Extra - လီယွန်ဟာ

1.2K 53 4
                                    

U••

[အချပ်ပို ၁ - ကြင်ယာတော်အမတ်မင်း]

အုပ်ချုပ်ရေးအမတ်၏အိမ်တော်မှ အစေခံဝမ်လိသည် ရန်သူ့တပ်နှင့်ပူးပေါင်းကာ ပုန်ကန်ရန်ကြံစည်ခဲ့ပေ၏။

ဤအကြောင်းအရာသည်ကား ဖုံးထားဖို့မဖြစ်နိုင်ချေရာ ကျုန်းလိအင်ပါယာတစ်ခုလုံးသိနှင့်နေသည့်အမှန်တရားပင်။ ၎င်း၏သခင်ဖြစ်သူ လီယွန်ဟာသည်လည်း သတင်းပေးခြင်းခံခဲ့ရကာ သူမတားမြစ်နိုင်မီ၌ပင် အရာအားလုံးပြီးဆုံးနေခဲ့ပြီပင်။ ပိုင်လီထျန်းက ဝမ်လိ၏အသက်ကိုနှုတ်ယူခဲ့ပြီဖြစ်သလို ရန်သူ့ဘက်မှအကြံအစည်အားလုံးကျရှုံး၍ အောင်ပွဲဆွတ်ခူးရုံသာကျန်တော့သည်။

ဖြစ်ရပ်အစမှအဆုံးထိတိုင် အုပ်ချုပ်ရေးအမတ်တစ်ခုမှမသိခဲ့ဘဲ ၎င်းသည်ကားအပြစ်ကင်းစင်ပါကြောင်း သက်သေထွက်ပေါ်လာခဲ့ပေ၏။ ယုတ်တိကျစွာပင် အများစုကမယုံခဲ့ကြပါချေ။ သို့သော် လီအိမ်တော်အပေါ်မေးခွန်းများထုတ်၍ ပွက်လောရိုက်လာသည့်အချိန်၌ ဧကရာဇ်အရှင်က ကြီးကြီးမားမားလှုပ်ရှားမှုတစ်ခုကိုပြုခဲ့လေသည်။

၎င်းသည်ကား အုပ်ချုပ်ရေးအမတ်မင်းလီယွန်ဟာအား အနောက်နန်းဆောင်သို့သိမ်းသွင်းတော်ကောက်မည်ဖြစ်ကာ အကြင်သူနှင့်မိမိသည် စစ်ပွဲမတိုင်ခင်ကပင် ချစ်ခင်စုံမက်ခဲ့သည်မို့ ပုန်ကန်ခြင်းကိုလီယွန်ဟာမပြုနိုင်ပေ။ အကယ်၍သူပါဝင်ခဲ့ပါက ဝမ်လိ၏အစီအစဉ်သက်သက်မျှနှင့်ပြီးဆုံးနိုင်မည်မဟုတ်ဘဲ ၎င်း၏ချစ်သူဖြစ်သောမိမိအား လွယ်လွယ်ကူကူပင်သေပွဲဝင်စေရန်အခွင့်အရေးရှိသည်ဟု ယုတ်တိကျစွာရှင်းပြခဲ့လေ၏။

ထိုအချိန်ကရဲတင်းလှသည့် သူ့နဂါးပေါက်လေး၏မောက်မာသောအပြုအမူအား လီယွန်ဟာမမေ့သေးချေ။ လူငယ်လေးက သူ၏လက်အားတင်းတင်းဆုပ်ကိုင်ရင်း အမတ်များရှေ့၌ပင် အတိအကျချပြခဲ့ခြင်းပင်။ ဤသို့အုပ်ချုပ်ရေးအမတ်မင်းကိုပိုင်စိုးပိုင်နင်းဖြင့် သိမ်းပိုက်ယူလိုက်သော ဧကရာဇ်ကြောင့် အမတ်အိုကြီးများခမျာအလွန်ခေါင်းမူးသွားရလေ၏။

ယောက်ျားတစ်ယောက်ကို ယူတာကြောင့် အော်ငိုပြဖို့ဆိုတာကတော့ သေချာပေါက်မဖြစ်နိုင်ပါချေ။ ကျုန်းလိပြည်မှာဒါတွေမရှိဘူး မင်းတို့စာအုပ်ထဲမှာပဲ အဲ့တာကိုဖတ်ရလိမ့်မယ် ဟုတ်ပြီလား?

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now