယောက်ဖြစ်ဟန်ပင်။ ထိုသန့်ပြန့်၍အဆင့်အတန်းမြင့်ပုံပေါ်သော လူငယ်လေးနှစ်ယောက်က ရယ်ရယ်မောမောစကားပြောနေသည်ကိုကြည့်ရင်း ပိုင်လီထျန်းမိန်းမောနေခဲ့လေသည်။

သူခေါင်းငုံ့လိုက်သည့်အချိန်၌ ထိုင်နေသည့်ခုံတန်းဘေးတွင်စာအုပ်တစ်အုပ်ရှိနေခဲ့ပြီး ၎င်းကိုထိမိသည့်အချိန်၌ ပိုင်လီထျန်း၏မှတ်ဥာဏ်များအလုံးအရင်းဝင်ရောက်လာခဲ့သည်။ သူသည် ယခုသူရောက်နေခဲ့သည့်ဘဝနှင့်နောက်ဆက်ဖြစ်မည့်အရာများကိုပါ သိလိုက်ရသည်ပင်။

ပိုင်လီထျန်းသည်ကား ချမ်းသာသောမိသားစုမှထူးချွန်ထက်မြက်သောလူရည်မွန်လေးအဖြစ်မွေးဖွားလာခဲ့ကာ သူ့ကျောင်းမှလူငယ်လေးတစ်ယောက်အနိုင်ကျင့်ခံရသည်ကို မထင်မှတ်ဘဲမြင်သွားခဲ့သည်။ ထို့နောက် သူသည် လူငယ်လေးကိုမြင်မြင်ချင်းချစ်မိသွားကာ ကောင်လေးကိုအဆုံးစွန်ထိကူညီပေးရင်း ပေးဆပ်ခြင်းနှင့်ချစ်ခဲ့သော ဇာတ်ကောင်ဟုဆိုရလိမ့်မည်။

ဤကမ္ဘာမှဇာတ်လိုက်သည် ယခုပေါ်မလာသေးသော်လညား ပိုင်လီထျန်း၏သူငယ်ချင်းပင်ဖြစ်ကာ ၎င်းသည်လည်း ပိုင်လီထျန်းသဘောကျနေသောလူငယ်လေးအပေါ်မေတ္တာသက်ဝင်ခဲ့လေ၏။

အမှန်၌ဖန်းချန်းလော့၏ခန့်မှန်းချက်များမှာ တစ်ဝက်သာမှန်၍တစ်ဝက်မမှန်ကန်ပေ။ ပိုင်လီထျန်းသည် တစ်ချိန်လုံးသူ့ကိုချစ်ဖို့စီမံခံထားရသော်လည်း အမြဲဗီလိန်ဖြစ်နေတာမျိုးမဟုတ်ဘဲ ဇာတ်ကောင်နေရာကိုကျပန်းရရှိထားပေသည်။

ယခုတစ်ခါက်ဆိုလျှင်သူသည် သာမာန်လူငယ်မျှသာဖြစ်ကာ သူ့သူငယ်ချင်းနှင့်လူတစ်ယောက်ထဲကိုအတူချစ်နေမိကြောင်းသိသည်နှင့် နောက်ဆုတ်ခဲ့ပြီး ဇာတ်လိုက်အတွဲကိုအခက်အခဲကြားမှကူညီပေးသည့် အပေါ်ယံဇာတ်ကွက်များသာရှိ၏။ သူ့တွင်ဆိုးဝါးစွာသေဆုံးရမည့်ကြမ္မာမရှိ၊ ပင်ပန်းဆင်းရဲကြီးသောဒုက္ခများကိုခံစားဖို့မလိုပေ။ အကယ်၍ပိုင်လီထျန်းသာဆန္ဒရှိမည်ဆိုပါက ဤကမ္ဘာသည်ကား အကောင်းမွန်ဆုံးရွေးချယ်မှုဟုဆိုရလိမ့်မည်ပင်။

သို့သော် ယခုပြောနေသည့်သူမှာ ပိုင်လီထျန်းဖြစ်လေရာ သာမန်စံနှုန်းများအပေါ်မမှုဘဲ ၎င်းမှာလက်ထဲမှ ကျောင်းတွင်းအချစ်ဇာတ်လမ်းကဲ့သို့ရိုးရှင်းသောစာအုပ်လေးကို ဆုပ်ကိုင်လိုက်ရင်း ထိုအရာမပျောက်ကွယ်သွားမီ အလျင်စလိုထရပ်လိုက်လေ၏။ သူအမြန်ဤကမ္ဘာမှထွက်ရမည်။ ဝင်ပေါက်ပျောက်ကွယ်မသွားခင်၌ သူသေဆုံးမှသာ ဝိညာဉ်သည်အခြားသို့ပို့ခံရလိမ့်မည်ပင်။

ပိုင်လီထျန်းသည်မိမိကိုယ်ကိုသေစေနိုင်မည့် ပစ္စည်းတစ်ခုခုကိုရှာနေခဲ့ကာ အလွန်အမင်းအလျင်လိုနေခဲ့လေ၏။ သူ့မျက်စိရှေ့မှအစားအသောက်များမှ အသုံးမဝင်ပေ။ သူသည် လူများ၏ကြောင်အနေသောအကြည့်များအောက်၌ပင် ကန်တင်းမှချက်ပြုတ်ရာနေရာသို့အမြန်ပြေးသွားခဲ့ကာ အစီအရီထားထားသောမီးဖိုချောင်ဓားကို ဆွဲယူလိုက်လေသည်။

သူ့ဘဝ၌ ဤသို့ဗရုတ်သုတ်ခဆန်စွာသတ်သေရလိမ့်မည်ဟု ပိုင်လီထျန်းတစ်ခါမှမတွေးဖူးခဲ့ချေ။ ပိုင်လီထျန်း၏မျက်ခုံးနှစ်ဖက်မှာစုကျုံ့နေခဲ့ပြီး ခံစားချက်များ၏လွှမ်းမိုးခြင်းကိုခံရလုနီးပါပင်။ သူ၏လက်ကိုရွေ့လျားလိုက်သည်နှင့် သေဆုံးခြင်းကိုတစ်ဖန်ကြုံတွေ့ရမည်ဖြစ်ကာ ၎င်းအတွေ့အကြုံသည် သူနှင့်စိမ်းသက်စွာရင်းနှီးနေခဲ့ပေ၏။

လူတစ်ယောက်၏ဘဝ၌အပြင်းထန်ဆုံးဟူသော ခံစားချက်သည်ကား သေခြင်းတရားကိုကြောက်ရွံ့ခြင်းသာဟု ဆိုရလိမ့်မည်။ သူတို့သည်အဆုံးသတ်တော့မည်ကိုသိလိုက်ရသည်နှင့်တစ်ပြိုင်နက် ကြီးစွာသောနောင်တတရားကိုခံစားလိုက်ရကာ ကျန်ရှိသောအချိန်များအား မိမိချစ်ရသူများ၊ မိမိမြတ်နိုးရသောအရာများအပေါ် တွေးတောရင်းစွဲရစ်ကျန်ခဲ့နေရပေလိမ့်မည်။ ကြောက်ရွံ့ခြင်း၊ အမျက်ဒေါသနှင့် ဝမ်းနည်းကြေကွဲမှုတို့ကို တစ်ပြိုင်နက်ခံစားရင်း မိမိတို့ဘဝ၌ရွေးချယ်ခဲ့သောအရာများ၊ မိမိယုံကြည်ခဲ့သောအရာများအပေါ်ကြိမ်ဖန်များစွာမေးခွန်းထုတ်လျက်
လူ့လောက၏မတည်မြဲခြင်းအပေါ် မုန်းတီးပေလိမ့်မည်။

သေခြင်းတရားဟူသည်ကား တစ်ကြိမ်နှစ်ကြိမ်ကြုံတွေ့ပြီးသည်နှင့် ကျင့်သားရလာမည်အရာတစ်ခုမဟုတ်၊ ကြိမ်ဖန်များလေပို၍ကြောက်ရွံ့လာရလေဖြစ်ကာ ထိုသူသည်ရင်မဆိုင်ချင်တော့ဘဲ ထွက်ပြေးဖို့သာရွေးချယ်မိလိမ့်မည်ပင်။

သို့သော် ပိုင်လီထျန်းအတွက်မူမတူချေ။ သူ့မျက်လုံးများကိုမှိတ်လိုက်သည်နှင့် လွမ်းဆွတ်တမ်းတရသောပုံရိပ်များပေါ်ပေါက်လာခဲ့ကာ ထိုလူငယ်များ၏မျက်နှာများသည်သာ သူ့စိတ်ထဲပဲ့တင်ထပ်နေခဲ့၏။ သူသည်လုပ်ကိုလုပ်ရလိမ့်မည်ပင်၊ ၎င်းမှာမည်မျှပင်နာကျင်ရပါစေ၊ မည်မျှပင်ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်ပါစေ၊ သေချာပေါက်လုပ်ကိုလုပ်ရလိမ့်မည်သာဖြစ်သည်။

ပိုင်လီထျန်းအသက်ပြင်းပြင်းရှုရှိုက်လိုက်ရင်း သူ့လက်ထဲမှအရောင်မှေးမှိန်လာသော စာအုပ်ကိုတစ်ချက်ကြည့်မိလေ၏။ ထိုအခိုက် လူငယ်၏လည်တိုင်မှာပေါက်ထွက်သွားခဲ့ကာ ကျောင်းဝတ်စုံပေါ်၌ သွေးစများလွင့်စင်သွားခဲ့ရချေပြီ...။ လူမဆန်စွာသေဆုံးမှု၌ ထိုလူငယ်၏မျက်ဝန်းများမှာ ငြိမ်းချမ်းစွာမှိတ်နေခဲ့၏။ ၎င်းမှာ ပို၍ကောင်းသောနေရာတစ်ခုသို့ဦးတည်နေသည့်နှယ်..။

ဤသို့ဖြင့် သူ့ရှေ့မှလူငယ်နှစ်ယောက်မှာ ငြင်းခုန်နေရာမှရပ်တန့်သွားကြပြီး ရုတ်တရပ်ကန်တင်းမှထထွက်သွားသည့် သူတို့သူငယ်ချင်းအနောက်ကိုပြေးလိုက်ချိန်၌ မထင်မှတ်ထားသည့်ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရတော့သည်။ ၎င်းမှာတစ်စုံတစ်ခုကိုရှာဖွေနေပုံပေါ်၍အလွန်အလျင်လိုနေပုံပေါ်သည်မို့ သူတို့ကြောင်အမ်းအမ်းဖြင့်လိုက်လာခဲ့ခြင်းမျှသာပင်။ သို့သော်လည်း အကြင်သူဦးတည်ရာကို ရောက်သွားသည့်အချိန်တွင်မူ သူတို့နှစ်ယောက်မြင်လိုက်ရသည်က ကျောင်းကန်တင်းမီးဖိုချောင်မှဓားမှာ သူတို့သူငယ်ချင်းလည်တိုင်၌စိုက်ဝင်နေခဲ့ပြီး သွေးအမြောက်အများပန်းထွက်လျက် လဲကျနေခဲ့သည်ကိုသာမြင်လိုက်ရတော့သည်။

ဤသို့ဖြင့် နောက်ထပ်ကမ္ဘာများအား ပိုင်လီထျန်းဖြတ်သန်းခဲ့ကာ မတူညီသောသူ၏ဘဝများနှင့်မှတ်ဥာဏ်များကိုရင်ဆိုင်လိုက်ရချေ၏။ သူသည်မြောက်များစွာသောရှင်သန်ခွင့်များကိုအဖန်ဖန်စွန့်လွှတ်ရင်း သေခြင်းတရားကိုသာရူးရူးမူးမူးရှာဖွေနေခဲ့ရသည်။ ၇ကြိမ်မြောက်၌မူသူသည် ကံကောင်းသည်ဟုဆိုရမလားပင်မသိ၊ စစ်မြေပြင်တွင်တိုက်ခိုက်နေစဉ်၌ကူးပြောင်းလာခဲ့သည်ဖြစ်ရာ မိမိလက်ထဲမှဓားကိုလွှတ်ချလိုက်ရုံမျှဖြင့် လွယ်လွယ်ကူကူသေနိုင်ခဲ့လေသည်။

တစ်ဘဝ၌သူသည် ဖုန်အလူးလူးနှင့်လယ်စိုက်နေခဲ့ကာ အခြားဘဝ၌မူ မင်းသားတစ်ယောက်ဖြစ်နေခဲ့ပြီး ပရိတ်သတ်များစွာကိုလက်ဝေ့ယမ်းပြနေခဲ့လေသည်။ တစ်ခါတစ်လေ၌ ဝင်ပေါက်စာအုပ်သည်ပို၍လျင်မြန်စွာပျောက်ကွယ်လုနီးပါးဖြစ်တတ်သည်မို့ သူသည်မိမိလျှာကိုကိုက်ဖြတ်၍ သတ်သေရသည်အထိပါတွေ့ကြုံခဲ့ရ၏။

ဤသို့ဖြင့်သူသည် သေဆုံးခြင်းစက်ဝန်း၌အကြိမ်ကြိမ်အဖန်ဖန်ကျရောက်နေခဲ့ကာ ဘယ်နှစ်ကြိမ်အထိသေပြီးပြီမှန်း ပိုင်လီထျန်းမရေတွက်နိုင်တော့ပေ။ သူ၏ဦးနှောက်မှာထုံထိုင်းနေခဲ့ပြီး အကြိမ်ကြိမ်အဖန်ဖန်အနာကျင်ခံကာ အကြောက်တရားများကိုဖြတ်ကျော်၍ သူ့ကမ္ဘာသို့ပြန်ရောက်နိုင်ဖို့ဟူသောမျှော်လင့်ချက်ကိုသာဆုပ်ကိုင်ထားခဲ့ရလေသည်။

သို့သော် လောကကြီးကသူ့အားစမ်းသပ်၍မဝနိုင်ဟန်ပါပင်။ ပိုင်လီထျန်းတစ်ခေါက်နိုးလာသည့်အချိန်၌ သူ့ရင်ခွင်ထဲဖန်းချန်းလော့အိပ်မောကျနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ တိုးဝင်လာခဲ့သည့်မှတ်ဥာဏ်အရ သူသည်သာ ဤကမ္ဘာ၏ဇာတ်လိုက်ဖြစ်ကာ ဖန်းချန်းလော့ကိုပိုင်ဆိုင်ရမည့်သူဟူ၍ပင်။

ဇာတ်လိုက်၏ရွှေလက်ချောင်းကိုပိုင်ဆိုင်ထားသောကမ္ဘာတွင် ပိုင်လီထျန်းသည်မည်သည်ကိုမှကြောက်စရာမလိုဘဲ သူလက်ညှိုးညွန်ရာရွှေဖြစ်နေမည်သာပင်။ သူသည် ဖန်းချန်းလော့၏အကြွင်းမဲ့ချစ်မြတ်နိုးခြင်းကိုခံရကာ လှပသည့်အဆုံးသတ်နှင့်အေးချမ်းသောဘဝတစ်ခုကိုပိုင်ဆိုင်ထားခဲ့လေသည်။ အလွန်ကောင်းမွန်လွန်းလှပေသည်။ ကောင်းမွန်လွန်းလှပါသဖြင့် အတိတ်မှပိုင်လီထျန်းသာဆိုလျှင် အိပ်မက်တစ်ခုကဲ့သို့ပင်ခံစားရ၍ ချက်ချင်းဆိုသလိုနေဖို့ရွေးချယ်လိုက်မည်သာပင်။

သို့သော် ယခုတွင်မူပိုင်လီထျန်းသည် အနည်းငယ်မျှပင်တုန့်ဆိုင်ခြင်းမရှိဘဲ ကျင့်သားရနေသကဲ့သို့သေစေနိုင်သည့်ပစ္စည်းတစ်ခုအားရှာဖွေနေခဲ့လေ၏။ အဘယ်ကြောင့်မှန်းသူမတွေးခဲ့ပေ။ သူသည်ဖန်းချန်းလော့၏မျက်နှာကိုငေးကြည့်ရန်အချိန်မပေးခဲ့သလို စဉ်းစားဆုံးဖြတ်ဖို့အနည်းငယ်မျှပင်စိတ်မကူးခဲ့ဘဲ သံပတ်ပေးထားသော 'မိမိကိုယ်ကိုသတ်သေသည့်စက်ရုပ်'ကဲ့သို့ အိပ်ခန်းပြတင်းပေါက်ကိုဖွင့်ချ၍ နှစ်ခေါက်မစဉ်းစားဘဲချက်ချင်းခုန်ချလိုက်တော့သည်။

အတိတ်ဘဝ၌သူသည် ဖန်းချန်းလော့သာနိုးထလာခဲ့ပါလျှင် လုံလောက်သည်ဟုတွေးခဲ့ဖူးသည်။ လူငယ်လေးကသူနှင့်အတူ ရှိဖို့ဆုံးဖြတ်လိုက်မည်ဆိုလျှင်တော့ အတိုင်းအထက်အလွန်ပါပင်။ ယခုကမ္ဘာသည်လည်း သူ၏ဆန္ဒများပြည့်ဝလိမ့်မည့်ကမ္ဘာသာဖြစ်၏။ သို့သော် ဘာကြောင့်မှန်းမသိ ပိုင်လီထျန်းမလိုချင်တော့ပေ။ အချိန်များစွာနောက်ကျသွားသည်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူ့အတွက်ဤကမ္ဘာမှာ အနှစ်သာရမရှိခဲ့ဘဲ လစ်လပ်နေသောခံစားမှုကိုသာပေးနေ၏။

သေချာပါသည်။ ဤတွင် သူအမှန်တကယ်လိုချင်သည့် လူငယ်လေးများ မရှိခဲ့ပေ။

ဘုရင်မင်းမြတ်သည်ကား မသိလိုက်မသိဘာသာနှင့်ပင် ချစ်ခြင်းတရား၌တစ်ဆင့်ပို၍နက်ရှိုင်းစွာ တိုးဝင်သွားခဲ့လေသည်။ ဤလူသားလေးများနှင့်ယှဉ်ကြည့်ပါက ဖန်းချန်းလော့၏ဖြစ်တည်မှုမှာလုံးလုံးလျားလျားကိုပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ ထိုသို့သူ၏နှလုံးသားကိုကောင်းစွာနားလည်ခွင့်ရလိုက်သည့်အတွက် ပိုင်လီထျန်းဝမ်းမြောက်မိချေ၏။

သူသည်အမြန်ဆုံးပြန်သွားပြီးနောက် မြတ်နိုးရသောလူငယ်လေးများကိုထွေးပွေ့ဖို့မစောင့်နိုင်တော့ချေ။

ဤသို့ဖြင့် သူနောက်တစ်ကြိမ်ထပ်နိုးလာသည့်အချိန်၌ အလွန်အလျင်လိုနေခဲ့ကာ မျက်လုံးဖွင့်လိုက်သည်နှင့် ချက်ချင်းရုန်းကန်လိုက်ရင်း သူ့ဘေးတွင်ရပ်နေသည့်လူ၏ခါးတွင်ချိတ်ထားသောဓားအား ဆွဲယူလိုက်တော့သည်။

ရင်းနှီးနေသောဓားသွားအနက်ရောင်အား ပိုင်လီထျန်းမစူးစမ်းမိခင်၌ ဓားဖျားကိုသူ၏လည်တိုင်သို့ထိုးဖောက်ရန်အသင့်ဖြစ်နေခဲ့ပြီပင်။

"ပိုင်လီထျန်း!"

ရင်းနှီးနေသောခေါ်သံစူးစူးကိုအဝေးမှကြားလိုက်ရပြီးနောက် မထင်မှတ်ထားသည့် လက်ဝဝတုတ်တုတ်လေးတစ်ဖက် သူ့ရှေ့တွင်ခံထားခဲ့ကာ လက်ထဲမှဓားကိုလဲတစ်စုံတစ်ယောက်ကရိုက်ချလိုက်သည်မို့ ကြမ်းပြင်သို့ကျယ်လောင်စွာသက်ဆင်းသွားတော့သည်။ ပိုင်လီထျန်းခဏတာမျှမှင်သက်သွားခဲ့ပြီး အလွန်ရင်းနှီးနေသောအသံလာရာကိုလှည့်ကြည့်မိသည့်အချိန်၌ လိမ္မော်ရောင်ဝတ်ကြင်ယာတော်လေး၏ခံစားချက်များရောယှက်နေသောအကြည့်ကိုသာတွေ့လိုက်ရတော့သည်။

ပိုင်လီထျန်းသည် စက္ကန့်အနည်းငယ်မျှဘာမှမပြောနိုင်ခဲ့ဘဲ လူ ၁၄ယောက်ရှိသော တစ်ခန်းလုံးမှာတိတ်ဆိတ်နေခဲ့ပေ၏။ ဓားဆွဲလုခံလိုက်ရသော ဖုန်းရွှယ်ပိုင်၏မျက်နှာလည်းဖြူဖျော့နေခဲ့ကာ မိမိ၏ပေါ့ဆမှုအပေါ်ကြိတ်အပြစ်တင်နေသည့်နှယ်။ 

ပိုင်လီထျန်းသည်သူနှင့်ဓားသွားရှေ့အား ဝင်ကာလိုက်သောလက်ပိုင်ရှင်ကိုကြည့်မိသည့်အချိန်၌ အံသြမှုအရိပ်အယောင်ဖြတ်သန်းသွားခဲ့ရလေသည်။ လီချွန်းဖန်သည် သူရှိနေသည့်အိပ်ယာဘေးတွင်နီးနီးကပ်ကပ်ရှိနေခဲ့ပေါ်ကာ သူ၏ရုတ်တရပ်အပြုအမူကြောင့် အလွန်ထိတ်လန့်စွာဖြင့် မိမိလက်ကိုမသိစိတ်အရဆန့်ထုတ်ကာလိုက်မိပုံပင်။ အကယ်၍ ဖုန်းရွှယ်ပိုင်သာအချိန်မှီမတုန့်ပြန်ခဲ့ပါက ထိုလက်ကလေးမှာပြတ်ထွက်သွားလောက်ချေပြီ။

ပုံမှန်အားဖြင့် လီချွန်းဖန်သည်ကား ကြက်ကလေးကဲ့သို့အလွန်ကြောက်တတ်သော ကလေးပေါက်စပင်ဖြစ်၍ အဘယ့်ကြောင့်မှမိမိကိုယ်ကိုအန္တရာယ်ထဲတွန်းပို့လိမ့်မည်မဟုတ်ချေ။ သို့သော်ယခုတွင်တော့ ထိုလူငယ်လေးသည် ပိုင်လီထျန်းအား ပူပင်ထိတ်လန့်သောမျက်ဝန်းလေးများဖြင့် မော့ကြည့်နေခဲ့ရင်း ပိုင်လီထျန်း၏ဝတ်ရုံလက်ကိုတင်းတင်းလေးဆွဲကိုင်ထားချေ၏။ ၎င်းမှာ ပိုင်လီထျန်း၏ယခင်အပြုအမူကို သိသိသာသာဆန့်ကျင်ကြောင်းပြသလျက်..။

ထို့နည်းတူ ဘေးမှအခြားကြင်ယာတော်လေးများသည်လည်း ပိုင်လီထျန်း၏မဆင်မခြင်အပြုအမူအားနားမလည်သည့်နှယ် အလွန်အမင်းစိတ်ပူနေသောမျက်နှာလေးများကိုလည်း သူခံစားမိသည်ပင်။ ပိုင်လီထျန်းသည် သက်ပြင်းဖွဖွချလိုက်ရင်း ပါးချိုင့်ခွက်ခွက်လေးပေါ်လာသည်အထိ ခန့်ညားချောမောသောအပြုံးတစ်ခုကိုပြသလာခဲ့တော့သည်။

"တောင်းပန်ပါတယ် ကိုယ်..."

သို့သော် ပိုင်လီထျန်းစကားဆုံးအောင်မပြောရမီ၌ပင် ကိုယ်လုံးသေးသေးလေးများက သူ့ရင်ခွင်ထဲတိုးဝင်လာခဲ့ကာ အဆုံး၌ပိုင်လီထျန်းလက်မဆန့်တော့သည်အထိလူငယ်လေးများကို ပွေ့ဖက်ထားရသည်ကိုသာခံစားလိုက်ရတော့သည်။

ပိုင်လီထျန်းနှုတ်ခမ်းထောင့်စွန်းများ ဖြည်းညှင်းစွာတွန့်ကွေးသွားခဲ့ပြီး စကားတစ်ခွန်းမဆိုတော့ဘဲ လူငယ်လေးများအားသူ၏နိုးထလာမှုအပေါ်အတည်ပြုခွင့်ပေးထားလိုက်ရတော့သည်။

နောက်ဆုံးတော့ သူရောက်လာခဲ့ချေပြီ...။ ကြိမ်ဖန်များစွာတောင့်တရင်း အဆုံးစွန်သောမျှော်လင့်ချက်ဖြစ်သည့် ကမ္ဘာ၊ သူချစ်ရသောဤလူငယ်လေးများရှိနေပါသော ဤကျုန်းလိပြည်ထံသို့ သူပြန်လာခွင့်ရခဲ့ချေပြီ။

ထိုနောက်တွင်တော့ ပိုင်လီထျန်းသိလိုက်ရသည်က သူမေ့မြောနေခဲ့သည်မှာသုံးလပြည့်တော့မည်ဖြစ်ကာ ဤတစ်နှစ်လုံးအား သူသည်မိမိကိုယ်ကိုသတ်သေရင်းဖြင့်သာကုန်ဆုံးနေခဲ့ရကြောင်းပင်။ ၎င်းအခြေအနေကိုမူ ပြင်ပကလူများမှာအဘယ်နားလည်နိုင်မည်နည်း။

သူတို့သိလိုက်ရသည်က ဝူရှီးပြည်မှကဝေနတ်ဆိုးရောက်လာခဲ့ပြီး ပိုင်လီထျန်း၏ဝိညာဉ်ကိုနှုတ်ယူသွားသည်ဟုသာပင်။ ၎င်းကလည်း ဆရာဟန်ဇီ၏ခန့်မှန်းချက်သက်သက်သာဖြစ်ခဲ့ပြီး မသေချာမရေရာသည့်အခြေအနေ၌ သတိလစ်မေ့မြောနေခဲ့သော ဘုရင်မင်းမြတ်နိုးထလာမည့်အချိန်ကိုသာစောင့်ဆိုင်းနေခဲ့ကြရ၏။ သူတို့သည် အမှားအယွင်းတစ်ခုပင်အဖြစ်မခံနိုင်ချေရာ ပိုင်လီထျန်းဘေးတွင်စောင့်နေခဲ့ကြပြီး တစ်ဖက်လူမှာရက်ပေါင်းများစွာကြာသည်အထိနိုးထမလာခဲ့ပါချေ။

ပိုင်လီထျန်းစိတ်မကောင်းဖြစ်မိသော်လည်း သူ့အနေဖြင့် ဝိညာဉ်ကူးပြောင်းလာခြင်းအကြောင်း ထုတ်မပြောနိုင်သည်မို့ ဘာမှမတတ်နိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည်ကား ဤအချိန်အတွင်း၌များစွာသောကမ္ဘာများအားလှည့်ပတ်နေခဲ့ပါသည်ဟု မည်သူကပြောထွက်ပါမည်နည်း?

စစ်ပွဲကတော့ သေချာပေါက်မပြီးသေးချေ။ ပိုင်ယွီ၏စီမံခန့်ခွဲမှုနှင့်အခြေအနေကိုထိန်းသိမ်းထားပြီး ပိုင်လီထျန်း၏ထီးနန်းအပေါ်လည်းမည်သူကမှမေးခွန်းမထုတ်ခဲ့။ ဘုရင်မင်းမြတ်ကသက်ရှိထင်ရှားရှိနေသေးသည်။ သူတို့အဘယ်မှာ ထီးနန်းလွှဲဖို့တွေးနိုင်မည်နည်း? လူတိုင်းကပိုင်လီထျန်းသေချာပေါက်နိုးလာလိမ့်မည်ဟုသာ တင်းတင်းကြပ်ကြပ်ယုံကြည်ထားပြီး နိုးမလာနိုင်တော့မည့်ဖြစ်နိုင်ချေကိုသိသော်ငြား ဘယ်တော့မှထုတ်မပြောခဲ့ချေ။

ဤသို့ဖြင့် ပိုင်လီထျန်းတစ်ယောက် တစ်ချိန်လုံးစိုးရိမ်ပူပန်နေခဲ့ရသောလူငယ်လေးများ၏ တင်းတင်းကြပ်ကြပ်ကာကွယ်ဂရုစိုက်ခြင်းကိုခံလိုက်ရတော့သည်!

သူကတော့သေချာပေါက်ကျန်းမာပါသည်။ ဆိုရလျှင် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိဘဲဝိညာဉ်သာလျှင် ခရီးသွားနေခဲ့ခြင်းမို့ သူပြန်ရောက်သည့်အချိန်၌ဘာပြသနာမှမရှိတော့ချေ။ သို့သော်လည်း သူ့ချစ်သူလေးတွေကသူ့ကို လုံးဝအပင်ပန်းခံခွင့်မပြုဘဲ အန္တရာယ်ရှိသည့်မည်သညိ့ကိစ္စအနီးမဆို ပိုင်လီထျန်းကိုအနားကပ်ခွင့်မပြုပေ။ သူက ကောင်းကောင်းအနားယူနေဖို့သာလိုအပ်ကာ ကိစ္စအားလုံးကိုလိုလေသေးမရှိ အလိုလိုက်ထားခြင်းခံလိုက်ရလေ၏။

နံနက်သူနိုးလာသည့်အချိန်တွင် ရှန်ယွင်ကအသင့်စောင့်နေလျက် နူးညံ့သောလက်ကလေးများဖြင့်ကိုယ်တိုင်မျက်နှာသစ်ပေးသည်ကိုခံရလိမ့်မည်။ တစ်နေ့၌ ပိုင်လီထျန်းသည်အိပ်ယာမထချင်ဘဲ နှိုးရန်လာသည့်ဤလူငယ်လေးကို အိပ်ယာပေါ်ဖိချကာ သူ၏ကိုယ်ပိုင်ဖက်လုံးလေးအဖြစ်အသုံးပြုရင်း တင်းတင်းကြပ်ကြပ်ထွေးပွေ့ထားလိုက်ချေ၏။

"ကိုယ်တော်မနိုးသေးဘူး"

ပြောရင်းဖြင့် သူကမျက်လုံးကိုတင်းတင်းမှိတ်ထားရင်း 'လုံးဝနိုးကြားမနေသည်မို့ ရှန်ယွင့်ကိုခေါင်းအုံးလေးကဲ့သို့အထင်မှားမိပါသည်'ဟူသောအကြောင်းပြချက်ဖြင့် ထွေးပွေ့ထားသည်ကိုလွှတ်မပေးတော့ချေ။

ဤသို့သောအပြုအမူအားရှန်ယွင်မည်သို့တုန့်ပြန်ပါမည်နည်း? သေချာပေါက်ပင် ၎င်းကဘုရင်မင်းမြတ်ကိုအလိုလိုက်မည်ဖြစ်ကာ အကြင်သူ၏လိမ္မာရေးခြားရှိသောခေါင်းအုံးလေးအဖြစ် အဖော်ပြုပေးလေသည်။

"ကိုယ်တော်ကအနမ်းမရမချင်းအိပ်ရာမနိုးဘူး"

ရှန်ယွင့်ထံမှရယ်သံတိုးတိုးလေးထွက်လာခဲ့ကာ ချစ်ရသူ၏နဖူးကိုဖွဖွနမ်းရှိုက်ရင်း ချော့မြူမိချေ၏။

"ဒီလောက်ဆိုလုံလောက်ပါရဲ့လား အရှင်?"

သေချာပေါက် အဘယ်မှာလုံလောက်ပါဦးမည်နည်း? ပိုင်လီထျန်းက မကျေနပ်သေးသည့်အသံပြုလိုက်ရင်း သူ့ရဲ့ရှန်ဖေးကိုပိုတင်းတင်းလေးဖက်လိုက်ကာ နှစ်ယောက်သား တစ်သားတည်းဖြစ်သွားဖို့ပင်မျှော်လင့်နေ၏။ ဤသို့ဖြင့် ပိုင်လီထျန်းမည်မျှပြသနာရှာနေပါစေ ရှန်ဖေးကသူ့ကိုချိုသာသောအပြုံးလေးပေးကာချော့မြူလိမ့်မည်ပင်။

ထို့နောက်တွင်တော့ ပွစိပွစိဆူပူရင်းဖြင့် ရှင်းချန်ကခေါင်းဖြီးပေးလိမ့်မည်။ ဆူပူရသည်မှာလည်းအခြားမဟုတ်၊ ဤဘုရင်မင်းမြတ်သည်ကား အလွန်ပင်ဆိုးသွမ်းလှကာ ကြင်ယာတော်လေးကိုအေးချမ်းစွာခေါင်းဖြီးခွင့်မပေးဘဲ အမျိုးမျိုးစနောက်လွန်းလှသည်ပင်။ သူသည်ရှင်းချန်အားပေါင်ပေါ်ဆွဲတင်လိုက်ရင်းမျက်နှာချင်းဆိုင်ထိုင်စေကာ ခေါင်းဖြီးလို့ရပြီဖြစ်ကြောင်းပြော၏။ ဤသို့ထူးဆန်းသောအနေအထားကြီးဖြင့်အဘယ်မှာဖြစ်နိုင်ပါမည်နည်း? ရှင်းချန်ကသဘောမတူလေတော့ ၎င်းကအာဏာရှင်ဆန်စွာဖြင့်မိန့်ကြားလိုက်သေးသည်။

"ကိုယ်တော်ကဘယ်လိုလုပ်မင်းကိုစိတ်ချလက်ချကျောခိုင်းထားနိုင်မှာလဲ? တကယ်လို့ကွေ့ဖေးကပုန်ကန်ဖို့စဉ်းစားနေမယ်ဆိုရင်နောက်ကျောမှာဓားဝှက်ထားရင်တောင် ကိုယ်တော်သိနိုင်မှာမဟုတ်ဘူး... ဒီတော့ဒီလိုပဲဖြီးသင့်တယ်!"

လွန်စွာမှကျိုးကြောင်းမဆီလျော်လှသောဤခင်ပွန်းသည်၏ မျက်နှာပြောင်တိုက်မှုကိုရှင်းချန်မျက်လုံးသာလှိမ့်လိုက်မိတော့သည်။ တစ်ချက်တစ်ချက်၌ ငြိမ်ငြိမ်မနေသောပိုင်လီထျန်း၏လက်များက သူ့ကိုစနောက်နေလေရော ရှင်းချန်းသည်းမခံနိုင်တော့ဘဲ ဤလူသား၏လည်တိုင်ကိုကိုက်ဆွဲမပစ်ပဲမနေနိုင်တော့ပါချေ။

"အဘိုးကြီး ခင်ဗျားငြိမ်ငြိမ်နေဖို့မဖြစ်နိုင်ဘူးလား? ခင်ဗျားကိုသင်းကွပ်ပြီးကျုပ်ပစ်ထားလိုက်ရတော့မလား ပြော"

မနက်မိုးလင်းကတည်းက ဒီလူကသက်သက်ကိုဒေါသဆွဲနေတာပဲ!

ဤသို့ဖြင့် လည်ပင်းနှင့်လက်မောင်းတွင်ကိုက်ရာပလပွရလာသော ပိုင်လီထျန်းတစ်ယောက်အလွန်ရွှင်လန်းစွာဖြင့်ပင် အမြွာနှစ်ယောက်၏ဝတ်ရုံလဲပေးခြင်းကိုခံယူလိမ့်မည်ပင်။ သူသည် နမော်နမဲ့နိုင်လှသော ငွေရောင်ခေါင်းလုံးလေးနှစ်ခုက ဟိုပြေးဒီပြေးဖြင့် သူ့တစ်ကိုယ်လုံးကိုနှစ်ယောက်ပတ်ပတ်လည်လှည့်နေကာ အဆင်တန်ဆာတစ်ခုချင်းဆင်ပေးနေသည်ကို ရယ်ရွှင်မြူးစွာကြည့်နေခဲ့လေ၏။ ညီအစ်ကိုနှစ်ယောက်သားက သူ့ကိုခစားဖို့အတော်လေးတက်ကြွသော်လည်း ငတုံးလေးများသာဖြစ်ကြသည်မို့ အချို့သောကျုန်းလိ၏အဆင်တန်ဆာများအား ၎င်းတို့မတပ်ဆင်တတ်ကြပါချေ။

ထိုအချိန်မျိုး၌ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ငိုမဲ့မဲ့ဖြစ်နေကြသည့် အမြွှာတို့ဖူးတုံးလေးနှစ်တုံးကို ပိုင်လီထျန်းကသူ့ပေါင်ပေါ်တွင်တစ်ဖက်တစ်ချက်စီတင်လိုက်မည်ဖြစ်ကာ လူငယ်လေးများကိုဖြည်းညှင်းစွာသင်ပြလိမ့်မည်ပင်။ ပါးလေးနှစ်ဖက်ရဲသည်အထိ အာရုံစူးစိုက်ကာနားထောင်နေကြသော ချန်းရှနှင့်အန်းရှ၏မျက်နှာလေးများကို ပိုင်လီထျန်းတစ်လှည့်စီခပ်ဖွဖွနမ်းဖို့လဲမမေ့ပါချေ။

သူကတန်ဖိုးကြီးတဲ့ ဆရာတစ်ဆူဖြစ်တာကြောင့် သင်ကြားခတော့ယူသင့်တယ်လေ!

ဤမြင့်မြတ်သောဆရာသခင်မှာ သူ၏တပည့်လေးမုယောင်အန်းအား စားချင်သမျှစိတ်ကြိုက်မှာခွင့်ရှိပြီး တစ်ဖက်လူကို အရှက်မဲ့စွာခွံ့ကျွေးခိုင်းသည်အထိကို ဇိမ်ခံလွန်းလှပေ၏။ နှမြောစရာကောင်းသည်ကတော့ မည်သူမျက်စိနောက်နေပါစေ တစ်ဖက်လူကသူ၏ကိုယ်ပိုင်စားဖိုမှုးလေးဖြစ်လေရာ ပိုင်လီထျန်းစားသောက်သည်ကို မေးထောက်ရင်းချစ်မြတ်နိုးစွာငေးကြည့်နေသည်ကိုမရပ်ခဲ့ပေ။

ထို့နောက်အချိုပွဲစားစဉ်၌ ယပ်ခတ်ပေးရင်းအဖော်ပြုနေသော လီချွန်းဖန်အား ပိုင်လီထျန်းကအချိုပွဲအဖြစ်သုံးဆောင်လိမ့်မည်ပင်။ သစ်သီးယိုစုံကဘာလဲ? ချိုချဉ်ခဲကဘာလဲ? သူ့ချွန်းဖန်လေးရဲ့ပါးဖောင်းဖောင်းလေးလောက် ဘယ်ဟာကမွေးပြီးနူးညံ့နိုင်ဦးမှာမို့လို့လဲ အာ?!

လူငယ်လေးရဲ့အိစက်စက်ပါးတုံးလေးကို ခပ်ဖွဖွကိုက်ခဲလိုက်ရင် သူ့ရဲ့သွားစွယ်တွေနတ်ပြည်ရောက်သွားသလိုမျိုး အသည်းတယားယားတုန်လှုပ်သွားရတော့တာပဲ!

"လိမ္မာတယ်.. ကိုယ်တော့်ကိုနည်းနည်းလောက်ပေးကိုက်ပါဦး"

လီချွန်းဖန်က သူ့ပါးလေးနှစ်ဖက်ကိုလက်တုတ်တုတ်လေးနှစ်ဖက်ဖြင့်အုပ်ထားရင်း သားရဲကြီးကိုငြင်းဆိုလိုက်ကာ ရင်ခွင်ထဲဘောလုံးလေးကဲ့သို့လှိမ့်ဝင်သွားလိုက်လေသည်။

"ကျွန်တော်လိမ္မာပါ့မယ် ပါးနှစ်ဖက်ကိုတော့အသက်ချမ်းသာပေးလိုက်ပါနော် အရှင်မင်းကြီး.."

ရင်ခွင်ထဲတိုးဝင်ချွဲရင်းသူ့ကိူမျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့်စိုက်ကြည့်ကာအသနားခံမှုကို ပိုင်လီထျန်းအဘယ်မှာတောင့်ခံနိုင်ပါမည်နည်း? သူက ချစ်ဖို့ကောင်းလွန်းသည့် သူ့ရဲ့ချွန်းဖန်လေးကို နူးညံ့စွာထွေးပွေ့လိုက်ရင်း အတန်ကြာသည်အထိ နှစ်ယောက်သားကလူကျီစယ်ကြလေသည်။

ထိုမျှလောက်နှင့်မပြီးသေး၊ ညနေခင်း၌ ဟန်ဇီရှိုးယွမ်ကသူ့အား စာအုပ်များဖတ်ပြရင်း အဖော်ပြုပေးမည်ဖြစ်ကာ ပိုင်လီထျန်းအနေဖြင့် ကိုယ်တိုင်ရေနွေးငှဲ့ဖို့ပင်မလိုချေ။ အကယ်၍သူညသန်းခေါင်အိပ်ရာမှနိုးလာလျှင် သူ့ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးရင်း ညှင်ညှင်သာသာချော့သိပ်ရန် ကုနျန်ရိကအမြဲရှိနေခဲ့လေ၏။ လူငယ်လေးများက ၎င်းအားအသေးအမွှားလေးများကအစ လိုက်လံဂရုစိုက်ပေးနေခဲ့ကာ မျက်စိအောက်မှအပျောက်မခံနိုင်ကြပေ။ ပိုင်လီထျန်းကစစ်တိုက်ထွက်ချင်ကြောင်းဆန္ဒပြမည်ဆိုပါက သူ့အားအနမ်းချိုချိုလေးများပေး၍ ချော့မြူမည်ဖြစ်ကာ အနည်းဆုံးတစ်လလောက်တော့အနားယူသင့်ကြောင်း ချော့တစ်ခါခြောက်တစ်လှည့်ဖြင့်တောင်းဆိုကြလိမ့်မည်ပင်။

ပိုင်လီထျန်း - "...."

သူအတိတ်ဘဝက နိုင်ငံကိုကယ်ခဲ့မိတာလား? အဲ့တာမျိုးမှတ်ဥာဏ်သူ့မှာတကယ်မရှိပါဘူးနော်!

မည်သ်ု့ပင်ဆိုစေကာမူ နေ့ရက်တိုင်းကို ပိုင်လီထျန်းသက်သောင့်သက်သာဖြတ်သန်းနေခဲ့ရသည်ပင်။

သို့သော်လည်း ပိုင်လီထျန်း၏ထိုသက်သောင့်သက်သာရှိသောနေ့ရက်များက ထင်သလောက်မကြာခဲ့ပါချေ။ တစ်ရက်သောနေ့တွင်တော့ ဘုရင်ငယ်လေးတစ်ယောက်သည်းခံနိုင်စွမ်းမရှိတော့ဘဲ သူ့တံခါးဝသို့ရောက်လာခဲ့ကာ အငြိမ်းစားယူဖို့ပြင်နေသည့်ဘုရင်မင်းမြတ်အား အတင်းဆွဲထုတ်လာရတော့သည်။

သူသည်ကားတစ်နှစ်ကျော် ပုလ္လင်ပေါ်ထိုင်ပြီးသည့်နောက် ဒီမီးပူပူကို လက်လွှဲပေးဖို့မစောင့်နိုင်တော့ပါချေ။ ပိုင်ယွီခမျာ မည်မျှပင်မအားမလပ်နိုင်ဘဲ တစ်ချိန်လုံးပင်ပင်ပန်းပန်းအလုပ်လုပ်နေခဲ့ကြောင်းညည်းညူကာ အကယ်၍သူသာ တိုင်းပြည်ရေးရာထဲဆက်လက်စိတ်နှစ်ထားရဦးမည်ဆိုလျှင် သူ့ရဲ့ဇနီးလေးကပင်ထားသွားတော့မည်ဖြစ်ကြောင်း ငိုကြွေးပူဆွေးပြလိုက်သေးသည်။

ပိုင်လီထျန်းလည်းမတတ်နိုင်တော့ချေ။ သူသည် ညီတော့်ဘေး၌ တစ်ချက်ပင်မခွာနိုင်ဘဲ တစ်ချိန်လုံးမတ်တပ်နေခဲ့သည့် ယောက်ဖတော်ကိုကြည့်ရင်း မျက်လုံးသာလှိမ့်လိုက်တော့၏။

ဘယ်ဇနီးလေးကမင်းကိုထားသွားမယ်လို့ပြောနေတာလဲ? မင်းကသာသူ့ရဲ့အေးချမ်းတဲ့ဘဝလေးကို အလေလိုက်ရင်းဒုက္ခတွေရှာပေးဖို့မစောင့်နိုင်တော့တာလေ!

ဤသို့ဖြင့် ၁၃၁ခုနှစ်၊ တတိယမင်းဆက်၏တစ်ဆယ့်လေးနှစ်မြောက် ကျုန်းလိပြည်သမိုင်းတစ်လျှောက်၌ အကြီးမားဆုံးသောအောင်မြင်မှုတစ်ခုဖြစ်သော ကျုန်းလိ-ရှယ်ဟန့်စစ်ပွဲအား ဘုရင်မင်းမြတ်ပိုင်လီထျန်းကိုယ်တော်တိုင်ချီတက်တိုက်ခိုက်၍ အောင်ပွဲဆင်နွှဲနိုင်ခဲ့သည်။ သမိုင်း၌ အရှင်မင်းကြီး၏ရဲဝံ့သောတိုက်ခိုက်ဟန်များ၊ ကျွမ်းကျင်လိမ္မာသောစစ်ရေးဗျူဟာနှင့် အင်အားတောင့်တင်းသောကျုန်းလိတပ်မတော်ကြီးအားဦးဆောင်ခဲ့ပုံကို ထင်ရှားစွာရေးသားဖော်ပြခဲ့ကာ ကျုန်းလိတတိယမင်းဆက်မှဘုရင်၏စစ်ရေးပန်းချီများမှာ ရှယ်ဟန့်သွေးများဖြင့်ခြယ်မှုန်းနေခဲ့လေသည်။

ရှယ်ဟန့်တိုင်းပြည်အလံကို ဘုရင်မင်းမြတ်ကနင်းချေလိုက်ရင်း ရှယ်ဟန့်နန်းတော်မှမိစ္ဆာအားသတ်ဖြတ်ပြီးချိန်၌ သူ၏ကြက်သွေးနီရောင်မျက်ဝန်းများမှာ စက်ဆုပ်မှုဖြင့်လောင်မြိုက်နေခဲ့သည်ပင်။ လူအပေါင်းကဤမြင်ကွင်းကိုပြန်လည်ပြောပြသည့်အချိန်တိုင်း ကျောရိုးတစ်လျှောက်စိမ့်အေးသွားကြကာ ဘုရင်မင်းမြတ်သက်တော် ၁၆နှစ်၊ ပုန်ကန်သူနှိမ်နှင်းရန်ဦးဆောင်ခဲ့ချိန်တုန်းက သွေးအေးရက်စက်သောပုံရိပ်ကိုပြန်လည်အမှတ်ရမိသည်ဟုဆိုကြသည်။

ထို့နောက်တွင်တော့ ပိုင်လီထျန်းသည် ရှယ်ဟန့်နှင့်ဖင်းယန်အပါအဝင် ပြည်ထောင်ကိုးခုကိုသိမ်းပိုက်နိုင်ခဲ့လေရာ ကျုန်းလိအင်ပါယာကိုထူထောင်၍ ဧကရာဇ်အဖြစ်ခံယူသည်။ အင်ပါယာ၏ပင်မနန်းတော်အား အလယ်ဗဟိုကျသော ကျန့်ခမ်း၌တည်ထောင်မည့်အစား ကွေ့ဖန်း-ကျုန်းလိနယ်စပ်မှ မတိုးတက်သေးသောနယ်စပ်မြို့တွင်တည်ဆောက်၍ မြို့တစ်ခုလုံးကိုစည်ပင်ဖွံ့ဖြိုးလာစေသည်။

ပင်မနန်းတော်မှာ ပိုင်ယွဲ့နန်းတော်ဟုအမည်တွင်ပြီး ကျုန်းလိနန်းတော်ထက် သုံးဆမျှပိုကြီး၍ တည်ဆောက်ပုံကလည်း အလွန်ထူးခြားလှပေ၏။ ဧကရာဇ်ပိုင်လီထျန်းကိုယ်တိုင်ကြီးကြပ်စီစဉ်၍ နန်းတော်တစ်ခုလုံးကိုဒီဇိုင်းရေးဆွဲခဲ့သည့်အကြောင်းကလည်း ပြည်သူများအကြားပျံ့နှံ့လျက်ပင်။

ပိုင်လီထျန်းအနေဖြင့်အခြေစိုက်ရာနန်းတော်အား ယွဲ့ဝူမြို့တော်သို့ ပြောင်းရွေ့တည်ဆောက်ခဲ့ရခြင်း၏နောက်ကွယ်တွင်ရည်ရွယ်ချက်များစွာရှိပေ၏။

အဓိကအနေဖြင့် ၎င်းအုပ်ချုပ်ရာတိုင်းပြည်ငယ်လေးများနှင့် မလှမ်းသောနေရာဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်လိုအပ်ခြင်းနှင့် ဧကရာဇ်ဖြစ်လာသည်မို့ လိုအပ်သည့်အဆောင်တော်များအားတိုးချဲ့ရန်လိုအပ်လာခဲ့ပေသည်။ ထို့ကြောင့်လည်း နန်းတော်အကျယ်အဝန်းကိုသုံးဆချဲ့စေ၍ လုံခြုံရေးတိုးမြှင့်ခြင်းများပြုလုပ်ခဲ့၏။

ကျုန်းလိနန်းတော်၏တည်ဆောက်ပုံ အလွန်ရိုးရှင်းနေခြင်းသည်လည်း ပြဿနာတစ်ရပ်ပင်။ ဆိုရသော် ပိုင်လီထျန်းယခုတည်ဆောက်ထားသည့် ပိုင်ယွဲ့နန်းတော်တွင် လျှို့ဝှက်ခန်း၊ မြေအောက်ခန်းများနှင့် အလွန်ထူးခြားသည့်တည်ဆောက်ပုံများအား ထည့်သွင်းထားပေ၏။ ကာကွယ်ရေးစီမံမှုများအား နန်းတော်ပတ်ပတ်လည်တွင်တပ်ဆင်ထား၍ နန်းမြို့ရိုးများတွင်လည်း ရန်သူအားစောင့်ကြည့်နိုင်ရန် အဝေးကြည့်မျှော်စင်များတည်ဆောက်ခဲ့သည်။ ဆန်းပြားသောလက်နက်ကိရိယာများနှင့် နန်းတော်တစ်လျှောက်ကာကွယ်ထားပြီး ဤထူးဆန်းသည့်ယန္တရားများကြောင့် ယင်တစ်ကောင်ပင်လျှင် ခွင့်ပြုချက်မရှိပဲဝင်ခွင့်မရနိုင်လောက်ပေ။

နန်းဆောင်များကိုလည်း စနစ်တကျစီမံထားပြီး နန်းတော်အစေခံများခန့်အပ်ရာတွင်လည်း သူလျိူ၊ သူဝှက်မပါစေရန် နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးမေးမြန်းခဲ့ခြင်းက မည်မျှလောက်အားစိုက်ထားကြောင်းသိသာစေ၏။ အစေခံတန်းလျားအား အခွင့်ထူးများပိုပေး၍ အမှုထမ်းလစာကိုလည်းပိုတိုးပေးခဲ့သည်။

ပြဿနာအဖြစ်များလှသော အနောက်နန်းဆောင်ကိုလည်း တစ်သီးတစ်သန့်ခွဲခြား၍ ကြင်ယာတော်များအား တစ်စုတစ်စည်းထဲထားခြင်းအား ပိတ်ပင်ခဲ့၏။ 'ကြင်ယာတော်ဘယ်လောက်အချစ်ခံရမှန်း ဘုရင့်နန်းဆောင်နဲ့အကွာအဝေးကိုကြည့်ရင်သိနိုင်တယ်' ဟူသည့်စကားအတိုင်း ဆယ်သုံးခုသောကြင်ယာတော်နန်းဆောင်များသည် ဘုရင်မင်းမြတ်၏ နန်းဆောင်နှင့်အနီးကပ်ဆုံးနေရာတွင် အသီးသီးတည်ရှိကြပေသည်။ အဆောင်အယောင်နှင့်ပြင်ဆင်ပုံများမှာလည်း ရိုးရှင်းလှသည့်တိုင် တစ်ဦးချင်းစီ၏နေထိုင်ပုံ၊ ကြိုက်နှစ်သက်မှုတို့အပေါ်လိုက်၍အသေးစိတ်စီစဉ်ပေးထားခဲ့လေသည်။ 

ဧကရာဇ်တစ်ပါးဖြစ်လာခဲ့သော်လည်း ဧကရီမိဖုရားခေါင်ကတော့အပြောင်းအလဲမရှိ၊ ကွေ့ယင်မိဖုရားကိုသာ ဧကရီအဖြစ်တင်မြှောက်ခြင်းခံခဲ့ရပေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် မပြောင်းလဲတတ်သော ဧကရာဇ်မင်းမြတ်၏နှလုံးသားအား ပြည်သူအပေါင်းကချီးကျူးကြပေ၏။

အတိုင်ပင်ခံအမတ်ကြီးသည် ရာထူးမှထွက်ပြီးနောက် အငြိမ်းစားအနေဖြင့်သားတော် ရှန်းဖူဝမ် ပိုင်ယွီရှိသော ရှန်းဖူနယ်တွင်သာအခြေချသွားရန်ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် ယွီအိမ်တော်မှ သားကြီး ယွီချန်းက အတိုင်ပင်ခံအမတ်အဖြစ် ရာထူးတိုးလာခဲ့သည်။

ဧကရာဇ်သည်သူ၏နန်းသက် ၁၄ နှစ်အတွင်း၌ တိုးတက်မှုများစွာဖြစ်ပေါ်စေခဲ့၏။ စိုက်ပျိုးရေးကိုအခြေခံမြဲဖြစ်သော ကျုန်းလိအင်ပါယာတွင် အခြားသောလက်မှုလုပ်ငန်းများလည်းအသီးသီးတိုးတက်လာခဲ့ကာ ကျုန်းလိ၏ထူးခြားသောဟင်းလျာများ၊ အချိုပွဲများအကြောင်းကလွန်စွာနာမည်ကြီးလှသည်ပင်။ ဧကရာဇ်၏ဆန်းသစ်သောအတွေးအခေါ်များကြောင့် တစ်မူထူးခြားသည့်တီထွင်မှုများမှာ ကျုန်းလိအင်ပါယာအားပို၍အဆင့်အတန်းမြင့်လာစေ၏။

ဧကရာဇ်သည်စည်းစိမ်ယစ်မူးခြင်းမရှိဘဲ တစ်ရက်လေးမှပင်မိမိတာဝန်များအားမပျက်ကွက်ခဲ့ပေ။ သူသည်အချိန်နှင့်အမျှ ပြည်သူများ၏ဝန်ထုပ်ဝန်ပိုးများစွာကိုကူညီရှင်းပေးနေခဲ့ကာ ငတ်မွတ်ခေါင်းပါးသည့်ဒေသများအား များစွာထောက်ပံ့ပေးခဲ့သည်။ လူငယ်များအား အလုပ်ခွင်ဝင်နိုင်စေရန်ထောက်ပံ့၍ သက်ကြီးရွယ်အိုများအားလူအိုရုံများတည်ဆောက်ပေးကာ ငတ်မွတ်ခြင်းနှင့်အအေးဒဏ်ကြောင့်သေဆုံးခြင်းမှကာကွယ်ပေးနိုင်ခဲ့သည်။ ငတ်မွတ်ခြင်းကြောင့် စွန့်ပစ်ခံရသောကလေးငယ်များသည် ကြာကြာအသက်မရှင်နိုင်ခဲ့ကြသော်လည်း ဧကရာဇ်၏ညွှန်ကြားမှုအောက်တွင်မူ စာပေနှင့် လက်မှုလုပ်ငန်းများကိုသင်ကြားပေးရင်းအသက်မွေးဝမ်းကြောင်းပြုနိုင်စေရန်ထောက်ပံ့ပေးခံရသည်။

ဤသို့များစွာသောကုန်ကျမှုစရိတ်များမှာ ကုန်သည်များနှင့်မျိုးရိုးမြင့်များထံမှပြန်လည်ကောက်ခံထားခြင်းဖြစ်ပြီး ၎င်းတို့ကိုလည်း အလုပ်သမားအင်အားဖြင့်ကူညီကာ နှစ်ဦးနှစ်ဖက်မနစ်နာစေရပေ။ ထို့အပြင် အစိုးရ၏လုပ်ငန်းများမှထွက်သောအကျိုးအမြတ်များမှာပို၍ပင်များလာသည်မို့ ကျုန်းလိအင်ပါယာမှာပို၍ပို၍ပင်ချမ်းသာလာခဲ့ပြီး ၎င်း၏တိုင်းသူပြည်သားများမှာလည်း ထိုနည်း၎င်းပင်။

ဤသို့ဖြင့်ပိုင်လီထျန်းသည် သမိုင်းတစ်လျှောက်လုံးကောင်းမှုများစွာပြုရင်း တိုင်းပြည်တိုးတက်စေခဲ့သော ကျုန်းလိပထဆုံးဧကရာဇ်အဖြစ် မျိုးဆက်သစ်များအကြား၌လေးစားဖွယ်ပုဂ္ဂိုလ်အဖြစ်နာမည်ကြီးလှသည်။ သို့သော် ၎င်း၏သက်တမ်း၌ တော်ဝင်သွေးသားနှစ်ယောက်သာရှိခဲ့ကာ ကျုန်းလိသမိုင်းတစ်လျှောက်၌သားသမီးအနည်းဆုံးဟုပင်ဆိုရမည်။

ဧကရာဇ်သည် ဒုတိယမင်းသမီးဖွားမြင်ပြီးနောက်ပိုင်း အနောက်နန်းဆောင်မှမည်သည့်အမျိုးသမီးကိုယ်လုပ်တော်နှင့်မျှမပက်သက်ခဲ့ဘဲ ကလေးလဲမရနိုင်ခဲ့ချေ။ သူသည် နန်းသက် ၂၀ ကြာပြီးနောက် သားတော်ပိုင်အန်းထံသို့ထီးနန်းလွှဲပြောင်းပေးခဲ့ကာ စောစောစီးစီးပင်အနားယူခဲ့လေသည်။

ဧကရာဇ်မင်းမြတ်ကသဘာဝတရားကိုချစ်မြတ်နိုး၏။ ၎င်းကရိုးရှင်းသောဘဝကိုတောင့်တကာ ကျန်သက်တမ်းတစ်ဝက်အား စိုက်ပျိုးရေးနှင့် အနုပညာအပေါ်ကုန်ဆုံးစေ၍ အေးချမ်းစွာအနားယူလိုခဲ့သည်။ အနာဂါတ်ကာလ၌ လူအပေါင်းသည် ၎င်းသာအနည်းငယ်ပို၍အုပ်ချုပ်ခဲ့ပါက ကျုန်းလိအင်ပါယာသည်ပို၍ပင်တိုးတက်မည်ဖြစ်ကြောင်း နှမြောခဲ့ကြသော်လည်း ထိုရိုးရှင်းသောဆုံးဖြတ်ချက်ကိုလည်းလေးစားသဘောကျကြပေ၏။

ကံကောင်းထောက်မစွာဖြင့် ပိုင်လီထျန်း၏သားတော် ဧကရာဇ်ပိုင်အန်းသည်လည်း ဖခင်ခြေရာလိုက်ကာ ကောင်းမွန်သောဧကရာဇ်တစ်ပါးအဖြစ်မှတ်တမ်း၌ဖော်ပြခံရလေသည်။

၎င်းသည်ကား ယနေ့ခေတ်အထိတိုင် အင်အားကြီးမားသော ကျုန်းလိပြည်ထောင်စုကိုစတင်တည်ထောင်ခဲ့သည့် အင်ပါယာပထမမင်းဆက် ဧကရာဇ်ပိုင်လီထျန်း၏ဇာတ်ကြောင်းပါပင်...။

နှစ်ပေါင်းများစွာကြာပြီးနောက် စာအုပ်ဆိုင်ငယ်လေးတစ်ခု၌...

ကျိုးယဲ့သည် နောက်ဆုံးစာကြောင်းကိုဖတ်ပြီးသည့်နောက် သက်ပြင်းဖွဖွချလိုက်လေ၏။ သူက သူ့သူငယ်ချင်း၏စာတမ်းအတွက် ကူညီပေးပါ့မည်ဟုကတိပေးခဲ့သည်မို့ ဤစာအုပ်ကိုဖတ်မိတာဖြစ်သည်။ ထိုစာတမ်းမှာ သမိုင်းမှအထင်ရှားဆုံးဧကရာဇ်အရှင် ပိုင်လီထျန်းအကြောင်းဖြစ်သည်မို့ သူသည်ရှာဖွေရင်းဖြင့် ထိုဧကရာဇ်၏အကြောင်းများကအလွန်ပင်စိတ်ဝင်စားဖွယ်ကောင်းကြောင်းသိလိုက်ရလေ၏။

ရွှေနဂါးချည်ထိုးထားသောဝတ်ရုံကိုဆင်မြန်းလျက် ပုလ္လင်တော်ပေါ်၌သက်သောင့်သက်သာအနေအထားဖြင့် မေးထောက်ထိုင်နေခဲ့သော ဆွဲဆောင်မှုရှိလှသည့်အမျိုးသား၏ပုံကိုကြည့်ပြီးနောက် သူသက်ပြင်းမချဘဲမနေနိုင်တော့ချေ။

"ဒီဧကရာဇ်က အင်အားကြီးလွန်းတယ်... "

အနှီပုဂ္ဂိုလ်မှာ အရာရာထူးချွန်နေရုံနဲ့တင်မကျေနပ်နိုင်ဘဲ ထိုခေတ်အခါကအချောမောဆုံးလူသားဖြစ်ကြောင်း ချီးမွမ်းထားသောကဗျာများစွာရှိလေ၏။ ယခုခေတ်နိုင်ငံတော်သီချင်း၌ပင် ဧကရာဇ်ပိုင်လီထျန်းအကြောင်းချီးကျူးဖွဲ့ဆိုထားသော စာပိုဒ်ပါသည်။

ပြီးတော့ သူ့ရဲ့နာမည်ကြီးတဲ့ရတနာအနောက်နန်းဆောင်အကြောင်းရော ဘယ်သူကမသိလို့လဲ? တစ်လောကလုံးမှာ အချောဆုံးအလှဆုံးဆိုတဲ့သူတွေက ပိုင်လီထျန်းကိုသာသစ္စာရှိကြတယ်။ သူကတကယ့်ကိုပျားပိတုံးတွေကိုဆွဲဆောင်နိုင်တဲ့ တော်ဝင်ပန်းလိုပဲ!

"သူ့အကြောင်းစာတမ်းလုပ်ဖို့ရွေးတဲ့ကိုယ့်ကိုကိုယ်သာအပြစ်တင်လိုက်တော့... အဲ့ဒီဘိုးဘေးကကောင်းကင်ဘုံရဲ့သားတော်လို့ချဲ့ကားပြောနိုင်တဲ့အထိ သူ့အကြောင်းပိုသိရလေလေ မင်းမနာလိုရုံပဲတတ်နိုင်တယ်..."

စာအုပ်ဆိုင်မှ ဦးလေးကြီးက ကျိုးယဲ့အား စနောက်လိုက်ကာ သူရှာခိုင်းထားသည့်ပိုင်လီထျန်းအကြောင်း စာအုပ်များအထပ်လိုက်ကြီးကိုပုံချပေးလာသည်။ ကျိုးယဲ့မှာ မျက်ရည်မထွက်ပဲငိုချင်သွားရ၏။

ဒီလောက်များပြားနေတဲ့ချီးမွမ်းစာတွေ?!
သူ့သက်တမ်းတစ်ဝက်ကိုဒါတွေဖတ်ရင်းကုန်ဆုံးရတော့မှာ မဟုတ်ဘူးလား?

ကျိုးယဲ့စိတ်ပျက်လက်ပျက်ဖြင့်ဟိုဆိတ်ဒီဆိတ်လုပ်နေခဲ့ကာ
ကျုန်းလိမင်းဆက်ကိုဖော်ပြထားသည့်ဇယားကိုကြည့်ရင်း ပိုင်လီထျန်းနာမည်ကိုထောက်ပြမိလေသည်။

"ဘာလို့သူ့သက်တမ်းကိုမပြထားတာလဲ?"

အမှန်ပင် အခြားမင်းဆက်များ၌အုပ်ချုပ်ခဲ့သော သက်တမ်းနှင့်တကွ ၎င်းသေဆုံးသည်အထိ အတိအကျဖော်ပြထားခဲ့ကာ ပိုင်လီထျန်းကမူမသေဆုံးခင်၌ထီးနန်းစွန့်သွားသည်မို့ အုပ်ချုပ်ခဲ့သောနန်းသက်ကိုသာပြဋ္ဌာန်းထားလေသည်။

"မပြောတတ်ဘူးလေ... သမိုင်းထဲမှာသူသေတဲ့မှတ်တမ်းမရှိဘူး"

ဦးလေးကြီးကပခုံးတွန့်လေတော့ ကျိုးယဲ့ သူ၏မျက်မှန်ထူထူကြီးအားပင့်တင်လိုက်ရင်း သံသယဖြစ်ဖွယ်မျက်နှာထားမျိုးပြုလုပ်လိုက်လေသည်။

"ဒီကိစ္စကိုကျွန်တော်တို့လေးလေးနက်နက်သုံးသပ်သင့်တယ်လို့မထင်ဘူးလား"

မတိုင်ခင်ကအထိ ပျင်းရိပျင်းတွဲလုပ်ရင်း အော်ဟစ်နေခဲ့သော ဤလူငယ်က နည်းနည်းလောက်ထပ်ဖတ်လိုက်ရုံနှင့် အိပ်ပျော်သွားတော့မည်ကိုသိနေသည်မို့ ဆိုင်ပိုင်ရှင်မျက်လုံးသာလိမ့်လိုက်လေသည်။ သူက တစ်ဖက်လူအားအသိတရားရစေရန် စာအုပ်ထူထူတစ်ခုကိုကောက်ယူလိုက်ကာ စားပွဲပေါ်ချပေးလိုက်၏။

"ဒီဟာလေးကိုယူပြီးလေးလေးနက်နက်သွားသုံးသပ်ပေတော့"

ကျိုးယဲ့မှာ လက်ငါးလုံးလောက်ထူသည့် ဧကရာဇ်ပိုင်လီထျန်းနှင့်သူ့ကြင်ယာတော်များအကြောင်းရေးသားထားသော အချစ်ဝတ္တုစာအုပ်ကိုယူကာ စိတ်ပျက်လက်ပျက်ဖြင့် ဆိုင်ထဲမှထွက်ခွာလာခဲ့တော့သည်။

စာအုပ်၏အဖုံးတွင်ရေးထိုးထားသည်ကား..

'ကျွန်ုပ်တို့၏ဧကရာဇ်အရှင်'

END °°

Z••

[ကြၽႏ္ုပ္တို႔၏ဧကရာဇ္အရွင္]

က်ဳန္းလိသက္တမ္း ၈၃ ႏွစ္၊ တတိယမင္းဆက္၏တစ္ဆယ့္တစ္ႏွစ္ေျမာက္ က်ဳန္းလိ-ရွယ္ဟန႔္စစ္ပြဲ၌ ႀကီးမားေသာတိုက္ဆိုင္မႈတစ္ခုျဖစ္ေပၚလာခဲ့သည္။

၄မွာစစ္ပြဲကာလ၌ပင္ ရွယ္ဟန႔္ဘုရင္သည္ ေရႊနန္းေတာ္အတြင္းေသဆံုးေနခဲ့ၿပီးျဖစ္ကာ အေလာင္းကိုရွာေတြ့ခ်ိန္၌တိုင္းျပည္တစ္ခုလံုးပြက္ေလာရိုက္သြားခဲ့ရေလ၏။ ထို႔နည္းတူ တစ္ဖက္မွက်ဳန္းလိဘုရင္သည္လည္း ကိုယ္ေတာ္တိုင္စစ္ခ်ီတက္ေလရာ ခံတပ္အတြင္းသစၥာေဖာက္သူလ်ိဳမ်ား၏ပုန္ကန္မႈေၾကာင့္ ကံေတာ္ကုန္ေလသည္ဟူေသာ သတင္းစကားမ်ားထြက္လာခဲ့ေတာ့သည္။

ႏွစ္ဖက္တိုင္းျပည္မွလူအေပါင္းမွာ အံ့ၾသထိတ္လန႔္ရေခ်ၿပီ။ လ်စ္လ်ူရႈတတ္ေသာရွယ္ဟန႔္ဘုရင္အတြက္မူ မထူးျခားေသာ္လည္း တစ္ဖက္မွက်ဳန္းလိအတြက္မူ သူတို႔၏ဘုရင္မင္းျမတ္သည္သာအခ်က္အခ်ာျဖစ္၏။ ၄မွာတိုင္းျပည္၏ဖခင္ျဖစ္ကာ လူမ်ားစြာ၏ဘဝကိုေကာင္းမြန္လာေစခဲ့ေသာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပင္ျဖစ္ေလသည္။

ဘုရင္ပိုင္လီထ်န္းနန္းတက္ခ်ိန္မွစ၍ ေတာ္ဝင္နန္းေတာ္ႏွင့္ျပည္သူသည္တစ္သားတည္းျဖစ္လာခဲ့ကာ လူအားလံုးသည္ပိုင္လီထ်န္းအားေလးစားခ်စ္ခင္ခဲ့ၾက၏။ ယခုတြင္မူအႏွီပုဂၢိုလ္မွာမရိွေတာ့ဟုဆိုလာေလရာ အဘယ္မွာလက္ခံႏိုင္ပါမည္နည္း။

လူအေပါင္းသည္ ဘုရင္မင္းျမတ္မရိွေသာအနာဂါတ္ကို ေၾကာက္ရြံ႔ထိတ္လန႔္မိေနၾကကာ တစ္ဖက္မွသစၥာေဖာက္မ်ားကိုလည္း ျပစ္တင္မုန္းတီးမိၾကေလ၏။ သူတို႔သည္အလြန္အကူအညီမဲ့ကာေၾကာက္ရြံ႔လ်က္ ၄မွာသတင္းမွားသာျဖစ္ေၾကာင္း၊ သူတို႔၏ဘုရင္မင္းျမတ္ကထြက္ေပၚလာ၍ေျဖရွင္းမည္ကိုေမ်ွာ္လင့္မိၾကသည္။

သို႔ေသာ္လည္းထိုျဖစ္ရပ္မ်ိဳးမွာရိွမလာခဲ့ေခ်။ ေရ႔ွတန္းမွအေျခအေနသည္အလြန္ၿငိမ္သက္ေနခဲ့ၿပီး ေကာလဟာလမ်ားကိုရွင္းထုတ္ဖို႔ဘယ္သူကမွမႀကိဳးစားၾကေခ်။ တစ္ခ်ိန္တည္း၌ ရွယ္ဟန႔္ျပည္တြင္မူ ရွယ္ဟန႔္ဘုရင္၏ဈာပနကိုပင္လုပ္ေဆာင္ေနၾကၿပီျဖစ္သည္။

ထိုသို႔ပြက္ေလာရိုက္၍ က်ဳန္းလိျပည္စစ္မက္ရပ္စဲမည္ဟုခန႔္မွန္းထားသၫ့္အခ်ိန္၌ မထင္မွတ္ထားစြာျဖင့္ ဘုရင္ငယ္ပိုင္ယြီသည္ ကိုယ္ရံေတာ္ဖုန္းရႊယ္ပိုင္ဦးေဆာင္ေသာအင္အားေတာင့္တင္းေသာစစ္ကူတပ္ႀကီးအား ဖင္းယန္နယ္စပ္သို႔ေစလႊတ္ခဲ့ကာ စီမံကြပ္ကဲမႈေကာင္းစြာျဖင့္ ဖင္းယန္တိုင္းျပည္အားသိမ္းပိုက္ႏိုင္ခဲ့ေလသည္။

ဤသို႔ျဖင့္ စစ္ပြဲႏွစ္ခုကိုတစ္ၿပိဳင္နက္ရင္ဆိုင္ေနခဲ့ရေသာ က်ဳန္းလိျပည္၏အေျခအေနမွာရုတ္ခ်ည္းအျမင့္ပိုင္းသို႔ေရာက္သြားခဲ့ၿပီး ဆန႔္က်င္ဘက္အေနျဖင့္ဖိအားအလံုးစံုကိုရင္ဆိုင္ေနရသူမွာ ရွယ္ဟန႔္ျပည္အျဖစ္ေျပာင္းလဲသြားေတာ့သည္။

တစ္ခ်ိန္တည္း၌...

ပိုင္လီထ်န္းႏိုးထလာသၫ့္အခ်ိန္၌ သူ၏ၾကက္ေသြးနီေရာင္မ်က္ဝန္းမ်ားမွာ ခဲေရာင္အျဖစ္ေျပာင္းလဲသြားခဲ့ၿပီး ဘုရင္မင္းျမတ္သည္ သူႏွင့္မရင္းႏွီးေသာပတ္ဝန္းက်င္အားလွၫ့္ပတ္ၾကၫ့္ေနခဲ့ေလ၏။

သူသည္ေက်ာင္းကန္တင္းတစ္ခု၌ထိုင္ေနပံုရကာ စိမ္းသက္ေသာယူနီေဖာင္းကိုဝတ္ဆင္ထားေပ၏။ အေကာင္းစားနာရီပတ္ထားေသာ သူ၏ျဖဴေဖြးေသာလက္ေကာက္ဝတ္ေပၚ၌ေသြးေၾကာစိမ္းစိမ္းမ်ားရိွေနခဲ့ကာ လက္ဖဝါးတစ္ခုလံုးႏူးညံ့ေခ်ာမြတ္ေနပံုမွာလည္း မိမိ၏အတိတ္ဘဝႏွစ္ခုလံုးႏွင့္လံုးဝမသက္ဆိုင္ေနခဲ့ေပ။

သူ႔ေရ႔ွတြင္လည္း တူညီေသာယူနီေဖာင္းကိုဝတ္ဆင္ထားေသာလူငယ္ႏွစ္ေယာက္ရိွေနကာ သူ၏သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္ဟန္ပင္။ ထိုသန႔္ျပန႔္၍အဆင့္အတန္းျမင့္ပံုေပၚေသာ လူငယ္ေလးႏွစ္ေယာက္က ရယ္ရယ္ေမာေမာစကားေျပာေနသည္ကိုၾကၫ့္ရင္း ပိုင္လီထ်န္းမိန္းေမာေနခဲ့ေလသည္။

သူေခါင္းငံု႔လိုက္သၫ့္အခ်ိန္၌ ထိုင္ေနသၫ့္ခံုတန္းေဘးတြင္စာအုပ္တစ္အုပ္ရိွေနခဲ့ၿပီး ၄ကိုထိမိသၫ့္အခ်ိန္၌ ပိုင္လီထ်န္း၏မွတ္ဥာဏ္မ်ားအလံုးအရင္းဝင္ေရာက္လာခဲ့သည္။ သူသည္ ယခုသူေရာက္ေနခဲ့သၫ့္ဘဝႏွင့္ေနာက္ဆက္ျဖစ္မၫ့္အရာမ်ားကိုပါ သိလိုက္ရသည္ပင္။

ပိုင္လီထ်န္းသည္ကား ခ်မ္းသာေသာမိသားစုမွထူးခြၽန္ထက္ျမက္ေသာလူရည္မြန္ေလးအျဖစ္ေမြးဖြားလာခဲ့ကာ သူ႔ေက်ာင္းမွလူငယ္ေလးတစ္ေယာက္အႏိုင္က်င့္ခံရသည္ကို မထင္မွတ္ဘဲျမင္သြားခဲ့သည္။ ထို႔ေနာက္ သူသည္ လူငယ္ေလးကိုျမင္ျမင္ခ်င္းခ်စ္မိသြားကာ ေကာင္ေလးကိုအဆံုးစြန္ထိကူညီေပးရင္း ေပးဆပ္ျခင္းႏွင့္ခ်စ္ခဲ့ေသာ ဇာတ္ေကာင္ဟုဆိုရလိမ့္မည္။

ဤကမ႓ာမွဇာတ္လိုက္သည္ ယခုေပၚမလာေသးေသာ္လညား ပိုင္လီထ်န္း၏သူငယ္ခ်င္းပင္ျဖစ္ကာ ၄သည္လည္း ပိုင္လီထ်န္းသေဘာက်ေနေသာလူငယ္ေလးအေပၚေမတၲာသက္ဝင္ခဲ့ေလ၏။

အမွန္၌ဖန္းခ်န္းေလာ့၏ခန႔္မွန္းခ်က္မ်ားမွာ တစ္ဝက္သာမွန္၍တစ္ဝက္မမွန္ကန္ေပ။ ပိုင္လီထ်န္းသည္ တစ္ခ်ိန္လံုးသူ႔ကိုခ်စ္ဖို႔စီမံခံထားရေသာ္လည္း အၿမဲဗီလိန္ျဖစ္ေနတာမ်ိဳးမဟုတ္ဘဲ ဇာတ္ေကာင္ေနရာကိုက်ပန္းရရိွထားေပသည္။

ယခုတစ္ခါက္ဆိုလ်ွင္သူသည္ သာမာန္လူငယ္မ်ွသာျဖစ္ကာ သူ႔သူငယ္ခ်င္းႏွင့္လူတစ္ေယာက္ထဲကိုအတူခ်စ္ေနမိေၾကာင္းသိသည္ႏွင့္ ေနာက္ဆုတ္ခဲ့ၿပီး ဇာတ္လိုက္အတြဲကိုအခက္အခဲၾကားမွကူညီေပးသၫ့္ အေပၚယံဇာတ္ကြက္မ်ားသာရိွ၏။ သူ႔တြင္ဆိုးဝါးစြာေသဆံုးရမၫ့္ၾကမၼာမရိွ၊ ပင္ပန္းဆင္းရဲႀကီးေသာဒုကၡမ်ားကိုခံစားဖို႔မလိုေပ။ အကယ္၍ပိုင္လီထ်န္းသာဆႏၵရိွမည္ဆိုပါက ဤကမ႓ာသည္ကား အေကာင္းမြန္ဆံုးေရြးခ်ယ္မႈဟုဆိုရလိမ့္မည္ပင္။

သို႔ေသာ္ ယခုေျပာေနသၫ့္သူမွာ ပိုင္လီထ်န္းျဖစ္ေလရာ သာမန္စံႏႈန္းမ်ားအေပၚမမႈဘဲ ၄မွာလက္ထဲမွ ေက်ာင္းတြင္းအခ်စ္ဇာတ္လမ္းကဲ့သို႔ရိုးရွင္းေသာစာအုပ္ေလးကို ဆုပ္ကိုင္လိုက္ရင္း ထိုအရာမေပ်ာက္ကြယ္သြားမီ အလ်င္စလိုထရပ္လိုက္ေလ၏။ သူအျမန္ဤကမ႓ာမွထြက္ရမည္။ ဝင္ေပါက္ေပ်ာက္ကြယ္မသြားခင္၌ သူေသဆံုးမွသာ ဝိညာဉ္သည္အျခားသို႔ပို႔ခံရလိမ့္မည္ပင္။

ပိုင္လီထ်န္းသည္မိမိကိုယ္ကိုေသေစႏိုင္မၫ့္ ပစၥည္းတစ္ခုခုကိုရွာေနခဲ့ကာ အလြန္အမင္းအလ်င္လိုေနခဲ့ေလ၏။ သူ႔မ်က္စိေရ႔ွမွအစားအေသာက္မ်ားမွ အသံုးမဝင္ေပ။ သူသည္ လူမ်ား၏ေၾကာင္အေနေသာအၾကၫ့္မ်ားေအာက္၌ပင္ ကန္တင္းမွခ်က္ျပဳတ္ရာေနရာသို႔အျမန္ေျပးသြားခဲ့ကာ အစီအရီထားထားေသာမီးဖိုေခ်ာင္ဓားကို ဆြဲယူလိုက္ေလသည္။

သူ႔ဘဝ၌ ဤသို႔ဗရုတ္သုတ္ခဆန္စြာသတ္ေသရလိမ့္မည္ဟု ပိုင္လီထ်န္းတစ္ခါမွမေတြးဖူးခဲ့ေခ်။ ပိုင္လီထ်န္း၏မ်က္ခံုးႏွစ္ဖက္မွာစုက်ံဳ႔ေနခဲ့ၿပီး ခံစားခ်က္မ်ား၏လႊမ္းမိုးျခင္းကိုခံရလုနီးပါပင္။ သူ၏လက္ကိုေရြ့လ်ားလိုက္သည္ႏွင့္ ေသဆံုးျခင္းကိုတစ္ဖန္ႀကံဳေတြ့ရမည္ျဖစ္ကာ ၄အေတြ့အႀကံဳသည္ သူႏွင့္စိမ္းသက္စြာရင္းႏွီးေနခဲ့ေပ၏။

လူတစ္ေယာက္၏ဘဝ၌အျပင္းထန္ဆံုးဟူေသာ ခံစားခ်က္သည္ကား ေသျခင္းတရားကိုေၾကာက္ရြံ႔ျခင္းသာဟု ဆိုရလိမ့္မည္။ သူတို႔သည္အဆံုးသတ္ေတာ့မည္ကိုသိလိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ ႀကီးစြာေသာေနာင္တတရားကိုခံစားလိုက္ရကာ က်န္ရိွေသာအခ်ိန္မ်ားအား မိမိခ်စ္ရသူမ်ား၊ မိမိျမတ္ႏိုးရေသာအရာမ်ားအေပၚ ေတြးေတာရင္းစြဲရစ္က်န္ခဲ့ေနရေပလိမ့္မည္။ ေၾကာက္ရြံ႔ျခင္း၊ အမ်က္ေဒါသႏွင့္ ဝမ္းနည္းေၾကကြဲမႈတို႔ကို တစ္ၿပိဳင္နက္ခံစားရင္း မိမိတို႔ဘဝ၌ေရြးခ်ယ္ခဲ့ေသာအရာမ်ား၊ မိမိယံုၾကည္ခဲ့ေသာအရာမ်ားအေပၚႀကိမ္ဖန္မ်ားစြာေမးခြန္းထုတ္လ်က္
လူ႔ေလာက၏မတည္ၿမဲျခင္းအေပၚ မုန္းတီးေပလိမ့္မည္။

ေသျခင္းတရားဟူသည္ကား တစ္ႀကိမ္ႏွစ္ႀကိမ္ႀကံဳေတြ့ၿပီးသည္ႏွင့္ က်င့္သားရလာမည္အရာတစ္ခုမဟုတ္၊ ႀကိမ္ဖန္မ်ားေလပို၍ေၾကာက္ရြံ႔လာရေလျဖစ္ကာ ထိုသူသည္ရင္မဆိုင္ခ်င္ေတာ့ဘဲ ထြက္ေျပးဖို႔သာေရြးခ်ယ္မိလိမ့္မည္ပင္။

သို႔ေသာ္ ပိုင္လီထ်န္းအတြက္မူမတူေခ်။ သူ႔မ်က္လံုးမ်ားကိုမိွတ္လိုက္သည္ႏွင့္ လြမ္းဆြတ္တမ္းတရေသာပံုရိပ္မ်ားေပၚေပါက္လာခဲ့ကာ ထိုလူငယ္မ်ား၏မ်က္ႏွာမ်ားသည္သာ သူ႔စိတ္ထဲပဲ့တင္ထပ္ေနခဲ့၏။ သူသည္လုပ္ကိုလုပ္ရလိမ့္မည္ပင္၊ ၄မွာမည္မ်ွပင္နာက်င္ရပါေစ၊ မည္မ်ွပင္ေၾကာက္မက္ဖြယ္ေကာင္းေသာအရာတစ္ခုျဖစ္ပါေစ၊ ေသခ်ာေပါက္လုပ္ကိုလုပ္ရလိမ့္မည္သာျဖစ္သည္။

ပိုင္လီထ်န္းအသက္ျပင္းျပင္းရႈရိႈက္လိုက္ရင္း သူ႔လက္ထဲမွအေရာင္ေမွးမိွန္လာေသာ စာအုပ္ကိုတစ္ခ်က္ၾကၫ့္မိေလ၏။ ထိုအခိုက္ လူငယ္၏လည္တိုင္မွာေပါက္ထြက္သြားခဲ့ကာ ေက်ာင္းဝတ္စံုေပၚ၌ ေသြးစမ်ားလြင့္စင္သြားခဲ့ရေခ်ၿပီ...။ လူမဆန္စြာေသဆံုးမႈ၌ ထိုလူငယ္၏မ်က္ဝန္းမ်ားမွာ ၿငိမ္းခ်မ္းစြာမိွတ္ေနခဲ့၏။ ၄မွာ ပို၍ေကာင္းေသာေနရာတစ္ခုသို႔ဦးတည္ေနသၫ့္ႏွယ္..။

ဤသို႔ျဖင့္ သူ႔ေရ႔ွမွလူငယ္ႏွစ္ေယာက္မွာ ျငင္းခုန္ေနရာမွရပ္တန႔္သြားၾကၿပီး ရုတ္တရပ္ကန္တင္းမွထထြက္သြားသၫ့္ သူတို႔သူငယ္ခ်င္းအေနာက္ကိုေျပးလိုက္ခ်ိန္၌ မထင္မွတ္ထားသၫ့္ျဖစ္ရပ္ကိုႀကံဳေတြ့လိုက္ရေတာ့သည္။ ၄မွာတစ္စံုတစ္ခုကိုရွာေဖြေနပံုေပၚ၍အလြန္အလ်င္လိုေနပံုေပၚသည္မို႔ သူတို႔ေၾကာင္အမ္းအမ္းျဖင့္လိုက္လာခဲ့ျခင္းမ်ွသာပင္။ သို႔ေသာ္လည္း အၾကင္သူဦးတည္ရာကို ေရာက္သြားသၫ့္အခ်ိန္တြင္မူ သူတို႔ႏွစ္ေယာက္ျမင္လိုက္ရသည္က ေက်ာင္းကန္တင္းမီးဖိုေခ်ာင္မွဓားမွာ သူတို႔သူငယ္ခ်င္းလည္တိုင္၌စိုက္ဝင္ေနခဲ့ၿပီး ေသြးအေျမာက္အမ်ားပန္းထြက္လ်က္ လဲက်ေနခဲ့သည္ကိုသာျမင္လိုက္ရေတာ့သည္။

ဤသို႔ျဖင့္ ေနာက္ထပ္ကမ႓ာမ်ားအား ပိုင္လီထ်န္းျဖတ္သန္းခဲ့ကာ မတူညီေသာသူ၏ဘဝမ်ားႏွင့္မွတ္ဥာဏ္မ်ားကိုရင္ဆိုင္လိုက္ရေခ်၏။ သူသည္ေျမာက္မ်ားစြာေသာရွင္သန္ခြင့္မ်ားကိုအဖန္ဖန္စြန႔္လႊတ္ရင္း ေသျခင္းတရားကိုသာရူးရူးမူးမူးရွာေဖြေနခဲ့ရသည္။ ၇ႀကိမ္ေျမာက္၌မူသူသည္ ကံေကာင္းသည္ဟုဆိုရမလားပင္မသိ၊ စစ္ေျမျပင္တြင္တိုက္ခိုက္ေနစဉ္၌ကူးေျပာင္းလာခဲ့သည္ျဖစ္ရာ မိမိလက္ထဲမွဓားကိုလႊတ္ခ်လိုက္ရံုမ်ျွဖင့္ လြယ္လြယ္ကူကူေသႏိုင္ခဲ့ေလသည္။

တစ္ဘဝ၌သူသည္ ဖုန္အလူးလူးႏွင့္လယ္စိုက္ေနခဲ့ကာ အျခားဘဝ၌မူ မင္းသားတစ္ေယာက္ျဖစ္ေနခဲ့ၿပီး ပရိတ္သတ္မ်ားစြာကိုလက္ေဝ့ယမ္းျပေနခဲ့ေလသည္။ တစ္ခါတစ္ေလ၌ ဝင္ေပါက္စာအုပ္သည္ပို၍လ်င္ျမန္စြာေပ်ာက္ကြယ္လုနီးပါးျဖစ္တတ္သည္မို႔ သူသည္မိမိလ်ွာကိုကိုက္ျဖတ္၍ သတ္ေသရသည္အထိပါေတြ့ႀကံဳခဲ့ရ၏။

ဤသို႔ျဖင့္သူသည္ ေသဆံုးျခင္းစက္ဝန္း၌အႀကိမ္ႀကိမ္အဖန္ဖန္က်ေရာက္ေနခဲ့ကာ ဘယ္ႏွစ္ႀကိမ္အထိေသၿပီးၿပီမွန္း ပိုင္လီထ်န္းမေရတြက္ႏိုင္ေတာ့ေပ။ သူ၏ဦးေနွာက္မွာထံုထိုင္းေနခဲ့ၿပီး အႀကိမ္ႀကိမ္အဖန္ဖန္အနာက်င္ခံကာ အေၾကာက္တရားမ်ားကိုျဖတ္ေက်ာ္၍ သူ႔ကမ႓ာသို႔ျပန္ေရာက္ႏိုင္ဖို႔ဟူေသာေမ်ွာ္လင့္ခ်က္ကိုသာဆုပ္ကိုင္ထားခဲ့ရေလသည္။

သို႔ေသာ္ ေလာကႀကီးကသူ႔အားစမ္းသပ္၍မဝႏိုင္ဟန္ပါပင္။ ပိုင္လီထ်န္းတစ္ေခါက္ႏိုးလာသၫ့္အခ်ိန္၌ သူ႔ရင္ခြင္ထဲဖန္းခ်န္းေလာ့အိပ္ေမာက်ေနခဲ့သည္ကို ျမင္ေတြ့ခဲ့ရသည္။ တိုးဝင္လာခဲ့သၫ့္မွတ္ဥာဏ္အရ သူသည္သာ ဤကမ႓ာ၏ဇာတ္လိုက္ျဖစ္ကာ ဖန္းခ်န္းေလာ့ကိုပိုင္ဆိုင္ရမၫ့္သူဟူ၍ပင္။

ဇာတ္လိုက္၏ေရႊလက္ေခ်ာင္းကိုပိုင္ဆိုင္ထားေသာကမ႓ာတြင္ ပိုင္လီထ်န္းသည္မည္သည္ကိုမွေၾကာက္စရာမလိုဘဲ သူလက္ၫွိုးၫြန္ရာေရႊျဖစ္ေနမည္သာပင္။ သူသည္ ဖန္းခ်န္းေလာ့၏အႂကြင္းမဲ့ခ်စ္ျမတ္ႏိုးျခင္းကိုခံရကာ လွပသၫ့္အဆံုးသတ္ႏွင့္ေအးခ်မ္းေသာဘဝတစ္ခုကိုပိုင္ဆိုင္ထားခဲ့ေလသည္။ အလြန္ေကာင္းမြန္လြန္းလွေပသည္။ ေကာင္းမြန္လြန္းလွပါသျဖင့္ အတိတ္မွပိုင္လီထ်န္းသာဆိုလ်ွင္ အိပ္မက္တစ္ခုကဲ့သို႔ပင္ခံစားရ၍ ခ်က္ခ်င္းဆိုသလိုေနဖို႔ေရြးခ်ယ္လိုက္မည္သာပင္။

သို႔ေသာ္ ယခုတြင္မူပိုင္လီထ်န္းသည္ အနည္းငယ္မ်ွပင္တုန႔္ဆိုင္ျခင္းမရိွဘဲ က်င့္သားရေနသကဲ့သို႔ေသေစႏိုင္သၫ့္ပစၥည္းတစ္ခုအားရွာေဖြေနခဲ့ေလ၏။ အဘယ္ေၾကာင့္မွန္းသူမေတြးခဲ့ေပ။ သူသည္ဖန္းခ်န္းေလာ့၏မ်က္ႏွာကိုေငးၾကၫ့္ရန္အခ်ိန္မေပးခဲ့သလို စဉ္းစားဆံုးျဖတ္ဖို႔အနည္းငယ္မ်ွပင္စိတ္မကူးခဲ့ဘဲ သံပတ္ေပးထားေသာ 'မိမိကိုယ္ကိုသတ္ေသသၫ့္စက္ရုပ္'ကဲ့သို႔ အိပ္ခန္းျပတင္းေပါက္ကိုဖြင့္ခ်၍ ႏွစ္ေခါက္မစဉ္းစားဘဲခ်က္ခ်င္းခုန္ခ်လိုက္ေတာ့သည္။

အတိတ္ဘဝ၌သူသည္ ဖန္းခ်န္းေလာ့သာႏိုးထလာခဲ့ပါလ်ွင္ လံုေလာက္သည္ဟုေတြးခဲ့ဖူးသည္။ လူငယ္ေလးကသူႏွင့္အတူ ရိွဖို႔ဆံုးျဖတ္လိုက္မည္ဆိုလ်ွင္ေတာ့ အတိုင္းအထက္အလြန္ပါပင္။ ယခုကမ႓ာသည္လည္း သူ၏ဆႏၵမ်ားျပၫ့္ဝလိမ့္မၫ့္ကမ႓ာသာျဖစ္၏။ သို႔ေသာ္ ဘာေၾကာင့္မွန္းမသိ ပိုင္လီထ်န္းမလိုခ်င္ေတာ့ေပ။ အခ်ိန္မ်ားစြာေနာက္က်သြားသည္ေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါသည္။ သူ႔အတြက္ဤကမ႓ာမွာ အႏွစ္သာရမရိွခဲ့ဘဲ လစ္လပ္ေနေသာခံစားမႈကိုသာေပးေန၏။

ေသခ်ာပါသည္။ ဤတြင္ သူအမွန္တကယ္လိုခ်င္သၫ့္ လူငယ္ေလးမ်ား မရိွခဲ့ေပ။

ဘုရင္မင္းျမတ္သည္ကား မသိလိုက္မသိဘာသာႏွင့္ပင္ ခ်စ္ျခင္းတရား၌တစ္ဆင့္ပို၍နက္ရိႈင္းစြာ တိုးဝင္သြားခဲ့ေလသည္။ ဤလူသားေလးမ်ားႏွင့္ယွဉ္ၾကၫ့္ပါက ဖန္းခ်န္းေလာ့၏ျဖစ္တည္မႈမွာလံုးလံုးလ်ားလ်ားကိုေပ်ာက္ကြယ္သြားခဲ့ရၿပီျဖစ္သည္။ ထိုသို႔သူ၏ႏွလံုးသားကိုေကာင္းစြာနားလည္ခြင့္ရလိုက္သၫ့္အတြက္ ပိုင္လီထ်န္းဝမ္းေျမာက္မိေခ်၏။

သူသည္အျမန္ဆံုးျပန္သြားၿပီးေနာက္ ျမတ္ႏိုးရေသာလူငယ္ေလးမ်ားကိုေထြးေပြ့ဖို႔မေစာင့္ႏိုင္ေတာ့ေခ်။

ဤသို႔ျဖင့္ သူေနာက္တစ္ႀကိမ္ထပ္ႏိုးလာသၫ့္အခ်ိန္၌ အလြန္အလ်င္လိုေနခဲ့ကာ မ်က္လံုးဖြင့္လိုက္သည္ႏွင့္ ခ်က္ခ်င္းရုန္းကန္လိုက္ရင္း သူ႔ေဘးတြင္ရပ္ေနသၫ့္လူ၏ခါးတြင္ခ်ိတ္ထားေသာဓားအား ဆြဲယူလိုက္ေတာ့သည္။

ရင္းႏွီးေနေသာဓားသြားအနက္ေရာင္အား ပိုင္လီထ်န္းမစူးစမ္းမိခင္၌ ဓားဖ်ားကိုသူ၏လည္တိုင္သို႔ထိုးေဖာက္ရန္အသင့္ျဖစ္ေနခဲ့ၿပီပင္။

"ပိုင္လီထ်န္း!"

ရင္းႏွီးေနေသာေခၚသံစူးစူးကိုအေဝးမွၾကားလိုက္ရၿပီးေနာက္ မထင္မွတ္ထားသၫ့္ လက္ဝဝတုတ္တုတ္ေလးတစ္ဖက္ သူ႔ေရ႔ွတြင္ခံထားခဲ့ကာ လက္ထဲမွဓားကိုလဲတစ္စံုတစ္ေယာက္ကရိုက္ခ်လိုက္သည္မို႔ ၾကမ္းျပင္သို႔က်ယ္ေလာင္စြာသက္ဆင္းသြားေတာ့သည္။ ပိုင္လီထ်န္းခဏတာမ်ွမွင္သက္သြားခဲ့ၿပီး အလြန္ရင္းႏွီးေနေသာအသံလာရာကိုလွၫ့္ၾကၫ့္မိသၫ့္အခ်ိန္၌ လိမၼော္ေရာင္ဝတ္ၾကင္ယာေတာ္ေလး၏ခံစားခ်က္မ်ားေရာယွက္ေနေသာအၾကၫ့္ကိုသာေတြ့လိုက္ရေတာ့သည္။

ပိုင္လီထ်န္းသည္ စကၠန႔္အနည္းငယ္မ်ွဘာမွမေျပာႏိုင္ခဲ့ဘဲ လူ ၁၄ေယာက္ရိွေသာ တစ္ခန္းလံုးမွာတိတ္ဆိတ္ေနခဲ့ေပ၏။ ဓားဆြဲလုခံလိုက္ရေသာ ဖုန္းရႊယ္ပိုင္၏မ်က္ႏွာလည္းျဖဴေဖ်ာ့ေနခဲ့ကာ မိမိ၏ေပါ့ဆမႈအေပၚႀကိတ္အျပစ္တင္ေနသၫ့္ႏွယ္။ 

ပိုင္လီထ်န္းသည္သူႏွင့္ဓားသြားေရ႔ွအား ဝင္ကာလိုက္ေသာလက္ပိုင္ရွင္ကိုၾကၫ့္မိသၫ့္အခ်ိန္၌ အံၾသမႈအရိပ္အေယာင္ျဖတ္သန္းသြားခဲ့ရေလသည္။ လီခြၽန္းဖန္သည္ သူရိွေနသၫ့္အိပ္ယာေဘးတြင္နီးနီးကပ္ကပ္ရိွေနခဲ့ေပၚကာ သူ၏ရုတ္တရပ္အျပဳအမူေၾကာင့္ အလြန္ထိတ္လန႔္စြာျဖင့္ မိမိလက္ကိုမသိစိတ္အရဆန႔္ထုတ္ကာလိုက္မိပံုပင္။ အကယ္၍ ဖုန္းရႊယ္ပိုင္သာအခ်ိန္မွီမတုန႔္ျပန္ခဲ့ပါက ထိုလက္ကေလးမွာျပတ္ထြက္သြားေလာက္ေခ်ၿပီ။

ပံုမွန္အားျဖင့္ လီခြၽန္းဖန္သည္ကား ၾကက္ကေလးကဲ့သို႔အလြန္ေၾကာက္တတ္ေသာ ကေလးေပါက္စပင္ျဖစ္၍ အဘယ့္ေၾကာင့္မွမိမိကိုယ္ကိုအႏၲရာယ္ထဲတြန္းပို႔လိမ့္မည္မဟုတ္ေခ်။ သို႔ေသာ္ယခုတြင္ေတာ့ ထိုလူငယ္ေလးသည္ ပိုင္လီထ်န္းအား ပူပင္ထိတ္လန႔္ေသာမ်က္ဝန္းေလးမ်ားျဖင့္ ေမာ့ၾကၫ့္ေနခဲ့ရင္း ပိုင္လီထ်န္း၏ဝတ္ရံုလက္ကိုတင္းတင္းေလးဆြဲကိုင္ထားေခ်၏။ ၄မွာ ပိုင္လီထ်န္း၏ယခင္အျပဳအမူကို သိသိသာသာဆန႔္က်င္ေၾကာင္းျပသလ်က္..။

ထို႔နည္းတူ ေဘးမွအျခားၾကင္ယာေတာ္ေလးမ်ားသည္လည္း ပိုင္လီထ်န္း၏မဆင္မျခင္အျပဳအမူအားနားမလည္သၫ့္ႏွယ္ အလြန္အမင္းစိတ္ပူေနေသာမ်က္ႏွာေလးမ်ားကိုလည္း သူခံစားမိသည္ပင္။ ပိုင္လီထ်န္းသည္ သက္ျပင္းဖြဖြခ်လိုက္ရင္း ပါးခ်ိဳင့္ခြက္ခြက္ေလးေပၚလာသည္အထိ ခန႔္ညားေခ်ာေမာေသာအၿပံဳးတစ္ခုကိုျပသလာခဲ့ေတာ့သည္။

"ေတာင္းပန္ပါတယ္ ကိုယ္..."

သို႔ေသာ္ ပိုင္လီထ်န္းစကားဆံုးေအာင္မေျပာရမီ၌ပင္ ကိုယ္လံုးေသးေသးေလးမ်ားက သူ႔ရင္ခြင္ထဲတိုးဝင္လာခဲ့ကာ အဆံုး၌ပိုင္လီထ်န္းလက္မဆန႔္ေတာ့သည္အထိလူငယ္ေလးမ်ားကို ေပြ့ဖက္ထားရသည္ကိုသာခံစားလိုက္ရေတာ့သည္။

ပိုင္လီထ်န္းႏႈတ္ခမ္းေထာင့္စြန္းမ်ား ျဖည္းၫွင္းစြာတြန႔္ေကြးသြားခဲ့ၿပီး စကားတစ္ခြန္းမဆိုေတာ့ဘဲ လူငယ္ေလးမ်ားအားသူ၏ႏိုးထလာမႈအေပၚအတည္ျပဳခြင့္ေပးထားလိုက္ရေတာ့သည္။

ေနာက္ဆံုးေတာ့ သူေရာက္လာခဲ့ေခ်ၿပီ...။ ႀကိမ္ဖန္မ်ားစြာေတာင့္တရင္း အဆံုးစြန္ေသာေမ်ွာ္လင့္ခ်က္ျဖစ္သၫ့္ ကမ႓ာ၊ သူခ်စ္ရေသာဤလူငယ္ေလးမ်ားရိွေနပါေသာ ဤက်ဳန္းလိျပည္ထံသို႔ သူျပန္လာခြင့္ရခဲ့ေခ်ၿပီ။

ထိုေနာက္တြင္ေတာ့ ပိုင္လီထ်န္းသိလိုက္ရသည္က သူေမ့ေျမာေနခဲ့သည္မွာသံုးလျပၫ့္ေတာ့မည္ျဖစ္ကာ ဤတစ္ႏွစ္လံုးအား သူသည္မိမိကိုယ္ကိုသတ္ေသရင္းျဖင့္သာကုန္ဆံုးေနခဲ့ရေၾကာင္းပင္။ ၄အေျခအေနကိုမူ ျပင္ပကလူမ်ားမွာအဘယ္နားလည္ႏိုင္မည္နည္း။

သူတို႔သိလိုက္ရသည္က ဝူရွီးျပည္မွကေဝနတ္ဆိုးေရာက္လာခဲ့ၿပီး ပိုင္လီထ်န္း၏ဝိညာဉ္ကိုႏႈတ္ယူသြားသည္ဟုသာပင္။ ၄ကလည္း ဆရာဟန္ဇီ၏ခန႔္မွန္းခ်က္သက္သက္သာျဖစ္ခဲ့ၿပီး မေသခ်ာမေရရာသၫ့္အေျခအေန၌ သတိလစ္ေမ့ေျမာေနခဲ့ေသာ ဘုရင္မင္းျမတ္ႏိုးထလာမၫ့္အခ်ိန္ကိုသာေစာင့္ဆိုင္းေနခဲ့ၾကရ၏။ သူတို႔သည္ အမွားအယြင္းတစ္ခုပင္အျဖစ္မခံႏိုင္ေခ်ရာ ပိုင္လီထ်န္းေဘးတြင္ေစာင့္ေနခဲ့ၾကၿပီး တစ္ဖက္လူမွာရက္ေပါင္းမ်ားစြာၾကာသည္အထိႏိုးထမလာခဲ့ပါေခ်။

ပိုင္လီထ်န္းစိတ္မေကာင္းျဖစ္မိေသာ္လည္း သူ႔အေနျဖင့္ ဝိညာဉ္ကူးေျပာင္းလာျခင္းအေၾကာင္း ထုတ္မေျပာႏိုင္သည္မို႔ ဘာမွမတတ္ႏိုင္ခဲ့ေပ။ မည္သို႔ပင္ဆိုေစကာမူ သူသည္ကား ဤအခ်ိန္အတြင္း၌မ်ားစြာေသာကမ႓ာမ်ားအားလွၫ့္ပတ္ေနခဲ့ပါသည္ဟု မည္သူကေျပာထြက္ပါမည္နည္း?

စစ္ပြဲကေတာ့ ေသခ်ာေပါက္မၿပီးေသးေခ်။ ပိုင္ယြီ၏စီမံခန႔္ခြဲမႈႏွင့္အေျခအေနကိုထိန္းသိမ္းထားၿပီး ပိုင္လီထ်န္း၏ထီးနန္းအေပၚလည္းမည္သူကမွေမးခြန္းမထုတ္ခဲ့။ ဘုရင္မင္းျမတ္ကသက္ရိွထင္ရွားရိွေနေသးသည္။ သူတို႔အဘယ္မွာ ထီးနန္းလႊဲဖို႔ေတြးႏိုင္မည္နည္း? လူတိုင္းကပိုင္လီထ်န္းေသခ်ာေပါက္ႏိုးလာလိမ့္မည္ဟုသာ တင္းတင္းၾကပ္ၾကပ္ယံုၾကည္ထားၿပီး ႏိုးမလာႏိုင္ေတာ့မၫ့္ျဖစ္ႏိုင္ေခ်ကိုသိေသာ္ျငား ဘယ္ေတာ့မွထုတ္မေျပာခဲ့ေခ်။

ဤသို႔ျဖင့္ ပိုင္လီထ်န္းတစ္ေယာက္ တစ္ခ်ိန္လံုးစိုးရိမ္ပူပန္ေနခဲ့ရေသာလူငယ္ေလးမ်ား၏ တင္းတင္းၾကပ္ၾကပ္ကာကြယ္ဂရုစိုက္ျခင္းကိုခံလိုက္ရေတာ့သည္!

သူကေတာ့ေသခ်ာေပါက္က်န္းမာပါသည္။ ဆိုရလ်ွင္ ရုပ္ပိုင္းဆိုင္ရာထိခိုက္မႈမရိွဘဲဝိညာဉ္သာလ်ွင္ ခရီးသြားေနခဲ့ျခင္းမို႔ သူျပန္ေရာက္သၫ့္အခ်ိန္၌ဘာျပသနာမွမရိွေတာ့ေခ်။ သို႔ေသာ္လည္း သူ႔ခ်စ္သူေလးေတြကသူ႔ကို လံုးဝအပင္ပန္းခံခြင့္မျပဳဘဲ အႏၲရာယ္ရိွသၫ့္မည္သညိ့ကိစၥအနီးမဆို ပိုင္လီထ်န္းကိုအနားကပ္ခြင့္မျပဳေပ။ သူက ေကာင္းေကာင္းအနားယူေနဖို႔သာလိုအပ္ကာ ကိစၥအားလံုးကိုလိုေလေသးမရိွ အလိုလိုက္ထားျခင္းခံလိုက္ရေလ၏။

နံနက္သူႏိုးလာသၫ့္အခ်ိန္တြင္ ရွန္ယြင္ကအသင့္ေစာင့္ေနလ်က္ ႏူးညံ့ေသာလက္ကေလးမ်ားျဖင့္ကိုယ္တိုင္မ်က္ႏွာသစ္ေပးသည္ကိုခံရလိမ့္မည္။ တစ္ေန့၌ ပိုင္လီထ်န္းသည္အိပ္ယာမထခ်င္ဘဲ ႏိႈးရန္လာသၫ့္ဤလူငယ္ေလးကို အိပ္ယာေပၚဖိခ်ကာ သူ၏ကိုယ္ပိုင္ဖက္လံုးေလးအျဖစ္အသံုးျပဳရင္း တင္းတင္းၾကပ္ၾကပ္ေထြးေပြ့ထားလိုက္ေခ်၏။

"ကိုယ္ေတာ္မႏိုးေသးဘူး"

ေျပာရင္းျဖင့္ သူကမ်က္လံုးကိုတင္းတင္းမိွတ္ထားရင္း 'လံုးဝႏိုးၾကားမေနသည္မို႔ ရွန္ယြင့္ကိုေခါင္းအံုးေလးကဲ့သို႔အထင္မွားမိပါသည္'ဟူေသာအေၾကာင္းျပခ်က္ျဖင့္ ေထြးေပြ့ထားသည္ကိုလႊတ္မေပးေတာ့ေခ်။

ဤသို႔ေသာအျပဳအမူအားရွန္ယြင္မည္သို႔တုန႔္ျပန္ပါမည္နည္း? ေသခ်ာေပါက္ပင္ ၄ကဘုရင္မင္းျမတ္ကိုအလိုလိုက္မည္ျဖစ္ကာ အၾကင္သူ၏လိမၼာေရးျခားရိွေသာေခါင္းအံုးေလးအျဖစ္ အေဖာ္ျပဳေပးေလသည္။

"ကိုယ္ေတာ္ကအနမ္းမရမခ်င္းအိပ္ရာမႏိုးဘူး"

ရွန္ယြင့္ထံမွရယ္သံတိုးတိုးေလးထြက္လာခဲ့ကာ ခ်စ္ရသူ၏နဖူးကိုဖြဖြနမ္းရိႈက္ရင္း ေခ်ာ့ျမဴမိေခ်၏။

"ဒီေလာက္ဆိုလံုေလာက္ပါရဲ့လား အရွင္?"

ေသခ်ာေပါက္ အဘယ္မွာလံုေလာက္ပါဦးမည္နည္း? ပိုင္လီထ်န္းက မေက်နပ္ေသးသၫ့္အသံျပဳလိုက္ရင္း သူ႔ရဲ့ရွန္ေဖးကိုပိုတင္းတင္းေလးဖက္လိုက္ကာ ႏွစ္ေယာက္သား တစ္သားတည္းျဖစ္သြားဖို႔ပင္ေမ်ွာ္လင့္ေန၏။ ဤသို႔ျဖင့္ ပိုင္လီထ်န္းမည္မ်ျွပသနာရွာေနပါေစ ရွန္ေဖးကသူ႔ကိုခ်ိဳသာေသာအၿပံဳးေလးေပးကာေခ်ာ့ျမဴလိမ့္မည္ပင္။

ထို႔ေနာက္တြင္ေတာ့ ပြစိပြစိဆူပူရင္းျဖင့္ ရွင္းခ်န္ကေခါင္းၿဖီးေပးလိမ့္မည္။ ဆူပူရသည္မွာလည္းအျခားမဟုတ္၊ ဤဘုရင္မင္းျမတ္သည္ကား အလြန္ပင္ဆိုးသြမ္းလွကာ ၾကင္ယာေတာ္ေလးကိုေအးခ်မ္းစြာေခါင္းၿဖီးခြင့္မေပးဘဲ အမ်ိဳးမ်ိဳးစေနာက္လြန္းလွသည္ပင္။ သူသည္ရွင္းခ်န္အားေပါင္ေပၚဆြဲတင္လိုက္ရင္းမ်က္ႏွာခ်င္းဆိုင္ထိုင္ေစကာ ေခါင္းၿဖီးလို႔ရၿပီျဖစ္ေၾကာင္းေျပာ၏။ ဤသို႔ထူးဆန္းေသာအေနအထားႀကီးျဖင့္အဘယ္မွာျဖစ္ႏိုင္ပါမည္နည္း? ရွင္းခ်န္ကသေဘာမတူေလေတာ့ ၄ကအာဏာရွင္ဆန္စြာျဖင့္မိန႔္ၾကားလိုက္ေသးသည္။

"ကိုယ္ေတာ္ကဘယ္လိုလုပ္မင္းကိုစိတ္ခ်လက္ခ်ေက်ာခိုင္းထားႏိုင္မွာလဲ? တကယ္လို႔ေကြ့ေဖးကပုန္ကန္ဖို႔စဉ္းစားေနမယ္ဆိုရင္ေနာက္ေက်ာမွာဓားဝွက္ထားရင္ေတာင္ ကိုယ္ေတာ္သိႏိုင္မွာမဟုတ္ဘူး... ဒီေတာ့ဒီလိုပဲၿဖီးသင့္တယ္!"

လြန္စြာမွက်ိဳးေၾကာင္းမဆီေလ်ာ္လွေသာဤခင္ပြန္းသည္၏ မ်က္ႏွာေျပာင္တိုက္မႈကိုရွင္းခ်န္မ်က္လံုးသာလိွမ့္လိုက္မိေတာ့သည္။ တစ္ခ်က္တစ္ခ်က္၌ ၿငိမ္ၿငိမ္မေနေသာပိုင္လီထ်န္း၏လက္မ်ားက သူ႔ကိုစေနာက္ေနေလေရာ ရွင္းခ်န္းသည္းမခံႏိုင္ေတာ့ဘဲ ဤလူသား၏လည္တိုင္ကိုကိုက္ဆြဲမပစ္ပဲမေနႏိုင္ေတာ့ပါေခ်။

"အဘိုးႀကီး ခင္ဗ်ားၿငိမ္ၿငိမ္ေနဖို႔မျဖစ္ႏိုင္ဘူးလား? ခင္ဗ်ားကိုသင္းကြပ္ၿပီးက်ဳပ္ပစ္ထားလိုက္ရေတာ့မလား ေျပာ"

မနက္မိုးလင္းကတည္းက ဒီလူကသက္သက္ကိုေဒါသဆြဲေနတာပဲ!

ဤသို႔ျဖင့္ လည္ပင္းႏွင့္လက္ေမာင္းတြင္ကိုက္ရာပလပြရလာေသာ ပိုင္လီထ်န္းတစ္ေယာက္အလြန္ရႊင္လန္းစြာျဖင့္ပင္ အႁမြာႏွစ္ေယာက္၏ဝတ္ရံုလဲေပးျခင္းကိုခံယူလိမ့္မည္ပင္။ သူသည္ နေမာ္နမဲ့ႏိုင္လွေသာ ေငြေရာင္ေခါင္းလံုးေလးႏွစ္ခုက ဟိုေျပးဒီေျပးျဖင့္ သူ႔တစ္ကိုယ္လံုးကိုႏွစ္ေယာက္ပတ္ပတ္လည္လွၫ့္ေနကာ အဆင္တန္ဆာတစ္ခုခ်င္းဆင္ေပးေနသည္ကို ရယ္ရႊင္ျမဴးစြာၾကၫ့္ေနခဲ့ေလ၏။ ညီအစ္ကိုႏွစ္ေယာက္သားက သူ႔ကိုခစားဖို႔အေတာ္ေလးတက္ႂကြေသာ္လည္း ငတံုးေလးမ်ားသာျဖစ္ၾကသည္မို႔ အခ်ိဳ႕ေသာက်ဳန္းလိ၏အဆင္တန္ဆာမ်ားအား ၄တို႔မတပ္ဆင္တတ္ၾကပါေခ်။

ထိုအခ်ိန္မ်ိဳး၌ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္ရင္း ငိုမဲ့မဲ့ျဖစ္ေနၾကသၫ့္ အႁမြွာတို႔ဖူးတံုးေလးႏွစ္တံုးကို ပိုင္လီထ်န္းကသူ႔ေပါင္ေပၚတြင္တစ္ဖက္တစ္ခ်က္စီတင္လိုက္မည္ျဖစ္ကာ လူငယ္ေလးမ်ားကိုျဖည္းၫွင္းစြာသင္ျပလိမ့္မည္ပင္။ ပါးေလးႏွစ္ဖက္ရဲသည္အထိ အာရံုစူးစိုက္ကာနားေထာင္ေနၾကေသာ ခ်န္းရွႏွင့္အန္းရွ၏မ်က္ႏွာေလးမ်ားကို ပိုင္လီထ်န္းတစ္လွၫ့္စီခပ္ဖြဖြနမ္းဖို႔လဲမေမ့ပါေခ်။

သူကတန္ဖိုးႀကီးတဲ့ ဆရာတစ္ဆူျဖစ္တာေၾကာင့္ သင္ၾကားခေတာ့ယူသင့္တယ္ေလ!

ဤျမင့္ျမတ္ေသာဆရာသခင္မွာ သူ၏တပၫ့္ေလးမုေယာင္အန္းအား စားခ်င္သမ်ွစိတ္ႀကိဳက္မွာခြင့္ရိွၿပီး တစ္ဖက္လူကို အရွက္မဲ့စြာခြံ႔ေကြၽးခိုင္းသည္အထိကို ဇိမ္ခံလြန္းလွေပ၏။ ႏွေျမာစရာေကာင္းသည္ကေတာ့ မည္သူမ်က္စိေနာက္ေနပါေစ တစ္ဖက္လူကသူ၏ကိုယ္ပိုင္စားဖိုမႈးေလးျဖစ္ေလရာ ပိုင္လီထ်န္းစားေသာက္သည္ကို ေမးေထာက္ရင္းခ်စ္ျမတ္ႏိုးစြာေငးၾကၫ့္ေနသည္ကိုမရပ္ခဲ့ေပ။

ထို႔ေနာက္အခ်ိဳပြဲစားစဉ္၌ ယပ္ခတ္ေပးရင္းအေဖာ္ျပဳေနေသာ လီခြၽန္းဖန္အား ပိုင္လီထ်န္းကအခ်ိဳပြဲအျဖစ္သံုးေဆာင္လိမ့္မည္ပင္။ သစ္သီးယိုစံုကဘာလဲ? ခ်ိဳခ်ဉ္ခဲကဘာလဲ? သူ႔ခြၽန္းဖန္ေလးရဲ့ပါးေဖာင္းေဖာင္းေလးေလာက္ ဘယ္ဟာကေမြးၿပီးႏူးညံ့ႏိုင္ဦးမွာမို႔လို႔လဲ အာ?!

လူငယ္ေလးရဲ့အိစက္စက္ပါးတံုးေလးကို ခပ္ဖြဖြကိုက္ခဲလိုက္ရင္ သူ႔ရဲ့သြားစြယ္ေတြနတ္ျပည္ေရာက္သြားသလိုမ်ိဳး အသည္းတယားယားတုန္လႈပ္သြားရေတာ့တာပဲ!

"လိမၼာတယ္.. ကိုယ္ေတာ့္ကိုနည္းနည္းေလာက္ေပးကိုက္ပါဦး"

လီခြၽန္းဖန္က သူ႔ပါးေလးႏွစ္ဖက္ကိုလက္တုတ္တုတ္ေလးႏွစ္ဖက္ျဖင့္အုပ္ထားရင္း သားရဲႀကီးကိုျငင္းဆိုလိုက္ကာ ရင္ခြင္ထဲေဘာလံုးေလးကဲ့သို႔လိွမ့္ဝင္သြားလိုက္ေလသည္။

"ကြၽန္ေတာ္လိမၼာပါ့မယ္ ပါးႏွစ္ဖက္ကိုေတာ့အသက္ခ်မ္းသာေပးလိုက္ပါေနာ္ အရွင္မင္းႀကီး.."

ရင္ခြင္ထဲတိုးဝင္ခြၽဲရင္းသူ႔ကိူမ်က္ဝန္းဝိုင္းဝိုင္းေလးမ်ားျဖင့္စိုက္ၾကၫ့္ကာအသနားခံမႈကို ပိုင္လီထ်န္းအဘယ္မွာေတာင့္ခံႏိုင္ပါမည္နည္း? သူက ခ်စ္ဖို႔ေကာင္းလြန္းသၫ့္ သူ႔ရဲ့ခြၽန္းဖန္ေလးကို ႏူးညံ့စြာေထြးေပြ့လိုက္ရင္း အတန္ၾကာသည္အထိ ႏွစ္ေယာက္သားကလူက်ီစယ္ၾကေလသည္။

ထိုမ်ွေလာက္ႏွင့္မၿပီးေသး၊ ညေနခင္း၌ ဟန္ဇီရိႈးယြမ္ကသူ႔အား စာအုပ္မ်ားဖတ္ျပရင္း အေဖာ္ျပဳေပးမည္ျဖစ္ကာ ပိုင္လီထ်န္းအေနျဖင့္ ကိုယ္တိုင္ေရႏြေးငွဲ႔ဖို႔ပင္မလိုေခ်။ အကယ္၍သူညသန္းေခါင္အိပ္ရာမွႏိုးလာလ်ွင္ သူ႔ေက်ာျပင္ကိုခပ္ဖြဖြပုတ္ေပးရင္း ၫွင္ၫွင္သာသာေခ်ာ့သိပ္ရန္ ကုန်န္ရိကအၿမဲရိွေနခဲ့ေလ၏။ လူငယ္ေလးမ်ားက ၄အားအေသးအမႊားေလးမ်ားကအစ လိုက္လံဂရုစိုက္ေပးေနခဲ့ကာ မ်က္စိေအာက္မွအေပ်ာက္မခံႏိုင္ၾကေပ။ ပိုင္လီထ်န္းကစစ္တိုက္ထြက္ခ်င္ေၾကာင္းဆႏၵျပမည္ဆိုပါက သူ႔အားအနမ္းခ်ိဳခ်ိဳေလးမ်ားေပး၍ ေခ်ာ့ျမဴမည္ျဖစ္ကာ အနည္းဆံုးတစ္လေလာက္ေတာ့အနားယူသင့္ေၾကာင္း ေခ်ာ့တစ္ခါေျခာက္တစ္လွၫ့္ျဖင့္ေတာင္းဆိုၾကလိမ့္မည္ပင္။

ပိုင္လီထ်န္း - "...."

သူအတိတ္ဘဝက ႏိုင္ငံကိုကယ္ခဲ့မိတာလား? အဲ့တာမ်ိဳးမွတ္ဥာဏ္သူ႔မွာတကယ္မရိွပါဘူးေနာ္!

မည္သ္ု႔ပင္ဆိုေစကာမူ ေန့ရက္တိုင္းကို ပိုင္လီထ်န္းသက္ေသာင့္သက္သာျဖတ္သန္းေနခဲ့ရသည္ပင္။

သို႔ေသာ္လည္း ပိုင္လီထ်န္း၏ထိုသက္ေသာင့္သက္သာရိွေသာေန့ရက္မ်ားက ထင္သေလာက္မၾကာခဲ့ပါေခ်။ တစ္ရက္ေသာေန့တြင္ေတာ့ ဘုရင္ငယ္ေလးတစ္ေယာက္သည္းခံႏိုင္စြမ္းမရိွေတာ့ဘဲ သူ႔တံခါးဝသို႔ေရာက္လာခဲ့ကာ အၿငိမ္းစားယူဖို႔ျပင္ေနသၫ့္ဘုရင္မင္းျမတ္အား အတင္းဆြဲထုတ္လာရေတာ့သည္။

သူသည္ကားတစ္ႏွစ္ေက်ာ္ ပုလႅင္ေပၚထိုင္ၿပီးသၫ့္ေနာက္ ဒီမီးပူပူကို လက္လႊဲေပးဖို႔မေစာင့္ႏိုင္ေတာ့ပါေခ်။ ပိုင္ယြီခမ်ာ မည္မ်ွပင္မအားမလပ္ႏိုင္ဘဲ တစ္ခ်ိန္လံုးပင္ပင္ပန္းပန္းအလုပ္လုပ္ေနခဲ့ေၾကာင္းညည္းၫူကာ အကယ္၍သူသာ တိုင္းျပည္ေရးရာထဲဆက္လက္စိတ္ႏွစ္ထားရဦးမည္ဆိုလ်ွင္ သူ႔ရဲ့ဇနီးေလးကပင္ထားသြားေတာ့မည္ျဖစ္ေၾကာင္း ငိုေႂကြးပူေဆြးျပလိုက္ေသးသည္။

ပိုင္လီထ်န္းလည္းမတတ္ႏိုင္ေတာ့ေခ်။ သူသည္ ညီေတာ့္ေဘး၌ တစ္ခ်က္ပင္မခြာႏိုင္ဘဲ တစ္ခ်ိန္လံုးမတ္တပ္ေနခဲ့သၫ့္ ေယာက္ဖေတာ္ကိုၾကၫ့္ရင္း မ်က္လံုးသာလိွမ့္လိုက္ေတာ့၏။

ဘယ္ဇနီးေလးကမင္းကိုထားသြားမယ္လို႔ေျပာေနတာလဲ? မင္းကသာသူ႔ရဲ့ေအးခ်မ္းတဲ့ဘဝေလးကို အေလလိုက္ရင္းဒုကၡေတြရွာေပးဖို႔မေစာင့္ႏိုင္ေတာ့တာေလ!

ဤသို႔ျဖင့္ ၁၃၁ခုႏွစ္၊ တတိယမင္းဆက္၏တစ္ဆယ့္ေလးႏွစ္ေျမာက္ က်ဳန္းလိျပည္သမိုင္းတစ္ေလ်ွာက္၌ အႀကီးမားဆံုးေသာေအာင္ျမင္မႈတစ္ခုျဖစ္ေသာ က်ဳန္းလိ-ရွယ္ဟန႔္စစ္ပြဲအား ဘုရင္မင္းျမတ္ပိုင္လီထ်န္းကိုယ္ေတာ္တိုင္ခ်ီတက္တိုက္ခိုက္၍ ေအာင္ပြဲဆင္ႏႊဲႏိုင္ခဲ့သည္။ သမိုင္း၌ အရွင္မင္းႀကီး၏ရဲဝံ့ေသာတိုက္ခိုက္ဟန္မ်ား၊ ကြၽမ္းက်င္လိမၼာေသာစစ္ေရးဗ်ူဟာႏွင့္ အင္အားေတာင့္တင္းေသာက်ဳန္းလိတပ္မေတာ္ႀကီးအားဦးေဆာင္ခဲ့ပံုကို ထင္ရွားစြာေရးသားေဖာ္ျပခဲ့ကာ က်ဳန္းလိတတိယမင္းဆက္မွဘုရင္၏စစ္ေရးပန္းခ်ီမ်ားမွာ ရွယ္ဟန႔္ေသြးမ်ားျဖင့္ျခယ္မႈန္းေနခဲ့ေလသည္။

ရွယ္ဟန႔္တိုင္းျပည္အလံကို ဘုရင္မင္းျမတ္ကနင္းေခ်လိုက္ရင္း ရွယ္ဟန႔္နန္းေတာ္မွမိစၧာအားသတ္ျဖတ္ၿပီးခ်ိန္၌ သူ၏ၾကက္ေသြးနီေရာင္မ်က္ဝန္းမ်ားမွာ စက္ဆုပ္မႈျဖင့္ေလာင္ၿမိဳက္ေနခဲ့သည္ပင္။ လူအေပါင္းကဤျမင္ကြင္းကိုျပန္လည္ေျပာျပသၫ့္အခ်ိန္တိုင္း ေက်ာရိုးတစ္ေလ်ွာက္စိမ့္ေအးသြားၾကကာ ဘုရင္မင္းျမတ္သက္ေတာ္ ၁၆ႏွစ္၊ ပုန္ကန္သူႏိွမ္ႏွင္းရန္ဦးေဆာင္ခဲ့ခ်ိန္တုန္းက ေသြးေအးရက္စက္ေသာပံုရိပ္ကိုျပန္လည္အမွတ္ရမိသည္ဟုဆိုၾကသည္။

ထို႔ေနာက္တြင္ေတာ့ ပိုင္လီထ်န္းသည္ ရွယ္ဟန႔္ႏွင့္ဖင္းယန္အပါအဝင္ ျပည္ေထာင္ကိုးခုကိုသိမ္းပိုက္ႏိုင္ခဲ့ေလရာ က်ဳန္းလိအင္ပါယာကိုထူေထာင္၍ ဧကရာဇ္အျဖစ္ခံယူသည္။ အင္ပါယာ၏ပင္မနန္းေတာ္အား အလယ္ဗဟိုက်ေသာ က်န႔္ခမ္း၌တည္ေထာင္မၫ့္အစား ေကြ့ဖန္း-က်ဳန္းလိနယ္စပ္မွ မတိုးတက္ေသးေသာနယ္စပ္ၿမိဳ႔တြင္တည္ေဆာက္၍ ၿမိဳ႔တစ္ခုလံုးကိုစည္ပင္ဖြံ႔ၿဖိဳးလာေစသည္။

ပင္မနန္းေတာ္မွာ ပိုင္ယြဲ႔နန္းေတာ္ဟုအမည္တြင္ၿပီး က်ဳန္းလိနန္းေတာ္ထက္ သံုးဆမ်ွပိုႀကီး၍ တည္ေဆာက္ပံုကလည္း အလြန္ထူးျခားလွေပ၏။ ဧကရာဇ္ပိုင္လီထ်န္းကိုယ္တိုင္ႀကီးၾကပ္စီစဉ္၍ နန္းေတာ္တစ္ခုလံုးကိုဒီဇိုင္းေရးဆြဲခဲ့သၫ့္အေၾကာင္းကလည္း ျပည္သူမ်ားအၾကားပ်ံ့ႏွံ႔လ်က္ပင္။

ပိုင္လီထ်န္းအေနျဖင့္အေျခစိုက္ရာနန္းေတာ္အား ယြဲ႔ဝူၿမိဳ႔ေတာ္သို႔ ေျပာင္းေရြ့တည္ေဆာက္ခဲ့ရျခင္း၏ေနာက္ကြယ္တြင္ရည္ရြယ္ခ်က္မ်ားစြာရိွေပ၏။

အဓိကအေနျဖင့္ ၄အုပ္ခ်ဳပ္ရာတိုင္းျပည္ငယ္ေလးမ်ားႏွင့္ မလွမ္းေသာေနရာျဖစ္၍ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ရန္လိုအပ္ျခင္းႏွင့္ ဧကရာဇ္ျဖစ္လာသည္မို႔ လိုအပ္သၫ့္အေဆာင္ေတာ္မ်ားအားတိုးခ်ဲ့ရန္လိုအပ္လာခဲ့ေပသည္။ ထို႔ေၾကာင့္လည္း နန္းေတာ္အက်ယ္အဝန္းကိုသံုးဆခ်ဲ့ေစ၍ လံုၿခံဳေရးတိုးျမႇင့္ျခင္းမ်ားျပဳလုပ္ခဲ့၏။

က်ဳန္းလိနန္းေတာ္၏တည္ေဆာက္ပံု အလြန္ရိုးရွင္းေနျခင္းသည္လည္း ျပႆနာတစ္ရပ္ပင္။ ဆိုရေသာ္ ပိုင္လီထ်န္းယခုတည္ေဆာက္ထားသၫ့္ ပိုင္ယြဲ႔နန္းေတာ္တြင္ လ်ိႈ႔ဝွက္ခန္း၊ ေျမေအာက္ခန္းမ်ားႏွင့္ အလြန္ထူးျခားသၫ့္တည္ေဆာက္ပံုမ်ားအား ထၫ့္သြင္းထားေပ၏။ ကာကြယ္ေရးစီမံမႈမ်ားအား နန္းေတာ္ပတ္ပတ္လည္တြင္တပ္ဆင္ထား၍ နန္းၿမိဳ႔ရိုးမ်ားတြင္လည္း ရန္သူအားေစာင့္ၾကၫ့္ႏိုင္ရန္ အေဝးၾကၫ့္ေမ်ွာ္စင္မ်ားတည္ေဆာက္ခဲ့သည္။ ဆန္းျပားေသာလက္နက္ကိရိယာမ်ားႏွင့္ နန္းေတာ္တစ္ေလ်ွာက္ကာကြယ္ထားၿပီး ဤထူးဆန္းသၫ့္ယႏၲရားမ်ားေၾကာင့္ ယင္တစ္ေကာင္ပင္လ်ွင္ ခြင့္ျပဳခ်က္မရိွပဲဝင္ခြင့္မရႏိုင္ေလာက္ေပ။

နန္းေဆာင္မ်ားကိုလည္း စနစ္တက်စီမံထားၿပီး နန္းေတာ္အေစခံမ်ားခန႔္အပ္ရာတြင္လည္း သူလ်ိူ၊ သူဝွက္မပါေစရန္ ႏိႈက္ႏိႈက္ခြၽတ္ခြၽတ္စစ္ေဆးေမးျမန္းခဲ့ျခင္းက မည္မ်ွေလာက္အားစိုက္ထားေၾကာင္းသိသာေစ၏။ အေစခံတန္းလ်ားအား အခြင့္ထူးမ်ားပိုေပး၍ အမႈထမ္းလစာကိုလည္းပိုတိုးေပးခဲ့သည္။

ျပႆနာအျဖစ္မ်ားလွေသာ အေနာက္နန္းေဆာင္ကိုလည္း တစ္သီးတစ္သန႔္ခြဲျခား၍ ၾကင္ယာေတာ္မ်ားအား တစ္စုတစ္စည္းထဲထားျခင္းအား ပိတ္ပင္ခဲ့၏။ 'ၾကင္ယာေတာ္ဘယ္ေလာက္အခ်စ္ခံရမွန္း ဘုရင့္နန္းေဆာင္နဲ႔အကြာအေဝးကိုၾကၫ့္ရင္သိႏိုင္တယ္' ဟူသၫ့္စကားအတိုင္း ဆယ္သံုးခုေသာၾကင္ယာေတာ္နန္းေဆာင္မ်ားသည္ ဘုရင္မင္းျမတ္၏ နန္းေဆာင္ႏွင့္အနီးကပ္ဆံုးေနရာတြင္ အသီးသီးတည္ရိွၾကေပသည္။ အေဆာင္အေယာင္ႏွင့္ျပင္ဆင္ပံုမ်ားမွာလည္း ရိုးရွင္းလွသၫ့္တိုင္ တစ္ဦးခ်င္းစီ၏ေနထိုင္ပံု၊ ႀကိဳက္ႏွစ္သက္မႈတို႔အေပၚလိုက္၍အေသးစိတ္စီစဉ္ေပးထားခဲ့ေလသည္။ 

ဧကရာဇ္တစ္ပါးျဖစ္လာခဲ့ေသာ္လည္း ဧကရီမိဖုရားေခါင္ကေတာ့အေျပာင္းအလဲမရိွ၊ ေကြ့ယင္မိဖုရားကိုသာ ဧကရီအျဖစ္တင္ေျမႇာက္ျခင္းခံခဲ့ရေပသည္။ ဤသည္ကိုၾကၫ့္ျခင္းအားျဖင့္ မေျပာင္းလဲတတ္ေသာ ဧကရာဇ္မင္းျမတ္၏ႏွလံုးသားအား ျပည္သူအေပါင္းကခ်ီးက်ူးၾကေပ၏။

အတိုင္ပင္ခံအမတ္ႀကီးသည္ ရာထူးမွထြက္ၿပီးေနာက္ အၿငိမ္းစားအေနျဖင့္သားေတာ္ ရွန္းဖူဝမ္ ပိုင္ယြီရိွေသာ ရွန္းဖူနယ္တြင္သာအေျခခ်သြားရန္ဆံုးျဖတ္ခဲ့၏။ ထို႔ေၾကာင့္ ယြီအိမ္ေတာ္မွ သားႀကီး ယြီခ်န္းက အတိုင္ပင္ခံအမတ္အျဖစ္ ရာထူးတိုးလာခဲ့သည္။

ဧကရာဇ္သည္သူ၏နန္းသက္ ၁၄ ႏွစ္အတြင္း၌ တိုးတက္မႈမ်ားစြာျဖစ္ေပၚေစခဲ့၏။ စိုက္ပ်ိဳးေရးကိုအေျခခံၿမဲျဖစ္ေသာ က်ဳန္းလိအင္ပါယာတြင္ အျခားေသာလက္မႈလုပ္ငန္းမ်ားလည္းအသီးသီးတိုးတက္လာခဲ့ကာ က်ဳန္းလိ၏ထူးျခားေသာဟင္းလ်ာမ်ား၊ အခ်ိဳပြဲမ်ားအေၾကာင္းကလြန္စြာနာမည္ႀကီးလွသည္ပင္။ ဧကရာဇ္၏ဆန္းသစ္ေသာအေတြးအေခၚမ်ားေၾကာင့္ တစ္မူထူးျခားသၫ့္တီထြင္မႈမ်ားမွာ က်ဳန္းလိအင္ပါယာအားပို၍အဆင့္အတန္းျမင့္လာေစ၏။

ဧကရာဇ္သည္စည္းစိမ္ယစ္မူးျခင္းမရိွဘဲ တစ္ရက္ေလးမွပင္မိမိတာဝန္မ်ားအားမပ်က္ကြက္ခဲ့ေပ။ သူသည္အခ်ိန္ႏွင့္အမ်ွ ျပည္သူမ်ား၏ဝန္ထုပ္ဝန္ပိုးမ်ားစြာကိုကူညီရွင္းေပးေနခဲ့ကာ ငတ္မြတ္ေခါင္းပါးသၫ့္ေဒသမ်ားအား မ်ားစြာေထာက္ပံ့ေပးခဲ့သည္။ လူငယ္မ်ားအား အလုပ္ခြင္ဝင္ႏိုင္ေစရန္ေထာက္ပံ့၍ သက္ႀကီးရြယ္အိုမ်ားအားလူအိုရံုမ်ားတည္ေဆာက္ေပးကာ ငတ္မြတ္ျခင္းႏွင့္အေအးဒဏ္ေၾကာင့္ေသဆံုးျခင္းမွကာကြယ္ေပးႏိုင္ခဲ့သည္။ ငတ္မြတ္ျခင္းေၾကာင့္ စြန႔္ပစ္ခံရေသာကေလးငယ္မ်ားသည္ ၾကာၾကာအသက္မရွင္ႏိုင္ခဲ့ၾကေသာ္လည္း ဧကရာဇ္၏ၫႊန္ၾကားမႈေအာက္တြင္မူ စာေပႏွင့္ လက္မႈလုပ္ငန္းမ်ားကိုသင္ၾကားေပးရင္းအသက္ေမြးဝမ္းေၾကာင္းျပဳႏိုင္ေစရန္ေထာက္ပံ့ေပးခံရသည္။

ဤသို႔မ်ားစြာေသာကုန္က်မႈစရိတ္မ်ားမွာ ကုန္သည္မ်ားႏွင့္မ်ိဳးရိုးျမင့္မ်ားထံမျွပန္လည္ေကာက္ခံထားျခင္းျဖစ္ၿပီး ၄တို႔ကိုလည္း အလုပ္သမားအင္အားျဖင့္ကူညီကာ ႏွစ္ဦးႏွစ္ဖက္မနစ္နာေစရေပ။ ထို႔အျပင္ အစိုးရ၏လုပ္ငန္းမ်ားမွထြက္ေသာအက်ိဳးအျမတ္မ်ားမွာပို၍ပင္မ်ားလာသည္မို႔ က်ဳန္းလိအင္ပါယာမွာပို၍ပို၍ပင္ခ်မ္းသာလာခဲ့ၿပီး ၄၏တိုင္းသူျပည္သားမ်ားမွာလည္း ထိုနည္း၄ပင္။

ဤသို႔ျဖင့္ပိုင္လီထ်န္းသည္ သမိုင္းတစ္ေလ်ွာက္လံုးေကာင္းမႈမ်ားစြာျပဳရင္း တိုင္းျပည္တိုးတက္ေစခဲ့ေသာ က်ဳန္းလိပထဆံုးဧကရာဇ္အျဖစ္ မ်ိဳးဆက္သစ္မ်ားအၾကား၌ေလးစားဖြယ္ပုဂၢိုလ္အျဖစ္နာမည္ႀကီးလွသည္။ သို႔ေသာ္ ၄၏သက္တမ္း၌ ေတာ္ဝင္ေသြးသားႏွစ္ေယာက္သာရိွခဲ့ကာ က်ဳန္းလိသမိုင္းတစ္ေလ်ွာက္၌သားသမီးအနည္းဆံုးဟုပင္ဆိုရမည္။

ဧကရာဇ္သည္ ဒုတိယမင္းသမီးဖြားျမင္ၿပီးေနာက္ပိုင္း အေနာက္နန္းေဆာင္မွမည္သၫ့္အမ်ိဳးသမီးကိုယ္လုပ္ေတာ္ႏွင့္မ်ွမပက္သက္ခဲ့ဘဲ ကေလးလဲမရႏိုင္ခဲ့ေခ်။ သူသည္ နန္းသက္ ၂၀ ၾကာၿပီးေနာက္ သားေတာ္ပိုင္အန္းထံသို႔ထီးနန္းလႊဲေျပာင္းေပးခဲ့ကာ ေစာေစာစီးစီးပင္အနားယူခဲ့ေလသည္။

ဧကရာဇ္မင္းျမတ္ကသဘာဝတရားကိုခ်စ္ျမတ္ႏိုး၏။ ၄ကရိုးရွင္းေသာဘဝကိုေတာင့္တကာ က်န္သက္တမ္းတစ္ဝက္အား စိုက္ပ်ိဳးေရးႏွင့္ အႏုပညာအေပၚကုန္ဆံုးေစ၍ ေအးခ်မ္းစြာအနားယူလိုခဲ့သည္။ အနာဂါတ္ကာလ၌ လူအေပါင္းသည္ ၄သာအနည္းငယ္ပို၍အုပ္ခ်ဳပ္ခဲ့ပါက က်ဳန္းလိအင္ပါယာသည္ပို၍ပင္တိုးတက္မည္ျဖစ္ေၾကာင္း ႏွေျမာခဲ့ၾကေသာ္လည္း ထိုရိုးရွင္းေသာဆံုးျဖတ္ခ်က္ကိုလည္းေလးစားသေဘာက်ၾကေပ၏။

ကံေကာင္းေထာက္မစြာျဖင့္ ပိုင္လီထ်န္း၏သားေတာ္ ဧကရာဇ္ပိုင္အန္းသည္လည္း ဖခင္ေျခရာလိုက္ကာ ေကာင္းမြန္ေသာဧကရာဇ္တစ္ပါးအျဖစ္မွတ္တမ္း၌ေဖာ္ျပခံရေလသည္။

၄သည္ကား ယေန့ေခတ္အထိတိုင္ အင္အားႀကီးမားေသာ က်ဳန္းလိျပည္ေထာင္စုကိုစတင္တည္ေထာင္ခဲ့သၫ့္ အင္ပါယာပထမမင္းဆက္ ဧကရာဇ္ပိုင္လီထ်န္း၏ဇာတ္ေၾကာင္းပါပင္...။

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ စာအုပ္ဆိုင္ငယ္ေလးတစ္ခု၌...

က်ိဳးယဲ့သည္ ေနာက္ဆံုးစာေၾကာင္းကိုဖတ္ၿပီးသၫ့္ေနာက္ သက္ျပင္းဖြဖြခ်လိုက္ေလ၏။ သူက သူ႔သူငယ္ခ်င္း၏စာတမ္းအတြက္ ကူညီေပးပါ့မည္ဟုကတိေပးခဲ့သည္မို႔ ဤစာအုပ္ကိုဖတ္မိတာျဖစ္သည္။ ထိုစာတမ္းမွာ သမိုင္းမွအထင္ရွားဆံုးဧကရာဇ္အရွင္ ပိုင္လီထ်န္းအေၾကာင္းျဖစ္သည္မို႔ သူသည္ရွာေဖြရင္းျဖင့္ ထိုဧကရာဇ္၏အေၾကာင္းမ်ားကအလြန္ပင္စိတ္ဝင္စားဖြယ္ေကာင္းေၾကာင္းသိလိုက္ရေလ၏။

ေရႊနဂါးခ်ည္ထိုးထားေသာဝတ္ရံုကိုဆင္ျမန္းလ်က္ ပုလႅင္ေတာ္ေပၚ၌သက္ေသာင့္သက္သာအေနအထားျဖင့္ ေမးေထာက္ထိုင္ေနခဲ့ေသာ ဆြဲေဆာင္မႈရိွလွသၫ့္အမ်ိဳးသား၏ပံုကိုၾကၫ့္ၿပီးေနာက္ သူသက္ျပင္းမခ်ဘဲမေနႏိုင္ေတာ့ေခ်။

"ဒီဧကရာဇ္က အင္အားႀကီးလြန္းတယ္... "

အႏွီပုဂၢိုလ္မွာ အရာရာထူးခြၽန္ေနရံုနဲ႔တင္မေက်နပ္ႏိုင္ဘဲ ထိုေခတ္အခါကအေခ်ာေမာဆံုးလူသားျဖစ္ေၾကာင္း ခ်ီးမြမ္းထားေသာကဗ်ာမ်ားစြာရိွေလ၏။ ယခုေခတ္ႏိုင္ငံေတာ္သီခ်င္း၌ပင္ ဧကရာဇ္ပိုင္လီထ်န္းအေၾကာင္းခ်ီးက်ူးဖြဲ႔ဆိုထားေသာ စာပိုဒ္ပါသည္။

ၿပီးေတာ့ သူ႔ရဲ့နာမည္ႀကီးတဲ့ရတနာအေနာက္နန္းေဆာင္အေၾကာင္းေရာ ဘယ္သူကမသိလို႔လဲ? တစ္ေလာကလံုးမွာ အေခ်ာဆံုးအလွဆံုးဆိုတဲ့သူေတြက ပိုင္လီထ်န္းကိုသာသစၥာရိွၾကတယ္။ သူကတကယ့္ကိုပ်ားပိတံုးေတြကိုဆြဲေဆာင္ႏိုင္တဲ့ ေတာ္ဝင္ပန္းလိုပဲ!

"သူ႔အေၾကာင္းစာတမ္းလုပ္ဖို႔ေရြးတဲ့ကိုယ့္ကိုကိုယ္သာအျပစ္တင္လိုက္ေတာ့... အဲ့ဒီဘိုးေဘးကေကာင္းကင္ဘံုရဲ့သားေတာ္လို႔ခ်ဲ့ကားေျပာႏိုင္တဲ့အထိ သူ႔အေၾကာင္းပိုသိရေလေလ မင္းမနာလိုရံုပဲတတ္ႏိုင္တယ္..."

စာအုပ္ဆိုင္မွ ဦးေလးႀကီးက က်ိဳးယဲ့အား စေနာက္လိုက္ကာ သူရွာခိုင္းထားသၫ့္ပိုင္လီထ်န္းအေၾကာင္း စာအုပ္မ်ားအထပ္လိုက္ႀကီးကိုပံုခ်ေပးလာသည္။ က်ိဳးယဲ့မွာ မ်က္ရည္မထြက္ပဲငိုခ်င္သြားရ၏။

ဒီေလာက္မ်ားျပားေနတဲ့ခ်ီးမြမ္းစာေတြ?!
သူ႔သက္တမ္းတစ္ဝက္ကိုဒါေတြဖတ္ရင္းကုန္ဆံုးရေတာ့မွာ မဟုတ္ဘူးလား?

က်ိဳးယဲ့စိတ္ပ်က္လက္ပ်က္ျဖင့္ဟိုဆိတ္ဒီဆိတ္လုပ္ေနခဲ့ကာ
က်ဳန္းလိမင္းဆက္ကိုေဖာ္ျပထားသၫ့္ဇယားကိုၾကၫ့္ရင္း ပိုင္လီထ်န္းနာမည္ကိုေထာက္ျပမိေလသည္။

"ဘာလို႔သူ႔သက္တမ္းကိုမျပထားတာလဲ?"

အမွန္ပင္ အျခားမင္းဆက္မ်ား၌အုပ္ခ်ဳပ္ခဲ့ေသာ သက္တမ္းႏွင့္တကြ ၄ေသဆံုးသည္အထိ အတိအက်ေဖာ္ျပထားခဲ့ကာ ပိုင္လီထ်န္းကမူမေသဆံုးခင္၌ထီးနန္းစြန႔္သြားသည္မို႔ အုပ္ခ်ဳပ္ခဲ့ေသာနန္းသက္ကိုသာျပ႒ာန္းထားေလသည္။

"မေျပာတတ္ဘူးေလ... သမိုင္းထဲမွာသူေသတဲ့မွတ္တမ္းမရိွဘူး"

ဦးေလးႀကီးကပခံုးတြန႔္ေလေတာ့ က်ိဳးယဲ့ သူ၏မ်က္မွန္ထူထူႀကီးအားပင့္တင္လိုက္ရင္း သံသယျဖစ္ဖြယ္မ်က္ႏွာထားမ်ိဳးျပဳလုပ္လိုက္ေလသည္။

"ဒီကိစၥကိုကြၽန္ေတာ္တို႔ေလးေလးနက္နက္သံုးသပ္သင့္တယ္လို႔မထင္ဘူးလား"

မတိုင္ခင္ကအထိ ပ်င္းရိပ်င္းတြဲလုပ္ရင္း ေအာ္ဟစ္ေနခဲ့ေသာ ဤလူငယ္က နည္းနည္းေလာက္ထပ္ဖတ္လိုက္ရံုႏွင့္ အိပ္ေပ်ာ္သြားေတာ့မည္ကိုသိေနသည္မို႔ ဆိုင္ပိုင္ရွင္မ်က္လံုးသာလိမ့္လိုက္ေလသည္။ သူက တစ္ဖက္လူအားအသိတရားရေစရန္ စာအုပ္ထူထူတစ္ခုကိုေကာက္ယူလိုက္ကာ စားပြဲေပၚခ်ေပးလိုက္၏။

"ဒီဟာေလးကိုယူၿပီးေလးေလးနက္နက္သြားသံုးသပ္ေပေတာ့"

က်ိဳးယဲ့မွာ လက္ငါးလံုးေလာက္ထူသၫ့္ ဧကရာဇ္ပိုင္လီထ်န္းႏွင့္သူ႔ၾကင္ယာေတာ္မ်ားအေၾကာင္းေရးသားထားေသာ အခ်စ္ဝတၲုစာအုပ္ကိုယူကာ စိတ္ပ်က္လက္ပ်က္ျဖင့္ ဆိုင္ထဲမွထြက္ခြာလာခဲ့ေတာ့သည္။

စာအုပ္၏အဖံုးတြင္ေရးထိုးထားသည္ကား..

'ကြၽႏ္ုပ္တို႔၏ဧကရာဇ္အရွင္'

END °°

Continue Reading

You'll Also Like

298K 12.6K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...
304K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
36.2K 6.8K 103
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...