(၃၄)

884 96 1
                                    


[ရှင်ဘုရင်ကတော့ သဝန်တိုနေပြီ]

ဘုရင့်နန်းဆောင်အတွင်း၌ ဆေးနံ့များဖြင့် လှိုင်လှိုင်ထလျက်ရှိပေသည်။ ဤသည်ကအခြားမဟုတ်၊ ပိုင်လီထျန်း၏အိပ်မက်ဆိုးများအကြောင်း ကြားပြီးသည့်နောက်ပိုင်း သမားတော်ကြီးအသည်းအသန်ဖော်စပ်ထားသော ဆေးဖယောင်းတိုင်များပင်ဖြစ်ပေ၏။ ဘုန်းကံကြီးမားလှသည့်မြတ်သောရှင်ဘုရင်၏ကိုယ်ခန္ဓာတွင် မှဲ့တစ်ပေါက်စွန်းလျှင်တောင် သမားတော်ကြီးခမျာ ခေါင်းကျိန်းလှပြီး ဤသို့ခန္ဓာကိုယ်ကိုထိခိုက်စေသည့်ရောဂါဆိုလျှင်တော့ပြောဖို့တောင်မလိုပေ။

ထိုဆေးနံ့ပြင်းပြင်းများအား ပိုင်လီထျန်းဘယ်လိုမှမနေသော်ငြား
ဘုရင့်နန်းဆောင်အတွင်းဝင်လာပြီးနောက် ကိုယ့်ရင်ဘတ်ကိုဖိရင်း တဟွတ်ဟွတ်လုပ်နေသည့် ပိုင်ယွီကြောင့် ရှောင်ဖုန်းကအနောက်ကနေ ကျောလေးကိုထုပေးနေရသည်။
ဘုရင်မင်းမြတ်ကတော့ ကဲကဲပိုလွန်းသည့်သူ့ညီတော်ကို မျက်လုံးလှန်ကြည့်ကာ ရေးစရာရှိတာတွေဆက်လက်ရေးနေ၏။

မျက်လုံးလှန်သည့်အကျင့်က ရှင်းချန်ဆီကတတ်သွားသည်ဆိုတာကိုတော့ ပိုင်လီထျန်းဝန်ခံရပေမည်။
သူ့အနေဖြင့်နန်းတော်အတွင်း၌ ယွီရှင်းချန်နှင့်ပိုင်ယွီကဲ့သို့ ဗရုတ်သုတ်ခများသာမရှိပါက အမှန်တကယ်ပျင်းဖို့ကောင်းနေတော့မည်ဟုပင်ထင်မိသည်။

ဆေးနံ့တွေကြောင့်မွှန်ပြီးချောင်းဆိုးလို့ဝသွားတဲ့ပိုင်ယွီတစ်ယောက် ဘေးမှာငုတ်တုတ်ထိုင်ပြီး ငြိမ်သွားကာမှ ပိုင်လီထျန်းရှေ့ ရှောင်ဖုန်းကဒူးထောက်၍ စပြောလာ၏။

"လျှောက်တင်ပါတယ်အရှင်မင်းကြီး... ကိစ္စရပ်တွေအားလုံးချောချောမွေ့မွေ့နဲ့ပြီးဆုံးသွားကြောင်းပါ"

ပိုင်လီထျန်းမျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။ သူ ပိုင်ယွီနဲ့ရှောင်ဖုန်း၏အရည်အချင်းအားမချီးကျူးပဲမနေနိုင်တော့ချေ။
ဒီလောက်များပြားသည့်ကိစ္စများအား သုံးရက်အတွင်းဖြေရှင်းလိုက်သည်တဲ့။ အမှန်ပင် အံ့သြစရာကောင်းလောက်အောင် ပြောင်မြောက်ပါပေသည်။

"ဦးလေးကုန်းရောအဆင်ပြေရဲ့လား"

ပိုင်လီထျန်းခိုင်းသည့်ကိစ္စများ၌ ဤတစ်ခုအပါအဝင်ဖြစ်သည်မို့ အရင်ဆုံးမေးကြည့်လိုက်မိ၏။ ထင်သည့်အတိုင်း ပိုင်ယွီက ခေါင်းညိတ်လိုက်ပြီး သူ၏ပန်းနုရောင်ဆံနွယ်များရှိသည့်ခေါင်းလေးအား အသာပွတ်ကာဖြေဆိုလာသည်။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now